ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြ...

By Greentealay-

1M 153K 7.6K

Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47... More

{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23•1}
{23.2}
{23.3}
{ 24}
{25}
{26}
{27}
{28}
{29}
{ 30 }
{31}
{32}
{34}
{33}
{35}
အဆက်
{36}
{37}
{38}
{39}
{40}
{41}
{42}
{အဆက်}
{43}
{44}
{45}
{46}
{47}
{48}
{49}
{50}
{51}
{52}
{53}
{54}
{55}
{56}
{57}
{58}
{59}
{60}
{61}
{61.1}
{62}
{62.1}
{63}
{64}
{65}
{66}
{67}
{68}
{69}
{ 70}
{71}
{72}
{73}
{74}
{75}
{76}
{77}
{78}
{79}
{80}
[81]
{82}
{83}
{83-1}
{84}
{85}
{86}
{86-1}
{87}
{88}
{89}
{90}
{92}
{93}
{94}
{95}
{96}
{97}
{98}
{99}
{100}
{ 101}
{102}
{103}
{104}
{105}
{106}
{107}
{108}
{109}
{110}
{111}
{112}
{113}
{114}
{115}
{ 116}
{117}
{119}
{120}
{121}
{118}
{122}
{123}
{124}
{123-2}
{125}
{126}
{127}
{128}
{128-2}
{129}
{130}
{131}
{132}
[133]
{134}
{135}
{136}
{137-1}
{137-2}
{138}
💙
{138}
{139}
💙
{140}
{141}
{142}
{143}
{144}
{145}
အဆက်
{146}
[147]
{148}
💙
{149}
{150}
အဆက်
{151}
အဆက်
{152}
{153}
{154}
{155}
{156}
{157}
{158}
{159}
{160}

{91}

4.1K 898 65
By Greentealay-

Unicode

လော့ယွီရှင်းလည်း အပြင်ရောက်တာနဲ့ တက္ကစီငှားပြီး ကားထဲဝင်ထိုင်လိုက်သည်။တကယ်တော့ သူ့ကားက ဘာမှမဖြစ်ပေ။အဲ့တုန်းက ချူချန်ရဲ့ကားထဲ ဝင်ဖို့ရဖို့ လိမ်လိုက်တာဖြစ်သည်။သူ့ကားကို မောင်းရင် သူ့အတွက် အန္တရာယ်ဖြစ်မှာဆိုပြီး ချူချန်ကို ပြောပြီးသွားပြီဖြစ်၍ အခုမှ ကားမောင်းလို့ရပါတယ် ပြောလိုက်ရင် ကိုယ့်တပ်ကိုင်ပြန်နင်းသလို မဖြစ်သွားပေဘူးလား။ထို့ကြောင့် လော့ယွီရှင်းမှာ ရွေးချယ်စရာမရှိဘဲ တက္ကစီငှားရတော့သည်။

ချူချန်မှာ သူ့နောက်လိုက်နေရင်း ဘယ်လိုလှည့်ကွက်တွေသုံးဦးမလဲကြည့်ချင်နေသည်။

လော့ယွီရှင်းသည် ပြည်သူ့ဆေးရုံရှေ့မှာ ကားထဲက ထွက်လိုက်ပြီး သူ့ကားဆီလာနေတာမြင်၍ ချူချန်ကလည်း သူ့ဘက်က ကားမှန်ကို ချပေးလိုက်သည်။

“အိုကေ။မင်းသွားလို့ရပြီ။ငါလိုက်မဝင်တော့ဘူး”

လော့ယွီရှင်းကချက်ချင်းပဲ အထူးတလည်ကျေးဇူးသိတတ်ပုံလေး ဟန်ဆောင်လိုက်ကာ-

“ဒီနေ့အတွက် ကျေးဇူးပါနော်။ကျွန်တော်တို့WeChatမှာအပ်လိုက်ကြမယ်လေ။ကျေးဇူးတင်တဲ့အနေနဲ့ စာအိတ်နီလေးလက်ဆောင်ပေးချင်လို့ပါ”

ချူချန်စိတ်ထဲ WeChatအပ်ဖို့ကတော့မဖြစ်နိုင်ဘူး၊ချစ်သူလေးပေါက်ကွဲသွားလိမ့်မယ်လို့ ကိုယ့်ဘာသာ‌တွေးလိုက်မိတယ်။သို့သော် လော့ယွီရှင်းရဲ့ အဆုံးစွန်ဆုံးရည်ရွယ်ချက်တွေကို သူသိချင်မိကာ နံပါတ်အတွဲလိုက်ကြီးရွတ်လိုက်ပြီး နွေးထွေးကြင်နာတတ်သော နိုင်ငံ့သားကောင်းသရုပ်ကို ဆက်ပုံဖော်နေလိုက်သည်။

“ဒါက ငါ့ဖုန်းနံပါတ်ပဲ။ရဲတွေဘက်က မျက်မြင်သက်သေလိုရင် ငါ့ကို ဆက်သွယ်လို့ရတယ်”

လော့ယွီရှင်းကမြန်မြန်ပဲဖုန်းဆွဲထုတ်ပြီး လိုက်မှတ်လေသည်။

သူမှတ်ပြီးတာနဲ့ ချူချန်ကတန်းမောင်းထွက်သွားသည်။လော့ယွီရှင်းသည် မောင်းထွက်သွားသောကားကိုကြည့်၍ မျက်မှောင်ကြုတ်ပြီးမှ ဖြည်းဖြည်းချင်းထွက်ခွာလိုက်သည်။ကံကောင်းလို့ ချူချန်ဖုန်းနံပါတ်ရလိုက်တာ။ဒါကို ပထမခြေလှမ်းအောင်မြင်တယ်လို့တော့ သတ်မှတ်လို့ရတာပဲလေ။

ချူချန်သည် လော့ယွီဆီကဖုန်းမလာခင်သုံးရက်စောင့်လိုက်ရ၏။

“ကျွန်တော်တောင်းပန်ပါတယ်နော်။အရင်နှစ်ရက်က အလုပ်တွေများနေလို့ပါ။ဟိုတစ်ခေါက်က ပြောခဲ့တဲ့အတိုင်း အလေးအနက်ထားပြီး ခင်ဗျားကို ကျေးဇူးတင်ချင်တာမို့ ခင်ဗျား ပိုက်ဆံလက်မခံချင်ဘူးဆိုရင် ကျွန်တော် ထမင်းဖိတ်ကျွေးရမလား။ဒါလည်း ကျွန်တော့်ရဲ့ ကျေးဇူးတင်မှုပါ”

ဘာကိုထမင်းဖိတ်ကျွေးရမလားလဲ? တကယ်ဆွံ့အတယ်! မင်းနဲ့ငါက ထမင်းလက်ဆုံစားလို့ရတဲ့ဆက်ဆံရေးလားပြော? ကျိချင်းကျိုး ပြန်ရောက်လာပြီး သိလို့ကတော့ အိမ်က စာပွဲတွေဘာတွေကို လှန်မှောက်ပစ်မှာ အသေအချာကိုပဲ။

“မလိုအပ်ပါဘူး”

“ခင်ဗျားကို ကျေးဇူးဆပ်ခွင့်လေးတော့ပေးရမယ်လေဗျာ”

လော့ယွီချင်းကသနားချင့်ဖွယ်ဟန်ဆောင်ကာ-

“မဟုတ်ရင် ကျွန်တော့်စိတ်ထဲမတင်မကျကြီးဖြစ်နေတော့မှာ...”

“တကယ်ပါပဲ....မင်းစိတ်နဲ့မင်းကိုယ် ငါနဲ့ဘာဆိုင်နေလို့လဲ? ဟမ်? မင်းအခုလုပ်နေတာကဘာလဲ? လူကျင့်ဝတ်တရားပြန်ပေးဆွဲမှုလားဘာလားဟ?”

သည်ခဏလော့ယွီရှင်းမှာ အထိတ်ထိတ်အပျာပျာဖြစ်သွားပြီးနောက်မှ တည်ငြိမ်စွာစကားစလိုက်သည်။

“အဲ့လိုမဟုတ်ပါဘူး....ကျွန်တော်က......ကျွန်တော်က ခင်ဗျားကို ကျေးဇူးတင်ချင်ရုံပါ”

‌ဟမ့်! ကျေးဇူးတင်ချင်တာက နည်းနည်း ငါ့ကို တွေ့ချင်တာက များများမလား? တကယ့်ကို ဟိုပြောင်းဒီလွှဲလုပ်တာတော်လွန်းပါဘိ။ဒါပေမယ့် သူကတော့ တကယ်ကို စိတ်ရှည်ခြင်းကင်မဲ့နေလေပြီ။

“မင်းကဒီလိုကြီး အတင်းအကျပ်ပြောနေမှတော့ ပိုက်ဆံပဲပေးပါ။ရဲရင့်ခြင်းအတွက် အမြင့်ဆုံးဆုက ဘာပါ့လိမ့်”

သူက လိုင်းပေါ်မှာ စစ်ကြည့်လိုက်ပြီး-

“အာ...ဒီမှာတော့ ယွမ်သုံးသောင်းထင်တယ်။ဒါဆို ယွမ်သုံးသောင်းပဲပေါ့။မင်းကို ငါ ကဒ်နံပါတ်ပေးလိုက်မယ်။အဲ့ထဲတန်းလွှဲပေးလိုက်ချည်”

လော့ယွီရှင်းမှာ သူအဲ့လိုပြောလိမ့်မယ်မထင်ထားခဲ့။ထို့ပြင် သူ့ပုံစံပါ ပြောင်းသွားသလို ခံစားလိုက်ရသည်။သူကတော့ အဲ့လိုမလုပ်ချင်သည့်အတွက် စကားလှသုံး၍ ပြောလိုက်လေသည်။

“ကျွန်တော်က လူချင်းတွေ့ပြီး ကျေးဇူးတင်ချင်တာ”

“ဒါတော့လွယ်လွယ်လေးပါ။မင်းငါ့ကို ချက်လက်မှတ်ပေးလိုက်။မဟုတ်ရင် ငွေလွှဲပေးလိုက်။ပြီးတာနဲ့ ကားပါကင်ကို လာပြီး ကျေးဇူးတင်စကားလာပြော။”

လော့ယွီရှင်း :.......

လက်ရှိအခြေအနေကသူ့အတွက်မကောင်းလှကြောင်းလော့ယွီရှင်းခံစားနေရသည်။သူ့မှာတော့ ချူချန်နဲ့သိခွင့်ရချင်၊အဆက်အသွယ်ရှိချင်ရုံနဲ့ ဒီလိုရှိုးတစ်ခုကို ခက်ခက်ခဲခဲလုပ်နေခဲ့တာမဟုတ်ပါလား။အခုချူချန်ကို ပိုက်ဆံလွှဲပေးလိုက်တာနဲ့ ဒီကိစ္စလည်း ပြီးပြီလေ။အဲ့တော့ သူဘာဆက်လုပ်သင့်လဲ? အမှတ်မထင်တွေ့တဲ့အခွင့်အရေးမျိုးထပ်ဖန်တီးသင့်သလား။

ဒုက္ခများလိုက်တာဟု လော့ယွီရှင်းတွေးလိုက်မိတယ်။

“ကျွန်တော်အခုလုပ်စရာလေးရှိသေးလို့ ချက်ချင်းကြီးခင်ဗျားကိုလာတွေ့ပြီး ချက်လက်မှတ်ပေးလို့မရဘူးမို့”

“ဪ ဒါဆို ငွေလွှဲလိုက်လေ”

ချူချန်ပြောလိုက်သည်။

“ငွေလွှဲဖို့အချိန်တော့ရှိမှာပါနော်။ငါ မင်းကို ကဒ်နံပါတ်တစ်ခုပို့ပေးလိုက်မယ်။အဲ့ထဲလွှဲပေးလိုက်။လူချင်းတွေ့ပြီး ကျေးဇူးတင်တာကတော့ နောက်နေ့တွေမှလုပ်လည်း နောက်မကျသေးပါဘူးနော့”

လော့ယွီရှင်း : ...

လော့ယွီရှင်းသည် ဆွံ့အနေသောစိတ်အခြေအနေအားဖိနှိပ်ရင်း....ဒါကြီးက သူထင်ထားတာနဲ့ မတူနေဘူးနော်။ဂုဏ်သရေရှိCEOတစ်ယောက်ဖြစ်တဲ့ ချူချန်က သူ့ပိုက်ဆံကို တပ်မက်တဲ့ ဆန္ဒရှိနေမယ်လို့ သူတစ်ခါမှကို မတွေးခဲ့ဖူးတာပါ။နံပါတ်ကလည်းအတိအကျ!
ဒါပေမယ့် ဒါကဇာတ်လမ်းအဆုံးသတ်ထား သူ ပိုက်ဆံမပေးလိုက်ရင် မမှန်မကန်လုပ်ရာကျလိမ့်မယ်။လက်ရှိအစီအစဉ်က ပထမဆုံးအကြိမ်တွေ့ဆုံခြင်းပြောင်းလဲသွားသော်ငြားသူတို့နှစ်ယောက် သဘာဝကျကျတွေ့ရဖို့ အခွင့်အရေးရှိဦးမှာပါ။အဲ့လိုသာဆို အနာဂတ်မှာတွေ့ရဖို့ အခွင့်အရေးတွေ တွန်းအားပေးဖန်တီးစရာလည်း မလိုတော့ဘူး။

“ကောင်းပါပြီ” လော့ယွီရှင်းပြန်ပြောလိုက်သည်။

ချူချန်ဘက်က ဘဏ်ကဒ်နံပါတ်အတွဲလိုက်ကြီး ပေးလိုက်ပြီး ဘဏ်ခွဲနာမည်ပို့ပေးလိုက်သည်။တအောင့်ကြာတော့ ယွမ်သုံးသောင်းရလာသည်။လော့ယွီရှင်းက သူ့ကိုမေး၏။

“ရောက်ပြီလား”

“အင်း” ထို့နောက် ချူချန်ကဖုန်းချသွားသည်။

လော့ယွီရှင်းသည် လက်ထဲမှ ဖုန်းကိုကြည့်၍ ရိုက်ကူးရေးပြီးတော့မဲ့အကြောင်းတွေးနေ၏။ရိုက်ကူးရေးသာပြီးသွားရင် ချူချန်နဲ့ ပိုကောင်းတဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ အချိန်ရှိလာမှာ။ချူချန်က ဖန်ယောင်ရွှမ်းနဲ့မတူ။ချူချန်မှာ စီးပွားရေးအင်အားလည်း ရှိသလို ပြောရေးဆိုခွင့်လည်း ရှိသည်။ထို့ပြင် သူကဖန်ယောင်ရွှမ်းထက်ပိုပြီး လွှတ်လပ်စွာနဲ့ အလေးမထားသလို နေသူဖြစ်၍ ဖန်ယောင်ရွှမ်းထက် ဆွဲဆောင်ဖို့ ပိုခက်နေလောက်တယ်။

သူဖုန်းချလိုက်ပြီး လက်ထောက်ကို လွှဲဖို့တောင်းဆိုလိုက်တဲ့ ယွမ်သုံးသောင်းအတွက်နှလုံးသားလေးနာကျင်နေမိတယ်။ငါးကြီးကြီးရဖို့ ငါးမျှားချိတ်ရှည်ရှည်ချလိုက်တယ်လို့ပဲ ကိုယ့်ကိုကိုယ်နှစ်သိမ့်လိုက်တော့သည်။

ချူချန်သည် ထိုင်ခုံပေါ်မှီရင်း ဖုန်းထဲမှ လော့ယွီရှင်းအခုလေးတင်လွှဲပေးလိုက်တဲ့ ယွမ်သုံးသောင်းအားကြည့်ရင်း ဘယ်လိုသုံးရမလဲ စဉ်းစားနေမိတယ်....သူ့အတွက်တော့ ဒီပမာဏက ဘာမှမဟုတ်တာနဲ့အတူတူပင်။ကျိချင်းကျိုးအတွက်တစ်ခုခုဝယ်ပေးချင်ပေမယ့် မလုပ်နိုင်ပြန်ဘူး။အဲ့တော့ သူဘာလုပ်ရမလဲ? ချူချန် တိတ်ဆိတ်စွာအကြာကြီး စဉ်းစားပြီးနောက် ပိုက်ဆံတွေက သူ့အတွက် အသုံးမဝင်ပေမယ့် ကျိချင်းကျိုးအတွက် အသုံးဝင်ကြောင်းတွေးမိသွားသည်!

ရန်သူဘက်ကသေနတ်နဲ့ရန်သူကိုပြန်သတ်တာထက်ဘာကပိုကောင်းနိုင်မှာလဲ? လောယွီရှင်းနဲ့ကျိချင်းကျိုးရဲ့ပရိတ်သတ်တွေက နေ့တိုင်း အင်တာနက်ပေါ်မှာ ငွေကြေးသုံးနိုင်တာနဲ့ပတ်သက်ပြီးပြဿနာတက်ကြသည်။ကျိချင်းကျိုးရဲ့မဂ္ဂဇင်းတွေက လော့ယွီရှင်းလောက်မရောင်းရ၍ လော့ယွီရှင်းပရိတ်သတ်တွေကလာလှောင်ကြသည်။ဒီပိုက်ဆံတွေနဲ့ ဖန်တွေ မဂ္ဂဇင်းနဲ့ ပစ္စည်းတွေဝယ်နိုင်အောင်သုံးလိုက်ရင် အကောင်းဆုံးပဲပေါ့။

အဲ့လိုတွေးပြီးတာနဲ့ ရှောက်ရုံဆီ ယွမ်သုံးသောင်းလွှဲပေးလိုက်သည်။

ရှောက်ရုံသည် ဘဏ်အကောင့်ထဲဝင်လာသည့်ငွေသုံးသောင်းရောက်ရှိကြောင်းသတိပေးစာအား ငေးကြောင်ကြောင်ကြည့်ရင်း ချူချန်ဆီဖုန်းဆက်လိုက်သည်။

“ဘာလို့ပိုက်ဆံလွှဲပေးတာလဲ? ပြီးတော့ နည်းနည်းလေး”

“မင်းအတွက်မဟုတ်ဘူး။မင်းကောင်မလေးအတွက်။ငါ့အစားသူ့ဆီလွှဲပေးစမ်းပါ”

ရှောက်ရုံခေါင်းထဲချက်ချင်းအေးခဲသွားသည်။

“အားချန်....မင်းကပြန်မဖြောင့်နိုင်တဲ့ခြင်ဆေးခွေနော်။ကိုယ့်ကိုကိုယ်သိတယ်မလား? မင်းနဲ့ကျင်းကျင်းကြားဘာရလဒ်မှရှိလာမှာမဟုတ်ဘူး”

ချူချန် : ........

“ယုံချင်ယုံမယုံချင်နေ!ငါအခုမင်းကိုသေအောင်ရိုက်ချင်နေပြီကွ! မင်း တစ်နေ့တစ်နေ့ ကိုယ့်ကိုကိုယ်ဘယ်လိုစိမ်းရမလဲပဲတွေးနေတာလား”

“ဒါဆို မင်းက ကျင်းကျင်းဆီဘာလို့ ပိုက်ဆံလွှဲပေးတာလဲ”

“ကျင်းကျင်းတို့အုပ်စုက ကျိချင်းကျိုးတွက် အဖွဲ့ထောင်ပေးထားတယ်မဟုတ်လား? မင်း ဒီပိုက်ဆံကို သူ့ဆီလွှဲပေးလိုက်ပြီး နောက်ပိုင်း ကြော်ငြာပစ္စည်းတွေ၊မဂ္ဂဇင်းတွေဝယ်ချင်ရင် ဒီထဲကသုံးဖို့ပြောလိုက်။အမြဲအိတ်ထဲကချည်စိုက်မနေနဲ့”

“အထူးသုံးဖို့အတွက် အထူးဘဏ္ဍာငွေ? မင်းချစ်သူလေးရဲ့ ပစ္စည်းတွေဝယ်ဖို့ ဘဏ္ဍာရေးစီမံခန့်ခွဲတဲ့တာဝန်ပါယူနေပြီလားကွအဟမ့်”

“ဒါ ငါ့ပိုက်ဆံမဟုတ်ဘူး။သူများဆီကအလကားရတာ။အလဟဿမဖြစ်ချင်လို့ မှန်မှန်ကန်ကန်အသုံးချနေတာ”

“ဘာအဓိပ္ပါယ်လဲကွ”

“ဘာမှမဟုတ်ဘူး။ကျင်းကျင်းကို ဒီပိုက်ဆံတွေတစ်ခြားမိသားစုက ပို့တာလို့ပြောလိုက်။ပြီးတော့ လိုသလိုသုံးလို့ရတယ်။ဒါပေမယ့် တစ်ခြားသူတွေကိုတော့ ဒီ‌အကြောင်းနဲ့ မပြောနဲ့လို့ပြောလိုက်”

“‌ အေးပါဟ ”

ချူချန်ဖုန်းချလိုက်ပြီးနောက် စိတ်လက်အေးချမ်းသွားပြီး ပျော်ရွှင်လာသည်။

သို့သော် သူ့ပျော်ရွှင်မှုများကတစ်နေမကုန်ခဲ့။ညနေဘက် ကျိချင်းကျိုး video call  ခေါ်လာသည့်အချိန် သူ လော့ယွီရှင်းကိုကယ်လိုက်ပြီး ဆေးရုံလိုက်ပို့ပေးတဲ့အကြောင်းကြားလိုက်ရပြီးနောက် ဒေါသတွေအကြီးအကျယ်ထွက်သွားကာ သွေအန်မတတ်ဖြစ်လုနီးပါ။

“သူ့!ကို! ကူ!ညီ!လိုက်!တယ်! ကျွန်တော့်ကားကိုလည်း ထိလုနီးပါးဖြစ်သွားတယ်!!!!! အဲ့ပြင် ဆေးရုံတောင် အတူတူလိုက်ပေးလိုက်တယ်!!!!!!!!!!!! အဲ့အပြင်ကိုမှ ဖုန်းနံပါတ်တောင်ပေးလိုက်သေးတယ်တဲ့!!!!!”

ကျိချင်းကျိုး သူ့ကိုကြည့်လိုက်ကာ-

“ခင်ဗျားဘယ်သူလဲ! ချူဟုန်ရှင်း! နံရံကြီးတစ်ခုလုံးကတောင် ခင်ဗျားနှလုံးသားကို မပိတ်ဆို့နိုင်တဲ့အထိ အရမ်းကျော်‌ချင်နေတယ်ပေါ့! ကျွန်တော့်ဆွဲကြိုးပြန်ပေးစမ်း!”

<အသွင်တူလို့အိမ်သူဖြစ်တာပါ။ပိုက်ဆံပြန်ပေး၊ဆွဲကြိုးပြန်ပေးနဲ့ မနောသားသမီးတွေကျလို့>

“အစက ကိုယ် သူမှန်းမသိခဲ့ဘူး” ချူချန်ကရှင်းပြလာပါသည်။

“အဟက်! သူရဲကောင်းကြီးက အလှလေးကို ကယ်ခဲ့တာဆိုတော့ အရမ်းမိမိုက်တာပဲမဟုတ်ပါလား”

“သူ့ကိုလှတယ်လို့ပြောနေတာလား? ကျိုးကျိုး....မင်းရဲ့အလှအပခံစားနိုင်စွမ်းက ထိုးကျလွန်းနေပြီ! မင်း ဒီလိုပဲဆက်ဖြစ်နေမယ်ဆို  မျက်စိပညာဌာနကိုသွားမှရတော့မယ်!”

ကျိချင်းကျိုးက လှောင်ရယ်သည်။

“သူ ကျွန်တော့်ကားထဲ ဝင်ခါနီးဖြစ်တဲ့အထိ ခင်ဗျားခွင့်ပြုပေးခဲ့တယ်!”

“မဝင်ခဲ့ပါဘူးကွာ။ထိတောင်မထိခဲ့ပါဘူး။သူကို အဝေးကနေပဲ လှမ်းကြည့်ခိုင်းပြီး မနာလိုအားကျတဲ့မျက်လုံးတွေနဲ့ မျက်ရည်တောက်တောက်ကျအောင် လုပ်ပေးလိုက်တာပါ”

“ဒါပေမယ့် ခင်ဗျား သူနဲ့ဆေးရုံအတူတူလိုက်သွားတယ်! ဖုန်းနံပါတ်လည်းပေးလိုက်သေးတယ်! ”

ကျိချင်းကျိုးက ဒေါသတကြီးဖြင့်-

“ခင်ဗျားဘာလို့သူနဲ့ဆေးရုံလိုက်သွားပေးတာလဲ? သူ့အတွက်ဘယ်လိုလူမို့လို့လဲ? ဖုန်းနံပါတ်တောင်ပေးလိုက်သေးတယ်ဆိုတော့ ဘာလဲ နောက်ပိုင်း တစ်တီတူးချစ်ကြည်နူးချင်သေးလို့လား?”

ကျိချင်းကျိုးမှာပြောလေလေ ဒေါသတွေထွက်လေလေဖြစ်ကာ ဖုန်းတစ်ဖက်က လူကို ခေါင်းအုံးနဲ့ ကောက်ပေါက်လိုက်သည်။

“ခင်ဗျား ကျွန်တော့်ကို ဒေါသထွက်အောင်လုပ်နေတာ!”

သူ့ပုံစံ‌ကိုကြည့်၍ ချူချန်တစ်ယောက် အမြန်ချော့ရပေတော့သည်။

“ဒေါသမထွက်ပါနဲ့။စိတ်လည်းမဆိုးပါနဲ့နော်။ကိုယ် သူနဲ့ ဘာမှမပတ်သက်ပါဘူး။သူ့ကိုပေးခဲ့တာက အလုပ်ဖုန်းကြီး။ကိုယ်ပိုင်ဖုန်းမဟုတ်ဘူး။တကယ်။သူရည်ရွယ်ချက်အစစ်အမှန်ကဘာလဲသိချင်ရုံပဲ။တကယ်တော့ သူက ကိုယ့်ကို ချည်းကပ်ချင်နေတာသိလား”

“ခင်ဗျားဆီမလာရင် ကျွန်‌တော့်ဆီလာတယ်။သူတစ်ခြားဘာလုပ်ချင်ရမှာလဲ”

ကျိချင်းကျိုး နှာခေါင်းရှုံ့လိုက်ပြီး

“ကျွန်တော်တို့ဆက်ဆံရေးကို သိနေတာဖြစ်မယ်....《ခါငှက်‌ကောင်းကင်》ကို ကျွန်တော် ဘာကြောင့်ရသွားတယ်ဆိုတာ သူသိပြီး ဖန်ယောင်ရွှမ်းက အားမကိုးရလို့ အထောက်အပံ့ပေးနိုင်မဲ့ ခင်ဗျားဆီ ခုန်ကူးလာတာဖြစ်မယ်။အဟွန်း! ခင်ဗျားကတော့ ဆေးရုံတောင် အတူတူလိုက်သွားပေးလိုက်သေးတယ်ဟမ်း! မနေ့က အရက်မူးပြီးကားမောင်းသွားတာမလား? အရက်မူးလွန်းနေလို့ တွေးခေါ်နိုင်စွမ်းမဲ့နေတာကို အကျိုးအကြောင်းတွေလာပြချင်သေးတာလား”

ကျိချင်းကျိုးတစ်ယောက် ဖုန်းမျက်နှာပြင်ထက်သို့ တကယ် သွေအန်းချလိုက်ချင်သလိုခံစားနေရသည်။

“ကျွန်တော် အရမ်းစိတ်ပျက်မိတယ် ပါး။ ခင်ဗျားက လူလိမ်ပဲလို့ သင်္ကာမကင်းဖြစ်နေပြီ! ဒါကသက်သေပဲလေ”

ချူချန်သည် ကျိချင်းကျိုးတစ်ယောက် အသီးမှည့်လေးလို ရဲမှည့်ပြီး မျက်နှာထားဆိုးဆိုးနှင့် ဒေါသထွက်နေသည်အား ရှားရှားပါးပါးတွေ့နေရခြင်းဖြစ်၍ ရင်ချင်စိတ်ဖြင့်ကြည့်နေပါသော်ငြား နောင်တလည်းရမိကာ ပွင့်ပွင့်လင်းလင်းရှင်းပြလိုက်သည်။

“ဟုတ်ပါပြီကွာ။မနေ့က သူဘာလုပ်ဦးမလဲသိချင်ပြီး ရှိုးကောင်းကောင်းလေးကြည့်ချင်ခဲ့တာကို ကိုယ့်ဝန်ခံပါတယ်။ဒါပေမယ့် အခုသိပြီးပြီဆိုတော့ နောက်တစ်ကြိမ် မရှိတော့ဘူး။ စိတ်မပူနဲ့တော့”

“ခင်ဗျားဘက်က နောက်တစ်ကြိမ်မရှိတာနဲ့ သူလည်းမရှိတော့ဘူးပေါ့။အခုဆို ခင်ဗျားဖုန်းနံပါတ်ရသွားလို့ တော်တော်ခရီးပေါက်သွားတာပဲလို့ တွေးနေလောက်ပြီ”

“အဲ့တော့ဘာဖြစ်လဲ။ကိုယ်သူ့ကိုအာရုံမရှိတာမို့ အနှောင့်ယှက်ပေးနေတာတွေရပ်ကောင်းရပ်သွားနိုင်တယ်မလား”

“နိုင်တယ်မလား?”

“ဒါဆို ကိုယ် ဖန်ယောင်ရွှမ်းကို မေးလိုက်မယ်။မင်းရဲ့ကြာပန်းဖြူက မင်းနောက်ကွယ်မှာဘာတွေလုပ်နေလဲ သိလားဆိုပြီး မေးလိုက်ရမလား”

ကျိချင်းကျိုးလည်း ကောင်းတယ်ထင်မိသည်။လော့ယွီရှင်းက ချူချန်ကို တမင်သက်သက်လိုက်ချိတ်နေကြောင်း ဖန်ယောင်ရွှမ်းသိသွားလို့ကတော့ ပေါက်ကွဲမှာ အသေအချာပဲ။ချူချန်အား ဖန်ယောင်ရွှမ်းဆီပြောပြလိုက်လို့ သူ့ပါးစပ်မှ ထွက်ခါနီးမှာပဲ အတွေးဝင်မိတာက ချူချန်ရဲ့စကားတွေကြောင့် သူတို့သုံးယောက်ရဲ့ ဝဲကယက်ထဲ ချူချန်ပါ ပါလာမလားဆိုတာပင်။

ကျိချင်းကျိုးတော့ ချူချန်ကို မပါဝင်စေချင်။စာအုပ်ကချမှတ်ထားတဲ့ ဇာတ်ကြောင်းအရ သူရယ် ဖန်ယောင်းရွှမ်းနဲ့လော့ယွီရှင်းတို့က မလွဲဧကန် ဇာတ်ရှုပ်ကြရမှာဖြစ်ပေမယ့် ချူချန်ကို ဆွဲမထည့်ချင်ဘူး။သူဘာနဲ့တူသလဲ ကိုယ့်ကိုကိုယ်သိသလို လော့ယွီရှင်းဘာနဲ့တူသလဲဆိုတာလည်း သိသည်။လော့ယွီရှင်းရဲ့ ဆွဲဆောင်မှုတွေမှာ ချူချန်မနစ်မြောသွားပါဘူးလို့ သူအာမမခံနိုင်ဘူးရယ်။သူမစွန့်စားချင်သလို စွန့်လည်းမစွန့်စားရဲပါ။

###################

စာရေးသူမှာပြောစရာရှိပါတယ် :

ချူချန် : လက်ဗလာနဲ့ ကျိုးကျိုးကို ထောက်ပံ့ဖို့ ယွမ်သုံးထောင်ရလာတယ်~~~

ချူချန် : ငါ့ကို ပိုက်ဆံပေးဖို့ တွန့်ဆုတ်မနေကြပါနဲ့။ငါက ချမ်းသာ၊ဖြူစင်ပြီး ဟန်ဆောင်ကင်းသူလေးဖြစ်ပေမယ့် ပိုက်ဆံကိုတော့ တကယ်လိုချင်ပါတယ်~~~~

ကျိုးကျိုး : အရင်က ခင်ဗျားပေးထားတဲ့ ပိုက်ဆံတွေ ကျွန်တော်ပြန်ဆပ်ချင်လို့.....

ချူချန် : ကိုယ်အဲ့လိုစကားတွေမကြားချင်ဘူး! ပြန်ရုတ်သိမ်းသွား!

ကျိုးကျိုး : ဒီနေ့ရဲ့ပါးပါးက ထောက်ပံ့မှုကို လက်မခံပြန်ပါ။

လော့ယွီရှင်း : နှစ်ထပ်ကွမ်းအောင်လံထူတာတွေများနေပြီဖြစ်ကြောင်း အစီရင်ခံပါတယ်!

💙
ဖတ်ပေး၊ voteပေး၊ comment ပေးတဲ့ သူတွေကို အရမ်းချစ်ရပါတယ်။ဒါမှန်သောစကားပဲ။သူတို့က ကျွန်မအတွက်အားဆေးလေးတွေပါ။ wattpadထဲဝင်ကြည့်လို့ ကျွန်မရေးထားတဲ့အပိုင်းမှာ အဲ့လို မန့်တွေ၊vote တွေမြင်ရရင် အားတက်လာရော။ ချစ်တယ်ရှင့် ❤️❤️❤️

ဒါပေမယ့် ပါချူကို ပြန်တဲ့ကိုယ်က မတော်လို့စိတ်ဓာတ်ကျမိတယ်။တစ်ချို့အပိုင်းတွေဆို comment ၉တဲ့😸တော်တော်ဆိုးဆိုး အခုအပိုင်းကိုးဆယ်ကျော်တာတောင် အဲ့လိုပါဆို😂။ ပြီးတော့ နွေးနွေးထွေးထွေးနေကြပါရှင့်။မိသားစုက တန်ဖိုးကြီးတာမို့ အားတဲ့အချိန်တိုင်း မိသားစုနဲ့ ပျော်ရွှင်ရွှင်ဖြတ်သန်းကြပါရှင့် စာရှည်သွားရပြီ🤗

########################

Zawgyi

ေလာ့ယြီ႐ွင္းလည္း အျပင္ေရာက္တာနဲ႔ တကၠစီငွားၿပီး ကားထဲဝင္ထိုင္လိုက္သည္။တကယ္ေတာ့ သူ႕ကားက ဘာမွမျဖစ္ေပ။အဲ့တုန္းက ခ်ဴခ်န္ရဲ႕ကားထဲ ဝင္ဖို႔ရဖို႔ လိမ္လိုက္တာျဖစ္သည္။သူ႕ကားကို ေမာင္းရင္ သူ႕အတြက္ အႏၲရာယ္ျဖစ္မွာဆိုၿပီး ခ်ဴခ်န္ကို ေျပာၿပီးသြားၿပီျဖစ္၍ အခုမွ ကားေမာင္းလို႔ရပါတယ္ ေျပာလိုက္ရင္ ကိုယ့္တပ္ကိုင္ျပန္နင္းသလို မျဖစ္သြားေပဘူးလား။ထို႔ေၾကာင့္ ေလာ့ယြီ႐ွင္းမွာ ေ႐ြးခ်ယ္စရာမ႐ွိဘဲ တကၠစီငွားရေတာ့သည္။

ခ်ဴခ်န္မွာ သူ႕ေနာက္လိုက္ေနရင္း ဘယ္လိုလွည့္ကြက္ေတြသုံးဦးမလဲၾကည့္ခ်င္ေနသည္။

ေလာ့ယြီ႐ွင္းသည္ ျပည္သူ႕ေဆး႐ုံေ႐ွ႕မွာ ကားထဲက ထြက္လိုက္ၿပီး သူ႕ကားဆီလာေနတာျမင္၍ ခ်ဴခ်န္ကလည္း သူ႕ဘက္က ကားမွန္ကို ခ်ေပးလိုက္သည္။

“အိုေက။မင္းသြားလို႔ရၿပီ။ငါလိုက္မဝင္ေတာ့ဘူး”

ေလာ့ယြီ႐ွင္းကခ်က္ခ်င္းပဲ အထူးတလည္ေက်းဇူးသိတတ္ပုံေလး ဟန္ေဆာင္လိုက္ကာ-

“ဒီေန႔အတြက္ ေက်းဇူးပါေနာ္။ကြၽန္ေတာ္တို႔WeChatမွာအပ္လိုက္ၾကမယ္ေလ။ေက်းဇူးတင္တဲ့အေနနဲ႔ စာအိတ္နီေလးလက္ေဆာင္ေပးခ်င္လို႔ပါ”

ခ်ဴခ်န္စိတ္ထဲ WeChatအပ္ဖို႔ကေတာ့မျဖစ္ႏိုင္ဘူး၊ခ်စ္သူေလးေပါက္ကြဲသြားလိမ့္မယ္လို႔ ကိုယ့္ဘာသာ‌ေတြးလိုက္မိတယ္။သို႔ေသာ္ ေလာ့ယြီ႐ွင္းရဲ႕ အဆုံးစြန္ဆုံးရည္႐ြယ္ခ်က္ေတြကို သူသိခ်င္မိကာ နံပါတ္အတြဲလိုက္ႀကီး႐ြတ္လိုက္ၿပီး ေႏြးေထြးၾကင္နာတတ္ေသာ ႏိုင္ငံ့သားေကာင္းသ႐ုပ္ကို ဆက္ပုံေဖာ္ေနလိုက္သည္။

“ဒါက ငါ့ဖုန္းနံပါတ္ပဲ။ရဲေတြဘက္က မ်က္ျမင္သက္ေသလိုရင္ ငါ့ကို ဆက္သြယ္လို႔ရတယ္”

ေလာ့ယြီ႐ွင္းကျမန္ျမန္ပဲဖုန္းဆြဲထုတ္ၿပီး လိုက္မွတ္ေလသည္။

သူမွတ္ၿပီးတာနဲ႔ ခ်ဴခ်န္ကတန္းေမာင္းထြက္သြားသည္။ေလာ့ယြီ႐ွင္းသည္ ေမာင္းထြက္သြားေသာကားကိုၾကည့္၍ မ်က္ေမွာင္ၾကဳတ္ၿပီးမွ ျဖည္းျဖည္းခ်င္းထြက္ခြာလိုက္သည္။ကံေကာင္းလို႔ ခ်ဴခ်န္ဖုန္းနံပါတ္ရလိုက္တာ။ဒါကို ပထမေျခလွမ္းေအာင္ျမင္တယ္လို႔ေတာ့ သတ္မွတ္လို႔ရတာပဲေလ။

ခ်ဴခ်န္သည္ ေလာ့ယြီဆီကဖုန္းမလာခင္သုံးရက္ေစာင့္လိုက္ရ၏။

“ကြၽန္ေတာ္ေတာင္းပန္ပါတယ္ေနာ္။အရင္ႏွစ္ရက္က အလုပ္ေတြမ်ားေနလို႔ပါ။ဟိုတစ္ေခါက္က ေျပာခဲ့တဲ့အတိုင္း အေလးအနက္ထားၿပီး ခင္ဗ်ားကို ေက်းဇူးတင္ခ်င္တာမို႔ ခင္ဗ်ား ပိုက္ဆံလက္မခံခ်င္ဘူးဆိုရင္ ကြၽန္ေတာ္ ထမင္းဖိတ္ေကြၽးရမလား။ဒါလည္း ကြၽန္ေတာ့္ရဲ႕ ေက်းဇူးတင္မႈပါ”

ဘာကိုထမင္းဖိတ္ေကြၽးရမလားလဲ? တကယ္ဆြံ႕အတယ္! မင္းနဲ႔ငါက ထမင္းလက္ဆုံစားလို႔ရတဲ့ဆက္ဆံေရးလားေျပာ? က်ိခ်င္းက်ိဳး ျပန္ေရာက္လာၿပီး သိလို႔ကေတာ့ အိမ္က စာပြဲေတြဘာေတြကို လွန္ေမွာက္ပစ္မွာ အေသအခ်ာကိုပဲ။

“မလိုအပ္ပါဘူး”

“ခင္ဗ်ားကို ေက်းဇူးဆပ္ခြင့္ေလးေတာ့ေပးရမယ္ေလဗ်ာ”

ေလာ့ယြီခ်င္းကသနားခ်င့္ဖြယ္ဟန္ေဆာင္ကာ-

“မဟုတ္ရင္ ကြၽန္ေတာ့္စိတ္ထဲမတင္မက်ႀကီးျဖစ္ေနေတာ့မွာ...”

“တကယ္ပါပဲ....မင္းစိတ္နဲ႔မင္းကိုယ္ ငါနဲ႔ဘာဆိုင္ေနလို႔လဲ? ဟမ္? မင္းအခုလုပ္ေနတာကဘာလဲ? လူက်င့္ဝတ္တရားျပန္ေပးဆြဲမႈလားဘာလားဟ?”

သည္ခဏေလာ့ယြီ႐ွင္းမွာ အထိတ္ထိတ္အပ်ာပ်ာျဖစ္သြားၿပီးေနာက္မွ တည္ၿငိမ္စြာစကားစလိုက္သည္။

“အဲ့လိုမဟုတ္ပါဘူး....ကြၽန္ေတာ္က......ကြၽန္ေတာ္က ခင္ဗ်ားကို ေက်းဇူးတင္ခ်င္႐ုံပါ”

‌ဟမ့္! ေက်းဇူးတင္ခ်င္တာက နည္းနည္း ငါ့ကို ေတြ႕ခ်င္တာက မ်ားမ်ားမလား? တကယ့္ကို ဟိုေျပာင္းဒီလႊဲလုပ္တာေတာ္လြန္းပါဘိ။ဒါေပမယ့္ သူကေတာ့ တကယ္ကို စိတ္႐ွည္ျခင္းကင္မဲ့ေနေလၿပီ။

“မင္းကဒီလိုႀကီး အတင္းအက်ပ္ေျပာေနမွေတာ့ ပိုက္ဆံပဲေပးပါ။ရဲရင့္ျခင္းအတြက္ အျမင့္ဆုံးဆုက ဘာပါ့လိမ့္”

သူက လိုင္းေပၚမွာ စစ္ၾကည့္လိုက္ၿပီး-

“အာ...ဒီမွာေတာ့ ယြမ္သုံးေသာင္းထင္တယ္။ဒါဆို ယြမ္သုံးေသာင္းပဲေပါ့။မင္းကို ငါ ကဒ္နံပါတ္ေပးလိုက္မယ္။အဲ့ထဲတန္းလႊဲေပးလိုက္ခ်ည္”

ေလာ့ယြီ႐ွင္းမွာ သူအဲ့လိုေျပာလိမ့္မယ္မထင္ထားခဲ့။ထို႔ျပင္ သူ႕ပုံစံပါ ေျပာင္းသြားသလို ခံစားလိုက္ရသည္။သူကေတာ့ အဲ့လိုမလုပ္ခ်င္သည့္အတြက္ စကားလွသုံး၍ ေျပာလိုက္ေလသည္။

“ကြၽန္ေတာ္က လူခ်င္းေတြ႕ၿပီး ေက်းဇူးတင္ခ်င္တာ”

“ဒါေတာ့လြယ္လြယ္ေလးပါ။မင္းငါ့ကို ခ်က္လက္မွတ္ေပးလိုက္။မဟုတ္ရင္ ေငြလႊဲေပးလိုက္။ၿပီးတာနဲ႔ ကားပါကင္ကို လာၿပီး ေက်းဇူးတင္စကားလာေျပာ။”

ေလာ့ယြီ႐ွင္း :.......

လက္႐ွိအေျခအေနကသူ႕အတြက္မေကာင္းလွေၾကာင္းေလာ့ယြီ႐ွင္းခံစားေနရသည္။သူ႕မွာေတာ့ ခ်ဴခ်န္နဲ႔သိခြင့္ရခ်င္၊အဆက္အသြယ္႐ွိခ်င္႐ုံနဲ႔ ဒီလို႐ိႈးတစ္ခုကို ခက္ခက္ခဲခဲလုပ္ေနခဲ့တာမဟုတ္ပါလား။အခုခ်ဴခ်န္ကို ပိုက္ဆံလႊဲေပးလိုက္တာနဲ႔ ဒီကိစၥလည္း ၿပီးၿပီေလ။အဲ့ေတာ့ သူဘာဆက္လုပ္သင့္လဲ? အမွတ္မထင္ေတြ႕တဲ့အခြင့္အေရးမ်ိဳးထပ္ဖန္တီးသင့္သလား။

ဒုကၡမ်ားလိုက္တာဟု ေလာ့ယြီ႐ွင္းေတြးလိုက္မိတယ္။

“ကြၽန္ေတာ္အခုလုပ္စရာေလး႐ွိေသးလို႔ ခ်က္ခ်င္းႀကီးခင္ဗ်ားကိုလာေတြ႕ၿပီး ခ်က္လက္မွတ္ေပးလို႔မရဘူးမို႔”

“ဪ ဒါဆို ေငြလႊဲလိုက္ေလ”

ခ်ဴခ်န္ေျပာလိုက္သည္။

“ေငြလႊဲဖို႔အခ်ိန္ေတာ့႐ွိမွာပါေနာ္။ငါ မင္းကို ကဒ္နံပါတ္တစ္ခုပို႔ေပးလိုက္မယ္။အဲ့ထဲလႊဲေပးလိုက္။လူခ်င္းေတြ႕ၿပီး ေက်းဇူးတင္တာကေတာ့ ေနာက္ေန႔ေတြမွလုပ္လည္း ေနာက္မက်ေသးပါဘူးေနာ့”

ေလာ့ယြီ႐ွင္း : ...

ေလာ့ယြီ႐ွင္းသည္ ဆြံ႕အေနေသာစိတ္အေျခအေနအားဖိႏွိပ္ရင္း....ဒါႀကီးက သူထင္ထားတာနဲ႔ မတူေနဘူးေနာ္။ဂုဏ္သေရ႐ွိCEOတစ္ေယာက္ျဖစ္တဲ့ ခ်ဴခ်န္က သူ႕ပိုက္ဆံကို တပ္မက္တဲ့ ဆႏၵ႐ွိေနမယ္လို႔ သူတစ္ခါမွကို မေတြးခဲ့ဖူးတာပါ။နံပါတ္ကလည္းအတိအက်!
ဒါေပမယ့္ ဒါကဇာတ္လမ္းအဆုံးသတ္ထား သူ ပိုက္ဆံမေပးလိုက္ရင္ မမွန္မကန္လုပ္ရာက်လိမ့္မယ္။လက္႐ွိအစီအစဥ္က ပထမဆုံးအႀကိမ္ေတြ႕ဆုံျခင္းေျပာင္းလဲသြားေသာ္ျငားသူတို႔ႏွစ္ေယာက္ သဘာဝက်က်ေတြ႕ရဖို႔ အခြင့္အေရး႐ွိဦးမွာပါ။အဲ့လိုသာဆို အနာဂတ္မွာေတြ႕ရဖို႔ အခြင့္အေရးေတြ တြန္းအားေပးဖန္တီးစရာလည္း မလိုေတာ့ဘူး။

“ေကာင္းပါၿပီ” ေလာ့ယြီ႐ွင္းျပန္ေျပာလိုက္သည္။

ခ်ဴခ်န္ဘက္က ဘဏ္ကဒ္နံပါတ္အတြဲလိုက္ႀကီး ေပးလိုက္ၿပီး ဘဏ္ခြဲနာမည္ပို႔ေပးလိုက္သည္။တေအာင့္ၾကာေတာ့ ယြမ္သုံးေသာင္းရလာသည္။ေလာ့ယြီ႐ွင္းက သူ႕ကိုေမး၏။

“ေရာက္ၿပီလား”

“အင္း” ထို႔ေနာက္ ခ်ဴခ်န္ကဖုန္းခ်သြားသည္။

ေလာ့ယြီ႐ွင္းသည္ လက္ထဲမွ ဖုန္းကိုၾကည့္၍ ႐ိုက္ကူးေရးၿပီးေတာ့မဲ့အေၾကာင္းေတြးေန၏။႐ိုက္ကူးေရးသာၿပီးသြားရင္ ခ်ဴခ်န္နဲ႔ ပိုေကာင္းတဲ့ ဆက္ဆံေရးတည္ေဆာက္ဖို႔ အခ်ိန္႐ွိလာမွာ။ခ်ဴခ်န္က ဖန္ေယာင္႐ႊမ္းနဲ႔မတူ။ခ်ဴခ်န္မွာ စီးပြားေရးအင္အားလည္း ႐ွိသလို ေျပာေရးဆိုခြင့္လည္း ႐ွိသည္။ထို႔ျပင္ သူကဖန္ေယာင္႐ႊမ္းထက္ပိုၿပီး လႊတ္လပ္စြာနဲ႔ အေလးမထားသလို ေနသူျဖစ္၍ ဖန္ေယာင္႐ႊမ္းထက္ ဆြဲေဆာင္ဖို႔ ပိုခက္ေနေလာက္တယ္။

သူဖုန္းခ်လိုက္ၿပီး လက္ေထာက္ကို လႊဲဖို႔ေတာင္းဆိုလိုက္တဲ့ ယြမ္သုံးေသာင္းအတြက္ႏွလုံးသားေလးနာက်င္ေနမိတယ္။ငါးႀကီးႀကီးရဖို႔ ငါးမွ်ားခ်ိတ္႐ွည္႐ွည္ခ်လိုက္တယ္လို႔ပဲ ကိုယ့္ကိုကိုယ္ႏွစ္သိမ့္လိုက္ေတာ့သည္။

ခ်ဴခ်န္သည္ ထိုင္ခုံေပၚမွီရင္း ဖုန္းထဲမွ ေလာ့ယြီ႐ွင္းအခုေလးတင္လႊဲေပးလိုက္တဲ့ ယြမ္သုံးေသာင္းအားၾကည့္ရင္း ဘယ္လိုသုံးရမလဲ စဥ္းစားေနမိတယ္....သူ႕အတြက္ေတာ့ ဒီပမာဏက ဘာမွမဟုတ္တာနဲ႔အတူတူပင္။က်ိခ်င္းက်ိဳးအတြက္တစ္ခုခုဝယ္ေပးခ်င္ေပမယ့္ မလုပ္ႏိုင္ျပန္ဘူး။အဲ့ေတာ့ သူဘာလုပ္ရမလဲ? ခ်ဴခ်န္ တိတ္ဆိတ္စြာအၾကာႀကီး စဥ္းစားၿပီးေနာက္ ပိုက္ဆံေတြက သူ႕အတြက္ အသုံးမဝင္ေပမယ့္ က်ိခ်င္းက်ိဳးအတြက္ အသုံးဝင္ေၾကာင္းေတြးမိသြားသည္!

ရန္သူဘက္ကေသနတ္နဲ႔ရန္သူကိုျပန္သတ္တာထက္ဘာကပိုေကာင္းႏိုင္မွာလဲ? ေလာယြီ႐ွင္းနဲ႔က်ိခ်င္းက်ိဳးရဲ႕ပရိတ္သတ္ေတြက ေန႔တိုင္း အင္တာနက္ေပၚမွာ ေငြေၾကးသုံးႏိုင္တာနဲ႔ပတ္သက္ၿပီးျပႆနာတက္ၾကသည္။က်ိခ်င္းက်ိဳးရဲ႕မဂၢဇင္းေတြက ေလာ့ယြီ႐ွင္းေလာက္မေရာင္းရ၍ ေလာ့ယြီ႐ွင္းပရိတ္သတ္ေတြကလာေလွာင္ၾကသည္။ဒီပိုက္ဆံေတြနဲ႔ ဖန္ေတြ မဂၢဇင္းနဲ႔ ပစၥည္းေတြဝယ္ႏိုင္ေအာင္သုံးလိုက္ရင္ အေကာင္းဆုံးပဲေပါ့။

အဲ့လိုေတြးၿပီးတာနဲ႔ ေ႐ွာက္႐ုံဆီ ယြမ္သုံးေသာင္းလႊဲေပးလိုက္သည္။

ေ႐ွာက္႐ုံသည္ ဘဏ္အေကာင့္ထဲဝင္လာသည့္ေငြသုံးေသာင္းေရာက္႐ွိေၾကာင္းသတိေပးစာအား ေငးေၾကာင္ေၾကာင္ၾကည့္ရင္း ခ်ဴခ်န္ဆီဖုန္းဆက္လိုက္သည္။

“ဘာလို႔ပိုက္ဆံလႊဲေပးတာလဲ? ၿပီးေတာ့ နည္းနည္းေလး”

“မင္းအတြက္မဟုတ္ဘူး။မင္းေကာင္မေလးအတြက္။ငါ့အစားသူ႕ဆီလႊဲေပးစမ္းပါ”

ေ႐ွာက္႐ုံေခါင္းထဲခ်က္ခ်င္းေအးခဲသြားသည္။

“အားခ်န္....မင္းကျပန္မေျဖာင့္ႏိုင္တဲ့ျခင္ေဆးေခြေနာ္။ကိုယ့္ကိုကိုယ္သိတယ္မလား? မင္းနဲ႔က်င္းက်င္းၾကားဘာရလဒ္မွ႐ွိလာမွာမဟုတ္ဘူး”

ခ်ဴခ်န္ : ........

“ယုံခ်င္ယုံမယုံခ်င္ေန!ငါအခုမင္းကိုေသေအာင္႐ိုက္ခ်င္ေနၿပီကြ! မင္း တစ္ေန႔တစ္ေန႔ ကိုယ့္ကိုကိုယ္ဘယ္လိုစိမ္းရမလဲပဲေတြးေနတာလား”

“ဒါဆို မင္းက က်င္းက်င္းဆီဘာလို႔ ပိုက္ဆံလႊဲေပးတာလဲ”

“က်င္းက်င္းတို႔အုပ္စုက က်ိခ်င္းက်ိဳးတြက္ အဖြဲ႕ေထာင္ေပးထားတယ္မဟုတ္လား? မင္း ဒီပိုက္ဆံကို သူ႕ဆီလႊဲေပးလိုက္ၿပီး ေနာက္ပိုင္း ေၾကာ္ျငာပစၥည္းေတြ၊မဂၢဇင္းေတြဝယ္ခ်င္ရင္ ဒီထဲကသုံးဖို႔ေျပာလိုက္။အၿမဲအိတ္ထဲကခ်ည္စိုက္မေနနဲ႔”

“အထူးသုံးဖို႔အတြက္ အထူးဘ႑ာေငြ? မင္းခ်စ္သူေလးရဲ႕ ပစၥည္းေတြဝယ္ဖို႔ ဘ႑ာေရးစီမံခန္႔ခြဲတဲ့တာဝန္ပါယူေနၿပီလားကြအဟမ့္”

“ဒါ ငါ့ပိုက္ဆံမဟုတ္ဘူး။သူမ်ားဆီကအလကားရတာ။အလဟႆမျဖစ္ခ်င္လို႔ မွန္မွန္ကန္ကန္အသုံးခ်ေနတာ”

“ဘာအဓိပၸါယ္လဲကြ”

“ဘာမွမဟုတ္ဘူး။က်င္းက်င္းကို ဒီပိုက္ဆံေတြတစ္ျခားမိသားစုက ပို႔တာလို႔ေျပာလိုက္။ၿပီးေတာ့ လိုသလိုသုံးလို႔ရတယ္။ဒါေပမယ့္ တစ္ျခားသူေတြကိုေတာ့ ဒီ‌အေၾကာင္းနဲ႔ မေျပာနဲ႔လို႔ေျပာလိုက္”

“‌ ေအးပါဟ ”

ခ်ဴခ်န္ဖုန္းခ်လိုက္ၿပီးေနာက္ စိတ္လက္ေအးခ်မ္းသြားၿပီး ေပ်ာ္႐ႊင္လာသည္။

သို႔ေသာ္ သူ႕ေပ်ာ္႐ႊင္မႈမ်ားကတစ္ေနမကုန္ခဲ့။ညေနဘက္ က်ိခ်င္းက်ိဳး video call  ေခၚလာသည့္အခ်ိန္ သူ ေလာ့ယြီ႐ွင္းကိုကယ္လိုက္ၿပီး ေဆး႐ုံလိုက္ပို႔ေပးတဲ့အေၾကာင္းၾကားလိုက္ရၿပီးေနာက္ ေဒါသေတြအႀကီးအက်ယ္ထြက္သြားကာ ေသြအန္မတတ္ျဖစ္လုနီးပါ။

“သူ႕!ကို! ကူ!ညီ!လိုက္!တယ္! ကြၽန္ေတာ့္ကားကိုလည္း ထိလုနီးပါးျဖစ္သြားတယ္!!!!! အဲ့ျပင္ ေဆး႐ုံေတာင္ အတူတူလိုက္ေပးလိုက္တယ္!!!!!!!!!!!! အဲ့အျပင္ကိုမွ ဖုန္းနံပါတ္ေတာင္ေပးလိုက္ေသးတယ္တဲ့!!!!!”

က်ိခ်င္းက်ိဳး သူ႕ကိုၾကည့္လိုက္ကာ-

“ခင္ဗ်ားဘယ္သူလဲ! ခ်ဴဟုန္႐ွင္း! နံရံႀကီးတစ္ခုလုံးကေတာင္ ခင္ဗ်ားႏွလုံးသားကို မပိတ္ဆို႔ႏိုင္တဲ့အထိ အရမ္းေက်ာ္‌ခ်င္ေနတယ္ေပါ့! ကြၽန္ေတာ့္ဆြဲႀကိဳးျပန္ေပးစမ္း!”

<အသြင္တူလို႔အိမ္သူျဖစ္တာပါ။ပိုက္ဆံျပန္ေပး၊ဆြဲႀကိဳးျပန္ေပးနဲ႔ မေနာသားသမီးေတြက်လို႔>

“အစက ကိုယ္ သူမွန္းမသိခဲ့ဘူး” ခ်ဴခ်န္က႐ွင္းျပလာပါသည္။

“အဟက္! သူရဲေကာင္းႀကီးက အလွေလးကို ကယ္ခဲ့တာဆိုေတာ့ အရမ္းမိမိုက္တာပဲမဟုတ္ပါလား”

“သူ႕ကိုလွတယ္လို႔ေျပာေနတာလား? က်ိဳးက်ိဳး....မင္းရဲ႕အလွအပခံစားႏိုင္စြမ္းက ထိုးက်လြန္းေနၿပီ! မင္း ဒီလိုပဲဆက္ျဖစ္ေနမယ္ဆို  မ်က္စိပညာဌာနကိုသြားမွရေတာ့မယ္!”

က်ိခ်င္းက်ိဳးက ေလွာင္ရယ္သည္။

“သူ ကြၽန္ေတာ့္ကားထဲ ဝင္ခါနီးျဖစ္တဲ့အထိ ခင္ဗ်ားခြင့္ျပဳေပးခဲ့တယ္!”

“မဝင္ခဲ့ပါဘူးကြာ။ထိေတာင္မထိခဲ့ပါဘူး။သူကို အေဝးကေနပဲ လွမ္းၾကည့္ခိုင္းၿပီး မနာလိုအားက်တဲ့မ်က္လုံးေတြနဲ႔ မ်က္ရည္ေတာက္ေတာက္က်ေအာင္ လုပ္ေပးလိုက္တာပါ”

“ဒါေပမယ့္ ခင္ဗ်ား သူနဲ႔ေဆး႐ုံအတူတူလိုက္သြားတယ္! ဖုန္းနံပါတ္လည္းေပးလိုက္ေသးတယ္! ”

က်ိခ်င္းက်ိဳးက ေဒါသတႀကီးျဖင့္-

“ခင္ဗ်ားဘာလို႔သူနဲ႔ေဆး႐ုံလိုက္သြားေပးတာလဲ? သူ႕အတြက္ဘယ္လိုလူမို႔လို႔လဲ? ဖုန္းနံပါတ္ေတာင္ေပးလိုက္ေသးတယ္ဆိုေတာ့ ဘာလဲ ေနာက္ပိုင္း တစ္တီတူးခ်စ္ၾကည္ႏူးခ်င္ေသးလို႔လား?”

က်ိခ်င္းက်ိဳးမွာေျပာေလေလ ေဒါသေတြထြက္ေလေလျဖစ္ကာ ဖုန္းတစ္ဖက္က လူကို ေခါင္းအုံးနဲ႔ ေကာက္ေပါက္လိုက္သည္။

“ခင္ဗ်ား ကြၽန္ေတာ့္ကို ေဒါသထြက္ေအာင္လုပ္ေနတာ!”

သူ႕ပုံစံ‌ကိုၾကည့္၍ ခ်ဴခ်န္တစ္ေယာက္ အျမန္ေခ်ာ့ရေပေတာ့သည္။

“ေဒါသမထြက္ပါနဲ႔။စိတ္လည္းမဆိုးပါနဲ႔ေနာ္။ကိုယ္ သူနဲ႔ ဘာမွမပတ္သက္ပါဘူး။သူ႕ကိုေပးခဲ့တာက အလုပ္ဖုန္းႀကီး။ကိုယ္ပိုင္ဖုန္းမဟုတ္ဘူး။တကယ္။သူရည္႐ြယ္ခ်က္အစစ္အမွန္ကဘာလဲသိခ်င္႐ုံပဲ။တကယ္ေတာ့ သူက ကိုယ့္ကို ခ်ည္းကပ္ခ်င္ေနတာသိလား”

“ခင္ဗ်ားဆီမလာရင္ ကြၽန္‌ေတာ္႕ဆီလာတယ္။သူတစ္ျခားဘာလုပ္ခ်င္ရမွာလဲ”

က်ိခ်င္းက်ိဳး ႏွာေခါင္း႐ႈံ႕လိုက္ၿပီး

“ကြၽန္ေတာ္တို႔ဆက္ဆံေရးကို သိေနတာျဖစ္မယ္....《ခါငွက္‌ေကာင္းကင္》ကို ကြၽန္ေတာ္ ဘာေၾကာင့္ရသြားတယ္ဆိုတာ သူသိၿပီး ဖန္ေယာင္႐ႊမ္းက အားမကိုးရလို႔ အေထာက္အပံ့ေပးႏိုင္မဲ့ ခင္ဗ်ားဆီ ခုန္ကူးလာတာျဖစ္မယ္။အဟြန္း! ခင္ဗ်ားကေတာ့ ေဆး႐ုံေတာင္ အတူတူလိုက္သြားေပးလိုက္ေသးတယ္ဟမ္း! မေန႔က အရက္မူးၿပီးကားေမာင္းသြားတာမလား? အရက္မူးလြန္းေနလို႔ ေတြးေခၚႏိုင္စြမ္းမဲ့ေနတာကို အက်ိဳးအေၾကာင္းေတြလာျပခ်င္ေသးတာလား”

က်ိခ်င္းက်ိဳးတစ္ေယာက္ ဖုန္းမ်က္ႏွာျပင္ထက္သို႔ တကယ္ ေသြအန္းခ်လိုက္ခ်င္သလိုခံစားေနရသည္။

“ကြၽန္ေတာ္ အရမ္းစိတ္ပ်က္မိတယ္ ပါး။ ခင္ဗ်ားက လူလိမ္ပဲလို႔ သကၤာမကင္းျဖစ္ေနၿပီ! ဒါကသက္ေသပဲေလ”

ခ်ဴခ်န္သည္ က်ိခ်င္းက်ိဳးတစ္ေယာက္ အသီးမွည့္ေလးလို ရဲမွည့္ၿပီး မ်က္ႏွာထားဆိုးဆိုးႏွင့္ ေဒါသထြက္ေနသည္အား ႐ွား႐ွားပါးပါးေတြ႕ေနရျခင္းျဖစ္၍ ရင္ခ်င္စိတ္ျဖင့္ၾကည့္ေနပါေသာ္ျငား ေနာင္တလည္းရမိကာ ပြင့္ပြင့္လင္းလင္း႐ွင္းျပလိုက္သည္။

“ဟုတ္ပါၿပီကြာ။မေန႔က သူဘာလုပ္ဦးမလဲသိခ်င္ၿပီး ႐ိႈးေကာင္းေကာင္းေလးၾကည့္ခ်င္ခဲ့တာကို ကိုယ့္ဝန္ခံပါတယ္။ဒါေပမယ့္ အခုသိၿပီးၿပီဆိုေတာ့ ေနာက္တစ္ႀကိမ္ မ႐ွိေတာ့ဘူး။ စိတ္မပူနဲ႔ေတာ့”

“ခင္ဗ်ားဘက္က ေနာက္တစ္ႀကိမ္မ႐ွိတာနဲ႔ သူလည္းမ႐ွိေတာ့ဘူးေပါ့။အခုဆို ခင္ဗ်ားဖုန္းနံပါတ္ရသြားလို႔ ေတာ္ေတာ္ခရီးေပါက္သြားတာပဲလို႔ ေတြးေနေလာက္ၿပီ”

“အဲ့ေတာ့ဘာျဖစ္လဲ။ကိုယ္သူ႕ကိုအာ႐ုံမ႐ွိတာမို႔ အေႏွာင့္ယွက္ေပးေနတာေတြရပ္ေကာင္းရပ္သြားႏိုင္တယ္မလား”

“ႏိုင္တယ္မလား?”

“ဒါဆို ကိုယ္ ဖန္ေယာင္႐ႊမ္းကို ေမးလိုက္မယ္။မင္းရဲ႕ၾကာပန္းျဖဴက မင္းေနာက္ကြယ္မွာဘာေတြလုပ္ေနလဲ သိလားဆိုၿပီး ေမးလိုက္ရမလား”

က်ိခ်င္းက်ိဳးလည္း ေကာင္းတယ္ထင္မိသည္။ေလာ့ယြီ႐ွင္းက ခ်ဴခ်န္ကို တမင္သက္သက္လိုက္ခ်ိတ္ေနေၾကာင္း ဖန္ေယာင္႐ႊမ္းသိသြားလို႔ကေတာ့ ေပါက္ကြဲမွာ အေသအခ်ာပဲ။ခ်ဴခ်န္အား ဖန္ေယာင္႐ႊမ္းဆီေျပာျပလိုက္လို႔ သူ႕ပါးစပ္မွ ထြက္ခါနီးမွာပဲ အေတြးဝင္မိတာက ခ်ဴခ်န္ရဲ႕စကားေတြေၾကာင့္ သူတို႔သုံးေယာက္ရဲ႕ ဝဲကယက္ထဲ ခ်ဴခ်န္ပါ ပါလာမလားဆိုတာပင္။

က်ိခ်င္းက်ိဳးေတာ့ ခ်ဴခ်န္ကို မပါဝင္ေစခ်င္။စာအုပ္ကခ်မွတ္ထားတဲ့ ဇာတ္ေၾကာင္းအရ သူရယ္ ဖန္ေယာင္း႐ႊမ္းနဲ႔ေလာ့ယြီ႐ွင္းတို႔က မလြဲဧကန္ ဇာတ္႐ႈပ္ၾကရမွာျဖစ္ေပမယ့္ ခ်ဴခ်န္ကို ဆြဲမထည့္ခ်င္ဘူး။သူဘာနဲ႔တူသလဲ ကိုယ့္ကိုကိုယ္သိသလို ေလာ့ယြီ႐ွင္းဘာနဲ႔တူသလဲဆိုတာလည္း သိသည္။ေလာ့ယြီ႐ွင္းရဲ႕ ဆြဲေဆာင္မႈေတြမွာ ခ်ဴခ်န္မနစ္ေျမာသြားပါဘူးလို႔ သူအာမမခံႏိုင္ဘူးရယ္။သူမစြန္႔စားခ်င္သလို စြန္႔လည္းမစြန္႔စားရဲပါ။

###################

စာေရးသူမွာေျပာစရာ႐ွိပါတယ္ :

ခ်ဴခ်န္ : လက္ဗလာနဲ႔ က်ိဳးက်ိဳးကို ေထာက္ပံ့ဖို႔ ယြမ္သုံးေထာင္ရလာတယ္~~~

ခ်ဴခ်န္ : ငါ့ကို ပိုက္ဆံေပးဖို႔ တြန္႔ဆုတ္မေနၾကပါနဲ႔။ငါက ခ်မ္းသာ၊ျဖဴစင္ၿပီး ဟန္ေဆာင္ကင္းသူေလးျဖစ္ေပမယ့္ ပိုက္ဆံကိုေတာ့ တကယ္လိုခ်င္ပါတယ္~~~~

က်ိဳးက်ိဳး : အရင္က ခင္ဗ်ားေပးထားတဲ့ ပိုက္ဆံေတြ ကြၽန္ေတာ္ျပန္ဆပ္ခ်င္လို႔.....

ခ်ဴခ်န္ : ကိုယ္အဲ့လိုစကားေတြမၾကားခ်င္ဘူး! ျပန္႐ုတ္သိမ္းသြား!

က်ိဳးက်ိဳး : ဒီေန႔ရဲ႕ပါးပါးက ေထာက္ပံ့မႈကို လက္မခံျပန္ပါ။

ေလာ့ယြီ႐ွင္း : ႏွစ္ထပ္ကြမ္းေအာင္လံထူတာေတြမ်ားေနၿပီျဖစ္ေၾကာင္း အစီရင္ခံပါတယ္!

💙
ဖတ္ေပး၊ voteေပး၊ comment ေပးတဲ့ သူေတြကို အရမ္းခ်စ္ရပါတယ္။ဒါမွန္ေသာစကားပဲ။သူတို႔က ကြၽန္မအတြက္အားေဆးေလးေတြပါ။ wattpadထဲဝင္ၾကည့္လို႔ ကြၽန္မေရးထားတဲ့အပိုင္းမွာ အဲ့လို မန္႔ေတြ၊vote ေတြျမင္ရရင္ အားတက္လာေရာ။ ခ်စ္တယ္႐ွင့္ ❤️❤️❤️

ဒါေပမယ့္ ပါခ်ဴကို ျပန္တဲ့ကိုယ္က မေတာ္လို႔စိတ္ဓာတ္က်မိတယ္။တစ္ခ်ိဳ႕အပိုင္းေတြဆို comment ၉တဲ့😸ေတာ္ေတာ္ဆိုးဆိုး အခုအပိုင္းကိုးဆယ္ေက်ာ္တာေတာင္ အဲ့လိုပါဆို😂။ ၿပီးေတာ့ ေႏြးေႏြးေထြးေထြးေနၾကပါ႐ွင့္။မိသားစုက တန္ဖိုးႀကီးတာမို႔ အားတဲ့အခ်ိန္တိုင္း မိသားစုနဲ႔ ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းၾကပါ႐ွင့္ စာ႐ွည္သြားရၿပီ🤗

########################

Continue Reading

You'll Also Like

177K 13.4K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
167K 17.4K 109
ဘာသာပြန်သူ - စွဲညို့အသင်း
986K 35.5K 42
🚨 ဒီ Fic မှာ Adult Scences တွေပါဝင်တာကြောင့် မကြိုက်တဲ့လူများရှောင်ဖို့ ကြိုတင်အသိပေးပါတယ်နော် 🚨 🚨 ဒီ Fic မွာ Adult Scences ေတြပါဝင္တာေၾကာင့္ မႀက...
697K 76.3K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.