အခန်း၃၅
မဟာ ဖုန်းချလိုက်တာနဲ့ ခန္ဓကိုယ်က တစ်ဆစ်ဆစ် အပ်နဲ့ထိုးသလို ခံစားချက်ကြောင့့် အသံလေးထွက်ကာ ညီးညူးမိသွားသည်။သူမနဲ့ ဖုန်းပြောကတည်းက တစ်ဆစ်ဆစ်နဲ့ နာကျင်နေတာဖြစ်သည်။သူမစိတ်ပူနေမှာဆိုးလို့သာ သူနာကျင်မှုကို သည်းခံနေတာဖြစ်သည်။
ဲ
"အ ဟာ အ"
"သခင်လေး အစဉ္ပြေရဲ့လား ဘယ်လိုနေလို့လဲ"
သူအား ဆေးဖြတ်ဖို့ ပါးပါးငှားထားတဲ့ ဆရာဝန်လေးက သူအခြေအနေအားမေးနေတာကိုပင် သူစကားပြန်မပြောနိုင်သေးပေ။ခနလောက် နေတော့ ဒေါက်တာက ပါးစပ်ထဲ ဆေးထည့့်တိုက်လိုက်တာကို သူမှာ မနဲဲ မြိုချရသည်။
"သခင်လေး စိတ်ကို နည်းနည်းလျော့ပြီး အသက်ကို ဖြည်းဖြည်းချင်းရှုလိုက်ပါ ခနနေရင် နာကျင်တာနည်းနည်းသက်သာသွားလိမ့်မယ်"
"အင်း"
မဟာ တကယ်လဲ ဆရာဝန်ပြောသလို နည်းနည်းသက်သာလာသည်မို့ စိတ်ကို အေးအေးထားလိုက်သည်။တနေ့တာကို ဆရာဝန် ညွှန်ကြားတာကို သူဂရုစိုက် လိုက်နာသည်။
"ဒါက သခင်လေး ညဘက်သောက်ရမယ့်ဆေးပါ ခုက ညနေဘက်ရောက်နေပြီမို့ ညနေစာကို ကောင်းကောင်းစားပြီးမှ သောက်ပါ"
"အင်း ဒေါက်တာလဲ ပင်ပန်းနေပြီ နားလိုက်ပါအုံး"
"ဟုတ်ကဲ့ "
ဒေါက်တာ ထွက်သွားတာနဲ့ သူဆေးအရှိန်နဲ့ အိပ်ချင်လာတာမို့ ခနအိပ်လိုက်သည်။အိပ်မက ်ထဲမှာ သူမနဲ့ အတူသူဟာ သူတို့သားဝတ်စုံလေးကို ဝတ်ကာ မင်္ဂလာပွဲကို တူနှစ်ကိုယ် ဆင်နွဲနေကြသည်။သူဟာ ပြုံးပျော်ရွှင်နေပြီး သူဘေးနားက အမျိုးသမီးအား ပြုံးကာ ကြည့်နေစဉ္ သူမဟာ ရုတ်တရက် သူအနားမရှိတော့ သူဟာ ခနကြောင်နေရင်းမှ
သူမအားလိုက်ရှာတော့ သူမဟာ သူအဝေးကိုသာ ပြေးပြေးနေသည်။သူအော်ရင်း သူမအား လိုက်လေ သူမသည်ပိုပြေးလေဖြစ်သည်။
"မောင့်အသည်း မောင်ကို ထားမသွားရဘူး ပြန်လာခဲ့ ပါ မောင့်အသည်း"
တစ်ကိုယ်လုံး ဇောချွေးများပြန်ကာ မောဟိုက်နေရင်းမှ သူနိုးလာခဲ့သည်။တော်ပါသေးရဲ့ သူ့အခန်းထဲ အိပ်နေရင်း အိပ်မက ်ဆိုးမက ်တာဖြစ်သည်။အိပ်မက ်ထဲမှာ သူမဟာ သူကို မလိုချင်တာကြောင့် ထွက်ပြေးနေသည်။သူအရင်က ဒီလို အိမ်မက ်မျိုး မမက ်ပေမဲ့ အခုမက ်တဲ့ အိမ်မက ်ဟာ သူအတွက် စိတ်ကို မလုံခြုံမှုကို ဖြစ်စေသည်။ညဘက်ရောက်နေတာမို့ ရေချိုးရန် ရေချိုးခန်းထဲ ဝင်လာခဲ့သည်။မှန်ရှေ့မှာ မြင်နေရတဲ့ သူပုံစံမှာ အရင်လို မဟုတ်ပဲ မျက်ကွင်းတွေ မဲပြီး ချောင်နေသည်။အသားအရေကလဲ အနည်းငယ် ညစ်နွမ်းနေသည်မှာ နဂို အသားဖြူတဲ့သူမို့ ပိုသိသာသည်။ညနေစာကို သူစားပြီးတော့ ဆရာဝန်က သူအခြေအနေကို မေးမြန်းပြန်သည်။သူလဲ အိမ်မက်အကြောင်းကို ပြန်ပြောပြပြီး သူခံစားရတဲ့ဝေဒနာကို ပြောပြလိုက်သည်။
"အဲဒါက ဆေးဖြတ်ရင် ခံစားရတဲ့ လက္ခဏာထဲမှာပါတယ် သခင်လေး ခုခံစားနေရတဲ့ အထိတ်တလန့်နိုးလာရင် ချွေးဇောပြန်ပြီး မောကာအသက်ရှုမဝဖြစ်လိမ့်မယ် ပြီးတော့ စိတ်မလုံခြုံမှုတွေ ခံစားရလိမ့့်မယ် ဒါကြောင့် ခုလို အိမ်မက်ဆိုးတွေမက ်တာ ဖြစ်တယ်"
"နောက်ဆိုရင် ဒီထက် ပိုဆိုးလာနိုင်တာပေါ့"
"ဟုတ်ကဲ့ ခု သခင်လေးက ဆေးကို တောင်းတတာကို ခံနိုင်ရည်ရှိနေတာက အားသာချက်ပဲ ဒါပေမဲ့ ခုခံနိုင်သေးပေမဲ့ နောက်အပတ်ထဲမှာတော့ ခံနိုင်ရည်ရှိဖို့က ခုထက်လက္ခဏာတွေ ပိုပြလာလိမ့်မယ် "
"အင်း"
"အဲ အဆင့့်တွေ ကျော်ဖြတ်နိုင်ရင်း သခင်လေး ဆေးလုံးဝပြတ်ပြီ ဆက်ပြီး အားတင်းပါသခင်လေး အောင်မြင်ဖို့က သိပ်မဝေးတော့ပါဘူး"
ဆရာဝန်ရဲ့ အားပေးစကားကြောင့် သူအားတင်းလိုက်သည်။ပြီးတော့သူအား စောင့်နေမဲ့ သူမကြောင့်ရော သူအားတင်းမှ ရမည်။ထိုမဝေးတော့ အနာဂတ်မှာ သူမနဲ့အတူ သာယာစွာ နေထိုင်ဖို့ သူနာကျင်ရရင်တောင်မှ သူသည်းခံရပါအုံးမည်။
စံလဲ မောင်နဲ့ ဖုန်းအဆက်အသွယ် ကောင်းကောင်းရနေတာမို့ မောင်ကို မတွေ့ရပေမဲ့ မောင်အသံလေးကြားရလို့ စိတ်အေးရသည်။တစ်ခါတစ်လေ သူမဖုန်းဆက်လို့ မောင် ဆေးသောက်ပြီး အိပ်ပျော်နေချိန်တိုးရင် မောင့်ဒေါက်တာကိုင်ကာ မောင်အိပ်နေကြောင်းနဲ့ မောင်သက်သာကြောင်း ပြောပြလေ့ရှိသည်။ထိုအခါမှ မောင်ကျန်းမာရေး ကောင်းမကောင်းကို ဒေါက်တာကို သေချာမေးရသည်သာ မောင်ကတွေ့ခွင့်မပေးတာကြောင့့် မဟုတ်ရင်သူမ အပြေးလေးသွားတွေ့မိမှာပင်။မောင်ကျန်းမာအောင် ဘုရားတရားလုပ်ရင်း ဆုတောင်းပေးနေမိသည်။
တဖက် မှာတော့ မဟာတစ်ယောက် ဆေးဖြတ်ချိန်မှာ အခံစားရဆုံးလက္ခဏာတွေပြလာသည်။စိတ်တွေ ဆတ်ပြီး ပစ္စည်းတွေ ရိုက်ခွဲပစ်တာ တစ်ခါတစ်လေ ဆေးကို အငမ်းမရ သုံးချင်လာပြီး ကိုယ်ကိုကိုယ် နာကျင်အောင်လုပ်မိတက်တာကြောင့် သူ့ရဲ့ သက်တော်စောင့်တွေက ဆွဲရလွန်းလို့ သူတို့မှာလဲ ဒဏ်ရာဒဏ်ချက်တွေကြည့်ပဲ ပြည့်နေသည်။သူစိတ်ဖောက်လို့ သောင်းကျန်းချိန် သူမဖုန်းဆက်လာရင် ဒေါက်တာကိုသာ ပြောခိုင်းရသည်မဟုတ်ရင် သူနဲ့အဆက်အသွယ်မရလို့ သူမသူ့စီ သေချာပေါက်ရောက်လာလိမ်မည်သာ။တစ်ခါတစ်ခါ သူအတွေးတွေ လွန်ကာ ဘာမှ မလုပ်ချင်အောင် စိတ်ဓာတ်တွေကျလာသည်။အဲခါကျ သူမှာ လောကကြီးထဲက ထွက်ချင်စိတ်တောင် ဖြစ်လာသည်။ထိုအခါမျိုးဆိုရင် သူမနဲ့ ဖုန်းပြောလိုက်တာနဲ့ သူမှာ စိတ်တွေ ပြန်လည်ကာ ကောင်းမွန်လာပြန်သည်။ညဘက်တွေဆို အိမ်မက်ဆိုးတွေမက်ပြီး အမြဲ မောပန်းစွာ နိုးလာတာကြောင့် သူကောင်းကောင်း အိပ်မပျော်ပဲ သူမျက်ကွင်းတွေကျကာ ကိုယ်အလေးချိန်က သိသိသာသာ ကျဆင်းလာသည်။တစ်ခါတစ်လေ သူအတွေးတွေလွန်ကာ သူမသာ သူကို ထားသွားမယ်ဆိုရင်ဆိုပြီး သူမအပေါ် သံသယတွေ ဖြစ်လာကာ ချက်ချင်း ဖုန်းဆက်ပြီး သူမအား သူအားချစ်လားဟုမေးကာ သူအားထားမသွားဖို့ ကတိတွေတောင်းမိသည့့်အထိ သူစိတ်တွေ ဖောက်လာတက်သည်။ပါးပါးနဲ့ သူ့သူငယ်ချင်းတွေကတော့ သူ့အား အမြဲ လာကြည့်ကြသည်။
ဆေးဖြတ်တဲ့ အခက်ခဲဆုံးအချိန်တွေပြီးတာနဲ့ သူခံစားရတဲ့ ဝေဒနာတွေ နည်းနည်းသက်သာလာသည်။ခုဆို သူငယ်ချင်းနှစ်ယောက်သူ့ပြန်လည်ထူထောင်ရေးချိန်ကို ရောက်နေတာကြောင့် သူမပျင်းရတော့။
မုန်တိုင်းနဲ့ သူ့တပည့်မင်းထက် တောင်ကြီးသို့ရောက်နေတာ ၁လ နီးပါးရှိနေပြီး သူတို့အား ဘဝပျက်အောင် ပညာပြသွားတဲ့ ဟိုသုံးကောင်ကို လာရှာချင်းဖြစ်သည်။ သူပြန်လည်အခြေအနေကောင်းလို့ လက်စားချေမယ်ဆိုမှ ဒင်းးတို့က အရောင်းာင်းအဝယ်မလုပ်ပဲ ငြိမ်နေတာမို့ သူလဲ စောင့်မနေပဲ ရန်သူနယ်မြေထိလာခဲ့ချင်းဖြစ်သည်။သတင်းအတော် စုံစမ်းခဲ့ရာမှ မဟာဆိုတဲ့ကောင်က ဆေးဖြတ်ဖို့ တောထဲက စံအိမ်မှာ ရောက်နေကြောင်း သိလိုက်ရတာမို့ သူအတွက်ကတော့ မဟာ အခွင့်အရေးပင်ဖြစ်တာကြောင့် သူတပည့် မင်းထက်အပါအဝင် နောက်ထက် လူ၅ယောက်သာ ခေါ်ပြီး လုပ်ကြံရန် စံအိမ်ပတ်ဝန်းကျင်သို့ ရောက်နေချင်းဖြစ်သည်။ည ၉နာရီ ရောက်နေပြီမို့ သူလူတွေကို အချက်ပြကာ အိမ်ထဲသို့ ဝင်လာခဲ့သည်။ အခန်းတော်တော်များများထဲမှ မဟာ အခန်းဖြစ်နိုင်ချေရှိတာကိုသာ လူစုခဲွပြီး ရှာကြသည်။
မဟာ အိပ်ရာမှ နိုးစဉ္ ရေသောက်ဖို့ ရေဘူးထဲရေမရှိတာကြောင့် ရေဖြည့်ရန် တံခါးကို အသာလှည့်ပြီး ထွက်ဖို့လုပ်တုန်း ရိပ်ခနဲ ဝင်လာတဲ့ လက်သီးကြောင့် သူပြန်လည်ကာ တိုက်ခိုက်လိုက်သည်။တိုက်ခိုက်ရင်း သူသေချာကြည့့်မိတော့ သူနဲ့ရန်စရှိတဲ့ မုန်တိုင်း
ဖြစ်နေသည်။
မုန်တိုင်းလဲ မဟာနဲ့ တိုက်ခိုက်နေရင်း သေနတ်လွတ်ကျပြီး ဘယ်စီရောက်မှန်းမသိတာကြောင့် ခါးကြားထဲက ဓါးမြောင်ကိုသာ အသာဆွဲထုတ်လိုက်သည်။ပြီးတာနဲ့ မဟာဆိုတဲ့ကောင်ကို ဝင်လုံးကာထိုးရန်ပြင်လိုက်သည်။
မဟာလဲ တစ်ဖက်က အားနဲ့မာန်နဲ့ တိုက်ခိုက်တာကို ခုခံအားကျနေတာကြောင့် သူမှာ မနဲဲရှောင်ကာ ခုခံနေရသည်ည်။ အပြင်ဘက်မှာလဲ သေနတ်သံကြားလိုက်ရတာကြောင့် သူလူတွေနဲ့ မုန်တိုင်းလူတွေ တိုက်ပွဲဖြစ်နေမှန်းသိလိုက်သည်။
"မင်းက ဆေးဖြတ်ထားလို့ အားနည်းနေတာကို သိပ်ပြီး ခုခံမနေပါနဲ့လား ငါမင်းကို ညှင်ညှင်သာသာ သတ်ပေးမှာပါ မင်းငါကို ခုခံနေလဲ အပိုပဲ"
"ဟေ့ကောင် လေလုံးထွားမနေနဲ့ ငါအခုအားနည်းနေလို့ မဟုတ်ရင် မင်းလိုကောင်က ငါအတွက်တော့ ပြိုင်ဘက်မဟုတ်ဘူးဆိုတာ သဘောပေါက် သင့့်တယ်"
"ဟား ဟား လေလုံးထွားတာမင်းပဲ ဖြစ်မယ် လူကသေတော့မယ် အပြောကမလျော့ပါလား ဟူး သနားစရာပဲ"
"သောက်ပိုတွေမပြောပဲ လာစမ်းပါ"
မဟာ သူအလွန်မောပန်းနေသော်လဲ သူသေလို့ မဖြစ်သေးတာကြောင့့် တောင့်ခံကာ သူအသက်ကို ကာကွယ်ရမည်။ပုံမှန်သာဆို မဟာအတွက်တော့ မုန်တိုင်းဟာ သူ့ပြိုင်ဘကမဟုတ်ပေ။မုန်တိုင်းဘက်က စတင်တိုက်ခို်က်တာနဲ့ သူပြန်လည်တိုက်ခိုက်စဉ္ သူလက်မောင်းကို ဓါးသွားတစ်ချက်က ထိသွားသည့့် နောက်ထက် ထိုဓါးက ဝမ်းဗိုက်သို့ ရောက်လာတာမို့ သူရှေုာင်လိုက်သော်လဲ အနည်းငယ် ရှက်ထိသွားသည်။သူခေါင်းထဲ အနည်းငယ် မူးဝေလာတာကြောင့် အသိစိတ်မကင်းကွာင်းကွာအောင် သူကြိုးစားနေစဉ္ သူ့ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ ရန်နိုင်နဲ့ခွန်ကရောက်လာကာ မုန်တိုင်းခေါင်းကို သေနတ်နဲ့ချိန်ထားသည်။သူလဲမကျျသွားခင်
"မ သတ် နဲ့"
ပြောပြီး လဲကျကာ အမြင်အာရုံတွေမှောင်မိုက်သွားသည်။
Moon Shine
အခန္း၃၅
မဟာ ဖုန္းခ်လိုက္တာနဲ႔ ခႏၶကိုယ္က တစ္ဆစ္ဆစ္ အပ္နဲ႔ထိုးသလို ခံစားခ်က္ေၾကာင့့္ အသံေလးထြက္ကာ ညီးညဴးမိသြားသည္။သူမနဲ႔ ဖုန္းေျပာကတည္းက တစ္ဆစ္ဆစ္နဲ႔ နာက်င္ေနတာျဖစ္သည္။သူမစိတ္ပူေနမွာဆိုးလို႔သာ သူနာက်င္မႈကို သည္းခံေနတာျဖစ္သည္။
ဲ
"အ ဟာ အ"
"သခင္ေလး အစေႁၪၸရဲ႕လား ဘယ္လိုေနလို႔လဲ"
သူအား ေဆးျဖတ္ဖို႔ ပါးပါးငွားထားတဲ့ ဆရာဝန္ေလးက သူအေျခအေနအားေမးေနတာကိုပင္ သူစကားျပန္မေျပာႏိုင္ေသးေပ။ခနေလာက္ ေနေတာ့ ေဒါက္တာက ပါးစပ္ထဲ ေဆးထည့့္တိုက္လိုက္တာကို သူမွာ မနဲဲ ၿမိဳခ်ရသည္။
"သခင္ေလး စိတ္ကို နည္းနည္းေလ်ာ့ၿပီး အသက္ကို ျဖည္းျဖည္းခ်င္း႐ႈလိုက္ပါ ခနေနရင္ နာက်င္တာနည္းနည္းသက္သာသြားလိမ့္မယ္"
"အင္း"
မဟာ တကယ္လဲ ဆရာဝန္ေျပာသလို နည္းနည္းသက္သာလာသည္မို႔ စိတ္ကို ေအးေအးထားလိုက္သည္။တေန႔တာကို ဆရာဝန္ ၫႊန္ၾကားတာကို သူဂ႐ုစိုက္ လိုက္နာသည္။
"ဒါက သခင္ေလး ညဘက္ေသာက္ရမယ့္ေဆးပါ ခုက ညေနဘက္ေရာက္ေနၿပီမို႔ ညေနစာကို ေကာင္းေကာင္းစားၿပီးမွ ေသာက္ပါ"
"အင္း ေဒါက္တာလဲ ပင္ပန္းေနၿပီ နားလိုက္ပါအုံး"
"ဟုတ္ကဲ့ "
ေဒါက္တာ ထြက္သြားတာနဲ႔ သူေဆးအ႐ွိန္နဲ႔ အိပ္ခ်င္လာတာမို႔ ခနအိပ္လိုက္သည္။အိပ္မက ္ထဲမွာ သူမနဲ႔ အတူသူဟာ သူတို႔သားဝတ္စုံေလးကို ဝတ္ကာ မဂၤလာပြဲကို တူႏွစ္ကိုယ္ ဆင္ႏြဲေနၾကသည္။သူဟာ ျပဳံးေပ်ာ္႐ႊင္ေနၿပီး သူေဘးနားက အမ်ိဳးသမီးအား ျပဳံးကာ ၾကည့္ေနစဉ္ သူမဟာ ႐ုတ္တရက္ သူအနားမ႐ွိေတာ့ သူဟာ ခနေၾကာင္ေနရင္းမွ
သူမအားလိုက္႐ွာေတာ့ သူမဟာ သူအေဝးကိုသာ ေျပးေျပးေနသည္။သူေအာ္ရင္း သူမအား လိုက္ေလ သူမသည္ပိုေျပးေလျဖစ္သည္။
"ေမာင့္အသည္း ေမာင္ကို ထားမသြားရဘူး ျပန္လာခဲ့ ပါ ေမာင့္အသည္း"
တစ္ကိုယ္လုံး ေဇာေခြၽးမ်ားျပန္ကာ ေမာဟိုက္ေနရင္းမွ သူႏိုးလာခဲ့သည္။ေတာ္ပါေသးရဲ႕ သူ႕အခန္းထဲ အိပ္ေနရင္း အိပ္မက ္ဆိုးမက ္တာျဖစ္သည္။အိပ္မက ္ထဲမွာ သူမဟာ သူကို မလိုခ်င္တာေၾကာင့္ ထြက္ေျပးေနသည္။သူအရင္က ဒီလို အိမ္မက ္မ်ိဳး မမက ္ေပမဲ့ အခုမက ္တဲ့ အိမ္မက ္ဟာ သူအတြက္ စိတ္ကို မလုံျခဳံမႈကို ျဖစ္ေစသည္။ညဘက္ေရာက္ေနတာမို႔ ေရခ်ိဳးရန္ ေရခ်ိဳးခန္းထဲ ဝင္လာခဲ့သည္။မွန္ေ႐ွ႕မွာ ျမင္ေနရတဲ့ သူပုံစံမွာ အရင္လို မဟုတ္ပဲ မ်က္ကြင္းေတြ မဲၿပီး ေခ်ာင္ေနသည္။အသားအေရကလဲ အနည္းငယ္ ညစ္ႏြမ္းေနသည္မွာ နဂို အသားျဖဴတဲ့သူမို႔ ပိုသိသာသည္။ညေနစာကို သူစားၿပီးေတာ့ ဆရာဝန္က သူအေျခအေနကို ေမးျမန္းျပန္သည္။သူလဲ အိမ္မက္အေၾကာင္းကို ျပန္ေျပာျပၿပီး သူခံစားရတဲ့ေဝဒနာကို ေျပာျပလိုက္သည္။
"အဲဒါက ေဆးျဖတ္ရင္ ခံစားရတဲ့ လကၡဏာထဲမွာပါတယ္ သခင္ေလး ခုခံစားေနရတဲ့ အထိတ္တလန္႔ႏိုးလာရင္ ေခြၽးေဇာျပန္ၿပီး ေမာကာအသက္႐ႈမဝျဖစ္လိမ့္မယ္ ၿပီးေတာ့ စိတ္မလုံျခဳံမႈေတြ ခံစားရလိမ့့္မယ္ ဒါေၾကာင့္ ခုလို အိမ္မက္ဆိုးေတြမက ္တာ ျဖစ္တယ္"
"ေနာက္ဆိုရင္ ဒီထက္ ပိုဆိုးလာႏိုင္တာေပါ့"
"ဟုတ္ကဲ့ ခု သခင္ေလးက ေဆးကို ေတာင္းတတာကို ခံႏိုင္ရည္႐ွိေနတာက အားသာခ်က္ပဲ ဒါေပမဲ့ ခုခံႏိုင္ေသးေပမဲ့ ေနာက္အပတ္ထဲမွာေတာ့ ခံႏိုင္ရည္႐ွိဖို႔က ခုထက္လကၡဏာေတြ ပိုျပလာလိမ့္မယ္ "
"အင္း"
"အဲ အဆင့့္ေတြ ေက်ာ္ျဖတ္ႏိုင္ရင္း သခင္ေလး ေဆးလုံးဝျပတ္ၿပီ ဆက္ၿပီး အားတင္းပါသခင္ေလး ေအာင္ျမင္ဖို႔က သိပ္မေဝးေတာ့ပါဘူး"
ဆရာဝန္ရဲ႕ အားေပးစကားေၾကာင့္ သူအားတင္းလိုက္သည္။ၿပီးေတာ့သူအား ေစာင့္ေနမဲ့ သူမေၾကာင့္ေရာ သူအားတင္းမွ ရမည္။ထိုမေဝးေတာ့ အနာဂတ္မွာ သူမနဲ႔အတူ သာယာစြာ ေနထိုင္ဖို႔ သူနာက်င္ရရင္ေတာင္မွ သူသည္းခံရပါအုံးမည္။
စံလဲ ေမာင္နဲ႔ ဖုန္းအဆက္အသြယ္ ေကာင္းေကာင္းရေနတာမို႔ ေမာင္ကို မေတြ႕ရေပမဲ့ ေမာင္အသံေလးၾကားရလို႔ စိတ္ေအးရသည္။တစ္ခါတစ္ေလ သူမဖုန္းဆက္လို႔ ေမာင္ ေဆးေသာက္ၿပီး အိပ္ေပ်ာ္ေနခ်ိန္တိုးရင္ ေမာင့္ေဒါက္တာကိုင္ကာ ေမာင္အိပ္ေနေၾကာင္းနဲ႔ ေမာင္သက္သာေၾကာင္း ေျပာျပေလ့႐ွိသည္။ထိုအခါမွ ေမာင္က်န္းမာေရး ေကာင္းမေကာင္းကို ေဒါက္တာကို ေသခ်ာေမးရသည္သာ ေမာင္ကေတြ႕ခြင့္မေပးတာေၾကာင့့္ မဟုတ္ရင္သူမ အေျပးေလးသြားေတြ႕မိမွာပင္။ေမာင္က်န္းမာေအာင္ ဘုရားတရားလုပ္ရင္း ဆုေတာင္းေပးေနမိသည္။
တဖက္ မွာေတာ့ မဟာတစ္ေယာက္ ေဆးျဖတ္ခ်ိန္မွာ အခံစားရဆုံးလကၡဏာေတြျပလာသည္။စိတ္ေတြ ဆတ္ၿပီး ပစၥည္းေတြ ႐ိုက္ခြဲပစ္တာ တစ္ခါတစ္ေလ ေဆးကို အငမ္းမရ သုံးခ်င္လာၿပီး ကိုယ္ကိုကိုယ္ နာက်င္ေအာင္လုပ္မိတက္တာေၾကာင့္ သူ႕ရဲ႕ သက္ေတာ္ေစာင့္ေတြက ဆြဲရလြန္းလို႔ သူတို႔မွာလဲ ဒဏ္ရာဒဏ္ခ်က္ေတြၾကည့္ပဲ ျပည့္ေနသည္။သူစိတ္ေဖာက္လို႔ ေသာင္းက်န္းခ်ိန္ သူမဖုန္းဆက္လာရင္ ေဒါက္တာကိုသာ ေျပာခိုင္းရသည္မဟုတ္ရင္ သူနဲ႔အဆက္အသြယ္မရလို႔ သူမသူ႕စီ ေသခ်ာေပါက္ေရာက္လာလိမ္မည္သာ။တစ္ခါတစ္ခါ သူအေတြးေတြ လြန္ကာ ဘာမွ မလုပ္ခ်င္ေအာင္ စိတ္ဓာတ္ေတြက်လာသည္။အဲခါက် သူမွာ ေလာကႀကီးထဲက ထြက္ခ်င္စိတ္ေတာင္ ျဖစ္လာသည္။ထိုအခါမ်ိဳးဆိုရင္ သူမနဲ႔ ဖုန္းေျပာလိုက္တာနဲ႔ သူမွာ စိတ္ေတြ ျပန္လည္ကာ ေကာင္းမြန္လာျပန္သည္။ညဘက္ေတြဆို အိမ္မက္ဆိုးေတြမက္ၿပီး အၿမဲ ေမာပန္းစြာ ႏိုးလာတာေၾကာင့္ သူေကာင္းေကာင္း အိပ္မေပ်ာ္ပဲ သူမ်က္ကြင္းေတြက်ကာ ကိုယ္အေလးခ်ိန္က သိသိသာသာ က်ဆင္းလာသည္။တစ္ခါတစ္ေလ သူအေတြးေတြလြန္ကာ သူမသာ သူကို ထားသြားမယ္ဆိုရင္ဆိုၿပီး သူမအေပၚ သံသယေတြ ျဖစ္လာကာ ခ်က္ခ်င္း ဖုန္းဆက္ၿပီး သူမအား သူအားခ်စ္လားဟုေမးကာ သူအားထားမသြားဖို႔ ကတိေတြေတာင္းမိသည့့္အထိ သူစိတ္ေတြ ေဖာက္လာတက္သည္။ပါးပါးနဲ႔ သူ႕သူငယ္ခ်င္းေတြကေတာ့ သူ႕အား အၿမဲ လာၾကည့္ၾကသည္။
ေဆးျဖတ္တဲ့ အခက္ခဲဆုံးအခ်ိန္ေတြၿပီးတာနဲ႔ သူခံစားရတဲ့ ေဝဒနာေတြ နည္းနည္းသက္သာလာသည္။ခုဆို သူငယ္ခ်င္းႏွစ္ေယာက္သူ႕ျပန္လည္ထူေထာင္ေရးခ်ိန္ကို ေရာက္ေနတာေၾကာင့္ သူမပ်င္းရေတာ့။
မုန္တိုင္းနဲ႔ သူ႕တပည့္မင္းထက္ ေတာင္ႀကီးသို႔ေရာက္ေနတာ ၁လ နီးပါး႐ွိေနၿပီး သူတို႔အား ဘဝပ်က္ေအာင္ ပညာျပသြားတဲ့ ဟိုသုံးေကာင္ကို လာ႐ွာခ်င္းျဖစ္သည္။ သူျပန္လည္အေျခအေနေကာင္းလို႔ လက္စားေခ်မယ္ဆိုမွ ဒင္းးတို႔က အေရာင္းာင္းအဝယ္မလုပ္ပဲ ၿငိမ္ေနတာမို႔ သူလဲ ေစာင့္မေနပဲ ရန္သူနယ္ေျမထိလာခဲ့ခ်င္းျဖစ္သည္။သတင္းအေတာ္ စုံစမ္းခဲ့ရာမွ မဟာဆိုတဲ့ေကာင္က ေဆးျဖတ္ဖို႔ ေတာထဲက စံအိမ္မွာ ေရာက္ေနေၾကာင္း သိလိုက္ရတာမို႔ သူအတြက္ကေတာ့ မဟာ အခြင့္အေရးပင္ျဖစ္တာေၾကာင့္ သူတပည့္ မင္းထက္အပါအဝင္ ေနာက္ထက္ လူ၅ေယာက္သာ ေခၚၿပီး လုပ္ၾကံရန္ စံအိမ္ပတ္ဝန္းက်င္သို႔ ေရာက္ေနခ်င္းျဖစ္သည္။ည ၉နာရီ ေရာက္ေနၿပီမို႔ သူလူေတြကို အခ်က္ျပကာ အိမ္ထဲသို႔ ဝင္လာခဲ့သည္။ အခန္းေတာ္ေတာ္မ်ားမ်ားထဲမွ မဟာ အခန္းျဖစ္ႏိုင္ေခ်႐ွိတာကိုသာ လူစုခဲြၿပီး ႐ွာၾကသည္။
မဟာ အိပ္ရာမွ ႏိုးစဉ္ ေရေသာက္ဖို႔ ေရဘူးထဲေရမ႐ွိတာေၾကာင့္ ေရျဖည့္ရန္ တံခါးကို အသာလွည့္ၿပီး ထြက္ဖို႔လုပ္တုန္း ရိပ္ခနဲ ဝင္လာတဲ့ လက္သီးေၾကာင့္ သူျပန္လည္ကာ တိုက္ခိုက္လိုက္သည္။တိုက္ခိုက္ရင္း သူေသခ်ာၾကည့့္မိေတာ့ သူနဲ႔ရန္စ႐ွိတဲ့ မုန္တိုင္း
ျဖစ္ေနသည္။
မုန္တိုင္းလဲ မဟာနဲ႔ တိုက္ခိုက္ေနရင္း ေသနတ္လြတ္က်ၿပီး ဘယ္စီေရာက္မွန္းမသိတာေၾကာင့္ ခါးၾကားထဲက ဓါးေျမာင္ကိုသာ အသာဆြဲထုတ္လိုက္သည္။ၿပီးတာနဲ႔ မဟာဆိုတဲ့ေကာင္ကို ဝင္လုံးကာထိုးရန္ျပင္လိုက္သည္။
မဟာလဲ တစ္ဖက္က အားနဲ႔မာန္နဲ႔ တိုက္ခိုက္တာကို ခုခံအားက်ေနတာေၾကာင့္ သူမွာ မနဲဲေ႐ွာင္ကာ ခုခံေနရသည္ည္။ အျပင္ဘက္မွာလဲ ေသနတ္သံၾကားလိုက္ရတာေၾကာင့္ သူလူေတြနဲ႔ မုန္တိုင္းလူေတြ တိုက္ပြဲျဖစ္ေနမွန္းသိလိုက္သည္။
"မင္းက ေဆးျဖတ္ထားလို႔ အားနည္းေနတာကို သိပ္ၿပီး ခုခံမေနပါနဲ႔လား ငါမင္းကို ညႇင္ညႇင္သာသာ သတ္ေပးမွာပါ မင္းငါကို ခုခံေနလဲ အပိုပဲ"
"ေဟ့ေကာင္ ေလလုံးထြားမေနနဲ႔ ငါအခုအားနည္းေနလို႔ မဟုတ္ရင္ မင္းလိုေကာင္က ငါအတြက္ေတာ့ ၿပိဳင္ဘက္မဟုတ္ဘူးဆိုတာ သေဘာေပါက္ သင့့္တယ္"
"ဟား ဟား ေလလုံးထြားတာမင္းပဲ ျဖစ္မယ္ လူကေသေတာ့မယ္ အေျပာကမေလ်ာ့ပါလား ဟူး သနားစရာပဲ"
"ေသာက္ပိုေတြမေျပာပဲ လာစမ္းပါ"
မဟာ သူအလြန္ေမာပန္းေနေသာ္လဲ သူေသလို႔ မျဖစ္ေသးတာေၾကာင့့္ ေတာင့္ခံကာ သူအသက္ကို ကာကြယ္ရမည္။ပုံမွန္သာဆို မဟာအတြက္ေတာ့ မုန္တိုင္းဟာ သူ႕ၿပိဳင္ဘကမဟုတ္ေပ။မုန္တိုင္းဘက္က စတင္တိုက္ခို္က္တာနဲ႔ သူျပန္လည္တိုက္ခိုက္စဉ္ သူလက္ေမာင္းကို ဓါးသြားတစ္ခ်က္က ထိသြားသည့့္ ေနာက္ထက္ ထိုဓါးက ဝမ္းဗိုက္သို႔ ေရာက္လာတာမို႔ သူေ႐ႈာင္လိုက္ေသာ္လဲ အနည္းငယ္ ႐ွက္ထိသြားသည္။သူေခါင္းထဲ အနည္းငယ္ မူးေဝလာတာေၾကာင့္ အသိစိတ္မကင္းကြာင္းကြာေအာင္ သူႀကိဳးစားေနစဉ္ သူ႕ရဲ႕ သူငယ္ခ်င္းေတြျဖစ္တဲ့ ရန္ႏိုင္နဲ႔ခြန္ကေရာက္လာကာ မုန္တိုင္းေခါင္းကို ေသနတ္နဲ႔ခ်ိန္ထားသည္။သူလဲမက််သြားခင္
"မ သတ္ နဲ႔"
ေျပာၿပီး လဲက်ကာ အျမင္အာ႐ုံေတြေမွာင္မိုက္သြားသည္။
Moon Shine