ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြ...

Por Greentealay-

1M 154K 7.7K

Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47... Mais

{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23•1}
{23.2}
{23.3}
{ 24}
{25}
{26}
{27}
{28}
{29}
{ 30 }
{31}
{32}
{34}
{33}
{35}
အဆက်
{36}
{37}
{38}
{39}
{40}
{41}
{42}
{အဆက်}
{43}
{44}
{45}
{46}
{47}
{48}
{49}
{50}
{51}
{52}
{53}
{54}
{55}
{56}
{57}
{58}
{59}
{60}
{61}
{61.1}
{62}
{62.1}
{63}
{64}
{65}
{66}
{67}
{68}
{69}
{ 70}
{71}
{72}
{73}
{74}
{75}
{76}
{77}
{78}
{79}
{80}
[81]
{82}
{83}
{83-1}
{84}
{85}
{86}
{86-1}
{87}
{88}
{89}
{90}
{91}
{92}
{93}
{94}
{95}
{96}
{97}
{99}
{100}
{ 101}
{102}
{103}
{104}
{105}
{106}
{107}
{108}
{109}
{110}
{111}
{112}
{113}
{114}
{115}
{ 116}
{117}
{119}
{120}
{121}
{118}
{122}
{123}
{124}
{123-2}
{125}
{126}
{127}
{128}
{128-2}
{129}
{130}
{131}
{132}
[133]
{134}
{135}
{136}
{137-1}
{137-2}
{138}
💙
{138}
{139}
💙
{140}
{141}
{142}
{143}
{144}
{145}
အဆက်
{146}
[147]
{148}
💙
{149}
{150}
အဆက်
{151}
အဆက်
{152}
{153}
{154}
{155}
{156}
{157}
{158}
{159}
{160}

{98}

4.6K 895 114
Por Greentealay-

Unicode

ကျိချင်းကျိုးပြောခဲ့ပါသော “တစ်ခြားသူတွေရှေ့မှာရှိတဲ့ကျွန်တော်နဲ့ခင်ဗျားရှေ့က ကျွန်တော်ကမတူဘူး” ဆိုသည့်စကားအား သူမှတ်မိပါ၏။

ဒါပေမယ့် အခုချိန်၌ ထိုမတူညီမှုအား ချူချန်မမြင်ရပေ။

သူ့မျက်လုံးတွေဖိမှိတ်လိုက်ပြီး နှလုံးသားအောက်ခြေမှ လှိုက်တက်လာသော ခံစားချက်ဆိုးဆိုးရွားရွားတွေကို ဖိနှိပ်ပါရင်း ဖွဖွလေးပြောလိုက်မိသည်။

“မွေးနေ့မှာ ပျော်ရွှင်ပါစေ”

“ကျေးဇူး” ကျိချင်းကျိုးက သူ့ကို ပြန်ဖြေသည်။

သူမျှော်လင့်ထားသလိုပဲ ခံစားချက်အပြောင်းအလဲလေးတောင်မရှိခဲ့‌ပါပေ။

ချူချန်သည် လူကို လွှတ်ပေးလိုက်ပြီး တစ်ဖက်လှည့်၍ အဆင်ပြေပါတယ်...အဆင်ပြေပါတယ်....ဟု ကိုယ့်ကိုကိုယ် ဆက်တိုက်နှစ်သိမ့်နေမိတယ်။ဒီလိုဖြစ်သွားမှသာ သူတို့ဝေးကျရင် အနည်းဆုံးတော့ ကျိချင်းကျိုး ဝမ်းမနည်းရတော့ဘူးလေ။ဒါဆို လုံလောက်ပါပြီ။

အစားစားနေစဉ်အတွင် ချူချန်သည် ကြိုပြင်ဆင်ထားပါသောလက်ဆောင်လေးအား ကျိချင်းကျိုးကို ပေးလိုက်သည်။

“ဖွင့်ကြည့်ကြည့်”

ကျိချင်းကျိုး လက်ဆောင်ဘူးကို ယူဖွင့်ကြည့်လိုက်ချိန် သော့တစ်ချောင်းကိုသာတွေ့လိုက်ရ၏။

“ဒါ မြို့တောင်ဘက်ခြမ်းမှာရှိတဲ့ ကိုယ့်အိမ်လေ။စတုရန်းလေးရာလောက်ကျယ်တဲ့ နှစ်ထပ်တိုက်အိမ်လေး။ပစ္စည်းပစ္စအကုန်အပြည့်အစုံရှိပြီးသား။ခြံဝန်းကလည်း သေးသေးလေးပါပဲ။နောက်ပိုင်း မင်း သဘောကျတဲ့ အပင်လေးတွေ၊ပန်းလေးတွေစိုက်ချင်လည်းရတယ်။မင်းစိတ်ကူးထဲမှာရှိတဲ့အတိုင်းပြင်လို့ရတယ်”

ကျိချင်းကျိုးသည် အိမ်တစ်အိမ်လက်ဆောင်ပေးလိမ့်မည်မထင်ထားလျက် ချက်ချင်းငြင်းလိုက်သည်။

“မလိုချင်ဘူး”

“ယူပါ။ကိုယ်က ပေးပြီးရင် ပြန်မယူတတ်ဘူး”

“ဒါပေမယ့် ကျွန်တော်ရှက်တယ်”

သူ ချူချန်ကိုကြည့်လိုက်သည်။ ချူချန်ရဲ့ချစ်သူလို့တောင်ပြောမရတဲ့သူက ချူချန်ရဲ့အိမ်ကို ဘာကြောင့်ယူရမှာလဲ။အဲ့လိုယူပိုင်ခွင့်ရောရှိလို့လား?

“ကျိုးကျိုး....ဒီနေ့က မင်းမွေးနေ့လေ....ဘာလို့ ကိုယ့်လက်ဆောင်ကို လက်မခံရတာလဲ? ယူလိုက်ပါ။ဒါအတွက်ကြောင့်နဲ့တော့ ကိုယ်နဲ့ မငြင်းချင်ပါနဲ့။မတန်ဘူး”

ကျိချင်းကျိုးကဘာမှထပ်မပြောလာတော့ပေ။အကြာကြီးနေမှသာ သော့ကို ယူလိုက်ပြီး ကျေးဇူးတင်စကားဆိုလာသည်။ဒီအိမ်ကို သူမလိုချင်ပါ။ထွက်သွားမည့်နေကျရင် ချူချန်ကို သော့ပြန်ပေးသွားရမယ်။အခုကတော့ ဒါနဲ့ပတ်သက်ပြီး အရေးတယူစကားများမနေတော့ပေ။

သူလက်ခံလိုက်မှပဲ ချူချန် စိတ်ကျေနပ်သွားသည်။ ကျိချင်းကျိုးတွက် အသားလှီးပေးလိုက်ပြီး ပန်းကန်ချင်းလဲကာ ကျိချင်းကျိုးရှေ့ချပေးလိုက်သည်။

“စားတော့”

“အမ်း”

ကျိချင်းကျိုးက အသံလေးပြုပြီး ဓားနဲ့ခရင်းကို ကောက်ကိုင်လိုက်သည်။

ရက်အနည်းငယ်နေတော့ ဩဂုတ်လ၂၉ရက်နေ့သို့ရောက်လာခဲ့သည်။ကျိချင်းကျိုးနှင့်ချူချန်တို့ရဲ့ သဘောတူညီချက်က ၃၀ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်သည်။၂၉ရက်နေ့တောင်ရောက်ပြီဖြစ်၍ ချူချန်အိမ်က ထွက်သွားဖို့ ကျိချင်းကျိုး အထုပ်အပိုးတွေပြင်တော့သည်။ချူချန်မှာ ခရီးဆောင်အိတ်ထဲအဝတ်တွေထည့်နေသူအားကြည့်၍ အကြောင်းရင်းမရှိပါပဲ ဝမ်းနည်းကာစိတ်ဓာတ်ကျလာခဲ့ပေမယ့် သူ့ခံစားချက်တွေကို ဖုံးကွယ်လျက် ကျိချင်းကျိုးထံလေးလေးနက်နက်ကတိပေးလိုက်သည်။

“မင်း‌မားမားရဲ့ဆေးဖိုးကို ကိုယ် ဆက်ပြီး တာဝန်ယူပေးမယ်”

ကျိချင်းကျိုးက သူနဲ့ထိုကိစ္စဆွေးနွေးဖို့ကြိုးစားလိုက်သည်။

“ကျွန်တော်လည်းအခု တတ်နိုင်နေ......”

“မင်းမားမားရဲ့ဆေးဖိုးကို တစ်နှစ်တွက်မဟုတ်ဘဲ အလုံးစုံသက်သာတဲ့အထိ တာဝန်ယူပါ့မယ်လို့ အရင်တည်းက ကိုယ်တို့သဘောတူထားပြီးသားနော်။ ကိုယ့်ကတိကိုယ်တည်မှာ”

သူစကားမဆုံးသေးခင် ချူချန်က အလွန်ခိုင်မာတဲ့သဘောထားဖြင့် ကြားဖြတ်ပြောလာခဲ့ခြင်းပင်။

ကျိချင်းကျိုးသည် သူနှင့် ရန်မဖြစ်ချင်ပါသောကြောင့် အရင်မှတ်ထားပြီး နောက် သူပိုက်ဆံရှိလာတဲ့အခါကျ ပြန်ဆပ်ဖို့ ဆုံးဖြတ်လိုက်သည်။

“အင်း” သူတွန့်ဆုတ်ဆုတ်နဲ့သဘောတူလိုက်သည်။

ချူချန်က ဘာစကားမှထပ်မပြောလာတော့ဘဲ သူအထုပ်ပြင်နေတာကိုသာ ဆက်ပြီးကြည့်နေလေသည်။

ကျိချင်းကျိုးမှာယူစရာအများကြီးမရှိပေ။လာတုန်းက အိပ်နှစ်အိတ်ဆွဲလာခဲ့သလို ပြန်တော့လည်း အိတ်နှစ်အိတ်သာပါသည်။ချူချန်တစ်ယောက် စားပွဲဘေးနားက ကြယ်ဗူးလေးအား ‌တွေ့လိုက်ချိန် ထိုဗူးလေးအား သွားယူလိုက်ကာ ကျိချင်းကျိုး လက်ထဲထည့်ပေးလိုက်သည်။

လက်ထဲမှ ကြယ်အပြည့်ပါသော ဗူးလေးအားကြည့်ရင်း ထိုညက ချူချန်နူးညံ့စွာပေးခဲ့သော ကောင်းချီးတွေအား ကျိချင်းကျိုး ပြန်သတိရမိရင်း ချူချန်လက်ထဲမှ ယူ၍ တိုးတိုးလေးပြောလိုက်သည်။

“ကျေးဇူးပါ”

“ရပါတယ်”

ကျိချင်းကျိုးသည် ဗူးအားအိတ်ထဲသိပ်ထည့်လိုက်ပြီး ခရီးဆောင်အိတ်ကိုပိတ်လိုက်သည်။

ညဘက်အိပ်ရာဝင်တဲ့အချိန် ကျိချင်းကျိုး ချူချန်ကိုမေးလိုက်သည်။

“မနက်ဖြန်ဘယ်အချိန်အလုပ်သွားမှာလဲ”

“မသွားဘူး။ကိုယ်မင်းကို လိုက်ပို့ပေးချင်လို့”

“မလိုပါဘူး” ကျိချင်းကျိုး ငြင်းလိုက်သည်။

“ကျွန်တော့်ဘာသာထွက်သွားချင်တာ”

ချူချန်သည် သူ့ကိုဖက်ထားရင်း မထိန်းနိုင်ဘဲ ပိုတိုးဖက်လိုက်မိသည်။ထပ်ပြောလာသည့် ကျိချင်းကျိုးအသံလေးက တိုးနေသည့်တိုင် ခိုင်မာမှုတို့ စွက်နေခဲ့ပါသည်။

ချူချန်သူ့ကို ငုံ့ကြည့်လိုက်ပေမယ့် ဆံပင်ထိပ်လေးကိုသာ မြင်နေရသည်။

“ကောင်းပါပြီ”

ကျိချင်းကျိုး၏ဆံပင်ထိပ်လေးအားငုံ့နမ်းရင်း အလျှော့ပေးလိုက်တော့သည်။

ထိုည၌ ချူချန် ကောင်းကောင်းအိပ်မပျော်ခဲ့ပါပေ။သူအိပ်မက်တစ်ခုမက်ခဲ့သည်။ကျိချင်းကျိုးမပါဝင်တဲ့ သူ့ဘဝကို အိပ်မက်မက်ခဲ့သည်။ချင်းရွှယ်နဲ့တစ်ခြားသူ‌တွေအား သူ ကြိုးစားဖော်ပြခဲ့သည်။

“ကျိချင်းကျိုး။ငါ့ချစ်သူလေးလေ။မင်းတို့သူ့ကိုတွေ့ဖူးပြီး သူ့အတွက် ကော့မန့်တွေပါ ဝင်ရေးပေးခဲ့ကြတာလေ။မင်းတို့မေ့သွားကြပြီလား။”

ဒါပေမယ့် ချင်းရွှယ်က ထရယ်လာသည်။

“မင်းဘာတွေပြောနေတာလဲ။ကျိချင်းကျိုးက ဖန်ယောင်ရွှမ်းနဲ့ လိုက်ပြေးသွားပြီမဟုတ်ဘူးလား။မင်းဆီကချေးထားတဲ့ပိုက်ဆံကိုလည်း ဖန်ယောင်ရွှမ်းပြန်ဆပ်သွားတယ်လေ။မေ့နေတာလား”

“ဘာသောက်ရေးမပါတာတွေပြောနေတာလဲ!”

ချူချန်ဒေါသတကြီးအော်လိုက်သည်။

“သူ အရင်ကပဲ ဖန်ယောင်ရွှမ်းနဲ့ပတ်သက်ခဲ့တာ။အခု ငါနဲ့အတူတူနေနေတာဖြင့်ကြာပြီကွ!”

ချင်းရွှယ်မှာ ဆွံ့အလျက်။

“မယုံရင် အန်းမင်နဲ့တစ်ခြားသူတွေကိုမေးကြည့်။ကျိချင်းကျိူး ဖန်ယောင်ရွှမ်းနဲ့အတူတူနေတာဖြင့်ကြာနေပြီကို မင်းရူးနေတာလား?  ဘာလဲ မင်းသူ့ကိုအခုထိလွမ်းနေသေးတာလား။အားချန် မင်းက အဲ့လိုလူမျိုးမဟုတ်ပါဘူး”

ချူချန်ရူးတော့မလိုပါပင်။ဒါပေမယ့် ယွီအန်းမင်၊ယောက်ရှိုးယွမ်နဲ့ရှောင်ရုံတို့က ချင်းရွှယ်ဘက်ကချည်းဖြစ်၏။သူမတတ်နိုင်စွာ ယွီအန်းယီကြည့်၍ မေးလိုက်သည်။

“မင်းတို့နှစ်ယောက် အချင်းချင်း ရင်းနှီးကြတယ်လေ။မှတ်မိလား”

ယွီအန်းယီက အေးစက်စက် နှာခေါင်းရှုံ့လျက်-

“သူနဲ့ရင်းနှီးတယ်? နိုးထတော့အားချန်ရေ။သူက အဆင့်၁၈သရုပ်ဆောင်လေးဥစ္စာ။သူနဲ့ရင်းနှီးဖို့နေနေသာ ငါ့နှဲ့တွေ့တောင်မတွေ့ဖူးဘူး။နင့်အိပ်မက်ထဲမှာပဲ ငါတို့ ရင်းနှီးကြမှာ”

သူတို့အားလုံးကို ချူချန်နားမလည်နိုင်တော့ပေ။သူ့ဘာသာဖုန်းထုတ်ပြီး ကျိချင်းကျိုးဆီဆက်လိုက်ပေမယ့် လုံးလုံးဆက်သွယ်လို့မရခဲ့ပါ။သူ့မှာ WeChatကနေ စာပို့ချင်ပါသော်လည်း သူ့WeChatအဆက်အသွယ်တွေထဲမှာ ထိုလူသားမပါရှိခဲ့။ကျိချင်းကျိုးရဲ့Weiboကို ဝင်ကြည့်ပြန်တော့လည်း ပို့စ်နည်းနည်းသာရှိနေပြီး တစ်ခုမှကို သူသိမနေပါချေ။

ချူချန်တစ်ယောက် ထိန်းမရအောင်ကြောက်စိတ်မွှန်လာခဲ့သည်။ကျိုးချန်ဖုန်းအား ကျိချင်းကျိုး လတ်တလောဘာလုပ်နေလဲ လှမ်းမေးကြည့်ချိန် ကျိုးချန်ဖုန်းက သူလည်းမသိဘူးဟုပြန်ဖြေလာသည်။ကျိချင်းကျိုးက ရှီးယွီနဲ့စာချုပ်ဖျက်ထားတာ ကြာပြီဖြစ်ပြီး အခုသူက ဖန်ယောင်ရွှမ်းရဲ့ စတူဒီယိုမှာ ရှိနေကြောင်း သူ့ရဲ့လတ်တလောလှုပ်ရှားမှုတွေကိုလည်း မသိပါကြောင်းပြန်ဖြေလာခဲ့ပါသည်။

တစ်ခုခုတော့လွဲမှားနေပြီဖြစ်ကြောင်း ချူချန်သိတာနဲ့ အိမ်ကိုအမြန်ကားမောင်းပြန်ခဲ့သည့်တိုင် ကျိချင်းကျိုးရဲ့ အရိပ်အယောင်လေးတောင်မတွေ့ရခဲ့။သူ့အိပ်ခန်းထဲမှာလည်း ခေါင်းအုံးတစ်လုံးပဲရှိကာ အဝတ်ဗီရိုမှာလည်း သူ့အဝတ်အစားတွေနဲ့ ရှူးဖိနပ်သာရှိလေသည်။စားပွဲဘေးဘက်ကို ကြည့်လိုက်သော်လည်း အရင်လို ကြယ်အပြည့်နဲ့ဖန်ဗူးလေးမရှိတော့။ချူချန် ရေချိုးခန်းထဲအလျင်စလို ဝင်ကြည့်လိုက်ချိန် စင်ပေါ်မှာ သူ့တစ်ကိုယ်ရေသုံးပစ္စည်းတွေသာရှိနေခဲ့ပါသည်။

ကျိချင်းကျိုးကဘယ်ရောက်သွားတာလဲ? သူနဲ့အကြာကြီးနေခဲ့တဲ့ ကျိချင်းကျိုးက ဘယ်ရောက်သွားရတာလဲ? သူဘယ်တွေသွားနေတာလဲ? ဘာလို့လူတိုင်းက သူ ဖန်ယောင်ရွှမ်းနဲ့ရှိနေတယ်ပဲ ပြောနေကြတာလဲ? ဘာလို့လဲ! သူတို့အတူတူရှိနေခဲ့ကြတာမဟုတ်ဘူးလား? ဘာလို့လဲ? ချူချန်ခေါင်းမော့ပြီး မှန်ထဲကြည့်လိုက်ချိန် သူ့လည်ပင်းက ပြောင်းရှင်းနေ၏။ကျိချင်းကျိုးပေးထားတဲ့ ဆွဲကြိုးလေးမရှိတော့ပေ........

ချူချန် အိပ်မက်က လန့်နိုးလာ၏။သူ့လက်မောင်းအား အလိုလိုလှုပ်ရှားမိလိုက်ချိန် နွေးထွေးသောအထိအတွေ့လေးကို ခံစားလိုက်ရကာ လက်မောင်းထဲမှလူသားအားချက်ချင်း တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်တော့သည်။ ချူချန်တစ်ယောက် ထိတ်လန့်ကြောက်ရွံ့နေပြီး တစ်ကိုယ်လုံးလည်း ချွေးအေးတွေစိုရွှဲနေသည်။သူ့လက်ဆန့်ပြီး အိပ်ရာဘေးက မီးအိမ်အား ဖွင့်လိုက်သည်။ထို့နောက်မှိန်ပျပျမီးရောင်အောက်ရှိ သူ့ရင်ခွင်ထဲ၌ ငြိမ်အေးစွာ ‌အိပ်ပျော်နေသောကျိချင်းကျိုးအား ကြည့်နေလိုက်သည်။

သူထွန်းထားသောအလင်းမှိန်မှိန်တွင်း ရင်ခွင်းထဲမှ ကျိချင်းကျိုးအား ဖက်ထားလျက် စူးစူးစိုက်စိုက်ကြည့်နေမိကာ အစိတ်အပိုင်းတစ်ခုချင်းစီကို ဖွဖွလေးလိုက်နမ်းနေမိတော့သည်။

ထိုတစ်ညလုံး ချူချန်မအိပ်ခဲ့ပါပေ။တစ်ညလုံး ကျိချင်းကျိုးကို ကြည့်လိုက် ဖွဖွလေးလိုက်နမ်းလိုက် ငြိမ်ငြိမ်လေးဖက်ထားလိုက်နဲ့ ရှုပ်နေခဲ့သည်။

နောက်နေ့မနက်အာရုဏ်တက်ချိန်မှာ အိပ်ရာထလိုက်ပြီး ချူချန်ရဲ့ရင်ထဲ၌ ဝမ်းနည်းနောင်တရစိတ်တွေ ဒီရေအလားမြင့်တက်နေခဲ့သည်။ကျိချင်းကျိုးအား ထွက်သွားခွင့်မပေးခဲ့သင့်။ကျိချင်းကျိုးထားသွားမှာကို သူမလိုချင်ခဲ့ပါ။သူ ကျိချင်းကျိုးအား နောက်ဆုံးအကြိမ်ပွေ့ဖက်လိုက်ပြီး နူးညံ့ကာမြတ်နိုးမှုတို့ စွက်နေသော အနမ်းတစ်ပွင့်ပေးအပ်လိုက်ပြီးနောက် အိပ်ရာမှထကာ ကျိချင်းကျိူးတွက် နေရာလွတ်လေးချန်ထားခဲ့သည်။

သူထွက်သွားပြီး မကြာခင် ကျိချင်းကျိုး နိုးလာသည်။သူမထခင် အိပ်ရာပေါ်မှာ အတော်ကြာလှဲနေပြီးမှ အဝတ်အစားတွေထလှဲပြီး စောင်တွေဖြန့်ခင်းကာ ထွက်သွားဖို့ ပြင်လိုက်သည်။

ချူချန်ပေးထားသည့် ကားသော့နှင့်အိမ်သော့အား ချူချန်တစ်ချက်ကြည့်ရုံနဲ့မြင်နိုင်အောင် သူ့ရဲ့ အိပ်ရာဘေးက စားပွဲပေါ်တင်လိုက်သည်။ သူတစ်နှစ်နေထိုင်ခဲ့သော အိပ်ခန်းပတ်ပတ်လည်အား ဝေ့ကြည့်ရင်း ထွက်သွားဖို့ တွန့်ဆုတ်လာမိပေမယ့် ဖြည်းဖြည်းချင်း အပြင်လျှောက်ထွက်ကာ တံခါးပိတ်လိုက်ဆဲပင်။

ကျိချင်းကျိုးသည် ချစ်သူများနေ့က ချူချန် ပေးခဲ့သော လေသာပြတင်းပေါက်မှ နှင်းဆီပန်းအိုးလေးကိုကြည့်လိုက်၏။သူ့မှာချစ်သူမရှိသလို ချစ်သူများနေ့လည်း မဖြတ်သန်းဖူးပေမယ့် ချစ်ရသူတစ်ယောက်နဲ့တော့ ချစ်သူများနေ့ကို ကုန်ဆုံးချင်ခဲ့ဖူးသည်။ပြီးတော့ ချူချန်က ချစ်သူများနေ့မှာ ချော့ကလက်တစ်ဖာနှင့်နှင်းဆီပန်းကိုးပွင့်သူ့ကို ပေးခဲ့သည်။

နှင်းဆီကိုးပွင့်ရဲ့အဓိပ္ပါယ်က တစ်ဘဝလုံးစာလက်တွဲသွားခြင်းတဲ့။ကျိချင်းကျိုးသည် ထိုအဓိပ္ပါယ်အား မဖြစ်နိုင်မှန်းသိလျက်နဲ့ အများကြီး နှစ်သက်မိသည်။ထို့ကြောင့်လည်း ညှိုးခြောက်နေတဲ့နှင်းဆီပန်းကိုတောင် သူမြတ်မြတ်နိုးနိုးနဲ့ ပန်းအိုးထဲထည့်ပြီး သိမ်းထားကာ အခန်းထဲမှာ ထားခဲ့တာဖြစ်သည်။

အခုသူထွက်သွားတော့မယ်ဆိုတော့ ထိုနှင်းဆီပန်းတွေကို လွှင့်ပစ်လိုက်သင့်ပြီ။ကျိချင်းကျိုးသည် နှင်းဆီပန်းတွေကို လွှင့်ပစ်မဲ့ရည်ရွယ်ချက်ဖြင့် အိုးကိုကောက်ကိုင်လိုက်သည့်တိုင် ထိုခဏ၌ နှင်းဆီပန်းတို့၏ နီတောက်တောက် အရောင်ကိုကြည့်ပြီး အရင်နေရာလေးမှာပဲပြန်ထားလိုက်တော့သည်။

ထားလိုက်ပါတော့။ဒီအခန်းထဲမှာ ဆက်ထားထားရင် အနည်းဆုံး ဒီမှာပွင့်လန်းလို့ရသေးတာပေါ့။

ကျိချင်းကျိုးသည် ပန်းအိုးထဲမှ နှင်းဆီပန်းများဆီ နောက်ဆုံးအကြည့်တစ်ချက်ပေးကာ ခရီးဆောင်အိတ်ကိုဆွဲ၍ ချူချန်အိမ်မှာလှည့်ထွက်လာခဲ့သည်။

ထို့နေ့၌ ကျိချင်းကျိုး ကြော့မော့စွာ လျှောက်ထွက်နိုင်ခဲ့သည်။ချူချန်ရဲ့အိမ်ထဲမှာ ကြွယ်ဝချမ်းသာမှုတွေပြည့်နေပေမယ့် ဘာကိုမှမယူသွားခဲ့။သူပိုင်တဲ့ ဆွဲကြိုးလေးနဲ့ ကြယ်ဗူးလေးသာ ယူသွားခဲ့သည်။

သူရောက်လာတုန်းက ခရီးဆောင်အိတ်နှစ်အိတ်ပဲပါသလို ပြန်ထွက်သွားတဲ့အချိန်မှာလည်း ခရီးဆောင်အိတ်နှစ်ခုသာပါသည်။ကွာခြားချက်ဆိုလို့ သူ့နှလုံးသားကို ခုန်လှုပ်စေသူအား ထားခဲ့ရပြီး အလွန်မျှော်လင့်ချက်ထားစွာဖြင့် ချစ်မိဖူးသောအချစ်ကို ထားခဲ့ရခြင်းပင်။

ယင်းနျန်သည် သူဒီနေ့ပြောင်းမှာကို သိပြီး လာကြိုတဲ့အချိန် အိတ်နှစ်အိတ်ပဲဆွဲလာသူကြောင့် အံ့ဩသွား၏။

“ဒါပဲလား”

“အမ်း”

“ဝယ်စရာတစ်ခုခုရှိသေးလား? ‌ကုန်တိုက်မှာရပ်ပေးမယ်လေ”

“နေ့စဉ်သုံးပစ္စည်းလေးတွေတော့ ဝယ်ရဦးမယ်။မယူခဲ့မိဘူး” ကျိချင်းကျိုး ပြောလိုက်သည်။

“စားစရာတွေပိုပြီးဝယ်။ဒီနေ့မှပြောင်းလာတဲ့မင်းအိမ်လေးကိုနွေးထွေးစေအောင်လို့”

“အိုကေ”

သူတို့နှစ်ယောက် ကုန်တိုက်ကိုမြန်မြန်ပတ်ပြီး နေ့စဉ်လိုအပ်တာတွေ၊အသီးအရွက်တွေဝယ်ကြ၏။ယင်းနျန်က သူ့ကိုမေးလာသည်။

“မင်းသောက်ချင်လား”

ကျိချင်းကျိူးခေါင်းယမ်းလိုက်သည်။သူ့ရဲ့အရက်သောက်နိုင်စွမ်းကို သိနေပြီးသားဖြစ်၍ သူ့ဘဝမှာ ထပ်မသောက်ချင်တော့ပါပေ။

ယင်းနျန်က သူသောက်နိုင်မဲ့ ဘီယာနည်းနည်းပဲဝယ်လိုက်တော့သည်။

နှစ်ယောက်သား ပိုက်ဆံရှင်းပြီးနောက် ပစ္စည်းတွေကားထဲထည့်ကာ ကျိချင်းကျိုးရဲ့အိမ်သစ်လေးဆီချီတက်ခဲ့ကြသည်။

အိမ်သစ်လေးကို ရောက်လာပြီးနောက် ပထမဆုံးလုပ်တဲ့အရာက သန့်ရှင်းရေးပင်။သူတို့နှစ်ယောက် စကားလေးတပြောပြောနဲ့ သန့်ရှင်းနေကြသော်လည်း အပြန်အလှန်နားလည်မှုနှင့်မပြောဘဲ သိနေကြသည်။စတုရန်း၃၀၀မီတာဝန်းကျင်လောက်ရှိတာဖြစ်၍ အကုန်ပြီးစီးသွားပြီးနောက် ပင်ပန်းနေကြပြီ။

“နောက်နေ့ကျရင် ငါ့ရဲ့သန့်ရှင်းရေးစက်ရုပ်လေးမင်းကိုပေးမယ်။ဒါဆို မင်းပင်ပန်းလည်း အန်တီကြီးကို ခေါ်စရာမလိုတော့ဘူးပေါ့”

“ငါ့ကိုပေးတော့ မင်းက ဘာသုံးမှာလဲ”

ယင်းနျန်က အကျယ်ကြီးရယ်လာသည်။

“ငါ့မှာအများကြီးရှိပါတယ်ကွ။ငါက အဲ့ဘရန်းရဲ့ spokesperson ဆိုတော့ ပိုင်ရှင်က အများကြီးပေးထားတာ။တန်းစီကစားလို့တောင်ရတယ်။မင်းဘာအရောင်လိုချင်လဲပြောကြည့်”

“အနက်ရောင်”

“အနက်ရောင်က အပေအရေခံတယ်”

“အိုကေ”

သူတို့ခဏနားပြီး ပြန်၍ အလုပ်ရှုပ်ကြရပြန်သည်။ယင်းနျန်က အလွန်လက်တွေ့ကျကျသိမ်းဆည်းတတ်သူဖြစ်၍ ခဏလေးတွင်ပြီးစီးသွားသည်။ကျိချင်းကျိုးတစ်ယောက် အချိန်ကိုကြည့်၍ သူ့ကိုမေးလိုက်‌သည်။

“မင်းဗိုက်ဆာနေပြီလား။အတူတူစားကြမယ်လေ”

ယင်းနျန်ကလည်း သဘောတူလာသည်။

“ဟော့ပေါ့စားကြတာပေါ့။ပိုပြီး အဆင်ပြေသလို သိမ်းရလည်းလွယ်တယ်”

“အွန်း”

နှစ်ယောက်သား ပန်းကန်တွေဆေးကြောပြီး ဟော့ပေါ့စချက်ကြတော့သည်။

ယင်းနျန်က သူ့အတွက် ဝိုင်တစ်ခွက်ထည့်လိုက်ပြီး ကျိချင်းကျိုးတွက် တစ်ခွက်ထည့်ပေးပေမယ့် ငြင်းခံလိုက်ရသည်။

“ငါတကယ်မသောက်ချင်တာ”

“မကြိုက်လို့လား”

“အရက်သိပ်မသောက်နိုင်လို့”

“ဒါဆို အသီးဘီယာသောက်မလား” ယင်းနျန်က သူ့ကိုမေးသည်။

“အသီးဘီယာကတော့ အဆင်ပြေမှာပါ”

ဒီကမ္ဘာက အသီးဘီယာကို ကျိချင်းကျိုး အခုထိ မသောက်ဖူးသေးပေ။သူစမ်းသောက်ကြည့်ချင်ပေမယ့် သဘောတူခါနီးအချိန်လေး တစ်ခြားသူတွေရှေ့မှာ အရက်မသောက်ပါဘူးဆို‌သည့် ချူချန်ကို ကတိပေးထားသည့်စကားအား တွေးမိကာ ငြင်းဆန်မိတော့သည်။

“ထားပါတော့ ။ အရက်မပါတာပဲသောက်လိုက်တော့မယ်”

ယင်းနျန်က သူ့ကိုအခက်အခဲမဖြစ်စေတော့ဘဲ သောက်စရာတစ်ဗူးဖွင့်ပေးလာသည်။

သူတို့တွေခွက်ချင်းတိုက်လိုက်ကြပြီး ယင်းနျန်က သူ့ကို ဆုတောင်းပေးလာသည်။

“အိမ်သစ်ကိုပြောင်းလာပြီတော့ မင်လည်း အသစ်သစ်တွေစတင်နိုင်ပါစေကွာ”

“ကျေးဇူးပါ”

ဟော့ပေါ့က အရမ်းစားကောင်းလွန်းပါသည်။ကျိချင်းကျိုးနှင့်ယင်းနျန်မှာ စကားလေးပြောလိုက်စားလိုက်လုပ်နေဖြစ်ကြသည်။ချူချန်ဆီက ထွက်လာပြီး ပထမဆုံးနေကတော့ သူ့ဘေးမှာ လူတစ်ယောက်ရှိနေခဲ့တဲ့အတွက် သူစိတ်ကူးထားတာထက်ကို ပိုပြီး လွယ်ကူနေခဲ့ပါသည်။

~×~×~×~×~×~×~×~×~×~×~×

စာရေးသူမှာပြောစရာရှိပါတယ်:

ကျိုးကျိုး : လမ်းခွဲပြီး ပထမဆုံးနေက အတော်လေးအဆင်ပြေခဲ့ပါတယ်~~~

ချူချန် : ကျိုးကျိုးထားသွားတဲ့ ပထမဆုံးနေ့မှာတင် ငါ သူ့ကို လွမ်းနေပြီ~~~~~

‌ဪ ငါဟဲ့ သူတို့လမ်းခွဲတာ ငါနဲ့ ဝမ်ရိပေါ်ပဲ လမ်းခွဲရသလိုလိုနဲ့ ဝမ်းနည်းလိုက်တာ💔 ပြီးတော့ ရှင်တို့နော် ကိုယ် FA တိုင်း သူများကို လိုက်လမ်းမခွဲခိုင်းနဲ့။ပါးချူကြီးကို မသနားကြဘူးလားပြော။သားဖြစ်သူအဝတ်ထုပ်နေတာကို ကုတ်ကုတ်ကြီး ထိုင်ကြည့်နေရတဲ့ အဖေတစ်ယောက်ရဲ့ ရင်တွင်းဖြစ်ကို ဘယ်သူနားလည်ပါ့မလဲ😂 မနက်ဖြန် ပါးချူရဲ့ ရင်တွင်းဖြစ်တွေလာမယ်😂😂😂

Good Night♥️♥️♥️

~×~×~×~×~×~×~×~×~×~×~×~

Zawgyi

က်ိခ်င္းက်ိဳးေျပာခဲ့ပါေသာ “တစ္ျခားသူေတြေ႐ွ႕မွာ႐ွိတဲ့ကြၽန္ေတာ္နဲ႔ခင္ဗ်ားေ႐ွ႕က ကြၽန္ေတာ္ကမတူဘူး” ဆိုသည့္စကားအား သူမွတ္မိပါ၏။

ဒါေပမယ့္ အခုခ်ိန္၌ ထိုမတူညီမႈအား ခ်ဴခ်န္မျမင္ရေပ။

သူ႕မ်က္လုံးေတြဖိမွိတ္လိုက္ၿပီး ႏွလုံးသားေအာက္ေျခမွ လိႈက္တက္လာေသာ ခံစားခ်က္ဆိုးဆိုး႐ြား႐ြားေတြကို ဖိႏွိပ္ပါရင္း ဖြဖြေလးေျပာလိုက္မိသည္။

“ေမြးေန႔မွာ ေပ်ာ္႐ႊင္ပါေစ”

“ေက်းဇူး” က်ိခ်င္းက်ိဳးက သူ႕ကို ျပန္ေျဖသည္။

သူေမွ်ာ္လင့္ထားသလိုပဲ ခံစားခ်က္အေျပာင္းအလဲေလးေတာင္မ႐ွိခဲ့‌ပါေပ။

ခ်ဴခ်န္သည္ လူကို လႊတ္ေပးလိုက္ၿပီး တစ္ဖက္လွည့္၍ အဆင္ေျပပါတယ္...အဆင္ေျပပါတယ္....ဟု ကိုယ့္ကိုကိုယ္ ဆက္တိုက္ႏွစ္သိမ့္ေနမိတယ္။ဒီလိုျဖစ္သြားမွသာ သူတို႔ေဝးက်ရင္ အနည္းဆုံးေတာ့ က်ိခ်င္းက်ိဳး ဝမ္းမနည္းရေတာ့ဘူးေလ။ဒါဆို လုံေလာက္ပါၿပီ။

အစားစားေနစဥ္အတြင္ ခ်ဴခ်န္သည္ ႀကိဳျပင္ဆင္ထားပါေသာလက္ေဆာင္ေလးအား က်ိခ်င္းက်ိဳးကို ေပးလိုက္သည္။

“ဖြင့္ၾကည့္ၾကည့္”

က်ိခ်င္းက်ိဳး လက္ေဆာင္ဘူးကို ယူဖြင့္ၾကည့္လိုက္ခ်ိန္ ေသာ့တစ္ေခ်ာင္းကိုသာေတြ႕လိုက္ရ၏။

“ဒါ ၿမိဳ႕ေတာင္ဘက္ျခမ္းမွာ႐ွိတဲ့ ကိုယ့္အိမ္ေလ။စတုရန္းေလးရာေလာက္က်ယ္တဲ့ ႏွစ္ထပ္တိုက္အိမ္ေလး။ပစၥည္းပစၥအကုန္အျပည့္အစုံ႐ွိၿပီးသား။ျခံဝန္းကလည္း ေသးေသးေလးပါပဲ။ေနာက္ပိုင္း မင္း သေဘာက်တဲ့ အပင္ေလးေတြ၊ပန္းေလးေတြစိုက္ခ်င္လည္းရတယ္။မင္းစိတ္ကူးထဲမွာ႐ွိတဲ့အတိုင္းျပင္လို႔ရတယ္”

က်ိခ်င္းက်ိဳးသည္ အိမ္တစ္အိမ္လက္ေဆာင္ေပးလိမ့္မည္မထင္ထားလ်က္ ခ်က္ခ်င္းျငင္းလိုက္သည္။

“မလိုခ်င္ဘူး”

“ယူပါ။ကိုယ္က ေပးၿပီးရင္ ျပန္မယူတတ္ဘူး”

“ဒါေပမယ့္ ကြၽန္ေတာ္႐ွက္တယ္”

သူ ခ်ဴခ်န္ကိုၾကည့္လိုက္သည္။ ခ်ဴခ်န္ရဲ႕ခ်စ္သူလို႔ေတာင္ေျပာမရတဲ့သူက ခ်ဴခ်န္ရဲ႕အိမ္ကို ဘာေၾကာင့္ယူရမွာလဲ။အဲ့လိုယူပိုင္ခြင့္ေရာ႐ွိလို႔လား?

“က်ိဳးက်ိဳး....ဒီေန႔က မင္းေမြးေန႔ေလ....ဘာလို႔ ကိုယ့္လက္ေဆာင္ကို လက္မခံရတာလဲ? ယူလိုက္ပါ။ဒါအတြက္ေၾကာင့္နဲ႔ေတာ့ ကိုယ္နဲ႔ မျငင္းခ်င္ပါနဲ႔။မတန္ဘူး”

က်ိခ်င္းက်ိဳးကဘာမွထပ္မေျပာလာေတာ့ေပ။အၾကာႀကီးေနမွသာ ေသာ့ကို ယူလိုက္ၿပီး ေက်းဇူးတင္စကားဆိုလာသည္။ဒီအိမ္ကို သူမလိုခ်င္ပါ။ထြက္သြားမည့္ေနက်ရင္ ခ်ဴခ်န္ကို ေသာ့ျပန္ေပးသြားရမယ္။အခုကေတာ့ ဒါနဲ႔ပတ္သက္ၿပီး အေရးတယူစကားမ်ားမေနေတာ့ေပ။

သူလက္ခံလိုက္မွပဲ ခ်ဴခ်န္ စိတ္ေက်နပ္သြားသည္။ က်ိခ်င္းက်ိဳးတြက္ အသားလွီးေပးလိုက္ၿပီး ပန္းကန္ခ်င္းလဲကာ က်ိခ်င္းက်ိဳးေ႐ွ႕ခ်ေပးလိုက္သည္။

“စားေတာ့”

“အမ္း”

က်ိခ်င္းက်ိဳးက အသံေလးျပဳၿပီး ဓားနဲ႔ခရင္းကို ေကာက္ကိုင္လိုက္သည္။

ရက္အနည္းငယ္ေနေတာ့ ဩဂုတ္လ၂၉ရက္ေန႔သို႔ေရာက္လာခဲ့သည္။က်ိခ်င္းက်ိဳးႏွင့္ခ်ဴခ်န္တို႔ရဲ႕ သေဘာတူညီခ်က္က ၃၀ရက္ေန႔မွာ ကုန္ဆုံးမွာျဖစ္သည္။၂၉ရက္ေန႔ေတာင္ေရာက္ၿပီျဖစ္၍ ခ်ဴခ်န္အိမ္က ထြက္သြားဖို႔ က်ိခ်င္းက်ိဳး အထုပ္အပိုးေတြျပင္ေတာ့သည္။ခ်ဴခ်န္မွာ ခရီးေဆာင္အိတ္ထဲအဝတ္ေတြထည့္ေနသူအားၾကည့္၍ အေၾကာင္းရင္းမ႐ွိပါပဲ ဝမ္းနည္းကာစိတ္ဓာတ္က်လာခဲ့ေပမယ့္ သူ႕ခံစားခ်က္ေတြကို ဖုံးကြယ္လ်က္ က်ိခ်င္းက်ိဳးထံေလးေလးနက္နက္ကတိေပးလိုက္သည္။

“မင္း‌မားမားရဲ႕ေဆးဖိုးကို ကိုယ္ ဆက္ၿပီး တာဝန္ယူေပးမယ္”

က်ိခ်င္းက်ိဳးက သူနဲ႔ထိုကိစၥေဆြးေႏြးဖို႔ႀကိဳးစားလိုက္သည္။

“ကြၽန္ေတာ္လည္းအခု တတ္ႏိုင္ေန......”

“မင္းမားမားရဲ႕ေဆးဖိုးကို တစ္ႏွစ္တြက္မဟုတ္ဘဲ အလုံးစုံသက္သာတဲ့အထိ တာဝန္ယူပါ့မယ္လို႔ အရင္တည္းက ကိုယ္တို႔သေဘာတူထားၿပီးသားေနာ္။ ကိုယ့္ကတိကိုယ္တည္မွာ”

သူစကားမဆုံးေသးခင္ ခ်ဴခ်န္က အလြန္ခိုင္မာတဲ့သေဘာထားျဖင့္ ၾကားျဖတ္ေျပာလာခဲ့ျခင္းပင္။

က်ိခ်င္းက်ိဳးသည္ သူႏွင့္ ရန္မျဖစ္ခ်င္ပါေသာေၾကာင့္ အရင္မွတ္ထားၿပီး ေနာက္ သူပိုက္ဆံ႐ွိလာတဲ့အခါက် ျပန္ဆပ္ဖို႔ ဆုံးျဖတ္လိုက္သည္။

“အင္း” သူတြန္႔ဆုတ္ဆုတ္နဲ႔သေဘာတူလိုက္သည္။

ခ်ဴခ်န္က ဘာစကားမွထပ္မေျပာလာေတာ့ဘဲ သူအထုပ္ျပင္ေနတာကိုသာ ဆက္ၿပီးၾကည့္ေနေလသည္။

က်ိခ်င္းက်ိဳးမွာယူစရာအမ်ားႀကီးမ႐ွိေပ။လာတုန္းက အိပ္ႏွစ္အိတ္ဆြဲလာခဲ့သလို ျပန္ေတာ့လည္း အိတ္ႏွစ္အိတ္သာပါသည္။ခ်ဴခ်န္တစ္ေယာက္ စားပြဲေဘးနားက ၾကယ္ဗူးေလးအား ‌ေတြ႕လိုက္ခ်ိန္ ထိုဗူးေလးအား သြားယူလိုက္ကာ က်ိခ်င္းက်ိဳး လက္ထဲထည့္ေပးလိုက္သည္။

လက္ထဲမွ ၾကယ္အျပည့္ပါေသာ ဗူးေလးအားၾကည့္ရင္း ထိုညက ခ်ဴခ်န္ႏူးညံ့စြာေပးခဲ့ေသာ ေကာင္းခ်ီးေတြအား က်ိခ်င္းက်ိဳး ျပန္သတိရမိရင္း ခ်ဴခ်န္လက္ထဲမွ ယူ၍ တိုးတိုးေလးေျပာလိုက္သည္။

“ေက်းဇူးပါ”

“ရပါတယ္”

က်ိခ်င္းက်ိဳးသည္ ဗူးအားအိတ္ထဲသိပ္ထည့္လိုက္ၿပီး ခရီးေဆာင္အိတ္ကိုပိတ္လိုက္သည္။

ညဘက္အိပ္ရာဝင္တဲ့အခ်ိန္ က်ိခ်င္းက်ိဳး ခ်ဴခ်န္ကိုေမးလိုက္သည္။

“မနက္ျဖန္ဘယ္အခ်ိန္အလုပ္သြားမွာလဲ”

“မသြားဘူး။ကိုယ္မင္းကို လိုက္ပို႔ေပးခ်င္လို႔”

“မလိုပါဘူး” က်ိခ်င္းက်ိဳး ျငင္းလိုက္သည္။

“ကြၽန္ေတာ့္ဘာသာထြက္သြားခ်င္တာ”

ခ်ဴခ်န္သည္ သူ႕ကိုဖက္ထားရင္း မထိန္းႏိုင္ဘဲ ပိုတိုးဖက္လိုက္မိသည္။ထပ္ေျပာလာသည့္ က်ိခ်င္းက်ိဳးအသံေလးက တိုးေနသည့္တိုင္ ခိုင္မာမႈတို႔ စြက္ေနခဲ့ပါသည္။

ခ်ဴခ်န္သူ႕ကို ငုံ႔ၾကည့္လိုက္ေပမယ့္ ဆံပင္ထိပ္ေလးကိုသာ ျမင္ေနရသည္။

“ေကာင္းပါၿပီ”

က်ိခ်င္းက်ိဳး၏ဆံပင္ထိပ္ေလးအားငုံ႔နမ္းရင္း အေလွ်ာ့ေပးလိုက္ေတာ့သည္။

ထိုည၌ ခ်ဴခ်န္ ေကာင္းေကာင္းအိပ္မေပ်ာ္ခဲ့ပါေပ။သူအိပ္မက္တစ္ခုမက္ခဲ့သည္။က်ိခ်င္းက်ိဳးမပါဝင္တဲ့ သူ႕ဘဝကို အိပ္မက္မက္ခဲ့သည္။ခ်င္း႐ႊယ္နဲ႔တစ္ျခားသူ‌ေတြအား သူ ႀကိဳးစားေဖာ္ျပခဲ့သည္။

“က်ိခ်င္းက်ိဳး။ငါ့ခ်စ္သူေလးေလ။မင္းတို႔သူ႕ကိုေတြ႕ဖူးၿပီး သူ႕အတြက္ ေကာ့မန္႔ေတြပါ ဝင္ေရးေပးခဲ့ၾကတာေလ။မင္းတို႔ေမ့သြားၾကၿပီလား။”

ဒါေပမယ့္ ခ်င္း႐ႊယ္က ထရယ္လာသည္။

“မင္းဘာေတြေျပာေနတာလဲ။က်ိခ်င္းက်ိဳးက ဖန္ေယာင္႐ႊမ္းနဲ႔ လိုက္ေျပးသြားၿပီမဟုတ္ဘူးလား။မင္းဆီကေခ်းထားတဲ့ပိုက္ဆံကိုလည္း ဖန္ေယာင္႐ႊမ္းျပန္ဆပ္သြားတယ္ေလ။ေမ့ေနတာလား”

“ဘာေသာက္ေရးမပါတာေတြေျပာေနတာလဲ!”

ခ်ဴခ်န္ေဒါသတႀကီးေအာ္လိုက္သည္။

“သူ အရင္ကပဲ ဖန္ေယာင္႐ႊမ္းနဲ႔ပတ္သက္ခဲ့တာ။အခု ငါနဲ႔အတူတူေနေနတာျဖင့္ၾကာၿပီကြ!”

ခ်င္း႐ႊယ္မွာ ဆြံ႕အလ်က္။

“မယုံရင္ အန္းမင္နဲ႔တစ္ျခားသူေတြကိုေမးၾကည့္။က်ိခ်င္းက်ိဴး ဖန္ေယာင္႐ႊမ္းနဲ႔အတူတူေနတာျဖင့္ၾကာေနၿပီကို မင္း႐ူးေနတာလား?  ဘာလဲ မင္းသူ႕ကိုအခုထိလြမ္းေနေသးတာလား။အားခ်န္ မင္းက အဲ့လိုလူမ်ိဳးမဟုတ္ပါဘူး”

ခ်ဴခ်န္႐ူးေတာ့မလိုပါပင္။ဒါေပမယ့္ ယြီအန္းမင္၊ေယာက္႐ိႈးယြမ္နဲ႔ေ႐ွာင္႐ုံတို႔က ခ်င္း႐ႊယ္ဘက္ကခ်ည္းျဖစ္၏။သူမတတ္ႏိုင္စြာ ယြီအန္းယီၾကည့္၍ ေမးလိုက္သည္။

“မင္းတို႔ႏွစ္ေယာက္ အခ်င္းခ်င္း ရင္းႏွီးၾကတယ္ေလ။မွတ္မိလား”

ယြီအန္းယီက ေအးစက္စက္ ႏွာေခါင္း႐ႈံ႕လ်က္-

“သူနဲ႔ရင္းႏွီးတယ္? ႏိုးထေတာ့အားခ်န္ေရ။သူက အဆင့္၁၈သ႐ုပ္ေဆာင္ေလးဥစၥာ။သူနဲ႔ရင္းႏွီးဖို႔ေနေနသာ ငါ့ႏွဲ႔ေတြ႕ေတာင္မေတြ႕ဖူးဘူး။နင့္အိပ္မက္ထဲမွာပဲ ငါတို႔ ရင္းႏွီးၾကမွာ”

သူတို႔အားလုံးကို ခ်ဴခ်န္နားမလည္ႏိုင္ေတာ့ေပ။သူ႕ဘာသာဖုန္းထုတ္ၿပီး က်ိခ်င္းက်ိဳးဆီဆက္လိုက္ေပမယ့္ လုံးလုံးဆက္သြယ္လို႔မရခဲ့ပါ။သူ႕မွာ WeChatကေန စာပို႔ခ်င္ပါေသာ္လည္း သူ႕WeChatအဆက္အသြယ္ေတြထဲမွာ ထိုလူသားမပါ႐ွိခဲ့။က်ိခ်င္းက်ိဳးရဲ႕Weiboကို ဝင္ၾကည့္ျပန္ေတာ့လည္း ပို႔စ္နည္းနည္းသာ႐ွိေနၿပီး တစ္ခုမွကို သူသိမေနပါေခ်။

ခ်ဴခ်န္တစ္ေယာက္ ထိန္းမရေအာင္ေၾကာက္စိတ္မႊန္လာခဲ့သည္။က်ိဳးခ်န္ဖုန္းအား က်ိခ်င္းက်ိဳး လတ္တေလာဘာလုပ္ေနလဲ လွမ္းေမးၾကည့္ခ်ိန္ က်ိဳးခ်န္ဖုန္းက သူလည္းမသိဘူးဟုျပန္ေျဖလာသည္။က်ိခ်င္းက်ိဳးက ႐ွီးယြီနဲ႔စာခ်ဳပ္ဖ်က္ထားတာ ၾကာၿပီျဖစ္ၿပီး အခုသူက ဖန္ေယာင္႐ႊမ္းရဲ႕ စတူဒီယိုမွာ ႐ွိေနေၾကာင္း သူ႕ရဲ႕လတ္တေလာလႈပ္႐ွားမႈေတြကိုလည္း မသိပါေၾကာင္းျပန္ေျဖလာခဲ့ပါသည္။

တစ္ခုခုေတာ့လြဲမွားေနၿပီျဖစ္ေၾကာင္း ခ်ဴခ်န္သိတာနဲ႔ အိမ္ကိုအျမန္ကားေမာင္းျပန္ခဲ့သည့္တိုင္ က်ိခ်င္းက်ိဳးရဲ႕ အရိပ္အေယာင္ေလးေတာင္မေတြ႕ရခဲ့။သူ႕အိပ္ခန္းထဲမွာလည္း ေခါင္းအုံးတစ္လုံးပဲ႐ွိကာ အဝတ္ဗီ႐ိုမွာလည္း သူ႕အဝတ္အစားေတြနဲ႔ ႐ွဴးဖိနပ္သာ႐ွိေလသည္။စားပြဲေဘးဘက္ကို ၾကည့္လိုက္ေသာ္လည္း အရင္လို ၾကယ္အျပည့္နဲ႔ဖန္ဗူးေလးမ႐ွိေတာ့။ခ်ဴခ်န္ ေရခ်ိဳးခန္းထဲအလ်င္စလို ဝင္ၾကည့္လိုက္ခ်ိန္ စင္ေပၚမွာ သူ႕တစ္ကိုယ္ေရသုံးပစၥည္းေတြသာ႐ွိေနခဲ့ပါသည္။

က်ိခ်င္းက်ိဳးကဘယ္ေရာက္သြားတာလဲ? သူနဲ႔အၾကာႀကီးေနခဲ့တဲ့ က်ိခ်င္းက်ိဳးက ဘယ္ေရာက္သြားရတာလဲ? သူဘယ္ေတြသြားေနတာလဲ? ဘာလို႔လူတိုင္းက သူ ဖန္ေယာင္႐ႊမ္းနဲ႔႐ွိေနတယ္ပဲ ေျပာေနၾကတာလဲ? ဘာလို႔လဲ! သူတို႔အတူတူ႐ွိေနခဲ့ၾကတာမဟုတ္ဘူးလား? ဘာလို႔လဲ? ခ်ဴခ်န္ေခါင္းေမာ့ၿပီး မွန္ထဲၾကည့္လိုက္ခ်ိန္ သူ႕လည္ပင္းက ေျပာင္း႐ွင္းေန၏။က်ိခ်င္းက်ိဳးေပးထားတဲ့ ဆြဲႀကိဳးေလးမ႐ွိေတာ့ေပ........

ခ်ဴခ်န္ အိပ္မက္က လန္႔ႏိုးလာ၏။သူ႕လက္ေမာင္းအား အလိုလိုလႈပ္႐ွားမိလိုက္ခ်ိန္ ေႏြးေထြးေသာအထိအေတြ႕ေလးကို ခံစားလိုက္ရကာ လက္ေမာင္းထဲမွလူသားအားခ်က္ခ်င္း တင္းတင္းၾကပ္ၾကပ္ဖက္ထားလိုက္ေတာ့သည္။ ခ်ဴခ်န္တစ္ေယာက္ ထိတ္လန္႔ေၾကာက္႐ြံ႕ေနၿပီး တစ္ကိုယ္လုံးလည္း ေခြၽးေအးေတြစို႐ႊဲေနသည္။သူ႕လက္ဆန္႔ၿပီး အိပ္ရာေဘးက မီးအိမ္အား ဖြင့္လိုက္သည္။ထို႔ေနာက္မွိန္ပ်ပ်မီးေရာင္ေအာက္႐ွိ သူ႕ရင္ခြင္ထဲ၌ ၿငိမ္ေအးစြာ ‌အိပ္ေပ်ာ္ေနေသာက်ိခ်င္းက်ိဳးအား ၾကည့္ေနလိုက္သည္။

သူထြန္းထားေသာအလင္းမွိန္မွိန္တြင္း ရင္ခြင္းထဲမွ က်ိခ်င္းက်ိဳးအား ဖက္ထားလ်က္ စူးစူးစိုက္စိုက္ၾကည့္ေနမိကာ အစိတ္အပိုင္းတစ္ခုခ်င္းစီကို ဖြဖြေလးလိုက္နမ္းေနမိေတာ့သည္။

ထိုတစ္ညလုံး ခ်ဴခ်န္မအိပ္ခဲ့ပါေပ။တစ္ညလုံး က်ိခ်င္းက်ိဳးကို ၾကည့္လိုက္ ဖြဖြေလးလိုက္နမ္းလိုက္ ၿငိမ္ၿငိမ္ေလးဖက္ထားလိုက္နဲ႔ ႐ႈပ္ေနခဲ့သည္။

ေနာက္ေန႔မနက္အာ႐ုဏ္တက္ခ်ိန္မွာ အိပ္ရာထလိုက္ၿပီး ခ်ဴခ်န္ရဲ႕ရင္ထဲ၌ ဝမ္းနည္းေနာင္တရစိတ္ေတြ ဒီေရအလားျမင့္တက္ေနခဲ့သည္။က်ိခ်င္းက်ိဳးအား ထြက္သြားခြင့္မေပးခဲ့သင့္။က်ိခ်င္းက်ိဳးထားသြားမွာကို သူမလိုခ်င္ခဲ့ပါ။သူ က်ိခ်င္းက်ိဳးအား ေနာက္ဆုံးအႀကိမ္ေပြ႕ဖက္လိုက္ၿပီး ႏူးညံ့ကာျမတ္ႏိုးမႈတို႔ စြက္ေနေသာ အနမ္းတစ္ပြင့္ေပးအပ္လိုက္ၿပီးေနာက္ အိပ္ရာမွထကာ က်ိခ်င္းက်ိဴးတြက္ ေနရာလြတ္ေလးခ်န္ထားခဲ့သည္။

သူထြက္သြားၿပီး မၾကာခင္ က်ိခ်င္းက်ိဳး ႏိုးလာသည္။သူမထခင္ အိပ္ရာေပၚမွာ အေတာ္ၾကာလွဲေနၿပီးမွ အဝတ္အစားေတြထလွဲၿပီး ေစာင္ေတြျဖန္႔ခင္းကာ ထြက္သြားဖို႔ ျပင္လိုက္သည္။

ခ်ဴခ်န္ေပးထားသည့္ ကားေသာ့ႏွင့္အိမ္ေသာ့အား ခ်ဴခ်န္တစ္ခ်က္ၾကည့္႐ုံနဲ႔ျမင္ႏိုင္ေအာင္ သူ႕ရဲ႕ အိပ္ရာေဘးက စားပြဲေပၚတင္လိုက္သည္။ သူတစ္ႏွစ္ေနထိုင္ခဲ့ေသာ အိပ္ခန္းပတ္ပတ္လည္အား ေဝ့ၾကည့္ရင္း ထြက္သြားဖို႔ တြန္႔ဆုတ္လာမိေပမယ့္ ျဖည္းျဖည္းခ်င္း အျပင္ေလွ်ာက္ထြက္ကာ တံခါးပိတ္လိုက္ဆဲပင္။

က်ိခ်င္းက်ိဳးသည္ ခ်စ္သူမ်ားေန႔က ခ်ဴခ်န္ ေပးခဲ့ေသာ ေလသာျပတင္းေပါက္မွ ႏွင္းဆီပန္းအိုးေလးကိုၾကည့္လိုက္၏။သူ႕မွာခ်စ္သူမ႐ွိသလို ခ်စ္သူမ်ားေန႔လည္း မျဖတ္သန္းဖူးေပမယ့္ ခ်စ္ရသူတစ္ေယာက္နဲ႔ေတာ့ ခ်စ္သူမ်ားေန႔ကို ကုန္ဆုံးခ်င္ခဲ့ဖူးသည္။ၿပီးေတာ့ ခ်ဴခ်န္က ခ်စ္သူမ်ားေန႔မွာ ေခ်ာ့ကလက္တစ္ဖာႏွင့္ႏွင္းဆီပန္းကိုးပြင့္သူ႕ကို ေပးခဲ့သည္။

ႏွင္းဆီကိုးပြင့္ရဲ႕အဓိပၸါယ္က တစ္ဘဝလုံးစာလက္တြဲသြားျခင္းတဲ့။က်ိခ်င္းက်ိဳးသည္ ထိုအဓိပၸါယ္အား မျဖစ္ႏိုင္မွန္းသိလ်က္နဲ႔ အမ်ားႀကီး ႏွစ္သက္မိသည္။ထို႔ေၾကာင့္လည္း ညိႇဳးေျခာက္ေနတဲ့ႏွင္းဆီပန္းကိုေတာင္ သူျမတ္ျမတ္ႏိုးႏိုးနဲ႔ ပန္းအိုးထဲထည့္ၿပီး သိမ္းထားကာ အခန္းထဲမွာ ထားခဲ့တာျဖစ္သည္။

အခုသူထြက္သြားေတာ့မယ္ဆိုေတာ့ ထိုႏွင္းဆီပန္းေတြကို လႊင့္ပစ္လိုက္သင့္ၿပီ။က်ိခ်င္းက်ိဳးသည္ ႏွင္းဆီပန္းေတြကို လႊင့္ပစ္မဲ့ရည္႐ြယ္ခ်က္ျဖင့္ အိုးကိုေကာက္ကိုင္လိုက္သည့္တိုင္ ထိုခဏ၌ ႏွင္းဆီပန္းတို႔၏ နီေတာက္ေတာက္ အေရာင္ကိုၾကည့္ၿပီး အရင္ေနရာေလးမွာပဲျပန္ထားလိုက္ေတာ့သည္။

ထားလိုက္ပါေတာ့။ဒီအခန္းထဲမွာ ဆက္ထားထားရင္ အနည္းဆုံး ဒီမွာပြင့္လန္းလို႔ရေသးတာေပါ့။

က်ိခ်င္းက်ိဳးသည္ ပန္းအိုးထဲမွ ႏွင္းဆီပန္းမ်ားဆီ ေနာက္ဆုံးအၾကည့္တစ္ခ်က္ေပးကာ ခရီးေဆာင္အိတ္ကိုဆြဲ၍ ခ်ဴခ်န္အိမ္မွာလွည့္ထြက္လာခဲ့သည္။

ထို႔ေန႔၌ က်ိခ်င္းက်ိဳး ေၾကာ့ေမာ့စြာ ေလွ်ာက္ထြက္ႏိုင္ခဲ့သည္။ခ်ဴခ်န္ရဲ႕အိမ္ထဲမွာ ႂကြယ္ဝခ်မ္းသာမႈေတြျပည့္ေနေပမယ့္ ဘာကိုမွမယူသြားခဲ့။သူပိုင္တဲ့ ဆြဲႀကိဳးေလးနဲ႔ ၾကယ္ဗူးေလးသာ ယူသြားခဲ့သည္။

သူေရာက္လာတုန္းက ခရီးေဆာင္အိတ္ႏွစ္အိတ္ပဲပါသလို ျပန္ထြက္သြားတဲ့အခ်ိန္မွာလည္း ခရီးေဆာင္အိတ္ႏွစ္ခုသာပါသည္။ကြာျခားခ်က္ဆိုလို႔ သူ႕ႏွလုံးသားကို ခုန္လႈပ္ေစသူအား ထားခဲ့ရၿပီး အလြန္ေမွ်ာ္လင့္ခ်က္ထားစြာျဖင့္ ခ်စ္မိဖူးေသာအခ်စ္ကို ထားခဲ့ရျခင္းပင္။

ယင္းႏ်န္သည္ သူဒီေန႔ေျပာင္းမွာကို သိၿပီး လာႀကိဳတဲ့အခ်ိန္ အိတ္ႏွစ္အိတ္ပဲဆြဲလာသူေၾကာင့္ အံ့ဩသြား၏။

“ဒါပဲလား”

“အမ္း”

“ဝယ္စရာတစ္ခုခု႐ွိေသးလား? ‌ကုန္တိုက္မွာရပ္ေပးမယ္ေလ”

“ေန႔စဥ္သုံးပစၥည္းေလးေတြေတာ့ ဝယ္ရဦးမယ္။မယူခဲ့မိဘူး” က်ိခ်င္းက်ိဳး ေျပာလိုက္သည္။

“စားစရာေတြပိုၿပီးဝယ္။ဒီေန႔မွေျပာင္းလာတဲ့မင္းအိမ္ေလးကိုေႏြးေထြးေစေအာင္လို႔”

“အိုေက”

သူတို႔ႏွစ္ေယာက္ ကုန္တိုက္ကိုျမန္ျမန္ပတ္ၿပီး ေန႔စဥ္လိုအပ္တာေတြ၊အသီးအ႐ြက္ေတြဝယ္ၾက၏။ယင္းႏ်န္က သူ႕ကိုေမးလာသည္။

“မင္းေသာက္ခ်င္လား”

က်ိခ်င္းက်ိဴးေခါင္းယမ္းလိုက္သည္။သူ႕ရဲ႕အရက္ေသာက္ႏိုင္စြမ္းကို သိေနၿပီးသားျဖစ္၍ သူ႕ဘဝမွာ ထပ္မေသာက္ခ်င္ေတာ့ပါေပ။

ယင္းႏ်န္က သူေသာက္ႏိုင္မဲ့ ဘီယာနည္းနည္းပဲဝယ္လိုက္ေတာ့သည္။

ႏွစ္ေယာက္သား ပိုက္ဆံ႐ွင္းၿပီးေနာက္ ပစၥည္းေတြကားထဲထည့္ကာ က်ိခ်င္းက်ိဳးရဲ႕အိမ္သစ္ေလးဆီခ်ီတက္ခဲ့ၾကသည္။

အိမ္သစ္ေလးကို ေရာက္လာၿပီးေနာက္ ပထမဆုံးလုပ္တဲ့အရာက သန္႔႐ွင္းေရးပင္။သူတို႔ႏွစ္ေယာက္ စကားေလးတေျပာေျပာနဲ႔ သန္႔႐ွင္းေနၾကေသာ္လည္း အျပန္အလွန္နားလည္မႈႏွင့္မေျပာဘဲ သိေနၾကသည္။စတုရန္း၃၀၀မီတာဝန္းက်င္ေလာက္႐ွိတာျဖစ္၍ အကုန္ၿပီးစီးသြားၿပီးေနာက္ ပင္ပန္းေနၾကၿပီ။

“ေနာက္ေန႔က်ရင္ ငါ့ရဲ႕သန္႔႐ွင္းေရးစက္႐ုပ္ေလးမင္းကိုေပးမယ္။ဒါဆို မင္းပင္ပန္းလည္း အန္တီႀကီးကို ေခၚစရာမလိုေတာ့ဘူးေပါ့”

“ငါ့ကိုေပးေတာ့ မင္းက ဘာသုံးမွာလဲ”

ယင္းႏ်န္က အက်ယ္ႀကီးရယ္လာသည္။

“ငါ့မွာအမ်ားႀကီး႐ွိပါတယ္ကြ။ငါက အဲ့ဘရန္းရဲ႕ spokesperson ဆိုေတာ့ ပိုင္႐ွင္က အမ်ားႀကီးေပးထားတာ။တန္းစီကစားလို႔ေတာင္ရတယ္။မင္းဘာအေရာင္လိုခ်င္လဲေျပာၾကည့္”

“အနက္ေရာင္”

“အနက္ေရာင္က အေပအေရခံတယ္”

“အိုေက”

သူတို႔ခဏနားၿပီး ျပန္၍ အလုပ္႐ႈပ္ၾကရျပန္သည္။ယင္းႏ်န္က အလြန္လက္ေတြ႕က်က်သိမ္းဆည္းတတ္သူျဖစ္၍ ခဏေလးတြင္ၿပီးစီးသြားသည္။က်ိခ်င္းက်ိဳးတစ္ေယာက္ အခ်ိန္ကိုၾကည့္၍ သူ႕ကိုေမးလိုက္‌သည္။

“မင္းဗိုက္ဆာေနၿပီလား။အတူတူစားၾကမယ္ေလ”

ယင္းႏ်န္ကလည္း သေဘာတူလာသည္။

“ေဟာ့ေပါ့စားၾကတာေပါ့။ပိုၿပီး အဆင္ေျပသလို သိမ္းရလည္းလြယ္တယ္”

“အြန္း”

ႏွစ္ေယာက္သား ပန္းကန္ေတြေဆးေၾကာၿပီး ေဟာ့ေပါ့စခ်က္ၾကေတာ့သည္။

ယင္းႏ်န္က သူ႕အတြက္ ဝိုင္တစ္ခြက္ထည့္လိုက္ၿပီး က်ိခ်င္းက်ိဳးတြက္ တစ္ခြက္ထည့္ေပးေပမယ့္ ျငင္းခံလိုက္ရသည္။

“ငါတကယ္မေသာက္ခ်င္တာ”

“မႀကိဳက္လို႔လား”

“အရက္သိပ္မေသာက္ႏိုင္လို႔”

“ဒါဆို အသီးဘီယာေသာက္မလား” ယင္းႏ်န္က သူ႕ကိုေမးသည္။

“အသီးဘီယာကေတာ့ အဆင္ေျပမွာပါ”

ဒီကမ႓ာက အသီးဘီယာကို က်ိခ်င္းက်ိဳး အခုထိ မေသာက္ဖူးေသးေပ။သူစမ္းေသာက္ၾကည့္ခ်င္ေပမယ့္ သေဘာတူခါနီးအခ်ိန္ေလး တစ္ျခားသူေတြေ႐ွ႕မွာ အရက္မေသာက္ပါဘူးဆို‌သည့္ ခ်ဴခ်န္ကို ကတိေပးထားသည့္စကားအား ေတြးမိကာ ျငင္းဆန္မိေတာ့သည္။

“ထားပါေတာ့ ။ အရက္မပါတာပဲေသာက္လိုက္ေတာ့မယ္”

ယင္းႏ်န္က သူ႕ကိုအခက္အခဲမျဖစ္ေစေတာ့ဘဲ ေသာက္စရာတစ္ဗူးဖြင့္ေပးလာသည္။

သူတို႔ေတြခြက္ခ်င္းတိုက္လိုက္ၾကၿပီး ယင္းႏ်န္က သူ႕ကို ဆုေတာင္းေပးလာသည္။

“အိမ္သစ္ကိုေျပာင္းလာၿပီေတာ့ မင္လည္း အသစ္သစ္ေတြစတင္ႏိုင္ပါေစကြာ”

“ေက်းဇူးပါ”

ေဟာ့ေပါ့က အရမ္းစားေကာင္းလြန္းပါသည္။က်ိခ်င္းက်ိဳးႏွင့္ယင္းႏ်န္မွာ စကားေလးေျပာလိုက္စားလိုက္လုပ္ေနျဖစ္ၾကသည္။ခ်ဴခ်န္ဆီက ထြက္လာၿပီး ပထမဆုံးေနကေတာ့ သူ႕ေဘးမွာ လူတစ္ေယာက္႐ွိေနခဲ့တဲ့အတြက္ သူစိတ္ကူးထားတာထက္ကို ပိုၿပီး လြယ္ကူေနခဲ့ပါသည္။

~×~×~×~×~×~×~×~×~×~×~×

စာေရးသူမွာေျပာစရာ႐ွိပါတယ္:

က်ိဳးက်ိဳး : လမ္းခြဲၿပီး ပထမဆုံးေနက အေတာ္ေလးအဆင္ေျပခဲ့ပါတယ္~~~

ခ်ဴခ်န္ : က်ိဳးက်ိဳးထားသြားတဲ့ ပထမဆုံးေန႔မွာတင္ ငါ သူ႕ကို လြမ္းေနၿပီ~~~~~

‌ဪ ငါဟဲ့ သူတို႔လမ္းခြဲတာ ငါနဲ႔ ဝမ္ရိေပၚပဲ လမ္းခြဲရသလိုလိုနဲ႔ ဝမ္းနည္းလိုက္တာ💔 ၿပီးေတာ့ ႐ွင္တို႔ေနာ္ ကိုယ္ FA တိုင္း သူမ်ားကို လိုက္လမ္းမခြဲခိုင္းနဲ႔။ပါးခ်ဴႀကီးကို မသနားၾကဘူးလားေျပာ။သားျဖစ္သူအဝတ္ထုပ္ေနတာကို ကုတ္ကုတ္ႀကီး ထိုင္ၾကည့္ေနရတဲ့ အေဖတစ္ေယာက္ရဲ႕ ရင္တြင္းျဖစ္ကို ဘယ္သူနားလည္ပါ့မလဲ😂 မနက္ျဖန္ ပါးခ်ဴရဲ႕ ရင္တြင္းျဖစ္ေတြလာမယ္😂😂😂

Good Night♥️♥️♥️

~×~×~×~×~×~×~×~×~×~×~×~

Continuar a ler

Também vai Gostar

1.2M 89.5K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
2M 161K 47
"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "က်ဳပ္နာမည္ ေတာ္ဝင္ေယာက္်ား...
439K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
157K 8K 34
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...