ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြ...

By Greentealay-

1M 153K 7.7K

Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47... More

{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23•1}
{23.2}
{23.3}
{ 24}
{25}
{26}
{27}
{28}
{29}
{ 30 }
{31}
{32}
{34}
{33}
{35}
အဆက်
{36}
{37}
{38}
{39}
{40}
{41}
{42}
{အဆက်}
{43}
{44}
{45}
{46}
{47}
{48}
{49}
{50}
{51}
{52}
{53}
{54}
{55}
{56}
{57}
{58}
{59}
{60}
{61}
{61.1}
{62}
{62.1}
{63}
{64}
{65}
{66}
{67}
{68}
{69}
{ 70}
{71}
{72}
{73}
{74}
{75}
{76}
{77}
{78}
{79}
{80}
[81]
{82}
{83}
{83-1}
{84}
{85}
{86}
{86-1}
{87}
{88}
{89}
{90}
{91}
{92}
{93}
{94}
{95}
{96}
{97}
{98}
{100}
{ 101}
{102}
{103}
{104}
{105}
{106}
{107}
{108}
{109}
{110}
{111}
{112}
{113}
{114}
{115}
{ 116}
{117}
{119}
{120}
{121}
{118}
{122}
{123}
{124}
{123-2}
{125}
{126}
{127}
{128}
{128-2}
{129}
{130}
{131}
{132}
[133]
{134}
{135}
{136}
{137-1}
{137-2}
{138}
💙
{138}
{139}
💙
{140}
{141}
{142}
{143}
{144}
{145}
အဆက်
{146}
[147]
{148}
💙
{149}
{150}
အဆက်
{151}
အဆက်
{152}
{153}
{154}
{155}
{156}
{157}
{158}
{159}
{160}

{99}

4.9K 1K 97
By Greentealay-


Unicode

ချူချန်အိမ်ပြန်တဲ့အချိန်ကျ အရမ်းနောက်ကျလွန်းနေပြီဖြစ်သည်။မိုးလင်းကနေမိုးချုပ်ထိ တစ်ချိန်လုံးကုမ္ပဏီမှာပဲ အချိန်ကုန်နေခဲ့၏။အိမ်ပြန်ချင်သော်လည်း အိမ်ကို မသွားရဲပါ။လူတိုင်းကတော့ သူအချိန်ပိုဆင်းနေတယ်ဟုတွေးကြပေမယ့် ချူချန်ကိုယ်တိုင်သာ အသိဆုံး။ဒီနေ့တစ်နေ့လုံး ဘာအလုပ်မှ ဖြစ်ဖြစ်မြောက်မြောက်မလုပ်နိုင်ခဲ့။ရုံးခန်းထဲမှာ ထိုင်ပြီး ကျိချင်းကျိုးထွက်သွားတဲ့အကြောင်းကိုတွေးတယ်၊သူညဘက်အိမ်ပြန်ရမယ့်အကြောင်းကိုတွေးတယ်။ဒါပေမယ့် အခန်းထဲမှာ ရှိနေသင့်သော လူသားအား ဘယ်တော့မှ သူမတွေ့နိုင်တော့ပါ။တစ်နေ့လုံးအတွေးထဲပဲ နစ်မြောနေခဲ့၍ ဘယ်အရာပေါ်မှ အာရုံစိုက်နိုင်စွမ်းမရှိခဲ့။

ဒါမဖြစ်သင့်ဘူးလို့ ချူချန်တွေးနေမိတယ်။ဒီလိုအခြေအနေမျိုး ဘယ်တုန်းကမှ မဖြစ်ဖူးခဲ့တဲ့သူက ကိုယ်ရေးကိုယ်တာကြောင့်လည်း အလုပ်ကို အကျိုးမသက်ရောက်စေခဲ့ဖူးပါ။ဒီအခြေအနေကြီးက အရမ်းမဆီလျော်လွန်းနေပြီ။

ချူချန် ကားရပ်ပြီး ထိုင်ခုံခါးပတ်ဖြုတ်၍ ကားထဲမှထွက်လိုက်ချိန် ကျိချင်းကျိုးကိုလက်ဆောင်ပေးခဲ့သော Porsche အား တစ်ချက်တည်းနဲ့မြင်လိုက်ရသည်။မနေ့က ကျိချင်းကျိုးကို ကားသော့ပေးခဲ့ပြီးပြီဥစ္စာ ကားက သူ့အပိုင်ဖြစ်သွားပြီလေ။ကျိချင်းကျိုးလည်း သဘောတူခဲ့ပေမယ့် ကားက အခုထိသူ့ကားပါကင်မှာရှိနေဆဲ။

ချူချန်ခဏတာ ကြောင်ငေးနေမိပြီးမှ တစ်စုံတစ်ခုအား သတိရသွားကာ ဓာတ်လှေကားဆီ အပြေးအလွှားသွား၍ အိမ်ကိုမြန်မြန်သွားလိုက်သည်။တွေ့ပါပြီ။အိမ်သော့ရောကားသော့ပါ အိပ်ရာဘေးက စားပွဲပေါ်မှာ ရှိနေခဲ့ပါသည်။
အခုချိန် ချူချန်ရဲ့ နှလုံးသားထဲမှာ အကူညီမဲ့မှုတွေ၊စိတ်ဓာတ်ကျမှုတွေ၊ဒေါသတရားတွေလှိမ့်တက်လာကာ ကျိချင်းကျိုးဆီ ဖုန်းဆက်လိုက်သည်။

ခဏကြာပြီးနောက် ကျိချင်းကျိုးက ဖုန်းကိုင်ပြီး သူ့ကိုမေးလာသည်။

“ဘာလို့လဲ”

“ဘာလို့မယူသွားတာလဲ”

လိုရင်းကိုသာ ချူချန်တန်းမေးလိုက်သည်။

“ကိုယ်မသိအောင် အိမ်သော့ရောကားသော့ပါထားခဲ့တာဘာသဘောလဲ? အဲ့တာတွေအကုန်မင်းအတွက်လေ။မင်းလည်း လက်ခံပြီးသားဟာကို ဘာလို့ မယူသွားခဲ့တာလဲ”

ဖုန်းနံပါတ်ကိုမြင်တည်းက ဒီကိစ္စမေးတော့မယ်ဆိုတာ ကျိချင်းကျိုး ခန့်မှန်းပြီးသားပင်။ထို့ကြောင့် အခုကြားရချိန်၌ အံ့ဩမနေဘဲ အသံနိမ့်နိမ့်ဖြင့်ဖြေလိုက်သည်။

“တန်ဖိုးကြီးလွန်းတယ်။ကျွန်တော်နဲ့မထိုက်တန်ဘူး”

“တန်ဖိုးကြီးတော့ဘာဖြစ်လဲ။ကိုယ်မင်းကိုပေးပြီးသားလေ။ပြီးမှ မင်းဘာသာပေးချင်တဲ့လူကိုပြန်ပေးလို့မရဘူးလား”

“ချူချန်”

ကျိချင်းကျိုး တိုးတိုးလေးခေါ်လိုက်ပါသည်။

“ဒီပစ္စည်းတွေက ခင်ဗျားအတွက်တန်ဖိုးမကြီးလောက်ပေမယ့် ကျွန်တော့်အတွက်တော့ သိပ်တန်ဖိုးကြီးလွန်းနေတယ်။ခင်ဗျားဆီက ချေးထားတာတွေတောင် တော်တော်များနေပြီကို ကျွန်တော်ဘာမှထပ်မလိုချင်တော့ဘူး”

“အဲ့လိုဝန်ထုပ်ဝန်ပိုးတွေမထားပါနဲ့လို့ ကိုယ်ပြောပြီးသားလေ။မင်းရဲ့အချိန်တွေကိုယ့်ကိုပေးပြီး ကိုယ့်နားမှာအဖော်ပြုပေးခဲ့လို့ ကိုယ်က ပိုက်ဆံပြန်ပေးတာ။မျှမျှတတဖြစ်နေပြီကို အရမ်းတွေလိုက်မကတ်သတ်ပါနဲ့တော့ကွာ။ပြီးတော့ မင်းအခုချက်ချင်းကြီး အိမ်ပြောင်းသွားတာဆိုတော့ အရင်နေထားတဲ့အိမ်က မင်းအတွက်လုံးဝအဆင်မပြေဘူး။မင်းကိုကာကွယ်မှုအပြည့်အဝပေးနိုင်တဲ့ လုံခြုံရေးအပြည့်အစုံနဲ့ပတ်ဝန်းကျင်တစ်ခုလိုအပ်တယ်ဆိုတာရော မင်းသိရဲ့လား?”

“သိပါတယ်။အဲ့ဒါကြောင့် ကျွန်တော်အိမ်ငှားပြီးသွားပြီ။စိတ်မပူပါနဲ့ အရင်ငှားထားတဲ့အိမ်ကိုပြန်သွားတာမဟုတ်ပါဘူး”

ချူချန် တောင့်တင်းသွား၏။

“မင်းအိမ်ငှားပြီးသွားပြီ?”

“အမ်းးး”

“ဘယ်အချိန်က ငှားခဲ့တာလဲ”

“လွန်ခဲ့တဲ့နှစ်လလောက်က”

ချူချန်မှာ မယုံကြည်နိုင်ဖြစ်နေရသည်။ဇူလိုင်လနဲ့ဩဂုတ်လ...ဒီနှစ်လအတွင်းငှားခဲ့တာပေါ့လေ! သူနဲ့ ကျိချင်းကျိုးတို့ သိပ်မတွေ့ဖြစ်ခဲ့ကြဘူးဆိုသော်ငြား သူဘာမှမသိခဲ့ရဘူး! ကျိချင်းကျိုးက သူ့ကိုလျှို့ဝှက်ထားခဲ့တယ်!

“မင်းကွာ........”

သူ့ခံစားချက်တွေတည်ငြိမ်ဖို့အတွက်  အသက်ပြင်းပြင်းရှူလိုက်ရသည်။

“လွန်ခဲ့တဲ့နှစ်လတည်းက အိမ်ရှာတွေ့ပြီးသားဟုတ်လား”

“အင်း”

“ဒါပေမယ့် ကိုယ့်ကိုတော့ မပြောခဲ့ဘူး”

ချူချန်သည် ဆောက်တည်ရာမရမှုတွေ၊စိတ်ပျက်အားငယ်မှုတွေနှင့် မကျေမနပ်မှုအား ဖိနှိမ့်လိုက်ပါရင်း-

“မင်းအိမ်ရှာနေတာကိုယ့်ကိုမပြောပြခဲ့ဘူး။မင်းအိမ်ရှာတွေ့သွားတာ ကိုယ့်ကိုမပြောပြခဲ့ဘူး။ဒီကိစ္စတွေကိုတော့ မင်းဘက်က တစ်ခုခုပြောလိမ့်မယ်လို့ ကိုယ်ထင်ခဲ့တာ....”

ကျိချင်းကျိုးဘက်မှ အတော်ကြာတိတ်ဆိတ်သွားသည်။ပြတင်းပေါက် အပြင်မှ ညကောင်ကင်အားကြည့်လိုက်ရင်း စကားကို တည်ငြိမ်အေးသက်စွာနဲ့ ဖြည်းဖြည်းချင်းပြောလိုက်သည်။အခု ပြောမဲ့စကားတွေအား ချူချန်မကြားချင်ဘူးဆိုတာကိုသူသိသည်။ချူချန် ဒီစကားကိုသဘောမကျဘူးဆိုတာလည်း သူသိနေသည်။ဒါပေမယ့် သူတို့က အရင်လိုမဟုတ်တော့ပေ။ဒီတစ်ခါ သူ့အလိုကျတိုင်းလိုက်ပေးလို့မရတော့။

“ကိစ္စတိုင်း ခင်ဗျားကို  မပြောပြနိုင်ဘူး”

“ကျွန်တော့်ကိစ္စကို ကျွန်တော့်ဘာသာဆုံးဖြတ်တာဖြစ်သင့်တာပဲလေ”

ချူချန် စကားထပ်မပြောနိုင်တော့ပါပေ။ဖုန်းကိုင်ထားလျက်ဖြင့် အိပ်ရာပေါ်ဖြည်းညှင်းစွာ ထိုင်ကျသွားသည်။

ကျိချင်းကျိုးမှန်ပါတယ်။ ဒါပေါ့ သူ့ကိစ္စကို သူ့ဘာသာဆုံးဖြတ်ခွင့်ရှိတာပေါ့။သူလည်း မကြာခင်ထွက်သွားရမယ်ဆိုတာသိတော့ ထွက်သွားတာနဲ့ တန်းနေလို့ရအောင် သူ့ဘာသာအိမ်ရှာထားတာ ဖြစ်သင့်တာပဲလေ။ဘယ်နေရာမှ မမှားနေခဲ့ပါဘူး။ကျိချင်းကျိုးလုပ်နေတာတွေအကုန်မှန်ပါတယ်။

ဒါကို သူလိုချင်ခဲ့တာပဲမဟုတ်ပါလား? အစကတည်းက စာချုပ်ကုန်လို့ လမ်းခွဲပြီးရင် ပတ်သက်စရာအကြောင်းမရှိတော့ဘူးလို့  သူစပြောခဲ့တာပဲလေ။အခုကျိချင်းကျိုးက အဲ့တာကို ကောင်းကောင်းမွန်မွန်လုပ်ပြခဲ့ခြင်းပင်။အိမ်တစ်လုံးတောင် သူ့ဘာသာရှာတတ်နေပြီဖြစ်၏။သူက ဘာအတွက် အပြစ်သွားတင်နေမိတာလဲ?

ချူချန်ဖုန်းကိုင်ထားရင် တစ်ခုခုပြောလိုက်ချင်ပေမယ့် အာစေးမိနေခဲ့သည်။သူဘာပြောရမလဲမသိသလို ဘယ်လိုပြောရမှန်းလဲ မသိပါပေ။သူသည် ကျိချင်းကျိုး သူ့ဆီက ထွက်သွားပြီးလို့ နေစရာမရှိမှာ စိုးရိမ်မိရကာ အရင်အိမ်နေရာကလည်း ကျိချင်းကျိုးရဲ့ လက်ရှိကျော်ကြားမှုနဲ့ မသင့်တော်သည်ကိုပါ ထည့်သွင်းစဉ်းစားရင်း မခွဲခွာခင်နေ့မှာ အထူးအနေနဲ့ အိမ်တစ်လုံးလက်ဆောင်ပေးခဲ့သည်။သူ့ပိုင်တဲ့အိမ်တွေထဲက ရွေးထားတာဖြစ်သည်။ကျိချင်းကျိုးကြိုက်လောက်မဲ့ ပုံစံလေးအရ၊သူ့အနာဂတ်အရ၊ပတ်ဝန်းကျင်းအနေအထားအရ.....အားလုံးကို အဘက်ဘက်က ထည့်တွေးပြီး ကျိချင်းကျိုးအတွက် အသင့်တော်ဆုံးလို့ ထင်ရတဲ့ တစ်ခုကို သူရွေးထားတာဖြစ်၏။

မြို့တောင်ဘက်က အိမ်က တန်ဖိုးအကြီးဆုံး မဟုတ်သည့်တိုင် ကျိချင်းကျိုးအတွက် အသင့်တော်ဆုံး အိမ်ဖြစ်သည်။

ဒါပေမယ့် ကျိချင်းကျိုးက မလိုအပ်လေဘူး။အိမ်ရှာတွေ့ပြီးသွားပြီဖြစ်သည်။သူမသိအောင် အိမ်သစ်တစ်လုံး ရှာပြီးသွားပြီ။အဲ့ဒါကြောင့် သူမလိုတော့ပါဘူးတဲ့။

ချူချန်ရဲ့ပါးစပ်ထဲမှာ ခါးသက်နေခဲ့သည်။ပါးစပ်ဖွင့်လိုက်ပေမယ့် ဘာကိုမှ ပြောမထွက်နိုင်ဖြစ်နေဆဲ။ရုတ်တရက်ကြီး သူနားလည်လိုက်တာက အိမ်တင်မဟုတ်ဘူး ကားရောဆိုတာကိုပင်။ကျိချင်းကျိုးသည် အပြင်ပန်းကသာ သူပေးတဲ့ကားကို လက်ခံခဲ့ပေမယ့် တစ်ခါမှ မမောင်းခဲ့ဖူးပေ။အမြဲ ချူချန်ဘာသာပဲ မောင်းနေရတာဖြစ်သည်။

တမင်သက်သက်ပဲဖြစ်ဖြစ် မတော်တဆပဲဖြစ်ဖြစ် သူပေးခဲ့တဲ့ လက်ဆောင်တွေက ကျိချင်းကျိုးနှလုံးသားထဲမှာတော့ ဝန်ထုပ်ဝန်ပိုကြီး‌လို တိုးပွားနေခဲ့ပြီး ဘာကိုမှလက်မခံခဲ့ပါပေ။
ကျိချင်းကျိုးက သိပ်တော်လွန်းပါသည်။ သူဘာကြားချင်တယ် ဘာမြင်ချင်တယ်ဆိုတာကို အမြဲတန်းသိ၏။ သူနဲ့ မငြင်းခုံချင်သောကြောင့် အပြင်ပန်းမှာတော့ အားလုံးလက်ခံပေးလေသည်။သို့တိုင် အတွင်းစိတ်ထဲ၌မူ အရာအားလုံးကို ယဉ်ကျေးတဲ့နည်းလမ်းနဲ့ ပြန်ပေးချင်နေတာဖြစ်သည်။

ဆွဲကြိုးလေးနဲ့ကြယ်ဗူးလေးက လွဲပြီး ဘာမှ မလိုချင်ခဲ့တာဖြစ်မည်။ဒါပေမယ့် ဆွဲကြိုးတောင်မှ တန်ဖိုးတူတဲ့ ဆွဲကြိုးတစ်ခု သူ့ကိုပြန်ပေးသွားခဲ့လေသည်။

ကိစ္စတိုင်း သူ့ကိုမပြောပြနိုင်ဘူးဆိုတဲ့စကားက တကယ်မှန်ပါပေသည်။ ကျိချင်းကျိုးက သူ့ရဲ့နာခံမှုရှိတဲ့ ပုံစံလေးနဲ့ ကိုယ်ပိုင်အတွေးတွေကို ဖုံးကွယ်ထားပြီး ဘာကိုမှမပြောဘဲ လျှို့ဝှက်ထားခဲ့သည်။သည်ခဏ  ထိုလူဟာ  သရုပ်‌တစ်ယောက်ဖြစ်ဖို့ သိပ်ထိုက်တန်လွန်းပါသည်ဟု ချူချန်ခံစားရသွားသည်။ထူးချွန်ပြောင်မြောက်တဲ့ သရုပ်ဆောင်စွမ်းရည်တွေနဲ့ သိပ်တော်တဲ့ သရုပ်ဆောင်ကြီးတစ်ယောက်ပင်။

တစ်ဖက်နဲ့တစ်ဖက် အတော်ကြာတိတ်နေပြီးနောက် ကျိချင်းကျိုးက အရင်စကားစလာသည်။

“တကယ်လို့ တစ်ခြားပြောစရာမရှိတော့ဘူးဆိုရင် ကျွန်တော်ဖုန်းချလိုက်ပါတော့မယ်။မနက်ဖြန် ကြော်ငြာတစ်ခုရိုက်ဖို့ ရှိတဲ့အတွက် စောစောအနားယူမှဖြစ်မှာမို့ပါ”

သူ့ရဲ့ဒီလိုပြောဆိုပုံအား ချူချန်ကျင့်သားမရသေးပါ။ကျိချင်းကျိုး သူ့ကိုယဉ်ကျေးလွန်းစွာပြောမဲ့နေ့ရောက်လာခဲ့မယ်လို့ မမျှော်လင့်ထားခဲ့ဖူး။

“ကျိချင်းကျိုး.....ကိုယ်တို့.....သူငယ်ချင်းတွေဖြစ်တုန်းပဲမလား”

“ဒါပေါ့” ကျိချင်းကျိုး မြန်မြန်ဖြေလိုက်သည်။

ချူချန်ခေါင်းညိမ့်လိုက်ပြီး မထိန်းနိုင်စွာထပ်မေးမိသည်

“အိမ်သစ်ရဲ့ ပတ်ဝန်းကျင်က ကောင်းရဲ့လား? လုံခြုံရေးစနစ်တွေရောဘယ်လိုလဲ? အခုမင်းကကြယ်ပွင့်လေးဖြစ်နေပြီဆိုတော့ သာမန်နေရာမှာနေလို့မရတော့ဘူးဆိုတာ သိရဲ့လား။လုံခြုံရေးမြင့်မားတဲ့ နေရာမျိုးရှာရမှာ”

“ကျွန်တော်သိပါတယ်”

“တစ်ယောက်တည်းနေတာဆိုတော့ လုံခြုံရေးကိုအထူးသတိထားမှရမယ်။ရှောင်ချန်းကို မင်းနဲ့လာနေခိုင်းလိုက်ရင်ရော မကောင်းဘူးလား။ဒါမှမဟုတ် မင်းနဲ့အဖော်နေဖို့ လက်ထောက်တစ်ယောက်ငှားလိုက်မယ်လေ။တကယ်တော့ ကိုယ်ဟိုတုန်းတည်းက ကျိုးချန်ဖုန်းကို ပြောချင်နေတာ။လက်ရှိမင်းကျော်ကြားမှုနဲ့ဆို နောက်တစ်ယောက် ထပ်ငှားလို့ရရဲ့သားနဲ့။ရှောင်ချန်းက မင်းအလုပ်နဲ့ပတ်သက်တာတွေတာဝန်ယူပြီး တစ်ခြားတစ်ယောက်ကတော့မင်းခိုင်းချင်တာခိုင်းလို့ရတာပေါ့”

“မလိုပါဘူး”

ကျိချင်းကျိုး ပြန်ပြောလိုက်သည်။

“ကျွန်တော်ရိုက်ကူးရေးလုပ်နေရင် ရှောင်ချန်းနဲ့ကျိုးကောက အတူတူရှိပေးတယ်။ရိုက်ကူးရေးမရှိရင်တော့ တစ်ခြားသူတွေ အကူအညီမလိုဘူး။ကျွန်တော့်ဘာသာအဆင်ပြေတယ်”

“အဲ့လိုလား...”

ချူချန်က တိုးတိုးလေးရွတ်ပြီး သူနဲ့ဆက်မငြင်းဘဲ နောက်တစ်ခုကို အလျင်အမြန်ထပ်ပြောလာသည်။

“ဒါဆို မင်းကိုယ်မင်း ဘေးကင်းလုံခြုံအောင် ဂရုတစိုက်နဲ့နေနော်။ဘာပြဿနာဖြစ်ဖြစ် ကိုယ့်ကို ခေါ်လိုက်။ဒါမှမဟုတ်လည်း ရဲကို ခေါ်လိုက်ပါ”

“အမ်း”

တစ်ခြားရော? ချူချန်စဉ်းစားကြည့်ပြီးနောက် -

“သွားတာလာတာရောအဆင်ပြေရဲ့လား? အရေးကြီးဆုံးအချက်က မင်းကားမမောင်းတတ်တာပဲ။အရင်က အချိန်မရှိတာနဲ့ သင်လည်းမသင်ခဲ့ရဘူးမလား။ဒါရိုင်ဘာတစ်ယောက်ငှားလိုက်ရင်ရော? အနုပညာရှင်တစ်ယောက်က အပြင်ထွက်တိုင်း တက္ကစီပဲ စီးလို့မရတော့ဘူးလေ”

“မလိုပါဘူး။အလုပ်ကလွဲပြီး အပြင်သိပ်ထွက်ဖြစ်နေတာလည်း မဟုတ်တော့ အားတဲ့အချိန်ကျမှ သင်လိုက်တော့မယ်”

“ဒါရိုင်ဘာလည်း မလိုဘူးပေါ့...”

ချူချန်က တီးတိုးရေရွတ်လိုက်ပြီး ရုတ်ခြည်း ဆုံးရှုံးမှုကို ခံစားလိုက်ရကာ လွှတ်ခနဲဆိုလိုက်မိသည်။

“မင်းဘာကြောင့် အကုန်မလိုအပ်ဘူးပဲဖြစ်နေရတာလဲ”

သူ့စကားကြားတော့ ကျိချင်းကျိုးရဲ့ နှာခေါင်းထိပ်လေးကျဉ်တက်လာပြီး မျက်တောင် တစ်ဖျတ်ဖျတ်ခတ်၍ ချူချန်ကို ဖျောင်းဖြလိုက်သည်။

“ချူချန်....ခင်ဗျား ကျွန်တော်ကို ဂရုစိုက်နေမှန်းသိပေမယ့် ကျွန်တော်ကလေးမဟုတ်တော့ဘူး။အရွယ်ရောက်နေပြီ။ကျွန်တော့်ဘာသာဂရုစိုက်တတ်တယ်။ခင်ဗျားနဲ့မတွေ့ခင်ကလည်း မားနဲ့ကျွန်တော်တို့ သားအမိနှစ်ယောက်တည်းနေခဲ့ရတာပဲလေ။ဒီအခြေအနေထိရောက်နေပြီကို ကျွန်တော်ရင့်ကျက်နေပြီလို့ ပြောလို့ရပြီမဟုတ်ဘူးလား? ဒီနှစ်အတွင်း ခင်ဗျားရဲ့ ဂရုစိုက်ပေးမှုတွေ၊အကူအညီတွေအတွက် အရမ်းကျေးဇူးတင်ရပါတယ်။ဒါပေမယ့် စာချုပ်ကုန်သွားပြီလေ။ခင်ဗျားမှာ ကျွန်တော့်ကို ဂရုစိုက်ပေးရမဲ့ တာဝန်မရှိတော့ဘူး။ကျွန်တော်နဲ့ပတ်သက်ပြီး ဘာကိုမှ စိတ်ပူပေးစရာမလိုအပ်တော့ဘူး။ကျွန်တော့်ကိုယ်ကျွန်တော်ကောင်းကောင်းဂရုစိုက်မှာပါ။အလုပ်တွေလည်း ကြိုးကြိုးစားစားလုပ်ပြီး ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်အောင်နေတော့မှာမို့ ကျွန်တော့်ကို လာစိုးရိမ်မနေဘဲ ခင်ဗျားဘာသာ ကောင်းကောင်းမွန်မွန်နေထိုင်ပါ”

ချူချန်အေးခဲသွား၏။ထိုအကြောင်းတွေးရရင်  ကျိချင်းကျိုးအဲ့လိုစကားမျိုးတွေပြောလာမည့်နေ့ရောက်လာလိမ့်မည်လို့ သူမတွေးခဲ့ဖူးပါ။သူက တကယ်ကို ရိုးစင်းတဲ့သူတစ်ယောက်ပင်။ မနေ့ညက ရင်ခွင်ထဲတိုးဝင်ခဲ့သူသည် အခုကျတော့ သူ့ကိုလွှတ်ချပြီး ကိုယ်ပိုင်ဘဝနဲ့နေခွင့်ပေးဖို့ တောင်းဆိုလာသတဲ့။တစ်နေ့လို့မဆိုသာ ၂၄နာရီတောင် မပြည့်သေးပါပေ။

ထွက်သွားရမယ့်နေ့ကျရင် ကျိချင်းကျိုး ဝမ်းနည်းနေမှာပဲလို့  စိတ်ပူနေခဲ့မိတဲ့သူက တကယ်အတွေးလွန်နေခဲ့တာပဲ။

ဖုန်းဘယ်လိုကျသွားလဲတောင် ချူချန်မသိတော့‌ပါ။ဖုန်းကို ကိုင်ထားရင် သမုဒ္ဒရာနက်နက်ထဲနစ်မြှုပ်သွားရသကဲ့သို့ ခံစားနေရသည်။သူဖြည်းညှင်းစွာထ၍ အဝတ်အစားလဲပြီး ရေချိုးခန်းထဲဝင်လိုက်ကာ ဘာကိုမှလည်း ထပ်မတွေးကြည့်တော့ပေ။

မနက်အစောပိုင်းတွေ၌ ချူချန်အကြိမ်ကြိမ်လန့်နိုးလာခဲ့သည်။ အကြိမ်တိုင်းလည်း ကျိချင်းကျိုး သူ့ဘေးမှာမရှိသောကြောင့် ငေးကြောင်ကြောင်ဖြစ်နေကာ အကျင့်အရ မီးဖွင့်ပြီး ကျိချင်းကျိုးကို ရှာမို့ပြင်လိုက်ပေမယ့် မီးလင်းသွားချိန်တိုင်း ကျိချင်းကျိုး ထွက်သွားပြီပဲ ဆိုတာကို ပြန်သတိရသွားကာ မီးပြန်ပိတ်၍ ထပ်အိပ်ဖို့ပြင်ရသည်။သို့သော် ကျိချင်းကျိုးကိုပဲ ဖက်အိပ်လေ့ရှိသောကြောင့်ဖြစ်မည် အခု တစ်ယောက်တည်းအိပ်ရချိန်မှာတော့ ဟိုလှိမ့်ဒီလှိမ့်နှင့် ဘယ်လိုမှ ကောင်းကောင်းအိပ်‌မပျော်နိုင်ပါပေ။

သူ့အတွေးထဲ ကျိချင်းကျိုးက ထပ်ဝင်လာပြန်တော့ သူတို့အတူရှိခဲ့ကြတဲ့ အချိန်တွေကို ပြန်သတိရသွားပြန်သည်။အစပိုင်း အိပ်ရာဝင်ကြချိန်တွင် သူကအရင် ကျိချင်းကျိုးကို ရင်ခွင်ထဲဆွဲသွင်းကာအိပ်တတ်သည်။အဲ့တုန်းကတော့ သူပိုက်ဆံ‌ပေးထားတာဖြစ်၍ အကျိုးအမြတ်လေးနည်းနည်းပြန်ယူလို့ ဘာမှမဖြစ်ပါဘူးဟုတွေးရင်း သူနဲ့အိပ်ချင်တာပဲ သိခဲ့သည်။ဒါပေမယ့် နောက်ပိုင်းကျသူ့ဘက်က စပြီးမဖက်ရင်တောင် ကျိချင်းကျိုးဘာသာ သူ့ရင်ခွင်ထဲတိုးဝင်လာတတ်သည်။သူ့လက်မောင်းပေါ် ခေါင်းအုံး၍ စကားတွေတတွတ်တွတ်ပြောကြသည်။ဒါမှမဟုတ်လည်း သူ့ကိုယ်လုံးပေါ်မှာ လှဲအိပ်ပြီး စကားစမြည်းပြောကာ သူ့ကို ‌တင်းတင်းကြပ်ကြပ်ဖက်ထားတတ်သည်။မနက်အိပ်ရာထရင်လည်း သူ့ကိုဖက်ထားပြီး နည်းနည်းထပ်အိပ်ဦးမယ်ဟု ကလေးလေးတစ်ယောက်လို ချွဲတတ်သည်။

အစပိုင်းရက်နည်းနည်းအတွင်း ကျိချင်းကျိုးမှာ မအိပ်တတ်ဖြစ်နေပေမယ့် နောက်ရက်တွေကစပြီး အိပ်ရာထဲရောက်ရင် သူ့လက်မောင်းပေါ်မှာ ဘယ်လိုမှီပြီး အိပ်ရမလဲ သင်ယူတတ်သွားခဲ့သည်။

ချူချန်တကယ်ကို နေလို့ထိုင်လို့မကောင်းပါပေ။နာရီကိုကြည့်လိုက်ပြန်တော့လည်း မနက်ငါးနာရီကျော်ကျော်သာရှိသေး၏။ကျိချင်းကျိုး ရိုက်ကူးရေးသွားတဲ့ရက်တွေမှာတောင် သူဒီလိုမဖြစ်ခဲ့ပါ။
ကျိချင်းကျိုး သူ့ဆီပြန်လာမယ်ဆိုတာ အမြဲသိနေလို့ဖြစ်မည်ထင်သည် အေးအေးချမ်းချမ်းအိပ်ပျော်ခဲ့ပါ၏။သို့သော် အခုချိန်၌လည်း သူပြန်လာမှာ မဟုတ်တော့ဘူးဆိုတာ သူသိနေလို့ဖြစ်ပါလိမ့်မည်။

တကယ်တော့.......သူတို့နှစ်ယောက်သည် တိုတောင်းလှတဲ့အချိန်ကာလတစ်ခုပဲ တွေ့ဆုံခဲ့ကြရပြီး သူမျှော်လင့်ဖူးခဲ့သလို ချူရှင်းအား သူတစ်ကြိမ်က ပြောခဲ့ဖူးသလို အဆုံး၌ တစ်ဖြည်းဖြည်း ပိုပိုဝေးကွာသွားခဲ့ကြတာဖြစ်သည်။

ချူချန်အိပ်ရာထလိုက်ပြီး အလုပ်သွားဖို့ရန် တိတ်တဆိတ်ပြင်ဆင်လိုက်‌လေတော့သည်........

~•~•~•~•~•~•~•~~•~•~•~•~•~•

ဟမ်းးးးးးးးး!!!! ဘာပြောရမှန်းမသိတော့ဘူး🥺🥺🥺

Good Night ပါ♥️♥️♥️♥️

ဖတ်ပေး၊vote ပေး၊comment ပေးကြတဲ့ သဲလေးတွေအားလုံးကို ချစ်တယ်နော်

##################

Zawgyi





ခ်ဴခ်န္အိမ္ျပန္တဲ့အခ်ိန္က် အရမ္းေနာက္က်လြန္းေနၿပီျဖစ္သည္။မိုးလင္းကေနမိုးခ်ဳပ္ထိ တစ္ခ်ိန္လုံးကုမၸဏီမွာပဲ အခ်ိန္ကုန္ေနခဲ့၏။အိမ္ျပန္ခ်င္ေသာ္လည္း အိမ္ကို မသြားရဲပါ။လူတိုင္းကေတာ့ သူအခ်ိန္ပိုဆင္းေနတယ္ဟုေတြးၾကေပမယ့္ ခ်ဴခ်န္ကိုယ္တိုင္သာ အသိဆုံး။ဒီေန႔တစ္ေန႔လုံး ဘာအလုပ္မွ ျဖစ္ျဖစ္ေျမာက္ေျမာက္မလုပ္ႏိုင္ခဲ့။႐ုံးခန္းထဲမွာ ထိုင္ၿပီး က်ိခ်င္းက်ိဳးထြက္သြားတဲ့အေၾကာင္းကိုေတြးတယ္၊သူညဘက္အိမ္ျပန္ရမယ့္အေၾကာင္းကိုေတြးတယ္။ဒါေပမယ့္ အခန္းထဲမွာ ႐ွိေနသင့္ေသာ လူသားအား ဘယ္ေတာ့မွ သူမေတြ႕ႏိုင္ေတာ့ပါ။တစ္ေန႔လုံးအေတြးထဲပဲ နစ္ေျမာေနခဲ့၍ ဘယ္အရာေပၚမွ အာ႐ုံစိုက္ႏိုင္စြမ္းမ႐ွိခဲ့။

ဒါမျဖစ္သင့္ဘူးလို႔ ခ်ဴခ်န္ေတြးေနမိတယ္။ဒီလိုအေျခအေနမ်ိဳး ဘယ္တုန္းကမွ မျဖစ္ဖူးခဲ့တဲ့သူက ကိုယ္ေရးကိုယ္တာေၾကာင့္လည္း အလုပ္ကို အက်ိဳးမသက္ေရာက္ေစခဲ့ဖူးပါ။ဒီအေျခအေနႀကီးက အရမ္းမဆီေလ်ာ္လြန္းေနၿပီ။

ခ်ဴခ်န္ ကားရပ္ၿပီး ထိုင္ခုံခါးပတ္ျဖဳတ္၍ ကားထဲမွထြက္လိုက္ခ်ိန္ က်ိခ်င္းက်ိဳးကိုလက္ေဆာင္ေပးခဲ့ေသာ Porsche အား တစ္ခ်က္တည္းနဲ႔ျမင္လိုက္ရသည္။မေန႔က က်ိခ်င္းက်ိဳးကို ကားေသာ့ေပးခဲ့ၿပီးၿပီဥစၥာ ကားက သူ႕အပိုင္ျဖစ္သြားၿပီေလ။က်ိခ်င္းက်ိဳးလည္း သေဘာတူခဲ့ေပမယ့္ ကားက အခုထိသူ႕ကားပါကင္မွာ႐ွိေနဆဲ။

ခ်ဴခ်န္ခဏတာ ေၾကာင္ေငးေနမိၿပီးမွ တစ္စုံတစ္ခုအား သတိရသြားကာ ဓာတ္ေလွကားဆီ အေျပးအလႊားသြား၍ အိမ္ကိုျမန္ျမန္သြားလိုက္သည္။ေတြ႕ပါၿပီ။အိမ္ေသာ့ေရာကားေသာ့ပါ အိပ္ရာေဘးက စားပြဲေပၚမွာ ႐ွိေနခဲ့ပါသည္။
အခုခ်ိန္ ခ်ဴခ်န္ရဲ႕ ႏွလုံးသားထဲမွာ အကူညီမဲ့မႈေတြ၊စိတ္ဓာတ္က်မႈေတြ၊ေဒါသတရားေတြလွိမ့္တက္လာကာ က်ိခ်င္းက်ိဳးဆီ ဖုန္းဆက္လိုက္သည္။

ခဏၾကာၿပီးေနာက္ က်ိခ်င္းက်ိဳးက ဖုန္းကိုင္ၿပီး သူ႕ကိုေမးလာသည္။

“ဘာလို႔လဲ”

“ဘာလို႔မယူသြားတာလဲ”

လိုရင္းကိုသာ ခ်ဴခ်န္တန္းေမးလိုက္သည္။

“ကိုယ္မသိေအာင္ အိမ္ေသာ့ေရာကားေသာ့ပါထားခဲ့တာဘာသေဘာလဲ? အဲ့တာေတြအကုန္မင္းအတြက္ေလ။မင္းလည္း လက္ခံၿပီးသားဟာကို ဘာလို႔ မယူသြားခဲ့တာလဲ”

ဖုန္းနံပါတ္ကိုျမင္တည္းက ဒီကိစၥေမးေတာ့မယ္ဆိုတာ က်ိခ်င္းက်ိဳး ခန္႔မွန္းၿပီးသားပင္။ထို႔ေၾကာင့္ အခုၾကားရခ်ိန္၌ အံ့ဩမေနဘဲ အသံနိမ့္နိမ့္ျဖင့္ေျဖလိုက္သည္။

“တန္ဖိုးႀကီးလြန္းတယ္။ကြၽန္ေတာ္နဲ႔မထိုက္တန္ဘူး”

“တန္ဖိုးႀကီးေတာ့ဘာျဖစ္လဲ။ကိုယ္မင္းကိုေပးၿပီးသားေလ။ၿပီးမွ မင္းဘာသာေပးခ်င္တဲ့လူကိုျပန္ေပးလို႔မရဘူးလား”

“ခ်ဴခ်န္”

က်ိခ်င္းက်ိဳး တိုးတိုးေလးေခၚလိုက္ပါသည္။

“ဒီပစၥည္းေတြက ခင္ဗ်ားအတြက္တန္ဖိုးမႀကီးေလာက္ေပမယ့္ ကြၽန္ေတာ့္အတြက္ေတာ့ သိပ္တန္ဖိုးႀကီးလြန္းေနတယ္။ခင္ဗ်ားဆီက ေခ်းထားတာေတြေတာင္ ေတာ္ေတာ္မ်ားေနၿပီကို ကြၽန္ေတာ္ဘာမွထပ္မလိုခ်င္ေတာ့ဘူး”

“အဲ့လိုဝန္ထုပ္ဝန္ပိုးေတြမထားပါနဲ႔လို႔ ကိုယ္ေျပာၿပီးသားေလ။မင္းရဲ႕အခ်ိန္ေတြကိုယ့္ကိုေပးၿပီး ကိုယ့္နားမွာအေဖာ္ျပဳေပးခဲ့လို႔ ကိုယ္က ပိုက္ဆံျပန္ေပးတာ။မွ်မွ်တတျဖစ္ေနၿပီကို အရမ္းေတြလိုက္မကတ္သတ္ပါနဲ႔ေတာ့ကြာ။ၿပီးေတာ့ မင္းအခုခ်က္ခ်င္းႀကီး အိမ္ေျပာင္းသြားတာဆိုေတာ့ အရင္ေနထားတဲ့အိမ္က မင္းအတြက္လုံးဝအဆင္မေျပဘူး။မင္းကိုကာကြယ္မႈအျပည့္အဝေပးႏိုင္တဲ့ လုံျခဳံေရးအျပည့္အစုံနဲ႔ပတ္ဝန္းက်င္တစ္ခုလိုအပ္တယ္ဆိုတာေရာ မင္းသိရဲ႕လား?”

“သိပါတယ္။အဲ့ဒါေၾကာင့္ ကြၽန္ေတာ္အိမ္ငွားၿပီးသြားၿပီ။စိတ္မပူပါနဲ႔ အရင္ငွားထားတဲ့အိမ္ကိုျပန္သြားတာမဟုတ္ပါဘူး”

ခ်ဴခ်န္ ေတာင့္တင္းသြား၏။

“မင္းအိမ္ငွားၿပီးသြားၿပီ?”

“အမ္းးး”

“ဘယ္အခ်ိန္က ငွားခဲ့တာလဲ”

“လြန္ခဲ့တဲ့ႏွစ္လေလာက္က”

ခ်ဴခ်န္မွာ မယုံၾကည္ႏိုင္ျဖစ္ေနရသည္။ဇူလိုင္လနဲ႔ဩဂုတ္လ...ဒီႏွစ္လအတြင္းငွားခဲ့တာေပါ့ေလ! သူနဲ႔ က်ိခ်င္းက်ိဳးတို႔ သိပ္မေတြ႕ျဖစ္ခဲ့ၾကဘူးဆိုေသာ္ျငား သူဘာမွမသိခဲ့ရဘူး! က်ိခ်င္းက်ိဳးက သူ႕ကိုလွ်ိဳ႕ဝွက္ထားခဲ့တယ္!

“မင္းကြာ........”

သူ႕ခံစားခ်က္ေတြတည္ၿငိမ္ဖို႔အတြက္  အသက္ျပင္းျပင္း႐ွဴလိုက္ရသည္။

“လြန္ခဲ့တဲ့ႏွစ္လတည္းက အိမ္႐ွာေတြ႕ၿပီးသားဟုတ္လား”

“အင္း”

“ဒါေပမယ့္ ကိုယ့္ကိုေတာ့ မေျပာခဲ့ဘူး”

ခ်ဴခ်န္သည္ ေဆာက္တည္ရာမရမႈေတြ၊စိတ္ပ်က္အားငယ္မႈေတြႏွင့္ မေက်မနပ္မႈအား ဖိႏွိမ့္လိုက္ပါရင္း-

“မင္းအိမ္႐ွာေနတာကိုယ့္ကိုမေျပာျပခဲ့ဘူး။မင္းအိမ္႐ွာေတြ႕သြားတာ ကိုယ့္ကိုမေျပာျပခဲ့ဘူး။ဒီကိစၥေတြကိုေတာ့ မင္းဘက္က တစ္ခုခုေျပာလိမ့္မယ္လို႔ ကိုယ္ထင္ခဲ့တာ....”

က်ိခ်င္းက်ိဳးဘက္မွ အေတာ္ၾကာတိတ္ဆိတ္သြားသည္။ျပတင္းေပါက္ အျပင္မွ ညေကာင္ကင္အားၾကည့္လိုက္ရင္း စကားကို တည္ၿငိမ္ေအးသက္စြာနဲ႔ ျဖည္းျဖည္းခ်င္းေျပာလိုက္သည္။အခု ေျပာမဲ့စကားေတြအား ခ်ဴခ်န္မၾကားခ်င္ဘူးဆိုတာကိုသူသိသည္။ခ်ဴခ်န္ ဒီစကားကိုသေဘာမက်ဘူးဆိုတာလည္း သူသိေနသည္။ဒါေပမယ့္ သူတို႔က အရင္လိုမဟုတ္ေတာ့ေပ။ဒီတစ္ခါ သူ႕အလိုက်တိုင္းလိုက္ေပးလို႔မရေတာ့။

“ကိစၥတိုင္း ခင္ဗ်ားကို  မေျပာျပႏိုင္ဘူး”

“ကြၽန္ေတာ့္ကိစၥကို ကြၽန္ေတာ့္ဘာသာဆုံးျဖတ္တာျဖစ္သင့္တာပဲေလ”

ခ်ဴခ်န္ စကားထပ္မေျပာႏိုင္ေတာ့ပါေပ။ဖုန္းကိုင္ထားလ်က္ျဖင့္ အိပ္ရာေပၚျဖည္းညႇင္းစြာ ထိုင္က်သြားသည္။

က်ိခ်င္းက်ိဳးမွန္ပါတယ္။ ဒါေပါ့ သူ႕ကိစၥကို သူ႕ဘာသာဆုံးျဖတ္ခြင့္႐ွိတာေပါ့။သူလည္း မၾကာခင္ထြက္သြားရမယ္ဆိုတာသိေတာ့ ထြက္သြားတာနဲ႔ တန္းေနလို႔ရေအာင္ သူ႕ဘာသာအိမ္႐ွာထားတာ ျဖစ္သင့္တာပဲေလ။ဘယ္ေနရာမွ မမွားေနခဲ့ပါဘူး။က်ိခ်င္းက်ိဳးလုပ္ေနတာေတြအကုန္မွန္ပါတယ္။

ဒါကို သူလိုခ်င္ခဲ့တာပဲမဟုတ္ပါလား? အစကတည္းက စာခ်ဳပ္ကုန္လို႔ လမ္းခြဲၿပီးရင္ ပတ္သက္စရာအေၾကာင္းမ႐ွိေတာ့ဘူးလို႔  သူစေျပာခဲ့တာပဲေလ။အခုက်ိခ်င္းက်ိဳးက အဲ့တာကို ေကာင္းေကာင္းမြန္မြန္လုပ္ျပခဲ့ျခင္းပင္။အိမ္တစ္လုံးေတာင္ သူ႕ဘာသာ႐ွာတတ္ေနၿပီျဖစ္၏။သူက ဘာအတြက္ အျပစ္သြားတင္ေနမိတာလဲ?

ခ်ဴခ်န္ဖုန္းကိုင္ထားရင္ တစ္ခုခုေျပာလိုက္ခ်င္ေပမယ့္ အာေစးမိေနခဲ့သည္။သူဘာေျပာရမလဲမသိသလို ဘယ္လိုေျပာရမွန္းလဲ မသိပါေပ။သူသည္ က်ိခ်င္းက်ိဳး သူ႕ဆီက ထြက္သြားၿပီးလို႔ ေနစရာမ႐ွိမွာ စိုးရိမ္မိရကာ အရင္အိမ္ေနရာကလည္း က်ိခ်င္းက်ိဳးရဲ႕ လက္႐ွိေက်ာ္ၾကားမႈနဲ႔ မသင့္ေတာ္သည္ကိုပါ ထည့္သြင္းစဥ္းစားရင္း မခြဲခြာခင္ေန႔မွာ အထူးအေနနဲ႔ အိမ္တစ္လုံးလက္ေဆာင္ေပးခဲ့သည္။သူ႕ပိုင္တဲ့အိမ္ေတြထဲက ေ႐ြးထားတာျဖစ္သည္။က်ိခ်င္းက်ိဳးႀကိဳက္ေလာက္မဲ့ ပုံစံေလးအရ၊သူ႕အနာဂတ္အရ၊ပတ္ဝန္းက်င္းအေနအထားအရ.....အားလုံးကို အဘက္ဘက္က ထည့္ေတြးၿပီး က်ိခ်င္းက်ိဳးအတြက္ အသင့္ေတာ္ဆုံးလို႔ ထင္ရတဲ့ တစ္ခုကို သူေ႐ြးထားတာျဖစ္၏။

ၿမိဳ႕ေတာင္ဘက္က အိမ္က တန္ဖိုးအႀကီးဆုံး မဟုတ္သည့္တိုင္ က်ိခ်င္းက်ိဳးအတြက္ အသင့္ေတာ္ဆုံး အိမ္ျဖစ္သည္။

ဒါေပမယ့္ က်ိခ်င္းက်ိဳးက မလိုအပ္ေလဘူး။အိမ္႐ွာေတြ႕ၿပီးသြားၿပီျဖစ္သည္။သူမသိေအာင္ အိမ္သစ္တစ္လုံး ႐ွာၿပီးသြားၿပီ။အဲ့ဒါေၾကာင့္ သူမလိုေတာ့ပါဘူးတဲ့။

ခ်ဴခ်န္ရဲ႕ပါးစပ္ထဲမွာ ခါးသက္ေနခဲ့သည္။ပါးစပ္ဖြင့္လိုက္ေပမယ့္ ဘာကိုမွ ေျပာမထြက္ႏိုင္ျဖစ္ေနဆဲ။႐ုတ္တရက္ႀကီး သူနားလည္လိုက္တာက အိမ္တင္မဟုတ္ဘူး ကားေရာဆိုတာကိုပင္။က်ိခ်င္းက်ိဳးသည္ အျပင္ပန္းကသာ သူေပးတဲ့ကားကို လက္ခံခဲ့ေပမယ့္ တစ္ခါမွ မေမာင္းခဲ့ဖူးေပ။အၿမဲ ခ်ဴခ်န္ဘာသာပဲ ေမာင္းေနရတာျဖစ္သည္။

တမင္သက္သက္ပဲျဖစ္ျဖစ္ မေတာ္တဆပဲျဖစ္ျဖစ္ သူေပးခဲ့တဲ့ လက္ေဆာင္ေတြက က်ိခ်င္းက်ိဳးႏွလုံးသားထဲမွာေတာ့ ဝန္ထုပ္ဝန္ပိုႀကီး‌လို တိုးပြားေနခဲ့ၿပီး ဘာကိုမွလက္မခံခဲ့ပါေပ။
က်ိခ်င္းက်ိဳးက သိပ္ေတာ္လြန္းပါသည္။ သူဘာၾကားခ်င္တယ္ ဘာျမင္ခ်င္တယ္ဆိုတာကို အၿမဲတန္းသိ၏။ သူနဲ႔ မျငင္းခုံခ်င္ေသာေၾကာင့္ အျပင္ပန္းမွာေတာ့ အားလုံးလက္ခံေပးေလသည္။သို႔တိုင္ အတြင္းစိတ္ထဲ၌မူ အရာအားလုံးကို ယဥ္ေက်းတဲ့နည္းလမ္းနဲ႔ ျပန္ေပးခ်င္ေနတာျဖစ္သည္။

ဆြဲႀကိဳးေလးနဲ႔ၾကယ္ဗူးေလးက လြဲၿပီး ဘာမွ မလိုခ်င္ခဲ့တာျဖစ္မည္။ဒါေပမယ့္ ဆြဲႀကိဳးေတာင္မွ တန္ဖိုးတူတဲ့ ဆြဲႀကိဳးတစ္ခု သူ႕ကိုျပန္ေပးသြားခဲ့ေလသည္။

ကိစၥတိုင္း သူ႕ကိုမေျပာျပႏိုင္ဘူးဆိုတဲ့စကားက တကယ္မွန္ပါေပသည္။ က်ိခ်င္းက်ိဳးက သူ႕ရဲ႕နာခံမႈ႐ွိတဲ့ ပုံစံေလးနဲ႔ ကိုယ္ပိုင္အေတြးေတြကို ဖုံးကြယ္ထားၿပီး ဘာကိုမွမေျပာဘဲ လွ်ိဳ႕ဝွက္ထားခဲ့သည္။သည္ခဏ  ထိုလူဟာ  သ႐ုပ္‌တစ္ေယာက္ျဖစ္ဖို႔ သိပ္ထိုက္တန္လြန္းပါသည္ဟု ခ်ဴခ်န္ခံစားရသြားသည္။ထူးခြၽန္ေျပာင္ေျမာက္တဲ့ သ႐ုပ္ေဆာင္စြမ္းရည္ေတြနဲ႔ သိပ္ေတာ္တဲ့ သ႐ုပ္ေဆာင္ႀကီးတစ္ေယာက္ပင္။

တစ္ဖက္နဲ႔တစ္ဖက္ အေတာ္ၾကာတိတ္ေနၿပီးေနာက္ က်ိခ်င္းက်ိဳးက အရင္စကားစလာသည္။

“တကယ္လို႔ တစ္ျခားေျပာစရာမ႐ွိေတာ့ဘူးဆိုရင္ ကြၽန္ေတာ္ဖုန္းခ်လိုက္ပါေတာ့မယ္။မနက္ျဖန္ ေၾကာ္ျငာတစ္ခု႐ိုက္ဖို႔ ႐ွိတဲ့အတြက္ ေစာေစာအနားယူမွျဖစ္မွာမို႔ပါ”

သူ႕ရဲ႕ဒီလိုေျပာဆိုပုံအား ခ်ဴခ်န္က်င့္သားမရေသးပါ။က်ိခ်င္းက်ိဳး သူ႕ကိုယဥ္ေက်းလြန္းစြာေျပာမဲ့ေန႔ေရာက္လာခဲ့မယ္လို႔ မေမွ်ာ္လင့္ထားခဲ့ဖူး။

“က်ိခ်င္းက်ိဳး.....ကိုယ္တို႔.....သူငယ္ခ်င္းေတြျဖစ္တုန္းပဲမလား”

“ဒါေပါ့” က်ိခ်င္းက်ိဳး ျမန္ျမန္ေျဖလိုက္သည္။

ခ်ဴခ်န္ေခါင္းညိမ့္လိုက္ၿပီး မထိန္းႏိုင္စြာထပ္ေမးမိသည္

“အိမ္သစ္ရဲ႕ ပတ္ဝန္းက်င္က ေကာင္းရဲ႕လား? လုံျခဳံေရးစနစ္ေတြေရာဘယ္လိုလဲ? အခုမင္းကၾကယ္ပြင့္ေလးျဖစ္ေနၿပီဆိုေတာ့ သာမန္ေနရာမွာေနလို႔မရေတာ့ဘူးဆိုတာ သိရဲ႕လား။လုံျခဳံေရးျမင့္မားတဲ့ ေနရာမ်ိဳး႐ွာရမွာ”

“ကြၽန္ေတာ္သိပါတယ္”

“တစ္ေယာက္တည္းေနတာဆိုေတာ့ လုံျခဳံေရးကိုအထူးသတိထားမွရမယ္။ေ႐ွာင္ခ်န္းကို မင္းနဲ႔လာေနခိုင္းလိုက္ရင္ေရာ မေကာင္းဘူးလား။ဒါမွမဟုတ္ မင္းနဲ႔အေဖာ္ေနဖို႔ လက္ေထာက္တစ္ေယာက္ငွားလိုက္မယ္ေလ။တကယ္ေတာ့ ကိုယ္ဟိုတုန္းတည္းက က်ိဳးခ်န္ဖုန္းကို ေျပာခ်င္ေနတာ။လက္႐ွိမင္းေက်ာ္ၾကားမႈနဲ႔ဆို ေနာက္တစ္ေယာက္ ထပ္ငွားလို႔ရရဲ႕သားနဲ႔။ေ႐ွာင္ခ်န္းက မင္းအလုပ္နဲ႔ပတ္သက္တာေတြတာဝန္ယူၿပီး တစ္ျခားတစ္ေယာက္ကေတာ့မင္းခိုင္းခ်င္တာခိုင္းလို႔ရတာေပါ့”

“မလိုပါဘူး”

က်ိခ်င္းက်ိဳး ျပန္ေျပာလိုက္သည္။

“ကြၽန္ေတာ္႐ိုက္ကူးေရးလုပ္ေနရင္ ေ႐ွာင္ခ်န္းနဲ႔က်ိဳးေကာက အတူတူ႐ွိေပးတယ္။႐ိုက္ကူးေရးမ႐ွိရင္ေတာ့ တစ္ျခားသူေတြ အကူအညီမလိုဘူး။ကြၽန္ေတာ့္ဘာသာအဆင္ေျပတယ္”

“အဲ့လိုလား...”

ခ်ဴခ်န္က တိုးတိုးေလး႐ြတ္ၿပီး သူနဲ႔ဆက္မျငင္းဘဲ ေနာက္တစ္ခုကို အလ်င္အျမန္ထပ္ေျပာလာသည္။

“ဒါဆို မင္းကိုယ္မင္း ေဘးကင္းလုံျခဳံေအာင္ ဂ႐ုတစိုက္နဲ႔ေနေနာ္။ဘာျပႆနာျဖစ္ျဖစ္ ကိုယ့္ကို ေခၚလိုက္။ဒါမွမဟုတ္လည္း ရဲကို ေခၚလိုက္ပါ”

“အမ္း”

တစ္ျခားေရာ? ခ်ဴခ်န္စဥ္းစားၾကည့္ၿပီးေနာက္ -

“သြားတာလာတာေရာအဆင္ေျပရဲ႕လား? အေရးႀကီးဆုံးအခ်က္က မင္းကားမေမာင္းတတ္တာပဲ။အရင္က အခ်ိန္မ႐ွိတာနဲ႔ သင္လည္းမသင္ခဲ့ရဘူးမလား။ဒါ႐ိုင္ဘာတစ္ေယာက္ငွားလိုက္ရင္ေရာ? အႏုပညာ႐ွင္တစ္ေယာက္က အျပင္ထြက္တိုင္း တကၠစီပဲ စီးလို႔မရေတာ့ဘူးေလ”

“မလိုပါဘူး။အလုပ္ကလြဲၿပီး အျပင္သိပ္ထြက္ျဖစ္ေနတာလည္း မဟုတ္ေတာ့ အားတဲ့အခ်ိန္က်မွ သင္လိုက္ေတာ့မယ္”

“ဒါ႐ိုင္ဘာလည္း မလိုဘူးေပါ့...”

ခ်ဴခ်န္က တီးတိုးေရ႐ြတ္လိုက္ၿပီး ႐ုတ္ျခည္း ဆုံး႐ႈံးမႈကို ခံစားလိုက္ရကာ လႊတ္ခနဲဆိုလိုက္မိသည္။

“မင္းဘာေၾကာင့္ အကုန္မလိုအပ္ဘူးပဲျဖစ္ေနရတာလဲ”

သူ႕စကားၾကားေတာ့ က်ိခ်င္းက်ိဳးရဲ႕ ႏွာေခါင္းထိပ္ေလးက်ဥ္တက္လာၿပီး မ်က္ေတာင္ တစ္ဖ်တ္ဖ်တ္ခတ္၍ ခ်ဴခ်န္ကို ေဖ်ာင္းျဖလိုက္သည္။

“ခ်ဴခ်န္....ခင္ဗ်ား ကြၽန္ေတာ္ကို ဂ႐ုစိုက္ေနမွန္းသိေပမယ့္ ကြၽန္ေတာ္ကေလးမဟုတ္ေတာ့ဘူး။အ႐ြယ္ေရာက္ေနၿပီ။ကြၽန္ေတာ့္ဘာသာဂ႐ုစိုက္တတ္တယ္။ခင္ဗ်ားနဲ႔မေတြ႕ခင္ကလည္း မားနဲ႔ကြၽန္ေတာ္တို႔ သားအမိႏွစ္ေယာက္တည္းေနခဲ့ရတာပဲေလ။ဒီအေျခအေနထိေရာက္ေနၿပီကို ကြၽန္ေတာ္ရင့္က်က္ေနၿပီလို႔ ေျပာလို႔ရၿပီမဟုတ္ဘူးလား? ဒီႏွစ္အတြင္း ခင္ဗ်ားရဲ႕ ဂ႐ုစိုက္ေပးမႈေတြ၊အကူအညီေတြအတြက္ အရမ္းေက်းဇူးတင္ရပါတယ္။ဒါေပမယ့္ စာခ်ဳပ္ကုန္သြားၿပီေလ။ခင္ဗ်ားမွာ ကြၽန္ေတာ့္ကို ဂ႐ုစိုက္ေပးရမဲ့ တာဝန္မ႐ွိေတာ့ဘူး။ကြၽန္ေတာ္နဲ႔ပတ္သက္ၿပီး ဘာကိုမွ စိတ္ပူေပးစရာမလိုအပ္ေတာ့ဘူး။ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ေကာင္းေကာင္းဂ႐ုစိုက္မွာပါ။အလုပ္ေတြလည္း ႀကိဳးႀကိဳးစားစားလုပ္ၿပီး ပိုေကာင္းတဲ့ လူတစ္ေယာက္ ျဖစ္ေအာင္ေနေတာ့မွာမို႔ ကြၽန္ေတာ့္ကို လာစိုးရိမ္မေနဘဲ ခင္ဗ်ားဘာသာ ေကာင္းေကာင္းမြန္မြန္ေနထိုင္ပါ”

ခ်ဴခ်န္ေအးခဲသြား၏။ထိုအေၾကာင္းေတြးရရင္  က်ိခ်င္းက်ိဳးအဲ့လိုစကားမ်ိဳးေတြေျပာလာမည့္ေန႔ေရာက္လာလိမ့္မည္လို႔ သူမေတြးခဲ့ဖူးပါ။သူက တကယ္ကို ႐ိုးစင္းတဲ့သူတစ္ေယာက္ပင္။ မေန႔ညက ရင္ခြင္ထဲတိုးဝင္ခဲ့သူသည္ အခုက်ေတာ့ သူ႕ကိုလႊတ္ခ်ၿပီး ကိုယ္ပိုင္ဘဝနဲ႔ေနခြင့္ေပးဖို႔ ေတာင္းဆိုလာသတဲ့။တစ္ေန႔လို႔မဆိုသာ ၂၄နာရီေတာင္ မျပည့္ေသးပါေပ။

ထြက္သြားရမယ့္ေန႔က်ရင္ က်ိခ်င္းက်ိဳး ဝမ္းနည္းေနမွာပဲလို႔  စိတ္ပူေနခဲ့မိတဲ့သူက တကယ္အေတြးလြန္ေနခဲ့တာပဲ။

ဖုန္းဘယ္လိုက်သြားလဲေတာင္ ခ်ဴခ်န္မသိေတာ့‌ပါ။ဖုန္းကို ကိုင္ထားရင္ သမုဒၵရာနက္နက္ထဲနစ္ျမႇဳပ္သြားရသကဲ့သို႔ ခံစားေနရသည္။သူျဖည္းညႇင္းစြာထ၍ အဝတ္အစားလဲၿပီး ေရခ်ိဳးခန္းထဲဝင္လိုက္ကာ ဘာကိုမွလည္း ထပ္မေတြးၾကည့္ေတာ့ေပ။

မနက္အေစာပိုင္းေတြ၌ ခ်ဴခ်န္အႀကိမ္ႀကိမ္လန္႔ႏိုးလာခဲ့သည္။ အႀကိမ္တိုင္းလည္း က်ိခ်င္းက်ိဳး သူ႕ေဘးမွာမ႐ွိေသာေၾကာင့္ ေငးေၾကာင္ေၾကာင္ျဖစ္ေနကာ အက်င့္အရ မီးဖြင့္ၿပီး က်ိခ်င္းက်ိဳးကို ႐ွာမို႔ျပင္လိုက္ေပမယ့္ မီးလင္းသြားခ်ိန္တိုင္း က်ိခ်င္းက်ိဳး ထြက္သြားၿပီပဲ ဆိုတာကို ျပန္သတိရသြားကာ မီးျပန္ပိတ္၍ ထပ္အိပ္ဖို႔ျပင္ရသည္။သို႔ေသာ္ က်ိခ်င္းက်ိဳးကိုပဲ ဖက္အိပ္ေလ့႐ွိေသာေၾကာင့္ျဖစ္မည္ အခု တစ္ေယာက္တည္းအိပ္ရခ်ိန္မွာေတာ့ ဟိုလွိမ့္ဒီလွိမ့္ႏွင့္ ဘယ္လိုမွ ေကာင္းေကာင္းအိပ္‌မေပ်ာ္ႏိုင္ပါေပ။

သူ႕အေတြးထဲ က်ိခ်င္းက်ိဳးက ထပ္ဝင္လာျပန္ေတာ့ သူတို႔အတူ႐ွိခဲ့ၾကတဲ့ အခ်ိန္ေတြကို ျပန္သတိရသြားျပန္သည္။အစပိုင္း အိပ္ရာဝင္ၾကခ်ိန္တြင္ သူကအရင္ က်ိခ်င္းက်ိဳးကို ရင္ခြင္ထဲဆြဲသြင္းကာအိပ္တတ္သည္။အဲ့တုန္းကေတာ့ သူပိုက္ဆံ‌ေပးထားတာျဖစ္၍ အက်ိဳးအျမတ္ေလးနည္းနည္းျပန္ယူလို႔ ဘာမွမျဖစ္ပါဘူးဟုေတြးရင္း သူနဲ႔အိပ္ခ်င္တာပဲ သိခဲ့သည္။ဒါေပမယ့္ ေနာက္ပိုင္းက်သူ႕ဘက္က စၿပီးမဖက္ရင္ေတာင္ က်ိခ်င္းက်ိဳးဘာသာ သူ႕ရင္ခြင္ထဲတိုးဝင္လာတတ္သည္။သူ႕လက္ေမာင္းေပၚ ေခါင္းအုံး၍ စကားေတြတတြတ္တြတ္ေျပာၾကသည္။ဒါမွမဟုတ္လည္း သူ႕ကိုယ္လုံးေပၚမွာ လွဲအိပ္ၿပီး စကားစျမည္းေျပာကာ သူ႕ကို ‌တင္းတင္းၾကပ္ၾကပ္ဖက္ထားတတ္သည္။မနက္အိပ္ရာထရင္လည္း သူ႕ကိုဖက္ထားၿပီး နည္းနည္းထပ္အိပ္ဦးမယ္ဟု ကေလးေလးတစ္ေယာက္လို ခြၽဲတတ္သည္။

အစပိုင္းရက္နည္းနည္းအတြင္း က်ိခ်င္းက်ိဳးမွာ မအိပ္တတ္ျဖစ္ေနေပမယ့္ ေနာက္ရက္ေတြကစၿပီး အိပ္ရာထဲေရာက္ရင္ သူ႕လက္ေမာင္းေပၚမွာ ဘယ္လိုမွီၿပီး အိပ္ရမလဲ သင္ယူတတ္သြားခဲ့သည္။

ခ်ဴခ်န္တကယ္ကို ေနလို႔ထိုင္လို႔မေကာင္းပါေပ။နာရီကိုၾကည့္လိုက္ျပန္ေတာ့လည္း မနက္ငါးနာရီေက်ာ္ေက်ာ္သာ႐ွိေသး၏။က်ိခ်င္းက်ိဳး ႐ိုက္ကူးေရးသြားတဲ့ရက္ေတြမွာေတာင္ သူဒီလိုမျဖစ္ခဲ့ပါ။
က်ိခ်င္းက်ိဳး သူ႕ဆီျပန္လာမယ္ဆိုတာ အၿမဲသိေနလို႔ျဖစ္မည္ထင္သည္ ေအးေအးခ်မ္းခ်မ္းအိပ္ေပ်ာ္ခဲ့ပါ၏။သို႔ေသာ္ အခုခ်ိန္၌လည္း သူျပန္လာမွာ မဟုတ္ေတာ့ဘူးဆိုတာ သူသိေနလို႔ျဖစ္ပါလိမ့္မည္။

တကယ္ေတာ့.......သူတို႔ႏွစ္ေယာက္သည္ တိုေတာင္းလွတဲ့အခ်ိန္ကာလတစ္ခုပဲ ေတြ႕ဆုံခဲ့ၾကရၿပီး သူေမွ်ာ္လင့္ဖူးခဲ့သလို ခ်ဴ႐ွင္းအား သူတစ္ႀကိမ္က ေျပာခဲ့ဖူးသလို အဆုံး၌ တစ္ျဖည္းျဖည္း ပိုပိုေဝးကြာသြားခဲ့ၾကတာျဖစ္သည္။

ခ်ဴခ်န္အိပ္ရာထလိုက္ၿပီး အလုပ္သြားဖို႔ရန္ တိတ္တဆိတ္ျပင္ဆင္လိုက္‌ေလေတာ့သည္........

~•~•~•~•~•~•~•~~•~•~•~•~•~•

ဟမ္းးးးးးးးး!!!! ဘာေျပာရမွန္းမသိေတာ့ဘူး🥺🥺🥺

Good Night ပါ♥️♥️♥️♥️

ဖတ္ေပး၊vote ေပး၊comment ေပးၾကတဲ့ သဲေလးေတြအားလုံးကို ခ်စ္တယ္ေနာ္

##################

Continue Reading

You'll Also Like

778K 78.4K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
1.1M 20.1K 33
Myanmar × BL Uni/Zaw Warning..... Start Date:29.9.2023 End Date:20.11.2023 Photo Crd
197K 4.8K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
78K 14.3K 28
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ