နာရီဝက်ဆိုပေမယ့် ဘယ်လောက်ကြာပြီမှန်းလင်ရှီးသေချာမသိပေ။ အချိန်ကထူးထူးခြားခြားနှေးနေပြီး စက္ကန့်တိုင်းကပိုပြီးရှည်လျားနေသည်ဟု ထင်ရသည်။
လူအနည်းလောက်ကသာ ဒီနေရာကဖြတ်သန်းသွားလာပြီး မိုးကလည်းဆက်လက်ရွာနေတာကြောင့် တစ်ယောက်မှလာကြမှာမဟုတ်ပေ။
ဒါက လင်ရှီးဒီမှာဘာလို့ရေသူပုံစံနဲ့ စောင့်နေတာလဲဆိုတဲ့အကြောင်းအရင်းပင်။
သူ့ဆံပင်တွေကစိုနေပြီး မိုးရေစက်တွေက ဖြူဖွေးနူးညံ့တဲ့မျက်နှာလေးပေါ်စီးကျနေသည်။ လက်ရှိဒီလိုပုံစံက အရမ်းကိုခက်ခဲတဲ့ပုံစံပေါက်နေတယ်ဆိုတာ လင်ရှီးသိသည်။
ဒီနေ့ချင်ရှောင်း အရမ်းအလုပ်များနေလို့ ပြန်မလာနိုင်တာဖြစ်မယ်။
လုံးဝကိုမိုးချုပ်သွားတဲ့အခါ လင်ရှီးထပ်စောင့်မနေတော့ချေ။
ဒီတစ်ကြိမ် သူ့ဘက်ကစပြီးပြန်လာတယ်ဆိုတာက ရိုးရိုးရှင်းရှင်းပြန်လာတာဖြစ်ရုံမက သူ့လွတ်လပ်မှုနှင့်ဘဝကို ချင်ရှောင်းလက်ထဲကိုထည့်ပေးလိုက်တော့မှာကြောင့်ဖြစ်သည်။
သူ့အပေါ်ထားတဲ့ ချင်ရှောင်းရဲ့အချစ်အပေါ်လောင်းကြေးထပ်လိုက်ခြင်းပင်။
လင်ရှီးအရင်ကကိုယ့်ကိုယ်ကို 'အချစ်ကသာအရာရာ'ဆိုတဲ့ လူတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ခဲ့ဖူးဘူး။ ဒါပေမဲ့အခုသူလုပ်နေတာကလုံးဝကို 'အချစ်ကအရာအားလုံး' ဖြစ်နေခဲ့တယ်။ ဘာလို့လဲဆိုရင် သူအနာဂါတ်မှာချင်ရှောင်း မတော်တဆမှုတစ်ခုခုကြုံရမယ်လို့ ကြိုမြင်ခဲ့တာကြောင့် အပြေးအလွှားပြန်ပြီး ချင်ရှောင်းနဲ့တွေ့ကာ တစ်စုံတစ်ယောက်ကလုပ်ကြံမှာဖြစ်ကြောင်း ပြောချင်နေခဲ့၏။
အနာဂါတ်မှာကြုံတွေ့ရမယ့်ကိစ္စကို ချင်ရှောင်းကိုပြောပြလိုက်တာနဲ့အညီ နမိတ်ဖတ်စွမ်းရည်ရှိတဲ့အကြောင်းကို ဖော်ပြလိုက်ရမှာဖြစ်သည်။
လင်ရှီးခေါင်းမော့ပြီး မှောင်မဲနေတဲ့ ကောင်းကင်ကိုကြည့်လိုက်၏။
သူ့ရဲ့ဘဝနှစ်ခုလုံးပေါင်းပြီး ဒီမိုက်မဲတဲ့ကိစ္စတစ်ခုကိုလုပ်လိုက်တာပင်။
[T/N- သူလွတ်လပ်မှာနဲ့ သူ့ရဲ့စွမ်းရည် နှစ်ခုကိုပြောတာထင်ပါတယ်]
တကယ်လို့ချင်ရှောင်းသာ မမှောင်ခင်ပြန်မလာခဲ့ရင် ဒီမိုက်မဲတဲ့အရာကို သူသာသိတော့သည်။
တခြားလူတွေကိုပြောပြခဲ့ရအောင်လည်း သူအဲ့လောက်ထိမရူးမိုက်သေးပါဘူး။
လင်ရှီးခေါင်းခါရင်းရယ်လိုက်တယ်။
ထိုအချိန်မှာ သူကိုယ်တိုင်အစား ချင်ရှောင်းကိုလုပ်ကြံမှုအကြောင်း အချို့အချက်အလက်တွေကို တခြားနည်းနဲ့စီစဉ်ပေးနိုင်မလားဆိုပြီး အခြားသောအခွင့်အရေးတွေကိုရှာကြည့်လိုက်သည်။
ချင်ရှောင်းမကြာခင်မှာပြန်လာဖို့ လင်ရှီးမျှော်လင့်နေရုံသာမက မပြန်လာဖို့ကိုလည်းမျှော်လင့်နေမိပြန်သည်။
တကယ်လို့ချင်ရှောင်းသာပြန်မလာခဲ့ရင် လင်ရှီးသူ့ရဲ့မိုက်မဲ့တဲ့အရာတွေကို ဖော်ထုတ်ပြစရာမလိုတော့ဘူး။
မြက်ခင်းမှာထိုင်နေတာက ခန္ဓာကိုယ်အောက်ပိုင်းအေရပြားကအကြေးခွံတွေနဲ့ဖုံးနေပေမယ့်လည်း လင်ရှီးကိုမသက်မသာခံစားရစေတုန်းပင်။
သူခေါင်းကိုလှည့်ပြီး အနောက်ကသံတံဂါးဂိတ်ကနေဖြတ်ကြည့်လိုက်ရင် ငါးကန်ကြီးကိုတွေ့နိုင်တယ်။
မိုးရေတွေငါးကန်ထဲကိုကျနေပုံက အရမ်းကိုဆွဲဆောင်မှုရှိတာကြောင့် လင်ရှီးမြက်ခင်းပြင်မှာထိုင်နေမယ့်အစား ငါးကန်ကြီးထဲရေဆင်းကူးချင်သွား၏။
ကောင်းကင်ကပိုပိုမှောင်လာပြီး လုံးဝကိုမှောင်မဲလုနီးပါးပင်။
ချင်ရှောင်းပြန်လာတော့မှာမဟုတ်ဘူးလို့ ခန့်မှန်းမိတော့ လင်ရှီးနှလုံးသားထဲမှာ ဘယ်လိုခံစားနေရမှန်းမသိပေ။ သူအထီးကျန်တဲ့စိုထိုင်းမှုတွေထဲနစ်မြုပ်သွားလေတယ်။
လင်ရှီးအနက်ရောင်အမြှီးကြီးကို မြက်ခင်းပြင်ပေါ်ရိုက်ချလိုက်၏။ သူ့ရဲ့ချောမောလှတဲ့မျက်နှာလေးက အမူအယာအများကြီးမပြပေမယ့် မြက်ခင်းပေါ်ရိုက်ချလိုက်တဲ့အပြုအမူက ဘယ်လိုပဲကြည့်ကြည့်အတွင်းစိတ်ထဲမှာ မပျော်ရွှင်နေဘူးဆိုတာ ဖော်ပြနေသည်။
သူပြန်လာမှာမဟုတ်တော့ဘူး...
မကြာခင်မှာပဲ လင်ရှီးမျဉ်းဖြောင့်တစ်ကြောင်းလို ဖြစ်လုနီးပါးမတ်လိုက်သည်။
မိုးရေထဲမှာထိုင်နေတာက သူ့ကိုလုံးဝကိုအရူးတစ်ယောက်လိုခံစားရစေတယ်။
ငါးအရူးလေးလင်သည် သူ့ခန္ဓာကိုယ်ပေါ်က နက်မှောင်တဲ့အကြေးခွံတွေကိုကြည့်လိုက်ကာ ထပ်ပြီးမစောင့်တော့ပေ။
လင်ရှီးသူ့ဖိနပ်တွေကိုယူလိုက်ပြီး ငါးအမြှီးကနေလူသားခြေထောက်တွေကို ပြန်ပြောင်းလိုက်သည်။ ဒါပေမဲ့ သူမိုးသံကြားကနေ ကွဲပြားတဲ့အသံတစ်ခုကိုကြားလိုက်ရ၏။
ယာဉ်ပျံတစ်စင်းက ဒီနေရာကိုအဝေးကနေပျံသန်းလာတယ်။
မိုးတဖွဲဖွဲရွာနေတဲ့ကြားကနေတောင် ယာဉ်ပျံရဲ့အရှိန်က အများကြီးလျော့မသွားပဲ အမြန်မောင်းလာက အိမ်ရဲ့အထက်မှာရပ်တန့်သွားသည်။
ယာဉ်ပျံကတဖြည်းဖြည်းနိမ့်ဆင်းလာပြီး လင်ရှီးရဲ့ရှေ့မှာ တိုက်ရိုက်ဆိုက်ကပ်လိုက်၏။
ချင်ရှောင်းယာဉ်ပျံထဲမှာရှိနေခဲ့တုန်းက သူ့အိမ်ရဲ့သံတံခါးဂိတ်အပြင်ဘက်မှာ ထိုင်နေတဲ့အရိပ်လေးကို သတိပြုမိခဲ့တယ်။
ပထမတော့အဝေးကနေသူရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေမဲ့ နီးကပ်လာတဲ့အခါမှာတော့ အနက်ရောင်ငါးအမြှီးကြီးက မြေပြင်ပေါ်မှာရှိနေတာကို မြင်လိုက်ရပြီး ချင်ရှောင်းရဲ့မျက်နှာပေါ်က တည်ငြိမ်နေတဲ့အမူအရာက ရုတ်တရက်မထိန်းနိုင်တော့ပေ။
ယာဉ်ပျံတံခါးပွင့်သွားပြီး အစောင့်ကထီးမယူရသေးခင်မှာပဲ ချင်ရှောင်းကဆင်းချသွားပေပြီ။
အစောင့်တွေအကုန်လုံးလင်ရှီးကို သိကြသည်။ သို့ပေမယ့်လည်း လင်ရှီးရဲ့ရုတ်တရက်ထွက်ပေါ်လာမှုက သူတို့ကိုထိတ်လန့်စေသည်။ အဲ့ဒီနေရာမှာလင်ရှီးတစ်ယောက်တည်းဖြစ်နေရုံသာမက ရေသူအနေအထားနဲ့ရှိနေပုံက သူ့ခန္ဓာကိုယ်အနှံ့မှာ လက်နက်တွေဝှက်ထားပုံနဲ့မတူဘူးလား။
[T/N- အန္တရာယ်များတာကိုပြောချင်တာပါ၊ ဆွဲဆောင်မှုရှိလို့]
ရေသူထီးလေးရဲ့မျက်နှာလေးက မိုးရေတွေစိုနေတာဖြစ်ပေမယ့် အဝေးတစ်နေရာကကြည့်ရင် သူ့မျက်နှာကဝမ်းနည်းနေသလိုခံစားရပြီး ငိုနေသလိုပင်။
သူ့တစ်ကိုယ်လုံးကစိုစွတ်နေပြီး သူ့ဆံပင်တွေကလည်းစိုနေကာ တံခါးအပြင်ဘက်မှာ တစ်ယောက်တည်းထိုင်နေပုံက အချိန်အကြာကြီးစောင့်နေခဲ့တာလို့ ဆိုလိုနေတာဖြစ်သည်။
အစောင့်နှစ်ယောက်က တစ်ယောက်ကိုယ်တစ်ယောက်ကြည့်လိုက်ကြသည်။ စာနာမှုတွေက သိသာစွာပေါ်နေပေမယ့်လည်း လင်ရှီးကသူတို့ခေါင်းဆောင်ကြိုက်နေတဲ့ ရေသူလေးဖြစ်တာကြောင့် ချင်ရှောင်းအနောက်ကနေ နီးကပ်ခြင်းမရှိပဲလိုက်လာကြသည်။
ချင်ရှောင်း လင်ရှီးရှေ့မှာရပ်လိုက်တယ်။ သူကအဲ့ဒီနေရာမှာ ပခုံးကျယ်ကြီးတွေနဲ့ရပ်နေခဲ့ပြီး သူ့ရဲ့နက်ရှိုင်းပြီးအုံ့ဆိုင်းနေတဲ့မျက်လုံးတွေနဲ့ လင်ရှီးကိုအမြင့်ကနေငုံ့ကြည့်ခဲ့သည်။
ခဏလောက် ချင်ရှောက်းသူသွေးလေခြောက်ခြားနေတာလားဟု ထင်မိလိုက်၏။ လင်ရှီးကဘယ်လိုလုပ်ပြန်လာမှာလဲ။
သူကထပ်ပြီးလွတ်မြောက်သွားပြီ။ သူနယ်ချဲ့တွေနဲ့သွားတိုက်နေတုန်း ခိုးထွက်သွားတာလေ။
လင်ရှီးကိုသူ့ဘဝထဲကနေ ဆုံးရှုံးလိုက်ရပြီလို့တောင်သူထင်ထားတာ။
လင်ရှီးထွက်ပြေးသွားတဲ့သတင်းကိုကြားရတုန်းက သူ့တစ်ကိုယ်လုံးရှော့ခ်ရသွားခဲ့သည်။
ရုတ်တရက်အရေးကြီးတဲ့အရာတစ်ခုကိုဆုံးရှုံးလိုက်ရသလိုမျိုးဖြစ်ပြီး ဒီလိုနှလုံးသားရဲ့နာကျင်မှုမျိုးကို ချင်ရှောင်းပထမဆုံးခံစားဖူးတာပင်။
သူ့နှလုံးသားအဲ့လိုမနာကျင်စေတော့ဖို့ ရက်အချို့လောက်အသုံးပြုခဲ့ရလေသည်။
ဒီအိမ်ထဲမှာ လင်ရှီးရဲ့အငွေ့အသက်တွေ နေရာတိုင်းရှိခဲ့တယ်၊ ကြမ်းပြင်ကကော်ဇောတွေက လင်ရှီးအမြဲတမ်းခြေဗလာနဲ့ လျှောက်တတ်တာမို့ခင်းထားတာဖြစ်သည်။
ဘေးကရေကန်ကလည်း လင်ရှီးရောက်လာပြီးနောက် ချက်ချင်းတူးထားတာပင်။
နေရာတိုင်းမှာ လင်ရှီးရဲ့အငွေ့အသက်တွေချည်းပဲ။
သူဒီရေသူလေးကိုမေ့ဖျောက်ချင်ပါက အငွေ့အသက်အားလုံးကို ဖျက်ဆီးပစ်လိုက်တာကပိုထိရောက်တယ်ဆိုတာချင်ရှောင်းသိသည်။
တကယ်လို့အဲ့ဒီလိုလုပ်လိုက်ရင် လင်ရှီးအတွက်ရှိခဲ့ဖူးတဲ့ နှလုံးသားကိုငြင်းပယ်လိုက်သလိုဖြစ်သွားပေမည်။
အဲ့ဒါကလုံးဝကိုလွတ်မြောက်ခြင်းပဲ။
ချင်ရှောင်းကိုယ့်ကိုယ်ကို မလှည့်စားချင်ပေ။
အဲ့တာကြောင့်ဒီနေရာမှာနေဖို့ ပြန်လာတာဖြစ်သည်။
လင်ရှီးသူ့ဘာသာသူပြန်လာမယ်လို့ ချင်ရှောင်းတစ်ခါမှမတွေးခဲ့ဖူးချေ။
အခုလိုမျိုးပေါ့........
လင်ရှီးရဲ့ဖြူရော်ရော်မျက်နှာလေးက မိုးရေစီးကြောင်းတွေနဲ့ပြည့်နေတာက တိတ်တဆိတ်ငိုကြွေးထားသလိုပင်။
ဒါပေမဲ့ချင်ရှောင်းကြည့်ရသလောက်တော့ လင်ရှီးကအရမ်းတည်ငြိမ်နေသည်။
လင်ရှီးနှစ်ခါမျှထွက်သွားခဲ့သည်။ အနာဂါတ်မှာ တတိယအကြိမ်ရှိလာမှာကို ချင်ရှောင်းမလိုချင်ပေ။
ရှိလာခဲ့မယ်ဆိုရင် ဒီနေရာမှာရပ်တန့်လိုက်တာ ပိုကောင်းပေလိမ့်မည်။ အချိန်ကအရာရာကို ကုစားပေးသွားမှာပင်။
ချင်ရှောင်းအကျိုးအကြောင်းကို စဉ်းစားခဲ့ပေမယ့် အဆုံးမှာတော့မထိန်းချုပ်နိုင်တော့ပေ။ သူကိုင်းချပြီး လင်ရှီးကိုဖက်လိုက်တော့သည်။
ရေသူလေးရဲ့ခန္ဓာကိုယ်က အေးစက်နေ၏။ လင်ရှီးကရေသူဖြစ်တာကြောင့် သေချာပေါက်လူသားတွေလိုအပူချိန်မရှိဘူးဆိုတာကို ချင်ရှောင်းသိတာပေါ့။ ဒါပေမဲ့လင်ရှီးကို ဖက်လိုက်တဲ့အချိန်မှာ သူ့နှလုံးသားကနာကျင်နေတုန်းပဲ။
ချင်ရှောင်းသူ့ကိုမလှုပ်မယှက် စိုက်ကြည့်နေတာမြင်လိုက်တော့ လင်ရှီးနှုတ်ခမ်းတွေလှုပ်သွားပြီး တစ်ခုခုပြောချင်ပေမယ့် အရင်းဆုံးဘယ်ကစပြောရမလဲမသိတော့ချေ။
သူကနှစ်ကြိမ်ထွက်ပြေးခဲ့ပြီး ချင်ရှောင်းရဲ့မျက်ဝန်းနက်တစ်နေရာက စိတ်ခံစားချက်အနည်းငယ်ကို သူရေးတေးတေးလေးခံစားမိသည်။ သူပြန်လာတာကြောင့် ချင်ရှောင်းပျော်နေခဲ့ပေမယ့် တစ်ချိန်တည်းမှာပဲ ပုန်းကွယ်နေတဲ့ ဝမ်းနည်းမှုတွေရှိနေပေသည်။
အနာဂါတ်မှာသူထပ်ပြီးပျောက်သွားမှာကို ချင်ရှောင်းကြောက်နေတယ်။
ဝမ်းနည်းမှုကိုနက်နက်ရှိုင်းရှိုင်းမဖုံးကွယ်ထားတာကြောင့် လင်ရှီးကိုတောင်မှ ရှင်းရှင်းလင်းလင်းခံစားရစေပြီး ကူးစက်စေသည်။
ချင်ရှောင်းသူ့ကိုဖက်လာချိန်မှာ လင်ရှီးသူ့လက်တွေကို ချင်ရှောင်းရဲ့လည်တိုင်မှာတွယ်ချိတ်လိုက်၏။
သူ့ရဲ့တက်ကြွတဲ့အပြုအမူကို သတိပြုမိပြီးနောက် ချင်ရှောင်းသူ့ကိုစိုက်ကြည့်လာသည်။
ထိုအကြည့်ကအရမ်းကို ပုံမှန်ဖြစ်နေတာသိပေမယ့် လင်ရှီးသူ့နှလုံးသားထဲမှာ အထိတ်တလန့်ခံစားနေရသည်။
"ကျွန်တော်.....ပြန်လာပြီ"
အက်ကွဲနေတဲ့အသံနဲ့ လင်ရှီးပြောလိုက်၏။
ချင်ရှောင်းစကားမပြောပဲ အဝေးကိုကြည့်ကာ လင်ရှီးကိုအိမ်ထဲချီသွားတော့သည်။
အိမ်ထဲကိုရောက်တဲ့အခါ လင်ရှီးကိုရေချိုးခန်းဆီ တိုက်ရိုက်သယ်သွားလိုက်ပြီး လင်ရှီးအရင်ဆုံးသူ့ကိုယ်သူသန့်စင်ဖို့အတွက် ရေအေးဖြည့်ထားတဲ့ရေချိုးကန်ထဲထည့်လိုက်သည်။
မိုးရေထဲမှာအချို့အရာတွေက အမြဲပါနေတာကြောင့် ခန္ဓာကိုယ်အတွက်မကောင်းပေ။ ချင်ရှောင်းရေချိုးခန်းထဲကထွက်လိုက်၏။ တံခါးအပြင်ဘက်မှာရပ်နေရင်း ခဏလောက်တိတ်ဆိတ်သွားပြီးနောက် အထဲကရေသံကိုကြားလိုက်ရသည်။
လင်ရှီးရေချိုးခေါင်းလျှော်ပြီးနောက် ဝတ်ဖို့အဝတ်တစ်ထည်မှမတွေ့တာကြောင့် ချင်ရှောင်းရဲ့ရေချိုးခန်းသုံးဝတ်ရုံကိုယူပြီး သူ့ကိုယ်မှာပတ်လိုက်သည်။
နှစ်ယောက်သားကအရင်တည်းက နီးစပ်တဲ့ဆက်ဆံရေးရှိပြီး တစ်ယောက်ရဲ့အဝတ်တစ်ယောက်ဝတ်တာကို ချင်ရှောင်းစိတ်မရှိပေ။
လင်ရှီးရေချိုးခန်းသုံးဝတ်ရုံကို တစ်ကိုယ်လုံးဝတ်လိုက်၏။
သူရေချိုးခန်းထဲကနေထွက်လာလိုက်သည်။ အခန်းအပြင်ဘက်မှာချင်ရှောင်းက တံခါးကိုကျောပေးပြီး ဖြောင့်တန်းစွာရပ်နေခဲ့၏။
မြင့်မားတဲ့အရပ်၊ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ကြည့်လိုက်ရင် အားနည်းချက်တစ်စုံတစ်ရာမှမရှိသလိုပင်။
သူကချင်ရှောင်းရဲ့အားနည်းချက်ဖြစ်နိုင်တယ်ဆိုတာ လင်ရှီးသိပါတယ်။
အခန်းထဲမှာနူးညံ့တဲ့ကော်ဇောခင်းထားပြီး လင်ရှီးချင်ရှောင်းနောက်ကိုလျှောက်သွားလိုက်၏။
ချင်ရှောင်းအသံကြားလို့အနောက်ကိုလှည့်ကြည့်လိုက်တော့ လင်ရှီးကတကယ်ကို သူ့ဝတ်စုံကိုယူဝတ်ထားတာမြင်လိုက်ရပြီး သူ့မျက်ဆံတွေကရုတ်ချည်းကျဉ်မြောင်းသွားသည်။
လင်ရှီးကခြေဗလာနဲ့ဖြစ်ပြီး ရေချိုးဝတ်ရုံအောက်မှာပေါ်နေတဲ့နေရာရှိအသားအရည်က ကြည်လင်နေကာအလင်းပြန်နေသကဲ့သို့ပင်။
အကွေ့အကောက်တွေကလှပနေကာ ခြေချောင်းတိုင်းကအလွန်မှချစ်စရာကောင်းလှသည်။
ချင်ရှောင်းသူ့ရဲ့အကြည့်တွေကို လင်ရှီးရဲ့ဖြူစုတ်မနေတော့သည့်မျက်နှာလေးဆီ ပြန်ပို့လိုက်သည်။
နောက်တစ်ကြိမ်ထပ်ပြီး တိတ်ဆိတ်သွားပြန်ပြီ။
ဒီတိတ်ဆိတ်မှုကအနှစ်ချုပ်ပြောရရင် လေထုကိုအေးခဲသွာစေပြီး လင်ရှီးကိုအနည်းငယ်မျှမွန်းကြပ်သွားစေသည်။
"ကျွန်တော် အင်္ကျီအရင်လဲလိုက်မယ်" ချင်ရှောင်းရဲ့ရေချိုးဝတ်ရုံကို ဝတ်ထားရတာက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို တစ်ဖက်လူရဲ့ အငွေ့အသက်တွေနဲ့ရစ်ပတ်ထားသလိုခံစားရတာကြောင့် လင်ရှီးရဲ့နားတွေကအနည်းငယ်နီမြန်းနေသည်။
ချင်ရှောင်းမငြင်းဆန်ပဲလှည့်လိုက်ကာ လင်ရှီးကိုသွားခွင့်ပြုလိုက်တယ်။
လင်ရှီးနောက်အခန်းတစ်ခုကိုသွားလိုက်ပြီး အခန်းထဲမှာသူ့အဝတ်အစားတွေကို လဲလိုက်သည်။
အခန်းကဖုန်မှုန့်တွေကင်းစင်နေဆဲဖြစ်ကာ ကြည့်ရတာတစ်လနှစ်လလောက် သူအဝေးမှာရှိနေတာတောင် ဒီအခန်းကိုနေ့တိုင်းသန့်ရှင်းရေးလုပ်ပုံပဲ။
သူပိုင်ဆိုင်တဲ့ပစ္စည်းတွေက ပျောက်ရှခြင်းမရှိတဲ့အပြင် အရာတိုင်းကအကောင်းပကတိပင်။ အဝတ်အစားလဲပြီးနောက် လင်ရှီးချင်ရှောင်းဆီပြန်လာလိုက်ကာ ခုနကလဲထားတဲ့ဝတ်ရုံကို ချင်ရှောင်းဆီပြန်ပေးလိုက်သည်။
ချင်ရှောင်းကဝတ်ရုံကိုဘေးမှာထားလိုက်ပြီး သူ့ရဲ့နက်ရှိုင်းတဲ့မျက်လုံးတွေနဲ့ လင်ရှီးကိုစိုက်ကြည့်လိုက်၏။
လင်ရှီးမှာပြောစရာတစ်ခုခုရှိတယ်ဆိုတာ သူသိတာကြောင့် လင်ရှီးစကားစလာမှာကို သူစောင့်နေလိုက်သည်။
"ဒီတစ်ခါပြန်လာခဲ့တာ ကျွန်တော်ခင်များကိုပြောစရာရှိလို့" အစကလင်ရှီးသူပြန်လာပြီးနောက် ထပ်ပြီးထွက်မပြေးတော့ကြောင်း ပြောချင်ခဲ့ပေမယ့် တွေးကြည့်လိုက်တော့ အဲ့တာနဲ့စတာကသိပ်ပြီးတော့အသုံးမဝင်ပေ။
တကာ်လို့အဲ့တာနဲ့စလိုက်ရင် ချင်ရှောင်းယုံကြည်မှာမဟုတ်တာကို ခန့်မှန်းမိသည်။ ချင်ရှောင်းရဲ့အနက်ရောင်မျက်လုံးတွေကစူးရှနေပြီး လူတစ်ယောက်ရဲ့စိတ်ကိုပါ ဖောက်ထွင်းမြင်နိုင်သကဲ့သို့ပင်။
လင်ရှီးချင်ရှောင်းရဲ့ အန္တရာယ်များတဲ့မျက်လုံးတွေကိုကြည့်လိုက်၏။ သူချင်ရှောင်းကိုမကြောက်ပေ။ သူအခုအချိန်မှာလုပ်နေတာ၊ ပြောနေတာတွေက အရင်ကမ္ဘာကသူနဲ့ မတူတော့ဘူးလို့ခံစားနေရသည်။ တစ်ယောက်ယောက်က သူ့နဖူးကိုသေနတ်နဲ့ထောက်ထားရင်တောင် သူဒီလိုမျိုးမလုပ်နိုင်ပေ။
လင်ရှီးနှုတ်ခမ်းတွေခြောက်သွေ့လာတာကြောင့် သူ့နှုတ်ခန်းကိုသပ်လိုက်သည်။
"တစ်စုံတစ်ယောက်က ခင်များကိုလုပ်ကြံဖို့ ကြံစည်နေတယ်၊ မတော်တဆကိစ္စတွေမရှိရင် နှစ်ရက်အတွင်းမှာပဲ"
လင်ရှီးအခုအချိန်တွင် နမိတ်ဖတ်စွမ်းရည်ကိုကောင်းကောင်းထိန်းချုပ်နိုင်နေပြီ။ အချိန်လိုမျိုးအသေးစိတ်ကိုတောင် သူရှင်းရှင်းလင်းလင်းကြည့်လို့ရနေပြီဖြစ်သည်။
ချင်ရှောင်းလင်ရှီးကို အလွန်ထူးဆန်းတဲ့အကြည့်တွေနဲ့ ကြည့်လိုက်၏။ မရှင်းလင်းရသေးပဲ အမှောင်ထဲမှာပုန်းနေသည့် ရှုံးနိမ့်သွားတဲ့အာဏာသိမ်းမှုရဲ့အကြွင်းအကျန် အချို့ရှိနေသေးတယ်ဆိုတာကိုသူသိသည်။ တစ်စုံတစ်ယောက်ကိုလည်းလက်ဦးမှုယူဖို့ လျှို့ဝှက်စေလွှတ်ထားခဲ့သည်။
ဒီကိစ္စတွေက တင်းတင်းကြပ်ကြပ်လျှို့ဝှက်ထားတာဖြစ်ပြီး လင်ရှီးကဘယ်လိုလုပ်သိနေရတာလဲ။ ပြီးတော့နှစ်ရက်ကြာရင် တစ်စုံတစ်ယောက်က သူ့ကိုလုပ်ကြံမယ်လို့လည်းပြောသေးတယ်။
လင်ရှီးရဲ့အသံက အကုန်လုံးကိုသိနေသလိုပင်။ အနာဂါတ်ကိုတောင်မှပေါ့၊ ကြိုတင်မြင်နိုင်စွမ်းရှိနေသလိုမျိုး....
ဒါပေမဲ့လင်ရှီးမှာအနာဂါတ်ကို ကြိုတင်မြင်နိုင်စွမ်း ဘယ်လိုလုပ်ရှိမှာလဲ။
"ဘယ်ကနေသိတာလဲ?" ချင်ရှောင်းမေးလိုက်တယ်။
ချင်ရှောင်းသိချင်တာက လင်ရှီးထွက်ပြေးသွားတုန်းက စိတ်ပိုင်းဆိုင်ရာမူမမှန်မှုဖြစ်စေတဲ့ တစ်ခုခုဖြစ်ပွားခဲ့တာလား ဒါမှမဟုတ်.......
ချင်ရှောင်းအမှန်မဖြစ်စေချင်ပေမယ့် လင်ရှီးမှာအနာဂါတ်မြင်နိုင်တဲ့ စွမ်းရည်ရှိနေတယ်ဆိုတာထက် အဲ့တာကပိုပြီး ယုံကြည်ချင်စရာပင်။
အဲ့တာကဘာကြောင့်လဲဆိုတော့ လင်ရှီးအဖွဲ့အစည်းက ကျန်နေတဲ့လူတွေနဲ့ဆက်သွယ်မိပြီး အခြားအကြောင်းပြချက်နဲ့ ပြန်လာခဲ့တာဖြစ်ပေလိမ့်မည်။
ချင်ရှောင်းရဲ့မျက်နှာကအပူချိန်က ပိုပြီးတော့တောင်အေးစက်လာခဲ့သည်။
"ခင်များကျွန်တော့ကိုမယုံဘူးဆိုတာ ကျွန်တော်သိပါတယ်၊ ခင်များကျွန်တော့ကို သံသယဝင်လို့ရတယ်၊ ဒါပေမယ့် ကျွန်တော်သေချာပြောနိုင်တာကတော့ ဒီတ်ခေါက်ကျွန်တော် ကိုယ့်ဘာသာကိုယ်ပြန်လာတာ၊ ဘယ်သူနဲ့ဘာကိစ္စမှမလုပ်ထားဘူး"
"ကျွန်တော့်မှာကြိုတင်မြင်နိုင်စွမ်းရှိတယ်။ ခင်များတစ်ခုခုဖြစ်မှာကိုကြိုမြင်ခဲ့တယ်၊ ဒါကြောင့်ခင်များကိုဒီအကြောင်းပြောဖို့ အပြေးပြန်လာခဲ့တာ"
လင်ရှီးသူ့ဘာသာသူ အရာအားလုံးကို ဝန်ခံဖို့ရွေးချယ်လိုက်သည်။ ချင်ရှောင်းကိုနောက်ကျမှရှာတွေ့ခွင့်ပြုမယ့်အစားပေါ့။
ထူးဆန်းစွာပဲဒီအကြောင်းတွေပြောပြီးနောက် လင်ရှီးစိတ်သက်သာသွားသလိုခံစားလိုက်ရသည်။
ဒီရွေးချယ်မှုကသူ့ဘာသာသူရွေးချယ်တာဖြစ်ပြီး ကောင်းကောင်းဆိုးဆိုးအနာဂါတ်ကံကြမ္မာကို သူလက်ခံလိုက်မယ်။
သူလုပ်ခဲ့တာကိုသူနောင်တမရဘူး။
ချင်ရှောင်းအံ့ဩသွားခဲ့တယ်။ မဖြစ်နိုင်ဆုံးအကြောင်းအရာက မမျှော်လင့်ပဲ အမှန်ဖြစ်နေတာကို ယုံကြည်လိုက်ရ၏။
လင်ရှီးရဲ့မျက်လုံးတွေကတစ်ဆင့် သူမလိမ်ဘူးဆိုတာသိလိုက်သည်။
တစ်ချိန်တည်းမှာပဲ လင်ရှီးကိုရှာတွေ့တဲ့နောက်ဆုံးအကြိမ်ကိုပြန်သတိရသွားသည်။ လင်ရှီးရဲ့အမူအရာက ရှင်းရှင်းလင်းလင်းကို သူလာမယ်ဆိုတာသိနေသလိုမျိုး ဘယ်လိုအံ့ဩမှုမှရှိမနေပေ။
လင်ရှီးအနာဂါတ်ကိုကြိုမြင်နိုင်တာကြောင့်လား?
အခြားတစ်ချက် ချင်ရှောင်းဘာကြောင့်လင်ရှီးကိုယုံကြည်ဖို့အရမ်းလွယ်ရတာလဲ။ အဲ့တာကတခြားရေသူဖြစ်တဲ့ဖုန်းလန်ကို စဉ်းစားမိလို့ပင်။ သို့ပေမဲ့လည်း ဖုန်းလန်လွတ်မြောက်သွားပြီးနောက် သူမကတခြားလူတွေကို ကြိုးကိုင်ခဲ့တယ်ဆိုတဲ့အချပ်က ပေါ်ထွက်လာခဲ့သည်။
အဲ့တာကြောင့်လင်ရှီးမှာ ကြိုမြင်နိုင်တဲ့စွမ်းရည်ရှိတယ်ဆိုတာကို နားလည်ပေးဖို့အရမ်းမခက်ပေ။
လင်ရှီးမှာဒီအစွမိးရှိတာကြောင့် သူနှစ်ကြိမ်ထွက်ပြေးပြီးနောက် အခုလိုလုံလုံခြုံခြုံနေနိုင်တယဖ်ြကောင်းဖြစ်မည်ဟု ချင်ရှောင်းတွေးမိသည်။
"ကောင်းပြီ၊ ကိုယ်သိပြီမို့သေချာလေးဂရုစိုက်လိုက်မယ်၊ တကယ်လို့တခြားကိစ္စတွေမရှိတော့ရင် မင်းသဘောနဲ့မင်းထွက်သွားလို့ရတယ်"
ချင်ရှောင်းလင်ရှီးကို အနာဂါတ်ကြိုမြင်နိုင်စွမ်းကြောင့် ဆွဲမထားတော့ပါချေ။ လင်ရှီးကိုတောင် ချက်ချင်းထွက်သွားစေချင်မိတယ်။ တနည်းအားဖြင့် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့မှာကို ကြောက်နေမိ၍ပင်။
ဒီလူကသူကြိုက်နေတဲ့လူဖြစ်သည်။ သူ့လက်ချောင်းဆွေကိုခက်ခက်ခဲခဲဆုပ်လိုက်၏။ ထိုလူကိုသူ့ရင်ခွင်ထဲဆွဲသွင်းပြီး တင်းတင်းကြပ်ကြပ်ထွေးပိုက်ထားချင်မိတယ်။
"ကျွန်တော်အပြင်မှာရှိနေတာ ကြာနေပြီ၊ တခြားသူတွေရှာတွေ့သွားမှာလဲကြောက်တယ်၊ ကျွန်တေယ်အမြဲတမ်းတိတ်တိတ်လေးထွက်သွားခဲ့တာ၊ ကောင်းကောင်းမစားရသလို ကောင်းကောင်းလည်းမအိပ်နိုင်ခဲ့ဘူး"
"ဒီလိုနေ့ရက်တွေကို ကျင့်သားရသွားမယ်လို့ထင်ခဲ့ပေမယ့် တကယ်တမ်းကျတော့ ကျွန်တော်ကျင့်သားမရနိုင်ဘူးဖြစ်နေတယ်"
"ကျွန်တော်.........ဒီမှာဆက်နေလို့ရလား"
လင်ရှီးသတိထားပြီးမေးလိုက်၏။
နှစ်ခါထွက်ပြေးဖူးတဲ့လူတစ်ယောက်က သူပြန်လာပါပြီလို့ပြောတယ်။ သူ့ဘက်ကပြောင်းတွေးကြည့်ရင် လင်ရှီးဘယ်လိုပဲဖြစ်ဖြစ်မယုံနိုင်ပေ။
သူ့ရဲ့အနက်ရောင်ကျောက်မျက်လေးလို မျက်လုံးထဲအလင်းရောင်ရှိနေပြီး အတော်လေးကိုတောက်ပနေ၏။
ချင်ရှောင်းလင်ရှီးရဲ့လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ပြီး မညှာမတာဆုပ်ကိုင်လိုက်ပေမယ့် ခဏကြာတော့ လင်ရှီးရဲ့နုနယ်တဲ့လက်ကောက်ဝတ်လေး နာကျင်သွားမှာစိုးပြီး ဖြည်းဖြည်းချင်းလျှော့လိုက်သည်။
သူလင်ရှီးရဲ့မျက်လုံးတွေထဲ စိုက်ကြည့်လိုက်ပြီး သူ့မျက်လုံးထဲကခံစားချက်တွေက ပေါက်ကွဲသွားကာ လင်ရှီးထံအရူးအမူးပုံကျသွား၏။
"ဒီမှာနေမယ်? မင်းဘယ်လောက်ကြာကြာနေဖို့တွေးထားလဲ၊ ရက်နည်းနည်းလောက်လား? ပြီးတော့မင်း တိတ်တိတ်လေးထွက်သွားမှာပဲမဟုတ်လား?"
#16.1.2023
စာလုံးရေ3700ပါ အရင်အပိုင်းတွေထပ်ပိုရှည်ပါတယ်နော်။
နောက်ကျသွားတဲ့အတွက်လည်း တောင်းပန်ပါတယ်သာ့ကျား🙇🙇
~~zawgyi~~
မြက်ခင်းမှာထိုင်နေတာက ခန္ဓာကိုယ်အောက်ပိုင်းအရေပွားကအကွေးခှံတှနေဲ့ဖုံးနပေမေယျ့လညျး လင်ရှီးကိုမသက်မသာခံစားရစေတုန်းပင်။