NERVEUX WINE

By ThetHmue3

193K 27.1K 7.9K

"နွေအရောင်တွေဟာ ဝိုင်လိုပဲ..." More

🔥Intro🔥
?Part1?
🔥2🔥
?3?
🔥4🔥(Part1)
🔥4🔥(Part2)
🔥5🔥
🔥6🔥
🔥7🔥
🔥9🔥(Part1)
🔥9🔥(Part2)
🔥10🔥
🔥11🔥(Part1)
🔥11🔥(Part2)
🔥12🔥
🔥13🔥(Part1)
🔥13🔥(Part2)
🔥14🔥
🔥15🔥
🔥16🔥

🔥8🔥

10.1K 1.3K 313
By ThetHmue3

ဂျွန်Parkအိမ်တော်ကြီးသ်ို့ရောက်ခဲ့ပြီး၂ပတ်မျှအကြာ။

ဆွေးဆွေးမြေ့မြေ့မနက်ခင်းတစ်ခုပေါ့။
ဘယ်တော့မှအငွေ့အသက်မကောင်းခဲ့တဲ့
အိမ်တော်ကြီးမှာ လန်းဆန်းတဲ့မနက်တွေဆိုတာ
ဘယ်တုန်းကမှမရှိခဲ့ဖူးဘူး။

အပြစ်မဲ့ခြေဖဝါးလေးတွေဖြတ်နင်းဝင်
သွားပြီးထဲက ထိုကလေးလေးရဲ့နှလုံးသားနာကျင်
မှုတွေကြောင့်အရင်ကထက်အငွေ့အသက်တွေပိုဆိုး
ခဲ့သည်။

"ကျန်းမာရေးပိုဆိုးလာတယ်ဆိုရင်
ထပ်ထောက်ပံ့ပေးလိုက်သူ့ကလေး
ငါတို့ကိုပေးထားတာ တာဝန်တော့ရှိတယ်Kim
မြေးက Jungkookကိုရက်နည်းနည်းကြာလာရင်
ရိုးသွားလိမ့်မယ်ထင်တာထင်သလိုမဖြစ်လာခဲ့ဘူး"

သခင်မကြီးသည်အခက်တွေ့နေသလိုဟန်ရှိနေသည်။

"သခင်လေးကအမြဲတမ်းကစားဖော်မရှိခဲ့လို့ထင်တယ်"

"အင်း.....စ်ိတ်ချမ်းသာပျော်ရွှင်နေတယ်ဆိုရင်
ရပါပြီ သူ့ထက်ဒီအိမ်မှာအရေးကြီးတာဘာမှမရှိဘူး
မြေးငယ်လေး အနားသေသေချာချာခယပြုစု
နိုင်ရင် စာချုပ်စာတမ်းနဲ့မွေးလိုက်သင့်ရင်လည်း
မွေးတာပေါ့....ဒါပေမယ့်မြေးငယ်ကဘာတွေပြောင်းလဲ
လာဦးမလဲမှမသိဘူး..."

"မွေးစားတာကလွယ်ပါ့မလား သခင်မကြီး..."

"ဘာခက်လို့လဲ...ငွေပဲပေါ့...."

ဦးလေးKimသည်ခေါင်းကိုသာရိုရိုသေသေ
ငြိမ့်ပြလာခဲ့သည်။

Jungkook ဆိုတဲ့ကလေးလေး
အိမ်ကိုရောက်လာခဲ့တယ်။
သူကကျွန်တော့်လိုခြံထဲကအရေးပါအလုပ်သမား
တွေနေရတဲ့အဆောင်လိုနေရာမှာနေရတာမဟုတ်ဘူး။
အိမ်တော်ကြီးထဲမှာပဲနေရတယ်။

စရောက်တဲ့နေ့ထဲကငိုယိုကာပြေးထွက်လာတိုင်း
အိမ်တော်ထဲကလူတွေဖမ်းချူပ်ကာအိမ်ထဲ
ပြန်ဆွဲထည့်သွားတဲ့မြင်ကွင်းတွေကိုကျွန်တော်
ညနေစောင်းစာကျက်တိုင်းမြင်ခဲ့ရတယ်။
သိပ်သနားစရာကောင်းခဲ့တာ။
ကြာကြာပြုပြုမကြည့်နိုင်ခဲ့ဘူး။

ကိုယ်တောင်မရုန်းနိုင်တာ အဲ့ဒီကလေးဆိုတာ
အဝေးဆုံးမှာ....။အပြင်ပန်းမှာသာလှပြီး
အတွင်းပိုင်းတွေမှာအတ္တတွေနဲ့ရုပ်ဆိုးအကျည်းတန်
နေတဲ့အိမ်တော်ကြီးမှန်းဘယ်သူမှလည်းမရိပ်မိခဲ့။
မကောင်းဘူးဟုမသတ်မှတ်ခဲ့ကြတာလည်း
ငွေကြောင့်တစ်ခုထဲကြောင့်ပါပဲ။

အဖေနှင့်သခင်မကြီးရဲ့စကားတွေကိုမကြားချင်
ယောင်ဆောင်ကာ ရိုကျိုးစွာလျှောက်လာသူသည်
ခေါင်းငုံ့လျှက်။

"ဖေဖေ ကျွန်တော်ကျောင်းသွားတော့မယ်..."

"ကောင်းပြီ သား..."

"သခင်မကြီး .."

ခါးညွှတ်ကာထပ်အရိုအသေအပြုတော့

"အင်း သွားသွား စာကြိုးစား SeokJin..."

"ဟုတ်..."

SeokJin ထွက်သွားခဲ့ပြီးနောက်သူတို့ဆက်လက်
ဆွေးနွေးနေကြသည်။

အိမ်တော်မှာအဲ့ဒီအချိန်တုန်းကပြဿနာတစ်ခုရှိ
နေခဲ့တယ်။ခက်ခဲရှုပ်ထွေးတဲ့အိမ်တွင်းရေးပြဿနာ
တစ်ခုမလို့ Parkသခင်လေးလူကြီးတွေကိုအာရုံမရ
ဘဲ ဂျွန့်ကိုပဲ အာရုံရနေခြင်းဟာကံကောင်းမှုတစ်ခု။
တစ်ဖက်ကစ်ိတ်ချမ်းသာနေ၍သခင်မကြီး
လွှတ်ထား၍ရတာကြောင့် ဂျွန့် ကိုအဲ့ဒီအချိန်ကလိုလား
ခဲ့ကြသည်။

~~~~~
"ငါ့လက်တွေကိုချိုးနေတာလား!!.."

၂ပတ်ဆိုတဲ့အချိန်ကာလဟာတိုတောင်းတယ်
လို့ထင်ခဲ့ရပေမယ့် ၅နှစ်သားအရွယ်ဂျွန့်အတွက်
တော့ရှည်လျှားခဲ့တဲ့နွေရာသီပဲ။

ကြွေရေချိုးခန်းထဲ Parkသခင်လေး၏
လက်ချောင်းတွေကို ဆပ်ပြာဖြင့်သန့်စင်
ပေးနေရသည်။ကြွေကန်ဘေးဒူးထောက်ကာ
လက်တစ်ချောင်းချင်းကိုငြိုးငယ်စွာ
သန့်ရှင်းနေပုံသည်အချိန်ကာလ၂ပတ်အတွင်း
ယုန်ကလေး၏သွက်လက်မှုတွေအားလုံး
ကွယ်ပျောက်သွားခဲ့ပြီဖြစ်ကြောင်းသိသာသည်။

"ညှင်ညှင်သာသာလုပ်စမ်းပါ
ငါ့အသားအရည်တွေကနူးညံ့တယ်
မင်းလိုမဟုတ်ဘူး...."

ထိတွေ့မှုတွေနှေးသွားတော့ကြွေကန်ထဲက
သခင်လေးကလှလှလေးပြုံးသည်။

ဘဝသည် ဇိမ်ကျလွန်းပါ၏။သူဒါလေးကို
မကျေနပ်၍အပိုင်ဝယ်လိုက်ခြင်းသည်
သိပ်မှန်ကန်သည်။ ဦးလေးKimက
ဆော့ရတာပျင်းလာရင် အိမ်ပြန်ပို့ချင်လား
လို့စကားဦးတွေသမ်းလာတိုင်းဒေါသထွက်ရသည်။
ပျင်းဖို့နေနေသာသာ ဆော့လို့ကိုနေ့တိုင်းမဝ။

"မျက်နှာသစ်မယ်...ငါမျက်နှာသစ်တဲ့
ဆပ်ပြာဘူးယူပေး..."

ခေါင်းငြိမ့်ပြကာ ပစ္စည်းတွေရှိရာက်ို
ခပ်မြန်မြန်ရွေ့လျှားလိုက်ပြီး သေချာမသိ၍
ဖြစ်လောက်မယ့်ဘူးကိုယူကာပေးလိုက်သည်။

"မဟုတ်ဘူး!!! စာလေးဘာလေးဖတ်စမ်းပါ
ငါဆို ဖတ်တတ်နေပြီ...အကုန်လုံးမှာ
ညံ့ဖျင်းနေတော့ပဲ..."

"ကျောင်းမှမတက်ရသေးတာ....."

ဖြူဖျော့ဖျော့ကောင်လေး၏တိုးရှရှအသံ
သည်တစ်ရက်ကုန်လာလေပိုပြီးတိုးလာလေပဲ။
စကားပြောနေရင်းပစ်လဲတော့မတတ်
ပျော့ခွေနေသည်။

"သနားစရာကောင်းလိုက်တာ
မင်းကို KimSeokJinဆီပ်ို့မယ်
စာမဖတ်တတ်လို့တော့မဖြစ်ဘူး
ငါ ရှက်ဖ်ို့ကောင်းတယ်...."

"......."

"ဆပ်ပြာ နည်းနည်းယူ မျက်နှာပေါ်ကိုတင်
ပြီးရင် ညှင်ညှင်သာသာသစ်...
မျက်လုံးထဲဝင်လို့စပ်သွားရရင်မင်းနဲ့ငါတွေ့မယ်.."

ခိုင်းတဲ့အတိုင်းမျက်နှာပေါ်ဆပ်ပြာနည်းနည်း
တင်ကာညှင်သာစွာပွတ်သပ်ပေးနေသူသည်
လိလိမ္မာမ္မာလေး။

၂ပတ်ဆိုတဲ့အချိန်ကာလမှာ ကလေးတစ်ယောက်
ရဲ့မိသားစုနဲ့ခွဲနေရခြင်း မိသားစုကိုအလွန်အကျွံ
လွမ်းဆွတ်နေခြင်း တုန်လှုပ်စရာသူစိမ်းတွေကြား
လန့်ဖျန့်မှုတွေက်ိုပဲဆက်တိုက်ကြုံခဲ့ပြီးနောက်
ခံစားချက်တွေသည် အကြောက်တရား
သာလျှင်ရှိတော့သည်။

သွက်လက်ခြင်းတွေဟာလည်း
တစ်ရက်နှစ်ရက်သာအသက်ဝင်နိုင်ပြီး
နေ့ရက်တစ်ရက်ကုန်လာလေလေ ဂျွန့်အခြေအနေ
ဟာပိုပြီးငြိမ်သက်လာခဲ့လေပဲ။စိတ်အလွန်အကျွံ
ထိခိုက်နေမှုတွေသည်နှလုံးသားထဲနစ်ဝင်နေကာ
ကူရာကယ်ရာမဲ့ခဲ့ခြင်းတွေသည်အမြဲတမ်းအိမ်မက်ဆိုး။

အိမ်ပြန်ချင်လို့ငိုလိုက် ထွက်ပြေးလိုက်
အဖမ်းခံရလိုက် ဒီအခန်းထဲပိတ်ထားလိုက်
ကြောက်စရာစကားတွေအပြောခံရလိုက်နှင့်
နောက်ဆုံးမတတ်နိုင်တော့တဲ့အခါ
ဤအ်ိမ်တော်ကလူအားလုံးကိုအကြောက်လွန်
သွားပြီး လိမ္မာသောအလုပ်သမားအသေးဆုံး
လေးအသွင်ပြောင်းသွားသူသည်လုံးဝမနေချင်
သော်လည်း အိမ်လည်းပြန်မပြေးတတ်၍
လှောင်ပိတ်သွားခဲ့သည်။

ခိုင်းတာတွေကိုလုပ်ရသည်။
မလုပ်ချင်သော်လည်း ကြွေရေကန်ထဲ
ဆပ်ပြာမြုပ်တွေကြားလှဲနေသူ သူ့ရဲ့
အမေ အဖွား ဦးလေးKimဆိုတဲ့လူကြီး
စသဖြင့် လူအားလုံးသည် ရက်ရက်စက်စက်
နှလုံးသားပိုင်ရှင်များဟုဂျွန်နားလည်သွားတဲ့
အခါ နေ့တိုင်းဟာ ငရဲတမျှပါပဲ...။

"တစ်နေ့ထက် တစ်နေ့ မိုးလင်းလာတိုင်း
မင်းမျက်နှာက ဘာလို့သွေးမရှိလာတော့တာလဲ
ကြည့်ရတာ အမြဲရုပ်ဆိုးတယ်...."

မျက်နှာသစ်ပေးနေသောဂျွန့်ရဲ့ပါးနှစ်ဖက်ကို
သေသေချာချာလုပ်ပေးနေရက်ကနေတောင်
စိတ်မထင်စွာလက်တစ်ဖက်ထဲနှင့်ဆွဲဖျစ်တော့
နာကျင်သွားသူသည်မျက်ရည်စတွေဝဲသွားသည်။
လက်တွေကိုနာလို့အတင်းတွန်းလွှတ်လာမှ
သခင်လေးကလွှတ်ပေးခဲ့သည်။

"နာတယ်...အဲ့လိုတွေမလုပ်ပါနဲ့...."

"မငိုနဲ့!....စောစောစီးစီး သဘက်သွားယူ.."

သဘက်ပြေးယူပေးကာလက်ထဲထည့်ပေး
လိုက်တော့လုံခြုံစွာခြုံလိုက်သူသည်
အေးတိအေးစက်မျက်နှာဖြင့်။
ထို့နောက်အခန်းထဲကထွက်ကာ
အိပ်ရာပေါ်ထုံးစံအတိုင်းခြေထောက်လေး
ချိတ်လျှက်ထိုင်နေသည်။

လုပ်ပေးကျ လူကြီးများတစ်ယောက်မှ
အဝင်မခံတော့ဘဲ သခင်လေးက
မလုပ်တတ်လုပ်တတ်နှင့်အမြဲမှားယွင်းနေသော
ဤကလေးကိုသာစရောက်ထဲကခိုင်းစေခဲ့သည်။

"အပေါ်ဆုံးထပ်က အနီရောင်....."

ခန္ဓာကိုယ်တဝက်ရေစိုနေသော
ဂျွန်သည် နံရံမှာကပ်နေပြီး
လက်ချောင်းတွေအချင်းချင်းဖဲ့နေသည်။
ပြောလိုက်သောဗီရိုအမြင့်ကအင်္ကျီကို
လှမ်းကြည့်ကာ

"အရပ်မမှီဘူး...."

"ခုံ ခု....."

အနီးနားရှိခုံသေးသေးလေးကိုခြေထောက်ဖြင့်
ဆွဲယူကာခြေထောက်နဲ့ပဲတွန်းပို့လိုက်သည်။

"မြန်မြန်ယူပေး..ငါကျောင်းနောက်ကျရင်
မင်းဒီအခန်းထဲကမထွက်ရဘူးမှတ်..."

ခုံကိုမြန်မြန်ယူလိုက်ပြီးဗီရိုဆီအမြန်သွား
လိုက်ကာခုံပေါ်တက်တာတောင်မမှီသေးသော
အရပ်ကြောင့်ခြေဖျားလေးထောက်ကာ
ခက်ခက်ခဲခဲယူနေပုံကိုသခင်လေးက
တောက်ပသောမျက်ဝန်းတွေဖြင့်ကြည့်နေသည်။

အဒေါ်ကြီးတွေရိုးရိုးကြီးယူပေးတာထက်
ပျော်ဖို့ကောင်းတယ်။ဒုက္ခပေးရလို့လားမသိဘူး။

အနွေးထည်နီနီ​လေးကိုခက်ခဲစွာယူပြီး
Parkသခင်လေးထံလာပေးတော့ဆောင့်ယူ
လိုက်ပုံကခပ်တင်းတင်း။

ကျောင်းUniform လဲသည့်နေရာတွင်တောင်
ခိုင်းလို့ရသမျှကိုအနိုင်ကျင့်ခိုင်းကာ
အနွေးထည်အနီရောင်ထပ်ဝတ်တော့
ကြယ်သီးတွေကို ဂျွန်က တပ်ပေးရသည်။

"ဖိနပ်....."

လက်ညိုးထိုးရာဖိနပ်ကိုတော့မှန်အောင်ပြေးယူ
နိုင်ခဲ့ပြီး နူးညံ့သောအခင်းပေါ်ဒူးထောက်ကာ
ချပေးတော့ ပိုပျော်သည်။စိတ်ထဲတသိမ့်သိမ့်ပဲ။

"ဒါတွေကငါ အသက်ကြီးလာတဲ့အထိ
လုပ်ပေးရမယ့်ကိစ္စတွေနော် ကလေးလေး...
သေသေချာချာမှတ်ထား...."

အသက်ကြီးလာတဲ့အထိဆိုတာကြောင့်
ဖိနပ်လှလှလေးပေါ်ကလက်ကလေးတွေတုန်
သွားသည်။

"Koo ဘယ်တော့အိမ်ပြန်ရမှာလဲ
ခိုင်းတာတွေအားလုံးလုပ်ပေးပါ့မယ်
ပြန်ရမယ့်နေ့ကို ပြောပြပါလား...
မေမေနဲ့အဖွား Hyungကို Kooအရမ်းလွမ်းလို့ပါ.."

ဒူးထောက်ထားရာကနေမျက်ရည်အပြည့်နဲ့
ဝိုင်းစက်လွန်းသည့်မျက်လုံးလှလှတွေက
ရိုကျိူးစွာတောင်းဆိုလာဟန်သည်
Parkသခင်လေး၏မျက်လုံးတွေကိုငြိမ်သက်
သွားစေသည်။

မသနားသွားခဲ့ဘူး။
ပိုပြီးဒီထက် ရိုကျိုးတာမျိုးလေးကို
ပိုမြင်ချင်လာတဲ့စိတ်ပဲရှိတယ်။
အထူးတလည်ဆန်းကြယ်ခဲ့ပါတယ်။

"ဘယ်တော့မှမပြန်ရဘူး
မင်းကိုငါအပိုင်ဝယ်ထားတာပါလို့
ဘယ်နှခါပြောရမလဲ...ငါမင်းကိုသာ
ပြန်ပေးခဲ့ရရင် မင်းလွမ်းနေတဲ့သူအားလုံးကို
ဖွားဖွားကြီးကိုပြောပြီး နာအောင်လုပ်ပစ်မှာ
မင်းကိုရင်ခွင်ထဲထည့်ထည့်ထားတဲ့
သူကို အဆိုးဆုံးလုပ်ပစ်မှာ..."

"Hyung ကို မထိနဲ့!!"

မတ်တပ်ထရပ်ကာ အော်ဟစ်လိုက်ပုံက
ပုံသဏ္ဍာန်အမှန်။Parkသခင်လေးသည်
အောင်နိုင်သူလိုအပြုံးဖြင့်ကျောပိုးအိတ်ကို
ဂျွန့်ဆီထပ်ပစ်ပေးလာသည်။

"လိလိမ္မာမ္မာသယ်ခဲ့.....ကလေးလေး"

မြောက်ကြွသောခြေလှမ်းတွေဖြင့်
အ်ိမ်တော်ကြီး၏ကြမ်းပြင်ပေါ်ဖိနပ်လှလှ
လေးဖြင့်လျှောက်လှမ်းလာတဲ့သူနောက်
ဖိနပ်မပါသောခြေဖဝါးလေးတွေဖြင့်
ကျောပိုးအိတ်ပိုက်ကာ ငိုမဲ့မဲ့မျက်နှာနှင့်
လိုက်လာသောသူ၏ ပုံရိပ်တွေသည်
အိမ်ကြီးထဲ နှစ်ပေါင်းများစွာတဝဲလည်လည်
ရှိနေဆဲ။

"ဖေဖေနဲ့မေမေ့ကိုသွားနှုတ်ဆက်လိုက်ဦးမယ်"

မိဘတွေ၏အခန်းဆီဦးတည်ကာတံခါးကိုဖွင့်
လိုက်တော့ ဂျွန်က ငြိမ်ငြိမ်လေးပဲရပ်စောင့်
နေရသည်။အခန်းထဲဝင်ဖို့ဟန်ပြင်ပြီးမှ
ဂျွန့်ကိုတစ်ချက်ပြန်ကြည့်လာသည်။

"စိတ်ချမယ်ကလေးလေး....
ဘယ်မှမသွားနဲ့နော်..."

အိမ်ထဲတောင်သူပြန်ထွက်လာလို့
ပျောက်နေတာမျိုးကိုလက်မခံနိုင်၍
သေချာမှာကြားကာမိဘတွေ၏အခန်းထဲ
ကိုခြေတစ်လှမ်းစချခဲ့သည်။

"ငါမင်းကိုဘယ်တုန်းကမှမချစ်ခဲ့ဘူးယူရာ
မေမေ့ကိုမလွန်ဆန်နိုင်လို့သာမင်းလို
မိန်းမမျိုးကိုငါရွေးချယ်ခဲ့ရတာမင်းနဲ့ငါ
အဝေးကြီး ငါ့ဘဝကိုဝင်စွက်ဖက်စရာ
မလိုဘူး!!!!!...."

"မချစ်တာသိတယ်!!!!မချစ်လို့ဝမ်းနည်းနေမယ့်
မိန်းမထဲ ပက်ခ်ယူရာပါမယ်ထင်ရင်
သေလိုက်....."

"အဲ့တာဆို ဘာလို့သောက်စကားအပိုတွေ
ပြောနေရတာလဲ!!!..."

"ရှင်လုပ်နေတဲ့လုပ်ရပ်က
Parkအိမ်တော်ရဲ့ဂုဏ်သိက္ခာ
ကျွန်မဂုဏ်သိက္ခာ
သားရဲ့ ဘဝ ကို တစစီဖျက်ဆီးပစ်နိုင်တယ်
ဆိုတာသိရဲ့လား...."

"ငါစိတ်မဝင်စားဘူး....ငါစိတ်မဝင်စားဘူး
လို့ဘယ်နှခါပြောရမလဲ မင်းပဲမက်တာ
အဲ့ဂုဏ်သိက္ခာတွေကို ...."

"မိန်းမ တစ်ယောက်ဆိုမှကြားကောင်းသေးတယ်
ယောကျ်ားတစ်ယောက်ကိုတန်းတန်းစွဲနေတာ
ရှင့်လောက်ရွံဖို့ကောင်းတာမျိုးမရှိတော့ဘူး!!!!.."

"ပက်ခ်ယူရာ!!!!..."

"ရှင့်အမေ ဘယ်လိုဖြေရှင်းမလဲတော့
ကျွန်မမသိဘူး...ကျွန်မမစောင့်နိုင်ဘူး
ပက်ခ်ယူရာရဲ့ ဘဝရပ်တည်မှုကိုလာထိပါးရင်
တော့ အကုန်လက်စဖျောက်ပစ်ဖို့
အဆင်သင့်ပဲ..."

"သူ့ကိုမထိနဲ့နော်....."

"သူက သူများမိသားစု အိမ်ထောင်ရေးကို
အရင်လာထိတာလေ !!!.."

"ငါရှိနေပေးတာပဲ ယူရာ ငါParkအိမ်တော်အတွက်
ကောင်းကောင်းမွန်မွန် ရပ်တည်ပေးနေတာပဲ...
မင်းမသိချင်ယောင်ဆောင်ပေးလို့မရဘူးလား..."

"ရှင် ရုန်းထွက်ပြေးတော့မှာကျွန်မမသိဘူး
ထင်နေလား...လူယုတ်မာရဲ့!!!!..."

ဘာတွေဖြစ်နေတာလဲနားမလည်နိုင်။
ဖေဖေက ယောကျ်ားတစ်ယောက်ကို
တန်းတန်းစွဲတယ်။မေမေ့ရဲ့ရွံဖို့ကောင်းတယ်
ဆိုတဲ့အသံကအလွန်ကျယ်ကျယ်လောင်လောင်
နားထဲကြိမ်ဖန်များစွာရိုက်ခတ်သွားသည်။

မိဘနှစ်ပါးက လူမြင်ကွင်းမှာဆိုသိပ်ချစ်ကြ
တယ်လေ။သူ့ရှေ့မှာလည်းပျော်စရာကောင်း
တဲ့ဖေဖေနဲ့မေမေပါ။မချစ်နေကြဘူးလား။

"မင်းပါးစပ်ကိုပိတ်လိုက်တော့!!!!..."

"အားးးး!!!.."

ပက်ခ်ယူရာ၏အော်သံသည်
အလွန်ပျက်စီးခြင်းတွေပြည့်နှက်နေကာ
အခန်းဝကကလေးလန့်သွားခဲ့သည်။
ဆက်မကြည့်ရဲနားမထောင်ရဲတော့၍
အခန်းအပြင်ပြန်ထွက်ချိန်မောပန်းကာ
အသက်ရှူသံတွေပြင်းထန်နေသည်။

မိဘတွေရန်သူဖြစ်ကြ၍ဝမ်းနည်းတာရယ်
ကြောက်လန့်သွားတာရယ်နှင့်လက်ရှိအခြေအနေ
ကိုတောင်သူနည်းနည်းမေ့သွားသည်။
မယုံကြည်နိုင်သလိုမတ်တပ်သေချာမရပ်နိုင်
တော့၍အခန်းတံခါးကိုမှီနေလိုက်ရသည်။

ကျောပိုးအိတ်ပိုက်ထားသောဂျွန်က
ပုံမှန်မဟုတ်စွာပြန်ထွက်လာသော
Parkသခင်လေးကိုပြူးပြူးလေးကြည့်နေသည်။

ပြိုပြိုလဲလဲပုံစံကိုစရောက်ထဲကမမြင်ဖူး၍
သေသေချာချာကိုကြည့်နေခြင်းတွင်
တစ်ဖက်ပြန်ကြည့်လာသောမျက်လုံးစူးစူး
တွေနဲ့သွားဆုံတွေ့တော့သည်။

"မင်း ခိုးနားထောင်သေးလား
ဘာတွေကြားလိုက်လဲ ငါ့ကိုပြောစမ်း!!.."

ပတ်ရမ်းခံရခြင်းများသည်အားနည်း
သူတွေအကြောက်ဆုံးအရာ။မဆီမဆိုင်
ဒေါသတကြီးသူ့ဆီပြေးလာတော့
ဂျွန်သည် ကျောပိုးအိတ်ပိုက်ကာပြေးမိပြေးရာ
ပြေးတော့သည်။

"ရပ်စမ်း!!!!!JeonJungkook!!!!
ရပ်လို့ငါပြောနေတယ်!!!..."

ဂျွန်သည်အိမ်ကြီး၏လှေကားတွေအတိုင်းပြေးဆင်း
ကာနောက်ကလည်းအနက်ရောင်အတောင်ပံ
တွေဖြာဝဲနေပြီ။ဂျွန်သည်ကြုံရာပြေးရင်း
လှေကားထစ်ဆုံးသည်နှင့်တစ်စုံတရာဖြင့်
ပြေးတိုက်မိတော့သည်။

"ဟ ဟ ...ParkJimin အရုပ်လေး
စောစောစီးစီး ဘယ်လိုတွေဖြစ်...."

"TaeHyung ဖမ်းထားစမ်း!..."

ကျောင်းသွားဖို့ အောက်ထပ်ကို
ရောက်နေပြီဖြစ်သော နောက်ထပ်တစ်ယောက်
ဆီသို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်မိသွား
သည်။ အင်္ကျီ လည်ပင်းစအားဆက်ခနဲဆွဲကာ
ဖမ်းလိုက်ပြီး ဂျွန့်ကိုပြုံးပြလာသည်။

"ဆော့နေတာ ပျော်စရာပဲ
ငါ့လည်းခေါ်ကြဦးလေ...ပါချင်တယ်..."

"ဆော့နေတာမဟုတ်ဘူး
လိုက်ရိုက်လို့ ပြေးနေရတာ လွှတ်ပေး!!.."

"မလွှတ်ပေးပါဘူး
Jimin ကဖမ်းဆို ငါကဖမ်းရတယ်
Jimin ကိုငါလည်းကြောက်ရတယ်.."

ရှေ့မှာလည်း မြင်ရတိုင်းကုတ်ဖဲ့ပစ်ချင်တဲ့
ထူးထူးဆန်းဆန်းမျက်နှာ။နောက်မှာလည်း
မြင်တာနဲ့ ရွံ့တွေနဲ့အကြိမ်ကြိမ်ထပ်သုတ်ချင်
တဲ့ ဆန်းဆန်းပြားပြားမျက်နှာ။

မကျေနပ်ခြင်းတွေသည်၂ယောက်လုံးအပေါ်
ထိုအချိန်ထဲကအငြိုးတကြီး။
အံတွေကြိတ်ထားရသည်။

ထို့ကြောင့်၂ယောက်လုံးအပေါ်ခွင့်မလွှတ်ခဲ့ဘူး။
ထို့ကြောင့်၂ယောက်လုံးကိုမစာနာပေးခဲ့ဘူး။
ထို့ကြောင့်၂ယောက်လုံးအပေါ်အငြိုးက
ဘယ်တစ်ယောက်ဆီမှာမှမလျှော့မပါးခဲ့ဘူး။
နှစ်ယောက်လုံးရဲ့ငိုကြွေးခြင်းနဲ့အရှုံးတရားတွေဟာ
အလိုချင်ခဲ့ဆုံးတွေဖြစ်လာခဲ့တယ်....။

TaeHyung လက်ထဲကယက်ကန်ယက်ကန်
ကလေးလေးဆီကို Parkသခင်လေးက
အလွန်တင်းမာသောမျက်နှာဖြင့်လျှောက်လာကာ

"ခုနကအခန်းရှေ့မှာမင်းဘာကိုကြားကြား
ဒီအိမ်ကဘယ်သူ့ကိုမှမပြောရဘူး...တစ်ယောက်
သိသွားလို့ကတော့ မင်းခြေထောက်တွေကိုချိုးပစ်မယ်"

"ဘာ..မှ မကြားပါဘူးဆို...!!.."

TaeHyung လက်ထဲမှ သည်းမခံနိုင်တော့စွာ
ထအော်တော့ TaeHyung သည်ဂျွန့်အား
ပြုံးရယ်ပြီးမကြည့်တော့ဘူး။

"အသံကိုပြင်စမ်း...မင်းကများသူ့ကို
ဘယ်လိုလေသံနဲ့ပြန်အော်ရဲတာလဲ...."

TaeHyungကသူ့အမေပုံစံချထား၍
Jimin ဟာသူ့ဘုရင်ပဲ။ဘယ်တော့မှ
Jimin ကို သူ့မိသားစုအရှိန်ကြောင့်ရော
အမေ့စကားတွေကြောင့်ရောနှင့်
မလေးမစားမလုပ်ခဲ့ဖူးပါ။
Jiminကိုလာလုပ်ရင်လည်းသူမကြိုက်တတ်ပါ။

တစ်ခုခုလုပ်တော့မလိုဂျွန့်ကိုပြင်းပြင်းထန်ထန်
မျက်နှာဖြင့်စူးစူးစိုက်စိုက်ကြည့်နေတော့
Parkသခင်လေး သက်ပြင်းတစ်ချက်ချကာ

"TaeHyung လွှတ်ပေးလိုက်
ကျောင်းသွားရအောင်..."

လွှတ်ပေးလိုက်ခြင်းသည်မညှင်မသာ။
ဂျွန်သည် TaeHyung အားစောင်းကြည့်နေဆဲ။

ထို့နောက်Parkသခင်လေးသည်မကြည်လင်လွန်း
သောမျက်နှာဖြင့် ကျောင်းသွားရန် ထွက်ခဲ့သည်။
ရှေ့ကဦးဆောင်ထွက်ခဲ့ပြီး ညာဘက်တွင်
ကျောပိုးအိတ်ကိုင်သူဂျွန်ရှိနေပြီး ဘယ်ဘက်တွင်
TaeHyung ရှိနေသည်။

ဤပုံရိပ်ဟာအရွယ်တွေငယ်သေးတဲ့အချိန်မှာ
ကလေးလေးတွေမို့ချစ်စရာကောင်းခဲ့ပြီး
အရွယ်တွေရောက်လာတဲ့အခါတွင်
ချစ်စရာမကောင်းတော့ဘဲအလွန်ခမ်းနား
ကြီးကျယ်ခဲ့ပါ၏။

အသင့်တံခါးဖွင့်ပေးထားသောကားပေါ်
ဒီနေ့ထူးထူးဆန်းဆန်းသူတစ်ယောက်ထဲမစီးခဲ့ပါ။
TaeHyung ကိုခေါ်သွားခဲ့သည်။

ကားတံခါးစောင့်ပိတ်ကာTaeHyung ကို
ကိစ္စတွေကိုပြောပြဖို့ဟန်ပြင်တော့
မှန်တံခါးကိုလာခေါက်သောလက်သေးသေးလေး
တွေ။Parkသခင်လေးသည်စိတ်တိုသွားသော
မျက်လုံးတွေဖြင့်မှန်ချလိုက်ကာ

"ဘာလဲ ဘာလဲ...."

"ကျောပိုးအိတ် မေ့ကျန်ခဲ့တယ်...."

ကျောပိုးအ်ိတ်လေးကိုသေသေချာချာ
ကားထဲမမှီမကမ်းထည့်ပေးလာသည်။
ကျောင်းသွားတက်တာကျောပိုးအိတ်မေ့တဲ့
ကိုယ့်ကိုကိုယ် မယုံနိုင်လွန်းလို့ဆက်ခနဲ
ယူလိုက်ကာ ခေါင်းလုံးလုံးလေးထွက်လာပြီး

"ငါ မေ့တာ မဟုတ်ဘူး
ParkJimin က စာကိုဦးနှောက်ထဲမှာ
အပြီးမှတ်တဲ့သူမလို့ ကျောပိုးအိတ်ကပါလည်း
ရတယ် မပါလည်းရတယ်"

သူ့ဦးနှောက်အဲ့လောက်တောင်ပဲကောင်းသလား
ဟုတောထဲကကလေးလေးကကြောင်အအပဲ
ကြည့်နေသည်။

"နော်....TaeHyung..."

"ဟုတ်တယ်....မှတ်ထားလိုက်သေသေချာချာ.."

"ဦးလေးKim မောင်းတော့...."

အိမ်တော်ထဲကနေကားအကောင်းစားကြီး
သည်တဖြေးဖြေးရွေ့လျားသွားခဲ့သည်။
ဂျွန်သည် မြက်ခင်းစိမ်းစိမ်းပေါ်တစ်ယောက်
ထဲကျန်ရစ်ခဲ့ရကာ သူ့တာဝန်တွေနဲ့သူ
သွားလာလှုပ်ရှားနေသောလူတွေကိုလိုက်ကြည့်
နေသည်။

စရောက်လာထဲကအိမ်ပြန်ချင်လို့
တစ်ဦးတစ်ယောက်ကိုမျက်လုံးချင်းဆုံမိသည်နှင့်
အကူအညီများရနိုင်မလားပြေးပြေးသွားခဲ့
ပေမယ့် အားလုံးသည် သူ့ကိုရှောင်ဖယ်သွားခဲ့
ကြခဲ့ကြသည်။ဂျွန်ဟာ ဘယ်သူ့ကိုမှလည်း
လိုက်မကြည့်တော့ဘဲ မြက်ခင်းပြင်တစ်နေရာ
ဆီသွားကာ ငြိမ်ငြိမ်လေးထိုင်နေခဲ့သည်။

ဘယ်လိုပဲဖြစ်ဖြစ်Hyung လာကယ်မယ်ဆိုတာ
ယုံနေသည်။Hyung ကိုအရမ်းသတိရပါသည်။
အလွန်ခက်ခဲပင်ပန်းနေရသောအခြေအနေ
တွေကို ဒူးနှစ်ဖက်ပိုက်ကာခံစားနေရင်းမျက်ရည်
ပေါက်တွေသည်ဆက်တိုက်ကျဆင်းလာသည်။

နေ့တိုင်းငိုရလွန်း၍ဒီနေ့တော့သိပ်မငိုတော့ဘူး
Hyungရောက်လာမလားလို့တစ်နေကုန်
ဒီနေရာလေးမှာစောင့်နေမယ်ဟုဆုံးဖြတ်ခဲ့ပေမယ့်
အားငယ်ဝမ်းနည်းလာမှုသည်မငိုဘဲမနေနိုင်ခဲ့ပါ။

"Hyung က မလာတော့ဘူးလား...
Koo ကိုမချစ်တော့လို့လား...
Koo ကိုမေ့နေတာလား...."

လက်တွေပေါ်ခေါင်းငုံ့ကျသွားကာ
တုန်ခိုက်နေသောကလေးတစ်ယောက်၏
ငိုကြွေးမှုသည်တိုးရှပေမယ့်နာကျင်မှုတွေက
တော့အလွန်ကျယ်လောင်ခဲ့ပါသည်။

ငိုနေရင်းနောက်ကိုပြန်လှည့်ကာParkအိမ်တော်
ကြီးကိုလှမ်းကြည့်မိတော့မုန်းတီးစိတ်သည်
အရှိန်အဟုန်ဖြင့်။ဤနေရာကြီးတစ်ခုလုံးကို
ဖျောက်ဖျက်ပစ်လိုက်ချင်သည်အထိစိတ်နာခဲ့သည်။

"Jungkook နင် နေ့တိုင်းအိမ်ရှေ့တည့်တည့်မှာ
နိမိတ်မကောင်းအောင်ဘယ်အချ်ိန်အထိငိုနေ
မှာလဲ လာ ထမင်းစားချိန်ရောက်ပြီ...."

"မစားချင်ဘူး...."

"ခုချ်ိန်မစားရင် ငါတို့ထပ်စီစဉ်မပေးတော့ဘူး
လာစရာ ရှိတာလာ..."

လက်မောင်းရင်းကနေဆွဲခေါ်သွားတော့
မျက်ရည်တွေနဲ့ပါသွားခဲ့သည်။
အ်ိမ်မှာထက်ကောင်းပေ့ဆိုသောဟင်းတွေနှင့်
နေ့တိုင်းတွေ့ရလည်း ကောင်းကောင်းမစားနိုင်ခဲ့ပါ။
Hyungကိုသတိရသွားလျှင် အစာတွေတစ်ခုမှ
မျိုချလို့မရတော့ဘူး။

အနေအထိုင်လည်းဆင်းရဲခဲ့သလို
အစားစားဖို့လည်းမလွယ်ကူခဲ့ပါ.....။

~~~~~

"ယွန်မီ....ငါသတ်မှာ...ငါဆုံးဖြတ်ပြီးပြီ
နင်လိုအပ်တာနည်းနည်းကူညီ..."

"နင်သေချာစဉ်းစားပြီးလို့လား.."

"၂ခါဘာလို့ပြန်စဉ်းစားရမှာလဲ
လူတွေသိသွားရင် ဘာမှအဖက်ဆယ်လို့ရမှာ
မဟုတ်တော့ဘူး မိန်းမတစ်ယောက်ဆိုရင်တောင်
Parkအိမ်တော်ရဲ့ဖောက်ပြန်မှုကိုလူသိခံလို့မရတာ
ယောကျ်ားတစ်ယောက်ဖြစ်နေတာ နင်ဆိုရင်ရော..
နင့်ယောကျ်ားက နင့်မကြိုက်ဘဲ ယောကျ်ား
တစ်ယောက်ကိုပိုတိမ်းညွှတ်နေရင်ရော..."

"ငါနားလည်ပါတယ်...."

"နားမလည်လို့လည်းမရပါဘူး
လူတွေသိသွားရင် ငါအရင်ထိခိုက်မှာ
ငါ့ကိုကြိတ်ပြိုင် ကြိတ်မုန်းနေတဲ့ဟာတွေ
ထကြွပျော်ရွှင်ကြမှာ ကိုယ့်ဟာကိုယ်
ဘာကိုပဲရင်ဆိုင်ရရင်ဆိုင်ရ ယွန်မီ
ကြိတ်မုန်းတွေကိုတော့ ငါပျော်ခွင့်လုံးဝမပေးဘူး"

"ဘာလို့ပေးရမှာလဲ ...နင်နဲ့ငါထပ်တူပါ
ငါက ငါတို့လုပ်တာဖြေရှင်းမှုအမှန်မဟုတ်နေမှာ
စိုးတာ..."

"မုန်းတယ်....ပြဿနာဖြေရှင်းတာထက်
မုန်းလို့.....မုန်းလို့ လုပ်မှာ...မှန်တယ်မှားတယ်
မရှိဘူး.."

"ငါတို့မနက်ဖြန်ဆုံမယ်ယူရာ"

"ကောင်းပြီ...ဆုံနေကျဆိုင်မှာစောင့်နေမယ်"

ဝရံတာမှာပေါ်ပေါ်ထင်ထင်ကိုစီးကရက်သောက်ပြီး
တောက်လောင်မှုတွေနဲ့ဖုန်းပြောနေသူသည်
ရဲရဲတောက်ဝတ်စုံဖြင့်။စီးကရက်ကုန်သွားတဲ့အခါ
လွှတ်ချလိုက်ပြီးဖိနပ်ဦးဖြင့်အံကြိတ်ကာနင်းကြိတ်
နေပုံသည် လုံးဝအငြိုးတကြီး။

"Parkအိမ်တော်ပိုင်ရှင်ဟာ ငါ့အပိုင်ပဲ...
အဆင့်မြင့်ဆုံးမိသားစုဘဝဟာငါ့အပိုင်ပဲ..
ဒီအခြွေအရံ ဒီစည်းစိမ်ဂုဏ်သိက္ခာတွေကို
ငါဘယ်လိုတည်ဆောက်ခဲ့ရလဲ...
ဘယ်သူမဆို လာနှောက်ယှက်လုယူဖို့လုပ်လာရင်
တွေးထားတာတစ်လမ်းထဲ သေလမ်း...."

လေပြေတစ်ချက်တိုက်ခတ်သွားတဲ့အခါ
ပက်ခ်ယူရာရဲ့ မီးလောင်နေသော
မျက်လုံးတွေရှေ့ကဆံစတွေဖယ်ခွါသွားကြသည်။

မုန်တိုင်းပေါင်းများစွာမလာခင်
စို့နစ်သောငိုသံတွေမကြားရခင်
ကျယ်လောင်သောအော်ဟစ်သံတွေ
မထွက်ပေါ်လာခင် လေပြေလာသည်ဟု
သတ်မှတ်၍ရခဲ့သည်။

အိမ်ကြီးသည်ပျက်ဆီးတောက်လောက်ခြင်း
အငွေ့အသက်တွေဖြင့်။

~~~~~~~။

2023....။

"ဒီနေ့တော့တွေ့မယ် ဒီနေ့မှမတွေ့ရင်
အဲ့CEOကို အပြီးလက်လျှော့လိုက်တော့မယ်
မလိမ်ဘူး အတည် ....ဘယ်နှယ့်
JungHoseokလိုအနေအထားကို
သူက အနုပညာရှင်ပေါက်စလေးလို
မလေးမစားလုပ်နေတာ...ငါသူ့ Brandကိုခုဝတ်
ခု Soldout တယ်..တန်ဖိုးတွေက်ို
လုပ်ငန်းရှင်ဖြစ်ပြီးနားမလည်ဘူး"

အနက်ကားတစ်စီးပေါ်ကဆင်းလာသော
Celebrity ဖြစ်တည်မှုတစ်ခုသည်
ပေါက်ကွဲမှုသံများဖြင့်စမတ်တကျလမ်း
လျှောက်လာကာ ဘေးနားကမန်နေဂျာ
ဖြစ်သူအားပြောဆိုနေသည်။

"ဟိုနေ့ ကReason ကဘာ...
သူ့သူငယ်ချင်းနဲ့တွေ့ဖို့ သူငယ်ချင်းနဲ့
တွေ့ဖို့နဲ့ သူ့ကိုပိုက်ဆံသန်းချီရှာပေမယ့်
JungHoseokနဲ့ကဘယ်ဟာပိုအရေးကြီးလဲ
ဒေါသထွက်ဖို့ကောင်းလိုက်တာ
ဘယ်လို Respect မရှိတဲ့လုပ်ငန်းရှင်ပါလိမ့်..."

"CEO Kimက နည်းနည်းတစ်မျိုးမလို့ပါ
လုပ်ငန်းရှင်တွေကဒီလိုပါပဲ Hopeရယ်..."

"JungHoseok ကိုတစ်မျိုးလာလုပ်လို့မရဘူး
ငါဒီနေ့လာခဲ့တာလည်း ငါစာချုပ်မချုပ်တော့
ဘူးလို့ပြောဖို့..."

"စိတ်လက်မာန်ပါတွေမလုပ်ပါနဲ့...
ဒီCompany က တောင်ကိုရီးယားမှာ
No 1ဆိုတာသိရက်နဲ့ သူတို့ကတကူးတက
လာကမ်းလှမ်းတာလေ ..."

"ငါ့ကို ကမ်းလှမ်းပြီး ငါ့ကိုလေးစားမှုမရှိရင်
ဘယ်လောက်အောင်မြင် အောင်မြင်Sorryပဲ.."

"ကောလဟာလတွေကြားတာ
CEO Kimက ခုနှစ်ပိုင်းMentalပိုင်းတွေ
တော်တော်Downနေတာတဲ့အလုပ်တွေ
လည်းသေချာမကိုင်တွယ်နိုင်လို့ယုံကြည်ရသူ
တွေနဲ့ဆက်လည်ပတ်နေတာ..."

"Downတာသူ့ကိစ္စ ငါမDownဖူးလို့မသိဘူး
ငါ ငြင်းစရာရှိတာငြင်းမှာပဲ..."

"Hopeရေ ငါတို့ Instagram တွေ
Twitter တွေမှာ Fanတွေကို စပွိုင်းထားပြီးပြီလေ.."

"CEOကိုကြည့်မရလို့မလုပ်တော့ဘူးပြော
လိုက်မယ် ပြီးရောတစ်ခါထဲပွဲဖြစ်..အေးရော.."

"Hope ....."

"အေးဆေးပေါ့ ဘဝမှာလေ
ဘာကိုမှစိုးရိမ်တကြီးမတွေးထားနဲ့
ကိုယ်ဒါကိုလုပ်ချင်ရင်လုပ်လိုက်
ငါမကျေမနပ်နဲ့ လက်တွဲလိုက်ရမှာနဲ့စာရင်
ငါကျေကျေနပ်နပ်သွားချေလိုက်တာမျိုးက
ပိုအရသာရှိတယ် ကိုယ့်စိတ်ကိုယ်ပျော်ဖို့ပဲ
ခေါင်းထဲကိုထည့်...."

နှေးမသွားဖူးတဲ့ခြေလှမ်းတွေ။မှိန်မသွားဖူးတဲ့
ကိုယ်ရောင်ကိုယ်ဝါ။အလန်းဆန်းဆုံးဟန်ပန်ဟာ
အမြဲတမ်းတောက်ပရွှင်လန်းနေသည်။

"အဲ့တာကတော့ အဲ့တာပေမယ့်...."

အနက်ရောင်နေကာမျက်မှန်ဖြင့်ဆံပင်တွေအား
လုံးအားလှန်တင်ထားတဲ့သူသည် Kimလုပ်ငန်းစု
အဆောက်အအုံအမြင့်ကြီးထဲသို့မြောက်နေသော
ခြေလှမ်းတွေနှင့်မန်နေဂျာအားစကားလှည့်လှညိ့ပြော
ရင်လျှောက်လာသည်။

"ငါက JungHoseokလား
မင်းက Jung Hoseokလား....
ငါလုပ်ချင်တာလုပ်မယ်...ထပ်မပြောနဲ့တော့....
ထပ်ပြောရင်....အ!!!..."

"Hope!"

ရှေ့ကိုမကြည့်ဘဲနောက်ကိုသာဟောက်ချင်စိတ်
များသူသည်တစ်စုံတယောက်ဖြင့်အရှိန်ပြင်းစွာ
ဝင်တိုက်ခဲ့တော့သည်။အရှိန်ပါတဲ့အခါHope
သည်ဒီဇိုင်းဆန်းဖိနပ်ကိုလည်းစီးထားတာမလို့
အနည်းငယ်မရင်းနှီးသေးတဲ့အခါဟန်ချက်ပျက်
သွားလျှက်လဲကျသွားသည်။

ချော်လဲသွားပြီဟုသတ်မှတ်လိုက်ပြီး
မနက်ဖြန်Internet တခွင်ပြဲပြဲစင်တော့
မည့်ကိုယ့်ဘဝကိုယ်တွေးလိုက်မိပေမယ့်
ကြမ်းပြင်ပေါ်ပြုတ်ကျမသွားဘဲ
လဲကျသွားသည်ကရင်ခွင်တစ်ခုထဲ။

မျက်လုံးစုံမှိတ်လိုက်ရာမှမနာကျင်သွား၍
မျက်လုံးတွေဖွင့်လိုက်တဲ့အခါမှိုင်းပြ
စူးရှနေသောမျက်ဝန်းတစ်စုံကိုတွေ့လိုက်ရသည်။
ပြီးတော့ နှာတံလှလှလေး။အဲ့ဒီနှာတံထိပ်နားက
မှဲ့လေးတစ်ခု။အလွန်ချောမောခန့်ညားလွန်းသော
မျက်နှာတစ်ခုသည် သူ့ကိုမျက်မှောင်တွေကျုံ့ကာ
ကြည့်နေသည်။

ဘယ်ဘက်ရင်ဘက်တစ်နေရာသည်ဒုတ်ခနဲ။
မရည်ရွယ်ပါဘူး။အလိုလိုထခုန်တာ။

"လမ်းမလျှောက်တတ်ဘူးလား...."

Model ကိုလမ်းမလျှောက်တတ်ဘူးလားတဲ့။
ဩရှရှအသံနှင့်ထိုမေးခွန်းကိုမေးလာတော့
ငေးနေရာကအသိပြန်ဝင်လာကာမြန်မြန်မတ်တပ်
ပြန်ရပ်လိုက်သည်။

"သွားမယ်...."

စကားတစ်ခွန်းပြောဖို့အရှိန်ယူလိုက်ရုံရှိသေး
နောက်ကကိုယ်ရံတော်လိုလူတွေကိုခေါ်ကာ
ဆက်ထွက်သွားသည်။

"CEO !! CEO!!..."

နောက်မှ ဝန်ထမ်းကောင်မလေးတစ်ယောက်
ပြေးလိုက်လာတဲ့အသံကြားမှခုနလူက
CEO Kimဟုသိလိုက်ရတဲ့အခါ Hoseok
မျက်လုံးတွေပြူးသွားသည်။

"နေ နေ ပါဦး သူက CEOလား..."

ကောင်မလေးအားလှမ်းဆွဲကာမေးတော့
ငိုမဲ့မဲ့မျက်နှာဖြင့်ခေါင်းငြိမ့်ပြလာသည်။

"ကျွန်မအားနာပါတယ် အစ်ကိုရယ်
CEOသူငယ်ချင်းကလှမ်းခေါ်လို့ပါ...
ကျွန်မ အစ်ကိုနဲ့ချိန်းထားတာကိုသေချာ
ပြောပြထားတာ အချိန်တွေကအမြဲအကိုက်
ဖြစ်ဖြစ်နေတယ်..."

လာပြန်ပြီလား ဒီသူငယ်ချင်း...။
တကယ်ဆိုသူ့လက်ထောက်နဲ့ကိစ္စအားလုံး
ကပြီးပြီဆိုပေမယ့်မာနကလည်းCEOနဲ့မှ
ပြီးပြတ်စကားပြောချင်တာ။
သူ့အပေါ် Respect မရှိတာ၂ခါရှိသွားပြီ။
ငြင်းဖို့တောင်ငြင်းချိန်မရတဲ့ဘဝ။

တစ်ချက်မှတောင်လှည့်မကြည့်ဘဲ
ရေခဲတုံးလိုမျက်နှာမျိူးဖြင့်မှုံကုတ်နေအောင်
ထွက်သွားပုံသည်သွေးတွေကိုဆူပွက်စေကာ
Company အလည်ထအော်ပစ်လိုက်ရရင်
မှန်တွေအားလုံးပေါက်ကွဲထွက်သွားနိုင်သည်။

"KimTaeHyung ......ဒီအရူးကတော့....."

မျက်နှာတွေနီမြန်းလာကာလက်သီးတွေပါ
ဆုပ်လာတော့မန်နေဂျာကောင်လေးသည်
Hopeအား ချော့ကာမော့ကာCompany
အပြင်ဘက်သို့ပြန်ခေါ်သွားခဲ့သည်။

ကားပေါ်ရောက်တဲ့အခါ မေတ္တာပို့သသံတွေသည်
မိနစ်ပေါင်းများစွာပါပဲ။

~~~~~~~~~~။

ဂၽြန္Parkအိမ္ေတာ္ႀကီးသ္ို႔ေရာက္ခဲ့ၿပီး၂ပတ္မၽွအၾကာ။

ေဆြးေဆြးေျမ့ေျမ့မနက္ခင္းတစ္ခုေပါ့။
ဘယ္ေတာ့မွအေငြ႕အသက္မေကာင္းခဲ့တဲ့
အိမ္ေတာ္ႀကီးမွာ လန္းဆန္းတဲ့မနက္ေတြဆိုတာ
ဘယ္တုန္းကမွမရွိခဲ့ဖူးဘူး။

အျပစ္မဲ့ေျခဖဝါးေလးေတြျဖတ္နင္းဝင္
သြားၿပီးထဲက ထိုကေလးေလးရဲ့ႏွလုံးသားနာက်င္
မွုေတြေၾကာင့္အရင္ကထက္အေငြ႕အသက္ေတြပိုဆိုး
ခဲ့သည္။

"က်န္းမာေရးပိုဆိုးလာတယ္ဆိုရင္
ထပ္ေထာက္ပံ့ေပးလိုက္သူ႔ကေလး
ငါတို႔ကိုေပးထားတာ တာဝန္ေတာ့ရွိတယ္Kim
ေျမးက Jungkookကိုရက္နည္းနည္းၾကာလာရင္
ရိုးသြားလိမ့္မယ္ထင္တာထင္သလိုမျဖစ္လာခဲ့ဘူး"

သခင္မႀကီးသည္အခက္ေတြ႕ေနသလိုဟန္ရွိေနသည္။

"သခင္ေလးကအျမဲတမ္းကစားေဖာ္မရွိခဲ့လို႔ထင္တယ္"

"အင္း.....စ္ိတ္ခ်မ္းသာေပ်ာ္ရႊင္ေနတယ္ဆိုရင္
ရပါၿပီ သူ႔ထက္ဒီအိမ္မွာအေရးႀကီးတာဘာမွမရွိဘူး
ေျမးငယ္ေလး အနားေသေသခ်ာခ်ာခယျပဳစု
နိုင္ရင္ စာခ်ဳပ္စာတမ္းနဲ႔ေမြးလိုက္သင့္ရင္လည္း
ေမြးတာေပါ့....ဒါေပမယ့္ေျမးငယ္ကဘာေတြေျပာင္းလဲ
လာဦးမလဲမွမသိဘူး..."

"ေမြးစားတာကလြယ္ပါ့မလား သခင္မႀကီး..."

"ဘာခက္လို႔လဲ...ေငြပဲေပါ့...."

ဦးေလးKimသည္ေခါင္းကိုသာရိုရိုေသေသ
ၿငိမ့္ျပလာခဲ့သည္။

Jungkook ဆိုတဲ့ကေလးေလး
အိမ္ကိုေရာက္လာခဲ့တယ္။
သူကကၽြန္ေတာ့္လိုၿခံထဲကအေရးပါအလုပ္သမား
ေတြေနရတဲ့အေဆာင္လိုေနရာမွာေနရတာမဟုတ္ဘူး။
အိမ္ေတာ္ႀကီးထဲမွာပဲေနရတယ္။

စေရာက္တဲ့ေန႔ထဲကငိုယိုကာေျပးထြက္လာတိုင္း
အိမ္ေတာ္ထဲကလူေတြဖမ္းခ်ဴပ္ကာအိမ္ထဲ
ျပန္ဆြဲထည့္သြားတဲ့ျမင္ကြင္းေတြကိုကၽြန္ေတာ္
ညေနေစာင္းစာက်က္တိုင္းျမင္ခဲ့ရတယ္။
သိပ္သနားစရာေကာင္းခဲ့တာ။
ၾကာၾကာျပဳျပဳမၾကည့္နိုင္ခဲ့ဘူး။

ကိုယ္ေတာင္မ႐ုန္းနိုင္တာ အဲ့ဒီကေလးဆိုတာ
အေဝးဆုံးမွာ....။အျပင္ပန္းမွာသာလွၿပီး
အတြင္းပိုင္းေတြမွာအတၱေတြနဲ႔႐ုပ္ဆိုးအက်ည္းတန္
ေနတဲ့အိမ္ေတာ္ႀကီးမွန္းဘယ္သူမွလည္းမရိပ္မိခဲ့။
မေကာင္းဘူးဟုမသတ္မွတ္ခဲ့ၾကတာလည္း
ေငြေၾကာင့္တစ္ခုထဲေၾကာင့္ပါပဲ။

အေဖႏွင့္သခင္မႀကီးရဲ့စကားေတြကိုမၾကားခ်င္
ေယာင္ေဆာင္ကာ ရိုက်ိဳးစြာေလၽွာက္လာသူသည္
ေခါင္းငုံ႔လၽွက္။

"ေဖေဖ ကၽြန္ေတာ္ေက်ာင္းသြားေတာ့မယ္..."

"ေကာင္းၿပီ သား..."

"သခင္မႀကီး .."

ခါးညႊတ္ကာထပ္အရိုအေသအျပဳေတာ့

"အင္း သြားသြား စာႀကိဳးစား SeokJin..."

"ဟုတ္..."

SeokJin ထြက္သြားခဲ့ၿပီးေနာက္သူတို႔ဆက္လက္
ေဆြးေႏြးေနၾကသည္။

အိမ္ေတာ္မွာအဲ့ဒီအခ်ိန္တုန္းကျပႆနာတစ္ခုရွိ
ေနခဲ့တယ္။ခက္ခဲရွုပ္ေထြးတဲ့အိမ္တြင္းေရးျပႆနာ
တစ္ခုမလို႔ Parkသခင္ေလးလူႀကီးေတြကိုအာ႐ုံမရ
ဘဲ ဂၽြန့္ကိုပဲ အာ႐ုံရေနျခင္းဟာကံေကာင္းမွုတစ္ခု။
တစ္ဖက္ကစ္ိတ္ခ်မ္းသာေန၍သခင္မႀကီး
လႊတ္ထား၍ရတာေၾကာင့္ ဂၽြန့္ ကိုအဲ့ဒီအခ်ိန္ကလိုလား
ခဲ့ၾကသည္။

~~~~~
"ငါ့လက္ေတြကိုခ်ိဳးေနတာလား!!.."

၂ပတ္ဆိုတဲ့အခ်ိန္ကာလဟာတိုေတာင္းတယ္
လို႔ထင္ခဲ့ရေပမယ့္ ၅ႏွစ္သားအရြယ္ဂၽြန့္အတြက္
ေတာ့ရွည္လၽွားခဲ့တဲ့ေႏြရာသီပဲ။

ေႂကြေရခ်ိဳးခန္းထဲ Parkသခင္ေလး၏
လက္ေခ်ာင္းေတြကို ဆပ္ျပာျဖင့္သန့္စင္
ေပးေနရသည္။ေႂကြကန္ေဘးဒူးေထာက္ကာ
လက္တစ္ေခ်ာင္းခ်င္းကိုၿငိဳးငယ္စြာ
သန့္ရွင္းေနပုံသည္အခ်ိန္ကာလ၂ပတ္အတြင္း
ယုန္ကေလး၏သြက္လက္မွုေတြအားလုံး
ကြယ္ေပ်ာက္သြားခဲ့ၿပီျဖစ္ေၾကာင္းသိသာသည္။

"ညႇင္ညႇင္သာသာလုပ္စမ္းပါ
ငါ့အသားအရည္ေတြကႏူးညံ့တယ္
မင္းလိုမဟုတ္ဘူး...."

ထိေတြ႕မွုေတြေႏွးသြားေတာ့ေႂကြကန္ထဲက
သခင္ေလးကလွလွေလးျပဳံးသည္။

ဘဝသည္ ဇိမ္က်လြန္းပါ၏။သူဒါေလးကို
မေက်နပ္၍အပိုင္ဝယ္လိုက္ျခင္းသည္
သိပ္မွန္ကန္သည္။ ဦးေလးKimက
ေဆာ့ရတာပ်င္းလာရင္ အိမ္ျပန္ပို႔ခ်င္လား
လို႔စကားဦးေတြသမ္းလာတိုင္းေဒါသထြက္ရသည္။
ပ်င္းဖို႔ေနေနသာသာ ေဆာ့လို႔ကိုေန႔တိုင္းမဝ။

"မ်က္ႏွာသစ္မယ္...ငါမ်က္ႏွာသစ္တဲ့
ဆပ္ျပာဘူးယူေပး..."

ေခါင္းၿငိမ့္ျပကာ ပစၥည္းေတြရွိရာက္ို
ခပ္ျမန္ျမန္ေရြ႕လၽွားလိုက္ၿပီး ေသခ်ာမသိ၍
ျဖစ္ေလာက္မယ့္ဘူးကိုယူကာေပးလိုက္သည္။

"မဟုတ္ဘူး!!! စာေလးဘာေလးဖတ္စမ္းပါ
ငါဆို ဖတ္တတ္ေနၿပီ...အကုန္လုံးမွာ
ညံ့ဖ်င္းေနေတာ့ပဲ..."

"ေက်ာင္းမွမတက္ရေသးတာ....."

ျဖဴေဖ်ာ့ေဖ်ာ့ေကာင္ေလး၏တိုးရွရွအသံ
သည္တစ္ရက္ကုန္လာေလပိုၿပီးတိုးလာေလပဲ။
စကားေျပာေနရင္းပစ္လဲေတာ့မတတ္
ေပ်ာ့ေခြေနသည္။

"သနားစရာေကာင္းလိုက္တာ
မင္းကို KimSeokJinဆီပ္ို႔မယ္
စာမဖတ္တတ္လို႔ေတာ့မျဖစ္ဘူး
ငါ ရွက္ဖ္ို႔ေကာင္းတယ္...."

"......."

"ဆပ္ျပာ နည္းနည္းယူ မ်က္ႏွာေပၚကိုတင္
ၿပီးရင္ ညႇင္ညႇင္သာသာသစ္...
မ်က္လုံးထဲဝင္လို႔စပ္သြားရရင္မင္းနဲ႔ငါေတြ႕မယ္.."

ခိုင္းတဲ့အတိုင္းမ်က္ႏွာေပၚဆပ္ျပာနည္းနည္း
တင္ကာညႇင္သာစြာပြတ္သပ္ေပးေနသူသည္
လိလိမၼာမၼာေလး။

၂ပတ္ဆိုတဲ့အခ်ိန္ကာလမွာ ကေလးတစ္ေယာက္
ရဲ့မိသားစုနဲ႔ခြဲေနရျခင္း မိသားစုကိုအလြန္အကၽြံ
လြမ္းဆြတ္ေနျခင္း တုန္လွုပ္စရာသူစိမ္းေတြၾကား
လန့္ဖ်န့္မွုေတြက္ိုပဲဆက္တိုက္ၾကဳံခဲ့ၿပီးေနာက္
ခံစားခ်က္ေတြသည္ အေၾကာက္တရား
သာလၽွင္ရွိေတာ့သည္။

သြက္လက္ျခင္းေတြဟာလည္း
တစ္ရက္ႏွစ္ရက္သာအသက္ဝင္နိုင္ၿပီး
ေန႔ရက္တစ္ရက္ကုန္လာေလေလ ဂၽြန့္အေျခအေန
ဟာပိုၿပီးၿငိမ္သက္လာခဲ့ေလပဲ။စိတ္အလြန္အကၽြံ
ထိခိုက္ေနမွုေတြသည္ႏွလုံးသားထဲနစ္ဝင္ေနကာ
ကူရာကယ္ရာမဲ့ခဲ့ျခင္းေတြသည္အျမဲတမ္းအိမ္မက္ဆိုး။

အိမ္ျပန္ခ်င္လို႔ငိုလိုက္ ထြက္ေျပးလိုက္
အဖမ္းခံရလိုက္ ဒီအခန္းထဲပိတ္ထားလိုက္
ေၾကာက္စရာစကားေတြအေျပာခံရလိုက္ႏွင့္
ေနာက္ဆုံးမတတ္နိုင္ေတာ့တဲ့အခါ
ဤအ္ိမ္ေတာ္ကလူအားလုံးကိုအေၾကာက္လြန္
သြားၿပီး လိမၼာေသာအလုပ္သမားအေသးဆုံး
ေလးအသြင္ေျပာင္းသြားသူသည္လုံးဝမေနခ်င္
ေသာ္လည္း အိမ္လည္းျပန္မေျပးတတ္၍
ေလွာင္ပိတ္သြားခဲ့သည္။

ခိုင္းတာေတြကိုလုပ္ရသည္။
မလုပ္ခ်င္ေသာ္လည္း ေႂကြေရကန္ထဲ
ဆပ္ျပာျမဳပ္ေတြၾကားလွဲေနသူ သူ႔ရဲ့
အေမ အဖြား ဦးေလးKimဆိုတဲ့လူႀကီး
စသျဖင့္ လူအားလုံးသည္ ရက္ရက္စက္စက္
ႏွလုံးသားပိုင္ရွင္မ်ားဟုဂၽြန္နားလည္သြားတဲ့
အခါ ေန႔တိုင္းဟာ ငရဲတမၽွပါပဲ...။

"တစ္ေန႔ထက္ တစ္ေန႔ မိုးလင္းလာတိုင္း
မင္းမ်က္ႏွာက ဘာလို႔ေသြးမရွိလာေတာ့တာလဲ
ၾကည့္ရတာ အျမဲ႐ုပ္ဆိုးတယ္...."

မ်က္ႏွာသစ္ေပးေနေသာဂၽြန့္ရဲ့ပါးႏွစ္ဖက္ကို
ေသေသခ်ာခ်ာလုပ္ေပးေနရက္ကေနေတာင္
စိတ္မထင္စြာလက္တစ္ဖက္ထဲႏွင့္ဆြဲဖ်စ္ေတာ့
နာက်င္သြားသူသည္မ်က္ရည္စေတြဝဲသြားသည္။
လက္ေတြကိုနာလို႔အတင္းတြန္းလႊတ္လာမွ
သခင္ေလးကလႊတ္ေပးခဲ့သည္။

"နာတယ္...အဲ့လိုေတြမလုပ္ပါနဲ႔...."

"မငိုနဲ႔!....ေစာေစာစီးစီး သဘက္သြားယူ.."

သဘက္ေျပးယူေပးကာလက္ထဲထည့္ေပး
လိုက္ေတာ့လုံျခဳံစြာျခဳံလိုက္သူသည္
ေအးတိေအးစက္မ်က္ႏွာျဖင့္။
ထို႔ေနာက္အခန္းထဲကထြက္ကာ
အိပ္ရာေပၚထုံးစံအတိုင္းေျခေထာက္ေလး
ခ်ိတ္လၽွက္ထိုင္ေနသည္။

လုပ္ေပးက် လူႀကီးမ်ားတစ္ေယာက္မွ
အဝင္မခံေတာ့ဘဲ သခင္ေလးက
မလုပ္တတ္လုပ္တတ္ႏွင့္အျမဲမွားယြင္းေနေသာ
ဤကေလးကိုသာစေရာက္ထဲကခိုင္းေစခဲ့သည္။

"အေပၚဆုံးထပ္က အနီေရာင္....."

ခႏၶာကိုယ္တဝက္ေရစိုေနေသာ
ဂၽြန္သည္ နံရံမွာကပ္ေနၿပီး
လက္ေခ်ာင္းေတြအခ်င္းခ်င္းဖဲ့ေနသည္။
ေျပာလိုက္ေသာဗီရိုအျမင့္ကအကၤ်ီကို
လွမ္းၾကည့္ကာ

"အရပ္မမွီဘူး...."

"ခုံ ခု....."

အနီးနားရွိခုံေသးေသးေလးကိုေျခေထာက္ျဖင့္
ဆြဲယူကာေျခေထာက္နဲ႔ပဲတြန္းပို႔လိုက္သည္။

"ျမန္ျမန္ယူေပး..ငါေက်ာင္းေနာက္က်ရင္
မင္းဒီအခန္းထဲကမထြက္ရဘူးမွတ္..."

ခုံကိုျမန္ျမန္ယူလိုက္ၿပီးဗီရိုဆီအျမန္သြား
လိုက္ကာခုံေပၚတက္တာေတာင္မမွီေသးေသာ
အရပ္ေၾကာင့္ေျခဖ်ားေလးေထာက္ကာ
ခက္ခက္ခဲခဲယူေနပုံကိုသခင္ေလးက
ေတာက္ပေသာမ်က္ဝန္းေတြျဖင့္ၾကည့္ေနသည္။

အေဒၚႀကီးေတြရိုးရိုးႀကီးယူေပးတာထက္
ေပ်ာ္ဖို႔ေကာင္းတယ္။ဒုကၡေပးရလို႔လားမသိဘူး။

အေႏြးထည္နီနီ​ေလးကိုခက္ခဲစြာယူၿပီး
Parkသခင္ေလးထံလာေပးေတာ့ေဆာင့္ယူ
လိုက္ပုံကခပ္တင္းတင္း။

ေက်ာင္းUniform လဲသည့္ေနရာတြင္ေတာင္
ခိုင္းလို႔ရသမၽွကိုအနိုင္က်င့္ခိုင္းကာ
အေႏြးထည္အနီေရာင္ထပ္ဝတ္ေတာ့
ၾကယ္သီးေတြကို ဂၽြန္က တပ္ေပးရသည္။

"ဖိနပ္....."

လက္ညိဳးထိုးရာဖိနပ္ကိုေတာ့မွန္ေအာင္ေျပးယူ
နိုင္ခဲ့ၿပီး ႏူးညံ့ေသာအခင္းေပၚဒူးေထာက္ကာ
ခ်ေပးေတာ့ ပိုေပ်ာ္သည္။စိတ္ထဲတသိမ့္သိမ့္ပဲ။

"ဒါေတြကငါ အသက္ႀကီးလာတဲ့အထိ
လုပ္ေပးရမယ့္ကိစၥေတြေနာ္ ကေလးေလး...
ေသေသခ်ာခ်ာမွတ္ထား...."

အသက္ႀကီးလာတဲ့အထိဆိုတာေၾကာင့္
ဖိနပ္လွလွေလးေပၚကလက္ကေလးေတြတုန္
သြားသည္။

"Koo ဘယ္ေတာ့အိမ္ျပန္ရမွာလဲ
ခိုင္းတာေတြအားလုံးလုပ္ေပးပါ့မယ္
ျပန္ရမယ့္ေန႔ကို ေျပာျပပါလား...
ေမေမနဲ႔အဖြား Hyungကို Kooအရမ္းလြမ္းလို႔ပါ.."

ဒူးေထာက္ထားရာကေနမ်က္ရည္အျပည့္နဲ႔
ဝိုင္းစက္လြန္းသည့္မ်က္လုံးလွလွေတြက
ရိုက်ိဴးစြာေတာင္းဆိုလာဟန္သည္
Parkသခင္ေလး၏မ်က္လုံးေတြကိုၿငိမ္သက္
သြားေစသည္။

မသနားသြားခဲ့ဘူး။
ပိုၿပီးဒီထက္ ရိုက်ိဳးတာမ်ိဳးေလးကို
ပိုျမင္ခ်င္လာတဲ့စိတ္ပဲရွိတယ္။
အထူးတလည္ဆန္းၾကယ္ခဲ့ပါတယ္။

"ဘယ္ေတာ့မွမျပန္ရဘူး
မင္းကိုငါအပိုင္ဝယ္ထားတာပါလို႔
ဘယ္ႏွခါေျပာရမလဲ...ငါမင္းကိုသာ
ျပန္ေပးခဲ့ရရင္ မင္းလြမ္းေနတဲ့သူအားလုံးကို
ဖြားဖြားႀကီးကိုေျပာၿပီး နာေအာင္လုပ္ပစ္မွာ
မင္းကိုရင္ခြင္ထဲထည့္ထည့္ထားတဲ့
သူကို အဆိုးဆုံးလုပ္ပစ္မွာ..."

"Hyung ကို မထိနဲ႔!!"

မတ္တပ္ထရပ္ကာ ေအာ္ဟစ္လိုက္ပုံက
ပုံသ႑ာန္အမွန္။Parkသခင္ေလးသည္
ေအာင္နိုင္သူလိုအျပဳံးျဖင့္ေက်ာပိုးအိတ္ကို
ဂၽြန့္ဆီထပ္ပစ္ေပးလာသည္။

"လိလိမၼာမၼာသယ္ခဲ့.....ကေလးေလး"

ေျမာက္ႂကြေသာေျခလွမ္းေတြျဖင့္
အ္ိမ္ေတာ္ႀကီး၏ၾကမ္းျပင္ေပၚဖိနပ္လွလွ
ေလးျဖင့္ေလၽွာက္လွမ္းလာတဲ့သူေနာက္
ဖိနပ္မပါေသာေျခဖဝါးေလးေတြျဖင့္
ေက်ာပိုးအိတ္ပိုက္ကာ ငိုမဲ့မဲ့မ်က္ႏွာႏွင့္
လိုက္လာေသာသူ၏ ပုံရိပ္ေတြသည္
အိမ္ႀကီးထဲ ႏွစ္ေပါင္းမ်ားစြာတဝဲလည္လည္
ရွိေနဆဲ။

"ေဖေဖနဲ႔ေမေမ့ကိုသြားႏွုတ္ဆက္လိုက္ဦးမယ္"

မိဘေတြ၏အခန္းဆီဦးတည္ကာတံခါးကိုဖြင့္
လိုက္ေတာ့ ဂၽြန္က ၿငိမ္ၿငိမ္ေလးပဲရပ္ေစာင့္
ေနရသည္။အခန္းထဲဝင္ဖို႔ဟန္ျပင္ၿပီးမွ
ဂၽြန့္ကိုတစ္ခ်က္ျပန္ၾကည့္လာသည္။

"စိတ္ခ်မယ္ကေလးေလး....
ဘယ္မွမသြားနဲ႔ေနာ္..."

အိမ္ထဲေတာင္သူျပန္ထြက္လာလို႔
ေပ်ာက္ေနတာမ်ိဳးကိုလက္မခံနိုင္၍
ေသခ်ာမွာၾကားကာမိဘေတြ၏အခန္းထဲ
ကိုေျခတစ္လွမ္းစခ်ခဲ့သည္။

"ငါမင္းကိုဘယ္တုန္းကမွမခ်စ္ခဲ့ဘူးယူရာ
ေမေမ့ကိုမလြန္ဆန္နိုင္လို႔သာမင္းလို
မိန္းမမ်ိဳးကိုငါေရြးခ်ယ္ခဲ့ရတာမင္းနဲ႔ငါ
အေဝးႀကီး ငါ့ဘဝကိုဝင္စြက္ဖက္စရာ
မလိုဘူး!!!!!...."

"မခ်စ္တာသိတယ္!!!!မခ်စ္လို႔ဝမ္းနည္းေနမယ့္
မိန္းမထဲ ပက္ခ္ယူရာပါမယ္ထင္ရင္
ေသလိုက္....."

"အဲ့တာဆို ဘာလို႔ေသာက္စကားအပိုေတြ
ေျပာေနရတာလဲ!!!..."

"ရွင္လုပ္ေနတဲ့လုပ္ရပ္က
Parkအိမ္ေတာ္ရဲ့ဂုဏ္သိကၡာ
ကၽြန္မဂုဏ္သိကၡာ
သားရဲ့ ဘဝ ကို တစစီဖ်က္ဆီးပစ္နိုင္တယ္
ဆိုတာသိရဲ့လား...."

"ငါစိတ္မဝင္စားဘူး....ငါစိတ္မဝင္စားဘူး
လို႔ဘယ္ႏွခါေျပာရမလဲ မင္းပဲမက္တာ
အဲ့ဂုဏ္သိကၡာေတြကို ...."

"မိန္းမ တစ္ေယာက္ဆိုမွၾကားေကာင္းေသးတယ္
ေယာက်္ားတစ္ေယာက္ကိုတန္းတန္းစြဲေနတာ
ရွင့္ေလာက္ရြံဖို႔ေကာင္းတာမ်ိဳးမရွိေတာ့ဘူး!!!!.."

"ပက္ခ္ယူရာ!!!!..."

"ရွင့္အေမ ဘယ္လိုေျဖရွင္းမလဲေတာ့
ကၽြန္မမသိဘူး...ကၽြန္မမေစာင့္နိုင္ဘူး
ပက္ခ္ယူရာရဲ့ ဘဝရပ္တည္မွုကိုလာထိပါးရင္
ေတာ့ အကုန္လက္စေဖ်ာက္ပစ္ဖို႔
အဆင္သင့္ပဲ..."

"သူ႔ကိုမထိနဲ႔ေနာ္....."

"သူက သူမ်ားမိသားစု အိမ္ေထာင္ေရးကို
အရင္လာထိတာေလ !!!.."

"ငါရွိေနေပးတာပဲ ယူရာ ငါParkအိမ္ေတာ္အတြက္
ေကာင္းေကာင္းမြန္မြန္ ရပ္တည္ေပးေနတာပဲ...
မင္းမသိခ်င္ေယာင္ေဆာင္ေပးလို႔မရဘူးလား..."

"ရွင္ ႐ုန္းထြက္ေျပးေတာ့မွာကၽြန္မမသိဘူး
ထင္ေနလား...လူယုတ္မာရဲ့!!!!..."

ဘာေတြျဖစ္ေနတာလဲနားမလည္နိုင္။
ေဖေဖက ေယာက်္ားတစ္ေယာက္ကို
တန္းတန္းစြဲတယ္။ေမေမ့ရဲ့ရြံဖို႔ေကာင္းတယ္
ဆိုတဲ့အသံကအလြန္က်ယ္က်ယ္ေလာင္ေလာင္
နားထဲႀကိမ္ဖန္မ်ားစြာရိုက္ခတ္သြားသည္။

မိဘႏွစ္ပါးက လူျမင္ကြင္းမွာဆိုသိပ္ခ်စ္ၾက
တယ္ေလ။သူ႔ေရွ႕မွာလည္းေပ်ာ္စရာေကာင္း
တဲ့ေဖေဖနဲ႔ေမေမပါ။မခ်စ္ေနၾကဘူးလား။

"မင္းပါးစပ္ကိုပိတ္လိုက္ေတာ့!!!!..."

"အားးးး!!!.."

ပက္ခ္ယူရာ၏ေအာ္သံသည္
အလြန္ပ်က္စီးျခင္းေတြျပည့္ႏွက္ေနကာ
အခန္းဝကကေလးလန့္သြားခဲ့သည္။
ဆက္မၾကည့္ရဲနားမေထာင္ရဲေတာ့၍
အခန္းအျပင္ျပန္ထြက္ခ်ိန္ေမာပန္းကာ
အသက္ရွူသံေတြျပင္းထန္ေနသည္။

မိဘေတြရန္သူျဖစ္ၾက၍ဝမ္းနည္းတာရယ္
ေၾကာက္လန့္သြားတာရယ္ႏွင့္လက္ရွိအေျခအေန
ကိုေတာင္သူနည္းနည္းေမ့သြားသည္။
မယုံၾကည္နိုင္သလိုမတ္တပ္ေသခ်ာမရပ္နိုင္
ေတာ့၍အခန္းတံခါးကိုမွီေနလိုက္ရသည္။

ေက်ာပိုးအိတ္ပိုက္ထားေသာဂၽြန္က
ပုံမွန္မဟုတ္စြာျပန္ထြက္လာေသာ
Parkသခင္ေလးကိုျပဴးျပဴးေလးၾကည့္ေနသည္။

ၿပိဳၿပိဳလဲလဲပုံစံကိုစေရာက္ထဲကမျမင္ဖူး၍
ေသေသခ်ာခ်ာကိုၾကည့္ေနျခင္းတြင္
တစ္ဖက္ျပန္ၾကည့္လာေသာမ်က္လုံးစူးစူး
ေတြနဲ႔သြားဆုံေတြ႕ေတာ့သည္။

"မင္း ခိုးနားေထာင္ေသးလား
ဘာေတြၾကားလိုက္လဲ ငါ့ကိုေျပာစမ္း!!.."

ပတ္ရမ္းခံရျခင္းမ်ားသည္အားနည္း
သူေတြအေၾကာက္ဆုံးအရာ။မဆီမဆိုင္
ေဒါသတႀကီးသူ႔ဆီေျပးလာေတာ့
ဂၽြန္သည္ ေက်ာပိုးအိတ္ပိုက္ကာေျပးမိေျပးရာ
ေျပးေတာ့သည္။

"ရပ္စမ္း!!!!!JeonJungkook!!!!
ရပ္လို႔ငါေျပာေနတယ္!!!..."

ဂၽြန္သည္အိမ္ႀကီး၏ေလွကားေတြအတိုင္းေျပးဆင္း
ကာေနာက္ကလည္းအနက္ေရာင္အေတာင္ပံ
ေတြျဖာဝဲေနၿပီ။ဂၽြန္သည္ၾကဳံရာေျပးရင္း
ေလွကားထစ္ဆုံးသည္ႏွင့္တစ္စုံတရာျဖင့္
ေျပးတိုက္မိေတာ့သည္။

"ဟ ဟ ...ParkJimin အ႐ုပ္ေလး
ေစာေစာစီးစီး ဘယ္လိုေတြျဖစ္...."

"TaeHyung ဖမ္းထားစမ္း!..."

ေက်ာင္းသြားဖို႔ ေအာက္ထပ္ကို
ေရာက္ေနၿပီျဖစ္ေသာ ေနာက္ထပ္တစ္ေယာက္
ဆီသို႔ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္မိသြား
သည္။ အကၤ်ီ လည္ပင္းစအားဆက္ခနဲဆြဲကာ
ဖမ္းလိုက္ၿပီး ဂၽြန့္ကိုျပဳံးျပလာသည္။

"ေဆာ့ေနတာ ေပ်ာ္စရာပဲ
ငါ့လည္းေခၚၾကဦးေလ...ပါခ်င္တယ္..."

"ေဆာ့ေနတာမဟုတ္ဘူး
လိုက္ရိုက္လို႔ ေျပးေနရတာ လႊတ္ေပး!!.."

"မလႊတ္ေပးပါဘူး
Jimin ကဖမ္းဆို ငါကဖမ္းရတယ္
Jimin ကိုငါလည္းေၾကာက္ရတယ္.."

ေရွ႕မွာလည္း ျမင္ရတိုင္းကုတ္ဖဲ့ပစ္ခ်င္တဲ့
ထူးထူးဆန္းဆန္းမ်က္ႏွာ။ေနာက္မွာလည္း
ျမင္တာနဲ႔ ရြံ႕ေတြနဲ႔အႀကိမ္ႀကိမ္ထပ္သုတ္ခ်င္
တဲ့ ဆန္းဆန္းျပားျပားမ်က္ႏွာ။

မေက်နပ္ျခင္းေတြသည္၂ေယာက္လုံးအေပၚ
ထိုအခ်ိန္ထဲကအၿငိဳးတႀကီး။
အံေတြႀကိတ္ထားရသည္။

ထို႔ေၾကာင့္၂ေယာက္လုံးအေပၚခြင့္မလႊတ္ခဲ့ဘူး။
ထို႔ေၾကာင့္၂ေယာက္လုံးကိုမစာနာေပးခဲ့ဘူး။
ထို႔ေၾကာင့္၂ေယာက္လုံးအေပၚအၿငိဳးက
ဘယ္တစ္ေယာက္ဆီမွာမွမေလၽွာ့မပါးခဲ့ဘူး။
ႏွစ္ေယာက္လုံးရဲ့ငိုေႂကြးျခင္းနဲ႔အရွုံးတရားေတြဟာ
အလိုခ်င္ခဲ့ဆုံးေတြျဖစ္လာခဲ့တယ္....။

TaeHyung လက္ထဲကယက္ကန္ယက္ကန္
ကေလးေလးဆီကို Parkသခင္ေလးက
အလြန္တင္းမာေသာမ်က္ႏွာျဖင့္ေလၽွာက္လာကာ

"ခုနကအခန္းေရွ႕မွာမင္းဘာကိုၾကားၾကား
ဒီအိမ္ကဘယ္သူ႔ကိုမွမေျပာရဘူး...တစ္ေယာက္
သိသြားလို႔ကေတာ့ မင္းေျခေထာက္ေတြကိုခ်ိဳးပစ္မယ္"

"ဘာ..မွ မၾကားပါဘူးဆို...!!.."

TaeHyung လက္ထဲမွ သည္းမခံနိုင္ေတာ့စြာ
ထေအာ္ေတာ့ TaeHyung သည္ဂၽြန့္အား
ျပဳံးရယ္ၿပီးမၾကည့္ေတာ့ဘူး။

"အသံကိုျပင္စမ္း...မင္းကမ်ားသူ႔ကို
ဘယ္လိုေလသံနဲ႔ျပန္ေအာ္ရဲတာလဲ...."

TaeHyungကသူ႔အေမပုံစံခ်ထား၍
Jimin ဟာသူ႔ဘုရင္ပဲ။ဘယ္ေတာ့မွ
Jimin ကို သူ႔မိသားစုအရွိန္ေၾကာင့္ေရာ
အေမ့စကားေတြေၾကာင့္ေရာႏွင့္
မေလးမစားမလုပ္ခဲ့ဖူးပါ။
Jiminကိုလာလုပ္ရင္လည္းသူမႀကိဳက္တတ္ပါ။

တစ္ခုခုလုပ္ေတာ့မလိုဂၽြန့္ကိုျပင္းျပင္းထန္ထန္
မ်က္ႏွာျဖင့္စူးစူးစိုက္စိုက္ၾကည့္ေနေတာ့
Parkသခင္ေလး သက္ျပင္းတစ္ခ်က္ခ်ကာ

"TaeHyung လႊတ္ေပးလိုက္
ေက်ာင္းသြားရေအာင္..."

လႊတ္ေပးလိုက္ျခင္းသည္မညႇင္မသာ။
ဂၽြန္သည္ TaeHyung အားေစာင္းၾကည့္ေနဆဲ။

ထို႔ေနာက္Parkသခင္ေလးသည္မၾကည္လင္လြန္း
ေသာမ်က္ႏွာျဖင့္ ေက်ာင္းသြားရန္ ထြက္ခဲ့သည္။
ေရွ႕ကဦးေဆာင္ထြက္ခဲ့ၿပီး ညာဘက္တြင္
ေက်ာပိုးအိတ္ကိုင္သူဂၽြန္ရွိေနၿပီး ဘယ္ဘက္တြင္
TaeHyung ရွိေနသည္။

ဤပုံရိပ္ဟာအရြယ္ေတြငယ္ေသးတဲ့အခ်ိန္မွာ
ကေလးေလးေတြမို႔ခ်စ္စရာေကာင္းခဲ့ၿပီး
အရြယ္ေတြေရာက္လာတဲ့အခါတြင္
ခ်စ္စရာမေကာင္းေတာ့ဘဲအလြန္ခမ္းနား
ႀကီးက်ယ္ခဲ့ပါ၏။

အသင့္တံခါးဖြင့္ေပးထားေသာကားေပၚ
ဒီေန႔ထူးထူးဆန္းဆန္းသူတစ္ေယာက္ထဲမစီးခဲ့ပါ။
TaeHyung ကိုေခၚသြားခဲ့သည္။

ကားတံခါးေစာင့္ပိတ္ကာTaeHyung ကို
ကိစၥေတြကိုေျပာျပဖို႔ဟန္ျပင္ေတာ့
မွန္တံခါးကိုလာေခါက္ေသာလက္ေသးေသးေလး
ေတြ။Parkသခင္ေလးသည္စိတ္တိုသြားေသာ
မ်က္လုံးေတြျဖင့္မွန္ခ်လိုက္ကာ

"ဘာလဲ ဘာလဲ...."

"ေက်ာပိုးအိတ္ ေမ့က်န္ခဲ့တယ္...."

ေက်ာပိုးအ္ိတ္ေလးကိုေသေသခ်ာခ်ာ
ကားထဲမမွီမကမ္းထည့္ေပးလာသည္။
ေက်ာင္းသြားတက္တာေက်ာပိုးအိတ္ေမ့တဲ့
ကိုယ့္ကိုကိုယ္ မယုံနိုင္လြန္းလို႔ဆက္ခနဲ
ယူလိုက္ကာ ေခါင္းလုံးလုံးေလးထြက္လာၿပီး

"ငါ ေမ့တာ မဟုတ္ဘူး
ParkJimin က စာကိုဦးေႏွာက္ထဲမွာ
အၿပီးမွတ္တဲ့သူမလို႔ ေက်ာပိုးအိတ္ကပါလည္း
ရတယ္ မပါလည္းရတယ္"

သူ႔ဦးေႏွာက္အဲ့ေလာက္ေတာင္ပဲေကာင္းသလား
ဟုေတာထဲကကေလးေလးကေၾကာင္အအပဲ
ၾကည့္ေနသည္။

"ေနာ္....TaeHyung..."

"ဟုတ္တယ္....မွတ္ထားလိုက္ေသေသခ်ာခ်ာ.."

"ဦးေလးKim ေမာင္းေတာ့...."

အိမ္ေတာ္ထဲကေနကားအေကာင္းစားႀကီး
သည္တေျဖးေျဖးေရြ႕လ်ားသြားခဲ့သည္။
ဂၽြန္သည္ ျမက္ခင္းစိမ္းစိမ္းေပၚတစ္ေယာက္
ထဲက်န္ရစ္ခဲ့ရကာ သူ႔တာဝန္ေတြနဲ႔သူ
သြားလာလွုပ္ရွားေနေသာလူေတြကိုလိုက္ၾကည့္
ေနသည္။

စေရာက္လာထဲကအိမ္ျပန္ခ်င္လို႔
တစ္ဦးတစ္ေယာက္ကိုမ်က္လုံးခ်င္းဆုံမိသည္ႏွင့္
အကူအညီမ်ားရနိုင္မလားေျပးေျပးသြားခဲ့
ေပမယ့္ အားလုံးသည္ သူ႔ကိုေရွာင္ဖယ္သြားခဲ့
ၾကခဲ့ၾကသည္။ဂၽြန္ဟာ ဘယ္သူ႔ကိုမွလည္း
လိုက္မၾကည့္ေတာ့ဘဲ ျမက္ခင္းျပင္တစ္ေနရာ
ဆီသြားကာ ၿငိမ္ၿငိမ္ေလးထိုင္ေနခဲ့သည္။

ဘယ္လိုပဲျဖစ္ျဖစ္Hyung လာကယ္မယ္ဆိုတာ
ယုံေနသည္။Hyung ကိုအရမ္းသတိရပါသည္။
အလြန္ခက္ခဲပင္ပန္းေနရေသာအေျခအေန
ေတြကို ဒူးႏွစ္ဖက္ပိုက္ကာခံစားေနရင္းမ်က္ရည္
ေပါက္ေတြသည္ဆက္တိုက္က်ဆင္းလာသည္။

ေန႔တိုင္းငိုရလြန္း၍ဒီေန႔ေတာ့သိပ္မငိုေတာ့ဘူး
Hyungေရာက္လာမလားလို႔တစ္ေနကုန္
ဒီေနရာေလးမွာေစာင့္ေနမယ္ဟုဆုံးျဖတ္ခဲ့ေပမယ့္
အားငယ္ဝမ္းနည္းလာမွုသည္မငိုဘဲမေနနိုင္ခဲ့ပါ။

"Hyung က မလာေတာ့ဘူးလား...
Koo ကိုမခ်စ္ေတာ့လို႔လား...
Koo ကိုေမ့ေနတာလား...."

လက္ေတြေပၚေခါင္းငုံ႔က်သြားကာ
တုန္ခိုက္ေနေသာကေလးတစ္ေယာက္၏
ငိုေႂကြးမွုသည္တိုးရွေပမယ့္နာက်င္မွုေတြက
ေတာ့အလြန္က်ယ္ေလာင္ခဲ့ပါသည္။

ငိုေနရင္းေနာက္ကိုျပန္လွည့္ကာParkအိမ္ေတာ္
ႀကီးကိုလွမ္းၾကည့္မိေတာ့မုန္းတီးစိတ္သည္
အရွိန္အဟုန္ျဖင့္။ဤေနရာႀကီးတစ္ခုလုံးကို
ေဖ်ာက္ဖ်က္ပစ္လိုက္ခ်င္သည္အထိစိတ္နာခဲ့သည္။

"Jungkook နင္ ေန႔တိုင္းအိမ္ေရွ႕တည့္တည့္မွာ
နိမိတ္မေကာင္းေအာင္ဘယ္အခ်္ိန္အထိငိုေန
မွာလဲ လာ ထမင္းစားခ်ိန္ေရာက္ၿပီ...."

"မစားခ်င္ဘူး...."

"ခုခ်္ိန္မစားရင္ ငါတို႔ထပ္စီစဥ္မေပးေတာ့ဘူး
လာစရာ ရွိတာလာ..."

လက္ေမာင္းရင္းကေနဆြဲေခၚသြားေတာ့
မ်က္ရည္ေတြနဲ႔ပါသြားခဲ့သည္။
အ္ိမ္မွာထက္ေကာင္းေပ့ဆိုေသာဟင္းေတြႏွင့္
ေန႔တိုင္းေတြ႕ရလည္း ေကာင္းေကာင္းမစားနိုင္ခဲ့ပါ။
Hyungကိုသတိရသြားလၽွင္ အစာေတြတစ္ခုမွ
မ်ိဳခ်လို႔မရေတာ့ဘူး။

အေနအထိုင္လည္းဆင္းရဲခဲ့သလို
အစားစားဖို႔လည္းမလြယ္ကူခဲ့ပါ.....။

~~~~~

"ယြန္မီ....ငါသတ္မွာ...ငါဆုံးျဖတ္ၿပီးၿပီ
နင္လိုအပ္တာနည္းနည္းကူညီ..."

"နင္ေသခ်ာစဥ္းစားၿပီးလို႔လား.."

"၂ခါဘာလို႔ျပန္စဥ္းစားရမွာလဲ
လူေတြသိသြားရင္ ဘာမွအဖက္ဆယ္လို႔ရမွာ
မဟုတ္ေတာ့ဘူး မိန္းမတစ္ေယာက္ဆိုရင္ေတာင္
Parkအိမ္ေတာ္ရဲ့ေဖာက္ျပန္မွုကိုလူသိခံလို႔မရတာ
ေယာက်္ားတစ္ေယာက္ျဖစ္ေနတာ နင္ဆိုရင္ေရာ..
နင့္ေယာက်္ားက နင့္မႀကိဳက္ဘဲ ေယာက်္ား
တစ္ေယာက္ကိုပိုတိမ္းညႊတ္ေနရင္ေရာ..."

"ငါနားလည္ပါတယ္...."

"နားမလည္လို႔လည္းမရပါဘူး
လူေတြသိသြားရင္ ငါအရင္ထိခိုက္မွာ
ငါ့ကိုႀကိတ္ၿပိဳင္ ႀကိတ္မုန္းေနတဲ့ဟာေတြ
ထႂကြေပ်ာ္ရႊင္ၾကမွာ ကိုယ့္ဟာကိုယ္
ဘာကိုပဲရင္ဆိုင္ရရင္ဆိုင္ရ ယြန္မီ
ႀကိတ္မုန္းေတြကိုေတာ့ ငါေပ်ာ္ခြင့္လုံးဝမေပးဘူး"

"ဘာလို႔ေပးရမွာလဲ ...နင္နဲ႔ငါထပ္တူပါ
ငါက ငါတို႔လုပ္တာေျဖရွင္းမွုအမွန္မဟုတ္ေနမွာ
စိုးတာ..."

"မုန္းတယ္....ျပႆနာေျဖရွင္းတာထက္
မုန္းလို႔.....မုန္းလို႔ လုပ္မွာ...မွန္တယ္မွားတယ္
မရွိဘူး.."

"ငါတို႔မနက္ျဖန္ဆုံမယ္ယူရာ"

"ေကာင္းၿပီ...ဆုံေနက်ဆိုင္မွာေစာင့္ေနမယ္"

ဝရံတာမွာေပၚေပၚထင္ထင္ကိုစီးကရက္ေသာက္ၿပီး
ေတာက္ေလာင္မွုေတြနဲ႔ဖုန္းေျပာေနသူသည္
ရဲရဲေတာက္ဝတ္စုံျဖင့္။စီးကရက္ကုန္သြားတဲ့အခါ
လႊတ္ခ်လိုက္ၿပီးဖိနပ္ဦးျဖင့္အံႀကိတ္ကာနင္းႀကိတ္
ေနပုံသည္ လုံးဝအၿငိဳးတႀကီး။

"Parkအိမ္ေတာ္ပိုင္ရွင္ဟာ ငါ့အပိုင္ပဲ...
အဆင့္ျမင့္ဆုံးမိသားစုဘဝဟာငါ့အပိုင္ပဲ..
ဒီအေႁခြအရံ ဒီစည္းစိမ္ဂုဏ္သိကၡာေတြကို
ငါဘယ္လိုတည္ေဆာက္ခဲ့ရလဲ...
ဘယ္သူမဆို လာေႏွာက္ယွက္လုယူဖို႔လုပ္လာရင္
ေတြးထားတာတစ္လမ္းထဲ ေသလမ္း...."

ေလေျပတစ္ခ်က္တိုက္ခတ္သြားတဲ့အခါ
ပက္ခ္ယူရာရဲ့ မီးေလာင္ေနေသာ
မ်က္လုံးေတြေရွ႕ကဆံစေတြဖယ္ခြါသြားၾကသည္။

မုန္တိုင္းေပါင္းမ်ားစြာမလာခင္
စို႔နစ္ေသာငိုသံေတြမၾကားရခင္
က်ယ္ေလာင္ေသာေအာ္ဟစ္သံေတြ
မထြက္ေပၚလာခင္ ေလေျပလာသည္ဟု
သတ္မွတ္၍ရခဲ့သည္။

အိမ္ႀကီးသည္ပ်က္ဆီးေတာက္ေလာက္ျခင္း
အေငြ႕အသက္ေတြျဖင့္။

~~~~~~~။

2023....။

"ဒီေန႔ေတာ့ေတြ႕မယ္ ဒီေန႔မွမေတြ႕ရင္
အဲ့CEOကို အၿပီးလက္ေလၽွာ့လိုက္ေတာ့မယ္
မလိမ္ဘူး အတည္ ....ဘယ္ႏွယ့္
JungHoseokလိုအေနအထားကို
သူက အႏုပညာရွင္ေပါက္စေလးလို
မေလးမစားလုပ္ေနတာ...ငါသူ႔ Brandကိုခုဝတ္
ခု Soldout တယ္..တန္ဖိုးေတြက္ို
လုပ္ငန္းရွင္ျဖစ္ၿပီးနားမလည္ဘူး"

အနက္ကားတစ္စီးေပၚကဆင္းလာေသာ
Celebrity ျဖစ္တည္မွုတစ္ခုသည္
ေပါက္ကြဲမွုသံမ်ားျဖင့္စမတ္တက်လမ္း
ေလၽွာက္လာကာ ေဘးနားကမန္ေနဂ်ာ
ျဖစ္သူအားေျပာဆိုေနသည္။

"ဟိုေန႔ ကReason ကဘာ...
သူ႔သူငယ္ခ်င္းနဲ႔ေတြ႕ဖို႔ သူငယ္ခ်င္းနဲ႔
ေတြ႕ဖို႔နဲ႔ သူ႔ကိုပိုက္ဆံသန္းခ်ီရွာေပမယ့္
JungHoseokနဲ႔ကဘယ္ဟာပိုအေရးႀကီးလဲ
ေဒါသထြက္ဖို႔ေကာင္းလိုက္တာ
ဘယ္လို Respect မရွိတဲ့လုပ္ငန္းရွင္ပါလိမ့္..."

"CEO Kimက နည္းနည္းတစ္မ်ိဳးမလို႔ပါ
လုပ္ငန္းရွင္ေတြကဒီလိုပါပဲ Hopeရယ္..."

"JungHoseok ကိုတစ္မ်ိဳးလာလုပ္လို႔မရဘူး
ငါဒီေန႔လာခဲ့တာလည္း ငါစာခ်ဳပ္မခ်ဳပ္ေတာ့
ဘူးလို႔ေျပာဖို႔..."

"စိတ္လက္မာန္ပါေတြမလုပ္ပါနဲ႔...
ဒီCompany က ေတာင္ကိုရီးယားမွာ
No 1ဆိုတာသိရက္နဲ႔ သူတို႔ကတကူးတက
လာကမ္းလွမ္းတာေလ ..."

"ငါ့ကို ကမ္းလွမ္းၿပီး ငါ့ကိုေလးစားမွုမရွိရင္
ဘယ္ေလာက္ေအာင္ျမင္ ေအာင္ျမင္Sorryပဲ.."

"ေကာလဟာလေတြၾကားတာ
CEO Kimက ခုႏွစ္ပိုင္းMentalပိုင္းေတြ
ေတာ္ေတာ္Downေနတာတဲ့အလုပ္ေတြ
လည္းေသခ်ာမကိုင္တြယ္နိုင္လို႔ယုံၾကည္ရသူ
ေတြနဲ႔ဆက္လည္ပတ္ေနတာ..."

"Downတာသူ႔ကိစၥ ငါမDownဖူးလို႔မသိဘူး
ငါ ျငင္းစရာရွိတာျငင္းမွာပဲ..."

"Hopeေရ ငါတို႔ Instagram ေတြ
Twitter ေတြမွာ Fanေတြကို စပြိဳင္းထားၿပီးၿပီေလ.."

"CEOကိုၾကည့္မရလို႔မလုပ္ေတာ့ဘူးေျပာ
လိုက္မယ္ ၿပီးေရာတစ္ခါထဲပြဲျဖစ္..ေအးေရာ.."

"Hope ....."

"ေအးေဆးေပါ့ ဘဝမွာေလ
ဘာကိုမွစိုးရိမ္တႀကီးမေတြးထားနဲ႔
ကိုယ္ဒါကိုလုပ္ခ်င္ရင္လုပ္လိုက္
ငါမေက်မနပ္နဲ႔ လက္တြဲလိုက္ရမွာနဲ႔စာရင္
ငါေက်ေက်နပ္နပ္သြားေခ်လိုက္တာမ်ိဳးက
ပိုအရသာရွိတယ္ ကိုယ့္စိတ္ကိုယ္ေပ်ာ္ဖို႔ပဲ
ေခါင္းထဲကိုထည့္...."

ေႏွးမသြားဖူးတဲ့ေျခလွမ္းေတြ။မွိန္မသြားဖူးတဲ့
ကိုယ္ေရာင္ကိုယ္ဝါ။အလန္းဆန္းဆုံးဟန္ပန္ဟာ
အျမဲတမ္းေတာက္ပရႊင္လန္းေနသည္။

"အဲ့တာကေတာ့ အဲ့တာေပမယ့္...."

အနက္ေရာင္ေနကာမ်က္မွန္ျဖင့္ဆံပင္ေတြအား
လုံးအားလွန္တင္ထားတဲ့သူသည္ Kimလုပ္ငန္းစု
အေဆာက္အအုံအျမင့္ႀကီးထဲသို႔ေျမာက္ေနေသာ
ေျခလွမ္းေတြႏွင့္မန္ေနဂ်ာအားစကားလွည့္လွညိ့ေျပာ
ရင္ေလၽွာက္လာသည္။

"ငါက JungHoseokလား
မင္းက Jung Hoseokလား....
ငါလုပ္ခ်င္တာလုပ္မယ္...ထပ္မေျပာနဲ႔ေတာ့....
ထပ္ေျပာရင္....အ!!!..."

"Hope!"

ေရွ႕ကိုမၾကည့္ဘဲေနာက္ကိုသာေဟာက္ခ်င္စိတ္
မ်ားသူသည္တစ္စုံတေယာက္ျဖင့္အရွိန္ျပင္းစြာ
ဝင္တိုက္ခဲ့ေတာ့သည္။အရွိန္ပါတဲ့အခါHope
သည္ဒီဇိုင္းဆန္းဖိနပ္ကိုလည္းစီးထားတာမလို႔
အနည္းငယ္မရင္းႏွီးေသးတဲ့အခါဟန္ခ်က္ပ်က္
သြားလၽွက္လဲက်သြားသည္။

ေခ်ာ္လဲသြားၿပီဟုသတ္မွတ္လိုက္ၿပီး
မနက္ျဖန္Internet တခြင္ျပဲျပဲစင္ေတာ့
မည့္ကိုယ့္ဘဝကိုယ္ေတြးလိုက္မိေပမယ့္
ၾကမ္းျပင္ေပၚျပဳတ္က်မသြားဘဲ
လဲက်သြားသည္ကရင္ခြင္တစ္ခုထဲ။

မ်က္လုံးစုံမွိတ္လိုက္ရာမွမနာက်င္သြား၍
မ်က္လုံးေတြဖြင့္လိုက္တဲ့အခါမွိုင္းျပ
စူးရွေနေသာမ်က္ဝန္းတစ္စုံကိုေတြ႕လိုက္ရသည္။
ၿပီးေတာ့ ႏွာတံလွလွေလး။အဲ့ဒီႏွာတံထိပ္နားက
မွဲ႕ေလးတစ္ခု။အလြန္ေခ်ာေမာခန့္ညားလြန္းေသာ
မ်က္ႏွာတစ္ခုသည္ သူ႔ကိုမ်က္ေမွာင္ေတြက်ဳံ႕ကာ
ၾကည့္ေနသည္။

ဘယ္ဘက္ရင္ဘက္တစ္ေနရာသည္ဒုတ္ခနဲ။
မရည္ရြယ္ပါဘူး။အလိုလိုထခုန္တာ။

"လမ္းမေလၽွာက္တတ္ဘူးလား...."

Model ကိုလမ္းမေလၽွာက္တတ္ဘူးလားတဲ့။
ဩရွရွအသံႏွင့္ထိုေမးခြန္းကိုေမးလာေတာ့
ေငးေနရာကအသိျပန္ဝင္လာကာျမန္ျမန္မတ္တပ္
ျပန္ရပ္လိုက္သည္။

"သြားမယ္...."

စကားတစ္ခြန္းေျပာဖို႔အရွိန္ယူလိုက္႐ုံရွိေသး
ေနာက္ကကိုယ္ရံေတာ္လိုလူေတြကိုေခၚကာ
ဆက္ထြက္သြားသည္။

"CEO !! CEO!!..."

ေနာက္မွ ဝန္ထမ္းေကာင္မေလးတစ္ေယာက္
ေျပးလိုက္လာတဲ့အသံၾကားမွခုနလူက
CEO Kimဟုသိလိုက္ရတဲ့အခါ Hoseok
မ်က္လုံးေတြျပဴးသြားသည္။

"ေန ေန ပါဦး သူက CEOလား..."

ေကာင္မေလးအားလွမ္းဆြဲကာေမးေတာ့
ငိုမဲ့မဲ့မ်က္ႏွာျဖင့္ေခါင္းၿငိမ့္ျပလာသည္။

"ကၽြန္မအားနာပါတယ္ အစ္ကိုရယ္
CEOသူငယ္ခ်င္းကလွမ္းေခၚလို႔ပါ...
ကၽြန္မ အစ္ကိုနဲ႔ခ်ိန္းထားတာကိုေသခ်ာ
ေျပာျပထားတာ အခ်ိန္ေတြကအျမဲအကိုက္
ျဖစ္ျဖစ္ေနတယ္..."

လာျပန္ၿပီလား ဒီသူငယ္ခ်င္း...။
တကယ္ဆိုသူ႔လက္ေထာက္နဲ႔ကိစၥအားလုံး
ကၿပီးၿပီဆိုေပမယ့္မာနကလည္းCEOနဲ႔မွ
ၿပီးျပတ္စကားေျပာခ်င္တာ။
သူ႔အေပၚ Respect မရွိတာ၂ခါရွိသြားၿပီ။
ျငင္းဖို႔ေတာင္ျငင္းခ်ိန္မရတဲ့ဘဝ။

တစ္ခ်က္မွေတာင္လွည့္မၾကည့္ဘဲ
ေရခဲတုံးလိုမ်က္ႏွာမ်ိဴးျဖင့္မွုံကုတ္ေနေအာင္
ထြက္သြားပုံသည္ေသြးေတြကိုဆူပြက္ေစကာ
Company အလည္ထေအာ္ပစ္လိုက္ရရင္
မွန္ေတြအားလုံးေပါက္ကြဲထြက္သြားနိုင္သည္။

"KimTaeHyung ......ဒီအ႐ူးကေတာ့....."

မ်က္ႏွာေတြနီျမန္းလာကာလက္သီးေတြပါ
ဆုပ္လာေတာ့မန္ေနဂ်ာေကာင္ေလးသည္
Hopeအား ေခ်ာ့ကာေမာ့ကာCompany
အျပင္ဘက္သို႔ျပန္ေခၚသြားခဲ့သည္။

ကားေပၚေရာက္တဲ့အခါ ေမတၱာပို႔သသံေတြသည္
မိနစ္ေပါင္းမ်ားစြာပါပဲ။

~~~~~~~~~~။

Continue Reading

You'll Also Like

54.1K 5.1K 28
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...
366K 38.3K 42
လက်ထဲက ဘေ့စ်ဘောရိုက်တံကိုကျစ်ကျစ်ကိုင်လို့ ပစ်မှတ်ကိုသေချာအာရုံစိုက်တယ်..... ဒီတစ်ခေါက် ဝမ်ရိပေါ်ရဲ့ ပစ်မှတ်က ဘောလုံးမဟုတ်တဲ့ နှလုံးသားတစ်ခုဖြစ်တယ်...
432K 68.4K 70
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
731K 37.8K 67
JEON JUNGKOOK X KIM TEAHYUNG មានត្រឹមតែនាមជាប្រពន្ធក្នុងអេតាសុីវិលមួយសន្លឹក ដែលមិនបានរៀបការឲ្យមហាជនបានដឹង តេីចិញ្ចៀនមួយវង់នេះអាចបញ្ជាក់បានរឺទេ?? ...