ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြ...

By Greentealay-

1M 154K 7.7K

Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47... More

{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23•1}
{23.2}
{23.3}
{ 24}
{25}
{26}
{27}
{28}
{29}
{ 30 }
{31}
{32}
{34}
{33}
{35}
အဆက်
{36}
{37}
{38}
{39}
{40}
{41}
{42}
{အဆက်}
{43}
{44}
{45}
{46}
{47}
{48}
{49}
{50}
{51}
{52}
{53}
{54}
{55}
{56}
{57}
{58}
{59}
{60}
{61}
{61.1}
{62}
{62.1}
{63}
{64}
{65}
{66}
{67}
{68}
{69}
{ 70}
{71}
{72}
{73}
{74}
{75}
{76}
{77}
{78}
{79}
{80}
[81]
{82}
{83}
{83-1}
{84}
{85}
{86}
{86-1}
{87}
{88}
{89}
{90}
{91}
{92}
{93}
{94}
{95}
{96}
{97}
{98}
{99}
{100}
{ 101}
{103}
{104}
{105}
{106}
{107}
{108}
{109}
{110}
{111}
{112}
{113}
{114}
{115}
{ 116}
{117}
{119}
{120}
{121}
{118}
{122}
{123}
{124}
{123-2}
{125}
{126}
{127}
{128}
{128-2}
{129}
{130}
{131}
{132}
[133]
{134}
{135}
{136}
{137-1}
{137-2}
{138}
💙
{138}
{139}
💙
{140}
{141}
{142}
{143}
{144}
{145}
အဆက်
{146}
[147]
{148}
💙
{149}
{150}
အဆက်
{151}
အဆက်
{152}
{153}
{154}
{155}
{156}
{157}
{158}
{159}
{160}

{102}

4.9K 940 77
By Greentealay-

Unicode

ချူချန်မသိတော့ပါပေ။ကျိချင်းကျိုးအပေါ်ထားတဲ့ သူ့ရဲ့ခံစားချက်တွေက ဘယ်လိုလဲဆိုတာ သူသိမနေတော့။ယွီအန်းမင်ပြောသလို သူ ကျိချင်းကျိုးကို သဘောကျနေမိလားဆိုတာ အိမ်ရောက်သည်အထိ တွေးရင်း ဗျားများနေခဲ့ရသည်။အဲ့တော့...သူတကယ်ပဲ ကျိချင်းကျိုးကို ကြိုက်နေတာလား? သူမသိပါပေ။

သူက ကောင်းကင်ရဲ့ အချစ်တော်အစစ်အမှန်ပင်။သူမွေးပြီးကတည်းက ဘဝရဲ့ရှည်လျားသော လမ်းဆုံးမှာရပ်ပြီးနေပြီ။တစ်ခြားသူတွေ စမှတ်ကနေ ကသုတ်ကရုတ်ပြေးလွှားနေကြတာကိုကြည့်ပြီး သူကတော့ ဘာဖိအားမှမပါဘဲ သူ့အင်ပါယာကိုသူ အလွယ်တကူ တည်ဆောက်နိုင်ခဲ့သည်။သူ့အင်အားကိုသူ ကောင်းကောင်းကြီးသိသည်။ ဘယ်လိုလူတွေက လာဝန်ခံပါစေ ကိစ္စမရှိပါပေ။သူကတော့ ထိုသူတွေကို အမြဲတမ်းအထင်သေးမိ၏။သူက သူသဘောကျရသောသူနဲ့တွေ့ချင်ရုံတင်ပါ။ဒါပေမယ့် သူက ဘာကိုသဘောကျတာလဲ?

ကျိချင်းကျိုးအတွက် သူခံစားနေရတာတွေက တကယ်ပဲ အချစ်လား? ဒါမှမဟုတ် အကျင့်စွဲနေတာကြောင့် သူ့ကို လက်မလွှတ်ပေးချင်ဘဲ ဆက်ပြီး ဂရုစိုက်ပေးချင်စိတ်တွေကို ထိန်းမရဖြစ်နေခဲ့တာလား?

ချူချန်မသိတော့ဘူး။သူ တစ်ခါမှ ချစ်ခဲ့ဖူးတာမဟုတ်ဘူးလေ။သူများအပေါ်ဆို ခံစားချက်ကောင်းတောင် ရှိခဲ့ဖူးတာမဟုတ်။ကျိချင်းကျိုးကို သူသဘောကျနေမိတာက တကယ်ပဲ အချစ်ဆိုတာလား သူမသိ။ပြီးတော့ သူ့ရဲ့ မသေချာမရေရာမှုတွေကြောင့် ကျိချင်းကျိုးရဲ့ကျန်တဲ့ ဘဝသက်တမ်းတစ်လျှောက်လုံး စတေးပြီး အလဲအထပ်လုပ်ဖို့ကိုလည်း သူမဖြစ်စေချင်ပါ။

ကျိချင်းကျိုး အဆင်ပြေပြီး ကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်ရဖို့ပဲ သူမျှော်လင့်ထားခဲ့တာဖြစ်သည်။

ချူချန် ဘာကိုမှ ထပ်မတွေးကြည့်ချင်တော့ပါ။ထို့ကြောင့် သူ့ရှပ်အင်္ကျီကြယ်သီးတွေဖြုတ်ပြီး ရေချိုးခန်းထဲဝင်မို့ ပြင်လိုက်ချိန် လက်ချောင်းထိပ်လေးများက နွေးထွေးသော အထိအတွေ့လေးတစ်ခုဖြစ်တည်လာသည်။ချူချန် ငုံ့ကြည့်လိုက်တော့ သူ့လည်ပင်းပေါ်မှာရှိနေတဲ့ ကျောက်ဆွဲကြိုးလေးဖြစ်နေ၏—ကျိချင်းကျိုး သူ့ကို ပေးသွားခဲ့ပါသော ကျောက်ဆွဲကြိုးလေးပင်။

ချူချန်ရုတ်တရက်ကြီး နောင်တရလာသည်။သူတကယ်ကို ကျိချင်းကျိုးထံ ဒီဆွဲကြိုး ပြန်ပေးလိုက်သင့်၏။ကားနဲ့အိမ်က အရေးမကြီးပေမယ့် ဒီဆွဲကြိုးကိုတော့ ကျိချင်းကျိုး ပြန်ယူသွားသင့်တယ်လေနော်။သူတို့ကြားက ပတ်သက်မှုလည်းပြီးပြီဖြစ်၍ သူ့မှာ ကျိချင်းကျိုးအား ချုပ်ချယ်ရန် အရည်အချင်းမှမရှိပါပဲ။သူနောက်ပိုင်း ဘယ်သူနဲ့တွေ့တွေ့ဆုံဆုံ၊တစ်ခြားလူနဲ့ပဲချစ်မိသွားသွား ဖောက်ပြန်တယ်လို့ ပြောလို့မရတော့တဲ့အတွက် ကျောက်ဆွဲကြိုးလေးလည်းမလိုပါတော့ပေ။

သူ ကျိချင်းကျိုးကို ဖုန်းခေါ်လိုက်ချင်ပေမယ့် ဖုန်းကို ကိုင်ရုံသာကိုင်လိုက်ပြီး ခေါ်ဆိုသည့်ခလုတ်အား မနှိပ်ဖြစ်ခဲ့ပါ။

ကျိချင်းကျိုးက အရမ်းကိုမှ ကြော့ကြော့မော့မော့နဲ့ ဆွဲကြိုးလေးတစ်ကုံး ကြယ်ဗူးလေးတစ်ဗူးပဲယူပြီး ထွက်သွားခဲ့တာဖြစ်သည်။ဒီဆွဲကြိုးလေးကိုတော့ သူအရမ်းတွယ်တာလို့ဖြစ်ရမည်။သူက တစ်ကြိမ် ချွတ်လိုက်ပြီးရင်လည်း ဘယ်သောအခါမှ ပြန်ဝတ်မယ့်လူမျိုးမဟုတ်နေပါ။

ထိုသို့သာဖြစ်သွားလျှင် သူတို့ကြားမှာ တကယ်ကို ပတ်သက်မှုဆိုတာကြီး ရှိမှာမဟုတ်တော့။

ချူချန်သည် ဖုန်းအား တိတ်တဆိတ်ဘေးကို ပြန်ချလိုက်ပါ၏။ သူဒါမျိုးဖြစ်ချင်တာမဟုတ်ဘူး။သူ ကျိချင်းကျိုး အား ဆွဲကြိုးလေးလက်ဆောင်ပေးလိုက်တဲ့နေ့ကတည်းက သူ့ကိုတစ်ချိန်လုံး ဝတ်ထားစေဆင်တဲ့ ဆန္ဒရှိကြောင်း သူကောင်းကောင်းကြီး သိခဲ့သည်။

တစ်ယောက်ဆွဲကြိုးကိုတစ်ယောက် အကြိမ်ပေါင်းများစွာ မရေတွက်နိုင်သည်အထိ သူတို့ နမ်းရှိုက်ခဲ့ဖူးသည်။ကားနဲ့အိမ်က အရေးမကြီးပေမယ့် ဒီဆွဲကြိုးလေးကတော့ သူနဲ့ ကျိချင်းကျိုး အတွက် အရမ်းအရမ်းအရေးကြီးရပါသည်။

ချူချန်သည် လည်ပင်းမှ ဆွဲကြိုးလေးအားထိကြည့်ပြီး သက်ပြင်းသာသာလေးချလိုက်ရတော့သည်။

《ချစ်သူ့ကဗျာများမှမြတ်နိုးသောစာမျက်နှာ》ရဲ့ပရိတ်သတ်တွေက လတ်တလော၌ အများအပြား ပွဲဖြစ်နေကြ၏။'idol'ဇာတ်လမ်းတိုင်းပွဲဖြစ်နေကြခြင်း။အနီအဖြူပြိုင်ပွဲလို့တောင် ပြောလို့ရသည်။သို့သော် ဒီဇာတ်ကားရဲ့ အနီအဖြူက လူတိုင်းမျှော်လင့်ထားသလို မဟုတ်ပါ။ကျန်းဖေးနဲ့ ကျွမ်းရှန်းယန်ပရိတ်သတ်တွေက ပွဲမဖြစ်ကြပေ။ရန်ဖြစ်နေကြတာ ကျန်းဝေဝေနဲ့ ကျွမ်းရှန်းယန် မိသားစုတွေဖြစ်ကြသည်။အကြောင်းရင်းကတော့ ကျိချင်းကျိုးနဲ့ ချူချန်ကြောင့်ပင်။

ကျိချင်းကျိုးနဲ့ချူချန်တို့နှစ်ယောက်အနက် တစ်ယောက်မှာ တစ်ဖက်လူက သူ့'idol'ပါဟုပြောထားပြီး နောက်တစ်ယောက်ကလည်း သူ့ကို သဘောကျရင် ကျိချင်းကျိုး ပိုပြီး ပံ့ပိုးပေးကြပါဟု ပြောထားကြသူတွေဖြစ်၏။သူတို့က သူငယ်ချင်းတွေပါပဲဟု နှစ်ဖက်ပရိတ်သတ်က တွေးရင်တောင် ဖြတ်လျှောက်တွေရဲ့ စိတ်ကူးယဉ်ကြမှုတွေကိုတော့ သူတို့ မထိန်းနိုင်ကြပါပေ။သူတို့နှစ်ယောက်ရဲ့ ဇာတ်ကားပြင်ပမှ ဆက်ဆံပုံလေးတွေကြောင့် ဇာတ်ကားထုတ်လွှင့်ပြသတဲ့အချိန် ကြည့်ရှူသူတိုင်းရဲ့ မျက်လုံးတွေက သူ့တို့နှစ်ယောက်ပေါ်မှာသာ အသေတပ်ထားခဲ့ကြသည်။

သူတို့နှစ်ယောက်က ကြည့်ကောင်းကြသလို ဇာတ်ကားထဲမှ ဇာတ်ကောင်နေရာတွေနဲ့လည်း အတော်လေးကိုက်သည်။ပွဲကြည့်ပရိတ်သတ်တွေမှာ သူ့တို့ကိုကြည့်ရင်း ကြည့်ရင်း အတော်လေးလိုက်ဖက်တာပဲဆိုတာကို မတွေးမိပဲ မနေနိုင်ကြပေ။ပရိတ်သတ်တွေသည် သူတို့နှစ်ယောက်အတွက် CP ဂရုတွေဖွဲ့ပေးကြရုံသာမက ‌commentထဲမှာလည်း သူတို့ ခံစားချက်တွေကို ပို့စ်ပြီး ရေးကြသည်မှာ အပြည့်ပင်။

ထိုနေ့က ထုတ်လွှင့်ပြသသည့် တီဗီဇာတ်လမ်းတွဲအပိုင်းကလည်း နေမကောင်းဖြစ်နေသည့် ကျွမ်းရှန်းယန်က မိုးဖွဲလေးတွေကျလာသောကြောင့် အရိပ်ရသည့် နေရာခုံတန်းလေးထဲ ပြေးဝင်ချိန် ကျန်းဖေးနဲ့ အမှတ်မထင် တိုက်မိသွား၏။ထိုအချိန် ကျန်းဖေက ကျွမ်းရှန်းယန်ကို လှမ်းဆွဲလိုက်၏။ကျွမ်းရှန်းယန်ကလည်း ပြန်ဆွဲလိုက်မယ်လို့ ဘယ်သူထင်ထားမှာလဲ။ထို့ကြောင့် ကျန်ဖေးအား သူ့ရင်ခွင်ထဲ ဆွဲသွင်းလုမိနီးပါးဖြစ်သွားရ၏။ထိုအပိုင်းကိုကြည့်ရှူနေကြသော CPပရိတ်သတ်တွေကတော့ အရူးအမူးအော်ကြလေသည်။

[AHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHH] ဆိုတာတွေကလည်း စခရင်ထက် အပြည့်ပင်။

[အချစ်ဇာတ်လမ်းဆို! အဓိက ဇာတ်ကောင်က ဇာတ်လိုက်နဲ့ ဇာတ်လိုက်မဆိုတာ နားလည်ကြရဲ့လား! ကြက်ဥပုပ်CPဖန်မတွေ ပါးစပ်ပိတ်ထားပေးနိုင်မလား!‌]

ကျန်းဖေးနဲ့ ကျွမ်းရှန်းယန်ရဲ့ CP ပရိတ်သတ်တွေက မကျေမနပ်ဖြစ်သွားကြ၏။

[ငါတို့ဘာသာ မန့်တာ နင့်ကိုဘာလာထိခိုက်နေလို့လဲ! မကြိုက်ရင် ပိတ်ထားလိုက်လေ!]

နှစ်ဖက်လုံးရဲ့ ရန်ပွဲမီးတောက်က ပေါက်ကွဲလုမတတ်‌ဖြစ်နေပြီး Weiboမှာရော ဟစ်တိုင်မှာပါ ဆက်တိုက်ဖြစ်နေကြသည်။နောက်ဆုံးတော့ ချန်ကျိုး CP ပရိတ်သတ်လေးတွေက အလျော့ပေးပြီး တစ်ဆင့်လျော့လိုက်တော့သည်။

[မင်းတို့ဘာသာပတ်ကာနေလည်း ကောကောတို့နှစ်ယောက်ကညီအစ်ကိုတွေပါပဲဟာ။တကယ်လည်း ကျန်းဝေဝေနဲ့ကျန်းဖေးက တရားဝင်ဖော်ပြထားတာပဲလေ။ဟုတ်ပါတယ်။ဒါကြီးက မသင့်တော်ဘူး]

ဇာတ်ကောင်တွေရဲ့ ပရိတ်သတ်တွေသည် ထိုဇာတ်ကောင်နေရာမှာ သရုပ်ဆောင်တဲ့ သရုပ်ဆောင်တွေအပေါ် အနည်းနဲ့အများ နှစ်သက်တတ်ကြသည်။ဒါပေမယ့် ဇာတ်ကောင်ကို ပိုကြိုက်တာကတော့ ပိုကြိုက်တာပင်။ထို့ကြောင့် သူတို့က သရုပ်ဆောင်တွေရဲ့ ပရိတ်သတ်တွေလိုမျိုး အများကြီး ပူပန်စရာမရှိခဲ့။အခု တကယ့်CPအစ်အကြောင်း သတိပေးလာကြတော့ အတင်းကြီး ရန်လိုက်မမူနေကြတော့ပေ။

သူတို့ရန်ပွဲတွေပြီးဆုံးကာမှ ကျိချင်းကျိုးလည်း စိတ်ချမ်းသာတော့တယ်။ ဒီလောက်ပွဲကြီးပွဲကောင်းဖြစ်လာလိမ့်မယ်လို့ သူတစ်ခါမှ မတွေးကြည့်ဖူးဘူး။ချူချန်နဲ့သူ့ရဲ့ CP ကိုကြည့်ပြန်တော့လည်း ထိပ်ဆုံးနံပါတ်သုံးနေရာကို ရောက်နှင့်နေကာ အတော်လေးကို အင်အားကြီးနေ၏။

“အခုမင်းတို့နှစ်ယောက်မှာ CP ပရိတ်သတ်တွေအများကြီးရှိလာပြီဆိုတော့ ဘယ်လိုခံစားရလဲ” ယင်းနျန်က သူ့ကိုမေးလာသည်။

“လန့်တာပေါ့”

ကျိချင်းကျိုးက အရှိအရှိတိုင်းပြန်ဖြေသည်။

“အဆင့်တအားမြင့်လို့ အတော်လေးအံ့ဩသွားရတယ်”

“ဒါပဲလား”

“တစ်ခြားဘာပြောရဦးမှာလဲ”

ယင်းနျန်က သက်ပြင်းချပြီး အာလူးချောင်းကြော်တွေ သူ့လက်ထဲထည့်ပေးလိုက်သည်။

“စားကြည့်ချင်လား? ဒီတစ်ခုက အချို။အရမ်းအရသာရှိတယ်”

ကျိချင်းကျိုး နည်းနည်းလောက်ဆွဲယူလိုက်သည်။ယင်းနျန်က သူ ကျိချင်းကျိုးဆီယူလာတဲ့ အာလူးကြော်အိတ်ကြီးနှစ်အိတ်ကား မေးငေါ့ပြလျက်-

“ဒါတွေက အကုန်အရသာရှိတယ်။မင်းအရင်စားကြည့်ပြီးရင် ဘယ်တစ်ခုပိုကြိုက်လဲ ငါ့ကိုပြောကြည့်။နောက်တစ်ခါ မင်းဆီလာရင် ယူလာခဲ့ပေးမယ်”

ကျိချင်းကျိုးသည် အဝေးက အာလူးကြော်အိတ်ကြီးနှစ်အိတ်ကိုကြည့်ကာ-

“မင်းအဲ့လိုတွေစားတာ တကယ် အိုကေရဲ့လား”

“အိုကေပါတယ်။ငါကမဝဘူးလေ” ယင်းနျန်ကပြန်ဖြေသည်။

“ဒါဆိုများများဝယ်ခဲ့ပေး”

“ငါဝယ်ခဲ့တာမဟုတ်ဘူး။ဒါလည်း ငါကြော်ငြာပေးရတဲ့ဟာပဲ”

ယင်းနျန်သည် အာလူးကြော်အိတ်ပေါ်က ပရင့်ထုတ်ထားသည့် သူ့ပုံအား ကျိချင်းကျိုး မြင့်အောင် လှည့်ပြလိုက်သည်။

“အဲ့ဘရန်းက ငါ့ဆီပို့ပေးတာ။ဖာကြီးနှစ်ဖာတောင်မှ။ငါတစ်ယောက်တည်းသာ အကုန်စားလိုက်လို့ကတော့ အန်ထွက်လောက်တယ်”

ကျိချင်းကျိုးက နည်းနည်းလေးအားကျသွား၏။

“ဘာလို့ မင်းဘရန်းတွေက အရမ်းရက်ရောရတာလဲ?မင်းဆီကို ပို့ပေးကြတာမှ အများကြီးပဲ။ငါ့ကိုကျ ဘာမှလည်း မပို့ပေးကြဘူး”

ယင်းနျန်က ခေါင်းလေးယမ်းလိုက်ကာ-

“ငါလည်း မသိပါဘူး။မင်းနဲ့ချူချန်ကြား ဘာတွေဖြစ်ခဲ့တာလဲ မသိသလိုပဲလေ”

“ငါတို့ဘာမှမဖြစ်ပါဘူး” ကျိချင်းကျိုးက မြန်မြန်ထပြောလာသည်။

ယင်းနျန်မှာ သူ့ကို အမူမထားသလို စိုက်ကြည့်လိုက်ရင်း-

“မင်း ငါ့ကို ငတုံးထင်နေတာလား”

“ဟင့်အင်း”

“ဒါဆို ဘာမှမဖြစ်ပါဘူးဆိုတဲ့ စကားကို ဘာလို့ ပြောနေတာလဲ? ငါလည်း ရည်းစားထားဖူးတဲ့သူပါဟ။တစ်ချက်လေးကြည့်လိုက်တာနဲ့ ဘယ်ဟာက ညီအစ်ကိုအစစ်၊ဘယ်ဟာက ညီအစ်ကိုယောင်ဆောင်ပြီး ချစ်နေတာလည်း ဆိုတာသိပြီးသား”

ကျိချင်းကျိုး : .........

“ငါက ဖော်ထုတ်ဖို့ ပျင်းနေရုံပဲနော်။မင်းနဲ့ချူချန်က သွေးဝေးညီအစ်ကိုတွေဆိုတာ ငါယုံမယ်ထင်နေတာပဲ ”

“ဒါဆိုလည်း ဆက်ပြီး ယုံချင်ယောင်ဆောင်နေလို့မရဘူးလား”

“ရတော့ရပါတယ်။ငါက တစ်ခုပဲ မေးချင်တာလေ။မင်းနဲ့ချူချန်တို့ဘာဖြစ်ကြတာလဲ။ငါ့အထင် မင်းတို့လမ်းခွဲလိုက်ကြတာနေမယ်။အဲ့တာကြောင့် မင်းက သူမသိအောင် တိတ်တိတ်လေး အိမ်ပြောင်းပြီး သူ့ကို မပြောပြခိုင်းတာနေမှာ။ဒါပေမယ့် ဒီရက်ပိုင်းအတွင်း မင်းပုံစံတွေ၊မင်းအာတာဗျူးက အဖြေတွေ၊ပြီးတော့ မင်းနဲ့ ချူချန်ရဲ့ CPစကားဝိုင်းကိုတောင် ရုပ်တည်ကြီးနဲ့ ကြည့်နေနိုင်သေးတဲ့ မင်းကြောင့်  မင်းတို့ လမ်းခွဲခဲ့တာမဟုတ်ဘဲ ရိုးရိုးရန်ဖြစ်ကြတာပဲလို့ ထင်နေပြန်ရော။ဒါပေမယ့် အဲ့လိုလည်း မဟုတ်သေးပြန်ဘူး။ချူချန်လို မင်းကို တအားဂရုစိုက်ပေးတဲ့သူက မင်းဒီကိုရောက်လာတာဖြင့် ရက်ပိုင်းလောက်ရှိနေပြီကို အခုထိ တံခါးဝမရောက်လာသေးဘူးဆိုတော့ကာ ဒါ မဖြစ်သင့်ဘူးမလား”

“ငါဒီမှာနေတာ သူ့ကိုမပြောပြခဲ့ဘူး”

ကျိချင်းကျိုး ပြောလိုက်သည်။

“သူက ငါ့အတွက် လက်ထောက်တစ်ယောက်နဲ့ ဒါရိုင်ဘာတစ်ယောက် ထပ်ဖြည့်ပေးမယ်ပြောပေမယ့် ငါငြင်းလိုက်တာ”

“ဘာလို့လဲ”

“ငါတို့လမ်းခွဲပြီးပြီမို့လေ”

“ငါတို့ အေးအေးချမ်းချမ်းလမ်းခွဲခဲ့တာမို့သူ့ကို ထပ်ပြီး ဒုက္ခမပေးချင်တော့ဘူး”

“လမ်းခွဲရတဲ့အကြောင်းရင်းလေးမေးလို့ရမလားဟင်”

“ရေစက်ကုန်သွားလို့”

ကျိချင်းကျိုးက တည်တည်ငြိမ်ငြိမ် ပြန်ဖြေလာသည်။

“အဲ့တာကြောင့် လမ်းခွဲလိုက်တာ”

ယင်းနျန်မှာ သူ့ကိုကြည့်ရင်း ဘာပြောပေးရမှန်းမသိခဲ့။သူတစ်ခါကတော့ချူချန်နဲ့ကျိချင်းကျိုးတို့ အချိန်အကြာကြီးလက်တွဲသွားကြရဖို့အတွက်  မျှော်လင့်ခဲ့ဖူးပါတယ်။သူလိုချင်တောင့်တခဲ့ပေမယ့် မရနိုင်ခဲ့တဲ့အရာအား ကျိချင်းကျိုး တော့ ရသင့်တယ်ဟုတွေးကြည့်တာဖြစ်သည်။အဆုံးသတ်တော့ ကျိချင်းကျိုးဘဝက သူ့ဘဝထက်အများကြီး အဆင်ပြေချေ‌ာမွေ့ခဲ့တာမို့ ဆက်ပြီး အဲ့တိုင်းလေးပဲ အဆင်ပြေသင့်တယ်ထင်လို့ပင်။

ဒါပေမယ့် အခုကျ ကျိချင်းကျိုးဟာ သူနဲ့ချူချန်တို့ အေးအေးချမ်းချမ်း လမ်းခွဲလိုက်ပြီး ရေစက်ကုန်သွားပြီဟု ပြောလာခဲ့သည်။

ယင်းနျန် သူ့ကို နှစ်သိမ့်ပေးချင်ပေမယ့် ဘယ်လိုနှစ်သိမ့်ရမလဲ မသိတော့။ဒါမှမဟုတ် နှစ်သိမ့်သင့်လားတောင် မသိတော့ပါဆိုသလိုမျိုး။အချစ်ကြောင့် ပျော်ရွှင်မှု၊ဝမ်းနည်းရမှုတွေကို သူ့ကိုယ်တိုင် ခံစားဖူးပြီးသားဖြစ်၍ တစ်ခြားသူထက် ကိုယ်တိုင်ခံစားရတဲ့သူသာ ချစ်ခွင့်မချစ်ခွင့် ဆုံးဖြတ်ခွင့်ရှိလေသည်။

ထို့ကြောင့် သူပြုံးလိုက်ပြီး ကျိချင်းကျိုးကိုပြောလိုက်သည်။

“ကိစ္စမရှိပါဘူးကွာ။နောက်ထပ် ရေစက်အသစ်လေးနဲ့ ထပ်တွေ့ဦးမှာပေါ့”

ငါလည်းအဲ့လိုဖြစ်ဖို့ မျှော်လင့်ရတာပဲ။ကျိချင်းကျိုးဘာသာ စိတ်ထဲမှ ရေရွတ်လိုက်သည်။လောလောဆယ်တော့ တစ်ခြားသူတစ်ယောက်ကို ချက်ချင်းကြီး သဘောမကျချင်သေးပါ။သူ့လည်ပင်းမှ ဆွဲကြိုးလေးအား ထိချင်စိတ်ပေါ်လာပေမယ့်  ယင်းနျန်ဘေးမှာ ရှိနေသောကြောင့် ပြန်ထိန်းလိုက်မိသည်။

“စကားမစပ် မင်းလတ်တလော ရိုက်စရာအခန်းတွေဘာတွေမရှိဘူးလား... မင်းကြည့်ရတာ တစ်ချိန်လုံး အိမ်မှာလိုလိုချည်းပဲ”သူ ယင်းနျန်ကို မေးလိုက်သည်။

“ငါ့ကုမ္ပဏီနဲ့ငါနဲ့က စာချုပ်ကုန်ခါနီး ဆိုတော့ သူတို့က ငါ့အတွက် ဘာမှ မရှာပေးချင်တော့ဘူးလေ။ရှိုးပွဲတွေတောင် မခေါ်တော့ဘူး။ငါလည်း အနားယူချင်နေတာနဲ့ အတော်ပဲဖြစ်သွားတယ်။နောက်လအနည်းငယ်ဆို ရှီးယွီကို သွားရတော့မှာဆိုတော့ ငါအလုပ်တွေအရမ်းများနေတော့မှာ”

“ဟုတ်သားပဲ။အေးဂျင့်ရောရပြီးပြီလား”

“အင်း။ဝမ်ချီတဲ့ မဆိုးပါဘူး။ငါတော့ မင်းကို ကျေးဇူးတင်လွန်းလို့ ညစာလိုက်ကျွေးသင့်နေပြီထင်တယ်”

“ထပ်စားရဦးမှာလား? ဟိုရက်ကတင် မင်း ငါ့ကို ညစာဖိတ်ကျွေးထားတာမဟုတ်ဘူးလား”

ကျိချင်းကျိုးမှာ သူဒီကို ရောက်လာပြီးကတည်းက ယင်းနျန်သည် သူ့လက်ရာအသစ်တွေကို မြည်းစမ်းမဲ့သူ ပေါ်လာသလိုမျိုး ညစာချည်းဖိတ်ကျွေးနေတော့တာဖြစ်ကြောင်းခံစားလာရ၏။

“ဒီတစ်ခါရော ဘာချက်ကျွေးမှာလဲ”

“ငါမနေ့က ပြင်သစ်စာနည်းနည်းလေ့လာခဲ့သေးတယ်။ဒီတစ်ခါ မင်းကို ချက်ကျွေးမို့ သင်ကြည့်ခဲ့တာလေ။မင်းငါ့အိမ်လိုက်ခဲ့ချည်။ရှယ်ချက်ကျွေးမယ်။ငါ့ကိုယ်ငါ အဲ့နယ်ပယ်မှာ အရမ်းပါရမီပါတယ်လို့ ထင်တယ်သိလား။ဟင်းချက်ခြင်းကမှ တကယ့်စစ်မှန်ခြင်းပဲ။မင်းမယုံရင် စမ်းကြည့်ကြည့်”

ကျိချင်းကျိုးရယ်လိုက်သည်။

“ကောင်းပါပြီ။မာစတာကြီးရဲ့လက်ရာကို စမ်းကြည့်ပါ့မယ်။မင်း သရုပ်ဆောင်မလုပ်တော့ရင် စားသောက်ဆိုင်ဖွင့်လို့ရသားပဲနော်”

“ဒါဆို ငါတို့စပ်တူလုပ်ကြမယ်လေ။အရင်းအနှီးတစ်ယောက်တစ်ဝက်ထည့်ပြီး ရတာဝေယူကြမယ်”

“အကြံကောင်းပဲ။စဉ်းစားထားမှရတော့မယ်”

သူတို့နှစ်ယောက် စကားပြောနေကြစဉ် ကျိချင်းကျိုးရဲ့ WeChatကထမြည်လာသည်။သူ ထုတ်ကြည့်လိုက်စဉ် ကျိုးချန်ဖုန်းထံမှ ပို့လာခြင်းဖြစ်နေ၏။

{ငါ ဇာတ်ညွှန်းတစ်ခု မင်း mailboxကို ပို့ထားတယ်။တစ်ချက်လောက်ဝင်ကြည့်ကြည့်။မင်းလက်ခံနိုင်လိမ့်မယ်လို့ ငါထင်တယ်}

ကျိချင်းကျိုး ကပြန်ပို့လိုက်သည်။

{ကောင်းသားပဲ}

သူက ယင်းနျန်ကို လှမ်းကြည့်လိုက်ရင်း-

“ငါ မကြာခင် ရုပ်ရှင်ကားရိုက်ရလောက်တယ်”

လတ်တလော၌ 《ချစ်သူ့ကဗျာများမှမြတ်နိုးသောစာမျက်နှာ》ရဲ့ ကျော်ကြားမှုကြောင့် သူ့ကျော်ကြားမှုပါ တစ်ရှိန်ထိုးတက်လာပြီး ရိုက်ကူးရေးအဖွဲ့ အများအပြားမှ စေ့စပ်ကမ်းလှမ်းလာခဲ့ကြပေမယ့် ဇာတ်ညွှန်ကို မကြိုက်သောကြောင့် လက်မခံဖြစ်ခဲ့ပါ။အခု ကျိုးချန်ဖုန်းက သူသဘောကျနိုင်တယ်လို့ပြောလာ၍ ဇာတ်ညွှန်းရော ထုတ်လုပ်ရေးအသင်းပါ တကယ်အဆင်ပြေတာဖြစ်ရမည်။

“ဒါတော့သိပ်မကောင်းဘူးနော်။သရုပ်ဆောင်တစ်ယောက်ရဲ့ဘဝက အလုပ်တွေနဲ့ပဲ လုံးလည်ချာလည်လိုက်နေတာ” ယင်းနျန်က ပြောလာသည်။

“အမ်း”

ဘာဖြစ်ဖြစ် ကျိချင်းကျိုးကတော့ ရိုက်ကူးရေးသွားရတော့မှာဖြစ်၍ မသွားခင်လေး ဝမ်ဖန်းဆီသွားတွေ့ကာသူမ စိတ်သက်သာရာရအောင် သူ လတ်တလော ရိုက်ရမယ့် ဇာတ်ကားအကြောင်း ပြောပြရမည်ဟု တွေးထားလိုက်သည်။

################

ရန်ဖြစ်ကြတာက ခေါင်းဆောင်မင်းသမီးပရိတ်သတ်နဲ့ ချူချန်ပရိတ်သတ်တွေရန်ဖြစ်တာပါ။
ခေါင်းဆောင်မင်းသမီး = ကျန်းဝေဝေ
ကျိချင်းကျိုး = ကျန်းဖေး
ချူချန် = ကျွမ်းရှန်းယန်

မမှတ်မိကြမှာစိုးလို့😂😂

ချူချန်နဲ့ကျိုးကျိုးတို့မှာ ဘယ်သူပိုရင့်ကျက်လဲ ပေါ်လာပါပြီ။ အဖေက ဝမ်းနည်းနေတဲ့အချိန် သားလေးက အာလူးချောင်းကြော်စားပြီး သူငယ်ချင်းတွေပျော်နေသတဲ့။ကဲ ဘယ်သူ ပိုရင့်ကျက်လဲ😂

Double update နော် အရမ်းဖတ်ချင်နေကြတယ်ပြောလို့။အလိုလိုက်ပေးတာ။ချောကလက် ပေးမယ့်လူမရှိတဲ့သူတွေအတွက်သီးသန့်။ဘာလို့ဆို ကျွန်မမှာလည်း မရှိလို့လေ😂😂😂

ကျွန်မကိုချောကလက်လာကျွေးချင်လည်းရတယ်သိလား။ဖုန်းဘေလက်ဆောင်ပေးလိုက်။ကိုယ်က ချောကလက်ထက် ဖုန်းဘေကို ပိုမက်တဲ့ အဖွဲ့ကပါ( လက်ဆောင်တောင်းရတာမျက်နှာတွေပူတယ်) မပေးလည်းရတယ်နော် ဒီတိုင်းပဲပြောတာမို့ ။ အပျော်အပျော်😶ပေးချင်ရင် private message ကိုလာခဲ့ပါအဟိ😂😂😂

အဟမ်း နောက်တစ်ပိုင်းက ရင်ခုန်စရာကြီး....တွေ့ကြတော့မှာသိလား....မနက်ဖြန်ထိစောင့်ကြနော်

Good Night par♥️

ဖတ်ပေး၊Vote ၊comment တွေပေးတဲ့ သဲလေးတို့ ရေကျေးဇူးပါ။ကိုယ်တကယ်အားတက်ရပါတယ်♥️

မပူဆာကြနဲ့တော့နော် အခုပြန်ပြီး အခုတင်ပေးလိုက်တာ။နောက်တစ်ပိုင်းအတွက် ပြန်ထားတာ မရှိတော့ဘူး🤧

#################

Zawgyi

ခ်ဴခ်န္မသိေတာ့ပါေပ။က်ိခ်င္းက်ိဳးအေပၚထားတဲ့ သူ႕ရဲ႕ခံစားခ်က္ေတြက ဘယ္လိုလဲဆိုတာ သူသိမေနေတာ့။ယြီအန္းမင္ေျပာသလို သူ က်ိခ်င္းက်ိဳးကို သေဘာက်ေနမိလားဆိုတာ အိမ္ေရာက္သည္အထိ ေတြးရင္း ဗ်ားမ်ားေနခဲ့ရသည္။အဲ့ေတာ့...သူတကယ္ပဲ က်ိခ်င္းက်ိဳးကို ႀကိဳက္ေနတာလား? သူမသိပါေပ။

သူက ေကာင္းကင္ရဲ႕ အခ်စ္ေတာ္အစစ္အမွန္ပင္။သူေမြးၿပီးကတည္းက ဘဝရဲ႕႐ွည္လ်ားေသာ လမ္းဆုံးမွာရပ္ၿပီးေနၿပီ။တစ္ျခားသူေတြ စမွတ္ကေန ကသုတ္က႐ုတ္ေျပးလႊားေနၾကတာကိုၾကည့္ၿပီး သူကေတာ့ ဘာဖိအားမွမပါဘဲ သူ႕အင္ပါယာကိုသူ အလြယ္တကူ တည္ေဆာက္ႏိုင္ခဲ့သည္။သူ႕အင္အားကိုသူ ေကာင္းေကာင္းႀကီးသိသည္။ ဘယ္လိုလူေတြက လာဝန္ခံပါေစ ကိစၥမ႐ွိပါေပ။သူကေတာ့ ထိုသူေတြကို အၿမဲတမ္းအထင္ေသးမိ၏။သူက သူသေဘာက်ရေသာသူနဲ႔ေတြ႕ခ်င္႐ုံတင္ပါ။ဒါေပမယ့္ သူက ဘာကိုသေဘာက်တာလဲ?

က်ိခ်င္းက်ိဳးအတြက္ သူခံစားေနရတာေတြက တကယ္ပဲ အခ်စ္လား? ဒါမွမဟုတ္ အက်င့္စြဲေနတာေၾကာင့္ သူ႕ကို လက္မလႊတ္ေပးခ်င္ဘဲ ဆက္ၿပီး ဂ႐ုစိုက္ေပးခ်င္စိတ္ေတြကို ထိန္းမရျဖစ္ေနခဲ့တာလား?

ခ်ဴခ်န္မသိေတာ့ဘူး။သူ တစ္ခါမွ ခ်စ္ခဲ့ဖူးတာမဟုတ္ဘူးေလ။သူမ်ားအေပၚဆို ခံစားခ်က္ေကာင္းေတာင္ ႐ွိခဲ့ဖူးတာမဟုတ္။က်ိခ်င္းက်ိဳးကို သူသေဘာက်ေနမိတာက တကယ္ပဲ အခ်စ္ဆိုတာလား သူမသိ။ၿပီးေတာ့ သူ႕ရဲ႕ မေသခ်ာမေရရာမႈေတြေၾကာင့္ က်ိခ်င္းက်ိဳးရဲ႕က်န္တဲ့ ဘဝသက္တမ္းတစ္ေလွ်ာက္လုံး စေတးၿပီး အလဲအထပ္လုပ္ဖို႔ကိုလည္း သူမျဖစ္ေစခ်င္ပါ။

က်ိခ်င္းက်ိဳး အဆင္ေျပၿပီး ေကာင္းမြန္တဲ့ အနာဂတ္တစ္ခုကို ပိုင္ဆိုင္ရဖို႔ပဲ သူေမွ်ာ္လင့္ထားခဲ့တာျဖစ္သည္။

ခ်ဴခ်န္ ဘာကိုမွ ထပ္မေတြးၾကည့္ခ်င္ေတာ့ပါ။ထို႔ေၾကာင့္ သူ႕႐ွပ္အက်ႌၾကယ္သီးေတြျဖဳတ္ၿပီး ေရခ်ိဳးခန္းထဲဝင္မို႔ ျပင္လိုက္ခ်ိန္ လက္ေခ်ာင္းထိပ္ေလးမ်ားက ေႏြးေထြးေသာ အထိအေတြ႕ေလးတစ္ခုျဖစ္တည္လာသည္။ခ်ဴခ်န္ ငုံ႔ၾကည့္လိုက္ေတာ့ သူ႕လည္ပင္းေပၚမွာ႐ွိေနတဲ့ ေက်ာက္ဆြဲႀကိဳးေလးျဖစ္ေန၏—က်ိခ်င္းက်ိဳး သူ႕ကို ေပးသြားခဲ့ပါေသာ ေက်ာက္ဆြဲႀကိဳးေလးပင္။

ခ်ဴခ်န္႐ုတ္တရက္ႀကီး ေနာင္တရလာသည္။သူတကယ္ကို က်ိခ်င္းက်ိဳးထံ ဒီဆြဲႀကိဳး ျပန္ေပးလိုက္သင့္၏။ကားနဲ႔အိမ္က အေရးမႀကီးေပမယ့္ ဒီဆြဲႀကိဳးကိုေတာ့ က်ိခ်င္းက်ိဳး ျပန္ယူသြားသင့္တယ္ေလေနာ္။သူတို႔ၾကားက ပတ္သက္မႈလည္းၿပီးၿပီျဖစ္၍ သူ႕မွာ က်ိခ်င္းက်ိဳးအား ခ်ဳပ္ခ်ယ္ရန္ အရည္အခ်င္းမွမ႐ွိပါပဲ။သူေနာက္ပိုင္း ဘယ္သူနဲ႔ေတြ႕ေတြ႕ဆုံဆုံ၊တစ္ျခားလူနဲ႔ပဲခ်စ္မိသြားသြား ေဖာက္ျပန္တယ္လို႔ ေျပာလို႔မရေတာ့တဲ့အတြက္ ေက်ာက္ဆြဲႀကိဳးေလးလည္းမလိုပါေတာ့ေပ။

သူ က်ိခ်င္းက်ိဳးကို ဖုန္းေခၚလိုက္ခ်င္ေပမယ့္ ဖုန္းကို ကိုင္႐ုံသာကိုင္လိုက္ၿပီး ေခၚဆိုသည့္ခလုတ္အား မႏွိပ္ျဖစ္ခဲ့ပါ။

က်ိခ်င္းက်ိဳးက အရမ္းကိုမွ ေၾကာ့ေၾကာ့ေမာ့ေမာ့နဲ႔ ဆြဲႀကိဳးေလးတစ္ကုံး ၾကယ္ဗူးေလးတစ္ဗူးပဲယူၿပီး ထြက္သြားခဲ့တာျဖစ္သည္။ဒီဆြဲႀကိဳးေလးကိုေတာ့ သူအရမ္းတြယ္တာလို႔ျဖစ္ရမည္။သူက တစ္ႀကိမ္ ခြၽတ္လိုက္ၿပီးရင္လည္း ဘယ္ေသာအခါမွ ျပန္ဝတ္မယ့္လူမ်ိဳးမဟုတ္ေနပါ။

ထိုသို႔သာျဖစ္သြားလွ်င္ သူတို႔ၾကားမွာ တကယ္ကို ပတ္သက္မႈဆိုတာႀကီး ႐ွိမွာမဟုတ္ေတာ့။

ခ်ဴခ်န္သည္ ဖုန္းအား တိတ္တဆိတ္ေဘးကို ျပန္ခ်လိုက္ပါ၏။ သူဒါမ်ိဳးျဖစ္ခ်င္တာမဟုတ္ဘူး။သူ က်ိခ်င္းက်ိဳး အား ဆြဲႀကိဳးေလးလက္ေဆာင္ေပးလိုက္တဲ့ေန႔ကတည္းက သူ႕ကိုတစ္ခ်ိန္လုံး ဝတ္ထားေစဆင္တဲ့ ဆႏၵ႐ွိေၾကာင္း သူေကာင္းေကာင္းႀကီး သိခဲ့သည္။

တစ္ေယာက္ဆြဲႀကိဳးကိုတစ္ေယာက္ အႀကိမ္ေပါင္းမ်ားစြာ မေရတြက္ႏိုင္သည္အထိ သူတို႔ နမ္း႐ိႈက္ခဲ့ဖူးသည္။ကားနဲ႔အိမ္က အေရးမႀကီးေပမယ့္ ဒီဆြဲႀကိဳးေလးကေတာ့ သူနဲ႔ က်ိခ်င္းက်ိဳး အတြက္ အရမ္းအရမ္းအေရးႀကီးရပါသည္။

ခ်ဴခ်န္သည္ လည္ပင္းမွ ဆြဲႀကိဳးေလးအားထိၾကည့္ၿပီး သက္ျပင္းသာသာေလးခ်လိုက္ရေတာ့သည္။

《ခ်စ္သူ႕ကဗ်ာမ်ားမွျမတ္ႏိုးေသာစာမ်က္ႏွာ》ရဲ႕ပရိတ္သတ္ေတြက လတ္တေလာ၌ အမ်ားအျပား ပြဲျဖစ္ေနၾက၏။'idol'ဇာတ္လမ္းတိုင္းပြဲျဖစ္ေနၾကျခင္း။အနီအျဖဴၿပိဳင္ပြဲလို႔ေတာင္ ေျပာလို႔ရသည္။သို႔ေသာ္ ဒီဇာတ္ကားရဲ႕ အနီအျဖဴက လူတိုင္းေမွ်ာ္လင့္ထားသလို မဟုတ္ပါ။က်န္းေဖးနဲ႔ ကြၽမ္း႐ွန္းယန္ပရိတ္သတ္ေတြက ပြဲမျဖစ္ၾကေပ။ရန္ျဖစ္ေနၾကတာ က်န္းေဝေဝနဲ႔ ကြၽမ္း႐ွန္းယန္ မိသားစုေတြျဖစ္ၾကသည္။အေၾကာင္းရင္းကေတာ့ က်ိခ်င္းက်ိဳးနဲ႔ ခ်ဴခ်န္ေၾကာင့္ပင္။

က်ိခ်င္းက်ိဳးနဲ႔ခ်ဴခ်န္တို႔ႏွစ္ေယာက္အနက္ တစ္ေယာက္မွာ တစ္ဖက္လူက သူ႕'idol'ပါဟုေျပာထားၿပီး ေနာက္တစ္ေယာက္ကလည္း သူ႕ကို သေဘာက်ရင္ က်ိခ်င္းက်ိဳး ပိုၿပီး ပံ့ပိုးေပးၾကပါဟု ေျပာထားၾကသူေတြျဖစ္၏။သူတို႔က သူငယ္ခ်င္းေတြပါပဲဟု ႏွစ္ဖက္ပရိတ္သတ္က ေတြးရင္ေတာင္ ျဖတ္ေလွ်ာက္ေတြရဲ႕ စိတ္ကူးယဥ္ၾကမႈေတြကိုေတာ့ သူတို႔ မထိန္းႏိုင္ၾကပါေပ။သူတို႔ႏွစ္ေယာက္ရဲ႕ ဇာတ္ကားျပင္ပမွ ဆက္ဆံပုံေလးေတြေၾကာင့္ ဇာတ္ကားထုတ္လႊင့္ျပသတဲ့အခ်ိန္ ၾကည့္႐ွဴသူတိုင္းရဲ႕ မ်က္လုံးေတြက သူ႕တို႔ႏွစ္ေယာက္ေပၚမွာသာ အေသတပ္ထားခဲ့ၾကသည္။

သူတို႔ႏွစ္ေယာက္က ၾကည့္ေကာင္းၾကသလို ဇာတ္ကားထဲမွ ဇာတ္ေကာင္ေနရာေတြနဲ႔လည္း အေတာ္ေလးကိုက္သည္။ပြဲၾကည့္ပရိတ္သတ္ေတြမွာ သူ႕တို႔ကိုၾကည့္ရင္း ၾကည့္ရင္း အေတာ္ေလးလိုက္ဖက္တာပဲဆိုတာကို မေတြးမိပဲ မေနႏိုင္ၾကေပ။ပရိတ္သတ္ေတြသည္ သူတို႔ႏွစ္ေယာက္အတြက္ CP ဂ႐ုေတြဖြဲ႕ေပးၾက႐ုံသာမက ‌commentထဲမွာလည္း သူတို႔ ခံစားခ်က္ေတြကို ပို႔စ္ၿပီး ေရးၾကသည္မွာ အျပည့္ပင္။

ထိုေန႔က ထုတ္လႊင့္ျပသသည့္ တီဗီဇာတ္လမ္းတြဲအပိုင္းကလည္း ေနမေကာင္းျဖစ္ေနသည့္ ကြၽမ္း႐ွန္းယန္က မိုးဖြဲေလးေတြက်လာေသာေၾကာင့္ အရိပ္ရသည့္ ေနရာခုံတန္းေလးထဲ ေျပးဝင္ခ်ိန္ က်န္းေဖးနဲ႔ အမွတ္မထင္ တိုက္မိသြား၏။ထိုအခ်ိန္ က်န္းေဖက ကြၽမ္း႐ွန္းယန္ကို လွမ္းဆြဲလိုက္၏။ကြၽမ္း႐ွန္းယန္ကလည္း ျပန္ဆြဲလိုက္မယ္လို႔ ဘယ္သူထင္ထားမွာလဲ။ထို႔ေၾကာင့္ က်န္ေဖးအား သူ႕ရင္ခြင္ထဲ ဆြဲသြင္းလုမိနီးပါးျဖစ္သြားရ၏။ထိုအပိုင္းကိုၾကည့္႐ွဴေနၾကေသာ CPပရိတ္သတ္ေတြကေတာ့ အ႐ူးအမူးေအာ္ၾကေလသည္။

[AHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHH] ဆိုတာေတြကလည္း စခရင္ထက္ အျပည့္ပင္။

[အခ်စ္ဇာတ္လမ္းဆို! အဓိက ဇာတ္ေကာင္က ဇာတ္လိုက္နဲ႔ ဇာတ္လိုက္မဆိုတာ နားလည္ၾကရဲ႕လား! ၾကက္ဥပုပ္CPဖန္မေတြ ပါးစပ္ပိတ္ထားေပးႏိုင္မလား!‌]

က်န္းေဖးနဲ႔ ကြၽမ္း႐ွန္းယန္ရဲ႕ CP ပရိတ္သတ္ေတြက မေက်မနပ္ျဖစ္သြားၾက၏။

[ငါတို႔ဘာသာ မန္႔တာ နင့္ကိုဘာလာထိခိုက္ေနလို႔လဲ! မႀကိဳက္ရင္ ပိတ္ထားလိုက္ေလ!]

ႏွစ္ဖက္လုံးရဲ႕ ရန္ပြဲမီးေတာက္က ေပါက္ကြဲလုမတတ္‌ျဖစ္ေနၿပီး Weiboမွာေရာ ဟစ္တိုင္မွာပါ ဆက္တိုက္ျဖစ္ေနၾကသည္။ေနာက္ဆုံးေတာ့ ခ်န္က်ိဳး CP ပရိတ္သတ္ေလးေတြက အေလ်ာ့ေပးၿပီး တစ္ဆင့္ေလ်ာ့လိုက္ေတာ့သည္။

[မင္းတို႔ဘာသာပတ္ကာေနလည္း ေကာေကာတို႔ႏွစ္ေယာက္ကညီအစ္ကိုေတြပါပဲဟာ။တကယ္လည္း က်န္းေဝေဝနဲ႔က်န္းေဖးက တရားဝင္ေဖာ္ျပထားတာပဲေလ။ဟုတ္ပါတယ္။ဒါႀကီးက မသင့္ေတာ္ဘူး]

ဇာတ္ေကာင္ေတြရဲ႕ ပရိတ္သတ္ေတြသည္ ထိုဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္တဲ့ သ႐ုပ္ေဆာင္ေတြအေပၚ အနည္းနဲ႔အမ်ား ႏွစ္သက္တတ္ၾကသည္။ဒါေပမယ့္ ဇာတ္ေကာင္ကို ပိုႀကိဳက္တာကေတာ့ ပိုႀကိဳက္တာပင္။ထို႔ေၾကာင့္ သူတို႔က သ႐ုပ္ေဆာင္ေတြရဲ႕ ပရိတ္သတ္ေတြလိုမ်ိဳး အမ်ားႀကီး ပူပန္စရာမ႐ွိခဲ့။အခု တကယ့္CPအစ္အေၾကာင္း သတိေပးလာၾကေတာ့ အတင္းႀကီး ရန္လိုက္မမူေနၾကေတာ့ေပ။

သူတို႔ရန္ပြဲေတြၿပီးဆုံးကာမွ က်ိခ်င္းက်ိဳးလည္း စိတ္ခ်မ္းသာေတာ့တယ္။ ဒီေလာက္ပြဲႀကီးပြဲေကာင္းျဖစ္လာလိမ့္မယ္လို႔ သူတစ္ခါမွ မေတြးၾကည့္ဖူးဘူး။ခ်ဴခ်န္နဲ႔သူ႕ရဲ႕ CP ကိုၾကည့္ျပန္ေတာ့လည္း ထိပ္ဆုံးနံပါတ္သုံးေနရာကို ေရာက္ႏွင့္ေနကာ အေတာ္ေလးကို အင္အားႀကီးေန၏။

“အခုမင္းတို႔ႏွစ္ေယာက္မွာ CP ပရိတ္သတ္ေတြအမ်ားႀကီး႐ွိလာၿပီဆိုေတာ့ ဘယ္လိုခံစားရလဲ” ယင္းႏ်န္က သူ႕ကိုေမးလာသည္။

“လန္႔တာေပါ့”

က်ိခ်င္းက်ိဳးက အ႐ွိအ႐ွိတိုင္းျပန္ေျဖသည္။

“အဆင့္တအားျမင့္လို႔ အေတာ္ေလးအံ့ဩသြားရတယ္”

“ဒါပဲလား”

“တစ္ျခားဘာေျပာရဦးမွာလဲ”

ယင္းႏ်န္က သက္ျပင္းခ်ၿပီး အာလူးေခ်ာင္းေၾကာ္ေတြ သူ႕လက္ထဲထည့္ေပးလိုက္သည္။

“စားၾကည့္ခ်င္လား? ဒီတစ္ခုက အခ်ိဳ။အရမ္းအရသာ႐ွိတယ္”

က်ိခ်င္းက်ိဳး နည္းနည္းေလာက္ဆြဲယူလိုက္သည္။ယင္းႏ်န္က သူ က်ိခ်င္းက်ိဳးဆီယူလာတဲ့ အာလူးေၾကာ္အိတ္ႀကီးႏွစ္အိတ္ကား ေမးေငါ့ျပလ်က္-

“ဒါေတြက အကုန္အရသာ႐ွိတယ္။မင္းအရင္စားၾကည့္ၿပီးရင္ ဘယ္တစ္ခုပိုႀကိဳက္လဲ ငါ့ကိုေျပာၾကည့္။ေနာက္တစ္ခါ မင္းဆီလာရင္ ယူလာခဲ့ေပးမယ္”

က်ိခ်င္းက်ိဳးသည္ အေဝးက အာလူးေၾကာ္အိတ္ႀကီးႏွစ္အိတ္ကိုၾကည့္ကာ-

“မင္းအဲ့လိုေတြစားတာ တကယ္ အိုေကရဲ႕လား”

“အိုေကပါတယ္။ငါကမဝဘူးေလ” ယင္းႏ်န္ကျပန္ေျဖသည္။

“ဒါဆိုမ်ားမ်ားဝယ္ခဲ့ေပး”

“ငါဝယ္ခဲ့တာမဟုတ္ဘူး။ဒါလည္း ငါေၾကာ္ျငာေပးရတဲ့ဟာပဲ”

ယင္းႏ်န္သည္ အာလူးေၾကာ္အိတ္ေပၚက ပရင့္ထုတ္ထားသည့္ သူ႕ပုံအား က်ိခ်င္းက်ိဳး ျမင့္ေအာင္ လွည့္ျပလိုက္သည္။

“အဲ့ဘရန္းက ငါ့ဆီပို႔ေပးတာ။ဖာႀကီးႏွစ္ဖာေတာင္မွ။ငါတစ္ေယာက္တည္းသာ အကုန္စားလိုက္လို႔ကေတာ့ အန္ထြက္ေလာက္တယ္”

က်ိခ်င္းက်ိဳးက နည္းနည္းေလးအားက်သြား၏။

“ဘာလို႔ မင္းဘရန္းေတြက အရမ္းရက္ေရာရတာလဲ?မင္းဆီကို ပို႔ေပးၾကတာမွ အမ်ားႀကီးပဲ။ငါ့ကိုက် ဘာမွလည္း မပို႔ေပးၾကဘူး”

ယင္းႏ်န္က ေခါင္းေလးယမ္းလိုက္ကာ-

“ငါလည္း မသိပါဘူး။မင္းနဲ႔ခ်ဴခ်န္ၾကား ဘာေတြျဖစ္ခဲ့တာလဲ မသိသလိုပဲေလ”

“ငါတို႔ဘာမွမျဖစ္ပါဘူး” က်ိခ်င္းက်ိဳးက ျမန္ျမန္ထေျပာလာသည္။

ယင္းႏ်န္မွာ သူ႕ကို အမူမထားသလို စိုက္ၾကည့္လိုက္ရင္း-

“မင္း ငါ့ကို ငတုံးထင္ေနတာလား”

“ဟင့္အင္း”

“ဒါဆို ဘာမွမျဖစ္ပါဘူးဆိုတဲ့ စကားကို ဘာလို႔ ေျပာေနတာလဲ? ငါလည္း ရည္းစားထားဖူးတဲ့သူပါဟ။တစ္ခ်က္ေလးၾကည့္လိုက္တာနဲ႔ ဘယ္ဟာက ညီအစ္ကိုအစစ္၊ဘယ္ဟာက ညီအစ္ကိုေယာင္ေဆာင္ၿပီး ခ်စ္ေနတာလည္း ဆိုတာသိၿပီးသား”

က်ိခ်င္းက်ိဳး : .........

“ငါက ေဖာ္ထုတ္ဖို႔ ပ်င္းေန႐ုံပဲေနာ္။မင္းနဲ႔ခ်ဴခ်န္က ေသြးေဝးညီအစ္ကိုေတြဆိုတာ ငါယုံမယ္ထင္ေနတာပဲ ”

“ဒါဆိုလည္း ဆက္ၿပီး ယုံခ်င္ေယာင္ေဆာင္ေနလို႔မရဘူးလား”

“ရေတာ့ရပါတယ္။ငါက တစ္ခုပဲ ေမးခ်င္တာေလ။မင္းနဲ႔ခ်ဴခ်န္တို႔ဘာျဖစ္ၾကတာလဲ။ငါ့အထင္ မင္းတို႔လမ္းခြဲလိုက္ၾကတာေနမယ္။အဲ့တာေၾကာင့္ မင္းက သူမသိေအာင္ တိတ္တိတ္ေလး အိမ္ေျပာင္းၿပီး သူ႕ကို မေျပာျပခိုင္းတာေနမွာ။ဒါေပမယ့္ ဒီရက္ပိုင္းအတြင္း မင္းပုံစံေတြ၊မင္းအာတာဗ်ဴးက အေျဖေတြ၊ၿပီးေတာ့ မင္းနဲ႔ ခ်ဴခ်န္ရဲ႕ CPစကားဝိုင္းကိုေတာင္ ႐ုပ္တည္ႀကီးနဲ႔ ၾကည့္ေနႏိုင္ေသးတဲ့ မင္းေၾကာင့္  မင္းတို႔ လမ္းခြဲခဲ့တာမဟုတ္ဘဲ ႐ိုး႐ိုးရန္ျဖစ္ၾကတာပဲလို႔ ထင္ေနျပန္ေရာ။ဒါေပမယ့္ အဲ့လိုလည္း မဟုတ္ေသးျပန္ဘူး။ခ်ဴခ်န္လို မင္းကို တအားဂ႐ုစိုက္ေပးတဲ့သူက မင္းဒီကိုေရာက္လာတာျဖင့္ ရက္ပိုင္းေလာက္႐ွိေနၿပီကို အခုထိ တံခါးဝမေရာက္လာေသးဘူးဆိုေတာ့ကာ ဒါ မျဖစ္သင့္ဘူးမလား”

“ငါဒီမွာေနတာ သူ႕ကိုမေျပာျပခဲ့ဘူး”

က်ိခ်င္းက်ိဳး ေျပာလိုက္သည္။

“သူက ငါ့အတြက္ လက္ေထာက္တစ္ေယာက္နဲ႔ ဒါ႐ိုင္ဘာတစ္ေယာက္ ထပ္ျဖည့္ေပးမယ္ေျပာေပမယ့္ ငါျငင္းလိုက္တာ”

“ဘာလို႔လဲ”

“ငါတို႔လမ္းခြဲၿပီးၿပီမို႔ေလ”

“ငါတို႔ ေအးေအးခ်မ္းခ်မ္းလမ္းခြဲခဲ့တာမို႔သူ႕ကို ထပ္ၿပီး ဒုကၡမေပးခ်င္ေတာ့ဘူး”

“လမ္းခြဲရတဲ့အေၾကာင္းရင္းေလးေမးလို႔ရမလားဟင္”

“ေရစက္ကုန္သြားလို႔”

က်ိခ်င္းက်ိဳးက တည္တည္ၿငိမ္ၿငိမ္ ျပန္ေျဖလာသည္။

“အဲ့တာေၾကာင့္ လမ္းခြဲလိုက္တာ”

ယင္းႏ်န္မွာ သူ႕ကိုၾကည့္ရင္း ဘာေျပာေပးရမွန္းမသိခဲ့။သူတစ္ခါကေတာ့ခ်ဴခ်န္နဲ႔က်ိခ်င္းက်ိဳးတို႔ အခ်ိန္အၾကာႀကီးလက္တြဲသြားၾကရဖို႔အတြက္  ေမွ်ာ္လင့္ခဲ့ဖူးပါတယ္။သူလိုခ်င္ေတာင့္တခဲ့ေပမယ့္ မရႏိုင္ခဲ့တဲ့အရာအား က်ိခ်င္းက်ိဳး ေတာ့ ရသင့္တယ္ဟုေတြးၾကည့္တာျဖစ္သည္။အဆုံးသတ္ေတာ့ က်ိခ်င္းက်ိဳးဘဝက သူ႕ဘဝထက္အမ်ားႀကီး အဆင္ေျပေခ်‌ာေမြ႕ခဲ့တာမို႔ ဆက္ၿပီး အဲ့တိုင္းေလးပဲ အဆင္ေျပသင့္တယ္ထင္လို႔ပင္။

ဒါေပမယ့္ အခုက် က်ိခ်င္းက်ိဳးဟာ သူနဲ႔ခ်ဴခ်န္တို႔ ေအးေအးခ်မ္းခ်မ္း လမ္းခြဲလိုက္ၿပီး ေရစက္ကုန္သြားၿပီဟု ေျပာလာခဲ့သည္။

ယင္းႏ်န္ သူ႕ကို ႏွစ္သိမ့္ေပးခ်င္ေပမယ့္ ဘယ္လိုႏွစ္သိမ့္ရမလဲ မသိေတာ့။ဒါမွမဟုတ္ ႏွစ္သိမ့္သင့္လားေတာင္ မသိေတာ့ပါဆိုသလိုမ်ိဳး။အခ်စ္ေၾကာင့္ ေပ်ာ္႐ႊင္မႈ၊ဝမ္းနည္းရမႈေတြကို သူ႕ကိုယ္တိုင္ ခံစားဖူးၿပီးသားျဖစ္၍ တစ္ျခားသူထက္ ကိုယ္တိုင္ခံစားရတဲ့သူသာ ခ်စ္ခြင့္မခ်စ္ခြင့္ ဆုံးျဖတ္ခြင့္႐ွိေလသည္။

ထို႔ေၾကာင့္ သူျပဳံးလိုက္ၿပီး က်ိခ်င္းက်ိဳးကိုေျပာလိုက္သည္။

“ကိစၥမ႐ွိပါဘူးကြာ။ေနာက္ထပ္ ေရစက္အသစ္ေလးနဲ႔ ထပ္ေတြ႕ဦးမွာေပါ့”

ငါလည္းအဲ့လိုျဖစ္ဖို႔ ေမွ်ာ္လင့္ရတာပဲ။က်ိခ်င္းက်ိဳးဘာသာ စိတ္ထဲမွ ေရ႐ြတ္လိုက္သည္။ေလာေလာဆယ္ေတာ့ တစ္ျခားသူတစ္ေယာက္ကို ခ်က္ခ်င္းႀကီး သေဘာမက်ခ်င္ေသးပါ။သူ႕လည္ပင္းမွ ဆြဲႀကိဳးေလးအား ထိခ်င္စိတ္ေပၚလာေပမယ့္  ယင္းႏ်န္ေဘးမွာ ႐ွိေနေသာေၾကာင့္ ျပန္ထိန္းလိုက္မိသည္။

“စကားမစပ္ မင္းလတ္တေလာ ႐ိုက္စရာအခန္းေတြဘာေတြမ႐ွိဘူးလား... မင္းၾကည့္ရတာ တစ္ခ်ိန္လုံး အိမ္မွာလိုလိုခ်ည္းပဲ”သူ ယင္းႏ်န္ကို ေမးလိုက္သည္။

“ငါ့ကုမၸဏီနဲ႔ငါနဲ႔က စာခ်ဳပ္ကုန္ခါနီး ဆိုေတာ့ သူတို႔က ငါ့အတြက္ ဘာမွ မ႐ွာေပးခ်င္ေတာ့ဘူးေလ။႐ိႈးပြဲေတြေတာင္ မေခၚေတာ့ဘူး။ငါလည္း အနားယူခ်င္ေနတာနဲ႔ အေတာ္ပဲျဖစ္သြားတယ္။ေနာက္လအနည္းငယ္ဆို ႐ွီးယြီကို သြားရေတာ့မွာဆိုေတာ့ ငါအလုပ္ေတြအရမ္းမ်ားေနေတာ့မွာ”

“ဟုတ္သားပဲ။ေအးဂ်င့္ေရာရၿပီးၿပီလား”

“အင္း။ဝမ္ခ်ီတဲ့ မဆိုးပါဘူး။ငါေတာ့ မင္းကို ေက်းဇူးတင္လြန္းလို႔ ညစာလိုက္ေကြၽးသင့္ေနၿပီထင္တယ္”

“ထပ္စားရဦးမွာလား? ဟိုရက္ကတင္ မင္း ငါ့ကို ညစာဖိတ္ေကြၽးထားတာမဟုတ္ဘူးလား”

က်ိခ်င္းက်ိဳးမွာ သူဒီကို ေရာက္လာၿပီးကတည္းက ယင္းႏ်န္သည္ သူ႕လက္ရာအသစ္ေတြကို ျမည္းစမ္းမဲ့သူ ေပၚလာသလိုမ်ိဳး ညစာခ်ည္းဖိတ္ေကြၽးေနေတာ့တာျဖစ္ေၾကာင္းခံစားလာရ၏။

“ဒီတစ္ခါေရာ ဘာခ်က္ေကြၽးမွာလဲ”

“ငါမေန႔က ျပင္သစ္စာနည္းနည္းေလ့လာခဲ့ေသးတယ္။ဒီတစ္ခါ မင္းကို ခ်က္ေကြၽးမို႔ သင္ၾကည့္ခဲ့တာေလ။မင္းငါ့အိမ္လိုက္ခဲ့ခ်ည္။႐ွယ္ခ်က္ေကြၽးမယ္။ငါ့ကိုယ္ငါ အဲ့နယ္ပယ္မွာ အရမ္းပါရမီပါတယ္လို႔ ထင္တယ္သိလား။ဟင္းခ်က္ျခင္းကမွ တကယ့္စစ္မွန္ျခင္းပဲ။မင္းမယုံရင္ စမ္းၾကည့္ၾကည့္”

က်ိခ်င္းက်ိဳးရယ္လိုက္သည္။

“ေကာင္းပါၿပီ။မာစတာႀကီးရဲ႕လက္ရာကို စမ္းၾကည့္ပါ့မယ္။မင္း သ႐ုပ္ေဆာင္မလုပ္ေတာ့ရင္ စားေသာက္ဆိုင္ဖြင့္လို႔ရသားပဲေနာ္”

“ဒါဆို ငါတို႔စပ္တူလုပ္ၾကမယ္ေလ။အရင္းအႏွီးတစ္ေယာက္တစ္ဝက္ထည့္ၿပီး ရတာေဝယူၾကမယ္”

“အၾကံေကာင္းပဲ။စဥ္းစားထားမွရေတာ့မယ္”

သူတို႔ႏွစ္ေယာက္ စကားေျပာေနၾကစဥ္ က်ိခ်င္းက်ိဳးရဲ႕ WeChatကထျမည္လာသည္။သူ ထုတ္ၾကည့္လိုက္စဥ္ က်ိဳးခ်န္ဖုန္းထံမွ ပို႔လာျခင္းျဖစ္ေန၏။

{ငါ ဇာတ္ၫႊန္းတစ္ခု မင္း mailboxကို ပို႔ထားတယ္။တစ္ခ်က္ေလာက္ဝင္ၾကည့္ၾကည့္။မင္းလက္ခံႏိုင္လိမ့္မယ္လို႔ ငါထင္တယ္}

က်ိခ်င္းက်ိဳး ကျပန္ပို႔လိုက္သည္။

{ေကာင္းသားပဲ}

သူက ယင္းႏ်န္ကို လွမ္းၾကည့္လိုက္ရင္း-

“ငါ မၾကာခင္ ႐ုပ္႐ွင္ကား႐ိုက္ရေလာက္တယ္”

လတ္တေလာ၌ 《ခ်စ္သူ႕ကဗ်ာမ်ားမွျမတ္ႏိုးေသာစာမ်က္ႏွာ》ရဲ႕ ေက်ာ္ၾကားမႈေၾကာင့္ သူ႕ေက်ာ္ၾကားမႈပါ တစ္႐ွိန္ထိုးတက္လာၿပီး ႐ိုက္ကူးေရးအဖြဲ႕ အမ်ားအျပားမွ ေစ့စပ္ကမ္းလွမ္းလာခဲ့ၾကေပမယ့္ ဇာတ္ၫႊန္ကို မႀကိဳက္ေသာေၾကာင့္ လက္မခံျဖစ္ခဲ့ပါ။အခု က်ိဳးခ်န္ဖုန္းက သူသေဘာက်ႏိုင္တယ္လို႔ေျပာလာ၍ ဇာတ္ၫႊန္းေရာ ထုတ္လုပ္ေရးအသင္းပါ တကယ္အဆင္ေျပတာျဖစ္ရမည္။

“ဒါေတာ့သိပ္မေကာင္းဘူးေနာ္။သ႐ုပ္ေဆာင္တစ္ေယာက္ရဲ႕ဘဝက အလုပ္ေတြနဲ႔ပဲ လုံးလည္ခ်ာလည္လိုက္ေနတာ” ယင္းႏ်န္က ေျပာလာသည္။

“အမ္း”

ဘာျဖစ္ျဖစ္ က်ိခ်င္းက်ိဳးကေတာ့ ႐ိုက္ကူးေရးသြားရေတာ့မွာျဖစ္၍ မသြားခင္ေလး ဝမ္ဖန္းဆီသြားေတြ႕ကာသူမ စိတ္သက္သာရာရေအာင္ သူ လတ္တေလာ ႐ိုက္ရမယ့္ ဇာတ္ကားအေၾကာင္း ေျပာျပရမည္ဟု ေတြးထားလိုက္သည္။

################

ရန္ျဖစ္ၾကတာက ေခါင္းေဆာင္မင္းသမီးပရိတ္သတ္နဲ႔ ခ်ဴခ်န္ပရိတ္သတ္ေတြရန္ျဖစ္တာပါ။
ေခါင္းေဆာင္မင္းသမီး = က်န္းေဝေဝ
က်ိခ်င္းက်ိဳး = က်န္းေဖး
ခ်ဴခ်န္ = ကြၽမ္း႐ွန္းယန္

မမွတ္မိၾကမွာစိုးလို႔😂😂

ခ်ဴခ်န္နဲ႔က်ိဳးက်ိဳးတို႔မွာ ဘယ္သူပိုရင့္က်က္လဲ ေပၚလာပါၿပီ။ အေဖက ဝမ္းနည္းေနတဲ့အခ်ိန္ သားေလးက အာလူးေခ်ာင္းေၾကာ္စားၿပီး သူငယ္ခ်င္းေတြေပ်ာ္ေနသတဲ့။ကဲ ဘယ္သူ ပိုရင့္က်က္လဲ😂

Double update ေနာ္ အရမ္းဖတ္ခ်င္ေနၾကတယ္ေျပာလို႔။အလိုလိုက္ေပးတာ။ေခ်ာကလက္ ေပးမယ့္လူမ႐ွိတဲ့သူေတြအတြက္သီးသန္႔။ဘာလို႔ဆို ကြၽန္မမွာလည္း မ႐ွိလို႔ေလ😂😂😂

ကြၽန္မကိုေခ်ာကလက္လာေကြၽးခ်င္လည္းရတယ္သိလား။ဖုန္းေဘလက္ေဆာင္ေပးလိုက္။ကိုယ္က ေခ်ာကလက္ထက္ ဖုန္းေဘကို ပိုမက္တဲ့ အဖြဲ႕ကပါ( လက္ေဆာင္ေတာင္းရတာမ်က္ႏွာေတြပူတယ္) မေပးလည္းရတယ္ေနာ္ ဒီတိုင္းပဲေျပာတာမို႔ ။ အေပ်ာ္အေပ်ာ္😶ေပးခ်င္ရင္ private message ကိုလာခဲ့ပါအဟိ😂😂😂

အဟမ္း ေနာက္တစ္ပိုင္းက ရင္ခုန္စရာႀကီး....ေတြ႕ၾကေတာ့မွာသိလား....မနက္ျဖန္ထိေစာင့္ၾကေနာ္

Good Night par♥️

ဖတ္ေပး၊Vote ၊comment ေတြေပးတဲ့ သဲေလးတို႔ ေရေက်းဇူးပါ။ကိုယ္တကယ္အားတက္ရပါတယ္♥️

#################

Continue Reading

You'll Also Like

865K 9.2K 100
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
196K 33.1K 89
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
429K 22.5K 49
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
3.4M 217K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်