𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖢𝗂𝗍𝗁 𝖠 𝖱...

By Sandi_Bear

846K 102K 8.9K

π–ͺ𝗂𝗆 π–³π–Ίπ–Ύπ—π—’π—Žπ—‡π—€ Γ— π–©π–Ύπ—ˆπ—‡ π–©π—Žπ—‡π—€π—„π—ˆπ—ˆπ—„ β™‘οΈŽ 𝖲𝗐𝖾𝖾𝗍 π–±π—ˆπ—†π–Ίπ—‡π–Όπ–Ύ β™‘οΈŽ 𝖲𝗍𝖺𝗋𝗍 𝖣𝖺𝗍𝖾 (1.1... More

π–¨π—‡π—π—‹π—ˆπ–½π—Žπ–Όπ—π—‚π—ˆπ—‡
𝖯𝖺𝗋𝗍 (1)
𝖯𝖺𝗋𝗍 (2)
𝖯𝖺𝗋𝗍 (3)
𝖯𝖺𝗋𝗍 (4)
𝖯𝖺𝗋𝗍 (5)
𝖯𝖺𝗋𝗍 (6)
𝖯𝖺𝗋𝗍 (7)
𝖯𝖺𝗋𝗍 (8)
𝖯𝖺𝗋𝗍 (9)
𝖯𝖺𝗋𝗍 (10)
𝖯𝖺𝗋𝗍 (12)
𝖯𝖺𝗋𝗍 (13)
𝖯𝖺𝗋𝗍 (14)
𝖯𝖺𝗋𝗍 (15)
𝖯𝖺𝗋𝗍 (16)
𝖯𝖺𝗋𝗍 (17)
𝖯𝖺𝗋𝗍 (18)
𝖯𝖺𝗋𝗍 (19)
𝖯𝖺𝗋𝗍 (20)
𝖯𝖺𝗋𝗍 (21)
𝖯𝖺𝗋𝗍 (22)
𝖯𝖺𝗋𝗍 (23)
𝖯𝖺𝗋𝗍 (24)
𝖯𝖺𝗋𝗍 (25)
𝖯𝖺𝗋𝗍 (26)
𝖯𝖺𝗋𝗍 (27)
𝖯𝖺𝗋𝗍 (28)
𝖯𝖺𝗋𝗍 (29)
𝖯𝖺𝗋𝗍 (30)
𝖯𝖺𝗋𝗍 (31)
𝖯𝖺𝗋𝗍 (32)
𝖯𝖺𝗋𝗍 (33)
𝖯𝖺𝗋𝗍 (34)
𝖯𝖺𝗋𝗍 (35)
𝖯𝖺𝗋𝗍 (36)
𝖯𝖺𝗋𝗍 (37)
𝖯𝖺𝗋𝗍 (38)
𝖯𝖺𝗋𝗍 (39)
𝖯𝖺𝗋𝗍 (40)
𝖯𝖺𝗋𝗍 (41)
𝖯𝖺𝗋𝗍 (42)
𝖯𝖺𝗋𝗍 (43)
𝖯𝖺𝗋𝗍 (44)
𝖯𝖺𝗋𝗍 (45)
𝖯𝖺𝗋𝗍 (46)
𝖯𝖺𝗋𝗍 (47)
𝖯𝖺𝗋𝗍 (48)
𝖯𝖺𝗋𝗍 (49)
𝖯𝖺𝗋𝗍 (50) π–₯𝗂𝗇𝖺𝗅

𝖯𝖺𝗋𝗍 (11)

16.1K 2K 200
By Sandi_Bear

𝖹𝖺𝗐𝗀𝗒𝗂

ေရခ်ိဳးခန္း၏ေဘစင္အေရွ႕၌ သြားတိုက္ေနပါသည့္ထယ္ေယာင္း ။
ညတုန္းက ဇာတ္ကားၾကည့္ေကာင္းသြား၍ ဒီေန႕မနက္ကို ခါတိုင္းထက္ အိပ္ရာထေနာက္က်ကာ မ်က္လုံးကို မနည္းအားတင္းဖြင့္ထားရသည္ ။

သြားတိုက္ၿပီးသည့္အခါ ေရပိုက္ကိုဖြင့္၍ မ်က္ႏွာကိုေရႏွင့္သစ္ခ်မွ အနည္းငယ္ လန္းဆန္းသြားရသည္ ။
မ်က္လုံးမ်ားက အနည္းငယ္ မို႔အစ္အစ္ႏွင့္ ေခြလိမ္လိမ္ဆံႏြယ္တို႔က မၿဖီးသင္ရေသးေသာေၾကာင့္ ပိုမိုပြေယာင္းေနသည္ ။
ႏြေရာသီျဖစ္၍ တီရွပ္အျဖဴေရာင္လက္ျပတ္တစ္ထည္ႏွင့္ ဒူးအထက္ေဘာင္းဘီတစ္ထည္ကိုသာဝတ္ဆင္အိပ္ျဖစ္သည္ ။

သူတို႔ဆိုးလ္ၿမိဳ႕၏ရာသီဥတုမွာ ေဆာင္းတြင္းဆိုလည္းအရမ္းေအးလြန္းၿပီး ႏြေတြင္းဆိုလွ်င္လည္း ေနစရာမရွိေအာင္ ပူအိုက္လြန္းလွသည္ ။

" တင္လ္...ေတာင္..."

မနက္ခင္း တစ္ကိုယ္ရည္သန့္ရွင္းေရး လုပ္ေဆာင္ၿပီးသည္ႏွင့္ ရွပ္ကြက္ေလးကို စတိုင္ပန္အညိုေဖ်ာ့ေဖ်ာ့ထဲ ထည့္ဝတ္၍ ရွပ္လက္ကိုတံေတာင္ဆစ္အထိေခါက္တင္ထားသည့္ ထယ္ေယာင္းသည္ ေဆး႐ုံသို႔မသြားခင္ မနက္စာအတြက္ နို႔တစ္ခြက္ႏွင့္ ေပါင္မုန့္မီးကင္လုပ္ေနစဥ္ ၾကားလိုက္ရသည့္လူေခၚဘဲလ္သံေၾကာင့္ ေခါင္းေလးေထာင္သြားရသည္ ။

မနက္ခင္းပိုင္းကို သူ႕ထံလာတတ္သူလည္း မရွိေသာေၾကာင့္ ေတြးဆဆႏွင့္ပင္ မီးဖိုေခ်ာင္မွတဆင့္ ဧည့္ခန္းကိုျဖတ္ၿပီး အိမ္ေရွ႕တံခါးေပါက္အား ေသာ့သြားေရာက္ဖြင့္ေပးလိုက္လွ်င္ သူ႕ႏႈတ္ခမ္းသားမွာ အနည္းငယ္ ပြင့္ဟသြားရသည္ ။

" မဂ္လာပါ... ေဒါက္တာကင္မ္... "

အနက္ေရာင္ Suitႏွင့္ သူေဌးဂြၽန္သည္ ဟြန္းေလးကိုေပြ႕ခ်ီထားလ်က္ ထယ္ေယာင္းကို ဦးၫႊတ္ႏႈတ္ဆက္လွ်င္ ထယ္ေယာင္းလည္း ေယာင္နနႏွင့္ ဦးျပန္ၫႊတ္ႏႈတ္ဆက္လိုက္ရသည္ ။

" ဟြန္းေလးက... ေဒါက္တာကင္မ္ကို... ေတြ႕ခ်င္ေနတာ..."

" အာ.. အိမ္ထဲဝင္ပါဦးဗ်... အာေညာ္.. ဟြန္းေလး..."

ထိုအခါမွ ထယ္ေယာင္းသည္ သူေဌးဂြၽန္ကိုအိမ္ထဲဖိတ္ေခၚရန္သတိရကာ ဟြန္းေလးကိုေတာ့ အၿပဳံးလွလွေလးႏွင့္ႏႈတ္ဆက္လိုက္လွ်င္ ဟြန္းေလး၏မ်က္လုံးေလးမွာ သိသိသာသာ အေရာင္ေတာက္သြားသည္ ။

ကေလးငယ္၏အမူအရာေလးေၾကာင့္ ထယ္ေယာင္းမွာ ႏွစ္ၿခိဳက္စြာၿပဳံးမိသြားသည္ ။

ထယ္ေယာင္း၏ အိမ္ထဲသို႔ ခပ္တည္တည္ပင္ဝင္လာပါသည့္ သားအဖႏွစ္ေယာက္ ။

" ေဒါက္တာက... ေဆး႐ုံကို မသြားေလာက္ေသးဘူးထင္လို႔ ေဒါက္တာရဲ႕အိမ္ကိုပဲ လာခဲ့လိုက္တာ..."

" ဟုတ္ကဲ့... ထိုင္ပါဦး.. သူေဌးဂြၽန္... မနက္စာကေရာ.. ဘာစားခဲ့ၿပီးၿပီလဲ..."

" ကြၽန္ေတာ္ကေတာ့.. မစားရေသးပါဘူး... ဟြန္းေလးကိုေတာ့.. မစၥယိုဝန္းက ေကြၽးၿပီးပါၿပီ..."

" ကြၽန္ေတာ္က ေကာ္ဖီမေသာက္တတ္လို႔... ဟို.. နို႔ေတာ့ရွိတယ္.."

" ဒီလို မလုပ္ဘဲနဲ႕ ကြၽန္ေတာ္တို႔ အျပင္က ဆိုင္တစ္ခုခုမွာ.. တစ္ခုခုသြားေသာက္ၾကမလား... ေဒါက္တာကင္မ္.. ၿပီးရင္ ေဒါက္တာကို ေဆး႐ုံျပန္လိုက္ပို႔ေပးပါ့မယ္.. ဟြန္းေလးကိုလည္း အဘိုးဆီကို ခဏလိုက္ပို႔ေပးရင္းနဲ႕...."

သူေဌးဂြၽန္၏စကားမွာ အက်ိဳးအေၾကာင္းသင့္သည့္အျပင္ ဧည့္သည္ကို ဧည့္ခံရန္အတြက္ ထယ္ေယာင္း၏အိမ္မွာလည္း ထူးထူးျခားျခား မရွိ၍ ေခါင္းညိတ္လက္ခံလိုက္သည္ ။

" ဒါဆို... ခဏေလးေစာင့္ေပးပါ.. သူေဌးဂြၽန္.. ကြၽန္ေတာ္ အိတ္ေလးသြားယူလိုက္ဦးမယ္... ခဏေနာ္ ဟြန္းေလး... ဦးဦးျပန္လာမယ္..."

ဟြန္းေလးသည္ ေခါင္းေသးေသးေလးကို ႏွစ္ခ်က္ဆက္တိုက္ညိတ္ျပလာလွ်င္ ထယ္ေယာင္းမွာ အသည္းယားစြာႏွင့္ ဟြန္းေလး၏ေခါင္းလုံးလုံးေလးကို အသာယာပြတ္သပ္ေပးမိသြားသည္ ။

အခန္းတြင္းသို႔ဝင္သြားသည့္ ေဒါက္တာကင္မ္၏ေနာက္ေက်ာထံသို႔ သားအဖႏွစ္ေယာက္လုံး၏အၾကည့္မွာ ကပ္ၿငိပါသြားရင္း သိပ္ပင္မၾကာ အေပၚဝတ္ကုတ္တစ္ထည္ထပ္၍ အညိုေရာင္ လက္ဆြဲအိတ္ကိုဆြဲကိုင္၍ ျပန္ထြက္လာပါေသာ ေဒါက္တာကင္မ္ ။

" သြားၾကရေအာင္ဗ်..."

ထယ္ေယာင္း၏အခန္းထဲကေန အတူတူထြက္ခဲ့ၿပီးေနာက္ ဓာတ္ေလွကားအေရွ႕မွာရပ္ေစာင့္ေနစဥ္ ဟြန္းေလးကို ခ်ီေပြ႕ထားသည္မွာ အခ်ိန္တစ္ခုၾကာေနၿပီျဖစ္သည့္သူေဌးဂြၽန္ေၾကာင့္ ထယ္ေယာင္း ေစာင္းငဲ့ၾကည့္မိလွ်င္ သူေဌးဂြၽန္ကေတာ့ တည္တန့္သည့္မ်က္ႏွာထားႏွင့္သာရပ္ေနေသာ္လည္း ဟြန္းေလးကေတာ့ ထယ္ေယာင္းကို သူ႕၏မ်က္ဝန္းဝိုင္းဝိုင္းေလးမ်ားႏွင့္ ေတာက္ပစြာၾကည့္ေနသည္ ။

" ကြၽန္ေတာ္... ဟြန္းေလးကို တစ္လွည့္ခ်ီေပးမယ္ေလ.. သူေဌးဂြၽန္..."

" ဗ်ာ..."

" ဟြန္းေလး... ဦးဦးဆီ.. ခဏလာခ်င္လား..."

သူေဌးဂြၽန္၏တုံ႕ျပန္မႈပင္မရခင္ ဟြန္းေလးထံလက္ေလးဆန့္တန္းေပးလိုက္သည့္အခါ အေစာတည္းက ထယ္ေယာင္းထံလာခ်င္ေနေသာ ဟြန္းေလးမွာ မ်က္လုံးေလး အေရာင္လဲ့သြားလ်က္ လက္ေသးေသးေလးႏွစ္ဖက္ကို ကမ္းလင့္ေပးလာသည္ ။

" ဒါဆို.. ကြၽန္ေတာ္က ေဒါက္တာ့ရဲ႕အိတ္ကိုကိုင္ေပးမယ္..."

ကေလးကိုလႊဲေျပာင္းခ်ီယူလိုက္သည့္အခါ ပုံမွန္ထက္ ပိုနီးကပ္သြားရသည့္ခႏၶာကိုယ္ႏွစ္ခုမွာ တစ္ဦး၏ကိုယ္သင္းရနံ႕ကို တစ္ဦးကရႈရွိုက္မိသည္အထိ ။

သူေဌးဂြၽန္က ထယ္ေယာင္း၏ အညိုေရာင္လက္ဆြဲအိတ္ကို လက္လႊဲယူလိုက္ၿပီး ဓာတ္ေလွကားခလုတ္ကိုႏွိပ္ေပးသည္ ။

ဓာတ္ေလွကားစီးေတာ့လည္း သူေဌးဂြၽန္က ထယ္ေယာင္း၏ေဘးမွာ ေနရာယူထား၍ အနည္းငယ္ အေနခက္သည့္စိတ္အစဥ္ကို ရင္ခြင္ထဲက ဟြန္းေလးကိုသာ ေခ်ာ့ျမႇူရင္းအာ႐ုံလြဲလိုက္သည္ ။

" အာရီးဂူး.. ဟြန္းေလးကလည္း... အညိုေရာင္ ဝတ္ထားတာပဲ.. ဦးဦးကလည္း အညိုေရာင္ပဲ..."

ထယ္ေယာင္း၏စကားေၾကာင့္ ဟြန္းေလးသည္႐ႊင္ျမဴးရိပ္က သိသိသာသာပင္ထင္ဟပ္လာကာ သူ႕အေဖကိုလည္း လက္ညိုးေသးေသးေလးႏွင့္ၫႊန္ျပသည္ ။

" အင္း.. Daddyကက်... အနက္ေရာင္...."

ဟြန္းေလးကို သူေဌးဂြၽန္က သုံးႏႈန္းတိုင္း Daddyဟုသာ သုံးႏႈန္းသည္အား ထယ္ေယာင္းမွာ နားရည္ဝေန၍ ထိုနာမ္စားပင္ သုံးႏႈန္းလိုက္သည္ ။

အနည္းငယ္ ေတာင့္တင္းသြားသည့္ ေဂ်ာင္ဂု၏ခႏၶာကိုယ္ ။

ေဒါက္တာကင္မ္ကေတာ့ သားကိုသာေခ်ာ့ျမႇူကာ ဓာတ္ေလွကားက ေျမညီထပ္ေရာက္၍ပြင့္သြားသည့္အခါ အေရွ႕ကေန အရင္ထြက္သြား၍ ေဂ်ာင္ဂုသည္ သူ႕၏ေျခတံရွည္ရွည္တို႔ကိုအသုံးျပဳရင္း အမွီလိုက္ယွဥ္ေလွ်ာက္လမ္းလိုက္သည္ ။

သူေဌးဂြၽန္၏ ကိုယ္ေရးအရာရွိသည္ မနက္ခင္းပိုင္း အလုပ္ scheduleမ်ားအတြက္ မနက္တည္းက အိမ္ေတာ္သို႔ေရာက္လာရၿပီး သူေဌးဂြၽန္က ေဒါက္တာကင္မ္ဆီကို လာေတြ႕သည့္ေတာက္ေလွ်ာက္လည္း လိုက္ပါခဲ့ရသည္ ။
အခုကိုလည္း ေဒါက္တာကင္မ္က ဂြၽန္ဂ်ဴဟြန္းကိုေပြ႕ခ်ီ၍ သူေဌးဂြၽန္ကေတာ့ လက္ဆြဲအိတ္အညိုေရာင္ကိုကိုင္ဆြဲကာ အတူတူယွဥ္တြဲ ထြက္လာသည္ကိုေတြ႕လိုက္ရသည့္အခါ သူသည္ အနည္းငယ္ ေၾကာင္အသြားရသည္ ။

သူေဌးဂြၽန္က ေဒါက္တာကင္မ္ရဲ႕လက္ဆြဲအိတ္ကို ဆြဲလာေပးတာလို႔ေတာ့ သူ႕ကိုမေျပာနဲ႕ေနာ္..။

" ဆယ္ဟိုရွီ... DNA Cafeကို ေမာင္းပို႔ခိုင္းလိုက္ပါ..."

" ဟုတ္ကဲ့... သူေဌးဂြၽန္..."

အံ့အားသင့္စိတ္ကိုလည္း မ်က္ႏွာထက္မျပရဲဘဲ အေနာက္ခန္းတံခါးကို ဖြင့္ဟေပးရန္ ဆယ္ဟို လက္လွမ္းလိုက္ေပမယ့္ သူေဌးဂြၽန္က ဦးသြားလ်က္ တံခါးကိုအသင့္ဆြဲဖြင့္ေပးကာ ေဒါက္တာကင္မ္တို႔ကို အရင္တက္ေစသည္ ။
ၿပီးမွ သူေဌးဂြၽန္ကဝင္ထိုင္လိုက္လွ်င္ ဆယ္ဟိုလည္း အခ်ိန္ဆြဲမေနဘဲ အေရွ႕ခန္းက ကားေမာင္းသူ၏ေဘးမွာေနရာယူလိုက္ရင္း DNA Cafeဆီသို႔ ေမာင္းပို႔ခိုင္းလိုက္ေတာ့သည္ ။
.
.
.
𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇

DNA Cafeသည္ Golden Time၏မ်ားစြာေသာ စီးပြားေရးအခြဲမ်ားေအာက္က ဆိုင္ခြဲတစ္ခုျဖစ္သည္ ။

ထို႔ေၾကာင့္ သူေဌးဂြၽန္ ဆိုင္ကိုလာမည့္အေၾကာင္းကို ဆိုင္မန္ေနဂ်ာအား လွမ္းအေၾကာင္းၾကားထားသည့္အတြက္ မန္ေနဂ်ာသည္ ဆိုင္အတြင္း ဧည့္သည္ရွင္းထားရင္း ဝန္ထမ္းမ်ားကိုလည္း အသင့္ရပ္ေစာင့္ခိုင္းထားသည္ ။

" Daddyဆီ လာေတာ့ေလ... ဟြန္းေလး.. ေဒါက္တာဦးဦး ေညာင္းေနလိမ့္မယ္..."

" ရတယ္... သူေဌးဂြၽန္.. ကြၽန္ေတာ္ မေညာင္းပါဘူး.. ဟြန္းေလးကို ကြၽန္ေတာ္ပဲခ်ီသြားလိမ့္မယ္..."

ကားထက္ကေနဆင္းၿပီး ထယ္ေယာင္းေပၚကေန ဆင္းခ်င္ပုံမရေသးေသာ ဟြန္းေလးေၾကာင့္ ထယ္ေယာင္းကပင္ ဟြန္းေလးကိုခ်ီေပြ႕ကာ သူေဌးဂြၽန္ႏွင့္ယွဥ္တြဲလွမ္းလိုက္ရင္း Cafe၏မွန္တံခါးေပါက္ကို အသင့္ဖြင့္ေပးထားေသာ တာဝန္ရွိသူတစ္ဦးႏွင့္အတူ ေဘးတစ္ဖက္တစ္ခ်က္ဆီမွာ တန္းစီရပ္ေစာင့္ေနၾကသည့္ တူညီဝတ္စုံမ်ားႏွင့္ဝန္ထမ္းမ်ားေၾကာင့္ ခႏၶာကိုယ္ေလးတြန့္သြားရသည္ ။

" မဂ္လာပါ... DNA Cafeကေန.. ႀကိဳဆိုပါတယ္..."

သံၿပိဳင္ႏႈတ္ဆက္ၾကသည့္ မန္ေနဂ်ာႏွင့္အတူ ဝန္ထမ္းမ်ားေၾကာင့္ ထယ္ေယာင္းမွာ အထူးတဆန္းႏွင့္ မ်က္ေတာင္ေလးပုတ္ခတ္ပုတ္ခတ္ ။

ဒီဆိုင္က ဝန္ေဆာင္မႈ အေတာ္ေလးျမင့္တာပဲ..။

" ဘယ္ခုံမွာ.. ထိုင္ရင္အဆင္ေျပမလဲ... ေဒါက္တာကင္မ္..."

လူအမ်ား၏ဦးက်ိဳးမႈႏွင့္ အသားက်ေနၿပီျဖစ္သည့္ သူေဌးဂြၽန္ကေတာ့ ထူးထူးေထြေထြ အေရးစိုက္ျခင္းမရွိ ။

" ဒီဘက္နားက.. စားပြဲမွာပဲ... ထိုင္လိုက္မယ္ေလ... သူေဌးဂြၽန္.."

" ဟုတ္ကဲ့... "

သူေဌးဂြၽန္၏ဦးေဆာင္မႈႏွင့္အတူ စားပြဲဝိုင္းတစ္ခုဆီ ဦးတည္လိုက္ၿပီးေနာက္ သူေဌးဂြၽန္သည္ ထယ္ေယာင္းထိုင္ရန္အတြက္ ထိုင္ခုံကိုဆြဲထုတ္ေပးလာသည္ ။

" ဒီမွာ ထိုင္ပါ...."

" ကြၽန္ေတာ္ အဆင္ေျပပါတယ္..."

ထိုင္ခုံကိုအသင့္ဆြဲထုတ္ထားေပးရင္း ထယ္ေယာင္းကို အတည္လိုက္ႀကီးသာၾကည့္ေနသည့္သူေဌးဂြၽန္ေၾကာင့္ ထယ္ေယာင္းလည္း အားနာစြာႏွင့္ပင္ဝင္ထိုင္လိုက္ရသည္ ။

ထိုအခ်ိန္၌ Cafe၏မွန္တံခါးထက္မွာ Closedဆိုသည့္ ဆိုင္းဘုတ္ေလးကိုေျပာင္းလဲခ်ိတ္ဆြဲခံလိုက္ရသည္ကိုေတာ့ ထယ္ေယာင္းဟာ သတိမမူမိ ။

ဒီေလာက္ အျပင္အဆင္ေကာင္းၿပီး ဝန္ေဆာင္မႈလည္းေျပျပစ္ေကာင္းမြန္သည့္ဆိုင္အတြင္း စားသုံးသူဧည့္သည္တစ္ေယာက္မွ်မရွိသည္ကိုသာ ေဝ့ဝဲအကဲခတ္ရင္း ဒြိဟျဖစ္ေနသည္ ။

" ေဒါက္တာကင္မ္က.. ေကာ္ဖီမေသာက္ဘူးဆိုေတာ့.. ဘာမ်ား သုံးေဆာင္မလဲ.. "

" ကြၽန္ေတာ္က စေတာ္ဘယ္ရီမစ္ရွိုက္တစ္ခြက္ဆိုရပါၿပီ.. ဟြန္းေလးကေရာ... ဘာစားမလဲ..."

ဟြန္းေလးသည္ ဆိုင္ဝန္ထမ္းတစ္ဦးက ယူေဆာင္လာေပးေသာ Menu Cardထဲကေန အရသာအစုံႏွင့္အလွဆင္ထားသည့္ ကိတ္ေသးေသးေလးေတြကို ၫႊန္ျပလာသည္ ။

" ဒါစားမွာလား... ဟြန္းေလးက... သူေဌးဂြၽန္ကေရာ..."

" ကြၽန္ေတာ္က.. ေကာ္ဖီတစ္ခြက္ပဲ...."

အမွာစာလက္ခံၿပီးသြားသည့္ ဆိုင္ဝန္ထမ္းမွာ သူေဌးဂြၽန္တို႔ကို ဦးၫႊတ္ႏႈတ္ဆက္ထြက္ခြာသြားသည္ ။
ဆိုင္၏မန္ေနဂ်ာမွာလည္း ထိုစားပြဲဝိုင္းအနားသို႔ အႏွောင့္အယွက္သြားမေပးရဲဘဲ ခပ္လွမ္းလွမ္းကေနသာ မသိမသာ စနည္းနာေနသည္ ။

" ေဒါက္တာက... စေတာ္ဘယ္ရီအရသာကို... ႀကိဳက္တာလား..."

" ဟုတ္ကဲ့... စေတာ္ဘယ္ရီကိုႀကိဳက္ေတာ့.. ဘာစားစား စေတာ္ဘယ္ရီအရသာကိုေ႐ြးတာက အက်င့္လိုေတာင္ျဖစ္သြားတယ္..."

" ဟုတ္..."

တစ္ေယာက္မွာ စီးပြားေရးနယ္ပယ္၊ တစ္ေယာက္မွာ ေဆးေလာကနယ္ပယ္ျဖစ္သည့္အတြက္ အလုပ္ကိစၥအေၾကာင္းလည္း စကားလက္ဆုံေျပာလို႔မရဘဲ စကားဝိုင္းက တစ္ခြန္းစႏွစ္ခြန္းစျဖင့္ တိတ္ဆိတ္မႈကႀကီးစိုးေနသည္သာမ်ားသည္ ။
ႏွစ္ဦးသားလုံးက အေနေအးသည့္အတြက္ပိုဆိုးသည္ ။

ထယ္ေယာင္းက လူမႈဆက္ဆံေရးမဆိုးဟူေသာ္လည္း သူေဌးဂြၽန္ကိုက် အရွိန္အဝါတစ္မ်ိဳး အလိုလိုခံစားေနရကာ အျခားမိတ္ေဆြေတြလိုမ်ိဳး ေပါ့ေပါ့ပါးပါးလည္းမဆိုရဲ ။

" ဉီးဉီး... လုပ္ေပးမယ္...."

ထယ္ေယာင္း၏ခႏၶာကိုယ္ထက္ကေန မဆင္းေသာ ဟြန္းေလးအား ကိတ္ေသးေသးေလးေတြေရာက္လာသည့္အခါ ထယ္ေယာင္းသည္ ဇြန္းေလးကိုဟြန္းေလးလက္ထဲ ဂ႐ုတစိုက္ထည့္ေပးရင္း စားရလြယ္ကူေအာင္လုပ္ေပးသည္ ။

" ဉီးဉီး.. ခြံ႕ေပးရမလား..."

ထယ္ေယာင္းကိုတြယ္တာၿပီး ရင္းႏွီးစျပဳလာေသာဟြန္းေလးမွာ မ်က္ႏွာေလး ႐ႊင္လန္း၍ ထယ္ေယာင္းခြံ႕ေကြၽးသည္ကိုလည္းစားသည္၊ ထယ္ေယာင္းကိုလည္း သူ႕လက္ေသးေသးေလးႏွင့္ ျပန္ခြံ႕ေကြၽးေသးသည္ ။

" ေပသြားၿပီ.. "

ဟြန္းေလးႏွင့္ ရယ္ရယ္ေမာေမာပင္ အဖြဲ႕က်ေနပါေသာ ေဒါက္တာကင္မ္ကို ေဂ်ာင္ဂုသည္စိုက္ၾကည့္ေနမိရင္း ဟြန္းေလးေၾကာင့္ ကိတ္မုန့္ခရင္မ္အနည္းငယ္ေပက်ံသြားသည့္ အသည္းပုံသ႑ာန္ ႏႈတ္ခမ္းပါးဆီသို႔ အၾကည့္ဆင္းသက္သြားရလွ်င္ ေဂ်ာင္ဂုကိုေမာ္ၾကည့္လာေသာ ေဒါက္တာကင္မ္၏မ်က္ဝန္းႏွင့္ဆုံသည္ ။

" အာ... ကိတ္စားၾကည့္မလား... သူေဌးဂြၽန္..."

အၾကည့္ခ်င္း မေတာ္တဆ ဆုံစည္းသြားရလွ်င္ ထယ္ေယာင္းသည္ မတုံ႕ျပန္တတ္စြာ ေလာကြတ္လုပ္မိလိုက္သည့္အခါ သူေဌးဂြၽန္က ေခါင္းအသာယမ္းျငင္းဆန္ကာ အၾကည့္ျပန္လြဲသြားခဲ့ရင္း ေအးေအးလူလူပင္ ေကာ္ဖီခြက္ကို ေကာက္ယူေသာက္သုံးသည္ ။

Cafeမွာ အခ်ိန္ကုန္ဆုံးၿပီးေနာက္ ထယ္ေယာင္းကို ေဆး႐ုံသို႔လိုက္ပို႔ခဲ့ပါသည့္ သူေဌးဂြၽန္..။

" မနက္ျဖန္က်ရင္.. ကြၽန္ေတာ္ ထမင္းစားဖိတ္ထားတာကို.. မေမ့ဘူးမလား.. ေဒါက္တာ..."

" အာ.. မေမ့ပါဘူးဗ်..."

" ကြၽန္ေတာ္က ကားႀကိဳလႊတ္လိုက္ပါ့မယ္... ၿပီးေတာ့ ဖုန္းဆက္ၿပီးလည္း အသိေပးပါ့မယ္..."

" ဟုတ္ကဲ့... "

" ဟြန္းေလး... ေဒါက္တာဦးဦးကို... ႏႈတ္ဆက္လိုက္ဦး..."

သူေဌးဂြၽန္က ထယ္ေယာင္းကို စကားဆိုၿပီးမွ သူျပန္ခ်ီေပြ႕ထားေသာဟြန္းေလးကို ငုံ႕ၾကည့္ရင္း စကားဆိုလိုက္လွ်င္ ဟြန္းေလးသည္ ထယ္ေယာင္းႏွင့္ခြဲခြာရမည္ကိုသိလိုက္၍ သိပ္မ႐ႊင္မလန္းဟန္ပန္ႏွင့္ပင္ လက္ေလးေဝ့ယမ္းႏႈတ္ဆက္လာသည္ ။

" တာ့တာပါဗ်... ေနာက္မွေတြ႕မယ္ေနာ္.. ဟြန္းေလး..."

" ဒါဆို.. ကြၽန္ေတာ့္ကို သြားခြင့္ျပဳပါဦး..."

" ဟုတ္ကဲ့... ေကာင္းေကာင္းသြားပါဗ်..."

ကားအေနာက္ခန္းမွာ ျပန္ဝင္ထိုင္၍ ထိုသားအဖႏွစ္ေယာက္ စီးနင္းသြားသည့္ဇိမ္ခံကားက တေ႐ြ႕ေ႐ြ႕ထြက္ခြာသြားမွ ထယ္ေယာင္းသည္ တစ္စုံတစ္ရာကိုသတိရလိုက္သည္ ။

" ေနပါဦး... ဉကၠဌႀကီးဆီ.. ဟြန္းေလးကို ပို႔ေပးမယ္ေျပာတာ... မပို႔ေပးေတာ့ဘူးလား?...."
.
.
.
𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇

𝖲𝖺𝗇𝖽𝗂 𝖡𝖾𝖺𝗋
𝖳𝖺𝖾𝗄𝗈𝗈𝗄 𝖬𝖺𝗄𝖾𝗌 𝖬𝖾 𝖧𝖺𝗉𝗉𝗒.

𝖴𝗇𝗂𝖼𝗈𝖽𝖾

ရေချိုးခန်း၏ဘေစင်အရှေ့၌ သွားတိုက်နေပါသည့်ထယ်ယောင်း ။
ညတုန်းက ဇာတ်ကားကြည့်ကောင်းသွား၍ ဒီနေ့မနက်ကို ခါတိုင်းထက် အိပ်ရာထနောက်ကျကာ မျက်လုံးကို မနည်းအားတင်းဖွင့်ထားရသည် ။

သွားတိုက်ပြီးသည့်အခါ ရေပိုက်ကိုဖွင့်၍ မျက်နှာကိုရေနှင့်သစ်ချမှ အနည်းငယ် လန်းဆန်းသွားရသည် ။
မျက်လုံးများက အနည်းငယ် မို့အစ်အစ်နှင့် ခွေလိမ်လိမ်ဆံနွယ်တို့က မဖြီးသင်ရသေးသောကြောင့် ပိုမိုပွယောင်းနေသည် ။
နွေရာသီဖြစ်၍ တီရှပ်အဖြူရောင်လက်ပြတ်တစ်ထည်နှင့် ဒူးအထက်ဘောင်းဘီတစ်ထည်ကိုသာဝတ်ဆင်အိပ်ဖြစ်သည် ။

သူတို့ဆိုးလ်မြို့၏ရာသီဥတုမှာ ဆောင်းတွင်းဆိုလည်းအရမ်းအေးလွန်းပြီး နွေတွင်းဆိုလျှင်လည်း နေစရာမရှိအောင် ပူအိုက်လွန်းလှသည် ။

" တင်လ်...တောင်..."

မနက်ခင်း တစ်ကိုယ်ရည်သန့်ရှင်းရေး လုပ်ဆောင်ပြီးသည်နှင့် ရှပ်ကွက်လေးကို စတိုင်ပန်အညိုဖျော့ဖျော့ထဲ ထည့်ဝတ်၍ ရှပ်လက်ကိုတံတောင်ဆစ်အထိခေါက်တင်ထားသည့် ထယ်ယောင်းသည် ဆေးရုံသို့မသွားခင် မနက်စာအတွက် နို့တစ်ခွက်နှင့် ပေါင်မုန့်မီးကင်လုပ်နေစဥ် ကြားလိုက်ရသည့်လူခေါ်ဘဲလ်သံကြောင့် ခေါင်းလေးထောင်သွားရသည် ။

မနက်ခင်းပိုင်းကို သူ့ထံလာတတ်သူလည်း မရှိသောကြောင့် တွေးဆဆနှင့်ပင် မီးဖိုချောင်မှတဆင့် ဧည့်ခန်းကိုဖြတ်ပြီး အိမ်ရှေ့တံခါးပေါက်အား သော့သွားရောက်ဖွင့်ပေးလိုက်လျှင် သူ့နှုတ်ခမ်းသားမှာ အနည်းငယ် ပွင့်ဟသွားရသည် ။

" မဂ်လာပါ... ဒေါက်တာကင်မ်... "

အနက်ရောင် Suitနှင့် သူဌေးဂျွန်သည် ဟွန်းလေးကိုပွေ့ချီထားလျက် ထယ်ယောင်းကို ဦးညွှတ်နှုတ်ဆက်လျှင် ထယ်ယောင်းလည်း ယောင်နနနှင့် ဦးပြန်ညွှတ်နှုတ်ဆက်လိုက်ရသည် ။

" ဟွန်းလေးက... ဒေါက်တာကင်မ်ကို... တွေ့ချင်နေတာ..."

" အာ.. အိမ်ထဲဝင်ပါဦးဗျ... အာညော်.. ဟွန်းလေး..."

ထိုအခါမှ ထယ်ယောင်းသည် သူဌေးဂျွန်ကိုအိမ်ထဲဖိတ်ခေါ်ရန်သတိရကာ ဟွန်းလေးကိုတော့ အပြုံးလှလှလေးနှင့်နှုတ်ဆက်လိုက်လျှင် ဟွန်းလေး၏မျက်လုံးလေးမှာ သိသိသာသာ အရောင်တောက်သွားသည် ။

ကလေးငယ်၏အမူအရာလေးကြောင့် ထယ်ယောင်းမှာ နှစ်ခြိုက်စွာပြုံးမိသွားသည် ။

ထယ်ယောင်း၏ အိမ်ထဲသို့ ခပ်တည်တည်ပင်ဝင်လာပါသည့် သားအဖနှစ်ယောက် ။

" ဒေါက်တာက... ဆေးရုံကို မသွားလောက်သေးဘူးထင်လို့ ဒေါက်တာရဲ့အိမ်ကိုပဲ လာခဲ့လိုက်တာ..."

" ဟုတ်ကဲ့... ထိုင်ပါဦး.. သူဌေးဂျွန်... မနက်စာကရော.. ဘာစားခဲ့ပြီးပြီလဲ..."

" ကျွန်တော်ကတော့.. မစားရသေးပါဘူး... ဟွန်းလေးကိုတော့.. မစ္စယိုဝန်းက ကျွေးပြီးပါပြီ..."

" ကျွန်တော်က ကော်ဖီမသောက်တတ်လို့... ဟို.. နို့တော့ရှိတယ်.."

" ဒီလို မလုပ်ဘဲနဲ့ ကျွန်တော်တို့ အပြင်က ဆိုင်တစ်ခုခုမှာ.. တစ်ခုခုသွားသောက်ကြမလား... ဒေါက်တာကင်မ်.. ပြီးရင် ဒေါက်တာကို ဆေးရုံပြန်လိုက်ပို့ပေးပါ့မယ်.. ဟွန်းလေးကိုလည်း အဘိုးဆီကို ခဏလိုက်ပို့ပေးရင်းနဲ့...."

သူဌေးဂျွန်၏စကားမှာ အကျိုးအကြောင်းသင့်သည့်အပြင် ဧည့်သည်ကို ဧည့်ခံရန်အတွက် ထယ်ယောင်း၏အိမ်မှာလည်း ထူးထူးခြားခြား မရှိ၍ ခေါင်းညိတ်လက်ခံလိုက်သည် ။

" ဒါဆို... ခဏလေးစောင့်ပေးပါ.. သူဌေးဂျွန်.. ကျွန်တော် အိတ်လေးသွားယူလိုက်ဦးမယ်... ခဏနော် ဟွန်းလေး... ဦးဦးပြန်လာမယ်..."

ဟွန်းလေးသည် ခေါင်းသေးသေးလေးကို နှစ်ချက်ဆက်တိုက်ညိတ်ပြလာလျှင် ထယ်ယောင်းမှာ အသည်းယားစွာနှင့် ဟွန်းလေး၏ခေါင်းလုံးလုံးလေးကို အသာယာပွတ်သပ်ပေးမိသွားသည် ။

အခန်းတွင်းသို့ဝင်သွားသည့် ဒေါက်တာကင်မ်၏နောက်ကျောထံသို့ သားအဖနှစ်ယောက်လုံး၏အကြည့်မှာ ကပ်ငြိပါသွားရင်း သိပ်ပင်မကြာ အပေါ်ဝတ်ကုတ်တစ်ထည်ထပ်၍ အညိုရောင် လက်ဆွဲအိတ်ကိုဆွဲကိုင်၍ ပြန်ထွက်လာပါသော ဒေါက်တာကင်မ် ။

" သွားကြရအောင်ဗျ..."

ထယ်ယောင်း၏အခန်းထဲကနေ အတူတူထွက်ခဲ့ပြီးနောက် ဓာတ်လှေကားအရှေ့မှာရပ်စောင့်နေစဥ် ဟွန်းလေးကို ချီပွေ့ထားသည်မှာ အချိန်တစ်ခုကြာနေပြီဖြစ်သည့်သူဌေးဂျွန်ကြောင့် ထယ်ယောင်း စောင်းငဲ့ကြည့်မိလျှင် သူဌေးဂျွန်ကတော့ တည်တန့်သည့်မျက်နှာထားနှင့်သာရပ်နေသော်လည်း ဟွန်းလေးကတော့ ထယ်ယောင်းကို သူ့၏မျက်ဝန်းဝိုင်းဝိုင်းလေးများနှင့် တောက်ပစွာကြည့်နေသည် ။

" ကျွန်တော်... ဟွန်းလေးကို တစ်လှည့်ချီပေးမယ်လေ.. သူဌေးဂျွန်..."

" ဗျာ..."

" ဟွန်းလေး... ဦးဦးဆီ.. ခဏလာချင်လား..."

သူဌေးဂျွန်၏တုံ့ပြန်မှုပင်မရခင် ဟွန်းလေးထံလက်လေးဆန့်တန်းပေးလိုက်သည့်အခါ အစောတည်းက ထယ်ယောင်းထံလာချင်နေသော ဟွန်းလေးမှာ မျက်လုံးလေး အရောင်လဲ့သွားလျက် လက်သေးသေးလေးနှစ်ဖက်ကို ကမ်းလင့်ပေးလာသည် ။

" ဒါဆို.. ကျွန်တော်က ဒေါက်တာ့ရဲ့အိတ်ကိုကိုင်ပေးမယ်..."

ကလေးကိုလွှဲပြောင်းချီယူလိုက်သည့်အခါ ပုံမှန်ထက် ပိုနီးကပ်သွားရသည့်ခန္ဓာကိုယ်နှစ်ခုမှာ တစ်ဦး၏ကိုယ်သင်းရနံ့ကို တစ်ဦးကရှုရှိုက်မိသည်အထိ ။

သူဌေးဂျွန်က ထယ်ယောင်း၏ အညိုရောင်လက်ဆွဲအိတ်ကို လက်လွှဲယူလိုက်ပြီး ဓာတ်လှေကားခလုတ်ကိုနှိပ်ပေးသည် ။

ဓာတ်လှေကားစီးတော့လည်း သူဌေးဂျွန်က ထယ်ယောင်း၏ဘေးမှာ နေရာယူထား၍ အနည်းငယ် အနေခက်သည့်စိတ်အစဥ်ကို ရင်ခွင်ထဲက ဟွန်းလေးကိုသာ ချော့မြှူရင်းအာရုံလွဲလိုက်သည် ။

" အာရီးဂူး.. ဟွန်းလေးကလည်း... အညိုရောင် ဝတ်ထားတာပဲ.. ဦးဦးကလည်း အညိုရောင်ပဲ..."

ထယ်ယောင်း၏စကားကြောင့် ဟွန်းလေးသည်ရွှင်မြူးရိပ်က သိသိသာသာပင်ထင်ဟပ်လာကာ သူ့အဖေကိုလည်း လက်ညိုးသေးသေးလေးနှင့်ညွှန်ပြသည် ။

" အင်း.. Daddyကကျ... အနက်ရောင်...."

ဟွန်းလေးကို သူဌေးဂျွန်က သုံးနှုန်းတိုင်း Daddyဟုသာ သုံးနှုန်းသည်အား ထယ်ယောင်းမှာ နားရည်ဝနေ၍ ထိုနာမ်စားပင် သုံးနှုန်းလိုက်သည် ။

အနည်းငယ် တောင့်တင်းသွားသည့် ဂျောင်ဂု၏ခန္ဓာကိုယ် ။

ဒေါက်တာကင်မ်ကတော့ သားကိုသာချော့မြှူကာ ဓာတ်လှေကားက မြေညီထပ်ရောက်၍ပွင့်သွားသည့်အခါ အရှေ့ကနေ အရင်ထွက်သွား၍ ဂျောင်ဂုသည် သူ့၏ခြေတံရှည်ရှည်တို့ကိုအသုံးပြုရင်း အမှီလိုက်ယှဥ်လျှောက်လမ်းလိုက်သည် ။

သူဌေးဂျွန်၏ ကိုယ်ရေးအရာရှိသည် မနက်ခင်းပိုင်း အလုပ် scheduleများအတွက် မနက်တည်းက အိမ်တော်သို့ရောက်လာရပြီး သူဌေးဂျွန်က ဒေါက်တာကင်မ်ဆီကို လာတွေ့သည့်တောက်လျှောက်လည်း လိုက်ပါခဲ့ရသည် ။
အခုကိုလည်း ဒေါက်တာကင်မ်က ဂျွန်ဂျူဟွန်းကိုပွေ့ချီ၍ သူဌေးဂျွန်ကတော့ လက်ဆွဲအိတ်အညိုရောင်ကိုကိုင်ဆွဲကာ အတူတူယှဥ်တွဲ ထွက်လာသည်ကိုတွေ့လိုက်ရသည့်အခါ သူသည် အနည်းငယ် ကြောင်အသွားရသည် ။

သူဌေးဂျွန်က ဒေါက်တာကင်မ်ရဲ့လက်ဆွဲအိတ်ကို ဆွဲလာပေးတာလို့တော့ သူ့ကိုမပြောနဲ့နော်..။

" ဆယ်ဟိုရှီ... DNA Cafeကို မောင်းပို့ခိုင်းလိုက်ပါ..."

" ဟုတ်ကဲ့... သူဌေးဂျွန်..."

အံ့အားသင့်စိတ်ကိုလည်း မျက်နှာထက်မပြရဲဘဲ အနောက်ခန်းတံခါးကို ဖွင့်ဟပေးရန် ဆယ်ဟို လက်လှမ်းလိုက်ပေမယ့် သူဌေးဂျွန်က ဦးသွားလျက် တံခါးကိုအသင့်ဆွဲဖွင့်ပေးကာ ဒေါက်တာကင်မ်တို့ကို အရင်တက်စေသည် ။
ပြီးမှ သူဌေးဂျွန်ကဝင်ထိုင်လိုက်လျှင် ဆယ်ဟိုလည်း အချိန်ဆွဲမနေဘဲ အရှေ့ခန်းက ကားမောင်းသူ၏ဘေးမှာနေရာယူလိုက်ရင်း DNA Cafeဆီသို့ မောင်းပို့ခိုင်းလိုက်တော့သည် ။
.
.
.
𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇

DNA Cafeသည် Golden Time၏များစွာသော စီးပွားရေးအခွဲများအောက်က ဆိုင်ခွဲတစ်ခုဖြစ်သည် ။

ထို့ကြောင့် သူဌေးဂျွန် ဆိုင်ကိုလာမည့်အကြောင်းကို ဆိုင်မန်နေဂျာအား လှမ်းအကြောင်းကြားထားသည့်အတွက် မန်နေဂျာသည် ဆိုင်အတွင်း ဧည့်သည်ရှင်းထားရင်း ဝန်ထမ်းများကိုလည်း အသင့်ရပ်စောင့်ခိုင်းထားသည် ။

" Daddyဆီ လာတော့လေ... ဟွန်းလေး.. ဒေါက်တာဦးဦး ညောင်းနေလိမ့်မယ်..."

" ရတယ်... သူဌေးဂျွန်.. ကျွန်တော် မညောင်းပါဘူး.. ဟွန်းလေးကို ကျွန်တော်ပဲချီသွားလိမ့်မယ်..."

ကားထက်ကနေဆင်းပြီး ထယ်ယောင်းပေါ်ကနေ ဆင်းချင်ပုံမရသေးသော ဟွန်းလေးကြောင့် ထယ်ယောင်းကပင် ဟွန်းလေးကိုချီပွေ့ကာ သူဌေးဂျွန်နှင့်ယှဥ်တွဲလှမ်းလိုက်ရင်း Cafe၏မှန်တံခါးပေါက်ကို အသင့်ဖွင့်ပေးထားသော တာဝန်ရှိသူတစ်ဦးနှင့်အတူ ဘေးတစ်ဖက်တစ်ချက်ဆီမှာ တန်းစီရပ်စောင့်နေကြသည့် တူညီဝတ်စုံများနှင့်ဝန်ထမ်းများကြောင့် ခန္ဓာကိုယ်လေးတွန့်သွားရသည် ။

" မဂ်လာပါ... DNA Cafeကနေ.. ကြိုဆိုပါတယ်..."

သံပြိုင်နှုတ်ဆက်ကြသည့် မန်နေဂျာနှင့်အတူ ဝန်ထမ်းများကြောင့် ထယ်ယောင်းမှာ အထူးတဆန်းနှင့် မျက်တောင်လေးပုတ်ခတ်ပုတ်ခတ် ။

ဒီဆိုင်က ဝန်ဆောင်မှု အတော်လေးမြင့်တာပဲ..။

" ဘယ်ခုံမှာ.. ထိုင်ရင်အဆင်ပြေမလဲ... ဒေါက်တာကင်မ်..."

လူအများ၏ဦးကျိုးမှုနှင့် အသားကျနေပြီဖြစ်သည့် သူဌေးဂျွန်ကတော့ ထူးထူးထွေထွေ အရေးစိုက်ခြင်းမရှိ ။

" ဒီဘက်နားက.. စားပွဲမှာပဲ... ထိုင်လိုက်မယ်လေ... သူဌေးဂျွန်.."

" ဟုတ်ကဲ့... "

သူဌေးဂျွန်၏ဦးဆောင်မှုနှင့်အတူ စားပွဲဝိုင်းတစ်ခုဆီ ဦးတည်လိုက်ပြီးနောက် သူဌေးဂျွန်သည် ထယ်ယောင်းထိုင်ရန်အတွက် ထိုင်ခုံကိုဆွဲထုတ်ပေးလာသည် ။

" ဒီမှာ ထိုင်ပါ...."

" ကျွန်တော် အဆင်ပြေပါတယ်..."

ထိုင်ခုံကိုအသင့်ဆွဲထုတ်ထားပေးရင်း ထယ်ယောင်းကို အတည်လိုက်ကြီးသာကြည့်နေသည့်သူဌေးဂျွန်ကြောင့် ထယ်ယောင်းလည်း အားနာစွာနှင့်ပင်ဝင်ထိုင်လိုက်ရသည် ။

ထိုအချိန်၌ Cafe၏မှန်တံခါးထက်မှာ Closedဆိုသည့် ဆိုင်းဘုတ်လေးကိုပြောင်းလဲချိတ်ဆွဲခံလိုက်ရသည်ကိုတော့ ထယ်ယောင်းဟာ သတိမမူမိ ။

ဒီလောက် အပြင်အဆင်ကောင်းပြီး ဝန်ဆောင်မှုလည်းပြေပြစ်ကောင်းမွန်သည့်ဆိုင်အတွင်း စားသုံးသူဧည့်သည်တစ်ယောက်မျှမရှိသည်ကိုသာ ဝေ့ဝဲအကဲခတ်ရင်း ဒွိဟဖြစ်နေသည် ။

" ဒေါက်တာကင်မ်က.. ကော်ဖီမသောက်ဘူးဆိုတော့.. ဘာများ သုံးဆောင်မလဲ.. "

" ကျွန်တော်က စတော်ဘယ်ရီမစ်ရှိုက်တစ်ခွက်ဆိုရပါပြီ.. ဟွန်းလေးကရော... ဘာစားမလဲ..."

ဟွန်းလေးသည် ဆိုင်ဝန်ထမ်းတစ်ဦးက ယူဆောင်လာပေးသော Menu Cardထဲကနေ အရသာအစုံနှင့်အလှဆင်ထားသည့် ကိတ်သေးသေးလေးတွေကို ညွှန်ပြလာသည် ။

" ဒါစားမှာလား... ဟွန်းလေးက... သူဌေးဂျွန်ကရော..."

" ကျွန်တော်က.. ကော်ဖီတစ်ခွက်ပဲ...."

အမှာစာလက်ခံပြီးသွားသည့် ဆိုင်ဝန်ထမ်းမှာ သူဌေးဂျွန်တို့ကို ဦးညွှတ်နှုတ်ဆက်ထွက်ခွာသွားသည် ။
ဆိုင်၏မန်နေဂျာမှာလည်း ထိုစားပွဲဝိုင်းအနားသို့ အနှောင့်အယှက်သွားမပေးရဲဘဲ ခပ်လှမ်းလှမ်းကနေသာ မသိမသာ စနည်းနာနေသည် ။

" ဒေါက်တာက... စတော်ဘယ်ရီအရသာကို... ကြိုက်တာလား..."

" ဟုတ်ကဲ့... စတော်ဘယ်ရီကိုကြိုက်တော့.. ဘာစားစား စတော်ဘယ်ရီအရသာကိုရွေးတာက အကျင့်လိုတောင်ဖြစ်သွားတယ်..."

" ဟုတ်..."

တစ်ယောက်မှာ စီးပွားရေးနယ်ပယ်၊ တစ်ယောက်မှာ ဆေးလောကနယ်ပယ်ဖြစ်သည့်အတွက် အလုပ်ကိစ္စအကြောင်းလည်း စကားလက်ဆုံပြောလို့မရဘဲ စကားဝိုင်းက တစ်ခွန်းစနှစ်ခွန်းစဖြင့် တိတ်ဆိတ်မှုကကြီးစိုးနေသည်သာများသည် ။
နှစ်ဦးသားလုံးက အနေအေးသည့်အတွက်ပိုဆိုးသည် ။

ထယ်ယောင်းက လူမှုဆက်ဆံရေးမဆိုးဟူသော်လည်း သူဌေးဂျွန်ကိုကျ အရှိန်အဝါတစ်မျိုး အလိုလိုခံစားနေရကာ အခြားမိတ်ဆွေတွေလိုမျိုး ပေါ့ပေါ့ပါးပါးလည်းမဆိုရဲ ။

" ဉီးဉီး... လုပ်ပေးမယ်...."

ထယ်ယောင်း၏ခန္ဓာကိုယ်ထက်ကနေ မဆင်းသော ဟွန်းလေးအား ကိတ်သေးသေးလေးတွေရောက်လာသည့်အခါ ထယ်ယောင်းသည် ဇွန်းလေးကိုဟွန်းလေးလက်ထဲ ဂရုတစိုက်ထည့်ပေးရင်း စားရလွယ်ကူအောင်လုပ်ပေးသည် ။

" ဉီးဉီး.. ခွံ့ပေးရမလား..."

ထယ်ယောင်းကိုတွယ်တာပြီး ရင်းနှီးစပြုလာသောဟွန်းလေးမှာ မျက်နှာလေး ရွှင်လန်း၍ ထယ်ယောင်းခွံ့ကျွေးသည်ကိုလည်းစားသည်၊ ထယ်ယောင်းကိုလည်း သူ့လက်သေးသေးလေးနှင့် ပြန်ခွံ့ကျွေးသေးသည် ။

" ပေသွားပြီ.. "

ဟွန်းလေးနှင့် ရယ်ရယ်မောမောပင် အဖွဲ့ကျနေပါသော ဒေါက်တာကင်မ်ကို ဂျောင်ဂုသည်စိုက်ကြည့်နေမိရင်း ဟွန်းလေးကြောင့် ကိတ်မုန့်ခရင်မ်အနည်းငယ်ပေကျံသွားသည့် အသည်းပုံသဏ္ဍာန် နှုတ်ခမ်းပါးဆီသို့ အကြည့်ဆင်းသက်သွားရလျှင် ဂျောင်ဂုကိုမော်ကြည့်လာသော ဒေါက်တာကင်မ်၏မျက်ဝန်းနှင့်ဆုံသည် ။

" အာ... ကိတ်စားကြည့်မလား... သူဌေးဂျွန်..."

အကြည့်ချင်း မတော်တဆ ဆုံစည်းသွားရလျှင် ထယ်ယောင်းသည် မတုံ့ပြန်တတ်စွာ လောကွတ်လုပ်မိလိုက်သည့်အခါ သူဌေးဂျွန်က ခေါင်းအသာယမ်းငြင်းဆန်ကာ အကြည့်ပြန်လွဲသွားခဲ့ရင်း အေးအေးလူလူပင် ကော်ဖီခွက်ကို ကောက်ယူသောက်သုံးသည် ။

Cafeမှာ အချိန်ကုန်ဆုံးပြီးနောက် ထယ်ယောင်းကို ဆေးရုံသို့လိုက်ပို့ခဲ့ပါသည့် သူဌေးဂျွန်..။

" မနက်ဖြန်ကျရင်.. ကျွန်တော် ထမင်းစားဖိတ်ထားတာကို.. မမေ့ဘူးမလား.. ဒေါက်တာ..."

" အာ.. မမေ့ပါဘူးဗျ..."

" ကျွန်တော်က ကားကြိုလွှတ်လိုက်ပါ့မယ်... ပြီးတော့ ဖုန်းဆက်ပြီးလည်း အသိပေးပါ့မယ်..."

" ဟုတ်ကဲ့... "

" ဟွန်းလေး... ဒေါက်တာဦးဦးကို... နှုတ်ဆက်လိုက်ဦး..."

သူဌေးဂျွန်က ထယ်ယောင်းကို စကားဆိုပြီးမှ သူပြန်ချီပွေ့ထားသောဟွန်းလေးကို ငုံ့ကြည့်ရင်း စကားဆိုလိုက်လျှင် ဟွန်းလေးသည် ထယ်ယောင်းနှင့်ခွဲခွာရမည်ကိုသိလိုက်၍ သိပ်မရွှင်မလန်းဟန်ပန်နှင့်ပင် လက်လေးဝေ့ယမ်းနှုတ်ဆက်လာသည် ။

" တာ့တာပါဗျ... နောက်မှတွေ့မယ်နော်.. ဟွန်းလေး..."

" ဒါဆို.. ကျွန်တော့်ကို သွားခွင့်ပြုပါဦး..."

" ဟုတ်ကဲ့... ကောင်းကောင်းသွားပါဗျ..."

ကားအနောက်ခန်းမှာ ပြန်ဝင်ထိုင်၍ ထိုသားအဖနှစ်ယောက် စီးနင်းသွားသည့်ဇိမ်ခံကားက တရွေ့ရွေ့ထွက်ခွာသွားမှ ထယ်ယောင်းသည် တစ်စုံတစ်ရာကိုသတိရလိုက်သည် ။

" နေပါဦး... ဉက္ကဌကြီးဆီ.. ဟွန်းလေးကို ပို့ပေးမယ်ပြောတာ... မပို့ပေးတော့ဘူးလား?...."
.
.
.
𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇

𝖲𝖺𝗇𝖽𝗂 𝖡𝖾𝖺𝗋
𝖳𝖺𝖾𝗄𝗈𝗈𝗄 𝖬𝖺𝗄𝖾𝗌 𝖬𝖾 𝖧𝖺𝗉𝗉𝗒.

Continue Reading

You'll Also Like

62.7K 8.5K 34
ApΓ³s a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da regiΓ£o do Caribe, Mon assume como capitΓ£ do navio Concorde. Bem qu...
The Convict Of Hate By Mei

Historical Fiction

51.6K 4.8K 27
ကထမုန္းတရားကို α€„α€«α€˜α€€α€Ήα€€α€…α€α€„α€Ήα€α€²α€·α€»α€α€„α€Ήα€Έα€»α€–α€…α€Ήα€α€šα€Ή α€‘α€­α€―α€œα€°α€žα€¬α€Έα€›α€²α‚•α€‘α€™α€―α€”α€Ήα€Έα€±α€α€Όα€€ α€±αΎα€€α€¬α€€α€Ήα€…α€›α€¬α€±α€€α€¬α€„α€Ήα€Έα€™α€½α€”α€Ήα€Έα€žα€­α€±α€•α€™α€šα€Ήα€· α€‘α€­α€―α€œα€°α€žα€¬α€Έα€›α€²α‚•α€‘α€™α€―α€”α€Ήα€Έα€α€›α€¬α€Έα€±α€α€Όα€‘α€€α€Ή ငါ့ရဲ႕ခ်စ္ျခင္းေမတၱာေတြက ပိုမ...
287K 49.4K 61
ࢩේ ΰΆ…ΰΆΈΰ·ŠΰΆΈΰ·”.... ࢱා ΰΆ‹ΰΆ±ΰ·ŠΰΆ±ΰ·™ΰΆΊΰ·’ ΰΆšΰ·ΰΆ―ΰ·’ΰΆ½ΰ·’ΰΆšΰ·ŠΰΆšΰ·’ΰΆ»ΰ·šΰΆ±ΰ·Š ❀ (ΰΆ΄ΰΆ»ΰ·’ΰΆ±ΰΆ­ ΰΆ…ΰΆ±ΰ·ŠΰΆ­ΰΆ»ΰ·ŠΰΆœΰΆ­ΰΆΊΰΆšΰ·’...)
57.5K 4.4K 61
αž•αŸ‚αž“αžŠαžΈαž€αŸ’αžšαž‘αžΆαž”αŸ‹αž…αžΆαž€αŸ‹ αž˜αž“αž»αžŸαŸ’αžŸαžŸαŸ’αž’αžΈαžαžΆαŸ†αž„αž–αžΈαž€αŸ†αž›αŸ„αŸ‡αž˜αž€αžŠαž›αŸ‹αž–αŸ„αŸ‡αž˜αŸ‰αžΆαž™αž€αžΌαž“αž”αŸ’αžšαžΆαŸ†αž αžΎαž™ αžšαž€αž”αŸ’αžšαž–αž“αŸ’αž’αž‡αžΆαž”αŸ‹αž›αžΆαž”αŸ‹αž“αž·αž„αž‚αŸαŸ‘αž€αŸαž‚αŸ’αž˜αžΆαž“ αž˜αž·αž“αž˜αŸ‚αž“αž›αŸ‚αž„αž›αŸ‡αž‘αŸ…αž―αžŽαžΆαž‘αŸ αž‚αžΊαž–αž½αž€αž‚αŸαž“αž·αž„αžŸαŸ’αž›αžΆαž”αŸ‹αžŠαŸ„αž™αž‚αŸ’αž˜αžΆαž“αž˜αžΌαž›αž αŸαžαž»αž“αŸ…αžŠαŸ‚αž›...