ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြ...

By Greentealay-

1M 154K 7.7K

Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47... More

{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23•1}
{23.2}
{23.3}
{ 24}
{25}
{26}
{27}
{28}
{29}
{ 30 }
{31}
{32}
{34}
{33}
{35}
အဆက်
{36}
{37}
{38}
{39}
{40}
{41}
{42}
{အဆက်}
{43}
{44}
{45}
{46}
{47}
{48}
{49}
{50}
{51}
{52}
{53}
{54}
{55}
{56}
{57}
{58}
{59}
{60}
{61}
{61.1}
{62}
{62.1}
{63}
{64}
{65}
{66}
{67}
{68}
{69}
{ 70}
{71}
{72}
{73}
{74}
{75}
{76}
{77}
{78}
{79}
{80}
[81]
{83}
{83-1}
{84}
{85}
{86}
{86-1}
{87}
{88}
{89}
{90}
{91}
{92}
{93}
{94}
{95}
{96}
{97}
{98}
{99}
{100}
{ 101}
{102}
{103}
{104}
{105}
{106}
{107}
{108}
{109}
{110}
{111}
{112}
{113}
{114}
{115}
{ 116}
{117}
{119}
{120}
{121}
{118}
{122}
{123}
{124}
{123-2}
{125}
{126}
{127}
{128}
{128-2}
{129}
{130}
{131}
{132}
[133]
{134}
{135}
{136}
{137-1}
{137-2}
{138}
💙
{138}
{139}
💙
{140}
{141}
{142}
{143}
{144}
{145}
အဆက်
{146}
[147]
{148}
💙
{149}
{150}
အဆက်
{151}
အဆက်
{152}
{153}
{154}
{155}
{156}
{157}
{158}
{159}
{160}

{82}

4.2K 803 38
By Greentealay-

Unicode

ရိုက်ကူးရေးအဖွဲ့က တရားဝင်ကြေညာပြီးတာနဲ့ ဆွေးနွေးပွဲထဲက လူတွေက သရုပ်ဆောင်တွေအကြောင်းဆွေးနွေးကာ 《‌နတ်ဘုရားအမိန့်တော်》က သရုပ်ဆောင်တွေနဲ့ နှိုင်းယှဉ်ကြည့်ကြ၏။

[《ခါငှက်‌ကောင်းကင်》နဲ့《‌နတ်ဘုရားအမိန့်တော်》မှာဘယ်ရိုက်ကူးရေးအဖွဲ့ကိုပိုကြိုက်လဲ]

ပင်မအဆောက်အဦး :[《ခါငှက်‌ကောင်းကင်》ရဲ့ခေါင်းဆောင်မင်းသားက ကျိချင်းကျိုး၊မင်းသမီးက ကျိုးရှင်း၊အရံမင်းသားက ယင်းနျန်၊《‌နတ်ဘုရားအမိန့်တော်》ရဲ့ခေါင်းဆောင်မင်းသားက လော့ယွီရှင်း၊မင်းသမီးက တုချင်း၊အရံမင်းသားက ယွီဖုန်း၊ဒီအဖွဲ့ထဲက ဘယ်တစ်ယောက်ကို ကြိုက်ကြလဲ]

မကြာခင်ဖြတ်လျှောက်တစ်ယောက်ကစာပြန်လာသည် :
[TV ဇာတ်လမ်းတွဲတွေမှာ အဓိကကသရုပ်ဆောင်ပဲ။ဒါပေမယ့် ဒီနှစ်ဖွဲ့လုံးကကောင်းပါတယ်။ကျိုးရှင်းနဲ့တုချင်းတို့နှစ်ယောက်လုံးကနာမည်ကြီး မင်းသမီးတွေချည်းပဲ။ဒါပေမယ့် ယင်းနျန်က ယွီဖုန်းထက် ပိုနာမည်ကြီးတာနော်။ယင်းနျန်က တကယ်ကြီးကျိချင်းကျိုးနဲ့တွဲပြီး အရံနေရာမှာ သရုပ်ဆောင်ချင်တာလား]

[အဲ့ယင်းနျန်က မသိနားလည်လိုက်တာ။လော့ယွီရှင်းအတွက် အရံမင်းသားမလုပ်ပဲနဲ့။ပြောရရင်တစ်ချိန်တည်း လူရွေးပွဲလုပ်တာတောင် သူက ကျိချင်းကျိုးဆီကူးသွားတယ်ဆိုတော့။ငါနားကိုမလည်တော့ဘူး]

[ငါကတော့《ခါငှက်‌ကောင်းကင်》ကို ‌ရွေးပါမယ်! ဘာလို့ဆို အရမ်းကိုချောနေကြတဲ့အဖွဲ့မို့ပဲ!!! 《ခါငှက်‌ကောင်းကင်》ရဲ့ သရုပ်ဆောင်တွေက သေလောက်တယ်!]

[ကျိချင်းကျိုး + ယင်းနျန်က လော့ယွီရှင်း+ယွီဖုန်းထက် ပိုမိုက်တယ်! ကျိုးရှင်းနဲ့ တုချင်းကတော့ တူတူပဲ။ငါ 《ခါငှက်‌ကောင်းကင်》ကိုပဲရွေးမယ်]

[《ခါငှက်‌ကောင်းကင်》က ကျိချင်းကျိုးကို ခေါင်းဆောင်မင်းသားနေရာထားတော့ အရံမင်းသားနေရာတွေကို အဆင့်ဆယ့်ရှစ် သရုပ်ဆောင်တွေဖြစ်မယ် ထင်ခဲ့ပေမယ့် ထွက်လာတော့ 《‌နတ်ဘုရားအမိန့်တော်》ထက် ပိုအံ့ဩဖို့ကောင်းနေတယ်။]

《ခါငှက်‌ကောင်းကင်》ကို နှစ်သက်ကြတဲ့ ဝေဖန်ချက်တွေကို လော့ယွီရှင်းပရိတ်သတ်တွေမြင်တော့ ဆွပေးတဲ့စကားတွေပြောတော့သည်။

[အတုံ့အလှည့်ပဲဟ။အရင် 《48နာရီပြိုင်ပွဲ》မှာတော့ ယင်းနျန်က ကျိချင်းကျိုးထက် ပိုမြင့်တာကိုအခုလည်းကျရော ကျိချင်းကျိုးရိုက်တဲ့ကားမှာ အရံမင်းသားအနေနဲ့ ရိုက်ပေးမယ်ပေါ့။တကယ်အံ့ဩရသလို ဝမ်းနည်းဖို့ကောင်းတယ်နော်]

တစ်ခြားဗျာများနေသူများကလည်း ဆွေးနွေးနေကြ၏။

[ယင်းနျန်ရူးသွားတာလား။တကယ်ကြီး ကျိချင်းကျိုးအတွက်နဲ့ အရံမင်းသားလုပ်ရဲတယ်လားဟ]

[လခွမ်း! ယင်းနျန်ဘာတွေတွေးနေတာလဲ]

[နာမည်ရနေတဲ့အချိန်မှာ တူညီတဲ့သရုပ်ဆောင်တွေကို တွဲပေးတာဆိုတော့ ယင်းနျန်အပြင် ဘယ်သူပါသေးလို့လဲ]

[ယင်းနျန်လုံးဝပလပ်ကျွတ်သွားတာမဟုတ်လား။အရင်နှစ်ကကျ ရိုက်ကူးရေးအများကြီးမလုပ်ခဲ့ဘဲ ဒီနှစ်လည်းကျရော အဲ့လိုဖန်တီးပလိုက်တယ်လားဟ]

ယင်းနျန်ရဲ့ ပရိတ်သတ်တွေက ထိုပို့စ်တွေကိုကြည့်၍တစ်ဖက်အဖွဲ့ကလူတွေကို ‌ဒေါသတကြီးဆွဲဖြဲကြကာ အေဂျင့်ရော အေဂျင်စီကို ပါ တစ်ချိန်တည်း သွားဆဲကြလေသည်။သူတို့စိတ်ထဲမှာလည်း မေးခွန်းတွေဖြစ်နေမိသည်။ကုမ္ပဏီက အရင်နှစ်တည်းက ယင်းနျန်ကို အရင်းအနှီးကောင်းကောင်းတွေမပေးခဲ့ဘူး။ဒီနှစ်ကျပြန်လည်း ‌အရံမင်းသားအဖြစ်နဲ့ လုပ်ခိုင်းနေကြတယ်! ဒီကုမ္ပဏီကတစ်စက်မှ လူသားဆန်မနေဘူး!

ယင်းနျန်ရဲ့ မန်နေဂျာ ကျန်းလုန်တစ်ယောက် ပေါက်ကွဲထွက်မတတ်ဖြစ်နေသော private က စာတွေအား ယင်းနျန်လက်ထဲဖုန်းထိုးထည့်ပြီးပြလိုက်ချေတော့သည်။

“ကြည့်ကြည့်။မင်းဘာသာကြည့်ကြည့်။မင်းဒီကားမှာ သရုပ်ဆောင်လို့မရဘူးလို့ ငါမင်းကိုပြောပေမယ့် မင်းလက်မခံခဲ့ဘူး။အခုတော့ကောင်းရော မင်းပရိတ်သတ်တွေ ပေါက်ကွဲနေကြပြီ”

“အမ်း” ယင်းနျန်က တည်ငြိမ်စွာပြန်ပြောလာလေသည်။

“မင်းရဲ့အပြုအမူကဘာလဲကွ” ကျန်းလုန်က ဒေါသတကြီးပြောလာ၏။

ယင်းနျန် သူ့ကိုကြည့်ကာ-
“စာချုပ်ချုပ်ပြီးပြီကို ဘာတွေပြောပြရဦးမှာလဲ”

“ယင်းနျန် မင်းစာချုပ်ဖျက်ချင်နေတာကို ငါသိပါတယ်။မင်းကိုစာချုပ်ဖျက်ခွင့်မပေးဘူးလို့လည်းကုမ္ပဏီကမပြောဘူး။စာချုပ်သက်တမ်းကုန်သွားတဲ့အထိ ငြိမ်ငြိမ်လေးနေပေးရုံပဲကို ဘာလို့ အခုလိုတွေလုပ်နေတာလဲကွ!”

“ကျွန်တော်ဇာတ်ညွှန်းဖတ်ချင်လို့ အပြင်ထွက်ပေးပါ”

“ယင်းနျန်...မင်း....”

“ကျွန်တော်ပြောနေတာမကြားဘူးလား။မနက်ဖြန်ရိုက်ကူးရေးရှိတာမို့ လာမနှောင့်ယှက်ပါနဲ့”

ကျန်းလုန်က ပြောစရာမဲ့စွာယင်းနျန်ထံ ဝေ့ကြည့်လာသည်။

“ထန်ရှောက် မင်းကိုရှာနေတယ်။ဖုန်းဖြေလိုက်ဦး”

“သိပြီ”

“ဖုန်းဖြေလိုက်နော် ဟုတ်ပြီလား”

ယင်းနျန် ရယ်လိုက်၏။

“ဒါပေါ့ဗျာ”

သူအဲ့လို ပြောလိုက်မှ ကျန်းလုန်တစ်ယောက်အပြင်ထွက်သွားလေသည်။
ယင်းနျန်ကတော့ တံခါးပိတ်သံကြားတာနဲ့ဇာတ်ညွှန်းကို မြန်မြန်ကောက်ကိုင်လိုက်သည်။သေချာသည်ကတော့ သူဖုန်းမဖြေလိုက်ပေ။သူ့ဖုန်းကို စားပွဲပေါ်ချထားပြီး အေးအေးဆေးဆေးလေးဇာတ်ညွှန်းထိုင်ဖတ်နေတော့သည်။

တစ်ပြိုင်နက်တည်း ယင်းနျန် ပရိတ်သတ်အဖွဲ့မှ သက်တမ်းရင့်ပရိတ်သတ်တွေက သတင်းထုတ်လာသည်။

[ဒေါသမထွက်ကြပါနဲ့...‌ငါတို့ကောကော ဒီကားမှာပါတာက သူ့အကြောင်းနဲ့သူရှိပါလိမ့်မယ်။ငါတို့ကောကောက အေဂျင်စီနဲ့ စာချုပ်ဖျက်တော့မယ်လို့လည်း ပြောနေတယ်လေ]

[ဘာကိစ္စဒီကားမှာပါရတာလဲ]

[ဒါကတော့ ကျိချင်းကျိုးက ရှီးယွီကုမ္ပဏီက အနုပညာရှင်တစ်ယောက်လေ။ဒီနှစ်အတွင်းသူကျော်ကြားမှု ရှူထောင့်ကနေကြည့်ရမယ်ဆိုရင် ရှီးယွီက သူ့ကို သိသိသာသာအားပေးနေတာပဲ။ဒါ့ပြင်《‌နတ်ဘုရားအမိန့်တော်》ပြီးတော့ 《ခါငှက်‌ကောင်းကင်》...ဒီလောက်ကြီးတဲ့ IPကြီးတွေမှာ ခေါင်းဆောင်မင်းသားလုပ်ဖို့ သူဘယ်လိုဖြစ်နိုင်ဦးမှာလဲ။သူ အရံမင်းသားလုပ်မယ်ဆိုတာအပြင်မှာတော့ နှိမ့်ချထားတယ်ထင်ရပေမယ့် တကယ့်တကယ်ကျ ကျိချင်းကျိုးကို သုံးပြီး ရှီးယွီထဲဝင်ချင်နေတာ။]

[နှစ်တိုင်းဆုတွေရထားတဲ့ကျော်ကြားနေတဲ့လူက ရှီးယွီကို ဝင်ဖို့ ကျိချင်းကျိုးပေါ် အားထားဖို့လိုသေးတယ်လား]

[မလိုပါဘူး။ဒါပေမယ့် ရှီးယွီမှာက အနုပညာရှင်တွေအများကြီးရှိတယ်လေ။ဒါပေမယ့် မန်နေဂျာကကျ နည်းနည်းပဲရှိတာ။ငါ့ကောကောလည်း မန်နေဂျာကောင်းကောင်းရဖို့လိုတာပေါ့]

[ကျိုးချန်ဖုန်းမှာ ကျိချင်းကျိုးအပြင်လျန်ကျင်းရှင်ပါရှိနေတော့ တစ်ခြားသူကို ထပ်မယူနိုင်လောက်ဘူးနော်]

[ဒါပေမယ့် အဆင့်တူတဲ့မန်နေဂျာတစ်ယောက်ရအောင်တော့ ငါတို့ကောကောကို သူကူညီပေးနိုင်မှာပါ။ဘာဖြစ်ဖြစ်ပါ ကောကော ဒီလမ်းကို လျှောက်ဖို့ရွေးလိုက်မှတော့...ပြီးတော့ ကောကောကလုပ်သက်မရှိတဲ့လူမျိုးလည်း မဟုတ်ဘူးလေ။ငါကောကောကို ယုံတယ်]

ထိုမှသာပရိတ်သတ်အဖွဲ့ထဲ တိတ်ဆိတ်သွားလေသည်။

[အဲ့ဒါကြောင့်မို့ အရင်ဆုံးမကျဆုံးနေကြနဲ့ဦး။ကျိချင်းကျိုးရဲ့ မိသားစုတွေနဲ့လည်း ရန်သွားမဖြစ်နဲ့။သူတို့ဘက်က အရင်ရန်စလာတာဆိုရင် ငါတို့ပြန်တိုက်လို့ရတယ်။ဒါပေမယ့်သူတို့ဘက်က ရန်မစလာရင် ငါတို့လည်း ဘာမှလုပ်စရာမလိုဘူး။ငါတို့ကောကောက ရှီးယွီကို တကယ်သွားချင်တာဆို အခုလုပ်နေတာတွေက အကျိုးမရှိဖြစ်သွားလိမ့်မယ်နော်]

လူတိုင်းကလည်း အရင်ဆုံးစောင့်ကြည့်ကြဖို့ ဆုံးဖြတ်လိုက်ကြတော့သည်။

ထို့ပြင်ကျိချင်းကျိုး ပရိတ်သတ်တွေကလည်း အဖွဲ့ထဲမှာ အချင်းချင်းသတိပေးကြ၏။

[ယင်းနျန်ရဲ့မိသားစုတွေနဲ့ရန်မဖြစ်ကြနဲ့နော်။ဒီအခြေအနေကြောင့် ငါတို့မိသားစုနှစ်ခုကို ရန်စချင်နေတဲ့လူတွေရှိရမယ်။ယင်းနျန်ပရိတ်သတ်တွေကို ရန်သွားမစမိစေဖို့ အားလုံးသတိရကြပါနော်။သူတို့ကို အာရုံစိုက်မနေပါနဲ့။ပြီးတော့ တစ်ခြားသူတွေရဲ့ လှည့်စားမှုတွေထဲ မကျသွားပါစေနဲ့]

[စိတ်မပူပါနဲ့ ယင်းနျန်မိသားစုတွေ ကျိချင်းကျိုးကို လာရန်မစချင်းငါတို့ဘက်ကလည်း လုံးဝလှုပ်မှာ မဟုတ်ဘူး။တရားဝင်ကြေညာချက်ထွက်လာတာနဲ့ ဘယ်သူကများရန်ဖြစ်ချိန်ရှိကြပါ့မလဲ]

[အမှန်ပဲ။ငါအစကတွေးထားတာ ကျိုးကျိုးရဲ့အနေအထားနဲ့ဆို အရံမင်းသားနေရာကို အဆင့်သုံးအဆင့်လေးသရုပ်ဆောင်တွေပဲ ဖြစ်နိုင်မယ်လို့လေ။မထင်ထားတာက ငါတို့ ကျိုးကျိုးထက် နာမည်ပိုကြီးတဲ့လူဖြစ်နေတာကိုပဲ အိုမို(မျက်နှာအုပ်လျက်)]

[ဟားဟားဟား ဒါက《‌နတ်ဘုရားအမိန့်တော်》ကို ဖိနှိပ်ဖို့ အရေးကြီးဆုံးအချက်လေးပဲ။လော့ယွီရှင်းပရိတ်သတ်တွေ စိတ်တိုအောင်လုပ်ရမယ်ကွ ဟားဟားဟား]

ကျိချင်းကျိုး ပရိတ်သတ်တွေအကုန် ပျော်ရွှင်မြူးတူးနေကြချိန်မှာပဲ 《ချစ်သူ့ကဗျာများမှမြတ်နိုးသောစာမျက်နှာ》ရဲ့ ရုပ်ရှင်နမူနာက 《ခါငှက်‌ကောင်းကင်》ထက် အရင်ထွက်လာပြီး ကျိချင်းကျိုးရဲ့ကျော်ကြားမှုက ထူးချွန်ပြောက်မြောက်တဲ့ ကြယ်ပွင့်အဆင့်ပင်။

နမူနာအပိုင်းလေးကို ကြည့်ပြီးနောက် ကျိချင်းကျိုး ပရိတ်သတ်တွေရဲ့ ‘အားးးးးးးးးးးး”တွေက တန်းဆီသွားပြီး ဆွေးနွေးကြဖို့ မစောင့်နိုင်တော့ပေ။

[အားးးးးးးးးးးးးးး သေပြီ!သေပြီ! 《ချစ်သူ့ကဗျာများမှမြတ်နိုးသောစာမျက်နှာ》က သောက်ရမ်းကောင်းတာပဲ!!!]

ကျိချင်းကျိုးရဲ့ပရိတ်သတ်တွေက တရားဝင်ကြေညာချက်အောက်မှာ commentတွေ likeတွေပေးနေကြချိန် သူတို့ idolကြီး ကျိချင်းကျိုးကလည်း သူတို့လိုဖုန်းကြီးကိုင်ပြီး သူ့ရဲ့ idol နာမည်အား commentထဲမှာ ရှာဖွေရေးဆင်းနေလေသည်။ကျိချင်းကျိုးပရိတ်သတ်တွေက မိုးပေါ်ပျံမတတ်ပျော်ရွှင်နေကြပြီး တစ်စက္ကန့်အတွင်း ရာချီတဲ့ commentတွေ ဒါဇင်လိုက် မန့် နေကြချိန် မတူခြားနားစွာဖြင့် သူ့ပရိတ်သတ်တွေရဲ့ commentတွေက မြန်လွန်းသဖြင့် ချူချန်အတွက် ရေးပေးနေတဲ့ သူ့commentတွေကို ဖုံးလွှမ်းသွားလို့ ဝမ်းနည်းနေတဲ့ကောင်လေးလည်းရှိခဲ့လေသည်။

“ငါ ချူချန်အတွက် ရေတပ်ဝယ်ပေးသင့်တယ်ထင်လား”

ကျိချင်းကျိုး ရှောင်ချန်းကို မေးလိုက်သည်။

“မဟုတ်ရင် သူ့နာမည်ကို comment ထဲမှာမြင်ရမှာမဟုတ်ဘူး”

ရှောင်ချန်းတစ်ယောက် comment ထဲ အပြန်ပြန်အလှန်လှန် အကြိမ်ကြိမ်ကြည့်နေပေမယ့် [ချင်းကျိုးကောကြိုးစားထား!]ဆိုတဲ့ commentတွေက လွဲပြီး ချူချန်နာမည်တစ်စွန်းတစ်စတောင် ရှာမတွေ့သဖြင့် နှစ်သိမ့်ပေးရုံပဲ တတ်နိုင်တော့သည်။

“ဇာတ်ကားလွှင့်ပြီးတဲ့အထိ စောင့်ပါဦး။ဇာတ်ကားလွှင့်ပြီးတာနဲ့ ချူရှောက်မှာ ပရိတ်သတ်တွေရှိလာမှာပါ။ကျွန်တော်တို့ အခုရေတပ်ဝယ်ပေးဖို့ မလိုသေးပါဘူး”

ကျိချင်းကျိူလည်း ရွေးချယ်စရာမရှိစွာဖြင့် လုံ့လဝီရိယရှိရှိနဲ့ ပို့စ်တွေ ထပ်ခါထပ်ခါ တင်နေလိုက်တော့သည် :

[ချူချန်ကောကောက အရမ်းချော!!!!!အရမ်းမိုက်!!! ကောကောရဲ့ထူးခြားပြောင်မြောက်မဲ့ သရုပ်ဆောင်စွမ်းရည်တွေကိုလည်း စောင့်မျှော်နေပါပြီ!!!!]

ပို့စ်တင်ပြီးတာနဲ့ သူ့ကိုယ်သူ ပျော်ရွှင်စွာ ချီးကျူးနေမိသော်ငြားတစ်စက္ကန့်လောက်ကြာတာနဲ့ သူ့ပို့စ်က ထပ်ပျောက်သွားပြန်သည်။

ကျိချင်းကျိုး : ..........ကိုယ့် 'idol'ကိုယ် ကြော်ငြာပေးရတာ အရမ်းခက်တာပဲ။အထူးသဖြင့် ကိုယ့်'idol'မှာ ကိုယ်ဆိုတဲ့ ပရိတ်သတ်လေးတစ်ယောက်တည်းရှိနေတဲ့အချိန်မှာပေါ့။အရမ်းဝမ်းနည်းရတာပဲ.....

အရှေ့ခြမ်းမှာ မထွန်းလင်းပေမယ့် အနောက်ခြမ်းမှာထွန်းလင်း၏။Weiboပေါ်က အခါးတွေလိုမဟုတ်ဘဲ ချူချန်ရဲ့မျက်နှာအသွင်အပြင်ကြောင့် မကြာခင်ပင်  ဆွေးနွေးပွဲထဲ လေးပြင်းပြင်းတိုက်ခတ်သွားလေသည်။ဖြတ်လျှောက်တွေအများကြီး သူ့ကို ထောက်ပြသွားကြရာ ကျိချင်းကျိုး ပရိတ်သတ်တွေလည်း မနေနိုင်စွာ သွားကြည့်ကြမိပြီးနောက် သက်ပြင်းချမိသွားကြသည် ။

[သေစမ်း! ကျွမ်းရှန်းယန်နေရာက ဘယ်သူသရုပ်ဆောင်တာလဲဟင်။အရမ်းချောတာပဲ]

[အားးးးးးးး ငါ့ကျွမ်းရှန်းယန်လေးအသက်ဝင်လာတာဖြစ်ရမယ်။သူက ငါ့နှလုံးသားထဲက ကျွမ်းရှန်းယန်လေးပဲ]

[ငါ့ရဲ့ ဆယ်ကျော်သက်နှလုံးသားလေးတော့ သေပါပြီ။ဒီဇာတ်ကားရဲ့ အလှလေးတွေက ပိုးဆိုးပက်စက်မြင့်ချက်ပဲ]

[ကျိချင်းကျိုးသရုပ်ဆောင်တဲ့ဇာတ်ကားတွေအကုန်လုံး သောက်ချောကြီးတွေပဲပါနေတာတွေ့နေရတယ်။ဒီဇာတ်ကားရော 《ခါငှက်‌ကောင်းကင်》ရော အတူတူပဲ]

[အပေါ်ထပ်ကအမရေ 《 ကြေကွဲဖွယ်အလင်းတစ်စ》ကျန်သေးတယ်နော်။ကျင်းရှင်က ခေါင်းဆောင်မင်းသားနော်။သေလိုက်ပါတော့ဟယ် ။ သူ့မျက်နှာလေးကလည်းပေါက်ကွဲချင်စရာလေးပဲ]

[ဟားဟားဟားကျိချင်းကျိုးရဲ့ယုံကြည်ချက်ရှိမှုကတော့ အတော်လေးမြင့်ချက် ။သူတို့နဲ့ သရုပ်ဆောင်ရမှာ မကြောက်ဘူးနော်]

[ဘာလို့ဆို ကျိုးကျိုးက အရမ်းချောမောနေတာမို့လေနော်]

[ငါ ညှိုးနွမ်းသွားပြီကွယ်။ကျွမ်းရှန်းယန်နေရာက ကောကောဆီမှာဘာလို့ Weiboအကောင့်မရှိရတာလဲ။ကောကောက Weibo မသုံးဘူးလားမသိဘူးနော်]

ကျိချင်းကျိုးလည်း ချူချန်နဲ့ ထိုကိစ္စဆွေးနွေးနေတာဖြစ်သည်။

“ခင်ဗျား Weibo အကောင့်ဖွင့်မှရမယ်နော်။မဟုတ်ရင် ကျွန်တော်လည်းမကူနိုင်တော့ဘူး”

“ထားလိုက်ပါ။ကိုယ်‌စာရေးတဲ့ အကောင့်တောင် passwordမေ့ချင်ချင်ဖြစ်နေတာမင်းလည်းသိတာပဲကို မဖွင့်တော့ပါဘူးကွာ။ဘာပဲဖြစ်ဖြစ် ကိုယ့်အလုပ်အကိုင်ကို သရုပ်ဆောင်ပြောင်းဖို့အစီအစဉ်လည်း ရှိမနေဘူးလေ”

“ဒါဆို ချူရှောက်အတွက် ကျွန်တော် ဖွင့်ပေးမယ်လေ။အဲ့အကောင့်ကို ကျွန်တော် ကူညီပြီး ပို့စ်တင်တာဘာညာလုပ်ပေးမှာပေါ့”
ရှောင်ချန်းက အကြံပြုလာသည်။

“ကောင်းသားပဲ...ဒါပေမယ့် အားချန်...ခင်ဗျားလည်း log in ဝင်ဖို့ လိုသေးတယ်လေနော်။တစ်ခုတစ်လေတော့ တင်ပေးရမှာပေါ့”

“ဘာလို့ ကိုယ်က log in ဝင်ရမှာလဲ ? ဟွန်” ချူချန်ကနားမလည်နိုင်ဖြစ်နေသည်။

ကျိချင်းကျိုး သူ့ကိုကြည့်လိုက်ကာ အကျိုးအကြောင်းရှိရှိပြောလိုက်လေသည်။

“ကျွန်တော်က ခင်ဗျားကို follow ချင်တာလေ ။ရှောင်ချန်းတင်ထားတဲ့ ပို့စ်တွေမဟုတ်ဘဲခင်ဗျားတင်ပေးမဲ့ ပို့စ်လေးတွေ ကြည့်ချင်တာလေနော် နော်”

ရှောင်ချန်း : “......အဲ့ဒါ.....ကျွန်တော့်မှာလုပ်စရာရှိသေးလို့ ခွင့်ပြုကြပါဦးနော်”

ဒီဟာလေးက တကယ်ကို ထိန်းထိန်းသိမ်းသိမ်းရှိမနေဘူး။ကြည့်ဦး။ရှောင်ချန်းတောင် လန့်ပြေးပြီ။

“ကိုယ့်သူငယ်ချင်းတွေကို follow လိုက်ရင် ကိုယ့်ကို followသလိုပါပဲ”

“အဲ့ဒါက မတူဘူးလေဗျာ” ကျိချင်းကျိုးကပြန်ခံပက်လာသည်။

“တကယ်မဖွင့်တော့ဘူးလားခင်ဗျား”

“ကိုယ် မဖွင့်ချင်ဘူးလို့”

ကျိချင်းကျိုးတစ်ယောက် သူ့မေးစေ့ကို ဆုပ်ကိုင်လိုက်ပြီး :

“ကောင်းပြီလေ...ဒါဆိုလည်း ဖွင့်မနေနဲ့တော့။နောက်ပိုင်း ကျွန်တော့် Weiboမှာ ခင်ဗျားလိုလူကို ရှာမတွေ့တော့မှ မကြိုက်သလိုလာမလုပ်နဲ့နော်။ဒီနေ့ ပရိတ်သတ်တွေက ကျွန်တော့်အချစ်စစ်ကို စီနီယာကောလို့ ထင်နေကြချိန် မနက်ဖြန်ကျ ကျွန်တော့်အချစ်စစ်ကို ယင်းနျန်ကောလို့ ထင်သွားမှာပဲ။နောက်နေ့နောက်နေ့တွေကျပြန်လည်း ကျွန်တော်တကယ်ချစ်တဲ့ တစ်ခြားတစ်ယောက်ရှိနေဦးမယ်လို့ ထင်သွားကြမှာပဲ။ဒါပေမယ့် အဲ့လိုလူတွေထဲမှာတော့ ခင်ဗျားပါလာမှာမဟုတ်ဘူး။”

ချူချန် : ........

ချူချန်က နှာခေါင်းရှုံ့လိုက်ကာ -

“ကိုယ်က အဲ့လိုလူမျိုးဖြစ်စရာလား ”

“သေချာပေါက် မဖြစ်ဘူးပေါ့ဗျာ။ဒါပေမယ့် ပရိတ်သတ်ဆိုတာ သူတို့မြင်နိုင်တွေ့နိုင်တာကိုပဲ အားထားကြရတာလေ။ခင်ဗျားနဲ့ကျွန်တော့်ကြားမှာ ဘာပတ်သက်ဆက်နွယ်မှုမှ လုံးလုံးရှိမနေဘူး။ဘာမှပဲနော်။အဲ့တော့ သူတို့မျက်လုံးထဲမှာ ကျွန်တော်က ကျော်ကြားတဲ့ကောင်လေး ကျိချင်းကျိုး။ခင်ဗျားကရော? ခင်ဗျားကတော့ လူရိုးလေးချူချန်။ဒီလောက်ပဲ။ကွာခြားချက်ကအကြီးကြီးနော်”

ချူချန် : ...............

ကျိချင်းကျိုး ဖုန်းဆွဲထုတ်လိုက်ပြီး Weiboထဲဝင်လိုက်သည်။ 

“မင်းဘာလုပ်မလို့လဲ” ချူချန်ကမေးလာသည်။

“ယင်းနျန်လေးနဲ့ အပြန်အလှန်အကျိုးပြုပေးမလို့”

ချူချန် : “.........မင်း ဒါကို စိတ်ဝင်စားဖို့ကောင်းတယ်ထင်နေသလား”

ကျိချင်းကျိုးကတော့ Weibo မှာ ပို့စ်တင်နေရင်းပဲ စကားပြန်လိုက်သည်။

“အထူးတလည် စိတ်ဝင်စားဖို့တော့ မကောင်းပါဘူး ။တကယ်။ဒါကြောင့် ခင်ဗျား Weibo အကောင့် မဖွင့်ရဘူးနော်”

သူကစကားဆုံးတာနဲ့ Weiboမှာပို့စ်တင်လိုက်သည်။

ခဏအကြာ ယင်းနျန်က သူ့ပို့စ်ကို ပြန်တင်ပေးလာပြီး comment ပါဝင်ရေးလာသဖြင့် နှစ်ဖက်ပရိတ်သတ်တွေ စာတင်ကာအရူးအမူးကို ဖြစ်သွားကြတော့သည်။

ကျိချင်းကျိုးတစ်ယောက် Weibo hot searchကို ဝင်ကြည့်လိုက်ချိန် ကွက်တိကို သူနဲ့ယင်းနျန်တို့ cp ခေါင်းစဉ်တွေတွေ့လိုက်ရ၏။သူ့ဖုန်းအား ချူချန်လက်ထဲ ထိုးထည့်ပေးလိုက်သည်။

ချူချန်ကတော့ သူ့ကို မျက်လုံးပင့်ကြည့်လာ၏။

[#အတည်အတည်ဟေ့ #အမှန်ပဲ!!!! အခုပဲ ကောကောနှစ်ယောက် ထပ်ပြီးပူးပေါင်းနေကြတာများးး!!]

[နျန်နျန်က ကျိုးကျိုးအတွက် အရံမင်းသားနေရာမှာ သရုပ်ဆောင်မယ်လို့ ပြောတည်းက ဒီအတွဲကြောင့် ငါဟတ်ထိသွားခဲ့တာ။နျန်နျန်က တစ်ခြားသူတွေအတွက် ဘယ်တုန်းကမှ အရံမင်းသားမလုပ်ဖူးဘူးနော်! ဒါအချစ်မဟုတ်ပဲနေမလားဟ!]

[ဘယ်လောက်လှပတဲ့ ချစ်ခြင်းလေးလည်းဟယ်။နျန်နျန်နဲ့ကျိုးကျိုးတို့ ပျော်ပျော်ရွှင်ရွှင်နေသွားရမယ်နော်!]

ချူချန် : ......သူတို့ကဘာလို့ ‘အမှန်’ လို့ပဲ ပြောနေကြတာတုန်း!
နျန်ကျိုး! နျန်ကျိုးကအစစ်လို့ ထင်နေကြတယ်လား! အတုကွ! အတု! အတု!

ကျိချင်းကျိုးတစ်ယောက် သူနဲ့ချူချန်တို့ရဲ့ cp တွေ ရိုက်ရှာကြည့်လိုက်သော်ငြား ဖုန်းပေါ်မှာ ပြနေတာကတော့ -

[ဝမ်းနည်းပါတယ် သက်ဆိုင်တဲ့ရလဒ်ကို ရှာမတွေ့ပါ] တဲ့ ....

ကျိချင်းကျိုးက ခေါင်းလေးတစ်ယမ်းယမ်းဖြင့် ချူချန်မြင်အောင် ဖုန်းမျက်နှာပြင်ကို ပြလိုက်သည်။

ချူချန် : ............

ချူချန် : “ကိုယ့်ဖုန်းဘယ်မှာလဲ”

++-+++-+++++++-----+++---🦋

စာရေးသူမှာ ပြောစရာရှိပါတယ် :

ကျိုးကျိုး : ကိုယ့်ပါးပါးအကြောင်း ကောင်းကောင်းသိတာပေါ့ဗျာ~

ချူချန် : မင်းတို့ကောင်တွေ ဘာပြောတော့မလဲငါသိနေတယ်နော်။ငါအရင်ပြောမယ်-မင်းတို့ အနံ့ခံအရမ်းကောင်းကြတာပဲရော်!

ချူချန် တစ်ယောက်— သူ့ရဲ့ အနံ့စစ်လေးအားထုတ်ပြလိုက်ချိန် လူတိုင်း ဆွံ့အသွားကြလေတော့သည်။

ယင်းနျန် ကျိုးကျိုးကို ကူညီပေးတာက ချူရှင်းကိုကြိုက်လို့မဟုတ်သလို ချူချန်ဘေးက သူငယ်ချင်းတွေကို ကြိုက်လို့လည်း မဟုတ်ပါဘူးနော်။

(ဝမ်းနည်းပါတယ် သက်ဆိုင်တဲ့ရလဒ်ကို ရှာမတွေ့ပါ) တဲ့ဟ😂
သူတို့လင်လင်နှစ်ယောက်က သူတို့ဘာသာ အချင်းချင်း support နေကြတာပဲနော်🤭

+--++-++++--++-+-+---+++🦋

Zawgyi

႐ိုက္ကူးေရးအဖြဲ႕က တရားဝင္ေၾကညာၿပီးတာနဲ႔ ေဆြးေႏြးပြဲထဲက လူေတြက သ႐ုပ္ေဆာင္ေတြအေၾကာင္းေဆြးေႏြးကာ 《‌နတ္ဘုရားအမိန္႔ေတာ္》က သ႐ုပ္ေဆာင္ေတြနဲ႔ ႏိႈင္းယွဥ္ၾကည့္ၾက၏။

[《ခါငွက္‌ေကာင္းကင္》နဲ႔《‌နတ္ဘုရားအမိန္႔ေတာ္》မွာဘယ္႐ိုက္ကူးေရးအဖြဲ႕ကိုပိုႀကိဳက္လဲ]

ပင္မအေဆာက္အဦး :[《ခါငွက္‌ေကာင္းကင္》ရဲ႕ေခါင္းေဆာင္မင္းသားက က်ိခ်င္းက်ိဳး၊မင္းသမီးက က်ိဳး႐ွင္း၊အရံမင္းသားက ယင္းႏ်န္၊《‌နတ္ဘုရားအမိန္႔ေတာ္》ရဲ႕ေခါင္းေဆာင္မင္းသားက ေလာ့ယြီ႐ွင္း၊မင္းသမီးက တုခ်င္း၊အရံမင္းသားက ယြီဖုန္း၊ဒီအဖြဲ႕ထဲက ဘယ္တစ္ေယာက္ကို ႀကိဳက္ၾကလဲ]

မၾကာခင္ျဖတ္ေလွ်ာက္တစ္ေယာက္ကစာျပန္လာသည္ :
[TV ဇာတ္လမ္းတြဲေတြမွာ အဓိကကသ႐ုပ္ေဆာင္ပဲ။ဒါေပမယ့္ ဒီႏွစ္ဖြဲ႕လုံးကေကာင္းပါတယ္။က်ိဳး႐ွင္းနဲ႔တုခ်င္းတို႔ႏွစ္ေယာက္လုံးကနာမည္ႀကီး မင္းသမီးေတြခ်ည္းပဲ။ဒါေပမယ့္ ယင္းႏ်န္က ယြီဖုန္းထက္ ပိုနာမည္ႀကီးတာေနာ္။ယင္းႏ်န္က တကယ္ႀကီးက်ိခ်င္းက်ိဳးနဲ႔တြဲၿပီး အရံေနရာမွာ သ႐ုပ္ေဆာင္ခ်င္တာလား]

[အဲ့ယင္းႏ်န္က မသိနားလည္လိုက္တာ။ေလာ့ယြီ႐ွင္းအတြက္ အရံမင္းသားမလုပ္ပဲနဲ႔။ေျပာရရင္တစ္ခ်ိန္တည္း လူေ႐ြးပြဲလုပ္တာေတာင္ သူက က်ိခ်င္းက်ိဳးဆီကူးသြားတယ္ဆိုေတာ့။ငါနားကိုမလည္ေတာ့ဘူး]

[ငါကေတာ့《ခါငွက္‌ေကာင္းကင္》ကို ‌ေ႐ြးပါမယ္! ဘာလို႔ဆို အရမ္းကိုေခ်ာေနၾကတဲ့အဖြဲ႕မို႔ပဲ!!! 《ခါငွက္‌ေကာင္းကင္》ရဲ႕ သ႐ုပ္ေဆာင္ေတြက ေသေလာက္တယ္!]

[က်ိခ်င္းက်ိဳး + ယင္းႏ်န္က ေလာ့ယြီ႐ွင္း+ယြီဖုန္းထက္ ပိုမိုက္တယ္! က်ိဳး႐ွင္းနဲ႔ တုခ်င္းကေတာ့ တူတူပဲ။ငါ 《ခါငွက္‌ေကာင္းကင္》ကိုပဲေ႐ြးမယ္]

[《ခါငွက္‌ေကာင္းကင္》က က်ိခ်င္းက်ိဳးကို ေခါင္းေဆာင္မင္းသားေနရာထားေတာ့ အရံမင္းသားေနရာေတြကို အဆင့္ဆယ့္႐ွစ္ သ႐ုပ္ေဆာင္ေတြျဖစ္မယ္ ထင္ခဲ့ေပမယ့္ ထြက္လာေတာ့ 《‌နတ္ဘုရားအမိန္႔ေတာ္》ထက္ ပိုအံ့ဩဖို႔ေကာင္းေနတယ္။]

《ခါငွက္‌ေကာင္းကင္》ကို ႏွစ္သက္ၾကတဲ့ ေဝဖန္ခ်က္ေတြကို ေလာ့ယြီ႐ွင္းပရိတ္သတ္ေတြျမင္ေတာ့ ဆြေပးတဲ့စကားေတြေျပာေတာ့သည္။

[အတုံ႔အလွည့္ပဲဟ။အရင္ 《48နာရီၿပိဳင္ပြဲ》မွာေတာ့ ယင္းႏ်န္က က်ိခ်င္းက်ိဳးထက္ ပိုျမင့္တာကိုအခုလည္းက်ေရာ က်ိခ်င္းက်ိဳး႐ိုက္တဲ့ကားမွာ အရံမင္းသားအေနနဲ႔ ႐ိုက္ေပးမယ္ေပါ့။တကယ္အံ့ဩရသလို ဝမ္းနည္းဖို႔ေကာင္းတယ္ေနာ္]

တစ္ျခားဗ်ာမ်ားေနသူမ်ားကလည္း ေဆြးေႏြးေနၾက၏။

[ယင္းႏ်န္႐ူးသြားတာလား။တကယ္ႀကီး က်ိခ်င္းက်ိဳးအတြက္နဲ႔ အရံမင္းသားလုပ္ရဲတယ္လားဟ]

[လခြမ္း! ယင္းႏ်န္ဘာေတြေတြးေနတာလဲ]

[နာမည္ရေနတဲ့အခ်ိန္မွာ တူညီတဲ့သ႐ုပ္ေဆာင္ေတြကို တြဲေပးတာဆိုေတာ့ ယင္းႏ်န္အျပင္ ဘယ္သူပါေသးလို႔လဲ]

[ယင္းႏ်န္လုံးဝပလပ္ကြၽတ္သြားတာမဟုတ္လား။အရင္ႏွစ္ကက် ႐ိုက္ကူးေရးအမ်ားႀကီးမလုပ္ခဲ့ဘဲ ဒီႏွစ္လည္းက်ေရာ အဲ့လိုဖန္တီးပလိုက္တယ္လားဟ]

ယင္းႏ်န္ရဲ႕ ပရိတ္သတ္ေတြက ထိုပို႔စ္ေတြကိုၾကည့္၍တစ္ဖက္အဖြဲ႕ကလူေတြကို ‌ေဒါသတႀကီးဆြဲၿဖဲၾကကာ ေအဂ်င့္ေရာ ေအဂ်င္စီကို ပါ တစ္ခ်ိန္တည္း သြားဆဲၾကေလသည္။သူတို႔စိတ္ထဲမွာလည္း ေမးခြန္းေတြျဖစ္ေနမိသည္။ကုမၸဏီက အရင္ႏွစ္တည္းက ယင္းႏ်န္ကို အရင္းအႏွီးေကာင္းေကာင္းေတြမေပးခဲ့ဘူး။ဒီႏွစ္က်ျပန္လည္း ‌အရံမင္းသားအျဖစ္နဲ႔ လုပ္ခိုင္းေနၾကတယ္! ဒီကုမၸဏီကတစ္စက္မွ လူသားဆန္မေနဘူး!

ယင္းႏ်န္ရဲ႕ မန္ေနဂ်ာ က်န္းလုန္တစ္ေယာက္ ေပါက္ကြဲထြက္မတတ္ျဖစ္ေနေသာ private က စာေတြအား ယင္းႏ်န္လက္ထဲဖုန္းထိုးထည့္ၿပီးျပလိုက္ေခ်ေတာ့သည္။

“ၾကည့္ၾကည့္။မင္းဘာသာၾကည့္ၾကည့္။မင္းဒီကားမွာ သ႐ုပ္ေဆာင္လို႔မရဘူးလို႔ ငါမင္းကိုေျပာေပမယ့္ မင္းလက္မခံခဲ့ဘူး။အခုေတာ့ေကာင္းေရာ မင္းပရိတ္သတ္ေတြ ေပါက္ကြဲေနၾကၿပီ”

“အမ္း” ယင္းႏ်န္က တည္ၿငိမ္စြာျပန္ေျပာလာေလသည္။

“မင္းရဲ႕အျပဳအမူကဘာလဲကြ” က်န္းလုန္က ေဒါသတႀကီးေျပာလာ၏။

ယင္းႏ်န္ သူ႕ကိုၾကည့္ကာ-
“စာခ်ဳပ္ခ်ဳပ္ၿပီးၿပီကို ဘာေတြေျပာျပရဦးမွာလဲ”

“ယင္းႏ်န္ မင္းစာခ်ဳပ္ဖ်က္ခ်င္ေနတာကို ငါသိပါတယ္။မင္းကိုစာခ်ဳပ္ဖ်က္ခြင့္မေပးဘူးလို႔လည္းကုမၸဏီကမေျပာဘူး။စာခ်ဳပ္သက္တမ္းကုန္သြားတဲ့အထိ ၿငိမ္ၿငိမ္ေလးေနေပး႐ုံပဲကို ဘာလို႔ အခုလိုေတြလုပ္ေနတာလဲကြ!”

“ကြၽန္ေတာ္ဇာတ္ၫႊန္းဖတ္ခ်င္လို႔ အျပင္ထြက္ေပးပါ”

“ယင္းႏ်န္...မင္း....”

“ကြၽန္ေတာ္ေျပာေနတာမၾကားဘူးလား။မနက္ျဖန္႐ိုက္ကူးေရး႐ွိတာမို႔ လာမေႏွာင့္ယွက္ပါနဲ႔”

က်န္းလုန္က ေျပာစရာမဲ့စြာယင္းႏ်န္ထံ ေဝ့ၾကည့္လာသည္။

“ထန္ေ႐ွာက္ မင္းကို႐ွာေနတယ္။ဖုန္းေျဖလိုက္ဦး”

“သိၿပီ”

“ဖုန္းေျဖလိုက္ေနာ္ ဟုတ္ၿပီလား”

ယင္းႏ်န္ ရယ္လိုက္၏။

“ဒါေပါ့ဗ်ာ”

သူအဲ့လို ေျပာလိုက္မွ က်န္းလုန္တစ္ေယာက္အျပင္ထြက္သြားေလသည္။
ယင္းႏ်န္ကေတာ့ တံခါးပိတ္သံၾကားတာနဲ႔ဇာတ္ၫႊန္းကို ျမန္ျမန္ေကာက္ကိုင္လိုက္သည္။ေသခ်ာသည္ကေတာ့ သူဖုန္းမေျဖလိုက္ေပ။သူ႕ဖုန္းကို စားပြဲေပၚခ်ထားၿပီး ေအးေအးေဆးေဆးေလးဇာတ္ၫႊန္းထိုင္ဖတ္ေနေတာ့သည္။

တစ္ၿပိဳင္နက္တည္း ယင္းႏ်န္ ပရိတ္သတ္အဖြဲ႕မွ သက္တမ္းရင့္ပရိတ္သတ္ေတြက သတင္းထုတ္လာသည္။

[ေဒါသမထြက္ၾကပါနဲ႔...‌ငါတို႔ေကာေကာ ဒီကားမွာပါတာက သူ႕အေၾကာင္းနဲ႔သူ႐ွိပါလိမ့္မယ္။ငါတို႔ေကာေကာက ေအဂ်င္စီနဲ႔ စာခ်ဳပ္ဖ်က္ေတာ့မယ္လို႔လည္း ေျပာေနတယ္ေလ]

[ဘာကိစၥဒီကားမွာပါရတာလဲ]

[ဒါကေတာ့ က်ိခ်င္းက်ိဳးက ႐ွီးယြီကုမၸဏီက အႏုပညာ႐ွင္တစ္ေယာက္ေလ။ဒီႏွစ္အတြင္းသူေက်ာ္ၾကားမႈ ႐ွဴေထာင့္ကေနၾကည့္ရမယ္ဆိုရင္ ႐ွီးယြီက သူ႕ကို သိသိသာသာအားေပးေနတာပဲ။ဒါ့ျပင္《‌နတ္ဘုရားအမိန္႔ေတာ္》ၿပီးေတာ့ 《ခါငွက္‌ေကာင္းကင္》...ဒီေလာက္ႀကီးတဲ့ IPႀကီးေတြမွာ ေခါင္းေဆာင္မင္းသားလုပ္ဖို႔ သူဘယ္လိုျဖစ္ႏိုင္ဦးမွာလဲ။သူ အရံမင္းသားလုပ္မယ္ဆိုတာအျပင္မွာေတာ့ ႏွိမ့္ခ်ထားတယ္ထင္ရေပမယ့္ တကယ့္တကယ္က် က်ိခ်င္းက်ိဳးကို သုံးၿပီး ႐ွီးယြီထဲဝင္ခ်င္ေနတာ။]

[ႏွစ္တိုင္းဆုေတြရထားတဲ့ေက်ာ္ၾကားေနတဲ့လူက ႐ွီးယြီကို ဝင္ဖို႔ က်ိခ်င္းက်ိဳးေပၚ အားထားဖို႔လိုေသးတယ္လား]

[မလိုပါဘူး။ဒါေပမယ့္ ႐ွီးယြီမွာက အႏုပညာ႐ွင္ေတြအမ်ားႀကီး႐ွိတယ္ေလ။ဒါေပမယ့္ မန္ေနဂ်ာကက် နည္းနည္းပဲ႐ွိတာ။ငါ့ေကာေကာလည္း မန္ေနဂ်ာေကာင္းေကာင္းရဖို႔လိုတာေပါ့]

[က်ိဳးခ်န္ဖုန္းမွာ က်ိခ်င္းက်ိဳးအျပင္လ်န္က်င္း႐ွင္ပါ႐ွိေနေတာ့ တစ္ျခားသူကို ထပ္မယူႏိုင္ေလာက္ဘူးေနာ္]

[ဒါေပမယ့္ အဆင့္တူတဲ့မန္ေနဂ်ာတစ္ေယာက္ရေအာင္ေတာ့ ငါတို႔ေကာေကာကို သူကူညီေပးႏိုင္မွာပါ။ဘာျဖစ္ျဖစ္ပါ ေကာေကာ ဒီလမ္းကို ေလွ်ာက္ဖို႔ေ႐ြးလိုက္မွေတာ့...ၿပီးေတာ့ ေကာေကာကလုပ္သက္မ႐ွိတဲ့လူမ်ိဳးလည္း မဟုတ္ဘူးေလ။ငါေကာေကာကို ယုံတယ္]

ထိုမွသာပရိတ္သတ္အဖြဲ႕ထဲ တိတ္ဆိတ္သြားေလသည္။

[အဲ့ဒါေၾကာင့္မို႔ အရင္ဆုံးမက်ဆုံးေနၾကနဲ႔ဦး။က်ိခ်င္းက်ိဳးရဲ႕ မိသားစုေတြနဲ႔လည္း ရန္သြားမျဖစ္နဲ႔။သူတို႔ဘက္က အရင္ရန္စလာတာဆိုရင္ ငါတို႔ျပန္တိုက္လို႔ရတယ္။ဒါေပမယ့္သူတို႔ဘက္က ရန္မစလာရင္ ငါတို႔လည္း ဘာမွလုပ္စရာမလိုဘူး။ငါတို႔ေကာေကာက ႐ွီးယြီကို တကယ္သြားခ်င္တာဆို အခုလုပ္ေနတာေတြက အက်ိဳးမ႐ွိျဖစ္သြားလိမ့္မယ္ေနာ္]

လူတိုင္းကလည္း အရင္ဆုံးေစာင့္ၾကည့္ၾကဖို႔ ဆုံးျဖတ္လိုက္ၾကေတာ့သည္။

ထို႔ျပင္က်ိခ်င္းက်ိဳး ပရိတ္သတ္ေတြကလည္း အဖြဲ႕ထဲမွာ အခ်င္းခ်င္းသတိေပးၾက၏။

[ယင္းႏ်န္ရဲ႕မိသားစုေတြနဲ႔ရန္မျဖစ္ၾကနဲ႔ေနာ္။ဒီအေျခအေနေၾကာင့္ ငါတို႔မိသားစုႏွစ္ခုကို ရန္စခ်င္ေနတဲ့လူေတြ႐ွိရမယ္။ယင္းႏ်န္ပရိတ္သတ္ေတြကို ရန္သြားမစမိေစဖို႔ အားလုံးသတိရၾကပါေနာ္။သူတို႔ကို အာ႐ုံစိုက္မေနပါနဲ႔။ၿပီးေတာ့ တစ္ျခားသူေတြရဲ႕ လွည့္စားမႈေတြထဲ မက်သြားပါေစနဲ႔]

[စိတ္မပူပါနဲ႔ ယင္းႏ်န္မိသားစုေတြ က်ိခ်င္းက်ိဳးကို လာရန္မစခ်င္းငါတို႔ဘက္ကလည္း လုံးဝလႈပ္မွာ မဟုတ္ဘူး။တရားဝင္ေၾကညာခ်က္ထြက္လာတာနဲ႔ ဘယ္သူကမ်ားရန္ျဖစ္ခ်ိန္႐ွိၾကပါ့မလဲ]

[အမွန္ပဲ။ငါအစကေတြးထားတာ က်ိဳးက်ိဳးရဲ႕အေနအထားနဲ႔ဆို အရံမင္းသားေနရာကို အဆင့္သုံးအဆင့္ေလးသ႐ုပ္ေဆာင္ေတြပဲ ျဖစ္ႏိုင္မယ္လို႔ေလ။မထင္ထားတာက ငါတို႔ က်ိဳးက်ိဳးထက္ နာမည္ပိုႀကီးတဲ့လူျဖစ္ေနတာကိုပဲ အိုမို(မ်က္ႏွာအုပ္လ်က္)]

[ဟားဟားဟား ဒါက《‌နတ္ဘုရားအမိန္႔ေတာ္》ကို ဖိႏွိပ္ဖို႔ အေရးႀကီးဆုံးအခ်က္ေလးပဲ။ေလာ့ယြီ႐ွင္းပရိတ္သတ္ေတြ စိတ္တိုေအာင္လုပ္ရမယ္ကြ ဟားဟားဟား]

က်ိခ်င္းက်ိဳး ပရိတ္သတ္ေတြအကုန္ ေပ်ာ္႐ႊင္ျမဴးတူးေနၾကခ်ိန္မွာပဲ 《ခ်စ္သူ႕ကဗ်ာမ်ားမွျမတ္ႏိုးေသာစာမ်က္ႏွာ》ရဲ႕ ႐ုပ္႐ွင္နမူနာက 《ခါငွက္‌ေကာင္းကင္》ထက္ အရင္ထြက္လာၿပီး က်ိခ်င္းက်ိဳးရဲ႕ေက်ာ္ၾကားမႈက ထူးခြၽန္ေျပာက္ေျမာက္တဲ့ ၾကယ္ပြင့္အဆင့္ပင္။

နမူနာအပိုင္းေလးကို ၾကည့္ၿပီးေနာက္ က်ိခ်င္းက်ိဳး ပရိတ္သတ္ေတြရဲ႕ ‘အားးးးးးးးးးးး”ေတြက တန္းဆီသြားၿပီး ေဆြးေႏြးၾကဖို႔ မေစာင့္ႏိုင္ေတာ့ေပ။

[အားးးးးးးးးးးးးးး ေသၿပီ!ေသၿပီ! 《ခ်စ္သူ႕ကဗ်ာမ်ားမွျမတ္ႏိုးေသာစာမ်က္ႏွာ》က ေသာက္ရမ္းေကာင္းတာပဲ!!!]

က်ိခ်င္းက်ိဳးရဲ႕ပရိတ္သတ္ေတြက တရားဝင္ေၾကညာခ်က္ေအာက္မွာ commentေတြ likeေတြေပးေနၾကခ်ိန္ သူတို႔ idolႀကီး က်ိခ်င္းက်ိဳးကလည္း သူတို႔လိုဖုန္းႀကီးကိုင္ၿပီး သူ႕ရဲ႕ idol နာမည္အား commentထဲမွာ ႐ွာေဖြေရးဆင္းေနေလသည္။က်ိခ်င္းက်ိဳးပရိတ္သတ္ေတြက မိုးေပၚပ်ံမတတ္ေပ်ာ္႐ႊင္ေနၾကၿပီး တစ္စကၠန္႔အတြင္း ရာခ်ီတဲ့ commentေတြ ဒါဇင္လိုက္ မန္႔ ေနၾကခ်ိန္ မတူျခားနားစြာျဖင့္ သူ႕ပရိတ္သတ္ေတြရဲ႕ commentေတြက ျမန္လြန္းသျဖင့္ ခ်ဴခ်န္အတြက္ ေရးေပးေနတဲ့ သူ႕commentေတြကို ဖုံးလႊမ္းသြားလို႔ ဝမ္းနည္းေနတဲ့ေကာင္ေလးလည္း႐ွိခဲ့ေလသည္။

“ငါ ခ်ဴခ်န္အတြက္ ေရတပ္ဝယ္ေပးသင့္တယ္ထင္လား”

က်ိခ်င္းက်ိဳး ေ႐ွာင္ခ်န္းကို ေမးလိုက္သည္။

“မဟုတ္ရင္ သူ႕နာမည္ကို comment ထဲမွာျမင္ရမွာမဟုတ္ဘူး”

ေ႐ွာင္ခ်န္းတစ္ေယာက္ comment ထဲ အျပန္ျပန္အလွန္လွန္ အႀကိမ္ႀကိမ္ၾကည့္ေနေပမယ့္ [ခ်င္းက်ိဳးေကာႀကိဳးစားထား!]ဆိုတဲ့ commentေတြက လြဲၿပီး ခ်ဴခ်န္နာမည္တစ္စြန္းတစ္စေတာင္ ႐ွာမေတြ႕သျဖင့္ ႏွစ္သိမ့္ေပး႐ုံပဲ တတ္ႏိုင္ေတာ့သည္။

“ဇာတ္ကားလႊင့္ၿပီးတဲ့အထိ ေစာင့္ပါဦး။ဇာတ္ကားလႊင့္ၿပီးတာနဲ႔ ခ်ဴေ႐ွာက္မွာ ပရိတ္သတ္ေတြ႐ွိလာမွာပါ။ကြၽန္ေတာ္တို႔ အခုေရတပ္ဝယ္ေပးဖို႔ မလိုေသးပါဘူး”

က်ိခ်င္းက်ိဴလည္း ေ႐ြးခ်ယ္စရာမ႐ွိစြာျဖင့္ လုံ႔လဝီရိယ႐ွိ႐ွိနဲ႔ ပို႔စ္ေတြ ထပ္ခါထပ္ခါ တင္ေနလိုက္ေတာ့သည္ :

[ခ်ဴခ်န္ေကာေကာက အရမ္းေခ်ာ!!!!!အရမ္းမိုက္!!! ေကာေကာရဲ႕ထူးျခားေျပာင္ေျမာက္မဲ့ သ႐ုပ္ေဆာင္စြမ္းရည္ေတြကိုလည္း ေစာင့္ေမွ်ာ္ေနပါၿပီ!!!!]

ပို႔စ္တင္ၿပီးတာနဲ႔ သူ႕ကိုယ္သူ ေပ်ာ္႐ႊင္စြာ ခ်ီးက်ဴးေနမိေသာ္ျငားတစ္စကၠန္႔ေလာက္ၾကာတာနဲ႔ သူ႕ပို႔စ္က ထပ္ေပ်ာက္သြားျပန္သည္။

က်ိခ်င္းက်ိဳး : ..........ကိုယ့္ 'idol'ကိုယ္ ေၾကာ္ျငာေပးရတာ အရမ္းခက္တာပဲ။အထူးသျဖင့္ ကိုယ့္'idol'မွာ ကိုယ္ဆိုတဲ့ ပရိတ္သတ္ေလးတစ္ေယာက္တည္း႐ွိေနတဲ့အခ်ိန္မွာေပါ့။အရမ္းဝမ္းနည္းရတာပဲ.....

အေ႐ွ႕ျခမ္းမွာ မထြန္းလင္းေပမယ့္ အေနာက္ျခမ္းမွာထြန္းလင္း၏။Weiboေပၚက အခါးေတြလိုမဟုတ္ဘဲ ခ်ဴခ်န္ရဲ႕မ်က္ႏွာအသြင္အျပင္ေၾကာင့္ မၾကာခင္ပင္  ေဆြးေႏြးပြဲထဲ ေလးျပင္းျပင္းတိုက္ခတ္သြားေလသည္။ျဖတ္ေလွ်ာက္ေတြအမ်ားႀကီး သူ႕ကို ေထာက္ျပသြားၾကရာ က်ိခ်င္းက်ိဳး ပရိတ္သတ္ေတြလည္း မေနႏိုင္စြာ သြားၾကည့္ၾကမိၿပီးေနာက္ သက္ျပင္းခ်မိသြားၾကသည္ ။

[ေသစမ္း! ကြၽမ္း႐ွန္းယန္ေနရာက ဘယ္သူသ႐ုပ္ေဆာင္တာလဲဟင္။အရမ္းေခ်ာတာပဲ]

[အားးးးးးးး ငါ့ကြၽမ္း႐ွန္းယန္ေလးအသက္ဝင္လာတာျဖစ္ရမယ္။သူက ငါ့ႏွလုံးသားထဲက ကြၽမ္း႐ွန္းယန္ေလးပဲ]

[ငါ့ရဲ႕ ဆယ္ေက်ာ္သက္ႏွလုံးသားေလးေတာ့ ေသပါၿပီ။ဒီဇာတ္ကားရဲ႕ အလွေလးေတြက ပိုးဆိုးပက္စက္ျမင့္ခ်က္ပဲ]

[က်ိခ်င္းက်ိဳးသ႐ုပ္ေဆာင္တဲ့ဇာတ္ကားေတြအကုန္လုံး ေသာက္ေခ်ာႀကီးေတြပဲပါေနတာေတြ႕ေနရတယ္။ဒီဇာတ္ကားေရာ 《ခါငွက္‌ေကာင္းကင္》ေရာ အတူတူပဲ]

[အေပၚထပ္ကအမေရ 《 ေၾကကြဲဖြယ္အလင္းတစ္စ》က်န္ေသးတယ္ေနာ္။က်င္း႐ွင္က ေခါင္းေဆာင္မင္းသားေနာ္။ေသလိုက္ပါေတာ့ဟယ္ ။ သူ႕မ်က္ႏွာေလးကလည္းေပါက္ကြဲခ်င္စရာေလးပဲ]

[ဟားဟားဟားက်ိခ်င္းက်ိဳးရဲ႕ယုံၾကည္ခ်က္႐ွိမႈကေတာ့ အေတာ္ေလးျမင့္ခ်က္ ။သူတို႔နဲ႔ သ႐ုပ္ေဆာင္ရမွာ မေၾကာက္ဘူးေနာ္]

[ဘာလို႔ဆို က်ိဳးက်ိဳးက အရမ္းေခ်ာေမာေနတာမို႔ေလေနာ္]

[ငါ ညိႇဳးႏြမ္းသြားၿပီကြယ္။ကြၽမ္း႐ွန္းယန္ေနရာက ေကာေကာဆီမွာဘာလို႔ Weiboအေကာင့္မ႐ွိရတာလဲ။ေကာေကာက Weibo မသုံးဘူးလားမသိဘူးေနာ္]

က်ိခ်င္းက်ိဳးလည္း ခ်ဴခ်န္နဲ႔ ထိုကိစၥေဆြးေႏြးေနတာျဖစ္သည္။

“ခင္ဗ်ား Weibo အေကာင့္ဖြင့္မွရမယ္ေနာ္။မဟုတ္ရင္ ကြၽန္ေတာ္လည္းမကူႏိုင္ေတာ့ဘူး”

“ထားလိုက္ပါ။ကိုယ္‌စာေရးတဲ့ အေကာင့္ေတာင္ passwordေမ့ခ်င္ခ်င္ျဖစ္ေနတာမင္းလည္းသိတာပဲကို မဖြင့္ေတာ့ပါဘူးကြာ။ဘာပဲျဖစ္ျဖစ္ ကိုယ့္အလုပ္အကိုင္ကို သ႐ုပ္ေဆာင္ေျပာင္းဖို႔အစီအစဥ္လည္း ႐ွိမေနဘူးေလ”

“ဒါဆို ခ်ဴေ႐ွာက္အတြက္ ကြၽန္ေတာ္ ဖြင့္ေပးမယ္ေလ။အဲ့အေကာင့္ကို ကြၽန္ေတာ္ ကူညီၿပီး ပို႔စ္တင္တာဘာညာလုပ္ေပးမွာေပါ့”
ေ႐ွာင္ခ်န္းက အၾကံျပဳလာသည္။

“ေကာင္းသားပဲ...ဒါေပမယ့္ အားခ်န္...ခင္ဗ်ားလည္း log in ဝင္ဖို႔ လိုေသးတယ္ေလေနာ္။တစ္ခုတစ္ေလေတာ့ တင္ေပးရမွာေပါ့”

“ဘာလို႔ ကိုယ္က log in ဝင္ရမွာလဲ ? ဟြန္” ခ်ဴခ်န္ကနားမလည္ႏိုင္ျဖစ္ေနသည္။

က်ိခ်င္းက်ိဳး သူ႕ကိုၾကည့္လိုက္ကာ အက်ိဳးအေၾကာင္း႐ွိ႐ွိေျပာလိုက္ေလသည္။

“ကြၽန္ေတာ္က ခင္ဗ်ားကို follow ခ်င္တာေလ ။ေ႐ွာင္ခ်န္းတင္ထားတဲ့ ပို႔စ္ေတြမဟုတ္ဘဲခင္ဗ်ားတင္ေပးမဲ့ ပို႔စ္ေလးေတြ ၾကည့္ခ်င္တာေလေနာ္ ေနာ္”

ေ႐ွာင္ခ်န္း : “......အဲ့ဒါ.....ကြၽန္ေတာ့္မွာလုပ္စရာ႐ွိေသးလို႔ ခြင့္ျပဳၾကပါဦးေနာ္”

ဒီဟာေလးက တကယ္ကို ထိန္းထိန္းသိမ္းသိမ္း႐ွိမေနဘူး။ၾကည့္ဦး။ေ႐ွာင္ခ်န္းေတာင္ လန္႔ေျပးၿပီ။

“ကိုယ့္သူငယ္ခ်င္းေတြကို follow လိုက္ရင္ ကိုယ့္ကို followသလိုပါပဲ”

“အဲ့ဒါက မတူဘူးေလဗ်ာ” က်ိခ်င္းက်ိဳးကျပန္ခံပက္လာသည္။

“တကယ္မဖြင့္ေတာ့ဘူးလားခင္ဗ်ား”

“ကိုယ္ မဖြင့္ခ်င္ဘူးလို႔”

က်ိခ်င္းက်ိဳးတစ္ေယာက္ သူ႕ေမးေစ့ကို ဆုပ္ကိုင္လိုက္ၿပီး :

“ေကာင္းၿပီေလ...ဒါဆိုလည္း ဖြင့္မေနနဲ႔ေတာ့။ေနာက္ပိုင္း ကြၽန္ေတာ့္ Weiboမွာ ခင္ဗ်ားလိုလူကို ႐ွာမေတြ႕ေတာ့မွ မႀကိဳက္သလိုလာမလုပ္နဲ႔ေနာ္။ဒီေန႔ ပရိတ္သတ္ေတြက ကြၽန္ေတာ့္အခ်စ္စစ္ကို စီနီယာေကာလို႔ ထင္ေနၾကခ်ိန္ မနက္ျဖန္က် ကြၽန္ေတာ့္အခ်စ္စစ္ကို ယင္းႏ်န္ေကာလို႔ ထင္သြားမွာပဲ။ေနာက္ေန႔ေနာက္ေန႔ေတြက်ျပန္လည္း ကြၽန္ေတာ္တကယ္ခ်စ္တဲ့ တစ္ျခားတစ္ေယာက္႐ွိေနဦးမယ္လို႔ ထင္သြားၾကမွာပဲ။ဒါေပမယ့္ အဲ့လိုလူေတြထဲမွာေတာ့ ခင္ဗ်ားပါလာမွာမဟုတ္ဘူး။”

ခ်ဴခ်န္ : ........

ခ်ဴခ်န္က ႏွာေခါင္း႐ႈံ႕လိုက္ကာ -

“ကိုယ္က အဲ့လိုလူမ်ိဳးျဖစ္စရာလား ”

“ေသခ်ာေပါက္ မျဖစ္ဘူးေပါ့ဗ်ာ။ဒါေပမယ့္ ပရိတ္သတ္ဆိုတာ သူတို႔ျမင္ႏိုင္ေတြ႕ႏိုင္တာကိုပဲ အားထားၾကရတာေလ။ခင္ဗ်ားနဲ႔ကြၽန္ေတာ့္ၾကားမွာ ဘာပတ္သက္ဆက္ႏြယ္မႈမွ လုံးလုံး႐ွိမေနဘူး။ဘာမွပဲေနာ္။အဲ့ေတာ့ သူတို႔မ်က္လုံးထဲမွာ ကြၽန္ေတာ္က ေက်ာ္ၾကားတဲ့ေကာင္ေလး က်ိခ်င္းက်ိဳး။ခင္ဗ်ားကေရာ? ခင္ဗ်ားကေတာ့ လူ႐ိုးေလးခ်ဴခ်န္။ဒီေလာက္ပဲ။ကြာျခားခ်က္ကအႀကီးႀကီးေနာ္”

ခ်ဴခ်န္ : ...............

က်ိခ်င္းက်ိဳး ဖုန္းဆြဲထုတ္လိုက္ၿပီး Weiboထဲဝင္လိုက္သည္။ 

“မင္းဘာလုပ္မလို႔လဲ” ခ်ဴခ်န္ကေမးလာသည္။

“ယင္းႏ်န္ေလးနဲ႔ အျပန္အလွန္အက်ိဳးျပဳေပးမလို႔”

ခ်ဴခ်န္ : “.........မင္း ဒါကို စိတ္ဝင္စားဖို႔ေကာင္းတယ္ထင္ေနသလား”

က်ိခ်င္းက်ိဳးကေတာ့ Weibo မွာ ပို႔စ္တင္ေနရင္းပဲ စကားျပန္လိုက္သည္။

“အထူးတလည္ စိတ္ဝင္စားဖို႔ေတာ့ မေကာင္းပါဘူး ။တကယ္။ဒါေၾကာင့္ ခင္ဗ်ား Weibo အေကာင့္ မဖြင့္ရဘူးေနာ္”

သူကစကားဆုံးတာနဲ႔ Weiboမွာပို႔စ္တင္လိုက္သည္။

ခဏအၾကာ ယင္းႏ်န္က သူ႕ပို႔စ္ကို ျပန္တင္ေပးလာၿပီး comment ပါဝင္ေရးလာသျဖင့္ ႏွစ္ဖက္ပရိတ္သတ္ေတြ စာတင္ကာအ႐ူးအမူးကို ျဖစ္သြားၾကေတာ့သည္။

က်ိခ်င္းက်ိဳးတစ္ေယာက္ Weibo hot searchကို ဝင္ၾကည့္လိုက္ခ်ိန္ ကြက္တိကို သူနဲ႔ယင္းႏ်န္တို႔ cp ေခါင္းစဥ္ေတြေတြ႕လိုက္ရ၏။သူ႕ဖုန္းအား ခ်ဴခ်န္လက္ထဲ ထိုးထည့္ေပးလိုက္သည္။

ခ်ဴခ်န္ကေတာ့ သူ႕ကို မ်က္လုံးပင့္ၾကည့္လာ၏။

[#အတည္အတည္ေဟ့ #အမွန္ပဲ!!!! အခုပဲ ေကာေကာႏွစ္ေယာက္ ထပ္ၿပီးပူးေပါင္းေနၾကတာမ်ားးး!!]

[ႏ်န္ႏ်န္က က်ိဳးက်ိဳးအတြက္ အရံမင္းသားေနရာမွာ သ႐ုပ္ေဆာင္မယ္လို႔ ေျပာတည္းက ဒီအတြဲေၾကာင့္ ငါဟတ္ထိသြားခဲ့တာ။ႏ်န္ႏ်န္က တစ္ျခားသူေတြအတြက္ ဘယ္တုန္းကမွ အရံမင္းသားမလုပ္ဖူးဘူးေနာ္! ဒါအခ်စ္မဟုတ္ပဲေနမလားဟ!]

[ဘယ္ေလာက္လွပတဲ့ ခ်စ္ျခင္းေလးလည္းဟယ္။ႏ်န္ႏ်န္နဲ႔က်ိဳးက်ိဳးတို႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနသြားရမယ္ေနာ္!]

ခ်ဴခ်န္ : ......သူတို႔ကဘာလို႔ ‘အမွန္’ လို႔ပဲ ေျပာေနၾကတာတုန္း!
ႏ်န္က်ိဳး! ႏ်န္က်ိဳးကအစစ္လို႔ ထင္ေနၾကတယ္လား! အတုကြ! အတု! အတု!

က်ိခ်င္းက်ိဳးတစ္ေယာက္ သူနဲ႔ခ်ဴခ်န္တို႔ရဲ႕ cp ေတြ ႐ိုက္႐ွာၾကည့္လိုက္ေသာ္ျငား ဖုန္းေပၚမွာ ျပေနတာကေတာ့ -

[ဝမ္းနည္းပါတယ္ သက္ဆိုင္တဲ့ရလဒ္ကို ႐ွာမေတြ႕ပါ] တဲ့ ....

က်ိခ်င္းက်ိဳးက ေခါင္းေလးတစ္ယမ္းယမ္းျဖင့္ ခ်ဴခ်န္ျမင္ေအာင္ ဖုန္းမ်က္ႏွာျပင္ကို ျပလိုက္သည္။

ခ်ဴခ်န္ : ............

ခ်ဴခ်န္ : “ကိုယ့္ဖုန္းဘယ္မွာလဲ”

++-+++-+++++++-----+++---🦋

စာေရးသူမွာ ေျပာစရာ႐ွိပါတယ္ :

က်ိဳးက်ိဳး : ကိုယ့္ပါးပါးအေၾကာင္း ေကာင္းေကာင္းသိတာေပါ့ဗ်ာ~

ခ်ဴခ်န္ : မင္းတို႔ေကာင္ေတြ ဘာေျပာေတာ့မလဲငါသိေနတယ္ေနာ္။ငါအရင္ေျပာမယ္-မင္းတို႔ အနံ႔ခံအရမ္းေကာင္းၾကတာပဲေရာ္!

ခ်ဴခ်န္ တစ္ေယာက္— သူ႕ရဲ႕ အနံ႔စစ္ေလးအားထုတ္ျပလိုက္ခ်ိန္ လူတိုင္း ဆြံ႕အသြားၾကေလေတာ့သည္။

ယင္းႏ်န္ က်ိဳးက်ိဳးကို ကူညီေပးတာက ခ်ဴ႐ွင္းကိုႀကိဳက္လို႔မဟုတ္သလို ခ်ဴခ်န္ေဘးက သူငယ္ခ်င္းေတြကို ႀကိဳက္လို႔လည္း မဟုတ္ပါဘူးေနာ္။

(ဝမ္းနည္းပါတယ္ သက္ဆိုင္တဲ့ရလဒ္ကို ႐ွာမေတြ႕ပါ) တဲ့ဟ😂
သူတို႔လင္လင္ႏွစ္ေယာက္က သူတို႔ဘာသာ အခ်င္းခ်င္း support ေနၾကတာပဲေနာ္🤭

+--++-++++--++-+-+---+++🦋

Continue Reading

You'll Also Like

1.3M 44.2K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
3.5M 217K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
259K 6.9K 72
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
2M 161K 47
"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "က်ဳပ္နာမည္ ေတာ္ဝင္ေယာက္်ား...