ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်း...

Oleh BlackLily_WhiteLily

450K 48K 1.6K

Myanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras ... Lebih Banyak

Description
Ch.1
Ch.2
Ch.3
Ch.4
Ch-5
Request
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35
Ch-36
Ch-37
Ch-38
Ch-39
Ch-40
Ch-41
Ch-42
Ch-43
Ch-44
Ch-45
Ch-46
Ch-47
Ch-48
Ch-49
Ch-50
Ch-51
Ch-52
Ch-53
Ch-54
Ch-55
Ch-56
Ch-57
Ch-58
Ch-59
Ch-60
Ch-61
Ch-62
Ch-63
Ch-64
Ch-65
Ch-66
Ch-67
Ch-68
Ch-69
Ch-70
Ch-71
Ch-72
Ch-73
Ch-74
Ch-75
Ch-76
Ch-77
Ch-78
Ch-79
Ch-80
Ch-81
Ch-82
Ch-83
Ch-84
Ch-85
Ch-86
Ch-87
Ch-88
Ch-89
Ch-90
Ch-91
Ch-92
Ch-93
Ch-94
Ch-95
Ch-96
Ch-97
Ch-98
Ch-99
Ch-100
Ch-101
Ch-102
Ch-103
Ch-104
Ch-105
Ch-106
Ch-107
ch-108
Ch-109
Ch-110
Ch-111
Ch-112
Ch-113
Ch-114
Ch-115
Ch-116
Ch-117
Ch-118
Ch-119
Ch-120
Ch-122
Ch-123
Ch-124
Ch-125
Ch-126
Ch-127
Ch-128
Ch-129
Ch-130
Ch-131
Ch-132
Ch-133
Ch-134
CH-135 (End of Main Story)
Extra-1
Extra -2
Extra -3
Extra-4
Extra-5
Extra-6
Extra-7
Extra-8 (Complete)
Notification
My Feeling

Ch-121

2.4K 284 16
Oleh BlackLily_WhiteLily

အခန်း ၁၂၁ ဝီရိယ

ထန်ရှီးရှီး နိုးလာသောအခါတွင် သူမမျက်လုံးကို ဖွင့်လိုက်သည်နှင့် ရင်းနှီးနေသော အနီရောင် ကန့်လန့်ကာကို သူမ မြင်လိုက်ရသည်။ သူမ၏ခန္ဓာကိုယ်အောက်ရှိ ဘရိုကိတ်စောင်တွင်လည်း သူမနှင့် ရင်းနှီးနေသော အနံ့ကို ရရှိနေသည်။ ထန်ရှီးရှီး၏ စိုးရိမ်ထိန့်လန့်နေသောမျက်နှာသည် တဖြည်းဖြည်း ပြေလျော့သွားပြီး သူမ အိမ်ပြန်ရောက်လာသည်ကို သိပြီး ဝမ်းသာသွားမိသည်။

ကုတင်ကန့်လန့်ကာက ချထားပြီး အပြင်ဘက်မှ တိုးတိုးလေးပြောသော အသံတစ်ခု ထွက်ပေါ်နေသည်။ ထန်ရှီးရှီး သူမ၏ လက်များကို. လှုပ်ရှားလိုက်သည်။ အပြင်ကလူတွေက လက်လှုပ်သံကို ကြားလိုက်ရတော့ ရုတ်တရက် အသံတွေ ရပ်သွားသည်။

ခဏအကြာတွင် ကုတင်ကန့်လန့်ကာကို တစ်စုံတစ်ယောက်က ရုတ်သိမ်းလိုက်သည်။ ကျောက်ချန်ကျွင်းက ကုတင်ဘေးမှာ လာထိုင်ပြီး သူမလက်ကို လှမ်းဆွဲလိုက်သည်။ သူက ထန်ရှီးရှီး၏ နဖူးကို စမ်းကာ "မင်း ဘယ်လိုခံစားရသေးလဲ... မင်း အဆင်မပြေသေးလို့လား"

သူမ၏ ဝမ်းဗိုက်အောက်ပိုင်း၌ အဆင်မပြေမှုအချို့ရှိသော်လည်း ထိုခံစားမှုသည် သူမ ဝမ်မိသားစုတွင်ရှိနေသည့်အချိန်ကထက် များစွာ ကောင်းမွန်လာသည်။ ထန်ရှီးရှီးက သူမခေါင်းကို ညင်သာစွာ ခါလိုက်သည်။ ကျောက်ချန်ကျွင်းက သူမ၏ မျက်နှာ ဖြူဖျော့နေသော်လည်း အခြေအနေကောင်းနေသည်ကို တွေ့လိုက်ရတော့ စိတ်သက်သာရာ ရသွားသည်။

ထန်ရှီးရှီးက နိုးလာစဖြစ်ကာ သူမရဲ့ အသံက ရှတတဖြစ်နေပြီး "အခု ဘယ်နှနာရီရှိပြီလဲ"

ကျောက်ချန်ကျွင်းက ရေနွေးထည့်ပေးရန် အစေခံအား စေခိုင်းခဲ့သည်။ သူက ထန်ရှီးရှီးကို ထထိုင်ဖို့ ကူညီပေးခဲ့ပြီး လက်ဖက်ရည်ခွက်ရဲ့ အပူချိန်ကို သူ့လက်နဲ့ စမ်းသပ်ပြီး သူမကို ဂရုတစိုက် ရေတိုက်နေသည်။ "အခုက ရှန်ရှီအချိန် (ညနေ ၃ နာရီမှ ညနေ ၅ နာရီ)"

ထန်ရှီးရှီးက သူမအိပ်နေတာကြာပြီလို့ ထင်ခဲ့ပေမယ့် တစ်နာရီလောက်ပဲ အိပ်ခဲ့သည်။ ထန်ရှီးရှီးက ရေကို တစ်ငုံသာသောက်လိုက်သည်။ လက်ဖက်ရည်ခွက် တစ်ဝက်လောက် သောက်ပြီးတော့ သူမ မသောက်ချင်တော့ဘူး။

ကျောက်ချန်ကျွင်းက လက်ဖက်ရည်ခွက်ကို အိမ်အစေခံရဲ့ ဗန်းပေါ် ပြန်တင်ပေးလိုက်သည်။ ခွက်ကို ချပြီးတာနဲ့ သူက ရုတ်တရက် မျက်နှာကို တည်တည်ကြည်ကြည်ထားပြီး ထန်ရှီးရှီးကို " ရှီးရှီး... ကိုယ် မင်းကို ပြောစရာရှိတယ်"

ထန်ရှီးရှီးက ကျောက်ချန်ကျွင်းက အလွန်လေးနက်နေသည်ကို မြင်လိုက်ရတော့ လန့်သွားသည်။ သူမ၏ လက်ချောင်းများကို မသိစိတ်က ဆုပ်ကိုင်ထားရင်း "ဟုတ်ကဲ့"

"စိတ်မလှုပ်ရှားဘဲ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားရမယ်" ကျောက်ချန်ကျွင်းက သေချာမှာပြီးနောက် လေးနက်သောလေသံဖြင့် "မင်း ကိုယ်ဝန်တစ်လနီးပါးရှိပြီ"

ထန်ရှီးရှီးက မျက်တောင်ခတ်ပြီး မျက်ခုံးပင့်ကာ ဖြည်းညှင်းစွာ "နောက်ထပ် ဘာရှိသေးလဲ"

"မင်း ဝမ်မိသားစုမှာ အရမ်းကြောက်ပြီး ကလေးက အရမ်းမတည်မငြိမ်ဖြစ်သွားတဲ့အတွက် ကလေးကို ထိန်းသိမ်းဖို့ အိပ်ယာထဲမှာ ခဏလောက်နေဖို့ လိုတယ်"

ထန်ရှီးရှီးက "အိုး" လို့ ပေါ့ပေါ့ပါးပါးနဲ့ ပြောလိုက်ပြီး "ကျွန်မ သိပါပြီ"

ကျောက်ချန်ကျွင်းက ထန်ရှီးရှီး မနိုးမီ သူမကို မည်သို့ပြောရမည်ကို အကြိမ်ပေါင်းများစွာ တွေးတောခဲ့ပြီး သူ့စကားများသည် အလွန်ကြမ်းတမ်းနေပြီး သူမကို ခြောက်လှန့်မိမည်ကို စိုးရိမ်ခဲ့သည်။ ကျောက်ချန်ကျွင်းက စိတ်ပိုင်းဆိုင်ရာဖြစ်နိုင်ခြေအားလုံးကို ပြင်ဆင်ခဲ့သည်။ ထန်ရှီးရှီးက ဤမျှငြိမ်သက်နေမည်ဟုတော့ သူ မမျှော်လင့်ခဲ့ပေ။ ကျောက်ချန်ကျွင်းက အံ့သြတကြီးနဲ့ "မင်း မအံ့သြဘူးလား?"

"ဘာမှ ထွေထွေထူးထူး မရှိပါဘူး" ထန်ရှီးရှီးက အလွန်သတိမထားမိသောလေသံဖြင့် "ကျွန်မ အရင်က ကိုယ်ဝန်မရှိဖူးတာ မဟုတ်ပါဘူး... လက နုနယ်သေးပေမယ့် ကျွန်မ ခံစားနိုင်ပါတယ်"

ကျောက်ချန်ကျွင်း ခဏတာ အံ့အားသင့်သွားသည်။ ဒါဆိုရင် ဘာမဟုတ်တာလေးကို အချိန်အတော်ကြာ စိတ်ပူပြီး သတိတကြီးနဲ့ သေချာစောင့်‌ရှောက်ပေးနေတာ သူတစ်ယောက်ထဲပေါ့လေ။

သို့သော်လည်း ထန်ရှီးရှီးက သူမျှော်လင့်ထားသည်ထက် ပိုမြန်ကာ အဖြစ်မှန်ကို လက်ခံခဲ့သည်မှာ ကောင်းသောအရာဖြစ်သည်။ ကျောက်ချန်ကျွင်းက စိတ်သက်သာရာရပြီး "မင်းလက်ခံနိုင်တာ ကောင်းပါတယ်... လာမယ့်လတွေအတွက် မင်းရဲ့ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်။"

ကျောက်ချန်ကျွင်းက ထန်ရှီးရှီး၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့စိတ်ထဲတွင် အတော်လေး စိတ်မကောင်းဖြစ်မိသည်။ အခြားသူများ၏မိသားစုတွင် ကိုယ်ဝန်ဆောင်ခြင်းသည် ပျော်ရွှင်စရာကောင်းသော်လည်း ထန်ရှီးရှီးက ဆန့်ကျင်ဘက်ဖြစ်သည်။ သူမရဲ့ ကိုယ်ဝန်က အချိန်တိုင်း ဘေးအန္တရာယ်တွေနဲ့ ပြည့်နှက်နေခဲ့သည်။ ကျောက်ဇီကောင်းကို ကိုယ်ဝန်ရှိတုန်းက ကိုယ်ဝန်ဖျက်ချဖို့ ဆေးပေးခံရလုနီးပါး ဖြစ်ခဲ့သည်။ သူမသည် ယခုတစ်ကြိမ်တွင် ဒုတိယမြောက်သားကို ကိုယ်ဝန်ရှိစဉ်မှာလည်း ကိုယ်ဝန်ပျက်ကျလုနီးပါးဖြစ်ခဲ့ရသည်။

ကျောက်ချန်ကျွင်းက ရှင်းမပြနိုင်လောက်အောင် စိတ်ဆင်းရဲသွားသည်။ ပထမအကြိမ် တွင် သူ ထန်ရှီးရှီးနှင့် အတူမရှိခဲ့သည့်အတွက် ထိုကိစ္စကို ချန်လှပ်ထားနိုင်ခဲ့သည်။ ဒီတစ်ခါတော့ သူက အိမ်တော်ကြီးကို သေချာစောင့်ရှောက်နေခဲ့တာတောင်မှ တခြားသူတွေရဲ့ အခွင့်ကောင်းယူခံရလုနီးပါး ဖြစ်နေသည်။

ကျောက်ချန်ကျွင်းက ထန်ရှီးရှီး၏ လက်ကို ဆုတ်ကိုင်ကာ တိုးတိုးလေးနှစ်သိမ့်ပေးရင်း "စိတ်မပူပါနဲ့... ကိုယ် တော်ဝင်သမားတော်ကြီးကို မေးပြီးပြီ... ကလေးက မတည်ငြိမ်ပေမယ့် ကလေးမွေးပြီးရင် ကောင်းကောင်းကြီးပြင်းလာမယ်လို့ သူတို့က ပြောပါတယ်.. မင်း အိပ်ရာထဲမှာ အနားယူနေသရွေ့ မင်းရဲ့အခြေခံအင်အားကို စုစည်းပြီး မင်းရဲ့တက်ကြွမှုကို မွေးမြူနိုင်မှာပါ... မင်း အရမ်းပျော်တာ ဒါမှမဟုတ် ဒေါသထွက်တာ မဖြစ်စေနဲ့... ဒါဆိုရင် အရာအားလုံး အဆင်ပြေသွားမှာပါ... ကလေးရဲ့အခြေအနေ တည်ငြိမ်သွားတဲ့အခါ တစ်လလောက်အတွင်းမှာ ပုံမှန်အတိုင်း လမ်းပြန်လျောက်နိုင်မှာပါ"

ထန်ရှီးရှီးက ခေါင်းညိတ်ပြပြီး သူမသည် ကောင်းဖို့ဖြစ်လာသည်ဟု သေချာစွာ ထင်နေခဲ့သည်။ သူမသည် ယခင်ကြုံခဲ့ဖူးသော ရင်းနှီးသောပတ်ဝန်းကျင်သို့ ပြန်ရောက်သွားပြီး သူမတွင် လုံခြုံမှုရှိသောကြောင့် ဖြစ်နိုင်သည်၊ သို့မဟုတ် ကျောက်ချန်ကျွင်းက ဤနေရာတွင် ရှိနေသောကြောင့်လည်း ဖြစ်နိုင်သည်။

သူရှိနေသရွေ့ ကောင်းကင်နဲ့ မြေကြီးတောင်မှ သူမတို့ရဲ့ သားသမီးတွေကို လွယ်လွယ်နဲ့ မယူသွားနိုင်ဘူးဆိုတာ သေချာသည်။

ထန်ရှီးရှီးက ရုတ်တရက် တစ်ခုခုကို တွေးပြီး " ရှီကျူနဲ့ တုကျင်းဘယ်မှာလဲ ?"

ကျောက်ချန်ကျွင်းက "သူတို့လည်း ပြန်လာပြီ... ဆေးသောက်ပြီးကတည်းက အခန်းထဲမှာ နားနေတုန်းပဲ... မနက်ဖြန်ရောက်ရင် သူတို့က မင်းနားကို ပြန်လာပြီး ပြုစုပေးနိုင်လိမ့်မယ်"

ထန်ရှီးရှီးက သက်ပြင်းရှည်ကြီး ချလိုက်သည်။ ထိုလူများ၏ပစ်မှတ်မှာ သူမဖြစ်ပြီး တုကျင်းနှင့် ရှီကျူကို မူးယစ်ဆေးဖြင့် တိုက်ခိုက်ပြီးနောက် ထန်ရှီးရှီးနောက်ကို ချက်ချင်းအပြေးအလွှားလိုက်လာခဲ့သည်။ နောက်ပိုင်းတွင် ကျောက်ချန်ကျွင်းက အချိန်မီရောက်လာပြီး ထန်ရှီးရှီးကို ကယ်တင်ခဲ့သည်။ ကျောက်ချန်ကျွင်းက ထန်ရှီးရှီးကို ပွေ့ချီထားခဲ့ပြီး နောက်ဆက်တွဲပြဿနာကို ကိုင်တွယ်ရန် ကျန်ရစ်ခဲ့သော အစောင့်များသည် တုကျင်းနှင့် ရှီကျူကို တွေ့ရှိပြီး နှစ်ယောက်လုံးကို အိမ်တော်သို့ ပြန်ခေါ်ခဲ့သည်။

သူတို့သည် ဆေးမိပြီး လဲကျသွားပြီးနောက် ဦးခေါင်း၊ ခြေလက်များ နှင့် နောက်ကျောများကို နေရာအနှံ နာကျင်ထိခိုက်ခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် အခြားဒဏ်ရာမရရှိခဲ့ပေ။ ဒါက ကံဆိုးခြင်းထဲက ကောင်းချီးတစ်ခုပါပဲ။

ထန်ရှီးရှီး ခဏတုံ့ဆိုင်းသွားပြီး တိုးတိုးလေးဖြင့် "ဝမ်မိသားစုကော ဘယ်လိုလဲ"

ဝမ်မိသားစုဟု ကြားပြီးနောက် ကျောက်ချန်ကျွင်း၏အမူအရာမှာ သိသိသာသာ တုန်လှုပ်သွားခဲ့သည်။ ထန်ရှီးရှီး၏ အခြေအနေကိုတွေးတောရင်း သူ့အမူအရာကို ဖုံးကွယ်ကာ နွေးထွေးစွာဖြင့် "ကိုယ်က စောစောထွက်လာခဲ့ပြီး ဝမ်မိသားစုမှာ ဘာတွေဖြစ်နေလဲ မသိသေးဘူး... ဒါပေမယ့် ဝမ်ထိုက်ဖူရဲ့ အချစ်ဆုံး သားအငယ်ဆုံးက အရက်မူးနေတယ် ကြားခဲ့ရတယ်... သူက ပန်းခြံကို ဘယ်လိုရောက်သွားမှန်းမသိဘဲ အေးမြတဲ့အခန်းတစ်ခန်းမှာ အိပ်ပျော်နေခဲ့တယ်... မင်းကိုလိုက်ဖမ်းတဲ့လူ အနည်းငယ်ကတော့ ဝမ်မိသားစုက ပွဲအတွက် လူအင်အားလိုလို့ အပြင်က ခနငှားခဲ့တာဖြစ်ပြီး ဝမ်မိသားစုနဲ့မဆိုင်ဘူးလို့ ကိုယ်ကြားတယ်... ဖမ်းမိတော့ သူတို့အားလုံးကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတယ်"

ထန်ရှီးရှီးက မျက်လုံးများကို မှိတ်လိုက်ပြီး ပုံစံအမျိုးမျိုးဖြင့် တွေးတောနေခဲ့သည်။ သူမကို ဥယျာဉ်သို့ ခေါ်ဆောင်ခဲ့သည်။ တိုက်ဆိုင်စွာပင် ဝမ်ထိုက်ဖူ ၏သားအငယ်ဆုံးသည်လည်း ဥယျာဉ်ထဲတွင် အိပ်ပျော်နေခဲ့သည်။ ထန်ရှီးရှီးက လမ်းတစ်ဝက်တွင် မလွတ်မြောက်ခဲ့ပါက သူမကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားမလဲ။

ဧကရီမယ်တော်ကြီးယောင်သည် လူကောင်းမဟုတ်ကြောင်း ထန်ရှီးရှီးသိသည်။ ဧကရီမယ်တော်ကြီးယောင်ကို သူမ လျှော့တွက်နေဆဲဟု သူမ မမျှော်လင့်ခဲ့ပေ။ ဧကရီမယ်တော်ကြီးယောင်သည် သူမကို မုန်းတီးကြောင်း ထန်ရှီးရှီးသိသည်။ ဧကရီမယ်တော်ကြီးယောင်သည် သူမအား လုပ်ကြံခြင်း သို့မဟုတ် အဆိပ်ခတ်ခြင်း ဖြစ်နိုင်သည်ကို တွေးမိသော်လည်း ယခု ဧကရီမယ်တော်ကြီးယောင်သည် သူမ၏ ဂုဏ်သတင်းကို ချောက်ချချင်နေခဲ့သည်။

သူမသည် ငယ်ရွယ်သော ဝမ်ဖေးနှင့် တစ်နှစ်သားအရွယ် ကလေး၏မိခင် ဖြစ်သည်။ သူမကို ဖောက်ပြန်မှုဖြင့် စီရင်ခြင်းခံရပါက သူမ၏ အသက်ဆုံးရှုံးရုံသာမက ကျောက်ဇီကောင်းနှင့် ထန်မိသားစုကိုပါ ထိခိုက်နစ်နာ စေမည်ဖြစ်သည်။ ကြောက်စရာအကောင်းဆုံးမှာ ကျင့်ဝမ်ဖေးနှင့် ဝမ်ထိုက်ဖူ၏သားထွေးသတင်းများ ထွက်သွားသည်နှင့် တပြိုင်နက် ကျင်းလင် တစ်ခုလုံး ပျံ့နှံ့သွားမည်ပင်ဖြစ်သည်။ ထိုအချိန်တွင်၊ လမ်းများပေါ်ရှိ အတင်းအဖျင်းပြောသောအမျိုးသမီးများသည် အရောင်အသွေးစုံလင်လှသော အသေးစိတ်အချက်အလက်များကို ထပ်ခါထပ်ခါပေါင်းထည့်ကာ မည်မျှဆိုးဆိုးရွားရွား သတင်းဖြန့်ကြမည်ကို မသိနိုင်ပေ။ ထိုအချိန်ရောက်သောအခါ၊ ကျင့်ဝမ်စံအိမ်နှင့် ဝမ်မိသားစုတို့သည် အရှက်ကွဲသွားပြီး ကျောက်ချန်ကျွင်းနှင့် ဝမ်ထိုက်ဖူတို့ကြား ဆက်ဆံရေးမှာ မလွဲမသွေ ပျက်ပြားသွားမည်ဖြစ်သည်။

ဧကရီမယ်တော်ကြီးယောင်၏ လှုပ်ရှားမှုသည် အလွန်ညစ်ပတ်သော်လည်း ထန်ရှီးရှီးက သူမ၏ နည်းလမ်းသည် အလွန်ထက်မြက်ကြောင်း ဝန်ခံရမည်ပင်။ မြှားတစ်ချောင်းဖြင့် ငှက်သုံးကောင်ကို သတ်ခြင်းဟု ဆိုနိုင်သည်။

သို့သော် ထိုအရာအားလုံးသည် အောင်မြင်မှုအပေါ် အခြေခံမှသာ ဖြစ်ပေါ်လာနိုင်မည်။ ဧကရီမယ်တော်ကြီးယောင်သည် သူမ ကျရှုံးလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ကျောက်ချန်ကျွင်းနှင့် ဝမ်ထိုက်ဖူတို့သည် လူညံ့များမဟုတ်ပါ၊ ယနေ့ အရာအားလုံး၏နောက်ကွယ်တွင် မည်သူက ချုပ်ကိုင်ထားသည်၊ သူတို့ဘာလုပ်ချင်သည်ကို မည်သို့ နားမလည်နိုင်ပဲနေမလဲ။ ဝမ်မိသားစုသည်လည်း ယခုအချိန်တွင် မငြိမ်းချမ်းသေးဟု ယူဆနိုင်သည်။ ဝမ်ထိုက်ဖူသည် တစ်သက်လုံး ဉာဏ်ပညာရှိစွာ နေထိုင်နိုင်ခဲ့သော်လည်း သူသည် အသက်ကြီးလာသောအခါတွင် သူကို့ သေသည်အထိ ဒေါသထွက်ရအောင် အခြားသူများက ကြံစည်ခဲ့သည်။

ကန့်လန့်ကာနောက်ကွယ်မှ ကြည်ညိုလေးစားမှုဖြင့် အုပ်ချုပ်သော သိက္ခာရှိသော ဧကရီမယ်တော်ကြီးသည် သူကဲ့သို့ ဂုဏ်သရေရှိအရာရှိဟောင်းကို ကြံစည်ရန် ဤညစ်ညမ်းသောလှည့်ကွက်မျိုးကို အသုံးပြုခဲ့သည်။ ဒီအဖြစ်အပျက်ကြောင့် အသက်ကြီးတဲ့ အရာရှိတွေရဲ့ နှလုံးသားတွေ ဘယ်လောက်အေးစက်သွားမလဲ။ ထန်ရှီးရှီးက ဝမ်မိသားစုမှ ကျောက်ချန်ကျွင်းကို ကူညီရန် တောင်းဆိုခဲ့ပြီး ငြင်းဆိုခြင်းခံခဲ့ရကာ မမျှော်လင့်ဘဲ မျက်စိတစ်မှိတ်အတွင်း ဧကရီမယ်တော်ကြီးယောင်မှ အကူအညီလှိုင်းများ အမြန်ပေးပို့ခဲ့သည်။ ဒါက မိုင်ထောင်ချီတဲ့ ရှည်တဲ့ လက်ဆောင်တစ်ခုပါ။ လက်ဆောင်က ပေါ့ပါးပေမယ့် သက်ရောက်မှုက အရမ်းနက်ရှိုင်းနေသည်။

ထန်ရှီးရှီးက မျက်တောင်ခတ်လိုက်ပြီး ကျောက်ချန်ကျွင်းထံ တိတ်တဆိတ် တိုးကပ်ကာ "ဒီနေ့ ဝမ်ထိုက်ဖူရဲ့ မွေးနေ့ပါ... ဒါပေမယ့် ကျွန်မက ပန်းခြံထဲမှာ အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်... ထိုက်ဖူ ဘာပြောသေးလဲ... သူ ကျွန်မကိုအပြစ်တင်နေတာလား"

ထန်ရှီးရှီးက ဝမ်မိသားစု၏ နောက်ခံကို လျှို့ဝှက်စွာ တောင်းဆိုခဲ့သည်။ ဝမ်ထိုက်ဖူသည် အလွန်လေးစားခံရပြီး သူ၏ကျောင်းသားများကို တရားရုံးနှင့် သာမန်လူများကြားတွင် တွေ့နိုင်သည်။ ကျောက်ချန်ကျွင်းက ဝမ်ထိုက်ဖူ၏ ပံ့ပိုးကူညီမှုကို ရခဲ့ပါက သူ၏အကူအညီသည် အတိုင်းအတာတစ်ခုအထိ ဖြစ်လာလိမ့်မည်။ ကျောက်ချန်ကျွင်း သည် သူ့လက်ထဲတွင် စစ်တပ်အာဏာရှိသော်လည်း ထီးနန်းကို သိမ်းပိုက်အုပ်ချုပ်ရန်မှာ ခိုင်မာသော စစ်အင်အားတစ်ခုထက် ပိုသော အရာများရှိရန်လိုသည်။

စစ်အင်အား၊ ပြည်သူထောက်ခံမှုနှင့် တော်ဝင်တရားရုံးတို့သည် မရှိမဖြစ် လိုအပ်ပါသည်။

ကျောက်ချန်ကျွင်းက ပြန်မဖြေပေ။ သူက ထန်ရှီးရှီးရဲ့ ပခုံးတွေကို ကိုင်ထားပြီး နူးညံ့စွာဖြင့် ခေါင်းအုံးပေါ် ဂရုတစိုက် ပြန်တင်လိုက်ပြီး "မင်း ကလေးကို စိတ်အေးလက်အေးနဲ့ ပြုစုပျိုးထောင်ပြီး ဒီအရာတွေအတွက် စိတ်ပူစရာ မလိုပါဘူး... စိတ်မပူပါနဲ့... ကိုယ် စနစ်တကျ စီစဉ်ပေးမယ်... မင်းက ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ပဲလိုတယ်... တတ်နိုင်သမျှ စားပြီး ပြည့်ဖောင်းလာရင် လုံလောက်ပြီ"

ထန်ရှီးရှီး ရယ်မောလိုက်သည်။ သူမက ကျောက်ချန်ကျွင်းကို စိုက်ကြည့်ရင်း ဒေါသတကြီးနဲ့ "ဘယ်သူက ဝလာမှာလဲ"

ကျောက်ချန်ကျင်းက ရယ်မောပြီး သူမအတွက် စောင်ကိုဆွဲအုပ်ပေးကာ "ကောင်းကောင်းအနားယူပါ... ကိုယ် ခဏနေပြန်လာခဲ့မယ်"

ထန်ရှီးရှီးက ဒီကိစ္စကို သိပ်ပြီး မတွေးနေခဲ့ဘူး။ ပုံမှန်လဲ ကျောက်ချန်ကျွင်းက သူ့ကိစ္စများနှင့် အလုပ်ရှုပ်နေတက်ပြီး ခဏတဖြုတ်သာ သူမအနားတွင်နေနိုင်ကာ မကြာခဏ ထွက်သွားလေ့ရှိသည်။ သူမသည် ခါတိုင်းကဲ့သို့ပင် တွေးကာ စိတ်ထဲတွင် ထူးဆန်းခြင်း မရှိခဲ့ပေ။ သူမက ဝမ်းသာအားရ ခေါင်းညိတ်ပြပြီး " အင်း"

ကျောက်ချန်ကျွင်းက ထန်ရှီးရှီး၏ ခေါင်းကို ဖွဖွထိလိုက်ပြီး ပြုံးကာ အိပ်ခန်းထဲမှ ထွက်လာခဲ့သည်။ ပင်မဝင်းထဲက ထွက်လာပြီးနောက် သူ့အမူအရာက တစ်လက်မ မကျန် အေးစက်လာသည်။

လျှိုကျိက ဘေးနားကို လိုက်လာပြီး " ဝမ်ရယ်... အဲဒီလူကို ဖမ်းဆီးလိုက်ပါပြီ... ဘာလုပ်သင့်တယ်ထင်လဲ"

"အိမ်ရှေ့ခြံဝင်းကို ခေါ်သွား..." ကျောက်ချန်ကျွင်းက တင်းမာသောမျက်လုံးများဖြင့် အေးစက်စွာ ပြောလိုက်သည်။ " ဝမ်ဖေးရဲ့ နားတွေကို မညစ်ပတ်စေနဲ့ "

"ဟုတ်ကဲ့"

အိမ်ရှေ့ဝင်းထဲမှာ ကျိုးရွှင်းဟွာက မြေပြင်ပေါ် ဒူးထောက်နေသည်။ ကျောက်ဇီရှင်းသည် စိုးရိမ်သောကရောက်နေသော အမူအရာဖြင့် အဝေးမှာ ရပ်နေကာ "အဖေ၊ ဒါက တစ်ခုခုကို နားလည်မှုလွဲနေတာလား"

"နားလည်မှုလွဲတာလား???။" ကျောက်ချန်ကျွင်းက ခန်းမဆောင်ကြီးထဲသို့ တည့်မတ်စွာဝင်လာကာ အေးအေးဆေးဆေးထိုင်လိုက်ပြီး "သူ(မ)က ဧကရီမယ်တော်ကြီးယောင်ရဲ့ သူလျှိုနဲ့ တိတ်တဆိတ် တွေ့ဆုံခဲ့ပြီး စီဖေးကျိုးက ကိုယ်ဝန်ပျက်ကျသွားပြီလို့ ဝမ်ဖေးကို လှည့်စားခဲ့တယ်.... သူ(မ) ဗိုက်နာသလို ဟန်ဆောင်နေခဲ့တယ်... တခြား နားလည်မှုလွဲတာ ဘာများ ရှိနိုင်မလဲ"

ကျိုးရွှင်းဟွာသည် အေးခဲမာကြောသော ကြမ်းခင်းပေါ်တွင် ဒူးထောက်ထိုင်နေသည်။ ပထမလ၏အဆုံးပိုင်းတွင် ရာသီဥတုသည် အလွန်အေးသည်၊ အအေးဓာတ်သည် သူမ၏အဝတ်များထဲသို့ စိမ့်ဝင်သွားပြီး သူမ၏အရိုးများထဲသို့ တဖြည်းဖြည်းစိမ့်ဝင်သွားသည်။ ကျိုးရွှင်းဟွာသည် သူမ၏ ဝမ်းဗိုက်တွင် အနည်းငယ် မသက်မသာ ခံစားနေရသည်။ သူမသည် ငြိမ်သက်နေရန် မိမိကိုယ်ကို သတိပေးခဲ့ပြီး ကျောက်ချန်ကျွင်းအား နှိမ့်ချမှုမရှိ၊ အခိုင်အမာ ပြောလိုက်သည် " ဝမ်ရယ်က ပညာအမြော်အမြင်ရှိပြီး တွေးခေါ်တက်ပါတယ်... ကျွန်မ နေ့လည်က အအေးစာတချို့ကို မတော်တဆ စားမိပြီး ဝမ်းဗိုက်က ရုတ်တရက် ကျဉ်သွားတယ်... ကလေးမှာ တစ်ခုခုဖြစ်သွားတာလို့ လွဲမှားစွာတွေးလိုက်မိတဲ့အတွက် ထိတ်လန့်သွားပေမယ့် ရည်ရွယ်ချက်ရှိရှိ မလုပ်မိခဲ့ပါဘူး... ဝမ်ဖေးရဲ့ အသက်ကို ဆန့်ကျင်ဖို့ ကြံစည်တဲ့ သူလျှိုအတွက်ကတော့ ကျွန်မ သူမကို မသိခဲ့ပါဘူး... မနက်မိုးလင်းတော့ သူ(မ)က ကျွန်မကို တစ်ခုခု လာပို့ပေးဖို့လာတယ်... အိမ်တော်က စီစဉ်ပေးတယ်လို့ ကျွန်မ ထင်တဲ့အတွက်ကြောင့် သူ(မ)နဲ့ ပျော်ရွှင်စရာတွေ ပြောခဲ့ပေမယ့် ကျန်တာတော့ ဘာမှမသိဘူး"

ကျောက်ဇီရှင်းသည် ကျိုးရွှင်းဟွာ၏ ဝမ်းဗိုက်တွင် ကလေးရှိနေပြီး ယခု နှစ်လကျော်သာရှိသေးပြီး နုနယ်သောကာလတွင် ရှိနေကြောင်း သိသည်။ မြေပြင်သည် အေးလွန်းသဖြင့် သူမ အချိန်အကြာကြီး ဒူးထောက်နေပါက ပြဿနာများ ရှိလာနိုင်သည်။ ကျောက်ဇီရှင်းက ဆောလျင်စွာ "ဟုတ်တယ် အဖေ... ဒီနေ့ကိစ္စတွေက ထူးဆန်းတယ်... အဲ့ဒီလူတွေက ပြင်ဆင်လာတာ သိသာထင်ရှားတယ...၊ အိမ်တော်က သူလျှိုတွေက သူတို့ရဲ့အပြစ်ကို ရည်ရွယ်ချက်ရှိရှိ သူ(မ)ထံ လမ်းလွှဲထားတာလည်း ဖြစ်နိုင်တယ်... အဲဒီလူတွေရဲ့ အကြံအစည်ကို ရှောင်ရှားဖို့ အဖေက နောက်ထပ် ရက်အနည်းငယ်ကြာအောင် စစ်ဆေးပေးနိုင်ပါတယ်"

ကျောက်ချန်ကျွင်းက ပေါ့ပေါ့ပါးပါး ပြုံးပြီး ဘာမှ ဂရုမစိုက်ဘဲ "ငါမမှန်ဘူးလို့ မင်းထင်နေတာလား... ကျိုးရွှင်းဟွာ.. မင်းက မင်းကို ငါ အထင်မှားနေပြီလို့ မင်း ပြောတယ်... မင်းကို ငါ မေးပါရစေ... မီးပုံးပွဲတော်နေ့မှာ မင်းအိမ်တော်အုပ်စုကနေ ထွက်ခွာပြီး မင်း ဘယ်ကိုသွားခဲ့တာလဲ"

ကျိုးရွှင်းဟွာက တုံ့ဆိုင်းသွားပြီး စိတ်ကို တည်ငြိမ်အောင် ထိန်းကာ "အဲဒီနေ့က လူအရမ်းများတယ်... ကျွန်မက လူအုပ်ကြားထဲမှာ ပျောက်သွားပြီး ရှီဇီကို မတော်တဆ ပျေက်သွားတယ် "

ကျောက်ချန်ကျွင်းက ကျိုးရွှင်းဟွာကို တိတ်တဆိတ်ကြည့်နေသည်။ ခုထက်ထိ သူမ လိမ်ချင်နေသေးသည်။ ကျောက်ချန်ကျွင်းက စိတ်မရှည်တော့ဘဲ "မင်း လကြည့်ဆောင်ကို တိတ်တိတ်လေး ပြန်သွားနေတာ တစ်ယောက်ယောက်က မြင်လိုက်တယ်"

ကျိုးရွှင်းဟွာ အံသြသွားပြီး ကျောက်ဇီရှင်း၏ မျက်နှာကလဲ တင်းတင်းမာမာနဲ့ "ဘာလဲ"

ကျောက်ချန်ကျွင်းက အသံတွင် ခံစားချက်မရှိပဲ "မင်း ဧကရီမယ်တော်ကြီးယောင်ကို ဘာပြောလိုက်တာလဲ"

ကျိုးရွှင်းဟွာသည် မျက်နှာကို ငုံ့ထားပြီး တန်ပြန်အကြံအစည်များကို တွေးတောရန် အပြင်းအထန် ကြိုးစားခဲ့သော်လည်း သူမ၏ ဦးနှောက်သည် ငါးပိနှင့်ဆား ရောထားသလို အတူတူပင်ဖြစ်ပြီး ယခုအချိန်တွင် လုံးဝ ဗလာဖြစ်နေသည်။ ကျောက်ဇီရှင်း၏ စိတ်ထဲတွင် ကျိုးရွှင်းဟွာကို နားလည်သွားသည်။ ထိုနေ့တွင် ကျိုးရွှင်းဟွာသည် ပျောက်ဆုံးသွားခြင်းမဟုတ်ပဲ ဧကရီမယ်တော်ကြီးယောင်နှင့် တွေ့ရန် ပြန်သွားခဲ့သည်။

တကယ်တော့ ကျောက်ဇီရှင်းက ကျိုးရွှင်းဟွာက ဘာလို့ ဒီလောက်အကြာကြီး လမ်းလျှောက်လာရတာလဲလို့ တိတ်တဆိတ် တွေးခဲ့မိသည်။ ကျိုးရွှင်းဟွာက သူမ ပျောက်ဆုံးသွားသည်ကို သိပြီးနောက်တွင် သူမသည် လမ်းမလျှောက်ဝံ့ဘဲ ထိုနေရာတွင် ရပ်စောင့်နေကြောင်း ရှင်းပြခဲ့သည်။ ကျောက်ဇီရှင်းသည် သံသယဖြစ်ဖွယ်ရှိသော်လည်း လေးလေးနက်နက် စဉ်းစားရန် ဆန္ဒမရှိပေ။ အရာအားလုံးသည် သူ မမြင်ချင်သည့် နောက်ဆုံးအရာကို ဖြစ်စေမည်ကို သူ မမျှော်လင့်ခဲ့ပေ။

ကျိုးရွှင်းဟွာသည် မင်းသား၏အိမ်တော်ကို သစ္စာဖောက်ပြီး ဧကရီမယ်တော်ကြီးယောင်ထံသို့ လှည့်ပြန်သွားခဲ့သည်။

ကျိုးရွှင်းဟွာ၏ စိတ်သည် ဗလာဖြစ်ပြီး သူမသည် အကောင်းဆုံး ကာကွယ်ရေးအချိန်ကို လွတ်သွားသဖြင့် ကူကယ်ရာမဲ့ ကြည့်နေခဲ့သည်။ ကျိုးရွှင်းဟွာက ရှိုက်ကြီးတငင်သက်ပြင်းချပြီး မျက်လုံးမှိတ်ထားလိုက်သည်။ ခုတော့ အရာအားလုံး ပြီးသွားပြီ။ ယခုတစ်ကြိမ်တွင် ကျောက်ဇီရှင်းပင်လျှင် သူမကို ယုံမည်မဟုတ်ပေ။

တကယ်တော့ ကျိုးရွှင်းဟွာ ဒီနေ့လုပ်ခဲ့တဲ့အရာက သူမ လုပ်ချင်လို့ လုပ်တဲ့အရာမဟုတ်ပါဘူး။ သူမက မတုံးပါဘူး။ ဧကရီမယ်တော်ကြီးယောင်က ထန်ရှီးရှီးကို ဒုက္ခရောက်စေတဲ့နေ့မှာ သူမ ဗိုက်နာသလို ဟန်ဆောင်ခဲ့သည်။ ကျင့်ဝမ်၏သံသယက သူမဆီရောက်လာနိုင်မယ်ဆိုတာ သူမသေချာသိသည်။

သို့သော် ကျိုးရွှင်းဟွာမှာ ရွေးချယ်စရာမရှိပေ။ ယ​နေ့မွန်းတည့်​ခါနီးတွင်​ အိမ်အစေခံ​တစ်ယောက်​သည်​ သူမထံသို့ အစားအစာများဖြင့် ​ရောက်​လာ​ပြီး ဧကရီမယ်တော်ကြီးယောင်၏တံဆိပ်ကို သူမ၏ အင်္ကျီလက်ထဲမှ​ တိတ်​ဆိတ်​စွာ ​ဖော်​ပြ​​သည်​။ ကျိုးရွှင်းဟွာ ဘာလုပ်နိုင်မလဲ။ သူမသည် ဧကရီမယ်တော်ကြီးယောင်၏ ညွှန်ကြားချက်များကိုသာ လိုက်နာပြီး၊ ဗိုက်နာဟန်ဆောင်ကာ အိမ်အကူနှင့် ပူးပေါင်းကာ အိမ်အကူအား လုံးဝ တရားဝင်သောအကြောင်းပြချက်ဖြင့် စံအိမ်မှ ထွက်ခွာခွင့်ပေးခဲ့သည်။

အိမ်အစေခံက ထန်ရှီးရှီး ဒီနေ့ ပြန်လာဖို့ အခွင့်အရေး မရှိဘူးလို့ ကျိုးရွှင်းဟွာကို နှစ်သိမ့်ပေးခဲ့သည်။ ထို့ကြောင့် အိမ်အကူက ထန်ရှီးရှီးကို ဘာပြောသည်ကို မည်သူမျှ မသိနိုင်တော့ပေ။

နောင်တွင် သူမအား စစ်ဆေးမေးမြန်းခြင်းခံရသည့်အခါ ကျိုးရွှင်းဟွာသည် မကောင်းသောအရာတစ်ခုခုစားပြီးနောက် ဗိုက်နာသွားကြောင်းနှင့် အိမ်အကူသည် ကလေးမှာ ပြဿနာရှိနေသည်ဟု မှားယွင်းစွာထင်မြင်မိသောကြောင့် အိမ်အကူကသာ ရူးကြောင်ကြောင်ဖြစ်သွားကြောင်း အကြောင်းပြနိုင်သည်။ နောင်တွင် ထန်ရှီးရှီးက သူမအား မေးခွန်းထုတ်ခဲ့လျှင်ပင် ကျိုးရွှင်းဟွာသည် မှားယွင်းသောစကားများကို ကျော်လွန်နိုင်ပြီး အိမ်အစေခံ၏အပြစ်ဖြစ်ကြောင်းကို ပြောကာ ကိုယ်လွတ်ရုန်းနေနိုင်သည်။

ဟုတ်ပါတယ်၊ ထန်ရှီးရှီးက သူမကို မေးခွန်းထုတ်ဖို့ အခွင့်အရေး ရှိမှာ မဟုတ်ပါဘူး။

ကျိုးရွှင်းဟွာသည် နောက်ဆက်တွဲသတင်းကို ရင်တထိတ်ထိတ်ဖြင့် စောင့်ဆိုင်းနေခဲ့သည်။ နောက်ဆုံးတွင် သူလျှိုထံမှ သတင်းကောင်းကို သူမ မကြားခဲ့ရပေ။ ယင်းအစား၊ ကျင့်ဝမ်သည် ထန်ရှီးရှီးနှင့်အတူ အိမ်သို့ ပြန်လာခဲ့ကြောင်း သူမ ကြားလိုက်ရသည်။ ကျိုးရွှင်းဟွာသည် အလွန်ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခုရှိခဲ့သော်လည်း သူမတုံ့ပြန်နိုင်မီတွင် သူမသည် ကျင့်ဝမ်၏ထိန်းချုပ်မှုအောက်သို့‌ရောက်ရှိခဲ့သည်။

ကျိုးရွှင်းဟွာသည် တင်းတင်းကြပ်ကြပ် စောင့်ကြည့်ခံနေရသောကြောင့် ကျောက်ဇီရှင်းထံသို့ သတင်းစကားပေးပို့ရန် အချိန်မရှိတော့ပဲ ကျောက်ဇီရှင်းသည် ယခု အမှန်တရားကို မသိခဲ့ပေ။ ကျိုးရွှင်းဟွာအတွက် ခုခံကာကွယ်လိုသော်လည်း ဖွင့်ဟချက်မရှာနိုင်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျိုးရွှင်းဟွာကတော့ သူ့မိန်းမပါပဲ။ ကျောက်ဇီရှင်းက "အဖေ၊ ရွှင်းဟွာကို သစ္စာဖောက်တွေက ခိုင်းစေလို့ လုပ်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့လို့ပါ... သူကိုယ်ဝန်ရှိနေတာကို အဖေမြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်..."

ကျောက်ဇီရှင်းက ၎င်းကို မဖော်ပြပါက ကျောက်ချန်ကျွင်းက သည်းခံနိုင်သေးသည်။ ၎င်းကိုပြောပြီးသည်နှင့် ကျောက်ချန်ကျွင်းက စာရင်းဟောင်းကို ပြန်တွေးမိသည်။ ကျောက်ချန်ကျွင်း၏အကြည့်သည် ကျိုးရွှင်းဟွာကို အေးစက်စွာ ဖြတ်ကျော်သွားပြီး "အခုလကုန်နေပြီ... ကျိုးရွှင်းဟွာရဲ့ ဗိုက်ထဲက ကလေးက ခြောက်လရှိသင့်ပြီ... လက နုသေးလို့ မမြင်ရဘူးလို့ အစောပိုင်းက ပြောခဲ့ပေမယ့် အခု ခြောက်လမှာလဲ မမြင်ရသေးဘူး... သူ(မ)မှာ ကိုယ်ဝန်လုံးဝမရှိမှာကို ကြောက်တယ်... သူ ပြင်ပလူတွေနဲ့ ပေါင်းသင်းတာ၊ ဝမ်ဖေးရဲ့ဘဝကို ဆန့်ကျင်ဖို့ ကြံစည်တာ၊ သဘာဝအားဖြင့် လိမ်ညာပြောဆိုတာတွေကို လုံးဝနောင်တမရတာ... ဒီအရာတွေထဲက တစ်ခုက သူ(မ)ကို အသေသတ်ဖို့ လုံလောက်တယ်... သွေးကြည့်ဖို့မသင့်တော်တဲ့ ဝမ်ဖေးကြောင့် မင်းကို ငါ ခွင့်လွှတ်လိုက်မယ်... လျှိုကျိ ၊ အမိန့်ပေးလိုက်ပါ... စီဖေးကျိုးကို ကြိမ်သုံးဆယ်ပေးလိုက်... ကြီးလေးတဲ့ ဆုံးမမှု့အတွက် ပြစ်ဒဏ်သေးသေးလေးပဲ... တစ်ပြိုင်နက်ထဲ ခုချက်ချင်း အကောင်အထည်ဖော်ပါ"

❤❤❤❤❤Thank you so much, each reader, for your reading, voting and supports❤❤❤❤❤

အခန္း ၁၂၁ ဝီရိယ

ထန္ရွီးရွီး ႏိုးလာေသာအခါတြင္ သူမမ်က္လုံးကို ဖြင့္လိုက္သည္ႏွင့္ ရင္းႏွီးေနေသာ အနီေရာင္ ကန႔္လန႔္ကာကို သူမ ျမင္လိုက္ရသည္။ သူမ၏ခႏၶာကိုယ္ေအာက္ရွိ ဘ႐ိုကိတ္ေစာင္တြင္လည္း သူမႏွင့္ ရင္းႏွီးေနေသာ အနံ႔ကို ရရွိေနသည္။ ထန္ရွီးရွီး၏ စိုးရိမ္ထိန႔္လန႔္ေနေသာမ်က္ႏွာသည္ တျဖည္းျဖည္း ေျပေလ်ာ့သြားၿပီး သူမ အိမ္ျပန္ေရာက္လာသည္ကို သိၿပီး ဝမ္းသာသြားမိသည္။

ကုတင္ကန႔္လန႔္ကာက ခ်ထားၿပီး အျပင္ဘက္မွ တိုးတိုးေလးေျပာေသာ အသံတစ္ခု ထြက္ေပၚေနသည္။ ထန္ရွီးရွီး သူမ၏ လက္မ်ားကို. လႈပ္ရွားလိုက္သည္။ အျပင္ကလူေတြက လက္လႈပ္သံကို ၾကားလိုက္ရေတာ့ ႐ုတ္တရက္ အသံေတြ ရပ္သြားသည္။

ခဏအၾကာတြင္ ကုတင္ကန႔္လန႔္ကာကို တစ္စုံတစ္ေယာက္က ႐ုတ္သိမ္းလိုက္သည္။ ေက်ာက္ခ်န္ကြၽင္းက ကုတင္ေဘးမွာ လာထိုင္ၿပီး သူမလက္ကို လွမ္းဆြဲလိုက္သည္။ သူက ထန္ရွီးရွီး၏ နဖူးကို စမ္းကာ "မင္း ဘယ္လိုခံစားရေသးလဲ... မင္း အဆင္မေျပေသးလို႔လား"

သူမ၏ ဝမ္းဗိုက္ေအာက္ပိုင္း၌ အဆင္မေျပမႈအခ်ိဳ႕ရွိေသာ္လည္း ထိုခံစားမႈသည္ သူမ ဝမ္မိသားစုတြင္ရွိေနသည့္အခ်ိန္ကထက္ မ်ားစြာ ေကာင္းမြန္လာသည္။ ထန္ရွီးရွီးက သူမေခါင္းကို ညင္သာစြာ ခါလိုက္သည္။ ေက်ာက္ခ်န္ကြၽင္းက သူမ၏ မ်က္ႏွာ ျဖဴေဖ်ာ့ေနေသာ္လည္း အေျခအေနေကာင္းေနသည္ကို ေတြ႕လိုက္ရေတာ့ စိတ္သက္သာရာ ရသြားသည္။

ထန္ရွီးရွီးက ႏိုးလာစျဖစ္ကာ သူမရဲ႕ အသံက ရွတတျဖစ္ေနၿပီး "အခု ဘယ္ႏွနာရီရွိၿပီလဲ"

ေက်ာက္ခ်န္ကြၽင္းက ေရေႏြးထည့္ေပးရန္ အေစခံအား ေစခိုင္းခဲ့သည္။ သူက ထန္ရွီးရွီးကို ထထိုင္ဖို႔ ကူညီေပးခဲ့ၿပီး လက္ဖက္ရည္ခြက္ရဲ႕ အပူခ်ိန္ကို သူ႔လက္နဲ႔ စမ္းသပ္ၿပီး သူမကို ဂ႐ုတစိုက္ ေရတိုက္ေနသည္။ "အခုက ရွန္ရွီအခ်ိန္ (ညေန ၃ နာရီမွ ညေန ၅ နာရီ)"

ထန္ရွီးရွီးက သူမအိပ္ေနတာၾကာၿပီလို႔ ထင္ခဲ့ေပမယ့္ တစ္နာရီေလာက္ပဲ အိပ္ခဲ့သည္။ ထန္ရွီးရွီးက ေရကို တစ္ငုံသာေသာက္လိုက္သည္။ လက္ဖက္ရည္ခြက္ တစ္ဝက္ေလာက္ ေသာက္ၿပီးေတာ့ သူမ မေသာက္ခ်င္ေတာ့ဘူး။

ေက်ာက္ခ်န္ကြၽင္းက လက္ဖက္ရည္ခြက္ကို အိမ္အေစခံရဲ႕ ဗန္းေပၚ ျပန္တင္ေပးလိုက္သည္။ ခြက္ကို ခ်ၿပီးတာနဲ႔ သူက ႐ုတ္တရက္ မ်က္ႏွာကို တည္တည္ၾကည္ၾကည္ထားၿပီး ထန္ရွီးရွီးကို " ရွီးရွီး... ကိုယ္ မင္းကို ေျပာစရာရွိတယ္"

ထန္ရွီးရွီးက ေက်ာက္ခ်န္ကြၽင္းက အလြန္ေလးနက္ေနသည္ကို ျမင္လိုက္ရေတာ့ လန႔္သြားသည္။ သူမ၏ လက္ေခ်ာင္းမ်ားကို မသိစိတ္က ဆုပ္ကိုင္ထားရင္း "ဟုတ္ကဲ့"

"စိတ္မလႈပ္ရွားဘဲ စိတ္ကို တည္တည္ၿငိမ္ၿငိမ္ထားရမယ္" ေက်ာက္ခ်န္ကြၽင္းက ေသခ်ာမွာၿပီးေနာက္ ေလးနက္ေသာေလသံျဖင့္ "မင္း ကိုယ္ဝန္တစ္လနီးပါးရွိၿပီ"

ထန္ရွီးရွီးက မ်က္ေတာင္ခတ္ၿပီး မ်က္ခုံးပင့္ကာ ျဖည္းညႇင္းစြာ "ေနာက္ထပ္ ဘာရွိေသးလဲ"

"မင္း ဝမ္မိသားစုမွာ အရမ္းေၾကာက္ၿပီး ကေလးက အရမ္းမတည္မၿငိမ္ျဖစ္သြားတဲ့အတြက္ ကေလးကို ထိန္းသိမ္းဖို႔ အိပ္ယာထဲမွာ ခဏေလာက္ေနဖို႔ လိုတယ္"

ထန္ရွီးရွီးက "အိုး" လို႔ ေပါ့ေပါ့ပါးပါးနဲ႔ ေျပာလိုက္ၿပီး "ကြၽန္မ သိပါၿပီ"

ေက်ာက္ခ်န္ကြၽင္းက ထန္ရွီးရွီး မႏိုးမီ သူမကို မည္သို႔ေျပာရမည္ကို အႀကိမ္ေပါင္းမ်ားစြာ ေတြးေတာခဲ့ၿပီး သူ႔စကားမ်ားသည္ အလြန္ၾကမ္းတမ္းေနၿပီး သူမကို ေျခာက္လွန႔္မိမည္ကို စိုးရိမ္ခဲ့သည္။ ေက်ာက္ခ်န္ကြၽင္းက စိတ္ပိုင္းဆိုင္ရာျဖစ္ႏိုင္ေျခအားလုံးကို ျပင္ဆင္ခဲ့သည္။ ထန္ရွီးရွီးက ဤမွ်ၿငိမ္သက္ေနမည္ဟုေတာ့ သူ မေမွ်ာ္လင့္ခဲ့ေပ။ ေက်ာက္ခ်န္ကြၽင္းက အံ့ၾသတႀကီးနဲ႔ "မင္း မအံ့ၾသဘူးလား?"

"ဘာမွ ေထြေထြထူးထူး မရွိပါဘူး" ထန္ရွီးရွီးက အလြန္သတိမထားမိေသာေလသံျဖင့္ "ကြၽန္မ အရင္က ကိုယ္ဝန္မရွိဖူးတာ မဟုတ္ပါဘူး... လက ႏုနယ္ေသးေပမယ့္ ကြၽန္မ ခံစားႏိုင္ပါတယ္"

ေက်ာက္ခ်န္ကြၽင္း ခဏတာ အံ့အားသင့္သြားသည္။ ဒါဆိုရင္ ဘာမဟုတ္တာေလးကို အခ်ိန္အေတာ္ၾကာ စိတ္ပူၿပီး သတိတႀကီးနဲ႔ ေသခ်ာေစာင့္‌ေရွာက္ေပးေနတာ သူတစ္ေယာက္ထဲေပါ့ေလ။

သို႔ေသာ္လည္း ထန္ရွီးရွီးက သူေမွ်ာ္လင့္ထားသည္ထက္ ပိုျမန္ကာ အျဖစ္မွန္ကို လက္ခံခဲ့သည္မွာ ေကာင္းေသာအရာျဖစ္သည္။ ေက်ာက္ခ်န္ကြၽင္းက စိတ္သက္သာရာရၿပီး "မင္းလက္ခံႏိုင္တာ ေကာင္းပါတယ္... လာမယ့္လေတြအတြက္ မင္းရဲ႕ႀကိဳးစားအားထုတ္မႈအတြက္ ေက်းဇူးတင္ပါတယ္။"

ေက်ာက္ခ်န္ကြၽင္းက ထန္ရွီးရွီး၏ လက္ကို ဆုပ္ကိုင္လိုက္ၿပီး သူ႔စိတ္ထဲတြင္ အေတာ္ေလး စိတ္မေကာင္းျဖစ္မိသည္။ အျခားသူမ်ား၏မိသားစုတြင္ ကိုယ္ဝန္ေဆာင္ျခင္းသည္ ေပ်ာ္႐ႊင္စရာေကာင္းေသာ္လည္း ထန္ရွီးရွီးက ဆန႔္က်င္ဘက္ျဖစ္သည္။ သူမရဲ႕ ကိုယ္ဝန္က အခ်ိန္တိုင္း ေဘးအႏၲရာယ္ေတြနဲ႔ ျပည့္ႏွက္ေနခဲ့သည္။ ေက်ာက္ဇီေကာင္းကို ကိုယ္ဝန္ရွိတုန္းက ကိုယ္ဝန္ဖ်က္ခ်ဖို႔ ေဆးေပးခံရလုနီးပါး ျဖစ္ခဲ့သည္။ သူမသည္ ယခုတစ္ႀကိမ္တြင္ ဒုတိယေျမာက္သားကို ကိုယ္ဝန္ရွိစဥ္မွာလည္း ကိုယ္ဝန္ပ်က္က်လုနီးပါးျဖစ္ခဲ့ရသည္။

ေက်ာက္ခ်န္ကြၽင္းက ရွင္းမျပႏိုင္ေလာက္ေအာင္ စိတ္ဆင္းရဲသြားသည္။ ပထမအႀကိမ္ တြင္ သူ ထန္ရွီးရွီးႏွင့္ အတူမရွိခဲ့သည့္အတြက္ ထိုကိစၥကို ခ်န္လွပ္ထားႏိုင္ခဲ့သည္။ ဒီတစ္ခါေတာ့ သူက အိမ္ေတာ္ႀကီးကို ေသခ်ာေစာင့္ေရွာက္ေနခဲ့တာေတာင္မွ တျခားသူေတြရဲ႕ အခြင့္ေကာင္းယူခံရလုနီးပါး ျဖစ္ေနသည္။

ေက်ာက္ခ်န္ကြၽင္းက ထန္ရွီးရွီး၏ လက္ကို ဆုတ္ကိုင္ကာ တိုးတိုးေလးႏွစ္သိမ့္ေပးရင္း "စိတ္မပူပါနဲ႔... ကိုယ္ ေတာ္ဝင္သမားေတာ္ႀကီးကို ေမးၿပီးၿပီ... ကေလးက မတည္ၿငိမ္ေပမယ့္ ကေလးေမြးၿပီးရင္ ေကာင္းေကာင္းႀကီးျပင္းလာမယ္လို႔ သူတို႔က ေျပာပါတယ္.. မင္း အိပ္ရာထဲမွာ အနားယူေနသေ႐ြ႕ မင္းရဲ႕အေျခခံအင္အားကို စုစည္းၿပီး မင္းရဲ႕တက္ႂကြမႈကို ေမြးျမဴႏိုင္မွာပါ... မင္း အရမ္းေပ်ာ္တာ ဒါမွမဟုတ္ ေဒါသထြက္တာ မျဖစ္ေစနဲ႔... ဒါဆိုရင္ အရာအားလုံး အဆင္ေျပသြားမွာပါ... ကေလးရဲ႕အေျခအေန တည္ၿငိမ္သြားတဲ့အခါ တစ္လေလာက္အတြင္းမွာ ပုံမွန္အတိုင္း လမ္းျပန္ေလ်ာက္ႏိုင္မွာပါ"

ထန္ရွီးရွီးက ေခါင္းညိတ္ျပၿပီး သူမသည္ ေကာင္းဖို႔ျဖစ္လာသည္ဟု ေသခ်ာစြာ ထင္ေနခဲ့သည္။ သူမသည္ ယခင္ႀကဳံခဲ့ဖူးေသာ ရင္းႏွီးေသာပတ္ဝန္းက်င္သို႔ ျပန္ေရာက္သြားၿပီး သူမတြင္ လုံၿခဳံမႈရွိေသာေၾကာင့္ ျဖစ္ႏိုင္သည္၊ သို႔မဟုတ္ ေက်ာက္ခ်န္ကြၽင္းက ဤေနရာတြင္ ရွိေနေသာေၾကာင့္လည္း ျဖစ္ႏိုင္သည္။

သူရွိေနသေ႐ြ႕ ေကာင္းကင္နဲ႔ ေျမႀကီးေတာင္မွ သူမတို႔ရဲ႕ သားသမီးေတြကို လြယ္လြယ္နဲ႔ မယူသြားႏိုင္ဘူးဆိုတာ ေသခ်ာသည္။

ထန္ရွီးရွီးက ႐ုတ္တရက္ တစ္ခုခုကို ေတြးၿပီး " ရွီက်ဴနဲ႔ တုက်င္းဘယ္မွာလဲ ?"

ေက်ာက္ခ်န္ကြၽင္းက "သူတို႔လည္း ျပန္လာၿပီ... ေဆးေသာက္ၿပီးကတည္းက အခန္းထဲမွာ နားေနတုန္းပဲ... မနက္ျဖန္ေရာက္ရင္ သူတို႔က မင္းနားကို ျပန္လာၿပီး ျပဳစုေပးႏိုင္လိမ့္မယ္"

ထန္ရွီးရွီးက သက္ျပင္းရွည္ႀကီး ခ်လိုက္သည္။ ထိုလူမ်ား၏ပစ္မွတ္မွာ သူမျဖစ္ၿပီး တုက်င္းႏွင့္ ရွီက်ဴကို မူးယစ္ေဆးျဖင့္ တိုက္ခိုက္ၿပီးေနာက္ ထန္ရွီးရွီးေနာက္ကို ခ်က္ခ်င္းအေျပးအလႊားလိုက္လာခဲ့သည္။ ေနာက္ပိုင္းတြင္ ေက်ာက္ခ်န္ကြၽင္းက အခ်ိန္မီေရာက္လာၿပီး ထန္ရွီးရွီးကို ကယ္တင္ခဲ့သည္။ ေက်ာက္ခ်န္ကြၽင္းက ထန္ရွီးရွီးကို ေပြ႕ခ်ီထားခဲ့ၿပီး ေနာက္ဆက္တြဲျပႆနာကို ကိုင္တြယ္ရန္ က်န္ရစ္ခဲ့ေသာ အေစာင့္မ်ားသည္ တုက်င္းႏွင့္ ရွီက်ဴကို ေတြ႕ရွိၿပီး ႏွစ္ေယာက္လုံးကို အိမ္ေတာ္သို႔ ျပန္ေခၚခဲ့သည္။

သူတို႔သည္ ေဆးမိၿပီး လဲက်သြားၿပီးေနာက္ ဦးေခါင္း၊ ေျခလက္မ်ား ႏွင့္ ေနာက္ေက်ာမ်ားကို ေနရာအႏွံ နာက်င္ထိခိုက္ခဲ့ေသာ္လည္း ကံေကာင္းေထာက္မစြာျဖင့္ အျခားဒဏ္ရာမရရွိခဲ့ေပ။ ဒါက ကံဆိုးျခင္းထဲက ေကာင္းခ်ီးတစ္ခုပါပဲ။

ထန္ရွီးရွီး ခဏတုံ႔ဆိုင္းသြားၿပီး တိုးတိုးေလးျဖင့္ "ဝမ္မိသားစုေကာ ဘယ္လိုလဲ"

ဝမ္မိသားစုဟု ၾကားၿပီးေနာက္ ေက်ာက္ခ်န္ကြၽင္း၏အမူအရာမွာ သိသိသာသာ တုန္လႈပ္သြားခဲ့သည္။ ထန္ရွီးရွီး၏ အေျခအေနကိုေတြးေတာရင္း သူ႔အမူအရာကို ဖုံးကြယ္ကာ ေႏြးေထြးစြာျဖင့္ "ကိုယ္က ေစာေစာထြက္လာခဲ့ၿပီး ဝမ္မိသားစုမွာ ဘာေတြျဖစ္ေနလဲ မသိေသးဘူး... ဒါေပမယ့္ ဝမ္ထိုက္ဖူရဲ႕ အခ်စ္ဆုံး သားအငယ္ဆုံးက အရက္မူးေနတယ္ ၾကားခဲ့ရတယ္... သူက ပန္းၿခံကို ဘယ္လိုေရာက္သြားမွန္းမသိဘဲ ေအးျမတဲ့အခန္းတစ္ခန္းမွာ အိပ္ေပ်ာ္ေနခဲ့တယ္... မင္းကိုလိုက္ဖမ္းတဲ့လူ အနည္းငယ္ကေတာ့ ဝမ္မိသားစုက ပြဲအတြက္ လူအင္အားလိုလို႔ အျပင္က ခနငွားခဲ့တာျဖစ္ၿပီး ဝမ္မိသားစုနဲ႔မဆိုင္ဘူးလို႔ ကိုယ္ၾကားတယ္... ဖမ္းမိေတာ့ သူတို႔အားလုံးကိုယ့္ကိုယ္ကိုယ္ သတ္ေသသြားၾကတယ္"

ထန္ရွီးရွီးက မ်က္လုံးမ်ားကို မွိတ္လိုက္ၿပီး ပုံစံအမ်ိဳးမ်ိဳးျဖင့္ ေတြးေတာေနခဲ့သည္။ သူမကို ဥယ်ာဥ္သို႔ ေခၚေဆာင္ခဲ့သည္။ တိုက္ဆိုင္စြာပင္ ဝမ္ထိုက္ဖူ ၏သားအငယ္ဆုံးသည္လည္း ဥယ်ာဥ္ထဲတြင္ အိပ္ေပ်ာ္ေနခဲ့သည္။ ထန္ရွီးရွီးက လမ္းတစ္ဝက္တြင္ မလြတ္ေျမာက္ခဲ့ပါက သူမကို မည္သည့္ေနရာသို႔ ေခၚေဆာင္သြားမလဲ။

ဧကရီမယ္ေတာ္ႀကီးေယာင္သည္ လူေကာင္းမဟုတ္ေၾကာင္း ထန္ရွီးရွီးသိသည္။ ဧကရီမယ္ေတာ္ႀကီးေယာင္ကို သူမ ေလွ်ာ့တြက္ေနဆဲဟု သူမ မေမွ်ာ္လင့္ခဲ့ေပ။ ဧကရီမယ္ေတာ္ႀကီးေယာင္သည္ သူမကို မုန္းတီးေၾကာင္း ထန္ရွီးရွီးသိသည္။ ဧကရီမယ္ေတာ္ႀကီးေယာင္သည္ သူမအား လုပ္ႀကံျခင္း သို႔မဟုတ္ အဆိပ္ခတ္ျခင္း ျဖစ္ႏိုင္သည္ကို ေတြးမိေသာ္လည္း ယခု ဧကရီမယ္ေတာ္ႀကီးေယာင္သည္ သူမ၏ ဂုဏ္သတင္းကို ေခ်ာက္ခ်ခ်င္ေနခဲ့သည္။

သူမသည္ ငယ္႐ြယ္ေသာ ဝမ္ေဖးႏွင့္ တစ္ႏွစ္သားအ႐ြယ္ ကေလး၏မိခင္ ျဖစ္သည္။ သူမကို ေဖာက္ျပန္မႈျဖင့္ စီရင္ျခင္းခံရပါက သူမ၏ အသက္ဆုံးရႈံး႐ုံသာမက ေက်ာက္ဇီေကာင္းႏွင့္ ထန္မိသားစုကိုပါ ထိခိုက္နစ္နာ ေစမည္ျဖစ္သည္။ ေၾကာက္စရာအေကာင္းဆုံးမွာ က်င့္ဝမ္ေဖးႏွင့္ ဝမ္ထိုက္ဖူ၏သားေထြးသတင္းမ်ား ထြက္သြားသည္ႏွင့္ တၿပိဳင္နက္ က်င္းလင္ တစ္ခုလုံး ပ်ံ႕ႏွံ႔သြားမည္ပင္ျဖစ္သည္။ ထိုအခ်ိန္တြင္၊ လမ္းမ်ားေပၚရွိ အတင္းအဖ်င္းေျပာေသာအမ်ိဳးသမီးမ်ားသည္ အေရာင္အေသြးစုံလင္လွေသာ အေသးစိတ္အခ်က္အလက္မ်ားကို ထပ္ခါထပ္ခါေပါင္းထည့္ကာ မည္မွ်ဆိုးဆိုး႐ြား႐ြား သတင္းျဖန႔္ၾကမည္ကို မသိႏိုင္ေပ။ ထိုအခ်ိန္ေရာက္ေသာအခါ၊ က်င့္ဝမ္စံအိမ္ႏွင့္ ဝမ္မိသားစုတို႔သည္ အရွက္ကြဲသြားၿပီး ေက်ာက္ခ်န္ကြၽင္းႏွင့္ ဝမ္ထိုက္ဖူတို႔ၾကား ဆက္ဆံေရးမွာ မလြဲမေသြ ပ်က္ျပားသြားမည္ျဖစ္သည္။

ဧကရီမယ္ေတာ္ႀကီးေယာင္၏ လႈပ္ရွားမႈသည္ အလြန္ညစ္ပတ္ေသာ္လည္း ထန္ရွီးရွီးက သူမ၏ နည္းလမ္းသည္ အလြန္ထက္ျမက္ေၾကာင္း ဝန္ခံရမည္ပင္။ ျမႇားတစ္ေခ်ာင္းျဖင့္ ငွက္သုံးေကာင္ကို သတ္ျခင္းဟု ဆိုႏိုင္သည္။

သို႔ေသာ္ ထိုအရာအားလုံးသည္ ေအာင္ျမင္မႈအေပၚ အေျခခံမွသာ ျဖစ္ေပၚလာႏိုင္မည္။ ဧကရီမယ္ေတာ္ႀကီးေယာင္သည္ သူမ က်ရႈံးလိမ့္မည္ဟု မေမွ်ာ္လင့္ခဲ့ေပ။

ေက်ာက္ခ်န္ကြၽင္းႏွင့္ ဝမ္ထိုက္ဖူတို႔သည္ လူညံ့မ်ားမဟုတ္ပါ၊ ယေန႔ အရာအားလုံး၏ေနာက္ကြယ္တြင္ မည္သူက ခ်ဳပ္ကိုင္ထားသည္၊ သူတို႔ဘာလုပ္ခ်င္သည္ကို မည္သို႔ နားမလည္ႏိုင္ပဲေနမလဲ။ ဝမ္မိသားစုသည္လည္း ယခုအခ်ိန္တြင္ မၿငိမ္းခ်မ္းေသးဟု ယူဆႏိုင္သည္။ ဝမ္ထိုက္ဖူသည္ တစ္သက္လုံး ဉာဏ္ပညာရွိစြာ ေနထိုင္ႏိုင္ခဲ့ေသာ္လည္း သူသည္ အသက္ႀကီးလာေသာအခါတြင္ သူကို႔ ေသသည္အထိ ေဒါသထြက္ရေအာင္ အျခားသူမ်ားက ႀကံစည္ခဲ့သည္။

ကန႔္လန႔္ကာေနာက္ကြယ္မွ ၾကည္ညိဳေလးစားမႈျဖင့္ အုပ္ခ်ဳပ္ေသာ သိကၡာရွိေသာ ဧကရီမယ္ေတာ္ႀကီးသည္ သူကဲ့သို႔ ဂုဏ္သေရရွိအရာရွိေဟာင္းကို ႀကံစည္ရန္ ဤညစ္ညမ္းေသာလွည့္ကြက္မ်ိဳးကို အသုံးျပဳခဲ့သည္။ ဒီအျဖစ္အပ်က္ေၾကာင့္ အသက္ႀကီးတဲ့ အရာရွိေတြရဲ႕ ႏွလုံးသားေတြ ဘယ္ေလာက္ေအးစက္သြားမလဲ။ ထန္ရွီးရွီးက ဝမ္မိသားစုမွ ေက်ာက္ခ်န္ကြၽင္းကို ကူညီရန္ ေတာင္းဆိုခဲ့ၿပီး ျငင္းဆိုျခင္းခံခဲ့ရကာ မေမွ်ာ္လင့္ဘဲ မ်က္စိတစ္မွိတ္အတြင္း ဧကရီမယ္ေတာ္ႀကီးေယာင္မွ အကူအညီလႈိင္းမ်ား အျမန္ေပးပို႔ခဲ့သည္။ ဒါက မိုင္ေထာင္ခ်ီတဲ့ ရွည္တဲ့ လက္ေဆာင္တစ္ခုပါ။ လက္ေဆာင္က ေပါ့ပါးေပမယ့္ သက္ေရာက္မႈက အရမ္းနက္ရႈိင္းေနသည္။

ထန္ရွီးရွီးက မ်က္ေတာင္ခတ္လိုက္ၿပီး ေက်ာက္ခ်န္ကြၽင္းထံ တိတ္တဆိတ္ တိုးကပ္ကာ "ဒီေန႔ ဝမ္ထိုက္ဖူရဲ႕ ေမြးေန႔ပါ... ဒါေပမယ့္ ကြၽန္မက ပန္းၿခံထဲမွာ အေႏွာင့္အယွက္ ျဖစ္ေစခဲ့ပါတယ္... ထိုက္ဖူ ဘာေျပာေသးလဲ... သူ ကြၽန္မကိုအျပစ္တင္ေနတာလား"

ထန္ရွီးရွီးက ဝမ္မိသားစု၏ ေနာက္ခံကို လွ်ိဳ႕ဝွက္စြာ ေတာင္းဆိုခဲ့သည္။ ဝမ္ထိုက္ဖူသည္ အလြန္ေလးစားခံရၿပီး သူ၏ေက်ာင္းသားမ်ားကို တရား႐ုံးႏွင့္ သာမန္လူမ်ားၾကားတြင္ ေတြ႕ႏိုင္သည္။ ေက်ာက္ခ်န္ကြၽင္းက ဝမ္ထိုက္ဖူ၏ ပံ့ပိုးကူညီမႈကို ရခဲ့ပါက သူ၏အကူအညီသည္ အတိုင္းအတာတစ္ခုအထိ ျဖစ္လာလိမ့္မည္။ ေက်ာက္ခ်န္ကြၽင္း သည္ သူ႔လက္ထဲတြင္ စစ္တပ္အာဏာရွိေသာ္လည္း ထီးနန္းကို သိမ္းပိုက္အုပ္ခ်ဳပ္ရန္မွာ ခိုင္မာေသာ စစ္အင္အားတစ္ခုထက္ ပိုေသာ အရာမ်ားရွိရန္လိုသည္။

စစ္အင္အား၊ ျပည္သူေထာက္ခံမႈႏွင့္ ေတာ္ဝင္တရား႐ုံးတို႔သည္ မရွိမျဖစ္ လိုအပ္ပါသည္။

ေက်ာက္ခ်န္ကြၽင္းက ျပန္မေျဖေပ။ သူက ထန္ရွီးရွီးရဲ႕ ပခုံးေတြကို ကိုင္ထားၿပီး ႏူးညံ့စြာျဖင့္ ေခါင္းအုံးေပၚ ဂ႐ုတစိုက္ ျပန္တင္လိုက္ၿပီး "မင္း ကေလးကို စိတ္ေအးလက္ေအးနဲ႔ ျပဳစုပ်ိဳးေထာင္ၿပီး ဒီအရာေတြအတြက္ စိတ္ပူစရာ မလိုပါဘူး... စိတ္မပူပါနဲ႔... ကိုယ္ စနစ္တက် စီစဥ္ေပးမယ္... မင္းက ကိုယ့္ကိုကိုယ္ ဂ႐ုစိုက္ဖို႔ပဲလိုတယ္... တတ္ႏိုင္သမွ် စားၿပီး ျပည့္ေဖာင္းလာရင္ လုံေလာက္ၿပီ"

ထန္ရွီးရွီး ရယ္ေမာလိုက္သည္။ သူမက ေက်ာက္ခ်န္ကြၽင္းကို စိုက္ၾကည့္ရင္း ေဒါသတႀကီးနဲ႔ "ဘယ္သူက ဝလာမွာလဲ"

ေက်ာက္ခ်န္က်င္းက ရယ္ေမာၿပီး သူမအတြက္ ေစာင္ကိုဆြဲအုပ္ေပးကာ "ေကာင္းေကာင္းအနားယူပါ... ကိုယ္ ခဏေနျပန္လာခဲ့မယ္"

ထန္ရွီးရွီးက ဒီကိစၥကို သိပ္ၿပီး မေတြးေနခဲ့ဘူး။ ပုံမွန္လဲ ေက်ာက္ခ်န္ကြၽင္းက သူ႔ကိစၥမ်ားႏွင့္ အလုပ္ရႈပ္ေနတက္ၿပီး ခဏတျဖဳတ္သာ သူမအနားတြင္ေနႏိုင္ကာ မၾကာခဏ ထြက္သြားေလ့ရွိသည္။ သူမသည္ ခါတိုင္းကဲ့သို႔ပင္ ေတြးကာ စိတ္ထဲတြင္ ထူးဆန္းျခင္း မရွိခဲ့ေပ။ သူမက ဝမ္းသာအားရ ေခါင္းညိတ္ျပၿပီး " အင္း"

ေက်ာက္ခ်န္ကြၽင္းက ထန္ရွီးရွီး၏ ေခါင္းကို ဖြဖြထိလိုက္ၿပီး ၿပဳံးကာ အိပ္ခန္းထဲမွ ထြက္လာခဲ့သည္။ ပင္မဝင္းထဲက ထြက္လာၿပီးေနာက္ သူ႔အမူအရာက တစ္လက္မ မက်န္ ေအးစက္လာသည္။

လွ်ိဳက်ိက ေဘးနားကို လိုက္လာၿပီး " ဝမ္ရယ္... အဲဒီလူကို ဖမ္းဆီးလိုက္ပါၿပီ... ဘာလုပ္သင့္တယ္ထင္လဲ"

"အိမ္ေရွ႕ၿခံဝင္းကို ေခၚသြား..." ေက်ာက္ခ်န္ကြၽင္းက တင္းမာေသာမ်က္လုံးမ်ားျဖင့္ ေအးစက္စြာ ေျပာလိုက္သည္။ " ဝမ္ေဖးရဲ႕ နားေတြကို မညစ္ပတ္ေစနဲ႔ "

"ဟုတ္ကဲ့"

အိမ္ေရွ႕ဝင္းထဲမွာ က်ိဳး႐ႊင္းဟြာက ေျမျပင္ေပၚ ဒူးေထာက္ေနသည္။ ေက်ာက္ဇီရွင္းသည္ စိုးရိမ္ေသာကေရာက္ေနေသာ အမူအရာျဖင့္ အေဝးမွာ ရပ္ေနကာ "အေဖ၊ ဒါက တစ္ခုခုကို နားလည္မႈလြဲေနတာလား"

"နားလည္မႈလြဲတာလား???။" ေက်ာက္ခ်န္ကြၽင္းက ခန္းမေဆာင္ႀကီးထဲသို႔ တည့္မတ္စြာဝင္လာကာ ေအးေအးေဆးေဆးထိုင္လိုက္ၿပီး "သူ(မ)က ဧကရီမယ္ေတာ္ႀကီးေယာင္ရဲ႕ သူလွ်ိဳနဲ႔ တိတ္တဆိတ္ ေတြ႕ဆုံခဲ့ၿပီး စီေဖးက်ိဳးက ကိုယ္ဝန္ပ်က္က်သြားၿပီလို႔ ဝမ္ေဖးကို လွည့္စားခဲ့တယ္.... သူ(မ) ဗိုက္နာသလို ဟန္ေဆာင္ေနခဲ့တယ္... တျခား နားလည္မႈလြဲတာ ဘာမ်ား ရွိႏိုင္မလဲ"

က်ိဳး႐ႊင္းဟြာသည္ ေအးခဲမာေၾကာေသာ ၾကမ္းခင္းေပၚတြင္ ဒူးေထာက္ထိုင္ေနသည္။ ပထမလ၏အဆုံးပိုင္းတြင္ ရာသီဥတုသည္ အလြန္ေအးသည္၊ အေအးဓာတ္သည္ သူမ၏အဝတ္မ်ားထဲသို႔ စိမ့္ဝင္သြားၿပီး သူမ၏အ႐ိုးမ်ားထဲသို႔ တျဖည္းျဖည္းစိမ့္ဝင္သြားသည္။ က်ိဳး႐ႊင္းဟြာသည္ သူမ၏ ဝမ္းဗိုက္တြင္ အနည္းငယ္ မသက္မသာ ခံစားေနရသည္။ သူမသည္ ၿငိမ္သက္ေနရန္ မိမိကိုယ္ကို သတိေပးခဲ့ၿပီး ေက်ာက္ခ်န္ကြၽင္းအား ႏွိမ့္ခ်မႈမရွိ၊ အခိုင္အမာ ေျပာလိုက္သည္ " ဝမ္ရယ္က ပညာအေျမာ္အျမင္ရွိၿပီး ေတြးေခၚတက္ပါတယ္... ကြၽန္မ ေန႔လည္က အေအးစာတခ်ိဳ႕ကို မေတာ္တဆ စားမိၿပီး ဝမ္းဗိုက္က ႐ုတ္တရက္ က်ဥ္သြားတယ္... ကေလးမွာ တစ္ခုခုျဖစ္သြားတာလို႔ လြဲမွားစြာေတြးလိုက္မိတဲ့အတြက္ ထိတ္လန႔္သြားေပမယ့္ ရည္႐ြယ္ခ်က္ရွိရွိ မလုပ္မိခဲ့ပါဘူး... ဝမ္ေဖးရဲ႕ အသက္ကို ဆန႔္က်င္ဖို႔ ႀကံစည္တဲ့ သူလွ်ိဳအတြက္ကေတာ့ ကြၽန္မ သူမကို မသိခဲ့ပါဘူး... မနက္မိုးလင္းေတာ့ သူ(မ)က ကြၽန္မကို တစ္ခုခု လာပို႔ေပးဖို႔လာတယ္... အိမ္ေတာ္က စီစဥ္ေပးတယ္လို႔ ကြၽန္မ ထင္တဲ့အတြက္ေၾကာင့္ သူ(မ)နဲ႔ ေပ်ာ္႐ႊင္စရာေတြ ေျပာခဲ့ေပမယ့္ က်န္တာေတာ့ ဘာမွမသိဘူး"

ေက်ာက္ဇီရွင္းသည္ က်ိဳး႐ႊင္းဟြာ၏ ဝမ္းဗိုက္တြင္ ကေလးရွိေနၿပီး ယခု ႏွစ္လေက်ာ္သာရွိေသးၿပီး ႏုနယ္ေသာကာလတြင္ ရွိေနေၾကာင္း သိသည္။ ေျမျပင္သည္ ေအးလြန္းသျဖင့္ သူမ အခ်ိန္အၾကာႀကီး ဒူးေထာက္ေနပါက ျပႆနာမ်ား ရွိလာႏိုင္သည္။ ေက်ာက္ဇီရွင္းက ေဆာလ်င္စြာ "ဟုတ္တယ္ အေဖ... ဒီေန႔ကိစၥေတြက ထူးဆန္းတယ္... အဲ့ဒီလူေတြက ျပင္ဆင္လာတာ သိသာထင္ရွားတယ...၊ အိမ္ေတာ္က သူလွ်ိဳေတြက သူတို႔ရဲ႕အျပစ္ကို ရည္႐ြယ္ခ်က္ရွိရွိ သူ(မ)ထံ လမ္းလႊဲထားတာလည္း ျဖစ္ႏိုင္တယ္... အဲဒီလူေတြရဲ႕ အႀကံအစည္ကို ေရွာင္ရွားဖို႔ အေဖက ေနာက္ထပ္ ရက္အနည္းငယ္ၾကာေအာင္ စစ္ေဆးေပးႏိုင္ပါတယ္"

ေက်ာက္ခ်န္ကြၽင္းက ေပါ့ေပါ့ပါးပါး ၿပဳံးၿပီး ဘာမွ ဂ႐ုမစိုက္ဘဲ "ငါမမွန္ဘူးလို႔ မင္းထင္ေနတာလား... က်ိဳး႐ႊင္းဟြာ.. မင္းက မင္းကို ငါ အထင္မွားေနၿပီလို႔ မင္း ေျပာတယ္... မင္းကို ငါ ေမးပါရေစ... မီးပုံးပြဲေတာ္ေန႔မွာ မင္းအိမ္ေတာ္အုပ္စုကေန ထြက္ခြာၿပီး မင္း ဘယ္ကိုသြားခဲ့တာလဲ"

က်ိဳး႐ႊင္းဟြာက တုံ႔ဆိုင္းသြားၿပီး စိတ္ကို တည္ၿငိမ္ေအာင္ ထိန္းကာ "အဲဒီေန႔က လူအရမ္းမ်ားတယ္... ကြၽန္မက လူအုပ္ၾကားထဲမွာ ေပ်ာက္သြားၿပီး ရွီဇီကို မေတာ္တဆ ေပ်က္သြားတယ္ "

ေက်ာက္ခ်န္ကြၽင္းက က်ိဳး႐ႊင္းဟြာကို တိတ္တဆိတ္ၾကည့္ေနသည္။ ခုထက္ထိ သူမ လိမ္ခ်င္ေနေသးသည္။ ေက်ာက္ခ်န္ကြၽင္းက စိတ္မရွည္ေတာ့ဘဲ "မင္း လၾကည့္ေဆာင္ကို တိတ္တိတ္ေလး ျပန္သြားေနတာ တစ္ေယာက္ေယာက္က ျမင္လိုက္တယ္"

က်ိဳး႐ႊင္းဟြာ အံၾသသြားၿပီး ေက်ာက္ဇီရွင္း၏ မ်က္ႏွာကလဲ တင္းတင္းမာမာနဲ႔ "ဘာလဲ"

ေက်ာက္ခ်န္ကြၽင္းက အသံတြင္ ခံစားခ်က္မရွိပဲ "မင္း ဧကရီမယ္ေတာ္ႀကီးေယာင္ကို ဘာေျပာလိုက္တာလဲ"

က်ိဳး႐ႊင္းဟြာသည္ မ်က္ႏွာကို ငုံ႔ထားၿပီး တန္ျပန္အႀကံအစည္မ်ားကို ေတြးေတာရန္ အျပင္းအထန္ ႀကိဳးစားခဲ့ေသာ္လည္း သူမ၏ ဦးေႏွာက္သည္ ငါးပိႏွင့္ဆား ေရာထားသလို အတူတူပင္ျဖစ္ၿပီး ယခုအခ်ိန္တြင္ လုံးဝ ဗလာျဖစ္ေနသည္။ ေက်ာက္ဇီရွင္း၏ စိတ္ထဲတြင္ က်ိဳး႐ႊင္းဟြာကို နားလည္သြားသည္။ ထိုေန႔တြင္ က်ိဳး႐ႊင္းဟြာသည္ ေပ်ာက္ဆုံးသြားျခင္းမဟုတ္ပဲ ဧကရီမယ္ေတာ္ႀကီးေယာင္ႏွင့္ ေတြ႕ရန္ ျပန္သြားခဲ့သည္။

တကယ္ေတာ့ ေက်ာက္ဇီရွင္းက က်ိဳး႐ႊင္းဟြာက ဘာလို႔ ဒီေလာက္အၾကာႀကီး လမ္းေလွ်ာက္လာရတာလဲလို႔ တိတ္တဆိတ္ ေတြးခဲ့မိသည္။ က်ိဳး႐ႊင္းဟြာက သူမ ေပ်ာက္ဆုံးသြားသည္ကို သိၿပီးေနာက္တြင္ သူမသည္ လမ္းမေလွ်ာက္ဝံ့ဘဲ ထိုေနရာတြင္ ရပ္ေစာင့္ေနေၾကာင္း ရွင္းျပခဲ့သည္။ ေက်ာက္ဇီရွင္းသည္ သံသယျဖစ္ဖြယ္ရွိေသာ္လည္း ေလးေလးနက္နက္ စဥ္းစားရန္ ဆႏၵမရွိေပ။ အရာအားလုံးသည္ သူ မျမင္ခ်င္သည့္ ေနာက္ဆုံးအရာကို ျဖစ္ေစမည္ကို သူ မေမွ်ာ္လင့္ခဲ့ေပ။

က်ိဳး႐ႊင္းဟြာသည္ မင္းသား၏အိမ္ေတာ္ကို သစၥာေဖာက္ၿပီး ဧကရီမယ္ေတာ္ႀကီးေယာင္ထံသို႔ လွည့္ျပန္သြားခဲ့သည္။

က်ိဳး႐ႊင္းဟြာ၏ စိတ္သည္ ဗလာျဖစ္ၿပီး သူမသည္ အေကာင္းဆုံး ကာကြယ္ေရးအခ်ိန္ကို လြတ္သြားသျဖင့္ ကူကယ္ရာမဲ့ ၾကည့္ေနခဲ့သည္။ က်ိဳး႐ႊင္းဟြာက ရႈိက္ႀကီးတငင္သက္ျပင္းခ်ၿပီး မ်က္လုံးမွိတ္ထားလိုက္သည္။ ခုေတာ့ အရာအားလုံး ၿပီးသြားၿပီ။ ယခုတစ္ႀကိမ္တြင္ ေက်ာက္ဇီရွင္းပင္လွ်င္ သူမကို ယုံမည္မဟုတ္ေပ။

တကယ္ေတာ့ က်ိဳး႐ႊင္းဟြာ ဒီေန႔လုပ္ခဲ့တဲ့အရာက သူမ လုပ္ခ်င္လို႔ လုပ္တဲ့အရာမဟုတ္ပါဘူး။ သူမက မတုံးပါဘူး။ ဧကရီမယ္ေတာ္ႀကီးေယာင္က ထန္ရွီးရွီးကို ဒုကၡေရာက္ေစတဲ့ေန႔မွာ သူမ ဗိုက္နာသလို ဟန္ေဆာင္ခဲ့သည္။ က်င့္ဝမ္၏သံသယက သူမဆီေရာက္လာႏိုင္မယ္ဆိုတာ သူမေသခ်ာသိသည္။

သို႔ေသာ္ က်ိဳး႐ႊင္းဟြာမွာ ေ႐ြးခ်ယ္စရာမရွိေပ။ ယ​ေန႔မြန္းတည့္​ခါနီးတြင္​ အိမ္အေစခံ​တစ္ေယာက္​သည္​ သူမထံသို႔ အစားအစာမ်ားျဖင့္ ​ေရာက္​လာ​ၿပီး ဧကရီမယ္ေတာ္ႀကီးေယာင္၏တံဆိပ္ကို သူမ၏ အက်ႌလက္ထဲမွ​ တိတ္​ဆိတ္​စြာ ​ေဖာ္​ျပ​​သည္​။ က်ိဳး႐ႊင္းဟြာ ဘာလုပ္ႏိုင္မလဲ။ သူမသည္ ဧကရီမယ္ေတာ္ႀကီးေယာင္၏ ၫႊန္ၾကားခ်က္မ်ားကိုသာ လိုက္နာၿပီး၊ ဗိုက္နာဟန္ေဆာင္ကာ အိမ္အကူႏွင့္ ပူးေပါင္းကာ အိမ္အကူအား လုံးဝ တရားဝင္ေသာအေၾကာင္းျပခ်က္ျဖင့္ စံအိမ္မွ ထြက္ခြာခြင့္ေပးခဲ့သည္။

အိမ္အေစခံက ထန္ရွီးရွီး ဒီေန႔ ျပန္လာဖို႔ အခြင့္အေရး မရွိဘူးလို႔ က်ိဳး႐ႊင္းဟြာကို ႏွစ္သိမ့္ေပးခဲ့သည္။ ထို႔ေၾကာင့္ အိမ္အကူက ထန္ရွီးရွီးကို ဘာေျပာသည္ကို မည္သူမွ် မသိႏိုင္ေတာ့ေပ။

ေနာင္တြင္ သူမအား စစ္ေဆးေမးျမန္းျခင္းခံရသည့္အခါ က်ိဳး႐ႊင္းဟြာသည္ မေကာင္းေသာအရာတစ္ခုခုစားၿပီးေနာက္ ဗိုက္နာသြားေၾကာင္းႏွင့္ အိမ္အကူသည္ ကေလးမွာ ျပႆနာရွိေနသည္ဟု မွားယြင္းစြာထင္ျမင္မိေသာေၾကာင့္ အိမ္အကူကသာ ႐ူးေၾကာင္ေၾကာင္ျဖစ္သြားေၾကာင္း အေၾကာင္းျပႏိုင္သည္။ ေနာင္တြင္ ထန္ရွီးရွီးက သူမအား ေမးခြန္းထုတ္ခဲ့လွ်င္ပင္ က်ိဳး႐ႊင္းဟြာသည္ မွားယြင္းေသာစကားမ်ားကို ေက်ာ္လြန္ႏိုင္ၿပီး အိမ္အေစခံ၏အျပစ္ျဖစ္ေၾကာင္းကို ေျပာကာ ကိုယ္လြတ္႐ုန္းေနႏိုင္သည္။

ဟုတ္ပါတယ္၊ ထန္ရွီးရွီးက သူမကို ေမးခြန္းထုတ္ဖို႔ အခြင့္အေရး ရွိမွာ မဟုတ္ပါဘူး။

က်ိဳး႐ႊင္းဟြာသည္ ေနာက္ဆက္တြဲသတင္းကို ရင္တထိတ္ထိတ္ျဖင့္ ေစာင့္ဆိုင္းေနခဲ့သည္။ ေနာက္ဆုံးတြင္ သူလွ်ိဳထံမွ သတင္းေကာင္းကို သူမ မၾကားခဲ့ရေပ။ ယင္းအစား၊ က်င့္ဝမ္သည္ ထန္ရွီးရွီးႏွင့္အတူ အိမ္သို႔ ျပန္လာခဲ့ေၾကာင္း သူမ ၾကားလိုက္ရသည္။ က်ိဳး႐ႊင္းဟြာသည္ အလြန္ဆိုး႐ြားေသာ ႀကိဳတင္သတိေပးခ်က္တစ္ခုရွိခဲ့ေသာ္လည္း သူမတုံ႔ျပန္ႏိုင္မီတြင္ သူမသည္ က်င့္ဝမ္၏ထိန္းခ်ဳပ္မႈေအာက္သို႔‌ေရာက္ရွိခဲ့သည္။

က်ိဳး႐ႊင္းဟြာသည္ တင္းတင္းၾကပ္ၾကပ္ ေစာင့္ၾကည့္ခံေနရေသာေၾကာင့္ ေက်ာက္ဇီရွင္းထံသို႔ သတင္းစကားေပးပို႔ရန္ အခ်ိန္မရွိေတာ့ပဲ ေက်ာက္ဇီရွင္းသည္ ယခု အမွန္တရားကို မသိခဲ့ေပ။ က်ိဳး႐ႊင္းဟြာအတြက္ ခုခံကာကြယ္လိုေသာ္လည္း ဖြင့္ဟခ်က္မရွာႏိုင္ေပ။ ဘယ္လိုပဲျဖစ္ျဖစ္ က်ိဳး႐ႊင္းဟြာကေတာ့ သူ႔မိန္းမပါပဲ။ ေက်ာက္ဇီရွင္းက "အေဖ၊ ႐ႊင္းဟြာကို သစၥာေဖာက္ေတြက ခိုင္းေစလို႔ လုပ္ဖို႔ကလြဲၿပီး ေ႐ြးခ်ယ္စရာ မရွိေတာ့လို႔ပါ... သူကိုယ္ဝန္ရွိေနတာကို အေဖျမင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္..."

ေက်ာက္ဇီရွင္းက ၎ကို မေဖာ္ျပပါက ေက်ာက္ခ်န္ကြၽင္းက သည္းခံႏိုင္ေသးသည္။ ၎ကိုေျပာၿပီးသည္ႏွင့္ ေက်ာက္ခ်န္ကြၽင္းက စာရင္းေဟာင္းကို ျပန္ေတြးမိသည္။ ေက်ာက္ခ်န္ကြၽင္း၏အၾကည့္သည္ က်ိဳး႐ႊင္းဟြာကို ေအးစက္စြာ ျဖတ္ေက်ာ္သြားၿပီး "အခုလကုန္ေနၿပီ... က်ိဳး႐ႊင္းဟြာရဲ႕ ဗိုက္ထဲက ကေလးက ေျခာက္လရွိသင့္ၿပီ... လက ႏုေသးလို႔ မျမင္ရဘူးလို႔ အေစာပိုင္းက ေျပာခဲ့ေပမယ့္ အခု ေျခာက္လမွာလဲ မျမင္ရေသးဘူး... သူ(မ)မွာ ကိုယ္ဝန္လုံးဝမရွိမွာကို ေၾကာက္တယ္... သူ ျပင္ပလူေတြနဲ႔ ေပါင္းသင္းတာ၊ ဝမ္ေဖးရဲ႕ဘဝကို ဆန႔္က်င္ဖို႔ ႀကံစည္တာ၊ သဘာဝအားျဖင့္ လိမ္ညာေျပာဆိုတာေတြကို လုံးဝေနာင္တမရတာ... ဒီအရာေတြထဲက တစ္ခုက သူ(မ)ကို အေသသတ္ဖို႔ လုံေလာက္တယ္... ေသြးၾကည့္ဖို႔မသင့္ေတာ္တဲ့ ဝမ္ေဖးေၾကာင့္ မင္းကို ငါ ခြင့္လႊတ္လိုက္မယ္... လွ်ိဳက်ိ ၊ အမိန႔္ေပးလိုက္ပါ... စီေဖးက်ိဳးကို ႀကိမ္သုံးဆယ္ေပးလိုက္... ႀကီးေလးတဲ့ ဆုံးမမႈ႕အတြက္ ျပစ္ဒဏ္ေသးေသးေလးပဲ... တစ္ၿပိဳင္နက္ထဲ ခုခ်က္ခ်င္း အေကာင္အထည္ေဖာ္ပါ"

❤❤❤❤❤Thank you so much, each reader, for your reading, voting and supports❤❤❤❤❤

Lanjutkan Membaca

Kamu Akan Menyukai Ini

548K 75.9K 64
Author - 很是矫情 Original name - 快穿之炮灰女配逆袭记 English translator - Butterfly's Curse နဥ္ရႈေသဆံုးခဲ့သည္။ သို႔ေသာ္ သူမ၏ကံေကာင္းမႈအနည္းငယ္ေၾကာင့္ သနားစရ...
133K 12.8K 121
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မွားယြင္းေသာ လက္ထပ္ျခင္းမွသည္.....ေကာင...
1.9M 338K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...
193K 27.9K 200
Book-9 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...