Unicode
“သူ့ကို သီချင်းဆက်ဆိုခိုင်းလိုက်ပါလား။သူခုနသီချင်းဆိုနေတုန်းက အရမ်းပျော်နေပုံပဲ” ယောက်ရှိုးယွမ်က ဆက်နေအောင်ပြောလာသည်။
ချူချန်တစ်ယောက် ကျိချင်းကျိုးကို ကြည့်လိုက်ကာ-
“မင်း သီချင်းဆိုချင်သေးလား”
ကျိချင်းကျိုးက တကယ်အိပ်ချင်နေတာဖြစ်ပြီး သီချင်းဆက်မဆိုချင်ပေ။ထို့ကြောင့် ချူချန်ပခုံးတွေထဲ ခေါင်းမြှုပ်ပြီး ခေါင်းယမ်းပြလိုက်သည်။
“သူတကယ်အိပ်နေချင်ပြီ။နောက်နေ့မှပေါ့။မင်းတို့ပဲ အရင်ပျော်ကြပါ။ငါတို့ ပြန်တော့မယ်”
တစ်ခြားသူတွေလည်း ဆက်မဆွဲထားတော့ပေ။ချင်းရွှယ်က အငှားယာဉ်မောင်းခေါ်ပေးလာပြီး ချူချန်ကတော့ ကျိချင်းကျိုးကို တွဲထူရင်း-
“ထ! ပြန်ပြီးအနားယူကြမယ်”
“သီချင်းမဆိုတော့ဘူးလား? ခင်ဗျားခုထိ မဆိုရသေးဘူးလေ” ကျိချင်းကျိုး မေးလိုက်သည်။
“ကိုယ် မဆိုတော့ဘူး”
ကျိချင်းကျိုးက ငေါင်တောင်တောင်လေး ခေါင်းညိမ့်လာ၏။
ယွီအန်းယီ သူ့လက်ကို သွားဆွဲပြီး ဂွတ်ဘိုင်လုပ်တော့ ကျိချင်းကျိုးကလည်း တာ့တာတွေအများကြီး ပြန်လုပ်ပြနေပြီး အကြိမ်ကြိမ် လက်ဝေ့ယမ်းပြနေ၍ ယွီအန်းယီရယ်မိတော့သည်။သူမရယ်တာမြင်တော့ ကျိချင်းကျိုးကလည်း လိုက်ရယ်နေ၏။
သူတို့ဟိုတယ်ထဲက ထွက်ပြီး ကားထဲရောက်ချိန်၌ ကျိချင်းကျိုးက ချူချန်ပခုံးပေါ်မှီရင်း အိပ်ဖို့ပြင်သည်။သူဝိုင်မူးနေရုံအပြင် ကားပါမူးလာ၏။ခဏလေးတောင် အိပ်မရပဲ အန်ချင်လာသည်။ချူချန်တစ်ယောက် မျက်မှောင်ကြုတ်ထားတဲ့သူ့ကိုကြည့်၍-
“ဘာဖြစ်လို့လဲ”
“အန်ချင်လို့”
“မူးနောက်နောက်ကြီးဖြစ်နေတာလား”
ချူချန် ခေါင်းကိုက်လာပြီ။သူလည်း ကားမှန်ဖွင့်လိုက်ပြီး ကျိချင်းကျိုးကို မေးလိုက်တယ်။
“အခုပိုနေလို့ကောင်းသွားပြီလား?”
နည်းနည်းလေးနေရသက်သာသွားပေမယ့် ကျိချင်းကျိုးတစ်ယောက် အန်ချင်နေဆဲပင်။ထို့ကြောင့် ချူချန်ပခုံးပေါ်မှီရင်း မျက်မှောင်ကြုတ်ထားလိုက်တယ်။
ချူချန်သည်အိတ်ကပ်ထဲမှ Bluetooth headset လေးကိုထုတ်လိုက်ပြီး သူ့နားမှာတပ်ပေးကာ သီချင်းဖွင့်ပေးလိုက်သည်။
“အခု ပိုနေလို့ကောင်းသွားပြီလား”
ကျိချင်းကျိုးက ခေါင်းညိမ့်ပေမယ့် မျက်မှောင်ကြုတ်ထားဆဲ။
ဒီဟိုတယ်က ဖျော်ဖြေရေးနေရာအကျယ်ကြီးဖြင့် ဆက်ထားတာဖြစ်၍ မြို့လယ်ခေါင်နဲ့ရော သူတို့နေတဲ့နေရာနဲ့ရော နည်းနည်းဝေးသည်။ချူချန်မှာလည်း အန်ချင်တာပျောက်တဲ့ ဘာဆေးဝါးမှ ရှိမနေပေ။ထို့ကြောင့် ဒါရိုက်တာကြီးကိုသာ ပြောရတော့သည်။
“လမ်းမှာဆေးဆိုင်တစ်ဆိုင်ဆိုင်တွေ့ရင် ကျွန်တော့်ကိုပြောပါဦး”
“ကောင်းပါပြီ”
ချူချန်သည် ကျိချင်းကျိုးအား ပွေ့ဖက်ထားရင်း ကျိချင်းကျိုးရဲ့အမူအရာတွေကို ငုံ့ကြည့်နေ၏။ သီချင်းထဲမြောသွား၍ ပိုသက်သာသွားပုံပေါ်မှသာ သူလည်း စိတ်အေးသွားလေသည်။ချူချန်စိတ်ထဲ ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်-နောက်ပိုင်း ကျိချင်းကျိုးကို အရက်သောက်ခွင့်မပြုတော့ဘူး။လွယ်လွယ်နဲ့မူးတတ်လွန်းလို့ တစ်စက်တောင်မသောက်ခိုင်းတော့ပေ။
ဒီအချိန်ကြီးဆိုတော့ ဆေးဆိုင်အများစုက ပိတ်သွားပြီဖြစ်သည်။မြို့လယ်ခေါင်နဲ့ နီးလာမှသာ ဖွင့်ထားတဲ့ ဆေးဆိုင်တွေကို တွေ့ရ၏။ချူချန်တစ်ယောက် ကျိချင်းကျိုးအတွက် ဆေးဝယ်ပေးဖို့ ကားထဲကထွက်မယ်လုပ်ပေမယ့် ကျိချင်းကျိုးက မလွှတ်ပေးဘဲ တူတူသွားမယ်ချည်းလုပ်နေသည်။
အမူးသမားလေးကျိချင်းကျိုးက ကပ်အားပြင်းတဲ့502စူပါကော်လေးလိုပင်။အလွန်အမင်းကိုကပ်လွန်းနေသောကြောင့် ချူချန်တစ်ယောက် စိတ်ရှည်လက်ရှည်ချော့မော့လိုက်သည်။
“မင်းက ကားထဲမှာပဲနေလေ။ကိုယ် ဆေးဝယ်ပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့မယ်”
ကျိချင်းကျိုးကလည်း အလွန်ဇွဲကောင်း၏။
“တူတူသွားမယ်”
“သုံးမိနစ်ပဲ။ဒီသီချင်းလေးပြီးတာနဲ့ ကိုယ်ပြန်ရောက်ပြီ”
“တူတူသွားမယ်လေ” ကျိချင်းကျိုးသည် သူ့ကိုလည်း ကြည့်ရင်း လက်မောင်းကိုလည်း ဆုပ်ကိုင်ထားရင်း မလွှတ်ပေးချေ။
“အိုကေ။တူတူသွားကြမယ်။လာ...ကားပေါ်ကဆင်း”
နောက်ဆုံးတော့ ချူချန်ချည် အလျှော့ပေးလိုက်သည်။
ကျိချင်းကျိုးက ပျော်ရွှင်စွာကားပေါ်ကဆင်းလာပြီး လက်နှစ်ဖက်ဆန့်ကားထားရင်း သူ့ကိုပြောလာသည်။
“အားချန် ကျောပိုး”
ချူချန် : ...........
ချူချန်သည် လက်ရှိအခြေအနေကို လက်ခံနိုင်ဖို့သာကြိုးစားလိုက်ပြီး ပတ်ပတ်လည်ကို ဝေ့ကြည့်၍ ကိုယ်ကိုင်းချကာ သူ့ရဲ့နတ်ဆိုးလေးကို ကျောပိုးရချေတော့သည်။
ကျိချင်းကျိုးက ရွှင်မြူးစွာဖြင့် သူ့ပခုံးပေါ်မှီ၍ earphoneမှ သီချင်းလေးနားထောင်ရင်း လမ်းတစ်လျှောက်က ဈေးဆိုင်တွေကို လိုက်ကြည့်နေသည်။
ချူချန်တစ်ယောက် ဆေးဆိုင်ထဲထိ သူ့ကို ချီမသွားဘဲ ဆေးဆိုင်တံခါးနားမှာချပေးတော့ ကျိချင်းကျိုးက စူပုတ်ပုတ်ဖြစ်သွား၏။မကျေမနပ်ဖြင့်သူ့နောက်ကနေဆေးဆိုင်ထဲလိုက်ဝင်ရင်း လက်ချောင်းတွေနဲ့လိုက်ထိုးနေသည်။ချူချန်လည်းလုပ်ချင်ရာသာလုပ်ပစေလွှတ်ထားလိုက်တော့၏။ဒီညကုန်ရင် သူ့ကိုယ်ကြီး အထိုးခံရလွန်းလို့ အပေါက်ဖြစ်သွားနိုင်လောက်သည်။
သို့သော် ဆေးဆိုင်မှာလည်း ဘာအအန်ပျောက်ဆေးမှ ရှိမနေပေ။ချူချန်ပင်ပန်းတာပဲအဖတ်တင်တယ်။ကားထဲကမထွက်တာမှ ပိုကောင်းဦးမယ်။အခုတော့ အားလုံးအလကားဖြစ်ကုန်ပြီ။
ခဏလေး! သူရုတ်တရက်အတွေးတစ်ခုဝင်လာသည်.......
သူဘာလို့ ကားထဲကနေ ကိုယ်တိုင်ထွက်ပြီးဆေးထွက်ဝယ်ရတာလဲ!
ဘာလို့ဒါရိုင်ဘာကို ထွက်မဝယ်ခိုင်းမိတာလဲ!
အဲ့လိုသာဆို သူနဲ့ကျိချင်းကျိုးလည်းကားထဲမှ ထွက်စရာမလိုတော့ဘူးလေ....
သူပါ ကျိချင်းကျိုးရဲ့အမူးရောဂါကူးစက်သွားလို့ဖြစ်မယ်ထင်တယ်။ဒီလိုအရာမျိုးလုပ်ရမယ်လို့ အရင်ကတွေးတောင်မတွေးခဲ့ဖူးဘူး။
ချူချန်သည် ကျိချင်းကျိုးအား ကျောပိုးရင်း ဆေးဆိုင်ထဲမှ လေးကန်စွာထွက်လာသည်။ကားထဲကထွက်မိတဲ့ရလဒ်ကတော့ သူကားနားရောက်တဲ့ချိန် ကျိချင်းကျိုးက ကားထဲဝင်ခိုင်းလို့မရတော့ပေ။
“ကားထဲမဝင်ချင်ဘူး”
သူက ချူချန်လည်တိုင်ကိုဖက်ထားပြီး နှုတ်ခမ်းစူထား၏။
“အဲ့ဒါကြီးက နေလို့မကောင်းဘူး”
ထိုစကားကြားတော့ ချူချန်တစ်ယောက် ကျောပေါ်ကလူကို လည်ပြန်ကြည့်လိုက်သည်။
ကျိချင်းကျိုးက သူ့ကို စိတ်အားထက်သန်စွာကြည့်လာပြီး မျက်လုံးလေးတွေကကြည်လင်နေကာ မကျေမနပ်ဖြစ်နေဟန်ဖြင့် သူ့နားရွက်နားကပ်ပြောလာ၏။
“နေလို့မကောင်းဘူး”
ကားထဲမှာ ကျိချင်းကျိုးဖြစ်နေပုံကိုတွေးမိပြီး ချူချန် သက်ပြင်းချလိုက်၏။ ဒါရိုင်ဘာကို အရင်ပြန်ခိုင်းလိုက်ကာ ကျိချင်းကျိုးကို ကျောပေါ်တင်၍ ဖြည်းဖြည်းချင်းပဲ လမ်းလျှောက်ပြန်လိုက်တော့သည်။
တကယ်ကို မမေ့နိုင်တဲ့ မွေးနေ့ပါပင်။ကလေးအရွယ်တည်းက မွေးနေ့မှာ လူတစ်ယောက်ကို ကျောပိုးပြီး လမ်းမလျှောက်ခဲ့ဖူးချေ။တကယ်အမှတ်တရပဲမို့ သူမမေ့နိုင်တော့ချေ။သူ့သမိုင်းမှာပါ မှတ်တမ်းတင်ထိုက်ပေသည်။
ကျိချင်းကျိုးသည် ကျောပေါ်မှီရင်း လမ်းပေါ်ကရှူခင်းတွေကို စိတ်ဝင်တစားလိုက်ကြည့်နေပြီး ပူဖောင်းသည်ကိုမြင်တော့ အလျန်အမြန်ထအော်လာသည်။
“ပူဖောင်းတွေ”
“ပူဖောင်းကိုမှတ်မိသေးတယ်ဆိုတော့ အမူးပြေသွားပြီထင်တယ်”
“ပူဖောင်းတွေကလှတယ်”
“အချစ်...မင်းက ပူဖောင်းကစားရမယ့်အရွယ်မဟုတ်တော့ဘူးနော်”
ကျောပေါ်မှကျိချင်းကျိုးက ခေါင်းလေးတညိမ့်ညိမ့်လုပ်ပြီး ခေါင်းစောင်း၍ ချူချန်ကိုကြည့်ရင်း တိုးတိုးလေးပြောသည်။
“အားချန်က ချောတယ်”
“ဒါပေါ့ ...ကိုယ်ကချောတယ်”
ကျိချင်းကျိုးက ပြုံးပြီး သူ့ကိုနမ်းလာသည်။
“အားချန်က အချောဆုံး”
ချူချန်မနေနိုင်ဘဲပြုံးလိုက်တယ်။
“ဒီညကိုယ့်ကိုချီကျူးလို့ မနက်ဖြန်အမူးပြေသွားရင် အဆူမခံရဘူးမထင်နဲ့နော်”
“ဆူပါနဲ့”
“အားချန်ကအကောင်းဆုံးလေ ”ကျိချင်းကျိုးက ထပ်ခါပြန်ပြောသည်။
“ဒါဆိုရင်တော့ မင်းအတွေးလွန်သွားပြီ။ဒီတစ်ညလုံး မင်းကတ်သီးကတ်ဖဲ့တွေလုပ်နေတာကို အခွင့်လွှတ်ခံချင်သေးတယ်ပေါ့?”
“မဆူနဲ့နော်”
ကျိချင်းကျိုးက သူ့မျက်နှာဘေးဘက်ကို နမ်းလာပြီး-
“အားချန်ကအကောင်းဆုံးးးအချောဆုံးးးး”
သူကစကားဆုံးသည်နှင့် ချူချန်ကို တရှုံ့ရှုံ့နမ်းတော့သည်။
သူနမ်းတိုင်းချူချန်မှာ မရယ်ပဲမနေနိုင်။
“ဘာတွေလုပ်နေတာလဲ?မင်းက သစ်တောက်ငှက်လား?”
ကျိချင်းကျိုးက ခပ်ဖွဖွရယ်ရင်း ခေါင်းစောင်း၍ အနမ်းအတွဲလိုက်ပြီး ပေးလိုက်တယ်။ချူချန်မှာ ဘေးကိုလိုက်ရှောင်ကြည့်ပေမယ့်မရပေ။နောက်ဆုံးတော့ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် နမ်းရှိုက်ရင်း ရယ်မောလိုက်ကြသည်။
ချူချန် ကျိချင်းကျိုးကို လှည့်ကြည့်ချိန် ကျိချင်းကျိုးကလည်း ခေါင်းလေးယိမ်းပြီး ပြန်ကြည့်နေလေသည်။လမ်းပေါ်မှာလည်း ဘယ်သူမှရှိမနေပေ။ချူချန်သည် ပြုံးစေ့စေ့ဖြင့် ကျောပေါ်ကလူကို အပြန်ပြန်အလှန်လှန် တို့ထိတို့ထိနမ်းနေပြီး ထိုသို့အကြာကြီးနမ်းပြီးမှသာ ရှည်လျားတဲ့ အနမ်းကြီးပေးလိုက်တော့တယ်။
ကျိချင်းကျိုးကိုကြည့်နေတဲ့အချိန် သူ့နှုတ်ခမ်းထောင့်တွေထိန်းမနိုင်သိမ်းမရကွေးညွှတ်နေမိတယ်။သူမနေနိုင်ဘဲ ထပ်နမ်းလိုက်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
“ကိုယ်မဆူတော့ဘူး....လူလည်လေး”
“အားချန်ကအကောင်းဆုံးပဲ” ကျိချင်းကျိုးကပြုံးပြီး သူ့ကိုကြည့်လိုက်သည်။
ချူချန်မှာနားထောင်ရင်း တွယ်တာခြင်းတွေပြည့်နေသည့် တစ်ဖက်လူရဲ့ မျက်လုံးကြည်ကြည်လေးကြောင့်စိတ်ထဲဝမ်းနည်းလာသည်။
“ကိုယ်က ဘာတွေကောင်းလို့လဲ”
“ဘာမဆိုကောင်းတာ”
“ဥပမာဆိုရင်ရော?”
ပခုံးပေါ်မှီနေသည့်ကျိချင်းကျိုးက ညင်ညင်သာသာလေးရေတွက်နေတယ်။
“ကြည့်ကောင်းတယ်၊စိတ်ကောင်းရှိတယ်၊ကျွန်တော့်ကိုကောင်းကောင်းဆက်ဆံတယ်”
“မင်းကို ကောင်းကောင်းဆက်ဆံတယ်?” ချူချန် သူ့ကိုကြည့်လိုက်တယ်။
ကျိချင်းကျိုးကခေါင်းညိမ့်လာပြီး အသံကညင်သာပေမယ့် ခိုင်မာမှုတို့ရှိနေသည်။
“ခင်ဗျားက ကျွန်တော့်ပေါ်အကောင်းဆုံးဆက်ဆံတဲ့လူပဲ”
သူ့ကိုကြည့်နေသောချူချန်စိတ်ထဲ ကမ္ဘာလောကကြီးခဏရပ်တန့်သွားသလိုပင်။
စကားတစ်ခွန်းမဆိုဘဲ တိတ်ဆိတ်ခြင်း၊တည်ငြိမ်ခြင်းတွေနဲ့ ကျိချင်းကျိုးကို ငေးကြည့်မိတယ်။ကျိချင်းကျိုးမျက်နှာပေါ်မှအပြုံးတွေ၊မျက်လုံးထဲက တွယ်တာခြင်းတွေကို ကြည့်၍ ထိုမျက်လုံးတွေအားဖြည်းညှင်းစွာ နမ်းရှိုက်လိုက်သည်။
ကျိချင်းကျိူးမျက်လုံးများက အလိုလိုပိတ်ကျသွားပြီး မျက်ခွံပေါ်မှ တဒင်္ဂအနွေးဓာတ်လေးအား ခံစားနေမိတယ်။သူ့မျက်လုံးများထပ်ဖွင့်လိုက်ချိန် ချူချန်က သူ့ကိုမကြည့်တော့ဘဲ တစ်ဖက်လှည့်သွားပြီဖြစ်ပြီး သူ့ကိုကျောပိုး၍ အရှေ့သို့ဆက်လျှောက်နေသည်။
ကျိချင်းကျိုးသည်ကား သူ့ကျောပေါ်မှီထားလျက် လည်ပင်းပေါ်မှာ စုတ်ချက်တွေရေးဆွဲနေသည်။
ချူချန်လည်း ခံစားမိသည်ထင် သူ့ကိုမေးလာသည်။
“ဘာတွေရေးနေတာတုန်း”
“မပြောပြဘူး”
“ကိုယ့်ကိုမပြောပြပဲ တကယ်ကြီးလျှို့ဝှက်တော့မယ်ပေါ့”
“တကယ် လျှို့ဝှက်ထားမှာ” ကျိချင်းကျိုးရယ်ရင်းစုတ်ချက်တွေပဲဆွဲနေလိုက်သည်။
ချူချန်သည် သူဘာရေးလဲမှန်းကြည့်ဖို့ ကြိုးစားပေမယ့် စုတ်ချက်တွေက ရှုပ်ထွေးလွန်း၍ စကားလုံးတွေနဲ့တောင်လုံးလုံးတူမနေ။
“ပန်းချီဆွဲနေတာမဟုတ်ဘူးလားကွာ”
ကျိချင်းကျိုးပြုံးလိုက်ပြီးစကားမဆိုဖြစ်။
ချူချန်လှည့်ကြည့်လိုက်ချိန် ကျိချင်းကျိုးက မကျေမနပ်ဖြင့် သူ့ခေါင်းကိုပြန်တွန်းထုတ်သည်။
“ဟိုဘက်လှည့်နေ... လိုက်မကြည့်နဲ့”
ချူချန်းခေါင်းယမ်းလိုက်တော့တယ်။တကယ်ကြီးလျှို့ဝှက်ချင်ယောင်ဆောင်နေတာပဲ။
ကျိချင်းကျိုးက ရေးပြီးတာနဲ့ ကျောပေါ်ထပ်မှီကာ စကားတွေပြောရင်း ထပ်ခါထပ်ခါလာလာနမ်း နေပြန်သည်။
ချူချန် သူ့ကိုကျောပိုးရင်း အိမ်ပြန်ရောက်ချိန်မှာတော့ ၁၁နာရီထိုးခါနီးနေပြီ။အိပ်ခန်းထဲထိ ကျိချင်းကျိုးကို ကျောပိုးသွားလိုက်ပြီး အနားယူဖို့ အိပ်ရာပေါ်ချပေးလိုက်သည်။တစ်လမ်းလုံး ကျောပိုးလာရသည့်အတွက် မပင်ပန်းဘူးပြောရင် လိမ်ရာကျမည်ပင်။သို့သော် ကျိချင်းကျိုး သူ့ကို ကြည့်နေတဲ့အချိန်တိုင်း မျက်လုံးတွေကွေးညွှတ်ပြီး ပြုံးရယ်ပြတိုင်း ချူချန်မှာ ပြောချင်တဲ့စကားတွေ ပြောမထွက်တော့။အဆုံးမှာတော့ မျက်နှာလေးကိုညှစ်၍ပဲ ချူချန်တို့ဖိပြောလိုက်သည်မှာ- “နောက်ဆိုမင်းအရက်မသောက်ရတော့ဘူး” ဟူ၍ပင်။
“အွန်း” ကျိချင်းကျိုးကနာခံစွာသဘောတူလာသည်။
ချူချန်ကရယ်၏။
“အခုကျ လိမ္မာသွားပြန်ပြီ”
ချူချန်ခဏနားပြီး ရေချိုးမို့လုပ်ချိန် ကျိချင်းကျိုးကလည်း ခုန်ထလာပြီး အတူတူချိုးမို့လုပ်သည်။သူ့လက်ရှိ အခြေအနေက သူ့ဘာသာရေချိုးဖို့အဆင်မပြေသဖြင့် ချီပြီး ရေချိုးခန်းထဲခေါ်သွားလိုက်သည်။သူတို့နှစ်ယောက် ရေအတူချိုးဖြစ်တာရှားရှားပါးပါး။အများအားဖြင့် တစ်ယောက်ပြီးမှ တစ်ယောက်ချိုးတာဖြစ်သည်။အခုအတူတူရေချိုးကြချိန်၌ အရက်မူးနေသောကျိချင်းကျိုးပေါက်က မရပ်မနားနှောင့်နေသဖြင့် မကြာမီရေချိုးကန်ထဲမှာ နမ်းဖြစ်ကြပြန်သည်။
မူးနေတဲ့သူအား ချူချန် အသားမယူချင်သော်လည်း ကျိချင်းကျိုးက ဖက်ထားသည့်အပြင် သူ့နာမည်ကိုပါဆက်တိုက်ခေါ်နေသည်။
“မင်းမလွှတ်ရင် ကိုယ်ယဉ်ကျေးမနေတော့ဘူးနော်”
“ယဉ်ကျေးဖို့မလိုပါဘူး” ကျိချင်းကျိုးသည် သူ့ကိုဖက်ထားရင်း ပြုံးပြ၏။
ချူချန်လည်း မနိုင်သလိုရယ်လိုက်ကာ မူးသွားရင် တကယ်ချစ်ဖို့ကောင်းတာပဲဟုတွေးရင်း ကျိချင်းကျိုးထံကြည့်လိုက်တယ်။
“ဒါဆို ကိုယ်ယဉ်ကျေးမနေတော့ဘူး”
ကျိချင်းကျိုး ခေါင်းညိမ့်ခါနီး ချူချန်နမ်းတာခံလိုက်ရသည်။ရေချိုးကန်ထဲတွင်ချူချန်ဟာ သူ့ကိုဖက်ထားရင်း နွေးထွေးစိုစွတ်သောအနမ်းတို့ပေးလာလေသည်။
ရေချိုးပြီးကြချိန် ချူချန်သည် လူကို ပွေ့ချီပြီး အိပ်ရာပေါ်ချပေးလိုက်၏။ထို့နောက် မီးပိတ်ဖို့ပြင်လိုက်ပေမယ့် ကျိချင်းကျိုးက တားလာသည်။သူမူးနေသော်လည်း 00:00နာရီတိတိမှာ ချူချန်ကိုလက်ဆောင်ပေးရမယ်ဆိုတာတော့ မှတ်မိနေဆဲပင်။
“ဘယ်အချိန်ရှိပြီလဲ”
“၁၂ထိုးခါနီးပြီလေ” ချူချန်ကပြန်ဖြေသည်။
ကျိချင်းကျိုးက လှစ်ခနဲပြုံးပြီး အိပ်ရာပေါ်မှ ကုန်းထကာဆွဲကြိုးထည့်ထားသည့်ဘူးလေးအား သူ့အိတ်ထဲ ကုန်းရှာနေသည်။တွေ့သွားတာနဲ့ လက်နောက်ပစ်လိုက်ပြီး အိပ်ရာဆီ ပြန်လာ၏။
“ဘယ်အချိန်ရှိပြီလဲ”
သူဘာလုပ်မယ်မှန်း ချူချန်နားမလည်ပေမယ့် ဖုန်းကိုကြည့်၍ အမှန်အကန်ဖြေလိုက်သည်။
“၁၁နာရီ၅၈မိနစ်”
ကျိချင်းကျိုးက ခေါင်းညိမ့်ပြီး သူ့ဖုန်းကိုဆွဲယူ၍ စခရင်ကိုကြည့်လေသည်။
“ရှင်းရှင်းလင်းလင်းရောမြင်ရလို့လား။ဟမ်?” ချူချန်ကမေးလာသည်။
အမှန်တိုင်းပြောရရင် ထိုနံပါတ်သေးသေးလေးတွေကို ကျိချင်းကျိုး နည်းနည်းမှ မသဲကွဲနေပေ။သို့သော် ဖုန်းမျက်နှာပြင်ထက်က စာလုံးတွေက အကြီးကြီးတွေဆိုတော့ အမြင်ရှင်းနေ၏။သူကစကားမဆိုဘဲ ဖုန်းကိုသာကြည့်နေသည်။ဖုန်းမျက်နှာပြင်ထက်မှာ 00:00 ဆိုတဲ့နံပါတ်ပေါ်လာသည်နှင့် အလောတကြီး ခေါင်းမော့လာပြီး ကျောနောက်ဖွက်ထားတဲ့ လက်ကို ဆန့်ထုတ်လိုက်ကာ-
“ခင်ဗျားဖို့...happy birthdayပါ”
သည်ခဏ ချူချန်ကြက်သေသေသွားသည်။ထိုမှ ဘယ်အချိန်ရှိပြီလဲသူ့ကိုမေးနေတာ ဒါကြောင့်မှန်းသဘောပေါက်သွားရ၏။
တကယ်တော့ ဒါတွေကို သူအရေးမထားပေ။သူ့တွက်00:00သည်လည်း တစ်ခြားအချိန်နဲ့ညီမျှသည်။သို့သော် ကျိချင်းကျိုးကတော့ 00:00ကို အမြဲအလေးထားပုံပေါ်၏။နှစ်သစ်ကူးတုန်းကလည်း 0နာရီမှာ ဆုတောင်းစကားဆို၏။အခုမူးနေတာတောင်မှ 0နာရီအတိအကျကို မှတ်ထားပြီး လက်ဆောင်ပေးဖို့ သတိရနေတုန်းပင်။
ကျိချင်းကျိုးမျက်နှာပေါ်က ဖြူစင်တဲ့အပြုံးတွေကိုကြည့်ပြီး သူ့နှလုံးသားထဲ ဘာတွေခံစားနေရမှန်းပြောမပြတတ်တော့။
စိတ်ထဲပူလောင်နေပြီး နည်းနည်းမွန်းကြပ်နေသလိုမျိုးပင်။ကျိချင်းကျိုးလက်ထဲက ဘူးကိုယူ၍ ကြည့်လိုက်ချိန် ဆွဲကြိုးလေးတစ်ကုံးကိုတွေ့လိုက်ရသည်- သူ ကျိချင်းကျိုးကို ပေးထားသည်နှင့် တစ်ပုံတည်းတူသောဆွဲကြိုးလေးပင်....
<<<<<<<<<<<<<<<<<<<<
Happy birthday ပါ ပါးချန်🎉🎉
တစ်ပိုင်းလုံးချီနေသောပါးချူနှင့်အချီခံချင်ပါသောဘာသာပြန်သူတို့တွေ့ကြချိန် ဘာသာပြန်သူတစ်ယောက် အိပ်မက်ကလန့်နိုးသွားသည်🤣🤧 ပါးချူက အရမ်းချစ်တတ်တာပဲ🤒
နောက်ကျမိတာ တောင်းပန်ပါတယ်ရှင့်။အလုပ်တွေအရမ်းရှုပ်နေလို့ပါ။ နောက်လည်းရှုပ်ဦးမှာမို့ ကြိုတောင်းပန်ပါတယ်ရှင့် အိမ်ငှားနေပြီး အလုပ်လုပ်ရမယ့်ဘဝကိုနေ့ချင်းညချင်းရောက်သွားလို့ပါရှင့်💙💙💙😁
>>>>>>>>>>>>>>>>>>>>>>>>>
Zawgyi
“သူ႕ကို သီခ်င္းဆက္ဆိုခိုင္းလိုက္ပါလား။သူခုနသီခ်င္းဆိုေနတုန္းက အရမ္းေပ်ာ္ေနပုံပဲ” ေယာက္႐ိႈးယြမ္က ဆက္ေနေအာင္ေျပာလာသည္။
ခ်ဴခ်န္တစ္ေယာက္ က်ိခ်င္းက်ိဳးကို ၾကည့္လိုက္ကာ-
“မင္း သီခ်င္းဆိုခ်င္ေသးလား”
က်ိခ်င္းက်ိဳးက တကယ္အိပ္ခ်င္ေနတာျဖစ္ၿပီး သီခ်င္းဆက္မဆိုခ်င္ေပ။ထို႔ေၾကာင့္ ခ်ဴခ်န္ပခုံးေတြထဲ ေခါင္းျမႇဳပ္ၿပီး ေခါင္းယမ္းျပလိုက္သည္။
“သူတကယ္အိပ္ေနခ်င္ၿပီ။ေနာက္ေန႔မွေပါ့။မင္းတို႔ပဲ အရင္ေပ်ာ္ၾကပါ။ငါတို႔ ျပန္ေတာ့မယ္”
တစ္ျခားသူေတြလည္း ဆက္မဆြဲထားေတာ့ေပ။ခ်င္း႐ႊယ္က အငွားယာဥ္ေမာင္းေခၚေပးလာၿပီး ခ်ဴခ်န္ကေတာ့ က်ိခ်င္းက်ိဳးကို တြဲထူရင္း-
“ထ! ျပန္ၿပီးအနားယူၾကမယ္”
“သီခ်င္းမဆိုေတာ့ဘူးလား? ခင္ဗ်ားခုထိ မဆိုရေသးဘူးေလ” က်ိခ်င္းက်ိဳး ေမးလိုက္သည္။
“ကိုယ္ မဆိုေတာ့ဘူး”
က်ိခ်င္းက်ိဳးက ေငါင္ေတာင္ေတာင္ေလး ေခါင္းညိမ့္လာ၏။
ယြီအန္းယီ သူ႕လက္ကို သြားဆြဲၿပီး ဂြတ္ဘိုင္လုပ္ေတာ့ က်ိခ်င္းက်ိဳးကလည္း တာ့တာေတြအမ်ားႀကီး ျပန္လုပ္ျပေနၿပီး အႀကိမ္ႀကိမ္ လက္ေဝ့ယမ္းျပေန၍ ယြီအန္းယီရယ္မိေတာ့သည္။သူမရယ္တာျမင္ေတာ့ က်ိခ်င္းက်ိဳးကလည္း လိုက္ရယ္ေန၏။
သူတို႔ဟိုတယ္ထဲက ထြက္ၿပီး ကားထဲေရာက္ခ်ိန္၌ က်ိခ်င္းက်ိဳးက ခ်ဴခ်န္ပခုံးေပၚမွီရင္း အိပ္ဖို႔ျပင္သည္။သူဝိုင္မူးေန႐ုံအျပင္ ကားပါမူးလာ၏။ခဏေလးေတာင္ အိပ္မရပဲ အန္ခ်င္လာသည္။ခ်ဴခ်န္တစ္ေယာက္ မ်က္ေမွာင္ၾကဳတ္ထားတဲ့သူ႕ကိုၾကည့္၍-
“ဘာျဖစ္လို႔လဲ”
“အန္ခ်င္လို႔”
“မူးေနာက္ေနာက္ႀကီးျဖစ္ေနတာလား”
ခ်ဴခ်န္ ေခါင္းကိုက္လာၿပီ။သူလည္း ကားမွန္ဖြင့္လိုက္ၿပီး က်ိခ်င္းက်ိဳးကို ေမးလိုက္တယ္။
“အခုပိုေနလို႔ေကာင္းသြားၿပီလား?”
နည္းနည္းေလးေနရသက္သာသြားေပမယ့္ က်ိခ်င္းက်ိဳးတစ္ေယာက္ အန္ခ်င္ေနဆဲပင္။ထို႔ေၾကာင့္ ခ်ဴခ်န္ပခုံးေပၚမွီရင္း မ်က္ေမွာင္ၾကဳတ္ထားလိုက္တယ္။
ခ်ဴခ်န္သည္အိတ္ကပ္ထဲမွ Bluetooth headset ေလးကိုထုတ္လိုက္ၿပီး သူ႕နားမွာတပ္ေပးကာ သီခ်င္းဖြင့္ေပးလိုက္သည္။
“အခု ပိုေနလို႔ေကာင္းသြားၿပီလား”
က်ိခ်င္းက်ိဳးက ေခါင္းညိမ့္ေပမယ့္ မ်က္ေမွာင္ၾကဳတ္ထားဆဲ။
ဒီဟိုတယ္က ေဖ်ာ္ေျဖေရးေနရာအက်ယ္ႀကီးျဖင့္ ဆက္ထားတာျဖစ္၍ ၿမိဳ႕လယ္ေခါင္နဲ႔ေရာ သူတို႔ေနတဲ့ေနရာနဲ႔ေရာ နည္းနည္းေဝးသည္။ခ်ဴခ်န္မွာလည္း အန္ခ်င္တာေပ်ာက္တဲ့ ဘာေဆးဝါးမွ ႐ွိမေနေပ။ထို႔ေၾကာင့္ ဒါ႐ိုက္တာႀကီးကိုသာ ေျပာရေတာ့သည္။
“လမ္းမွာေဆးဆိုင္တစ္ဆိုင္ဆိုင္ေတြ႕ရင္ ကြၽန္ေတာ့္ကိုေျပာပါဦး”
“ေကာင္းပါၿပီ”
ခ်ဴခ်န္သည္ က်ိခ်င္းက်ိဳးအား ေပြ႕ဖက္ထားရင္း က်ိခ်င္းက်ိဳးရဲ႕အမူအရာေတြကို ငုံ႔ၾကည့္ေန၏။ သီခ်င္းထဲေျမာသြား၍ ပိုသက္သာသြားပုံေပၚမွသာ သူလည္း စိတ္ေအးသြားေလသည္။ခ်ဴခ်န္စိတ္ထဲ ဆုံးျဖတ္ခ်က္တစ္ခုခ်လိုက္သည္-ေနာက္ပိုင္း က်ိခ်င္းက်ိဳးကို အရက္ေသာက္ခြင့္မျပဳေတာ့ဘူး။လြယ္လြယ္နဲ႔မူးတတ္လြန္းလို႔ တစ္စက္ေတာင္မေသာက္ခိုင္းေတာ့ေပ။
ဒီအခ်ိန္ႀကီးဆိုေတာ့ ေဆးဆိုင္အမ်ားစုက ပိတ္သြားၿပီျဖစ္သည္။ၿမိဳ႕လယ္ေခါင္နဲ႔ နီးလာမွသာ ဖြင့္ထားတဲ့ ေဆးဆိုင္ေတြကို ေတြ႕ရ၏။ခ်ဴခ်န္တစ္ေယာက္ က်ိခ်င္းက်ိဳးအတြက္ ေဆးဝယ္ေပးဖို႔ ကားထဲကထြက္မယ္လုပ္ေပမယ့္ က်ိခ်င္းက်ိဳးက မလႊတ္ေပးဘဲ တူတူသြားမယ္ခ်ည္းလုပ္ေနသည္။
အမူးသမားေလးက်ိခ်င္းက်ိဳးက ကပ္အားျပင္းတဲ့502စူပါေကာ္ေလးလိုပင္။အလြန္အမင္းကိုကပ္လြန္းေနေသာေၾကာင့္ ခ်ဴခ်န္တစ္ေယာက္ စိတ္႐ွည္လက္႐ွည္ေခ်ာ့ေမာ့လိုက္သည္။
“မင္းက ကားထဲမွာပဲေနေလ။ကိုယ္ ေဆးဝယ္ၿပီးတာနဲ႔ ခ်က္ခ်င္းျပန္လာခဲ့မယ္”
က်ိခ်င္းက်ိဳးကလည္း အလြန္ဇြဲေကာင္း၏။
“တူတူသြားမယ္”
“သုံးမိနစ္ပဲ။ဒီသီခ်င္းေလးၿပီးတာနဲ႔ ကိုယ္ျပန္ေရာက္ၿပီ”
“တူတူသြားမယ္ေလ” က်ိခ်င္းက်ိဳးသည္ သူ႕ကိုလည္း ၾကည့္ရင္း လက္ေမာင္းကိုလည္း ဆုပ္ကိုင္ထားရင္း မလႊတ္ေပးေခ်။
“အိုေက။တူတူသြားၾကမယ္။လာ...ကားေပၚကဆင္း”
ေနာက္ဆုံးေတာ့ ခ်ဴခ်န္ခ်ည္ အေလွ်ာ့ေပးလိုက္သည္။
က်ိခ်င္းက်ိဳးက ေပ်ာ္႐ႊင္စြာကားေပၚကဆင္းလာၿပီး လက္ႏွစ္ဖက္ဆန္႔ကားထားရင္း သူ႕ကိုေျပာလာသည္။
“အားခ်န္ ေက်ာပိုး”
ခ်ဴခ်န္ : ...........
ခ်ဴခ်န္သည္ လက္႐ွိအေျခအေနကို လက္ခံႏိုင္ဖို႔သာႀကိဳးစားလိုက္ၿပီး ပတ္ပတ္လည္ကို ေဝ့ၾကည့္၍ ကိုယ္ကိုင္းခ်ကာ သူ႕ရဲ႕နတ္ဆိုးေလးကို ေက်ာပိုးရေခ်ေတာ့သည္။
က်ိခ်င္းက်ိဳးက ႐ႊင္ျမဴးစြာျဖင့္ သူ႕ပခုံးေပၚမွီ၍ earphoneမွ သီခ်င္းေလးနားေထာင္ရင္း လမ္းတစ္ေလွ်ာက္က ေဈးဆိုင္ေတြကို လိုက္ၾကည့္ေနသည္။
ခ်ဴခ်န္တစ္ေယာက္ ေဆးဆိုင္ထဲထိ သူ႕ကို ခ်ီမသြားဘဲ ေဆးဆိုင္တံခါးနားမွာခ်ေပးေတာ့ က်ိခ်င္းက်ိဳးက စူပုတ္ပုတ္ျဖစ္သြား၏။မေက်မနပ္ျဖင့္သူ႕ေနာက္ကေနေဆးဆိုင္ထဲလိုက္ဝင္ရင္း လက္ေခ်ာင္းေတြနဲ႔လိုက္ထိုးေနသည္။ခ်ဴခ်န္လည္းလုပ္ခ်င္ရာသာလုပ္ပေစလႊတ္ထားလိုက္ေတာ့၏။ဒီညကုန္ရင္ သူ႕ကိုယ္ႀကီး အထိုးခံရလြန္းလို႔ အေပါက္ျဖစ္သြားႏိုင္ေလာက္သည္။
သို႔ေသာ္ ေဆးဆိုင္မွာလည္း ဘာအအန္ေပ်ာက္ေဆးမွ ႐ွိမေနေပ။ခ်ဴခ်န္ပင္ပန္းတာပဲအဖတ္တင္တယ္။ကားထဲကမထြက္တာမွ ပိုေကာင္းဦးမယ္။အခုေတာ့ အားလုံးအလကားျဖစ္ကုန္ၿပီ။
ခဏေလး! သူ႐ုတ္တရက္အေတြးတစ္ခုဝင္လာသည္.......
သူဘာလို႔ ကားထဲကေန ကိုယ္တိုင္ထြက္ၿပီးေဆးထြက္ဝယ္ရတာလဲ!
ဘာလို႔ဒါ႐ိုင္ဘာကို ထြက္မဝယ္ခိုင္းမိတာလဲ!
အဲ့လိုသာဆို သူနဲ႔က်ိခ်င္းက်ိဳးလည္းကားထဲမွ ထြက္စရာမလိုေတာ့ဘူးေလ....
သူပါ က်ိခ်င္းက်ိဳးရဲ႕အမူးေရာဂါကူးစက္သြားလို႔ျဖစ္မယ္ထင္တယ္။ဒီလိုအရာမ်ိဳးလုပ္ရမယ္လို႔ အရင္ကေတြးေတာင္မေတြးခဲ့ဖူးဘူး။
ခ်ဴခ်န္သည္ က်ိခ်င္းက်ိဳးအား ေက်ာပိုးရင္း ေဆးဆိုင္ထဲမွ ေလးကန္စြာထြက္လာသည္။ကားထဲကထြက္မိတဲ့ရလဒ္ကေတာ့ သူကားနားေရာက္တဲ့ခ်ိန္ က်ိခ်င္းက်ိဳးက ကားထဲဝင္ခိုင္းလို႔မရေတာ့ေပ။
“ကားထဲမဝင္ခ်င္ဘူး”
သူက ခ်ဴခ်န္လည္တိုင္ကိုဖက္ထားၿပီး ႏႈတ္ခမ္းစူထား၏။
“အဲ့ဒါႀကီးက ေနလို႔မေကာင္းဘူး”
ထိုစကားၾကားေတာ့ ခ်ဴခ်န္တစ္ေယာက္ ေက်ာေပၚကလူကို လည္ျပန္ၾကည့္လိုက္သည္။
က်ိခ်င္းက်ိဳးက သူ႕ကို စိတ္အားထက္သန္စြာၾကည့္လာၿပီး မ်က္လုံးေလးေတြကၾကည္လင္ေနကာ မေက်မနပ္ျဖစ္ေနဟန္ျဖင့္ သူ႕နား႐ြက္နားကပ္ေျပာလာ၏။
“ေနလို႔မေကာင္းဘူး”
ကားထဲမွာ က်ိခ်င္းက်ိဳးျဖစ္ေနပုံကိုေတြးမိၿပီး ခ်ဴခ်န္ သက္ျပင္းခ်လိုက္၏။ ဒါ႐ိုင္ဘာကို အရင္ျပန္ခိုင္းလိုက္ကာ က်ိခ်င္းက်ိဳးကို ေက်ာေပၚတင္၍ ျဖည္းျဖည္းခ်င္းပဲ လမ္းေလွ်ာက္ျပန္လိုက္ေတာ့သည္။
တကယ္ကို မေမ့ႏိုင္တဲ့ ေမြးေန႔ပါပင္။ကေလးအ႐ြယ္တည္းက ေမြးေန႔မွာ လူတစ္ေယာက္ကို ေက်ာပိုးၿပီး လမ္းမေလွ်ာက္ခဲ့ဖူးေခ်။တကယ္အမွတ္တရပဲမို႔ သူမေမ့ႏိုင္ေတာ့ေခ်။သူ႕သမိုင္းမွာပါ မွတ္တမ္းတင္ထိုက္ေပသည္။
က်ိခ်င္းက်ိဳးသည္ ေက်ာေပၚမွီရင္း လမ္းေပၚက႐ွဴခင္းေတြကို စိတ္ဝင္တစားလိုက္ၾကည့္ေနၿပီး ပူေဖာင္းသည္ကိုျမင္ေတာ့ အလ်န္အျမန္ထေအာ္လာသည္။
“ပူေဖာင္းေတြ”
“ပူေဖာင္းကိုမွတ္မိေသးတယ္ဆိုေတာ့ အမူးေျပသြားၿပီထင္တယ္”
“ပူေဖာင္းေတြကလွတယ္”
“အခ်စ္...မင္းက ပူေဖာင္းကစားရမယ့္အ႐ြယ္မဟုတ္ေတာ့ဘူးေနာ္”
ေက်ာေပၚမွက်ိခ်င္းက်ိဳးက ေခါင္းေလးတညိမ့္ညိမ့္လုပ္ၿပီး ေခါင္းေစာင္း၍ ခ်ဴခ်န္ကိုၾကည့္ရင္း တိုးတိုးေလးေျပာသည္။
“အားခ်န္က ေခ်ာတယ္”
“ဒါေပါ့ ...ကိုယ္ကေခ်ာတယ္”
က်ိခ်င္းက်ိဳးက ျပဳံးၿပီး သူ႕ကိုနမ္းလာသည္။
“အားခ်န္က အေခ်ာဆုံး”
ခ်ဴခ်န္မေနႏိုင္ဘဲျပဳံးလိုက္တယ္။
“ဒီညကိုယ့္ကိုခ်ီက်ဴးလို႔ မနက္ျဖန္အမူးေျပသြားရင္ အဆူမခံရဘူးမထင္နဲ႔ေနာ္”
“ဆူပါနဲ႔”
“အားခ်န္ကအေကာင္းဆုံးေလ ”က်ိခ်င္းက်ိဳးက ထပ္ခါျပန္ေျပာသည္။
“ဒါဆိုရင္ေတာ့ မင္းအေတြးလြန္သြားၿပီ။ဒီတစ္ညလုံး မင္းကတ္သီးကတ္ဖဲ့ေတြလုပ္ေနတာကို အခြင့္လႊတ္ခံခ်င္ေသးတယ္ေပါ့?”
“မဆူနဲ႔ေနာ္”
က်ိခ်င္းက်ိဳးက သူ႕မ်က္ႏွာေဘးဘက္ကို နမ္းလာၿပီး-
“အားခ်န္ကအေကာင္းဆုံးးးအေခ်ာဆုံးးးး”
သူကစကားဆုံးသည္ႏွင့္ ခ်ဴခ်န္ကို တ႐ႈံ႕႐ႈံ႕နမ္းေတာ့သည္။
သူနမ္းတိုင္းခ်ဴခ်န္မွာ မရယ္ပဲမေနႏိုင္။
“ဘာေတြလုပ္ေနတာလဲ?မင္းက သစ္ေတာက္ငွက္လား?”
က်ိခ်င္းက်ိဳးက ခပ္ဖြဖြရယ္ရင္း ေခါင္းေစာင္း၍ အနမ္းအတြဲလိုက္ၿပီး ေပးလိုက္တယ္။ခ်ဴခ်န္မွာ ေဘးကိုလိုက္ေ႐ွာင္ၾကည့္ေပမယ့္မရေပ။ေနာက္ဆုံးေတာ့ ႏွစ္ေယာက္သား တစ္ေယာက္ကိုတစ္ေယာက္ နမ္း႐ိႈက္ရင္း ရယ္ေမာလိုက္ၾကသည္။
ခ်ဴခ်န္ က်ိခ်င္းက်ိဳးကို လွည့္ၾကည့္ခ်ိန္ က်ိခ်င္းက်ိဳးကလည္း ေခါင္းေလးယိမ္းၿပီး ျပန္ၾကည့္ေနေလသည္။လမ္းေပၚမွာလည္း ဘယ္သူမွ႐ွိမေနေပ။ခ်ဴခ်န္သည္ ျပဳံးေစ့ေစ့ျဖင့္ ေက်ာေပၚကလူကို အျပန္ျပန္အလွန္လွန္ တို႔ထိတို႔ထိနမ္းေနၿပီး ထိုသို႔အၾကာႀကီးနမ္းၿပီးမွသာ ႐ွည္လ်ားတဲ့ အနမ္းႀကီးေပးလိုက္ေတာ့တယ္။
က်ိခ်င္းက်ိဳးကိုၾကည့္ေနတဲ့အခ်ိန္ သူ႕ႏႈတ္ခမ္းေထာင့္ေတြထိန္းမႏိုင္သိမ္းမရေကြးၫႊတ္ေနမိတယ္။သူမေနႏိုင္ဘဲ ထပ္နမ္းလိုက္ၿပီး ခပ္တိုးတိုးေျပာလိုက္သည္။
“ကိုယ္မဆူေတာ့ဘူး....လူလည္ေလး”
“အားခ်န္ကအေကာင္းဆုံးပဲ” က်ိခ်င္းက်ိဳးကျပဳံးၿပီး သူ႕ကိုၾကည့္လိုက္သည္။
ခ်ဴခ်န္မွာနားေထာင္ရင္း တြယ္တာျခင္းေတြျပည့္ေနသည့္ တစ္ဖက္လူရဲ႕ မ်က္လုံးၾကည္ၾကည္ေလးေၾကာင့္စိတ္ထဲဝမ္းနည္းလာသည္။
“ကိုယ္က ဘာေတြေကာင္းလို႔လဲ”
“ဘာမဆိုေကာင္းတာ”
“ဥပမာဆိုရင္ေရာ?”
ပခုံးေပၚမွီေနသည့္က်ိခ်င္းက်ိဳးက ညင္ညင္သာသာေလးေရတြက္ေနတယ္။
“ၾကည့္ေကာင္းတယ္၊စိတ္ေကာင္း႐ွိတယ္၊ကြၽန္ေတာ့္ကိုေကာင္းေကာင္းဆက္ဆံတယ္”
“မင္းကို ေကာင္းေကာင္းဆက္ဆံတယ္?” ခ်ဴခ်န္ သူ႕ကိုၾကည့္လိုက္တယ္။
က်ိခ်င္းက်ိဳးကေခါင္းညိမ့္လာၿပီး အသံကညင္သာေပမယ့္ ခိုင္မာမႈတို႔႐ွိေနသည္။
“ခင္ဗ်ားက ကြၽန္ေတာ့္ေပၚအေကာင္းဆုံးဆက္ဆံတဲ့လူပဲ”
သူ႕ကိုၾကည့္ေနေသာခ်ဴခ်န္စိတ္ထဲ ကမ႓ာေလာကႀကီးခဏရပ္တန္႔သြားသလိုပင္။
စကားတစ္ခြန္းမဆိုဘဲ တိတ္ဆိတ္ျခင္း၊တည္ၿငိမ္ျခင္းေတြနဲ႔ က်ိခ်င္းက်ိဳးကို ေငးၾကည့္မိတယ္။က်ိခ်င္းက်ိဳးမ်က္ႏွာေပၚမွအျပဳံးေတြ၊မ်က္လုံးထဲက တြယ္တာျခင္းေတြကို ၾကည့္၍ ထိုမ်က္လုံးေတြအားျဖည္းညႇင္းစြာ နမ္း႐ိႈက္လိုက္သည္။
က်ိခ်င္းက်ိဴးမ်က္လုံးမ်ားက အလိုလိုပိတ္က်သြားၿပီး မ်က္ခြံေပၚမွ တဒဂၤအေႏြးဓာတ္ေလးအား ခံစားေနမိတယ္။သူ႕မ်က္လုံးမ်ားထပ္ဖြင့္လိုက္ခ်ိန္ ခ်ဴခ်န္က သူ႕ကိုမၾကည့္ေတာ့ဘဲ တစ္ဖက္လွည့္သြားၿပီျဖစ္ၿပီး သူ႕ကိုေက်ာပိုး၍ အေ႐ွ႕သို႔ဆက္ေလွ်ာက္ေနသည္။
က်ိခ်င္းက်ိဳးသည္ကား သူ႕ေက်ာေပၚမွီထားလ်က္ လည္ပင္းေပၚမွာ စုတ္ခ်က္ေတြေရးဆြဲေနသည္။
ခ်ဴခ်န္လည္း ခံစားမိသည္ထင္ သူ႕ကိုေမးလာသည္။
“ဘာေတြေရးေနတာတုန္း”
“မေျပာျပဘူး”
“ကိုယ့္ကိုမေျပာျပပဲ တကယ္ႀကီးလွ်ိဳ႕ဝွက္ေတာ့မယ္ေပါ့”
“တကယ္ လွ်ိဳ႕ဝွက္ထားမွာ” က်ိခ်င္းက်ိဳးရယ္ရင္းစုတ္ခ်က္ေတြပဲဆြဲေနလိုက္သည္။
ခ်ဴခ်န္သည္ သူဘာေရးလဲမွန္းၾကည့္ဖို႔ ႀကိဳးစားေပမယ့္ စုတ္ခ်က္ေတြက ႐ႈပ္ေထြးလြန္း၍ စကားလုံးေတြနဲ႔ေတာင္လုံးလုံးတူမေန။
“ပန္းခ်ီဆြဲေနတာမဟုတ္ဘူးလားကြာ”
က်ိခ်င္းက်ိဳးျပဳံးလိုက္ၿပီးစကားမဆိုျဖစ္။
ခ်ဴခ်န္လွည့္ၾကည့္လိုက္ခ်ိန္ က်ိခ်င္းက်ိဳးက မေက်မနပ္ျဖင့္ သူ႕ေခါင္းကိုျပန္တြန္းထုတ္သည္။
“ဟိုဘက္လွည့္ေန... လိုက္မၾကည့္နဲ႔”
ခ်ဴခ်န္းေခါင္းယမ္းလိုက္ေတာ့တယ္။တကယ္ႀကီးလွ်ိဳ႕ဝွက္ခ်င္ေယာင္ေဆာင္ေနတာပဲ။
က်ိခ်င္းက်ိဳးက ေရးၿပီးတာနဲ႔ ေက်ာေပၚထပ္မွီကာ စကားေတြေျပာရင္း ထပ္ခါထပ္ခါလာလာနမ္း ေနျပန္သည္။
ခ်ဴခ်န္ သူ႕ကိုေက်ာပိုးရင္း အိမ္ျပန္ေရာက္ခ်ိန္မွာေတာ့ ၁၁နာရီထိုးခါနီးေနၿပီ။အိပ္ခန္းထဲထိ က်ိခ်င္းက်ိဳးကို ေက်ာပိုးသြားလိုက္ၿပီး အနားယူဖို႔ အိပ္ရာေပၚခ်ေပးလိုက္သည္။တစ္လမ္းလုံး ေက်ာပိုးလာရသည့္အတြက္ မပင္ပန္းဘူးေျပာရင္ လိမ္ရာက်မည္ပင္။သို႔ေသာ္ က်ိခ်င္းက်ိဳး သူ႕ကို ၾကည့္ေနတဲ့အခ်ိန္တိုင္း မ်က္လုံးေတြေကြးၫႊတ္ၿပီး ျပဳံးရယ္ျပတိုင္း ခ်ဴခ်န္မွာ ေျပာခ်င္တဲ့စကားေတြ ေျပာမထြက္ေတာ့။အဆုံးမွာေတာ့ မ်က္ႏွာေလးကိုညႇစ္၍ပဲ ခ်ဴခ်န္တို႔ဖိေျပာလိုက္သည္မွာ- “ေနာက္ဆိုမင္းအရက္မေသာက္ရေတာ့ဘူး” ဟူ၍ပင္။
“အြန္း” က်ိခ်င္းက်ိဳးကနာခံစြာသေဘာတူလာသည္။
ခ်ဴခ်န္ကရယ္၏။
“အခုက် လိမၼာသြားျပန္ၿပီ”
ခ်ဴခ်န္ခဏနားၿပီး ေရခ်ိဳးမို႔လုပ္ခ်ိန္ က်ိခ်င္းက်ိဳးကလည္း ခုန္ထလာၿပီး အတူတူခ်ိဳးမို႔လုပ္သည္။သူ႕လက္႐ွိ အေျခအေနက သူ႕ဘာသာေရခ်ိဳးဖို႔အဆင္မေျပသျဖင့္ ခ်ီၿပီး ေရခ်ိဳးခန္းထဲေခၚသြားလိုက္သည္။သူတို႔ႏွစ္ေယာက္ ေရအတူခ်ိဳးျဖစ္တာ႐ွား႐ွားပါးပါး။အမ်ားအားျဖင့္ တစ္ေယာက္ၿပီးမွ တစ္ေယာက္ခ်ိဳးတာျဖစ္သည္။အခုအတူတူေရခ်ိဳးၾကခ်ိန္၌ အရက္မူးေနေသာက်ိခ်င္းက်ိဳးေပါက္က မရပ္မနားေႏွာင့္ေနသျဖင့္ မၾကာမီေရခ်ိဳးကန္ထဲမွာ နမ္းျဖစ္ၾကျပန္သည္။
မူးေနတဲ့သူအား ခ်ဴခ်န္ အသားမယူခ်င္ေသာ္လည္း က်ိခ်င္းက်ိဳးက ဖက္ထားသည့္အျပင္ သူ႕နာမည္ကိုပါဆက္တိုက္ေခၚေနသည္။
“မင္းမလႊတ္ရင္ ကိုယ္ယဥ္ေက်းမေနေတာ့ဘူးေနာ္”
“ယဥ္ေက်းဖို႔မလိုပါဘူး” က်ိခ်င္းက်ိဳးသည္ သူ႕ကိုဖက္ထားရင္း ျပဳံးျပ၏။
ခ်ဴခ်န္လည္း မႏိုင္သလိုရယ္လိုက္ကာ မူးသြားရင္ တကယ္ခ်စ္ဖို႔ေကာင္းတာပဲဟုေတြးရင္း က်ိခ်င္းက်ိဳးထံၾကည့္လိုက္တယ္။
“ဒါဆို ကိုယ္ယဥ္ေက်းမေနေတာ့ဘူး”
က်ိခ်င္းက်ိဳး ေခါင္းညိမ့္ခါနီး ခ်ဴခ်န္နမ္းတာခံလိုက္ရသည္။ေရခ်ိဳးကန္ထဲတြင္ခ်ဴခ်န္ဟာ သူ႕ကိုဖက္ထားရင္း ေႏြးေထြးစိုစြတ္ေသာအနမ္းတို႔ေပးလာေလသည္။
ေရခ်ိဳးၿပီးၾကခ်ိန္ ခ်ဴခ်န္သည္ လူကို ေပြ႕ခ်ီၿပီး အိပ္ရာေပၚခ်ေပးလိုက္၏။ထို႔ေနာက္ မီးပိတ္ဖို႔ျပင္လိုက္ေပမယ့္ က်ိခ်င္းက်ိဳးက တားလာသည္။သူမူးေနေသာ္လည္း 00:00နာရီတိတိမွာ ခ်ဴခ်န္ကိုလက္ေဆာင္ေပးရမယ္ဆိုတာေတာ့ မွတ္မိေနဆဲပင္။
“ဘယ္အခ်ိန္႐ွိၿပီလဲ”
“၁၂ထိုးခါနီးၿပီေလ” ခ်ဴခ်န္ကျပန္ေျဖသည္။
က်ိခ်င္းက်ိဳးက လွစ္ခနဲျပဳံးၿပီး အိပ္ရာေပၚမွ ကုန္းထကာဆြဲႀကိဳးထည့္ထားသည့္ဘူးေလးအား သူ႕အိတ္ထဲ ကုန္း႐ွာေနသည္။ေတြ႕သြားတာနဲ႔ လက္ေနာက္ပစ္လိုက္ၿပီး အိပ္ရာဆီ ျပန္လာ၏။
“ဘယ္အခ်ိန္႐ွိၿပီလဲ”
သူဘာလုပ္မယ္မွန္း ခ်ဴခ်န္နားမလည္ေပမယ့္ ဖုန္းကိုၾကည့္၍ အမွန္အကန္ေျဖလိုက္သည္။
“၁၁နာရီ၅၈မိနစ္”
က်ိခ်င္းက်ိဳးက ေခါင္းညိမ့္ၿပီး သူ႕ဖုန္းကိုဆြဲယူ၍ စခရင္ကိုၾကည့္ေလသည္။
“႐ွင္း႐ွင္းလင္းလင္းေရာျမင္ရလို႔လား။ဟမ္?” ခ်ဴခ်န္ကေမးလာသည္။
အမွန္တိုင္းေျပာရရင္ ထိုနံပါတ္ေသးေသးေလးေတြကို က်ိခ်င္းက်ိဳး နည္းနည္းမွ မသဲကြဲေနေပ။သို႔ေသာ္ ဖုန္းမ်က္ႏွာျပင္ထက္က စာလုံးေတြက အႀကီးႀကီးေတြဆိုေတာ့ အျမင္႐ွင္းေန၏။သူကစကားမဆိုဘဲ ဖုန္းကိုသာၾကည့္ေနသည္။ဖုန္းမ်က္ႏွာျပင္ထက္မွာ 00:00 ဆိုတဲ့နံပါတ္ေပၚလာသည္ႏွင့္ အေလာတႀကီး ေခါင္းေမာ့လာၿပီး ေက်ာေနာက္ဖြက္ထားတဲ့ လက္ကို ဆန္႔ထုတ္လိုက္ကာ-
“ခင္ဗ်ားဖို႔...happy birthdayပါ”
သည္ခဏ ခ်ဴခ်န္ၾကက္ေသေသသြားသည္။ထိုမွ ဘယ္အခ်ိန္႐ွိၿပီလဲသူ႕ကိုေမးေနတာ ဒါေၾကာင့္မွန္းသေဘာေပါက္သြားရ၏။
တကယ္ေတာ့ ဒါေတြကို သူအေရးမထားေပ။သူ႕တြက္00:00သည္လည္း တစ္ျခားအခ်ိန္နဲ႔ညီမွ်သည္။သို႔ေသာ္ က်ိခ်င္းက်ိဳးကေတာ့ 00:00ကို အၿမဲအေလးထားပုံေပၚ၏။ႏွစ္သစ္ကူးတုန္းကလည္း 0နာရီမွာ ဆုေတာင္းစကားဆို၏။အခုမူးေနတာေတာင္မွ 0နာရီအတိအက်ကို မွတ္ထားၿပီး လက္ေဆာင္ေပးဖို႔ သတိရေနတုန္းပင္။
က်ိခ်င္းက်ိဳးမ်က္ႏွာေပၚက ျဖဴစင္တဲ့အျပဳံးေတြကိုၾကည့္ၿပီး သူ႕ႏွလုံးသားထဲ ဘာေတြခံစားေနရမွန္းေျပာမျပတတ္ေတာ့။
စိတ္ထဲပူေလာင္ေနၿပီး နည္းနည္းမြန္းၾကပ္ေနသလိုမ်ိဳးပင္။က်ိခ်င္းက်ိဳးလက္ထဲက ဘူးကိုယူ၍ ၾကည့္လိုက္ခ်ိန္ ဆြဲႀကိဳးေလးတစ္ကုံးကိုေတြ႕လိုက္ရသည္- သူ က်ိခ်င္းက်ိဳးကို ေပးထားသည္ႏွင့္ တစ္ပုံတည္းတူေသာဆြဲႀကိဳးေလးပင္....
<<<<<<<<<<<<<<<<<<<<
တစ္ပိုင္းလုံးခ်ီေနေသာပါးခ်ဴႏွင့္အခ်ီခံခ်င္ပါေသာဘာသာျပန္သူတို႔ေတြ႕ၾကခ်ိန္ ဘာသာျပန္သူတစ္ေယာက္ အိပ္မက္ကလန္႔ႏိုးသြားသည္🤣🤧 ပါးခ်ဴက အရမ္းခ်စ္တတ္တာပဲ🤒
ေနာက္က်မိတာ ေတာင္းပန္ပါတယ္႐ွင့္။အလုပ္ေတြအရမ္း႐ႈပ္ေနလို႔ပါ။ ေနာက္လည္း႐ႈပ္ဦးမွာမို႔ ႀကိဳေတာင္းပန္ပါတယ္႐ွင့္ အိမ္ငွားေနၿပီး အလုပ္လုပ္ရမယ့္ဘဝကိုေန႔ခ်င္းညခ်င္းေရာက္သြားလို႔ပါ႐ွင့္💙💙💙😁
>>>>>>>>>>>>>>>>>>>>>>>>>