ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြ...

By Greentealay-

1M 153K 7.7K

Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47... More

{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23•1}
{23.2}
{23.3}
{ 24}
{25}
{26}
{27}
{28}
{29}
{ 30 }
{31}
{32}
{34}
{33}
{35}
အဆက်
{36}
{37}
{38}
{39}
{40}
{41}
{42}
{အဆက်}
{43}
{44}
{45}
{46}
{47}
{48}
{49}
{50}
{51}
{52}
{53}
{54}
{55}
{56}
{57}
{58}
{59}
{60}
{61}
{61.1}
{62}
{62.1}
{63}
{64}
{65}
{66}
{67}
{68}
{69}
{ 70}
{71}
{72}
{73}
{74}
{75}
{76}
{77}
{78}
{79}
{80}
[81]
{82}
{83}
{83-1}
{84}
{85}
{86}
{87}
{88}
{89}
{90}
{91}
{92}
{93}
{94}
{95}
{96}
{97}
{98}
{99}
{100}
{ 101}
{102}
{103}
{104}
{105}
{106}
{107}
{108}
{109}
{110}
{111}
{112}
{113}
{114}
{115}
{ 116}
{117}
{119}
{120}
{121}
{118}
{122}
{123}
{124}
{123-2}
{125}
{126}
{127}
{128}
{128-2}
{129}
{130}
{131}
{132}
[133]
{134}
{135}
{136}
{137-1}
{137-2}
{138}
💙
{138}
{139}
💙
{140}
{141}
{142}
{143}
{144}
{145}
အဆက်
{146}
[147]
{148}
💙
{149}
{150}
အဆက်
{151}
အဆက်
{152}
{153}
{154}
{155}
{156}
{157}
{158}
{159}
{160}

{86-1}

4.1K 807 35
By Greentealay-

Unicode

နောက်တစ်နေ့မှာတော့ ချူချန်တစ်ယောက် အလုပ်မသွားခဲ့ချေ။New Cultureမှာ စည်းမျဉ်းတစ်ခုရှိတယ်။အဲ့တာက ဝန်ထမ်းတွေဟာ သူတို့မွေးနေ့တွေ၌ အလုပ်မလာပဲနေခွင့်ရှိသည်။ထို့အတူ သူဌေးတစ်ယောက်ဖြစ်သော ချူချန်ကလည်း သူ့ဘာသာ ပိတ်ရက်နှစ်ရက်ပိုယူလိုက်၏။

ကျိချင်းကျိုးသည် လည်ဆွဲလေးအား ချူချန်ကို မပေးသေးဘဲ ညဆယ့်နှစ်နာရီကွက်တိမှသာ ပေးဖို့ စီစဉ်ထားလေသည်။

နှစ်ယောက်သား ဟိုတယ်မသွားရသေးခင် နေ့တစ်ဝက်လောက် ပျင်းခြောက်ခြောက်နဲ့အချိန်ကုန်ဆုံးလိုက်ကြရ၏။ကျိချင်းကျိုး ဒီဟိုတယ်ကို တစ်ခါရောက်ဖူးသည်။အဲ့တုန်းက သူနဲ့ချူချန်တို့ ရေလာကူးကြသည့်အချိန်ပင်။ချူချန်ပြောတာတောင် သူမှတ်မိသေးသည်။ဒီနေရာက ချင်းမိသာစုအပိုင်တဲ့။

ချင်းရွှယ်နဲ့ ရှောက်ရုံတို့က ခပ်စောစောရောက်လာကြပြီး ယွီအန်းမင်နဲ့ ယွီအန်းယီကလည်း မကြာခင်ရောက်လာလေသည်။ယောက်ရှိုးယွမ်ကတော့ လမ်းပိတ်မှုကြောင့် နောက်ကျလုနီးနီးပင်။ရှောက်ရုံက သူ့ကို ပြစ်ဒဏ်အနေနဲ့ သုံးခွက်သောက်ခိုင်း၍ သူ့မှာ ရွေးချယ်စရာမရှိပဲ သောက်လိုက်‌ရလေသည်။

သူတို့တွေက ကလေးတည်းက ရင်းနှီးခဲ့ကြသူတွေဖြစ်၍ ယဉ်ကျေးမနေကြတော့ပေ။ချူချန်ရဲ့မွေးနေ့ပွဲကို ကျင်းပတာဖြစ်၍ ချင်းရွှယ်က လူတိုင်းနဲ့ ဖန်ခွက်လိုက်တိုက်ပြီး အော်ပြောလာသည်။

“Happy birthday အားချန်!!!”

ကျန်တဲ့အချိန်‌တွေကိုတော့ အရင်လိုပဲ စကားစမြည်ပြောရင်း သောက်လိုက်စားလိုက်လုပ်နေကြတော့သည်။

ကျိချင်းကျိုးမှာ ယွီအန်းယီကိုသာ ကောင်းကောင်းသိပြီး တစ်ခြားသူတွေနဲ့ မရင်းနှီးသော်ငြား ထိုလူတွေကတော့ သူ့ကို မစိမ်းကြပုံပင်! အထူးသဖြင့် comment အများဆုံးရေးပေးခဲ့သော comment ပံ့ပိုးရေးအဖွဲ့အစည်းရဲ့ ဥက္ကဌကြီး ရှောက်ရုံဆို ကျိချင်းကျိုးကို မြင်တာနဲ့ မထိန်းနိုင်မသိမ်းနိုင် ချစ်ပြနေတော့သည်။

“လာ ကျိုးကျိုးလေး ကောကောက မင်းကို ဝိုင်တစ်ခွက်နဲ့ ချီးမြောက်ပေးမယ်ကွာ!”

ရှောက်ရုံက စကားပြောရင်း ကျိချင်းကျိုးနဲ့ ခွက်တိုက်ချင်ပုံဖြင့် မတ်တပ်ထရပ်လာသည်။

ကျိချင်းကျိုးလည်း ဖန်ခွက်တစ်ခွက်ကောက်ကိုင်ပြီး မတ်တပ်ထရပ်လိုက်ချိန် ချူချန်က စကားထပြောလာသည်။

“မင်း သူ့ကို ကျိုးကျိုးလို့ ခေါ်လိုက်တာလား? ပြီးတော့ ကောကောဟုတ်လား? မင်းကို ဘယ်သူက သူ့ကောကောလုပ်ခိုင်းလို့လဲကွ”

ရှောက်ရုံတစ်ယောက် မကျေမနပ်ဖြစ်နေတဲ့ လူကိုကြည့်ကာ-

“သူ့နာမည်က ကျိူးကျိုးမဟုတ်လို့လား? ငါ သူ့ကို comment ရေးပေးတုန်းကဆို တစ်ခြားလူတွေလိုပဲ ကျိုးကျိုးလို့ခေါ်တာလေ။အခုကျ ခေါ်လို့မရဘူးတဲ့လား။ဒါ့ပြင် ငါက သူ့ထက် အသက်ပိုကြီးတာနော်။ကောကောမဟုတ်လို့ ဘာဖြစ်ရမှာလဲ? ပြောရရင် ငါက ကျိုးကျိုးရဲ့ ကောကောfanဖြစ်နေတုန်းပဲ”

ချူချန်တစ်ယောက် ရှောက်ရုံကိုရွံရှာသလိုမျိုး ကြည့်လိုက်သည်။

“ပါးစပ်ပိတ်ထားစမ်းပါ။ကောကောfanများဖြစ်ရသေးတယ်။ဘယ်လိုတောင်ပြောရဲတာလဲ”

ကျိချင်းကျိုးမှာ စိတ်တွေရှုပ်ထွေးလျက်။အခုကဘာအခြေအနေကြီးတုန်း။ ရှောက်ရုံက ဘယ်လိုဖြစ်ပြီးသူ့ကောကောfanဖြစ်သွားရတာလဲ?

ရှောက်ရုံနဲ့ ချူချန်တို့ စကားနိုင်လုကြပြီးနောက် ရှောက်ရုံက ကျိချင်းကျိုးကို ထပ်ကြည့်လာပြီး-

“လာ cheers!!!”

ရှောက်ရုံက စကားဆုံးတာနဲ့ ကျိချင်းကျိုးလက်ထဲက ဖန်ခွက်နဲ့ခွက်ချင်းတိုက်လိုက်ပြီးမော့ချလိုက်သည်။ကျိချင်းကျိုးလည်း သူ့လိုပင် ချက်ချင်းမော့ချလိုက်၏။

ချူချန်မှာ သူအများကြီးသောက်တာကို မမြင်ဖူးသဖြင့် ဝိုင်ကို တစ်ချိုက်တည်းမော့ချလိုက်သူ့ကြောင့် စိတ်ပူသွားမိ၏။

“မင်း သောက်နိုင်လို့လား? မသောက်နိုင်ရင် ထားလိုက်တော့ သူတို့ကို စိတ်ထဲထားမနေနဲ့”

တကယ်တော့ ကျိချင်းကျိုးလည်း သူ့ကိုယ်သူ သောက်နိုင်လား မသောက်နိုင်လားမသိပေ။ကျောင်းတုန်းကလည်း အရက်မသောက်ဖူးသလို ဒီကိုရောက်တော့လည်း အများကြီးမသောက်ဖူး။ဒါပေမယ့် သူမားမားက အများကြီးသောက်နိုင်တဲ့အတွက် သူလည်းသောက်နိုင်မယ်ထင်တယ်။

“ရပါတယ်။အဆင်ပြေတယ်”

“ဟုတ်လို့လား” ချူချန်ကတော့ သံသယဖြစ်နေဆဲ။

ရှောက်ရုံမှအစပြု၍ တစ်ယောက်ပြီးတစ်ယောက် ကျိချင်းကျိုးနဲ့ ခွက်လာတိုက်ကြတော့သည်။ချူချန်ကြောင့်ပဲ ကျိချင်းကျိုးက သူတို့အဖွဲ့ထဲမှာရှိတဲ့ ခုနစ်ရောက်မြောက် ကိုယ်ပျောက်လူသားလေးလိုဖြစ်ခဲ့သည်။သူတို့အဖွဲ့ထဲမှာ ကျိချင်းကျိုးမပါသော်လည်း ကျိချင်းကျိုးအကြောင်းကိုတော့ အမြဲကြားနေရ၏။ထို့ကြောင့် ကျိချင်းကျိုးက သူ့တို့ကို မရင်းနှီးသည့်တိုင် သူတို့ကတော့ ကျိချင်းကျိုးကို စိမ်းမနေတော့။ကျိချင်းကျိုး ရုပ်ရှင်တစ်ကားနဲ့ ဇာတ်လမ်းတွဲနှစ်ခုမှာ ပါကြောင်းတောင်သူတို့သိကြ၏။ထိုရုပ်ရှင်ကိုက ဒီနှစ်ပြသမှာဖြစ်ပြီး ဇာတ်လမ်းတွဲတစ်ခုကိုလည်း ဒီနှစ်ပဲ ပြသမှာဖြစ်ကာ တစ်ခြားဇာတ်လမ်းတွဲတစ်ခုကိုတော့ နောက်နှစ်မှ ပြသမှာဖြစ်၏။ကျိချင်းကျိုးရဲ့ ပရိတ်သတ်တွေလိုမျိုးပဲ သူတို့အကုန်သိ‌ကြလေသည်။

သူတို့ကအရမ်းတက်ကြွနေကြ၍ ကျိချင်းကျိုးလည်း ပျော်ရွှင်လာမိကာ ဘယ်သူလာလာမငြင်းတော့ဘဲ ရက်ရက်ရောရောနဲ့ကို တစ်ခွက်ပြီးတစ်ခွက်သောက်တော့သည်။

ထို့နောက် သူမူးသွား၏။

သူဟာက မူးနေတဲ့ပုံနဲ့တောင်မတူဘဲ တည်တည်ငြိမ်ငြိမ်နေတုန်းက ပုံစံလေးနဲ့ တူတူပင်။တွေးခေါ်တာ နဲ့စကားပြောတာလေး နည်းနည်းနှေးသွားတာက လွဲလို့ပေါ့။သူက နည်းနည်းလေး စိတ်ပြောင်းစိတ်လွဲမြန်သွားသလို အချွဲတုံးလေးလိုလည်းဖြစ်လာသည်။

ချူချန်ကလည်း သူမူးနေပြီဆိုတာသိ၍ သူ့ခွက်ထဲ ဒိန်ချဉ်လေးတစ်ခွက်လောင်းထည့်ပေးလိုက်သည်။

ကျိချင်းကျိုးကမူ ဒိန်ချဉ်ခွက်လေးကိုင်ပြီး သူ့ကို ငေးကြောင်ကြောင်လေးကြည့်လာကာ အလွန်ကိုမှ တည်တည်ငြိမ်ငြိမ်လေးဖြင့် “အိုးး” ဟုပြောလာပြီး သောက်လည်းမသောက်သလို စကားလည်းမပြော‌ပေ။

“ကျိုးကျိုး”

ကျိချင်းကျိုးက လှည့်လာပြီး သူ့ကိုစိတ်ရှုပ်သလို ကြည့်လာ၏။

“မူးနေပြီလား”

ကျိချင်းကျိုးက သူ့ကိုကြည့်နေဆဲ။အကြာကြီးနေတော့မှ “အိုးး” ဟုပြောလာပြီး လက်ထဲက ဒိန်ချဉ်ကိုသာ ကြောင်တောင်တောင်လေးစိုက်ကြည့်နေ၏။

ချင်းရွှယ်က သူမူးတာအရင်ကမမြင်ဖူးသဖြင့် နည်းနည်းလေးရယ်ချင်လာကာ စနောက်လိုက်သည်။

“ကျိုးကျိုး...အိပ်တော့မှာလား”

ချူချန်တစ်ယောက် သူ့ကို မနိုင်သလိုမျိုးကြည့်လိုက်ပြီး-

“မင်းတို့တွေကြောင့်လေ။မင်းတို့ကို ဘယ်သူက သူနဲ့သောက်ခွင့်ပေးနေလိုလဲ!”

“ဟ မင်းက ငါတို့ကို အပြစ်တင်နေတာလား”

ချင်းရွှယ်ကတော့ သူတို့မမှားဘူးထင်သည်။

“ ဒီမှာ ငါတို့လေးယောက်ပဲရှိတာနော်။ရှိုးယွမ် ၊ရှောက်ရုံနဲ့အန်းမင် တို့လေးယောက်တည်း။သူအဲ့လောက်ထိ ရေချိန်နိမ့်မယ်လို့ ငါတို့ဘယ်သိပါ့မလဲ။သူ လေးခွက်ပဲ သောက်ထားတာကွ”

ချူချန်မှာသူ့ကိုပြန်ချေ‌ပချင်ပေမယ့် ဘေးမှ ကျိချင်းကျိုးက ရုတ်ခြည်းထပြောလာသည်။

“အိုးး” ခုနချင်းရွှယ်ရဲ့မေးခွန်အား ဖြေပေးလာခြင်း။

ချင်းရွှယ်ကတော့ အကျယ်ကြီး အော်ရယ်နေမိတော့သည်။

“သူတကယ်မူးနေတာပဲကွ။ဒီလိုမူးတဲ့လူမျိုးကို ငါ ပထမဆုံးမြင်ဖူးတာပဲ”

“မင်းကရယ်ရဲသေးတယ်ပေါ့”

သူ့သူငယ်ချင်းတွေက တကယ်ကိုစိတ်ရှုပ်ဖို့ကောင်းလွန်းသည်။

ချူချန်သည် ထိုင်ခုံပေါ်မှာငြိမ်ငြိမ်လေးထိုင်ပြီး ပြဿနာလည်းမရှာသည့် ကျိချင်းကျိုးအား စောင့်ကြည့်နေလေသည်။လေးခွက်တည်းနဲ့ ဘယ်လိုများ မူးသွားလဲ သူတကယ် နားမလည်နိုင်ဘူး။သို့တိုင် ကျိချင်းကျိုးက မူးနေသော်လည်း ချစ်ဖို့ကောင်းနေဆဲပင်။

“အိုကေ ။ငါတို့လည်း သောက်စားပြီးကြပြီ။အခု သူလည်းမူးနေပြီဆိုတော့ လမ်းခွဲကြတာပေါ့”

“ဒါပဲလားဟ”

ရှောက်ရုံမှာ တအံ့တဩဖြင့်။

“အခုမှညတောင်မစရသေးဘူးလေ။ ငါတို့ပျော်လို့မဝသေးဘူး”

“မင်းတို့‌ကောင်တွေပဲ သွားပျော်ကြလေ။ငါမလိုက်တော့ဘူး”

“မင်းက မွေးနေ့ရှင်လေကွာ”

“အေးလေ။အဲ့မွေးနေ့ရှင်ကပဲ မင်းတို့ဘာသာပျော်ကြဖို့  ပြောနေတာ‌လေ”

ရှောက်ရုံက သဘောမကျသလိုမျိူး သူ့ကိုကြည့်လာသည်။

ကြားထဲက ယွီအန်းမင်ကပဲ ညှိနှိုင်းလိုက်၏။

“ဒီလိုလုပ် မင်း ကျိချင်းကျိုးကို ဟိုတယ်ထဲ အရင်လိုက်ပို့လိုက် ။ ငါတို့ကသွားနှင့်မယ်။ပြီးမှ မင်းလိုက်ခဲ့တော့”

ချူချန်က စကားမဆိုရသေးခင် ကျိချင်းကျိုးက ခေါင်းတစ်ညိမ့်ညိမ့်ထလုပ်ကာ-

“အွန်း”

“ကြည့် ကျိုးကျိုးလည်း သဘောတူတယ်နော်” ရှောက်ရုံက ထပြောလာ၏။

ချူချန် တွေးကြည့်တော့လည်းအဆင်ပြေတယ်ထင်မိတယ်။အမှန်ဆို အခုမှ ခုနစ်နာရီကျော်ကျော်ပဲရှိသေးတာဖြစ်၍ အချိန်လည်း ရသေးလေသည်။

“ကောင်းပြီလေ”

လူတိုင်း ထရပ်လိုက်ကြပြီး နေရာပြောင်းဖို့ ပြင်ကြတော့သည်။ချူချန်သည် ထိုင်ခုံပေါ်မှ ကျိချင်းကျိုးအား ဆွဲထူပြီး သူ့ဘက် ကပ်လိုက်ကာ အခန်းဆီ တွဲခေါ်သွားလိုက်သည်။

ကျိချင်းကျိုးမှာတော့ မူးနေပြီဖြစ်၍ ‌ကိုယ့်ကိုကိုယ် လေထဲလွင့်ပြီး ချာချာလည်နေသလိုခံစားနေရသည်။သူ ကြမ်းပြင်ပေါ် လျှောက်လိုက်သည့် ခြေလှမ်းတိုင်းကလည်း နူးညံ့ပြီးဘာမှမရှိသောတိမ်စိုင်တွေပေါ်မှာ လျှောက်နေရသလိုမျိုးပင်။ဒီလိုမျိုး လျှောက်နေရတာက အရမ်းကို မသက်မသာ ခံစားလာရသဖြင့် ချူချန်ကို တိုးတိုးလေးခေါ်ပြီး ချွဲတဲတဲလေးပြောလိုက်မိလေသည်။

“အားချန်...ကျောပိုး”

>>>>>>>>>>>>>>>>>>

အဟွန်းး အားချန် ကျောပိုးးး🤭

လာမေးကြလို့ ချူချန်တို့က paid group မရှိပါ✔️

<<<<<<<<<<<<<<<<<<<<<

Zawgyi


ေနာက္တစ္ေန႔မွာေတာ့ ခ်ဴခ်န္တစ္ေယာက္ အလုပ္မသြားခဲ့ေခ်။New Cultureမွာ စည္းမ်ဥ္းတစ္ခု႐ွိတယ္။အဲ့တာက ဝန္ထမ္းေတြဟာ သူတို႔ေမြးေန႔ေတြ၌ အလုပ္မလာပဲေနခြင့္႐ွိသည္။ထို႔အတူ သူေဌးတစ္ေယာက္ျဖစ္ေသာ ခ်ဴခ်န္ကလည္း သူ႕ဘာသာ ပိတ္ရက္ႏွစ္ရက္ပိုယူလိုက္၏။

က်ိခ်င္းက်ိဳးသည္ လည္ဆြဲေလးအား ခ်ဴခ်န္ကို မေပးေသးဘဲ ညဆယ့္ႏွစ္နာရီကြက္တိမွသာ ေပးဖို႔ စီစဥ္ထားေလသည္။

ႏွစ္ေယာက္သား ဟိုတယ္မသြားရေသးခင္ ေန႔တစ္ဝက္ေလာက္ ပ်င္းေျခာက္ေျခာက္နဲ႔အခ်ိန္ကုန္ဆုံးလိုက္ၾကရ၏။က်ိခ်င္းက်ိဳး ဒီဟိုတယ္ကို တစ္ခါေရာက္ဖူးသည္။အဲ့တုန္းက သူနဲ႔ခ်ဴခ်န္တို႔ ေရလာကူးၾကသည့္အခ်ိန္ပင္။ခ်ဴခ်န္ေျပာတာေတာင္ သူမွတ္မိေသးသည္။ဒီေနရာက ခ်င္းမိသာစုအပိုင္တဲ့။

ခ်င္း႐ႊယ္နဲ႔ ေ႐ွာက္႐ုံတို႔က ခပ္ေစာေစာေရာက္လာၾကၿပီး ယြီအန္းမင္နဲ႔ ယြီအန္းယီကလည္း မၾကာခင္ေရာက္လာေလသည္။ေယာက္႐ိႈးယြမ္ကေတာ့ လမ္းပိတ္မႈေၾကာင့္ ေနာက္က်လုနီးနီးပင္။ေ႐ွာက္႐ုံက သူ႕ကို ျပစ္ဒဏ္အေနနဲ႔ သုံးခြက္ေသာက္ခိုင္း၍ သူ႕မွာ ေ႐ြးခ်ယ္စရာမ႐ွိပဲ ေသာက္လိုက္‌ရေလသည္။

သူတို႔ေတြက ကေလးတည္းက ရင္းႏွီးခဲ့ၾကသူေတြျဖစ္၍ ယဥ္ေက်းမေနၾကေတာ့ေပ။ခ်ဴခ်န္ရဲ႕ေမြးေန႔ပြဲကို က်င္းပတာျဖစ္၍ ခ်င္း႐ႊယ္က လူတိုင္းနဲ႔ ဖန္ခြက္လိုက္တိုက္ၿပီး ေအာ္ေျပာလာသည္။

“Happy birthday အားခ်န္!!!”

က်န္တဲ့အခ်ိန္‌ေတြကိုေတာ့ အရင္လိုပဲ စကားစျမည္ေျပာရင္း ေသာက္လိုက္စားလိုက္လုပ္ေနၾကေတာ့သည္။

က်ိခ်င္းက်ိဳးမွာ ယြီအန္းယီကိုသာ ေကာင္းေကာင္းသိၿပီး တစ္ျခားသူေတြနဲ႔ မရင္းႏွီးေသာ္ျငား ထိုလူေတြကေတာ့ သူ႕ကို မစိမ္းၾကပုံပင္! အထူးသျဖင့္ comment အမ်ားဆုံးေရးေပးခဲ့ေသာ comment ပံ့ပိုးေရးအဖြဲ႕အစည္းရဲ႕ ဥကၠဌႀကီး ေ႐ွာက္႐ုံဆို က်ိခ်င္းက်ိဳးကို ျမင္တာနဲ႔ မထိန္းႏိုင္မသိမ္းႏိုင္ ခ်စ္ျပေနေတာ့သည္။

“လာ က်ိဳးက်ိဳးေလး ေကာေကာက မင္းကို ဝိုင္တစ္ခြက္နဲ႔ ခ်ီးေျမာက္ေပးမယ္ကြာ!”

ေ႐ွာက္႐ုံက စကားေျပာရင္း က်ိခ်င္းက်ိဳးနဲ႔ ခြက္တိုက္ခ်င္ပုံျဖင့္ မတ္တပ္ထရပ္လာသည္။

က်ိခ်င္းက်ိဳးလည္း ဖန္ခြက္တစ္ခြက္ေကာက္ကိုင္ၿပီး မတ္တပ္ထရပ္လိုက္ခ်ိန္ ခ်ဴခ်န္က စကားထေျပာလာသည္။

“မင္း သူ႕ကို က်ိဳးက်ိဳးလို႔ ေခၚလိုက္တာလား? ၿပီးေတာ့ ေကာေကာဟုတ္လား? မင္းကို ဘယ္သူက သူ႕ေကာေကာလုပ္ခိုင္းလို႔လဲကြ”

ေ႐ွာက္႐ုံတစ္ေယာက္ မေက်မနပ္ျဖစ္ေနတဲ့ လူကိုၾကည့္ကာ-

“သူ႕နာမည္က က်ိဴးက်ိဳးမဟုတ္လို႔လား? ငါ သူ႕ကို comment ေရးေပးတုန္းကဆို တစ္ျခားလူေတြလိုပဲ က်ိဳးက်ိဳးလို႔ေခၚတာေလ။အခုက် ေခၚလို႔မရဘူးတဲ့လား။ဒါ့ျပင္ ငါက သူ႕ထက္ အသက္ပိုႀကီးတာေနာ္။ေကာေကာမဟုတ္လို႔ ဘာျဖစ္ရမွာလဲ? ေျပာရရင္ ငါက က်ိဳးက်ိဳးရဲ႕ ေကာေကာfanျဖစ္ေနတုန္းပဲ”

ခ်ဴခ်န္တစ္ေယာက္ ေ႐ွာက္႐ုံကို႐ြံ႐ွာသလိုမ်ိဳး ၾကည့္လိုက္သည္။

“ပါးစပ္ပိတ္ထားစမ္းပါ။ေကာေကာfanမ်ားျဖစ္ရေသးတယ္။ဘယ္လိုေတာင္ေျပာရဲတာလဲ”

က်ိခ်င္းက်ိဳးမွာ စိတ္ေတြ႐ႈပ္ေထြးလ်က္။အခုကဘာအေျခအေနႀကီးတုန္း။ ေ႐ွာက္႐ုံက ဘယ္လိုျဖစ္ၿပီးသူ႕ေကာေကာfanျဖစ္သြားရတာလဲ?

ေ႐ွာက္႐ုံနဲ႔ ခ်ဴခ်န္တို႔ စကားႏိုင္လုၾကၿပီးေနာက္ ေ႐ွာက္႐ုံက က်ိခ်င္းက်ိဳးကို ထပ္ၾကည့္လာၿပီး-

“လာ cheers!!!”

ေ႐ွာက္႐ုံက စကားဆုံးတာနဲ႔ က်ိခ်င္းက်ိဳးလက္ထဲက ဖန္ခြက္နဲ႔ခြက္ခ်င္းတိုက္လိုက္ၿပီးေမာ့ခ်လိုက္သည္။က်ိခ်င္းက်ိဳးလည္း သူ႕လိုပင္ ခ်က္ခ်င္းေမာ့ခ်လိုက္၏။

ခ်ဴခ်န္မွာ သူအမ်ားႀကီးေသာက္တာကို မျမင္ဖူးသျဖင့္ ဝိုင္ကို တစ္ခ်ိဳက္တည္းေမာ့ခ်လိုက္သူ႕ေၾကာင့္ စိတ္ပူသြားမိ၏။

“မင္း ေသာက္ႏိုင္လို႔လား? မေသာက္ႏိုင္ရင္ ထားလိုက္ေတာ့ သူတို႔ကို စိတ္ထဲထားမေနနဲ႔”

တကယ္ေတာ့ က်ိခ်င္းက်ိဳးလည္း သူ႕ကိုယ္သူ ေသာက္ႏိုင္လား မေသာက္ႏိုင္လားမသိေပ။ေက်ာင္းတုန္းကလည္း အရက္မေသာက္ဖူးသလို ဒီကိုေရာက္ေတာ့လည္း အမ်ားႀကီးမေသာက္ဖူး။ဒါေပမယ့္ သူမားမားက အမ်ားႀကီးေသာက္ႏိုင္တဲ့အတြက္ သူလည္းေသာက္ႏိုင္မယ္ထင္တယ္။

“ရပါတယ္။အဆင္ေျပတယ္”

“ဟုတ္လို႔လား” ခ်ဴခ်န္ကေတာ့ သံသယျဖစ္ေနဆဲ။

ေ႐ွာက္႐ုံမွအစျပဳ၍ တစ္ေယာက္ၿပီးတစ္ေယာက္ က်ိခ်င္းက်ိဳးနဲ႔ ခြက္လာတိုက္ၾကေတာ့သည္။ခ်ဴခ်န္ေၾကာင့္ပဲ က်ိခ်င္းက်ိဳးက သူတို႔အဖြဲ႕ထဲမွာ႐ွိတဲ့ ခုနစ္ေရာက္ေျမာက္ ကိုယ္ေပ်ာက္လူသားေလးလိုျဖစ္ခဲ့သည္။သူတို႔အဖြဲ႕ထဲမွာ က်ိခ်င္းက်ိဳးမပါေသာ္လည္း က်ိခ်င္းက်ိဳးအေၾကာင္းကိုေတာ့ အၿမဲၾကားေနရ၏။ထို႔ေၾကာင့္ က်ိခ်င္းက်ိဳးက သူ႕တို႔ကို မရင္းႏွီးသည့္တိုင္ သူတို႔ကေတာ့ က်ိခ်င္းက်ိဳးကို စိမ္းမေနေတာ့။က်ိခ်င္းက်ိဳး ႐ုပ္႐ွင္တစ္ကားနဲ႔ ဇာတ္လမ္းတြဲႏွစ္ခုမွာ ပါေၾကာင္းေတာင္သူတို႔သိၾက၏။ထို႐ုပ္႐ွင္ကိုက ဒီႏွစ္ျပသမွာျဖစ္ၿပီး ဇာတ္လမ္းတြဲတစ္ခုကိုလည္း ဒီႏွစ္ပဲ ျပသမွာျဖစ္ကာ တစ္ျခားဇာတ္လမ္းတြဲတစ္ခုကိုေတာ့ ေနာက္ႏွစ္မွ ျပသမွာျဖစ္၏။က်ိခ်င္းက်ိဳးရဲ႕ ပရိတ္သတ္ေတြလိုမ်ိဳးပဲ သူတို႔အကုန္သိ‌ၾကေလသည္။

သူတို႔ကအရမ္းတက္ႂကြေနၾက၍ က်ိခ်င္းက်ိဳးလည္း ေပ်ာ္႐ႊင္လာမိကာ ဘယ္သူလာလာမျငင္းေတာ့ဘဲ ရက္ရက္ေရာေရာနဲ႔ကို တစ္ခြက္ၿပီးတစ္ခြက္ေသာက္ေတာ့သည္။

ထို႔ေနာက္ သူမူးသြား၏။

သူဟာက မူးေနတဲ့ပုံနဲ႔ေတာင္မတူဘဲ တည္တည္ၿငိမ္ၿငိမ္ေနတုန္းက ပုံစံေလးနဲ႔ တူတူပင္။ေတြးေခၚတာ နဲ႔စကားေျပာတာေလး နည္းနည္းေႏွးသြားတာက လြဲလို႔ေပါ့။သူက နည္းနည္းေလး စိတ္ေျပာင္းစိတ္လြဲျမန္သြားသလို အခြၽဲတုံးေလးလိုလည္းျဖစ္လာသည္။

ခ်ဴခ်န္ကလည္း သူမူးေနၿပီဆိုတာသိ၍ သူ႕ခြက္ထဲ ဒိန္ခ်ဥ္ေလးတစ္ခြက္ေလာင္းထည့္ေပးလိုက္သည္။

က်ိခ်င္းက်ိဳးကမူ ဒိန္ခ်ဥ္ခြက္ေလးကိုင္ၿပီး သူ႕ကို ေငးေၾကာင္ေၾကာင္ေလးၾကည့္လာကာ အလြန္ကိုမွ တည္တည္ၿငိမ္ၿငိမ္ေလးျဖင့္ “အိုးး” ဟုေျပာလာၿပီး ေသာက္လည္းမေသာက္သလို စကားလည္းမေျပာ‌ေပ။

“က်ိဳးက်ိဳး”

က်ိခ်င္းက်ိဳးက လွည့္လာၿပီး သူ႕ကိုစိတ္႐ႈပ္သလို ၾကည့္လာ၏။

“မူးေနၿပီလား”

က်ိခ်င္းက်ိဳးက သူ႕ကိုၾကည့္ေနဆဲ။အၾကာႀကီးေနေတာ့မွ “အိုးး” ဟုေျပာလာၿပီး လက္ထဲက ဒိန္ခ်ဥ္ကိုသာ ေၾကာင္ေတာင္ေတာင္ေလးစိုက္ၾကည့္ေန၏။

ခ်င္း႐ႊယ္က သူမူးတာအရင္ကမျမင္ဖူးသျဖင့္ နည္းနည္းေလးရယ္ခ်င္လာကာ စေနာက္လိုက္သည္။

“က်ိဳးက်ိဳး...အိပ္ေတာ့မွာလား”

ခ်ဴခ်န္တစ္ေယာက္ သူ႕ကို မႏိုင္သလိုမ်ိဳးၾကည့္လိုက္ၿပီး-

“မင္းတို႔ေတြေၾကာင့္ေလ။မင္းတို႔ကို ဘယ္သူက သူနဲ႔ေသာက္ခြင့္ေပးေနလိုလဲ!”

“ဟ မင္းက ငါတို႔ကို အျပစ္တင္ေနတာလား”

ခ်င္း႐ႊယ္ကေတာ့ သူတို႔မမွားဘူးထင္သည္။

“ ဒီမွာ ငါတို႔ေလးေယာက္ပဲ႐ွိတာေနာ္။႐ိႈးယြမ္ ၊ေ႐ွာက္႐ုံနဲ႔အန္းမင္ တို႔ေလးေယာက္တည္း။သူအဲ့ေလာက္ထိ ေရခ်ိန္နိမ့္မယ္လို႔ ငါတို႔ဘယ္သိပါ့မလဲ။သူ ေလးခြက္ပဲ ေသာက္ထားတာကြ”

ခ်ဴခ်န္မွာသူ႕ကိုျပန္ေခ်‌ပခ်င္ေပမယ့္ ေဘးမွ က်ိခ်င္းက်ိဳးက ႐ုတ္ျခည္းထေျပာလာသည္။

“အိုးး” ခုနခ်င္း႐ႊယ္ရဲ႕ေမးခြန္အား ေျဖေပးလာျခင္း။

ခ်င္း႐ႊယ္ကေတာ့ အက်ယ္ႀကီး ေအာ္ရယ္ေနမိေတာ့သည္။

“သူတကယ္မူးေနတာပဲကြ။ဒီလိုမူးတဲ့လူမ်ိဳးကို ငါ ပထမဆုံးျမင္ဖူးတာပဲ”

“မင္းကရယ္ရဲေသးတယ္ေပါ့”

သူ႕သူငယ္ခ်င္းေတြက တကယ္ကိုစိတ္႐ႈပ္ဖို႔ေကာင္းလြန္းသည္။

ခ်ဴခ်န္သည္ ထိုင္ခုံေပၚမွာၿငိမ္ၿငိမ္ေလးထိုင္ၿပီး ျပႆနာလည္းမ႐ွာသည့္ က်ိခ်င္းက်ိဳးအား ေစာင့္ၾကည့္ေနေလသည္။ေလးခြက္တည္းနဲ႔ ဘယ္လိုမ်ား မူးသြားလဲ သူတကယ္ နားမလည္ႏိုင္ဘူး။သို႔တိုင္ က်ိခ်င္းက်ိဳးက မူးေနေသာ္လည္း ခ်စ္ဖို႔ေကာင္းေနဆဲပင္။

“အိုေက ။ငါတို႔လည္း ေသာက္စားၿပီးၾကၿပီ။အခု သူလည္းမူးေနၿပီဆိုေတာ့ လမ္းခြဲၾကတာေပါ့”

“ဒါပဲလားဟ”

ေ႐ွာက္႐ုံမွာ တအံ့တဩျဖင့္။

“အခုမွညေတာင္မစရေသးဘူးေလ။ ငါတို႔ေပ်ာ္လို႔မဝေသးဘူး”

“မင္းတို႔‌ေကာင္ေတြပဲ သြားေပ်ာ္ၾကေလ။ငါမလိုက္ေတာ့ဘူး”

“မင္းက ေမြးေန႔႐ွင္ေလကြာ”

“ေအးေလ။အဲ့ေမြးေန႔႐ွင္ကပဲ မင္းတို႔ဘာသာေပ်ာ္ၾကဖို႔  ေျပာေနတာ‌ေလ”

ေ႐ွာက္႐ုံက သေဘာမက်သလိုမ်ိဴး သူ႕ကိုၾကည့္လာသည္။

ၾကားထဲက ယြီအန္းမင္ကပဲ ညႇိႏိႈင္းလိုက္၏။

“ဒီလိုလုပ္ မင္း က်ိခ်င္းက်ိဳးကို ဟိုတယ္ထဲ အရင္လိုက္ပို႔လိုက္ ။ ငါတို႔ကသြားႏွင့္မယ္။ၿပီးမွ မင္းလိုက္ခဲ့ေတာ့”

ခ်ဴခ်န္က စကားမဆိုရေသးခင္ က်ိခ်င္းက်ိဳးက ေခါင္းတစ္ညိမ့္ညိမ့္ထလုပ္ကာ-

“အြန္း”

“ၾကည့္ က်ိဳးက်ိဳးလည္း သေဘာတူတယ္ေနာ္” ေ႐ွာက္႐ုံက ထေျပာလာ၏။

ခ်ဴခ်န္ ေတြးၾကည့္ေတာ့လည္းအဆင္ေျပတယ္ထင္မိတယ္။အမွန္ဆို အခုမွ ခုနစ္နာရီေက်ာ္ေက်ာ္ပဲ႐ွိေသးတာျဖစ္၍ အခ်ိန္လည္း ရေသးေလသည္။

“ေကာင္းၿပီေလ”

လူတိုင္း ထရပ္လိုက္ၾကၿပီး ေနရာေျပာင္းဖို႔ ျပင္ၾကေတာ့သည္။ခ်ဴခ်န္သည္ ထိုင္ခုံေပၚမွ က်ိခ်င္းက်ိဳးအား ဆြဲထူၿပီး သူ႕ဘက္ ကပ္လိုက္ကာ အခန္းဆီ တြဲေခၚသြားလိုက္သည္။

က်ိခ်င္းက်ိဳးမွာေတာ့ မူးေနၿပီျဖစ္၍ ‌ကိုယ့္ကိုကိုယ္ ေလထဲလြင့္ၿပီး ခ်ာခ်ာလည္ေနသလိုခံစားေနရသည္။သူ ၾကမ္းျပင္ေပၚ ေလွ်ာက္လိုက္သည့္ ေျခလွမ္းတိုင္းကလည္း ႏူးညံ့ၿပီးဘာမွမ႐ွိေသာတိမ္စိုင္ေတြေပၚမွာ ေလွ်ာက္ေနရသလိုမ်ိဳးပင္။ဒီလိုမ်ိဳး ေလွ်ာက္ေနရတာက အရမ္းကို မသက္မသာ ခံစားလာရသျဖင့္ ခ်ဴခ်န္ကို တိုးတိုးေလးေခၚၿပီး ခြၽဲတဲတဲေလးေျပာလိုက္မိေလသည္။

“အားခ်န္...ေက်ာပိုး”

>>>>>>>>>>>>>>>>>>

အဟြန္းး အားခ်န္ ေက်ာပိုးးး🤭

<<<<<<<<<<<<<<<<<<<<<

Continue Reading

You'll Also Like

3.3M 213K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
552K 56K 85
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
207K 7.8K 36
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...