Love or hate

By WuitYee5

10.5K 319 154

သိပ်ချစ်လွန်းလို့ပိုင်ဆိုင်ဖို့မောင်ကြိုးစားခဲ့တာကိုအတ္တကြီးတယ်လို့ဆိုချင်လဲဆိုနိုင်ပါတယ်အဝေး....တစ်ခုတော့သိထ... More

Characters' introduction
Chapter1(Unicode+Zawgyi)
Chapter2(Unicode+Zawgyi)
Chapter3(Unicode+Zawgyi)
Chapter-4(Unicode+Zawgyi)
Chapter- 5(Unicode+Zawgyi)
Chapter6(Unicode +Zawgyi)
Chapter7(Unicode+Zawgyi)
Chapter9(Unicode+Zawgyi)Spoiler
Chapter9(Unicode+Zawgyi)
Chapter10(Unicode+Zawgyi)
Chapter11(Unicode +Zawgyi)
Chapter12(Unicode+Zawgyi)
Chapter13(Unicode+Zawgyi)
Chapter14(Unicode+Zawgyi)
Chapter15(Unicode+Zawgyi)
Chapter16(Unicode+Zawgyi)
Chapter17(Unicode +Zawgyi)
Chapter18(Unicode +Zawgyi)
Chapter19(Unicode+Zawgyi)
Chapter20(Unicode+Zawgyi)
Chapter21(Unicode+Zawgyi)
Chapter22(Unicode+Zawgyi)
Spoiler alert!
Chapter23(Unicode+Zawgyi)
Chapter24(Unicode+Zawgyi)
Chapter25(Unicode+Zawgyi)
Chapter26(Unicode+Zawgyi)
Chapter27(Unicode+Zawgyi)
Chapter28(Unicode+Zawgyi)
Chapter29(Unicode+Zawgyi)
Chapter30(Unicode+Zawgyi)
Chapter31(Unicode+Zawgyi)
Upcoming! !
Chapter32(Unicode, Zawgyi)
Chapter33(Unicode+Zawgyi)
Chapter-34(Unicode+Zawgyi)Final(Part 1)
Chapter34(Unicode+Zawgyi)Final part 2

Chapter 8(Unicode +Zawgyi)

239 10 6
By WuitYee5

လွမ်းတယ်.....

အခုလိုတစ်ယောက်တည်းအားငယ်နေချိန်ဆိုအမကိုသိပ်လွမ်းတာဘဲ....

နောက်ပြီးတစ်ခါမှမတွေ့ဖူးတဲ့အဖေ့ကိုလဲလွမ်းမိတယ်....

နောက်တော့မောင်နဲ့ပတ်သက်ပြီးအမှတ်တရတွေအများကြီးရှိခဲ့တဲ့ပုဂံမြို့လေးကိုလဲလွမ်းမိသား...

ကိုယ့်ကိုနာကြင်အောင်နောက်ကျောဘက်ကနေထိုးစိုက်မဲ့ဓားမှန်းသိတောင်မောင်ကပေးတဲ့လက်ဆောင်ပဲမို့ကျေကျေနပ်နပ်ကြီးအပြုံးတွေနဲ့ခံယူခဲ့ပါတယ်မောင်....

တခါတလေများစဉ်းစားမိတယ်.....အချစ်အပေါ်မှာသစ္စာရှိလွန်းတဲ့မောင်ကဘဲမှားတာလား...မောင့်မှာပိုင်ရှင်ရှိမှန်းသိရက်နဲ့မျှော်လင့်ချက်အနည်းငယ်လေးဖြင့်ရူးရူးမိုက်မိုက်နဲ့ရှေ့ဆက်တိုးခဲ့မိတဲ့အဝေးဘဲမှားနေလားဆိုတာ......

မတွေးချင်ဘူးမောင်...ရင်ဘတ်ထဲကမောင့်အကြောင်းတွေးလိုက်တိုင်းတဆစ်ဆစ်နာလွန်းလို့.....

မကြားချင်ဘူးမောင်....မောင့်စီကနေအဝေးကိုတွန်းထုတ်ပြစ်နိုင်တဲ့ခါးသက်သက်စကားလုံးတွကို

မသိချင်ဘူးမောင်......မောင်နဲ့ဆူးဆိုတဲ့မိန်းကလေးရဲ့ပျော်ရွှင်စွာရယ်မောနေသံတွေကို.....

လျစ်လျူရှုဖို့ကြိုးစားမိပေမဲ့မောင်ဆိုတဲ့လူသားကအဝေးအတွက်မျက်ကွယ်မပြုနိုင်တဲ့လူသားဖြစ်တော့လဲအခက်သား...

အင်း....မောင့်ကိုမှမစွန့်ခွာနိုင်တော့လဲမောင်ပေးတဲ့ဒဏ်ရာလှလှလေးတွေကိုအပြုံးနဲ့ခံယုံပေါ့....

သက်သက်ညှာညှာတော့လုပ်ပါမောင်....ဒီတောသားရဲ့နှလုံးသားကလဲအသွေးနဲ့အသားနဲ့တည်ဆောက်ထားတာမို့...နာကြင်တတ်တယ်ဆိုတာတော့မောင်မမေ့ပါနဲ့....

စိတ်ချပါမောင်....မောင်မျှော်လင့်ထားတဲ့အတိုင်းမောင့်ဘေးနားမှာမောင်လိုချင်တဲ့အတိုင်းရင်နာနနဲ့မောင့်ရဲ့အရင်းနှီးဆုံးသောမိတ်ဆွေတစ်ယောက်အဖြစ်နေနိုင်ဖို့ကျုပ်ရဲ့မောင့်အပေါ်ထားတဲ့သစ္စာနဲ့မေတ္တာတရားတွေကိုကျုပ်ကိုယ်တိုင်ဘဲကျုပ်နှလုံးသားထဲမှာသော့ခတ်ပြီးအပြီးသိမ်းလိုက်ပြီမို့......

အဝေးသေမတတ်ခံစားနေရလဲမောင်ပျော်နေရင်ပြီးတာမို့...ကျေကျေနပ်နပ်ကြီးဘဲရင်ကါဲခံလိုက်ပါတယ်မောင်......

'ဟေး.....'

..............

'ဟေး..အဝေး.....!!'

နားနားကပ်ကာအော်လိုက်တော့မှလန့်ရတဲ့ကျုပ်အဖြစ်..

'အမလေး...ဘုရား......'

'ခုမှဘုရားတနေတယ်.....ခေါ်နေတာဖြင့်ကြာလှပြီ...ဟင်း....'

မျက်မှောင်ကလေးကျုံ့ကာမှင်သေသေနဲ့ပြောနေတဲ့မောင့်မျက်နှာကြောင့်အဝေးအလျှင်အမြန်ပင်မိမိ၏လက်တို့အားမောင့်မျက်နှာပေါ်အလုပ်ပေးမိသည်....

'အဝေး...မင်းဘာလုပ်နေတာလဲ...?'

'မောင့်ရဲ့မျက်ခုံးတန်းတွေကိုပြန်ဖြောင့်ပေးနေတာလေ.....ပြီးတော့သက်ပြင်းတွေခဏခဏမချပါနဲ့လား...'

'ဘာလို့လဲ...?'

'အမကပြောတယ်...သက်ပြင်းတစ်ခေါက်ချရင်အသက်တစ်ရက်တိုတယ်တဲ့..မောင့်ကိုအသက်အရှည်ကြီးနေစေချင်တယ်မောင်...ဖြစ်နိုင်ရဲ့မောင့်အတွက်အဝေးအသက်တွေတောင်ပေးချင်မိတယ်..'

'ဟမ်...'

'အာ..ဟို...ဘာမှမဟုတ်ပါဘူး.....မောင်..စီတ်မဆိုးနဲ့နော်..အဝေးကတခြားသဘောနဲ့ပြောတာမဟုတ်ပါဘူး..အဝေးက....'

'ထားတော့...ကျွန်တော်လဲစိတ်ထဲမထားတာမို့......'

'အင်း...ဒါနဲ့စောစောကမောင်ဘာပြောမလို့လဲဟင်....?'

'မင်းမပျင်းဘူးလားအဝေး....?'

'ဟင့်အင်း...မောင့်အရိပ်အောက်မှာနေရတာနဲ့တင်အဝေးရောင့်ရဲတင်းတိမ်တတ်ပါတယ်မောင်...'

'ဟူး...တကယ်ပါ...ခုဆိုမင်းစကားပြောရင်ကျွန်တော်ဘာကိုမှနားမလည်တော့ဘူး...'

'မောင်သာကျုပ်ရင်ထဲမြင်အောင်ကြည့်လေ...ကျုပ်ပြောတဲ့စကားလုံးတစ်လုံးချင်းစီကိုမောင်သေချာပေါက်အဓိပ္ပာယ်ဖွင့်နိုင်လိမ့်မယ်ထင်ပါ့...'

'ထားတော့.....ထားတော့..ဒဲ့ဘဲပြောတော့မယ်ဗျာ....'

'ဟုတ်..ပြောပါမောင်....'

'ညနေကြရင်မောင်ပွဲတစ်ခုကိုသွားရမယ်..အဲ့တာအဝေးအဖော်အဖြစ်လိုက်ခဲ့ပေးမလား...?'

'မောင်....မောင်ကအဝေးကိုလိုက်စေချင်ရဲ့လား...?'

'အင်း.....'

'ဒါဆိုအဝေးလိုက်ခဲ့ပါ့မယ်....'

'အင်း...ညနေ၆နာရီလောက်မောင်ပြန်လှည့်ခေါ်မယ်.....အဆင်သင့်လုပ်ထား...'

'ဟုတ်......'

'ခုတော့မောင့်ကိုအဝတ်ဝတ်ပေးဦး...ရေချိုးထားတော့ချမ်းနေပြီ...'

'အာ...ဟုတ်သား..ခဏနော်မောင်..အဝေးအဝတ်တွေထုတ်ပေးပြီးသား.....ဟီး.....မေ့နေတာ...'

'အင်း....ရတယ်....'

ခပ်ဟဟရယ်ရင်းမောင်ကသူ့လက်မှာတွဲလဲခိုနေတဲ့ရေစက်အချို့နဲ့အဝေးမျက်နှာပေါ်ခါချပြီးကျီစယ်ပြန်သည်......

'မောင်.....အေးတယ်လေ....'

'သိတယ်လေ...တမင်စချင်လို့စတာ....စိတ်မဆိုးဘူးလားအဝေး...?'

'မောင်ပျော်ရင်ပြီးတာမို့မောင်ဘာလုပ်လုပ်ကျုပ်အတွက်အဆင်ပြေတယ်မောင်....'

'.....ဟင်....'

'သဘောမပေါက်ပြန်ဘူးလား....?အဲ့တာတွေခဏထားပါဦး...မောင့်အဝေးကိုနည်းနည်းငုံ့ပေးဦးလေ....ကြယ်စိတပ်ပေးရဦးမယ်.....'

'အာ...အင်း...'

'တခါတလေကြမောင့်ကိုမနာလိုဖြစ်မိတယ်သိလား...?'

'ဘာလို့လဲ...?'

'အတေးဘာသာအဝေးဆိုယောကျ်ားဆန်တယ်လို့ထင်ခဲ့ရပေမဲ့အဲ့အတွေးတွေကမောင်နဲ့ယှဉ်လိုက်တော့အဝေးစီမှာရှိတဲ့ယောကျ်ားဆန်မှုတွေကဘာတစ်ခုမှမရှိတော့သလိုဘဲ.....အဲ့မောင့်ရဲ့စစ်စပတ်တွေ....အရပ်ကြီးတွေ....မောင့်ရဲ့နှုတ်ခမ်းမွှေးရေးရေးလေးတွေ..အဲ့တာတွေဘာလို့အဝေးမှာကြတစ်ခုမှမရှိရတာလဲ...?မောင်တို့မြို့ကြီးသားတွေကယောကျ်ားချင်းတူတောင်ဘာလို့တမူထူးနေရတာလဲ...'

နှုတ်ခမ်းလေးဆူကာပြောမိတော့မောင်ကအဝေဂရဲ့ပါးလေးတွေကိုခပ်ဖွဖွဆွဲပါတော့သည်.....

'အ့....မောင့်..နာတယ်လေဗျာ....'

'အဝေးကလဲ....ဟ..ဟား...မင်းမှာလဲမောင်တို့မြို့သားတွေမှာမရှိတဲ့အလှတရားလေးတစ်ခုရှိတယ်လေကွာ....'

'ဟမ်....ဘာများလဲ...?'

'ပုတုတုအရပ်ကလေးနဲ့အချိန်တိုင်းချစ်ဖို့ကောင်းနေတာလေ....'

'ဟာဗျာ...မောင်ကတော့နောက်ပြီ....ချစ်ဖို့ကောင်းရအောင်အဝေးကမိန်းမမှမဟုတ်ဘဲ.....'

'အဲ့တာတာ့မသိဘူး....မင်းကအမြဲတမ်းမောင့်မျက်လုံးထဲမှာချစ်ဖို့ကောင်းနေတော့လဲခက်သား...'

'အဟင်း...မောင့်ကိုတော့မပြောချင်တော့ပါဘူး....ကဲရပြီ...မောင်ဂွရှည်လေးဝတ်လိုက်ဦး...'

'ဘောင်းဘီ...ဘောင်းဘီလို့ဆို.....'

'အာ...အဲ..အဲ့တာလေးဝတ်လိက်နော်.....ဟီး.....ကျုပ်မောင့်အတွက်နေ့လည်ကြစားဖို့ထမင်းထုပ်လေးပြင်လိုက်ဦးမယ်.....'

'အင်း......ဖြေးဖြေးဆင်းဦး....'

'အင်းပါမောင်ရဲ့.....'

မောင့်ကိုနှုတ်ဆက်ကာအဝေးအိမ်အပေါ်ထပ်ကနေခပ်မှန်မှန်ခြေလှမ်းတွေနဲ့ဆင်းရင်းမီးဖိုထဲကိုခပ်သုတ်သုတ်လေးဝင်ခဲ့မိသည်....

ကြားခဲ့ဖူးတဲ့သီချင်းလေးတွေကိုတစ်ကြောင်းနှစ်ကြောင်းလောက်ကောက်ညည်းရင်းမောင့်အတွက်နေ့လည်စာထမင်းထုပ်လေးအားစိတ်ပါပါနဲ့ပြင်ပေးမိသည်.....

'အဝေးရေ.....'

ဧည့်ခန်းထဲကနေမောင့်အသံကိုကြားတာနဲ့အဝေးမပြေးရုံတမယ်မောင့်ရှိရာစီကိုထမင်းထုပ်လေးအားဆွဲရင်းအရောက်သွားမိသည်....

'မောင်ရေ.......'

'အဝေး...ဘာလို့ပြေးလာတာလဲ...?ချော်ချက်ကျမယ်လေ..ကြမ်းကကြွေပြားနဲ့ချော်ရချော်နဲ့ကွာ....'

'ခုဘာမှမှမဖြစ်တာဘဲမောင်ရယ်.....မောင်ကအလကားနေစိုးရိမ်နေပြန်ပါပြီ....'

'သတိဆိုတာပိုတယ်လိုတယ်မှမရှိဘဲအဝေးရယ်..သတိကပ်ထားတော့ပိုမကောင်းဘူးလား...?'

'အင်းပါ..အင်းပါဗျာ...အဝေးနောက်ခါကြသတိထားပါ့မယ်.....'

ထိုစကားတို့အားမောင့်မျက်နှာချောချောကိုကြည့်ကာတွန့်ချင်သယောင်ဖြစ်နေသောမောင့်ရဲ့အဝတ်တို့အား  အားနေသောလက်တစ်ဖက်နဲ့ပြင်ပေးရင်းပြောမိသည်...

'ရော့..ဒီမှာမောင်....မောင့်အတွက်နေ့လည်စာထမင်းချိုင့်လေး....'

စတီးချိုင့်သုံးဆင့်လေးအားလက်ကိုင်ပုဝါနဲ့ပတ်ကာသေချာလေးထုပ်ပိုးထားသောနေ့လည်စာလေးအားမောင့်လက်ထဲထည့်ပေးမိသည်...

'အဝေး.....'

'ဗျာ....'

'အရမ်းလိမ်မာတာဘဲကွာ...မသိရင်မောင့်မိန်းမလေးကျနေတာဘဲ.....'

'ဟမ်.....'

'အော်....တခြားသဘောနဲ့ပြောတာမဟုတ်ပါဘူး....ဒီတိုင်းလေး...'

'အဟင်း....ရပါတယ်.....မောင်သွားတော့လေ....အလုပ်နောက်ကျနေဦးမယ်.....'

'သွားမှာပါ..ဒါပေမဲ့တစ်ခုခုကျန်ခဲ့သလားလို့.....'

'ဘာများလဲမောင်....အဝေးထင်တာတော့အကုန်အစုံပါပြီထင်တယ်....ထမင်းချိုင်းရော...မောင့်အိတ်ရော....နောက်...ကားထဲမှာမောင့်စာရွက်အိတ်လေးရော...'

'မွ.....'

ရုတ်တရက်ကျွန်တော့်ပါးတစ်ဖက်ကိုနမ်းရှုတ်လိုက်တဲ့မောင်....

ရုတ်တရက်ဆိုတော့ကြောင်အအနဲ့မောင့်ကိုယ်ကိုအနောက်ကိုတွန်းပို့မိသည်အထိ....

'မောင့်...ဘာ..ဘာလုပ်တာလဲ...?'

'ဘာလဲ....ရှက်သွားတာလား..အဝေးလေး...?'

နားနားကိုကပ်ကာလေသံခပ်တိုးတိုးနဲ့ဆိုတော့တကိုယ်လုံးမှာရှိတဲ့အကျောတွေထောင်တက်သွားသလိုပင်...

'ဘာ..ဘာလို့ရုတ်တရက်...ကြီး.....'

'မသိဘူး....မွှေးမွှေးပေးချင်လာလို့...ဒီသနပ်ခါးလေးတွေနဲ့ပါးလေးကိုကြည့်ရင်းအသဲယားလာလို့လေ.....'

'ဒါ..ဒါပေမဲ့...'

'အဝေး...'

'ဟင်...'

'မကျေနပ်ဘူးလား...?'

'......ဗျာ......'

'မကျေနပ်ရင်မောင့်ကိုကလဲစားပြန်ချေလို့ရတယ်နော်....'

'က   လဲ့   စား....?'

'အဝေးကိုနမ်းသလိုမောင့်ပါးကိုလဲပြန်နမ်းလေ...ဘဲစားဘဲချေပေါ့..အဟက်ဟက်.....'

'ဟာဗျာ...မောင့်..ကလေးကလား...အကောင်းမှတ်လို့နားထောင်နေတာကို....တကယ်ပါဘဲ..သွားဗျာ..သွားတော့.....'

'အင်းပါ.....ဟားဟား...သွားတော့မယ်နော်...အတင်းကိုမောင့်ကိုတွန်းထုတ်တော့တာဘဲလား....?'

'သွားပါတော့ဆိုဗျာ.....'

'ဟုတ်ပါပြီ.....ညနေကြရင်သာစောင့်နေနော်...မောင်ဆက်ဆက်လာခေါ်မယ်....'

'ဟုတ်.....'

ခြံထဲကထွက်သွားတဲ့မောင့်ကားကိုကြည့်ပြီးအဝေးရင်ခုန်သံတွေကိုလွတ်လပ်စွာခုန်ပေါက်ခွင့်ပြုမိသည်...

တကယ်ပါ....မောင်ဟာဘီလူးလေးဘဲ....အဝေးကိုအမြဲတမ်းပြုစားလွန်းတဲ့မင်းသားခေါင်းစောင်းထားတဲ့ဘီလူးလေး.....

အခုန်မြန်နေတဲ့ရင်ဘတ်ကိုဖိရင်းစောနကလေးမှမောင့်နှုတ်ခမ်းတို့ခိုနားခဲ့ရာပါးပြင်ကိုခပ်ဖွဖွထိတွေ့မိသည်.......

တကယ်ကိုအိမ်မက်မဟုတ်ဘူးဘဲ.....

တကယ်တော့ကျွန်တော်ကျေးဇူးတင်သင့်တာဆူးဆိုတဲ့မိန်းကလေးဖြစ်လိမ့်မယ်ထင်ပါ့....

မောင်နဲ့သူမလက်ထပ်စာချုပ်မှာလက်မှတ်ထိုးပြီးတဲ့ညနေမှာဘဲသူမဟာနိုင်ငံခြားကိုအကြောင်းကိစ္စတစ်ခုကြောင့်အမြန်ပြန်သွားခဲ့တာခုဆိုနှစ်လနီးပါးရှိရောပေါ့.....

သူမလုပ်ပေးရမဲ့အရာမှန်သမျှကိုသူမအစားအဝေးလုပ်ပေးခွင့်ရနေတဲ့ကျွန်တော်သူမကိုကျေးဇူးတင်နေမိတာမမှားဘူးမလား.......

'အဝေး!!!'

'.......'

'တာရာဝေး...!!!!'

'ဗျာ.....အဲ..ဒေါ်ဒေါ်.....'

'အဲ့တာကငုတ်တုတ်သေနေပြန်တာလား....?'

'မ..မဟုတ်ပါဘူး...မောင့်ကိုလိုက်ပို့ပေးနေတာပါ...ခုဘဲမောင်ထွက်သွားတာလေဒေါ်ဒေါ်....'

'မေမေကြီးလို့ခေါ်လို့ပြောထားတယ်မလား.....?!!ဘာလဲ...ငါ့စကားကိုအရေးမလုပ်တာလား...?'

'မ..မဟုတ်ပါဘူး...အဝေး..မေ့သွားလို့ပါ.....'

'မပြောမဖြစ်လို့ပြောရဦးမယ်....မင်းကိုယ့်နေရာကိုကိုယ်တော့သိပါတယ်နော်....'

'ဘာကိုပြောတာလဲမေမေကြီး....?'

'မဟုတ်ပါဘူး...ငါ့သားကမင်းကိုအရမ်းပစားပေးတော့ကိုယ့်ဘဝကိုကိုယ်မေ့နေမှာစိုးလို့ပါ....မမေ့ပါနဲ့....မင်းခုရနေတဲ့အရာတွေကတကယ်တော့ခဏတာသာယာမှုတွေပါ....ပိုင်ရှင်အစစ်မလာခင်အထိတော့မင်းကငါ့သားရဲ့အစားထိုးခံသက်သက်တစ်ယောက်ဘဲ...စေတနာနဲ့သတိပေးတာပါ....နားလည်ပေးဖို့တော့မျှော်လင့်မိ....'

'ဟုတ်...ကျေးဇူးပါမေမေကြီး...အဝေးမှတ်ထားပါ့မယ်....'

'သွားလေ...ဘာရပ်နေတာလဲ..လုပ်စရာရှိတာသွားလုပ်....'

'ဟုတ်.....ဒါနဲ့..မေမေကြီး...အဝေးညနေကြရင်တော့အပြင်သွားဦးမယ်နော်...မောင်ကလာခေါ်မယ်ပြောထားလို့.....'

'အလုပ်သာပြီးအောင်လုပ်.....'

'ဟုတ်ကဲ့.....'

ဒီလိုနဲ့ဟိုလုပ်ဒီလုပ်နဲ့လုပ်လာလိုက်တာညနေ၅နာရီထိုးသွား‌တော့မှနာရီကိုကြည့်ပြီးသက်ပြင်းမောချမိသည်....

'၅ချက်တောင်ထိုးပြီဘဲ.....ရေချိုးပြိးပြင်ဆင်ထားဦးမှပါလေ...မဟုတ်ရင်မောင်စောင့်နေရလိမ့်မယ်....'

ကိုယ်ပေါ်ကနေတဒီးဒီးကျနေတဲ့ချွေးတွေကိုပုခုံးပေါ်လွှားထားတဲ့တပါတ်စုတ်လေးနဲ့သုတ်ရင်းရေချိုးခန်းထဲဝင်ကာရေချိုးပြီးမောင့်အဝတ်တွေနဲ့သူ့ရဲ့အဝတ်တွေကိုစုလျှော်မိသည်.....

ရေချိုးခန်းထဲကပြန်ထွက်လာချိန်နာရီကိုကြည့်မိတော့၅ချက်ထိုးပြီးခွဲတော့မယ်.....

ဒါကြောင့်ရေစိုဝတ်တွေကိုရေချိုးခန်းထဲကတန်းပေါ်ခပ်သက်သွက်လှမ်းတင်ရင်းအဝတ်အစားလဲခြင်းအမှုကိုခပ်သွက်သွက်လုပ်ရပြန်သည်.....

အဝေးစီမှာပါလာတဲ့အသစ်လွင်ဆုံးအဝတ်အစားတစ်စုံအားထုတ်ကာဝတ်ဆင်လိုက်ပြီးမျက်နှာပေါ်လိမ်းကျံနေကြသနပ်ခါးပါးပါးတို့အားလိမ်းချယ်မိသည်....

ပါးကွက်ခပ်ရေးရေးအားကွက်ကာရေကြောင့်ဖွာလန်ကျဲနေတဲ့ဆံပင်တို့အားသသံလွင်စီမွှေးမွှေးဖြင့်သပ်တင်မိသည်...

အားလုံးပြီးလို့မှန်ပေါ်ကြည့်မိတော့..အိုး...အကောင်းဆုံးဘဲ...

ကိုယ့်ဘာသာကိုယ်အမှတ်အပြည့်ပေးကာသဘောကျနေခိုက်ခြံထဲကဟွန်းတီးသံကြားတာကြောင့်အပြေးလေးတံခါးပေါက်နားထွက်ကြည့်မိတော့ကားထဲကနေလက်ပြနေတဲ့မောင်....

'လာပြီ...မောင်ရေ....'လို့အပေါ်ကနေလှမ်းအော်ရင်းမောင်ရှိရာစီအပြေးကလေးသွားမိသည်.....

ကားနားရောက်တော့မောင်ကကားရှေ့တံခါးဖွင့်ပေးတာကြောင့်ကားပေါ်ဝင်ထိုင်မိသည်....

'အဝေး....ဘာလို့ပုဆိုးနဲ့အပေါ်ကတိုက်ပုံကြီးဝတ်လာတာလဲ....?'

'ဟမ်...ဘာလို့လဲမောင်...?ကျုပ်လဲကျုပ်မှာရှိတာတွေထဲကအကောင်းဆုံးဘဲဝတ်လာလိုက်တာ...'

'ဟင်း....ခုသွားမှာကဇာတ်ပွဲမှမဟုတ်ဘဲအဝေးရာ..ကြည့်ပါဦး..မျက်နှာပေါ်မှာလဲလိမ်းထားတဲ့သေနပ်ခါးတွေကထင်းလို့....ဒီလိုပုံတုံးကြီးနဲ့လိုက်မလို့လား...?'

'ကျုပ်...ကျုပ်တို့ရွာမှာဆိုပွဲတွေဘာတွေရှိဒီလိုဘဲပြင်နေကြမို့ပါမောင်....မောင်အဆင်မပြေလို့လား...?မပြေရင်ကျုပ်.....သွားပြီး.....'

'နေတော့...သွားလဲလဲအချိန်မှမရတော့ဘဲ.....ကျွန်တော်ကိုကမှားတာပါ..ခင်ဗျားရွာကလာခဲ့မှန်းမေ့သွားတာ.....'

'အော်.......'

'ခင်ဗျားအဆင်ပြေရင်ပြီးတာဘဲ....ဒါပေမဲ့ဟိုကြကျွန်တော်နဲ့တော့အရမ်းမကပ်နဲ့ပေါ့...ခပ်လှမ်းလှမ်းမှာနေလေ..ရတယ်မို့လား..?'

'ရ..ရပါတယ်..မောင်....'

'အင်း...သွားမယ်....ခါးပတ်ပတ်....'

'ဟုတ်.....'

နာတယ်မောင်...ရင်ဘတ်ထဲကိုစူးအောင့်နေရော.....ကျုပ်လိုတောသားနဲ့တူတူသွားရမှာဆိုတော့မောင်ကရှက်နေပြီပေါ့လေ......

တောင်းပန်ပါတဘ်မောင်...ကျုပ်ကြောင့်မောင်စိတ်ရှုပ်ရပြီ.....

....

..........

'အဝေး.....ရောက်ပြီ....ဆင်းတော့.....'

'အင်း....'

'ကျုပ်နဲ့ခပ်လှမ်းလှမ်းမှာနေနော်....ကြားလား...?'

'ဟုတ်.....မောင်...အဝေးသိပါတယ်.....'

မောင်ခေါ်သွားတဲ့နေရာကြီးကအိမ််ကျယ်ကြီးတစ်ခုစီ......

အိမ်ကြီးကတော်တော်လေးကိုကြီးပြီးခမ်းနားလွန်းတယ်....နောက်ပြီး...ကန်လိုမျိုးတစ်ခုထဲမှာလဲယောကျ်ားမိန်းမပေါင်းစုံကအဝတ်အစားပါရုံတမယ်နဲ့ရေထဲမယ်ဆော့ကစားနေရော....တချို့ဆိုလူမြင်ကွင်းကြီးမှာဖြစ်ပျက်နေတာမြင်လို့ပင်မကောင်း.....

ကျွန်တော်အားလုံးကိုမျက်ကွယ်ပြုရင်းကျွန်တော့်အရှေ့မှာရှိနေတဲ့မောင့်ကျောပြင်ကျယ်ကိုသာအာရုံကိုပို့ထားမိသည်.....

'အ့......'

ရုတ်တရက်လမ်းလျှောက်နေတဲ့မောင်ကခြေလှမ်းတို့ရပ်တန့်ပြစ်လိုက်တာကြောင့်အဝေးရဲ့နဖူးနဲ့မိတ်ဆက်သွားရတဲ့မောင့်ရဲ့ကျောပြင်ကျယ်....

'အဝေး.....နာသွားလား...?'

'မနာပါဘူး....မောင်....'

'အင်း....ဟိုနားမှာသွားထိုင်နေနော်...စားစရာရှိတာတွေလဲဟိုကပန်းကန်နဲ့ယူစားချည်....ကြားလား...?'

'ဟို...မောင်....'

အဝေးဘာမှတောင်မပြောရခင်မောင်ကတော့အဝေးကိုထားပြီးထွက်သွားလေပြီ....

သို့ပေမဲ့ဘာမှပြောမနေတော့ဘဲမောင်ညွှန်ပြရာထောင့်ကျကျစားပွဲလေးထံသွားထိုင်နေမိသည်....

မီးရောင်စုံတွေအောက်မျက်စိတွေနောက်...အနံ့အသက်စုံလွန်းလှတဲ့လူတွေကြားခေါင်းတွေမူးပြီးအသက်ရှူတွေကြပ်မိပေမဲ့မောင့်စကားကိုမလွန်ဆန်ချင်တာကြောင့်နေရာကနေတဖဝါးမှမခွာဘဲပေကပ်ကပ်ထိုင်နေမိသည်.....

'ဟိုင်း........'

'.........'

'ဟေး.....အညိုစင်လေး...စကားမပြောတတ်ဘူးလား...?'

'.........ခင်ဗျားကကျုပ်ကိုသိလို့လား...?'

'.....မသိပါဘူး...ဒါပေမဲ့ခုအကြောင်းသိချင်လို့လာမိတ်ဆက်တာလေ...ခင်လို့ရတဘ်မဟုတ်လား....?'

'ခင်ချင်တယ်....ကျုပ်ကို?'

'အင်း.....ရတယ်မဟုတ်လား...?'

'ရပါတယ်.....ကျုပ်ကခင်တတ်ပါတယ်.....'

'အာ...ဟုတ်ပါပြီ....မင်းကတမျိုးလေးဘဲနော်....ထူးထူးဆန်းဆန်းလေး....ပုံစံကတုံးနေပေမဲ့ချစ်ဖို့တော့ကောင်းသား......သနပ်ခါးဖွေးဖွေးလေးနဲ့ပါးပြင်လေးတွေကလဲနမ်းချင်စရာလေး.....'

တဖြည်းဖြည်းထိုသူကပြောရင်းနဲ့အနားတိုးကပ်လာချိန်ကျွန်တော်လဲအနောက်ကိုဆုတ်မိသည်.....

'အဝေး!!!!!!'

'မော..‌ေ..မာင်.....'

'ဒီကိုလာစမ်း....!!'

'ဗျာ.....'

'လာလို့ပြောနေတာမကြားသေးဘူးလား...!!!!'

'ဟုတ်....လာ..လာပါပြီမောင်......'

အနားရောက်လာတဲ့သူ့ကိုကျွန်တော့်နောက်ကျောဘက်တွန်းပွန့်လိုက်ပြီးအရှေ့ကလူကိုဒေါသထွက်စွာစူးစိုက်ကြည့်မိသည်.....

'ဟိန်းစက်!!မင်းဒါဘာလုပ်တာလဲ...?ဘောင်လာမကျော်လာနဲ့နော်...'

'အိုး...တစ်ယောက်တည်းထိုင်နေတာပျင်းမှာစိုးလို့အဖော်လာလုပ်ပေးတာပါ..နှမြောစရာကမင်းကဝင်ဖျက်လိုက်တာဘဲ...မဟုတ်ရင်...ငါ...နဲ့..သူ...ဒီညတော့....'

'မင်းစောက်ပါးစပ်ကိုပိတ်ထားနော်...!!'

'မောင်...တော်ပါတော့...မောင်....'

'အဟားဟား..အပျော်ကိုအပျက်ဖြစ်အောင်မလုပ်တော့ပါဘူး...ဒီနေ့တော့ငါမင်းကိုအကြောပေးလိုက်မယ်...နောက်ခါကြဆက်ဆက်တွေ့ကြတာပေါ့.....နောက်ပြီး....သေချာသိမ်းထားနိုင်ရင်သိမ်းပေါ့ကွာ....အေး...ခြံခုန်ပြိးအပြင်ထွက်လာရင်တော့ဒီကျားကဥပုသ်စောင့်နိုင်မယ်မထင်ဘူး....'

'မင်း!!!'

'မောင့်.....တော်တော့...'

'ဟားဟားဟား.....သွားပြီ....'

ထိုလူထွက်သွားတော့မောင်ကအဝေးပုခုံးကိုဆုပ်ကိုင်ကာဒေါသတကြီးကြည့်လာတော့သည်....

'အဝေး....စောနကဘာလုပ်နေတာလဲ?!!'

'သူ..သူကခင်ချင်တယ်ပြောလို့စကားပြောရုံပါမောင်...'

'မင်းမကန်းဘူးဆိုသူမင်းကိုနမ်းဖို့လုပ်နေတာမမြင်ဘူးလား!!!'

'မ..မဟုတ်လောက်ပါဘူးမောင်ရယ်.....'

'ဘာလို့လာငြင်းနေတာလဲ..မင်းတို့ဖြစ်ပျက်နေတာကိုမမြင်ရအောင်ငါအလုံးကန်းမနေဘူး.....!!ဘာလဲ....ငါ့ကွယ်ရာမှငါ့ခွင့်ပြုချက်မရှိဘဲထပ်ဖောက်ပြန်နေတာလား...?Daddyနဲ့မဖြစ်နိုင်တော့ငါ...ငါကငြင်းလိုက်တော့နောက်တစ်ယောက်ကိုသွားရှာတာလား...?!!ဟက်....အပေါစားဆန်လိုက်တာ...'

'မောင်.....ကျုပ်ဘာတွေများလုပ်နေလို့ခုလိုမျိုးပြောရတာလဲ...အဝေးမောင်ပြောသလိုဘဲထိုင်နေတာလေ...တခြားဘာဆိုဘာမှမလုပ်ဘူး.....မောင့်စကားတွေလန်မလာနဲ့....'

'မင်း.....ကျစ်....ပွဲထဲမှာမလို့နော်....!!'

'မောင်ရေ......မောင်....'

အဝေးနဲ့အခြေအတင်စကားပြောနေတဲ့မောင်ကစင်ပေါ်ကခေါ်သံကြားတော့လှည့်ကြည့်ပြီးတမဟုတ်ချင်းကိုပြုံးလို့....

နှုတ်ခမ်းထက်ကလဲခပ်ဖွဖွလေးရွတ်လိုက်တာက'ဆူး'တဲ့

သူမ....သူမပြန်ရောက်လာပြီလား....?

မောင်ကအဝေးလက်တွေကိုပင်လွှတ်ကာသူမရှိရာစီသို့သွားနေလေရဲ့...စင်ပေါ်ကသူမကလဲမောင့်ကိုလက်ကမ်းပေးနေရော......

နောက်ဆုံးအဝေးမပိုင်ဆိုင်ရတဲ့ရင်ခွင်ထဲမှာသူမကနေရာယူလို့.....

'အရမ်းချစ်တယ်မောင်....'

'မောင်လဲအရမ်းချစ်တယ်ဆူး......လွမ်းနေခဲ့တာ....'

'ဟွန့်..သွား....လူဆိုး....ရှက်စရာကြီး...လူကြားထဲမှာမိုက်ခ်နဲ့အော်ပြောနေတယ်....'

အောက်ကလူအုပ်ကြီးကတော့တဝိုးဝိုးတဝါးဝါးနဲ့ပေါ့.....အဝေးကလွဲလို့.....

'နမ်းပါ..နမ်းပါ....!!!'

နောက်ဆုံးတော့မောင့်ရဲ့နှုတ်ခမ်းတို့ဟာသူမရဲ့နှုတ်ခမ်းပါးစီသို့ခိုနားခဲ့ပြီ.....

မမြင်ရက်စွာကျွန်တော်အကြည့်လွှဲမိပေမဲ့ကျွန်တော်လှည့်ရာဘက်တွင်ရှိနေသောဖန်သားပြင်ထက်မှာလဲမောင်နဲ့ဆူးတို့ရဲ့ပုံရိပ်ဟာထင်ဟပ်ဆဲ....

'မောင်..ဒီနေရာမှာကျုပ်အငွေ့ပျံသွားရင်လဲကောင်းသားဘဲနော်...ဟင့်..ခုတော့မောင့်ကြောင့်နဲ့ကျုပ်နှလုံးသားလေးနာကြင်ရတာ၄၆ကြိမ်ရှိပြီဗျ့...အင့်....'

မျက်ခမ်းစပ်ကထွက်ကျခါစပြုနေတဲ့မျက်ရည်စတွေကိုလက်ဖမိုးနဲ့ခပ်မြန်မြန်ဖိသုတ်မိသည်..........

စိတ်ချပါမောင်..မောင့်ရှေံတွင်တော့ကျုပ်သန်မာအောင်နေပါ့မယ်.....ဟန်ဆောင်တာလဲဖြစ်ကောင်းဖြစ်နိုင်ပေမဲ့လို့ပေါ့..ဒါပေမဲ့...မောင့်ကွယ်ရာမှာတော့အဝေးငိုခွင့်ရှိတယ်မလားမောင်...........

.........

..................

ခဏကြာတော့မောင်ကသူမခါးကိုဖက်ပြီးအဝေးစီကိုလာလေရဲ့.....

'အဝေး.....ဒီမှာကြည့်ပါဦး...'

'ဟဲလိုအကို....long time no see.....အာ...မေ့လို့....Eလိုတွေပြောနေတာ....sorryနော်.....အဟင်း....မတွေ့တာကြာပြီ...'

'ဟုတ်ကဲ့.....'

'မောင်ရေ..ပျော်ရဲ့လား..?ခုလိုsurpriseတိုက်လိုက်တာ....'

'ဆူးကလဲ..မပျော်ဘဲနေမလား..?ပျော်တာပေါ့..ဒါပေမဲ့ဆူးလာမယ်ဆိုတဲ့အကြောင်းမောင့်ကိုတော့အရိပ်အမွက်လေးတော့ပြောပြသင့်တဘ်လေဗျာ....'

'မောင့်ကိုsurpriseတိုက်ချင်လို့ပါဆို..ဟွန့်....'

'ဟုတ်ပါပြီကွာ..အဟင်း..ဒါနဲ့အဝေး.....မောင်ဟိုဘက်ကမောင့်သူငယ်ချင်းတွေစီခဏသွားဦးမယ်...ဆူးကိုခဏအပ်ခဲ့မယ်နော်....သေချာကြည့်ပေးလိုက်ဦး...'

'ဗျာ...'

'စိတ်မပူပါနဲ့မောင်ရယ်..ဆူးအကိုနဲ့နေခဲ့မယ်..သွားသွား...'

'အင်း....အဝေး..မောင်သွားမယ်နော်....'

'ဟုတ်မောင်....'

မောင်ထွက်သွားတာကိုလိုက်ငေးနေတုန်းမှာဘဲကျါန်တော့်အရှေ့ကိုကာရပ်လိုက်တဲ့သူမ....

'အမိ...ဘာလုပ်တာလဲ..?'

'ကျွန်မယောကျ်ားကိုစိတ်နဲ့ပြစ်မှားနေမှာစိုးလို့ကာကွယ်နေတာလေ......'

'ကျုပ်က....'

'အိုး...ရှင်းပြမနေနဲ့..ရှင်ကျါန်မယောကျ်ားကိုကြောင်တောင်နှိုက်နေတယ်ဆိုတာအားလုံးသိပြီးသား..အေး...အိမ်မက်ကနေခုနိုးထဖို့ပြောချင်တယ်....စိတ်ကူးလဲသိပ်ယဉ်မနေနဲ့ဦး...ရူးသွားဦးမယ်....'

'ဟင်....'

'လာ....မောင်ကရှင့်ကိုကျွန်မခိုင်းတာလုပ်ပေးဖို့ပြောခဲ့တာမလား...ဗိုက်ဆာနေပြီ....သွား....တစ်ခုခုသွားယူပေး....'

'ဟို...ကျုပ်...'

'သွားလေ...ဘာရပ်နေတာလဲ....?မုန့်ယူခိုင်းနေတယ်မလား....?'

'ဟင်း......ကျုပ်ကဘာမုန့်ယူလာခဲ့ရမလဲ...?ခင်ဗျားမှဘာမှမပြောဘဲ...'

'အဆင်ပြေတာယူခဲ့.....ကော်ဖီရောနော်...fried vermicelliရောဘဲ'

'အင်း...'

'ကျစ်...မြန်မြန်....ဗိုက်ဆာနေပြီ...'

ကျုပ်ကိုကျွန်တစ်ယောက်လိုခိုင်းစေမှန်းသိပါတဘ္...ဒါပေမဲ့အဝေးမငြင်းရက်ခဲ့ဘူး...

မောင့်ရဲ့ချစ်ရတဲ့သူခိုင်းစေတာဘဲ..ကြည်ကြည်ဖြူဖူနဲ့လုပ်ပေးရတာပေါ့...

တဆိတ်မောင်.....

မောင်သိဖို့ပါ.....

ငါဆိုတာမောင်ချစ်တဲ့သူကိုလံမောင့်လိုဘဲချစ်ပေးနိုင်ပါတဘ်....ရင်အကွဲခံပြီးတော့ပေါ့......

ဒါတွေကိုတနေ့ကြမောင်နားလည်ရင်တော့ကောင်းသား.....

တွေးဆဆနဲ့ပင်ကျွန်တော်မုန့်တွေတင်ထားတဲ့စားပွဲနားကိုရောက်ခဲ့ရတော့သည်.....

မုန့်တွေကများလွန်းလို့ဘာတေါဘယ်လိုယူရမှန်းလဲကျုပ်ခေါင်းတွေကိုက်လာရသည်အထိ....

ဘူးလိုလိုတွေထဲမှာဇွန်းအကြီးကြီးတွေတပ်ပြီးထည့်ထားတာတွေလဲစုံလို့...ဘယ်ကနေဘယ်လိုစခပ်ရမလဲလဲမသိ.....

တခြားသူတွေထည့်နေတာကိုကြည့်ပြီးလိုက်ထည့်ပြီးကော်ဖီကိုလိုက်ရှာရပြန်သည်....

Englishလိုတွေနဲ့ရေးထားတာမှန်ပေမဲ့ဘဘ်ဟာကဘာမှန်းမသိ.....နောက်သူပြောလိုက်တဲ့ဘာစီလီဆိုလား...အဲ့တာကလဲဘယ်လိုရှာရမှာလဲ.....

'ဟဲ့....ကြာလှချည်လား....ဗိုက်ဆာပါတယ်ဆိုနေမှ......'

'အမိ....ကျုပ်..ကျုပ်အမိပြောတဲ့ဟာရှာမတွေ့လို့....'

'ဘာလဲ...?!!'

'ကော်ဖီလေ....နောက်ဘာစီလီလဲ...အဲ့တာ....'

'နင်ကန်းနေလား...ဒီမှာc....o...f...f....e..e...ကော်ဖီတဲ့..မြင်လား.....နောက်ပြီး...fried vermicelli.....ကြာဇံကြော်လေ..ဒီမှာ.....အလုံးကသူများလင်ပြစ်မှားဖို့ဘဲတတ်လား...!!!'

သူမအော်လိုက်တာကြောင့်ဘေးနားကလူတွေကအဝေးတို့ကိုကွက်ကြည့်ကွက်ကြည့်နဲ့လှည့်ကြည့်လာတော့သည်....

ယောကျ်ားလေးဆိုပေမဲ့ကျွန်တော်လဲရှက်တတ်တာကြောင့်သူမကိုအသံလျှော့ဖို့ပြောပေမဲ့မာသထက်မာလာတဲ့သူမအသံကအားလုံးရဲ့အာရုံစိုက်မှုကိုဆွဲယူထားသယောင်....

'အမိ.....တော်..တော်ပါတော့....'

'မတော်ပါဘူး....နင်မှစောက်သုံးမကျတာ....!!!'

'အဲ့လိုမပြောပါနဲ့..ကျုပ်လဲအတတ်နိုင်ဆုံးကြိုးစားခဲ့ပါသေးတယ်...'

'ဘာကိုကြိုးစားတာလဲ....!!'

'တောင်းပန်ပါတယ်...မ..မအော်ပါနြံ...ကျုပ်...ကျုပ်ရှက်လို့ပါ....'

'ခုလိုမဖြစ်ချင်ရင်အစကတည်းကသေချာလက်ကြောတင်းအောင်လုပ်လေ.....'

'အင့်.....တောင်း....ပန်..ပါတယ်......ကျုပ်...ကျုပ်....ကျုပ်စာ..စာမဖတ်တတ်လို့....'

'အေး.....နင်လိုတောသားကတောမှာမနေဘဲမြို့တက်လာတော့ခုလိုဖြစ်ပြီပေါ့....ကျစ်.....တောမှာသာလယ်စိုက်စားလဲနင်စာမတတ်တာဘဘ်သူမှဒုက္ခမရောက်ဘူး...ခုတော့နင့်ကြောင့်ငါကလူဆိုးကြီးကိုဖြစ်လို့...'

'.....တော်...ပါ....တော့....ဟင့်......'

'ဒါကဘာတွေဖြစ်နေကြတာ......?'

'မောင်...လာ...မပြောချင်တော့ဘူး....နည်းည်းလေးအော်မိတာကိုခုတော့ဘောကျ်ားတန်မဲ့နဲ့မျက်ရည်ကျပြနေလေရဲ့...ဆူးတော့စိတ်ညစ်တယ်သိလား....ဗိုက်ဆာလို့မုန့်လေးယူခိုင်းတာက်ုအဖြစ်ရှိအောင်ယူမလာနိုင်ဘူး...'

'ဟင်း...ကဲ.....သွားတော့...ကားပေါ်သွားထိုင်နေနော်....မောင်မင်းကိုတစ်ခုခုဝယ်ကြွေးမယ်....'

'ဒါဆိုလဲပြီးရော....'

သူမထွက်သွားတော့မှမောင်ကကျွန်တော့်လက်ကိုဆွဲကာအိမ်ကြီးထဲကထွက်လာခဲ့တော့သည်....

'အဝေး...မင်းကဘာဖြစ်ရတာလဲ...?'

'ဘာ..ဘာမှ..အင့်..မဖြစ်ပါ...ဘူး....ဟင့်...'

'ဘာမှမဖြစ်ဘူးဆိုဘာလို့ငိုနေရတာလဲ..?မင်းဆူးနဲ့သင့်မြတ်အောင်လေးနေမပေးနိုင်ဘူးလားကွာ.....သူလဲမင်းကိုအော်ချင်လို့အော်တာမှမဟုတ်ဘဲ....ခရီးပန်းလာတာရောဗိုက်ဆာတာရောကြောင့်စိတ်တွေရှုပ်ပြီးအောလိုက်တာကိုမင်းကယောကျ်ားတန်မဲ့ငိုရလား...?'

'ကျုပ်မှားတာပါမောင်ရယ်...အင့်...ကျုပ်.....ကျုပ်စိတ်မ...ကောင်း....လွန်းလို့......ပါ....အဲ့တာကြောင့်...အင့်..ငိုမိတာပါ....'

'ထားတော့....မျက်ရည်တွေခုသုတ်....လာ...ပြန်မယ်.....'

'အင့်..ဟုတ်....'

အပြန်ကြတော့မောင့်ရဲ့ဘေးကခုံမှာဆူးဆိုတဲ့မိန်းကလေးကဟန်ကျကျထိုင်နေလေရဲ့....

မေမေကြီးပြောတဲ့စကားကမှန်တယ်ထင်ပါရဲ့...သူမမရောက်လာခင်တုန်းကထိုင်ခဲ့ရတဲ့ခုံလေးကခုတော့ပိုင်ရှင်အစစ်ပြန်လာတော့အဝေးဖယ်ပေးရပီဲလေ.....အစားထိုးခံဖြစ်ရတဲ့ဘဝကတကယ်တော့ရင်နာဖို့ကောင်းသားနော်.....

ကားအရှေ့ခေါင်းခန်းမှာတစ်ယောက်လက်တစ်ယောက်ကိုင်ကာချစ်စကားတွေပြောနေကြတဲ့မောင်နဲ့ဆူးရဲ့ပတ်ဝန်းကျင်ကိုမျက်နှာလွှဲကာတံခါးပိတ်ထားတဲ့ကားပြတင်းပြင်ကိုသာငေးနေမိသည်....

တစ်နေရာရောက်တော့တုံ့ကနဲရပ်သွားတဲ့ကားကလေး....

ကားပေါ်ကသူတို့နှစ်ယောက်လုံးဆင်းသါားပေမဲ့ကျွန်တော်ကတော့မဆင်းဘဲကားပေါ်ထိုင်နေတုန်း.....

'အဝေး....ဆင်းလေ....'

'မောင်တို့ညစာစားဖို့မလား...?စားလေ....ကျုပ်ကဟိုမှာအဝစားခဲ့ပီဲမို့မစားတော့ဘူးနော်....မောင်တို့နှစ်ယောက်ဘဲအေးဆေးစားကြ....'

'လာပါမောင်ရယ်....ဆူးတို့ဘဲစားကြရအောင်..သူမှဗိုက်မဆာဘဲ....'

'အင်း...မြန်မြန်ပြန်လာခဲ့မှာမို့ဘယ်မှမသွားဘဲကားထဲစောင့်နေနော်.....'

'ဟုတ်.........'

ဒါမောင်နဲ့ပတ်သက်ပြီးဘယ်နှစ်ကြိမ်မြောက်မှန်းမသိသောမုသားစကားဆိုမိခြင်း.....

ဟက်....မောင်ကသူမနဲ့ပတ်သက်ရင်ကြအရာရာသိပြီးကျုပ်နဲ့ပတ်သက်ရင်တော့ဘာမှမသိပါလား.....

မောင့်ကိုငေးနေရတာမို့ဘာမှမစားခဲ့ရတာကိုလဲမောင်ကမသိခဲ့ဘူး.....အဝေးပြောသမျှယုံတာဘဲလား...ဒါမှမဟုတ်..အဝေးစကားတွေဆိုအရေးမစိုက်ဘဲပေါ့ပေါ့တန်တန်ဘဲတွေးနေခဲ့တာလားမောင်.....

ရပါတယ်....မောင်ဘယ်လောက်ဘဲအဝေးအပေါ်ဥပေက္ခာပြုပါစေမောင်ကတော့အဝေးရင်ထဲမှာရှိနေဆဲမို့.......မောင်ရက်စက်သမျှဒီကရင်စီးခံဖို့အသင့်ပါမောင်ရေ.....

ည၁၁ထိုးခါနီးတော့အဝေးတို့အိမ်ပြန်ရောက်လာခဲ့တော့သည်....

အိမ်ရှေ့ကား၇◌ပ်တော့မောင့်ဘေးကခုံမှာအိပ်မောကျနေတဲ့သူမကိုတော့အသေအချာပွေ့ချီပြီးအိမ်ထဲခေါ်သွားပေမဲ့အဝေးကိုတော့မောင်ကလျစ်လျူရှုခဲ့ပြန်သည်....

ဒီလိုအရာတွေကိုအစကတည်းကနေကြိုတင်တွေးထားပီဲးသားမို့ခါးသီးမှုတွေကိုအံကြိတ်ခံကာကားပေါ်ကဆင်းဖို့လုပ်မိသည်...

'ဘုတ်....'

'အ့.....ဟင့်......ခြေ..ခြေထောက်.......'

အအေးကြိုက်လွန်းလှတဲ့သူမကြောင့်တစ်လမ်းလုံးလေအေးပေးစက်ဖွင့်မောင်းခဲ့တြ့မောင်ကအရမ်းအေးလွန်းရင်ခြေထောက်တွေကျင်ပြီးလှုပ်မရဖြစ်တတ်တဲ့အဝေးကိုတော့မေ့လျော့နေတယ်ထင်ပါရဲ့....

ဟက်.....အမရေ.....အမပြော‌တော့အဝေးကအချစ်ခံလေးပါဆို.....ခုတော့...ဟင့်.....

'အဝေး....'

'အင့်....မောင်...'

'မင်းငိုနေတာလား...?'

'မ....မဟုတ်...'

'ဘာလို့ကြမ်းပေါ်ထိုင်နေတာလဲ....?အိမ်ထဲမဝင်သေးဘဲဘာလုပ်နေတာလဲ....?'

'အဝေး...အဝေး....ထ...ထမရလို့ပါမောင်....'

'ဟမ်....'

'ခြေထောက်တွေထုံပြီးကျင်....ကျင်နေလို့.....'

'ကျင်တယ်....မ...မဟုတ်မှ...ကျစ်.....မင်းဘာလို့ငါ့ကိုသတိမပေးရတာလဲ...?'

'ဘာကိုလဲမောင်...?'

'မင်းအဆင်မပြေရင်ဘာလို့ငါ့ကိုမပြောလဲ...ငါအဲကွန်းပိတ်ပေးမှာပေါ့.....ခုတော့....ကျစ်......အဝေးရာ....'

'ရပါတယ်မောင်၇◌ယ်......ဘာမှမှသိပ်မဖြစ်တာဘဲဟာ.....'

'ထလို့ရရဲ့လား...?'

'မရသေးဘူး...မောင်...'

'နေတော့.....လာ....'

'မောင်....ချ..ချပါ....ကျုပ်ကိုပွေ့မချီနဲ့လေ....လူမြင်မကောင်းဘူး...'

'ကျွန်တော့်ကိုတာဝန်မဲ့တဲ့သူဖြစ်အောင်လို့လား...?ကျွန်တော်လုပ်ခဲ့တာဘဲ..ကျွန်တော်တာဝန်ယူရမှာပေါ့....ငြိမ်ငြိမ်သာလိုက်.....နောက်ပြီး..မငိုနဲ့...ပျော့ညံ့တဲ့သူဆို..ကျွန်တော်သိပ်မုန်းတာအဝေးသိတယ်မလား....?'

'အင်း...အဝေးမငိုတော့ပါဘူး...'

ခဏတာခိုလှုံခွင့်ရတဲ့မောင့်ရင်ခွင်ထဲခေါင်းလေးတိုးဝင်မိသည်....

မောင်ကကျုပ်နေနေကြအခန်းလေးထဲကကုတင်ပေါ်အသေအချာချပေးပြီးကျုပ်ခြေထောက်တွေကိုပေါင်ပေါ်တင်ကာသေချာနှိပ်ပေးနေတာကြောင့်ရုန်းမိပေမဲ့မောင့်ရဲ့မျက်စောင်းစူးစူးကြောင့်အသာလေးငြိမ်နေမိသည်.....

'နာလား....?နာရင်ပြောနော်....'

'အွန်း....'

'ခြေထောက်ကနာနေသေးလား...?'

'အဆင်ပြေသွားပါပြီမောင်.....ကျေးဇူးပါ....'

'အင်း..အိပ်တော့...ကျွန်တော်လဲအိပ်တော့မယ်....'

အဝေးကိုကျောခိုင်းပြီးအခန်းထဲကထွက်သွားတော့မဲ့မောင့်ကိုအဝေးလက်တစ်ဖက်နဲ့လှမ်းဆွဲကာတားမိသည်.....

'လူတစ်ယောက်ရဲ့ဘဝကိုသိချင်ရင်သူရေးခဲ့တဲ့စာလေးတွေကိုဖတ်ကြည့်ပါတဲ့မောင်...'

'အဝေး..မင်းဘာတွေပြောနေတာလဲ...?'

'ကျုပ်လဲမောင့်အကြောင်းကိုသိချင်လို့မောင်ရေးဖူးခဲ့တဲ့စာလေးတွေကိုဖတ်ကြည့်ချင်မိတယ်...ဒါပေမဲ့'

'ဒါပေမဲ့ဘာဖြစ်လဲအဝေး.....?'

'...ခက်တာကမောင်...ကျုပ်....ကျုပ်မှ......စာ         မ      တတ်             ဘဲ...'

'ဟင်....'

'တစ်ခုလောက်တောင်းဆိုခွင့်ရှိမလားမောင်....'

'ဘာလဲ?...'

'အဝေး...စာသင်ချင်တယ်.......'

'ဘယ်လို....?'

'အဝေး.....အဝေး.စာတတ်ချင်တယ်မောင်......အဝေး....အဝေးတောင်းဆိုတာကိုလက်ခံပေးနိုင်မလားမောင်......ဟင်...'

ဟုတ်သည်...မှန်သည်.....အဝေးမောင့်အနားမှာအကြာကြီးနေလို့ရနိုင်ဖို့အဝေးစာတွေတတ်မှရမည်....

သို့မှသာသူများတွေမောင့်ကိုမကဲ့ရဲ့မှာ..မောင်အဝေးကြောင့်အရှက်မရမှာမို့လား...

မောင်....

ငါဟာအခြားသူတွေနဲ့ယှဉ်ရင်အရာရာမှာနိမ့်ကျကောင်းနိမ့်ကျနိုင်ပေမဲ့....မောင့်အပေါ်ထားတဲ့ချစ်ခြင်းမေတ္တာနဲ့သစ္စာတရားမှာ‌တော့သူများတွေထက်မသာရင်တောင်သူများတွေထက်တပြားသားမှမလျော့ဘူးဆိတာမောင်သိထားပေးပါ....

မောင့်အပေါ်ထားတဲ့ငါ့အချစ်ကထာတရ..မပြောင်းမလဲဘဲ...တည်ရှိနေမှာပါမောင်...

ဒါကိုတော့မောင်..အကြွင်းမဲ့...ယုံကြည်ပေးနိုင်မလား....

--------------------------------------------

To be continued

Sorry for my late babies

မကြာခင်မှာပြန်တွေ့ကြမယ်နော်....

votes လေးတွေနဲ့commentsလေးတွေမျှော်နေပါတယ်ရှင့်....

love u.......

--------------------------------------------------------

Zawgyi

လွမ်းတယ်.....













အဝေးသေမတတ်ခံစားနေရလဲမောင်ပျော်နေရင်ပြီးတာမို့...ကျေကျေနပ်နပ်ကြီးဘဲရင်ကဲါခံလိုက်ပါတယ်မောင်......

'ဟေး.....'

..............

'ဟေး..အဝေး.....!!'


'အမလေး...ဘုရား......'





'ဘာလို့လဲ...?'


'ဟမ်...'









'ဟုတ်..ပြောပါမောင်....'



'အင်း.....'



'ဟုတ်......'



'အင်း....ရတယ်....'


'မောင်.....အေးတယ်လေ....'



'.....ဟင်....'


'အာ...အင်း...'


'ဘာလို့လဲ...?'

'အတေးဘာသာအဝေးဆိုယောက်ျားဆန်တယ်လို့ထင်ခဲ့ရပေမဲ့အဲ့အတွေးတွေကမောင်နဲ့ယှဉ်လိုက်တော့အဝေးစီမှာရှိတဲ့ယောက်ျားဆန်မှုတွေကဘာတစ်ခုမှမရှိတော့သလိုဘဲ.....အဲ့မောင့်ရဲ့စစ်စပတ်တွေ....အရပ်ကြီးတွေ....မောင့်ရဲ့နှုတ်ခမ်းမွှေးရေးရေးလေးတွေ..အဲ့တာတွေဘာလို့အဝေးမှာကြတစ်ခုမှမရှိရတာလဲ...?မောင်တို့မြို့ကြီးသားတွေကယောက်ျားချင်းတူတောင်ဘာလို့တမူထူးနေရတာလဲ...'


'အ့....မောင့်..နာတယ်လေဗျာ....'


'ဟမ်....ဘာများလဲ...?'







'အင်း......ဖြေးဖြေးဆင်းဦး....'

'အင်းပါမောင်ရဲ့.....'



'အဝေးရေ.....'


'မောင်ရေ.......'








'အဝေး.....'

'ဗျာ....'


'ဟမ်.....'





'မွ.....'



'မောင့်...ဘာ..ဘာလုပ်တာလဲ...?'





'ဒါ..ဒါပေမဲ့...'

'အဝေး...'

'ဟင်...'

'မကျေနပ်ဘူးလား...?'

'......ဗျာ......'


'က လဲ့ စား....?'




'သွားပါတော့ဆိုဗျာ.....'


'ဟုတ်.....'








'အဝေး!!!'

'.......'

'တာရာဝေး...!!!!'

'ဗျာ.....အဲ..ဒေါ်ဒေါ်.....'












'ဟုတ်ကဲ့.....'

















'အော်.......'


'ရ..ရပါတယ်..မောင်....'


'ဟုတ်.....'



....

..........


'အင်း....'



မောင်ခေါ်သွားတဲ့နေရာကြီးကအိမ်ကျယ်ကြီးတစ်ခုစီ......

အိမ်ကြီးကတော်တော်လေးကိုကြီးပြီးခမ်းနားလွန်းတယ်....နောက်ပြီး...ကန်လိုမျိုးတစ်ခုထဲမှာလဲယောက်ျားမိန်းမပေါင်းစုံကအဝတ်အစားပါရုံတမယ်နဲ့ရေထဲမယ်ဆော့ကစားနေရော....တချို့ဆိုလူမြင်ကွင်းကြီးမှာဖြစ်ပျက်နေတာမြင်လို့ပင်မကောင်း.....


'အ့......'


'အဝေး.....နာသွားလား...?'

'မနာပါဘူး....မောင်....'


'ဟို...မောင်....'




'ဟိုင်း........'

'.........'




'ခင်ချင်တယ်....ကျုပ်ကို?'

'အင်း.....ရတယ်မဟုတ်လား...?'




'အဝေး!!!!!!'

'မော..ေ..မာင်.....'

'ဒီကိုလာစမ်း....!!'

'ဗျာ.....'


'ဟုတ်....လာ..လာပါပြီမောင်......'







'မင်း!!!'

'မောင့်.....တော်တော့...'

'ဟားဟားဟား.....သွားပြီ....'









'မောင်ရေ......မောင်....'






'အရမ်းချစ်တယ်မောင်....'




'နမ်းပါ..နမ်းပါ....!!!'






.........

..................


'အဝေး.....ဒီမှာကြည့်ပါဦး...'


'ဟုတ်ကဲ့.....'





'ဗျာ...'



'ဟုတ်မောင်....'


'အမိ...ဘာလုပ်တာလဲ..?'

'ကျွန်မယောက်ျားကိုစိတ်နဲ့ပြစ်မှားနေမှာစိုးလို့ကာကွယ်နေတာလေ......'

'ကျုပ်က....'

'အိုး...ရှင်းပြမနေနဲ့..ရှင်ကျါန်မယောက်ျားကိုကြောင်တောင်နှိုက်နေတယ်ဆိုတာအားလုံးသိပြီးသား..အေး...အိမ်မက်ကနေခုနိုးထဖို့ပြောချင်တယ်....စိတ်ကူးလဲသိပ်ယဉ်မနေနဲ့ဦး...ရူးသွားဦးမယ်....'

'ဟင်....'


'ဟို...ကျုပ်...'




'အင်း...'


ကျုပ်ကိုကျွန်တစ်ယောက်လိုခိုင်းစေမှန်းသိပါတဘ်...ဒါပေမဲ့အဝေးမငြင်းရက်ခဲ့ဘူး...


တဆိတ်မောင်.....

မောင်သိဖို့ပါ.....










'ဘာလဲ...?!!'




ယောက်ျားလေးဆိုပေမဲ့ကျွန်တော်လဲရှက်တတ်တာကြောင့်သူမကိုအသံလျှော့ဖို့ပြောပေမဲ့မာသထက်မာလာတဲ့သူမအသံကအားလုံးရဲ့အာရုံစိုက်မှုကိုဆွဲယူထားသယောင်....

'အမိ.....တော်..တော်ပါတော့....'



'ဘာကိုကြိုးစားတာလဲ....!!'





'.....တော်...ပါ....တော့....ဟင့်......'

'ဒါကဘာတွေဖြစ်နေကြတာ......?'

'မောင်...လာ...မပြောချင်တော့ဘူး....နည်းည်းလေးအော်မိတာကိုခုတော့ဘောက်ျားတန်မဲ့နဲ့မျက်ရည်ကျပြနေလေရဲ့...ဆူးတော့စိတ်ညစ်တယ်သိလား....ဗိုက်ဆာလို့မုန့်လေးယူခိုင်းတာက်ုအဖြစ်ရှိအောင်ယူမလာနိုင်ဘူး...'


'ဒါဆိုလဲပြီးရော....'




'ဘာမှမဖြစ်ဘူးဆိုဘာလို့ငိုနေရတာလဲ..?မင်းဆူးနဲ့သင့်မြတ်အောင်လေးနေမပေးနိုင်ဘူးလားကွာ.....သူလဲမင်းကိုအော်ချင်လို့အော်တာမှမဟုတ်ဘဲ....ခရီးပန်းလာတာရောဗိုက်ဆာတာရောကြောင့်စိတ်တွေရှုပ်ပြီးအောလိုက်တာကိုမင်းကယောက်ျားတန်မဲ့ငိုရလား...?'



'အင့်..ဟုတ်....'






'အဝေး....ဆင်းလေ....'




'ဟုတ်.........'








'ဘုတ်....'

'အ့.....ဟင့်......ခြေ..ခြေထောက်.......'



'အဝေး....'

'အင့်....မောင်...'

'မင်းငိုနေတာလား...?'

'မ....မဟုတ်...'



'ဟမ်....'



'ဘာကိုလဲမောင်...?'



'ထလို့ရရဲ့လား...?'

'မရသေးဘူး...မောင်...'

'နေတော့.....လာ....'






'နာလား....?နာရင်ပြောနော်....'

'အွန်း....'

'ခြေထောက်ကနာနေသေးလား...?'







'ဒါပေမဲ့ဘာဖြစ်လဲအဝေး.....?'


'ဟင်....'


'ဘာလဲ?...'

'အဝေး...စာသင်ချင်တယ်.......'

'ဘယ်လို....?'




မောင်....




--------------------------------------------

To be continued




love u.......

--------------------------------------------------------


Continue Reading

You'll Also Like

1.3M 32.5K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
31.7K 1.1K 17
𝘥𝘦𝘴𝘰𝘭𝘢𝘵𝘦 - 𝘥𝘦𝘴𝘦𝘳𝘵𝘦𝘥 𝘰𝘧 𝘱𝘦𝘰𝘱𝘭𝘦 𝘢𝘯𝘥 𝘪𝘯 𝘢 𝘴𝘵𝘢𝘵𝘦 𝘰𝘧 𝘣𝘭𝘦𝘢𝘬 𝘢𝘯𝘥 𝘥𝘪𝘴𝘮𝘢𝘭 𝘦𝘮𝘱𝘵𝘪𝘯𝘦𝘴𝘴. 𝘥𝘪𝘰𝘯𝘦 ...
35.5K 505 16
Life for the herd has been good. They live within a valley thats been surrounded in a wall, almost like a bowl and live in peace with other mammals...
21K 1.2K 31
အချစ်=အဆုံးမရှိသောခံစားချက်များ ထွဋ်သူရိန်လင်းညီ ဇာနည်ခန့်မောင် Unicode & Zawgyi (ဤficသည် စိတ်ကူးသက်သက်သာဖြစ်သည်။အမှားအယွင်းများပါပါက ကျွန်တော့်အ...