ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြ...

By Greentealay-

1M 153K 7.6K

Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47... More

{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23•1}
{23.2}
{23.3}
{ 24}
{25}
{26}
{27}
{28}
{29}
{ 30 }
{31}
{32}
{34}
{33}
{35}
အဆက်
{36}
{37}
{38}
{39}
{40}
{41}
{42}
{အဆက်}
{43}
{44}
{45}
{46}
{47}
{48}
{49}
{50}
{51}
{52}
{53}
{54}
{55}
{56}
{57}
{58}
{59}
{60}
{61}
{61.1}
{62}
{62.1}
{63}
{64}
{65}
{66}
{67}
{68}
{69}
{ 70}
{71}
{72}
{73}
{74}
{75}
{76}
{77}
{78}
{79}
{80}
[81]
{82}
{83}
{83-1}
{84}
{85}
{86}
{86-1}
{87}
{88}
{89}
{90}
{91}
{92}
{93}
{94}
{95}
{97}
{98}
{99}
{100}
{ 101}
{102}
{103}
{104}
{105}
{106}
{107}
{108}
{109}
{110}
{111}
{112}
{113}
{114}
{115}
{ 116}
{117}
{119}
{120}
{121}
{118}
{122}
{123}
{124}
{123-2}
{125}
{126}
{127}
{128}
{128-2}
{129}
{130}
{131}
{132}
[133]
{134}
{135}
{136}
{137-1}
{137-2}
{138}
💙
{138}
{139}
💙
{140}
{141}
{142}
{143}
{144}
{145}
အဆက်
{146}
[147]
{148}
💙
{149}
{150}
အဆက်
{151}
အဆက်
{152}
{153}
{154}
{155}
{156}
{157}
{158}
{159}
{160}

{96}

4.3K 842 63
By Greentealay-

「Unicode 」

ကျိချင်းကျိုး အရင်လိုပဲပြန်ဖြစ်သွားမှ ချူချန် စိတ်သက်သာရာရသွားသည်။ကျိချင်းကျိုးဘက်က စည်းကျော်ပြီး သူ့ပေါ်ခံစားချက်တွေဖြစ်တည်လာမှာကို သူစိုးရိမ်နေမိတာကြာခဲ့ပြီဖြစ်သည်။ထို့ကြောင့် ကျိချင်းကျိုးအား ရင်းရင်းနှီးနှီးအပြုအမူတွေမလုပ်ရန် သူအတော်ကြာ ချမှတ်ထားခဲ့တာဖြစ်ပြီး နောက်ပိုင်း သူအနေခက်သွားမှာ မလိုချင်သောကြောင့် ပြန်ပြီး ရင်းရင်းနှီးနှီးနေခဲ့တာဖြစ်သည်။

မနေ့ညက ကျိချင်းကျိုးအိပ်ပျော်သွားပြီးနောက် ချူချန်ကတော့ ခင်ဗျားထွက်သွားတယ်လို့ အိပ်မက်မက်တယ် ဟုဆိုလာပါသော ကျိချင်းကျိုး၏စကားကိုသာ ဆက်တွေးနေခဲ့မိသည် ။ သူထွက်သွားတဲ့ အိပ်မက်ကြောင့် ကျိချင်းကျိုး ငိုလိမ့်မယ်လို့ သူမမျှော်လင့်ထား။နောက်ပိုင်း သူတို့စာချုပ်ပျက်သွားရင် သူဘယ်လိုတုံ့ပြန်လိမ့်မလဲ? ထိုကိစ္စပေါ် ကျိချင်းကျိုး အရမ်းပဲဝမ်းနည်းနေလိမ့်မလား။

ဖြစ်နိုင်ခြေတွေလိုက်တွေးနေသည့်ချူချန်ပါ အကြောင်းရင်းမရှိဝမ်းနည်လာပါ၏။သူ တစ်ညလုံး ကောင်းကောင်းအိပ်မပျော်ခဲ့ပါ။မနက်ခင်းလည်း အချိန်မီရုံးသွားဖို့ အိပ်ရာမထခဲ့။ကိုယ့်လက်ထဲခိုဝင်နေပါသောလူသားအားကြည့်ကာ နှလုံးသားထဲ ဝရုန်းသုန်းကားဖြစ်နေသည်။

ကံကောင်းချင်တော့ ကျိချင်းကျိုးသည် အိပ်ရာနိုးတည်းက အရင်ပုံစံတိုင်းလေးပဲပြန်ဖြစ်သွား၍သာ။သို့ပေမယ့် သူတကယ်ပဲ အဆင်ပြေသွားသည်လား၊ဟန်ဆောင်ဖုံးကွယ်ထားသလားတော့ ချူချန်မသိနေခဲ့ပါ။သူ အရွယ်ရောက်လာတည်းက တစ်ခါမှ မချစ်ခဲ့ဖူးသလို ဘယ်သူ့ကိုမှလည်း သဘောမကျခဲ့ဖူးပါ။ထို့ကြောင့် ကျိချင်းကျိုး သူ့ကို သဘောကျသွားမှာ အရမ်းကြောက်မိသလို ကျိချင်းကျိုးကို နာကျင်စေမိမှာလည်း သူကြောက်နေမိပါသည်။

တိတ်တဆိတ်သာ သက်ပြင်းမောချလိုက်ပြီး စောင်မ၍ အိပ်ရာထလိုက်သည်။

သူတို့နှစ်ယောက် အရင်လိုပဲ တူတူစားကြသောက်ကြပြီးနောက် သူလည်း အဆင်ပြေသွားပြီဖြစ်၍ ချူချန်က ကုမ္ပဏီထွက်သွားလေသည်။ ကျိချင်းကျိုးသည် ဆိုဖာပေါ်မှာ ထိုင်ရင်း အကြာကြီး တိတ်ဆိတ်နေကာ ပြီးမှ ဖုန်းထုတ်၍ လျန်ကျင်းရှင်နဲ့ ယင်းနျန်ထံ WeChatကနေ စာပို့လိုက်သည်။

{ကျွန်တော်တစ်လတွင်း အိမ်ပြောင်းတော့မှာမို့ အိမ်ငှားချင်တာ။အဲ့တာ စိတ်ချရမဲ့အိမ်လေးများ သိကြလားဟင်။ကျေးဇူးပါ}

လျန်ကျင်းရှင်က အလုပ်များနေ၍ ဖြစ်မည် သူဆီစာပြန်မလာပေမယ့် ယင်းနျန်ကတော့ ချက်ချင်း ဖုန်းဆက်လာသည်။

“မင်း အိမ်ရှာချင်လို့လား”

“အွန်း” ကျိချင်းကျိုး ပြန်ဖြေလိုက်သည်။

သူနှင့်ချူချန်တို့ရဲ့ စာချုပ်သက်တမ်းကုန်မည့်ရက်က ဩဂုတ်လအကုန် စက်တင်ဘာလအစမှာဖြစ်သည်။လက်ရှိ သူ့ကျော်ကြားမှုနှင့်ဆိုပါက မူလပိုင်ရှင်ငှားနေသည့် အရင်အိမ်လေးမှာပဲ ဆက်နေ၍ မရတော့ပေ။လုံခြုံရေးကောင်းတဲ့ နေရာတစ်ခုကို ရှာဖို့ လိုအပ်နေပြီဖြစ်သည်။သို့တိုင် ဒီကိစ္စအား ချူချန်ကို ပေးမသိချင်သည့်အတွက် ကျိုးချန်ဖုန်းနဲ့ ယွီအန်းယီကိုတောင် မမေးဘဲ ယင်းနျန်နှင့်လျန်ကျင်းရှင်ကိုပဲ မေးရတာပင်။

“အင်း။ရှိတယ်လေ”

“ဒါပေမယ့် မင်းဘာလို့ ချူချန်ကို မမေးတာလဲ။သူမှာဆို ပိုပြီး စိတ်ချရမဲ့အိမ်တွေရှိနေမှာ”

“သူ့ကို မမေးတော့ဘူး။စိတ်အနှောင့်ယှက်မပေးချင်လို့”

စာချုပ်သက်တမ်းအတွင်း သူ့ကြောင့် ချူချန်ကို အများကြီး စိတ်အနှောင့်ယှက်ဖြစ်စေခဲ့သည်။အခုစာချုပ်လည်း ဖျက်ခါရနီးပြီဖြစ်၍ ချူချန်ကို ဒုက္ခမပေးချင်တော့ပါ- ချူချန်မပါတဲ့နေ့ရက်တွေကို သူနေထိုင်တတ်ရမည်ဖြစ်သည်။

သူတို့ကြားတစ်ခုခုဖြစ်နေပြီဆိုတာ ယင်းနျန်သတိထားမိသွားပေမယ့် ချူချန်နဲ့ကျိချင်းကျိုးက အမြဲတမ်း သူတို့က ညီအစ်ကိုတွေပါလို့သာ ပြောလေ့ရှိသဖြင့် သူလည်း မမေးခဲ့။

“ငါငှားနေတဲ့ အိမ်အောက်ထပ်လေ။မင်းစိတ်ဝင်စားရင် တစ်ချက်လောက်လာကြည့်ကြည့်။ပတ်ဝန်းကျင်အနေအထားက ကောင်းသလို လုံခြုံးရေးကလည်း အရမ်းစိတ်ချရသောပဲ။အိမ်တစ်အိမ်တွက် ဓာတ်လှေကားတစ်ခု။ဓာတ်လှေကားက ထွက်တာနဲ့ အခန်းထဲတန်းရောက်ပဲ”

ကျိချင်းကျိုးလည်း အဆင်ပြေတယ်ထင်မိသည်။

“ဒါဆို အခုလာကြည့်လိုက်မယ်”

“အဲ့လောက်တောင် အလျင်လိုနေပြီလား”

“အဆင်ပြေရင် ချက်ချင်းအခြေချချင်တာမို့ပါ” ကျိချင်းကျိုးပြောလိုက်သည်။

“ဘာပြဿနာမှမရှိရင် စက်တင်ဘာလမှာ ရွှေ့ဖြစ်လောက်တယ်”

“ဪ ဒါဖြင့်လာကြည့်လေ”

“အွန်း”

ယင်းနျန်သည် ဖုန်းချလိုက်ပြီးနောက် ဖုန်းကိုကြည့်လျက် ခံစားချက်တွေထူး‌ဆန်ကာနေသည်။ကျိချင်းကျိုးက ရုတ်တရက်ကြီး ဘာလို့ အိမ်ငှားချင်သွားတာလဲ? ပြီးတော့ ဘာလို့ သူ့ကိုမေးရတာလဲ? ချူချန်လက်အောက်မှာ အိမ်တွေအများကြီးရှိနေပါရက်နဲ့။ဒါ့ပြင် ချူချန်ကရော သူ့တစ်ယောက်တည်း အိမ်ငှားနေခွင့်ပေးပါ့မလား? ယင်းနျန်သိပ်နားမလည်နိုင်ဖြစ်နေပေမယ့် သူအတွေးများနေခြင်းဖြစ်ပါစေဟုသာ မျှော်လင့်မိချေတော့သည်။

ကျိချင်းကျိုးက အလွန်မြန်မြန်ပဲရောက်ချလာသည်။သူ့ကို အာရုံစိုက်မှုနည်းအောင်လည်း တစ်ကိုယ်လုံးဖုံးကာဝတ်လာသည်။သူ့ကိုကြည့်ရင်း ယင်းနျန်မှာ တော်တော်ကြာရယ်လိုက်ရ၏။ထို့နောက် အိမ်အောက်ထပ်ကို ခေါ်သွားလိုက်သည်။

အိမ်အောက်ထပ်ပိုင်ရှင်က အိမ်ကို သူ့ညီမနဲ့ထားပြီး နိုင်ငံခြားထွက်သွားခဲ့တာဖြစ်သည်။သူ့ညီမကလည်း ကောလိပ်ကျောင်းသူလေးဖြစ်၍ အဆောင်မှာပဲနေပြီး ပိတ်ရက်မှာသာ အိမ်မှာလာပြန်နေနိုင်သည်။ထို့ကြောင့် အိမ်ငှားဖို့ ဆုံးဖြတ်လိုက်တာဖြစ်၏။သူမက ဆင်းရဲနေတာလည်း မဟုတ်၍ ယင်းနျန်နဲ့ကျိချင်းကျိုးရဲ့ ချောမောမှုကိုကြည့်ရင်းဈေးမြင့်မြင့်မခေါ်ဘဲ ကြင်နာစွာစကားဆိုလာသည်။

“ကောတို့ အကြာကြီး ငှားနေမယ်ဆို ညီမဈေးလျော့ပေမယ်လေ”

ကျိချင်းကျိုး ပတ်ပတ်လည်ကို လိုက်ကြည့်ခိုက်သည်။အိမ်ကတော်တော်လေးတော့ကျယ်၏။စတုရန်းမီတာ၃၀၀ဝန်းကျင်လောက်ပင်။အိပ်ခန်းကျယ်ကြီးက တစ်ခန်း၊ဧည့်သည်ခန်းနှစ်ခန်းနဲ့ စာကြည့်ခန်းတစ်ခန်းပါသည်။အခန်းဖွဲ့စည်းပုံက အဆင်ပြေသလို အပြင်အဆင်ကလည်း အလွန်မိုက်သည်။ဈေးကလည်း သင့်တော်တဲ့အပြင် အပေါ်ထပ်မှာ ယင်းနျန်ပါရှိနေ၏။

အရမ်းအဆင်ပြေသောကြောင့် အချိန်မဆိုင်းဘဲ နှစ်ဝက်ငှားလိုက်လေသည်။အိမ်ရှင်ကောင်မလေးက အိမ်ငှားခအစွန်းထွက်တွေသူ့ကို ပြန်ပေးပြီး စာချုပ်မှာ လက်မှတ်ထိုးလိုက်ကြလေသည်။

“အခုကစပြီး ငါတို့က အိမ်နီးချင်းတွေဖြစ်သွားပြီနော်”

“ငါ့ကို ပိုပြီး ဂရုစိုက်ပေးဖို့ တောင်းဆိုရတော့မယ်” ကျိချင်းကျိုး ခေါင်းညိမ့်ရင်း ပြောလိုက်သည်။

“ဒါပေါ့ ဒါပေါ့”

ယင်းနျန်သည် နာရီကို တစ်ချက်ကြည့်လျက် -

“မင်းစားခဲ့ပြီးပြီလား? ညစာစားချိန်တောင်ရောက်နေပြီ”

“အိမ်ရှာပေးတာကို ကျေးဇူးတင်တဲ့အနေနဲ့ ငါမင်းကို လိုက်ကျွေးမယ်”

“ကောင်းပြီလေ”

သူတို့နှစ်ယောက် စကားလေးတပြောပြောနဲ့ အပြင်မှာ ညစာထွက်စားကြသည်။

စားသောက်နေကြစဉ်အတွင်း လျန်ကျင်းရှင်းကနောက်ဆုံးတော့ စာပြန်လာ၏။

{ခုနရိုက်ကူးရေးလုပ်နေရလို့။မင်းအိမ်ငှားချင်လို့လား? ချူချန်ရောသိလား}

ကျိချင်းကျိုး : {သူမသိဘူး။သူ့ကိုမပြောပြထားဘူး}

လျန်ကျင်းရှင်းမှာ ‌အတော်လေးနားမလည်နိုင်ဖြစ်နေလျက်-

{မင်းတို့ရန်ဖြစ်ကြတာလား? ဘာလို့ သူ့ကိုမပြောပြတာလဲ}

ကျိချင်းကျိုး : {ရန်မဖြစ်ပါဘူး။ဒါပေမယ့် ကျွန်တော်လည်း ကိုယ်ပိုင်စဉ်းစားဆုံးဖြတ်တတ်တဲ့ လူတစ်ယောက်ပါဗျ။အရာရာတိုင်း သူ့ကို အနှောင့်ယှက်မပေးချင်တော့ပါဘူး}

ကိစ္စတွေက ဒီလောက်မရိုးရှင်းမှန်း လျန်ကျင်းရှင်းခံစားနေရသည်။ထို့ကြောင့် သူ ကျိချင်းကျိုးကို မေးလိုက်သည်။

{အခုဖုန်းပြောလို့ အဆင်ပြေလား။ကိုယ် ဖုန်းခေါ်လိုက်မယ်}

ကျိချင်းကျိုးက ယင်းနျန်နဲ့ရှိနေဆဲဖြစ်၍ -

{ကျွန်တော် ယင်းနျန်နဲ့ရှိနေတာမို့ အဆင်မပြေသေးလို့ နောက်မှ ပြန်ခေါ်လိုက်မယ်လေ}

{အင်း}

လျန်ကျင်းရှင်ဘက်က မည်သည့်မေးခွန်းမှ ရှည်ရှည်ဝေးဝေးထပ်မမေးလာခဲ့၍ ဖုန်းချပြီးတာနဲ့ ကျိချင်းကျိုးက စိတ်အေးလက်အေး သက်ပြင်းချလိုက်သည်။လျန်ကျင်းရှင်က ယင်းနျန်နဲ့မတူပေ။ယင်းနျန်ကိုကျ သူနဲ့ချူချန်က ညီအစ်ကိုတွေလို့ပဲ ပြောထားသည့်အတွက် ချူချန်ဆီကထွက်ပြီး တစ်ယောက်တည်း အိမ်ငှားနေတာက အဆင်ပြေသည်။ဒါပေမယ့် လျန်ကျင်းရှင်ကျတော့ သူနဲ့ချူချန်တို့ အတွဲတွေဆိုတာသိပြီးဖြစ်၍ ချူချန်နောက်ကွယ်အိမ်ငှား နေတာက သူတို့ကြား တစ်ခုခုဖြစ်နေတယ်ဆိုတာ အရမ်းသိသာလွန်းနေပြီ။လျန်ကျင်းရှင်ကို ဘယ်လိုရှင်းပြရပါမလဲ ကျိချင်းကျိုး မသိလေတော့။

သူတို့ညစာစားပြီးတာတောင် လင်းထင်းနေဆဲပင်။သူက ကားမမောင်းလာခဲ့သဖြင့် ယင်းနျန်က သူ့ကို အိမ်ပြန်ပို့ပေးသည်။သူလည်း ယင်းနျန်ကို ကျေးဇူးတင်လိုက်ပြီး အခန်းထဲ ဝင်လာခဲ့သည်။

အခုထိ ချူချန်က ပြန်မရောက်သေးသဖြင့် လျန်ကျင်းရှင်ဆီ ဖုန်းဆက်လိုက်သည်။

{မင်းတို့ရန်ဖြစ်ကြတာလား}လျန်ကျင်းရှင်က လိုရင်းမေးလာသည်။

{ဟင့်အင်း}

{ဒါဆိုဘာလို့ သူ့ကိုမပြောဘဲ တိတ်တိတ်လေးအိမ်လိုက်ငှားနေတာလဲ}

{သူ့ကိုပြောလိုက်ရင် သူက ကျွန်တော့်ကို အိမ်ငှားခွင့်ပေး ပါတော့မလား? သူ့မှာရှိတဲ့ အခန်းကို တန်းပေးမှာ အသေအချာပဲ}

{ဒါဆို မင်းဘာလို့ အိမ်ငှားနေတာလဲ} လျန်ကျင်းရှင်းမေးလိုက်တယ်။

ကျိချင်းကျိုးဘက်မှခဏခန့် တိတ်ဆိတ်သွား၏။

{ကိုယ့်အတွက်ကိုယ် လမ်းကြောင်းရှာထားတာပါ}

{ကျွန်တော်တို့နောက်ပိုင်း ရန်ဖြစ်ကြခဲ့ရင် အနည်းဆုံးတော့ ကျွန်တော့်မှာ သွားစရာနေရာရှိသွားတာပေါ့}

{မင်းဘာလို့ အဲ့လိုအတွေးမျိုးတွေတွေးနေတာလဲ? မင်းနဲ့သူနဲ့ဘာဖြစ်ကြတာလဲ။စကားများကြတာလား? ဒါမှမဟုတ် မင်းစိတ်ဆိုးစေမယ့် ကိစ္စတစ်ခုခုသူလုပ်ခဲ့လို့လား} 

{မဟုတ်ပါဘူး}

ကျိချင်းကျိုး သက်ပြင်းချလိုက်သည်။လူတစ်ယောက်က တစ်ခါ လိမ်ပြောဖူးရင် အကြိမ်အကြိမ်အခါခါ ဆက်လိမ်နေရဦးမှာပဲတဲ့။သူတို့ ရန်လည်းမဖြစ်ဘူး။စကားများတာလည်း မဟုတ်ပါဘူးဟု ရှင်းပြလို့လည်း မရ။အဲ့လိုသာဆို သူက ဘာလို့ ချူချန်မသိအောင် အိမ်ငှားနေမှာလဲ? လျန်ကျင်းရှင်ထံ အမှန်တရားအလုံးစုံကို တစ်ခါတည်း ပြောပြလိုက်တော့သည်။

နားထောင်နေသည့် လျန်ကျင်းရှင်က အတန်ကြာတိတ်သွားပြီးမှ စကားဆိုလာသည်။

{ချင်းကျိုး...မင်းအိမ်ငှားချင်ရင်ငှားလို့ကရပါတယ်။ကိုယ်တော့ ဒီနားမှာ အိမ်ငှာမယ်လို့ ပြောသံမကြားရသေးဘူး။ဒါပေမယ့် ကိုယ်လိုက်စုံစမ်းထားပေးမယ် ဟုတ်ပြီလား။နောက်ပိုင်း ချူချန်နဲ့ တကယ်ရန်ဖြစ်ခဲ့ကြလို့ မင်း ကိုယ့်ဆီမှာလာနေချင်လည်း ရတယ်နော်}

{ကျေးဇူးပါ။ ကော}

{ရပါတယ်။ကိုယ်တို့ ဟော့ပေါ့သွားစားကြတဲ့နေ့က မင်း သန့်စင်ခန်းသွားတုန်း ချူချန်က ကိုယ့်ကို စကားလာပြောတယ်။တကယ်တော့ သူ မင်းကို အရမ်းအလေးထားတာပါ။တစ်ချို့အချိန်တွေမှာ သူမပြောကောင်းမပြောလောက်ပေမယ့် မင်းကိုတော့ တကယ် ဂရုစိုက်ပေးချင်နေတာ}

{ကျွန်တော်သိပါတယ်။စိတ်မပူပါနဲ့ ။ ကျွန်တော်တို့ ရန်မဖြစ်ကြပါဘူး}

{ကောင်းတယ်။ကောင်းတယ်။ကိုယ် အိမ်ရှာတွေ့တာနဲ့ မင်းဆီဖုန်းဆက်လိုက်မယ်}

{အိမ်က ရှာပြီးပြီ။ယင်းနျန်နေတဲ့ အိမ်နားမှာ ငှားတယ်ဆိုလို့ ဈေးကလည်း သင့်နေတာနဲ့ တန်းငှားလိုက်တယ်}

{အိမ်တောင်ငှားပြီးပြီ?}

တကယ်ကို လက်မြန်ခြေမြန်ရှိလိုက်ပါဘိ။နေ့လည်ကမှ အိမ်ငှားချင်တယ်ပြောသူက အခု အိမ်တောင်ငှားပြီးပြီတဲ့! ဒီအမြန်အနှုန်းကြီးက တကယ့်ကို အမေးဇင်းဖြစ်လှပါတယ်!

{မင်း တကယ်ကို စိတ်မြန်လက်မြန်နဲ့}

{အတော်လေး အဆင်ပြေနေတာနဲ့ငှားလိုက်တာပါ}

{အဲ့တော့ မင်းက ယင်းနျန်တို့နားမှာ နေမှာပေါ့}

{အွန်း။သူ့အောက်ထပ်မှာ}

{ကောင်းပါတယ်။အသိအကျွမ်းလေးရှိတော့ တစ်ခုခုဖြစ်ရင် အချင်းချင်း စောင့်ရှောက်ပေးလို့ရတာပေါ့}

{ဟုတ်တယ်။ဒါပေမယ့် ဒီကိစ္စကို ကောနဲ့ယင်းနျန်ပဲ သိတာ။အဲ့တာကြောင့် ကော.... ချူချန်နဲ့ အန်းယီကို မပြောပြလိုက်နဲ့}

{ဒါပေါ့။မပြောပြပါဘူး။ဒါပေမယ့် နောက်ပိုင်း ချူချန်သိသွားရင်ဆိုတာကိုလည်း အမြဲတွေးထားနော်}

သူလည်း အချိန်အကြာကြီး ဖုံးကွယ်ဖို့ မတွေးထား။လမ်းမခွဲခင်အချိန်ထိပဲ မသိစေချင်တာဖြစ်သည်။

{သူနားလည်ပေးမှာပါ} ကျိချင်းကျိုးပြောလိုက်သည်။

{ကော ...ကျွန်တော်ဘာလုပ်နေလဲဆိုတာ ကိုယ့်ကိုကိုယ်သိပါတယ်။ကျွန်တော့်မှာ အတိုင်းအတာရှိတာမို့ စိတ်မပူပါနဲ့}

လျန်ကျင်းရှင်သည် ဘာစကားမှမပြောဘဲ ကျိချင်းကျိုးနဲ့ချူချန်တို့ ပြဿနာဖြစ်နေတာဖြစ်ရမည်ဆိုတာသိနေပါသော်လည်း ကျိချင်းကျိုးက မပြောပြချင်သည့်အတွက် သူ့ကို တွန်းအား မပေးချင်တော့ပါ။ထို့ကြောင့် လျန်ကျင်းရှင်သည် မျက်ခုံးကို လက်နှင့်ဖိပြီး တွန့်ဆုတ်တွန့်ဆုတ်သဘောတူရတော့သည်။

ချူချန်သည် အနည်းငယ်နောက်ကျပြီးမှ အိမ်ပြန်ရောက်၏။မနေ့က အားလပ်ရက်ယူလိုက်သောကြောင့် ဒီနေ့အလုပ်တွေပုံကျလာကာ အလုပ်ရှုပ်နေသဖြင့် အိမ်ပြန်နောက်ကျရခြင်းဖြစ်သည်။ကျိချင်းကျိုးက သူတွက် ဟင်းချက်ပေးပြီး သူနဲ့အတူ ထမင်း၏စားပေးလေသည်။

ချူချန်မှာ လူကိုကြည့်ရင်း ဖြည်းဖြည်းချင်းစားသောက်ကာ မနေ့က ဖြစ်ခဲ့တာ‌တွေကို ပြန်တွေးနေမိသည်။ဗြုန်းစားကြီး လမ်းခွဲလိုက်တာထက် စာချုပ်မကုန်ခင် သူတို့ကြားက နီးကပ်တဲ့ဆက်ဆံရေးကို လျော့ချသင့်သည်ဟု သူခံစားနေရသည်။အဲ့တာမှ သူတို့ လမ်းခွဲဖြစ်ကြတဲ့အချိန် အရမ်းကြီး ခံစားရမခက်နေမှာဖြစ်သည်။ကျိချင်းကျိုးလည်း ထိုကိစ္စကိုပင်တွေးနေတာဖြစ်၏။မနေ့ညက သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဖြစ်သွားခဲ့သည်။ထိုမကောင်းတဲ့ခံစားချက်တွေကို သူ့ဘာသာ သဟဇာတဖြစ်အောင်နေချင်ပေမယ့် ချူချန်ကမြင်သွားခဲ့သည်။

ဒါက သူ့ရဲ့ဖုံးကွယ်ထားသည့် တစ်ဖက်ခြမ်းပင်။ချူချန်မမြင်ခဲ့သင့်ပေ။ချူချန်သာမြင်သွားရင် အတွေးလွန်သွားမှာ မလွဲဧကန်ပဲ။ချူချန်က သူ့ကို မကြိုက်ဘူးလို့ ပြောထားသောကြောင့် သူဘက်ကလည်း ချူချန်ကို သိခွင့်မပေးနိုင်ပါ။

ရည်ရွယ်ချက် အမျိုးမျိုး နှင့် သူတို့နှစ်ယောက်သည် တမင်တကာကို ရှောင်တိမ်းခြင်းလုပ်ရပ်အားဆက်လုပ်ဆောင်ခဲ့ကြပြီး ဘယ်သူမှ ခြေလှမ်းမလွန်ခဲ့ကြပေ။တစ်လျှောက်လုံး လိမ္မာပါးနပ်စွာဖြင့်တုံဏှိဘာဝေးနေနေကြလေသည်။ကျိချင်းကျိုးကလည်း သူ့ကို တမင်သက်သက် ရှောင်နေပုံရကြောင်း ချူချန်သတိထားမိလာသည်။《ချစ်သူ့ကဗျာများမှမြတ်နိုးသောစာမျက်နှာ》တရားဝင်ပြသ‌သည်နှင့် ကျိချင်းကျိုးလည်း စပြီး ပရိုမိုးရှင်းဆင်းရတော့သည်။

သူ့ရဲ့ပျက်ကွက်မှုတွေက သိသိသာသာကို ပိုများလာသည်။ချူချန်မှာ သူပြန်လာလိုက်ပြန်သွားလိုက်၊ပြန်လာလိုက်ပြန်သွားလိုက်လုပ်နေတဲ့ ရက်တွေကိုသာ ထိုင်ရေတွက်နေခဲ့ရပြီးနောက် သတိပေးလိုက်ရသေးသည်။

“မင်းမွေးနေ့ကျ အပြင်ထွက်လည်မို့ကို သတိရဦးနော်”

ကျိချင်းကျိုးသည် ပြုံးလျက် အင်းလို့ပြန်ဖြေလာ၏။ထိုကိစ္စနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားနေပုံမရပါ။ဒါက သူ့မွေးနေ့မဟုတ်ပဲ မူလပိုင်ရှင်၏ မွေးနေ့သာဖြစ်သည်။ဒါပေမယ့်လည်း သူ့မွေးနေ့ဟုတ်ဟုတ်မဟုတ်ဟုတ်ကိစ္စတော့မရှိပါဘူး။သူနဲ့ချူချန်တို့ အတူတူမွေးနေ့ဖြတ်သန်းကြရဖို့ အဲ့နေ့က တစ်ကြိမ်တစ်ခါမျှော်လင့်ဖူးပါသော်ငြား ထိုညပြီးတည်းက သူ့မှာ အဲ့လိုမျှော်လင့်ချက်မျိုးတွေ လုံးလုံးရှိမနေတော့ပါ။

သူ့အချစ်ရေးက အဲ့နေ့ညကပင် အဆုံးသတ်သွားချေပြီ။ဆုံးရှုံးသွားရတဲ့ အချစ်တစ်ခုအတွက် တွယ်ကပ်နေစရာဘာအကြောင်းမှမရှိပေ။သူ့မိဘများ ကွာရှင်းကြစဉ်က မားမားအား “မားတို့အတူတူဆက်မနေပေးနိုင်ဘူးလား” ဟု‌ကျိချင်းကျိုး မေးခဲ့ဖူးပါသည်။

မားက သူ့ကိုပြန်ပြောတာက “မားတို့ရေစက်ကုန်သွားပြီမို့”တဲ့။

သူသိပ်နားမလည်ခဲ့ဘဲ မားမားတို့ပြန်ပေါင်းထုပ်ဖို့အတွက် ကြိုးစားပမ်းစားဆောင်ရွက်ခဲ့ပြီး မားမားနဲ့ပါးပါးကို အရင်တိုင်းပဲ ဖြစ်စေချင်ခဲ့သည်။ဒါပေမယ့်လည်း အသုံးမဝင်ပါ။မားက သူ့လက်ကို ဆွဲယူပြီး ပြောလာခဲ့သည်။

“လူ့ဘဝကအရှည်ကြီးမို့ လူအမျိုးမျိုးအ‌ထွေထွေနဲ့သားတွေ့ရဦးမှာ။သားမတားဆီနိုင်တဲ့ မထိန်းချုပ်လိုက်နိုင်တဲ့ ခံစားချက်တွေလည်း ရှိလာဦးမှာ။အလွန်နက်နက်ရှိုင်းရှိုင်းနဲ့ချစ်မိသွားတဲ့အချိန်ကျရင် သားဘက်က အဆင့်သင့်မဖြစ်ကောင်းမဖြစ်နေရင်တောင် အချစ်က သားနှလုံးသားတံခါးကနေ ဝင်ရောက်နေပြီးသွားပြီ။အဲ့အချိန်ကျရင် သားလက်ခံရတော့မယ်။သူတို့အချစ်ကို ကောင်းကောင်းနှစ်သက်လက်ခံပေးရတော့မယ်။ဒါပေမယ့် တစ်နေ့နေ့တစ်ချိန်ချိန် ထွက်သွားကြရမယ်ဆိုရင်လည်း သားဘက်က ဆက်နေနေရင်တောင် အလုပ်မဖြစ်တော့ဘူး။ဒါဆို တွန့်ဆုတ်မနေဘဲ ထွက်သွားလိုက်ပါ။အချစ်အတွက်နဲ့ သားကိုယ်သား အရှက်မရစေနဲ့”

မားအဲ့လိုပြောတဲ့အချိန်တုန်းက မျက်လုံးထဲမှာ ဝမ်းနည်းမှုတစ်စွန်းတစ်စစွန်းထင်နေခဲ့ပြီး အရမ်းတည်တည်ငြိမ်ငြိမ်နဲ့ အေးချမ်းနေခဲ့တာဖြစ်သည်။ဒါပေမယ့် ထိုဝမ်းနည်းမှု တစ်စွန်းတစ်စက သူမအလှနဲ့ ကျက်သရေရှိမှုကို မပျက်စီးသွားစေပါ။

ထိုစကားတွေအား  နားထောင်ရင်း ကျိချင်းကျိုး အရွယ်ရောက်လာခဲ့တာဖြစ်သည်။ တစ်ရက်ပြီးတစ်ရက်ခါးသီးသောဆက်ဆံရေးကို မလွှတ်ချချင်တဲ့သူတို့ကြောင့် နာကျင်မုန်းတီးသွားကြတဲ့ သူတွေကို ကျိချင်းကျိူး စောင့်ကြည့်နေခဲ့ရသည်။သူ အဲ့လို မလုပ်ချင်ပါ။ မားမား လုပ်ရပ်က အလွန်မှန်သည်။ခံစားချက်က လူတွေကို ပျော်ရွှင်တာပဲဖြစ်စေသင့်သည်။ ဝန်ထုပ်ဝန်ပိုးမဖြစ်စေသင့်ပါ။

သူ အလွယ်တကူချစ်မိသွားခဲ့ကာ နားမလည်နိုင်သေးခင်မှာပင် ထိုမိုးရွာသည့်နေ့လည်ခင်း၊ထိုနှင်းကျသည့်မှောင်ရီပျိုးစအချိန်၊ကြယ်တွေကင်းမဲ့နေသည့်ညတစ်ညမှာ သူ့နှလုံးသားထဲမှာပဲ ကြွေကျသွားခဲ့သည်။သူကတော့ နှလုံးသားထဲမှာပဲ ဆက်သိမ်းထားကာ ဂရုတစိုက် ရေလောင်း၊ပျိုးထောင်ပြီး နှလုံးသားထဲမှာ အချစ်ပန်းလေးဖူးပွင့်ခွင့်ပြုလိုက်၏။ပန်းလေးက သိပ်မကြီးရင်တောင် လုံလောက်သောရနံ့တော့ရှိပါပေသည်။အခုချိန်မှာ ဖျက်ဆီးခံလိုက်ရပေမယ့် အရမ်းလှတယ်လို့ ကျိချင်းကျိုးတော့ ထင်သည်။

သူ ထိုအချစ်ပန်းလေးအား ဂရုတစိုက်ပျိုးထောင်ပြီး နှလုံးသားတစ်ထောင့်တစ်နေရာမှာ သိမ်းထားလိုက်တော့မည်။ပြီးမှရင်ခွင်တံခါးဖွင့်ပြီး လွှတ်ချလိုက်တော့ပါမည်။တကယ်လို့ ချူချန်က သူ့ကို သဘောကျပါတယ်လို့ ပြောလာခဲ့ရင် သူလည်း ချူချန်ကို သဘောကျပါတယ်ဟုပြန်ဖြေပါမည်။တကယ်လို့ ချူချန်က သူ့ကို သဘောမကျခဲ့ပါက သူတွန်းအားပေးနေမည်မဟုတ်ပါလေ။

တစ်ခါက သူအရမ်းပျော်ခဲ့ဖူးတယ်ဆို လုံလောက်သွားချေပြီ။

နောက်ဆုံးအချိန်ထိဆိုတာကိုတော့ ကျိချင်းကျိုး တစ်ခါမှကို မမျှော်လင့်ခဲ့ဖူးပါ။

ချူချန်ကို ပြန်တုံ့ပြန်ဖြေကြားပြီးတာနဲ့ သူလုပ်စရာရှိတဲ့အလုပ်တွေပဲ ဆက်လုပ်နေလိုက်သည်။အခုတလော သူ ပြောင်းလဲသွားနေကြောင်း ချူချန်ခံစားနေရပေမယ့် ဘာတွေပြောင်းလဲသွားလဲဆိုရင်တော့ မပြောတတ်ပါ။ကျိချင်းကျိုး အရင်ကလောက် သူ့ကို သိပ်မကပ်တော့တာ တွေ့နေရသည်။ဒါပေမယ့် အဲ့လိုဖြစ်တာကလည်း သူ ကျိချင်းကျိုးနဲ့ ရင်းရင်းနှီးနှီးမနေတော့လို့ ဖြစ်မှာပဲဟုထင်နေသည်။ကျိချင်းကျိုးကို ဒီလိုမျိုး မဖြစ်စေချင်ပါ။လက်ရှိအခြေအနေအား ပြောင်းလဲဖို့ ချူချန်တစ်ခုခုပြောချင်ပေမယ့် သူတို့က မကြာခင် လမ်းခွဲကြရတော့မှာလေ။ထို့ပြင် ဒီလိုလုပ်တာလည်း ဘာမှမမှားဘူးထင်ပါတယ်။

မကြုံစဖူးသောတွန့်ဆုတ်မှုတွေစိုးရိမ်မှုတွေနဲ့ သူ ကျိချင်းကျိုး ထံကြည့်နေခဲ့သည်။သို့သော် ကျိချင်းကျိုးကတော့ ထိုအတွေးတွေရှိမနေပါ။ဘာလို့ဆို 《ချစ်သူ့ကဗျာများမှမြတ်နိုးသောစာမျက်နှာ》ထုတ်လွှင့်ပြီးနောက် တုံ့ပြန်မှုတွေတအားကောင်းနေပြီး ကြည့်ရှူနှုန်းရော ခေါင်းစဉ်ပါ ထိပ်ဆုံးရောက်နေသည်။ချူချန်လို လူသစ်ကိုတောင် Weiboပေါ်က ပရိတ်သတ်တွေ ရူးသွပ်နေကြသည်။သူ့ရဲ့အသက်မွေး‌ဝမ်းကြောင်းတော့ နောက်တစ်ဆင့်ရောက်တော့မယ်လို့ ကျိချင်းကျိုးတစ်ယောက် ဝေဝေဝါးဝါးခံစားနေရပြီဖြစ်သည်။

#################

♥️if all it is is eight letter, why is it so hard to say? ♥️ ပါးချူက သူကျိုးကျိုးနားမကပ်လို့ ကျိုးကျိုးက သူနဲ့ဝေးကွာနေတာဆုိပြီးထင်နေတာ။တကယ်တော့ ကျိုးကျိုးက သူ့ကို လက်လျော့လိုက်တာပါ။ပြန်ရှင်းပြတာ။ယူတို့မသိမှာစိုးလို့♥️

စာရေးသူမှာပြောစရာရှိပါတယ် :

ချူချန် : ငါ့ကလေးလေးက လတ်တလောပြောင်းလဲနေပြီ။အဲ့တာကလည်း ငါ သူ့ကို မဖက်လို့၊မနမ်းလို့၊ဝေးဝေးနေနေလို့မလား?

ကျိုးကျိုး : ခင်ဗျားအတွေးလွန်နေပြီ။ကျွန်တော်က ခင်ဗျားကို ဘိုင်းဘိုင်လုပ်ဖို့ ပြင်နေတာ~~~~

ချူချန် : !!!!!!! ကိုယ့်ကိုကိုယ် ကယ်တင်လို့ရသေးတယ်ထင်လား !

ကျိုးကျိုး : ဟဲဟဲဟဲ ဘိုင်းဘိုင်။ကျွန်တော် အိမ်တောင်ရှာပြီးပြီ ။ခင်ဗျား အံ့ဩသွားလား?  ပျော်သွားပြီမလား?

ချူချန် : ပါးရူးတော့မယ်!

########################

「 Zawgyi 」

က်ိခ်င္းက်ိဳး အရင္လိုပဲျပန္ျဖစ္သြားမွ ခ်ဴခ်န္ စိတ္သက္သာရာရသြားသည္။က်ိခ်င္းက်ိဳးဘက္က စည္းေက်ာ္ၿပီး သူ႕ေပၚခံစားခ်က္ေတြျဖစ္တည္လာမွာကို သူစိုးရိမ္ေနမိတာၾကာခဲ့ၿပီျဖစ္သည္။ထို႔ေၾကာင့္ က်ိခ်င္းက်ိဳးအား ရင္းရင္းႏွီးႏွီးအျပဳအမူေတြမလုပ္ရန္ သူအေတာ္ၾကာ ခ်မွတ္ထားခဲ့တာျဖစ္ၿပီး ေနာက္ပိုင္း သူအေနခက္သြားမွာ မလိုခ်င္ေသာေၾကာင့္ ျပန္ၿပီး ရင္းရင္းႏွီးႏွီးေနခဲ့တာျဖစ္သည္။

မေန႔ညက က်ိခ်င္းက်ိဳးအိပ္ေပ်ာ္သြားၿပီးေနာက္ ခ်ဴခ်န္ကေတာ့ ခင္ဗ်ားထြက္သြားတယ္လို႔ အိပ္မက္မက္တယ္ ဟုဆိုလာပါေသာ က်ိခ်င္းက်ိဳး၏စကားကိုသာ ဆက္ေတြးေနခဲ့မိသည္ ။ သူထြက္သြားတဲ့ အိပ္မက္ေၾကာင့္ က်ိခ်င္းက်ိဳး ငိုလိမ့္မယ္လို႔ သူမေမွ်ာ္လင့္ထား။ေနာက္ပိုင္း သူတို႔စာခ်ဳပ္ပ်က္သြားရင္ သူဘယ္လိုတုံ႔ျပန္လိမ့္မလဲ? ထိုကိစၥေပၚ က်ိခ်င္းက်ိဳး အရမ္းပဲဝမ္းနည္းေနလိမ့္မလား။

ျဖစ္ႏိုင္ေျခေတြလိုက္ေတြးေနသည့္ခ်ဴခ်န္ပါ အေၾကာင္းရင္းမ႐ွိဝမ္းနည္လာပါ၏။သူ တစ္ညလုံး ေကာင္းေကာင္းအိပ္မေပ်ာ္ခဲ့ပါ။မနက္ခင္းလည္း အခ်ိန္မီ႐ုံးသြားဖို႔ အိပ္ရာမထခဲ့။ကိုယ့္လက္ထဲခိုဝင္ေနပါေသာလူသားအားၾကည့္ကာ ႏွလုံးသားထဲ ဝ႐ုန္းသုန္းကားျဖစ္ေနသည္။

ကံေကာင္းခ်င္ေတာ့ က်ိခ်င္းက်ိဳးသည္ အိပ္ရာႏိုးတည္းက အရင္ပုံစံတိုင္းေလးပဲျပန္ျဖစ္သြား၍သာ။သို႔ေပမယ့္ သူတကယ္ပဲ အဆင္ေျပသြားသည္လား၊ဟန္ေဆာင္ဖုံးကြယ္ထားသလားေတာ့ ခ်ဴခ်န္မသိေနခဲ့ပါ။သူ အ႐ြယ္ေရာက္လာတည္းက တစ္ခါမွ မခ်စ္ခဲ့ဖူးသလို ဘယ္သူ႕ကိုမွလည္း သေဘာမက်ခဲ့ဖူးပါ။ထို႔ေၾကာင့္ က်ိခ်င္းက်ိဳး သူ႕ကို သေဘာက်သြားမွာ အရမ္းေၾကာက္မိသလို က်ိခ်င္းက်ိဳးကို နာက်င္ေစမိမွာလည္း သူေၾကာက္ေနမိပါသည္။

တိတ္တဆိတ္သာ သက္ျပင္းေမာခ်လိုက္ၿပီး ေစာင္မ၍ အိပ္ရာထလိုက္သည္။

သူတို႔ႏွစ္ေယာက္ အရင္လိုပဲ တူတူစားၾကေသာက္ၾကၿပီးေနာက္ သူလည္း အဆင္ေျပသြားၿပီျဖစ္၍ ခ်ဴခ်န္က ကုမၸဏီထြက္သြားေလသည္။ က်ိခ်င္းက်ိဳးသည္ ဆိုဖာေပၚမွာ ထိုင္ရင္း အၾကာႀကီး တိတ္ဆိတ္ေနကာ ၿပီးမွ ဖုန္းထုတ္၍ လ်န္က်င္း႐ွင္နဲ႔ ယင္းႏ်န္ထံ WeChatကေန စာပို႔လိုက္သည္။

{ကြၽန္ေတာ္တစ္လတြင္း အိမ္ေျပာင္းေတာ့မွာမို႔ အိမ္ငွားခ်င္တာ။အဲ့တာ စိတ္ခ်ရမဲ့အိမ္ေလးမ်ား သိၾကလားဟင္။ေက်းဇူးပါ}

လ်န္က်င္း႐ွင္က အလုပ္မ်ားေန၍ ျဖစ္မည္ သူဆီစာျပန္မလာေပမယ့္ ယင္းႏ်န္ကေတာ့ ခ်က္ခ်င္း ဖုန္းဆက္လာသည္။

“မင္း အိမ္႐ွာခ်င္လို႔လား”

“အြန္း” က်ိခ်င္းက်ိဳး ျပန္ေျဖလိုက္သည္။

သူႏွင့္ခ်ဴခ်န္တို႔ရဲ႕ စာခ်ဳပ္သက္တမ္းကုန္မည့္ရက္က ဩဂုတ္လအကုန္ စက်တင်ဘာလအစမွာျဖစ္သည္။လက္႐ွိ သူ႕ေက်ာ္ၾကားမႈႏွင့္ဆိုပါက မူလပိုင္႐ွင္ငွားေနသည့္ အရင္အိမ္ေလးမွာပဲ ဆက္ေန၍ မရေတာ့ေပ။လုံျခဳံေရးေကာင္းတဲ့ ေနရာတစ္ခုကို ႐ွာဖို႔ လိုအပ္ေနၿပီျဖစ္သည္။သို႔တိုင္ ဒီကိစၥအား ခ်ဴခ်န္ကို ေပးမသိခ်င္သည့္အတြက္ က်ိဳးခ်န္ဖုန္းနဲ႔ ယြီအန္းယီကိုေတာင္ မေမးဘဲ ယင္းႏ်န္ႏွင့္လ်န္က်င္း႐ွင္ကိုပဲ ေမးရတာပင္။

“အင္း။႐ွိတယ္ေလ”

“ဒါေပမယ့္ မင္းဘာလို႔ ခ်ဴခ်န္ကို မေမးတာလဲ။သူမွာဆို ပိုၿပီး စိတ္ခ်ရမဲ့အိမ္ေတြ႐ွိေနမွာ”

“သူ႕ကို မေမးေတာ့ဘူး။စိတ္အေႏွာင့္ယွက္မေပးခ်င္လို႔”

စာခ်ဳပ္သက္တမ္းအတြင္း သူ႕ေၾကာင့္ ခ်ဴခ်န္ကို အမ်ားႀကီး စိတ္အေႏွာင့္ယွက္ျဖစ္ေစခဲ့သည္။အခုစာခ်ဳပ္လည္း ဖ်က္ခါရနီးၿပီျဖစ္၍ ခ်ဴခ်န္ကို ဒုကၡမေပးခ်င္ေတာ့ပါ- ခ်ဴခ်န္မပါတဲ့ေန႔ရက္ေတြကို သူေနထိုင္တတ္ရမည္ျဖစ္သည္။

သူတို႔ၾကားတစ္ခုခုျဖစ္ေနၿပီဆိုတာ ယင္းႏ်န္သတိထားမိသြားေပမယ့္ ခ်ဴခ်န္နဲ႔က်ိခ်င္းက်ိဳးက အၿမဲတမ္း သူတို႔က ညီအစ္ကိုေတြပါလို႔သာ ေျပာေလ့႐ွိသျဖင့္ သူလည္း မေမးခဲ့။

“ငါငွားေနတဲ့ အိမ္ေအာက္ထပ္ေလ။မင္းစိတ္ဝင္စားရင္ တစ္ခ်က္ေလာက္လာၾကည့္ၾကည့္။ပတ္ဝန္းက်င္အေနအထားက ေကာင္းသလို လုံျခဳံးေရးကလည္း အရမ္းစိတ္ခ်ရေသာပဲ။အိမ္တစ္အိမ္တြက္ ဓာတ္ေလွကားတစ္ခု။ဓာတ္ေလွကားက ထြက္တာနဲ႔ အခန္းထဲတန္းေရာက္ပဲ”

က်ိခ်င္းက်ိဳးလည္း အဆင္ေျပတယ္ထင္မိသည္။

“ဒါဆို အခုလာၾကည့္လိုက္မယ္”

“အဲ့ေလာက္ေတာင္ အလ်င္လိုေနၿပီလား”

“အဆင္ေျပရင္ ခ်က္ခ်င္းအေျခခ်ခ်င္တာမို႔ပါ” က်ိခ်င္းက်ိဳးေျပာလိုက္သည္။

“ဘာျပႆနာမွမ႐ွိရင္ စက္တင္ဘာလမွာ ေ႐ႊ႕ျဖစ္ေလာက္တယ္”

“ဪ ဒါျဖင့္လာၾကည့္ေလ”

“အြန္း”

ယင္းႏ်န္သည္ ဖုန္းခ်လိုက္ၿပီးေနာက္ ဖုန္းကိုၾကည့္လ်က္ ခံစားခ်က္ေတြထူး‌ဆန္ကာေနသည္။က်ိခ်င္းက်ိဳးက ႐ုတ္တရက္ႀကီး ဘာလို႔ အိမ္ငွားခ်င္သြားတာလဲ? ၿပီးေတာ့ ဘာလို႔ သူ႕ကိုေမးရတာလဲ? ခ်ဴခ်န္လက္ေအာက္မွာ အိမ္ေတြအမ်ားႀကီး႐ွိေနပါရက္နဲ႔။ဒါ့ျပင္ ခ်ဴခ်န္ကေရာ သူ႕တစ္ေယာက္တည္း အိမ္ငွားေနခြင့္ေပးပါ့မလား? ယင္းႏ်န္သိပ္နားမလည္ႏိုင္ျဖစ္ေနေပမယ့္ သူအေတြးမ်ားေနျခင္းျဖစ္ပါေစဟုသာ ေမွ်ာ္လင့္မိေခ်ေတာ့သည္။

က်ိခ်င္းက်ိဳးက အလြန္ျမန္ျမန္ပဲေရာက္ခ်လာသည္။သူ႕ကို အာ႐ုံစိုက္မႈနည္းေအာင္လည္း တစ္ကိုယ္လုံးဖုံးကာဝတ္လာသည္။သူ႕ကိုၾကည့္ရင္း ယင္းႏ်န္မွာ ေတာ္ေတာ္ၾကာရယ္လိုက္ရ၏။ထို႔ေနာက္ အိမ္ေအာက္ထပ္ကို ေခၚသြားလိုက္သည္။

အိမ္ေအာက္ထပ္ပိုင္႐ွင္က အိမ္ကို သူ႕ညီမနဲ႔ထားၿပီး ႏိုင္ငံျခားထြက္သြားခဲ့တာျဖစ္သည္။သူ႕ညီမကလည္း ေကာလိပ္ေက်ာင္းသူေလးျဖစ္၍ အေဆာင္မွာပဲေနၿပီး ပိတ္ရက္မွာသာ အိမ္မွာလာျပန္ေနႏိုင္သည္။ထို႔ေၾကာင့္ အိမ္ငွားဖို႔ ဆုံးျဖတ္လိုက္တာျဖစ္၏။သူမက ဆင္းရဲေနတာလည္း မဟုတ္၍ ယင္းႏ်န္နဲ႔က်ိခ်င္းက်ိဳးရဲ႕ ေခ်ာေမာမႈကိုၾကည့္ရင္းေဈးျမင့္ျမင့္မေခၚဘဲ ၾကင္နာစြာစကားဆိုလာသည္။

“ေကာတို႔ အၾကာႀကီး ငွားေနမယ္ဆို ညီမေဈးေလ်ာ့ေပမယ္ေလ”

က်ိခ်င္းက်ိဳး ပတ္ပတ္လည္ကို လိုက္ၾကည့္ခိုက္သည္။အိမ္ကေတာ္ေတာ္ေလးေတာ့က်ယ္၏။စတုရန္းမီတာ၃၀၀ဝန္းက်င္ေလာက္ပင္။အိပ္ခန္းက်ယ္ႀကီးက တစ္ခန္း၊ဧည့္သည္ခန္းႏွစ္ခန္းနဲ႔ စာၾကည့္ခန္းတစ္ခန္းပါသည္။အခန္းဖြဲ႕စည္းပုံက အဆင္ေျပသလို အျပင္အဆင္ကလည္း အလြန္မိုက္သည္။ေဈးကလည္း သင့္ေတာ္တဲ့အျပင္ အေပၚထပ္မွာ ယင္းႏ်န္ပါ႐ွိေန၏။

အရမ္းအဆင္ေျပေသာေၾကာင့္ အခ်ိန္မဆိုင္းဘဲ ႏွစ္ဝက္ငွားလိုက္ေလသည္။အိမ္႐ွင္ေကာင္မေလးက အိမ္ငွားခအစြန္းထြက္ေတြသူ႕ကို ျပန္ေပးၿပီး စာခ်ဳပ္မွာ လက္မွတ္ထိုးလိုက္ၾကေလသည္။

“အခုကစၿပီး ငါတို႔က အိမ္နီးခ်င္းေတြျဖစ္သြားၿပီေနာ္”

“ငါ့ကို ပိုၿပီး ဂ႐ုစိုက္ေပးဖို႔ ေတာင္းဆိုရေတာ့မယ္” က်ိခ်င္းက်ိဳး ေခါင္းညိမ့္ရင္း ေျပာလိုက္သည္။

“ဒါေပါ့ ဒါေပါ့”

ယင္းႏ်န္သည္ နာရီကို တစ္ခ်က္ၾကည့္လ်က္ -

“မင္းစားခဲ့ၿပီးၿပီလား? ညစာစားခ်ိန္ေတာင္ေရာက္ေနၿပီ”

“အိမ္႐ွာေပးတာကို ေက်းဇူးတင္တဲ့အေနနဲ႔ ငါမင္းကို လိုက္ေကြၽးမယ္”

“ေကာင္းၿပီေလ”

သူတို႔ႏွစ္ေယာက္ စကားေလးတေျပာေျပာနဲ႔ အျပင္မွာ ညစာထြက္စားၾကသည္။

စားေသာက္ေနၾကစဥ္အတြင္း လ်န္က်င္း႐ွင္းကေနာက္ဆုံးေတာ့ စာျပန္လာ၏။

{ခုန႐ိုက္ကူးေရးလုပ္ေနရလို႔။မင္းအိမ္ငွားခ်င္လို႔လား? ခ်ဴခ်န္ေရာသိလား}

က်ိခ်င္းက်ိဳး : {သူမသိဘူး။သူ႕ကိုမေျပာျပထားဘူး}

လ်န္က်င္း႐ွင္းမွာ ‌အေတာ္ေလးနားမလည္ႏိုင္ျဖစ္ေနလ်က္-

{မင္းတို႔ရန္ျဖစ္ၾကတာလား? ဘာလို႔ သူ႕ကိုမေျပာျပတာလဲ}

က်ိခ်င္းက်ိဳး : {ရန္မျဖစ္ပါဘူး။ဒါေပမယ့္ ကြၽန္ေတာ္လည္း ကိုယ္ပိုင္စဥ္းစားဆုံးျဖတ္တတ္တဲ့ လူတစ္ေယာက္ပါဗ်။အရာရာတိုင္း သူ႕ကို အေႏွာင့္ယွက္မေပးခ်င္ေတာ့ပါဘူး}

ကိစၥေတြက ဒီေလာက္မ႐ိုး႐ွင္းမွန္း လ်န္က်င္း႐ွင္းခံစားေနရသည္။ထို႔ေၾကာင့္ သူ က်ိခ်င္းက်ိဳးကို ေမးလိုက္သည္။

{အခုဖုန္းေျပာလို႔ အဆင္ေျပလား။ကိုယ္ ဖုန္းေခၚလိုက္မယ္}

က်ိခ်င္းက်ိဳးက ယင္းႏ်န္နဲ႔႐ွိေနဆဲျဖစ္၍ -

{ကြၽန္ေတာ္ ယင္းႏ်န္နဲ႔႐ွိေနတာမို႔ အဆင္မေျပေသးလို႔ ေနာက္မွ ျပန္ေခၚလိုက္မယ္ေလ}

{အင္း}

လ်န္က်င္း႐ွင္ဘက္က မည္သည့္ေမးခြန္းမွ ႐ွည္႐ွည္ေဝးေဝးထပ္မေမးလာခဲ့၍ ဖုန္းခ်ၿပီးတာနဲ႔ က်ိခ်င္းက်ိဳးက စိတ္ေအးလက္ေအး သက္ျပင္းခ်လိုက္သည္။လ်န္က်င္း႐ွင္က ယင္းႏ်န္နဲ႔မတူေပ။ယင္းႏ်န္ကိုက် သူနဲ႔ခ်ဴခ်န္က ညီအစ္ကိုေတြလို႔ပဲ ေျပာထားသည့္အတြက္ ခ်ဴခ်န္ဆီကထြက္ၿပီး တစ္ေယာက္တည္း အိမ္ငွားေနတာက အဆင္ေျပသည္။ဒါေပမယ့္ လ်န္က်င္း႐ွင္က်ေတာ့ သူနဲ႔ခ်ဴခ်န္တို႔ အတြဲေတြဆိုတာသိၿပီးျဖစ္၍ ခ်ဴခ်န္ေနာက္ကြယ္အိမ္ငွား ေနတာက သူတို႔ၾကား တစ္ခုခုျဖစ္ေနတယ္ဆိုတာ အရမ္းသိသာလြန္းေနၿပီ။လ်န္က်င္း႐ွင္ကို ဘယ္လို႐ွင္းျပရပါမလဲ က်ိခ်င္းက်ိဳး မသိေလေတာ့။

သူတို႔ညစာစားၿပီးတာေတာင္ လင္းထင္းေနဆဲပင္။သူက ကားမေမာင္းလာခဲ့သျဖင့္ ယင္းႏ်န္က သူ႕ကို အိမ္ျပန္ပို႔ေပးသည္။သူလည္း ယင္းႏ်န္ကို ေက်းဇူးတင္လိုက္ၿပီး အခန္းထဲ ဝင္လာခဲ့သည္။

အခုထိ ခ်ဴခ်န္က ျပန္မေရာက္ေသးသျဖင့္ လ်န္က်င္း႐ွင္ဆီ ဖုန္းဆက္လိုက္သည္။

{မင္းတို႔ရန္ျဖစ္ၾကတာလား}လ်န္က်င္း႐ွင္က လိုရင္းေမးလာသည္။

{ဟင့္အင္း}

{ဒါဆိုဘာလို႔ သူ႕ကိုမေျပာဘဲ တိတ္တိတ္ေလးအိမ္လိုက္ငွားေနတာလဲ}

{သူ႕ကိုေျပာလိုက္ရင္ သူက ကြၽန္ေတာ့္ကို အိမ္ငွားခြင့္ေပး ပါေတာ့မလား? သူ႕မွာ႐ွိတဲ့ အခန္းကို တန္းေပးမွာ အေသအခ်ာပဲ}

{ဒါဆို မင္းဘာလို႔ အိမ္ငွားေနတာလဲ} လ်န္က်င္း႐ွင္းေမးလိုက္တယ္။

က်ိခ်င္းက်ိဳးဘက္မွခဏခန္႔ တိတ္ဆိတ္သြား၏။

{ကိုယ့္အတြက္ကိုယ္ လမ္းေၾကာင္း႐ွာထားတာပါ}

{ကြၽန္ေတာ္တို႔ေနာက္ပိုင္း ရန္ျဖစ္ၾကခဲ့ရင္ အနည္းဆုံးေတာ့ ကြၽန္ေတာ့္မွာ သြားစရာေနရာ႐ွိသြားတာေပါ့}

{မင္းဘာလို႔ အဲ့လိုအေတြးမ်ိဳးေတြေတြးေနတာလဲ? မင္းနဲ႔သူနဲ႔ဘာျဖစ္ၾကတာလဲ။စကားမ်ားၾကတာလား? ဒါမွမဟုတ္ မင္းစိတ္ဆိုးေစမယ့္ ကိစၥတစ္ခုခုသူလုပ္ခဲ့လို႔လား} 

{မဟုတ္ပါဘူး}

က်ိခ်င္းက်ိဳး သက္ျပင္းခ်လိုက္သည္။လူတစ္ေယာက္က တစ္ခါ လိမ္ေျပာဖူးရင္ အႀကိမ္အႀကိမ္အခါခါ ဆက္လိမ္ေနရဦးမွာပဲတဲ့။သူတို႔ ရန္လည္းမျဖစ္ဘူး။စကားမ်ားတာလည္း မဟုတ္ပါဘူးဟု ႐ွင္းျပလို႔လည္း မရ။အဲ့လိုသာဆို သူက ဘာလို႔ ခ်ဴခ်န္မသိေအာင္ အိမ္ငွားေနမွာလဲ? လ်န္က်င္း႐ွင္ထံ အမွန္တရားအလုံးစုံကို တစ္ခါတည္း ေျပာျပလိုက္ေတာ့သည္။

နားေထာင္ေနသည့္ လ်န္က်င္း႐ွင္က အတန္ၾကာတိတ္သြားၿပီးမွ စကားဆိုလာသည္။

{ခ်င္းက်ိဳး...မင္းအိမ္ငွားခ်င္ရင္ငွားလို႔ကရပါတယ္။ကိုယ္ေတာ့ ဒီနားမွာ အိမ္ငွာမယ္လို႔ ေျပာသံမၾကားရေသးဘူး။ဒါေပမယ့္ ကိုယ္လိုက္စုံစမ္းထားေပးမယ္ ဟုတ္ၿပီလား။ေနာက္ပိုင္း ခ်ဴခ်န္နဲ႔ တကယ္ရန္ျဖစ္ခဲ့ၾကလို႔ မင္း ကိုယ့္ဆီမွာလာေနခ်င္လည္း ရတယ္ေနာ္}

{ေက်းဇူးပါ။ ေကာ}

{ရပါတယ္။ကိုယ္တို႔ ေဟာ့ေပါ့သြားစားၾကတဲ့ေန႔က မင္း သန္႔စင္ခန္းသြားတုန္း ခ်ဴခ်န္က ကိုယ့္ကို စကားလာေျပာတယ္။တကယ္ေတာ့ သူ မင္းကို အရမ္းအေလးထားတာပါ။တစ္ခ်ိဳ႕အခ်ိန္ေတြမွာ သူမေျပာေကာင္းမေျပာေလာက္ေပမယ့္ မင္းကိုေတာ့ တကယ္ ဂ႐ုစိုက္ေပးခ်င္ေနတာ}

{ကြၽန္ေတာ္သိပါတယ္။စိတ္မပူပါနဲ႔ ။ ကြၽန္ေတာ္တို႔ ရန္မျဖစ္ၾကပါဘူး}

{ေကာင္းတယ္။ေကာင္းတယ္။ကိုယ္ အိမ္႐ွာေတြ႕တာနဲ႔ မင္းဆီဖုန္းဆက္လိုက္မယ္}

{အိမ္က ႐ွာၿပီးၿပီ။ယင္းႏ်န္ေနတဲ့ အိမ္နားမွာ ငွားတယ္ဆိုလို႔ ေဈးကလည္း သင့္ေနတာနဲ႔ တန္းငွားလိုက္တယ္}

{အိမ္ေတာင္ငွားၿပီးၿပီ?}

တကယ္ကို လက္ျမန္ေျချမန္႐ွိလိုက္ပါဘိ။ေန႔လည္ကမွ အိမ္ငွားခ်င္တယ္ေျပာသူက အခု အိမ္ေတာင္ငွားၿပီးၿပီတဲ့! ဒီအျမန္အႏႈန္းႀကီးက တကယ့္ကို အေမးဇင္းျဖစ္လွပါတယ္!

{မင္း တကယ္ကို စိတ္ျမန္လက္ျမန္နဲ႔}

{အေတာ္ေလး အဆင္ေျပေနတာနဲ႔ငွားလိုက္တာပါ}

{အဲ့ေတာ့ မင္းက ယင္းႏ်န္တို႔နားမွာ ေနမွာေပါ့}

{အြန္း။သူ႕ေအာက္ထပ္မွာ}

{ေကာင္းပါတယ္။အသိအကြၽမ္းေလး႐ွိေတာ့ တစ္ခုခုျဖစ္ရင္ အခ်င္းခ်င္း ေစာင့္ေ႐ွာက္ေပးလို႔ရတာေပါ့}

{ဟုတ္တယ္။ဒါေပမယ့္ ဒီကိစၥကို ေကာနဲ႔ယင္းႏ်န္ပဲ သိတာ။အဲ့တာေၾကာင့္ ေကာ.... ခ်ဴခ်န္နဲ႔ အန္းယီကို မေျပာျပလိုက္နဲ႔}

{ဒါေပါ့။မေျပာျပပါဘူး။ဒါေပမယ့္ ေနာက္ပိုင္း ခ်ဴခ်န္သိသြားရင္ဆိုတာကိုလည္း အၿမဲေတြးထားေနာ္}

သူလည္း အခ်ိန္အၾကာႀကီး ဖုံးကြယ္ဖို႔ မေတြးထား။လမ္းမခြဲခင္အခ်ိန္ထိပဲ မသိေစခ်င္တာျဖစ္သည္။

{သူနားလည္ေပးမွာပါ} က်ိခ်င္းက်ိဳးေျပာလိုက္သည္။

{ေကာ ...ကြၽန္ေတာ္ဘာလုပ္ေနလဲဆိုတာ ကိုယ့္ကိုကိုယ္သိပါတယ္။ကြၽန္ေတာ့္မွာ အတိုင္းအတာ႐ွိတာမို႔ စိတ္မပူပါနဲ႔}

လ်န္က်င္း႐ွင္သည္ ဘာစကားမွမေျပာဘဲ က်ိခ်င္းက်ိဳးနဲ႔ခ်ဴခ်န္တို႔ ျပႆနာျဖစ္ေနတာျဖစ္ရမည္ဆိုတာသိေနပါေသာ္လည္း က်ိခ်င္းက်ိဳးက မေျပာျပခ်င္သည့္အတြက္ သူ႕ကို တြန္းအား မေပးခ်င္ေတာ့ပါ။ထို႔ေၾကာင့္ လ်န္က်င္း႐ွင္သည္ မ်က္ခုံးကို လက္ႏွင့္ဖိၿပီး တြန္႔ဆုတ္တြန္႔ဆုတ္သေဘာတူရေတာ့သည္။

ခ်ဴခ်န္သည္ အနည္းငယ္ေနာက္က်ၿပီးမွ အိမ္ျပန္ေရာက္၏။မေန႔က အားလပ္ရက္ယူလိုက္ေသာေၾကာင့္ ဒီေန႔အလုပ္ေတြပုံက်လာကာ အလုပ္႐ႈပ္ေနသျဖင့္ အိမ္ျပန္ေနာက္က်ရျခင္းျဖစ္သည္။က်ိခ်င္းက်ိဳးက သူတြက္ ဟင္းခ်က္ေပးၿပီး သူနဲ႔အတူ ထမင္း၏စားေပးေလသည္။

ခ်ဴခ်န္မွာ လူကိုၾကည့္ရင္း ျဖည္းျဖည္းခ်င္းစားေသာက္ကာ မေန႔က ျဖစ္ခဲ့တာ‌ေတြကို ျပန္ေတြးေနမိသည္။ျဗဳန္းစားႀကီး လမ္းခြဲလိုက္တာထက္ စာခ်ဳပ္မကုန္ခင္ သူတို႔ၾကားက နီးကပ္တဲ့ဆက္ဆံေရးကို ေလ်ာ့ခ်သင့္သည္ဟု သူခံစားေနရသည္။အဲ့တာမွ သူတို႔ လမ္းခြဲျဖစ္ၾကတဲ့အခ်ိန္ အရမ္းႀကီး ခံစားရမခက္ေနမွာျဖစ္သည္။က်ိခ်င္းက်ိဳးလည္း ထိုကိစၥကိုပင္ေတြးေနတာျဖစ္၏။မေန႔ညက သူ႕ကိုယ္သူ မထိန္းခ်ဳပ္ႏိုင္ျဖစ္သြားခဲ့သည္။ထိုမေကာင္းတဲ့ခံစားခ်က္ေတြကို သူ႕ဘာသာ သဟဇာတျဖစ္ေအာင္ေနခ်င္ေပမယ့္ ခ်ဴခ်န္ကျမင္သြားခဲ့သည္။

ဒါက သူ႕ရဲ႕ဖုံးကြယ္ထားသည့္ တစ္ဖက္ျခမ္းပင္။ခ်ဴခ်န္မျမင္ခဲ့သင့္ေပ။ခ်ဴခ်န္သာျမင္သြားရင္ အေတြးလြန္သြားမွာ မလြဲဧကန္ပဲ။ခ်ဴခ်န္က သူ႕ကို မႀကိဳက္ဘူးလို႔ ေျပာထားေသာေၾကာင့္ သူဘက္ကလည္း ခ်ဴခ်န္ကို သိခြင့္မေပးႏိုင္ပါ။

ရည္႐ြယ္ခ်က္ အမ်ိဳးမ်ိဳး ႏွင့္ သူတို႔ႏွစ္ေယာက္သည္ တမင္တကာကို ေ႐ွာင္တိမ္းျခင္းလုပ္ရပ္အားဆက္လုပ္ေဆာင္ခဲ့ၾကၿပီး ဘယ္သူမွ ေျခလွမ္းမလြန္ခဲ့ၾကေပ။တစ္ေလွ်ာက္လုံး လိမၼာပါးနပ္စြာျဖင့္တုံဏွိဘာေဝးေနေနၾကေလသည္။က်ိခ်င္းက်ိဳးကလည္း သူ႕ကို တမင္သက္သက္ ေ႐ွာင္ေနပုံရေၾကာင္း ခ်ဴခ်န္သတိထားမိလာသည္။《ခ်စ္သူ႕ကဗ်ာမ်ားမွျမတ္ႏိုးေသာစာမ်က္ႏွာ》တရားဝင္ျပသ‌သည္ႏွင့္ က်ိခ်င္းက်ိဳးလည္း စၿပီး ပ႐ိုမိုး႐ွင္းဆင္းရေတာ့သည္။

သူ႕ရဲ႕ပ်က္ကြက္မႈေတြက သိသိသာသာကို ပိုမ်ားလာသည္။ခ်ဴခ်န္မွာ သူျပန္လာလိုက္ျပန္သြားလိုက္၊ျပန္လာလိုက္ျပန္သြားလိုက္လုပ္ေနတဲ့ ရက္ေတြကိုသာ ထိုင္ေရတြက္ေနခဲ့ရၿပီးေနာက္ သတိေပးလိုက္ရေသးသည္။

“မင္းေမြးေန႔က် အျပင္ထြက္လည္မို႔ကို သတိရဦးေနာ္”

က်ိခ်င္းက်ိဳးသည္ ျပဳံးလ်က္ အင္းလို႔ျပန္ေျဖလာ၏။ထိုကိစၥနဲ႔ပတ္သက္ၿပီး စိတ္လႈပ္႐ွားေနပုံမရပါ။ဒါက သူ႕ေမြးေန႔မဟုတ္ပဲ မူလပိုင္႐ွင္၏ ေမြးေန႔သာျဖစ္သည္။ဒါေပမယ့္လည္း သူ႕ေမြးေန႔ဟုတ္ဟုတ္မဟုတ္ဟုတ္ကိစၥေတာ့မ႐ွိပါဘူး။သူနဲ႔ခ်ဴခ်န္တို႔ အတူတူေမြးေန႔ျဖတ္သန္းၾကရဖို႔ အဲ့ေန႔က တစ္ႀကိမ္တစ္ခါေမွ်ာ္လင့္ဖူးပါေသာ္ျငား ထိုညၿပီးတည္းက သူ႕မွာ အဲ့လိုေမွ်ာ္လင့္ခ်က္မ်ိဳးေတြ လုံးလုံး႐ွိမေနေတာ့ပါ။

သူ႕အခ်စ္ေရးက အဲ့ေန႔ညကပင္ အဆုံးသတ္သြားေခ်ၿပီ။ဆုံး႐ႈံးသြားရတဲ့ အခ်စ္တစ္ခုအတြက္ တြယ္ကပ္ေနစရာဘာအေၾကာင္းမွမ႐ွိေပ။သူ႕မိဘမ်ား ကြာ႐ွင္းၾကစဥ္က မားမားအား “မားတို႔အတူတူဆက္မေနေပးႏိုင္ဘူးလား” ဟု‌က်ိခ်င္းက်ိဳး ေမးခဲ့ဖူးပါသည္။

မားက သူ႕ကိုျပန္ေျပာတာက “မားတို႔ေရစက္ကုန္သြားၿပီမို႔”တဲ့။

သူသိပ္နားမလည္ခဲ့ဘဲ မားမားတို႔ျပန္ေပါင္းထုပ္ဖို႔အတြက္ ႀကိဳးစားပမ္းစားေဆာင္႐ြက္ခဲ့ၿပီး မားမားနဲ႔ပါးပါးကို အရင္တိုင္းပဲ ျဖစ္ေစခ်င္ခဲ့သည္။ဒါေပမယ့္လည္း အသုံးမဝင္ပါ။မားက သူ႕လက္ကို ဆြဲယူၿပီး ေျပာလာခဲ့သည္။

“လူ႕ဘဝကအ႐ွည္ႀကီးမို႔ လူအမ်ိဳးမ်ိဳးအ‌ေထြေထြနဲ႔သားေတြ႕ရဦးမွာ။သားမတားဆီႏိုင္တဲ့ မထိန္းခ်ဳပ္လိုက္ႏိုင္တဲ့ ခံစားခ်က္ေတြလည္း ႐ွိလာဦးမွာ။အလြန္နက္နက္႐ိႈင္း႐ိႈင္းနဲ႔ခ်စ္မိသြားတဲ့အခ်ိန္က်ရင္ သားဘက္က အဆင့္သင့္မျဖစ္ေကာင္းမျဖစ္ေနရင္ေတာင္ အခ်စ္က သားႏွလုံးသားတံခါးကေန ဝင္ေရာက္ေနၿပီးသြားၿပီ။အဲ့အခ်ိန္က်ရင္ သားလက္ခံရေတာ့မယ္။သူတို႔အခ်စ္ကို ေကာင္းေကာင္းႏွစ္သက္လက္ခံေပးရေတာ့မယ္။ဒါေပမယ့္ တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္ ထြက္သြားၾကရမယ္ဆိုရင္လည္း သားဘက္က ဆက္ေနေနရင္ေတာင္ အလုပ္မျဖစ္ေတာ့ဘူး။ဒါဆို တြန္႔ဆုတ္မေနဘဲ ထြက္သြားလိုက္ပါ။အခ်စ္အတြက္နဲ႔ သားကိုယ္သား အ႐ွက္မရေစနဲ႔”

မားအဲ့လိုေျပာတဲ့အခ်ိန္တုန္းက မ်က္လုံးထဲမွာ ဝမ္းနည္းမႈတစ္စြန္းတစ္စစြန္းထင္ေနခဲ့ၿပီး အရမ္းတည္တည္ၿငိမ္ၿငိမ္နဲ႔ ေအးခ်မ္းေနခဲ့တာျဖစ္သည္။ဒါေပမယ့္ ထိုဝမ္းနည္းမႈ တစ္စြန္းတစ္စက သူမအလွနဲ႔ က်က္သေရ႐ွိမႈကို မပ်က္စီးသြားေစပါ။

ထိုစကားေတြအား  နားေထာင္ရင္း က်ိခ်င္းက်ိဳး အ႐ြယ္ေရာက္လာခဲ့တာျဖစ္သည္။ တစ္ရက္ၿပီးတစ္ရက္ခါးသီးေသာဆက္ဆံေရးကို မလႊတ္ခ်ခ်င္တဲ့သူတို႔ေၾကာင့္ နာက်င္မုန္းတီးသြားၾကတဲ့ သူေတြကို က်ိခ်င္းက်ိဴး ေစာင့္ၾကည့္ေနခဲ့ရသည္။သူ အဲ့လို မလုပ္ခ်င္ပါ။ မားမား လုပ္ရပ္က အလြန္မွန္သည္။ခံစားခ်က္က လူေတြကို ေပ်ာ္႐ႊင္တာပဲျဖစ္ေစသင့္သည္။ ဝန္ထုပ္ဝန္ပိုးမျဖစ္ေစသင့္ပါ။

သူ အလြယ္တကူခ်စ္မိသြားခဲ့ကာ နားမလည္ႏိုင္ေသးခင္မွာပင္ ထိုမိုး႐ြာသည့္ေန႔လည္ခင္း၊ထိုႏွင္းက်သည့္ေမွာင္ရီပ်ိဳးစအခ်ိန္၊ၾကယ္ေတြကင္းမဲ့ေနသည့္ညတစ္ညမွာ သူ႕ႏွလုံးသားထဲမွာပဲ ေႂကြက်သြားခဲ့သည္။သူကေတာ့ ႏွလုံးသားထဲမွာပဲ ဆက္သိမ္းထားကာ ဂ႐ုတစိုက္ ေရေလာင္း၊ပ်ိဳးေထာင္ၿပီး ႏွလုံးသားထဲမွာ အခ်စ္ပန္းေလးဖူးပြင့္ခြင့္ျပဳလိုက္၏။ပန္းေလးက သိပ္မႀကီးရင္ေတာင္ လုံေလာက္ေသာရနံ႔ေတာ့႐ွိပါေပသည္။အခုခ်ိန္မွာ ဖ်က္ဆီးခံလိုက္ရေပမယ့္ အရမ္းလွတယ္လို႔ က်ိခ်င္းက်ိဳးေတာ့ ထင္သည္။

သူ ထိုအခ်စ္ပန္းေလးအား ဂ႐ုတစိုက္ပ်ိဳးေထာင္ၿပီး ႏွလုံးသားတစ္ေထာင့္တစ္ေနရာမွာ သိမ္းထားလိုက္ေတာ့မည္။ၿပီးမွရင္ခြင္တံခါးဖြင့္ၿပီး လႊတ္ခ်လိုက္ေတာ့ပါမည္။တကယ္လို႔ ခ်ဴခ်န္က သူ႕ကို သေဘာက်ပါတယ္လို႔ ေျပာလာခဲ့ရင္ သူလည္း ခ်ဴခ်န္ကို သေဘာက်ပါတယ္ဟုျပန္ေျဖပါမည္။တကယ္လို႔ ခ်ဴခ်န္က သူ႕ကို သေဘာမက်ခဲ့ပါက သူတြန္းအားေပးေနမည္မဟုတ္ပါေလ။

တစ္ခါက သူအရမ္းေပ်ာ္ခဲ့ဖူးတယ္ဆို လုံေလာက္သြားေခ်ၿပီ။

ေနာက္ဆုံးအခ်ိန္ထိဆိုတာကိုေတာ့ က်ိခ်င္းက်ိဳး တစ္ခါမွကို မေမွ်ာ္လင့္ခဲ့ဖူးပါ။

ခ်ဴခ်န္ကို ျပန္တုံ႔ျပန္ေျဖၾကားၿပီးတာနဲ႔ သူလုပ္စရာ႐ွိတဲ့အလုပ္ေတြပဲ ဆက္လုပ္ေနလိုက္သည္။အခုတေလာ သူ ေျပာင္းလဲသြားေနေၾကာင္း ခ်ဴခ်န္ခံစားေနရေပမယ့္ ဘာေတြေျပာင္းလဲသြားလဲဆိုရင္ေတာ့ မေျပာတတ္ပါ။က်ိခ်င္းက်ိဳး အရင္ကေလာက္ သူ႕ကို သိပ္မကပ္ေတာ့တာ ေတြ႕ေနရသည္။ဒါေပမယ့္ အဲ့လိုျဖစ္တာကလည္း သူ က်ိခ်င္းက်ိဳးနဲ႔ ရင္းရင္းႏွီးႏွီးမေနေတာ့လို႔ ျဖစ္မွာပဲဟုထင္ေနသည္။က်ိခ်င္းက်ိဳးကို ဒီလိုမ်ိဳး မျဖစ္ေစခ်င္ပါ။လက္႐ွိအေျခအေနအား ေျပာင္းလဲဖို႔ ခ်ဴခ်န္တစ္ခုခုေျပာခ်င္ေပမယ့္ သူတို႔က မၾကာခင္ လမ္းခြဲၾကရေတာ့မွာေလ။ထို႔ျပင္ ဒီလိုလုပ္တာလည္း ဘာမွမမွားဘူးထင္ပါတယ္။

မၾကဳံစဖူးေသာတြန္႔ဆုတ္မႈေတြစိုးရိမ္မႈေတြနဲ႔ သူ က်ိခ်င္းက်ိဳး ထံၾကည့္ေနခဲ့သည္။သို႔ေသာ္ က်ိခ်င္းက်ိဳးကေတာ့ ထိုအေတြးေတြ႐ွိမေနပါ။ဘာလို႔ဆို 《ခ်စ္သူ႕ကဗ်ာမ်ားမွျမတ္ႏိုးေသာစာမ်က္ႏွာ》ထုတ္လႊင့္ၿပီးေနာက္ တုံ႔ျပန္မႈေတြတအားေကာင္းေနၿပီး ၾကည့္႐ွဴႏႈန္းေရာ ေခါင္းစဥ္ပါ ထိပ္ဆုံးေရာက္ေနသည္။ခ်ဴခ်န္လို လူသစ္ကိုေတာင္ Weiboေပၚက ပရိတ္သတ္ေတြ ႐ူးသြပ္ေနၾကသည္။သူ႕ရဲ႕အသက္ေမြး‌ဝမ္းေၾကာင္းေတာ့ ေနာက္တစ္ဆင့္ေရာက္ေတာ့မယ္လို႔ က်ိခ်င္းက်ိဳးတစ္ေယာက္ ေဝေဝဝါးဝါးခံစားေနရၿပီျဖစ္သည္။

#################

♥️if all it is is eight letter, why is it so hard to say? ♥️ ပါးခ်ဴက သူက်ိဳးက်ိဳးနားမကပ္လို႔ က်ိဳးက်ိဳးက သူနဲ႔ေဝးကြာေနတာဆုိၿပီးထင္ေနတာ။တကယ္ေတာ့ က်ိဳးက်ိဳးက သူ႕ကို လက္ေလ်ာ့လိုက္တာပါ။ျပန္႐ွင္းျပတာ။ယူတို႔မသိမွာစိုးလို႔♥️

စာေရးသူမွာေျပာစရာ႐ွိပါတယ္ :

ခ်ဴခ်န္ : ငါ့ကေလးေလးက လတ္တေလာေျပာင္းလဲေနၿပီ။အဲ့တာကလည္း ငါ သူ႕ကို မဖက္လို႔၊မနမ္းလို႔၊ေဝးေဝးေနေနလို႔မလား?

က်ိဳးက်ိဳး : ခင္ဗ်ားအေတြးလြန္ေနၿပီ။ကြၽန္ေတာ္က ခင္ဗ်ားကို ဘိုင္းဘိုင္လုပ္ဖို႔ ျပင္ေနတာ~~~~

ခ်ဴခ်န္ : !!!!!!! ကိုယ့္ကိုကိုယ္ ကယ္တင္လို႔ရေသးတယ္ထင္လား !

က်ိဳးက်ိဳး : ဟဲဟဲဟဲ ဘိုင္းဘိုင္။ကြၽန္ေတာ္ အိမ္ေတာင္႐ွာၿပီးၿပီ ။ခင္ဗ်ား အံ့ဩသြားလား?  ေပ်ာ္သြားၿပီမလား?

ခ်ဴခ်န္ : ပါး႐ူးေတာ့မယ္!

########################

Continue Reading

You'll Also Like

177K 13.3K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
179K 30.7K 84
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
202K 7.6K 36
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
334K 34.4K 108
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်