Unicode
ယောက်ရှိုးယွမ်နဲ့ရှောက်ရုံကတော့ သူ့ကို လက်ခုပ်ဩဘာတွေပေးပြီး ချီးကျူးလိုက်ချင်တော့သည်။ဟုတ်ပ....သူတို့တစ်ချိန်လုံး နားထောင်ပြီးတည်းက ဒီမေးခွန်းကိုမေးချင်နေတာ။
ချူချန်က အလန့်တကြားသူ့ကိုကြည့်လာသည်။
“မင်းဘာပေါက်ကရတွေပြောနေတာလဲ?”
“မင်း သူ့ကိုမကြိုက်ရင် ဘာလို့ သူ့ကို စိတ်ပူပေးမှာလဲ? အခုလည်းမင်းစိတ်ပူတာတွေကို သူလက်မခံလို့ဆိုပြီး စိတ်ဓာတ်ကျနေတာ လေ”
“အမှန်ပဲဘရို”
ယောက်ရှိုးယွမ်ကထောက်ခံလာသည်။
“သူ့ကိုကောင်းစေချင်တဲ့ မင်းရဲ့မေတ္တာတရားတွေကိုပဲ မြင်မနေနဲ့။မင်းက သူလက်ခံသင့်တယ်လို့ကို တွေးနေတာ။ဒါပေမယ့် သူလည်းလက်မခံရော မင်း သူ့ကိုအတင်းလက်ခံစေချင်နေတာမလား”
“ပြီးတော့လေ....”
ရှောက်ရုံကဖြည့်ပြောလာသည်။
“အဲ့တုန်းက ခံစားချက်အကြောင်းတွေမပြောဖို့ မင်းတို့သဘောတူခဲ့ကြတာမလား။လမ်းခွဲပြီးရင်လည်း မငြိရကြေးဆို။အခုကျိချင်းကျိုးက ပြည့်ပြည့်စုံစုံလုပ်ပြသွားပြီ။သူထွက်သွားရုံပဲထွက်သွားပြီး မင်းပစ္စည်းတွေကိုမလိုချင်ခဲ့ဘူး။မင်းကိုလည်း လာမငြိဘူး။ကုန်ကုန်ပြောရရင်ကွာ မင်းရဲ့ဂရုစိုက်မှုတွေကိုတောင် သူမလိုအပ်တော့ဘူး။မင်းကျေနပ်သင့်နေတာမဟုတ်ဘူးလား”
ချူချန်သည် သူတို့သုံးယောက်ကိုကြည့်၍ ဆွံအစွာကြည့်လိုက်သည်။
“မင်းတို့ဘာတွေတွေးနေတာလဲ? ငါက ငါတို့လမ်းခွဲသွားရင်တောင် သူငယ်ချင်းဖြစ်နိုင်သေးတယ်ထင်လို့ သူကိုလည်း ဂရုစိုက်လို့ရသေးတယ်ထင်လို့ပါ။သူ့ ငါ့ကို အဲ့လောက်ထိ တွန်းထုတ်နေစရာမလိုပါဘူး”
ယောက်ရှိုးယွမ်တစ်ယောက် ချောင်းထဆိုးလာသည်။
“ထားလိုက်တော့.... ထားလိုက်တော့.....အားချန်ရဲ့ အတွေးတွေကကို ပြဿနာဖြစ်နေတာ။မင်း ငါ့ကိုကျ ဘာလို့ ဂရုမစိုက်ပေးချင်တာလဲ။ငါတို့လည်း သူငယ်ချင်းတွေပဲဟာ”
ချူချန်က နှာခေါင်းရှုံ့သည်။
“မင်းကို? မင်းကို ဂရုစိုက်ပေးစရာလိုလို့လား? မင်းမှာ ငါစိတ်ပူပေးစရာဘာအကြောင်းမှာရှိမနေဘူးလေ”
“ဒါဆိုကွာ...ဒီလောကကြီးထဲမှာ ပိုက်ဆံမရှိအာဏာမရှိတဲ့လူတွေမှ အများကြီး။တစ်ခြားသူတွေအပေါ် မင်းအဲ့လောက်ဂရုစိုက်ပေးတာ ငါတစ်ခါမှ မမြင်ဖူးဘူး”
“အဲ့ဒါက ငါမှ သူတို့ကိုမသိတာ။ကျိချင်းကျိုးနဲ့ကျ တစ်နှစ်တောင် အတူရှိခဲ့ကြတာလေ။ပြီးတော့ နေ့တိုင်း တစ်အိပ်ရာတည်း အိပ်ခဲ့ကြတာ။မင်းတို့တောင် အိမ်မွေးတိရိစ္ဆာန်တစ်ကောင်တစ်နှစ်လောက်မွေးပြီးတာနဲ့ သံယောဇဉ်တွယ်ကြတာပဲကို သူ့တစ်ယောက်တည်းလွှတ်ထားလိုက်ရမှာလား”
“ဟ လွှတ်ပေးသင့်တဲ့အချိန်ရောက်နေပြီလေ”
ချင်းရွှယ်က တည်တည်ငြိမ်ငြိမ်ထပြောသည်။
“ငါတော့ ကျိချင်းကျိုး လုပ်သွားတာမှန်တယ်ထင်တာပဲ။ဒါပေမယ့် လိုက်ငြိနေတဲ့လူက မင်းဖြစ်နေတာ။ကိုယ့်ကိုကိုယ်လည်း ကြည့်ဦး။ ပိန်လှီဖြူလျော်နေပြီ”
ချူချန်မှာ မယုံနိုင်သလိုမျိုး ချင်းရွှယ်အားကြည့်၍-
“မင်း သူ့လူကိုယ့်ဘက်သားလုပ်နေတာလား? ကျိချင်းကျိုးဘက်ကလိုမျိုး ပုံလာဖမ်းနေတယ်”
ချင်းရွှယ်သည် သူ့ကိုကြည့်၍ စကားတောင်ပြောမထွက်တော့။
“ငါမေးပါရစေဦး...ကျိချင်းကျိုးဘက်က မင်းစိတ်ပူပေးတာတွေကို ငြင်းသာမငြင်းရင် ဘယ်အချိန်ထိ ဂရုစိုက်ပေးသွားမယ်တွေးထားလဲ”
“အခြေအနေပေါ်မူတည်တာပေါ့”
“ဘာအခြေအနေလဲ? သူ့အသက်ငယ်ငယ်လေးပဲ ရှိသေးတာကို မင်းလည်း သိပါတယ်။အဲ့တာကြောင့်မင်းက သူ့အပေါ် ဘာအကျိုးသက်ရောက်မှုတွေရှိလာနိုင်မလဲဆိုတာ တွေးပေးရမယ်လေ ”
“ငါကသူ့ပေါ် ဘာအကျိုးသက်ရောက်စေနိုင်မှာတဲ့လဲ”
ချင်းရွှယ်မှာ တစ်ဖက်လူက သူ့ကိုယ်သူ ရှင်းရှင်းလင်းလင်း နားမလည်ဘူးလို့ ခံစားနေရသည်။
“မင်းရဲ့အခြေအနေကို မင်းကောင်းကောင်းသိသလို ကျိချင်းကျိုးလည်း ကောင်းကောင်းသိတယ်။မင်း သူ့ကို လုံးဝဂရုစိုက်ပေးနိုင်တယ်ကွာ။ဒါပေမယ့် မင်းက တစ်ဖက်က သူ့ကို ဂရုစိုက်ပေးပြီး တစ်ဖက်ကတော့ မင်းတို့က သူငယ်ချင်းပါပဲလို့ပြောနေတယ်။တကယ်လို့ ကျိချင်းကျိုးသာ မင်းကို သဘောကျနေတာဆို သူ့အတွက်ရော? မင်းသူ့ကိုပြန်ကြိုက်ပေးမှာလား? သူနဲ့ တစ်သက်လုံးရှိပေးနိုင်လား? အဲ့ဒါတွေ တွေးကြည့်ပြီးပြီလား?”
ချူချန်မှာ ကြောင်အနေလျက်။
ချင်းရွှယ်ကဆက်ပြောလာသည်။
“မင်းမှန်ပါတယ်။သူက ဘွဲရပြီးရုံပဲရှိသေးတယ်။နောက်ပိုင်းလူတွေအများကြီးနဲ့တွေ့ရဦးမှာ။သူ့မှာ ကျောင်းပြီးပြီးချင်း မင်းနဲ့တွေ့လိုက်ရတယ်လေ။ဒီလောကကြီးမှာ လူဘယ်နှစ်ယောက်ကများ မင်းထက် သူ့ပေါ်ပိုကောင်းပေးနိုင်မှာလဲ? ငါတို့အုပ်စုက တစ်ဦးချင်းစီကို အောင်မြင်မှုရပြီးသားသူတွေလို့ပြောလို့ရတာတောင် မင်းက ငါ့တို့အထက်မှာရှိနေတာ။မင်းကချမ်းသာတယ်။ချောတယ်။ပြီးတော့ သူ့ကိုလည်း ကောင်းကောင်းဆက်ဆံပေးတတ်သေးတယ်။နေ့တိုင်း မင်းရဲ့စောင့်ရှောက်မှုအောက်မှာနေခဲ့ရတဲ့သူကနောက်ပိုင်း တစ်ခြားသူနဲ့ ဘယ်လိုချစ်မိသွားနိုင်ပါ့မလဲ? သူလည်းလူတစ်ယောက်ပါ။မင်းနဲ့ တစ်ခြားသူတွေကို နှိုင်းယှဉ်တတ်တယ်။ရုပ်ရည်၊အာဏာ၊ပိုက်ဆံ။အားလုံးပဲ။တစ်ခြားသူတွေ သူ့ပေါ်ဘယ်လောက်ပဲ ကောင်းပေးနိုင်တယ်ဆိုဆို။အကုန်လုံးခြုံငုံကြည့်ရင် မင်း သူနဲ့ မရှိတာက မရှိတာပဲ။ဒါ့ပြင် မင်းက သူ့ကိုသွားခိုင်းပြီး တစ်ခြားသူတစ်ယောက်နဲ့ အတူရှိဖို့ပြောနေတာတွေက ရက်စက်လွန်းတယ်မထင်ဘူးလား”
“မင်းပစ္စည်းတွေကို သူမယူသွားဘူး။မင်းစိတ်ပူတာတွေလက်မခံဘူး။မင်းကာကွယ်ပေးနေတာတွေကို ငြင်းဆန်နေတယ်။အဲ့အပြင် မင်းဘဝနဲ့မင်းဘာသာရှင်သန်ပါလို့သူကပြောတယ်။ဒါ ဘာမှားနေလို့လဲ? မင်းတို့ အစတည်းက အဲ့လိုပဲ သဘောတူခဲ့ကြတာမဟုတ်ဘူးလား?သူဘယ်လိုဖြစ်ပေးမှလဲ? မင်းဘာလို့ အခုထိ မကျေမနပ်ဖြစ်နေသေးတာလဲ? ခြေလှမ်းတစ်သောင်းလောက်နောက်ပြန်ဆုတ်ရင်တောင် သူဒီလိုမှ မလုပ်ရင် တစ်ခြားဘာလုပ်နိုင်မှာလဲ? အားချန်...မင်းကစားချင်တဲ့အချိန်ကစားခွင့်ရှိပေမယ့် သူကတော့မင်းနဲ့လိုက်မကစားပေးနိုင်ဘူး။ဘာလို့ဆို သူက သာမန်လူမို့လို့ပဲ။မင်းက သူစိတ်ကူးယဉ်လို့ရအောင် လှေကားထောင်ပေမယ့် သူကတော့ သူ့တစ်ဘဝလုံး စိတ်ကူးတွေနဲ့ပဲ မရှင်သန်နိုင်လို့ ဒီနည်းလမ်းနဲ့ပဲ သူ့ကိုယ်သူ ကာကွယ်သွားတာ”
“မင်း သူ့အကြောင်းကို တကယ်စဉ်းစားပေးပြီး တစ်ခြားသူကို သူသဘောကျသွားစေချင်တယ်ဆိုရင် သူ့ဘဝထဲကို ဝင်မရှုပ်ဘဲ သူနဲ့ ဝေးဝေးနေလိုက်ပါ။နောက်ဆုံး မင်းသူ့ကိုကူညီရင်တောင် လျှို့ဝှက်လုပ်ပြီး သူမသိသွားစေနဲ့ကွာ။အဲ့လိုမှ မဟုတ်ရင် မင်းကိုယ်မင်းပြန်မေးကြည့်ကြည့်...မင်းသူ့ကိုသဘောကျလား? သူ့ကိုသဘောကျချင်စိတ်ရှိလား။တကယ်လို့ သူ မင်းကို ပြန်သဘောကျရင်ရော မင်း သူနဲ့ရှိပေးနိုင်မလား”
ချူချန်မှာ စကားမပြောဘဲ ချင်းရွှယ်ကိုကြည့်၍ အခုချိန်မှာ ဘယ်လိုစကားမျိုး ပြောရမလဲ မသိခဲ့ပေ။
ထိုအချိန်၌ ယွီအန်းမင်ရောက်လာသည်။သူတံခါးဖွင့်လိုက်တဲ့အချိန် တစ်ခန်းလုံး တိန်ဆိတ်နေသဖြင့် သိချင်စိတ်တွေဖြစ်သွားရ၏။
“မင်းတို့ဘာဖြစ်နေကြတာလဲ? အရမ်းတွေတိတ်ဆိတ်နေတာပဲနော်”
“အားချန်က သူ့ဘဝအကြောင်း တစ်စေ့တစ်စောင်းတွေးနေတာ” ယောက်ရှိုးယွမ်ကဖြေသည်။
“သူကဘယ်လိုဘဝအကြောင်းတွေတွေးနေတာတုန်း” ယွီအန်းမင်ကလည်း စပ်စပ်စုစု။
“သူကျိချင်းကျိုးကို ကြိုက်တာလား? ကြိုက်ချင်နေတာလား? တကယ်လို့ ကျိချင်းကျိုးက သူ့ကိုကြိုက်ရင်ရော ကျိချင်းကျိုးနဲ့ ရှိနေနိုင်လားဆိုတာတွေ စဉ်းစားနေတာ”
ထိုစကားကြားတော့ ယွီအန်းမင်မှာ ချူချန်ထံ တအံ့တဩ ကြည့်လာ၏။
“မင်း သူ့ကိုကြိုက်နေတာ ကြာပြီမဟုတ်ဘူးလား”
ချူချန်မှာ အထိတ်တလန့်တွေဖြစ်လျက်။
“မင်းဘာမဟုတ်တာတွေပြောနေတာလဲ!”
“မင်းသူ့ကိုမကြိုက်ဘူး?”
ယွီအန်းမင်ကတော့ သူမှန်တယ်ပဲခံစားရစွာ-
“မင်းသူ့ကိုအရမ်းသဘောကျနေတာလို့ ထင်ထားတာကွ”
“ငါ သူ့ကိုကြိုက်တာက ကိုယ့်အချစ်လေးကို ကိုယ်ကြိုက်တာလိုပဲလေ”
ယွီအန်းမင်က ထရယ်လာသည်။
“ငါဝက်သားမစားဖူးပေမယ့် ဝက်ပြေးတာတော့ မြင်ဖူးပါတယ်ကွ။ဒါပေမယ့် ငါမြင်ဖူးတဲ့ ဘယ်ဝက်မှ ဒီလိုမပြေးဘူး”
ချူချန် :...........
“ဒါ့ပြင်”
ယွီအန်းမင်က ဆက်ပြောလာသည်။
“ငါတော့ မင်း ရှောင်ကျိနဲ့ အတူရှိတာကို လက်မခံနိုင်ဘူးလို့ မထင်ပါဘူး။မင်းတို့ တစ်နှစ်လုံးတောင် အတူတူရှိခဲ့ကြတာပဲမလား။ဒီနှစ်အတွင်းမင်း ငါတို့နဲ့ ပါတီလုပ်တာတွေနည်းလာတယ်ဆိုတာ သတိမထားမိဘူးလား? မင်းအပြင်ထွက်လာတဲ့ အချိန်အများစုက ရှောင်ကျိ မင်းဘေးမှာ မရှိမှပဲ။ရှောင်ကျိ မင်းဘေးမှာ ရှိနေလို့ကတော့ မင်း သူနဲ့ပဲ အိမ်မှာ အမြဲနေနေတာလေ”
“အဲ့.....အဲ့လိုလား” ချူချန် သတိမမူခဲ့မိပါပေ။
ယွီအန်းမင်က ခေါင်းညိမ့်သည်။
“မင်း သူ့ကို အရမ်းသဘောကျနေပြီလို့ ငါထင်ထားတာ။ငါ သူ့ကို အများကြီးမတွေ့ဖူးပေမယ့် မင်း သူ့ကို အပြင်ခေါ်ထုတ်လာတဲ့အချိန်တိုင်း မင်းက အရမ်းလိုက်လျောပေးလွန်းတယ်။ရိုးရိုးသားသားပြောရရင် စာချုပ်ဆက်ဆံရေးထက်ပိုတဲ့ ဆက်ဆံရေးမျိုးလိုပဲကွာ။အန်းယီလို အာရုံထက်တဲ့သူတောင် သံသယမဝင်ဘူး။ငါတို့က မင်းတို့တွဲနေကြတာကြာပြီလိုတောင် ထင်နေပေမယ့် မင်းက ရေငုံနှုတ်ပိတ်ပြီး ငါတို့ကို မပြောပြခဲ့ဘူး။အခု စာချုပ်ကုန်မှပဲ အမှန်လာပြင်ပေးတော့တယ်နော်”
ချူချန်မယုံကြည်နိုင်ခဲ့ပါပေ။
“ငါ တကယ်မဟုတ်ခဲ့ဘူး”
“ဒါဆိုလည်း အခုတွေးကြည့်ကြည့်”
တွေးရမယ်......သူဘာတွေးရမှာလဲ? ကျိချင်းကျိုးကို သဘောကျနေလားဆိုတာတွေးရမှာလား? ချူချန်မှာ ငေးကြောင်ကြောင်လေးနှင့် ဒီမေးခွန်းကို သူအရင်က တစ်ခါမှ မတွေးကြည့်ခဲ့ဖူးပါ။
“သူက ငါ့ ideal type မဟုတ်ဘူး။ငါကြိုက်တဲ့ ပုံမျိုးက အရမ်းလူမကပ်လွန်းရဘူး။ကိုယ့်ကိုကိုယ်စောင့်ရှောက်နိုင်ရမယ်။ကိုယ်ပိုင်လုပ်ငန်းရှိရမယ်။စာရေးနိုင်ရမယ်။စာပေပညာရှင်ဖြစ်ရမယ်”
“မင်းအကြောင်းမင်းပြောနေတာလား”
ယောက်ရှိုးယွမ်ကမေးလာသည်။
“မင်းက Narcissus ရော daffodilရောဖြစ်ချင်နေတာလား”
“ဘယ်လိုလုပ် ငါ့ကိုယ်ငါပြောတယ်ဖြစ်ရမှာလဲ?”
ချူချန်မှာ ပဟေဋိဖြစ်နေ၏။
“ဒါက ငါသဘောကျမယ်ထင်တဲ့ ငါ့ ideal typeပဲ”
“ဪ....မင်း စင်ဂယ်လ်ဖြစ်နေတာ မအံ့ဩတော့ဘူး။မင်းကိုယ်မင်း လိုက်ရှာနေမှတော့ ရှာရခက်မနေဘူးလား။တစ်ခြားသူကို မကပ်ရဘူး။ကိုယ့်ကိုကိုယ်စောင့်ရှောက်နိုင်ရမယ်။ကိုယ်ပိုင် လုပ်ငန်းရှိရမယ်။စာရေးနိုင်ရမယ်။စာပေပညာရှင်ဖြစ်ရမယ်။ဘယ်တစ်ခုက မင်းနဲ့ မတူနေလို့လဲ? မင်းဘာတွေတွေးနေတာလဲဟမ်”
ချူချန် : .........
ရှောက်ရုံ သူ့ကိုကြည့်လိုက်ကာ-
“မင်းတကယ် အဲ့လိုပုံစံကြိုက်တယ်ဆို ငါနဲ့အတော်လေးကိုက်ညီတယ်လို့ထင်တယ်။အားချန် ... မင်း ငါ့ကို ကြိုက်လားဟင်”
“ငါက မင်းလို ကလက်တက်တက်ပုံတွေမကြိုက်ဘူး” ချူချန်ကပြန်ဖြေသည်။
“ချင်းရွှယ်၊အန်းမင်းတို့ကတော့ ကလက်တက်တက်ပုံတွေမဟုတ်ဘူးနော်။မင်းရဲ့လိုအပ်ချက်တွေနဲ့လည်း ကိုက်ညီသေးတယ်”
ချူချန် : ............
“မဟုတ်လည်း...င့ါကိုကြိုက်လိုက်ပါလား?”
ယောက်ရှိုးယွမ်က အရှက်မဲ့စွာမေးလာသည်။
“ငါ မကလက်တတ်သလို ဟာသတွေအများကြီးလည်းပြောတတ်သေးတယ်”
ချူချန် : .........
ချူချန်ရဲ့ideal typeကြီးလည်း ဒီနေ့မှာတော့ အပြီးတိုင် ကြေမွသွားခဲ့လေတော့သည်။
အဲ့ညက ချူချန်တစ်ယောက် အလွန်နောက်ကျမှ ပြန်လာခဲ့သည်။လတ်တလောတွင် သူအိမ်ပြန်ရမှာကို ပိုပိုပြီးတွန့်ဆုတ်လာမိသည်မှာ အမြဲပင်။သူအိမ်ပြန်ပြီး အခန်းလွတ်ကို မြင်လိုက်ရတိုင်း နေ့တိုင်း လိုလိုကိုယ့်အားကိုယ်ကိုးချင်နေပါသော သားသမီးဝတ္တရာမကျေပွန်သည့် သားစုတ် ကျိချင်းကျိုးကို တွေးမိသည်မှာ မလွဲဧကန်။ချူချန်နားမလည်နိုင်တော့ပါ။ကိုယ့်အားကိုယ်ကိုးတာ ဘာတွေများ ကောင်းနေလို့လဲ? သူ မမှီခိုချင်ရင်တောင် ဒီပါးပါးရဲ့ စိုးရိမ်မှုတွေကို လက်မခံမှ ဖြစ်မှာလား။ဒီလူအိုကြီး စိတ်ဆင်းရဲမှဖြစ်မှာလား။သူ သူ့ကို ဆိုးကျိုးမဖြစ်စေခဲ့ပါဘူးနော်။သည်အချိန်မှာ ချူချန်တစ်ယောက်သည် သူ့ ideal type က ကိုယ့်ကိုကိုယ် စောင့်ရှောက်နိုင်ပြီး လူမကပ်တတ်ရဘူးဆိုတာကို မမှတ်မိပါတော့ချေ။
ချူချန် သက်ပြင်းချလိုက်ပြီး မသိစိတ်ကတော့ သူတစ်လမ်းလုံးတွေးလာပါသော ကျိချင်းကျိုးကို ကြိုက်လားဆိုတဲ့ မေးခွန်းအား ပြန်တွေးမိသွားပြန်သည်။
သူ တံခါးဖွင့်ဝင်လိုက်ပြီး မီးတွေဖွင့်လိုက်သည်။အဖြူရောင်အလင်းတန်းက နွေးထွေးစွာထွက်ပေါ်လာပြီး ထောင့်စွန်း ပတ်ပတ်လည်လည်တိုင်းကို ခပ်ဖျော့ဖျော့ ဝန်းရံထားကာ အေးချမ်းတိတ်ဆိတ်သည့်အသွင်ဆောင်နေသည်။သူကတော့ သူ့အခန်းကိုကြည့်လိုက်ချိန်တိုင်း ဗလာသက်သက်ကြီးနဲ့ ဟာလာဟင်းလင်းဖြစ်နေသလိုပါပင်။မီးတွေပြန်ပိတ်လိုက်ချေတော့သည်။ထို့နောက် အိပ်ခန်းထဲ ဖြည်းဖြည်းချင်း လျှောက်ဝင်သွားလိုက်၏။
တကယ်တော့ ချူချန်အတွက် ဒီအိမ်က မကြီးပါချေ။စတုရန်း၁၅၀မီတာရှိပြီး အခန်းလေးခန်းနဲ့ ဧည့်ခန်းတစ်ခုပါသည်။သူ ပထမနှစ်ကျောင်းသားဘဝတုန်းက မန့်ရှဲန်းနဲ့ စီးပွားရေးစလုပ်ဖြစ်တဲ့ အချိန်အတော်အတွင်း အိမ်ကနေထွက်ပြီး ဒီနေရာကို ငှားလိုက်တာဖြစ်သည်။
ချူချန် ဒီအိမ်ကို ဝယ်ချိန်တုန်းကတော့ ဒီအိမ်က တစ်ယောက်တည်းနေဖို့အတွက် အလွန်သင့်တော်တယ်ဟု ခံစားခဲ့ရသည်။အဲ့တုန်းက သူငယ်ငယ်လေးပဲ ရှိသေးသလို ပေါ့ပြက်ပြက်နဲ့ ရည်မှန်းချက်တွေနောက်ကို ထိန်းမနိုင်သိမ်းမရစွာလိုက်ခဲ့သည်။သူ့မိဘတွေခွင့်ပြုချက်ပေးတာနဲ့ မားတို့ပေးတဲ့ အိမ်မှာတောင်မနေဘဲ ကိုယ့်ဘာသာ အိမ်ဝယ်ခဲ့သည်။ဒီလိုနည်းနဲ့ သူ့ကိုယ်သူ စောင့်ရှောက်နိုင်တယ်ဆိုပြီးတွေးခဲ့သည်။ နောက်ပိုင်း ကျိချင်းကျိုး သူ့ဆီပြောင်းလာတော့ ဒီအခန်းက လူနှစ်ယောက်နေဖို့အတွက် အရမ်းသင့်တော်တာပဲဟု သူထင်ခဲ့သည်။သူတို့ ဘယ်အချိန်မဆို တစ်ယောက်နဲ့ တစ်ယောက်တွေ့နိုင်သည်။အတူတူရုပ်ရှင်တွေကြည့်နိုင်သည်။တူတူဂိမ်းကစားတာတို့ ဟင်းချက်စားတာတို့ လုပ်နိုင်သည်။ဒီအိမ်က အရမ်းကို အဆင်ပြေပြီး နွေးထွေးလွန်းကာ နေရထိုင်ရတာ သက်သောင့်သက်သာ ရှိလွန်းသည်ဟု ချူချန် ထင်ခဲ့သည်။
ဒါပေမယ့် အခု ကျိချင်းကျိုး ပြောင်းသွားပြီးတော့ ဒီအိမ်က လူတစ်ယောက်အတွက်ရော နှစ်ယောက်အတွက်ပါ အဆင်မပြေဘူးလို့ ခံစားရပြန်သည်။တစ်ယောက်တည်းနေဖို့ကျ အထီးကျန်တယ်။နှစ်ယောက် နေဖို့ကျ.....နှစ်ယောက်နေရအောင် သူက ဘယ်သူနဲ့ သွားနေရမှာလဲ? သူ့အနာဂတ်ချစ်သူနဲ့လား?
ချူချန် ရုတ်တရက်ကြီး စိတ်ရှုပ်လာသည်။နောက်ပိုင်း သူချစ်သူရလာလို့ သူ့ချစ်သူက ဒီအိမ်ကိုပြောင်းလာပြီဆိုပါစို့။သူ့ချစ်သူကို ဘယ်လို မိတ်ဆက်ပေးရမလဲ။.......“ဒါက မီးဖိုခန်းလေ။ငါတော့ သိပ်မသုံးဖြစ်ဘူး။ဘာလို့လဲဆိုတော့ ငါက ဟင်းချက်ရတာ မကြိုက်ဘူးလေ။ဒါပေမယ့် ဒီမှာနေခဲ့ဖူးတဲ့ လူကတော့ မကြာခဏသုံးဖြစ်တယ်။သူက အရမ်းဟင်းချက်တော်တာ။အရမ်းလည်း တက်ကြွသေး။သူကလေ ငါ့အတွက်ဆိုပြီး အသီးလေးတွေကို ပုံစံအမျိုးမျိုး ဖော်ပြီး လှီးပေးတတ်တဲ့အပြင် ဟင်းတွေ တစ်မျိုးပြီးတစ်မျိုးလည်း ချက်ကျွေးခဲ့တာ....”
ဒါမှမဟုတ် ...“ဒါက အိပ်ခန်း....ဒါက ငါအိပ်တဲ့ အိပ်ရာ။တစ်ခါက ဒီအိပ်ရာပေါ်မှာ ကောင်လေးတစ်ယောက်အိပ်ဖူးတယ်။ငါတို့နောက်ဆုံးအဆင့်ထိ မကျုးလွန်ခဲ့ကြပေမယ့် ငါက ဒီအိပ်ရာပေါ်မှာ သူ့ကို ပွေ့ဖက်ပြီး နမ်းရှုံ့ရတာကို သိပ်သဘောကျမိတယ်။သူကလေ အပြင်ပန်းကသာ အေးစက်စက်လေးလို့ ထင်ရပေမယ့် တကယ့်တကယ်ကျ အရမ်းနူးညံ့လွန်းတဲ့ကောင်လေးသိလား။သူ ငါ့နားကပ်လာတဲ့အချိန် ငါသူ့ကို နမ်းလိုက်ရင် သိပ်သဘောကျတာ။ သူက တစ်ခါတစ်လေဆို အရမ်းချွဲတတ်ပြီး တစ်ခါတစ်လေကျ အရမ်းသန်မာနေပြန်ရော။သူပြုံးတာကို မြင်ရတိုင်း ငါအရမ်းသဘောကျမိတယ်။သူပျော်နေရင် ငါလည်း ပျော်တယ်။သူမပျော်ရင်တော့ အမြန်ဆုံးနည်းနဲ့ သူပျော်အောင်လို့ တစ်ခုခုလုပ်ပေးလိုက်ချင်တော့တယ်”
ဒါကြီးကမဖြစ်သင့်ဘူးလို့ ချူချန်ထင်တယ်။ဒီအိမ်မှာ သူ့ချစ်သူနဲ့ သူမနေနိုင်ပေ-
ဒီအိမ်က သူနဲ့ ကျိချင်းကျိုးတို့ တစ်ခါ နေဖူးတဲ့ အိမ်ဖြစ်ပြီး ဒီအိမ်မှာ သူ့အငွေ့အသက်နဲ့ တစ်ခြားသူရဲ့အငွေ့အသက်တို့ပြည့်နေတာ- ဒါပေမယ့် ဒီအိမ်မှာ မနေရင် သူဘယ်မှာ သွားနေရမှာလဲ? ? အိမ်ကိုပြန်ရမလား? ဒါမှမဟုတ် အိမ်အသစ်ဝယ်လိုက်ရမလား?
××××××××××××××××
အားချန် ရဲ့ အနာဂတ်ချစ်သူ : ဝှိုင်း🤧
ရယ်ချင်စရာကြီး ဟားဟားဟား😂😂😂
ပါးချူနောက်ပိုင်း ချယ်ရီသင်းဖြစ်မလားပဲ😂😂😂
×××××××××××××××××
Zawgyi
ေယာက္႐ိႈးယြမ္နဲ႔ေ႐ွာက္႐ုံကေတာ့ သူ႕ကို လက္ခုပ္ဩဘာေတြေပးၿပီး ခ်ီးက်ဴးလိုက္ခ်င္ေတာ့သည္။ဟုတ္ပ....သူတို႔တစ္ခ်ိန္လုံး နားေထာင္ၿပီးတည္းက ဒီေမးခြန္းကိုေမးခ်င္ေနတာ။
ခ်ဴခ်န္က အလန္႔တၾကားသူ႕ကိုၾကည့္လာသည္။
“မင္းဘာေပါက္ကရေတြေျပာေနတာလဲ?”
“မင္း သူ႕ကိုမႀကိဳက္ရင္ ဘာလို႔ သူ႕ကို စိတ္ပူေပးမွာလဲ? အခုလည္းမင္းစိတ္ပူတာေတြကို သူလက္မခံလို႔ဆိုၿပီး စိတ္ဓာတ္က်ေနတာ ေလ”
“အမွန္ပဲဘ႐ို”
ေယာက္႐ိႈးယြမ္ကေထာက္ခံလာသည္။
“သူ႕ကိုေကာင္းေစခ်င္တဲ့ မင္းရဲ႕ေမတၱာတရားေတြကိုပဲ ျမင္မေနနဲ႔။မင္းက သူလက္ခံသင့္တယ္လို႔ကို ေတြးေနတာ။ဒါေပမယ့္ သူလည္းလက္မခံေရာ မင္း သူ႕ကိုအတင္းလက္ခံေစခ်င္ေနတာမလား”
“ၿပီးေတာ့ေလ....”
ေ႐ွာက္႐ုံကျဖည့္ေျပာလာသည္။
“အဲ့တုန္းက ခံစားခ်က္အေၾကာင္းေတြမေျပာဖို႔ မင္းတို႔သေဘာတူခဲ့ၾကတာမလား။လမ္းခြဲၿပီးရင္လည္း မၿငိရေၾကးဆို။အခုက်ိခ်င္းက်ိဳးက ျပည့္ျပည့္စုံစုံလုပ္ျပသြားၿပီ။သူထြက္သြား႐ုံပဲထြက္သြားၿပီး မင္းပစၥည္းေတြကိုမလိုခ်င္ခဲ့ဘူး။မင္းကိုလည္း လာမၿငိဘူး။ကုန္ကုန္ေျပာရရင္ကြာ မင္းရဲ႕ဂ႐ုစိုက္မႈေတြကိုေတာင္ သူမလိုအပ္ေတာ့ဘူး။မင္းေက်နပ္သင့္ေနတာမဟုတ္ဘူးလား”
ခ်ဴခ်န္သည္ သူတို႔သုံးေယာက္ကိုၾကည့္၍ ဆြံအစြာၾကည့္လိုက္သည္။
“မင္းတို႔ဘာေတြေတြးေနတာလဲ? ငါက ငါတို႔လမ္းခြဲသြားရင္ေတာင္ သူငယ္ခ်င္းျဖစ္ႏိုင္ေသးတယ္ထင္လို႔ သူကိုလည္း ဂ႐ုစိုက္လို႔ရေသးတယ္ထင္လို႔ပါ။သူ႕ ငါ့ကို အဲ့ေလာက္ထိ တြန္းထုတ္ေနစရာမလိုပါဘူး”
ေယာက္႐ိႈးယြမ္တစ္ေယာက္ ေခ်ာင္းထဆိုးလာသည္။
“ထားလိုက္ေတာ့.... ထားလိုက္ေတာ့.....အားခ်န္ရဲ႕ အေတြးေတြကကို ျပႆနာျဖစ္ေနတာ။မင္း ငါ့ကိုက် ဘာလို႔ ဂ႐ုမစိုက္ေပးခ်င္တာလဲ။ငါတို႔လည္း သူငယ္ခ်င္းေတြပဲဟာ”
ခ်ဴခ်န္က ႏွာေခါင္း႐ႈံ႕သည္။
“မင္းကို? မင္းကို ဂ႐ုစိုက္ေပးစရာလိုလို႔လား? မင္းမွာ ငါစိတ္ပူေပးစရာဘာအေၾကာင္းမွာ႐ွိမေနဘူးေလ”
“ဒါဆိုကြာ...ဒီေလာကႀကီးထဲမွာ ပိုက္ဆံမ႐ွိအာဏာမ႐ွိတဲ့လူေတြမွ အမ်ားႀကီး။တစ္ျခားသူေတြအေပၚ မင္းအဲ့ေလာက္ဂ႐ုစိုက္ေပးတာ ငါတစ္ခါမွ မျမင္ဖူးဘူး”
“အဲ့ဒါက ငါမွ သူတို႔ကိုမသိတာ။က်ိခ်င္းက်ိဳးနဲ႔က် တစ္ႏွစ္ေတာင္ အတူ႐ွိခဲ့ၾကတာေလ။ၿပီးေတာ့ ေန႔တိုင္း တစ္အိပ္ရာတည္း အိပ္ခဲ့ၾကတာ။မင္းတို႔ေတာင္ အိမ္ေမြးတိရိစၧာန္တစ္ေကာင္တစ္ႏွစ္ေလာက္ေမြးၿပီးတာနဲ႔ သံေယာဇဥ္တြယ္ၾကတာပဲကို သူ႕တစ္ေယာက္တည္းလႊတ္ထားလိုက္ရမွာလား”
“ဟ လႊတ္ေပးသင့္တဲ့အခ်ိန္ေရာက္ေနၿပီေလ”
ခ်င္း႐ႊယ္က တည္တည္ၿငိမ္ၿငိမ္ထေျပာသည္။
“ငါေတာ့ က်ိခ်င္းက်ိဳး လုပ္သြားတာမွန္တယ္ထင္တာပဲ။ဒါေပမယ့္ လိုက္ၿငိေနတဲ့လူက မင္းျဖစ္ေနတာ။ကိုယ့္ကိုကိုယ္လည္း ၾကည့္ဦး။ ပိန္လွီျဖဴေလ်ာ္ေနၿပီ”
ခ်ဴခ်န္မွာ မယုံႏိုင္သလိုမ်ိဳး ခ်င္း႐ႊယ္အားၾကည့္၍-
“မင္း သူ႕လူကိုယ့္ဘက္သားလုပ္ေနတာလား? က်ိခ်င္းက်ိဳးဘက္ကလိုမ်ိဳး ပုံလာဖမ္းေနတယ္”
ခ်င္း႐ႊယ္သည္ သူ႕ကိုၾကည့္၍ စကားေတာင္ေျပာမထြက္ေတာ့။
“ငါေမးပါရေစဦး...က်ိခ်င္းက်ိဳးဘက္က မင္းစိတ္ပူေပးတာေတြကို ျငင္းသာမျငင္းရင္ ဘယ္အခ်ိန္ထိ ဂ႐ုစိုက္ေပးသြားမယ္ေတြးထားလဲ”
“အေျခအေနေပၚမူတည္တာေပါ့”
“ဘာအေျခအေနလဲ? သူ႕အသက္ငယ္ငယ္ေလးပဲ ႐ွိေသးတာကို မင္းလည္း သိပါတယ္။အဲ့တာေၾကာင့္မင္းက သူ႕အေပၚ ဘာအက်ိဳးသက္ေရာက္မႈေတြ႐ွိလာႏိုင္မလဲဆိုတာ ေတြးေပးရမယ္ေလ ”
“ငါကသူ႕ေပၚ ဘာအက်ိဳးသက္ေရာက္ေစႏိုင္မွာတဲ့လဲ”
ခ်င္း႐ႊယ္မွာ တစ္ဖက္လူက သူ႕ကိုယ္သူ ႐ွင္း႐ွင္းလင္းလင္း နားမလည္ဘူးလို႔ ခံစားေနရသည္။
“မင္းရဲ႕အေျခအေနကို မင္းေကာင္းေကာင္းသိသလို က်ိခ်င္းက်ိဳးလည္း ေကာင္းေကာင္းသိတယ္။မင္း သူ႕ကို လုံးဝဂ႐ုစိုက္ေပးႏိုင္တယ္ကြာ။ဒါေပမယ့္ မင္းက တစ္ဖက္က သူ႕ကို ဂ႐ုစိုက္ေပးၿပီး တစ္ဖက္ကေတာ့ မင္းတို႔က သူငယ္ခ်င္းပါပဲလို႔ေျပာေနတယ္။တကယ္လို႔ က်ိခ်င္းက်ိဳးသာ မင္းကို သေဘာက်ေနတာဆို သူ႕အတြက္ေရာ? မင္းသူ႕ကိုျပန္ႀကိဳက္ေပးမွာလား? သူနဲ႔ တစ္သက္လုံး႐ွိေပးႏိုင္လား? အဲ့ဒါေတြ ေတြးၾကည့္ၿပီးၿပီလား?”
ခ်ဴခ်န္မွာ ေၾကာင္အေနလ်က္။
ခ်င္း႐ႊယ္ကဆက္ေျပာလာသည္။
“မင္းမွန္ပါတယ္။သူက ဘြဲရၿပီး႐ုံပဲ႐ွိေသးတယ္။ေနာက္ပိုင္းလူေတြအမ်ားႀကီးနဲ႔ေတြ႕ရဦးမွာ။သူ႕မွာ ေက်ာင္းၿပီးၿပီးခ်င္း မင္းနဲ႔ေတြ႕လိုက္ရတယ္ေလ။ဒီေလာကႀကီးမွာ လူဘယ္ႏွစ္ေယာက္ကမ်ား မင္းထက္ သူ႕ေပၚပိုေကာင္းေပးႏိုင္မွာလဲ? ငါတို႔အုပ္စုက တစ္ဦးခ်င္းစီကို ေအာင္ျမင္မႈရၿပီးသားသူေတြလို႔ေျပာလို႔ရတာေတာင္ မင္းက ငါ့တို႔အထက္မွာ႐ွိေနတာ။မင္းကခ်မ္းသာတယ္။ေခ်ာတယ္။ၿပီးေတာ့ သူ႕ကိုလည္း ေကာင္းေကာင္းဆက္ဆံေပးတတ္ေသးတယ္။ေန႔တိုင္း မင္းရဲ႕ေစာင့္ေ႐ွာက္မႈေအာက္မွာေနခဲ့ရတဲ့သူကေနာက္ပိုင္း တစ္ျခားသူနဲ႔ ဘယ္လိုခ်စ္မိသြားႏိုင္ပါ့မလဲ? သူလည္းလူတစ္ေယာက္ပါ။မင္းနဲ႔ တစ္ျခားသူေတြကို ႏိႈင္းယွဥ္တတ္တယ္။႐ုပ္ရည္၊အာဏာ၊ပိုက္ဆံ။အားလုံးပဲ။တစ္ျခားသူေတြ သူ႕ေပၚဘယ္ေလာက္ပဲ ေကာင္းေပးႏိုင္တယ္ဆိုဆို။အကုန္လုံးျခဳံငုံၾကည့္ရင္ မင္း သူနဲ႔ မ႐ွိတာက မ႐ွိတာပဲ။ဒါ့ျပင္ မင္းက သူ႕ကိုသြားခိုင္းၿပီး တစ္ျခားသူတစ္ေယာက္နဲ႔ အတူ႐ွိဖို႔ေျပာေနတာေတြက ရက္စက္လြန္းတယ္မထင္ဘူးလား”
“မင္းပစၥည္းေတြကို သူမယူသြားဘူး။မင္းစိတ္ပူတာေတြလက္မခံဘူး။မင္းကာကြယ္ေပးေနတာေတြကို ျငင္းဆန္ေနတယ္။အဲ့အျပင္ မင္းဘဝနဲ႔မင္းဘာသာ႐ွင္သန္ပါလို႔သူကေျပာတယ္။ဒါ ဘာမွားေနလို႔လဲ? မင္းတို႔ အစတည္းက အဲ့လိုပဲ သေဘာတူခဲ့ၾကတာမဟုတ္ဘူးလား?သူဘယ္လိုျဖစ္ေပးမွလဲ? မင္းဘာလို႔ အခုထိ မေက်မနပ္ျဖစ္ေနေသးတာလဲ? ေျခလွမ္းတစ္ေသာင္းေလာက္ေနာက္ျပန္ဆုတ္ရင္ေတာင္ သူဒီလိုမွ မလုပ္ရင္ တစ္ျခားဘာလုပ္ႏိုင္မွာလဲ? အားခ်န္...မင္းကစားခ်င္တဲ့အခ်ိန္ကစားခြင့္႐ွိေပမယ့္ သူကေတာ့မင္းနဲ႔လိုက္မကစားေပးႏိုင္ဘူး။ဘာလို႔ဆို သူက သာမန္လူမို႔လို႔ပဲ။မင္းက သူစိတ္ကူးယဥ္လို႔ရေအာင္ ေလွကားေထာင္ေပမယ့္ သူကေတာ့ သူ႕တစ္ဘဝလုံး စိတ္ကူးေတြနဲ႔ပဲ မ႐ွင္သန္ႏိုင္လို႔ ဒီနည္းလမ္းနဲ႔ပဲ သူ႕ကိုယ္သူ ကာကြယ္သြားတာ”
“မင္း သူ႕အေၾကာင္းကို တကယ္စဥ္းစားေပးၿပီး တစ္ျခားသူကို သူသေဘာက်သြားေစခ်င္တယ္ဆိုရင္ သူ႕ဘဝထဲကို ဝင္မ႐ႈပ္ဘဲ သူနဲ႔ ေဝးေဝးေနလိုက္ပါ။ေနာက္ဆုံး မင္းသူ႕ကိုကူညီရင္ေတာင္ လွ်ိဳ႕ဝွက္လုပ္ၿပီး သူမသိသြားေစနဲ႔ကြာ။အဲ့လိုမွ မဟုတ္ရင္ မင္းကိုယ္မင္းျပန္ေမးၾကည့္ၾကည့္...မင္းသူ႕ကိုသေဘာက်လား? သူ႕ကိုသေဘာက်ခ်င္စိတ္႐ွိလား။တကယ္လို႔ သူ မင္းကို ျပန္သေဘာက်ရင္ေရာ မင္း သူနဲ႔႐ွိေပးႏိုင္မလား”
ခ်ဴခ်န္မွာ စကားမေျပာဘဲ ခ်င္း႐ႊယ္ကိုၾကည့္၍ အခုခ်ိန္မွာ ဘယ္လိုစကားမ်ိဳး ေျပာရမလဲ မသိခဲ့ေပ။
ထိုအခ်ိန္၌ ယြီအန္းမင္ေရာက္လာသည္။သူတံခါးဖြင့္လိုက္တဲ့အခ်ိန္ တစ္ခန္းလုံး တိန္ဆိတ္ေနသျဖင့္ သိခ်င္စိတ္ေတြျဖစ္သြားရ၏။
“မင္းတို႔ဘာျဖစ္ေနၾကတာလဲ? အရမ္းေတြတိတ္ဆိတ္ေနတာပဲေနာ္”
“အားခ်န္က သူ႕ဘဝအေၾကာင္း တစ္ေစ့တစ္ေစာင္းေတြးေနတာ” ေယာက္႐ိႈးယြမ္ကေျဖသည္။
“သူကဘယ္လိုဘဝအေၾကာင္းေတြေတြးေနတာတုန္း” ယြီအန္းမင္ကလည္း စပ္စပ္စုစု။
“သူက်ိခ်င္းက်ိဳးကို ႀကိဳက္တာလား? ႀကိဳက္ခ်င္ေနတာလား? တကယ္လို႔ က်ိခ်င္းက်ိဳးက သူ႕ကိုႀကိဳက္ရင္ေရာ က်ိခ်င္းက်ိဳးနဲ႔ ႐ွိေနႏိုင္လားဆိုတာေတြ စဥ္းစားေနတာ”
ထိုစကားၾကားေတာ့ ယြီအန္းမင္မွာ ခ်ဴခ်န္ထံ တအံ့တဩ ၾကည့္လာ၏။
“မင္း သူ႕ကိုႀကိဳက္ေနတာ ၾကာၿပီမဟုတ္ဘူးလား”
ခ်ဴခ်န္မွာ အထိတ္တလန္႔ေတြျဖစ္လ်က္။
“မင္းဘာမဟုတ္တာေတြေျပာေနတာလဲ!”
“မင္းသူ႕ကိုမႀကိဳက္ဘူး?”
ယြီအန္းမင္ကေတာ့ သူမွန္တယ္ပဲခံစားရစြာ-
“မင္းသူ႕ကိုအရမ္းသေဘာက်ေနတာလို႔ ထင္ထားတာကြ”
“ငါ သူ႕ကိုႀကိဳက္တာက ကိုယ့္အခ်စ္ေလးကို ကိုယ္ႀကိဳက္တာလိုပဲေလ”
ယြီအန္းမင္က ထရယ္လာသည္။
“ငါဝက္သားမစားဖူးေပမယ့္ ဝက္ေျပးတာေတာ့ ျမင္ဖူးပါတယ္ကြ။ဒါေပမယ့္ ငါျမင္ဖူးတဲ့ ဘယ္ဝက္မွ ဒီလိုမေျပးဘူး”
ခ်ဴခ်န္ :...........
“ဒါ့ျပင္”
ယြီအန္းမင္က ဆက္ေျပာလာသည္။
“ငါေတာ့ မင္း ေ႐ွာင္က်ိနဲ႔ အတူ႐ွိတာကို လက္မခံႏိုင္ဘူးလို႔ မထင္ပါဘူး။မင္းတို႔ တစ္ႏွစ္လုံးေတာင္ အတူတူ႐ွိခဲ့ၾကတာပဲမလား။ဒီႏွစ္အတြင္းမင္း ငါတို႔နဲ႔ ပါတီလုပ္တာေတြနည္းလာတယ္ဆိုတာ သတိမထားမိဘူးလား? မင္းအျပင္ထြက္လာတဲ့ အခ်ိန္အမ်ားစုက ေ႐ွာင္က်ိ မင္းေဘးမွာ မ႐ွိမွပဲ။ေ႐ွာင္က်ိ မင္းေဘးမွာ ႐ွိေနလို႔ကေတာ့ မင္း သူနဲ႔ပဲ အိမ္မွာ အၿမဲေနေနတာေလ”
“အဲ့.....အဲ့လိုလား” ခ်ဴခ်န္ သတိမမူခဲ့မိပါေပ။
ယြီအန္းမင္က ေခါင္းညိမ့္သည္။
“မင္း သူ႕ကို အရမ္းသေဘာက်ေနၿပီလို႔ ငါထင္ထားတာ။ငါ သူ႕ကို အမ်ားႀကီးမေတြ႕ဖူးေပမယ့္ မင္း သူ႕ကို အျပင္ေခၚထုတ္လာတဲ့အခ်ိန္တိုင္း မင္းက အရမ္းလိုက္ေလ်ာေပးလြန္းတယ္။႐ိုး႐ိုးသားသားေျပာရရင္ စာခ်ဳပ္ဆက္ဆံေရးထက္ပိုတဲ့ ဆက္ဆံေရးမ်ိဳးလိုပဲကြာ။အန္းယီလို အာ႐ုံထက္တဲ့သူေတာင္ သံသယမဝင္ဘူး။ငါတို႔က မင္းတို႔တြဲေနၾကတာၾကာၿပီလိုေတာင္ ထင္ေနေပမယ့္ မင္းက ေရငုံႏႈတ္ပိတ္ၿပီး ငါတို႔ကို မေျပာျပခဲ့ဘူး။အခု စာခ်ဳပ္ကုန္မွပဲ အမွန္လာျပင္ေပးေတာ့တယ္ေနာ္”
ခ်ဴခ်န္မယုံၾကည္ႏိုင္ခဲ့ပါေပ။
“ငါ တကယ္မဟုတ္ခဲ့ဘူး”
“ဒါဆိုလည္း အခုေတြးၾကည့္ၾကည့္”
ေတြးရမယ္......သူဘာေတြးရမွာလဲ? က်ိခ်င္းက်ိဳးကို သေဘာက်ေနလားဆိုတာေတြးရမွာလား? ခ်ဴခ်န္မွာ ေငးေၾကာင္ေၾကာင္ေလးႏွင့္ ဒီေမးခြန္းကို သူအရင္က တစ္ခါမွ မေတြးၾကည့္ခဲ့ဖူးပါ။
“သူက ငါ့ ideal type မဟုတ္ဘူး။ငါႀကိဳက္တဲ့ ပုံမ်ိဳးက အရမ္းလူမကပ္လြန္းရဘူး။ကိုယ့္ကိုကိုယ္ေစာင့္ေ႐ွာက္ႏိုင္ရမယ္။ကိုယ္ပိုင္လုပ္ငန္း႐ွိရမယ္။စာေရးႏိုင္ရမယ္။စာေပပညာ႐ွင္ျဖစ္ရမယ္”
“မင္းအေၾကာင္းမင္းေျပာေနတာလား”
ေယာက္႐ိႈးယြမ္ကေမးလာသည္။
“မင္းက Narcissus ေရာ daffodilေရာျဖစ္ခ်င္ေနတာလား”
“ဘယ္လိုလုပ္ ငါ့ကိုယ္ငါေျပာတယ္ျဖစ္ရမွာလဲ?”
ခ်ဴခ်န္မွာ ပေဟဋိျဖစ္ေန၏။
“ဒါက ငါသေဘာက်မယ္ထင္တဲ့ ငါ့ ideal typeပဲ”
“ဪ....မင္း စင္ဂယ္လ္ျဖစ္ေနတာ မအံ့ဩေတာ့ဘူး။မင္းကိုယ္မင္း လိုက္႐ွာေနမွေတာ့ ႐ွာရခက္မေနဘူးလား။တစ္ျခားသူကို မကပ္ရဘူး။ကိုယ့္ကိုကိုယ္ေစာင့္ေ႐ွာက္ႏိုင္ရမယ္။ကိုယ္ပိုင္ လုပ္ငန္း႐ွိရမယ္။စာေရးႏိုင္ရမယ္။စာေပပညာ႐ွင္ျဖစ္ရမယ္။ဘယ္တစ္ခုက မင္းနဲ႔ မတူေနလို႔လဲ? မင္းဘာေတြေတြးေနတာလဲဟမ္”
ခ်ဴခ်န္ : .........
ေ႐ွာက္႐ုံ သူ႕ကိုၾကည့္လိုက္ကာ-
“မင္းတကယ္ အဲ့လိုပုံစံႀကိဳက္တယ္ဆို ငါနဲ႔အေတာ္ေလးကိုက္ညီတယ္လို႔ထင္တယ္။အားခ်န္ ... မင္း ငါ့ကို ႀကိဳက္လားဟင္”
“ငါက မင္းလို ကလက္တက္တက္ပုံေတြမႀကိဳက္ဘူး” ခ်ဴခ်န္ကျပန္ေျဖသည္။
“ခ်င္း႐ႊယ္၊အန္းမင္းတို႔ကေတာ့ ကလက္တက္တက္ပုံေတြမဟုတ္ဘူးေနာ္။မင္းရဲ႕လိုအပ္ခ်က္ေတြနဲ႔လည္း ကိုက္ညီေသးတယ္”
ခ်ဴခ်န္ : ............
“မဟုတ္လည္း...င့ါကိုႀကိဳက္လိုက္ပါလား?”
ေယာက္႐ိႈးယြမ္က အ႐ွက္မဲ့စြာေမးလာသည္။
“ငါ မကလက္တတ္သလို ဟာသေတြအမ်ားႀကီးလည္းေျပာတတ္ေသးတယ္”
ခ်ဴခ်န္ : .........
ခ်ဴခ်န္ရဲ႕ideal typeႀကီးလည္း ဒီေန႔မွာေတာ့ အၿပီးတိုင္ ေၾကမြသြားခဲ့ေလေတာ့သည္။
အဲ့ညက ခ်ဴခ်န္တစ္ေယာက္ အလြန္ေနာက္က်မွ ျပန္လာခဲ့သည္။လတ္တေလာတြင္ သူအိမ္ျပန္ရမွာကို ပိုပိုၿပီးတြန္႔ဆုတ္လာမိသည္မွာ အၿမဲပင္။သူအိမ္ျပန္ၿပီး အခန္းလြတ္ကို ျမင္လိုက္ရတိုင္း ေန႔တိုင္း လိုလိုကိုယ့္အားကိုယ္ကိုးခ်င္ေနပါေသာ သားသမီးဝတၱရာမေက်ပြန္သည့္ သားစုတ္ က်ိခ်င္းက်ိဳးကို ေတြးမိသည္မွာ မလြဲဧကန္။ခ်ဴခ်န္နားမလည္ႏိုင္ေတာ့ပါ။ကိုယ့္အားကိုယ္ကိုးတာ ဘာေတြမ်ား ေကာင္းေနလို႔လဲ? သူ မမွီခိုခ်င္ရင္ေတာင္ ဒီပါးပါးရဲ႕ စိုးရိမ္မႈေတြကို လက္မခံမွ ျဖစ္မွာလား။ဒီလူအိုႀကီး စိတ္ဆင္းရဲမွျဖစ္မွာလား။သူ သူ႕ကို ဆိုးက်ိဳးမျဖစ္ေစခဲ့ပါဘူးေနာ္။သည္အခ်ိန္မွာ ခ်ဴခ်န္တစ္ေယာက္သည္ သူ႕ ideal type က ကိုယ့္ကိုကိုယ္ ေစာင့္ေ႐ွာက္ႏိုင္ၿပီး လူမကပ္တတ္ရဘူးဆိုတာကို မမွတ္မိပါေတာ့ေခ်။
ခ်ဴခ်န္ သက္ျပင္းခ်လိုက္ၿပီး မသိစိတ္ကေတာ့ သူတစ္လမ္းလုံးေတြးလာပါေသာ က်ိခ်င္းက်ိဳးကို ႀကိဳက္လားဆိုတဲ့ ေမးခြန္းအား ျပန္ေတြးမိသြားျပန္သည္။
သူ တံခါးဖြင့္ဝင္လိုက္ၿပီး မီးေတြဖြင့္လိုက္သည္။အျဖဴေရာင္အလင္းတန္းက ေႏြးေထြးစြာထြက္ေပၚလာၿပီး ေထာင့္စြန္း ပတ္ပတ္လည္လည္တိုင္းကို ခပ္ေဖ်ာ့ေဖ်ာ့ ဝန္းရံထားကာ ေအးခ်မ္းတိတ္ဆိတ္သည့္အသြင္ေဆာင္ေနသည္။သူကေတာ့ သူ႕အခန္းကိုၾကည့္လိုက္ခ်ိန္တိုင္း ဗလာသက္သက္ႀကီးနဲ႔ ဟာလာဟင္းလင္းျဖစ္ေနသလိုပါပင္။မီးေတြျပန္ပိတ္လိုက္ေခ်ေတာ့သည္။ထို႔ေနာက္ အိပ္ခန္းထဲ ျဖည္းျဖည္းခ်င္း ေလွ်ာက္ဝင္သြားလိုက္၏။
တကယ္ေတာ့ ခ်ဴခ်န္အတြက္ ဒီအိမ္က မႀကီးပါေခ်။စတုရန္း၁၅၀မီတာ႐ွိၿပီး အခန္းေလးခန္းနဲ႔ ဧည့္ခန္းတစ္ခုပါသည္။သူ ပထမႏွစ္ေက်ာင္းသားဘဝတုန္းက မန္႔႐ွဲန္းနဲ႔ စီးပြားေရးစလုပ္ျဖစ္တဲ့ အခ်ိန္အေတာ္အတြင္း အိမ္ကေနထြက္ၿပီး ဒီေနရာကို ငွားလိုက္တာျဖစ္သည္။
ခ်ဴခ်န္ ဒီအိမ္ကို ဝယ္ခ်ိန္တုန္းကေတာ့ ဒီအိမ္က တစ္ေယာက္တည္းေနဖို႔အတြက္ အလြန္သင့္ေတာ္တယ္ဟု ခံစားခဲ့ရသည္။အဲ့တုန္းက သူငယ္ငယ္ေလးပဲ ႐ွိေသးသလို ေပါ့ျပက္ျပက္နဲ႔ ရည္မွန္းခ်က္ေတြေနာက္ကို ထိန္းမႏိုင္သိမ္းမရစြာလိုက္ခဲ့သည္။သူ႕မိဘေတြခြင့္ျပဳခ်က္ေပးတာနဲ႔ မားတို႔ေပးတဲ့ အိမ္မွာေတာင္မေနဘဲ ကိုယ့္ဘာသာ အိမ္ဝယ္ခဲ့သည္။ဒီလိုနည္းနဲ႔ သူ႕ကိုယ္သူ ေစာင့္ေ႐ွာက္ႏိုင္တယ္ဆိုၿပီးေတြးခဲ့သည္။ ေနာက္ပိုင္း က်ိခ်င္းက်ိဳး သူ႕ဆီေျပာင္းလာေတာ့ ဒီအခန္းက လူႏွစ္ေယာက္ေနဖို႔အတြက္ အရမ္းသင့္ေတာ္တာပဲဟု သူထင္ခဲ့သည္။သူတို႔ ဘယ္အခ်ိန္မဆို တစ္ေယာက္နဲ႔ တစ္ေယာက္ေတြ႕ႏိုင္သည္။အတူတူ႐ုပ္႐ွင္ေတြၾကည့္ႏိုင္သည္။တူတူဂိမ္းကစားတာတို႔ ဟင္းခ်က္စားတာတို႔ လုပ္ႏိုင္သည္။ဒီအိမ္က အရမ္းကို အဆင္ေျပၿပီး ေႏြးေထြးလြန္းကာ ေနရထိုင္ရတာ သက္ေသာင့္သက္သာ ႐ွိလြန္းသည္ဟု ခ်ဴခ်န္ ထင္ခဲ့သည္။
ဒါေပမယ့္ အခု က်ိခ်င္းက်ိဳး ေျပာင္းသြားၿပီးေတာ့ ဒီအိမ္က လူတစ္ေယာက္အတြက္ေရာ ႏွစ္ေယာက္အတြက္ပါ အဆင္မေျပဘူးလို႔ ခံစားရျပန္သည္။တစ္ေယာက္တည္းေနဖို႔က် အထီးက်န္တယ္။ႏွစ္ေယာက္ ေနဖို႔က်.....ႏွစ္ေယာက္ေနရေအာင္ သူက ဘယ္သူနဲ႔ သြားေနရမွာလဲ? သူ႕အနာဂတ္ခ်စ္သူနဲ႔လား?
ခ်ဴခ်န္ ႐ုတ္တရက္ႀကီး စိတ္႐ႈပ္လာသည္။ေနာက္ပိုင္း သူခ်စ္သူရလာလို႔ သူ႕ခ်စ္သူက ဒီအိမ္ကိုေျပာင္းလာၿပီဆိုပါစို႔။သူ႕ခ်စ္သူကို ဘယ္လို မိတ္ဆက္ေပးရမလဲ။.......“ဒါက မီးဖိုခန္းေလ။ငါေတာ့ သိပ္မသုံးျဖစ္ဘူး။ဘာလို႔လဲဆိုေတာ့ ငါက ဟင္းခ်က္ရတာ မႀကိဳက္ဘူးေလ။ဒါေပမယ့္ ဒီမွာေနခဲ့ဖူးတဲ့ လူကေတာ့ မၾကာခဏသုံးျဖစ္တယ္။သူက အရမ္းဟင္းခ်က္ေတာ္တာ။အရမ္းလည္း တက္ႂကြေသး။သူကေလ ငါ့အတြက္ဆိုၿပီး အသီးေလးေတြကို ပုံစံအမ်ိဳးမ်ိဳး ေဖာ္ၿပီး လွီးေပးတတ္တဲ့အျပင္ ဟင္းေတြ တစ္မ်ိဳးၿပီးတစ္မ်ိဳးလည္း ခ်က္ေကြၽးခဲ့တာ....”
ဒါမွမဟုတ္ ...“ဒါက အိပ္ခန္း....ဒါက ငါအိပ္တဲ့ အိပ္ရာ။တစ္ခါက ဒီအိပ္ရာေပၚမွာ ေကာင္ေလးတစ္ေယာက္အိပ္ဖူးတယ္။ငါတို႔ေနာက္ဆုံးအဆင့္ထိ မက်ဳးလြန္ခဲ့ၾကေပမယ့္ ငါက ဒီအိပ္ရာေပၚမွာ သူ႕ကို ေပြ႕ဖက္ၿပီး နမ္း႐ႈံ႕ရတာကို သိပ္သေဘာက်မိတယ္။သူကေလ အျပင္ပန္းကသာ ေအးစက္စက္ေလးလို႔ ထင္ရေပမယ့္ တကယ့္တကယ္က် အရမ္းႏူးညံ့လြန္းတဲ့ေကာင္ေလးသိလား။သူ ငါ့နားကပ္လာတဲ့အခ်ိန္ ငါသူ႕ကို နမ္းလိုက္ရင္ သိပ္သေဘာက်တာ။ သူက တစ္ခါတစ္ေလဆို အရမ္းခြၽဲတတ္ၿပီး တစ္ခါတစ္ေလက် အရမ္းသန္မာေနျပန္ေရာ။သူျပဳံးတာကို ျမင္ရတိုင္း ငါအရမ္းသေဘာက်မိတယ္။သူေပ်ာ္ေနရင္ ငါလည္း ေပ်ာ္တယ္။သူမေပ်ာ္ရင္ေတာ့ အျမန္ဆုံးနည္းနဲ႔ သူေပ်ာ္ေအာင္လို႔ တစ္ခုခုလုပ္ေပးလိုက္ခ်င္ေတာ့တယ္”
ဒါႀကီးကမျဖစ္သင့္ဘူးလို႔ ခ်ဴခ်န္ထင္တယ္။ဒီအိမ္မွာ သူ႕ခ်စ္သူနဲ႔ သူမေနႏိုင္ေပ-
ဒီအိမ္က သူနဲ႔ က်ိခ်င္းက်ိဳးတို႔ တစ္ခါ ေနဖူးတဲ့ အိမ္ျဖစ္ၿပီး ဒီအိမ္မွာ သူ႕အေငြ႕အသက္နဲ႔ တစ္ျခားသူနဲ႔ အေငြ႕အသက္တို႔ျပည့္ေနတာ- ဒါေပမယ့္ ဒီအိမ္မွာ မေနရင္ သူဘယ္မွာ သြားေနရမွာလဲ? ? အိမ္ကိုျပန္ရမလား? ဒါမွမဟုတ္ အိမ္အသစ္ဝယ္လိုက္ရမလား?
××××××××××××××××
အားခ်န္ ရဲ႕ အနာဂတ္ခ်စ္သူ : ဝိႈင္း🤧
ရယ္ခ်င္စရာႀကီး ဟားဟားဟား😂😂😂
×××××××××××××××××