The Everlasting One (volume 2...

By _pannthoon_

742K 74.2K 17.4K

Start Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ... More

Author's note
Preview
Characters
Chapter : 96
Chapter : 97
Chapter : 98
Chapter : 99
Chapter : 100
Chapter : 101
Chapter : 102
Chapter : 103
Chapter : 104
Chapter : 105
Chapter : 106
Chapter : 107
Chapter : 108
Chapter : 109 (ပ)
Chapter : 109 (ဒု)
Chapter : 110
Multiuniverse Group
Chapter : 111
Chapter : 112
Chapter : 113
Revision
Chapter : 114
Chapter : 115
Chapter : 116
Chapter : 117
Chapter : 118
Chapter: 119
Chapter : 120
Chapter : 121
Chapter : 122
Chapter : 123
Chapter : 124
Chapter : 125 (ပ)
Chapter : 125 (ဒု)
Chapter : 126
Chapter : 127
Chapter : 128
Chapter : 129
Chapter : 130
Chapter : 131
Chapter : 132
Chapter : 134
Chapter : 135
Chapter : 136
Chapter : 137
Chapter : 138
Chapter : 139
Chapter : 140
Volume 3 Preview
Chapter : 141
Chapter : 142
Chapter : 143
Chapter : 144
Chapter: 145
Chapter : 146
Chapter : 147 ( က)
Chapter : 147 (ခ)
Chapter : 148
Chapter : 149
Chapter : 150
Physical book ( Unicode)
Physical book ( Zawgyi)
Chapter : 151
Chapter : 152
Chapter : 153
Chapter : 154
Chapter : 155 (ပ)
Chapter : 155 ( ဒု)
Chapter : 156
Chapter : 157
Chapter : 158 (ပ)
Chapter : 158 ( ဒု)
Chapter : 159
Chapter : 160
Book!!
The end

Chapter : 133

7.8K 941 702
By _pannthoon_

Unicode

နဂါးမင်းသားအဏ္ဏနှင့် တွေ့ဆုံခြင်း

____________

အရုဏ အိပ်ရာနိုးလာချိန်တွင် သူ့ရင်ခွင်ထဲမှ ယုဂန်မှာ နှစ်ခြိုက်စွာ အိပ်မောကျနေစမြဲရှိသေးသည်။

ယုဂန် ဘေးတွင်မူ မနက်အစောကတည်းကနိုးနေသည့် ဣန္ဒီလေးက မှောက်ရက်ဖြစ်နေပြီး ယုဂန်ဘက်ကိုလှည့်ကာ သူမ​၏ဖဘုရားအိပ်ပျော်နေသည်ကို ပြူးတူးတူးလေးကြည့်နေသည်။

အရုဏ ပြုံးလိုက်ပြီး ယုဂန်ကိုကျော်ကာ သမီးလေး​၏ပါးကို လှမ်းဖျစ်လိုက်သည်။ ထိုအခါ ဣန္ဒီလေးက အရုဏဆီမော်ကြည့်လျက် သွားမရှိသောပါးစပ်လေးနှင့် ရွှင်ပျစွာရယ်ပြလာသည်။ ထို့နောက် အုအုအဲအဲနှင့် အသံပိစိလေးများပြုပြီး သူမ​၏ရှေ့ထုတ်ထားသော လက်သေးသေးလေးများအပေါ် ခေါင်းမှောက်ချသွားသည်။

မနက်ခင်းလေးဟာ အားရပါးရအိပ်ချင်လောက်အောင် အေးချမ်းသာယာနေသည်။ သို့သော်လည်း အစောကတည်းက နဂါးမင်းသားအဏ္ဏကို သွားရောက်ရှာဖွေရမည်မို့ ယုဂန်ကို အိပ်ရာကနှိုးရမည်။

အရုဏ ယုဂန်​၏ လည်တိုင်အနောက်နားကို ခပ်ဖွဖွနမ်းလိုက်သည်။

" အချစ်လေး ထ,တော့။ မောင်တို့ စောစောသွားရမယ်"

ယုဂန် မနိုးသေးသည်မို့ ယုဂန်​၏လည်တိုင်အနောက်ကို နှာခေါင်းထိပ်ဖြင့် ထပ်မံပွတ်သပ်လိုက်သည်။ ထိုအခါ ယားယံလာသည်မို့ ယုဂန်ကိုယ်လေး လူးလူးလွန့်လွန့်ဖြစ်လာသည်။

" နည်းနည်းလောက် ထပ်အိပ်ချင်တယ်"

ယုဂန်ထံမှ တိုးညင်းပြီး ဗလုံးဗထွေးဖြစ်သော အသံလေးထွက်ပေါ်လာသည်။ ယုဂန်ဟာ အအိပ်ကြိုက်သူမို့ အိပ်ရာကနိုးပါက အချိန်ဆွဲနေပြီး တအောင့်ကြာမှ ထ,တတ်သူဖြစ်သည်။

" ခဏပဲရမယ်နော်။ မောင် ခဏနေရင်လာနှိုးမယ်"

အရုဏ ယုဂန်ကိုအုပ်မိုးလျက် ပါးအိအိကို တစ်ချက်နမ်းရှုပ်လိုက်သည်။

ထို့နောက် အိပ်ရာပေါ်မှ ထလိုက်ပြီး ယုဂန်ဘေးတွင် ဝူးဝူးဝါးဝါးလုပ်နေသော သမီးကို ချီပိုး၍ မျက်နှာသစ်ပြင်ဆင်ပေးရန် ခေါ်ဆောင်သွားသည်။

တည်းခိုဆောင်က မနက်ခင်းမျက်နှာသစ်ရန် ရေပေးထားသည်။ ထိုရေနှင့် ကလေးကို မျက်နှာသစ်ပေးပြီး အနှီးလှဲရန် လုပ်ဆောင်ပေးရသည်။ ခါတိုင်း ကလေးထိန်းများက ကလေးကိစ္စအဝဝကို ဆောင်ရွက်ပေးသည်မို့ သူနှင့်ယုဂန် ကလေးအနှီးလှဲပေးရခြင်း အလွန်ရှားသည်။

ပြီးလျှင်တော့ ကလေးနို့တိုက်ရမည်။ နဂါးမင်းသားကို သွားရှာနေစဉ်အတွင်း သမီးလေးကို စောရံနှင့် တည်းခိုဆောင်တွင် ထားခဲ့ရမည်။ ထားခဲ့ရမည်မှာ စိတ်မချသော်လည်း အနည်းဆုံးတော့ တစ်မြို့တည်းရှိနေ၍တော်သေးသည်ဟုဆိုရမည်။

အရုဏ စဉ်းစားရင်း ကလေးအဝတ်လဲပေးနေစဉ် ကလေးကိုင်ပုံအချိုးမကျသည်မို့ ဣန္ဒီစိတ်ရှုပ်ကာ ဗြဲခနဲထအော်လာသည်။

ကလေးငိုလာသည်မို့ အရုဏပျာပျာသလဲဖြစ်သွားစဉ်တွင် ယုဂန်ဆီမှ

" ဘေဘီ ဘာဖြစ်လို့လဲ"

ဟူသော အော်မေးသံထွက်လာသည်။ ဣန္ဒီကလည်း သူမ​၏ဖဘုရားသံကြားတော့ အဲ့ခနဲအသံထွက်ကာ ပြန်ဖြေသည်။

ကလေးသံကြားလျှင် မနေနိုင်တော့သည့်ယုဂန်ဟာ ကုတင်ပေါ်မှ အိပ်ချင်မူးတူးဖြင့်ထ,လာပြီး ကလေးကို စားပွဲပေါ်တင်ကာ ကျကျနနအနှီးထုပ်နေသာ အရုဏဘေးသို့ လျှောက်လာသည်။

"ခမည်းတော်က သဲသဲလေးကို ဘာလုပ်လို့လဲဟင်"

" အဲ့ အဲ..."

" သဲသဲလေးကို စိတ်ရှုပ်အောင်လုပ်တယ် ဟုတ်လား။ ခမည်းတော်ကို ရိုက်ဦးမယ်"

ကလေးနှင့်အချီအချပြောကာ အနှီးဆက်ထုပ်ပေးနေသော ယုဂန်ကြောင့် အရုဏဘေးသို့ရှောင်လိုက်ရသည်။

" မောင်ဘာမှမလုပ်ဘူးနော်။ သူ့ဘာသာထအော်တာ"

" မောင် သူ့လက်ကို မောင့်အားကြီးနဲ့ အတင်းသွားချုပ်လို့နေမှာပေါ့။ ဣန္ဒီက သူ့ကိုတင်းတင်းကျပ်ကျပ်ကြီးချုပ်ထားရင် မကြိုက်ဘူး"

အရုဏ မကျေနပ်စွာနှင့် ဆူပုတ်သွားသည်။ သို့ရာတွင် သူဘာမှဆက်မပြောတော့ဘဲ ယုဂန်​၏ရှုပ်ပွနေသော ဆံပင်များကိုသာ ဘီးတစ်ချောင်းယူပြီး ဖြီးပေးနေလိုက်သည်။

ကလေးကိစ္စမလုပ်ရလျှင်တော့ ယုဂန်ကိစ္စသူလုပ်ပေးနိုင်သေးသည်။

ကလေးတစ်ယောက်ရှိသည်က မနက်ခင်းကို ပိုမိုအလုပ်ရှုပ်စေနိုင်သည်။ အရုဏနှင့်ယုဂန်သည် ကလေးအတွက်သာ အချိန်တော်တော်များများကုန်လွန်လိုက်ရပြီး ကလေး​၏ဝမ်းရေး၊ စွန့်ထုတ်ရေးကိစ္စအကုန်ပြီးမှ မိမိတို့အတွက်ကို ကပျာကယာပြင်ဆင်ရန် စတင်ရသည်။

ကလေးထိန်းရန် စောရံရောက်လာ၍တော်သေးသည်။

ကလေးကို စောရံနှင့် ထည့်ပေးလိုက်ပြီးမှ နဂါးမင်းသားကိုရှာဖွေရန် လိုအပ်သောလက်နက်ကိရိယာများကို ပြင်ဆင်ရသည်။

ထိုသို့ အရုဏ အဝတ်အစားလဲလှယ်နေစဉ် ယုဂန်က အနားလာကာ အရုဏကို အနောက်မှ သိုင်းဖက်လာ သည်။

ယုဂန်​၏အထိအတွေ့ကြောင့် အရုဏ ယုဂန်နှင့်မျက်နှာချင်းဆိုင်လိုက်ပြီး ယုဂန်ကို ပြန်လည်ပွေ့ဖက်လိုက်သည်။ ယုဂန်က အရုဏ​၏လည်ပင်းကို မှီတွယ်ကာ နှုတ်ခမ်းလေးကိုဆူပြသည်။ အနမ်းခံချင်သည်မှန်း သိသည်မို့ နှုတ်ခမ်းဖူးဖူးလေးကို ထိတွေ့သည်ဆိုရုံလေး အရုဏနမ်းလိုက်သည်။

" ရုတ်တရက်ကြီး လာချွဲပါနေလား"

ယုဂန် အရုဏ​၏ရင်ခွင်ထဲသို့ ပိုမိုကာတိုးဝင်လာသည်။

" မောင်"

သူ တိုးညင်းစွာနှင့် ချွဲနွဲ့စွာခေါ်သည်။ ထိုအသံလေးဟာ အသည်းတယားယားရှိစေသောကြောင့် အရုဏ သူ​၏ကြင်ရာတော်ကို ပိုမိုတင်းကျပ်စွာပွေ့ဖက်လိုက်သည်။

" ဘာတုံး အချစ်"

ယုဂန် သူ့ကိုမော့ကြည့်သည်။ ယုဂန်​၏ မဟူရာပမာဖိတ်ဖိတ်တောက်နေသောမျက်ဝန်းများသည် မကြုံဖူးအောင်မှိုင်းဖျနေပြီး အတွေးများနေသည့်နှယ် ဖျော့တော့ထိုင်းမှိုင်းနေသည်။

ယုဂန်​၏မျက်နှာကိုသာ အရိပ်တကြည့်ကြည့်နေခဲ့သူမို့ ယုဂန် မပျော်ရွှင်နေသည်ကို အရုဏခံစားသိရှိသည်။ လတ်တလော ယုဂန်ဟာ သူ့ကိုမပြောပြပါဘဲ စိတ်ညစ်စရာများကို ရင်ထဲသိမ်းသိမ်းထားသည်။ မည်သည့်အကြောင်းများရှိ၍လဲ မသိပါချေ။

" တစ်ခုခုဖြစ်လို့လား ကလေး"

ယုဂန် ခေါင်းခါပြပြီးနောက် အရုဏ​၏ပခုံးနှင့် သူ​၏နဖူးကို အပ်သည်။ ထို့နောက် အသံခပ်တိမ်တိမ်နှင့်ဆိုသည်။

" ချစ်တယ်ဆိုတာ သိထားရမယ်နော်"

ထူးဆန်းသောစကားဖြစ်သော်လည်း အရုဏပြန်ပြီး မေးခွန်းမထုတ်မိပါချေ။

" သိတာပေါ့။ မောင့်ဇနီးလေး မောင့်ကိုဘယ်လောက်မေတ္တာရှိလဲ မောင်သိတယ်"

" ပြီးတော့ ကျွန်တော်တို့ ကလေးတွေကို မောင်သေချာစောင့်ရှောက်မှဖြစ်မယ်"

"ယုဂန်နဲ့အတူတူ စောင့်ရှောက်မယ်လေ"

ယုဂန် သူ့ကို မှိုင်းပျဝေဝါးသောအကြည့်များနှင့် မော့ကြည့်သည်။ ထို့နောက် ဖျော့တော့စွာပြုံးသွားပြီး

" အင်း အတူတူ"

ဟု တိုးညင်းစွာရေရွတ်သည်။

အရုဏ ယုဂန်​၏နဖူးကို အသာအယာနမ်းလိုက်သည်။

" မောင် အဝတ်,ဝတ်ဦးမယ်"

" ဪ အင်း ဝတ်ဝတ်"

အရုဏ​၏ရင်ခွင်ကို တောက်တဲ့ပမာကပ်တွယ်နေသော ယုဂန်သည် ယခုမှ ဘေးသို့ခွာသွားသည်။

အရုဏ အင်္ကျီဝတ်နေရင်း ယုဂန်ရှိရာဆီလှည့်ကြည့်လိုက်ချိန်တွင် ယုဂန်ဟာ ပြတင်းပေါက်အပြင်ကို ကြည့်၍ လေးလေးတွဲ့တွဲ့ငေးငိုင်နေသည်ကို တွေ့ရသည်။

ယုဂန်​၏သွယ်လျသောလက်ချောင်းလေးများက သူ အမြဲဝတ်ဆင်ထားသော ဆွဲကြိုးကို ပွတ်သပ်၍နေသည်။

***********************************

မနက်ခင်း နေမြင့်ချိန်ရောက်သောအခါတွင် နန္ဒ၊ ပီယံ၊ ရေဝတီ၊ ဧကသူနှင့် အရုဏတို့ အားလုံးတွေ့ဆုံကြသည်။

ဒေါဝံသို့ရောက်ရှိပြီဖြစ်သော်လည်း နဂါးမင်းသား​၏တည်နေရာကို တိတိကျကျမသိရှိသေးသည်မို့ နဂါးမင်းသား​၏အရိပ်အမြိတ်ကို လိုက်လံရှာဖွေရန် အရပ်လေးမျက်နှာ လူခွဲ၍ရှာရမည် ဟုယုဂန်က အစီအစဉ်ချမှတ်သည်။

ထို့နောက် ယုဂန်ကပင် နန္ဒနှင့်ပီယံကို အရှေ့အရပ်၊ ရေဝတီနှင့် ဧကသူကို တောင်အရပ် လိုက်ရှာရန် လမ်းကြောင်းချမှတ်ပေးသည်။ သူနှင့်အရုဏကတော့ အနောက်အရပ်ကို အရင်သွားရှာမည်ဖြစ်ပြီး အနောက်တွင် မတွေ့မှ မြောက်အရပ်သို့ သွားရှာမည်ဟု ယုဂန်ကပြောကြားသည်။

ဤသို့နှင့် သူတို့သည် ဒေါဝံမြို့မှ မြင်းငှါးသော မြင်းဇောင်းမှ တစ်ယောက်တစ်ကောင်စီ မြင်းများငှါးရမ်းလိုက်ကြသည်။

ထို့နောက် အသီးသီးရှာဖွေရန် ထွက်ခွာခဲ့ကြသည်။

အရုဏနှင့်ယုဂန်သည် အနောက်အရပ်တည့်တည့်သို့ ထွက်ခွာခဲ့ကြရင်း မြို့တွင်းမှတစ်ဆင့် မြို့ပြင်တောအုပ်ဆီသို့ တဖြည်းဖြည်းရောက်ရှိလာသည်။

အရုဏက တောအုပ်ဝန်းကျင်ကို သူ​၏စူးရှစေ့စပ်သောမျက်ဝန်းများနှင့် သေသေချာချာလိုက်လံကြည့်ရှုရင်း

" မောင် ဟိုးအရင် စစ်ထွက်တုန်းက ဒီနေရာကို ရောက်ဖူးတယ်။ အဲ့တုန်းက ထူးထူးခြားခြား စွမ်းအားတိုးလာသလို ခံစားခဲ့ရတယ်"

ဟု ပြောပြသည်။

ထိုအခါ ယုဂန် အံ့ဩသည့်ဟန်ပန်ပြပြီး ပြန်လည်မေးမြန်းသည်။

" အခုရော"

" အခုလည်း အဲ့သလိုပဲ။ အသွေးအသားထဲကနေပြီး မှော်စွမ်းအားတွေတိုးပွားလာနေတာ ခံစားနေရတယ်"

အရုဏ ပြောရင်းဆိုရင်း သူ​၏လက်တစ်ဖက်ကို ငုံ့ကြည့်သည်။ အသားမာကြမ်းကြမ်းများ ကပ်ငြိနေသော သူ​၏လက်ချောင်းများထိပ်မှ၊ လက်ဖဝါးဆီမှ၊ အကြောများမှ ကြီးမားသောမှော်စွမ်းအင်တို့ စီးဆင်းနေသည်ကို သူတိတိပပခံစားနေရသည်။ သူဟာ အချိန်နှင့်အမျှ ပိုပိုပြီးအင်အားကြီးကာ တက်ကြွလန်းဆန်းလာနေသည်။

" အဲ့တာက ဒေါဝံက သိဒ္ဓိကြွယ်တဲ့မြေမို့လို့မဟုတ်ဘူးလား"

ယုဂန် မျက်မှောင်ကုတ်ရင်း စဉ်းစဉ်းစားစားဆိုသည်။ ထိုအခါ အရုဏ ခေါင်းခါရမ်းသည်။

" အဲ့လိုသာဆို တစ်မြို့လုံးရဲ့ဘယ်နေရာမှာရပ်ရပ် စွမ်းအားတိုးသလိုခံစားရမှာပေါ့။ နောက်ပြီး မောင်ဒီလိုဖြစ်ရင် တခြားသူတွေလည်းဖြစ်ရမှာပေါ့။ ခုက မောင်တစ်ယောက်တည်း ဒီနေရာရောက်မှဖြစ်တာ"

အရုဏစကားကြောင့် ယုဂန် တွေးတောသွားသည်။

" မောင် ပြမယ်"

အရုဏ ပြောပြောဆိုဆိုနှင့် အရှေ့နားရှိ သစ်ပင်ကြီးတစ်ပင်ကိုစိုက်ကြည့်ကာ သူ​၏လက်တစ်ဖက်ကို ဆန့်တန်းပြီး လက်ညှိုးနှင့် လက်ခလယ်နှစ်ချောင်းတည်းကို ထောင်၍ ဓားခုတ်သည့်နှယ် နှစ်ချက်မျှ ဝှေ့ယမ်းလိုက်သည်။

ထိုအခါ သူစိုက်ကြည့်နေသော သစ်ပင်ကြီးမှာ အလယ်မှ နေ၍ နှစ်ပိုင်းတိတိ ပြတ်ကျသွားလေသည်။

သစ်ပင်ကြီး​၏အကိုင်းအခက်များ မြေသို့ မပြတ်ကျခင်မှာပင် အရုဏသည် သစ်ပင်ကြီး​၏ပြတ်ကျသော အစိတ်အပိုင်းများကို လေပေါ်တွင် ရပ်တန့်စေကာ ယခင်သစ်ပင်ပုံစံအတိုင်း ပြန်ဆက်လိုက်သည်။

ထိုအခြင်းအရာကို မြင်တွေ့သော် ယုဂန်သည် အရုဏဘက်ကို လက်မထောင်ပြ၍

" ဝါး မိုက်လိုက်တာ"

ဟု တအံ့တဩဆိုသည်။

ကြင်ရာတော်​၏အထင်ကြီးမှုကို ရရှိသွားသည်မို့ အရုဏ ဂုဏ်ယူဝင့်ကြွားစွာပြုံးကာ မျက်ခုံးပင့်ပြသည်။

" မောင်ဒီမှာ ကြာကြာနေသင့်တယ်။ အဲ့တာမှ အားတွေပိုပိုကြီးလာပြီး မင်းယောဇာကို အမြန်အနိုင်ပိုင်းနိုင်မှာ"

" အင်းနော်"

အရုဏ ခပ်ဟဟရယ်သည်။ ထိုအခိုက်တွင် အရုဏသည် မြေကြီးပေါ်ဖြတ်ပြေးသွားသော ကင်းလိပ်ချောနှင့် အသွင်ဆင်သော်လည်း အကောင်ပိုကြီးသည့် တွားသွားသတ္တဝါတစ်မျိုးကို လှမ်းမြင်လိုက်သည်။

အရုဏ ချက်ချင်းလေးနက်သွားပြီး

" ယုဂန် ခဏ"

ဟုလှမ်းခေါ်ကာ ယုဂန်ကို ယင်းအကောင်ဆီ ညွှန်ပြသည်။

" ဒီအကောင်တွေက မြစ်ချောင်းနားမှာပဲနေတဲ့အကောင်တွေပါ။ ဘာလို့ တောအုပ်အလယ်ရောက်နေတာလဲ"

မှော်သတ္တဝါအကောင်များနှင့်ပတ်သက်ပါက ယုဂန်ဟာ မသိရှိသူမို့ အရုဏ​၏စကားကိုသာ စောင့်ဆိုင်းနေလိုက်သည်။

အရုဏက အဆိုပါတွားသွားသတ္တဝါကို ကြည့်နေရင်း စဉ်းစားကာ

" ဒီနားမှာ ရေရှိကိုရှိရမယ်။ မြေအောက်ရေ ထင်တယ်"

ဟု တစ်ကိုယ်တည်းရေရွတ်သည်။ ထိုအခါ ယုဂန်လည်း တွေးတွေးဆဆဆိုသည်။

" ဒီမြေကြီးအောက်မှာ လှိုဏ်ခေါင်းကြီးဖြစ်ပြီး ရေစီးနေတာများလား"

အရုဏ ယုဂန်ဘက်ကို ဘာရယ်မဟုတ်လှည့်ကြည့်မိသည်။ ထိုတွင် အရုဏ အလွန်အမင်းအံ့အားသင့်သွားပြီး ယုဂန်​၏လည်တိုင်ရှိရာဆီ လက်ညှိုးထိုးသည်။

" ယုဂန် လည်ဆွဲက....."

ယုဂန် သူ​၏လည်ဆွဲကို ငုံ့ကြည့်လိုက်ကာ အဝိုင်းသဏ္ဌာန် ဆွဲသီးမှ စူးရှသော အလင်းရောင်များ ဖြာထွက်နေသည်ကို တွေ့လိုက်ရလေသည်။

ယုဂန် ထိတ်လန့်သွားစဉ်မှာပင် မထင်မှတ်ထားသော အရာက ရုတ်ချည်းဖြစ်ပေါ်လာသည်။

ဝုန်း!!

အသံကျယ်ကြီးနှင့်အတူ ယုဂန်စီးနင်းသည့်မြင်း​၏ ခြေထောက်အောက် ပတ်လည်မှ မြေကြီးတို့ အောက်သို့ ပြိုကျကျွံဝင်သွားသည်။

မြင်းအောက်တွင် မြေမရှိတော့ချေ။ တွင်းပေါက်ကြ်ီးတစ်ခု တစ်စက္ကန့်အတွင်း ဖြစ်ပေါ်လာသည်။

မြင်းနှင့် ယုဂန်တို့ အပေါက်ထဲသို့ ချက်ချင်းလက်ငင်း ပြုတ်ကျသွားသည်။

"အား...."

ယုဂန်​၏အော်သံ ကျယ်လောင်စွာထွက်ပေါ်လာသည်။

အရုဏ အလွန်အမင်းထိတ်လန့်စိုးရိမ်သွားပြီး သူ​၏မြင်းပေါ်မှ အမြန်ခုန်ဆင်းကာ အပေါက်နားသို့ လျင်မြန်လွန်း​သောစွမ်းအားသုံး၍ အရိပ်ကဲ့သို့ ဖြတ်ခနဲပြေးသွားသည်။

သူ ယုဂန်ကို လှမ်းဆွဲရန် ကြိုးစားသော်လည်း အချိန်မမီတော့ပါချေ။

အရုဏ ယုဂန်ကို မဆွဲလိုက်နိုင်ဘဲ ယုဂန်ဟာ မှောင်မဲနေသော မြေကြီးတွင်းသို့ အထိန်းအကွပ်မဲ့စွာ ပြုတ်ကျသွားလေသည်။

" မောင်!!!"

ယုဂန်​၏ ထိတ်လန့်တကြားအော်သံက အရုဏကို ပိုမိုပူပင်သွားစေသည်။

အရုဏ များများစားစားမစဉ်းစားနေတော့ဘဲ မြေတွင်းပေါက်ထဲသို့ သူပါ လိုက်လံခုန်ဆင်းသွားသည်။

ယုဂန်​၏ခန့်မှန်းချက် မှန်သည်။

လူလေးရပ်စာမျှထူသော မြေကြီးထုထည်ကို အမြန်အဆန်ဖြတ်သန်းပြီးသည့်နောက်တွင် မြင့်မားကျယ်ပြန့်လွန်းသော မြေအောက်လှိုဏ်ခေါင်းတစ်ခုဆီသ ရောက်ရှိသွားသည်။

အလင်းဝင်ပေါက်သိပ်မရှိသဖြင့် မြေအောက်လှိုဏ်ခေါင်းဟာ မဲမှောင်နေသည့်တိုင် အရုဏတွင် အမှောင်ထဲ၌ ကောင်းစွာမြင်နိုင်သော မျက်လုံးများရှိသည်မို့ ပြုတ်ကျနေသော ယုဂန်ကို လှမ်းမြင်နေရသည်။

ယုဂန်​၏လည်ပင်းမှ ဆွဲကြိုးက တစ်စတစ်စပိုမိုတောက်ပကာ အလင်းဖြာနေသည်။

ယုဂန်ထက်အရင် အောက်ပြုတ်ကျသွားသော မြင်းရှိရာ ရေထဲသို့ အဆိုပါမြင်းပြုတ်ကျသွားသော အသံကို ကြားလိုက်ရသည်။

ထင်သည့်အတိုင်း မြေအောက်လှိုဏ်ခေါင်းထဲတွင် ရေများရှိနေသည်။ အသံအရ ရေများကစီးဆင်းနေပြီး မြေအောက်ချောင်းတစ်ခု ဖြစ်ဟန်ရှိသည်။

အရုဏ ပြုတ်ကျနေသော သူ​၏အရှိန်ကို တိုးမြှင့်လိုက်ကာ ယုဂန်ကိုဆွဲဖမ်းရန် ကြိုးစားသည်။

ယုဂန်​၏ဆန့်တန်းနေသော လက်တစ်ဖက်ကို ဆုပ်ကိုင်လုမိဆဲဆဲတွင် မြေအောက်ချောင်းမှ ရေများက အလုံးလိုက်မြင့်တက်လာသည်ကို တွေ့လိုက်ရသည်။

ထိုရေများက လက်ကြီးအသွင်ပုံဖော်သွားပြီး ယုဂန်​၏ခါးကို ရစ်ပတ်လာသည်။

အရုဏ ထိတ်လန့်သွားသည်။

အဆိုပါ ရေလက်ကြီးက ယုဂန်ကို ရေထဲသို့ ဗြုန်းခနဲဆွဲခေါ်သွားသည်။

" အား...အ"

ယုဂန် အော်သံမဆုံးခင်မှာပင် သူ​၏တစ်ကိုယ်လုံး ရေထဲသို့ နှစ်မြုပ်သွားသည်။

မရှေးမနှောင်းပင် အရုဏသည်လည်း ရေထဲသို့ ပြုတ်ကျသွားသည်။

မထင်မှတ်ထားလောက်အောင် ချောင်းက ရေစီးအလွန်သန်သည်။

အရုဏ အသက်ကို တစ်ရှိုက်ဝဝရှူလိုက်ကာ ရေအောက်ထဲသို့ ငုံ့သွားသည်။

ယုဂန်ကို လက်အသွင်ရေလုံးကြီးက ဆွဲခေါ်သွားသည်ဖြစ်ရာ ရေအောက်ထဲသို့ ယုဂန်နစ်မြုပ်သည့်အရှိန်မှာ အလွန်တရာလျင်မြန်လွန်းလှသည်။

ယုဂန်ဇောက ရှိသည်မို့ အရုဏလည်း အတော်အသင့်ကြီးသည့် ဘီလူးအသွင်သို့ပြောင်းလိုက်ကာ ရှိရှိသမျှ ခွန်အားတို့ကိုသုံး၍ ကူးခတ်လျက် ထိုလက်အနောက်သို့ လိုက်သည်။

သို့သော်လည်း လက်မှာအရှိန်မြန်လွန်းသည်မို့ အမီမလိုက်နိုင်ဘဲ ရှိနေသည်။

လေ့ကျင့်ထားသော စစ်သည်တစ်ဦးပေမို့ အရုဏ​၏အသက်အောင့်နိုင်စွမ်းဟာ သာမန်လူတများထက်ပို၍ရှည်ကြာသည်။ သို့သော်လည်း ပင်လယ်တွင်ကျက်စားသောသူများလောက် သူ​၏ရေငုပ်စွမ်းရည်မှာ မကျွမ်းကျင်ပါချေ။

ခန္ဓာကိုယ်က ရေဒဏ်ကိုခံနိုင်သော်လည်း လေကို တဖြည်းဖြည်းလိုအပ်လာသည်မို့ သူ​၏မျက်နှာ နီရဲလာသည်။

ယခုနေ သူ ရေဆက်ငုပ်ပါက ရေနစ်သေရန် ရာခိုင်နှုန်းများနေပြီဖြစ်သည်။

သို့သော်လည်း သူ,ယုဂန်ကို မျက်ချည်ပြတ်မခံနိုင်ပါချေ။

ထိုစိတ်က တွန်းအားပေးသည်မို့ သူ​၏ခန္ဓာကိုယ်ကို အတင်းအကျပ်တွန်းအားပေး၍ ဆက်လက်ကူးခတ်သည်။

သူ လေကိုလိုအပ်လာပြီ။ သူ​၏အဆုတ်များက ဆက်လက်ပြီး တောင့်ခံရန် မဖြစ်နိုင်တော့ချေ။

ခန္ဓာကိုယ်က အသက်ရှူရန်အလွန်အမင်းလိုအပ်လာသည်မို့ မထိန်းထားနိုင်တော့ဘဲ တစ်ချက်ရှိူက်လိုက်မိသောအခါ ရေများက နှာခေါင်းထဲသို့ အလုံးအရင်းဝင်ရောက်လာသည်။

ထိုစဉ်သူ ရေထဲမှ လွတ်မြောက်သွားသည်။

သူ ခြောက်သွေ့သော မြေကြီးတစ်ခုပေါ်သို့ ဗုန်းခနဲ ပြုတ်ကျသွားသည်။

သူ လဲကျရာမှ အလျင်အမြန်မတ်တပ်ထရပ်လိုက်သောအခါ ပါးစပ်အတွင်းမှ၊ နှာခေါင်းအတွင်းမှ ရေများအပြန်သို့ ပြန်လည်လျှံကျလာသည်။

" အဟွတ် အဟွတ်"

အရုဏ​၏ အသက်ရှူလမ်းကြောင်းက ရေများဖြင့် မွှန်ထူနေသည်။ သို့သော်လည်း သူကြာကြာမနားနိုင်ဘဲ အမှောင်ထဲတွင် မြင်နိုင်သော သူ​၏မျက်လုံးများကို အသုံးပြု၍ ယုဂန်ကို အသည်းအသန်လိုက်လံရှာဖွေသည်။

သို့သော်လည်း ယုဂန်​၏အရိပ်အယောင်ကို မမြင်ရချေ။
သူ့ဘေးပတ်လည်တွင် ကျောက်တုံးနှင့်မြေကြီးများသာရှိသည်။

သူ​၏အပေါ်တွင်တော့ လေပေါ်တွင် စီးဆင်းနေသည့် ရေစီးကြောင်းကြီးကို တွေ့ရသည်။

​မြေပြင်​၏ခြောက်သွေ့နေမှုအရ ဤနေရာမှာ ရေမထိဘဲ လေဟာနယ်သာဖြစ်နေကြောင်း သိရှိနိုင်သည်။

အရုဏ ဘေးဘီကို လှည့်လည်လိုက်ကြည့်သည်။

ကျောက်တုံးကြီး တစ်တုံးနားသို့ရောက်သောအခါ ယင်းကျောက်တုံးမှာ ခြောက်သွေ့မနေဘဲ ရေစိုနေသည်ကို တွေ့လိုက်ရသည်။

ယုဂန်ကို ဆွဲခေါ်သွားသော ရေလက်ကြီးမှ ထိမိသွားသော နေရာဖြစ်နိုင်သည်။

အရုဏ သူ​၏ဘီလူးအသွင်ကိုပိုမိုကြီးမားလိုက်ကာ ယင်းကျောက်တုံးများကို ဖြိုခွဲဖယ်ရှားရန် ကြိုးပမ်းတော့သည်။

************************************

ယုဂန် ဂူကြီးတစ်ဂူထဲသို့ ရောက်ရှိနေသည်။

အတိအကျပြောရပါက တောက်ပလွန်းသော သလင်းကျောက်များနှင့်ဖြည့်တင်းကာ အလင်းရောင်များ ထိန်ညီးနေသည့် ကျောက်စက်ပန်းဆွဲများနှင့် ပြည့်စုံနေသောဂူကြီးတစ်ဂူဖြစ်သည်။

ဂူကြီးက ကျယ်ဝန်းလွန်းလှသည်။ ယုဂန်ရောက်ရှိနေသော နေရာသည် ဧည့်ခန်းမအသွင်ဖြစ်၍ ကြည်လင်သောကျောက်များနှင့် ထွင်းထုထားသည့် ပလ္လင်တစ်ခုနှင့် ထိုင်ခုံသုံးလေးခုမျှရှိသည်။

ယုဂန်သည်လည်း အဆိုပါခုံတစ်ခုပေါ်တွင် မျက်စိသူငယ် နားသူငယ်နှင့် ထိုင်နေခြင်းဖြစ်သည်။

ခုနက သူ မြေကြီးထဲသို့ ကျွံကျပြီးနောက် အမှောင်ထုထဲရောက်ရှိသွားသည်မို့ မည်သည်ကိုမျှ အတိအကျမမြင်ခဲ့ရချေ။ သို့တိုင် သူသည် မြေအောက်လှိုဏ်ခေါင်းထဲရောက်ကာ ရေထဲပြုတ်ကျလုဆဲဆဲဖြစ်ခဲ့သည်ကို အသံအရလည်းကောင်း၊ ခံစားမှုအရလည်းကောင်း သိရှိခဲ့သည်။

ထို့နောက် အေးမြကာစိုစွတ်သောအရာတစ်ခု သူ့ခါးကို လာ‌ေရာက်ရစ်ပတ်သည်။

သူ ရေအောက်ထဲသို့ ဆွဲခေါ်ခံလိုက်ရကြောင်း သိရှိသော်လည်း ထူးဆန်းသည်မှာ ရေအောက်ထဲဖြတ်နေသည့် တောက်လျှောက် သူအသက်ရှူနိုင်နေကာ သူ့အဝတ်နှင့်ဆံပင်တို့မှာလည်း ရေမစိုဘဲ ခြောက်သွေ့နေခဲ့သည်။

အလင်းရောင်မရှိခဲ့သည်မို့ ဘေးဘီကို လုံးဝမမြင်နိုင်ခဲ့သည့်တိုင် သူ​၏ဆွဲကြိုးတစ်ခုတည်းကသာ တောက်လျှောက်အလင်းတောက်နေသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

ယင်းနောက် မာကြောကြီးမားသောအရာနှစ်ခု ပွတ်တိုက်သံကိုကြားရပြီး ဤဂူထဲသို့ သူ ရောက်ရှိလာခြင်းဖြစ်သည်။

သူ နောက်ဆုံးတွေ့ရှိခဲ့သောအရာမှာမူ ဂူအပြင်ဘက်သို့ ပြန်ထွက်သွားသည့် လက်ဖဝါးအသွင် ရေလုံးကြီးနှင့် ပိတ်ဆို့သွားသော ဂူတံခါးတို့ဖြစ်သည်။

သူ့အထင်မမှားပါက ဤနေရာမှာ နဂါးမင်းသားအဏ္ဏ နှစ်တစ်ထောင်ကြာ ပုန်းခိုနေသော နေရာဖြစ်ရမည်။

ရေလက်ကြီးက သူ့ကို အသာအယာတင်ပေးသွားသော ခုံပေါ်မှ သူ,ထလိုက်ပြီး ဂူကြီးကို သာမန်ကာလျှံကာလှည့်ပတ်ကြည့်ရှုလိုက်သည်။

ဂူကြီးထဲတွင် အလင်းတောက်နေသော သလင်းကျောက်များသာမက အပင်အချို့ပါ ပေါက်ရောက်နေကြသည်။ သလင်းကျောက်ပလ္လင်သည် ရေပတ်လည်ဝိုင်းနေပြီး ထိုရေများက ဧည့်ခန်းမကိုဖြတ်၍ စီးဆင်းနေသည်။

အဆိုပါ ရေထဲတွင် ငါးနှင့် ရေနေသတ္တဝါအချို့ကူးခတ်နေသည်ကို တွေ့ရသည်။

နဂါးမင်းသားက စားဖို့သောက်ဖို့ကိုတော့ မွေးမြူရေးစနစ်နှင့် ပြုလုပ်ထားပုံရသည်။

" နောက်ဆုံးတော့ မင်း,ရောက်လာပြ်ီပေါ့ ကိုယ်တော်လေး"

ထည်ဝါသောအသံသည် ပဲ့ထင်သံဟိန်း၍ ဂူကြီးအတွင်းရိုက်နှက်လာသည်။

ယုဂန် ကြက်သီးထ,၍ အလိုလိုနေရင်း ခါးမတ်လိုက်မိသည်။

သူအသံလာရာဆီ လိုက်ရှာသည်။ သို့သော်လည်း လူ သို့မဟုတ် နဂါးတစ်ကောင်​၏ အရိပ်အယောင်ကို ရှာမတွေ့ချေ။

ယုဂန် ခေါင်းကုတ်လိုက်ကာ တစ်ပတ်လည်၍ အနောက်ပြန်လှည့်လိုက်သည်။

ထိုတွင် လူရိပ်တစ်ခုက သူ့ရှေ့ဖျတ်ခနဲ နီးကပ်လာပြီး ထိုအခြင်းအရာကြောင့် ယုဂန် လန့်ဖျပ်ကာ အနောက်သို့ တစ်ချက်ယိုင်သွားသည်။

သူ့ခါးကို လှမ်းဆွဲလိုက်သော လက်တစ်ဖက်ကြောင့်သာ ချော်မလဲသွားခြင်းဖြစ်သည်။

"အ...သောက်ချီး"

ယုဂန် လွှတ်ခနဲဆဲရေးမိလိုက်သည်။ နောက်မှ နောင်တရသွား​၏။

မိမိရင်ဆိုင်နေရသောသူသည် နဂါးမင်းသားပင်မဟုတ်ပါလား။ မြင်းမိုရ်တောင်တစ်ခွင် ပြဲပြဲစင်ခဲ့ကာ သူ့ခေတ်သူ့အခါက မည်သူ့ကမျှ သူ့မနိုင်ခဲ့သော ပြဿနာတစ်ကောင်ပင် ဖြစ်သည်။

သူဆဲလိုက်သည်ကို အထင်လွဲကာ ဒေါသထွက်သွားပါက ဒုက္ခပါပင်။ သူကလည်း ဉာဏ်လေးကောင်းတာကလွဲရင် ခွန်အားအရ ဒီနဂါးကို ယှဉ်နိုင်မည်မဟုတ်ချေ။

လောလောဆယ်‌ေတာ့ ဒီနဂါးကို အချိုသတ်ထားမှရမည်။ ကောင်းကောင်းမွန်မွန်စကားပြောလျှင် ရနိုင်ကောင်းမည်ဟုမျှော်လင့်သည်။

ယုဂန် အားတင်းကာ သူ့ရှေ့ရောက်နေသော လူအသွင်ကို သေသေချာချာကြည့်ရှုလိုက်သည်။

ပထမဦးစွာ သူသတိထားမိသည်မှာ ထူးခြားသော စူးစူး
ရှရှမျက်ဝန်းများဖြစ်သည်။

သူ့တစ်သက်နှင့်တစ်ကိုယ် မြွေတစ်ကောင်ပမာ ညှို့ယူခြင်းအတတ်မျိုးဖြင့် ထက်ရှလွန်းသောအကြည့်မျိုးကို တစ်ခါမျှ မကြုံဖူးပါချေ။

မောင့်မျက်ဝန်းများက စူးရဲသည်မှာမှန်သည်။ သို့သော် မောင်က ကြီးမြတ်လွန်းသော အရှိန်အဝါဖြင့် သားကောင်ရှာသော သိမ်းငှက်တစ်ကောင်​၏​အကြည့်ပမာ စေ့စပ်သေချာသော၊ တည်ငြိမ်လေးနက်သော စူးရဲခြင်းမျိုးဖြစ်သည်။

ယခု နဂါးမင်းသားမှာမူ မထိတထိရန်စတတ်သော၊ မြွေတစ်ကောင်​၏ ညှို့ယူတတ်သော၊ ပါးလွှာသော်လည်း ထက်ရှသည့် ဓားသွားကဲ့သို့သော၊ ကြည့်လိုက်ရုံနှင့်တင် ထူးခြားလှပါတကားဟု ရေရွတ်မိစေသော မျက်လုံးပုံစံနှင့် စူးရဲခြင်းဖြစ်သည်။

မျက်ရစ်မရှိပေ။ မျက်လုံးအတန်ငယ်ကျဉ်းသည်။ မျက်ခမ်းစပ်က အောက်စိုက်ကာ နားရွက်ဘက်ရှိ မျက်ဝန်းထောင့်များက အပေါ်သို့ မြားသွားပမာ တက်နေသည်။ မင်းလွင်လာခဲ့သော ကမ္ဘာတွင် မြေခွေးမျက်လုံးဟု ခေါ်ဝေါ်ကြသည့် မျက်ဝန်းမျိုးဖြစ်သည်။

ရေဝတီနှင့်တူသည်။

မျက်လုံးပုံစံက အမှန်စင်စစ်ကို ရေဝတီနှင့်ဆင်နေခြင်းဖြစ်သည်။

သို့သော်လည်း ရေဝတီက အူတူတူနှင့် မျက်နှာချိုသည်မို့ ချစ်စဖွယ်ဖြစ်ပြီး ဒီလူကမူ ရုပ်တည်နေသည်မို့ ကြောက်မက်ဖွယ်ရာ မြွေတစ်ကောင်နှင့် ပိုတူနေသည်။

နဂါးမင်းသားက မျက်နှာရှည်သွယ်သည်။ နှာတံချွန်ချွန်က ခပ်စိုက်စိုက်ဖြစ်သည်။ ခြုံငုံကြည့်လျှင် ကြည့်ကောင်းသည်ဟု ဆိုနိုင်သည်။

ရေဝတီနှင့်မတူသည်က သူက အသားဖြူသည်။

ရေဝတီနှင့်တူသည်က သူသည်လည်း ဆံပင်ကို အကြာရင့်ရောင်ကြိုးများနှင့် ရော၍ ကျစ်ဆံမြီးများ ကျစ်ထားကာ ခပ်မြင့်မြင့်စည်းထားသည်။

ထိုသူက လူ့လောကအဝတ်အစားများနှင့်မတူသော အပြာရင့်ရောင်အဝတ်များ ဝတ်ဆင်ထားသည်။ ပင်လယ်ရောင် ခြုံထည်ကို လွှမ်းထားပြီး ယင်းခြုံထည်ပေါ်တွင် ရွှေချည်မျှင်များ ရစ်ပတ်ထိုးနှောင်ထားသည်။ အရပ်မှာ ယုဂန်နှင့်သိပ်မကွာသောကြောင့် ခြောက်ပေစွန်းစွန်းမျှရှိမည်ဟု ခန့်မှန်းမိသည်။

ထိုသူ​​၏ ယုဂန်ကို စိုက်ကြည့်နေသော အကြည့်များက သိပ်ကိုစူးရှပြင်းထန်လွန်းသည်။

သူများနှင့် အသားကြာကြာမထိချင်သည်မို့ ခါးကို ဖက်ထားသည့် လက်ထံမှ အသာရှောင်ထွက်ရန် ယုဂန်ကြိုးပမ်းသည်။

သို့သော်လည်း ယင်းလက်က ယုဂန်ကို ထွက်သွားခွင့်မပေးဘဲ ပို၍တင်းကျပ်စွာပင် ဆုပ်ကိုင်လာသည်။

နဂါးမင်းသားဟာ ယုဂန်အနားသို့ ပိုမိုတိုးကပ်လာသည်။

အိပ်မက်ထဲမှာပင် တွေ့ဖူးသောသူက အရှေ့ရောက်လာသည်မို့ ယုဂန် မည်သို့မည်ဖုံပြန်လည်တုံ့ပြန်ရမည်မသိချေ။ လောလောဆယ် နဂါးစိတ်ဆိုးအောင် လုပ်လို့မဖြစ်မှန်းကိုတော့ သူသိသည်။

အလိမ္မာနည်းသာ သုံးရမည်။ သည်းခံရမည်။ သည်းခံရမည်။

" မဟီ ငါမင်းကို ဘယ်လောက်တောင် စောင့်ခဲ့ရသလဲ"

အဏ္ဏ​၏အသံဟာ အက်ကွဲကွဲဖြစ်​၏။ တစ်ချိန်တည်းမှာပင် လှိုက်မောနေပြီး ပျော်ရွှင်မှုအချို့ကပ်ငြိနေမှန်းကို ယုဂန်သတိထားမိသည်။

"မဟီ" ဟုခေါ်ရာတွင်ပင် သူ့အသံဟာ တုန်ချင်ချင်ဖြစ်နေသည်။

ဒီနဂါး ထင်သလောက်တော့ ကြောက်စရာမကောင်းပေ။

သူ့ကို မင်းကြီးမဟီ​၏လူဝင်စားဟု ထင်မှတ်မှားနေသော ပြဿနာကိုသာ အရင်ရှင်းရမည်။

" နှစ်ပေါင်း တစ်ထောင့်သုံးဆယ့်ငါးနှစ်၊ ငါးလနဲ့ ဆယ့်နှစ်ရက်တိတိ မင်းကို စောင့်နေခဲ့တာ"

ယုဂန် အံ့ဩမိသည်။ ဒီလောက်အကြာကြီး တစ်ကိုယ်တည်းနေခဲ့သည့်သူ့ကိုလည်း အတော်လေး လေးစားမိသည်။

သနားလည်း သနားသည်။ ဒီနဂါးက မူလယုဂန်ကို နှစ်တစ်ထောင်ကျော်စောင့်ဆိုင်းနေခဲ့သည်။

ထိုအတွက် သူပြန်ရသောအဖြေကမူ မူလယုဂန်​၏ဝိဉာဉ် သေဆုံးသွားသည်ဟူသော သတင်းသာ ဖြစ်​သည်။ ယခုမှ စတွေ့ဖူးခြင်းဖြစ်သည့်တိုင် လူတစ်ယောက်ကို သတင်းဆိုးပြောပြရခြင်းမှာ ယုဂန်အတွက် သိပ်ကိုဝန်လေးလွန်းလှသည်။

သို့သော်လည်း မတတ်နိုင်ပေ။ အထင်လွဲသည်ကို အမြန်ဖြေရှင်းကာ မောင့်ကို ခေါ်ရမည်။

" ခင်ဗျားက နဂါးမင်းသားအဏ္ဏလား"

ယုဂန်ထံမှ ခွန်းတုံ့ပြန်စကားထွက်လာချိန်တွင် အဏ္ဏမျက်ဝန်းတို့ အရောင်လင်းလက်သွားသည်။

တစ်ဆက်တည်းပင် နာကျင်ခြင်းအရိပ်အယောင်များ ပြည့်နှက်လာကာ သူ ခပ်တိမ်တိမ်ရယ်သည်။

" နောင်ဘဝကူးသွားတော့ ငါ့ကိုမမှတ်မိတော့ဘူးပေါ့လေ ဟုတ်လား။ ဟားဟား မင်း ဘာသောက်ကျိုးနည်းအလုပ်တွေ လုပ်ခဲ့လဲဆိုတာကိုလည်း မေ့လောက်ရောပေါ့"

" မဟုတ်ဘူး။ ကျွန်တော်က...."

" ကိုယ်တော်လေး...ဒီအနှစ်တစ်ထောင်အတွင်း ငါ သောက်ရူးလို ငရဲခံခဲ့ရတာက ဒီလိုစောက်ရေးမပါတဲ့ စကားတွေနဲ့ စမိတ်ဆက်နေဖို့မဟုတ်ဘူး။ ငါ့ကို မှတ်မိအောင် ငါလုပ်ပေးမယ်"

" ခင်ဗျား နေဦး ခင်ဗျား...."

ပြောရင်းဆိုရင်း နဂါးမင်းသားဟာ ရှေ့တိုးလာသည်မို့
ယုဂန်လန့်ဖျပ်ကာ နဂါးမင်းသားကို တွန်းထုတ်သည်။

သို့ရာတွင် မျှော်လင့်ထားသည့်အတိုင်းပင် နဂါးမင်းသားဟာ အားကြီးလှသည်မို့ ယုဂန် ရုန်းမထွက်နိုင်ခဲ့ပေ။

နဂါးမင်းသား​၏နှုတ်ခမ်းက သူ့နှုတ်ခမ်းအပေါ် တည့်တည့်ကျရောက်လာသည်။

ယုဂန် စိတ်ညစ်စွာဖြင့် ဘေးလှည့်ပစ်ရန် ကြိုးစားသောအခါ နဂါးမင်းသား​၏လက်တစ်ဖက်က ယုဂန်​၏ပါးကို ဖျစ်ညှစ်၍ ဘေးမလှည့်နိုင်အောင် ချုပ်ထိန်းလာသည်။

​တွေ့တွေ့ချင်း အနမ်းခံရမည်ဟု ယုဂန်မထင်ထားခဲ့ပေ။

နဂါးမင်းသားက နှုတ်ခမ်းချင်းထိရုံသာမက သူ့ကို ကျကျနနနမ်းရန်ပါ ကြိုးပမ်းလာပြီး သူ့အောက်နှုတ်ခမ်းတို့ကို အသာအယာလေးနမ်းရှိုက်လာသည်။

ယုဂန် သည်းခံစိတ်များ ပျောက်ကာ စိတ်တိုလာသည်။

သူ​၏ အချိုသတ်ရမည်ဟူသော နည်းလမ်းများလည်း လွင့်ပျံသွားသည်။

ယုဂန် သူ​၏လက်နှစ်ဖက်ဖြင့် အဏ္ဏ​၏ပခုံးနှစ်ဖက်ကု ဆုပ်ကိုင်လိုက်ကာ ဂွကြားကို ဒူးဖြင့်တိုက်လိုက်သည်။

ထိုသို့ မထင်မှတ်ထားသည့် တိုက်ကွက်ကြောင့် အဏ္ဏဟာ ရုတ်တရက် ယုဂန်​၏နှုတ်ခမ်းကို ဖိကိုက်မိသွားသည်။

သို့သော်လည်း ယုဂန် နာရမည်ကိုမသိ။ အဏ္ဏ အဝေးရောက်ရေးသာ စိတ်ထဲရှိနေသဖြင့် အဏ္ဏကို ရင်ဘတ်မှ ဆောင့်တွန်းလိုက်သည်။

" ခင်ဗျားရူးနေလား"

ယုဂန် သူ​၏နှုတ်ခမ်းကို လက်ဖြင့် အကြမ်းပတမ်းပွတ်၍ အော်ငေါက်သည်။

အဏ္ဏဟာ စစချင်းမှာတော့ အဓိကနေရာ နာကျင်သွားသဖြင့် ကုံးကုံးကွကွဖြစ်သွားသော်လည်း ချက်ချင်းပင် မနာကျင်တတ်သည့်ဆရာကြီးဟန်ပန် ဟန်ဆောင်လေသည်။

မဟီ့ရှေ့တွင်တော့ သူ့ဟာ ခပ်မိုက်မိုက်အသွင်ကို အပျောက်ခံမည့် လူမဟုတ်ချေ။ အောက်ပိုင်းက နာကျင်နေစေကာမူ သေချာပေါက်သည်းခံပြီး ခေါင်းမော့နေရမည်။

အသံကိုလည်း ခုနကအတိုင်း ခပ်ရှရှနှင့် မိုက်မိုက်လေးဖြစ်အောင် စကားပြောရမည်။

သူဟာ တစ်မိုးအောက်တစ်ယောက် အဏ္ဏပင် မဟုတ်ပါလား။ သူ​၏ပုံရိပ်ကိုတော့ အပျက်မခံနိုင်ပါပေ။

" ပထမဆုံးအကြိမ်နမ်းဖူးတာလဲ မဟုတ်တာကို ဘာတွေဒေါသထွက်နေတာလဲ။ အပျိုဖြန်းလေးလား မင်းက။ ဘာလဲ ရှက်တာလား"

အဏ္ဏ့ဘက်က ထိုစကားကိုရုပ်တည်ကြီးနှင့်ပြောနေသော်လည်း တကယ်တမ်းရှက်နေသူမှာ အဏ္ဏဟုသာ ယုဂန်ထင်သည်။

ဒီလူဟာ သူ့နားရွက်ဖျားတွေနီနေတာမှ မထောက်။
သူများကိုပဲ ရှက်သလေး ဘာလေး ပြောရဲသေးသည်။

သူ့ကြည့်တော့ မျက်နှာကြီးတောင် ရဲမတတ်ဖြစ်နေလေပြီ။

" ကျွန်တော့်မှာ ယောက်ျားရှိတယ်ဗျ။ ခင်ဗျား ဒါ ဒုသနသောပဲ သိရဲ့လား"

ယုဂန်​၏ထိုစကားကို ကြားသော် နဂါးမင်းသား​၏မျက်နှာအမူအရာ ချက်ချင်းပင် ပြောင်းလဲသွားသည်။

သူ မျက်နှာတည်သွားပြီး ဖြည်းဖြည်းချင်း မျက်ဝန်းတို့ ခက်ထန်လာသည်။ သူ ယုဂန်နားသို့ ဒေါသတကြီးပြန်လျှောက်လာကာ အော်ငေါက်မေးသည်။

" ဘာ...အဲ့တာ ဘာစောက်စကားကြီးလဲ"

သူ့မျက်နှာသည် ဒေါသတကြီးဖြစ်သွားရာမှ မျှော်လင့်ခြင်းတို့ ပြိုပျက်သွားသည့်နှယ် မဲမှောင်အုပ်ဆိုင်းသွားသည်။ သူ့မျက်ဝန်းများတွင် ဆောက်တည်ရာမရသောခံစားချက်များ ပေါ်လွင်လာပြီး မှိုင်းတွဲ့သွားသည်မှာ အသေအချာပင်။

သူ အံကြိတ်ထားသောအသံဖြင့် ထပ်မံမေးသည်။

" မင်းက လက်ထပ်ပြီးသွားပြီပေါ့"

ယုဂန် ခေါင်းကိုမော်လိုက်ကာ ဂုဏ်ယူဝင့်ကြွားစွာနှင့်ဆိုသည်။

" ဟုတ်တယ်။ ကလေးတောင် တစ်ယောက်ရပြီ"

ထိုအခါ နဂါးမင်းသားမှာ နားမလည်နိုင်ဟန်ဖြင့် မျက်ခုံးတွန့်သွားသည်။

" ယောက်ျားရှိတာဆို။ ဘယ်သူမွေးတာလဲ။ မင်းမွေးတာလား"

ယုဂန် ပြန်မဖြေရသေးခင်မှာတင် အဏ္ဏက မျက်လုံးကြီးပြူး၊ ပါးစပ်ကြီးဟကာ

"မင်းကိုယ်ဝန်ဆောင်နိုင်တယ်လား။ အနှစ်တစ်ထောင်အတွင်း လူ့လောကကြီးက ပြောင်းလဲသွားပြီလား"

ဟု အံ့ဩတကြီးဆိုသည်။

ဒီနဂါးအူတူတူဖြစ်ချက်ကတော့ ရေဝတီ့အတိုင်းပါပင်။ အမျိုးလို့ကို မပြောရပေ။

" လူ့လောကကြ်ီးက အများကြီးပြောင်းလဲပေမဲ့ ယောက်ျားတွေတော့ ကိုယ်ဝန်မဆောင်နိုင်ပါဘူးနော်"

ထိုအခါ နဂါးဟာ ပိုလို့တောင် တအံ့တဩအမူအရာလုပ်လေသည်။

" မင်းယောက်ျား မွေးတာလား"

" ယောက်ျားတွေ ကိုယ်ဝန်မဆောင်နိုင်ဘူးလို့"

" ဒါဆို ဘယ်လိုလုပ်ပြီး...."

" ဒီလိုပဲ ကိစ္စလေးတွေရှိတယ်"

အဏ္ဏ အူကြောင်ကြောင်ဖြစ်၍ သူ့နားထင်ကို လက်ညှိုးဖြင့်ကုတ်နေသည်။ ထို့နောက် သူဟာ မျက်နှာကို ပြန်လည်မာကြောလိုက်ပြီး

" ထားပါ။ ဒါနဲ့ မင်း ဘယ်စောက်ကောင်နဲ့ ယူလိုက်တာလဲ"

ဟု ခပ်မာမာမေးသည်။

ထိုစကားက ယုဂန်ကို ဘဝင်မကျဖြစ်စေသည်။

သူ့ဟာသူ နဂါးဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် မောင့်ကို ထိုသို့သုံးနှုန်းသည်ကို ယုဂန်မနှစ်မြို့ပေ။

မောင်က ဘယ်လောက်တောင် လေးစားစရာကောင်းသည့်လူဖြစ်ပါသနည်း။ အသုံးအနှုန်းနှင့်တောင် မောင့်ကို မရိုမသေပြုသည်ကို ယုဂန်လက်မခံနိုင်ပါပေ။

" သူများယောက်ျားကို ဘယ်စောက်ကောင်တဲ့လား။ ကျွန်တော့်ယောက်ျားက ဘုရင်ဖြစ်မယ့်လူပါနော်။ အရမ်းလည်း စွမ်းအားကြီးတယ်။ အရာအားလုံးပြည့်စုံနေတဲ့သူ"

အဏ္ဏ ဟက်ခနဲရယ်သည်။

" လူသားဘုရင်ဖြစ်တာ ဘာများကြီးကျယ်ခမ်းနားနေလို့လဲ။ ငါလည်း ဘုရင်ဖြစ်မယ့်ကောင်ပဲ။ မင်းတို့လို တိုင်းငယ်ပြည်ငယ်လောက်လေး အုပ်ချုပ်ရတဲ့ ဘုရင်မဟုတ်ဘဲ သမုဒ္ဒရာကြီးတစ်ခုလုံးပိုင်တဲ့ ဘုရင်ဖြစ်ရမယ့်ကောင်ကွ"

မောင့်ကို သက်သက်ချိုးနှိမ်ပြောသည်မို့ ယုဂန် မကျေမနပ်ဖြစ်သွားသည်။ ထို့ကြောင့် ဤနဂါးကို တလေးတစားဆက်ဆံချင်စိတ် မရှိတော့ချေ။

" ဒါပေမဲ့ ဘုရင် မဖြစ်ခဲ့ဘူးမလား။ နန်းတော်က အနှင်ထုတ်ခံလိုက်ရပြီးတော့များ"

အမှန်တရားကို ယုဂန်ခလုတ်တိုက်လိုက်သည်မို့ အဏ္ဏ ရှူးရှူးရှားရှားဖြစ်သွားသည်။ သို့သော်လည်း သူဟာ အရှုံးမပေးဘဲ လက်သီးလက်မောင်းတန်းကာ

"အနှင်ထုတ်ခံရတာမဟုတ်ဘူး။ ငါ့ဘာသာ ကိုယ့်ခံယူချက်နဲ့ဆင်းခဲ့တာကွ"

ဟု အသံကြီးကြီးနှင့်ဆိုသည်။

ယုဂန် ခနဲ့တဲ့တဲ့ပြုံး၍ အဏ္ဏ မကြားကြားအောင် ခပ်တိုးတိုးရေရွတ်သည်။

" အပိုတွေလျှောက်ပြောနေတယ်"

ထိုစကားကို နားစွန်နားဖျားကြားလိုက်သောအခါ နဂါးမင်းသား ဆူပုတ်သွားပြီး ချက်ချင်းပင် ပြန်ရန်တွေ့သည်။

" မင်းဘာစကားပြောတာလဲ"

" ဘာမှမဟုတ်ပါဘူး"

စကားကြောမရှည်ချင်သည်မို့ ယုဂန်ပခုံးတွန့်ပြလိုက်သည်။

အဏ္ဏဟာ သူ​၏ပင်လယ်ပြာရောင်ဝတ်ရုံရှည်ကြီးကို ပြဇာတ်ဆန်ဆန် ဆတ်ခနဲဝှေ့ယမ်းခါလိုက်သည်။ သူ့မျက်နှာဟာတော့ သုန်မှုန်ကာ ဆူပုတ်နေစမြဲဖြစ်သည်။

" ငါလူးတဲ့မှ"

သူပျစ်ပျစ်နှစ်နှစ်ကြီး ဆဲရေးသည်။

"ငါကတော့ ဒီမှာ စောက်ဒုက္ခခံနေရပြီး မင်းက အိမ်ထောင်ကျနေတာ ဖြစ်သင့်သလား။ အရင်ဘဝကတော့ မိန်းမတွေပဲကြိုက်တာဆိုပြီး ဟစ်အော်ကြွေးနေတဲ့ကောင်က အခုကျ ယောက်ျားနဲ့တဲ့လား"

ယုဂန် ခေါင်းလေးစောင်းကာ အပြစ်ကင်းစင်စွာမေးသည်။

" မင်းကြီးမဟီကို ပြောနေတာလား"

" အေးလေ မင်းကိုပြောနေတာလေ။ ဒီမှာ တခြားဘယ်သူရှိသေးလို့လဲ"

" ဒါပေမဲ့ ကျွန်တော်က ခင်ဗျားစောင့်နေတဲ့ မင်းကြီးမဟီသေဋ္ဌမဟုတ်ဘူးလေ"

အဏ္ဏခေတ္တမျှကြောင်သွားသော်လည်း ထိုစကားကို လွယ်လင့်တကူမယုံကြည်ပါချေ။ သူ မဲ့ရွဲ့ပြီးပြောသည်။

" မင်းက မဟီသေဋ္ဌ ဝင်စားတဲ့လူမဟုတ်ဘူးတဲ့လား။ ဒီခွေးစကားကို ငါကယုံစရာလား"

" အမှန်ပြောနေတာ"

ယုဂန်​၏ အေးဆေးတည်ငြိမ်သော တုံ့ပြန်မှုကြောင့် အဏ္ဏစဉ်းစားသွားသည်။ သူ ယုဂန်ကိုအစုန်အဆန်ကြည့်ကာ

" ငါ လူမှားခေါ်မိတာလား"

ဟု မပွင့်တပွင့်ရေရွတ်သည်။

ယုဂန် ပခုံးတွန့်ပြသည်။

"ဟုတ်တော့ ဟုတ်တယ်။ ဒါပေမဲ့ မဟုတ်ဘူး။ ပြောရမှာနည်းနည်းတော့ရှုပ်တယ်"

ထို့နောက် ယုဂန်သည် မိမိမှာ တခြားသောစကြဝဠာမှဖြစ်ကြောင်း၊ မာရစ်မျိုးနွယ်ကြောင့် ဤနေရာသို့ရောက်လာကာ မူလယုဂန်​၏ ကိုယ်ခန္ဓာအတွင်း ရောက်ရှိခဲ့ကြောင်း၊ မူလယုဂန်​၏ဝိဉာဉ်မှာ သေဆုံးသွားပြီဖြစ်ကြောင်း၊ နောက်မှ နဂါးမင်းသားနှင့် မူလယုဂန်​၏ဆက်စပ်မှုကို သိရှိရကြောင်း စသဖြင့် ဖြစ်ကြောင်းကုန်စင်ကို အကျဉ်းရုံးရှင်းပြလိုက်သည်။

အရာအားလုံးရှင်းလင်းသွားသော် အဏ္ဏသည် သိသိသာသာ မျက်နှာမဲမှောင်ကျသွားပြီး

" အဲ့တော့ မဟီပြန်ဝင်စားတဲ့ မူလယုဂန်ရဲ့ဝိဉာဉ်က ဆုံးသွားပြီပေါ့"

ဟုသာ ခပ်တိမ်တိမ်ရေရွတ်သည်။

သူ့ကိုကြည့်ရင်း ယုဂန်စိတ်မကောင်းဖြစ်သွားမိသည်။

" ကျွန်တော် စိတ်မကောင်းပါဘူး။ နှစ်အကြာကြီး စောင့်ခဲ့ရတာကို အခုလိုသတင်းမျိုးနဲ့ပဲ ကြုံရတော့ ခင်ဗျားဘယ်လောက်ဝမ်းနည်းနေမလဲဆိုတာ ကျွန်တော်ခံစားမိပါတယ်"

အဏ္ဏဟာ မှိုင်းတွဲ့ရီဝေသွားသော သူ​၏မျက်ဝန်းများကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ကာ မည်သို့မျှမဖြစ်သည့်နှယ် ခေါင်းမော့ရင်ကော့လိုက်သည်။

သူဟာ သူ့ကိုယ်သူ အသည်းမာသည့်နှယ် ဟန်လုပ်နေသည့်တိုင် ထူးခြားသောမျက်ဝန်းများတွင် ခုနကလို ပျော်ရွှင်ခြင်းအရိပ်အယောင်များ မရှိတော့သည်ကို ယုဂန်မြင်နေရသည်။ သူ့အတွက်မူ မူလယုဂန် တစ်ပါးသူနှင့်လက်ထပ်ကာ မိသားစုအသစ်ရရှိနေပြီဟူသော သတင်းထက် သေဆုံးသွားပြီဟူသော သတင်းက ပိုမိုနာကျင်စေဟန်ရှိသည်။

" ငါ ဝမ်းမနည်းပါဘူး။ အရင်ကတည်းက ပြန်တွေ့ဖို့ကျိန်းသေပေါက် မမျှော်လင့်ထားဘူး။ အခုပြန်မတွေ့တော့လည်း ဒုံရင်းက ဒုံရင်းအခြေအနေပဲပေါ့လေ။ ဘယ်တတ်နိုင်ပါ့မလဲ"

အဏ္ဏ လေးလေးတွဲ့တွဲ့ဆိုကာ အနားတွင်ရှိသော ထိုင်ခုံတစ်လုံးတွင် ထိုင်ချလိုက်သည်။ ထို့နောက် ယုဂန်ကို စေ့စေ့စပ်စပ်ကြည့်ကာ

" ဒါဆို အခုမင်းရဲ့ခန္ဓာကိုယ်က မင်းကြီးမဟီရဲ့ခန္ဓာကိုယ်ပေါ့"

ဟုဆိုသည်။ သူ ထိုင်ခုံလက်ရန်းပေါ် လက်ထောက်ကာ လက်ပေါ်မေးတင်သည်။

" ချောသားပဲ"

သူ ခေါင်းတညိတ်ညိတ်နှင့်ရေရွတ်သည်။

"မင်းတော့ နေရင်းထိုင်ရင်း ရုပ်ချောတဲ့ခန္ဓာကိုယ်ရလိုက်တာ ကံကောင်းတာပဲ"

သူ့စကားထဲတွင် မင်းကြီးမဟီကိုသာ ချီးကျူးလိုသောအရိပ်အယောင်များ ပါဝင်နေသည်။ တစ်နည်း ယုဂန်​၏ နဂိုရုပ်ရည်ကို အထင်သေးသည့်ဟန်ပြောနေသဖြင့် ယုဂန် အနည်းငယ်မျှ အကျေမနပ်ဖြစ်သွားသည်။

" ကျွန်တော် မင်းလွင်ဘဝမှာလည်း ဒီရုပ်ပါပဲနော်။ ထူးဆန်းတဲ့တိုက်ဆိုင်မှုလို့ပြောရမလား။ မူလယုဂန်နိုင်က ကျွန်တော့်ရဲ့ကိုယ်ပွားလူမဟုတ်ပေမဲ့ ကျွန်တော်တို့နှစ်ယောက်က တော်တော်ရုပ်တူနေခဲ့တာ"

အဏ္ဏက အလျှော့မပေးပါချေ။ သူ ယုဂန်ကိုမျက်တောင်စင်း၍ကြည့်ကာ

" ဟုတ်လား။ ဘာပဲဖြစ်ဖြစ် မင်းကြီးမဟီဘဝတုန်းကရုပ်က အစတစ်ရာပိုချောတယ်"

ဟု စကားမနိုင်,နိုင်အောင်ပြောသေးသည်။

မည်သို့ပင်ဆိုစေကာမူ မင်းကြီးမဟီ​၏ရုပ်သွင်ကို ယုဂန်လည်း သိချင်မိသည်။ စာပေများထဲတွင်တော့ မင်းကြီးမဟီဟာ သူမတူအောင်ချောမောသည်ဟု ရေးသားထားသည်။

" မင်းကြီးမဟီက ဘယ်လောက်ချောလို့လဲ"

မိမိဆွေးနွေးလိုသော အကွက်ထဲရောက်လာပြီဖြစ်သောကြောင့် အဏ္ဏတက်ကြွသွားကာ ခါးကိုပင်မတ်လိုက်သည်။

" ချောတာပေါ့ကွ။ မဟီ့ကို မြင်ချင်လွန်းလို့ တန်းစီနေတဲ့မိန်းကလေးတွေဆိုတာ အများကြီးပဲ။ သူ ဘုရင်ဖြစ်တော့လည်း မိဖုရားဖြစ်ချင်တဲ့သူတွေဆိုတာ နန်းတော်နဲ့တောင် မဆံ့ဘူး"

" ဪ ဪ"

" ငါ မင်းကို ပြမယ်"

အဏ္ဏက ပြောပြောဆိုဆိုနှင့် ထိုင်ရာမှ ဝုန်းခနဲထ,ကာ တစ်နေရာသို့ ထွက်သွားသည်။ ယုဂန်ကိုလည်း သူ့နောက်မှ လိုက်ခဲ့ရန် လက်ယက်ခေါ်သည်။

ထို့ကြောင့် အဏ္ဏ​၏အနောက်သို့ ယုဂန်လိုက်သွားရာ ဧည့်ခန်းမမှထွက်ပြီး စင်္ကြံလမ်းတစ်လမ်းဆီ ရောက်ရှိသွားသည်။

စင်္ကြံလမ်းအတိုင်းသွားသော် အခန်းတစ်ခန်းစီရောက်ရှိသွားပြီး ယင်းအခန်းထဲတွင် အလင်းတောက်နေသော ကျောက်စက်ပန်းဆွဲများနှင့် အဖြူရောင်ပန်းနွယ်တို့ လှပစွာသွယ်ယှက်လျက်ရှိသည်။

အခန်းသည် ဧည့်ခန်းမအတိုင်း လူလုပ်ဂူအသွင်ဖြစ်သည်။ ဧည့်ခန်းမမျှ မကျယ်ဝန်းသော်လည်း ပို၍နွေးထွေးကာ သက်တောင့်သက်သာရှိသည်။ အခန်းထဲတွင် ကျောက်ဖြင့်ပြုလုပ်သော သလွန်တစ်ခုရှိသည်။

အခန်း​၏ထိပ်ရှိ နံရံတွင်မူ ပုံတူပန်းချီကားတစ်ချပ် ချိတ်ဆွဲထားသည်။

အဏ္ဏနှင့် ယုဂန်တို့ အဆိုပါ ပန်းချီကားရှေ့တွင် မတ်တပ်ရပ်လိုက်ကြသည်။

" ဒါ မင်းကြီးမဟီလား"

ယုဂန်အမေးကို အဏ္ဏခေါင်းညိတ်သည်။

ယုဂန် ပန်းချီကားကို အသေချာကြည့်လိုက်ချိန်တွင် အဏ္ဏမှာ လုပ်ကြံပြောနေခြင်းမဟုတ်ကြောင်း လက်ခံလိုက်ရသည်။

မင်းကြီးမဟီမှာ အလွန်တရာချောမောသည်။

​ယုဂန် အိပ်မက်ထဲတွင် တစ်ခါမျှမြင်ဖူးသော ရှေးခေတ်နန်းနန်းစားများနှင့် ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားသော မင်းကြီးမဟီသည် ဘုရင်တစ်ဦး​၏ ကြီးမြတ်သော အရှိန်အဝါလည်းရှိကာ တစ်ချိန်တည်းမှာပင် အေးချမ်းတည်ငြိမ်သော မျက်နှာထားမျိုးရှိသည်။

မဟီ​၏မျက်လုံးများသည် ရင့်ကျက်သော၊ တည်ငြိမ်သော၊ ဣန္ဒြေကြီးသော အသွင်ရှိ​သည်။ မျက်ခုံးများက တန်း၍ ရှည်လျားနက်မှောင်ကာ မထူးမပါးဖြစ်သော၊ ပိရိသေသပ်သည့်နှုတ်ခမ်းက cupid bow သိပ်မပေါ်ပေ။

V shape အသွင်မဟုတ်သော်လည်း မျက်နှာအပေါ်ပိုင်းနှင့် ယှဉ်လျှင် မျက်နှာအောက်ပိုင်းမှာ သွယ်လျသည်။ ပါးရိုးမို့သည်။ ပါးပြင်မှာ သွယ်လျသွားသည်။ အသားအရည်ဖြူဖျော့ပြီး ပါးမို့မို့ထက်နှင့် မေးစေ့နားတွင် မှဲ့ခပ်ရေးရေးတစ်ခုစီ ရှိသည်။

မင်းကြီးမဟီ​၏ရုပ်ရည်ကို တစ်ခွန်းတည်းနှင့်ဆိုရလျှင် ရင့်ကျက်တည်ငြိမ်ခြင်းဖြစ်သည်။

တုန်လှုပ်ခြင်း၊ စူးရဲခြင်းအလျဉ်းမရှိဘဲ လေးနက်သောမျက်ဝန်းအကြည့်များက ထိုသူမှာ ဉာဏ်ပညာထက်မြက်ပြီး စေ့စပ်သေချာသူဖြစ်ကြောင်း၊ အခက်အခဲများကို တည်တည်ငြိမ်ငြမ်ဖြေရှင်းနိုင်သူဖြစ်ကြောင်း ဖော်ပြနေသည်။

ဤကဲ့သို့ အေးချမ်းရင့်ကျက်သူက နဂါးမင်းသားလို နှုတ်ကြမ်းလျှာကြမ်း၊ မထိတထိရန်စတတ်သူနှင့် ဇာတ်လမ်းဖြစ်ခဲ့သည် ဆိုသည်မှာ အံ့ဩစရာပင်။

သို့မဟုတ် ရေဝတီပြောသည့်အတိုင်း နဂါးမင်းသားကပဲ တစ်ဖက်သတ်ကြိုက်ခဲ့လေသလား မသိပါချေ။

ဒဏ္ဌာရီထဲတွင် မင်းကြီးမဟီဟာ မိဖုရားများရှိခဲ့သူမို့၊ အဖြောင့်ကြီးပဲ ဖြစ်ကာ အဏ္ဏကိုပြန်မကြိုက်ခဲ့ခြင်း ဖြစ်နိုင်သည်။

" မဟီ အပြင်မှာ ပိုချောတယ်ဆိုပေမဲ့ ဒီပုံက သူနဲ့အတူဆုံးပန်းချီကားပဲ"

အဏ္ဏသည် ပန်းချီကားကို မျက်တောင်မခတ်တမ်းငေးစိုက်ကြည့်နေသည်။ အကြည့်များမှာ ဂုဏ်ယူသည့်ဟန်ပါဝင်သလို လေးလံဆွေးတွေးနေသည်မို့ သူတို့နှစ်ဦး​၏ ဆက်နွယ်မှုကို ယုဂန် သေသေချာချာသိချင်လာသည်။

ထို့ကြောင့် သူ စကားနှိုက်ရန် စဉ်းစားလိုက်သည်။

" ခင်ဗျားချစ်သူကို ခင်ဗျားတော်တော်သတိရမှာပဲ"

အဏ္ဏ ယုဂန်ဘက်ကို လှည့်ကြည့်ကာ ပြုံးယောင်ယောင်သမ်း၍ ပြန်ပြောသည်။

" သူ ငါ့ချစ်သူမဟုတ်ပါဘူး"

" just friend လား"

" ဘာကြီး.."

" အာ...နှစ်ယောက်က အချင်းချင်းသဘောကျနေကြတယ် ထင်လို့ပါ"

အဏ္ဏ ခေါင်းခါပြ၍ ပန်းချီကားဘက်သို့ အကြည့်ပြန်လွှဲသွားသည်။

" အဲ့ကောင်ကို သဘောကျစရာလား။ ဘဝင်မြင့်ပြီး ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေတဲ့ကောင်ကို"

" ဒါဆို ဘာလို့ သူ့ပုံကြီးချိတ်ပြီး အနှစ်တစ်ထောင်လောက် သူ့ကိုစောင့်နေရတာလဲ"

" ငါ့ကို ကျိန်စာတိုက်သွားလို့"

" ဟင်.."

ယုဂန် အံ့ဩသွားသဖြင့် လွှတ်ခနဲ ရေရွတ်လိုက်မိသည်။

အဏ္ဏမှာမူ မင်းကြီးမဟီ​၏ပုံတူကိုကြည့်ရင်း အတွေးယဉ်ထဲ လွင့်မျောနေသယောင်ရှိသည်။

" မဟီက သူမသေခင်ဆဲဆဲမှာ ငါ့ကိုမရမကကျိန်စာတိုက်သွားသေးတယ်"

" ဘာကျိန်စာတိုက်သွားတာလဲ"

" ငါ့ကိုပြန်လာသတ်မှာမို့လို့ သူပြန်မလာမချင်း မသေနဲ့တဲ့"

အဏ္ဏ​၏ လက်ချောင်းများက ပုံတူပန်းချီကားထက်ရှိ မျက်နှာကို အသာအယာထိတွေ့သည်။ သူ့မျက်ဝန်းများက ရီဝေကာ လေးလံထိုင်းမှိုင်းနေသည်။

ထို့နောက်တွင် သူဟာ အားပါးတရဆဲရေးလာသည်။

"ငါလူး သူ့မေကလွှားတဲ့မှ"

ယုဂန်သည် အဆွေးဇာတ်ဝင်ခန်းကြည့်ရှုရမည် ထင်ခဲ့သော်လည်း မမျှော်လင့်ထားသည့်ဆဲရေးသံကြောင့် ဆွံ့အသွားမိသည်။

အဏ္ဏက ပန်းချီကားကိုပဲ ထိနေကာ

" သူ့အတွက်ပဲ သူကြည့်တဲ့အကောင်။ ငါ့ကို နေ့တိုင်း နေ့တိုင်းငရဲခံရအောင် လုပ်သွားပြီး သူကျ အေးအေးဆေးဆေးသေပြီး နောက်ဘဝ ကူးကူးနေတယ်။ ဘဝဆက်တိုင်း ဆံပင်ကျွတ်ပါစေ တကယ်"

ဟု မကျေမနပ်ရေရွတ်ကျိန်ဆဲနေသည်။

မဖြစ်သင့်မှန်းသိသော်လည်း ယုဂန်ဟာ သူ့ကြည့်ပြီး
ရယ်ချင်လာသည်။

ဒီနဂါးက အဆဲနှင့် ကျိန်ဆဲခြင်းတော့ ဖြစ်သည်ထင်သည်။

" အဲ့တော့ သူ့ကိုမုန်းလို့ စောင့်နေတာပေါ့"

" ဟုတ်တယ်"

" မုန်းတာကြီးက ထူးဆန်းတယ်နော်"

အဏ္ဏ ယုဂန်ဘက်ကို ဆတ်ခနဲလှည့်၍ မျက်လုံးမှေးကြည့်သည်။

ယုဂန် မသိချင်ယောင်ဆောင်ကာ သူပြောချင်ရာကိုပင် ဆက်ပြောသည်။

" သူ့ဘက်ကရော ခင်ဗျားကို မုန်းလား"

" မုန်းတာမှ တူးတူးခါးခါးပဲ။ ကျိန်စာတိုက်သွားတာသာကြည့်။ ဒင်းကြောင့် ငါ့မှာ ခုထိမသေနိုင်ဘဲ နေ,နေရတာ။ ပြန်တွေ့လို့ကတော့ ဒင်းကိုငါလုပ်ပစ်မယ်"

" ခုနက ကျွန်တော့်ကိုနမ်းသလို နမ်းပြီးတော့လား"

အဏ္ဏ သူ့ကို မျက်စောင်းလှည့်ထိုးသည်။

ဒီတစ်ခေါက်တွင်လည်း ယုဂန်မသိချင်ယောင်ဆောင်ကာ လုပ်ချောင်းတစ်ခု ဖန်တီးလိုက်သည်။

" အဟမ်း အဟမ်း အချင်းချင်းမုန်းနေကြတာပဲဟာ။ လုပ်ပစ်"

အဏ္ဏ တစ်စုံတစ်ရာပြန်ပြောရန် ပြင်ခိုက်တွင် ကျယ်လောင်လွန်းသော "ဒုန်း" ခနဲ အသံကြီးကြောင့် သူရော ယုဂန်ပါ အခန်းဝဆီ လှမ်းကြည့်မိလိုက်ကြသည်။

ထိုအချိန်ထိ ယင်းအသံကြီးဟာ ဆက်တိုက်ထွက်ပေါ်နေရာ အဏ္ဏမျက်မှောင်ကြုတ်လျက်

" ဘာသံကြီးလဲ"

ဟု ခပ်မာမာရေရွတ်သည်။

တစ်ဆက်တည်းပင် အဏ္ဏသည် အနားတွင်ရှိသော ကျောက်သလင်းတစ်ခုကို အပြာရင့်ရောင်မှော်စွမ်းအင်ဖြင့် ပစ်လိုက်ရာ ကျောက်သလင်းတွင် ဝိုးတိုးဝါးတား ပုံရိပ်တစ်ခု ပေါ်လာသည်။

ယင်းပုံရိပ်သည် သေချာမမြင်ရသော်လည်း လူအသွင်တစ်ခုက ကျောက်တုံးကြီးများကို ရိုက်ခွဲနေကြောင်း ရိပ်ဖမ်းသံဖမ်းသိနိုင်သည်။

ယုဂန်ကမူ အရိပ်မျှမြင်ကတည်းက ထိုလူအသွင်မှာ မောင်မှန်း တန်းသိလိုက်လေသည်။

ယုဂန် အလွန်အမင်းဝမ်းသာသွားသည်။

"အာ... ကျွန်တော့်ခင်ပွန်းပဲ။ ကျွန်တော့်နောက်ကို သူလိုက်လာတာ ထင်တယ်"

နဂါးမင်းသားမှာ အေးဆေးစွာပင် တုံ့ပြန်သည်။

" ဪ မင်းယောက်ျားလား။ ပြီးရောလေ။ တံခါးဖွင့်ပေးမယ်"

အဏ္ဏ ပန်းချီကားထားရာအခန်းမှ ဧည့်ခန်းမဆီပြန်လည်ထွက်ခွာသွားရာ ယုဂန်သည်လည်း အနောက်မှ တက်ကြွစွာပြန်လိုက်လာသည်။

ဧည့်ခန်းမသို့ ရောက်သည်နှင့် အဏ္ဏသည် သူ​၏မှော်စွမ်းအင်ကို သုံးလျက် ပိတ်ဆို့ထားသော ကျောက်ဂူတံခါးကို ဖွင့်သည်။

ဂူအပေါက်ပိတ်ထားသော ကျောက်တုံးကြီး ဘေးရွေ့သွားသောအခါ အပြင်ဘက်မှ အကောင်ကြီးကြီးအရိပ်က ဂူထဲသို့ အလျင်အမြန်ပင်ပြေးဝင်လာသည်။

" ကျေးဇူးပါ အရှင့်သား။ မောင်ရောက်လာရင် ခင်ဗျားကို သူနဲ့မိတ်ဆက်ပေးမယ်။ ကျွန်တော့်မောင်က...."

" ယုဂန်..."

ယုဂန် စကားမဆုံးခင်မှာပင် မောင့်​၏စိုရိမ်တကြီးဖြစ်ကာ ကျယ်လောင်လှသော ခေါ်သံက ဦးစွာထွက်ပေါ်လာသည်။

မရှေးမနှောင်ပင် ဂူထဲသို့ ဘီလူးကြီးတစ်ကောင် ပြေးဝင်လာသည်။

အရုဏ​၏ ဘီလူးပုံစံကိုမြင်သော် အဏ္ဏ မမျှော်လင့်ထားဟန်ဖြင့်

" မင်းခင်ပွန်းက ဘီလူးလား"

ဟု တအံ့တဩရေရွတ်သည်။

ယုဂန်ကိုသာ စိုးရိမ်နေသည့် အရုဏမှာမူ န​ဂါးမင်းသားအဏ္ဏကို အရင်မမြင်ဘဲ ကျော်သွားကာ ယုဂန်ဆီသာ တည့်တည့်မတ်မတ်ပြေးဝင်လာသည်။

ယုဂန်နားသို့ရောက်သည်နှင့် အရုဏ​၏ဘီလူးအသွင်ပျောက်သွားသည်။

အရုဏ ယုဂန်​၏ပခုံးကို ဆုပ်ကိုင်ကာ ယုဂန်ကို စိုးရိမ်ကြီးစွာ ကြည့်သည်။

" ယုဂန် ဘာဖြစ်သွားသေးလဲ။ ဒဏ်ရာရသွားသေးလား။ တစ်ခုခုဖြစ်သေးလား"

မောင်စိတ်သက်သာရာရအောင် ယုဂန်အပြုံးလေးနှင့် ခေါင်းခါပြသည်။

" ကျွန်တော် အဆင်ပြေပါတယ်"

ထိုအခါမှ အရုဏ အသက်ရှူနိုင်​သည်။

ယုဂန်က အရုဏ​၏လက်ကို အားကိုးတကြီးဆွဲလိုက်ကာ
သူ့အနားတွင် ရပ်နေသော အဏ္ဏကို ညွှန်ပြသည်။

" မောင် ဒါက နဂါးမင်းသားအဏ္ဏလေ..."

အရုဏ နဂါးမင်းသားဆီ လှမ်းကြည့်လိုက်သည်။

ပထမဆုံးတွေ့ဆုံမှုမို့ လူမှုရေးအရ အဏ္ဏ ပြုံးပြကာ

" တွေ့ရတာ ဝမ်းသာ...."

ဟု ဆိုရာ စကားမဆုံးခင်မှာပင် အရုဏက ဂရုမစိုက်ဟန်နှင့် အကြည့်လွှဲသွားလေသည်။

အရုဏ​၏အာရုံက ယုဂန်အပေါ်သာရှိနေသည်။ ယခုနေ နဂါးမင်းသားသော ဘာသော သူစိတ်မဝင်စားနိုင်ချေ။

အဏ္ဏမှာမူ မိမိမှာ ယဉ်ကျေးပါလျက်နှင့် အချေခံလိုက်ရသည်မို့ အတော်လေးစိတ်အချဉ်ပေါက်သွားသည်။

အရုဏက အဏ္ဏကို ဂရုမစိုက်အားဘဲ ယုဂန်​၏နှုတ်ခမ်းကိုသာ စိုးရိမ်တကြီးထိကြည့်လာသည်။

သူ့ယုဂန်လေး နှုတ်ခမ်းမှာ သွေးထွက်နေသည်။

" ယုဂန် နှုတ်ခမ်းကဘာဖြစ်တာလဲ"

သူ စိုးရိမ်စွာမေးသည်။ ထိုအခါမှ ယုဂန်လည်း ကိုယ့်နှုတ်ခမ်းကိုယ် စမ်းမိသည်။

" ဘာဖြစ်လို့လဲ"

" သွေးထွက်နေတယ်"

" အာ...အဲ့တာ ခုနက သူအကြမ်းပတမ်းနမ်းလိုက်လို့။ နှုတ်ခမ်းပေါက်သွားတာ ထင်တယ်"

" ဘာ"

အရုဏ​၏အသံက မာထန်ကာ ကျယ်လောင်သွားသည်။

အဏ္ဏကို စိုက်ကြည့်လာသော မျက်ဝန်းများက မီးဝင်းဝင်းတောက်လာသည်မို့ မောင်ဒေါသထွက်သွားသည်မှန်း ယုဂန်သိလိုက်သည်။

သူကလည်း ပေါ့တိပေါ့ဆပင်။ မောင် မည်မျှသဝန်တိုတတ်မှန်း သိလျက်နှင့် အကြောင်းအရင်းကိုသေချာမပြောပြဘဲ ဖြစ်ကတတ်ဆန်းပြောလိုက်မိသည်။

ယခုတော့ မောင် အဏ္ဏကို သတ်ပစ်ချင်စိတ်ဖြစ်သွားမည်မှာ အသေအချာပင်။

" မ..မဟုတ်ဘူး မောင် ခဏ"

ယုဂန် နောက်ကျသွားလေပြီ။

မောင်မှာ နဂါးမင်းသားအဏ္ဏဆီ ဒေါကြီးမောကြီး လျှောက်သွားပြီဖြစ်ပြီး ဘီလူးအသွင်သို့လည်း လျင်မြန်စွာ ပြောင်းလဲသွားပြီဖြစ်သည်။

မောင့်လက်ထဲတွင် ထက်ရှသောလက်နက်တစ်မျိုးပေါ်လာသည်။

မောင်က ချက်ချင်းပင် အဏ္ဏကို ထိုလက်နက်ဖြင့် ပိုင်းချသည်။

ယုဂန် လန့်ဖျပ်သွားသည်။

တော်သေးသည်က မင်းသား အဏ္ဏမှာလည်း ခေသူမဟုတ်သောကြောင့် မောင့်လက်ချက်ကို အမြန်ရှောင်တိမ်းနိုင်ခဲ့သည်။

အဏ္ဏ မျက်လုံးပြူးမျက်ဆံပြူးနှင့် အော်သည်။

" ဟ...ငါ့မှာ ဘာအပြစ်ရှိလို့ တွေ့တွေ့ချင်း အချခံနေရတာလဲ"

အရုဏက စကားနှင့်မပြော။ ဆက်တိုက်သာ လိုက်လံတိုက်ခိုက်သည်။

အဏ္ဏမှာလည်း ဆက်တိုက် တိမ်းရှောင်နေရာ အရုဏ​၏ ဘယ်နှချက်မျှမှန်းမသိသော ခုတ်ချက်အောက်တွင်မူ ပိုမိုခွန်အားကြီးသည့် နဂါးအသွင်သို့ မလွှဲသာမရှောင်သာပြောင်းလိုက်ရလေသည်။

အရုဏ​၏ တိုက်ခိုက်မှုကြောင့် ဧည့်ခန်းမရှိ ကျောက်သခင်းအချို့ ဓားချက်ဖြင့် ကြေမွပျက်စီးရလေပြီ။ အပင်အချို့လည်း ပြတ်ထွက်သွားပြီး ဂူ​၏နံရံအချို့ပင် ပွန်းပဲ့ထွက်သွားသည်။

တော်သေးသည်က အဏ္ဏမှာ ရှောင်ရုံသာရှောင်၍ ပြန်လည်မတိုက်ခိုက်လာပေ။

" မောင် ခဏလေး ကျွန်တော်ရှင်းပြဦးမယ် နားထောင်ဦး"

ယုဂန် အော်ပြောသော်လည်း ဒေါသပြင်းထန်နေသည့်မောင်မှာ အဏ္ဏကိုသာ သဲကြီးမဲကြီးတိုက်ခိုက်နေသည်။

မောင်က လေးလံကြီးမားလှသော သလင်းကျောက်ကြီးကို မ,လိုက်ကာ နဂါးခေါင်းကို ရိုက်ခွဲရန်ပြင်သည်။

နဂါးမင်းသားက အမြီးဖြင့် ကာလိုက်ရာ သလင်းကျောက်သည် အမြီးကိုထိ၍ ကွဲသွားပြီး ကျောက်အပိုင်းအစတို့ လွင့်စဉ်လာသည်။ အဆိုပါ ပျံလွင့်လာသော ကျောက်အပိုင်းအစတို့က အရုဏလက်မောင်းကို ယှက်ထိသွားသည်။

ထိုအခြင်းအရာကို မြင်သော် ယုဂန် အော်လိုက်မိသည်။

" ခင်ဗျား ကျွန်တော့်ယောက်ျားကို မလုပ်နဲ့လေ"

မိမိမှာ ဘာမှမလုပ်ရပါဘဲ နေရင်းထိုင်ရင်း အချခံရ၊ အအော်ခံရသည်သောအခါ အဏ္ဏ စိတ်အချဉ်ပေါက်လာသည်။

ထို့ကြောင့် သူသည်လည်း ပြန်အော်လိုက်သည်။

" ဟ ငါဘာမှမလုပ်ရသေးဘူး။ မင်းလင်ပဲ ငါ့လုပ်နေတာ"

အရုဏက အဏ္ဏကို စွမ်းအားဖြင့် ပစ်လွှတ်တိုက်လိုက်နေသည်မို့ အဏ္ဏ တွန့်လိမ်တွန့်လိမ်လုပ်ကာ ဘေးသို့ ရှောင်ရပြန်သည်။

ဒီဘီလူးလုပ်တာနဲ့တင် သူ အနှစ်တစ်ထောင်လောက် အလှဆင်ထားခဲ့သည့်နေရာလေးလည်း ပျက်စီးပေတော့မည်။

" ဟေ့ကောင် ကြည့်ကောင်းနေလား။ မင်းယောက်ျား မင်းထိန်းလေ"

အဏ္ဏ အော်သံကြားမှ ယုဂန်လည်း သတိရကာ မောင်ရှေ့သို့ ကပျာကယာ ပြေးဝင်ရတော့ရသည်။

ပေ၂၀ မျှရှိ‌ေသာ ဘီလူးနှင့် နဂါးကြားတွင် ယုဂန် ခုန်စွခုန်စွလုပ်ကာ ခြေကားယားလက်ကားယားနှင့် ဝင်တားရသည်။

" မောင် ခဏလေး ကျွန်တော်ရှင်းပြဦးမယ်။ ကျွန်တော်ပြောတာ အရင်နားထောင်ပါဦး"

ထိုအခါမှ မောင် တိုက်ခိုက်နေခြင်းကို ခေတ္တရပ်တန့်သွားသည်။

ယုဂန်လည်း အချိန်ဆွဲမနေဘဲ မင်းသားအဏ္ဏမှာ မိမိကို မင်းကြီးမဟီဟု ထင်မှတ်မှား၍ နမ်းခဲ့မိခြင်းဖြစ်ကြောင်း၊ ယခုအခါ အားလုံးသိပြီး၍ အဆင်ပြေသွားပြီဖြစ်ကြောင်း အလျင်အမြန်ရှင်းပြလိုက်ရသည်။

ထိုအခါ မောင်သည် မကျေနပ်သေးပုံရှိသော်လည်း လူအသွင်သို့ ပြန်လည်ပြောင်းလဲသွားသည်။

ထို့အတူ အဏ္ဏလည်း လူအသွင်သို့ ပြန်ပြောင်းလိုက်သည်။

မောင်က မိမိပြုလုပ်ခဲ့သောအရာအတွက် တာဝန်ယူစိတ်အမြဲရှိသူဖြစ်ရာ အဏ္ဏဘက်ကိုကြည့်၍

" ခုနကလုပ်ခဲ့မိတာတွေအတွက် တောင်းပန်ပါတယ်"

ဟု တောင်းပန်စကားဆိုသည်။

အဏ္ဏဟာတော့ ဘုန်းကြီးခေါင်းခေါက်ပြီးမှ တောင်းပန်သည့်အတွက် မကျေမချမ်းဖြစ်သဖြင့် မဲ့ရွဲ့နေသည်။

" အဲ့တာကြောင့် အရင်မေးမြန်းသင့်တာပေါ့"

အဏ္ဏဟာ သူ​၏ဝတ်ရုံကို ပြဇာတ်ဆန်ဆန်ခါရင်း အရုဏဘက်သို့ လျှောက်လာသည်။ ထို့နောက် သူသည် အရုဏပခုံးပေါ် မထီမဲ့မြင် လက်တင်လိုက်ကာ

"ဒီမှာ ကောင်လေး...."

ဟု ဆရာကြီးဟန်ပန်ဖြင့်ခေါ်သည်။

ထိုသို့ သူသည် ခပ်မိုက်မိုက်အသွင်ဖမ်းနေသော်လည်း အရုဏမှာ သူ့ထက် ငါးလက်မပိုမြင့်နေရာ အရုဏကို မော့ကြည့်နေရသည်။

ထို့အပြင် ဤဘီလူးမှာ သူ့ကို မကျေမနပ်ဖြစ်သေးဟန်ဖြင့် မျက်တောင်စင်းလျက် စူးစူးရဲရဲကြည့်နေသည်မို့ အဏ္ဏ သူ့လက်ကို အလျင်အမြန်ပြန်ရုတ်သိမ်းလိုက်ရသည်။

ငါလူးတဲ့မှ ဒီဘီလူး တော်တော်အရပ်ရှည်သည်။
ဟိုကောင်လေးက ဒီလိုကြောက်စရာလူနဲ့ ဘယ်လိုများ လက်ထပ်ထားသလဲ အံ့ဩမိသည်။

သူကတော့ တစ်မိုးအောက်တစ်ယောက် နဂါးမင်းသားအဏ္ဏမို့ ဒီဘီလူးကို ကြောက်စရာမရှိသော်ငြား အလကားနေရင်းရန်မဖြစ်ချင်သည်မို့ အသာရှောင်နေလိုက်တော့မည်။

ဒါဟာ ဒီဘီလူးကိုသူ,ရှိန်၍မဟုတ်ဘဲ ငြိမ်းချမ်းရေးကိုသာ လိုချင်သောကြောင့်ဖြစ်သည်။

အို ဘုရားရေ။ သူဟာ တော်တော်လေး ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံသည့် နဂါးပါပေ။

" ဒီကအရှင့်သားထက် ကျွန်ုပ်က အနှစ်တစ်ထောင်ကျော်အသက်ပိုကြီးပါတယ်နော်။ အကြီးကို လေးလေးစားစားဆက်ဆံသင့်ပါတယ်။ လေးလေးစားစားနဲ့ ရိုရိုကျိုးကျိုးဆက်ဆံရမှာ"

အဏ္ဏက မျက်ခုံးပင့်ကာ အထက်စီးဆန်ဆန်နှင့် ခပ်ရွဲ့ရွဲ့ပြောသည်။

သို့ရာတွင် အရုဏမှာမူ ဂရုမစိုက်ဟန်ဖြင့် မျက်နှာတည်နေကာ

" ကျွန်ုပ်တို့ဒီကိုလာတာ သင်ဒုက္ခပေးနေတဲ့ကိစ္စအတွက်ပဲ။ ကျွန်ုပ်ရဲ့ကြင်ရာတော်ကို လာပတ်သက်နေတာတွေရပ်ပါ။ အခုလက်ရှိ ဒီကိုယ်ထဲက ဝိညာဉ်က ကျွန်ုပ်အပိုင်မို့လို့ မင်းကြီးမဟီဆိုပြီး ထိပါးတာတွေမျိုးတွေမလုပ်ပါနဲ့"

ဟူ၍သာ ဩရှရှပြောလာသည်။

ဒီလို အသံကအစ ကြောက်ဖို့ကောင်းနေသည့်လူကို ယုဂန်နိုင် ဘယ်လိုများပေါင်းသင်းနေသလဲ သူအံ့ဩမိသည်။

ယုဂန်နိုင်ယောက်ျားကိုကြည့်ရသည်မှာ မင်းကြီးမဟီကိုတောင် သတိရမိစေသည်။

မဟီသည်လည်း ရုပ်ချောသလောက်၊ အသံက ကြည်လင်သလောက် စကားပြောပုံဆိုပုံက ယခုလို ဘုဆတ်ဆတ်၊ မာကြောကြောပင်။

သို့ပေမဲ့လည်း သေးသွယ်နူးညံ့သူမို့ တစ်ခါတစ်ခါ ထိုသို့ပြောလျှင် ကြောက်စရာမကောင်းဘဲ ချစ်စဖွယ်ကောင်းသည်။ မဟီက ဘုရင်ထဲတွင် ရှားမှရှားသော အတော်လေးချစ်စဖွယ်ကောင်းသည့် ဘုရင်တစ်ပါးဖြစ်ခဲ့သည်။

ဒီဘီလူးနှင့် နှိုင်းယှဉ်စရာကို မရှိပေ။

"ငါ သိပါတယ်လို့။ ငါက မဟီကိုလိုချင်တာ။ ဒီလူက မဟီမဟုတ်ရင် ငါက ဆက်ပြီးအတွေးထဲတောင် ထည့်မနေဘူး။ စိတ်မပူနေနဲ့"

အဏ္ဏ မကျေမနပ်ဖြင့် ဘုဆတ်ဆတ်ပြောသည်။

သို့ရာတွင် အရုဏမှာမူ အဏ္ဏကို ထပ်မံ၍ လျစ်လျူရှုထားကာ သူပြောစရာရှိသည်ကိုသာ လိုရင်းတိုရှင်းပြောပြန်သည်။

" ကျွန်ုပ်တို့ ဒီကိုလာတာ သင့်ရဲ့နဂါးမျက်ရှင်ကြောင့်ပါ။"

" ငါ့မျက်ရှင်က ဘာဖြစ်လို့လဲ"

အရုဏသည် အဏ္ဏ​၏နဂါးမျက်ရှင်မှာ စွမ်းအားအလွန်ကြီးသည်ဟု လူအများက ယုံကြည်ကြောင်း၊ ယင်းမျက်ရှင်ကို မှော်နက်ပညာရှင်တစ်သိုက်မှ အလိုရှိနေကြောင်း၊ ထိုသို့မျက်ရှင်ကိုရရှိရန် မင်းကြီးမဟီ​၏မျိုးဆက်ဖြစ်သော ယုဂန်ကို ဖမ်းဆီးချင်နေကြကြောင်း၊ ထိုသူတို့က အဏ္ဏ​၏တည်နေရာကို မရမကရှာဖွေကာ ရောက်လာမည့်သူများဖြစ်ကြောင်း စသဖြင့် အကျဉ်းရုံးရှင်းပြလိုက်သည်။

ထိုစကားဆုံးသော် အဏ္ဏသည်

" ငါ့မျက်ရှင်က သေချာပေါက် စွမ်းအားကြီးတာပေါ့။ ငါက ဒီကမ္ဘာမှာ စွမ်းအားအကြီးဆုံးလူတွေထဲက တစ်ယောက်ပဲ"

ဟု ဂုဏ်ယူဝင့်ကြွားစွာဆိုကာ တစ်ဆက်တည်းပင်

" ဒါပေမဲ့ မပူပါနဲ့။ ငါ့ကို နတ်တွေတောင်ရှာမတွေ့တာ။ သူတို့က ရှာတွေ့မှာတဲ့လား။ တွေ့တော့ရော သူတို့လောက်က ငါက အေးဆေးပဲ။ အကုန်လုံး သေရွာကိုမြင်သွားအောင် လုပ်နိုင်တယ်ကွ"

ဟု မိမိကိုယ်ကို ယုံကြည်မှုရှိဟန်၊ အထင်ကြီးဟန်ဖြင့် ခေါင်းမော်၍ဆိုသည်။

သို့ရာတွင် အရုဏအမြင်မှာမူ မည်မျှပင်စွမ်းအားကြီးစေကာမူ၊ ရန်သူကို အထင်သေးခြင်းမျိုး မပြုလုပ်သင့်ပေ။

မျက်တစ်လုံးရှင်၊ ကိဏီနှင့် ကေသရာအဆုံး အားလုံးက တကယ့်ကို ထိပ်တန်းမှော်နက်ပညာရှင်များဖြစ်သည်။ ထို့အပြင် မင်းယောဇာကိုလည်း လျှော့တွက်၍မရချေ။

အရုဏ: " ဘာပဲဖြစ်ဖြစ် သတိထားတာ ပိုကောင်းပါလိမ့်မယ်"

အဏ္ဏ: " ငါသတိထားလည်း အပိုပဲလေ။ မျက်ရှင်က ငါ့ဆီမှာမှ မဟုတ်တာ"

အရုဏ မျက်ဝန်းတို့မှေးကြုံ့သွားသည်။ ထို့အတူ ယုဂန်သည်လည်း အံ့ဩဟန်ပြကာ

"ဒါဆိုမျက်ရှင်က ဘယ်မှာလဲ"

ဟု ရေးကြီးသုတ်ပျာမေးမြန်းလာသည်။

ထိုအခါ အဏ္ဏက ယုဂန်ကို ပြူး၍ပြန်ကြည့်သည်။

အဏ္ဏ: " တကယ်မသိလို့ မေးနေတာလား"

ယုဂန်: " သိမှတော့ ခင်ဗျားကိုမေးနေမလား"

အဏ္ဏ: " ငါ့မျက်ရှင်ဘယ်မှာလဲ မသိဘူးဆိုလို့ ထူးဆန်းလို့ပါ"

ယုဂန်: " ကျွန်တော်က ခင်ဗျားဟာ ဘယ်နေရာမှာလဲဆိုတာ ဘယ်လိုလုပ်သိမှာလဲ"

နှစ်ယောက်သား နှစ်ခွန်းတည်းနှင့်လည်နေသည်မို့ ကြားမှ အရုဏကပဲ

" နဂါးမျက်ရှင် ဘယ်မှာလဲ"

ဟု အသံတည်၍ဝင်မေးရတော့သည်။

ထိုအခါမှ နဂါးမင်းသားသည် တစ်နေရာသို့ လက်ညှိုးထိုးပြလာသည်။

" အဲ့မှာလေ"

သူ​၏လက်ညှိုးထိပ်မှာမူ ယုဂန်နိုင်ဆီ ဦးတည်နေခြင်းဖြစ်သည်။

မထင်မှတ်ထားသော အပြုအမူကြောင့် အရုဏနှင့် ယုဂန်တို့ အံ့ဩခြင်းထက် ပို၍ပြူးကြောင်ကြောင်ဖြစ်သွားကြသည်။

ယုဂန်က သူ့ကိုယ်သူ လက်ညှိုးထိုး၍ပြန်မေးသည်။

" ကျွန်တော်လား"

" မဟုတ်ဘူး။ မင်းဆွဲကြိုး"

အရုဏရော ယုဂန်ပါ ယုဂန်လည်ပင်းတွင်ဆွဲထားသော ဆွဲကြိုးဆီ တစ်ပြိုင်တည်းငုံ့ကြည့်မိလိုက်ကြသည်။

"ဒါ...ဒါက နဂါးမျက်ရှင်လား"

ယုဂန် အထစ်ထစ်အငေါ့ငေါ့နှင့်မေးသည်။ အဏ္ဏက ယုဂန်ရှေ့သို့ ခြေတစ်လှမ်းတိုးလာကာ ဆွဲကြိုး​၏အဝိုင်းသဏ္ဌာန်လော့ကတ်သီးကို သူ​၏လက်ဖြင့် ဝှေ့ယမ်းလိုက်သည်။

" အင်းလေ။ ဆွဲထားပြီးတော့ မသိဘူးလား"

အဏ္ဏလက်ဖြင့် ဝှေ့ယမ်းလိုက်သောအခါ ဆွဲကြိုးမှာ အလင်းများတောက်ပလာပြီး အပေါ်သို့ ပျံတက်လာသည်။ ထို့နောက် ယုဂန်​၏လည်ပင်းမှ ဆွဲကြိုးကျွတ်သွားပြီး အဏ္ဏ​၏လက်ထဲသို့ ဝဲပျံလာသည်။

လက်ထဲရောက်လာသော ဆွဲကြိုးကို အဏ္ဏဆုပ်ကိုင်လိုက်သည်။ ဆွဲကြိုး​၏ဆွဲသီးကို သူ, လက်မဖြင့်ပွတ်လိုက်‌ေသာအခါ အဝိုင်းသဏ္ဌာန်ဆွဲသီး ပွင့်သွားပြီး အထဲမှ သေးငယ်လွန်းသော အနီရောင်ကျောက်မျက်တစ်ခု လေပေါ်ပျံတက်လာသည်။

ယင်းကျောက်မျက်သည် ပတ္တမြားနှင့်တူသည်။ သွေးရောင်တောက်နေပြီး တောက်ပသော အနီရောင်အလင်းတန်းများ ဖြာထွက်နေသည်။

အဏ္ဏက ထိုကျောက်မျက်ကို အတန်ကြာစိုက်ကြည့်လိုက်သောအခါ ယင်းမှာ တဖြည်းဖြည်းအရွယ်အစားကြီးလာကာ အရည်ပြည့်သော ပတ္တမြားကြီးသဖွယ် တောက်ပလင်းလက်လာသည်။

အဏ္ဏ ထိုပတ္တမြားကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူဆိုသည်။

"ဒီမှာ ငါ့မျက်ရှင်"

နဂါးတစ်ကောင်၏အသက်ဖြစ်သော နဂါးမျက်ရှင်မှာ နှစ်တစ်ထောင်ကျော်ကြာပြီးသည့်နောက်တွင် သူ၏ပိုင်ရှင်နှင့် ပြန်လည်ဆုံစည်းသွားလေပြီ။

*****************************

A/N

Teo က parallel universe ကို နေရာယူထားတာဖြစ်တဲ့အတွက် မြန်မာရှေးခေတ်နဲ့မတူပါဘူးနော်။ ဒါကြောင့် ရှေးခေတ်တုန်းက မရှိခဲ့တဲ့ ဆဲနည်းတွေ ထည့်ရေးထားတာဖြစ်ပါတယ်။

13.3.2023
( Monday)
.
.
.

Zawgyi

နဂါးမင္းသားအဏၰႏွင့္ ေတြ႕ဆုံျခင္း

____________

အ႐ုဏ အိပ္ရာႏိုးလာခ်ိန္တြင္ သူ႔ရင္ခြင္ထဲမွ ယုဂန္မွာ ႏွစ္ၿခိဳက္စြာ အိပ္ေမာက်ေနစၿမဲရွိေသးသည္။

ယုဂန္ ေဘးတြင္မူ မနက္အေစာကတည္းကႏိုးေနသည့္ ဣႏၵီေလးက ေမွာက္ရက္ျဖစ္ေနၿပီး ယုဂန္ဘက္ကိုလွည့္ကာ သူမ​၏ဖဘုရားအိပ္ေပ်ာ္ေနသည္ကို ျပဴးတူးတူးေလးၾကည့္ေနသည္။

အ႐ုဏ ၿပဳံးလိုက္ၿပီး ယုဂန္ကိုေက်ာ္ကာ သမီးေလး​၏ပါးကို လွမ္းဖ်စ္လိုက္သည္။ ထိုအခါ ဣႏၵီေလးက အ႐ုဏဆီေမာ္ၾကည့္လ်က္ သြားမရွိေသာပါးစပ္ေလးႏွင့္ ႐ႊင္ပ်စြာရယ္ျပလာသည္။ ထို႔ေနာက္ အုအုအဲအဲႏွင့္ အသံပိစိေလးမ်ားျပဳၿပီး သူမ​၏ေရွ႕ထုတ္ထားေသာ လက္ေသးေသးေလးမ်ားအေပၚ ေခါင္းေမွာက္ခ်သြားသည္။

မနက္ခင္းေလးဟာ အားရပါးရအိပ္ခ်င္ေလာက္ေအာင္ ေအးခ်မ္းသာယာေနသည္။ သို႔ေသာ္လည္း အေစာကတည္းက နဂါးမင္းသားအဏၰကို သြားေရာက္ရွာေဖြရမည္မို႔ ယုဂန္ကို အိပ္ရာကႏႈိးရမည္။

အ႐ုဏ ယုဂန္​၏ လည္တိုင္အေနာက္နားကို ခပ္ဖြဖြနမ္းလိုက္သည္။

" အခ်စ္ေလး ထ,ေတာ့။ ေမာင္တို႔ ေစာေစာသြားရမယ္"

ယုဂန္ မႏိုးေသးသည္မို႔ ယုဂန္​၏လည္တိုင္အေနာက္ကို ႏွာေခါင္းထိပ္ျဖင့္ ထပ္မံပြတ္သပ္လိုက္သည္။ ထိုအခါ ယားယံလာသည္မို႔ ယုဂန္ကိုယ္ေလး လူးလူးလြန႔္လြန႔္ျဖစ္လာသည္။

" နည္းနည္းေလာက္ ထပ္အိပ္ခ်င္တယ္"

ယုဂန္ထံမွ တိုးညင္းၿပီး ဗလုံးဗေထြးျဖစ္ေသာ အသံေလးထြက္ေပၚလာသည္။ ယုဂန္ဟာ အအိပ္ႀကိဳက္သူမို႔ အိပ္ရာကႏိုးပါက အခ်ိန္ဆြဲေနၿပီး တေအာင့္ၾကာမွ ထ,တတ္သူျဖစ္သည္။

" ခဏပဲရမယ္ေနာ္။ ေမာင္ ခဏေနရင္လာႏႈိးမယ္"

အ႐ုဏ ယုဂန္ကိုအုပ္မိုးလ်က္ ပါးအိအိကို တစ္ခ်က္နမ္းရႈပ္လိုက္သည္။

ထို႔ေနာက္ အိပ္ရာေပၚမွ ထလိုက္ၿပီး ယုဂန္ေဘးတြင္ ဝူးဝူးဝါးဝါးလုပ္ေနေသာ သမီးကို ခ်ီပိုး၍ မ်က္ႏွာသစ္ျပင္ဆင္ေပးရန္ ေခၚေဆာင္သြားသည္။

တည္းခိုေဆာင္က မနက္ခင္းမ်က္ႏွာသစ္ရန္ ေရေပးထားသည္။ ထိုေရႏွင့္ ကေလးကို မ်က္ႏွာသစ္ေပးၿပီး အႏွီးလွဲရန္ လုပ္ေဆာင္ေပးရသည္။ ခါတိုင္း ကေလးထိန္းမ်ားက ကေလးကိစၥအဝဝကို ေဆာင္႐ြက္ေပးသည္မို႔ သူႏွင့္ယုဂန္ ကေလးအႏွီးလွဲေပးရျခင္း အလြန္ရွားသည္။

ၿပီးလွ်င္ေတာ့ ကေလးႏို႔တိုက္ရမည္။ နဂါးမင္းသားကို သြားရွာေနစဥ္အတြင္း သမီးေလးကို ေစာရံႏွင့္ တည္းခိုေဆာင္တြင္ ထားခဲ့ရမည္။ ထားခဲ့ရမည္မွာ စိတ္မခ်ေသာ္လည္း အနည္းဆုံးေတာ့ တစ္ၿမိဳ႕တည္းရွိေန၍ေတာ္ေသးသည္ဟုဆိုရမည္။

အ႐ုဏ စဥ္းစားရင္း ကေလးအဝတ္လဲေပးေနစဥ္ ကေလးကိုင္ပုံအခ်ိဳးမက်သည္မို႔ ဣႏၵီစိတ္ရႈပ္ကာ ၿဗဲခနဲထေအာ္လာသည္။

ကေလးငိုလာသည္မို႔ အ႐ုဏပ်ာပ်ာသလဲျဖစ္သြားစဥ္တြင္ ယုဂန္ဆီမွ

" ေဘဘီ ဘာျဖစ္လို႔လဲ"

ဟူေသာ ေအာ္ေမးသံထြက္လာသည္။ ဣႏၵီကလည္း သူမ​၏ဖဘုရားသံၾကားေတာ့ အဲ့ခနဲအသံထြက္ကာ ျပန္ေျဖသည္။

ကေလးသံၾကားလွ်င္ မေနႏိုင္ေတာ့သည့္ယုဂန္ဟာ ကုတင္ေပၚမွ အိပ္ခ်င္မူးတူးျဖင့္ထ,လာၿပီး ကေလးကို စားပြဲေပၚတင္ကာ က်က်နနအႏွီးထုပ္ေနသာ အ႐ုဏေဘးသို႔ ေလွ်ာက္လာသည္။

"ခမည္းေတာ္က သဲသဲေလးကို ဘာလုပ္လို႔လဲဟင္"

" အဲ့ အဲ..."

" သဲသဲေလးကို စိတ္ရႈပ္ေအာင္လုပ္တယ္ ဟုတ္လား။ ခမည္းေတာ္ကို ႐ိုက္ဦးမယ္"

ကေလးႏွင့္အခ်ီအခ်ေျပာကာ အႏွီးဆက္ထုပ္ေပးေနေသာ ယုဂန္ေၾကာင့္ အ႐ုဏေဘးသို႔ေရွာင္လိုက္ရသည္။

" ေမာင္ဘာမွမလုပ္ဘူးေနာ္။ သူ႔ဘာသာထေအာ္တာ"

" ေမာင္ သူ႔လက္ကို ေမာင့္အားႀကီးနဲ႔ အတင္းသြားခ်ဳပ္လို႔ေနမွာေပါ့။ ဣႏၵီက သူ႔ကိုတင္းတင္းက်ပ္က်ပ္ႀကီးခ်ဳပ္ထားရင္ မႀကိဳက္ဘူး"

အ႐ုဏ မေက်နပ္စြာႏွင့္ ဆူပုတ္သြားသည္။ သို႔ရာတြင္ သူဘာမွဆက္မေျပာေတာ့ဘဲ ယုဂန္​၏ရႈပ္ပြေနေသာ ဆံပင္မ်ားကိုသာ ဘီးတစ္ေခ်ာင္းယူၿပီး ၿဖီးေပးေနလိုက္သည္။

ကေလးကိစၥမလုပ္ရလွ်င္ေတာ့ ယုဂန္ကိစၥသူလုပ္ေပးႏိုင္ေသးသည္။

ကေလးတစ္ေယာက္ရွိသည္က မနက္ခင္းကို ပိုမိုအလုပ္ရႈပ္ေစႏိုင္သည္။ အ႐ုဏႏွင့္ယုဂန္သည္ ကေလးအတြက္သာ အခ်ိန္ေတာ္ေတာ္မ်ားမ်ားကုန္လြန္လိုက္ရၿပီး ကေလး​၏ဝမ္းေရး၊ စြန႔္ထုတ္ေရးကိစၥအကုန္ၿပီးမွ မိမိတို႔အတြက္ကို ကပ်ာကယာျပင္ဆင္ရန္ စတင္ရသည္။

ကေလးထိန္းရန္ ေစာရံေရာက္လာ၍ေတာ္ေသးသည္။

ကေလးကို ေစာရံႏွင့္ ထည့္ေပးလိုက္ၿပီးမွ နဂါးမင္းသားကိုရွာေဖြရန္ လိုအပ္ေသာလက္နက္ကိရိယာမ်ားကို ျပင္ဆင္ရသည္။

ထိုသို႔ အ႐ုဏ အဝတ္အစားလဲလွယ္ေနစဥ္ ယုဂန္က အနားလာကာ အ႐ုဏကို အေနာက္မွ သိုင္းဖက္လာ သည္။

ယုဂန္​၏အထိအေတြ႕ေၾကာင့္ အ႐ုဏ ယုဂန္ႏွင့္မ်က္ႏွာခ်င္းဆိုင္လိုက္ၿပီး ယုဂန္ကို ျပန္လည္ေပြ႕ဖက္လိုက္သည္။ ယုဂန္က အ႐ုဏ​၏လည္ပင္းကို မွီတြယ္ကာ ႏႈတ္ခမ္းေလးကိုဆူျပသည္။ အနမ္းခံခ်င္သည္မွန္း သိသည္မို႔ ႏႈတ္ခမ္းဖူးဖူးေလးကို ထိေတြ႕သည္ဆို႐ုံေလး အ႐ုဏနမ္းလိုက္သည္။

" ႐ုတ္တရက္ႀကီး လာခြၽဲပါေနလား"

ယုဂန္ အ႐ုဏ​၏ရင္ခြင္ထဲသို႔ ပိုမိုကာတိုးဝင္လာသည္။

" ေမာင္"

သူ တိုးညင္းစြာႏွင့္ ခြၽဲႏြဲ႕စြာေခၚသည္။ ထိုအသံေလးဟာ အသည္းတယားယားရွိေစေသာေၾကာင့္ အ႐ုဏ သူ​၏ၾကင္ရာေတာ္ကို ပိုမိုတင္းက်ပ္စြာေပြ႕ဖက္လိုက္သည္။

" ဘာတုံး အခ်စ္"

ယုဂန္ သူ႔ကိုေမာ့ၾကည့္သည္။ ယုဂန္​၏ မဟူရာပမာဖိတ္ဖိတ္ေတာက္ေနေသာမ်က္ဝန္းမ်ားသည္ မႀကဳံဖူးေအာင္မႈိင္းဖ်ေနၿပီး အေတြးမ်ားေနသည့္ႏွယ္ ေဖ်ာ့ေတာ့ထိုင္းမႈိင္းေနသည္။

ယုဂန္​၏မ်က္ႏွာကိုသာ အရိပ္တၾကည့္ၾကည့္ေနခဲ့သူမို႔ ယုဂန္ မေပ်ာ္႐ႊင္ေနသည္ကို အ႐ုဏခံစားသိရွိသည္။ လတ္တေလာ ယုဂန္ဟာ သူ႔ကိုမေျပာျပပါဘဲ စိတ္ညစ္စရာမ်ားကို ရင္ထဲသိမ္းသိမ္းထားသည္။ မည္သည့္အေၾကာင္းမ်ားရွိ၍လဲ မသိပါေခ်။

" တစ္ခုခုျဖစ္လို႔လား ကေလး"

ယုဂန္ ေခါင္းခါျပၿပီးေနာက္ အ႐ုဏ​၏ပခုံးႏွင့္ သူ​၏နဖူးကို အပ္သည္။ ထို႔ေနာက္ အသံခပ္တိမ္တိမ္ႏွင့္ဆိုသည္။

" ခ်စ္တယ္ဆိုတာ သိထားရမယ္ေနာ္"

ထူးဆန္းေသာစကားျဖစ္ေသာ္လည္း အ႐ုဏျပန္ၿပီး ေမးခြန္းမထုတ္မိပါေခ်။

" သိတာေပါ့။ ေမာင့္ဇနီးေလး ေမာင့္ကိုဘယ္ေလာက္ေမတၱာရွိလဲ ေမာင္သိတယ္"

" ၿပီးေတာ့ ကြၽန္ေတာ္တို႔ ကေလးေတြကို ေမာင္ေသခ်ာေစာင့္ေရွာက္မွျဖစ္မယ္"

"ယုဂန္နဲ႔အတူတူ ေစာင့္ေရွာက္မယ္ေလ"

ယုဂန္ သူ႔ကို မႈိင္းပ်ေဝဝါးေသာအၾကည့္မ်ားႏွင့္ ေမာ့ၾကည့္သည္။ ထို႔ေနာက္ ေဖ်ာ့ေတာ့စြာၿပဳံးသြားၿပီး

" အင္း အတူတူ"

ဟု တိုးညင္းစြာေရ႐ြတ္သည္။

အ႐ုဏ ယုဂန္​၏နဖူးကို အသာအယာနမ္းလိုက္သည္။

" ေမာင္ အဝတ္,ဝတ္ဦးမယ္"

" ဪ အင္း ဝတ္ဝတ္"

အ႐ုဏ​၏ရင္ခြင္ကို ေတာက္တဲ့ပမာကပ္တြယ္ေနေသာ ယုဂန္သည္ ယခုမွ ေဘးသို႔ခြာသြားသည္။

အ႐ုဏ အက်ႌဝတ္ေနရင္း ယုဂန္ရွိရာဆီလွည့္ၾကည့္လိုက္ခ်ိန္တြင္ ယုဂန္ဟာ ျပတင္းေပါက္အျပင္ကို ၾကည့္၍ ေလးေလးတြဲ႕တြဲ႕ေငးငိုင္ေနသည္ကို ေတြ႕ရသည္။

ယုဂန္​၏သြယ္လ်ေသာလက္ေခ်ာင္းေလးမ်ားက သူ အၿမဲဝတ္ဆင္ထားေသာ ဆြဲႀကိဳးကို ပြတ္သပ္၍ေနသည္။

***********************************

မနက္ခင္း ေနျမင့္ခ်ိန္ေရာက္ေသာအခါတြင္ နႏၵ၊ ပီယံ၊ ေရဝတီ၊ ဧကသူႏွင့္ အ႐ုဏတို႔ အားလုံးေတြ႕ဆုံၾကသည္။

ေဒါဝံသို႔ေရာက္ရွိၿပီျဖစ္ေသာ္လည္း နဂါးမင္းသား​၏တည္ေနရာကို တိတိက်က်မသိရွိေသးသည္မို႔ နဂါးမင္းသား​၏အရိပ္အၿမိတ္ကို လိုက္လံရွာေဖြရန္ အရပ္ေလးမ်က္ႏွာ လူခြဲ၍ရွာရမည္ ဟုယုဂန္က အစီအစဥ္ခ်မွတ္သည္။

ထို႔ေနာက္ ယုဂန္ကပင္ နႏၵႏွင့္ပီယံကို အေရွ႕အရပ္၊ ေရဝတီႏွင့္ ဧကသူကို ေတာင္အရပ္ လိုက္ရွာရန္ လမ္းေၾကာင္းခ်မွတ္ေပးသည္။ သူႏွင့္အ႐ုဏကေတာ့ အေနာက္အရပ္ကို အရင္သြားရွာမည္ျဖစ္ၿပီး အေနာက္တြင္ မေတြ႕မွ ေျမာက္အရပ္သို႔ သြားရွာမည္ဟု ယုဂန္ကေျပာၾကားသည္။

ဤသို႔ႏွင့္ သူတို႔သည္ ေဒါဝံၿမိဳ႕မွ ျမင္းငွါးေသာ ျမင္းေဇာင္းမွ တစ္ေယာက္တစ္ေကာင္စီ ျမင္းမ်ားငွါးရမ္းလိုက္ၾကသည္။

ထို႔ေနာက္ အသီးသီးရွာေဖြရန္ ထြက္ခြာခဲ့ၾကသည္။

အ႐ုဏႏွင့္ယုဂန္သည္ အေနာက္အရပ္တည့္တည့္သို႔ ထြက္ခြာခဲ့ၾကရင္း ၿမိဳ႕တြင္းမွတစ္ဆင့္ ၿမိဳ႕ျပင္ေတာအုပ္ဆီသို႔ တျဖည္းျဖည္းေရာက္ရွိလာသည္။

အ႐ုဏက ေတာအုပ္ဝန္းက်င္ကို သူ​၏စူးရွေစ့စပ္ေသာမ်က္ဝန္းမ်ားႏွင့္ ေသေသခ်ာခ်ာလိုက္လံၾကည့္ရႈရင္း

" ေမာင္ ဟိုးအရင္ စစ္ထြက္တုန္းက ဒီေနရာကို ေရာက္ဖူးတယ္။ အဲ့တုန္းက ထူးထူးျခားျခား စြမ္းအားတိုးလာသလို ခံစားခဲ့ရတယ္"

ဟု ေျပာျပသည္။

ထိုအခါ ယုဂန္ အံ့ဩသည့္ဟန္ပန္ျပၿပီး ျပန္လည္ေမးျမန္းသည္။

" အခုေရာ"

" အခုလည္း အဲ့သလိုပဲ။ အေသြးအသားထဲကေနၿပီး ေမွာ္စြမ္းအားေတြတိုးပြားလာေနတာ ခံစားေနရတယ္"

အ႐ုဏ ေျပာရင္းဆိုရင္း သူ​၏လက္တစ္ဖက္ကို ငုံ႔ၾကည့္သည္။ အသားမာၾကမ္းၾကမ္းမ်ား ကပ္ၿငိေနေသာ သူ​၏လက္ေခ်ာင္းမ်ားထိပ္မွ၊ လက္ဖဝါးဆီမွ၊ အေၾကာမ်ားမွ ႀကီးမားေသာေမွာ္စြမ္းအင္တို႔ စီးဆင္းေနသည္ကို သူတိတိပပခံစားေနရသည္။ သူဟာ အခ်ိန္ႏွင့္အမွ် ပိုပိုၿပီးအင္အားႀကီးကာ တက္ႂကြလန္းဆန္းလာေနသည္။

" အဲ့တာက ေဒါဝံက သိဒၶိႂကြယ္တဲ့ေျမမို႔လို႔မဟုတ္ဘူးလား"

ယုဂန္ မ်က္ေမွာင္ကုတ္ရင္း စဥ္းစဥ္းစားစားဆိုသည္။ ထိုအခါ အ႐ုဏ ေခါင္းခါရမ္းသည္။

" အဲ့လိုသာဆို တစ္ၿမိဳ႕လုံးရဲ႕ဘယ္ေနရာမွာရပ္ရပ္ စြမ္းအားတိုးသလိုခံစားရမွာေပါ့။ ေနာက္ၿပီး ေမာင္ဒီလိုျဖစ္ရင္ တျခားသူေတြလည္းျဖစ္ရမွာေပါ့။ ခုက ေမာင္တစ္ေယာက္တည္း ဒီေနရာေရာက္မွျဖစ္တာ"

အ႐ုဏစကားေၾကာင့္ ယုဂန္ ေတြးေတာသြားသည္။

" ေမာင္ ျပမယ္"

အ႐ုဏ ေျပာေျပာဆိုဆိုႏွင့္ အေရွ႕နားရွိ သစ္ပင္ႀကီးတစ္ပင္ကိုစိုက္ၾကည့္ကာ သူ​၏လက္တစ္ဖက္ကို ဆန႔္တန္းၿပီး လက္ညႇိဳးႏွင့္ လက္ခလယ္ႏွစ္ေခ်ာင္းတည္းကို ေထာင္၍ ဓားခုတ္သည့္ႏွယ္ ႏွစ္ခ်က္မွ် ေဝွ႔ယမ္းလိုက္သည္။

ထိုအခါ သူစိုက္ၾကည့္ေနေသာ သစ္ပင္ႀကီးမွာ အလယ္မွ ေန၍ ႏွစ္ပိုင္းတိတိ ျပတ္က်သြားေလသည္။

သစ္ပင္ႀကီး​၏အကိုင္းအခက္မ်ား ေျမသို႔ မျပတ္က်ခင္မွာပင္ အ႐ုဏသည္ သစ္ပင္ႀကီး​၏ျပတ္က်ေသာ အစိတ္အပိုင္းမ်ားကို ေလေပၚတြင္ ရပ္တန႔္ေစကာ ယခင္သစ္ပင္ပုံစံအတိုင္း ျပန္ဆက္လိုက္သည္။

ထိုအျခင္းအရာကို ျမင္ေတြ႕ေသာ္ ယုဂန္သည္ အ႐ုဏဘက္ကို လက္မေထာင္ျပ၍

" ဝါး မိုက္လိုက္တာ"

ဟု တအံ့တဩဆိုသည္။

ၾကင္ရာေတာ္​၏အထင္ႀကီးမႈကို ရရွိသြားသည္မို႔ အ႐ုဏ ဂုဏ္ယူဝင့္ႂကြားစြာၿပဳံးကာ မ်က္ခုံးပင့္ျပသည္။

" ေမာင္ဒီမွာ ၾကာၾကာေနသင့္တယ္။ အဲ့တာမွ အားေတြပိုပိုႀကီးလာၿပီး မင္းေယာဇာကို အျမန္အႏိုင္ပိုင္းႏိုင္မွာ"

" အင္းေနာ္"

အ႐ုဏ ခပ္ဟဟရယ္သည္။ ထိုအခိုက္တြင္ အ႐ုဏသည္ ေျမႀကီးေပၚျဖတ္ေျပးသြားေသာ ကင္းလိပ္ေခ်ာႏွင့္ အသြင္ဆင္ေသာ္လည္း အေကာင္ပိုႀကီးသည့္ တြားသြားသတၱဝါတစ္မ်ိဳးကို လွမ္းျမင္လိုက္သည္။

အ႐ုဏ ခ်က္ခ်င္းေလးနက္သြားၿပီး

" ယုဂန္ ခဏ"

ဟုလွမ္းေခၚကာ ယုဂန္ကို ယင္းအေကာင္ဆီ ၫႊန္ျပသည္။

" ဒီအေကာင္ေတြက ျမစ္ေခ်ာင္းနားမွာပဲေနတဲ့အေကာင္ေတြပါ။ ဘာလို႔ ေတာအုပ္အလယ္ေရာက္ေနတာလဲ"

ေမွာ္သတၱဝါအေကာင္မ်ားႏွင့္ပတ္သက္ပါက ယုဂန္ဟာ မသိရွိသူမို႔ အ႐ုဏ​၏စကားကိုသာ ေစာင့္ဆိုင္းေနလိုက္သည္။

အ႐ုဏက အဆိုပါတြားသြားသတၱဝါကို ၾကည့္ေနရင္း စဥ္းစားကာ

" ဒီနားမွာ ေရရွိကိုရွိရမယ္။ ေျမေအာက္ေရ ထင္တယ္"

ဟု တစ္ကိုယ္တည္းေရ႐ြတ္သည္။ ထိုအခါ ယုဂန္လည္း ေတြးေတြးဆဆဆိုသည္။

" ဒီေျမႀကီးေအာက္မွာ လႈိဏ္ေခါင္းႀကီးျဖစ္ၿပီး ေရစီးေနတာမ်ားလား"

အ႐ုဏ ယုဂန္ဘက္ကို ဘာရယ္မဟုတ္လွည့္ၾကည့္မိသည္။ ထိုတြင္ အ႐ုဏ အလြန္အမင္းအံ့အားသင့္သြားၿပီး ယုဂန္​၏လည္တိုင္ရွိရာဆီ လက္ညႇိဳးထိုးသည္။

" ယုဂန္ လည္ဆြဲက....."

ယုဂန္ သူ​၏လည္ဆြဲကို ငုံ႔ၾကည့္လိုက္ကာ အဝိုင္းသဏၭာန္ ဆြဲသီးမွ စူးရွေသာ အလင္းေရာင္မ်ား ျဖာထြက္ေနသည္ကို ေတြ႕လိုက္ရေလသည္။

ယုဂန္ ထိတ္လန႔္သြားစဥ္မွာပင္ မထင္မွတ္ထားေသာ အရာက ႐ုတ္ခ်ည္းျဖစ္ေပၚလာသည္။

ဝုန္း!!

အသံက်ယ္ႀကီးႏွင့္အတူ ယုဂန္စီးနင္းသည့္ျမင္း​၏ ေျခေထာက္ေအာက္ ပတ္လည္မွ ေျမႀကီးတို႔ ေအာက္သို႔ ၿပိဳက်ကြၽံဝင္သြားသည္။

ျမင္းေအာက္တြင္ ေျမမရွိေတာ့ေခ်။ တြင္းေပါက္ၾက္ီးတစ္ခု တစ္စကၠန႔္အတြင္း ျဖစ္ေပၚလာသည္။

ျမင္းႏွင့္ ယုဂန္တို႔ အေပါက္ထဲသို႔ ခ်က္ခ်င္းလက္ငင္း ျပဳတ္က်သြားသည္။

"အား...."

ယုဂန္​၏ေအာ္သံ က်ယ္ေလာင္စြာထြက္ေပၚလာသည္။

အ႐ုဏ အလြန္အမင္းထိတ္လန႔္စိုးရိမ္သြားၿပီး သူ​၏ျမင္းေပၚမွ အျမန္ခုန္ဆင္းကာ အေပါက္နားသို႔ လ်င္ျမန္လြန္း​ေသာစြမ္းအားသုံး၍ အရိပ္ကဲ့သို႔ ျဖတ္ခနဲေျပးသြားသည္။

သူ ယုဂန္ကို လွမ္းဆြဲရန္ ႀကိဳးစားေသာ္လည္း အခ်ိန္မမီေတာ့ပါေခ်။

အ႐ုဏ ယုဂန္ကို မဆြဲလိုက္ႏိုင္ဘဲ ယုဂန္ဟာ ေမွာင္မဲေနေသာ ေျမႀကီးတြင္းသို႔ အထိန္းအကြပ္မဲ့စြာ ျပဳတ္က်သြားေလသည္။

" ေမာင္!!!"

ယုဂန္​၏ ထိတ္လန႔္တၾကားေအာ္သံက အ႐ုဏကို ပိုမိုပူပင္သြားေစသည္။

အ႐ုဏ မ်ားမ်ားစားစားမစဥ္းစားေနေတာ့ဘဲ ေျမတြင္းေပါက္ထဲသို႔ သူပါ လိုက္လံခုန္ဆင္းသြားသည္။

ယုဂန္​၏ခန႔္မွန္းခ်က္ မွန္သည္။

လူေလးရပ္စာမွ်ထူေသာ ေျမႀကီးထုထည္ကို အျမန္အဆန္ျဖတ္သန္းၿပီးသည့္ေနာက္တြင္ ျမင့္မားက်ယ္ျပန႔္လြန္းေသာ ေျမေအာက္လႈိဏ္ေခါင္းတစ္ခုဆီသ ေရာက္ရွိသြားသည္။

အလင္းဝင္ေပါက္သိပ္မရွိသျဖင့္ ေျမေအာက္လႈိဏ္ေခါင္းဟာ မဲေမွာင္ေနသည့္တိုင္ အ႐ုဏတြင္ အေမွာင္ထဲ၌ ေကာင္းစြာျမင္ႏိုင္ေသာ မ်က္လုံးမ်ားရွိသည္မို႔ ျပဳတ္က်ေနေသာ ယုဂန္ကို လွမ္းျမင္ေနရသည္။

ယုဂန္​၏လည္ပင္းမွ ဆြဲႀကိဳးက တစ္စတစ္စပိုမိုေတာက္ပကာ အလင္းျဖာေနသည္။

ယုဂန္ထက္အရင္ ေအာက္ျပဳတ္က်သြားေသာ ျမင္းရွိရာ ေရထဲသို႔ အဆိုပါျမင္းျပဳတ္က်သြားေသာ အသံကို ၾကားလိုက္ရသည္။

ထင္သည့္အတိုင္း ေျမေအာက္လႈိဏ္ေခါင္းထဲတြင္ ေရမ်ားရွိေနသည္။ အသံအရ ေရမ်ားကစီးဆင္းေနၿပီး ေျမေအာက္ေခ်ာင္းတစ္ခု ျဖစ္ဟန္ရွိသည္။

အ႐ုဏ ျပဳတ္က်ေနေသာ သူ​၏အရွိန္ကို တိုးျမႇင့္လိုက္ကာ ယုဂန္ကိုဆြဲဖမ္းရန္ ႀကိဳးစားသည္။

ယုဂန္​၏ဆန႔္တန္းေနေသာ လက္တစ္ဖက္ကို ဆုပ္ကိုင္လုမိဆဲဆဲတြင္ ေျမေအာက္ေခ်ာင္းမွ ေရမ်ားက အလုံးလိုက္ျမင့္တက္လာသည္ကို ေတြ႕လိုက္ရသည္။

ထိုေရမ်ားက လက္ႀကီးအသြင္ပုံေဖာ္သြားၿပီး ယုဂန္​၏ခါးကို ရစ္ပတ္လာသည္။

အ႐ုဏ ထိတ္လန႔္သြားသည္။

အဆိုပါ ေရလက္ႀကီးက ယုဂန္ကို ေရထဲသို႔ ျဗဳန္းခနဲဆြဲေခၚသြားသည္။

" အား...အ"

ယုဂန္ ေအာ္သံမဆုံးခင္မွာပင္ သူ​၏တစ္ကိုယ္လုံး ေရထဲသို႔ ႏွစ္ျမဳပ္သြားသည္။

မေရွးမေႏွာင္းပင္ အ႐ုဏသည္လည္း ေရထဲသို႔ ျပဳတ္က်သြားသည္။

မထင္မွတ္ထားေလာက္ေအာင္ ေခ်ာင္းက ေရစီးအလြန္သန္သည္။

အ႐ုဏ အသက္ကို တစ္ရႈိက္ဝဝရွဴလိုက္ကာ ေရေအာက္ထဲသို႔ ငုံ႔သြားသည္။

ယုဂန္ကို လက္အသြင္ေရလုံးႀကီးက ဆြဲေခၚသြားသည္ျဖစ္ရာ ေရေအာက္ထဲသို႔ ယုဂန္နစ္ျမဳပ္သည့္အရွိန္မွာ အလြန္တရာလ်င္ျမန္လြန္းလွသည္။

ယုဂန္ေဇာက ရွိသည္မို႔ အ႐ုဏလည္း အေတာ္အသင့္ႀကီးသည့္ ဘီလူးအသြင္သို႔ေျပာင္းလိုက္ကာ ရွိရွိသမွ် ခြန္အားတို႔ကိုသုံး၍ ကူးခတ္လ်က္ ထိုလက္အေနာက္သို႔ လိုက္သည္။

သို႔ေသာ္လည္း လက္မွာအရွိန္ျမန္လြန္းသည္မို႔ အမီမလိုက္ႏိုင္ဘဲ ရွိေနသည္။

ေလ့က်င့္ထားေသာ စစ္သည္တစ္ဦးေပမို႔ အ႐ုဏ​၏အသက္ေအာင့္ႏိုင္စြမ္းဟာ သာမန္လူတမ်ားထက္ပို၍ရွည္ၾကာသည္။ သို႔ေသာ္လည္း ပင္လယ္တြင္က်က္စားေသာသူမ်ားေလာက္ သူ​၏ေရငုပ္စြမ္းရည္မွာ မကြၽမ္းက်င္ပါေခ်။

ခႏၶာကိုယ္က ေရဒဏ္ကိုခံႏိုင္ေသာ္လည္း ေလကို တျဖည္းျဖည္းလိုအပ္လာသည္မို႔ သူ​၏မ်က္ႏွာ နီရဲလာသည္။

ယခုေန သူ ေရဆက္ငုပ္ပါက ေရနစ္ေသရန္ ရာခိုင္ႏႈန္းမ်ားေနၿပီျဖစ္သည္။

သို႔ေသာ္လည္း သူ,ယုဂန္ကို မ်က္ခ်ည္ျပတ္မခံႏိုင္ပါေခ်။

ထိုစိတ္က တြန္းအားေပးသည္မို႔ သူ​၏ခႏၶာကိုယ္ကို အတင္းအက်ပ္တြန္းအားေပး၍ ဆက္လက္ကူးခတ္သည္။

သူ ေလကိုလိုအပ္လာၿပီ။ သူ​၏အဆုတ္မ်ားက ဆက္လက္ၿပီး ေတာင့္ခံရန္ မျဖစ္ႏိုင္ေတာ့ေခ်။

ခႏၶာကိုယ္က အသက္ရွဴရန္အလြန္အမင္းလိုအပ္လာသည္မို႔ မထိန္းထားႏိုင္ေတာ့ဘဲ တစ္ခ်က္ရွိဴက္လိုက္မိေသာအခါ ေရမ်ားက ႏွာေခါင္းထဲသို႔ အလုံးအရင္းဝင္ေရာက္လာသည္။

ထိုစဥ္သူ ေရထဲမွ လြတ္ေျမာက္သြားသည္။

သူ ေျခာက္ေသြ႕ေသာ ေျမႀကီးတစ္ခုေပၚသို႔ ဗုန္းခနဲ ျပဳတ္က်သြားသည္။

သူ လဲက်ရာမွ အလ်င္အျမန္မတ္တပ္ထရပ္လိုက္ေသာအခါ ပါးစပ္အတြင္းမွ၊ ႏွာေခါင္းအတြင္းမွ ေရမ်ားအျပန္သို႔ ျပန္လည္လွ်ံက်လာသည္။

" အဟြတ္ အဟြတ္"

အ႐ုဏ​၏ အသက္ရွဴလမ္းေၾကာင္းက ေရမ်ားျဖင့္ မႊန္ထူေနသည္။ သို႔ေသာ္လည္း သူၾကာၾကာမနားႏိုင္ဘဲ အေမွာင္ထဲတြင္ ျမင္ႏိုင္ေသာ သူ​၏မ်က္လုံးမ်ားကို အသုံးျပဳ၍ ယုဂန္ကို အသည္းအသန္လိုက္လံရွာေဖြသည္။

သို႔ေသာ္လည္း ယုဂန္​၏အရိပ္အေယာင္ကို မျမင္ရေခ်။
သူ႔ေဘးပတ္လည္တြင္ ေက်ာက္တုံးႏွင့္ေျမႀကီးမ်ားသာရွိသည္။

သူ​၏အေပၚတြင္ေတာ့ ေလေပၚတြင္ စီးဆင္းေနသည့္ ေရစီးေၾကာင္းႀကီးကို ေတြ႕ရသည္။

​ေျမျပင္​၏ေျခာက္ေသြ႕ေနမႈအရ ဤေနရာမွာ ေရမထိဘဲ ေလဟာနယ္သာျဖစ္ေနေၾကာင္း သိရွိႏိုင္သည္။

အ႐ုဏ ေဘးဘီကို လွည့္လည္လိုက္ၾကည့္သည္။

ေက်ာက္တုံးႀကီး တစ္တုံးနားသို႔ေရာက္ေသာအခါ ယင္းေက်ာက္တုံးမွာ ေျခာက္ေသြ႕မေနဘဲ ေရစိုေနသည္ကို ေတြ႕လိုက္ရသည္။

ယုဂန္ကို ဆြဲေခၚသြားေသာ ေရလက္ႀကီးမွ ထိမိသြားေသာ ေနရာျဖစ္ႏိုင္သည္။

အ႐ုဏ သူ​၏ဘီလူးအသြင္ကိုပိုမိုႀကီးမားလိုက္ကာ ယင္းေက်ာက္တုံးမ်ားကို ၿဖိဳခြဲဖယ္ရွားရန္ ႀကိဳးပမ္းေတာ့သည္။

************************************

ယုဂန္ ဂူႀကီးတစ္ဂူထဲသို႔ ေရာက္ရွိေနသည္။

အတိအက်ေျပာရပါက ေတာက္ပလြန္းေသာ သလင္းေက်ာက္မ်ားႏွင့္ျဖည့္တင္းကာ အလင္းေရာင္မ်ား ထိန္ညီးေနသည့္ ေက်ာက္စက္ပန္းဆြဲမ်ားႏွင့္ ျပည့္စုံေနေသာဂူႀကီးတစ္ဂူျဖစ္သည္။

ဂူႀကီးက က်ယ္ဝန္းလြန္းလွသည္။ ယုဂန္ေရာက္ရွိေနေသာ ေနရာသည္ ဧည့္ခန္းမအသြင္ျဖစ္၍ ၾကည္လင္ေသာေက်ာက္မ်ားႏွင့္ ထြင္းထုထားသည့္ ပလႅင္တစ္ခုႏွင့္ ထိုင္ခုံသုံးေလးခုမွ်ရွိသည္။

ယုဂန္သည္လည္း အဆိုပါခုံတစ္ခုေပၚတြင္ မ်က္စိသူငယ္ နားသူငယ္ႏွင့္ ထိုင္ေနျခင္းျဖစ္သည္။

ခုနက သူ ေျမႀကီးထဲသို႔ ကြၽံက်ၿပီးေနာက္ အေမွာင္ထုထဲေရာက္ရွိသြားသည္မို႔ မည္သည္ကိုမွ် အတိအက်မျမင္ခဲ့ရေခ်။ သို႔တိုင္ သူသည္ ေျမေအာက္လႈိဏ္ေခါင္းထဲေရာက္ကာ ေရထဲျပဳတ္က်လုဆဲဆဲျဖစ္ခဲ့သည္ကို အသံအရလည္းေကာင္း၊ ခံစားမႈအရလည္းေကာင္း သိရွိခဲ့သည္။

ထို႔ေနာက္ ေအးျမကာစိုစြတ္ေသာအရာတစ္ခု သူ႔ခါးကို လာ‌ေရာက္ရစ္ပတ္သည္။

သူ ေရေအာက္ထဲသို႔ ဆြဲေခၚခံလိုက္ရေၾကာင္း သိရွိေသာ္လည္း ထူးဆန္းသည္မွာ ေရေအာက္ထဲျဖတ္ေနသည့္ ေတာက္ေလွ်ာက္ သူအသက္ရွဴႏိုင္ေနကာ သူ႔အဝတ္ႏွင့္ဆံပင္တို႔မွာလည္း ေရမစိုဘဲ ေျခာက္ေသြ႕ေနခဲ့သည္။

အလင္းေရာင္မရွိခဲ့သည္မို႔ ေဘးဘီကို လုံးဝမျမင္ႏိုင္ခဲ့သည့္တိုင္ သူ​၏ဆြဲႀကိဳးတစ္ခုတည္းကသာ ေတာက္ေလွ်ာက္အလင္းေတာက္ေနသည္ကိုလည္း ေတြ႕ရွိခဲ့ရသည္။

ယင္းေနာက္ မာေၾကာႀကီးမားေသာအရာႏွစ္ခု ပြတ္တိုက္သံကိုၾကားရၿပီး ဤဂူထဲသို႔ သူ ေရာက္ရွိလာျခင္းျဖစ္သည္။

သူ ေနာက္ဆုံးေတြ႕ရွိခဲ့ေသာအရာမွာမူ ဂူအျပင္ဘက္သို႔ ျပန္ထြက္သြားသည့္ လက္ဖဝါးအသြင္ ေရလုံးႀကီးႏွင့္ ပိတ္ဆို႔သြားေသာ ဂူတံခါးတို႔ျဖစ္သည္။

သူ႔အထင္မမွားပါက ဤေနရာမွာ နဂါးမင္းသားအဏၰ ႏွစ္တစ္ေထာင္ၾကာ ပုန္းခိုေနေသာ ေနရာျဖစ္ရမည္။

ေရလက္ႀကီးက သူ႔ကို အသာအယာတင္ေပးသြားေသာ ခုံေပၚမွ သူ,ထလိုက္ၿပီး ဂူႀကီးကို သာမန္ကာလွ်ံကာလွည့္ပတ္ၾကည့္ရႈလိုက္သည္။

ဂူႀကီးထဲတြင္ အလင္းေတာက္ေနေသာ သလင္းေက်ာက္မ်ားသာမက အပင္အခ်ိဳ႕ပါ ေပါက္ေရာက္ေနၾကသည္။ သလင္းေက်ာက္ပလႅင္သည္ ေရပတ္လည္ဝိုင္းေနၿပီး ထိုေရမ်ားက ဧည့္ခန္းမကိုျဖတ္၍ စီးဆင္းေနသည္။

အဆိုပါ ေရထဲတြင္ ငါးႏွင့္ ေရေနသတၱဝါအခ်ိဳ႕ကူးခတ္ေနသည္ကို ေတြ႕ရသည္။

နဂါးမင္းသားက စားဖို႔ေသာက္ဖို႔ကိုေတာ့ ေမြးျမဴေရးစနစ္ႏွင့္ ျပဳလုပ္ထားပုံရသည္။

" ေနာက္ဆုံးေတာ့ မင္း,ေရာက္လာျပ္ီေပါ့ ကိုယ္ေတာ္ေလး"

ထည္ဝါေသာအသံသည္ ပဲ့ထင္သံဟိန္း၍ ဂူႀကီးအတြင္း႐ိုက္ႏွက္လာသည္။

ယုဂန္ ၾကက္သီးထ,၍ အလိုလိုေနရင္း ခါးမတ္လိုက္မိသည္။

သူအသံလာရာဆီ လိုက္ရွာသည္။ သို႔ေသာ္လည္း လူ သို႔မဟုတ္ နဂါးတစ္ေကာင္​၏ အရိပ္အေယာင္ကို ရွာမေတြ႕ေခ်။

ယုဂန္ ေခါင္းကုတ္လိုက္ကာ တစ္ပတ္လည္၍ အေနာက္ျပန္လွည့္လိုက္သည္။

ထိုတြင္ လူရိပ္တစ္ခုက သူ႔ေရွ႕ဖ်တ္ခနဲ နီးကပ္လာၿပီး ထိုအျခင္းအရာေၾကာင့္ ယုဂန္ လန႔္ဖ်ပ္ကာ အေနာက္သို႔ တစ္ခ်က္ယိုင္သြားသည္။

သူ႔ခါးကို လွမ္းဆြဲလိုက္ေသာ လက္တစ္ဖက္ေၾကာင့္သာ ေခ်ာ္မလဲသြားျခင္းျဖစ္သည္။

"အ...ေသာက္ခ်ီး"

ယုဂန္ လႊတ္ခနဲဆဲေရးမိလိုက္သည္။ ေနာက္မွ ေနာင္တရသြား​၏။

မိမိရင္ဆိုင္ေနရေသာသူသည္ နဂါးမင္းသားပင္မဟုတ္ပါလား။ ျမင္းမိုရ္ေတာင္တစ္ခြင္ ၿပဲၿပဲစင္ခဲ့ကာ သူ႔ေခတ္သူ႔အခါက မည္သူ႔ကမွ် သူ႔မႏိုင္ခဲ့ေသာ ျပႆနာတစ္ေကာင္ပင္ ျဖစ္သည္။

သူဆဲလိုက္သည္ကို အထင္လြဲကာ ေဒါသထြက္သြားပါက ဒုကၡပါပင္။ သူကလည္း ဉာဏ္ေလးေကာင္းတာကလြဲရင္ ခြန္အားအရ ဒီနဂါးကို ယွဥ္ႏိုင္မည္မဟုတ္ေခ်။

ေလာေလာဆယ္‌ေတာ့ ဒီနဂါးကို အခ်ိဳသတ္ထားမွရမည္။ ေကာင္းေကာင္းမြန္မြန္စကားေျပာလွ်င္ ရႏိုင္ေကာင္းမည္ဟုေမွ်ာ္လင့္သည္။

ယုဂန္ အားတင္းကာ သူ႔ေရွ႕ေရာက္ေနေသာ လူအသြင္ကို ေသေသခ်ာခ်ာၾကည့္ရႈလိုက္သည္။

ပထမဦးစြာ သူသတိထားမိသည္မွာ ထူးျခားေသာ စူးစူး
ရွရွမ်က္ဝန္းမ်ားျဖစ္သည္။

သူ႔တစ္သက္ႏွင့္တစ္ကိုယ္ ေႁမြတစ္ေကာင္ပမာ ညႇိဳ႕ယူျခင္းအတတ္မ်ိဳးျဖင့္ ထက္ရွလြန္းေသာအၾကည့္မ်ိဳးကို တစ္ခါမွ် မႀကဳံဖူးပါေခ်။

ေမာင့္မ်က္ဝန္းမ်ားက စူးရဲသည္မွာမွန္သည္။ သို႔ေသာ္ ေမာင္က ႀကီးျမတ္လြန္းေသာ အရွိန္အဝါျဖင့္ သားေကာင္ရွာေသာ သိမ္းငွက္တစ္ေကာင္​၏​အၾကည့္ပမာ ေစ့စပ္ေသခ်ာေသာ၊ တည္ၿငိမ္ေလးနက္ေသာ စူးရဲျခင္းမ်ိဳးျဖစ္သည္။

ယခု နဂါးမင္းသားမွာမူ မထိတထိရန္စတတ္ေသာ၊ ေႁမြတစ္ေကာင္​၏ ညႇိဳ႕ယူတတ္ေသာ၊ ပါးလႊာေသာ္လည္း ထက္ရွသည့္ ဓားသြားကဲ့သို႔ေသာ၊ ၾကည့္လိုက္႐ုံႏွင့္တင္ ထူးျခားလွပါတကားဟု ေရ႐ြတ္မိေစေသာ မ်က္လုံးပုံစံႏွင့္ စူးရဲျခင္းျဖစ္သည္။

မ်က္ရစ္မရွိေပ။ မ်က္လုံးအတန္ငယ္က်ဥ္းသည္။ မ်က္ခမ္းစပ္က ေအာက္စိုက္ကာ နား႐ြက္ဘက္ရွိ မ်က္ဝန္းေထာင့္မ်ားက အေပၚသို႔ ျမားသြားပမာ တက္ေနသည္။ မင္းလြင္လာခဲ့ေသာ ကမာၻတြင္ ေျမေခြးမ်က္လုံးဟု ေခၚေဝၚၾကသည့္ မ်က္ဝန္းမ်ိဳးျဖစ္သည္။

ေရဝတီႏွင့္တူသည္။

မ်က္လုံးပုံစံက အမွန္စင္စစ္ကို ေရဝတီႏွင့္ဆင္ေနျခင္းျဖစ္သည္။

သို႔ေသာ္လည္း ေရဝတီက အူတူတူႏွင့္ မ်က္ႏွာခ်ိဳသည္မို႔ ခ်စ္စဖြယ္ျဖစ္ၿပီး ဒီလူကမူ ႐ုပ္တည္ေနသည္မို႔ ေၾကာက္မက္ဖြယ္ရာ ေႁမြတစ္ေကာင္ႏွင့္ ပိုတူေနသည္။

နဂါးမင္းသားက မ်က္ႏွာရွည္သြယ္သည္။ ႏွာတံခြၽန္ခြၽန္က ခပ္စိုက္စိုက္ျဖစ္သည္။ ၿခဳံငုံၾကည့္လွ်င္ ၾကည့္ေကာင္းသည္ဟု ဆိုႏိုင္သည္။

ေရဝတီႏွင့္မတူသည္က သူက အသားျဖဴသည္။

ေရဝတီႏွင့္တူသည္က သူသည္လည္း ဆံပင္ကို အၾကာရင့္ေရာင္ႀကိဳးမ်ားႏွင့္ ေရာ၍ က်စ္ဆံၿမီးမ်ား က်စ္ထားကာ ခပ္ျမင့္ျမင့္စည္းထားသည္။

ထိုသူက လူ႔ေလာကအဝတ္အစားမ်ားႏွင့္မတူေသာ အျပာရင့္ေရာင္အဝတ္မ်ား ဝတ္ဆင္ထားသည္။ ပင္လယ္ေရာင္ ၿခဳံထည္ကို လႊမ္းထားၿပီး ယင္းၿခဳံထည္ေပၚတြင္ ေ႐ႊခ်ည္မွ်င္မ်ား ရစ္ပတ္ထိုးေႏွာင္ထားသည္။ အရပ္မွာ ယုဂန္ႏွင့္သိပ္မကြာေသာေၾကာင့္ ေျခာက္ေပစြန္းစြန္းမွ်ရွိမည္ဟု ခန႔္မွန္းမိသည္။

ထိုသူ​​၏ ယုဂန္ကို စိုက္ၾကည့္ေနေသာ အၾကည့္မ်ားက သိပ္ကိုစူးရွျပင္းထန္လြန္းသည္။

သူမ်ားႏွင့္ အသားၾကာၾကာမထိခ်င္သည္မို႔ ခါးကို ဖက္ထားသည့္ လက္ထံမွ အသာေရွာင္ထြက္ရန္ ယုဂန္ႀကိဳးပမ္းသည္။

သို႔ေသာ္လည္း ယင္းလက္က ယုဂန္ကို ထြက္သြားခြင့္မေပးဘဲ ပို၍တင္းက်ပ္စြာပင္ ဆုပ္ကိုင္လာသည္။

နဂါးမင္းသားဟာ ယုဂန္အနားသို႔ ပိုမိုတိုးကပ္လာသည္။

အိပ္မက္ထဲမွာပင္ ေတြ႕ဖူးေသာသူက အေရွ႕ေရာက္လာသည္မို႔ ယုဂန္ မည္သို႔မည္ဖုံျပန္လည္တုံ႔ျပန္ရမည္မသိေခ်။ ေလာေလာဆယ္ နဂါးစိတ္ဆိုးေအာင္ လုပ္လို႔မျဖစ္မွန္းကိုေတာ့ သူသိသည္။

အလိမၼာနည္းသာ သုံးရမည္။ သည္းခံရမည္။ သည္းခံရမည္။

" မဟီ ငါမင္းကို ဘယ္ေလာက္ေတာင္ ေစာင့္ခဲ့ရသလဲ"

အဏၰ​၏အသံဟာ အက္ကြဲကြဲျဖစ္​၏။ တစ္ခ်ိန္တည္းမွာပင္ လႈိက္ေမာေနၿပီး ေပ်ာ္႐ႊင္မႈအခ်ိဳ႕ကပ္ၿငိေနမွန္းကို ယုဂန္သတိထားမိသည္။

"မဟီ" ဟုေခၚရာတြင္ပင္ သူ႔အသံဟာ တုန္ခ်င္ခ်င္ျဖစ္ေနသည္။

ဒီနဂါး ထင္သေလာက္ေတာ့ ေၾကာက္စရာမေကာင္းေပ။

သူ႔ကို မင္းႀကီးမဟီ​၏လူဝင္စားဟု ထင္မွတ္မွားေနေသာ ျပႆနာကိုသာ အရင္ရွင္းရမည္။

" ႏွစ္ေပါင္း တစ္ေထာင့္သုံးဆယ့္ငါးႏွစ္၊ ငါးလနဲ႔ ဆယ့္ႏွစ္ရက္တိတိ မင္းကို ေစာင့္ေနခဲ့တာ"

ယုဂန္ အံ့ဩမိသည္။ ဒီေလာက္အၾကာႀကီး တစ္ကိုယ္တည္းေနခဲ့သည့္သူ႔ကိုလည္း အေတာ္ေလး ေလးစားမိသည္။

သနားလည္း သနားသည္။ ဒီနဂါးက မူလယုဂန္ကို ႏွစ္တစ္ေထာင္ေက်ာ္ေစာင့္ဆိုင္းေနခဲ့သည္။

ထိုအတြက္ သူျပန္ရေသာအေျဖကမူ မူလယုဂန္​၏ဝိဉာဥ္ ေသဆုံးသြားသည္ဟူေသာ သတင္းသာ ျဖစ္​သည္။ ယခုမွ စေတြ႕ဖူးျခင္းျဖစ္သည့္တိုင္ လူတစ္ေယာက္ကို သတင္းဆိုးေျပာျပရျခင္းမွာ ယုဂန္အတြက္ သိပ္ကိုဝန္ေလးလြန္းလွသည္။

သို႔ေသာ္လည္း မတတ္ႏိုင္ေပ။ အထင္လြဲသည္ကို အျမန္ေျဖရွင္းကာ ေမာင့္ကို ေခၚရမည္။

" ခင္ဗ်ားက နဂါးမင္းသားအဏၰလား"

ယုဂန္ထံမွ ခြန္းတုံ႔ျပန္စကားထြက္လာခ်ိန္တြင္ အဏၰမ်က္ဝန္းတို႔ အေရာင္လင္းလက္သြားသည္။

တစ္ဆက္တည္းပင္ နာက်င္ျခင္းအရိပ္အေယာင္မ်ား ျပည့္ႏွက္လာကာ သူ ခပ္တိမ္တိမ္ရယ္သည္။

" ေနာင္ဘဝကူးသြားေတာ့ ငါ့ကိုမမွတ္မိေတာ့ဘူးေပါ့ေလ ဟုတ္လား။ ဟားဟား မင္း ဘာေသာက္က်ိဳးနည္းအလုပ္ေတြ လုပ္ခဲ့လဲဆိုတာကိုလည္း ေမ့ေလာက္ေရာေပါ့"

" မဟုတ္ဘူး။ ကြၽန္ေတာ္က...."

" ကိုယ္ေတာ္ေလး...ဒီအႏွစ္တစ္ေထာင္အတြင္း ငါ ေသာက္႐ူးလို ငရဲခံခဲ့ရတာက ဒီလိုေစာက္ေရးမပါတဲ့ စကားေတြနဲ႔ စမိတ္ဆက္ေနဖို႔မဟုတ္ဘူး။ ငါ့ကို မွတ္မိေအာင္ ငါလုပ္ေပးမယ္"

" ခင္ဗ်ား ေနဦး ခင္ဗ်ား...."

ေျပာရင္းဆိုရင္း နဂါးမင္းသားဟာ ေရွ႕တိုးလာသည္မို႔
ယုဂန္လန႔္ဖ်ပ္ကာ နဂါးမင္းသားကို တြန္းထုတ္သည္။

သို႔ရာတြင္ ေမွ်ာ္လင့္ထားသည့္အတိုင္းပင္ နဂါးမင္းသားဟာ အားႀကီးလွသည္မို႔ ယုဂန္ ႐ုန္းမထြက္ႏိုင္ခဲ့ေပ။

နဂါးမင္းသား​၏ႏႈတ္ခမ္းက သူ႔ႏႈတ္ခမ္းအေပၚ တည့္တည့္က်ေရာက္လာသည္။

ယုဂန္ စိတ္ညစ္စြာျဖင့္ ေဘးလွည့္ပစ္ရန္ ႀကိဳးစားေသာအခါ နဂါးမင္းသား​၏လက္တစ္ဖက္က ယုဂန္​၏ပါးကို ဖ်စ္ညႇစ္၍ ေဘးမလွည့္ႏိုင္ေအာင္ ခ်ဳပ္ထိန္းလာသည္။

​ေတြ႕ေတြ႕ခ်င္း အနမ္းခံရမည္ဟု ယုဂန္မထင္ထားခဲ့ေပ။

နဂါးမင္းသားက ႏႈတ္ခမ္းခ်င္းထိ႐ုံသာမက သူ႔ကို က်က်နနနမ္းရန္ပါ ႀကိဳးပမ္းလာၿပီး သူ႔ေအာက္ႏႈတ္ခမ္းတို႔ကို အသာအယာေလးနမ္းရႈိက္လာသည္။

ယုဂန္ သည္းခံစိတ္မ်ား ေပ်ာက္ကာ စိတ္တိုလာသည္။

သူ​၏ အခ်ိဳသတ္ရမည္ဟူေသာ နည္းလမ္းမ်ားလည္း လြင့္ပ်ံသြားသည္။

ယုဂန္ သူ​၏လက္ႏွစ္ဖက္ျဖင့္ အဏၰ​၏ပခုံးႏွစ္ဖက္ကု ဆုပ္ကိုင္လိုက္ကာ ဂြၾကားကို ဒူးျဖင့္တိုက္လိုက္သည္။

ထိုသို႔ မထင္မွတ္ထားသည့္ တိုက္ကြက္ေၾကာင့္ အဏၰဟာ ႐ုတ္တရက္ ယုဂန္​၏ႏႈတ္ခမ္းကို ဖိကိုက္မိသြားသည္။

သို႔ေသာ္လည္း ယုဂန္ နာရမည္ကိုမသိ။ အဏၰ အေဝးေရာက္ေရးသာ စိတ္ထဲရွိေနသျဖင့္ အဏၰကို ရင္ဘတ္မွ ေဆာင့္တြန္းလိုက္သည္။

" ခင္ဗ်ား႐ူးေနလား"

ယုဂန္ သူ​၏ႏႈတ္ခမ္းကို လက္ျဖင့္ အၾကမ္းပတမ္းပြတ္၍ ေအာ္ေငါက္သည္။

အဏၰဟာ စစခ်င္းမွာေတာ့ အဓိကေနရာ နာက်င္သြားသျဖင့္ ကုံးကုံးကြကြျဖစ္သြားေသာ္လည္း ခ်က္ခ်င္းပင္ မနာက်င္တတ္သည့္ဆရာႀကီးဟန္ပန္ ဟန္ေဆာင္ေလသည္။

မဟီ့ေရွ႕တြင္ေတာ့ သူ႔ဟာ ခပ္မိုက္မိုက္အသြင္ကို အေပ်ာက္ခံမည့္ လူမဟုတ္ေခ်။ ေအာက္ပိုင္းက နာက်င္ေနေစကာမူ ေသခ်ာေပါက္သည္းခံၿပီး ေခါင္းေမာ့ေနရမည္။

အသံကိုလည္း ခုနကအတိုင္း ခပ္ရွရွႏွင့္ မိုက္မိုက္ေလးျဖစ္ေအာင္ စကားေျပာရမည္။

သူဟာ တစ္မိုးေအာက္တစ္ေယာက္ အဏၰပင္ မဟုတ္ပါလား။ သူ​၏ပုံရိပ္ကိုေတာ့ အပ်က္မခံႏိုင္ပါေပ။

" ပထမဆုံးအႀကိမ္နမ္းဖူးတာလဲ မဟုတ္တာကို ဘာေတြေဒါသထြက္ေနတာလဲ။ အပ်ိဳျဖန္းေလးလား မင္းက။ ဘာလဲ ရွက္တာလား"

အဏၰ့ဘက္က ထိုစကားကို႐ုပ္တည္ႀကီးႏွင့္ေျပာေနေသာ္လည္း တကယ္တမ္းရွက္ေနသူမွာ အဏၰဟုသာ ယုဂန္ထင္သည္။

ဒီလူဟာ သူ႔နား႐ြက္ဖ်ားေတြနီေနတာမွ မေထာက္။
သူမ်ားကိုပဲ ရွက္သေလး ဘာေလး ေျပာရဲေသးသည္။

သူ႔ၾကည့္ေတာ့ မ်က္ႏွာႀကီးေတာင္ ရဲမတတ္ျဖစ္ေနေလၿပီ။

" ကြၽန္ေတာ့္မွာ ေယာက္်ားရွိတယ္ဗ်။ ခင္ဗ်ား ဒါ ဒုသနေသာပဲ သိရဲ႕လား"

ယုဂန္​၏ထိုစကားကို ၾကားေသာ္ နဂါးမင္းသား​၏မ်က္ႏွာအမူအရာ ခ်က္ခ်င္းပင္ ေျပာင္းလဲသြားသည္။

သူ မ်က္ႏွာတည္သြားၿပီး ျဖည္းျဖည္းခ်င္း မ်က္ဝန္းတို႔ ခက္ထန္လာသည္။ သူ ယုဂန္နားသို႔ ေဒါသတႀကီးျပန္ေလွ်ာက္လာကာ ေအာ္ေငါက္ေမးသည္။

" ဘာ...အဲ့တာ ဘာေစာက္စကားႀကီးလဲ"

သူ႔မ်က္ႏွာသည္ ေဒါသတႀကီးျဖစ္သြားရာမွ ေမွ်ာ္လင့္ျခင္းတို႔ ၿပိဳပ်က္သြားသည့္ႏွယ္ မဲေမွာင္အုပ္ဆိုင္းသြားသည္။ သူ႔မ်က္ဝန္းမ်ားတြင္ ေဆာက္တည္ရာမရေသာခံစားခ်က္မ်ား ေပၚလြင္လာၿပီး မႈိင္းတြဲ႕သြားသည္မွာ အေသအခ်ာပင္။

သူ အံႀကိတ္ထားေသာအသံျဖင့္ ထပ္မံေမးသည္။

" မင္းက လက္ထပ္ၿပီးသြားၿပီေပါ့"

ယုဂန္ ေခါင္းကိုေမာ္လိုက္ကာ ဂုဏ္ယူဝင့္ႂကြားစြာႏွင့္ဆိုသည္။

" ဟုတ္တယ္။ ကေလးေတာင္ တစ္ေယာက္ရၿပီ"

ထိုအခါ နဂါးမင္းသားမွာ နားမလည္ႏိုင္ဟန္ျဖင့္ မ်က္ခုံးတြန႔္သြားသည္။

" ေယာက္်ားရွိတာဆို။ ဘယ္သူေမြးတာလဲ။ မင္းေမြးတာလား"

ယုဂန္ ျပန္မေျဖရေသးခင္မွာတင္ အဏၰက မ်က္လုံးႀကီးျပဴး၊ ပါးစပ္ႀကီးဟကာ

"မင္းကိုယ္ဝန္ေဆာင္ႏိုင္တယ္လား။ အႏွစ္တစ္ေထာင္အတြင္း လူ႔ေလာကႀကီးက ေျပာင္းလဲသြားၿပီလား"

ဟု အံ့ဩတႀကီးဆိုသည္။

ဒီနဂါးအူတူတူျဖစ္ခ်က္ကေတာ့ ေရဝတီ့အတိုင္းပါပင္။ အမ်ိဳးလို႔ကို မေျပာရေပ။

" လူ႔ေလာကၾက္ီးက အမ်ားႀကီးေျပာင္းလဲေပမဲ့ ေယာက္်ားေတြေတာ့ ကိုယ္ဝန္မေဆာင္ႏိုင္ပါဘူးေနာ္"

ထိုအခါ နဂါးဟာ ပိုလို႔ေတာင္ တအံ့တဩအမူအရာလုပ္ေလသည္။

" မင္းေယာက္်ား ေမြးတာလား"

" ေယာက္်ားေတြ ကိုယ္ဝန္မေဆာင္ႏိုင္ဘူးလို႔"

" ဒါဆို ဘယ္လိုလုပ္ၿပီး...."

" ဒီလိုပဲ ကိစၥေလးေတြရွိတယ္"

အဏၰ အူေၾကာင္ေၾကာင္ျဖစ္၍ သူ႔နားထင္ကို လက္ညႇိဳးျဖင့္ကုတ္ေနသည္။ ထို႔ေနာက္ သူဟာ မ်က္ႏွာကို ျပန္လည္မာေၾကာလိုက္ၿပီး

" ထားပါ။ ဒါနဲ႔ မင္း ဘယ္ေစာက္ေကာင္နဲ႔ ယူလိုက္တာလဲ"

ဟု ခပ္မာမာေမးသည္။

ထိုစကားက ယုဂန္ကို ဘဝင္မက်ျဖစ္ေစသည္။

သူ႔ဟာသူ နဂါးျဖစ္ျဖစ္၊ ဘာျဖစ္ျဖစ္ ေမာင့္ကို ထိုသို႔သုံးႏႈန္းသည္ကို ယုဂန္မႏွစ္ၿမိဳ႕ေပ။

ေမာင္က ဘယ္ေလာက္ေတာင္ ေလးစားစရာေကာင္းသည့္လူျဖစ္ပါသနည္း။ အသုံးအႏႈန္းႏွင့္ေတာင္ ေမာင့္ကို မ႐ိုမေသျပဳသည္ကို ယုဂန္လက္မခံႏိုင္ပါေပ။

" သူမ်ားေယာက္်ားကို ဘယ္ေစာက္ေကာင္တဲ့လား။ ကြၽန္ေတာ့္ေယာက္်ားက ဘုရင္ျဖစ္မယ့္လူပါေနာ္။ အရမ္းလည္း စြမ္းအားႀကီးတယ္။ အရာအားလုံးျပည့္စုံေနတဲ့သူ"

အဏၰ ဟက္ခနဲရယ္သည္။

" လူသားဘုရင္ျဖစ္တာ ဘာမ်ားႀကီးက်ယ္ခမ္းနားေနလို႔လဲ။ ငါလည္း ဘုရင္ျဖစ္မယ့္ေကာင္ပဲ။ မင္းတို႔လို တိုင္းငယ္ျပည္ငယ္ေလာက္ေလး အုပ္ခ်ဳပ္ရတဲ့ ဘုရင္မဟုတ္ဘဲ သမုဒၵရာႀကီးတစ္ခုလုံးပိုင္တဲ့ ဘုရင္ျဖစ္ရမယ့္ေကာင္ကြ"

ေမာင့္ကို သက္သက္ခ်ိဳးႏွိမ္ေျပာသည္မို႔ ယုဂန္ မေက်မနပ္ျဖစ္သြားသည္။ ထို႔ေၾကာင့္ ဤနဂါးကို တေလးတစားဆက္ဆံခ်င္စိတ္ မရွိေတာ့ေခ်။

" ဒါေပမဲ့ ဘုရင္ မျဖစ္ခဲ့ဘူးမလား။ နန္းေတာ္က အႏွင္ထုတ္ခံလိုက္ရၿပီးေတာ့မ်ား"

အမွန္တရားကို ယုဂန္ခလုတ္တိုက္လိုက္သည္မို႔ အဏၰ ရွဴးရွဴးရွားရွားျဖစ္သြားသည္။ သို႔ေသာ္လည္း သူဟာ အရႈံးမေပးဘဲ လက္သီးလက္ေမာင္းတန္းကာ

"အႏွင္ထုတ္ခံရတာမဟုတ္ဘူး။ ငါ့ဘာသာ ကိုယ့္ခံယူခ်က္နဲ႔ဆင္းခဲ့တာကြ"

ဟု အသံႀကီးႀကီးႏွင့္ဆိုသည္။

ယုဂန္ ခနဲ႔တဲ့တဲ့ၿပဳံး၍ အဏၰ မၾကားၾကားေအာင္ ခပ္တိုးတိုးေရ႐ြတ္သည္။

" အပိုေတြေလွ်ာက္ေျပာေနတယ္"

ထိုစကားကို နားစြန္နားဖ်ားၾကားလိုက္ေသာအခါ နဂါးမင္းသား ဆူပုတ္သြားၿပီး ခ်က္ခ်င္းပင္ ျပန္ရန္ေတြ႕သည္။

" မင္းဘာစကားေျပာတာလဲ"

" ဘာမွမဟုတ္ပါဘူး"

စကားေၾကာမရွည္ခ်င္သည္မို႔ ယုဂန္ပခုံးတြန႔္ျပလိုက္သည္။

အဏၰဟာ သူ​၏ပင္လယ္ျပာေရာင္ဝတ္႐ုံရွည္ႀကီးကို ျပဇာတ္ဆန္ဆန္ ဆတ္ခနဲေဝွ႔ယမ္းခါလိုက္သည္။ သူ႔မ်က္ႏွာဟာေတာ့ သုန္မႈန္ကာ ဆူပုတ္ေနစၿမဲျဖစ္သည္။

" ငါလူးတဲ့မွ"

သူပ်စ္ပ်စ္ႏွစ္ႏွစ္ႀကီး ဆဲေရးသည္။

"ငါကေတာ့ ဒီမွာ ေစာက္ဒုကၡခံေနရၿပီး မင္းက အိမ္ေထာင္က်ေနတာ ျဖစ္သင့္သလား။ အရင္ဘဝကေတာ့ မိန္းမေတြပဲႀကိဳက္တာဆိုၿပီး ဟစ္ေအာ္ေႂကြးေနတဲ့ေကာင္က အခုက် ေယာက္်ားနဲ႔တဲ့လား"

ယုဂန္ ေခါင္းေလးေစာင္းကာ အျပစ္ကင္းစင္စြာေမးသည္။

" မင္းႀကီးမဟီကို ေျပာေနတာလား"

" ေအးေလ မင္းကိုေျပာေနတာေလ။ ဒီမွာ တျခားဘယ္သူရွိေသးလို႔လဲ"

" ဒါေပမဲ့ ကြၽန္ေတာ္က ခင္ဗ်ားေစာင့္ေနတဲ့ မင္းႀကီးမဟီေသ႒မဟုတ္ဘူးေလ"

အဏၰေခတၱမွ်ေၾကာင္သြားေသာ္လည္း ထိုစကားကို လြယ္လင့္တကူမယုံၾကည္ပါေခ်။ သူ မဲ့႐ြဲ႕ၿပီးေျပာသည္။

" မင္းက မဟီေသ႒ ဝင္စားတဲ့လူမဟုတ္ဘူးတဲ့လား။ ဒီေခြးစကားကို ငါကယုံစရာလား"

" အမွန္ေျပာေနတာ"

ယုဂန္​၏ ေအးေဆးတည္ၿငိမ္ေသာ တုံ႔ျပန္မႈေၾကာင့္ အဏၰစဥ္းစားသြားသည္။ သူ ယုဂန္ကိုအစုန္အဆန္ၾကည့္ကာ

" ငါ လူမွားေခၚမိတာလား"

ဟု မပြင့္တပြင့္ေရ႐ြတ္သည္။

ယုဂန္ ပခုံးတြန႔္ျပသည္။

"ဟုတ္ေတာ့ ဟုတ္တယ္။ ဒါေပမဲ့ မဟုတ္ဘူး။ ေျပာရမွာနည္းနည္းေတာ့ရႈပ္တယ္"

ထို႔ေနာက္ ယုဂန္သည္ မိမိမွာ တျခားေသာစၾကဝဠာမွျဖစ္ေၾကာင္း၊ မာရစ္မ်ိဳးႏြယ္ေၾကာင့္ ဤေနရာသို႔ေရာက္လာကာ မူလယုဂန္​၏ ကိုယ္ခႏၶာအတြင္း ေရာက္ရွိခဲ့ေၾကာင္း၊ မူလယုဂန္​၏ဝိဉာဥ္မွာ ေသဆုံးသြားၿပီျဖစ္ေၾကာင္း၊ ေနာက္မွ နဂါးမင္းသားႏွင့္ မူလယုဂန္​၏ဆက္စပ္မႈကို သိရွိရေၾကာင္း စသျဖင့္ ျဖစ္ေၾကာင္းကုန္စင္ကို အက်ဥ္း႐ုံးရွင္းျပလိုက္သည္။

အရာအားလုံးရွင္းလင္းသြားေသာ္ အဏၰသည္ သိသိသာသာ မ်က္ႏွာမဲေမွာင္က်သြားၿပီး

" အဲ့ေတာ့ မဟီျပန္ဝင္စားတဲ့ မူလယုဂန္ရဲ႕ဝိဉာဥ္က ဆုံးသြားၿပီေပါ့"

ဟုသာ ခပ္တိမ္တိမ္ေရ႐ြတ္သည္။

သူ႔ကိုၾကည့္ရင္း ယုဂန္စိတ္မေကာင္းျဖစ္သြားမိသည္။

" ကြၽန္ေတာ္ စိတ္မေကာင္းပါဘူး။ ႏွစ္အၾကာႀကီး ေစာင့္ခဲ့ရတာကို အခုလိုသတင္းမ်ိဳးနဲ႔ပဲ ႀကဳံရေတာ့ ခင္ဗ်ားဘယ္ေလာက္ဝမ္းနည္းေနမလဲဆိုတာ ကြၽန္ေတာ္ခံစားမိပါတယ္"

အဏၰဟာ မႈိင္းတြဲ႕ရီေဝသြားေသာ သူ​၏မ်က္ဝန္းမ်ားကို ပုတ္ခတ္ပုတ္ခတ္လုပ္လိုက္ကာ မည္သို႔မွ်မျဖစ္သည့္ႏွယ္ ေခါင္းေမာ့ရင္ေကာ့လိုက္သည္။

သူဟာ သူ႔ကိုယ္သူ အသည္းမာသည့္ႏွယ္ ဟန္လုပ္ေနသည့္တိုင္ ထူးျခားေသာမ်က္ဝန္းမ်ားတြင္ ခုနကလို ေပ်ာ္႐ႊင္ျခင္းအရိပ္အေယာင္မ်ား မရွိေတာ့သည္ကို ယုဂန္ျမင္ေနရသည္။ သူ႔အတြက္မူ မူလယုဂန္ တစ္ပါးသူႏွင့္လက္ထပ္ကာ မိသားစုအသစ္ရရွိေနၿပီဟူေသာ သတင္းထက္ ေသဆုံးသြားၿပီဟူေသာ သတင္းက ပိုမိုနာက်င္ေစဟန္ရွိသည္။

" ငါ ဝမ္းမနည္းပါဘူး။ အရင္ကတည္းက ျပန္ေတြ႕ဖို႔က်ိန္းေသေပါက္ မေမွ်ာ္လင့္ထားဘူး။ အခုျပန္မေတြ႕ေတာ့လည္း ဒုံရင္းက ဒုံရင္းအေျခအေနပဲေပါ့ေလ။ ဘယ္တတ္ႏိုင္ပါ့မလဲ"

အဏၰ ေလးေလးတြဲ႕တြဲ႕ဆိုကာ အနားတြင္ရွိေသာ ထိုင္ခုံတစ္လုံးတြင္ ထိုင္ခ်လိုက္သည္။ ထို႔ေနာက္ ယုဂန္ကို ေစ့ေစ့စပ္စပ္ၾကည့္ကာ

" ဒါဆို အခုမင္းရဲ႕ခႏၶာကိုယ္က မင္းႀကီးမဟီရဲ႕ခႏၶာကိုယ္ေပါ့"

ဟုဆိုသည္။ သူ ထိုင္ခုံလက္ရန္းေပၚ လက္ေထာက္ကာ လက္ေပၚေမးတင္သည္။

" ေခ်ာသားပဲ"

သူ ေခါင္းတညိတ္ညိတ္ႏွင့္ေရ႐ြတ္သည္။

"မင္းေတာ့ ေနရင္းထိုင္ရင္း ႐ုပ္ေခ်ာတဲ့ခႏၶာကိုယ္ရလိုက္တာ ကံေကာင္းတာပဲ"

သူ႔စကားထဲတြင္ မင္းႀကီးမဟီကိုသာ ခ်ီးက်ဴးလိုေသာအရိပ္အေယာင္မ်ား ပါဝင္ေနသည္။ တစ္နည္း ယုဂန္​၏ နဂို႐ုပ္ရည္ကို အထင္ေသးသည့္ဟန္ေျပာေနသျဖင့္ ယုဂန္ အနည္းငယ္မွ် အေက်မနပ္ျဖစ္သြားသည္။

" ကြၽန္ေတာ္ မင္းလြင္ဘဝမွာလည္း ဒီ႐ုပ္ပါပဲေနာ္။ ထူးဆန္းတဲ့တိုက္ဆိုင္မႈလို႔ေျပာရမလား။ မူလယုဂန္ႏိုင္က ကြၽန္ေတာ့္ရဲ႕ကိုယ္ပြားလူမဟုတ္ေပမဲ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္က ေတာ္ေတာ္႐ုပ္တူေနခဲ့တာ"

အဏၰက အေလွ်ာ့မေပးပါေခ်။ သူ ယုဂန္ကိုမ်က္ေတာင္စင္း၍ၾကည့္ကာ

" ဟုတ္လား။ ဘာပဲျဖစ္ျဖစ္ မင္းႀကီးမဟီဘဝတုန္းက႐ုပ္က အစတစ္ရာပိုေခ်ာတယ္"

ဟု စကားမႏိုင္,ႏိုင္ေအာင္ေျပာေသးသည္။

မည္သို႔ပင္ဆိုေစကာမူ မင္းႀကီးမဟီ​၏႐ုပ္သြင္ကို ယုဂန္လည္း သိခ်င္မိသည္။ စာေပမ်ားထဲတြင္ေတာ့ မင္းႀကီးမဟီဟာ သူမတူေအာင္ေခ်ာေမာသည္ဟု ေရးသားထားသည္။

" မင္းႀကီးမဟီက ဘယ္ေလာက္ေခ်ာလို႔လဲ"

မိမိေဆြးေႏြးလိုေသာ အကြက္ထဲေရာက္လာၿပီျဖစ္ေသာေၾကာင့္ အဏၰတက္ႂကြသြားကာ ခါးကိုပင္မတ္လိုက္သည္။

" ေခ်ာတာေပါ့ကြ။ မဟီ့ကို ျမင္ခ်င္လြန္းလို႔ တန္းစီေနတဲ့မိန္းကေလးေတြဆိုတာ အမ်ားႀကီးပဲ။ သူ ဘုရင္ျဖစ္ေတာ့လည္း မိဖုရားျဖစ္ခ်င္တဲ့သူေတြဆိုတာ နန္းေတာ္နဲ႔ေတာင္ မဆံ့ဘူး"

" ဪ ဪ"

" ငါ မင္းကို ျပမယ္"

အဏၰက ေျပာေျပာဆိုဆိုႏွင့္ ထိုင္ရာမွ ဝုန္းခနဲထ,ကာ တစ္ေနရာသို႔ ထြက္သြားသည္။ ယုဂန္ကိုလည္း သူ႔ေနာက္မွ လိုက္ခဲ့ရန္ လက္ယက္ေခၚသည္။

ထို႔ေၾကာင့္ အဏၰ​၏အေနာက္သို႔ ယုဂန္လိုက္သြားရာ ဧည့္ခန္းမမွထြက္ၿပီး စႀကႍလမ္းတစ္လမ္းဆီ ေရာက္ရွိသြားသည္။

စႀကႍလမ္းအတိုင္းသြားေသာ္ အခန္းတစ္ခန္းစီေရာက္ရွိသြားၿပီး ယင္းအခန္းထဲတြင္ အလင္းေတာက္ေနေသာ ေက်ာက္စက္ပန္းဆြဲမ်ားႏွင့္ အျဖဴေရာင္ပန္းႏြယ္တို႔ လွပစြာသြယ္ယွက္လ်က္ရွိသည္။

အခန္းသည္ ဧည့္ခန္းမအတိုင္း လူလုပ္ဂူအသြင္ျဖစ္သည္။ ဧည့္ခန္းမမွ် မက်ယ္ဝန္းေသာ္လည္း ပို၍ေႏြးေထြးကာ သက္ေတာင့္သက္သာရွိသည္။ အခန္းထဲတြင္ ေက်ာက္ျဖင့္ျပဳလုပ္ေသာ သလြန္တစ္ခုရွိသည္။

အခန္း​၏ထိပ္ရွိ နံရံတြင္မူ ပုံတူပန္းခ်ီကားတစ္ခ်ပ္ ခ်ိတ္ဆြဲထားသည္။

အဏၰႏွင့္ ယုဂန္တို႔ အဆိုပါ ပန္းခ်ီကားေရွ႕တြင္ မတ္တပ္ရပ္လိုက္ၾကသည္။

" ဒါ မင္းႀကီးမဟီလား"

ယုဂန္အေမးကို အဏၰေခါင္းညိတ္သည္။

ယုဂန္ ပန္းခ်ီကားကို အေသခ်ာၾကည့္လိုက္ခ်ိန္တြင္ အဏၰမွာ လုပ္ႀကံေျပာေနျခင္းမဟုတ္ေၾကာင္း လက္ခံလိုက္ရသည္။

မင္းႀကီးမဟီမွာ အလြန္တရာေခ်ာေမာသည္။

​ယုဂန္ အိပ္မက္ထဲတြင္ တစ္ခါမွ်ျမင္ဖူးေသာ ေရွးေခတ္နန္းနန္းစားမ်ားႏွင့္ ခမ္းနားထည္ဝါစြာ ဝတ္ဆင္ထားေသာ မင္းႀကီးမဟီသည္ ဘုရင္တစ္ဦး​၏ ႀကီးျမတ္ေသာ အရွိန္အဝါလည္းရွိကာ တစ္ခ်ိန္တည္းမွာပင္ ေအးခ်မ္းတည္ၿငိမ္ေသာ မ်က္ႏွာထားမ်ိဳးရွိသည္။

မဟီ​၏မ်က္လုံးမ်ားသည္ ရင့္က်က္ေသာ၊ တည္ၿငိမ္ေသာ၊ ဣေျႏၵႀကီးေသာ အသြင္ရွိ​သည္။ မ်က္ခုံးမ်ားက တန္း၍ ရွည္လ်ားနက္ေမွာင္ကာ မထူးမပါးျဖစ္ေသာ၊ ပိရိေသသပ္သည့္ႏႈတ္ခမ္းက cupid bow သိပ္မေပၚေပ။

V shape အသြင္မဟုတ္ေသာ္လည္း မ်က္ႏွာအေပၚပိုင္းႏွင့္ ယွဥ္လွ်င္ မ်က္ႏွာေအာက္ပိုင္းမွာ သြယ္လ်သည္။ ပါး႐ိုးမို႔သည္။ ပါးျပင္မွာ သြယ္လ်သြားသည္။ အသားအရည္ျဖဴေဖ်ာ့ၿပီး ပါးမို႔မို႔ထက္ႏွင့္ ေမးေစ့နားတြင္ မွဲ႔ခပ္ေရးေရးတစ္ခုစီ ရွိသည္။

မင္းႀကီးမဟီ​၏႐ုပ္ရည္ကို တစ္ခြန္းတည္းႏွင့္ဆိုရလွ်င္ ရင့္က်က္တည္ၿငိမ္ျခင္းျဖစ္သည္။

တုန္လႈပ္ျခင္း၊ စူးရဲျခင္းအလ်ဥ္းမရွိဘဲ ေလးနက္ေသာမ်က္ဝန္းအၾကည့္မ်ားက ထိုသူမွာ ဉာဏ္ပညာထက္ျမက္ၿပီး ေစ့စပ္ေသခ်ာသူျဖစ္ေၾကာင္း၊ အခက္အခဲမ်ားကို တည္တည္ၿငိမ္ျငမ္ေျဖရွင္းႏိုင္သူျဖစ္ေၾကာင္း ေဖာ္ျပေနသည္။

ဤကဲ့သို႔ ေအးခ်မ္းရင့္က်က္သူက နဂါးမင္းသားလို ႏႈတ္ၾကမ္းလွ်ာၾကမ္း၊ မထိတထိရန္စတတ္သူႏွင့္ ဇာတ္လမ္းျဖစ္ခဲ့သည္ ဆိုသည္မွာ အံ့ဩစရာပင္။

သို႔မဟုတ္ ေရဝတီေျပာသည့္အတိုင္း နဂါးမင္းသားကပဲ တစ္ဖက္သတ္ႀကိဳက္ခဲ့ေလသလား မသိပါေခ်။

ဒဏၭာရီထဲတြင္ မင္းႀကီးမဟီဟာ မိဖုရားမ်ားရွိခဲ့သူမို႔၊ အေျဖာင့္ႀကီးပဲ ျဖစ္ကာ အဏၰကိုျပန္မႀကိဳက္ခဲ့ျခင္း ျဖစ္ႏိုင္သည္။

" မဟီ အျပင္မွာ ပိုေခ်ာတယ္ဆိုေပမဲ့ ဒီပုံက သူနဲ႔အတူဆုံးပန္းခ်ီကားပဲ"

အဏၰသည္ ပန္းခ်ီကားကို မ်က္ေတာင္မခတ္တမ္းေငးစိုက္ၾကည့္ေနသည္။ အၾကည့္မ်ားမွာ ဂုဏ္ယူသည့္ဟန္ပါဝင္သလို ေလးလံေဆြးေတြးေနသည္မို႔ သူတို႔ႏွစ္ဦး​၏ ဆက္ႏြယ္မႈကို ယုဂန္ ေသေသခ်ာခ်ာသိခ်င္လာသည္။

ထို႔ေၾကာင့္ သူ စကားႏႈိက္ရန္ စဥ္းစားလိုက္သည္။

" ခင္ဗ်ားခ်စ္သူကို ခင္ဗ်ားေတာ္ေတာ္သတိရမွာပဲ"

အဏၰ ယုဂန္ဘက္ကို လွည့္ၾကည့္ကာ ၿပဳံးေယာင္ေယာင္သမ္း၍ ျပန္ေျပာသည္။

" သူ ငါ့ခ်စ္သူမဟုတ္ပါဘူး"

" just friend လား"

" ဘာႀကီး.."

" အာ...ႏွစ္ေယာက္က အခ်င္းခ်င္းသေဘာက်ေနၾကတယ္ ထင္လို႔ပါ"

အဏၰ ေခါင္းခါျပ၍ ပန္းခ်ီကားဘက္သို႔ အၾကည့္ျပန္လႊဲသြားသည္။

" အဲ့ေကာင္ကို သေဘာက်စရာလား။ ဘဝင္ျမင့္ၿပီး ကိုယ့္ကိုယ္ကိုယ္အထင္ႀကီးေနတဲ့ေကာင္ကို"

" ဒါဆို ဘာလို႔ သူ႔ပုံႀကီးခ်ိတ္ၿပီး အႏွစ္တစ္ေထာင္ေလာက္ သူ႔ကိုေစာင့္ေနရတာလဲ"

" ငါ့ကို က်ိန္စာတိုက္သြားလို႔"

" ဟင္.."

ယုဂန္ အံ့ဩသြားသျဖင့္ လႊတ္ခနဲ ေရ႐ြတ္လိုက္မိသည္။

အဏၰမွာမူ မင္းႀကီးမဟီ​၏ပုံတူကိုၾကည့္ရင္း အေတြးယဥ္ထဲ လြင့္ေမ်ာေနသေယာင္ရွိသည္။

" မဟီက သူမေသခင္ဆဲဆဲမွာ ငါ့ကိုမရမကက်ိန္စာတိုက္သြားေသးတယ္"

" ဘာက်ိန္စာတိုက္သြားတာလဲ"

" ငါ့ကိုျပန္လာသတ္မွာမို႔လို႔ သူျပန္မလာမခ်င္း မေသနဲ႔တဲ့"

အဏၰ​၏ လက္ေခ်ာင္းမ်ားက ပုံတူပန္းခ်ီကားထက္ရွိ မ်က္ႏွာကို အသာအယာထိေတြ႕သည္။ သူ႔မ်က္ဝန္းမ်ားက ရီေဝကာ ေလးလံထိုင္းမႈိင္းေနသည္။

ထို႔ေနာက္တြင္ သူဟာ အားပါးတရဆဲေရးလာသည္။

"ငါလူး သူ႔ေမကလႊားတဲ့မွ"

ယုဂန္သည္ အေဆြးဇာတ္ဝင္ခန္းၾကည့္ရႈရမည္ ထင္ခဲ့ေသာ္လည္း မေမွ်ာ္လင့္ထားသည့္ဆဲေရးသံေၾကာင့္ ဆြံ႕အသြားမိသည္။

အဏၰက ပန္းခ်ီကားကိုပဲ ထိေနကာ

" သူ႔အတြက္ပဲ သူၾကည့္တဲ့အေကာင္။ ငါ့ကို ေန႔တိုင္း ေန႔တိုင္းငရဲခံရေအာင္ လုပ္သြားၿပီး သူက် ေအးေအးေဆးေဆးေသၿပီး ေနာက္ဘဝ ကူးကူးေနတယ္။ ဘဝဆက္တိုင္း ဆံပင္ကြၽတ္ပါေစ တကယ္"

ဟု မေက်မနပ္ေရ႐ြတ္က်ိန္ဆဲေနသည္။

မျဖစ္သင့္မွန္းသိေသာ္လည္း ယုဂန္ဟာ သူ႔ၾကည့္ၿပီး
ရယ္ခ်င္လာသည္။

ဒီနဂါးက အဆဲႏွင့္ က်ိန္ဆဲျခင္းေတာ့ ျဖစ္သည္ထင္သည္။

" အဲ့ေတာ့ သူ႔ကိုမုန္းလို႔ ေစာင့္ေနတာေပါ့"

" ဟုတ္တယ္"

" မုန္းတာႀကီးက ထူးဆန္းတယ္ေနာ္"

အဏၰ ယုဂန္ဘက္ကို ဆတ္ခနဲလွည့္၍ မ်က္လုံးေမွးၾကည့္သည္။

ယုဂန္ မသိခ်င္ေယာင္ေဆာင္ကာ သူေျပာခ်င္ရာကိုပင္ ဆက္ေျပာသည္။

" သူ႔ဘက္ကေရာ ခင္ဗ်ားကို မုန္းလား"

" မုန္းတာမွ တူးတူးခါးခါးပဲ။ က်ိန္စာတိုက္သြားတာသာၾကည့္။ ဒင္းေၾကာင့္ ငါ့မွာ ခုထိမေသႏိုင္ဘဲ ေန,ေနရတာ။ ျပန္ေတြ႕လို႔ကေတာ့ ဒင္းကိုငါလုပ္ပစ္မယ္"

" ခုနက ကြၽန္ေတာ့္ကိုနမ္းသလို နမ္းၿပီးေတာ့လား"

အဏၰ သူ႔ကို မ်က္ေစာင္းလွည့္ထိုးသည္။

ဒီတစ္ေခါက္တြင္လည္း ယုဂန္မသိခ်င္ေယာင္ေဆာင္ကာ လုပ္ေခ်ာင္းတစ္ခု ဖန္တီးလိုက္သည္။

" အဟမ္း အဟမ္း အခ်င္းခ်င္းမုန္းေနၾကတာပဲဟာ။ လုပ္ပစ္"

အဏၰ တစ္စုံတစ္ရာျပန္ေျပာရန္ ျပင္ခိုက္တြင္ က်ယ္ေလာင္လြန္းေသာ "ဒုန္း" ခနဲ အသံႀကီးေၾကာင့္ သူေရာ ယုဂန္ပါ အခန္းဝဆီ လွမ္းၾကည့္မိလိုက္ၾကသည္။

ထိုအခ်ိန္ထိ ယင္းအသံႀကီးဟာ ဆက္တိုက္ထြက္ေပၚေနရာ အဏၰမ်က္ေမွာင္ၾကဳတ္လ်က္

" ဘာသံႀကီးလဲ"

ဟု ခပ္မာမာေရ႐ြတ္သည္။

တစ္ဆက္တည္းပင္ အဏၰသည္ အနားတြင္ရွိေသာ ေက်ာက္သလင္းတစ္ခုကို အျပာရင့္ေရာင္ေမွာ္စြမ္းအင္ျဖင့္ ပစ္လိုက္ရာ ေက်ာက္သလင္းတြင္ ဝိုးတိုးဝါးတား ပုံရိပ္တစ္ခု ေပၚလာသည္။

ယင္းပုံရိပ္သည္ ေသခ်ာမျမင္ရေသာ္လည္း လူအသြင္တစ္ခုက ေက်ာက္တုံးႀကီးမ်ားကို ႐ိုက္ခြဲေနေၾကာင္း ရိပ္ဖမ္းသံဖမ္းသိႏိုင္သည္။

ယုဂန္ကမူ အရိပ္မွ်ျမင္ကတည္းက ထိုလူအသြင္မွာ ေမာင္မွန္း တန္းသိလိုက္ေလသည္။

ယုဂန္ အလြန္အမင္းဝမ္းသာသြားသည္။

"အာ... ကြၽန္ေတာ့္ခင္ပြန္းပဲ။ ကြၽန္ေတာ့္ေနာက္ကို သူလိုက္လာတာ ထင္တယ္"

နဂါးမင္းသားမွာ ေအးေဆးစြာပင္ တုံ႔ျပန္သည္။

" ဪ မင္းေယာက္်ားလား။ ၿပီးေရာေလ။ တံခါးဖြင့္ေပးမယ္"

အဏၰ ပန္းခ်ီကားထားရာအခန္းမွ ဧည့္ခန္းမဆီျပန္လည္ထြက္ခြာသြားရာ ယုဂန္သည္လည္း အေနာက္မွ တက္ႂကြစြာျပန္လိုက္လာသည္။

ဧည့္ခန္းမသို႔ ေရာက္သည္ႏွင့္ အဏၰသည္ သူ​၏ေမွာ္စြမ္းအင္ကို သုံးလ်က္ ပိတ္ဆို႔ထားေသာ ေက်ာက္ဂူတံခါးကို ဖြင့္သည္။

ဂူအေပါက္ပိတ္ထားေသာ ေက်ာက္တုံးႀကီး ေဘးေ႐ြ႕သြားေသာအခါ အျပင္ဘက္မွ အေကာင္ႀကီးႀကီးအရိပ္က ဂူထဲသို႔ အလ်င္အျမန္ပင္ေျပးဝင္လာသည္။

" ေက်းဇူးပါ အရွင့္သား။ ေမာင္ေရာက္လာရင္ ခင္ဗ်ားကို သူနဲ႔မိတ္ဆက္ေပးမယ္။ ကြၽန္ေတာ့္ေမာင္က...."

" ယုဂန္..."

ယုဂန္ စကားမဆုံးခင္မွာပင္ ေမာင့္​၏စိုရိမ္တႀကီးျဖစ္ကာ က်ယ္ေလာင္လွေသာ ေခၚသံက ဦးစြာထြက္ေပၚလာသည္။

မေရွးမေႏွာင္ပင္ ဂူထဲသို႔ ဘီလူးႀကီးတစ္ေကာင္ ေျပးဝင္လာသည္။

အ႐ုဏ​၏ ဘီလူးပုံစံကိုျမင္ေသာ္ အဏၰ မေမွ်ာ္လင့္ထားဟန္ျဖင့္

" မင္းခင္ပြန္းက ဘီလူးလား"

ဟု တအံ့တဩေရ႐ြတ္သည္။

ယုဂန္ကိုသာ စိုးရိမ္ေနသည့္ အ႐ုဏမွာမူ န​ဂါးမင္းသားအဏၰကို အရင္မျမင္ဘဲ ေက်ာ္သြားကာ ယုဂန္ဆီသာ တည့္တည့္မတ္မတ္ေျပးဝင္လာသည္။

ယုဂန္နားသို႔ေရာက္သည္ႏွင့္ အ႐ုဏ​၏ဘီလူးအသြင္ေပ်ာက္သြားသည္။

အ႐ုဏ ယုဂန္​၏ပခုံးကို ဆုပ္ကိုင္ကာ ယုဂန္ကို စိုးရိမ္ႀကီးစြာ ၾကည့္သည္။

" ယုဂန္ ဘာျဖစ္သြားေသးလဲ။ ဒဏ္ရာရသြားေသးလား။ တစ္ခုခုျဖစ္ေသးလား"

ေမာင္စိတ္သက္သာရာရေအာင္ ယုဂန္အၿပဳံးေလးႏွင့္ ေခါင္းခါျပသည္။

" ကြၽန္ေတာ္ အဆင္ေျပပါတယ္"

ထိုအခါမွ အ႐ုဏ အသက္ရွဴႏိုင္​သည္။

ယုဂန္က အ႐ုဏ​၏လက္ကို အားကိုးတႀကီးဆြဲလိုက္ကာ
သူ႔အနားတြင္ ရပ္ေနေသာ အဏၰကို ၫႊန္ျပသည္။

" ေမာင္ ဒါက နဂါးမင္းသားအဏၰေလ..."

အ႐ုဏ နဂါးမင္းသားဆီ လွမ္းၾကည့္လိုက္သည္။

ပထမဆုံးေတြ႕ဆုံမႈမို႔ လူမႈေရးအရ အဏၰ ၿပဳံးျပကာ

" ေတြ႕ရတာ ဝမ္းသာ...."

ဟု ဆိုရာ စကားမဆုံးခင္မွာပင္ အ႐ုဏက ဂ႐ုမစိုက္ဟန္ႏွင့္ အၾကည့္လႊဲသြားေလသည္။

အ႐ုဏ​၏အာ႐ုံက ယုဂန္အေပၚသာရွိေနသည္။ ယခုေန နဂါးမင္းသားေသာ ဘာေသာ သူစိတ္မဝင္စားႏိုင္ေခ်။

အဏၰမွာမူ မိမိမွာ ယဥ္ေက်းပါလ်က္ႏွင့္ အေခ်ခံလိုက္ရသည္မို႔ အေတာ္ေလးစိတ္အခ်ဥ္ေပါက္သြားသည္။

အ႐ုဏက အဏၰကို ဂ႐ုမစိုက္အားဘဲ ယုဂန္​၏ႏႈတ္ခမ္းကိုသာ စိုးရိမ္တႀကီးထိၾကည့္လာသည္။

သူ႔ယုဂန္ေလး ႏႈတ္ခမ္းမွာ ေသြးထြက္ေနသည္။

" ယုဂန္ ႏႈတ္ခမ္းကဘာျဖစ္တာလဲ"

သူ စိုးရိမ္စြာေမးသည္။ ထိုအခါမွ ယုဂန္လည္း ကိုယ့္ႏႈတ္ခမ္းကိုယ္ စမ္းမိသည္။

" ဘာျဖစ္လို႔လဲ"

" ေသြးထြက္ေနတယ္"

" အာ...အဲ့တာ ခုနက သူအၾကမ္းပတမ္းနမ္းလိုက္လို႔။ ႏႈတ္ခမ္းေပါက္သြားတာ ထင္တယ္"

" ဘာ"

အ႐ုဏ​၏အသံက မာထန္ကာ က်ယ္ေလာင္သြားသည္။

အဏၰကို စိုက္ၾကည့္လာေသာ မ်က္ဝန္းမ်ားက မီးဝင္းဝင္းေတာက္လာသည္မို႔ ေမာင္ေဒါသထြက္သြားသည္မွန္း ယုဂန္သိလိုက္သည္။

သူကလည္း ေပါ့တိေပါ့ဆပင္။ ေမာင္ မည္မွ်သဝန္တိုတတ္မွန္း သိလ်က္ႏွင့္ အေၾကာင္းအရင္းကိုေသခ်ာမေျပာျပဘဲ ျဖစ္ကတတ္ဆန္းေျပာလိုက္မိသည္။

ယခုေတာ့ ေမာင္ အဏၰကို သတ္ပစ္ခ်င္စိတ္ျဖစ္သြားမည္မွာ အေသအခ်ာပင္။

" မ..မဟုတ္ဘူး ေမာင္ ခဏ"

ယုဂန္ ေနာက္က်သြားေလၿပီ။

ေမာင္မွာ နဂါးမင္းသားအဏၰဆီ ေဒါႀကီးေမာႀကီး ေလွ်ာက္သြားၿပီျဖစ္ၿပီး ဘီလူးအသြင္သို႔လည္း လ်င္ျမန္စြာ ေျပာင္းလဲသြားၿပီျဖစ္သည္။

ေမာင့္လက္ထဲတြင္ ထက္ရွေသာလက္နက္တစ္မ်ိဳးေပၚလာသည္။

ေမာင္က ခ်က္ခ်င္းပင္ အဏၰကို ထိုလက္နက္ျဖင့္ ပိုင္းခ်သည္။

ယုဂန္ လန႔္ဖ်ပ္သြားသည္။

ေတာ္ေသးသည္က မင္းသား အဏၰမွာလည္း ေခသူမဟုတ္ေသာေၾကာင့္ ေမာင့္လက္ခ်က္ကို အျမန္ေရွာင္တိမ္းႏိုင္ခဲ့သည္။

အဏၰ မ်က္လုံးျပဴးမ်က္ဆံျပဴးႏွင့္ ေအာ္သည္။

" ဟ...ငါ့မွာ ဘာအျပစ္ရွိလို႔ ေတြ႕ေတြ႕ခ်င္း အခ်ခံေနရတာလဲ"

အ႐ုဏက စကားႏွင့္မေျပာ။ ဆက္တိုက္သာ လိုက္လံတိုက္ခိုက္သည္။

အဏၰမွာလည္း ဆက္တိုက္ တိမ္းေရွာင္ေနရာ အ႐ုဏ​၏ ဘယ္ႏွခ်က္မွ်မွန္းမသိေသာ ခုတ္ခ်က္ေအာက္တြင္မူ ပိုမိုခြန္အားႀကီးသည့္ နဂါးအသြင္သို႔ မလႊဲသာမေရွာင္သာေျပာင္းလိုက္ရေလသည္။

အ႐ုဏ​၏ တိုက္ခိုက္မႈေၾကာင့္ ဧည့္ခန္းမရွိ ေက်ာက္သခင္းအခ်ိဳ႕ ဓားခ်က္ျဖင့္ ေၾကမြပ်က္စီးရေလၿပီ။ အပင္အခ်ိဳ႕လည္း ျပတ္ထြက္သြားၿပီး ဂူ​၏နံရံအခ်ိဳ႕ပင္ ပြန္းပဲ့ထြက္သြားသည္။

ေတာ္ေသးသည္က အဏၰမွာ ေရွာင္႐ုံသာေရွာင္၍ ျပန္လည္မတိုက္ခိုက္လာေပ။

" ေမာင္ ခဏေလး ကြၽန္ေတာ္ရွင္းျပဦးမယ္ နားေထာင္ဦး"

ယုဂန္ ေအာ္ေျပာေသာ္လည္း ေဒါသျပင္းထန္ေနသည့္ေမာင္မွာ အဏၰကိုသာ သဲႀကီးမဲႀကီးတိုက္ခိုက္ေနသည္။

ေမာင္က ေလးလံႀကီးမားလွေသာ သလင္းေက်ာက္ႀကီးကို မ,လိုက္ကာ နဂါးေခါင္းကို ႐ိုက္ခြဲရန္ျပင္သည္။

နဂါးမင္းသားက အၿမီးျဖင့္ ကာလိုက္ရာ သလင္းေက်ာက္သည္ အၿမီးကိုထိ၍ ကြဲသြားၿပီး ေက်ာက္အပိုင္းအစတို႔ လြင့္စဥ္လာသည္။ အဆိုပါ ပ်ံလြင့္လာေသာ ေက်ာက္အပိုင္းအစတို႔က အ႐ုဏလက္ေမာင္းကို ယွက္ထိသြားသည္။

ထိုအျခင္းအရာကို ျမင္ေသာ္ ယုဂန္ ေအာ္လိုက္မိသည္။

" ခင္ဗ်ား ကြၽန္ေတာ့္ေယာက္်ားကို မလုပ္နဲ႔ေလ"

မိမိမွာ ဘာမွမလုပ္ရပါဘဲ ေနရင္းထိုင္ရင္း အခ်ခံရ၊ အေအာ္ခံရသည္ေသာအခါ အဏၰ စိတ္အခ်ဥ္ေပါက္လာသည္။

ထို႔ေၾကာင့္ သူသည္လည္း ျပန္ေအာ္လိုက္သည္။

" ဟ ငါဘာမွမလုပ္ရေသးဘူး။ မင္းလင္ပဲ ငါ့လုပ္ေနတာ"

အ႐ုဏက အဏၰကို စြမ္းအားျဖင့္ ပစ္လႊတ္တိုက္လိုက္ေနသည္မို႔ အဏၰ တြန႔္လိမ္တြန႔္လိမ္လုပ္ကာ ေဘးသို႔ ေရွာင္ရျပန္သည္။

ဒီဘီလူးလုပ္တာနဲ႔တင္ သူ အႏွစ္တစ္ေထာင္ေလာက္ အလွဆင္ထားခဲ့သည့္ေနရာေလးလည္း ပ်က္စီးေပေတာ့မည္။

" ေဟ့ေကာင္ ၾကည့္ေကာင္းေနလား။ မင္းေယာက္်ား မင္းထိန္းေလ"

အဏၰ ေအာ္သံၾကားမွ ယုဂန္လည္း သတိရကာ ေမာင္ေရွ႕သို႔ ကပ်ာကယာ ေျပးဝင္ရေတာ့ရသည္။

ေပ၂၀ မွ်ရွိ‌ေသာ ဘီလူးႏွင့္ နဂါးၾကားတြင္ ယုဂန္ ခုန္စြခုန္စြလုပ္ကာ ေျခကားယားလက္ကားယားႏွင့္ ဝင္တားရသည္။

" ေမာင္ ခဏေလး ကြၽန္ေတာ္ရွင္းျပဦးမယ္။ ကြၽန္ေတာ္ေျပာတာ အရင္နားေထာင္ပါဦး"

ထိုအခါမွ ေမာင္ တိုက္ခိုက္ေနျခင္းကို ေခတၱရပ္တန႔္သြားသည္။

ယုဂန္လည္း အခ်ိန္ဆြဲမေနဘဲ မင္းသားအဏၰမွာ မိမိကို မင္းႀကီးမဟီဟု ထင္မွတ္မွား၍ နမ္းခဲ့မိျခင္းျဖစ္ေၾကာင္း၊ ယခုအခါ အားလုံးသိၿပီး၍ အဆင္ေျပသြားၿပီျဖစ္ေၾကာင္း အလ်င္အျမန္ရွင္းျပလိုက္ရသည္။

ထိုအခါ ေမာင္သည္ မေက်နပ္ေသးပုံရွိေသာ္လည္း လူအသြင္သို႔ ျပန္လည္ေျပာင္းလဲသြားသည္။

ထို႔အတူ အဏၰလည္း လူအသြင္သို႔ ျပန္ေျပာင္းလိုက္သည္။

ေမာင္က မိမိျပဳလုပ္ခဲ့ေသာအရာအတြက္ တာဝန္ယူစိတ္အၿမဲရွိသူျဖစ္ရာ အဏၰဘက္ကိုၾကည့္၍

" ခုနကလုပ္ခဲ့မိတာေတြအတြက္ ေတာင္းပန္ပါတယ္"

ဟု ေတာင္းပန္စကားဆိုသည္။

အဏၰဟာေတာ့ ဘုန္းႀကီးေခါင္းေခါက္ၿပီးမွ ေတာင္းပန္သည့္အတြက္ မေက်မခ်မ္းျဖစ္သျဖင့္ မဲ့႐ြဲ႕ေနသည္။

" အဲ့တာေၾကာင့္ အရင္ေမးျမန္းသင့္တာေပါ့"

အဏၰဟာ သူ​၏ဝတ္႐ုံကို ျပဇာတ္ဆန္ဆန္ခါရင္း အ႐ုဏဘက္သို႔ ေလွ်ာက္လာသည္။ ထို႔ေနာက္ သူသည္ အ႐ုဏပခုံးေပၚ မထီမဲ့ျမင္ လက္တင္လိုက္ကာ

"ဒီမွာ ေကာင္ေလး...."

ဟု ဆရာႀကီးဟန္ပန္ျဖင့္ေခၚသည္။

ထိုသို႔ သူသည္ ခပ္မိုက္မိုက္အသြင္ဖမ္းေနေသာ္လည္း အ႐ုဏမွာ သူ႔ထက္ ငါးလက္မပိုျမင့္ေနရာ အ႐ုဏကို ေမာ့ၾကည့္ေနရသည္။

ထို႔အျပင္ ဤဘီလူးမွာ သူ႔ကို မေက်မနပ္ျဖစ္ေသးဟန္ျဖင့္ မ်က္ေတာင္စင္းလ်က္ စူးစူးရဲရဲၾကည့္ေနသည္မို႔ အဏၰ သူ႔လက္ကို အလ်င္အျမန္ျပန္႐ုတ္သိမ္းလိုက္ရသည္။

ငါလူးတဲ့မွ ဒီဘီလူး ေတာ္ေတာ္အရပ္ရွည္သည္။
ဟိုေကာင္ေလးက ဒီလိုေၾကာက္စရာလူနဲ႔ ဘယ္လိုမ်ား လက္ထပ္ထားသလဲ အံ့ဩမိသည္။

သူကေတာ့ တစ္မိုးေအာက္တစ္ေယာက္ နဂါးမင္းသားအဏၰမို႔ ဒီဘီလူးကို ေၾကာက္စရာမရွိေသာ္ျငား အလကားေနရင္းရန္မျဖစ္ခ်င္သည္မို႔ အသာေရွာင္ေနလိုက္ေတာ့မည္။

ဒါဟာ ဒီဘီလူးကိုသူ,ရွိန္၍မဟုတ္ဘဲ ၿငိမ္းခ်မ္းေရးကိုသာ လိုခ်င္ေသာေၾကာင့္ျဖစ္သည္။

အို ဘုရားေရ။ သူဟာ ေတာ္ေတာ္ေလး ဆင္ျခင္ဉာဏ္ႏွင့္ ျပည့္စုံသည့္ နဂါးပါေပ။

" ဒီကအရွင့္သားထက္ ကြၽန္ုပ္က အႏွစ္တစ္ေထာင္ေက်ာ္အသက္ပိုႀကီးပါတယ္ေနာ္။ အႀကီးကို ေလးေလးစားစားဆက္ဆံသင့္ပါတယ္။ ေလးေလးစားစားနဲ႔ ႐ို႐ိုက်ိဳးက်ိဳးဆက္ဆံရမွာ"

အဏၰက မ်က္ခုံးပင့္ကာ အထက္စီးဆန္ဆန္ႏွင့္ ခပ္႐ြဲ႕႐ြဲ႕ေျပာသည္။

သို႔ရာတြင္ အ႐ုဏမွာမူ ဂ႐ုမစိုက္ဟန္ျဖင့္ မ်က္ႏွာတည္ေနကာ

" ကြၽန္ုပ္တို႔ဒီကိုလာတာ သင္ဒုကၡေပးေနတဲ့ကိစၥအတြက္ပဲ။ ကြၽန္ုပ္ရဲ႕ၾကင္ရာေတာ္ကို လာပတ္သက္ေနတာေတြရပ္ပါ။ အခုလက္ရွိ ဒီကိုယ္ထဲက ဝိညာဥ္က ကြၽန္ုပ္အပိုင္မို႔လို႔ မင္းႀကီးမဟီဆိုၿပီး ထိပါးတာေတြမ်ိဳးေတြမလုပ္ပါနဲ႔"

ဟူ၍သာ ဩရွရွေျပာလာသည္။

ဒီလို အသံကအစ ေၾကာက္ဖို႔ေကာင္းေနသည့္လူကို ယုဂန္ႏိုင္ ဘယ္လိုမ်ားေပါင္းသင္းေနသလဲ သူအံ့ဩမိသည္။

ယုဂန္ႏိုင္ေယာက္်ားကိုၾကည့္ရသည္မွာ မင္းႀကီးမဟီကိုေတာင္ သတိရမိေစသည္။

မဟီသည္လည္း ႐ုပ္ေခ်ာသေလာက္၊ အသံက ၾကည္လင္သေလာက္ စကားေျပာပုံဆိုပုံက ယခုလို ဘုဆတ္ဆတ္၊ မာေၾကာေၾကာပင္။

သို႔ေပမဲ့လည္း ေသးသြယ္ႏူးညံ့သူမို႔ တစ္ခါတစ္ခါ ထိုသို႔ေျပာလွ်င္ ေၾကာက္စရာမေကာင္းဘဲ ခ်စ္စဖြယ္ေကာင္းသည္။ မဟီက ဘုရင္ထဲတြင္ ရွားမွရွားေသာ အေတာ္ေလးခ်စ္စဖြယ္ေကာင္းသည့္ ဘုရင္တစ္ပါးျဖစ္ခဲ့သည္။

ဒီဘီလူးႏွင့္ ႏႈိင္းယွဥ္စရာကို မရွိေပ။

"ငါ သိပါတယ္လို႔။ ငါက မဟီကိုလိုခ်င္တာ။ ဒီလူက မဟီမဟုတ္ရင္ ငါက ဆက္ၿပီးအေတြးထဲေတာင္ ထည့္မေနဘူး။ စိတ္မပူေနနဲ႔"

အဏၰ မေက်မနပ္ျဖင့္ ဘုဆတ္ဆတ္ေျပာသည္။

သို႔ရာတြင္ အ႐ုဏမွာမူ အဏၰကို ထပ္မံ၍ လ်စ္လ်ဴရႈထားကာ သူေျပာစရာရွိသည္ကိုသာ လိုရင္းတိုရွင္းေျပာျပန္သည္။

" ကြၽန္ုပ္တို႔ ဒီကိုလာတာ သင့္ရဲ႕နဂါးမ်က္ရွင္ေၾကာင့္ပါ။"

" ငါ့မ်က္ရွင္က ဘာျဖစ္လို႔လဲ"

အ႐ုဏသည္ အဏၰ​၏နဂါးမ်က္ရွင္မွာ စြမ္းအားအလြန္ႀကီးသည္ဟု လူအမ်ားက ယုံၾကည္ေၾကာင္း၊ ယင္းမ်က္ရွင္ကို ေမွာ္နက္ပညာရွင္တစ္သိုက္မွ အလိုရွိေနေၾကာင္း၊ ထိုသို႔မ်က္ရွင္ကိုရရွိရန္ မင္းႀကီးမဟီ​၏မ်ိဳးဆက္ျဖစ္ေသာ ယုဂန္ကို ဖမ္းဆီးခ်င္ေနၾကေၾကာင္း၊ ထိုသူတို႔က အဏၰ​၏တည္ေနရာကို မရမကရွာေဖြကာ ေရာက္လာမည့္သူမ်ားျဖစ္ေၾကာင္း စသျဖင့္ အက်ဥ္း႐ုံးရွင္းျပလိုက္သည္။

ထိုစကားဆုံးေသာ္ အဏၰသည္

" ငါ့မ်က္ရွင္က ေသခ်ာေပါက္ စြမ္းအားႀကီးတာေပါ့။ ငါက ဒီကမာၻမွာ စြမ္းအားအႀကီးဆုံးလူေတြထဲက တစ္ေယာက္ပဲ"

ဟု ဂုဏ္ယူဝင့္ႂကြားစြာဆိုကာ တစ္ဆက္တည္းပင္

" ဒါေပမဲ့ မပူပါနဲ႔။ ငါ့ကို နတ္ေတြေတာင္ရွာမေတြ႕တာ။ သူတို႔က ရွာေတြ႕မွာတဲ့လား။ ေတြ႕ေတာ့ေရာ သူတို႔ေလာက္က ငါက ေအးေဆးပဲ။ အကုန္လုံး ေသ႐ြာကိုျမင္သြားေအာင္ လုပ္ႏိုင္တယ္ကြ"

ဟု မိမိကိုယ္ကို ယုံၾကည္မႈရွိဟန္၊ အထင္ႀကီးဟန္ျဖင့္ ေခါင္းေမာ္၍ဆိုသည္။

သို႔ရာတြင္ အ႐ုဏအျမင္မွာမူ မည္မွ်ပင္စြမ္းအားႀကီးေစကာမူ၊ ရန္သူကို အထင္ေသးျခင္းမ်ိဳး မျပဳလုပ္သင့္ေပ။

မ်က္တစ္လုံးရွင္၊ ကိဏီႏွင့္ ေကသရာအဆုံး အားလုံးက တကယ့္ကို ထိပ္တန္းေမွာ္နက္ပညာရွင္မ်ားျဖစ္သည္။ ထို႔အျပင္ မင္းေယာဇာကိုလည္း ေလွ်ာ့တြက္၍မရေခ်။

အ႐ုဏ: " ဘာပဲျဖစ္ျဖစ္ သတိထားတာ ပိုေကာင္းပါလိမ့္မယ္"

အဏၰ: " ငါသတိထားလည္း အပိုပဲေလ။ မ်က္ရွင္က ငါ့ဆီမွာမွ မဟုတ္တာ"

အ႐ုဏ မ်က္ဝန္းတို႔ေမွးႀကဳံ႔သြားသည္။ ထို႔အတူ ယုဂန္သည္လည္း အံ့ဩဟန္ျပကာ

"ဒါဆိုမ်က္ရွင္က ဘယ္မွာလဲ"

ဟု ေရးႀကီးသုတ္ပ်ာေမးျမန္းလာသည္။

ထိုအခါ အဏၰက ယုဂန္ကို ျပဴး၍ျပန္ၾကည့္သည္။

အဏၰ: " တကယ္မသိလို႔ ေမးေနတာလား"

ယုဂန္: " သိမွေတာ့ ခင္ဗ်ားကိုေမးေနမလား"

အဏၰ: " ငါ့မ်က္ရွင္ဘယ္မွာလဲ မသိဘူးဆိုလို႔ ထူးဆန္းလို႔ပါ"

ယုဂန္: " ကြၽန္ေတာ္က ခင္ဗ်ားဟာ ဘယ္ေနရာမွာလဲဆိုတာ ဘယ္လိုလုပ္သိမွာလဲ"

ႏွစ္ေယာက္သား ႏွစ္ခြန္းတည္းႏွင့္လည္ေနသည္မို႔ ၾကားမွ အ႐ုဏကပဲ

" နဂါးမ်က္ရွင္ ဘယ္မွာလဲ"

ဟု အသံတည္၍ဝင္ေမးရေတာ့သည္။

ထိုအခါမွ နဂါးမင္းသားသည္ တစ္ေနရာသို႔ လက္ညႇိဳးထိုးျပလာသည္။

" အဲ့မွာေလ"

သူ​၏လက္ညႇိဳးထိပ္မွာမူ ယုဂန္ႏိုင္ဆီ ဦးတည္ေနျခင္းျဖစ္သည္။

မထင္မွတ္ထားေသာ အျပဳအမူေၾကာင့္ အ႐ုဏႏွင့္ ယုဂန္တို႔ အံ့ဩျခင္းထက္ ပို၍ျပဴးေၾကာင္ေၾကာင္ျဖစ္သြားၾကသည္။

ယုဂန္က သူ႔ကိုယ္သူ လက္ညႇိဳးထိုး၍ျပန္ေမးသည္။

" ကြၽန္ေတာ္လား"

" မဟုတ္ဘူး။ မင္းဆြဲႀကိဳး"

အ႐ုဏေရာ ယုဂန္ပါ ယုဂန္လည္ပင္းတြင္ဆြဲထားေသာ ဆြဲႀကိဳးဆီ တစ္ၿပိဳင္တည္းငုံ႔ၾကည့္မိလိုက္ၾကသည္။

"ဒါ...ဒါက နဂါးမ်က္ရွင္လား"

ယုဂန္ အထစ္ထစ္အေငါ့ေငါ့ႏွင့္ေမးသည္။ အဏၰက ယုဂန္ေရွ႕သို႔ ေျခတစ္လွမ္းတိုးလာကာ ဆြဲႀကိဳး​၏အဝိုင္းသဏၭာန္ေလာ့ကတ္သီးကို သူ​၏လက္ျဖင့္ ေဝွ႔ယမ္းလိုက္သည္။

" အင္းေလ။ ဆြဲထားၿပီးေတာ့ မသိဘူးလား"

အဏၰလက္ျဖင့္ ေဝွ႔ယမ္းလိုက္ေသာအခါ ဆြဲႀကိဳးမွာ အလင္းမ်ားေတာက္ပလာၿပီး အေပၚသို႔ ပ်ံတက္လာသည္။ ထို႔ေနာက္ ယုဂန္​၏လည္ပင္းမွ ဆြဲႀကိဳးကြၽတ္သြားၿပီး အဏၰ​၏လက္ထဲသို႔ ဝဲပ်ံလာသည္။

လက္ထဲေရာက္လာေသာ ဆြဲႀကိဳးကို အဏၰဆုပ္ကိုင္လိုက္သည္။ ဆြဲႀကိဳး​၏ဆြဲသီးကို သူ, လက္မျဖင့္ပြတ္လိုက္‌ေသာအခါ အဝိုင္းသဏၭာန္ဆြဲသီး ပြင့္သြားၿပီး အထဲမွ ေသးငယ္လြန္းေသာ အနီေရာင္ေက်ာက္မ်က္တစ္ခု ေလေပၚပ်ံတက္လာသည္။

ယင္းေက်ာက္မ်က္သည္ ပတၱျမားႏွင့္တူသည္။ ေသြးေရာင္ေတာက္ေနၿပီး ေတာက္ပေသာ အနီေရာင္အလင္းတန္းမ်ား ျဖာထြက္ေနသည္။

အဏၰက ထိုေက်ာက္မ်က္ကို အတန္ၾကာစိုက္ၾကည့္လိုက္ေသာအခါ ယင္းမွာ တျဖည္းျဖည္းအ႐ြယ္အစားႀကီးလာကာ အရည္ျပည့္ေသာ ပတၱျမားႀကီးသဖြယ္ ေတာက္ပလင္းလက္လာသည္။

အဏၰ ထိုပတၱျမားကို ဆုပ္ကိုင္လိုက္သည္။ ထို႔ေနာက္ သူဆိုသည္။

"ဒီမွာ ငါ့မ်က္ရွင္"

နဂါးတစ္ေကာင္၏အသက္ျဖစ္ေသာ နဂါးမ်က္ရွင္မွာ ႏွစ္တစ္ေထာင္ေက်ာ္ၾကာၿပီးသည့္ေနာက္တြင္ သူ၏ပိုင္ရွင္ႏွင့္ ျပန္လည္ဆုံစည္းသြားေလၿပီ။

*****************************

A/N

Teo က parallel universe ကို ေနရာယူထားတာျဖစ္တဲ့အတြက္ ျမန္မာေရွးေခတ္နဲ႔မတူပါဘူးေနာ္။ ဒါေၾကာင့္ ေရွးေခတ္တုန္းက မရွိခဲ့တဲ့ ဆဲနည္းေတြ ထည့္ေရးထားတာျဖစ္ပါတယ္။

13.3.2023
( Monday)

Continue Reading

You'll Also Like

319K 32.9K 30
#BOTH WITH ZAWGYI & UNICODE #COVER ARTIST -LucyXellies Artwork is mine and don't allow to reupload. နှလုံးသားက အဖြူစင်ခဲ့ဆုံးဆိုတာတော့ ယုံ---
1.2M 97.5K 54
"မြို့သစ်လမ်းမတစ်နေရာ စွယ်တော်ပင်ရိပ်အောက်က အကြင်နာ သက်ဆိုင်သူအတွက်ရည်ညွှန်းကာ ချစ်ခွန်းသီတဲ့ မောင့်မေတ္တာ" "ၿမိဳ႔သစ္လမ္းမတစ္ေနရာ စြယ္ေတာ္ပင္ရိပ္ေအ...
410K 48.2K 45
(Unicode & Zawgyi) Black Angel ရဲ့ Season 2 ဇာတ်လမ်းအဆက်ဖြစ်ပါတယ်။ ဒါ့ကြောင့် Black Angel ကို အရင်ဖတ်ပြီးမှ ဒီ ဇာတ်လမ်းလေးကို ဖတ်ပေးကြပါလို့.... ချစ်...
6.6K 390 7
အကယ်၍ နောက်ဘဝသာရှိခဲ့ရင် အကယ်၍ နောက်ထပ်ကမ္ဘာတစ်ခုသာရှိခဲ့ရင် အကယ်၍ ဦးဝေနဲ့မောင်သာ ချစ်ခဲ့ကြရင် အကယ်၍ မောင့်ဘဝမှာ ဦးဝေသာလျင်ရှိခဲ့ရင်