ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်း...

Av BlackLily_WhiteLily

435K 46.9K 1.6K

Myanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras ... Mer

Description
Ch.1
Ch.2
Ch.3
Ch.4
Ch-5
Request
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35
Ch-36
Ch-37
Ch-38
Ch-39
Ch-40
Ch-41
Ch-42
Ch-43
Ch-44
Ch-45
Ch-46
Ch-47
Ch-48
Ch-49
Ch-50
Ch-51
Ch-52
Ch-53
Ch-54
Ch-55
Ch-56
Ch-57
Ch-58
Ch-59
Ch-60
Ch-61
Ch-62
Ch-63
Ch-64
Ch-65
Ch-66
Ch-67
Ch-68
Ch-69
Ch-70
Ch-71
Ch-72
Ch-73
Ch-74
Ch-75
Ch-76
Ch-77
Ch-78
Ch-79
Ch-80
Ch-81
Ch-82
Ch-83
Ch-84
Ch-85
Ch-86
Ch-87
Ch-88
Ch-89
Ch-90
Ch-92
Ch-93
Ch-94
Ch-95
Ch-96
Ch-97
Ch-98
Ch-99
Ch-100
Ch-101
Ch-102
Ch-103
Ch-104
Ch-105
Ch-106
Ch-107
ch-108
Ch-109
Ch-110
Ch-111
Ch-112
Ch-113
Ch-114
Ch-115
Ch-116
Ch-117
Ch-118
Ch-119
Ch-120
Ch-121
Ch-122
Ch-123
Ch-124
Ch-125
Ch-126
Ch-127
Ch-128
Ch-129
Ch-130
Ch-131
Ch-132
Ch-133
Ch-134
CH-135 (End of Main Story)
Extra-1
Extra -2
Extra -3
Extra-4
Extra-5
Extra-6
Extra-7
Extra-8 (Complete)
Notification
My Feeling

Ch-91

2.7K 301 6
Av BlackLily_WhiteLily

အခန်း ၉၁ အတိတ်ကိုထားခဲ့ပါ

ထန်ရှီးရှီးက ဧကရာဇ်ကိုယ်လုပ်တော် ကောင်းကုန်းလီနှင့် ဧကရာဇ်ရှီကျုံး တို့အကြောင်း ကျောက်ချန်ကျွင်း၏ပြောဆိုသံကိုကြားသောအခါ ခဏတာ စကားမပြောဘဲ နေခဲ့သည်။ ကျင့်ဝမ်၏စံအိမ်သို့ သူမ ပထမဆုံးရောက်စဉ်ကပင် ဖုန်းမော့မော့သည် ဧကရာဇ်ကိုယ်လုပ်တော်ကောင်းကုန်းလီအား ဧကရာဇ်ရှီကျုံးနှင့် မြှုပ်နှံထားသည်ကို ဖော်ပြခြင်းမှာ ကျင့်ဝမ်၏စံအိမ်တွင် တားမြစ်ခံထားရကြောင်း ပြတ်သားစွာဖော်ပြခဲ့သည်။

မင်းသားသုံးပါးကို မွေးဖွားပေးခဲ့သော အဆင့်မြင့်ဧကရာဇ်ကိုယ်လုပ်တော်သည် လူသေများနှင့်အတူ သင်္ဂြိုဟ်ခြင်းကို ရိုးရှင်းစွာ မတွေးဝံ့ဘဲ မကြုံစဖူးပင် ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင်၊ တူညီသောမိခင်မှမွေးသော ကျောက်ချန်ကျွင်း၏အကိုနှစ်ဦးသည် ယွမ်ရှီ ၏အစောပိုင်းနှစ်များတွင် တယောက်ပြီး တယောက်သေဆုံးသွားကြောင်း ထန်ရှီးရှီး ကြားသိရသည်။

ယွမ်ရှီ၏အစတွင် ရှောင်ကျုံး ထီးနန်းဆက်ခံသောအခါတွင် ဧကရီမယ်တော်ကြီးယောင်သည် အုပ်စိုးရန်ဖြစ်လာခဲ့သည်။ ထန်ရှီးရှီးက အကြောင်းအရင်းခံဆက်နွယ်မှုကို မတွေးဝံ့ဘဲ ဖုန်းမော့မော့နှင့် ကျောက်ချန်ကျွင်း အကြား ထူးဆန်းသောအမူအရာကို ပုံဖော်ထားရာ တည်းခိုဆောင်တွင် ပထမဆုံးတွေ့သောအခါတွင် အခြားမင်းသားနှစ်ပါးမှာလည်း သဘာဝအတိုင်းသေဆုံးသွားခြင်း မဖြစ်နိုင်ပေ။

တစ်ဖန်ပြန်စဉ်းစားပြီးနောက်တွင်ပင် ကျောက်ချန်ကျွင်း၏ အိမ်ထောင်ရေးတွင် မတော်တဆမှုတစ်ခုပြီးတစ်ခု ဖြစ်ပွားခဲ့ခြင်းမှာ မတော်တဆဖြစ်မည် မဟုတ်ပေ။ ထို့ကြောင့် ကျောက်ချန်ကျွင်း၏ ကံကြမ္မာသည် ခက်ခဲခဲ့သည်၊ သူကံကြမ္မာ၏ လူသတ်ရန် ရည်ရွယ်ချက်သည် ပြင်းထန်လွန်းပြီး သူ့ပတ်ဝန်းကျင်ရှိ လူအားလုံးကို သေစေခဲ့သည်ဟု အပြင်တွင် ပျံ့နှံ့သွားခဲ့သည်။ သူ့မိဘ၊ အကိုတွေ နဲ့ ထိမ်းမြားစေ့စပ်ခဲ့ကြတဲ့ သူတွေ ... အားလုံးက သေခြင်းကို ရှောင်လွှဲလို့ မရခဲ့ကြဘူး။

ဒီစကားက လူတော်တော်များများကို လှည့်စားခဲ့သည်။ ကျောက်ချန်ကျွင်းက မိန်းမတွေ အတွက် ဂြိုလ်ဆိုးဆိုတဲ့ စကားက မြို့တော်မှာ ပျံ့နှံ့နေခဲ့တာ ခုထိပါပဲ။ သို့သော်လည်း တစ်ဖက်တွင်၊ ကျောက်ချန်ကျွင်းက သူ့ပတ်ဝန်းကျင်ရှိ လူများကို ဖြုန်းတီးခဲ့ခြင်း မဟုတ်သော်လည်း သူ့မိသားစုနှင့် သူငယ်ချင်းများအားလုံးတွင် သူသာလျှင် လွတ်မြောက်ခဲ့သော တစ်ဦးတည်းသောသူဖြစ်သည်။

ထန်ရှီးရှီးက ဤလူသည် ဧကရီမယ်တော်ကြီးယောင်ဖြစ်သင့်သည်ဟု တိတ်တဆိတ်တွေးခဲ့သည်။ ထိုအရာများသည်လည်း ယုတ္တိရှိသည်။ ထန်ရှီးရှီးက ဧကရီမယ်တော်ကြီးယောင်၏ ပုဂ္ဂိုလ်ဖြစ်သည်။ ဧကရီမယ်တော်ကြီးယောင်သည် သူမ၏စေတနာကို ရည်ရွယ်ချက်ရှိရှိပြသခဲ့သဖြင့် ကျောက်ချန်ကျွင်း၏မင်္ဂလာပွဲကို နောက်ဆုံးတွင် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ထန်ရှီးရှီးက ဤအရာကိုတွေးတိုင်း ချွေးတအေးအေးနှင့် မကြာခဏဆိုသလိုပင် သူမသည် ဤဘေးဆိုးမှ လွတ်မြောက်သွားသည့်အတွက် ဝမ်းသာမိသည်။ ကျောက်ချန်ကျွင်းကလည်း ဤကာလအတွင်း အလွန်စိတ်လှုပ်ရှားနေကြောင်း ရှင်းရှင်းလင်းလင်းသိနိုင်သည်။

ထန်ရှီးရှီးက ဧကရာဇ်ကိုယ်လုပ်တော်ကောင်းကုန်းလီ၏ခေါင်းစဉ်ကို မဖြေပါ။ သူမ အမေအရင်းကို သင်္ဂြိုဟ်ခိုင်းတာကိုကြည့်ရတာ ဘယ်လိုခံစားရလဲ သူမ နားမလည်နိုင်ခဲ့ပါ။ ကျောက်ချန်ကျွင်းကို အရူးအမူး နှစ်သိမ့်ခဲ့မယ်ဆိုရင် သူမရဲ့ ဟန်ဆောင်မှုသာ ဖြစ်ပါလိမ့်မည်။ ထို့အပြင်၊ ဤအကြောင်းအရာသည် လုံးဝအကဲဆတ်နေသည်။ ကောင်းကောင်း မပြောနိုင်ရင် အတွင်းအပြင်ကို မသိဘဲနဲ့ ဧကရီမယ်တော်ကြီးယောင်ရဲ့နားကို ရောက်သွားရင် သူမ၏ အဆုံးသတ်သွားပေလိမ့်မည်။

ထို့ကြောင့် ထန်ရှီးရှီးက ကျောက်ချန်ကျွင်း၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ဗိုက်ပေါ်တင်လိုက်ပြီး " ဝမ်ရယ်... အတိတ်က ပြီးသွားပါပြီ... အဲဒါတွေက ဝမ်ရယ် အပြစ်မဟုတ်ဘူး... ဝမ်ရယ်မှာ စိတ်နှလုံးသားကောင်းရှိသရွေ့ နားလည်ဖို့ ဘယ်တော့မှ နောက်မကျဘူး... နောင်တရစရာတွေရှိရင် ဝမ်ရယ့်က အနာဂတ်မှာ ကလေးကို ကောင်းကောင်း သွန်သင်ဆုံးမတာက ပိုမမှန်ဘူးလား"

ကျောက်ချန်ကျွင်းက သူမ၏ ဝမ်းဗိုက်မှ အခြား နုနယ်သော အသက်၏ နှလုံးခုန်သံကို ကြားလိုက်ရသကဲ့သို့ သူ့လက်ဖဝါးအောက်တွင် စီးဆင်းနေသော သွေးများကို ခံစားလိုက်ရသည်။ ဤသည်မှာ သူ့ကလေး၊ သူ့အသွေးအသားငယ်ဘဝ၊ ကောင်းမိသားစုသွေး၏မူလအစနှင့် သူ့အစ်ကိုများ၏ မျက်နှာရိပ်များရှိသည်။

ကျောက်ချန်ကျွင်းက ကျောက်ချန်းတင်ဟာ သူ့အစ်ကိုလို့ ဘယ်တုန်းကမှ မတွေးခဲ့ဘဲ အခု နဂါးပလ္လင်ပေါ်က ဧကရာဇ်ငယ်လေးက သူ့နဲ့ ဘာမှ မဆိုင်ပါဘူး။ ဒုတိယနှင့် တတိယအစ်ကိုများသည် စောစောစီးစီး ထွက်သွားကြပြီး မသေဆုံးမီ အမျိုးအနွယ်ကို မချန်ထားနိုင်ပဲ ထွက်သွားခဲ့ကြသည်။ သူသည်လည်း စစ်မှုထမ်းနေကာ လက်ထပ်ရန် နှစ်ပေါင်းများစွာ နှောင့်နှေးခဲ့ရပြီး နောက်ဆုံးတွင် ယခုနှစ်တွင် သူ့ကိုယ်ပိုင် ကလေးကို မွေးခဲ့သည်။ ဒီကလေးဟာ သူတို့မိသားစုရဲ့ တစ်ဦးတည်းသော သားစဉ်မြေးဆက် ဖြစ်လာသည်။

ကျောက်ချန်ကျွင်းက သူ့ကို ပိုပိုပြီး မြတ်နိုးလာခဲ့သည်။ ကလေးမမွေးခင်မှာ ကလေးစာသင်ဖို့ ကျောင်းစာအုပ်တွေ၊ အနာဂတ်အတွက် အစီအစဉ်တွေကို ရေးဆွဲထားပြီးသားပါ။ ကျောက်ချန်ကျွင်းက ထန်ရှီးရှီးကို "ပထမဆုံး စာရေးတာ ဒါမှမဟုတ် ကိုယ်ခံပညာအရင်လေ့လာတာက သူ့အတွက် ပိုကောင်းတယ်လို့ မင်းထင်လား..ကိုယ့်မိခင်ဘက်က အဖိုးက မှတ်ဉာဏ်ကောင်းတယ်... ငယ်စဉ်ကလေးဘဝရဲ့ စွမ်းရည်တွေကို အလဟဿမဖြစ်စေဖို့အတွက် အဘိဓာန်တွေကို ငယ်ငယ်ကတည်းက ရွတ်ဆိုနိုင်ခဲ့တယ်လို့ ကြားသိရတယ်... သူလဲ ကြီးပြင်းလာတဲ့အခါ မှတ်သားနိုင်စွမ်း မြင့်မားလာမှာပါ... စကားမစပ်.. ကိုယ့်ရဲ့ ဒုတိယအစ်ကိုက လက်ရေးလှနဲ့ ပန်းချီရေးတာ အထူးကောင်းမွန်တယ်... သူ့မှာ ပန်းချီဆွဲနိုင်တဲ့ အရည်အချင်းလဲ ရှိကောင်းရှိနိုင်တယ် ..."

ထန်ရှီးရှီးက မကျေနပ်တော့ဘဲ ကျောက်ချန်ကျွင်းကို ဟန့်တားလိုက်ပြီး " ဝမ်ရယ်... သူက မမွေးသေးပါဘူး... အရှင်က သူ့အတွက် စည်းမျဥ်းတွေ စီစဉ်ပေးနေတယ်... သူက သာမန်လူတစ်ယောက်လို မွေးဖွားလာရင်ရော... နောက်ပြီး သူက ဘာလို့ ကျွန်မလို မဖြစ်ရတာလဲ... ကျွန်မကိုယ်ကျွန်မ ကြွားတာမဟုတ်ဘူး... ကျွန်မရဲ့ မိခင်ဘက်ကအဖိုးက ကျွန်မတို့မိသားစုကို ငယ်ငယ်တည်းက အရက်သေစာနဲ့ ဂဏန်းသင်္ချာကို ကောင်းကောင်းတတ်မြောက်အောင် အခြေချပေးခဲ့ပြီး စာရင်းရှင်းဖို့ ဘာအကူအညီမှ ဘယ်တော့မှ မလိုအပ်ဘူး "

ကျောက်ချန်ကျွင်းက ခေါင်းညိတ်ပြပြီး "မင်းလိုဖြစ်ရင် ကောင်းတာပေါ့... အထူးသဖြင့် သမီးဖြစ်ရင်ပေါ့... သူ(မ)က မင်းရဲ့ အရက်သောက်နိုင်စွမ်းကို အမွေဆက်ခံရမယ်... အဲ့တာဆို သူ(မ)က အနာဂတ်မှာ အခွင့်ကောင်းယူခံမှာကို စိုးရိမ်နေစရာ မလိုတော့ဘူး"

သူပိုပြောလေလေ သူမ ဒေါသပိုထွက်လေလေပါပဲ။ ထန်ရှီးရှီး၏ မျက်ခုံးများ ပင့်တက်သွားပြီး ကျောက်ချန်ကျွင်း၏ လက်ကို ဒေါသတကြီး ဆုပ်ကိုင်လိုက်ပြီး "အရှင် ဘာပြောနေတာလဲ... ကိုယ့်သမီးကို ဒီလိုမျိုး ဘယ်လိုကျိန်ဆဲနိုင်တာလဲ... ဖူး... နှစ်သစ်မှာ ကံဆိုးတဲ့ စကားလုံးတွေ မပြောသင့်ဘူး... မြန်မြန်ပြန်ယူပါ "

"ကောင်းပြီ... ကောင်းပြီ... ငါ ပြန်ယူမယ်" ကျောက်ချန်ကျွင်းက သူမကို ကူကယ်ရာမဲ့ကြည့်ပြီး "မင်းစိတ်မပူပါနဲ့ ဖြည်းဖြည်းပြောပါ "

ကျောက်ချန်ကျွင်းက ထန်ရှီးရှီးကို ချော့နေချိန်မှာ လျှိုကျိက တံခါးအပြင်ဘက်မှာ ရပ်လိုက်ပြီး " ဝမ်ရယ်... ရှီဇီနဲ့ ရှီဇီဖေးက ဒီကို ရောက်နေပါပြီ "

ကျောက်ချန်ကျွင်းနှင့် ထန်ရှီးရှီးတို့သည် သူတို့၏ လုပ်ရပ်များကို ရပ်လိုက်သည်။ ထန်ရှီးရှီးက သူမ၏လက်များကို ဆုတ်ခွာသွားသော်လည်း သူမ ဒေါသကို မပြေမလည်ဖြစ်ကာ သူ့လက်ကို နောက်တစ်ကြိမ် လိမ်ဆွဲရန် ပြန်လာခဲ့သည်။ ကျောက်ချန်ကျွင်းက ငြိမ်သက်စွာ သည်းခံနေပြီး မှန်ကန်စွာ ထိုင်ကာ "သူတို့ကို ခေါ်လိုက်ပါ"

ကျောက်ဇီရှင်းနှင့် လုယိဖေးက တံခါးဝသို့ဝင်လာကာ " အဖေနဲ့ ဝမ်ဖေးကို လေးလေးစားစား နှုတ်ဆက်ပါတယ်... နှစ်သစ်မှာ အဖေနဲ့ ဝမ်ဖေး ကျန်းမာပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် "

လုယိဖေးက အရိုအသေပေးပြီး " ဝမ်ရယ် နဲ့ ဝမ်ဖေး တို့ နှစ်သစ်မှာ ပျော်ရွှင်ပါစေ "

ထန်ရှီးရှီးက ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်သော်လည်း ကျောက်ချန်ကျွင်း ရုတ်တရက် ပြဿနာတစ်ခုကို သတိပြုမိလိုက်သည်။

ကျောက်ဇီရှင်းက သူ့ကို အဖေလို့ ခေါ်ပေမယ့် ထန်ရှီးရှီးကို ဝမ်ဖေးလို့ ခေါ်ခဲ့သည်။ ကျောက်ချန်ကျွင်း အရင်က သတိမထားမိဘူး။ ဒီနေ့တော့ နာမည်နှစ်ခုကို ဘေးချင်းကပ်ထားလိုက်တဲ့အခါ မှားမှန်းသိလိုက်ရသည်။

ကျောက်ချန်ကျွင်းက ယခုအချိန်တွင် ပြန်လည်သတိရပြီး ကျောက်ဇီရှင်းသည် ထန်ရှီးရှီးကို မည်သည့်အခါသမယတွင်မျှ မိခင်ဟု မခေါ်ဆိုကြောင်း တွေ့ရှိခဲ့သည်။ ဒါက ဘာကို ဆိုလိုတာလဲ။ ထန်ရှီးရှီး၏ အခြေအနေကို အသိအမှတ်မပြုချင်သလိုဖြစ်ပြီး သူမကို ထိုကဲ့သို့ မခေါ်ချင်တာမျိုးပါ။

ကျောက်ချန်ကျွင်းက ကျောက်ဇီရှင်းကို တိတ်တဆိတ်ကြည့်ကာ ဘာမှပြန်မပြောပေ။ ယနေ့တွင် ကျောက်ဇီရှင်းနှင့် သူ၏ဇနီးတို့သည် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများ ပြောကြားနေကြသည်သာမက အိမ်တော်အပြင်ဘက်ရှိ အရာရှိများစွာလည်း လာရောက်လည်ပတ်ကြသည်။ ခဏကြာတော့ လျှိုကျိက " ဝမ်ရယ်.... တရားသူကြီး ရောက်လာပြီ "

ရှီးဖျင်ရဲ့ တရားသူကြီးက ကျောက်ချန်ကျွင်းကို သူ့ကို လူကိုယ်တိုင် လက်ခံတွေ့ဆုံစေချင်သည်။ ကျောက်ချန်ကျွင်းက ထိုင်နေရာမှ ထလာပြီး ကျောက်ဇီရှင်းက ဒါကိုမြင်တဲ့အခါ သူ့နောက်ကို လိုက်ချင်ခဲ့သည်။ ကျောက်ဇီရှင်းသည် သူ့ခြေထောက်ကို အနည်းငယ်မြှင့်လိုက်ပြီး အခန်းအပြင်ဘက်သို့ အမြန်လျှောက်သွားလိုက်သည်။ မထင်မှတ်ပဲ ကျောက်ချန်ကျွင်းက အချိန်အတော်ကြာပြီးနောက် အပြင်သို့ ထွက်မလာပေ။

ကျောက်ဇီရှင်း အံ့သြသွားပြီး အတွင်းခန်းထဲသို့ ပြန်ဝင်လာပြန်သည်။ ကျောက်ချန်ကျွင်း သည် တစ်နေရာတည်းတွင်သာ ရှိနေသေးသည်ကို တွေ့လိုက်ရပြီး ထန်ရှီးရှီးအား တိုးတိုးလေးပြောနေကာ "ကိုယ့်ကိုယ်ကို သတိထားပါ... ယူစရာရှိရင် အစေခံက မင်းအတွက် လုပ်ပေးလိမ့်မယ်... ကိုယ်တိုင်မလုပ်နဲ့... ဘယ်သွားသွား အိမ်အကူတစ်ယောက် ခေါ်သွားရမယ် "

"ကျွန်မ သိပါပြီ " ထန်ရှီးရှီးက ဒါကို ကောင်းကောင်းသိပြီး နောက်ပြန်တောင် ရွတ်ဆိုနိုင်နေပြီ၊ "စိတ်မတိုပါနဲ့... လေးလံတဲ့ အရာတွေကို မ မပါနဲ့... စိတ်မဆိုးပါနဲ့... ကျွန်မ အားလုံးကို မှတ်မိတယ်... ဝမ်ရယ်က မြန်မြန်သွားပါ "

တစ်ဖက်တွင် တာဝန်ထမ်းဆောင်နေစဉ် လုယိဖေး၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ထန်ရှီးရှီးက အရမ်းရဲရင့်လွန်းလို့ ကျင့်ဝမ်နဲ့ ဒီလိုစကားပြောဝံ့ခဲ့တာလား။ သူမသည် ကျောက်ချန်ကျွင်း၏ မျက်နှာကို တိတ်တဆိတ်ကြည့်လိုက်သည်။ ကျောက်ချန်ကျွင်းက အံ့အားသင့်စရာ ကောင်းလောက်အောင် သူမကို စိတ်မဆိုးခဲ့ပါ။ သူက ထန်ရှီးရှီးနဲ့ စိတ်ရှည်ရှည်နဲ့ပြောနေတုန်းပဲ၊ "ဒါက ပိုသတိထားတာ အန္တရာယ်မရှိပါဘူး... မင်း အိမ်အကူကို မင်းနဲ့ အရင်စကားပြောခွင့်ပြုပါ... တရားသူကြီးကို ကိုယ် နုတ်ဆက်ပြီးရင် မင်းနဲ့အဖော်ပြုဖို့ ပြန်လာမယ် "

ထန်ရှီးရှီးက ဘာမှမထူးခြားသောအသွင်အပြင်ဖြင့် " အင်း , အမ်း " ဖြင့် ခေါင်းညိတ်နေကာ ဂရုတစိုက်ကြည့်လိုက်ရင် အနည်းငယ် စိတ်မရှည်ပုံပေါ်နေသည်။ ယင်းအစား နောက်ဆုံးတွင် ဖြည်းညှင်းစွာ လျှောက်သွားကာ ဘယ်ညာ တွန်းအားပေးခံရပြီးမှ ခက်ခက်ခဲခဲ တံခါးမှ ထွက်သွားသူက ကျောက်ချန်ကျွင်း ဖြစ်သည်။

ဆန့်ကျင်ဘက်အနေနှင့်၊ ထန်ရှီးရှီးက ဤအသည်းနှလုံးမရှိသော အမဲစက်နှင့်တူသည်။

ကျောက်ချန်ကျွင်း တံခါးမှ ထွက်သွားပြီးနောက် တံခါးဝတွင် အိမ်အကူကို အကြိမ်ကြိမ် သတိပေးရန် မမေ့သေးပေ။ လုယိဖေးက ဒီမြင်ကွင်းကို တအံ့တသြကြည့်ပြီး " ဝမ်ဖေး... ဝမ်ရယ် သွားပြီ "

ထန်ရှီးရှီးက သူမကို အံ့အားသင့်စွာကြည့်ရင်း "အင်း ငါသိပါတယ် ။ "

ထန်ရှီးရှီးက လုယိဖေးမေးချင်တာကို နားမလည်ဘူး။ လုယိဖေးက ခဏတာပင် စကားမပြောဘဲ မည်သို့ပြောရမည်ကို မသိပေ။ လုယိဖေးက နှစ်သစ်ကူး နှုတ်ခွန်းဆက် ရန် ရန်အန်း ခြံဝင်း သို့ ရောက်သောအခါ ယနေ့ ကျောက်ဇီရှင်းနှင့် တွေ့ဆုံနိုင်ခဲ့သည်။ နှစ်ယောက်စလုံး ဒီကိုလာတဲ့လမ်းမှာ တစ်လမ်းလုံး တိတ်ဆိတ်နေကြသည်။ လုယိဖေးက ကျောက်ဇီရှင်း၏ ပထမဆုံးစာကြောင်းကို ကြားလိုက်ရသော နှစ်သစ်ကူး နှုတ်ခွန်းဆက်သည့် ကာလအတွင်းသာ ဖြစ်သည်။ အကြင်လင်မယားသည် လင်မယားချင်း သိပ်မရင်းနှီးသောကြောင့် လုယိဖေးက သူ့ခင်ပွန်းနှင့် စကားပြောရန် ဇိမ်ခံမျှော်လင့်ချက်တစ်ခု ဖြစ်လာခဲ့သည်။ ထန်ရှီးရှီး အတွက် ကျောက်ချန်ကျွင်းက သူမကို ထပ်ခါတလဲလဲ အကြံဉာဏ်ပေးခဲ့ပြီး သူအပြင်မထွက်ခင် အကြိမ်ပေါင်းများစွာ စကားပြောနေကာ ထန်ရှီးရှီး က စိတ်မရှည်တော့ပေ။

လူတွေက တကယ်ကို တုနှိုင်းမရတဲ့သူပါ။ ထန်ရှီးရှီး မတ်တပ်ထရပ်ချင်လာကာ ပတ်ဝန်းကျင်ရှိ အစေခံများက သူမကို ကူညီရန် အမြန်ဝိုင်းရံခဲ့ကြသည်။ ထန်ရှီးရှီးက သူမ၏ခါးကိုကိုင်ကာ ခက်ခက်ခဲခဲ လျှောက်သွားကာ ညည်းညူရင်း "ဗိုက်ကြီးက လမ်းတောင်မမြင်ရလို့ စိတ်ရှုပ်စရာ ကောင်းလွန်းတယ်... ဘယ်တော့မှ မမွေးချင်တော့ဘူး "

အိမ်အကူတွေက အံ့ဩသွားပြီး " ဝမ်ဖေး ဒီလိုစကားမျိုး မပြောရဘူး... ဖူး...ဖူးး...ဖူးးးးး....တောအုပ်ကို ခေါက်ပါ... ခုနက ပြောခဲ့တဲ့ စကားတွေကို ထည့်မတွက်ဘူး"

"ဟုတ်တယ်... ဝမ်ဖေး ဒီနေ့က နှစ်သစ်မို့ စိတ်ဓာတ်မကျနဲ့... ဘယ်လောက်ပဲ ကြာကြာခံနေပါစေ သခင်ငယ်လေးက နှစ်လအတွင်း ထွက်လာလိမ့်မယ် "

အိမ်အကူများသည် ထန်ရှီးရှီးကို စကားကောင်းပြောရင်း၊ နှစ်သိမ့်ပေးကာ ချော့ပေးနေကြသည်။ လုယိဖေးက အဆုံးတွင် သူမဗိုက်ကို တိတ်တဆိတ် ပွတ်သပ်လိုက်သည်။

လုယိဖေးက ထန်ရှီးရှီးမှ ဖော်ပြသောဒုက္ခကိုနားမလည်နိုင်ပါ ။ သူမ တောင်းတောင် မတောင်းနိုင်ပေမယ့် တစ်ချို့လူတွေက ဖိနပ်ဟောင်းတစ်ရံလို ဖယ်ပစ်လိုက်ကြသည်။

ဒီကမ္ဘာကြီးက မတရားဘူး။

နှစ်သစ်ကူးအကြိုသည် ပြန်လည်ဆုံဆည်းပွဲဖြစ်သည်။ ကလေးများနှင့် မြေးများ အားလုံးသည် ရွှင်လန်းဖွယ် အချိန်အခါသမယကို ဂုဏ်ပြုရန် သက်ကြီးရွယ်အိုများ‌‌ရှေ့ ဒူးထောက်ကာ စုရုံးကြသည်။ အိမ်ကြီးတွင် အသက်ကြီးသော ဧကရာဇ်ကိုယ်လုပ်တော်မရှိသောကြောင့် ထန်ရှီးရှီးက မိသားစု၏ ရာထူးတွင် အကြီးဆုံးဖြစ်လာခဲ့သည်။ ယနေ့တစ်နေ့လုံး၊ လူတိုင်းသည် ထန်ရှီးရှီး အနီးတစ်ဝိုက်တွင် စုရုံးကြပြီး ထန်ရှီးရှီးကို ပျော်ရွှင် စေရန်အတွက် ကြောက်ရွံ့မှုဖြင့် သူမကို စောင့်ရှောက်ကာ ထန်ရှီးရှီး ပျော်စေရန် သူတို့၏ ဦးနှောက်များကို အစွမ်းကုန်အသုံးချနေကြသည်။

ညနေစာစားရန် ပြန်ဆုံချိန်ရောက်သောအခါ မောင်းမမိဿံများစွာလည်း ရောက်လာကြသည်။ ကျိုးရွှင်းဟွာနှင့် အခြားသူများသည် အဝတ်အစားအသစ်များ၊ လက်ရာမြောက်လှသော အင်္ကျီများကို ၀တ်ဆင်ထားပြီး ခေါင်းပေါ်တွင် ပုလဲနှင့် ကျောက်စိမ်းဆံထိုးကွင်းများ၊ လက်ရာမြောက်သော လက်နွေးများဖြင့် ဧည့်ခန်းမပတ်လည်တွင် ရပ်ကာ စကားပြောရင်း ရန်စောင်နေကြသည်။

ဧည့်ခန်းမမှာ အမွှေးတိုင်တွေ မလိုဘူး။ မိန်းမလှများပေါ်ရှိ နံသာမှုန့်များသည် ခန်းမကို မွှေးကြိုင်စေရန် လုံလောက်နေသည်။ ထန်ရှီးရှီးက သူမရှေ့ရှိ ပုလဲများနှင့် ကျောက်စိမ်းများဖြင့် ပြည့်နေသော ခန်းမကို လှမ်းကြည့်ကာ သူမကိုယ်သူမ ပြန်ကြည့်ကာ သက်ပြင်းကို ညင်သာစွာ ချလိုက်သည်။

ထန်ရှီးရှီး သက်ပြင်းချလိုက်ပြီး ဧည့်ခန်းမသည် ချက်ချင်း တိတ်ဆိတ်သွားသည်။ ခဏအကြာတွင် ကျိုးရွှင်းဟွာက ပြုံးပြုံးရွှင်ရွှင်ဖြင့် " ဒီလိုကောင်းတဲ့နေမှာ ဝမ်ဖေး ဘာကြောင့် သက်ပြင်းချရတာလဲ"

"ငါ မင်းတို့အားလုံးကို မနာလိုဖြစ်တယ်" ထန်ရှီးရှီးက ညိုးငယ်တဲ့မျက်နှာနဲ့ "ရှုပ်ထွေးတဲ့ဆံပင် အဆင်အပြင်နဲ့ တင်းကြပ်တဲ့အဝတ်အစားတွေကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်နိုင်တဲ့အတွက် မင်းတို့အားလုံးကို ငါတကယ်မနာလိုဘူး... မင်းတို့နဲ့မတူတာက ငါက ကိုယ်ဝန်သည်အတွက် ချုပ်ထားတဲ့ အဝတ်အစားပွပွတွေပဲ ဝတ်လို့ရတယ်"

ကျိုးရွှင်းဟွာ ၊ ရန်ယွိကျင် နှင့် ကျန်သူများ အံ့ဩသွားကြသည်။ ကျိုးရွှင်းဟွာသည် ထန်ရှီးရှီး၏ အမူအရာကို ဂရုတစိုက်ကြည့်သည်။ ထန်ရှီးရှီးက သူမအား တမင်တကာ လှောင်ပြောင်နေသလားဟု သူမ သံသယဖြစ်မိသည်။

တစ်ခုခုကို မြှင့်တင်လိုလျှင် ဦးစွာနှိမ့်ချပြီး အမှန်တရားကို ချီးမွမ်းသင့်သည်။ ညည်းညူသောလေသံဖြင့် အမှန်အတိုင်းပြောသင့်သည်။

ဒါကို တိုင်ကြားခြင်းလို့ ခေါ်သလား။ မမွေးရသေးသော မောင်းမမိဿံများစွာရှေ့တွင် သူမသည် ကိုယ်ဝန်ကြောင့် ရုပ်ရည်ချောမောစေသော လှပသေအဝတ်အစားများ မဝတ်နိုင်ဟု ညည်းညူနေကြဆဲဖြစ်သည်။

အိုး၊ အိုး! အရှက်မဲ့လိုက်တာ။ အရင်က ထန်ရှီးရှီးကို သူတဆို့ တကယ်လျှော့တွက်ခဲ့ကြသည်။ ထန်ရှီးရှီးက ဤမျှအဆင့်မြင့်ပြီး နက်နဲသော အကြံအစည်ရှိသော အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမတို့ကို အလွန်စိတ်အနှောက်အယှက်ပေးနိုင်ရန် မမျှော်လင့်ထားပေ။

ကျိုးရွှင်းဟွာက တုံ့ဆိုင်းစွာပြုံးပြီး " ဝမ်ဖေးရဲ့ ကိုယ်ဝန်ဟာ ပျော်ရွှင်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါ... နောက်နှစ်လဆိုရင် ဝမ်ဖေးက အရင်ကလို လှပလာလိမ့်မယ်"

ထန်ရှီးရှီးက သူမ၏ လက်မောင်းကို ကြည့်ပြီး သက်ပြင်းချကာ "ငါလည်း မျှော်လင့်ပါတယ်... ငယ်ငယ်ကတည်းက မဝဘူးဖူး... ဒါ ပထမဆုံး အကြိမ် အသား အများကြီး စုဆောင်းတာပါ ။ "

အစာစားပြီးတိုင်း ထမင်းမစားဝံ့သော ဤအမျိုးသမီးများသည် တိတ်ဆိတ်နေရပြန်သည်။ ကျိုးရွှင်းဟွာက အချိန်အကြာကြီး ရပ်နေပြီးမှ " ဝမ်ဖေးက သဘာဝအတိုင်း လှပပြီး သဘာဝအတိုင်း ထူးထူးခြားခြားပါပဲ"

"ဒါက ဘာကောင်းလို့လဲ" ထန်ရှီးရှီးက သူမရဲ့ လက်ကိုင်ပုဝါကို ချလိုက်ပြီး "တစ်ခါတလေ မင်းတို့အားလုံးက ပွေ့ဖက်နိုင်တဲ့ သူငယ်ချင်းတွေ အဖြစ် စကားပြောနေတာကို ငါ ငြူစူတယ်... ငါနဲ့မတူဘူး... ငါ့အတွက်ကျတော့ လူတိုင်းက ငါ့မျက်နှာကို ကြည့်ပြီး ငါ့ကို သဘောကျတယ်လို့ပဲ ပြောနေကြတယ်"

❤❤❤❤❤Thank you so much, each reader, for your reading, voting and supports❤❤❤❤❤

အခန္း ၉၁ အတိတ္ကိုထားခဲ့ပါ

ထန္ရွီးရွီးက ဧကရာဇ္ကိုယ္လုပ္ေတာ္ ေကာင္းကုန္းလီႏွင့္ ဧကရာဇ္ရွီက်ဳံး တို႔အေၾကာင္း ေက်ာက္ခ်န္ကြၽင္း၏ေျပာဆိုသံကိုၾကားေသာအခါ ခဏတာ စကားမေျပာဘဲ ေနခဲ့သည္။ က်င့္ဝမ္၏စံအိမ္သို႔ သူမ ပထမဆုံးေရာက္စဥ္ကပင္ ဖုန္းေမာ့ေမာ့သည္ ဧကရာဇ္ကိုယ္လုပ္ေတာ္ေကာင္းကုန္းလီအား ဧကရာဇ္ရွီက်ဳံးႏွင့္ ျမႇဳပ္ႏွံထားသည္ကို ေဖာ္ျပျခင္းမွာ က်င့္ဝမ္၏စံအိမ္တြင္ တားျမစ္ခံထားရေၾကာင္း ျပတ္သားစြာေဖာ္ျပခဲ့သည္။

မင္းသားသုံးပါးကို ေမြးဖြားေပးခဲ့ေသာ အဆင့္ျမင့္ဧကရာဇ္ကိုယ္လုပ္ေတာ္သည္ လူေသမ်ားႏွင့္အတူ သၿဂႋဳဟ္ျခင္းကို ႐ိုးရွင္းစြာ မေတြးဝံ့ဘဲ မႀကဳံစဖူးပင္ ျဖစ္ခဲ့သည္။ ေနာက္ပိုင္းတြင္၊ တူညီေသာမိခင္မွေမြးေသာ ေက်ာက္ခ်န္ကြၽင္း၏အကိုႏွစ္ဦးသည္ ယြမ္ရွီ ၏အေစာပိုင္းႏွစ္မ်ားတြင္ တေယာက္ၿပီး တေယာက္ေသဆုံးသြားေၾကာင္း ထန္ရွီးရွီး ၾကားသိရသည္။

ယြမ္ရွီ၏အစတြင္ ေရွာင္က်ဳံး ထီးနန္းဆက္ခံေသာအခါတြင္ ဧကရီမယ္ေတာ္ႀကီးေယာင္သည္ အုပ္စိုးရန္ျဖစ္လာခဲ့သည္။ ထန္ရွီးရွီးက အေၾကာင္းအရင္းခံဆက္ႏြယ္မႈကို မေတြးဝံ့ဘဲ ဖုန္းေမာ့ေမာ့ႏွင့္ ေက်ာက္ခ်န္ကြၽင္း အၾကား ထူးဆန္းေသာအမူအရာကို ပုံေဖာ္ထားရာ တည္းခိုေဆာင္တြင္ ပထမဆုံးေတြ႕ေသာအခါတြင္ အျခားမင္းသားႏွစ္ပါးမွာလည္း သဘာဝအတိုင္းေသဆုံးသြားျခင္း မျဖစ္ႏိုင္ေပ။

တစ္ဖန္ျပန္စဥ္းစားၿပီးေနာက္တြင္ပင္ ေက်ာက္ခ်န္ကြၽင္း၏ အိမ္ေထာင္ေရးတြင္ မေတာ္တဆမႈတစ္ခုၿပီးတစ္ခု ျဖစ္ပြားခဲ့ျခင္းမွာ မေတာ္တဆျဖစ္မည္ မဟုတ္ေပ။ ထို႔ေၾကာင့္ ေက်ာက္ခ်န္ကြၽင္း၏ ကံၾကမၼာသည္ ခက္ခဲခဲ့သည္၊ သူကံၾကမၼာ၏ လူသတ္ရန္ ရည္႐ြယ္ခ်က္သည္ ျပင္းထန္လြန္းၿပီး သူ႔ပတ္ဝန္းက်င္ရွိ လူအားလုံးကို ေသေစခဲ့သည္ဟု အျပင္တြင္ ပ်ံ႕ႏွံ႔သြားခဲ့သည္။ သူ႔မိဘ၊ အကိုေတြ နဲ႔ ထိမ္းျမားေစ့စပ္ခဲ့ၾကတဲ့ သူေတြ ... အားလုံးက ေသျခင္းကို ေရွာင္လႊဲလို႔ မရခဲ့ၾကဘူး။

ဒီစကားက လူေတာ္ေတာ္မ်ားမ်ားကို လွည့္စားခဲ့သည္။ ေက်ာက္ခ်န္ကြၽင္းက မိန္းမေတြ အတြက္ ၿဂိဳလ္ဆိုးဆိုတဲ့ စကားက ၿမိဳ႕ေတာ္မွာ ပ်ံ႕ႏွံ႔ေနခဲ့တာ ခုထိပါပဲ။ သို႔ေသာ္လည္း တစ္ဖက္တြင္၊ ေက်ာက္ခ်န္ကြၽင္းက သူ႔ပတ္ဝန္းက်င္ရွိ လူမ်ားကို ျဖဳန္းတီးခဲ့ျခင္း မဟုတ္ေသာ္လည္း သူ႔မိသားစုႏွင့္ သူငယ္ခ်င္းမ်ားအားလုံးတြင္ သူသာလွ်င္ လြတ္ေျမာက္ခဲ့ေသာ တစ္ဦးတည္းေသာသူျဖစ္သည္။

ထန္ရွီးရွီးက ဤလူသည္ ဧကရီမယ္ေတာ္ႀကီးေယာင္ျဖစ္သင့္သည္ဟု တိတ္တဆိတ္ေတြးခဲ့သည္။ ထိုအရာမ်ားသည္လည္း ယုတၱိရွိသည္။ ထန္ရွီးရွီးက ဧကရီမယ္ေတာ္ႀကီးေယာင္၏ ပုဂၢိဳလ္ျဖစ္သည္။ ဧကရီမယ္ေတာ္ႀကီးေယာင္သည္ သူမ၏ေစတနာကို ရည္႐ြယ္ခ်က္ရွိရွိျပသခဲ့သျဖင့္ ေက်ာက္ခ်န္ကြၽင္း၏မဂၤလာပြဲကို ေနာက္ဆုံးတြင္ ေအာင္ျမင္စြာက်င္းပႏိုင္ခဲ့သည္။ ထန္ရွီးရွီးက ဤအရာကိုေတြးတိုင္း ေခြၽးတေအးေအးႏွင့္ မၾကာခဏဆိုသလိုပင္ သူမသည္ ဤေဘးဆိုးမွ လြတ္ေျမာက္သြားသည့္အတြက္ ဝမ္းသာမိသည္။ ေက်ာက္ခ်န္ကြၽင္းကလည္း ဤကာလအတြင္း အလြန္စိတ္လႈပ္ရွားေနေၾကာင္း ရွင္းရွင္းလင္းလင္းသိႏိုင္သည္။

ထန္ရွီးရွီးက ဧကရာဇ္ကိုယ္လုပ္ေတာ္ေကာင္းကုန္းလီ၏ေခါင္းစဥ္ကို မေျဖပါ။ သူမ အေမအရင္းကို သၿဂႋဳဟ္ခိုင္းတာကိုၾကည့္ရတာ ဘယ္လိုခံစားရလဲ သူမ နားမလည္ႏိုင္ခဲ့ပါ။ ေက်ာက္ခ်န္ကြၽင္းကို အ႐ူးအမူး ႏွစ္သိမ့္ခဲ့မယ္ဆိုရင္ သူမရဲ႕ ဟန္ေဆာင္မႈသာ ျဖစ္ပါလိမ့္မည္။ ထို႔အျပင္၊ ဤအေၾကာင္းအရာသည္ လုံးဝအကဲဆတ္ေနသည္။ ေကာင္းေကာင္း မေျပာႏိုင္ရင္ အတြင္းအျပင္ကို မသိဘဲနဲ႔ ဧကရီမယ္ေတာ္ႀကီးေယာင္ရဲ႕နားကို ေရာက္သြားရင္ သူမ၏ အဆုံးသတ္သြားေပလိမ့္မည္။

ထို႔ေၾကာင့္ ထန္ရွီးရွီးက ေက်ာက္ခ်န္ကြၽင္း၏ လက္ကို ဆုပ္ကိုင္လိုက္ၿပီး သူမ၏ဗိုက္ေပၚတင္လိုက္ၿပီး " ဝမ္ရယ္... အတိတ္က ၿပီးသြားပါၿပီ... အဲဒါေတြက ဝမ္ရယ္ အျပစ္မဟုတ္ဘူး... ဝမ္ရယ္မွာ စိတ္ႏွလုံးသားေကာင္းရွိသေ႐ြ႕ နားလည္ဖို႔ ဘယ္ေတာ့မွ ေနာက္မက်ဘူး... ေနာင္တရစရာေတြရွိရင္ ဝမ္ရယ့္က အနာဂတ္မွာ ကေလးကို ေကာင္းေကာင္း သြန္သင္ဆုံးမတာက ပိုမမွန္ဘူးလား"

ေက်ာက္ခ်န္ကြၽင္းက သူမ၏ ဝမ္းဗိုက္မွ အျခား ႏုနယ္ေသာ အသက္၏ ႏွလုံးခုန္သံကို ၾကားလိုက္ရသကဲ့သို႔ သူ႔လက္ဖဝါးေအာက္တြင္ စီးဆင္းေနေသာ ေသြးမ်ားကို ခံစားလိုက္ရသည္။ ဤသည္မွာ သူ႔ကေလး၊ သူ႔အေသြးအသားငယ္ဘဝ၊ ေကာင္းမိသားစုေသြး၏မူလအစႏွင့္ သူ႔အစ္ကိုမ်ား၏ မ်က္ႏွာရိပ္မ်ားရွိသည္။

ေက်ာက္ခ်န္ကြၽင္းက ေက်ာက္ခ်န္းတင္ဟာ သူ႔အစ္ကိုလို႔ ဘယ္တုန္းကမွ မေတြးခဲ့ဘဲ အခု နဂါးပလႅင္ေပၚက ဧကရာဇ္ငယ္ေလးက သူ႔နဲ႔ ဘာမွ မဆိုင္ပါဘူး။ ဒုတိယႏွင့္ တတိယအစ္ကိုမ်ားသည္ ေစာေစာစီးစီး ထြက္သြားၾကၿပီး မေသဆုံးမီ အမ်ိဳးအႏြယ္ကို မခ်န္ထားႏိုင္ပဲ ထြက္သြားခဲ့ၾကသည္။ သူသည္လည္း စစ္မႈထမ္းေနကာ လက္ထပ္ရန္ ႏွစ္ေပါင္းမ်ားစြာ ေႏွာင့္ေႏွးခဲ့ရၿပီး ေနာက္ဆုံးတြင္ ယခုႏွစ္တြင္ သူ႔ကိုယ္ပိုင္ ကေလးကို ေမြးခဲ့သည္။ ဒီကေလးဟာ သူတို႔မိသားစုရဲ႕ တစ္ဦးတည္းေသာ သားစဥ္ေျမးဆက္ ျဖစ္လာသည္။

ေက်ာက္ခ်န္ကြၽင္းက သူ႔ကို ပိုပိုၿပီး ျမတ္ႏိုးလာခဲ့သည္။ ကေလးမေမြးခင္မွာ ကေလးစာသင္ဖို႔ ေက်ာင္းစာအုပ္ေတြ၊ အနာဂတ္အတြက္ အစီအစဥ္ေတြကို ေရးဆြဲထားၿပီးသားပါ။ ေက်ာက္ခ်န္ကြၽင္းက ထန္ရွီးရွီးကို "ပထမဆုံး စာေရးတာ ဒါမွမဟုတ္ ကိုယ္ခံပညာအရင္ေလ့လာတာက သူ႔အတြက္ ပိုေကာင္းတယ္လို႔ မင္းထင္လား..ကိုယ့္မိခင္ဘက္က အဖိုးက မွတ္ဉာဏ္ေကာင္းတယ္... ငယ္စဥ္ကေလးဘဝရဲ႕ စြမ္းရည္ေတြကို အလဟႆမျဖစ္ေစဖို႔အတြက္ အဘိဓာန္ေတြကို ငယ္ငယ္ကတည္းက ႐ြတ္ဆိုႏိုင္ခဲ့တယ္လို႔ ၾကားသိရတယ္... သူလဲ ႀကီးျပင္းလာတဲ့အခါ မွတ္သားႏိုင္စြမ္း ျမင့္မားလာမွာပါ... စကားမစပ္.. ကိုယ့္ရဲ႕ ဒုတိယအစ္ကိုက လက္ေရးလွနဲ႔ ပန္းခ်ီေရးတာ အထူးေကာင္းမြန္တယ္... သူ႔မွာ ပန္းခ်ီဆြဲႏိုင္တဲ့ အရည္အခ်င္းလဲ ရွိေကာင္းရွိႏိုင္တယ္ ..."

ထန္ရွီးရွီးက မေက်နပ္ေတာ့ဘဲ ေက်ာက္ခ်န္ကြၽင္းကို ဟန႔္တားလိုက္ၿပီး " ဝမ္ရယ္... သူက မေမြးေသးပါဘူး... အရွင္က သူ႔အတြက္ စည္းမ်ဥ္းေတြ စီစဥ္ေပးေနတယ္... သူက သာမန္လူတစ္ေယာက္လို ေမြးဖြားလာရင္ေရာ... ေနာက္ၿပီး သူက ဘာလို႔ ကြၽန္မလို မျဖစ္ရတာလဲ... ကြၽန္မကိုယ္ကြၽန္မ ႂကြားတာမဟုတ္ဘူး... ကြၽန္မရဲ႕ မိခင္ဘက္ကအဖိုးက ကြၽန္မတို႔မိသားစုကို ငယ္ငယ္တည္းက အရက္ေသစာနဲ႔ ဂဏန္းသခ်ၤာကို ေကာင္းေကာင္းတတ္ေျမာက္ေအာင္ အေျခခ်ေပးခဲ့ၿပီး စာရင္းရွင္းဖို႔ ဘာအကူအညီမွ ဘယ္ေတာ့မွ မလိုအပ္ဘူး "

ေက်ာက္ခ်န္ကြၽင္းက ေခါင္းညိတ္ျပၿပီး "မင္းလိုျဖစ္ရင္ ေကာင္းတာေပါ့... အထူးသျဖင့္ သမီးျဖစ္ရင္ေပါ့... သူ(မ)က မင္းရဲ႕ အရက္ေသာက္ႏိုင္စြမ္းကို အေမြဆက္ခံရမယ္... အဲ့တာဆို သူ(မ)က အနာဂတ္မွာ အခြင့္ေကာင္းယူခံမွာကို စိုးရိမ္ေနစရာ မလိုေတာ့ဘူး"

သူပိုေျပာေလေလ သူမ ေဒါသပိုထြက္ေလေလပါပဲ။ ထန္ရွီးရွီး၏ မ်က္ခုံးမ်ား ပင့္တက္သြားၿပီး ေက်ာက္ခ်န္ကြၽင္း၏ လက္ကို ေဒါသတႀကီး ဆုပ္ကိုင္လိုက္ၿပီး "အရွင္ ဘာေျပာေနတာလဲ... ကိုယ့္သမီးကို ဒီလိုမ်ိဳး ဘယ္လိုက်ိန္ဆဲႏိုင္တာလဲ... ဖူး... ႏွစ္သစ္မွာ ကံဆိုးတဲ့ စကားလုံးေတြ မေျပာသင့္ဘူး... ျမန္ျမန္ျပန္ယူပါ "

"ေကာင္းၿပီ... ေကာင္းၿပီ... ငါ ျပန္ယူမယ္" ေက်ာက္ခ်န္ကြၽင္းက သူမကို ကူကယ္ရာမဲ့ၾကည့္ၿပီး "မင္းစိတ္မပူပါနဲ႔ ျဖည္းျဖည္းေျပာပါ "

ေက်ာက္ခ်န္ကြၽင္းက ထန္ရွီးရွီးကို ေခ်ာ့ေနခ်ိန္မွာ လွ်ိဳက်ိက တံခါးအျပင္ဘက္မွာ ရပ္လိုက္ၿပီး " ဝမ္ရယ္... ရွီဇီနဲ႔ ရွီဇီေဖးက ဒီကို ေရာက္ေနပါၿပီ "

ေက်ာက္ခ်န္ကြၽင္းႏွင့္ ထန္ရွီးရွီးတို႔သည္ သူတို႔၏ လုပ္ရပ္မ်ားကို ရပ္လိုက္သည္။ ထန္ရွီးရွီးက သူမ၏လက္မ်ားကို ဆုတ္ခြာသြားေသာ္လည္း သူမ ေဒါသကို မေျပမလည္ျဖစ္ကာ သူ႔လက္ကို ေနာက္တစ္ႀကိမ္ လိမ္ဆြဲရန္ ျပန္လာခဲ့သည္။ ေက်ာက္ခ်န္ကြၽင္းက ၿငိမ္သက္စြာ သည္းခံေနၿပီး မွန္ကန္စြာ ထိုင္ကာ "သူတို႔ကို ေခၚလိုက္ပါ"

ေက်ာက္ဇီရွင္းႏွင့္ လုယိေဖးက တံခါးဝသို႔ဝင္လာကာ " အေဖနဲ႔ ဝမ္ေဖးကို ေလးေလးစားစား ႏႈတ္ဆက္ပါတယ္... ႏွစ္သစ္မွာ အေဖနဲ႔ ဝမ္ေဖး က်န္းမာပါေစလို႔ ဆုမြန္ေကာင္း ေတာင္းလိုက္ပါတယ္ "

လုယိေဖးက အ႐ိုအေသေပးၿပီး " ဝမ္ရယ္ နဲ႔ ဝမ္ေဖး တို႔ ႏွစ္သစ္မွာ ေပ်ာ္႐ႊင္ပါေစ "

ထန္ရွီးရွီးက ဂ႐ုမစိုက္ဘဲ ေပါ့ေပါ့ပါးပါး တုံ႔ျပန္လိုက္ေသာ္လည္း ေက်ာက္ခ်န္ကြၽင္း ႐ုတ္တရက္ ျပႆနာတစ္ခုကို သတိျပဳမိလိုက္သည္။

ေက်ာက္ဇီရွင္းက သူ႔ကို အေဖလို႔ ေခၚေပမယ့္ ထန္ရွီးရွီးကို ဝမ္ေဖးလို႔ ေခၚခဲ့သည္။ ေက်ာက္ခ်န္ကြၽင္း အရင္က သတိမထားမိဘူး။ ဒီေန႔ေတာ့ နာမည္ႏွစ္ခုကို ေဘးခ်င္းကပ္ထားလိုက္တဲ့အခါ မွားမွန္းသိလိုက္ရသည္။

ေက်ာက္ခ်န္ကြၽင္းက ယခုအခ်ိန္တြင္ ျပန္လည္သတိရၿပီး ေက်ာက္ဇီရွင္းသည္ ထန္ရွီးရွီးကို မည္သည့္အခါသမယတြင္မွ် မိခင္ဟု မေခၚဆိုေၾကာင္း ေတြ႕ရွိခဲ့သည္။ ဒါက ဘာကို ဆိုလိုတာလဲ။ ထန္ရွီးရွီး၏ အေျခအေနကို အသိအမွတ္မျပဳခ်င္သလိုျဖစ္ၿပီး သူမကို ထိုကဲ့သို႔ မေခၚခ်င္တာမ်ိဳးပါ။

ေက်ာက္ခ်န္ကြၽင္းက ေက်ာက္ဇီရွင္းကို တိတ္တဆိတ္ၾကည့္ကာ ဘာမွျပန္မေျပာေပ။ ယေန႔တြင္ ေက်ာက္ဇီရွင္းႏွင့္ သူ၏ဇနီးတို႔သည္ ႏွစ္သစ္ကူး ႏႈတ္ခြန္းဆက္စကားမ်ား ေျပာၾကားေနၾကသည္သာမက အိမ္ေတာ္အျပင္ဘက္ရွိ အရာရွိမ်ားစြာလည္း လာေရာက္လည္ပတ္ၾကသည္။ ခဏၾကာေတာ့ လွ်ိဳက်ိက " ဝမ္ရယ္.... တရားသူႀကီး ေရာက္လာၿပီ "

ရွီးဖ်င္ရဲ႕ တရားသူႀကီးက ေက်ာက္ခ်န္ကြၽင္းကို သူ႔ကို လူကိုယ္တိုင္ လက္ခံေတြ႕ဆုံေစခ်င္သည္။ ေက်ာက္ခ်န္ကြၽင္းက ထိုင္ေနရာမွ ထလာၿပီး ေက်ာက္ဇီရွင္းက ဒါကိုျမင္တဲ့အခါ သူ႔ေနာက္ကို လိုက္ခ်င္ခဲ့သည္။ ေက်ာက္ဇီရွင္းသည္ သူ႔ေျခေထာက္ကို အနည္းငယ္ျမႇင့္လိုက္ၿပီး အခန္းအျပင္ဘက္သို႔ အျမန္ေလွ်ာက္သြားလိုက္သည္။ မထင္မွတ္ပဲ ေက်ာက္ခ်န္ကြၽင္းက အခ်ိန္အေတာ္ၾကာၿပီးေနာက္ အျပင္သို႔ ထြက္မလာေပ။

ေက်ာက္ဇီရွင္း အံ့ၾသသြားၿပီး အတြင္းခန္းထဲသို႔ ျပန္ဝင္လာျပန္သည္။ ေက်ာက္ခ်န္ကြၽင္း သည္ တစ္ေနရာတည္းတြင္သာ ရွိေနေသးသည္ကို ေတြ႕လိုက္ရၿပီး ထန္ရွီးရွီးအား တိုးတိုးေလးေျပာေနကာ "ကိုယ့္ကိုယ္ကို သတိထားပါ... ယူစရာရွိရင္ အေစခံက မင္းအတြက္ လုပ္ေပးလိမ့္မယ္... ကိုယ္တိုင္မလုပ္နဲ႔... ဘယ္သြားသြား အိမ္အကူတစ္ေယာက္ ေခၚသြားရမယ္ "

"ကြၽန္မ သိပါၿပီ " ထန္ရွီးရွီးက ဒါကို ေကာင္းေကာင္းသိၿပီး ေနာက္ျပန္ေတာင္ ႐ြတ္ဆိုႏိုင္ေနၿပီ၊ "စိတ္မတိုပါနဲ႔... ေလးလံတဲ့ အရာေတြကို မ မပါနဲ႔... စိတ္မဆိုးပါနဲ႔... ကြၽန္မ အားလုံးကို မွတ္မိတယ္... ဝမ္ရယ္က ျမန္ျမန္သြားပါ "

တစ္ဖက္တြင္ တာဝန္ထမ္းေဆာင္ေနစဥ္ လုယိေဖး၏ မ်က္လုံးမ်ား ျပဴးက်ယ္သြားသည္။ ထန္ရွီးရွီးက အရမ္းရဲရင့္လြန္းလို႔ က်င့္ဝမ္နဲ႔ ဒီလိုစကားေျပာဝံ့ခဲ့တာလား။ သူမသည္ ေက်ာက္ခ်န္ကြၽင္း၏ မ်က္ႏွာကို တိတ္တဆိတ္ၾကည့္လိုက္သည္။ ေက်ာက္ခ်န္ကြၽင္းက အံ့အားသင့္စရာ ေကာင္းေလာက္ေအာင္ သူမကို စိတ္မဆိုးခဲ့ပါ။ သူက ထန္ရွီးရွီးနဲ႔ စိတ္ရွည္ရွည္နဲ႔ေျပာေနတုန္းပဲ၊ "ဒါက ပိုသတိထားတာ အႏၲရာယ္မရွိပါဘူး... မင္း အိမ္အကူကို မင္းနဲ႔ အရင္စကားေျပာခြင့္ျပဳပါ... တရားသူႀကီးကို ကိုယ္ ႏုတ္ဆက္ၿပီးရင္ မင္းနဲ႔အေဖာ္ျပဳဖို႔ ျပန္လာမယ္ "

ထန္ရွီးရွီးက ဘာမွမထူးျခားေသာအသြင္အျပင္ျဖင့္ " အင္း , အမ္း " ျဖင့္ ေခါင္းညိတ္ေနကာ ဂ႐ုတစိုက္ၾကည့္လိုက္ရင္ အနည္းငယ္ စိတ္မရွည္ပုံေပၚေနသည္။ ယင္းအစား ေနာက္ဆုံးတြင္ ျဖည္းညႇင္းစြာ ေလွ်ာက္သြားကာ ဘယ္ညာ တြန္းအားေပးခံရၿပီးမွ ခက္ခက္ခဲခဲ တံခါးမွ ထြက္သြားသူက ေက်ာက္ခ်န္ကြၽင္း ျဖစ္သည္။

ဆန႔္က်င္ဘက္အေနႏွင့္၊ ထန္ရွီးရွီးက ဤအသည္းႏွလုံးမရွိေသာ အမဲစက္ႏွင့္တူသည္။

ေက်ာက္ခ်န္ကြၽင္း တံခါးမွ ထြက္သြားၿပီးေနာက္ တံခါးဝတြင္ အိမ္အကူကို အႀကိမ္ႀကိမ္ သတိေပးရန္ မေမ့ေသးေပ။ လုယိေဖးက ဒီျမင္ကြင္းကို တအံ့တၾသၾကည့္ၿပီး " ဝမ္ေဖး... ဝမ္ရယ္ သြားၿပီ "

ထန္ရွီးရွီးက သူမကို အံ့အားသင့္စြာၾကည့္ရင္း "အင္း ငါသိပါတယ္ ။ "

ထန္ရွီးရွီးက လုယိေဖးေမးခ်င္တာကို နားမလည္ဘူး။ လုယိေဖးက ခဏတာပင္ စကားမေျပာဘဲ မည္သို႔ေျပာရမည္ကို မသိေပ။ လုယိေဖးက ႏွစ္သစ္ကူး ႏႈတ္ခြန္းဆက္ ရန္ ရန္အန္း ၿခံဝင္း သို႔ ေရာက္ေသာအခါ ယေန႔ ေက်ာက္ဇီရွင္းႏွင့္ ေတြ႕ဆုံႏိုင္ခဲ့သည္။ ႏွစ္ေယာက္စလုံး ဒီကိုလာတဲ့လမ္းမွာ တစ္လမ္းလုံး တိတ္ဆိတ္ေနၾကသည္။ လုယိေဖးက ေက်ာက္ဇီရွင္း၏ ပထမဆုံးစာေၾကာင္းကို ၾကားလိုက္ရေသာ ႏွစ္သစ္ကူး ႏႈတ္ခြန္းဆက္သည့္ ကာလအတြင္းသာ ျဖစ္သည္။ အၾကင္လင္မယားသည္ လင္မယားခ်င္း သိပ္မရင္းႏွီးေသာေၾကာင့္ လုယိေဖးက သူ႔ခင္ပြန္းႏွင့္ စကားေျပာရန္ ဇိမ္ခံေမွ်ာ္လင့္ခ်က္တစ္ခု ျဖစ္လာခဲ့သည္။ ထန္ရွီးရွီး အတြက္ ေက်ာက္ခ်န္ကြၽင္းက သူမကို ထပ္ခါတလဲလဲ အႀကံဉာဏ္ေပးခဲ့ၿပီး သူအျပင္မထြက္ခင္ အႀကိမ္ေပါင္းမ်ားစြာ စကားေျပာေနကာ ထန္ရွီးရွီး က စိတ္မရွည္ေတာ့ေပ။

လူေတြက တကယ္ကို တုႏႈိင္းမရတဲ့သူပါ။ ထန္ရွီးရွီး မတ္တပ္ထရပ္ခ်င္လာကာ ပတ္ဝန္းက်င္ရွိ အေစခံမ်ားက သူမကို ကူညီရန္ အျမန္ဝိုင္းရံခဲ့ၾကသည္။ ထန္ရွီးရွီးက သူမ၏ခါးကိုကိုင္ကာ ခက္ခက္ခဲခဲ ေလွ်ာက္သြားကာ ညည္းညဴရင္း "ဗိုက္ႀကီးက လမ္းေတာင္မျမင္ရလို႔ စိတ္ရႈပ္စရာ ေကာင္းလြန္းတယ္... ဘယ္ေတာ့မွ မေမြးခ်င္ေတာ့ဘူး "

အိမ္အကူေတြက အံ့ဩသြားၿပီး " ဝမ္ေဖး ဒီလိုစကားမ်ိဳး မေျပာရဘူး... ဖူး...ဖူးး...ဖူးးးးး....ေတာအုပ္ကို ေခါက္ပါ... ခုနက ေျပာခဲ့တဲ့ စကားေတြကို ထည့္မတြက္ဘူး"

"ဟုတ္တယ္... ဝမ္ေဖး ဒီေန႔က ႏွစ္သစ္မို႔ စိတ္ဓာတ္မက်နဲ႔... ဘယ္ေလာက္ပဲ ၾကာၾကာခံေနပါေစ သခင္ငယ္ေလးက ႏွစ္လအတြင္း ထြက္လာလိမ့္မယ္ "

အိမ္အကူမ်ားသည္ ထန္ရွီးရွီးကို စကားေကာင္းေျပာရင္း၊ ႏွစ္သိမ့္ေပးကာ ေခ်ာ့ေပးေနၾကသည္။ လုယိေဖးက အဆုံးတြင္ သူမဗိုက္ကို တိတ္တဆိတ္ ပြတ္သပ္လိုက္သည္။

လုယိေဖးက ထန္ရွီးရွီးမွ ေဖာ္ျပေသာဒုကၡကိုနားမလည္ႏိုင္ပါ ။ သူမ ေတာင္းေတာင္ မေတာင္းႏိုင္ေပမယ့္ တစ္ခ်ိဳ႕လူေတြက ဖိနပ္ေဟာင္းတစ္ရံလို ဖယ္ပစ္လိုက္ၾကသည္။

ဒီကမာၻႀကီးက မတရားဘူး။

ႏွစ္သစ္ကူးအႀကိဳသည္ ျပန္လည္ဆုံဆည္းပြဲျဖစ္သည္။ ကေလးမ်ားႏွင့္ ေျမးမ်ား အားလုံးသည္ ႐ႊင္လန္းဖြယ္ အခ်ိန္အခါသမယကို ဂုဏ္ျပဳရန္ သက္ႀကီး႐ြယ္အိုမ်ား‌‌ေရွ႕ ဒူးေထာက္ကာ စု႐ုံးၾကသည္။ အိမ္ႀကီးတြင္ အသက္ႀကီးေသာ ဧကရာဇ္ကိုယ္လုပ္ေတာ္မရွိေသာေၾကာင့္ ထန္ရွီးရွီးက မိသားစု၏ ရာထူးတြင္ အႀကီးဆုံးျဖစ္လာခဲ့သည္။ ယေန႔တစ္ေန႔လုံး၊ လူတိုင္းသည္ ထန္ရွီးရွီး အနီးတစ္ဝိုက္တြင္ စု႐ုံးၾကၿပီး ထန္ရွီးရွီးကို ေပ်ာ္႐ႊင္ ေစရန္အတြက္ ေၾကာက္႐ြံ႕မႈျဖင့္ သူမကို ေစာင့္ေရွာက္ကာ ထန္ရွီးရွီး ေပ်ာ္ေစရန္ သူတို႔၏ ဦးေႏွာက္မ်ားကို အစြမ္းကုန္အသုံးခ်ေနၾကသည္။

ညေနစာစားရန္ ျပန္ဆုံခ်ိန္ေရာက္ေသာအခါ ေမာင္းမမိႆံမ်ားစြာလည္း ေရာက္လာၾကသည္။ က်ိဳး႐ႊင္းဟြာႏွင့္ အျခားသူမ်ားသည္ အဝတ္အစားအသစ္မ်ား၊ လက္ရာေျမာက္လွေသာ အက်ႌမ်ားကို ၀တ္ဆင္ထားၿပီး ေခါင္းေပၚတြင္ ပုလဲႏွင့္ ေက်ာက္စိမ္းဆံထိုးကြင္းမ်ား၊ လက္ရာေျမာက္ေသာ လက္ေႏြးမ်ားျဖင့္ ဧည့္ခန္းမပတ္လည္တြင္ ရပ္ကာ စကားေျပာရင္း ရန္ေစာင္ေနၾကသည္။

ဧည့္ခန္းမမွာ အေမႊးတိုင္ေတြ မလိုဘူး။ မိန္းမလွမ်ားေပၚရွိ နံသာမႈန႔္မ်ားသည္ ခန္းမကို ေမႊးႀကိဳင္ေစရန္ လုံေလာက္ေနသည္။ ထန္ရွီးရွီးက သူမေရွ႕ရွိ ပုလဲမ်ားႏွင့္ ေက်ာက္စိမ္းမ်ားျဖင့္ ျပည့္ေနေသာ ခန္းမကို လွမ္းၾကည့္ကာ သူမကိုယ္သူမ ျပန္ၾကည့္ကာ သက္ျပင္းကို ညင္သာစြာ ခ်လိုက္သည္။

ထန္ရွီးရွီး သက္ျပင္းခ်လိုက္ၿပီး ဧည့္ခန္းမသည္ ခ်က္ခ်င္း တိတ္ဆိတ္သြားသည္။ ခဏအၾကာတြင္ က်ိဳး႐ႊင္းဟြာက ၿပဳံးၿပဳံး႐ႊင္႐ႊင္ျဖင့္ " ဒီလိုေကာင္းတဲ့ေနမွာ ဝမ္ေဖး ဘာေၾကာင့္ သက္ျပင္းခ်ရတာလဲ"

"ငါ မင္းတို႔အားလုံးကို မနာလိုျဖစ္တယ္" ထန္ရွီးရွီးက ညိဳးငယ္တဲ့မ်က္ႏွာနဲ႔ "ရႈပ္ေထြးတဲ့ဆံပင္ အဆင္အျပင္နဲ႔ တင္းၾကပ္တဲ့အဝတ္အစားေတြကို ေပါ့ေပါ့ပါးပါး ဝတ္ဆင္ႏိုင္တဲ့အတြက္ မင္းတို႔အားလုံးကို ငါတကယ္မနာလိုဘူး... မင္းတို႔နဲ႔မတူတာက ငါက ကိုယ္ဝန္သည္အတြက္ ခ်ဳပ္ထားတဲ့ အဝတ္အစားပြပြေတြပဲ ဝတ္လို႔ရတယ္"

က်ိဳး႐ႊင္းဟြာ ၊ ရန္ယြိက်င္ ႏွင့္ က်န္သူမ်ား အံ့ဩသြားၾကသည္။ က်ိဳး႐ႊင္းဟြာသည္ ထန္ရွီးရွီး၏ အမူအရာကို ဂ႐ုတစိုက္ၾကည့္သည္။ ထန္ရွီးရွီးက သူမအား တမင္တကာ ေလွာင္ေျပာင္ေနသလားဟု သူမ သံသယျဖစ္မိသည္။

တစ္ခုခုကို ျမႇင့္တင္လိုလွ်င္ ဦးစြာႏွိမ့္ခ်ၿပီး အမွန္တရားကို ခ်ီးမြမ္းသင့္သည္။ ညည္းညဴေသာေလသံျဖင့္ အမွန္အတိုင္းေျပာသင့္သည္။

ဒါကို တိုင္ၾကားျခင္းလို႔ ေခၚသလား။ မေမြးရေသးေသာ ေမာင္းမမိႆံမ်ားစြာေရွ႕တြင္ သူမသည္ ကိုယ္ဝန္ေၾကာင့္ ႐ုပ္ရည္ေခ်ာေမာေစေသာ လွပေသအဝတ္အစားမ်ား မဝတ္ႏိုင္ဟု ညည္းညဴေနၾကဆဲျဖစ္သည္။

အိုး၊ အိုး! အရွက္မဲ့လိုက္တာ။ အရင္က ထန္ရွီးရွီးကို သူတဆို႔ တကယ္ေလွ်ာ့တြက္ခဲ့ၾကသည္။ ထန္ရွီးရွီးက ဤမွ်အဆင့္ျမင့္ၿပီး နက္နဲေသာ အႀကံအစည္ရွိေသာ အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး သူမတို႔ကို အလြန္စိတ္အေႏွာက္အယွက္ေပးႏိုင္ရန္ မေမွ်ာ္လင့္ထားေပ။

က်ိဳး႐ႊင္းဟြာက တုံ႔ဆိုင္းစြာၿပဳံးၿပီး " ဝမ္ေဖးရဲ႕ ကိုယ္ဝန္ဟာ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ ျဖစ္ရပ္တစ္ခုပါ... ေနာက္ႏွစ္လဆိုရင္ ဝမ္ေဖးက အရင္ကလို လွပလာလိမ့္မယ္"

ထန္ရွီးရွီးက သူမ၏ လက္ေမာင္းကို ၾကည့္ၿပီး သက္ျပင္းခ်ကာ "ငါလည္း ေမွ်ာ္လင့္ပါတယ္... ငယ္ငယ္ကတည္းက မဝဘူးဖူး... ဒါ ပထမဆုံး အႀကိမ္ အသား အမ်ားႀကီး စုေဆာင္းတာပါ ။ "

အစာစားၿပီးတိုင္း ထမင္းမစားဝံ့ေသာ ဤအမ်ိဳးသမီးမ်ားသည္ တိတ္ဆိတ္ေနရျပန္သည္။ က်ိဳး႐ႊင္းဟြာက အခ်ိန္အၾကာႀကီး ရပ္ေနၿပီးမွ " ဝမ္ေဖးက သဘာဝအတိုင္း လွပၿပီး သဘာဝအတိုင္း ထူးထူးျခားျခားပါပဲ"

"ဒါက ဘာေကာင္းလို႔လဲ" ထန္ရွီးရွီးက သူမရဲ႕ လက္ကိုင္ပုဝါကို ခ်လိုက္ၿပီး "တစ္ခါတေလ မင္းတို႔အားလုံးက ေပြ႕ဖက္ႏိုင္တဲ့ သူငယ္ခ်င္းေတြ အျဖစ္ စကားေျပာေနတာကို ငါ ျငဴစူတယ္... ငါနဲ႔မတူဘူး... ငါ့အတြက္က်ေတာ့ လူတိုင္းက ငါ့မ်က္ႏွာကို ၾကည့္ၿပီး ငါ့ကို သေဘာက်တယ္လို႔ပဲ ေျပာေနၾကတယ္"

❤❤❤❤❤Thank you so much, each reader, for your reading, voting and supports❤❤❤❤❤

Fortsätt läs

Du kommer också att gilla

193K 20.8K 101
ဘာသာပြန်သူ - စွဲညို့အသင်း
102K 16.3K 66
Name(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao...
394K 51.8K 164
Title ➪ Transmitgated into a parvenu's Ex-wife in the '90s(TPE) Author(s)➪ Xue Ye English Translator(s)➪Fringe Capybara Status in COO ➪148(completed)...
247K 24.3K 187
( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက...