Unicode
ယင်းနျန်သည် ကျိချင်းကျိုးနောက်ရက်အနည်းငယ်အတွင်း မားမားကို သွားတွေ့မည့်အကြောင်းကြားသည်နှင့် ကျိချင်းကျိုးရဲ့ လက်ရှိသူငယ်ချင်းရောအိမ်နီးချင်းရောဖြစ်တဲ့ သူအနေနဲ့ သူ့စိတ်ပူမှုအား ပြရန် သူလည်း လိုက်လည်သင့်တယ်ဟု ခံစားရသွားသည်။ကျိချင်းကျိုးကတော့ မလိုအပ်ဘူးထင်နေသော်လည်း တားတော့မတားဖြစ်ခဲ့။ဘာလို့ဆို ဝမ်ဖန်းက အနုပညာလောကထဲမှာ သူတစ်ယောက်တည်းဖြစ်ပြီး အနိုင်ကျင့်ခံရမှာကို အမြဲတွေးပူနေတတ်တာဖြစ်သည်။ထို့ပြင် ဇာတ်ကားရိုက်ရတာ ပင်ပန်းလား၊သူငယ်ချင်းကောင်းတွေရှိရဲ့လား ဟုလည်း အမြဲပင်မေးတတ်သည်။ထို့ကြောင့် သူမပျော်စေရန် ယင်းနျန်အား ခေါ်သွားဖို့ ဆုံးဖြတ်လိုက်သည်။
ယင်းနျန်ဟာ မိဘတွေဆီသွားလည်သည့် ဓလေ့ထုံးတမ်းတွေနဲ့ အတော်ကြီး ရင်းနှီးနေသူဖြစ်၍ ဝမ်ဖန်းဆီသယ်သွားဖို့ လက်ဆောင်တွေအများကြီး ဝယ်တော့သည်။ထို့ကြောင့် ကျိချင်းကျိုးမှာ တားနေရ၏။
“အများကြီးလျှောက်မဝယ်နဲ့လေ။မားက အများကြီးစားနိုင်တာမဟုတ်ဘူး။ဝယ်ထားတာတွေ အလဟသဖြစ်သွားလိမ့်မယ်။ယူသွားချင်သပဆို မင်းရဲ့သန့်ရှင်းရေးစက်ရုပ်လေးယူသွားပေါ့။နေ့တိုင်း ကြမ်းခင်းပေါ်လှဲလို့ရသလို လက်တွေ့လည်း အသုံးဝင်တယ်လေ”
ထို့ကြောင့် ယင်းနျန်တစ်ယောက် ဝမ်ဖန်းဘာအရောင်တွေကြိုက်တတ်လဲ ကျိချင်းကျိုးဆီမေးလာပြီး သိုလှောင်ခန်းတံခါးအားဖွင့်လိုက်ကာ အတော်ကြာပြီးမှာတော့ သန့်ရှင်းရေးစက်ရုပ်နဲ့ Tmall elf လေးတစ်ခုပါ ယူထုတ်လာသည်။
“မင်းမားမားကို ဒါလေးလည်း ပေးလိုက်မယ်လေ။ဘယ်ကရလာတာလဲတော့ မမှတ်မိတော့ဘူး။ဒါပေမယ့် ဒါလေးက မင်းမားနဲ့ စကားပြောလို့ရသလို၊သီချင်းလေးဖွင့်ပေးတတ်တယ်”
“အင်း။ကျေးဇူးပါကွာ”
“ရပါတယ်ဟ”
သူတို့နှစ်ယောက် မြန်မြန်ပဲ ပြင်ဆက်ကြပြီး နောက်ရက်နည်းနည်းကြာပြီးနောက် ဝမ်ဖန်းရဲ့ ဆေးရုံဆီသွားခဲ့ကြသည်။ယင်းနျန်မှာ သူနဲ့အတူ VIPဆောင်အထိ ဓာတ်လှေကားနှင့် တစ်ပါးတည်းလိုက်ပါရင်း ပါးစပ်ကလည်း တသသရေရွတ်နေသည်။
“အတော်လေး အဆင့်မြင့်တာပဲနော်”
ကျိချင်းကျိုးရယ်လိုက်ကာ တံခါးဖွင့်၍ အခန်းထဲဝင်လိုက်တော့သည်။
ဝမ်ဖန်းမှာ ယင်းနျန်နဲ့တွေ့ရတာကို အလွန်ပျော်နေပြီး ကျိချင်းကျိုးအကြောင်းတွေ အများကြီးမေးလေသည်။“သူက အခုအရမ်းနာမည်ကြီးပြီး လူတွေအများကြီးသူ့ကို ကြိုက်နေကြတာအန်တီရ” ဟု ယင်းနျန်ပြောလိုက်ချိန် သူမမှာ မယုံနိုင်လောက်အောင် အံ့အားသင့်သွားရသည်။အမေဆိုတာ ကိုယ့်ကလေးကို အမြဲစိတ်ပူတတ်သူချည်းပင်။ကျိချင်းကျိုး အရွယ်ရောက်နေပြီဆိုရင်တောင် သားအပေါ် စိတ်ပူပန်မှုကတော့ ရှိနေဆဲပင်။သူမမမြင်ရတဲ့နေရာမှာ သားလေးအဆင်ပြေပါ့မလား။ပင်များပင်ပန်းနေမလားဟု အမြဲပင် တွေးပူပန်ရသည်။သူမနေမကောင်းဖြစ်နေတဲ့ အခုချိန်မှာတော့ အထူးပင် ပိုပူရ၏။အမေတစ်ယောက်အနေနဲ့ သူမ ကျိချင်းကျိုးဘေးမှာ မကူဘေးနိုင်ဘူး။သားရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို မဝေမျှပေးနိုင်မှုတို့ကြောင့် ပိုပြီး စိတ်တို့လေးလံကာ ပူပန်ရပါသည်။
တစ်ခါတစ်လေညဘက်တွေများရောက်ရင် သူမသာသေသွားရင် ကောင်းမှာပဲဟု ဝမ်ဖန်းတွေးခဲ့ဖူးသည်။အဲ့တာဆို ကျိချင်းကျိုးအတွက် ဝန်ထုပ်ဝန်ပိုးကြီးဖြစ်မှာ မဟုတ်တော့။ဒါပေမယ့် ကျိချင်းကျိုးမှာ ဆွေမျိုးဆိုလို့ သူမတစ်ယောက်တည်းသာရှိလေသည်။တကယ်၍ သူမက ထားသွားမယ်ဆို ဒီလောကကြီးထဲမှာ ဘယ်သူကများ သူအေးသလားပူသလား လာဂရုစိုက်ပေးမှာတဲ့လဲ။ထို့ကြောင့် သူမပင်ပန်းစွာဖြင့် ဒီရောဂါဆိုးကြီးနဲ့ ဆက်တိုက်ခိုက်ရဦးမည်ဖြစ်ပါသည်။
အလွန်နာနာကျင်ကျင်ရှင်သန်နေရသော်လည်း ဝမ်ဖန်းကတော့ အသက်ဆက်ရှင်ချင်ဆဲပါ။သူမသားလေးလက်ထပ်တာကို မြင်သွားချင်သည်။သားအပေါ်ဂရုစိုက်ပေးမယ့်လူကို တွေ့သွားချင်သည်။သားလေး ကိုယ်ပိုင်မိသားစုအိမ်လေးနဲ့ ပျော်ပျော်ရွှင်ရွှင်နေသွားရမှာကို သူမမြင်ချင်ပါသေးသည်။
ယင်းနျန်သည် Tmall elf လေးအား ပလပ်ပေါက်ထိုးလိုက်ပြီး အသုံးပြုပုံတွေကို ဝမ်ဖန်းသိအောင်ရှင်းပြနေသည်။ ဝမ်ဖန်းကလည်း အလွန်ပျော်ရွှင်စွာဖြင့် ယင်းနျန်နဲ့ Tmall elfလေးစကားပြောတာကို စိတ်ဝင်တစားနားထောင်နေလေသည်။
သူမပျော်နေတာမြင်တော့ ယင်းနျန်သည် Tmall elf လေးအား ဟာသတစ်ခုပြောလိုက်သည်။Tmall elfကလည်း အေးစက်စက်ဟာသတစ်ခု ပြန်ပြောလာ၏။ဝမ်ဖန်းမှာ အတော်အတန်ကြာထိ ရယ်မောနေတော့သည်။ယင်းနျန်နဲ့ ကျိချင်းကျိုးကလည်း သူမကိုကြည့်ရင်း လိုက်ရယ်ကြလေသည်။
ချူချန်တစ်ယောက် တံခါးခေါက်ဖို့ရန် လက်မြှောက်လိုက်ချိန် အခန်းထဲမှ ရယ်သံတွေကိုကြားလိုက်ရသည်။သူအတန်ကြာတောင့်တင်းသွားမိပြီး တံခါးခေါက်ရန် ရွယ်ထားသည့်လက်အား တိတ်တဆိတ်ပြန်ရုတ်လိုက်ကာ တံခါးရှေ့မှာပဲ ရပ်နေမိသည်။ကျိချင်းကျိုးလည်း ရောက်နေလိမ့်မယ်လို့ သူမထင်ထားခဲ့ဘူး။
ချူချန်မှာ ဝင်သင့်မဝင်သင့် တွေးရင်းတွန့်ဆုတ်ဆုတ်ဖြစ်နေ၏။ မင်း ကျိချင်းကျိုးကိုကြိုက်နေသလားဟု ချင်းရွှယ် သူ့ကိုမမေးခင် ရက်အနည်းငယ်နောက်ပြန်ဆုတ်လိုက်ပါက သူ တွန့်ဆုတ်မနေဘဲ အခန်းထဲ ဝင်သွားမှာဖြစ်ပြီး ဝမ်ဖန်းနဲ့ စကားတွေဘာတွေပြောကာကျိချင်းကျိုးနဲ့တောင် သူတို့ဆက်ဆံရေးအကြောင်းပြောမိလိမ့်မည်။ဒါပေမယ့် အခုကတော့ ချူချန်တွန့်ဆုတ်နေ၏။ကျိချင်းကျိုးအပေါ် ထားတဲ့ သူ့ခံစားချက်တွေကို သေချာနားမလည်သေးသောကြောင့် သူက ကျိချင်းကျိုးရဲ့ ဘဝကို သက်ရောက်မှုရှိစေလား မရှိစေလားတွေးကာ မဆုံးဖြတ်ရသေးသောကြောင့် တွန့်ဆုတ်နေရခြင်းဖြစ်၏။
ရှောင်ချင်း ဖုန်းပြောပြီး ပြန်လာသည့်အချိန် တံခါးရှေ့မှာ တောင့်တောင့်ကြီးရပ်နေသော ချူချန်အား တွေ့လိုက်ရသဖြင့် မေးလိုက်သည်။
“ချူရှောက် အထဲမဝင်ဘူးလား”
သူမက ပြောလည်းပြော တံခါးလည်းတွန်းဖွင့်လိုက်သည်။
“ဝင်လေ”
ကျိချင်းကျိုးကလည်း လှမ်းအကြည့်နဲ့ ချူချန်ကိုတွေ့လိုက်ရလေသည်။
သူအတော်ကြာ ကြောင်ငေးနေမိ၏။ဒါက ချူချန်အိမ်ကထွက်လာခဲ့ပြီးနောက် ပထမဆုံးအကြိမ် သူတို့ပြန်တွေ့ရခြင်းပင်။သူမှာ ချူချန်ကို ကြည့်နေရင်းနဲ့ မတွေ့ရတာ ရက်အများကြီး မရှိသေးသည်ကို သိနေသည့်တိုင် တစ်ချို့တစ်ချို့သော အကြောင်းရင်းတွေကြောင့် မတွေ့ရသည်မှာ သိပ်ကြာနေခဲ့သလို ခံစားချက်တွေဖြစ်ပေါ်နေသည်။
“ခင်ဗျားဒီကိုဘယ်လိုကြောင့်ရောက်လာတာလဲ” သူပြုံးရင်း ချူချန်ကို မေးလိုက်သည်။
ချူချန်သည် သူ့မျက်နှာထက်က အပြုံးဝေဝေဆာဆာကိုကြည့်ပြီး စိတ်ထဲဘာတွေဖြစ်နေမှန်းတောင်မသိတော့။အခုချိန် သူ့နှလုံးသားထဲမှာ ခံစားချက်တွေ များပြားလွန်းလို့ ထကြွလာခဲ့ပုံပါပင်။တစ်ဖက်လူကို ကြည့်ရတာတော့ အေးချမ်းနေသည့်ပုံ။သူ့မှာ မလှမ်းမကမ်း သူ့ရှေ့မှ လူသားကိုကြည့်၍ အတွေးတစ်ခုပဲဝင်လာခဲ့သည်။— ကျိချင်းကျိုးက ကိုယ့်ကိုကိုယ် ကောင်းကောင်း ဂရုစိုက်တတ်သားပဲ။ပိန်လည်းမပိန်သွားသလို မျက်တွင်းတွေလည်း ကျမနေပါ။သူ့အိမ်မှာ နေခဲ့တုန်းကပုံစံလေးလိုပင်။ကြည့်ရတာ စိတ်အခြေအနေလည်းကောင်းနေပုံရ၏။သူက တကယ်ကို ကိုယ့်ကိုကိုယ် စောင့်ရှောက်နိုင်နေပြီဖြစ်ပါသည်။
“ကိုယ် အန်တီ့ကို လာကြည့်တာ” ချူချန်ကပြန်ဖြေလိုက်သည်။
သူရောက်လာသည်နှင့်ကို ဝမ်ဖန်းမှာ ရွှင်ပြပြဖြစ်လို့။
“ရှောင်ချူဒီနားလာ”
“ဟုတ်ကဲ့”
ချူချန်က ဝမ်ဖန်းအနားလျှောက်သွားပြီး သတင်းစကားဆိုလိုက်သည်။
“အန်တီ နေလို့ထိုင်လို့ရောကောင်းရဲ့လား။ဒေါက်တာ ကျွန်တော့်ကို ပြောတာတော့ အန်တီ့အခြေအနေက အရင်နှစ်ရက်မှာ အများကြီးတိုးတက်လာတယ်ဆိုပဲ”
“ကောင်းပါ့။အခုတောင်ရှောင်ကျိုးကိုပြောနေတာ။မားတော့ ဒီနှစ်နှစ်သစ်ကူးတွင်း ဆေးရုံဆင်းရနိုင်လောက်တယ်လို့လေ”
“ဒါဆို အကောင်းဆုံးပေါ့ဗျာ”
ချူချန် ပြောလိုက်သည်။
“အားလုံးအဆင်ပြေသွားမှာပါ။ဒီခေတ်ဆေးဝါးတွေက အရမ်းအရည်အသွေးမြင့်လွန်းတော့ မကုသနိုင်တဲ့ ရောဂါရယ်လို့ ရှိတော့တာမဟုတ်ဘူး။အန်တီ ဒီနှစ်နှစ်သစ်ကူးထိတောင် မစောင့်ရလောက်ဘူးနော်။ဒီဆောင်းကုန်တာနဲ့ကို ဆေးရုံဆင်းလို့ရလောက်တယ်”
ဝမ်ဖန်းမှာ ချိုသာစွာပြုံးရယ်လာခဲ့သည်။
“ဒီကလေး ဘာလို့ အရမ်းစကားတတ်ရတာလဲ? မင်းပဲ စကားပြောကောင်းပါတယ်”
“ကျွန်တော်က အမှန်တိုင်းပြောရုံပါပဲ”
ဝမ်ဖန်းမှာ ချူချန်သူမဆီလာလည်တိုင်း ပျော်လို့ရွှင်လို့။ချူချန်က သူမအတွက် အထူးတည်ရှိမှုတစ်ခုပင်။ကျိချင်းကျိုး ရိုက်ကူးရေးလုပ်ရပြီး သူမနဲ့အတူမရှိပေးနိုင်တဲ့ အချိန်တွေမှာ ချူချန်က အမြဲသူမဆီလာတွေ့တတ်သည်။တစ်ခါတစ်ရံဆို နေ့တစ်ဝက်လာပြီး တစ်ခါတစ်လေကျ အတော်ကြာမှလာတတ်သည်။ဒါပေမယ့် တစ်ပတ်တစ်ခါတော့ အမြဲရောက်လာစမြဲပင်။
ဝမ်ဖန်းမှာ အရမ်းအားနာလွန်း၍ မလာပါနဲ့လို့ ပြောတာတောင် ချူချန်ကလက်မခံပေ။သူကအမြဲ “ကျိချင်းကျိုး ဒီမှာမရှိတုန်း ကျွန်တော်က သူ့ကိုယ်စားလာကြည့်ပေးတာပါ။အဲ့လိုဆို သူလည်း အပြင်မှာ ရိုက်ကူးရေးလုပ်နေချိန် ပိုပြီး စိတ်အေးလက်အေးဖြစ်တာပေါ့” ဟူ၍ ပြောတတ်သည်။
သူ ကျိချင်းကျိုးအကြောင်းတွေပြောပြမှသာ ဝမ်ဖန်းက လျော့ပေးတော့သည်။တစ်ခါတစ်လေသူတို့ ကျိချင်းကျိုးအကြောင်းပြောဖြစ်ကြသည်။ချူချန်က အခုလက်ရှိ ကျိချင်းကျိုးအကြောင်းတွေပြောပြပြီး ဝမ်ဖန်းကတော့ ကျိချင်းကျိုးရဲ့ ငယ်ဘဝအကြောင်းတွေပြောပြသည်။ချူချန်မှာ နားထောင်ရင်း ခံစားချက်တွေထူးဆန်းလာ၏။သူမပြောတဲ့ ကျိချင်းကျိုးနဲ့ သူသိတဲ့ကျိချင်းကျိုးက မတူသလိုပါပင်။ဝမ်ဖန်းက ပြုံးရင်း ပြောလာသည်။
“ကောလိပ်ကျောင်းသားကြီးက ဆယ့်ရှစ်နှစ်ပြည့်ပြီးသွားပြီဆိုတော့ ရင့်ကျက်လာတာမို့ အကျင့်တွေပြောင်းကုန်တာနေမှာ”
အဲ့ဒါက တကယ်ကို ကွာခြားလွန်းသည်။ချူချန်ကတော့ လက်ရှိကျိချင်းကျိုးကိုပဲ နှစ်သက်ရပါသည်။
သူနဲ့ဝမ်ဖန်းက တစ်နှစ်လုံး သိလာခဲ့ကြပြီးဖြစ်၍ ဝမ်ဖန်းရဲ့မျက်လုံးထဲမှာတော့ သူက ကျိချင်းကျိုးကဲ့သို့ သူမဂရုအစိုက်ရဆုံးနဲ့ သဘောအကျရဆုံးကလေးတစ်ယောက်ပင်။ချူချန်က အရာရာတိုင်းကို လိမ္မာသိတတ်လွန်းသောကြောင့် ကောင်းမွန်တဲ့မိသားစုတစ်ခုက မွေးဖွားလာရမည်ဆိုတာကို သူမတွေးကြည့်နိုင်ပါသည်။
“မင်းလိုအရမ်းစိတ်ထားကောင်းတဲ့ကလေးတောင် အခုထိ ရည်းစားမရသေးဘူးဆိုတော့ ရှောင်ကျိုးမှာ ရည်းစားမရှိတာ အံ့ဩစရာမဟုတ်တော့ပါဘူး”
အခုတစ်ခါ ချူချန်ကို တွေ့ရတဲ့အချိန်မှာလည်း မနေနိုင်စွာ ထပ်မေးမိပြန်ပါသည်။
“မင်းလို အရမ်းစကားတတ်ပြီး စကားချိုချိုလေးတွေပြောတတ် ကလေးတောင် အခုထိ ကောင်မလေးမရသေးဘူးဆိုတော့...အိုက်ယား ဆိုးလိုက်တာကွယ်”
သူမစကားတွေကြားတော့ ချူချန်မှာဘာပြောရမှန်းမသိစွာ သူမထံကြည့်လိုက်မိပြီး ချင်းရွှယ်ရဲ့ မင်းကျိချင်းကျိုးကို ကြိုက်နေလားဆိုတဲ့စကားက အတွေးထဲပေါ်လာသဖြင့် စကားလမ်းကြောင်းပြောင်းလိုက်ရတော့သည်။
ဝမ်ဖန်းသည် သူတစ်ယောက်တည်းကိုပဲ စကားပြောနေတာက မကောင်းဘူးထင်၍ ကျိချင်းကျိုးနဲ့ယင်းနျန်ဘက်လှည့်ပြီး စကားပြောလိုက်၏။ချူချန်ကတော့ ကျိချင်းကျိုးကိုပဲ အလိုလိုမော့ကြည့်နေမိ၏။ကျိချင်းကျိုးက ရယ်မောလျက် ဝမ်ဖန်းနဲ့စကားပြောနေသည်။သူက ယင်းနျန်ရဲ့ အိမ်မှာ ဘရန်းတွေက ပို့ပေးထားတဲ့ သန့်ရှင်းရေးစက်ရုပ်တွေအများကြီးရှိတယ်ဆိုတဲ့အကြောင်း ပြောနေတာဖြစ်သည်။ဘာမှမကုန်ကျသဖြင့် သူမကို စိတ်ထဲမထားဖို့ ပြောနေခြင်းပင်။
ယင်းနျန်ကလည်း သူ့စကားကို ဝင်ထောက်ခံသည်။
“တကယ်ပါအန်တီရဲ့ ကျွန်တော်မလိမ်ပါဘူး”
သူ့တို့ကိုကြည့်ရင်း ချူချန်ရဲ့စိတ်အခြေအနေက ရုတ်ခြည်း ထိုင်းမှိုင်းလာခဲ့သည်။သူ့မျက်လုံးများအား စိတ်စေရာအတိုင်း အောက်နှိမ့်ချလိုက်ချိန် ကျိချင်းကျိုးလည်ပင်းထက်မှ ရင်းနှီးနေပါသော ဆွဲကြိုးလေးအား မြင်လိုက်ရသည်။သူမြန်မြန်ပြန်ကြည့်လိုက်ပြီး ထိုင်းမှိုင်းနေတဲ့စိတ်တွေလည်း နည်းနည်း သက်သာရာရသွားသည်မှာ မိုးသောက်ချိန်၌ မှုန်ပြပြအလင်းရောင်လေးကို ရေးရေးမျှမြင်တွေ့လိုက်ရသလိုမျိုး။
ကျိချင်းကျိုးနဲ့ ယင်းနျန်ကတော့ ဝမ်ဖန်းနဲ့စကားပြောနေကြဆဲပင်။သူတို့က ရိုက်ကူးရေးလုပ်ချိန်တွင်း သုံးလထက်မနည်းတွေ့ခဲ့ကြသူတွေဖြစ်သလို လက်ရှိလည်း အိမ်နီးချင်းတွေဖြစ်နေပြီး အမြဲလိုလို အတူရှိနေရသောကြောင့် စကားပြောပြီးတိုင်း အချင်းချင်းမပြောဘဲ သိနေသလိုမျိုး ရယ်နေကြသည်မှာ ရပ်ကိုမရပ်တော့။
နားထောင်နေရတဲ့ ချူချန်ရဲ့ ရင်ထဲမှာ တိပ်တွေထူထပ်လာပြန်လျက်။ နောက်ဆုံးတော့ အခန်းထဲရှိ လေထုက မွန်းကြပ်လွန်းသောကြောင့်ဟူ၍ ချူချန် သတ်မှတ်လိုက်တော့သည်။
အရင်ကဆို ကျိချင်းကျိုးက ဝမ်ဖန်းနဲ့တွေဖို့လာတိုင်း သူများတွေကို မခေါ်လာတတ်ပါ။သို့ပေမယ့် အခုတော့ သူက ယင်းနျန်ကို ခေါ်လာလေပြီ။သူနှင့် ယင်းနျန်တို့ ပြုံးရွှင်ပြီး စကားပြောနေကြသည်မှာ သူတို့တုန်းကလိုပါပင်။ကျိချင်းကျိုးက “ခင်ဗျားကမတူဘူး” ဆိုတဲ့စကားကို အရင်က ပြောခဲ့ဖူးပေမယ့် အခုချိန်မှာ ချူချန်ခံစားနေရတာက သူလည်း တစ်ခြားသူတွေနဲ့အတူတူပင်ဖြစ်ပြီး ဘာမှ အထူးဟုတ်မနေဘူးဆိုတာပင်။
သူ့စိတ်အခြေအနေတွေဆိုးရွားလွန်း၍ ဒီမှာ နည်းနည်းလေးတောင် ဆက်မနေနိုင်တော့ပါ။သူ့စိတ်ကို သူမထိန်းလိုက်နိုင်ဘဲကျိချင်းကျိုးကို မပြောသင့်တာတွေ ပြောမိသွားမှာကြောက်၍ သူမှာ လုပ်စရာရှိသေးသဖြင့် ပြန်မှရတော့မည်ဟု ဝမ်ဖန်းကို ထနှုတ်ဆက်လိုက်လေသည်။
သူပြန်တော့မယ်ဆိုတော့ ဝမ်ဖန်းက ကျိချင်းကျိုးကို အမြန်စကားဆိုလာသည်။
“ရှောင်ကျိူး...ရှောင်ချူကို လိုက်ပို့လိုက်လေ”
“ဟုတ်ကဲ့” ကျိချင်းကျိုး ခေါင်းညိမ့်ပြလိုက်သည်။
ချူချန်က သူ့ကို တစ်ချက်ဝေ့ကြည့်လာပြီး ငြင်းတော့မငြင်းခဲ့ပါ။
ကျိချင်းကျိုးမှာဓာတ်လှေကားဆီသို့ သူနဲ့ ဘေးချင်းယှဉ်လျှောက်ရင်း တိုးတိုးလေးရွတ်လိုက်သည်။
“ကျွန်တော့်မားကို လာကြည့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“ရပါတယ်။ကိုယ်လည်း လမ်းကြုံတာနဲ့ ဝင်ဖြစ်သွားရုံပါ”
“တကယ်တော့လေ.......”
ကျိချင်းကျိုးက ဖြည်းညှင်းစွာ စကားအစပျိုးလာသည်။သူတို့ စာချုပ်လည်း ပြီးပြီဖြစ်၍ ချူချန်ဘက်က ဝမ်ဖန်းအကြောင်းနဲ့ပတ်သက်ပြီး ဆက်စိုးရိမ်ဖို့ မလိုအပ်ဘူးဟု သူထင်သည်။ချူချန်က တစ်ပတ်တစ်ခါလာလာတွေ့ပေးနေ၍ ဝမ်ဖန်းက အကျင့်ရနေပြီဖြစ်သည်။တကယ်လို့ ချူချန် သူ့ကိုမတွယ်တာတော့မယ့်နေ့၊သူ့ဆီမလာတော့မယ့်နေ့၊ဝမ်ဖန်းဆီ ထပ်လာမတွေ့တော့မယ့် တစ်နေ့နေ့များရောက်လာခဲ့ရင် ဝမ်ဖန်းက ဝမ်းနည်းပြီး “ရှောင်ချူဘာလို့မလာတာလဲ။ရှောင်ချူကို မတွေ့ရတာကြာပြီနော်”ဆိုတဲ့မေးခွန်းအား အကြိမ်ကြိမ် မေးလာနိုင်လောက်သည်။
သူ အဲ့လိုမဖြစ်သွားစေချင်ပါ။သူနဲ့ချူချန်တို့က တဖြည်းဖြည်း ပိုပိုဝေးကွာသွားဖို့ပဲရှိသည်။သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကြောင့် ဝမ်ဖန်းကို မထိခိုက်စေချင်ပါ။အခုကစပြီး ဝမ်ဖန်းတစ်ဖြည်းဖြည်းနဲ့ ကျင့်သားရသွားအောင် ချူချန်ဘက်ကနေ ဝမ်ဖန်းဆီလာလည်တဲ့ အရေအတွက်ကို လျော့ချပစ်လိုက်တာ ပိုကောင်းမည်။တစ်နေ့နေ့တစ်ချိန်ချိန် သူတို့ဘဝထဲမှာ သူမပေါ်လာတဲ့အချိန် ဝမ်ဖန်းလည်း တည်တည်ငြိမ်ငြိမ်နဲ့လက်ခံသွားနိုင်လောက်သည်။
“ခင်ဗျားလာစရာမလိုပါဘူး....ခင်ဗျား.....”
“ကျိချင်းကျိုး....”
ချူချန်က စကားဖြတ်ပြောလာပြီး သူ့ကို ရုပ်တည်တည်ဖြင့်ကြည့်လာ၏။
“ကိုယ်မကြားချင်တဲ့စကားကို မပြောနဲ့။ကိုယ်အခုစိတ်ဆိုးနေတယ်။ ကိုယ်မကြားချင်တဲ့စကားကို မပြောပါနဲ့။ဟုတ်ပြီလား???”
ကျိချင်းကျိုးမှာ စိတ်ထဲကနေပြီး တိတ်တဆိတ်သက်ပြင်းမောချလိုက်သည်။သူကရော ပြောချင်လို့ ပြောနေတာဟုတ်လို့လား။ထို့ကြောင့် အကူအညီမဲ့စွာ ခေါင်းညိမ့်ပြလိုက်မိတော့သည်။
“ဒင်!” ခနဲအသံမြည်ကာ ဓာတ်လှေကားက သူ့တို့ရပ်နေတဲ့အလွှာဆီရောက်လာသည်။ကျိချင်းကျိုးက ချူချန်ဘက် လှည့်လိုက်ရင်း-
“လမ်းမှာဂရုစိုက်သွားပါ။ဂွတ်ဘိုင်”
သူကနှုတ်ဆက်စကားပြောပြီးတာနဲ့ ပြန်မို့ပြင်ကာ တစ်ဖက်လှည့်ထွက်လိုက်သည့်ခဏ ပြန်ဆွဲခံလိုက်ရသည်။ကျိချင်းကျိုးပြန်လှည့်ကြည့်လိုက်တော့ ချူချန်က သူ့လက်မောင်းကို ဆွဲထားပြီး သူ့ကို စူးစိုက်ကြည့်လျက်-
“ကိုယ့်ကို မြေအောက်ကားပါကင်ထိ လိုက်ပို့ပေးပါ”
ကျိချင်းကျိုးတစ်ယောက် အကြောင်းအရင်းကို အတော်လေးနားမလည်နိုင်ပါ။ဒီထိ လိုက်ပို့ပေးတာနဲ့ ကားပါကင်ထိ လိုက်ပို့ပေးတာနဲ့ ဘာများကွာခြားနေလို့ပဲ။ဓာတ်လှေကားထဲက အချိန်အပိုင်းအခြားလေးတစ်ခုသာသာပဲ ပိုသွားတာကို။သို့သော် တောင်းဆိုချက်ကြီးကြီးမားမားကြီး မဟုတ်သဖြင့်
“အင်း” ဆိုပြီးပြန်ပြောလိုက်တော့သည်။
နှစ်ယောက်သား ဓာတ်လှေကားထဲ ဝင်လိုက်ကြသည်။အထဲမှာ ဘယ်သူမှရှိမနေခဲ့ပေ။ချူချန်က -1ဆိုသည့်ခလုတ်အား ဖိထားရင်း သူ့ကိုမေးလာသည်။
“ယင်းနျန်နဲ့တူတူလာတာပေါ့”
“ကျွန်တော့်မားဆီ သွားလည်ချင်တယ်ပြောတာကို ယင်းနျန်လည်း လိုက်တွေ့ချင်တယ်ဆိုတာနဲ့ ခေါ်လာလိုက်တာ”
“မင်းပြောင်းသွားပြီးနောက်ပိုင်းမှ ယင်းနျန်နဲ့ ပိုပြီး ရင်းနှီးသွားတာလား”
“အွန်း”
“ဘာလို့လဲ”
ကျိချင်းကျိုး ခဏလောက်စဉ်းစားလိုက်ပြီး အမှန်တိုင်း ပြန်ဖြေလိုက်သည်။
“ကျွန်တော်တို့က အိမ်နီးချင်းတွေမို့လေ”
သူနဲ့ယင်းနျန်တို့အိမ်နီးချင်းတွေဖြစ်ကြောင်း ချူချန်ကို လျှို့ဝှက်ထားချင်စိတ်မရှိခဲ့ပါ။ချူချန်ဘက်က မမေးလာ၍ သူမပြောခြင်းသာဖြစ်၏။
“ဪ...”
ချူချန် နားလည်သွား၏။
“မင်း သူ့ကိုအိမ်ရှာခိုင်းပြီး အဲ့မှာ ပြောင်းနေလိုက်တော့ သူနဲ့ အိမ်နီးချင်းတွေဖြစ်သွားတာလား”
“အမ်း”
ချူချန်က အကြာကြီးတိတ်သွားပြီး နွေးထွေးသောအသံဖြင့်
“အဆင်ပြေသွားတာပေါ့။ယင်းနျန်နဲ့ နေရာအတူတူပဲဆိုတော့ အနည်းဆုံး အချင်းချင်း ဂရုစိုက်ပေးလို့ရတယ်လေ”
“အမ်း”
ချူချန်က စကားထပ်မပြောခဲ့သလို ကျိချင်းကျိုးလည်း ထိုနည်းတူပင်။ဓာတ်လှေကားထဲမှာ တိတ်ဆိတ်မှုတို့ ကြီးစိုးနေခဲ့၏။
ပထမထပ်ရောက်သွားပြီး ဓာတ်လှေကား ပွင့်လာချိန် ကျိချင်းကျိုးက အသံခပ်ဖွဖွဖြင့်-
“ရောက်ပြီ”
ချူချန်တစ်ယောက် ဓာတ်လှေကားအပြင်ဘက်ကိုကြည့်ပြီး နှစ်သစ်ကူးနေ့ကို ပြန်သတိရသွားသည်။အဲ့တုန်းက သူပြန်တဲ့အချိန် ကျိချင်းကျိုးက သူ့ကိုကားထိ လိုက်ပို့ပေးချင်သောကြောင့် ပါစတာလေးလိုကပ်နေခဲ့သည်။သူက မလိုအပ်ပါဘူးပြောလည်း ကျိချင်းကျိုးတို့က ဇွတ်ပင်။မြေအောက်ကားပါကင်ရောက်ပြန်တော့လည်း မဲ့တဲ့တဲ့လေးနဲ့ သူ့ကိုဖက်ထားရင်း သူပြန်သွားတာကို တွန့်ဆုတ်ဆုတ်နဲ့ကြည့်နေခဲ့တာဖြစ်သည်။
ဒါပေမယ့် အခုချိန်မှာတော့ “ရောက်ပြီ” ဆိုတဲ့ စကားကိုသာ သူက ဆိုလာခဲ့လေသည်။
#########################
စာရေးသူမှာ ပြောစရာရှိပါတယ် :
ချူချန် : ရောက်ပြီ????!!!!!! ဒီဓာတ်လှေကားက အရမ်းမြန်လွန်းတာပဲ! ပြန်စီးကြရအောင်!!!!
ကျိုးကျိုး : ........
【ပြဇာတ်ငယ်】
ချူချန် : မင်းတို့အားလုံးက တူနေကြတယ်။
ကျိုးကျိုး : ခင်ဗျားပဲကွဲနေတာ
ချူချန် : ကိုယ် မသိခဲ့လို့ပါ
ကျိုးကျိုး : ဒါပေါ့။ခင်ဗျားက အရမ်းတုံးအနေတာကို
ချူချန် : !!!!!!! မင်းပါးပါးကို ဘယ်လိုပြောလိုက်တယ်!
ကျိုးကျိုး : ခင်ဗျားက အရမ်းတုံးလွန်းလို့ ခင်ဗျားနဲ့ စကားတောင် မပြောချင်တော့ဘူး။ကားရှာပြီးတာနဲ့ လစ်လိုက်တော့!
ချူချန် : !!!!!!!!!
ချူချန်က ကျိုးကျိုးကို ဒီတိုင်းလွှတ်ပေးမယ်လို့ ယူတို့ထင်ကြလားတဲ့!
{မထင်ပါ}
ကဲ ပါးချူလို့ ယောက္ခမချစ်အောင်နေတတ်ကြပါစေ😂😂😂
{ယူတတ်ရင် ပညာချည်းပဲနော်😂😂😂}
အာဇာနည်သီချင်းထဲမှာပါတယ်လေ။
🎶ရင်ခုန်စွာမျှော်ကြည့်မိတယ် သူရှိရာနေရာကို ကိုယ်မြင်နေကျ မင်းမျက်နှာ အရင်ကလို....🎶
ကျိုးကျိုးက အရင်ကလို ချောဆဲပါပဲ။ပါးချူသာ ကန့်လန့်သွားတဲ့ဝက်စုတ်😂😂😂 ဟိုနေ့က မန့်မှာတွေ့လိုက်တာသိလား အန်းမင်ပြောတဲ့ ဘယ်ဝက်မှဒီလိုမသွားဘူးဆိုတာလေ။ပါးချူဝက်ကြီးက ကန့်လန့်သွားနေတာတဲ့😂😂😂
ပြီးတော့ ဒီ novel လေးကို review ရေးပေးကြသူတွေကို အထူးကျေးဇူးတင်လျက်ပါရှင့်💛💛💛
Good Night par💙💙💙
√√√√√√√√√√√√
Zawgyi
ယင္းႏ်န္သည္ က်ိခ်င္းက်ိဳးေနာက္ရက္အနည္းငယ္အတြင္း မားမားကို သြားေတြ႕မည့္အေၾကာင္းၾကားသည္ႏွင့္ က်ိခ်င္းက်ိဳးရဲ႕ လက္႐ွိသူငယ္ခ်င္းေရာအိမ္နီးခ်င္းေရာျဖစ္တဲ့ သူအေနနဲ႔ သူ႕စိတ္ပူမႈအား ျပရန္ သူလည္း လိုက္လည္သင့္တယ္ဟု ခံစားရသြားသည္။က်ိခ်င္းက်ိဳးကေတာ့ မလိုအပ္ဘူးထင္ေနေသာ္လည္း တားေတာ့မတားျဖစ္ခဲ့။ဘာလို႔ဆို ဝမ္ဖန္းက အႏုပညာေလာကထဲမွာ သူတစ္ေယာက္တည္းျဖစ္ၿပီး အႏိုင္က်င့္ခံရမွာကို အၿမဲေတြးပူေနတတ္တာျဖစ္သည္။ထို႔ျပင္ ဇာတ္ကား႐ိုက္ရတာ ပင္ပန္းလား၊သူငယ္ခ်င္းေကာင္းေတြ႐ွိရဲ႕လား ဟုလည္း အၿမဲပင္ေမးတတ္သည္။ထို႔ေၾကာင့္ သူမေပ်ာ္ေစရန္ ယင္းႏ်န္အား ေခၚသြားဖို႔ ဆုံးျဖတ္လိုက္သည္။
ယင္းႏ်န္ဟာ မိဘေတြဆီသြားလည္သည့္ ဓေလ့ထုံးတမ္းေတြနဲ႔ အေတာ္ႀကီး ရင္းႏွီးေနသူျဖစ္၍ ဝမ္ဖန္းဆီသယ္သြားဖို႔ လက္ေဆာင္ေတြအမ်ားႀကီး ဝယ္ေတာ့သည္။ထို႔ေၾကာင့္ က်ိခ်င္းက်ိဳးမွာ တားေနရ၏။
“အမ်ားႀကီးေလွ်ာက္မဝယ္နဲ႔ေလ။မားက အမ်ားႀကီးစားႏိုင္တာမဟုတ္ဘူး။ဝယ္ထားတာေတြ အလဟသျဖစ္သြားလိမ့္မယ္။ယူသြားခ်င္သပဆို မင္းရဲ႕သန္႔႐ွင္းေရးစက္႐ုပ္ေလးယူသြားေပါ့။ေန႔တိုင္း ၾကမ္းခင္းေပၚလွဲလို႔ရသလို လက္ေတြ႕လည္း အသုံးဝင္တယ္ေလ”
ထို႔ေၾကာင့္ ယင္းႏ်န္တစ္ေယာက္ ဝမ္ဖန္းဘာအေရာင္ေတြႀကိဳက္တတ္လဲ က်ိခ်င္းက်ိဳးဆီေမးလာၿပီး သိုေလွာင္ခန္းတံခါးအားဖြင့္လိုက္ကာ အေတာ္ၾကာၿပီးမွာေတာ့ သန္႔႐ွင္းေရးစက္႐ုပ္နဲ႔ Tmall elf ေလးတစ္ခုပါ ယူထုတ္လာသည္။
“မင္းမားမားကို ဒါေလးလည္း ေပးလိုက္မယ္ေလ။ဘယ္ကရလာတာလဲေတာ့ မမွတ္မိေတာ့ဘူး။ဒါေပမယ့္ ဒါေလးက မင္းမားနဲ႔ စကားေျပာလို႔ရသလို၊သီခ်င္းေလးဖြင့္ေပးတတ္တယ္”
“အင္း။ေက်းဇူးပါကြာ”
“ရပါတယ္ဟ”
သူတို႔ႏွစ္ေယာက္ ျမန္ျမန္ပဲ ျပင္ဆက္ၾကၿပီး ေနာက္ရက္နည္းနည္းၾကာၿပီးေနာက္ ဝမ္ဖန္းရဲ႕ ေဆး႐ုံဆီသြားခဲ့ၾကသည္။ယင္းႏ်န္မွာ သူနဲ႔အတူ VIPေဆာင္အထိ ဓာတ္ေလွကားႏွင့္ တစ္ပါးတည္းလိုက္ပါရင္း ပါးစပ္ကလည္း တသသေရ႐ြတ္ေနသည္။
“အေတာ္ေလး အဆင့္ျမင့္တာပဲေနာ္”
က်ိခ်င္းက်ိဳးရယ္လိုက္ကာ တံခါးဖြင့္၍ အခန္းထဲဝင္လိုက္ေတာ့သည္။
ဝမ္ဖန္းမွာ ယင္းႏ်န္နဲ႔ေတြ႕ရတာကို အလြန္ေပ်ာ္ေနၿပီး က်ိခ်င္းက်ိဳးအေၾကာင္းေတြ အမ်ားႀကီးေမးေလသည္။“သူက အခုအရမ္းနာမည္ႀကီးၿပီး လူေတြအမ်ားႀကီးသူ႕ကို ႀကိဳက္ေနၾကတာအန္တီရ” ဟု ယင္းႏ်န္ေျပာလိုက္ခ်ိန္ သူမမွာ မယုံႏိုင္ေလာက္ေအာင္ အံ့အားသင့္သြားရသည္။အေမဆိုတာ ကိုယ့္ကေလးကို အၿမဲစိတ္ပူတတ္သူခ်ည္းပင္။က်ိခ်င္းက်ိဳး အ႐ြယ္ေရာက္ေနၿပီဆိုရင္ေတာင္ သားအေပၚ စိတ္ပူပန္မႈကေတာ့ ႐ွိေနဆဲပင္။သူမမျမင္ရတဲ့ေနရာမွာ သားေလးအဆင္ေျပပါ့မလား။ပင္မ်ားပင္ပန္းေနမလားဟု အၿမဲပင္ ေတြးပူပန္ရသည္။သူမေနမေကာင္းျဖစ္ေနတဲ့ အခုခ်ိန္မွာေတာ့ အထူးပင္ ပိုပူရ၏။အေမတစ္ေယာက္အေနနဲ႔ သူမ က်ိခ်င္းက်ိဳးေဘးမွာ မကူေဘးႏိုင္ဘူး။သားရဲ႕ ဝန္ထုပ္ဝန္ပိုးေတြကို မေဝမွ်ေပးႏိုင္မႈတို႔ေၾကာင့္ ပိုၿပီး စိတ္တို႔ေလးလံကာ ပူပန္ရပါသည္။
တစ္ခါတစ္ေလညဘက္ေတြမ်ားေရာက္ရင္ သူမသာေသသြားရင္ ေကာင္းမွာပဲဟု ဝမ္ဖန္းေတြးခဲ့ဖူးသည္။အဲ့တာဆို က်ိခ်င္းက်ိဳးအတြက္ ဝန္ထုပ္ဝန္ပိုးႀကီးျဖစ္မွာ မဟုတ္ေတာ့။ဒါေပမယ့္ က်ိခ်င္းက်ိဳးမွာ ေဆြမ်ိဳးဆိုလို႔ သူမတစ္ေယာက္တည္းသာ႐ွိေလသည္။တကယ္၍ သူမက ထားသြားမယ္ဆို ဒီေလာကႀကီးထဲမွာ ဘယ္သူကမ်ား သူေအးသလားပူသလား လာဂ႐ုစိုက္ေပးမွာတဲ့လဲ။ထို႔ေၾကာင့္ သူမပင္ပန္းစြာျဖင့္ ဒီေရာဂါဆိုးႀကီးနဲ႔ ဆက္တိုက္ခိုက္ရဦးမည္ျဖစ္ပါသည္။
အလြန္နာနာက်င္က်င္႐ွင္သန္ေနရေသာ္လည္း ဝမ္ဖန္းကေတာ့ အသက္ဆက္႐ွင္ခ်င္ဆဲပါ။သူမသားေလးလက္ထပ္တာကို ျမင္သြားခ်င္သည္။သားအေပၚဂ႐ုစိုက္ေပးမယ့္လူကို ေတြ႕သြားခ်င္သည္။သားေလး ကိုယ္ပိုင္မိသားစုအိမ္ေလးနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနသြားရမွာကို သူမျမင္ခ်င္ပါေသးသည္။
ယင္းႏ်န္သည္ Tmall elf ေလးအား ပလပ္ေပါက္ထိုးလိုက္ၿပီး အသုံးျပဳပုံေတြကို ဝမ္ဖန္းသိေအာင္႐ွင္းျပေနသည္။ ဝမ္ဖန္းကလည္း အလြန္ေပ်ာ္႐ႊင္စြာျဖင့္ ယင္းႏ်န္နဲ႔ Tmall elfေလးစကားေျပာတာကို စိတ္ဝင္တစားနားေထာင္ေနေလသည္။
သူမေပ်ာ္ေနတာျမင္ေတာ့ ယင္းႏ်န္သည္ Tmall elf ေလးအား ဟာသတစ္ခုေျပာလိုက္သည္။Tmall elfကလည္း ေအးစက္စက္ဟာသတစ္ခု ျပန္ေျပာလာ၏။ဝမ္ဖန္းမွာ အေတာ္အတန္ၾကာထိ ရယ္ေမာေနေတာ့သည္။ယင္းႏ်န္နဲ႔ က်ိခ်င္းက်ိဳးကလည္း သူမကိုၾကည့္ရင္း လိုက္ရယ္ၾကေလသည္။
ခ်ဴခ်န္တစ္ေယာက္ တံခါးေခါက္ဖို႔ရန္ လက္ေျမႇာက္လိုက္ခ်ိန္ အခန္းထဲမွ ရယ္သံေတြကိုၾကားလိုက္ရသည္။သူအတန္ၾကာေတာင့္တင္းသြားမိၿပီး တံခါးေခါက္ရန္ ႐ြယ္ထားသည့္လက္အား တိတ္တဆိတ္ျပန္႐ုတ္လိုက္ကာ တံခါးေ႐ွ႕မွာပဲ ရပ္ေနမိသည္။က်ိခ်င္းက်ိဳးလည္း ေရာက္ေနလိမ့္မယ္လို႔ သူမထင္ထားခဲ့ဘူး။
ခ်ဴခ်န္မွာ ဝင္သင့္မဝင္သင့္ ေတြးရင္းတြန္႔ဆုတ္ဆုတ္ျဖစ္ေန၏။ မင္း က်ိခ်င္းက်ိဳးကိုႀကိဳက္ေနသလားဟု ခ်င္း႐ႊယ္ သူ႕ကိုမေမးခင္ ရက္အနည္းငယ္ေနာက္ျပန္ဆုတ္လိုက္ပါက သူ တြန္႔ဆုတ္မေနဘဲ အခန္းထဲ ဝင္သြားမွာျဖစ္ၿပီး ဝမ္ဖန္းနဲ႔ စကားေတြဘာေတြေျပာကာက်ိခ်င္းက်ိဳးနဲ႔ေတာင္ သူတို႔ဆက္ဆံေရးအေၾကာင္းေျပာမိလိမ့္မည္။ဒါေပမယ့္ အခုကေတာ့ ခ်ဴခ်န္တြန္႔ဆုတ္ေန၏။က်ိခ်င္းက်ိဳးအေပၚ ထားတဲ့ သူ႕ခံစားခ်က္ေတြကို ေသခ်ာနားမလည္ေသးေသာေၾကာင့္ သူက က်ိခ်င္းက်ိဳးရဲ႕ ဘဝကို သက္ေရာက္မႈ႐ွိေစလား မ႐ွိေစလားေတြးကာ မဆုံးျဖတ္ရေသးေသာေၾကာင့္ တြန္႔ဆုတ္ေနရျခင္းျဖစ္၏။
ေ႐ွာင္ခ်င္း ဖုန္းေျပာၿပီး ျပန္လာသည့္အခ်ိန္ တံခါးေ႐ွ႕မွာ ေတာင့္ေတာင့္ႀကီးရပ္ေနေသာ ခ်ဴခ်န္အား ေတြ႕လိုက္ရသျဖင့္ ေမးလိုက္သည္။
“ခ်ဴေ႐ွာက္ အထဲမဝင္ဘူးလား”
သူမက ေျပာလည္းေျပာ တံခါးလည္းတြန္းဖြင့္လိုက္သည္။
“ဝင္ေလ”
က်ိခ်င္းက်ိဳးကလည္း လွမ္းအၾကည့္နဲ႔ ခ်ဴခ်န္ကိုေတြ႕လိုက္ရေလသည္။
သူအေတာ္ၾကာ ေၾကာင္ေငးေနမိ၏။ဒါက ခ်ဴခ်န္အိမ္ကထြက္လာခဲ့ၿပီးေနာက္ ပထမဆုံးအႀကိမ္ သူတို႔ျပန္ေတြ႕ရျခင္းပင္။သူမွာ ခ်ဴခ်န္ကို ၾကည့္ေနရင္းနဲ႔ မေတြ႕ရတာ ရက္အမ်ားႀကီး မ႐ွိေသးသည္ကို သိေနသည့္တိုင္ တစ္ခ်ိဳ႕တစ္ခ်ိဳ႕ေသာ အေၾကာင္းရင္းေတြေၾကာင့္ မေတြ႕ရသည္မွာ သိပ္ၾကာေနခဲ့သလို ခံစားခ်က္ေတြျဖစ္ေပၚေနသည္။
“ခင္ဗ်ားဒီကိုဘယ္လိုေၾကာင့္ေရာက္လာတာလဲ” သူျပဳံးရင္း ခ်ဴခ်န္ကို ေမးလိုက္သည္။
ခ်ဴခ်န္သည္ သူ႕မ်က္ႏွာထက္က အျပဳံးေဝေဝဆာဆာကိုၾကည့္ၿပီး စိတ္ထဲဘာေတြျဖစ္ေနမွန္းေတာင္မသိေတာ့။အခုခ်ိန္ သူ႕ႏွလုံးသားထဲမွာ ခံစားခ်က္ေတြ မ်ားျပားလြန္းလို႔ ထႂကြလာခဲ့ပုံပါပင္။တစ္ဖက္လူကို ၾကည့္ရတာေတာ့ ေအးခ်မ္းေနသည့္ပုံ။သူ႕မွာ မလွမ္းမကမ္း သူ႕ေ႐ွ႕မွ လူသားကိုၾကည့္၍ အေတြးတစ္ခုပဲဝင္လာခဲ့သည္။— က်ိခ်င္းက်ိဳးက ကိုယ့္ကိုကိုယ္ ေကာင္းေကာင္း ဂ႐ုစိုက္တတ္သားပဲ။ပိန္လည္းမပိန္သြားသလို မ်က္တြင္းေတြလည္း က်မေနပါ။သူ႕အိမ္မွာ ေနခဲ့တုန္းကပုံစံေလးလိုပင္။ၾကည့္ရတာ စိတ္အေျခအေနလည္းေကာင္းေနပုံရ၏။သူက တကယ္ကို ကိုယ့္ကိုကိုယ္ ေစာင့္ေ႐ွာက္ႏိုင္ေနၿပီျဖစ္ပါသည္။
“ကိုယ္ အန္တီ့ကို လာၾကည့္တာ” ခ်ဴခ်န္ကျပန္ေျဖလိုက္သည္။
သူေရာက္လာသည္ႏွင့္ကို ဝမ္ဖန္းမွာ ႐ႊင္ျပျပျဖစ္လို႔။
“ေ႐ွာင္ခ်ဴဒီနားလာ”
“ဟုတ္ကဲ့”
ခ်ဴခ်န္က ဝမ္ဖန္းအနားေလွ်ာက္သြားၿပီး သတင္းစကားဆိုလိုက္သည္။
“အန္တီ ေနလို႔ထိုင္လို႔ေရာေကာင္းရဲ႕လား။ေဒါက္တာ ကြၽန္ေတာ့္ကို ေျပာတာေတာ့ အန္တီ့အေျခအေနက အရင္ႏွစ္ရက္မွာ အမ်ားႀကီးတိုးတက္လာတယ္ဆိုပဲ”
“ေကာင္းပါ့။အခုေတာင္ေ႐ွာင္က်ိဳးကိုေျပာေနတာ။မားေတာ့ ဒီႏွစ္ႏွစ္သစ္ကူးတြင္း ေဆး႐ုံဆင္းရႏိုင္ေလာက္တယ္လို႔ေလ”
“ဒါဆို အေကာင္းဆုံးေပါ့ဗ်ာ”
ခ်ဴခ်န္ ေျပာလိုက္သည္။
“အားလုံးအဆင္ေျပသြားမွာပါ။ဒီေခတ္ေဆးဝါးေတြက အရမ္းအရည္အေသြးျမင့္လြန္းေတာ့ မကုသႏိုင္တဲ့ ေရာဂါရယ္လို႔ ႐ွိေတာ့တာမဟုတ္ဘူး။အန္တီ ဒီႏွစ္ႏွစ္သစ္ကူးထိေတာင္ မေစာင့္ရေလာက္ဘူးေနာ္။ဒီေဆာင္းကုန္တာနဲ႔ကို ေဆး႐ုံဆင္းလို႔ရေလာက္တယ္”
ဝမ္ဖန္းမွာ ခ်ိဳသာစြာျပဳံးရယ္လာခဲ့သည္။
“ဒီကေလး ဘာလို႔ အရမ္းစကားတတ္ရတာလဲ? မင္းပဲ စကားေျပာေကာင္းပါတယ္”
“ကြၽန္ေတာ္က အမွန္တိုင္းေျပာ႐ုံပါပဲ”
ဝမ္ဖန္းမွာ ခ်ဴခ်န္သူမဆီလာလည္တိုင္း ေပ်ာ္လို႔႐ႊင္လို႔။ခ်ဴခ်န္က သူမအတြက္ အထူးတည္႐ွိမႈတစ္ခုပင္။က်ိခ်င္းက်ိဳး ႐ိုက္ကူးေရးလုပ္ရၿပီး သူမနဲ႔အတူမ႐ွိေပးႏိုင္တဲ့ အခ်ိန္ေတြမွာ ခ်ဴခ်န္က အၿမဲသူမဆီလာေတြ႕တတ္သည္။တစ္ခါတစ္ရံဆို ေန႔တစ္ဝက္လာၿပီး တစ္ခါတစ္ေလက် အေတာ္ၾကာမွလာတတ္သည္။ဒါေပမယ့္ တစ္ပတ္တစ္ခါေတာ့ အၿမဲေရာက္လာစၿမဲပင္။
ဝမ္ဖန္းမွာ အရမ္းအားနာလြန္း၍ မလာပါနဲ႔လို႔ ေျပာတာေတာင္ ခ်ဴခ်န္ကလက္မခံေပ။သူကအၿမဲ “က်ိခ်င္းက်ိဳး ဒီမွာမ႐ွိတုန္း ကြၽန္ေတာ္က သူ႕ကိုယ္စားလာၾကည့္ေပးတာပါ။အဲ့လိုဆို သူလည္း အျပင္မွာ ႐ိုက္ကူးေရးလုပ္ေနခ်ိန္ ပိုၿပီး စိတ္ေအးလက္ေအးျဖစ္တာေပါ့” ဟူ၍ ေျပာတတ္သည္။
သူ က်ိခ်င္းက်ိဳးအေၾကာင္းေတြေျပာျပမွသာ ဝမ္ဖန္းက ေလ်ာ့ေပးေတာ့သည္။တစ္ခါတစ္ေလသူတို႔ က်ိခ်င္းက်ိဳးအေၾကာင္းေျပာျဖစ္ၾကသည္။ခ်ဴခ်န္က အခုလက္႐ွိ က်ိခ်င္းက်ိဳးအေၾကာင္းေတြေျပာျပၿပီး ဝမ္ဖန္းကေတာ့ က်ိခ်င္းက်ိဳးရဲ႕ ငယ္ဘဝအေၾကာင္းေတြေျပာျပသည္။ခ်ဴခ်န္မွာ နားေထာင္ရင္း ခံစားခ်က္ေတြထူးဆန္းလာ၏။သူမေျပာတဲ့ က်ိခ်င္းက်ိဳးနဲ႔ သူသိတဲ့က်ိခ်င္းက်ိဳးက မတူသလိုပါပင္။ဝမ္ဖန္းက ျပဳံးရင္း ေျပာလာသည္။
“ေကာလိပ္ေက်ာင္းသားႀကီးက ဆယ့္႐ွစ္ႏွစ္ျပည့္ၿပီးသြားၿပီဆိုေတာ့ ရင့္က်က္လာတာမို႔ အက်င့္ေတြေျပာင္းကုန္တာေနမွာ”
အဲ့ဒါက တကယ္ကို ကြာျခားလြန္းသည္။ခ်ဴခ်န္ကေတာ့ လက္႐ွိက်ိခ်င္းက်ိဳးကိုပဲ ႏွစ္သက္ရပါသည္။
သူနဲ႔ဝမ္ဖန္းက တစ္ႏွစ္လုံး သိလာခဲ့ၾကၿပီးျဖစ္၍ ဝမ္ဖန္းရဲ႕မ်က္လုံးထဲမွာေတာ့ သူက က်ိခ်င္းက်ိဳးကဲ့သို႔ သူမဂ႐ုအစိုက္ရဆုံးနဲ႔ သေဘာအက်ရဆုံးကေလးတစ္ေယာက္ပင္။ခ်ဴခ်န္က အရာရာတိုင္းကို လိမၼာသိတတ္လြန္းေသာေၾကာင့္ ေကာင္းမြန္တဲ့မိသားစုတစ္ခုက ေမြးဖြားလာရမည္ဆိုတာကို သူမေတြးၾကည့္ႏိုင္ပါသည္။
“မင္းလိုအရမ္းစိတ္ထားေကာင္းတဲ့ကေလးေတာင္ အခုထိ ရည္းစားမရေသးဘူးဆိုေတာ့ ေ႐ွာင္က်ိဳးမွာ ရည္းစားမ႐ွိတာ အံ့ဩစရာမဟုတ္ေတာ့ပါဘူး”
အခုတစ္ခါ ခ်ဴခ်န္ကို ေတြ႕ရတဲ့အခ်ိန္မွာလည္း မေနႏိုင္စြာ ထပ္ေမးမိျပန္ပါသည္။
“မင္းလို အရမ္းစကားတတ္ၿပီး စကားခ်ိဳခ်ိဳေလးေတြေျပာတတ္ ကေလးေတာင္ အခုထိ ေကာင္မေလးမရေသးဘူးဆိုေတာ့...အိုက္ယား ဆိုးလိုက္တာကြယ္”
သူမစကားေတြၾကားေတာ့ ခ်ဴခ်န္မွာဘာေျပာရမွန္းမသိစြာ သူမထံၾကည့္လိုက္မိၿပီး ခ်င္း႐ႊယ္ရဲ႕ မင္းက်ိခ်င္းက်ိဳးကို ႀကိဳက္ေနလားဆိုတဲ့စကားက အေတြးထဲေပၚလာသျဖင့္ စကားလမ္းေၾကာင္းေျပာင္းလိုက္ရေတာ့သည္။
ဝမ္ဖန္းသည္ သူတစ္ေယာက္တည္းကိုပဲ စကားေျပာေနတာက မေကာင္းဘူးထင္၍ က်ိခ်င္းက်ိဳးနဲ႔ယင္းႏ်န္ဘက္လွည့္ၿပီး စကားေျပာလိုက္၏။ခ်ဴခ်န္ကေတာ့ က်ိခ်င္းက်ိဳးကိုပဲ အလိုလိုေမာ့ၾကည့္ေနမိ၏။က်ိခ်င္းက်ိဳးက ရယ္ေမာလ်က္ ဝမ္ဖန္းနဲ႔စကားေျပာေနသည္။သူက ယင္းႏ်န္ရဲ႕ အိမ္မွာ ဘရန္းေတြက ပို႔ေပးထားတဲ့ သန္႔႐ွင္းေရးစက္႐ုပ္ေတြအမ်ားႀကီး႐ွိတယ္ဆိုတဲ့အေၾကာင္း ေျပာေနတာျဖစ္သည္။ဘာမွမကုန္က်သျဖင့္ သူမကို စိတ္ထဲမထားဖို႔ ေျပာေနျခင္းပင္။
ယင္းႏ်န္ကလည္း သူ႕စကားကို ဝင္ေထာက္ခံသည္။
“တကယ္ပါအန္တီရဲ႕ ကြၽန္ေတာ္မလိမ္ပါဘူး”
သူ႕တို႔ကိုၾကည့္ရင္း ခ်ဴခ်န္ရဲ႕စိတ္အေျခအေနက ႐ုတ္ျခည္း ထိုင္းမိႈင္းလာခဲ့သည္။သူ႕မ်က္လုံးမ်ားအား စိတ္ေစရာအတိုင္း ေအာက္ႏွိမ့္ခ်လိုက္ခ်ိန္ က်ိခ်င္းက်ိဳးလည္ပင္းထက္မွ ရင္းႏွီးေနပါေသာ ဆြဲႀကိဳးေလးအား ျမင္လိုက္ရသည္။သူျမန္ျမန္ျပန္ၾကည့္လိုက္ၿပီး ထိုင္းမိႈင္းေနတဲ့စိတ္ေတြလည္း နည္းနည္း သက္သာရာရသြားသည္မွာ မိုးေသာက္ခ်ိန္၌ မႈန္ျပျပအလင္းေရာင္ေလးကို ေရးေရးမွ်ျမင္ေတြ႕လိုက္ရသလိုမ်ိဳး။
က်ိခ်င္းက်ိဳးနဲ႔ ယင္းႏ်န္ကေတာ့ ဝမ္ဖန္းနဲ႔စကားေျပာေနၾကဆဲပင္။သူတို႔က ႐ိုက္ကူးေရးလုပ္ခ်ိန္တြင္း သုံးလထက္မနည္းေတြ႕ခဲ့ၾကသူေတြျဖစ္သလို လက္႐ွိလည္း အိမ္နီးခ်င္းေတြျဖစ္ေနၿပီး အၿမဲလိုလို အတူ႐ွိေနရေသာေၾကာင့္ စကားေျပာၿပီးတိုင္း အခ်င္းခ်င္းမေျပာဘဲ သိေနသလိုမ်ိဳး ရယ္ေနၾကသည္မွာ ရပ္ကိုမရပ္ေတာ့။
နားေထာင္ေနရတဲ့ ခ်ဴခ်န္ရဲ႕ ရင္ထဲမွာ တိပ္ေတြထူထပ္လာျပန္လ်က္။ ေနာက္ဆုံးေတာ့ အခန္းထဲ႐ွိ ေလထုက မြန္းၾကပ္လြန္းေသာေၾကာင့္ဟူ၍ ခ်ဴခ်န္ သတ္မွတ္လိုက္ေတာ့သည္။
အရင္ကဆို က်ိခ်င္းက်ိဳးက ဝမ္ဖန္းနဲ႔ေတြဖို႔လာတိုင္း သူမ်ားေတြကို မေခၚလာတတ္ပါ။သို႔ေပမယ့္ အခုေတာ့ သူက ယင္းႏ်န္ကို ေခၚလာေလၿပီ။သူႏွင့္ ယင္းႏ်န္တို႔ ျပဳံး႐ႊင္ၿပီး စကားေျပာေနၾကသည္မွာ သူတို႔တုန္းကလိုပါပင္။က်ိခ်င္းက်ိဳးက “ခင္ဗ်ားကမတူဘူး” ဆိုတဲ့စကားကို အရင္က ေျပာခဲ့ဖူးေပမယ့္ အခုခ်ိန္မွာ ခ်ဴခ်န္ခံစားေနရတာက သူလည္း တစ္ျခားသူေတြနဲ႔အတူတူပင္ျဖစ္ၿပီး ဘာမွ အထူးဟုတ္မေနဘူးဆိုတာပင္။
သူ႕စိတ္အေျခအေနေတြဆိုး႐ြားလြန္း၍ ဒီမွာ နည္းနည္းေလးေတာင္ ဆက္မေနႏိုင္ေတာ့ပါ။သူ႕စိတ္ကို သူမထိန္းလိုက္ႏိုင္ဘဲက်ိခ်င္းက်ိဳးကို မေျပာသင့္တာေတြ ေျပာမိသြားမွာေၾကာက္၍ သူမွာ လုပ္စရာ႐ွိေသးသျဖင့္ ျပန္မွရေတာ့မည္ဟု ဝမ္ဖန္းကို ထႏႈတ္ဆက္လိုက္ေလသည္။
သူျပန္ေတာ့မယ္ဆိုေတာ့ ဝမ္ဖန္းက က်ိခ်င္းက်ိဳးကို အျမန္စကားဆိုလာသည္။
“ေ႐ွာင္က်ိဴး...ေ႐ွာင္ခ်ဴကို လိုက္ပို႔လိုက္ေလ”
“ဟုတ္ကဲ့” က်ိခ်င္းက်ိဳး ေခါင္းညိမ့္ျပလိုက္သည္။
ခ်ဴခ်န္က သူ႕ကို တစ္ခ်က္ေဝ့ၾကည့္လာၿပီး ျငင္းေတာ့မျငင္းခဲ့ပါ။
က်ိခ်င္းက်ိဳးမွာဓာတ္ေလွကားဆီသို႔ သူနဲ႔ ေဘးခ်င္းယွဥ္ေလွ်ာက္ရင္း တိုးတိုးေလး႐ြတ္လိုက္သည္။
“ကြၽန္ေတာ့္မားကို လာၾကည့္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္”
“ရပါတယ္။ကိုယ္လည္း လမ္းၾကဳံတာနဲ႔ ဝင္ျဖစ္သြား႐ုံပါ”
“တကယ္ေတာ့ေလ.......”
က်ိခ်င္းက်ိဳးက ျဖည္းညႇင္းစြာ စကားအစပ်ိဳးလာသည္။သူတို႔ စာခ်ဳပ္လည္း ၿပီးၿပီျဖစ္၍ ခ်ဴခ်န္ဘက္က ဝမ္ဖန္းအေၾကာင္းနဲ႔ပတ္သက္ၿပီး ဆက္စိုးရိမ္ဖို႔ မလိုအပ္ဘူးဟု သူထင္သည္။ခ်ဴခ်န္က တစ္ပတ္တစ္ခါလာလာေတြ႕ေပးေန၍ ဝမ္ဖန္းက အက်င့္ရေနၿပီျဖစ္သည္။တကယ္လို႔ ခ်ဴခ်န္ သူ႕ကိုမတြယ္တာေတာ့မယ့္ေန႔၊သူ႕ဆီမလာေတာ့မယ့္ေန႔၊ဝမ္ဖန္းဆီ ထပ္လာမေတြ႕ေတာ့မယ့္ တစ္ေန႔ေန႔မ်ားေရာက္လာခဲ့ရင္ ဝမ္ဖန္းက ဝမ္းနည္းၿပီး “ေ႐ွာင္ခ်ဴဘာလို႔မလာတာလဲ။ေ႐ွာင္ခ်ဴကို မေတြ႕ရတာၾကာၿပီေနာ္”ဆိုတဲ့ေမးခြန္းအား အႀကိမ္ႀကိမ္ ေမးလာႏိုင္ေလာက္သည္။
သူ အဲ့လိုမျဖစ္သြားေစခ်င္ပါ။သူနဲ႔ခ်ဴခ်န္တို႔က တျဖည္းျဖည္း ပိုပိုေဝးကြာသြားဖို႔ပဲ႐ွိသည္။သူတို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးေၾကာင့္ ဝမ္ဖန္းကို မထိခိုက္ေစခ်င္ပါ။အခုကစၿပီး ဝမ္ဖန္းတစ္ျဖည္းျဖည္းနဲ႔ က်င့္သားရသြားေအာင္ ခ်ဴခ်န္ဘက္ကေန ဝမ္ဖန္းဆီလာလည္တဲ့ အေရအတြက္ကို ေလ်ာ့ခ်ပစ္လိုက္တာ ပိုေကာင္းမည္။တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္ သူတို႔ဘဝထဲမွာ သူမေပၚလာတဲ့အခ်ိန္ ဝမ္ဖန္းလည္း တည္တည္ၿငိမ္ၿငိမ္နဲ႔လက္ခံသြားႏိုင္ေလာက္သည္။
“ခင္ဗ်ားလာစရာမလိုပါဘူး....ခင္ဗ်ား.....”
“က်ိခ်င္းက်ိဳး....”
ခ်ဴခ်န္က စကားျဖတ္ေျပာလာၿပီး သူ႕ကို ႐ုပ္တည္တည္ျဖင့္ၾကည့္လာ၏။
“ကိုယ္မၾကားခ်င္တဲ့စကားကို မေျပာနဲ႔။ကိုယ္အခုစိတ္ဆိုးေနတယ္။ ကိုယ္မၾကားခ်င္တဲ့စကားကို မေျပာပါနဲ႔။ဟုတ္ၿပီလား???”
က်ိခ်င္းက်ိဳးမွာ စိတ္ထဲကေနၿပီး တိတ္တဆိတ္သက္ျပင္းေမာခ်လိုက္သည္။သူကေရာ ေျပာခ်င္လို႔ ေျပာေနတာဟုတ္လို႔လား။ထို႔ေၾကာင့္ အကူအညီမဲ့စြာ ေခါင္းညိမ့္ျပလိုက္မိေတာ့သည္။
“ဒင္!” ခနဲအသံျမည္ကာ ဓာတ္ေလွကားက သူ႕တို႔ရပ္ေနတဲ့အလႊာဆီေရာက္လာသည္။က်ိခ်င္းက်ိဳးက ခ်ဴခ်န္ဘက္ လွည့္လိုက္ရင္း-
“လမ္းမွာဂ႐ုစိုက္သြားပါ။ဂြတ္ဘိုင္”
သူကႏႈတ္ဆက္စကားေျပာၿပီးတာနဲ႔ ျပန္မို႔ျပင္ကာ တစ္ဖက္လွည့္ထြက္လိုက္သည့္ခဏ ျပန္ဆြဲခံလိုက္ရသည္။က်ိခ်င္းက်ိဳးျပန္လွည့္ၾကည့္လိုက္ေတာ့ ခ်ဴခ်န္က သူ႕လက္ေမာင္းကို ဆြဲထားၿပီး သူ႕ကို စူးစိုက္ၾကည့္လ်က္-
“ကိုယ့္ကို ေျမေအာက္ကားပါကင္ထိ လိုက္ပို႔ေပးပါ”
က်ိခ်င္းက်ိဳးတစ္ေယာက္ အေၾကာင္းအရင္းကို အေတာ္ေလးနားမလည္ႏိုင္ပါ။ဒီထိ လိုက္ပို႔ေပးတာနဲ႔ ကားပါကင္ထိ လိုက္ပို႔ေပးတာနဲ႔ ဘာမ်ားကြာျခားေနလို႔ပဲ။ဓာတ္ေလွကားထဲက အခ်ိန္အပိုင္းအျခားေလးတစ္ခုသာသာပဲ ပိုသြားတာကို။သို႔ေသာ္ ေတာင္းဆိုခ်က္ႀကီးႀကီးမားမားႀကီး မဟုတ္သျဖင့္
“အင္း” ဆိုၿပီးျပန္ေျပာလိုက္ေတာ့သည္။
ႏွစ္ေယာက္သား ဓာတ္ေလွကားထဲ ဝင္လိုက္ၾကသည္။အထဲမွာ ဘယ္သူမွ႐ွိမေနခဲ့ေပ။ခ်ဴခ်န္က -1ဆိုသည့္ခလုတ္အား ဖိထားရင္း သူ႕ကိုေမးလာသည္။
“ယင္းႏ်န္နဲ႔တူတူလာတာေပါ့”
“ကြၽန္ေတာ့္မားဆီ သြားလည္ခ်င္တယ္ေျပာတာကို ယင္းႏ်န္လည္း လိုက္ေတြ႕ခ်င္တယ္ဆိုတာနဲ႔ ေခၚလာလိုက္တာ”
“မင္းေျပာင္းသြားၿပီးေနာက္ပိုင္းမွ ယင္းႏ်န္နဲ႔ ပိုၿပီး ရင္းႏွီးသြားတာလား”
“အြန္း”
“ဘာလို႔လဲ”
က်ိခ်င္းက်ိဳး ခဏေလာက္စဥ္းစားလိုက္ၿပီး အမွန္တိုင္း ျပန္ေျဖလိုက္သည္။
“ကြၽန္ေတာ္တို႔က အိမ္နီးခ်င္းေတြမို႔ေလ”
သူနဲ႔ယင္းႏ်န္တို႔အိမ္နီးခ်င္းေတြျဖစ္ေၾကာင္း ခ်ဴခ်န္ကို လွ်ိဳ႕ဝွက္ထားခ်င္စိတ္မ႐ွိခဲ့ပါ။ခ်ဴခ်န္ဘက္က မေမးလာ၍ သူမေျပာျခင္းသာျဖစ္၏။
“ဪ...”
ခ်ဴခ်န္ နားလည္သြား၏။
“မင္း သူ႕ကိုအိမ္႐ွာခိုင္းၿပီး အဲ့မွာ ေျပာင္းေနလိုက္ေတာ့ သူနဲ႔ အိမ္နီးခ်င္းေတြျဖစ္သြားတာလား”
“အမ္း”
ခ်ဴခ်န္က အၾကာႀကီးတိတ္သြားၿပီး ေႏြးေထြးေသာအသံျဖင့္
“အဆင္ေျပသြားတာေပါ့။ယင္းႏ်န္နဲ႔ ေနရာအတူတူပဲဆိုေတာ့ အနည္းဆုံး အခ်င္းခ်င္း ဂ႐ုစိုက္ေပးလို႔ရတယ္ေလ”
“အမ္း”
ခ်ဴခ်န္က စကားထပ္မေျပာခဲ့သလို က်ိခ်င္းက်ိဳးလည္း ထိုနည္းတူပင္။ဓာတ္ေလွကားထဲမွာ တိတ္ဆိတ္မႈတို႔ ႀကီးစိုးေနခဲ့၏။
ပထမထပ္ေရာက္သြားၿပီး ဓာတ္ေလွကား ပြင့္လာခ်ိန္ က်ိခ်င္းက်ိဳးက အသံခပ္ဖြဖြျဖင့္-
“ေရာက္ၿပီ”
ခ်ဴခ်န္တစ္ေယာက္ ဓာတ္ေလွကားအျပင္ဘက္ကိုၾကည့္ၿပီး ႏွစ္သစ္ကူးေန႔ကို ျပန္သတိရသြားသည္။အဲ့တုန္းက သူျပန္တဲ့အခ်ိန္ က်ိခ်င္းက်ိဳးက သူ႕ကိုကားထိ လိုက္ပို႔ေပးခ်င္ေသာေၾကာင့္ ပါစတာေလးလိုကပ္ေနခဲ့သည္။သူက မလိုအပ္ပါဘူးေျပာလည္း က်ိခ်င္းက်ိဳးတို႔က ဇြတ္ပင္။ေျမေအာက္ကားပါကင္ေရာက္ျပန္ေတာ့လည္း မဲ့တဲ့တဲ့ေလးနဲ႔ သူ႕ကိုဖက္ထားရင္း သူျပန္သြားတာကို တြန္႔ဆုတ္ဆုတ္နဲ႔ၾကည့္ေနခဲ့တာျဖစ္သည္။
ဒါေပမယ့္ အခုခ်ိန္မွာေတာ့ “ေရာက္ၿပီ” ဆိုတဲ့ စကားကိုသာ သူက ဆိုလာခဲ့ေလသည္။
#########################
စာေရးသူမွာ ေျပာစရာ႐ွိပါတယ္ :
ခ်ဴခ်န္ : ေရာက္ၿပီ????!!!!!! ဒီဓာတ္ေလွကားက အရမ္းျမန္လြန္းတာပဲ! ျပန္စီးၾကရေအာင္!!!!
က်ိဳးက်ိဳး : ........
【ျပဇာတ္ငယ္】
ခ်ဴခ်န္ : မင္းတို႔အားလုံးက တူေနၾကတယ္။
က်ိဳးက်ိဳး : ခင္ဗ်ားပဲကြဲေနတာ
ခ်ဴခ်န္ : ကိုယ္ မသိခဲ့လို႔ပါ
က်ိဳးက်ိဳး : ဒါေပါ့။ခင္ဗ်ားက အရမ္းတုံးအေနတာကို
ခ်ဴခ်န္ : !!!!!!! မင္းပါးပါးကို ဘယ္လိုေျပာလိုက္တယ္!
က်ိဳးက်ိဳး : ခင္ဗ်ားက အရမ္းတုံးလြန္းလို႔ ခင္ဗ်ားနဲ႔ စကားေတာင္ မေျပာခ်င္ေတာ့ဘူး။ကား႐ွာၿပီးတာနဲ႔ လစ္လိုက္ေတာ့!
ခ်ဴခ်န္ : !!!!!!!!!
ခ်ဴခ်န္က က်ိဳးက်ိဳးကို ဒီတိုင္းလႊတ္ေပးမယ္လို႔ ယူတို႔ထင္ၾကလားတဲ့!
{မထင္ပါ}
ကဲ ပါးခ်ဴလို႔ ေယာကၡမခ်စ္ေအာင္ေနတတ္ၾကပါေစ😂😂😂
{ယူတတ္ရင္ ပညာခ်ည္းပဲေနာ္😂😂😂}
အာဇာနည္သီခ်င္းထဲမွာပါတယ္ေလ။
🎶ရင္ခုန္စြာေမွ်ာ္ၾကည့္မိတယ္ သူ႐ွိရာေနရာကို ကိုယ္ျမင္ေနက် မင္းမ်က္ႏွာ အရင္ကလို....🎶
က်ိဳးက်ိဳးက အရင္ကလို ေခ်ာဆဲပါပဲ။ပါးခ်ဴသာ ကန္႔လန္႔သြားတဲ့ဝက္စုတ္😂😂😂 ဟိုေန႔က မန္႔မွာေတြ႕လိုက္တာသိလား အန္းမင္ေျပာတဲ့ ဘယ္ဝက္မွဒီလိုမသြားဘူးဆိုတာေလ။ပါးခ်ဴဝက္ႀကီးက ကန္႔လန္႔သြားေနတာတဲ့😂😂😂
ၿပီးေတာ့ ဒီ novel ေလးကို review ေရးေပးၾကသူေတြကို အထူးေက်းဇူးတင္လ်က္ပါ႐ွင့္💛💛💛
Good Night par💙💙💙
√√√√√√√√√√√√