The Villain Dressed As a Litt...

By Mimosa2002

90.2K 15.5K 447

Original Author -狩心( ShòuXīn) Status -Completed Total episodes -51+Extra5 Start Date -31.8.2022 End Date - U... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16 (Thadingyut Surprise)
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
ဟီးဟီး
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
တောင်းပန်စာ
Chapter 36
Chapter 37.2
Chapter 38.1
Chapter -38.2
Chapter 39
Chapter -40.1
Chapter -40.2
Chapter -41.1
Chapter -41.2
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter - 46

Chapter 37.1

1.3K 273 6
By Mimosa2002

      ထိုစကားလုံးတွေက လင်ရှီးကိုချက်ချင်းရပ်တန့်သွားစေပြီး ချင်ရှောင်းရဲ့ဒေါသနဲ့ ယုံကြည်မှုမရှိတဲ့လေသံကို ချင်ရှောင်းရဲ့မေးခွန်းကနေတဆင့် သူရှင်းရှင်းလင်းလင်းကို ကြားလိုက်ရသည်။ 

      ဒီဒေါသက ချင်းရှောင်းသူကစားခံနေရတယ်လို့ ထင်နေတာကနေထွက်လာတဲ့ပုံပဲ။ 

     လင်ရှီးခေါင်းခါပြီးငြင်းဆန်ချင်ခဲ့သည်။ သူ့ဘဝကိုမျဥ်း‌ကြောင်းပေါ်မှာတင်ပြီး အနာဂါတ်ကိုကြိုမြင်နိုင်စွမ်းရှိကြောင်းပြောပြခဲ့ပေမယ့် ကြည့်ရတာချင်ရှောင်းက ဒီကိစ္စကိုအရမ်းကြီးဂရုမစိုက်သလို သူ့ကိုလည်းမယုံကြည်ဖြစ်နေဆဲပင်။ 

      ဒီအချိန်မှာဘာသာစကားက အားနည်းနေပုံရပြီး သူ့ကိုယ်သူခုခံပြောဆိုပေးဖို့ ဘယ်လိုရှင်းပြရမလဲမသိတော့ချေ။  

      သူကကူးပြောင်းလာတဲ့သူဖြစ်ပြီး ဒီကမ္ဘာကလူမဟုတ်ဘူးဆိုတဲ့ အချက်ကို‌ထုတ်ပြောဖို့တော့ အစီအစဉ်မရှိပေ။ 

     သူ့ကိုမယုံသင်္ကာအကြည့်နဲ့ ‌စိုက်ကြည့်နေတဲ့ချင်ရှောင်းကို သူကြည့်မိတော့ ချက်ချင်းပင် လင်ရှီးသူ့နှလုံးသားထဲက နာကျင်မှုကိုခံစားလိုက်ရ၏။ 

     ထို့နောက် လင်ရှီးတစ်စုံတစ်ရာကိုနားလည်သွားရတယ်။ ကိစ္စတစ်ခုကြောင့် ချင်ရှောင်းအရမ်းကိုမယုံသင်္ကာဖြစ်နေတယ်ဆိုတာ သူခန့်မှန်းမိလိုက်သည်။ 

     အကယ်၍သူသာ ဒီကိစ္စကိုချင်ရှောင်းနဲ့ဝေမျှလိုက်မယ်ဆိုရင် ချင်ရှောင်းသူ့ကိုယုံကြည်သွားလောက်တယ်။ 

     လင်ရှီးသူလိုချင်တဲ့ ရလာဒ်ရရှိ‌နိုင်ကြောင်းကို အတည်ပြုလိုက်သည်။ 

     ထို့ကြောင့်လင်ရှီးရှင်းပြတာကိုမလုပ်တော့ပဲ ထိုအစားချင်ရှောင်းအရှေ့ကိုလျှောက်သွားလိုက်ကာ အရှေ့ကိုကိုင်းချလိုက်ပြီး ချင်ရှောင်းရဲ့ပခုံးပေါ်လက်တင်လိုက်၏။ ထို့နောက်ထိုလူ့ကိုနမ်းလိုက်လေသည်။ 

      ချင်ရှောင်းကအရပ်မြင့်တာကြောင့် လင်ရှီးသူ့ကိုနမ်းချင်လျှင် သူ့ခေါင်းကိုမော့ရပေမည်။ 

       မျှော်လင့်ထားတဲ့အတိုင်းပဲ လင်ရှီးနမ်းလိုက်တဲ့နောက် ချင်ရှောင်းရဲ့ အေးစက်စက်မျက်လုံးတွေက မတည်မငြိမ်ဖြစ်သွားခဲ့တယ်။ 

     လင်ရှီးသူ့ရဲ့ကြိုးပမ်းမှုကို ဆက်လက်လုပ်ဆောင်နေပြီး ရိုးရှင်းစွာသူ့လက်တွေကို ချင်ရှောင်းရဲ့လည်ပင်းမှာသိုင်းဖက်ကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးနဲ့ဖိချလိုက်၏။ 

      ဘဝနှစ်ခုလုံးစာပေါင်းရင်တောင် သူ့မှာဆွေမျိုးတွေနဲ့တောင် ရင်းနှီးတဲ့အတွေ့အကြုံမရှိပေ။ အရင်ဘဝက သူဟာဗီလိန်တစ်ယောက်ဖြစ်ခဲ့ပြီး အင်အားနဲ့အာဏာဘက်ကိုသာ ကောက်ကောက်ပါအောင်လိုက်ခဲ့တယ်။ တစ်ခါတစ်ရံလိုအင်ဆန္ဒတွေရှိလာရင်လည်း သူ့ဘာသာသူဖြေရှင်းရတာကိုသာ ပိုနှစ်သက်လေသည်။ 

      ကူးပြောင်းလာပြီးနောက် အစပိုင်းမှာ သူထွက်ပြေးလွတ်မြောက်ဖို့ကိုသာ တွေးနေခဲ့သည်။ 

    လင်ရှီး သူချင်ရှောင်းကိုချစ်သွားလိမ့်မယ်လို့ တစ်ခါမှမမျှော်လင့်ခဲ့ချေ။ 

     ဒီလိုနေ့ရှိလာလိမ့်မယ်ဆိုတာကြိုသိရင် သူနှစ်ကြိမ်နှစ်ခါမျှထွက်ပြေးမိမှာမဟုတ်ပေ။ 

     လင်ရှီးသူ့ရှေ့ကချင်ရှောင်းကိုကြည့်လိုက်တော့ မြင်လိုက်ရတာက ချင်ရှောင်းရဲ့လက်တွေက အောက်သို့စိုက်ကျနေပြီး သူ့မျက်လုံးတွေမတည်မငြိမ်ဖြစ်သွားပြီးတဲ့နောက် အခြားသောလှုပ်ရှားမှုတွေမရှိချေ။ 

      ကြည့်ရတာ ဒီလူသားက နှစ်သိမ့်ဖို့မလွယ်တဲ့ပုံပဲ။

    သို့ပေမဲ့လည်း လင်ရှီးဖြတ်လမ်းတစ်ခုကိုရုတ်တရက်တွေ့သွား၏။ 

      သူအနောက်ပြန်ဆုတ်လိုက်ပြီး အဆုံးမရှိတဲ့ ကိုယ့်ကိုယ်ကိုအပြစ်တင်မှုနဲ့ ဝမ်းနည်းမှုတွေကို သူ့ရဲ့ဖြူဖြူဖွေးဖွေးမျက်နှာလေးပေါ်မှာ ပေါ်လာစေခဲ့သည်။ 

      "ကျွန်တော်တောင်းပန်ပါတယ်၊  ခင်များကျွန်တော့အပေါ်အရမ်းကောင်းတယ်ဆိုတာ ကျွန်တော်အမြဲတမ်းသိနေခဲ့ပါတယ်၊ ကျွန်တော်အရင်ကမကောင်းခဲ့ဘူး ဒီနေရာကထွက်သွားပြီးရင် ကောင်းကောင်းနေနိုင်မယ်ထင်ခဲ့တာ။ ကျွန်တော်ဒီမှာရှိနေတုန်းက ခင်များရဲ့မွေးမြူတာကို ခံခဲ့ရတယ်လေ။ အဲ့ဒီအချိန်တုန်းက မလွတ်လပ်ဘူးလို့ပဲ တွေးနေခဲ့မိတာပါ" 

       "ကျွန်တော်ထွက်သွားပြီးတော့မှ နားလည်လိုက်ရတာက လွတ်လပ်ခြင်းဆိုတာ အနှောင်အဖွဲ့မရှိပဲ သွား‌ချင်တဲ့နေရာကို ကိုယ်တိုင်ဆုံးဖြတ်နိုင်တာကိုမဆိုလိုဘူးဆိုတာပဲ" 

      "ကျွန်တော်မှားသွားတယ်ဆိုတာ ကျွန်တော်သိပါတယ်၊ ဒီနှစ်ကြိမ်အတွက် ခွင့်လွှတ်ပေးလို့မရဘူးလားဟင်" 

      လင်ရှီး ဒီလိုတောင်းဆိုနေတဲ့လေသံနဲ့အမူအရာမျိုး သုံးတာရှားပါး‌လှတာကြောင့် သူတကယ်ကို မသက်မသာခံစားနေရတယ်။

      မျက်လုံးအိမ်က အနည်းငယ်နီရဲနေပြီး မျက်ရည်တွေကမျက်လုံးအိမ်ကနေစီးကျလာတော့သည်။ 

     နည်းနည်းလေးသရုပ်ဆောင်ထားတယ်ဆိုပေမယ့် လုံးဝကြီးတော့မဟုတ်ပါဘူး။ 

     ‌ဒါကလင်ရှီးရဲ့မျက်နှာအစစ်အမှန်မဟုတ်ပဲ သရုပ်ဆောင်နေတယ်ဆိုတာ ချင်ရှောင်းသိသည်။ ဒါပေမဲ့အစကနေအဆုံးထိ သူသိနေတာတောင် လင်ရှီးကသူ့ကိုအားနည်းမှုပြလာတဲ့အခါ လင်ရှီးတောင်းဆိုလာသမျှကိုငြင်းပယ်ဖို့က သူ့အတွက်မဖြစ်နိုင်တော့ပေ။

      အခုအချိန်မှာ လင်ရှီးသူ့ကိုလှည့်စားနေရင်တောင် တစ်နေ့မှာလင်ရှီးထပ်ပြီးထွက်ပြေးသွားဦးမှာပင်။ အဲ့ဒီအချိန်ရောက်ရင်လည်း ချင်ရှောင်းလင်ရှီးကို အကြောင်းပြချက်မရှိပဲ ယုံကြည်ပြီးခွင့်လွှတ်ပေးဖို့ ရုတ်တရက်ရွေးချယ်သွားဦးမှာပဲ။

     ချင်ရှောင်း ကိုယ့်ကိုယ်ကိုယ်စိတ်ထဲကနေရယ်လိုက်တယ်။ ဒီရက်ပိုင်းမှာ ဘယ်လိုတောင်အကျင့်ပျက်သွားရတာလဲ။ 

     လင်ရှီးရဲ့ အားနည်းနေတဲ့ပုံပြနေခြင်းကြောင့်သာ ဘာစစ်ဆေးမှုကိုမှမလုပ်ခဲ့တာပင်။

     သူ့ကိုယ်သူ တကယ်သနားစရာကောင်းတယ်လို့ခံစားရသည်။ 

     ဒါပေမဲ့တစ်ဖက်မှာတော့ ချင်ရှောင်းရဲ့အချိန်အကြာကြီးအထီးကျန်မှုကိုခံစားနေရတဲ့နှလုံးသားလေးက လင်ရှီးပြန်ရောက်လာမှုကြောင့် တဖြည်းဖြည်းနဲ့ပြည့်တင်းလာခဲ့သည်။ 

      အပူလှိုင်းကြီးတစ်ခုတောင်တက်လာခဲ့၏။ 

     ချင်ရှောင်း လင်ရှီးရဲ့မျက်လုံးထောင့်စွန်းလေးတွေကို သူ့လက်ချောင်းတွေနဲ့ပွတ်သုတ်ပေးလိုက်ရာ သူ့လက်ချောင်းထိပ်လေးတွေက ရေစက်လေးတွေစွန်းထင်းသွားသည်။ 

     "မင်းနေချင်သလောက် နေလို့ရတယ်" ဘယ်အချိန်မဆို မင်းထွက်သွားချင်ရင်ထွက်သွားလို့ရတယ်။

      ချင်ရှောင်းအနောက်ကစကားကို မပြောလိုက်ပေမယ့် သူ့ရဲ့အမူအရာကနေ‌လင်ရှီးမြင်ရပေသည်။ 

     လင်ရှီးရဲ့နှလုံးသားလေး တုန်လှုပ်သွားရသည်။ 

    ဒီတစ်ကြိမ်ပြန်လာဖို့ရွေးချယ်လိုက်တာ မမှားကြောင်းသူသိလိုက်ရတော့သည်။ 

     သူ့ကိုအမှန်တကယ်ချစ်မြတ်နိုးတဲ့ ချင်ရှောင်းလိုလူမျိုးရထားတာ သူတော်တော်ကိုကံကောင်းနေပေပြီ။

     နောက်ပြီးသူလည်း သူ့(ချင်ရှောင်း)ကို ဂရုစိုက်ပြီးမြတ်နိုးကြောင်း လက်တွေ့လုပ်ဆောင်မှုများနှင့် ချင်ရှောင်းကိုသက်သေပြသွားမှာဖြစ်သည်။ 

     လင်ရှီးပြောတဲ့နမိတ်ဖတ်စွမ်းရည်နဲ့ပတ်သတ်ပြီး သူစိတ်ငြိမ်သွားတဲ့အခါ လင်ရှီးရဲ့စွမ်းရည်အကြောင်း တစ်ယောက်ယောက်ကများသိနေသေးလားဟု ချင်ရှောင်းမေးလိုက်၏။ 

      ဒီတစ်ခါလည်း ချင်ရှောင်းအံ့ဩသွားရပြန်သည်။ 

      ဘယ်လိုသတ္တိမျိုးနဲ့ သူ့(လင်ရှီး)ခန္ဓာကိုယ်ရဲ့လျှို့ဝှက်ချက်အကြောင်း လင်ရှီးသူ့ကိုပြောပြလာတာလဲဆိုတာ ချင်ရှောင်းနားလည်သွားပုံပင်။

    လင်ရှီးကသူရှာဖွေနေတဲ့ လွတ်လပ်မှုနဲ့အ‌နာဂါတ်ကို လောင်းကြေးထပ်နေပေသည်။ 

     သူ့ရဲ့ယုံကြည်မှုနှင့် သူ့အပေါ်အခွင့်ကောင်းမယူမှုကို လောင်းကြေးထပ်လာတာပင်။ ချင်ရှောင်းလင်ရှီးရဲ့မျက်နှာပေါ်တွင် ကြောက်ရွံ့မှုတစ်စုံတစ်ရာကိုမှမတွေ့ရပေ။ ခုနကတင်သူ လင်ရှီးကိုဒေါသထွက်နေခဲ့သည်။ သူအရမ်းကို တုံးအလိမ့်မယ်လို့ ချင်ရှောင်ူဘယ်တုန်းကမှ မခံစားခဲ့ရပေ။ 

      လင်ရှီးရဲ့ရိုးသားမှုလေးကိုတောင် မမြင်နိုင်တဲ့အထိ တုံးအနေပေသည်။ 

    မျက်နှာချင်းဆိုင်ရှိ ချင်ရှောင်းက ရုတ်တရက်အလွန်ကြင်နာတဲ့အကြည့်တွေနဲ့စိုက်ကြည့်လာတဲ့အခါ လင်ရှီးခဏတာမျှ အံ့သွားရ၏။ 

      အဲ့ဒီနောက် ဘာကြောင့်လဲဆိုတာ သူသိသွားလေသည်။ 

     လင်ရှီးခေါင်းကိုခါလိုက်ပြီး "မရှိဘူး၊ ကျွန်တော်ဒီစွမ်းရည်ကို ခင်များကိုပဲပြောပြဖူးတာ" 

     ချင်ရှောင်းခေါင်းငြိမ့်လိုက်ပြီး စိတိသက်သာရာရစွာ အသက်ရှူထုတ်လိုက်၏။ 

     "မှတ်ထားနော် မင်းနမိတ်ဖတ်နိုင်တယ်ဆိုတဲ့အကြောင်းကို ဘယ်သူ့ကိုမှပြောပြလို့မဖြစ်ဘူးဆိုတာကို" 

     ချင်ရှောင်းလင်ရှီးကို အချစ်စစ်နဲ့ချစ်တာကြောင့် သူလင်ရှီးကိုထိ‌ခိုက်စေမည့် ဘယ်ကိစ္စမဆို လုပ်မှာမဟုတ်ပေမယ့် အခြားလူတွေကိုတော့ ချင်ရှောင်းအာမမခံနိုင်ပေ။ 

     လူဆိုတာ ရှုပ်ထွေးလှတဲ့ သက်ရှိတွေဖြစ်သည်။ အာဏာ၊ ကျော်ကြားမှု၊ ရာထူး၊ ပိုက်ဆံစတဲ့ ဆွဲဆောင်မှုရှိတဲ့အရာတွေက ဤကမ္ဘာတွင် များစွာရှိပေသည်။ 

    ပြီးတော့လင်ရှီးရဲ့စွမ်းရည်က လူများစွာကို သူတို့ရဲ့လိုအင်ဆန္ဒတွေပြည့်ဝအောင် ‌ကူညီပေးနိုင်သည်။ သူ့ရဲ့ကိုယ်ပိုင်လိုအင်ဆန္ဒအနေနဲ့ဆိုရင် သူ့မှာအခြားလူတွေဆုတောင်းနေတဲ့အရာမှန်သမျှရှိ‌တယ်။ အခုအချိန်မှာသူအလိုချင်ဆုံးအရာက အရင်တုန်းကသူမပိုင်ဆိုင်ရတော့ဘူးလို့ ခံစားခဲ့ရပေမဲ့ အခုတော့ သူပိုင်ဆိုင်ခဲ့ရပြီဆိုတာ သူနားလည်သွားခဲ့သည်။

    

       "ကျွန်တော်သိပါတယ်၊ ကျွန်တော်ဒီတစ်ကြိမ်ပြန်လာတုန်းက နှလုံးသာထဲမှာဗုံတီးနေသလိုပဲ၊ ဒါကေမဲ့အခုတော့ ကျွန်တော်လောင်းလိုက်တာမှန်သွားပုံပဲ" လင်ရှီးပေါ့ပေါ့ပါးပါးပြောလိုက်၏။ သူ့ရဲ့တည်ငြိမ်မှုတွေက ချင်ရှောင်းရဲ့မျက်လုံးထဲကျရောက်သွားပြီး ချင်ရှောင်းရဲ့နှလုံးသားကို အခုန်မြန်စေသည်။

     "ကိုယ်ဘယ်သူ့ကိုမှ မင်းကိုထိခိုက်စေမယ့်အခွင့်အရေးကိုမပေးဘူး" ဒီကတိက လင်ရှီးအတွက်သာမက ချင်ရှောင်းကိုယ့်ကိုယ်ကိုပြောလိုက်ခြင်းပင်။ 

     "ကျွန်တော်ခင်များကို ယုံပါတယ်" လင်ရှီးချင်ရှောင်းအပေါ် သံသယမရှိပါချေ။ 

     ထို့နောက်နှစ်ယောက်သားက လင်ရှီးရဲ့နမိတ်ဖတ်စွမ်းရည်အကြောင်းနှင့် ချင်ရှောင်းလုပ်ကြံခံရမဲ့ကိစ္စပို ပြောခဲ့ကြသည်။ လင်ရှီးကြိုမြင်သမျှအရာအားလုံးကို အသေးစိတ်ဆွေးနွေးခဲ့ကြသည်။ နေရာ၊ အချိန် ပြီးတော့သူမြင်ခဲ့တဲ့လူ၊ တစ်ဖက်လူကဘာဝတ်ထားလဲဆိုတာကိုပါ ချင်ရှောင်းကိုတစ်ဆင့်ချင်းရှင်းပြလိုက်၏။ 

   ချင်ရှောင်းအစတော့ အနည်းငယ်သံသယဝင်ခဲ့မိသည်။ အဘယ်ကြောင့်ဆိုသော် သူ့အစီအစဉ်အရ ဒီရက်တွေအတွင်း သူအဲ့ဒီနေရာမှာ သူမရှိခဲ့လို့ပင်။ 

     ထို့နောက်နောက်တစ်နေ့ရဲ့ညနေပိုင်းတွင် လုပ်ကြံမည့်နေရာမှာ ချင်ရှောငပေါ်လာခဲ့တာကြောင့် မတော်တဆမှုကဖြစ်သွားခဲ့သည်။ 

    အခြားစကားနဲ့ပြောရရင် လင်ရှီးရဲ့နမိတ်ဖတ်မဏ္ဍုကအမှန်ပင်။ 

    လုပ်ကြံမှုဖြစ်ပွားတဲ့နေ့မှာ လင်ရှီးငအတူမလိုက်သွားခဲ့တဲ့အပြင် သူကလည်းလိုက်ဖို့မကမ်းလှမ်းခဲ့ပေ။ 

     သူချင်ရှောင်းကိုကောင်းကောင်းသိတယ်၊ ဒီလူကသူ့ကို အန္တရာယ်တွေကြားမှာထားခဲ့မှာမဟုတ်ဘူးဆိုတာ‌ကိုပေါ့။

      လင်ရှီးအိမ်မှာနေခဲ့ကာ လုပ်ကြံမှုက ဘယ်နေ့မဆိုဖြစ်လာနိုင်တာကြောင့် ချင်ရှောင်းကသတိပေးချက်တွေကို ပြင်ဆင်ထားပြီးဖြစ်သည်။ ထို့ကြောင့်တစ်ဖက်ကလူလုံးထွက်ပြတာနဲ့ ထိုလူ့ကိုဖမးနိုင်ခဲ့၏။ 

     ဒီကိစ္စကိုတင်းတင်းကြပ်ကြပ်လျှို့ဝှက်ထားပြီး ဘာမျှမပေါက်ကြားသွားခဲ့ပေ။

    လက်ထောက်ဖြစ်တဲ့ရှဲ့ဟုန်မင်က ထိုအကြောင်းတွေကိုသိပြီး ထိုနေ့ကချင်ရှောင်းနဲ့အတူအပြင်ထွက်သွားခဲ့သည်။ ရှဲ့ဟုန်မင်ဆိုလိုတာက စက်ရုပ်ကိုအယောင်ဆောင်ခိုင်းပြီး ချင်ရှောင်းကိုယ့်ကိုယ်ကို ငါးစာအဖြစ်ချဖို့မလိုပေ။ 

    ချင်ရှောင်းငြင်းဆိုခဲ့သည်။ ဒါပေမယ့် သူ့ကိုဘယ်သူလုပ်ကြံသလဲဆိုတာ မြင်ချင်ခဲ့၏။       ။

#16.1.2023

37ကစာအရမ်းရှည်လို့နှစ်ပိုင်းခွဲထားတာပါ37.2ဆိုဒီအပိုင်းထပ်ပိုပြီးရှည်ဦးမှာ ကိုယ်မရတော့လို့တစ်ဝက်နီးပါးလေးလာတင်ပေးတာ😁😁 ဒီအပိုင်းလည်းစာလုံးရေ2000ကျော်ပါတယ်လို့😗😗


~~zawgyi~~

   ထိုစကားလုံးေတြက လင္ရွီးကိုခ်က္ခ်င္းရပ္တန႔္သြားေစၿပီး ခ်င္ေရွာင္းရဲ႕ေဒါသနဲ႕ ယုံၾကည္မႈမရွိတဲ့ေလသံကို ခ်င္ေရွာင္းရဲ႕ေမးခြန္းကေနတဆင့္ သူရွင္းရွင္းလင္းလင္းကို ၾကားလိုက္ရသည္။

   ဒီေဒါသက ခ်င္းေရွာင္းသူကစားခံေနရတယ္လို႔ ထင္ေနတာကေနထြက္လာတဲ့ပုံပဲ။

  လင္ရွီးေခါင္းခါၿပီးျငင္းဆန္ခ်င္ခဲ့သည္။ သူ႕ဘဝကိုမ်ဥ္းေၾကာင္းေပၚမွာတင္ၿပီး အနာဂါတ္ကိုႀကိဳျမင္နိုင္စြမ္းရွိေၾကာင္းေျပာျပခဲ့ေပမယ့္ ၾကည့္ရတာခ်င္ေရွာင္းက ဒီကိစၥကိုအရမ္းႀကီးဂ႐ုမစိုက္သလို သူ႕ကိုလည္းမယုံၾကည္ျဖစ္ေနဆဲပင္။

   ဒီအခ်ိန္မွာဘာသာစကားက အားနည္းေနပုံရၿပီး သူ႕ကိုယ္သူခုခံေျပာဆိုေပးဖို႔ ဘယ္လိုရွင္းျပရမလဲမသိေတာ့ေခ်။

   သူကကူးေျပာင္းလာတဲ့သူျဖစ္ၿပီး ဒီကမၻာကလူမဟုတ္ဘူးဆိုတဲ့ အခ်က္ကိုထုတ္ေျပာဖို႔ေတာ့ အစီအစဥ္မရွိေပ။

  သူ႕ကိုမယုံသကၤာအၾကည့္နဲ႕ စိုက္ၾကည့္ေနတဲ့ခ်င္ေရွာင္းကို သူၾကည့္မိေတာ့ ခ်က္ခ်င္းပင္ လင္ရွီးသူ႕ႏွလုံးသားထဲက နာက်င္မႈကိုခံစားလိုက္ရ၏။

  ထို႔ေနာက္ လင္ရွီးတစ္စုံတစ္ရာကိုနားလည္သြားရတယ္။ ကိစၥတစ္ခုေၾကာင့္ ခ်င္ေရွာင္းအရမ္းကိုမယုံသကၤာျဖစ္ေနတယ္ဆိုတာ သူခန႔္မွန္းမိလိုက္သည္။

  အကယ္၍သူသာ ဒီကိစၥကိုခ်င္ေရွာင္းနဲ႕ေဝမွ်လိုက္မယ္ဆိုရင္ ခ်င္ေရွာင္းသူ႕ကိုယုံၾကည္သြားေလာက္တယ္။

  လင္ရွီးသူလိုခ်င္တဲ့ ရလာဒ္ရရွိနိုင္ေၾကာင္းကို အတည္ျပဳလိုက္သည္။

  ထို႔ေၾကာင့္လင္ရွီးရွင္းျပတာကိုမလုပ္ေတာ့ပဲ ထိုအစားခ်င္ေရွာင္းအေရွ႕ကိုေလွ်ာက္သြားလိုက္ကာ အေရွ႕ကိုကိုင္းခ်လိဳက္ၿပီး ခ်င္ေရွာင္းရဲ႕ပခုံးေပၚလက္တင္လိုက္၏။ ထို႔ေနာက္ထိုလူ႕ကိုနမ္းလိုက္ေလသည္။

   ခ်င္ေရွာင္းကအရပ္ျမင့္တာေၾကာင့္ လင္ရွီးသူ႕ကိုနမ္းခ်င္လွ်င္ သူ႕ေခါင္းကိုေမာ့ရေပမည္။

   ေမွ်ာ္လင့္ထားတဲ့အတိုင္းပဲ လင္ရွီးနမ္းလိုက္တဲ့ေနာက္ ခ်င္ေရွာင္းရဲ႕ ေအးစက္စက္မ်က္လုံးေတြက မတည္မၿငိမ္ျဖစ္သြားခဲ့တယ္။

  လင္ရွီးသူ႕ရဲ႕ႀကိဳးပမ္းမႈကို ဆက္လက္လုပ္ေဆာင္ေနၿပီး ရိုးရွင္းစြာသူ႕လက္ေတြကို ခ်င္ေရွာင္းရဲ႕လည္ပင္းမွာသိုင္းဖက္ကာ သူ႕ခႏၶာကိုယ္တစ္ခုလုံးနဲ႕ဖိခ်လိဳက္၏။

   ဘဝႏွစ္ခုလုံးစာေပါင္းရင္ေတာင္ သူ႕မွာေဆြမ်ိဳးေတြနဲ႕ေတာင္ ရင္းႏွီးတဲ့အေတြ႕အႀကဳံမရွိေပ။ အရင္ဘဝက သူဟာဗီလိန္တစ္ေယာက္ျဖစ္ခဲ့ၿပီး အင္အားနဲ႕အာဏာဘက္ကိုသာ ေကာက္ေကာက္ပါေအာင္လိုက္ခဲ့တယ္။ တစ္ခါတစ္ရံလိုအင္ဆႏၵေတြရွိလာရင္လည္း သူ႕ဘာသာသူေျဖရွင္းရတာကိုသာ ပိုႏွစ္သက္ေလသည္။

   ကူးေျပာင္းလာၿပီးေနာက္ အစပိုင္းမွာ သူထြက္ေျပးလြတ္ေျမာက္ဖို႔ကိုသာ ေတြးေနခဲ့သည္။

  လင္ရွီး သူခ်င္ေရွာင္းကိုခ်စ္သြားလိမ့္မယ္လို႔ တစ္ခါမွမေမွ်ာ္လင့္ခဲ့ေခ်။

  ဒီလိုေန႕ရွိလာလိမ့္မယ္ဆိုတာႀကိဳသိရင္ သူႏွစ္ႀကိမ္ႏွစ္ခါမွ်ထြက္ေျပးမိမွာမဟုတ္ေပ။

  လင္ရွီးသူ႕ေရွ႕ကခ်င္ေရွာင္းကိုၾကည့္လိုက္ေတာ့ ျမင္လိုက္ရတာက ခ်င္ေရွာင္းရဲ႕လက္ေတြက ေအာက္သို႔စိုက္က်ေနၿပီး သူ႕မ်က္လုံးေတြမတည္မၿငိမ္ျဖစ္သြားၿပီးတဲ့ေနာက္ အျခားေသာလႈပ္ရွားမႈေတြမရွိေခ်။

   ၾကည့္ရတာ ဒီလူသားက ႏွစ္သိမ့္ဖို႔မလြယ္တဲ့ပုံပဲ။

  သို႔ေပမဲ့လည္း လင္ရွီးျဖတ္လမ္းတစ္ခုကို႐ုတ္တရက္ေတြ႕သြား၏။

   သူအေနာက္ျပန္ဆုတ္လိုက္ၿပီး အဆုံးမရွိတဲ့ ကိုယ့္ကိုယ္ကိုအျပစ္တင္မႈနဲ႕ ဝမ္းနည္းမႈေတြကို သူ႕ရဲ႕ျဖဴျဖဴေဖြးေဖြးမ်က္ႏွာေလးေပၚမွာ ေပၚလာေစခဲ့သည္။

   "ကြၽန္ေတာ္ေတာင္းပန္ပါတယ္၊ ခင္မ်ားကြၽန္ေတာ့အေပၚအရမ္းေကာင္းတယ္ဆိုတာ ကြၽန္ေတာ္အၿမဲတမ္းသိေနခဲ့ပါတယ္၊ ကြၽန္ေတာ္အရင္ကမေကာင္းခဲ့ဘူး ဒီေနရာကထြက္သြားၿပီးရင္ ေကာင္းေကာင္းေနနိုင္မယ္ထင္ခဲ့တာ။ ကြၽန္ေတာ္ဒီမွာရွိေနတုန္းက ခင္မ်ားရဲ႕ေမြးျမဴတာကို ခံခဲ့ရတယ္ေလ။ အဲ့ဒီအခ်ိန္တုန္းက မလြတ္လပ္ဘူးလို႔ပဲ ေတြးေနခဲ့မိတာပါ"

   "ကြၽန္ေတာ္ထြက္သြားၿပီးေတာ့မွ နားလည္လိုက္ရတာက လြတ္လပ္ျခင္းဆိုတာ အႏွောင္အဖြဲ႕မရွိပဲ သြားခ်င္တဲ့ေနရာကို ကိုယ္တိုင္ဆုံးျဖတ္နိုင္တာကိုမဆိုလိုဘူးဆိုတာပဲ"

   "ကြၽန္ေတာ္မွားသြားတယ္ဆိုတာ ကြၽန္ေတာ္သိပါတယ္၊ ဒီႏွစ္ႀကိမ္အတြက္ ခြင့္လႊတ္ေပးလို႔မရဘူးလားဟင္"

   လင္ရွီး ဒီလိုေတာင္းဆိုေနတဲ့ေလသံနဲ႕အမူအရာမ်ိဳး သုံးတာရွားပါးလွတာေၾကာင့္ သူတကယ္ကို မသက္မသာခံစားေနရတယ္။

   မ်က္လုံးအိမ္က အနည္းငယ္နီရဲေနၿပီး မ်က္ရည္ေတြကမ်က္လုံးအိမ္ကေနစီးက်လာေတာ့သည္။

  နည္းနည္းေလးသ႐ုပ္ေဆာင္ထားတယ္ဆိုေပမယ့္ လုံးဝႀကီးေတာ့မဟုတ္ပါဘူး။

  ဒါကလင္ရွီးရဲ႕မ်က္ႏွာအစစ္အမွန္မဟုတ္ပဲ သ႐ုပ္ေဆာင္ေနတယ္ဆိုတာ ခ်င္ေရွာင္းသိသည္။ ဒါေပမဲ့အစကေနအဆုံးထိ သူသိေနတာေတာင္ လင္ရွီးကသူ႕ကိုအားနည္းမႈျပလာတဲ့အခါ လင္ရွီးေတာင္းဆိုလာသမွ်ကိုျငင္းပယ္ဖို႔က သူ႕အတြက္မျဖစ္နိုင္ေတာ့ေပ။

   အခုအခ်ိန္မွာ လင္ရွီးသူ႕ကိုလွည့္စားေနရင္ေတာင္ တစ္ေန႕မွာလင္ရွီးထပ္ၿပီးထြက္ေျပးသြားဦးမွာပင္။ အဲ့ဒီအခ်ိန္ေရာက္ရင္လည္း ခ်င္ေရွာင္းလင္ရွီးကို အေၾကာင္းျပခ်က္မရွိပဲ ယုံၾကည္ၿပီးခြင့္လႊတ္ေပးဖို႔ ႐ုတ္တရက္ေ႐ြးခ်ယ္သြားဦးမွာပဲ။

  ခ်င္ေရွာင္း ကိုယ့္ကိုယ္ကိုယ္စိတ္ထဲကေနရယ္လိုက္တယ္။ ဒီရက္ပိုင္းမွာ ဘယ္လိုေတာင္အက်င့္ပ်က္သြားရတာလဲ။

  လင္ရွီးရဲ႕ အားနည္းေနတဲ့ပုံျပေနျခင္းေၾကာင့္သာ ဘာစစ္ေဆးမႈကိုမွမလုပ္ခဲ့တာပင္။

  သူ႕ကိုယ္သူ တကယ္သနားစရာေကာင္းတယ္လို႔ခံစားရသည္။

  ဒါေပမဲ့တစ္ဖက္မွာေတာ့ ခ်င္ေရွာင္းရဲ႕အခ်ိန္အၾကာႀကီးအထီးက်န္မႈကိုခံစားေနရတဲ့ႏွလုံးသားေလးက လင္ရွီးျပန္ေရာက္လာမႈေၾကာင့္ တျဖည္းျဖည္းနဲ႕ျပည့္တင္းလာခဲ့သည္။

   အပူလွိုင္းႀကီးတစ္ခုေတာင္တက္လာခဲ့၏။

  ခ်င္ေရွာင္း လင္ရွီးရဲ႕မ်က္လုံးေထာင့္စြန္းေလးေတြကို သူ႕လက္ေခ်ာင္းေတြနဲ႕ပြတ္သုတ္ေပးလိုက္ရာ သူ႕လက္ေခ်ာင္းထိပ္ေလးေတြက ေရစက္ေလးေတြစြန္းထင္းသြားသည္။

  "မင္းေနခ်င္သေလာက္ ေနလို႔ရတယ္" ဘယ္အခ်ိန္မဆို မင္းထြက္သြားခ်င္ရင္ထြက္သြားလို႔ရတယ္။

   ခ်င္ေရွာင္းအေနာက္ကစကားကို မေျပာလိုက္ေပမယ့္ သူ႕ရဲ႕အမူအရာကေနလင္ရွီးျမင္ရေပသည္။

  လင္ရွီးရဲ႕ႏွလုံးသားေလး တုန္လႈပ္သြားရသည္။

  ဒီတစ္ႀကိမ္ျပန္လာဖို႔ေ႐ြးခ်ယ္လိုက္တာ မမွားေၾကာင္းသူသိလိုက္ရေတာ့သည္။

  သူ႕ကိုအမွန္တကယ္ခ်စ္ျမတ္နိုးတဲ့ခ်င္ေရွာင္းလိုလူမ်ိဳးရထားတာ သူေတာ္ေတာ္ကိုကံေကာင္းေနေပၿပီ။

  ေနာက္ၿပီးသူလည္း သူ႕(ခ်င္ေရွာင္း)ကို ဂ႐ုစိုက္ၿပီးျမတ္နိုးေၾကာင္း လက္ေတြ႕လုပ္ေဆာင္မႈမ်ားႏွင့္ ခ်င္ေရွာင္းကိုသက္ေသျပသြားမွာျဖစ္သည္။

  လင္ရွီးေျပာတဲ့နမိတ္ဖတ္စြမ္းရည္နဲ႕ပတ္သတ္ၿပီး သူစိတ္ၿငိမ္သြားတဲ့အခါ လင္ရွီးရဲ႕စြမ္းရည္အေၾကာင္း တစ္ေယာက္ေယာက္ကမ်ားသိေနေသးလားဟု ခ်င္ေရွာင္းေမးလိုက္၏။

   ဒီတစ္ခါလည္း ခ်င္ေရွာင္းအံ့ဩသြားရျပန္သည္။

   ဘယ္လိုသတၱိမ်ိဳးနဲ႕ သူ႕(လင္ရွီး)ခႏၶာကိုယ္ရဲ႕လွ်ို႔ဝွက္ခ်က္အေၾကာင္း လင္ရွီးသူ႕ကိုေျပာျပလာတာလဲဆိုတာ ခ်င္ေရွာင္းနားလည္သြားပုံပင္။

  လင္ရွီးကသူရွာေဖြေနတဲ့ လြတ္လပ္မႈနဲ႕အနာဂါတ္ကို ေလာင္းေၾကးထပ္ေနေပသည္။

  သူ႕ရဲ႕ယုံၾကည္မႈႏွင့္ သူ႕အေပၚအခြင့္ေကာင္းမယူမႈကို ေလာင္းေၾကးထပ္လာတာပင္။ ခ်င္ေရွာင္းလင္ရွီးရဲ႕မ်က္ႏွာေပၚတြင္ ေၾကာက္႐ြံ႕မႈတစ္စုံတစ္ရာကိုမွမေတြ႕ရေပ။ ခုနကတင္သူ လင္ရွီးကိုေဒါသထြက္ေနခဲ့သည္။ သူအရမ္းကို တုံးအလိမ့္မယ္လို႔ ချင်ရှောင်ူဘယ်တုန်းကမှ မခံစားခဲ့ရေပ။

   လင္ရွီးရဲ႕ရိုးသားမႈေလးကိုေတာင္ မျမင္နိုင္တဲ့အထိ တုံးအေနေပသည္။

  မ်က္ႏွာခ်င္းဆိုင္ရွိ ခ်င္ေရွာင္းက ႐ုတ္တရက္အလြန္ၾကင္နာတဲ့အၾကည့္ေတြနဲ႕စိုက္ၾကည့္လာတဲ့အခါ လင္ရွီးခဏတာမွ် အံ့သြားရ၏။

   အဲ့ဒီေနာက္ ဘာေၾကာင့္လဲဆိုတာ သူသိသြားေလသည္။

  လင္ရွီးေခါင္းကိုခါလိုက္ၿပီး "မရွိဘူး၊ ကြၽန္ေတာ္ဒီစြမ္းရည္ကို ခင္မ်ားကိုပဲေျပာျပဖူးတာ"

  ခ်င္ေရွာင္းေခါင္းၿငိမ့္လိုက္ၿပီး စိတိသက္သာရာရစြာ အသက္ရႉထုတ္လိုက္၏။

  "မွတ္ထားေနာ္ မင္းနမိတ္ဖတ္နိုင္တယ္ဆိုတဲ့အေၾကာင္းကို ဘယ္သူ႕ကိုမွေျပာျပလို႔မျဖစ္ဘူးဆိုတာကို"

  ခ်င္ေရွာင္းလင္ရွီးကို အခ်စ္စစ္နဲ႕ခ်စ္တာေၾကာင့္ သူလင္ရွီးကိုထိခိုက္ေစမည့္ ဘယ္ကိစၥမဆို လုပ္မွာမဟုတ္ေပမယ့္ အျခားလူေတြကိုေတာ့ ခ်င္ေရွာင္းအာမမခံနိုင္ေပ။

  လူဆိုတာ ရႈပ္ေထြးလွတဲ့ သက္ရွိေတြျဖစ္သည္။ အာဏာ၊ ေက်ာ္ၾကားမႈ၊ ရာထူး၊ ပိုက္ဆံစတဲ့ ဆြဲေဆာင္မႈရွိတဲ့အရာေတြက ဤကမၻာတြင္ မ်ားစြာရွိေပသည္။

  ၿပီးေတာ့လင္ရွီးရဲ႕စြမ္းရည္က လူမ်ားစြာကို သူတို႔ရဲ႕လိုအင္ဆႏၵေတြျပည့္ဝေအာင္ ကူညီေပးနိုင္သည္။ သူ႕ရဲ႕ကိုယ္ပိုင္လိုအင္ဆႏၵအေနနဲ႕ဆိုရင္ သူ႕မွာအျခားလူေတြဆုေတာင္းေနတဲ့အရာမွန္သမွ်ရွိတယ္။ အခုအခ်ိန္မွာသူအလိုခ်င္ဆုံးအရာက အရင္တုန္းကသူမပိုင္ဆိုင္ရေတာ့ဘူးလို႔ ခံစားခဲ့ရေပမဲ့ အခုေတာ့ သူပိုင္ဆိုင္ခဲ့ရၿပီဆိုတာ သူနားလည္သြားခဲ့သည္။

   "ကြၽန္ေတာ္သိပါတယ္၊ ကြၽန္ေတာ္ဒီတစ္ႀကိမ္ျပန္လာတုန္းက ႏွလုံးသာထဲမွာဗုံတီးေနသလိုပဲ၊ ဒါေကမဲ့အခုေတာ့ ကြၽန္ေတာ္ေလာင္းလိုက္တာမွန္သြားပုံပဲ" လင္ရွီးေပါ့ေပါ့ပါးပါးေျပာလိုက္၏။ သူ႕ရဲ႕တည္ၿငိမ္မႈေတြက ခ်င္ေရွာင္းရဲ႕မ်က္လုံးထဲက်ေရာက္သြားၿပီး ခ်င္ေရွာင္းရဲ႕ႏွလုံးသားကို အခုန္ျမန္ေစသည္။

  "ကိုယ္ဘယ္သူ႕ကိုမွ မင္းကိုထိခိုက္ေစမယ့္အခြင့္အေရးကိုမေပးဘူး" ဒီကတိက လင္ရွီးအတြက္သာမက ခ်င္ေရွာင္းကိုယ့္ကိုယ္ကိုေျပာလိုက္ျခင္းပင္။

  "ကြၽန္ေတာ္ခင္မ်ားကို ယုံပါတယ္" လင္ရွီးခ်င္ေရွာင္းအေပၚ သံသယမရွိပါေခ်။

  ထို႔ေနာက္ႏွစ္ေယာက္သားက လင္ရွီးရဲ႕နမိတ္ဖတ္စြမ္းရည္အေၾကာင္းႏွင့္ ခ်င္ေရွာင္းလုပ္ႀကံခံရမဲ့ကိစၥပို ေျပာခဲ့ၾကသည္။ လင္ရွီးႀကိဳျမင္သမွ်အရာအားလုံးကို အေသးစိတ္ေဆြးႏြေးခဲ့ၾကသည္။ ေနရာ၊ အခ်ိန္ ၿပီးေတာ့သူျမင္ခဲ့တဲ့လူ၊ တစ္ဖက္လူကဘာဝတ္ထားလဲဆိုတာကိုပါ ခ်င္ေရွာင္းကိုတစ္ဆင့္ခ်င္းရွင္းျပလိုက္၏။

ခ်င္ေရွာင္းအစေတာ့ အနည္းငယ္သံသယဝင္ခဲ့မိသည္။ အဘယ္ေၾကာင့္ဆိုေသာ္ သူ႕အစီအစဥ္အရ ဒီရက္ေတြအတြင္း သူအဲ့ဒီေနရာမွာ သူမရွိခဲ့လို႔ပင္။

  ထို႔ေနာက္ေနာက္တစ္ေန႕ရဲ႕ညေနပိုင္းတြင္ လုပ္ႀကံမည့္ေနရာမွာ ခ်င္ေရွာငေပၚလာခဲ့တာေၾကာင့္ မေတာ္တဆမႈကျဖစ္သြားခဲ့သည္။

  အျခားစကားနဲ႕ေျပာရရင္ လင္ရွီးရဲ႕နမိတ္ဖတ္မ႑ဳကအမွန္ပင္။

  လုပ္ႀကံမႈျဖစ္ပြားတဲ့ေန႕မွာ လင္ရွီးငအတူမလိုက္သြားခဲ့တဲ့အျပင္ သူကလည္းလိုက္ဖို႔မကမ္းလွမ္းခဲ့ေပ။

  သူခ်င္ေရွာင္းကိုေကာင္းေကာင္းသိတယ္၊ ဒီလူကသူ႕ကို အႏၱရာယ္ေတြၾကားမွာထားခဲ့မွာမဟုတ္ဘူးဆိုတာကိုေပါ့။

   လင္ရွီးအိမ္မွာေနခဲ့ကာ လုပ္ႀကံမႈက ဘယ္ေန႕မဆိုျဖစ္လာနိုင္တာေၾကာင့္ ခ်င္ေရွာင္းကသတိေပးခ်က္ေတြကို ျပင္ဆင္ထားၿပီးျဖစ္သည္။ ထို႔ေၾကာင့္တစ္ဖက္ကလူလုံးထြက္ျပတာနဲ႕ ထိုလူ႕ကိုဖမးနိုင္ခဲ့၏။

  ဒီကိစၥကိုတင္းတင္းၾကပ္ၾကပ္လွ်ို႔ဝွက္ထားၿပီး ဘာမွ်မေပါက္ၾကားသြားခဲ့ေပ။

  လက္ေထာက္ျဖစ္တဲ့ရွဲ႕ဟုန္မင္က ထိုအေၾကာင္းေတြကိုသိၿပီး ထိုေန႕ကခ်င္ေရွာင္းနဲ႕အတူအျပင္ထြက္သြားခဲ့သည္။ ရွဲ႕ဟုန္မင္ဆိုလိုတာက စက္႐ုပ္ကိုအေယာင္ေဆာင္ခိုင္းၿပီး ခ်င္ေရွာင္းကိုယ့္ကိုယ္ကို ငါးစာအျဖစ္ခ်ဖိဳ႕မလိုေပ။

  ခ်င္ေရွာင္းျငင္းဆိုခဲ့သည္။ ဒါေပမယ့္ သူ႕ကိုဘယ္သူလုပ္ႀကံသလဲဆိုတာ ျမင္ခ်င္ခဲ့၏။   ။

#16.1.2023

37ကစာအရမ္းရွည္လို႔ႏွစ္ပိုင္းခြဲထားတာပါ37.2ဆိုဒီအပိုင္းထပ္ပိုၿပီးရွည္ဦးမွာ ကိုယ္မရေတာ့လို႔တစ္ဝက္နီးပါးေလးလာတင္ေပးတာ😁😁 ဒီအပိုင္းလည္းစာလုံးေရ2000ေက်ာ္ပါတယ္လို႔😗😗








Continue Reading

You'll Also Like

1.1M 61.2K 49
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
3.5M 360K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
4.7M 527K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
311K 7.5K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်