Unicode
ချူချန်မှာ မိမိရဲ့ စိတ်အခြေအနေက တစ်ဖန်ပြန်မှိုင်းညို့သွားပါကြောင်း ခံစားရသွားပြန်သည်။တည်ငြိမ်သောရေပြင်အောက်မှ တစ်သွင်သွင်စီးနေသော လှိုင်းလုံးကြီးကို ဖုံးကွယ်ထားသည့် မြစ်တစ်စင်းကဲ့သို့ဖြစ်နေရပါသည်။
"ကိုယ်နဲ့အတူ ကားလိုက်ရှာပေးပါဦး"
"အရင်ကဆို ကိုယ့်ကို ကားထိ လိုက်ပို့ပေးပြီးမှ မင်းပြန်နေကျဟာ"
ကျိချင်းကျိုးသည် အဲ့တာအရင်ကလေဟု ပြန်ခံငြင်းချင်သဖြင့် ပါးစပ်ဖွင့်လိုက်သော်ငြား အဆုံး၌ ဘာစကားတစ်ခွန်းမှ မထွက်ကျလာခဲ့ကာ သူနဲ့အတူ လိုက်ပေးလိုက်တော့သည်။ချူချန်က သူ့အတွက် တစ်မူထူးခြား၏။ထိုအချင်းအရာကိုလည်း ကျိချင်းကျိုးသိပါသည်။တစ်ခြားလူတွေကို တစ်ယောက်ပြီးတစ်ယောက် သူငြင်းလွှတ်နိုင်ပေမယ့် ချူချန်ကိုတော့ ငြင်းဆန်လိမ့်မည်မဟုတ်ကြောင်း သူကိုယ်သူကောင်းကောင်းကြီးသိသည်။
သူသဘောကျရသော အချစ်ဦးလူသား။ထိုသူ့ကြောင့် အချစ်နှင့်ကြင်နာမှုတို့ကို ခံစားခဲ့ရသည်။ချူချန်အတွက် သူ့ရဲ့သဘောကျခြင်းတွေက တစ်ခြားသူတွေပေါ် သူသဘောကျတာနဲ့မတူပေ။သူ ဒီကမ္ဘာကို စစရောက်ချိန် ဦးဆုံး တွေ့ခဲ့ရသည့်သူက ချူချန်ဖြစ်ပြီး သူ့ကို စိတ်လုံခြုံမှုပေးပြီး စိတ်အေးချမ်းမှုပေးခဲ့တာကလည်း ချူချန်ပင်ဖြစ်ပါ၏။သူက ချူချန်ပေါ် မှီခိုချင်သည်။ချူချန်ပေါ်မှာ သံယောဇဉ်ဖြစ်မိသည်။ချူချန်ကလွဲပြီး တစ်ခြားသူတွေနှင့် ပတ်သက်ခြင်းမရှိခဲ့ပါ။
ချူချန်ကဘာနဲ့တူလဲဆို........မိုးရွာသွန်းပြီးနောက် သက်တန့်ရောင်စဉ်ကိုလာထိတွေ့ပါသော ကြည်လင်သည့် ကောင်းကင်ထက်မှ ဖြန့်ကျက်နေသော နေရောင်ခြည်လေးလိုမျိုး...ချူချန်အပေါ်ထားရှိသည့် သူ့ခံစားချက်တွေက များပြားလွန်းသည်။ချူချန်က သူ့အတွက် အရောင်စုံလွန်းပြီး ခမ်းနားလွန်းလှသည်။ထိုအရောင်လေးများ ပျံ့ပြယ်သွားမှာ သူမလိုချင်ပါ။ထို့ကြောင့် ချူချန်ကို ထိခိုက်စေမည့်စကားတွေတောင် မပြောရက်။သူ့ကြောင့်နဲ့ ချူချန်စိတ်ထိခိုက်သွားမှာ သူတကယ်ကို မလိုချင်တာဖြစ်သည်။
ထားပါတော့လေ......နောက်ဆို တစ်နှစ်နေလို့မှ တစ်ယောက်နဲ့တစ်ယောက် ဘယ်နှစ်ခါတွေ့ရမလဲပင်မသိ။တောင်းဆိုချက်အကြီးကြီးလည်းမဟုတ်၍ လိုက်ပေးလိုက်ရုံပေါ့။ဘာဖြစ်ဖြစ် နောက်ဆို ထပ်တွေ့ဖြစ်ကြမှာမှ မဟုတ်ပဲ။
သူ ချူချန်နဲ့အတူ ဓာတ်လှေကားထဲမှ လိုက်ထွက်လိုက်ပြီး ကားဆီ အတူတူ လျှောက်ထွက်လာကြ၏။ချူချန်ကတော့ ကိုယ်တိုင်ပင် သတိမမူမိဘဲ ခေါင်းစောင်း၍ ကျိချင်းကျိုးကိုသာ ကြည့်နေ၏။ကျိချင်းကျိုးက ခေါင်းငုံ့ထားသဖြင့် သူ့ဘေးတစ်စောင်းမျက်နှာလေးက အလွန်နူးညံ့သိမ်မွေ့နေ၏။
"ဒီရက်ပိုင်းအတွင်း အဆင်ပြေပြေရှိရဲ့လား" ချူချန်ကမေးလာသည်။
ကျိချင်းကျိုး ခေါင်းတစ်ချက်ညိမ့်လိုက်ကာ-
"အရမ်းအဆင်ပြေပါတယ်"
"မင်းက ဖြေပြီးတာနဲ့ ကိုယ့်ကိုတောင် ပြန်မေးဖော်မရပါလားနော်" ချူချန်က တစ်ချက်ရယ်သွမ်းသွေးကာ-
"ဒီအခြေအနေက....ကိုယ်ကမေးရင် မင်းကတိုတိုနဲ့လိုရင်းပဲပြန်ဖြေမယ်....တကယ်လို့ ကိုယ်သာ မင်းကို ဘာမှမမေးခဲ့ဖူးဆိုရင် မင်းလည်း ဘာတစ်ခွန်းမှ ပြောမှာ မဟုတ်ဘူးမလား"
သူအဲ့လိုပြောမယ်မထင်ထား၍ ကျိချင်းကျိုးက သူ့ထံ ဖြတ်ခနဲမော့ကြည့်လိုက်သည်။ချူချန်ကတော့ ရှေ့တူရှုကိုသာ မျက်နှမှူထားပြီး သူ့ကိုကြည့်မနေခဲ့ပါ။ထို့ပြင် သူ့မျက်နှာပေါ်ရှိ မိမိကိုယ့်ကိုကိုယ် လှောင်ပြောင်နေမှု တစ်စွန်းတစ်စတို့ကတော့ အခုထိ ထင်ကျန်နေဆဲဖြစ်လျက်။
"ခင်ဗျားရော.....အဆင်ပြေလား...."
"မင်းလောက်တော့အဆင်မပြေပါဘူး"
ခဏကြာတိတ်ဆိတ်သွားပြီနောက် ချူချန်ဆီမှ တိုးတိုးလေးရေရွတ်လာသည့်စကား။
ကျိချင်းကျိုးရဲ့ နှလုံးသားက တစ်ချက်ခုန်လှုပ်သွားသည်။ချူချန်က သူ့ဘက်ကို ခေါင်းလှည့်လာပြီး သူ့ကိုကြည့်လာသည်။
"မင်းအဆင်ပြေနေတာနဲ့ပဲ ကိုယ်ပါ အဆင်ပြေနေမယ်လို့ တွေးလိုက်တာလား"
ကျိချင်းကျိုးမှာ လူကိုကြည့်၍ စကားမဆိုနိုင်။ဘယ်တုန်းကမှ ချူချန်ကို သူမဖတ်တတ်ခဲ့ဘူး။ချူချန် သူ့ကို သဘောကျနေမယ်လို့ သူထင်ခဲ့ပေမယ့် ချူချန်က သူ့ကို လက်လွှတ်ချခဲ့တယ်။ချူချန် သူ့ကို သဘောမကျဘူးလို့ ထင်တဲ့အခါမှာတော့ ချူချန်က သူအဆင်မပြေပါဘူးဟုပြောလာသည်။သူ့ပုံစံက တကယ်ကို ဝမ်းနည်းကာထိုင်းမှိုင်းနေတဲ့ပုံပေါက်နေပြီး အရင်ကလိုမျိုး ပေါ့ပေါ့ပါးပါးနေတတ်တဲ့ပုံမျိုးမပေါက်တော့ပေမယ့် သူ့ကြောင့် ချူချန် စိတ်အခြေအနေဆိုးနေရတာပါလို့တွေးပြီး သူ့ကိုယ်သူ အရူးလုပ်ဖို့ထိဖြစ်စေရအောင် သူကဘယ်သူမို့လို့လဲ?
သူ့ကြောင့် ဖြစ်နိုင်လောက်ပေမယ့်အဲ့ဒါကလည်း သူက ချူချန်ရဲ့အကျင့်တိုင်း ဂရုစိုက်မှုတွေ စိတ်ပူပန်မှုတွေကို ငြင်းလိုက်မိတာကြောင့်ပဲ ဖြစ်နိုင်ပါတယ်လေ။
"ကျွန်တော့်ကြောင့်လား"
ကျိချင်းကျိုးမေးလိုက်သည်။
"ခင်ဗျားဂရုစိုက်တာတွေစိုးရိမ်တာတွေကို ကျွန်တော် ငြင်းလိုက်တာကြောင့်လား"
ချူချန်က ဘာမှပြန်မပြော။
ကျိချင်းကျိုး သူ့ကိုကြည့်လိုက်ရင်း ပြတ်သားသောအသံဖြင့် ဖြည်းဖြည်းချင်းရှင်းပြလိုက်သည်။
"ချူချန်...ခင်ဗျားရဲ့ ဂရုစိုက်မှုတွေ စိုးရိမ်မှုတွေမလိုဘဲ ကျွန်တော် အခု အရမ်းအဆင်ပြေနေတယ်ဆိုတာ ခင်ဗျား မြင်သားပဲလေ။ကျွန်တော်ကောင်းကောင်းနေနေပါတယ်။အဲ့ဒါကြောင့် အရာရာတိုင်း ကျွန်တော့်အတွက်ပဲ လိုက်တွေးပေးဖို့ မလိုအပ်ဘူးလေ။ကျွန်တော် အရွယ်ရောက်နေပြီ။ကိုယ့်ကိုယ်ကိုယ်လည်း ကောင်းကောင်းဂရုစိုက်တတ်နေပြီ။တကယ်လို့ ကျွန်တော်မဖြေရှင်းနိုင်တဲ့ ပြဿနာတစ်ခုခုနဲ့ အမှတ်မထင်ကြုံလာခဲ့ရင်တော့ ခင်ဗျားဆီလာရှာမိလောက်ပေမယ့် ကျန်တဲ့ အချိန်အများစုမှာတော့ ကျွန်တော့်ကိုယ်ပိုင်ဘဝနဲ့ကျွန်တော် ကောင်းကောင်းရှင်သန်နိုင်တာမို့ တစ်ချိန်လုံး ကျွန်တော့်ကိုပဲ လိုက်ပူပန်ပေးမနေပါနဲ့။ဟုတ်ပြီလား"
သူ့အသံလေးက အရမ်းနူးညံ့ညင်သာနေပြီး မျက်လုံးထဲမှာ ပြုံးရိပ်လေးတောင်သန်းနေ၏။
"အကျင့်တစ်ခုဆိုတာ အစပိုင်းမှာတော့ အရမ်းဖျောက်ဖျက်ဖို့ခက်ပေမယ့် ခင်ဗျားရဲ့ အရင်ပုံစံလေးအတိုင်းပဲပြန်နေရင်းနဲ့ တစ်ဖြည်းဖြည်းဘဝသစ်မှာ ကျင့်သားရသွားမှာပါ။ကျွန်တော့်ပေါ် အမြဲစဉ်းစားပေးတတ်တဲ့ ခင်ဗျားကို အရမ်းကျေးဇူးတင်ပါတယ်။ခင်ဗျားက ကျွန်တော် အဆင်ပြေဖို့ ဆုတောင်းပေးသလို ကျွန်တော်ကလည်း ခင်ဗျားအဆင်ပြေဖို့ ဆုတောင်းနေမှာ။ကျွန်တော့်ကြောင့် ခင်ဗျားမှာ မှတ်ဉာဏ်ဆိုးကြီးတစ်ခုရသွားမှာ ကျွန်တော်မလိုလားဘူး"
ချူချန်မှာတော့ သူ့မျက်ဝန်းတွေထဲမှ ကြင်နာရိပ်လေးတွေအား ငေးကြောင်စွာ စိုက်ကြည့်နေမိတော့၏။
"မင်းအပေါ် ကိုယ် ဂရုစိုက်ပေးတာတွေ၊စိုးရိမ်ပေးနေ တာတွေကို အကျင့်ဖြစ်နေရုံသက်သက်ပဲလို့ မင်းလည်းထင်တာလား"
"မဟုတ်ရင်ရော?"
ချူချန်ရဲ့ နှုတ်ခမ်းအစုံက ဖြည်းညှင်းစွာ ဖွင့်ဟသွားပြီး ပြန်ပိတ်ကျသွားလေသည်။"မင်းကိုသဘောကျနေတာကြောင့်ရောဖြစ်နိုင်လောက်လား" ဆိုတဲ့စကားကို သူမေးမိတော့မလို့ပင်။
သို့သော် ကျိချင်းကျိုးကို ကြည့်နေရုံသာကြည့်နေပြီး ဘာစကားမှ မပြောဖြစ်ခဲ့ပါ။
သူဘက်က တိတ်ဆိတ်သွားသဖြင့် ကျိချင်းကျိုးက သဘာဝကျကျပဲ ရှေ့ဆက်လျှောက်သွားလေသည်။ချူချန်ကတော့ သူ့ဘေးကနေ ကပ်လျှောက်ရင်း ကိုယ့်ဘာသာ မေးခွန်းတွေအပြန်ပြန်အလှန်လှန်မေးနေမိသည်။ သူ ကျိချင်းကျိုးကို သဘောကျလား? သူ ကျိချင်းကျိုးကို ချစ်လား? ကျိချင်းကျိုးနဲ့ တစ်သက်လုံး နေသွားဖို့ ဆန္ဒရှိနေလား?
သူတို့ လမ်းလျှောက်ပြီးသိပ်မကြာ ချူချန်ရဲ့ ကားနား ရောက်သွား၏။ကျိချင်းကျိုးက ခပ်ဖွဖွပြောလာသည်။
"ရောက်ပြီ"
"အွန်း" ချူချန်ဆီမှ အသံလေးထွက်လာသည်။
"ဒါဆို ကျွန်တော်အရင်သွားတော့မယ်နော်။လမ်းမှာဂရုစိုက်ပါ။ဂွတ်ဘိုင်"
ကျိချင်းကျိုး၌ ကြင်နာနွေးထွေးလှသော အပြုအမူလေးတွေရှိနေဆဲပင်။
ချူချန်က သူ့ကိုသာ ကြည့်နေရင်း တစ်ဖက်လူလှည့်ထွက်သွားတော့မည်ခဏ ခြေလှမ်းကျယ်ကျယ်နဲ့ ထိုလူနားလှမ်းသွားလိုက်ပြီး လက်မောင်းကနေဆွဲ၍ ရင်ခွင်ထဲ ထည့်ဖက်ထားလိုက်မိတော့သည်။
ကျိချင်းကျိုးက တောင့်တောင့်လေးဖြစ်နေ၏။
သူ့ကို စကားမဆိုဘဲ ဖက်ထားသည့် ချူချန်ရဲ့ ရင်ထဲ မယ်အေးချမ်းမှုတို့ပဲ ခံစားနေရသည်။
ဒီအချိန်ခဏလေးတွင်း ချူချန်ရဲ့ ဒေါသတရားတွေ၊ဝမ်းနည်းမှုတွေအကုန် ပျောက်ပြယ်သွားကာ နှလုံးသားကလည်း တည်ငြိမ်အေးချမ်းလျက်ရှိနေခဲ့ပါ၏။ သူ ကျိချင်းကျိုးကိုယ်လုံးလေးကို တင်းတင်းကြပ်ကြပ်လေးထွေးဖက်ထားရင်း နည်းနည်းနည်းနည်းချင်းစီ ပိုတိုးဖက်လိုက်မိရသည်။သူ့လက်မောင်းတွေထဲခိုဝင်နေပါသော လူသားက သူအရမ်းရင်းနှီးရလွန်းသူ။ထိုသူ၏ ပခုံးလေးများထက်၊လည်တိုင်ထက်၊ကျောရိုးလေးထက်ကိုတောင် သူနမ်းရှိုက်ခဲ့ဖူးပါသည်။တစ်ဖက်လူက အရမ်းကို သိသိသာသာပိန်ကျလွန်းသွား၏။သူ တင်းတင်းလေးတိုးဖက်မိရုံနဲ့ တစ်ဖက်လူရဲ့ အရိုးတွေကို ခံစားလို့ရနေတာတောင် ထိုသူကတော့ ဒီပိန်ပိန်သေးသေးကိုယ်လုံးလေးနဲ့ ဇွတ်တရွတ်ကိုကိုယ့်အားကိုယ်ကိုးချင်နေသေးတုန်းပင်။
တစ်ဖက်လူက တကယ်ကို မသန်မာပါဘူး။ရန်ဖြစ်လို့ ဒဏ်ရာရလာတဲ့အချိန်ဆို နာလို့အော်နေတတ်ပြီး ဆေးကို ဖွဖွလေးလိမ်းပေးဖို့ ပြောတတ်သည်။သူက ဘာလို့ ဒီအချိန်မှ အရမ်းသန်မာချင်နေရတာလဲ။ သူ့ရဲ့အနုပညာလမ်းကြောင်းအထွတ်အထိပ်မရောက်သေးခင် သူ့မားမား အပြည့်အဝမသက်သာသေးခင် ချူချန်ဆိုတဲ့ လူကို အသုံးချလိုက်ရင်ရော။ သူ့ရဲ့ လမ်းကြောင်း ပိုပြီးအဆင်ချောသွားဖို့ ချူချန်ကို အသုံးချလိုက်ရင် ပိုမကောင်းဘူးလား?
ဘာလို့ သူတို့ကြား စည်းတွေခြားချင်နေရပါလိမ့်။
သူသည် ကျိချင်းကျိုးအား ဖက်ထားရင်း "ကျိုးကျိုး" ဆိုတဲ့ နာမည်လေးအား ထပ်ခါထပ်ခါရွတ်ဆိုနေမိသည်။
ကျိချင်းကျိုးရဲ့ စိတ်က ချက်ချင်းပျော့ပြောင်းသွားပြီး လက်သီးတင်းတင်းဆုပ်ထားမိကာ ချူချန်ကို မတွန်းထုတ်ဖြစ်ခဲ့သလို ပြန်လည်းမဖက်ပေးဖြစ်ခဲ့ပါ။
သူက အသံတိုးတိုးဖြင့်-
"ဒါ နောက်ဆုံးအကြိမ်ပဲ ဖြစ်ပါစေ ချူချန်...နောက်တစ်ခါ ဒီလိုမျိုးထပ်မလုပ်ပါနဲ့"
ချူချန်က စကားမဆိုဘဲ သူ့ကို ဖက်ထားခြင်းအား နည်းနည်းဖြေလျော့ပေးကာ ငုံ့ကြည့်လိုက်သည်။ကျိချင်းကျိုးက ခေါင်းငုံ့ထားသဖြင့် အမူအရာကိုရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပေ။
ချူချန် သူ့ကို ငုံ့နမ်းလိုက်၏။သို့သော် ကျိချင်းကျိုးက တစ်ဖက်ကို မျက်နှာလွှဲသွားကာ သူ့အနမ်းကို ရှောင်ဖယ်လာသည်။ကျိချင်းကျိုးဘက်က သူ့အနမ်းကို ရှောင်ဖယ်ခဲ့သည်မှာ ဒါပထမဆုံးအကြိမ်ပင်။အစောပိုင်း ချူချန် သူ့ကို နမ်းဖို့ ကြိုးစားတုန်းကတောင် မရှောင်ဖယ်ခဲ့ပါ။တစ်ခါတစ်လေဆို သူ့ပါးလေးကိုလည်း နမ်းသင့်တယ်ဆိုပြီး အရိပ်အမြွက်ပေးတဲ့ပုံဖြင့် မျက်နှာလေးတစ်ဖက်လှည့်ပေးတတ်သေးသည်။
ဒါပေမယ့် အခုတော့ သူက ချူချန်ရဲ့ အနမ်းတွေကို ငြင်းခဲ့ပါသည်။
"အဲ့လိုမလုပ်ပါနဲ့။မသင့်တော်ဘူး"
ချူချန်ကတော့ စကားမပြောဘဲ သူ့ကိုသာ ငြိမ်ငြိမ်သက်သက်နဲ့ ငေးကြည့်နေခဲ့၏။
"ခင်ဗျားလွှတ်သင့်နေပြီ" ကျိချင်းကျိုး တိုးညှင်းစွာဆိုလိုက်သည်။
ချူချန်သည် သူ့ကိုပဲ မျက်တောင်မခတ်တမ်းငေးမော ကြည့်နေခဲ့ပြီး ဖက်ထားသည့်လက်တွေအား ဖြေလျော့မပေးလာခဲ့ပါ။
"လွှတ်" ကျိချင်းကျိုး ထပ်ပြီး သတိပေးလိုက်ပြန်သည်။
ချူချန်က မလွှတ်ပေးခဲ့ပေ။ကျိချင်းကျိုးကို ပဲ ဆက်ပြီး ငေးစိုက်ကြည့်နေခဲ့သည်။
ကျိချင်းကျိုးမှာ အကူအညီမဲ့စွာ သူ့ကို မော့ကြည့်လိုက်ချိန် သူ့ကို ငေးကြည့်နေသော မျက်လုံးတစ်စုံအား ရင်ဆိုင်လိုက်ကာ ခေါင်းမာမာနဲ့ပြောလိုက်သည်။
"ခင်ဗျားလွှတ်ပေးသင့်နေပြီ"
ချူချန်ကမူ သူ့ရဲ့ အဖြူအမည်းခြယ်ထားသည့် မျက်လုံးလေးထဲစိုက်ကြည့်ကာ တကယ်နားမလည်နိုင်တော့ပါပေ။တစ်ဖက်လူက ဘာဝန်လေးမှုမှမရှိပါဘဲ ဘယ်လိုလုပ်ပြီး သူ့ကိုသာ အကြိမ်ကြိမ်တွန်းထုတ်ခိုင်းနေရတာလဲ? ကျိချင်းကျိုး သူ့ကို သဘောကျနေတာလား? တကယ်လို့ သူသာ သဘောကျနေရင် ဘာလို့ သူ့ကို လွှတ်ပေးဖို့ပဲ ခေါင်းမာမာနဲ့ပြောနိုင်ရတာလဲ? ဘာလို့ တွန့်ဆုတ်မှုမရှိဘဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ စည်းခြားချင်နေရတာလဲ? သူ တွန်းထုတ်လိုက်ရုံနဲ့ ရုန်းထွက်နိုင်မယ့်ကိစ္စကို အရင်လွှတ်ပေးဖို့ပဲ ထပ်ခါထပ်ခါ ပြောနေရတာလဲ?
ဘာလို့ သူ့ကို မတွန်းထုတ်လိုက်တာလဲ?
"မင်း ကိုယ့်ကို တွန်းထုတ်တာနဲ့ ရုန်းထွက်နိုင်ပြီလေ"
ချူချန် သူ့ကိုကြည့်လိုက်ကာ-
"ကိုယ် လွှတ်ပေးဖို့ မလိုပါဘူး။မင်း ကိုယ့်ကို တွန်းထုတ်လိုက်တာနဲ့ လွှတ်မြောက်နိုင်ပြီ မဟုတ်ဘူးလား"
ကျိချင်းကျိုး အေးခဲသွားသည်။ချူချန်ဆီကဒီစကားမျိုး ကြားရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။သူသည် နည်းနည်း တောင့်တင်းပြီး တွန့်ဆုတ်နေသော ချူချန်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှ ဝမ်းနည်းမှုတွေကို မမြင်စေရန် ခေါင်းငုံ့ချလိုက်ရ၏။ဒါပေမယ့် သူ့နှလုံးသားထဲမှ နည်းနည်းစိတ်ပျက်သွားမိသည်ကိုတော့ မထိန်းလိုက်နိုင်ပေ။
သူ ဘယ်တုန်းကမှ ချူချန်ကို မတွန်းထုတ်ခဲ့ဖူးဘူး။စာချုပ်သက်တမ်းအတွင်းပဲဖြစ်ဖြစ် စာချုပ်ကုန်သွားတော့ပဲဖြစ်ဖြစ် စစချင်း ချူချန်သူနဲ့ ကားမောင်းချင်တာက လွဲပြီး ကျန်တဲ့အချိန်တွေမှာ ချူချန်ဘက်က ဖက်ချင်ချင် နမ်းချင်ချင် ဒါမှမဟုတ် တစ်ခြားအရာတွေကို လုပ်ချင်ရင်တောင် သူ ဘယ်သောအခါမှ မငြင်းခဲ့ဖူးပါ။
သူ ချူချန်ကို အများကြီး နှစ်သက်ရပါသည်။သူ့မှာ ဘယ်လိုလုပ်ပြီး အဝေးတွန်းထုတ်ချင်စိတ်ရှိပါ့မလဲ?အခုတော့ ချူချန်က သူ့ကို တွန်းထုတ်ဖို့ တောင်းဆိုနေသည်။
ကျိချင်းကျိုးရဲ့ မျက်လုံးအိမ်များ နည်းနည်းလေး ရဲတက်လာ၏။သူ ထိုနေရာမှာပဲ ဆက်ရပ်နေပြီး လက်မြှောက်ဖို့ ကြိုးစားလိုက်ပေမယ့် သူတကယ်မလုပ်နိုင်ဘူးးး
သူ့ဘက်က ချူချန်ကို တွန်းထုတ်ရက်ရင် ချူချန်စစဖက်တည်းက တွန်းထုတ်လိုက်မှာပေါ့။အခုချိန်ထိ စောင့်နေမှာမဟုတ်ဘူးလေ။ရုတ်တရက်ကြီး ချူချန်က အရမ်းစိတ်အနှောင့်ယှက်ဖြစ်စရာကောင်းလွန်းလာသည်။သူ့ဘာသာ အရင်လာဖက်ပြီး တွန်းထုတ်ပေးဖို့ တောင်းဆိုနေ၏။အချိန်ကန့်သတ်ချက်ကို သူပဲ ချခဲ့တာမဟုတ်ဘူးလား။လူကို သဘောမကျဘူးလို့လည်း သူပဲ ပြောခဲ့ပြီး စာချုပ်ပြီးသွားတာတောင် အတင်းလိုက်ကပ်ချင်နေသေးပြန်သည်။
ချူချန်မပါတဲ့ ဘဝကို တစ်ဖြည်းဖြည်းနဲ့နေသားကျလာပြီးမှ သူ့နှလုံးသားကိစ္စကို ဘေးဖယ်ပြီး ဘဝကို ကောင်းကောင်းနေထိုင်ချင်ရုံပဲ ဆိုကာမှ ချူချန်က သူခက်ခဲစေမယ့်အရာတွေကို လုပ်နေသည်။
ကျိချင်းကျိုးမှာ မကျေမနပ်ဖြစ်တာထက်ပိုပြီး ခံစားရခက်နေသည်က ပိုသည်။သူဖြည်းဖြည်းချင်း လက်မြှောက်တင်လိုက်ကာ စိတ်ထဲမှလည်း ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်နေရသည်။ဒီအခြေအနေကို သူတို့ အမြဲရောက်နေရဦးမှာပင်။စကားနဲ့ငြင်းဆိုခြင်းကနေ ကိုယ်ရောလက်ပါ ငြင်းဆန်ခြင်း။ဒီနေ့မဟုတ်ရင်တောင်၊ မနက်ဖြန်၊ သဘက်ခါ၊ ဒါမှမဟုတ် အနာဂတ် တစ်နေ့နေ့တစ်ချိန်ချိန်မှာ သူ ချူချန်ကို တွန်းထုတ်ရင်း လွှတ်ပေးဖို့ ပြောရဦးမှာဖြစ်သည်။
သူတို့လမ်းခွဲပြီးပြီးဆိုမှတော့ တစ်ခါတည်းရှင်းရှင်းလင်းလင်း လုပ်ထားသင့်သည်။ချူချန်ရဲ့ ဂရုတစ်စိုက်ပူပန်ပေးမှုတွေကို ပါစပ်ငြင်းနေရင် လက်ကလည်း ချူချန်ရဲ့ အထိအတွေ့တွေကို ငြင်းဆန်သင့်၏။
သူ ချူချန်ကို အဝေးတွန်းထုတ်လိုက်သင့်သည်။တကယ်ဆို ချူချန် သူ့ကို စ,ဖက်တည်းက အဝေးကို တွန်းထုတ်ပစ်လိုက်သင့်တာဖြစ်သည်။
ကျိချင်းကျိုးသည် ချူချန်ကို မကြည့်ဘဲ လက်မြှင့်ပြီး တွန်းထုတ်မို့ ပြင်လိုက်ပေမယ့် သူ့လက်တွေ ချူချန်ကို မထိသေးခင် ဖမ်းဆုပ်ခံလိုက်ရသည်။ကျိချင်းကျိုးမှာ အံ့အားသင့်စွာ ချူချန်ကို မော့ကြည့်လိုက်ချိန် ချူချန်ကလည်း သူ့ကို ပြန်ကြည့်လျက် လက်ကို ဆုပ်ကိုင်ထားရင်း သူ့လှုပ်ရှားမှုကို ရပ်တန့်စေ၏။
သူဘာဖြစ်ချင်နေမှန်း ကျိချင်းကျိုး နားမလည်တော့ပါ။တွန်းထုတ်ဖို့ ပြောလာတဲ့ လူက သူဖြစ်ပေမယ့် အခု ဖမ်းဆုပ်ထားတဲ့ လူကလည်း သူပဲဖြစ်နေတယ်။သူဘာဖြစ်ချင်နေတာလဲ? သူနားမလည်နိုင်တော့သောကြောင့် ချူချန်ရဲ့ လက်ထဲက ရုန်းထွက်ပြီး တွန်းထုတ်ဖို့ ကြိုးစားလိုက်ပေမယ့် ချူချန်ရဲ့ ဆုပ်ကိုင်ထားမှုက ပိုပြီး တင်းကြပ်လာသဖြင့် သူလုံးလုံး မဆွဲထုတ်နိုင်ခဲ့ပေ။
"ခင်ဗျားဘာတွေဖြစ်နေတာလဲ"
ကျိချင်းကျိုးမှာ ဒေါသလည်းထွက် ဒုက္ခလည်းတွေ့နေရသည်။
"ခင်ဗျားပဲ တွန်းထုတ်ဖို့ ပြောခဲ့ပြီး အခု ဘာတွေလုပ်နေတာတုန်း...ချူချန်....ကျွန်တော့်ကိုလွှတ်စမ်း"
သူက စကားပြောရင်း အတင်းရုန်းကန်တော့သည်။ချူချန်က သူ့ရုန်းကန်မှုတွေကို ခံစားမိလို့ထင်ပါ့ သူ့ကို ဆုပ်ကိုင်းထားသည့် လက်အားက ဖြည်းဖြည်းချင်းတိုးလာသည့်အပြင် သူ့တစ်ကိုယ်လုံးအား တစ်ဖန် တင်းကြပ်စွာ ပြန်ပွေ့ဖက်လာပြီး လက်ကိုလည်း တင်းနေအောင် ဆုပ်ထွေးထားပြန်ပါ၏။
ကျိချင်းကျိုးသည် တစ်ဖက်လူဆုပ်ကိုင်ထားသည် လက်ကို ပြန်ဆွဲယူဖို့ လွတ်နေသည့်လက်အား မြှောက်တင်လိုက်သည့်တိုင် ချူချန်က သူ့နားနား ကပ်၍ လေးသံနှင့်တစ်ဖွဖွရေရွတ်လာသည်။
"ကိုယ့်ကို မတွန်းထုတ်လိုက်ပါနဲ့....ကိုယ့်ကို မတွန်းထုတ်ပါနဲ့နော် ကျိုးကျိုး...ကိုယ်မှားပါပြီ။ကိုယ်...ကိုယ်မင်းကို အဲ့လိုမပြောခဲ့သင့်ဘူး။ကိုယ်မှားတာမို့ ကိုယ့်ကို ခွင့်လွှတ်ပေးမယ်မလားဟင်"
သူ့အသံက အလွန်တိုးလျနေပြီး စိတ်ဓာတ်ကျမှုနှင့်နာကျင်ရမှုတို့က အတိုင်းသား။ကျိချင်းကျိုးမှာ ထိုစကားသံအား နားထောင်လိုက်ရချိန် သူ့လက်က လှုပ်ရှားမှုက ရပ်တန့်သွားလေတော့သည်။
##################
နာကျင်ရတယ် ပါးပါးရေ- ကျိုးကျိုးရောပဲ နှစ်ယောက်လုံး တအားဆိုးကြတယ်😭
Good Night par✨
သီချင်းလေးနဲ့ခံစားဖတ်ကြည့် သီချင်းအေးအေးလေးထည့်ထားတာပါ🎶
######################
Zawgyi
ခ်ဴခ်န္မွာ မိမိရဲ႕ စိတ္အေျခအေနက တစ္ဖန္ျပန္မိႈင္းညိဳ႕သြားပါေၾကာင္း ခံစားရသြားျပန္သည္။တည္ၿငိမ္ေသာေရျပင္ေအာက္မွ တစ္သြင္သြင္စီးေနေသာ လိႈင္းလုံးႀကီးကို ဖုံးကြယ္ထားသည့္ ျမစ္တစ္စင္းကဲ့သို႔ျဖစ္ေနရပါသည္။
"ကိုယ္နဲ႔အတူ ကားလိုက္႐ွာေပးပါဦး"
"အရင္ကဆို ကိုယ့္ကို ကားထိ လိုက္ပို႔ေပးၿပီးမွ မင္းျပန္ေနက်ဟာ"
က်ိခ်င္းက်ိဳးသည္ အဲ့တာအရင္ကေလဟု ျပန္ခံျငင္းခ်င္သျဖင့္ ပါးစပ္ဖြင့္လိုက္ေသာ္ျငား အဆုံး၌ ဘာစကားတစ္ခြန္းမွ မထြက္က်လာခဲ့ကာ သူနဲ႔အတူ လိုက္ေပးလိုက္ေတာ့သည္။ခ်ဴခ်န္က သူ႕အတြက္ တစ္မူထူးျခား၏။ထိုအခ်င္းအရာကိုလည္း က်ိခ်င္းက်ိဳးသိပါသည္။တစ္ျခားလူေတြကို တစ္ေယာက္ၿပီးတစ္ေယာက္ သူျငင္းလႊတ္ႏိုင္ေပမယ့္ ခ်ဴခ်န္ကိုေတာ့ ျငင္းဆန္လိမ့္မည္မဟုတ္ေၾကာင္း သူကိုယ္သူေကာင္းေကာင္းႀကီးသိသည္။
သူသေဘာက်ရေသာ အခ်စ္ဦးလူသား။ထိုသူ႕ေၾကာင့္ အခ်စ္ႏွင့္ၾကင္နာမႈတို႔ကို ခံစားခဲ့ရသည္။ခ်ဴခ်န္အတြက္ သူ႕ရဲ႕သေဘာက်ျခင္းေတြက တစ္ျခားသူေတြေပၚ သူသေဘာက်တာနဲ႔မတူေပ။သူ ဒီကမ႓ာကို စစေရာက္ခ်ိန္ ဦးဆုံး ေတြ႕ခဲ့ရသည့္သူက ခ်ဴခ်န္ျဖစ္ၿပီး သူ႕ကို စိတ္လုံျခဳံမႈေပးၿပီး စိတ္ေအးခ်မ္းမႈေပးခဲ့တာကလည္း ခ်ဴခ်န္ပင္ျဖစ္ပါ၏။သူက ခ်ဴခ်န္ေပၚ မွီခိုခ်င္သည္။ခ်ဴခ်န္ေပၚမွာ သံေယာဇဥ္ျဖစ္မိသည္။ခ်ဴခ်န္ကလြဲၿပီး တစ္ျခားသူေတြႏွင့္ ပတ္သက္ျခင္းမ႐ွိခဲ့ပါ။
ခ်ဴခ်န္ကဘာနဲ႔တူလဲဆို........မိုး႐ြာသြန္းၿပီးေနာက္ သက္တန္႔ေရာင္စဥ္ကိုလာထိေတြ႕ပါေသာ ၾကည္လင္သည့္ ေကာင္းကင္ထက္မွ ျဖန္႔က်က္ေနေသာ ေနေရာင္ျခည္ေလးလိုမ်ိဳး...ခ်ဴခ်န္အေပၚထား႐ွိသည့္ သူ႕ခံစားခ်က္ေတြက မ်ားျပားလြန္းသည္။ခ်ဴခ်န္က သူ႕အတြက္ အေရာင္စုံလြန္းၿပီး ခမ္းနားလြန္းလွသည္။ထိုအေရာင္ေလးမ်ား ပ်ံ႕ျပယ္သြားမွာ သူမလိုခ်င္ပါ။ထို႔ေၾကာင့္ ခ်ဴခ်န္ကို ထိခိုက္ေစမည့္စကားေတြေတာင္ မေျပာရက္။သူ႕ေၾကာင့္နဲ႔ ခ်ဴခ်န္စိတ္ထိခိုက္သြားမွာ သူတကယ္ကို မလိုခ်င္တာျဖစ္သည္။
ထားပါေတာ့ေလ......ေနာက္ဆို တစ္ႏွစ္ေနလို႔မွ တစ္ေယာက္နဲ႔တစ္ေယာက္ ဘယ္ႏွစ္ခါေတြ႕ရမလဲပင္မသိ။ေတာင္းဆိုခ်က္အႀကီးႀကီးလည္းမဟုတ္၍ လိုက္ေပးလိုက္႐ုံေပါ့။ဘာျဖစ္ျဖစ္ ေနာက္ဆို ထပ္ေတြ႕ျဖစ္ၾကမွာမွ မဟုတ္ပဲ။
သူ ခ်ဴခ်န္နဲ႔အတူ ဓာတ္ေလွကားထဲမွ လိုက္ထြက္လိုက္ၿပီး ကားဆီ အတူတူ ေလွ်ာက္ထြက္လာၾက၏။ခ်ဴခ်န္ကေတာ့ ကိုယ္တိုင္ပင္ သတိမမူမိဘဲ ေခါင္းေစာင္း၍ က်ိခ်င္းက်ိဳးကိုသာ ၾကည့္ေန၏။က်ိခ်င္းက်ိဳးက ေခါင္းငုံ႔ထားသျဖင့္ သူ႕ေဘးတစ္ေစာင္းမ်က္ႏွာေလးက အလြန္ႏူးညံ့သိမ္ေမြ႕ေန၏။
"ဒီရက္ပိုင္းအတြင္း အဆင္ေျပေျပ႐ွိရဲ႕လား" ခ်ဴခ်န္ကေမးလာသည္။
က်ိခ်င္းက်ိဳး ေခါင္းတစ္ခ်က္ညိမ့္လိုက္ကာ-
"အရမ္းအဆင္ေျပပါတယ္"
"မင္းက ေျဖၿပီးတာနဲ႔ ကိုယ့္ကိုေတာင္ ျပန္ေမးေဖာ္မရပါလားေနာ္" ခ်ဴခ်န္က တစ္ခ်က္ရယ္သြမ္းေသြးကာ-
"ဒီအေျခအေနက....ကိုယ္ကေမးရင္ မင္းကတိုတိုနဲ႔လိုရင္းပဲျပန္ေျဖမယ္....တကယ္လို႔ ကိုယ္သာ မင္းကို ဘာမွမေမးခဲ့ဖူးဆိုရင္ မင္းလည္း ဘာတစ္ခြန္းမွ ေျပာမွာ မဟုတ္ဘူးမလား"
သူအဲ့လိုေျပာမယ္မထင္ထား၍ က်ိခ်င္းက်ိဳးက သူ႕ထံ ျဖတ္ခနဲေမာ့ၾကည့္လိုက္သည္။ခ်ဴခ်န္ကေတာ့ ေ႐ွ႕တူ႐ႈကိုသာ မ်က္ႏွမႉထားၿပီး သူ႕ကိုၾကည့္မေနခဲ့ပါ။ထို႔ျပင္ သူ႕မ်က္ႏွာေပၚ႐ွိ မိမိကိုယ့္ကိုကိုယ္ ေလွာင္ေျပာင္ေနမႈ တစ္စြန္းတစ္စတို႔ကေတာ့ အခုထိ ထင္က်န္ေနဆဲျဖစ္လ်က္။
"ခင္ဗ်ားေရာ.....အဆင္ေျပလား...."
"မင္းေလာက္ေတာ့အဆင္မေျပပါဘူး"
ခဏၾကာတိတ္ဆိတ္သြားၿပီေနာက္ ခ်ဴခ်န္ဆီမွ တိုးတိုးေလးေရ႐ြတ္လာသည့္စကား။
က်ိခ်င္းက်ိဳးရဲ႕ ႏွလုံးသားက တစ္ခ်က္ခုန္လႈပ္သြားသည္။ခ်ဴခ်န္က သူ႕ဘက္ကို ေခါင္းလွည့္လာၿပီး သူ႕ကိုၾကည့္လာသည္။
"မင္းအဆင္ေျပေနတာနဲ႔ပဲ ကိုယ္ပါ အဆင္ေျပေနမယ္လို႔ ေတြးလိုက္တာလား"
က်ိခ်င္းက်ိဳးမွာ လူကိုၾကည့္၍ စကားမဆိုႏိုင္။ဘယ္တုန္းကမွ ခ်ဴခ်န္ကို သူမဖတ္တတ္ခဲ့ဘူး။ခ်ဴခ်န္ သူ႕ကို သေဘာက်ေနမယ္လို႔ သူထင္ခဲ့ေပမယ့္ ခ်ဴခ်န္က သူ႕ကို လက္လႊတ္ခ်ခဲ့တယ္။ခ်ဴခ်န္ သူ႕ကို သေဘာမက်ဘူးလို႔ ထင္တဲ့အခါမွာေတာ့ ခ်ဴခ်န္က သူအဆင္မေျပပါဘူးဟုေျပာလာသည္။သူ႕ပုံစံက တကယ္ကို ဝမ္းနည္းကာထိုင္းမိႈင္းေနတဲ့ပုံေပါက္ေနၿပီး အရင္ကလိုမ်ိဳး ေပါ့ေပါ့ပါးပါးေနတတ္တဲ့ပုံမ်ိဳးမေပါက္ေတာ့ေပမယ့္ သူ႕ေၾကာင့္ ခ်ဴခ်န္ စိတ္အေျခအေနဆိုးေနရတာပါလို႔ေတြးၿပီး သူ႕ကိုယ္သူ အ႐ူးလုပ္ဖို႔ထိျဖစ္ေစရေအာင္ သူကဘယ္သူမို႔လို႔လဲ?
သူ႕ေၾကာင့္ ျဖစ္ႏိုင္ေလာက္ေပမယ့္အဲ့ဒါကလည္း သူက ခ်ဴခ်န္ရဲ႕အက်င့္တိုင္း ဂ႐ုစိုက္မႈေတြ စိတ္ပူပန္မႈေတြကို ျငင္းလိုက္မိတာေၾကာင့္ပဲ ျဖစ္ႏိုင္ပါတယ္ေလ။
"ကြၽန္ေတာ့္ေၾကာင့္လား"
က်ိခ်င္းက်ိဳးေမးလိုက္သည္။
"ခင္ဗ်ားဂ႐ုစိုက္တာေတြစိုးရိမ္တာေတြကို ကြၽန္ေတာ္ ျငင္းလိုက္တာေၾကာင့္လား"
ခ်ဴခ်န္က ဘာမွျပန္မေျပာ။
က်ိခ်င္းက်ိဳး သူ႕ကိုၾကည့္လိုက္ရင္း ျပတ္သားေသာအသံျဖင့္ ျဖည္းျဖည္းခ်င္း႐ွင္းျပလိုက္သည္။
"ခ်ဴခ်န္...ခင္ဗ်ားရဲ႕ ဂ႐ုစိုက္မႈေတြ စိုးရိမ္မႈေတြမလိုဘဲ ကြၽန္ေတာ္ အခု အရမ္းအဆင္ေျပေနတယ္ဆိုတာ ခင္ဗ်ား ျမင္သားပဲေလ။ကြၽန္ေတာ္ေကာင္းေကာင္းေနေနပါတယ္။အဲ့ဒါေၾကာင့္ အရာရာတိုင္း ကြၽန္ေတာ့္အတြက္ပဲ လိုက္ေတြးေပးဖို႔ မလိုအပ္ဘူးေလ။ကြၽန္ေတာ္ အ႐ြယ္ေရာက္ေနၿပီ။ကိုယ့္ကိုယ္ကိုယ္လည္း ေကာင္းေကာင္းဂ႐ုစိုက္တတ္ေနၿပီ။တကယ္လို႔ ကြၽန္ေတာ္မေျဖ႐ွင္းႏိုင္တဲ့ ျပႆနာတစ္ခုခုနဲ႔ အမွတ္မထင္ၾကဳံလာခဲ့ရင္ေတာ့ ခင္ဗ်ားဆီလာ႐ွာမိေလာက္ေပမယ့္ က်န္တဲ့ အခ်ိန္အမ်ားစုမွာေတာ့ ကြၽန္ေတာ့္ကိုယ္ပိုင္ဘဝနဲ႔ကြၽန္ေတာ္ ေကာင္းေကာင္း႐ွင္သန္ႏိုင္တာမို႔ တစ္ခ်ိန္လုံး ကြၽန္ေတာ့္ကိုပဲ လိုက္ပူပန္ေပးမေနပါနဲ႔။ဟုတ္ၿပီလား"
သူ႕အသံေလးက အရမ္းႏူးညံ့ညင္သာေနၿပီး မ်က္လုံးထဲမွာ ျပဳံးရိပ္ေလးေတာင္သန္းေန၏။
"အက်င့္တစ္ခုဆိုတာ အစပိုင္းမွာေတာ့ အရမ္းေဖ်ာက္ဖ်က္ဖို႔ခက္ေပမယ့္ ခင္ဗ်ားရဲ႕ အရင္ပုံစံေလးအတိုင္းပဲျပန္ေနရင္းနဲ႔ တစ္ျဖည္းျဖည္းဘဝသစ္မွာ က်င့္သားရသြားမွာပါ။ကြၽန္ေတာ့္ေပၚ အၿမဲစဥ္းစားေပးတတ္တဲ့ ခင္ဗ်ားကို အရမ္းေက်းဇူးတင္ပါတယ္။ခင္ဗ်ားက ကြၽန္ေတာ္ အဆင္ေျပဖို႔ ဆုေတာင္းေပးသလို ကြၽန္ေတာ္ကလည္း ခင္ဗ်ားအဆင္ေျပဖို႔ ဆုေတာင္းေနမွာ။ကြၽန္ေတာ့္ေၾကာင့္ ခင္ဗ်ားမွာ မွတ္ဉာဏ္ဆိုးႀကီးတစ္ခုရသြားမွာ ကြၽန္ေတာ္မလိုလားဘူး"
ခ်ဴခ်န္မွာေတာ့ သူ႕မ်က္ဝန္းေတြထဲမွ ၾကင္နာရိပ္ေလးေတြအား ေငးေၾကာင္စြာ စိုက္ၾကည့္ေနမိေတာ့၏။
"မင္းအေပၚ ကိုယ္ ဂ႐ုစိုက္ေပးတာေတြ၊စိုးရိမ္ေပးေန တာေတြကို အက်င့္ျဖစ္ေန႐ုံသက္သက္ပဲလို႔ မင္းလည္းထင္တာလား"
"မဟုတ္ရင္ေရာ?"
ခ်ဴခ်န္ရဲ႕ ႏႈတ္ခမ္းအစုံက ျဖည္းညႇင္းစြာ ဖြင့္ဟသြားၿပီး ျပန္ပိတ္က်သြားေလသည္။"မင္းကိုသေဘာက်ေနတာေၾကာင့္ေရာျဖစ္ႏိုင္ေလာက္လား" ဆိုတဲ့စကားကို သူေမးမိေတာ့မလို႔ပင္။
သို႔ေသာ္ က်ိခ်င္းက်ိဳးကို ၾကည့္ေန႐ုံသာၾကည့္ေနၿပီး ဘာစကားမွ မေျပာျဖစ္ခဲ့ပါ။
သူဘက္က တိတ္ဆိတ္သြားသျဖင့္ က်ိခ်င္းက်ိဳးက သဘာဝက်က်ပဲ ေ႐ွ႕ဆက္ေလွ်ာက္သြားေလသည္။ခ်ဴခ်န္ကေတာ့ သူ႕ေဘးကေန ကပ္ေလွ်ာက္ရင္း ကိုယ့္ဘာသာ ေမးခြန္းေတြအျပန္ျပန္အလွန္လွန္ေမးေနမိသည္။ သူ က်ိခ်င္းက်ိဳးကို သေဘာက်လား? သူ က်ိခ်င္းက်ိဳးကို ခ်စ္လား? က်ိခ်င္းက်ိဳးနဲ႔ တစ္သက္လုံး ေနသြားဖို႔ ဆႏၵ႐ွိေနလား?
သူတို႔ လမ္းေလွ်ာက္ၿပီးသိပ္မၾကာ ခ်ဴခ်န္ရဲ႕ ကားနား ေရာက္သြား၏။က်ိခ်င္းက်ိဳးက ခပ္ဖြဖြေျပာလာသည္။
"ေရာက္ၿပီ"
"အြန္း" ခ်ဴခ်န္ဆီမွ အသံေလးထြက္လာသည္။
"ဒါဆို ကြၽန္ေတာ္အရင္သြားေတာ့မယ္ေနာ္။လမ္းမွာဂ႐ုစိုက္ပါ။ဂြတ္ဘိုင္"
က်ိခ်င္းက်ိဳး၌ ၾကင္နာေႏြးေထြးလွေသာ အျပဳအမူေလးေတြ႐ွိေနဆဲပင္။
ခ်ဴခ်န္က သူ႕ကိုသာ ၾကည့္ေနရင္း တစ္ဖက္လူလွည့္ထြက္သြားေတာ့မည္ခဏ ေျခလွမ္းက်ယ္က်ယ္နဲ႔ ထိုလူနားလွမ္းသြားလိုက္ၿပီး လက္ေမာင္းကေနဆြဲ၍ ရင္ခြင္ထဲ ထည့္ဖက္ထားလိုက္မိေတာ့သည္။
က်ိခ်င္းက်ိဳးက ေတာင့္ေတာင့္ေလးျဖစ္ေန၏။
သူ႕ကို စကားမဆိုဘဲ ဖက္ထားသည့္ ခ်ဴခ်န္ရဲ႕ ရင္ထဲ မယ္ေအးခ်မ္းမႈတို႔ပဲ ခံစားေနရသည္။
ဒီအခ်ိန္ခဏေလးတြင္း ခ်ဴခ်န္ရဲ႕ ေဒါသတရားေတြ၊ဝမ္းနည္းမႈေတြအကုန္ ေပ်ာက္ျပယ္သြားကာ ႏွလုံးသားကလည္း တည္ၿငိမ္ေအးခ်မ္းလ်က္႐ွိေနခဲ့ပါ၏။ သူ က်ိခ်င္းက်ိဳးကိုယ္လုံးေလးကို တင္းတင္းၾကပ္ၾကပ္ေလးေထြးဖက္ထားရင္း နည္းနည္းနည္းနည္းခ်င္းစီ ပိုတိုးဖက္လိုက္မိရသည္။သူ႕လက္ေမာင္းေတြထဲခိုဝင္ေနပါေသာ လူသားက သူအရမ္းရင္းႏွီးရလြန္းသူ။ထိုသူ၏ ပခုံးေလးမ်ားထက္၊လည္တိုင္ထက္၊ေက်ာ႐ိုးေလးထက္ကိုေတာင္ သူနမ္း႐ိႈက္ခဲ့ဖူးပါသည္။တစ္ဖက္လူက အရမ္းကို သိသိသာသာပိန္က်လြန္းသြား၏။သူ တင္းတင္းေလးတိုးဖက္မိ႐ုံနဲ႔ တစ္ဖက္လူရဲ႕ အ႐ိုးေတြကို ခံစားလို႔ရေနတာေတာင္ ထိုသူကေတာ့ ဒီပိန္ပိန္ေသးေသးကိုယ္လုံးေလးနဲ႔ ဇြတ္တ႐ြတ္ကိုကိုယ့္အားကိုယ္ကိုးခ်င္ေနေသးတုန္းပင္။
တစ္ဖက္လူက တကယ္ကို မသန္မာပါဘူး။ရန္ျဖစ္လို႔ ဒဏ္ရာရလာတဲ့အခ်ိန္ဆို နာလို႔ေအာ္ေနတတ္ၿပီး ေဆးကို ဖြဖြေလးလိမ္းေပးဖို႔ ေျပာတတ္သည္။သူက ဘာလို႔ ဒီအခ်ိန္မွ အရမ္းသန္မာခ်င္ေနရတာလဲ။ သူ႕ရဲ႕အႏုပညာလမ္းေၾကာင္းအထြတ္အထိပ္မေရာက္ေသးခင္ သူ႕မားမား အျပည့္အဝမသက္သာေသးခင္ ခ်ဴခ်န္ဆိုတဲ့ လူကို အသုံးခ်လိုက္ရင္ေရာ။ သူ႕ရဲ႕ လမ္းေၾကာင္း ပိုၿပီးအဆင္ေခ်ာသြားဖို႔ ခ်ဴခ်န္ကို အသုံးခ်လိုက္ရင္ ပိုမေကာင္းဘူးလား?
ဘာလို႔ သူတို႔ၾကား စည္းေတြျခားခ်င္ေနရပါလိမ့္။
သူသည္ က်ိခ်င္းက်ိဳးအား ဖက္ထားရင္း "က်ိဳးက်ိဳး" ဆိုတဲ့ နာမည္ေလးအား ထပ္ခါထပ္ခါ႐ြတ္ဆိုေနမိသည္။
က်ိခ်င္းက်ိဳးရဲ႕ စိတ္က ခ်က္ခ်င္းေပ်ာ့ေျပာင္းသြားၿပီး လက္သီးတင္းတင္းဆုပ္ထားမိကာ ခ်ဴခ်န္ကို မတြန္းထုတ္ျဖစ္ခဲ့သလို ျပန္လည္းမဖက္ေပးျဖစ္ခဲ့ပါ။
သူက အသံတိုးတိုးျဖင့္-
"ဒါ ေနာက္ဆုံးအႀကိမ္ပဲ ျဖစ္ပါေစ ခ်ဴခ်န္...ေနာက္တစ္ခါ ဒီလိုမ်ိဳးထပ္မလုပ္ပါနဲ႔"
ခ်ဴခ်န္က စကားမဆိုဘဲ သူ႕ကို ဖက္ထားျခင္းအား နည္းနည္းေျဖေလ်ာ့ေပးကာ ငုံ႔ၾကည့္လိုက္သည္။က်ိခ်င္းက်ိဳးက ေခါင္းငုံ႔ထားသျဖင့္ အမူအရာကို႐ွင္း႐ွင္းလင္းလင္း မျမင္ခဲ့ရေပ။
ခ်ဴခ်န္ သူ႕ကို ငုံ႔နမ္းလိုက္၏။သို႔ေသာ္ က်ိခ်င္းက်ိဳးက တစ္ဖက္ကို မ်က္ႏွာလႊဲသြားကာ သူ႕အနမ္းကို ေ႐ွာင္ဖယ္လာသည္။က်ိခ်င္းက်ိဳးဘက္က သူ႕အနမ္းကို ေ႐ွာင္ဖယ္ခဲ့သည္မွာ ဒါပထမဆုံးအႀကိမ္ပင္။အေစာပိုင္း ခ်ဴခ်န္ သူ႕ကို နမ္းဖို႔ ႀကိဳးစားတုန္းကေတာင္ မေ႐ွာင္ဖယ္ခဲ့ပါ။တစ္ခါတစ္ေလဆို သူ႕ပါးေလးကိုလည္း နမ္းသင့္တယ္ဆိုၿပီး အရိပ္အႁမြက္ေပးတဲ့ပုံျဖင့္ မ်က္ႏွာေလးတစ္ဖက္လွည့္ေပးတတ္ေသးသည္။
ဒါေပမယ့္ အခုေတာ့ သူက ခ်ဴခ်န္ရဲ႕ အနမ္းေတြကို ျငင္းခဲ့ပါသည္။
"အဲ့လိုမလုပ္ပါနဲ႔။မသင့္ေတာ္ဘူး"
ခ်ဴခ်န္ကေတာ့ စကားမေျပာဘဲ သူ႕ကိုသာ ၿငိမ္ၿငိမ္သက္သက္နဲ႔ ေငးၾကည့္ေနခဲ့၏။
"ခင္ဗ်ားလႊတ္သင့္ေနၿပီ" က်ိခ်င္းက်ိဳး တိုးညႇင္းစြာဆိုလိုက္သည္။
ခ်ဴခ်န္သည္ သူ႕ကိုပဲ မ်က္ေတာင္မခတ္တမ္းေငးေမာ ၾကည့္ေနခဲ့ၿပီး ဖက္ထားသည့္လက္ေတြအား ေျဖေလ်ာ့မေပးလာခဲ့ပါ။
"လႊတ္" က်ိခ်င္းက်ိဳး ထပ္ၿပီး သတိေပးလိုက္ျပန္သည္။
ခ်ဴခ်န္က မလႊတ္ေပးခဲ့ေပ။က်ိခ်င္းက်ိဳးကို ပဲ ဆက္ၿပီး ေငးစိုက္ၾကည့္ေနခဲ့သည္။
က်ိခ်င္းက်ိဳးမွာ အကူအညီမဲ့စြာ သူ႕ကို ေမာ့ၾကည့္လိုက္ခ်ိန္ သူ႕ကို ေငးၾကည့္ေနေသာ မ်က္လုံးတစ္စုံအား ရင္ဆိုင္လိုက္ကာ ေခါင္းမာမာနဲ႔ေျပာလိုက္သည္။
"ခင္ဗ်ားလႊတ္ေပးသင့္ေနၿပီ"
ခ်ဴခ်န္ကမူ သူ႕ရဲ႕ အျဖဴအမည္းျခယ္ထားသည့္ မ်က္လုံးေလးထဲစိုက္ၾကည့္ကာ တကယ္နားမလည္ႏိုင္ေတာ့ပါေပ။တစ္ဖက္လူက ဘာဝန္ေလးမႈမွမ႐ွိပါဘဲ ဘယ္လိုလုပ္ၿပီး သူ႕ကိုသာ အႀကိမ္ႀကိမ္တြန္းထုတ္ခိုင္းေနရတာလဲ? က်ိခ်င္းက်ိဳး သူ႕ကို သေဘာက်ေနတာလား? တကယ္လို႔ သူသာ သေဘာက်ေနရင္ ဘာလို႔ သူ႕ကို လႊတ္ေပးဖို႔ပဲ ေခါင္းမာမာနဲ႔ေျပာႏိုင္ရတာလဲ? ဘာလို႔ တြန္႔ဆုတ္မႈမ႐ွိဘဲ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္နဲ႔ စည္းျခားခ်င္ေနရတာလဲ? သူ တြန္းထုတ္လိုက္႐ုံနဲ႔ ႐ုန္းထြက္ႏိုင္မယ့္ကိစၥကို အရင္လႊတ္ေပးဖို႔ပဲ ထပ္ခါထပ္ခါ ေျပာေနရတာလဲ?
ဘာလို႔ သူ႕ကို မတြန္းထုတ္လိုက္တာလဲ?
"မင္း ကိုယ့္ကို တြန္းထုတ္တာနဲ႔ ႐ုန္းထြက္ႏိုင္ၿပီေလ"
ခ်ဴခ်န္ သူ႕ကိုၾကည့္လိုက္ကာ-
"ကိုယ္ လႊတ္ေပးဖို႔ မလိုပါဘူး။မင္း ကိုယ့္ကို တြန္းထုတ္လိုက္တာနဲ႔ လႊတ္ေျမာက္ႏိုင္ၿပီ မဟုတ္ဘူးလား"
က်ိခ်င္းက်ိဳး ေအးခဲသြားသည္။ခ်ဴခ်န္ဆီကဒီစကားမ်ိဳး ၾကားရလိမ့္မယ္လို႔ မေမွ်ာ္လင့္ထားခဲ့မိဘူး။သူသည္ နည္းနည္း ေတာင့္တင္းၿပီး တြန္႔ဆုတ္ေနေသာ ခ်ဴခ်န္ကို ၾကည့္လိုက္ၿပီး သူ႕မ်က္လုံးထဲမွ ဝမ္းနည္းမႈေတြကို မျမင္ေစရန္ ေခါင္းငုံ႔ခ်လိုက္ရ၏။ဒါေပမယ့္ သူ႕ႏွလုံးသားထဲမွ နည္းနည္းစိတ္ပ်က္သြားမိသည္ကိုေတာ့ မထိန္းလိုက္ႏိုင္ေပ။
သူ ဘယ္တုန္းကမွ ခ်ဴခ်န္ကို မတြန္းထုတ္ခဲ့ဖူးဘူး။စာခ်ဳပ္သက္တမ္းအတြင္းပဲျဖစ္ျဖစ္ စာခ်ဳပ္ကုန္သြားေတာ့ပဲျဖစ္ျဖစ္ စစခ်င္း ခ်ဴခ်န္သူနဲ႔ ကားေမာင္းခ်င္တာက လြဲၿပီး က်န္တဲ့အခ်ိန္ေတြမွာ ခ်ဴခ်န္ဘက္က ဖက္ခ်င္ခ်င္ နမ္းခ်င္ခ်င္ ဒါမွမဟုတ္ တစ္ျခားအရာေတြကို လုပ္ခ်င္ရင္ေတာင္ သူ ဘယ္ေသာအခါမွ မျငင္းခဲ့ဖူးပါ။
သူ ခ်ဴခ်န္ကို အမ်ားႀကီး ႏွစ္သက္ရပါသည္။သူ႕မွာ ဘယ္လိုလုပ္ၿပီး အေဝးတြန္းထုတ္ခ်င္စိတ္႐ွိပါ့မလဲ?အခုေတာ့ ခ်ဴခ်န္က သူ႕ကို တြန္းထုတ္ဖို႔ ေတာင္းဆိုေနသည္။
က်ိခ်င္းက်ိဳးရဲ႕ မ်က္လုံးအိမ္မ်ား နည္းနည္းေလး ရဲတက္လာ၏။သူ ထိုေနရာမွာပဲ ဆက္ရပ္ေနၿပီး လက္ေျမႇာက္ဖို႔ ႀကိဳးစားလိုက္ေပမယ့္ သူတကယ္မလုပ္ႏိုင္ဘူးးး
သူ႕ဘက္က ခ်ဴခ်န္ကို တြန္းထုတ္ရက္ရင္ ခ်ဴခ်န္စစဖက္တည္းက တြန္းထုတ္လိုက္မွာေပါ့။အခုခ်ိန္ထိ ေစာင့္ေနမွာမဟုတ္ဘူးေလ။႐ုတ္တရက္ႀကီး ခ်ဴခ်န္က အရမ္းစိတ္အေႏွာင့္ယွက္ျဖစ္စရာေကာင္းလြန္းလာသည္။သူ႕ဘာသာ အရင္လာဖက္ၿပီး တြန္းထုတ္ေပးဖို႔ ေတာင္းဆိုေန၏။အခ်ိန္ကန္႔သတ္ခ်က္ကို သူပဲ ခ်ခဲ့တာမဟုတ္ဘူးလား။လူကို သေဘာမက်ဘူးလို႔လည္း သူပဲ ေျပာခဲ့ၿပီး စာခ်ဳပ္ၿပီးသြားတာေတာင္ အတင္းလိုက္ကပ္ခ်င္ေနေသးျပန္သည္။
ခ်ဴခ်န္မပါတဲ့ ဘဝကို တစ္ျဖည္းျဖည္းနဲ႔ေနသားက်လာၿပီးမွ သူ႕ႏွလုံးသားကိစၥကို ေဘးဖယ္ၿပီး ဘဝကို ေကာင္းေကာင္းေနထိုင္ခ်င္႐ုံပဲ ဆိုကာမွ ခ်ဴခ်န္က သူခက္ခဲေစမယ့္အရာေတြကို လုပ္ေနသည္။
က်ိခ်င္းက်ိဳးမွာ မေက်မနပ္ျဖစ္တာထက္ပိုၿပီး ခံစားရခက္ေနသည္က ပိုသည္။သူျဖည္းျဖည္းခ်င္း လက္ေျမႇာက္တင္လိုက္ကာ စိတ္ထဲမွလည္း ကိုယ့္ကိုယ္ကိုယ္ ေျဖသိမ့္ေနရသည္။ဒီအေျခအေနကို သူတို႔ အၿမဲေရာက္ေနရဦးမွာပင္။စကားနဲ႔ျငင္းဆိုျခင္းကေန ကိုယ္ေရာလက္ပါ ျငင္းဆန္ျခင္း။ဒီေန႔မဟုတ္ရင္ေတာင္၊ မနက္ျဖန္၊ သဘက္ခါ၊ ဒါမွမဟုတ္ အနာဂတ္ တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္မွာ သူ ခ်ဴခ်န္ကို တြန္းထုတ္ရင္း လႊတ္ေပးဖို႔ ေျပာရဦးမွာျဖစ္သည္။
သူတို႔လမ္းခြဲၿပီးၿပီးဆိုမွေတာ့ တစ္ခါတည္း႐ွင္း႐ွင္းလင္းလင္း လုပ္ထားသင့္သည္။ခ်ဴခ်န္ရဲ႕ ဂ႐ုတစ္စိုက္ပူပန္ေပးမႈေတြကို ပါစပ္ျငင္းေနရင္ လက္ကလည္း ခ်ဴခ်န္ရဲ႕ အထိအေတြ႕ေတြကို ျငင္းဆန္သင့္၏။
သူ ခ်ဴခ်န္ကို အေဝးတြန္းထုတ္လိုက္သင့္သည္။တကယ္ဆို ခ်ဴခ်န္ သူ႕ကို စ,ဖက္တည္းက အေဝးကို တြန္းထုတ္ပစ္လိုက္သင့္တာျဖစ္သည္။
က်ိခ်င္းက်ိဳးသည္ ခ်ဴခ်န္ကို မၾကည့္ဘဲ လက္ျမႇင့္ၿပီး တြန္းထုတ္မို႔ ျပင္လိုက္ေပမယ့္ သူ႕လက္ေတြ ခ်ဴခ်န္ကို မထိေသးခင္ ဖမ္းဆုပ္ခံလိုက္ရသည္။က်ိခ်င္းက်ိဳးမွာ အံ့အားသင့္စြာ ခ်ဴခ်န္ကို ေမာ့ၾကည့္လိုက္ခ်ိန္ ခ်ဴခ်န္ကလည္း သူ႕ကို ျပန္ၾကည့္လ်က္ လက္ကို ဆုပ္ကိုင္ထားရင္း သူ႕လႈပ္႐ွားမႈကို ရပ္တန္႔ေစ၏။
သူဘာျဖစ္ခ်င္ေနမွန္း က်ိခ်င္းက်ိဳး နားမလည္ေတာ့ပါ။တြန္းထုတ္ဖို႔ ေျပာလာတဲ့ လူက သူျဖစ္ေပမယ့္ အခု ဖမ္းဆုပ္ထားတဲ့ လူကလည္း သူပဲျဖစ္ေနတယ္။သူဘာျဖစ္ခ်င္ေနတာလဲ? သူနားမလည္ႏိုင္ေတာ့ေသာေၾကာင့္ ခ်ဴခ်န္ရဲ႕ လက္ထဲက ႐ုန္းထြက္ၿပီး တြန္းထုတ္ဖို႔ ႀကိဳးစားလိုက္ေပမယ့္ ခ်ဴခ်န္ရဲ႕ ဆုပ္ကိုင္ထားမႈက ပိုၿပီး တင္းၾကပ္လာသျဖင့္ သူလုံးလုံး မဆြဲထုတ္ႏိုင္ခဲ့ေပ။
"ခင္ဗ်ားဘာေတြျဖစ္ေနတာလဲ"
က်ိခ်င္းက်ိဳးမွာ ေဒါသလည္းထြက္ ဒုကၡလည္းေတြ႕ေနရသည္။
"ခင္ဗ်ားပဲ တြန္းထုတ္ဖို႔ ေျပာခဲ့ၿပီး အခု ဘာေတြလုပ္ေနတာတုန္း...ခ်ဴခ်န္....ကြၽန္ေတာ့္ကိုလႊတ္စမ္း"
သူက စကားေျပာရင္း အတင္း႐ုန္းကန္ေတာ့သည္။ခ်ဴခ်န္က သူ႕႐ုန္းကန္မႈေတြကို ခံစားမိလို႔ထင္ပါ့ သူ႕ကို ဆုပ္ကိုင္းထားသည့္ လက္အားက ျဖည္းျဖည္းခ်င္းတိုးလာသည့္အျပင္ သူ႕တစ္ကိုယ္လုံးအား တစ္ဖန္ တင္းၾကပ္စြာ ျပန္ေပြ႕ဖက္လာၿပီး လက္ကိုလည္း တင္းေနေအာင္ ဆုပ္ေထြးထားျပန္ပါ၏။
က်ိခ်င္းက်ိဳးသည္ တစ္ဖက္လူဆုပ္ကိုင္ထားသည္ လက္ကို ျပန္ဆြဲယူဖို႔ လြတ္ေနသည့္လက္အား ေျမႇာက္တင္လိုက္သည့္တိုင္ ခ်ဴခ်န္က သူ႕နားနား ကပ္၍ ေလးသံႏွင့္တစ္ဖြဖြေရ႐ြတ္လာသည္။
"ကိုယ့္ကို မတြန္းထုတ္လိုက္ပါနဲ႔....ကိုယ့္ကို မတြန္းထုတ္ပါနဲ႔ေနာ္ က်ိဳးက်ိဳး...ကိုယ္မွားပါၿပီ။ကိုယ္...ကိုယ္မင္းကို အဲ့လိုမေျပာခဲ့သင့္ဘူး။ကိုယ္မွားတာမို႔ ကိုယ့္ကို ခြင့္လႊတ္ေပးမယ္မလားဟင္"
သူ႕အသံက အလြန္တိုးလ်ေနၿပီး စိတ္ဓာတ္က်မႈႏွင့္နာက်င္ရမႈတို႔က အတိုင္းသား။က်ိခ်င္းက်ိဳးမွာ ထိုစကားသံအား နားေထာင္လိုက္ရခ်ိန္ သူ႕လက္က လႈပ္႐ွားမႈက ရပ္တန္႔သြားေလေတာ့သည္။
##################
နာက်င္ရတယ္ ပါးပါးေရ- က်ိဳးက်ိဳးေရာပဲ ႏွစ္ေယာက္လုံး တအားဆိုးၾကတယ္😭
Good Night par✨
သီခ်င္းေလးနဲ႔ခံစားဖတ္ၾကည့္ သီခ်င္းေအးေအးေလးထည့္ထားတာပါ🎶
######################