NERVEUX WINE
By ThetHmue3
178K 26.6K 7.8K
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..." More
🔥Intro🔥
🔥2🔥
?3?
🔥4🔥(Part1)
🔥4🔥(Part2)
🔥5🔥
🔥6🔥
🔥7🔥
🔥8🔥
🔥9🔥(Part1)
🔥9🔥(Part2)
🔥10🔥
🔥11🔥(Part1)
🔥11🔥(Part2)
🔥12🔥
🔥13🔥(Part1)
🔥13🔥(Part2)
🔥14🔥
🔥15🔥
🔥16🔥
?Part1?
13.9K 2.1K 859
By ThetHmue3
2023 January........။
"Jungkookအနေနဲ့ ဒီကောလဟာလတွေအတွက်
ပရိသတ်ကိုဘာများပြောချင်လဲမသိဘူးရှင်..."
"အနုပညာရှင်ရယ်လို့ဖြစ်လာရင်တော့
ဒီလိုအခြေအနေမျိုးတွေကအများစုရင်ဆိုင်ရတာပဲ
ကျွန်တော့်အနေနဲ့ဘာမှပြောစရာမရှိပါဘူး..."
"မကြာသေးခင်က ပြောပြခဲ့တဲ့Relationship
နဲ့ပတ်သတ်ပြီး အခြေအနေလေးကိုရော
ပြောပြလို့ရမလားရှင်..."
"အေးဆေးပါပဲ
အခြေအမြစ်မရှိတဲ့ Internetစာမျက်နှာပေါ်က
ဝေဖန်ခြင်းမှန်သမျှကိုတော့တစ်ခုချင်းလိုက်
တော့မဖြေနိုင်ပါဘူး..."
Camera မီးရောင်တွေသည်လိုတာထက်ပိုပြီး
လက်ရှိတောင်ကိုရီးယားရဲ့အအောင်မြင်ဆုံး
ဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်အပေါ်
လွှမ်းမိုးထားကြသည်။မင်းသားသည်ဒီညမှာ
လိုတာထက်ပိုခမ်းနားကြီးကျယ်နေကာတစ်ကိုယ်လုံး
အနက်ရောင်တွေမှိုင်းပြနေလျှက်။
ရုပ်ရှင်မင်းသားပီပီ အပြုံးတချို့ဖြင့်
မေးသမျှကိုစိတ်ရှည်လက်ရှည်ဖြေနေသော်
လည်းတစ်ချက်တစ်ချက်စူးရှသွားသော
မျက်ဝန်းတွေဟာဘေးကမန်နေဂျာဖြစ်သူ၏
လက်တွေရော ဒူးတွေရောကိုတုန်ရီလာစေသည်။
"ဒီသတင်းတွေကြောင့်ဇာတ်လမ်းတွဲတွေ
စာချူပ်ဖျက်တာမျိုး တခြားထိခိုက်နစ်နာ
သွားမှုတွေအပေါ်ရော မင်းသားအနေနဲ့ဘာပြောချင်လဲ"
မေးခွန်းသည်အချိုးမပြေလိုက်လေချင်း။
လောက၏အချိူးမပြေခြင်းတွေအားလုံး
သည်တစ်စုံတယောက်ဆီမှာပဲအပြည့်အဝရှိလိမ့်
မည်ဟုတွေးထင်ခဲ့တာ အကြွင်းအကျန်ရှိပါသေးလား။
"ရုပ်ရှင်မင်းသားတစ်ယောက်
ရုပ်ရှင်မရိုက်ရတော့ ဝမ်းနည်းရတာပေါ့ဗျာ
တကယ့်ရိုးရိုးရှင်းရှင်းကိစ္စပဲကို
ဒါပေမယ့် ကျွန်တော့်အနေနဲ့ကျွန်တော့်ကိုယ်ပိုင်
Entertainment ရှိတော့သိပ်တော့မသက်ရောက်
လှပါဘူး ဒုက္ခရောက်နေပြီလို့ဖြေချင်တာ
ခက်တာက ပိုနာမည်ကြီးလာနေတယ်
ဘယ်လိုလုပ်ရမလဲ...."
နှုတ်ခမ်းတွေကိုလက်ဖြင့်အုပ်ကာ
စစနောက်နောက်ရယ်မောဖြေတော့
မေးသည့်သူများသည်ယောင်ယမ်းလိုက်ရယ်ပေး
နေရသည်။သူရယ်တာကိုလိုက်မရယ်ဘဲ
ဘယ်သူမနေရဲ။စိတ်ထဲကလုံးဝမပါကြသော်ငြား
JeonJungkook ဖြစ်နေလို့ကိုရယ်ပေးရသည်။
စိတ်ညိုသွားရင် မီးတောက်လေ။
"အောင်မြင်မှုတွေအများကြီးထိခိုက်သွားတဲ့
အပေါ်ရော ......"
"Celebrity တိုင်းလိုလိုရင်ဆိုင်ရတဲ့
အခြေအနေတစ်ခုမှာJeonJungkook
ဖြစ်လို့အောင်မြင်မှုအထိကိုသက်ရောက်ကုန်တာ
လားမသိဘူး ကျွန်တော်တော့ ဘာတစ်ခုမှ
ခုထိမထိခိုက်ဘူးထင်ပါရဲ့ခုLiveကိုကြည့်
နေတဲ့ ပရိသတ်Million ချီကအသက်လေ
နော်......"
တိုက်ရိုက်Liveနေတာကိုသူသိရက်နဲ့
ဘာလို့ကန့်လန့်တွေချည်းဖြေနေရတာလည်း
ဆိုရင်လည်းJeonJungkook ဖြစ်နေလို့ပဲ။
"ဟုတ်ကဲ့ ခုလိုဖြေကြားပေးတာ
ကျေးဇူးတင်ပါတယ်ရှင်..."
"ဖြေလို့ကောင်းလွန်းတဲ့မေးခွန်းလေး
တွေမေးပေးတာလည်း ကျေးဇူးပါဗျာ..."
ပြောပြီးပြီးချင်း Cameraတွေ ရှေ့ကချက်ချင်း
ထွက်ခွါတော့ မန်နေဂျာဖြစ်သူသည်
အနက်ရောင်Coatအရှည်တစ်ထည်ကိုလွှမ်းခြုံ
ပေးကာသူ့ခြေလှမ်းတွေကိုမှီအောင်လိုက်လှမ်း
ပေမယ့်မလွယ်ကူခဲ့။
"အဲ့မီဒီယာတွေအားလုံးကိုမှတ်ထားပေး
ပြဿနာတက်လို့ကြောက်လို့ရှောင်ပြေးနေတယ်
ထင်မှာစိုးလို့ တစ်နိုင်ငံလုံးဖိတ်သမျှပွဲအကုန်
ပတ်တက်နေတာကို လွှတ်မထားနိုင်ကြဘူး
လူကိုငြိုငြင်အောင်သိပ်လုပ်ကြတာပဲ...."
"နောက်ပွဲတွေ အင်တာဗျူး ရှောင်ထားပေးပါ့မယ်"
"မလိုဘူး...Hotelပြန်မယ် ညစာကို
တရုတ်စာကောင်းကောင်းလေး...."
"အိမ်က ဖုန်းဆက်တယ် မင်းသား"
တိခနဲရပ်သွားသောခြေလှမ်းတွေနှင့်
ပြန်လှည့်ကြည့်လာသောအကြည့်တစ်ချက်။
ကျောရိုးထဲစိမ့်ခနဲ။ဘာမှအမှားမလုပ်ထားရင်
တောင်သူကြည့်ရင်အသက်ပင်ရဲရဲမရှူရဲတော့ပါ။
"သူ နေမကောင်းဘူးတဲ့....."
ရုပ်ရှင်မင်းသားဖြစ်လို့သာဖြစ်လာတာ
သူဟာဘယ်သောအခါမှလူကိုသက်တောင့်
သက်သာဖြစ်စေသောပြေပြစ်မှုများမရှိခဲ့ဖူးပါ။
အမြဲတမ်း မာနတကြီး မှိုင်းပြကာ ပြတ်ရှနေတတ်သည်။
ရုပ်ရှင်မင်းသားထက် လူဆိုးဂိုဏ်းတစ်ခုခု၏
ခေါင်းဆောင်လုပ်ဖို့ပ်ိုသင့်တော်တဲ့သူ။
အရွယ်နဲ့မလိုက်တဲ့အောင်မြင်မှုတွေဟာ
တောင်ကိုရီးယားတင်မကတစ်ကမ္ဘာလုံးအထိ
ကိုခြေဆန့်ထားခဲ့နိုင်သူမလို့ ထိုအရာတွေနဲ့
ညီမျှအောင်နေတတ်သောခမ်းနားကြီးကျယ်
မှုသည်လည်းအမြဲတမ်းအတိုင်းထက်အလွန်။
"နေမကောင်းဘူးတဲ့လား...."
"ဟုတ်ကဲ့.....မင်းသား..."
နှုတ်ခမ်းတွေကိုလက်ချောင်းသွယ်သွယ်
တွေဖြင့်ပိတ်ကာရယ်ချင်သလ်ိုသရုပ်ဆောင်မှု
ကိုလုပ်ပြန်သည်။သူရယ်ရင်ပြုံးရင်ပိုထွက်ပြေး
ချင်သည်။အလုပ်ထွက်ဖို့ကိုလည်းထွက်ရင်
သတ်မယ်ပြော၍သည်းခံနေရတာ
သွက်သွက်ခါအောင်ရူးနှမ်းဖို့မကြာတော့ပါဘူး။
"ကားသော့ပေး......"
ကားသော့ကိုဆွဲယူသွားပုံသည်
အလွန်ကြမ်းကြမ်းတမ်းတမ်း။
ချက်ချင်းအေးစက်သွားသောမျက်နှာဖြင့်
ခြုံပေးထားသောCoatကိုဖြုတ်ချခဲ့ကာ
တစ်လှမ်းချင်းလှမ်းထွက်သွားသောသူကို
Coatအင်္ကျီကိုကောက်ယူကာ
ငေးကြည့်နေသည်။
ကြမ်းတမ်းစွာမောင်းထွက်သွားသော
ကားကိုသတိထားပါလို့သတိပေးချင်ပေမယ့်
တစ်ခါမှလည်းမပြောရဲခဲ့။
ခုနဖြေသွားသောကန့်လန့်တွေအတွက်
ခဏနေCompany ကထပ်
ဖြေရှင်းဖို့ကိုအဆင်သင့်တွေးထားရကာမန်နေဂျာ
ကောင်လေးသည်Coatင်္အကျီလေးကိုသာငုံ့ကြည့်နေသည်။
~~~~~
ကျယ်ဝန်းလွန်းသောခြံအကျယ်တွင်အဖြူရောင်
ခမ်းနားသောအိမ်ကြီးတစ်လုံးရှိသည်။
ရှေးဟောင်းဆန်လှသောအငွေ့အသက်များဖြင့်
ခြုံလွှမ်းနေကာတစ်သီးတခြားဆန်နေပါ၏။
အရင်ကသစ်လွင်ခဲ့သော်ငြားယခုတွင်
သက္ကရာဇ်ရွေ့လျားမှုတွေကြောင့်
တဖြေးဖြေးဟောင်းနွမ်းလာပုံပေါ်သည်။
သို့သော် အနုစိတ်လက်ရာများနှင့်
တန်ဖိုးကြီးသော သတ်မှတ်ချက်တွေကတော့
တစ်အိမ်လုံးတစ်ခြံဝန်းတစ်ခုလုံးကို
လွှမ်းမိုးထားလျှက်။
အနက်ရောင်ကားတစ်စီးသည်ခြံထဲသို့
ပြင်းထန်သောအရှိန်ဖြင့်မောင်းဝင်လာသည်။
မောင်းသူသည်ပုံမှန်စိတ်အခြေအနေ
မဟုတ်နေဘူးဆိုတာကိုဝင်လာသောကား၏
အရှိန်အဟုန်ကိုကြည့်၍မှန်းဆနိုင်သည်။
စင်ဝင်အောက်ကားရပ်လာသည်နှင့်
အိမ်ထဲမှ အိမ်အကူတချို့ပြေးထွက်လာကြပြီး
ကားတံခါးအားခပ်မြန်မြန်ဖွင့်ပေးကာ
ခေါင်းကိုလုံးဝငုံ့ထားကြလျှက်။
ဆင်းလာသောအနက်ရောင်ဖိနပ်တစ်စုံ။
အနက်ရောင်ဘောင်းဘီ။
မှိုင်းပြနေသောအနက်ရောင်Shirt။
နက်မှောင်နေသောဆံပင်တွေသည်
နဖူးပေါ်တစိုးတစိပင်မကျ
လှန်ဖြီးထားကာ ရှင်းလင်းနေသော
မျက်နှာတစ်ခုသည် ခက်ထန်မာကျောလွန်းနေသည်။
"သေသွားပြီလား....."
"မသေပါဘူး သခင်လေး...
အရင်က ဖြစ်သလိုပါပဲ....."
ပို၍မှိုင်းပြသွားသောမျက်နှာသည်
ပို၍အေးစက်မာကျောသွားကာအ်ိမ်စေ
ကောင်မလေးကိုကြည့်လာတော့
ကောင်မလေးသည်ယောင်ယမ်းပြီးတောင်
မော့မလာပါ။
လောကမှာသူနဲ့မျက်လုံးချင်း
ဆုံရမှာကိုမကြုံဆုံချင်ကြဆုံးပဲ။
ရက်စက်ပြတ်ရှနေတဲ့ဝိုင်းစက်နေတဲ့
မျက်လုံးတွေဟာ အတိုင်းအဆမရှိလှသလို
အတိုင်းအဆမရှိလည်းပူလောင်သည်။
နွေအရောင်ကဲ့သို့ ယောကျ်ား....။
သူသည် နွေအရောင်တွေ နဲ့ မွေးလာထဲက
အစီအစဉ်တကျ ခြယ်မှုန်းထားခဲ့တဲ့
ဖြစ်တည်မှုတစ်ခုဖြစ်သည်။
အိမ်ထဲဝင်သွားကာခမ်းနားသောလှေကား
တွေအတိုင်းတစ်လှမ်းချင်းလှမ်းတက်သွား
သောခြေသံတွေ။ ခြေသံတစ်ချက်တိုင်း
တစ်ချက်တိုင်းသည်ကြောက်စရာအငွေ့အသက်
တွေပြည့်နှက်နေကာ သူ့ခြေသံတွေစိတ်လာလေ
အ်ိမ်ကြီးသည်ပိုပြီးစိတ္တဇဆန်လာလေဖြစ်သည်။
"အားးးးးးးး!!!!..."
အခန်းတစ်ခုရှေ့ရောက်သည်နှင့်မချိမဆန့်
အော်ဟစ်ရုန်းကန်သံတွေသည်နားထဲ
အလွန်ဆိုးဆိုးဝါးဝါးတိုးဝင်လာသည်။
အေးစက်စက်မျက်နှာသည် ငယ်သံပါ
အောင်အော်ဟစ်လိုက်သောအသံတစ်ချက်
ကြားရတိုင်းပိုပြီးပိုပြီးအေးစက်သွားသလိုပဲ။
"ကယ်ကြပါ!!!!!! ဂျွန်!!!!
ငါ့ ရဲ့ ဂျွန် ဘယ်မှာလဲ!!!!!!!...."
ကြားလိုက်ရသောဆိုးဝါးတဲ့အော်ငိုသံ
တစ်ချက်တွင်ထိုးအောင့်လာသောရင်တစ််ခုလုံးသည်
လက်ဖျားတွေပါတုန်ခိုက်သွားသည်အထိ။
အံကြိတ်သံသည် တိုးရှရှ။
ဒေါသအသက်ရှူသံတွေသည်တစ်အိမ်လုံးကို
မီးလောင်ပြချပစ်ချင်တဲ့အထိတောက်လောင်
လာသည်။
တံခါးကိုဆောင့်ကန်ဖွင့်ပြီးအခန်းထဲဝင်
သွားခဲ့တဲ့အခါ ဆရာဝန်၃ယောက်ကြား
လူးလွန့်နေသောခန္ဓာကိုယ်ငယ်တစ်ခု။
ဆေးထိုးအပ်တစ်ခုကိုကိုင်ထားသော
ဆရာဝန်အဆင်ပြေစေဖို့ကျန်၂ယောက်
ကမရမကချူပ်ကိုင်ပေးကြသည်။
သေချာစွာလက်ပိုက်လျှက်မြင်ကွင်းနှင့်
အော်သံတွေကိုကြည့်ရှုနားထောင်နေလိုက်သည်။
"မလုပ်နဲ့!!!!!မလုပ်ပါနဲ့ နာ လို့ပါ...."
"မလုပ်ပါနဲ့!!!!!..."
အော်ဟစ်ငိုကြွေးသံနှင့်အတူ
အိပ်ရာပေါ်ထိန်းမရအောင်လူးလိမ့်နေတဲ့ပုံရိပ်။
"မထိနဲ့ပြောနေတာ မင်းတို့သောက်နား
တွေမကြားဘူးလား...!!!!!!ငါ့က်ိုမထိနဲ့!!!!.."
"ငါတောင်းပန်ပါတယ်.....
ငါတောင်းပန်နေတာပါ....."
အော်ဟစ်ရိုင်းစိုင်းပြီးစက္ကန့်ပိုင်းအတွင်း
သနားစဖွယ်တောင်းပန်တိုးလျှိုးပုံက
ခပ်ဆန်းဆန်း။ဆရာဝန်တွေကလည်း
တာဝန်မလို့မလျှော့ပေးဘဲ လက်ကလေး
တစ်ဖက်အားဖိထားလိုက်ကြကာ ဆေးထိုးအပ်
ကိုပြင်လိုက်တော့ မြင်နေရသောတဆက်ဆက်
တုန်နေသည့်လက်ကလေးတစ်ဖက်သည်
ဟားတ်ိုက်ရယ်လိုက်ချင်စရာပဲ။
ခု ဒီအခန်းပြတင်းပေါက်က
ခုန်ချသေသွားရင်တောင်ဒီလောက်
အံ့ဩစရာကောင်းလိမ့်မှာမဟုတ်ဘူး။
"ဟင့်အင်း....နာတယ်....နာတယ်!!.."
ရှိုက်ငိုသံသည် မြင်ရခဲသောရတနာ
လိုအဖိုးအနဂ္ဂ။
ရုန်းထားကန်ထားရ၍ထိခိုက်ဒဏ်ရာ
များဖြင့် နီရဲညိုမဲခြင်းတွေနဲ့လက်ကလေး
ပြာနှမ်းသည့်ဘက်ရောက်လာတော့
င်္အကျီကကြယ်သီးတစ်လုံးကိုစိတ်အိုက်သလို
ဖြုတ်လိုက်ကာ
"ရပ်....."
အက်ရှရှအသံထိုးဖောက်ဝင်ရောက်လာသည်နှင့်
လှုပ်ရှားမှုတွေအားလုံးရပ်တန့်သွားခဲ့သည်။
"ဂျွန်........"
အိပ်ရာပေါ်ကအလျှင်အမြန်ထကာ
သူ့ဆီအပြေးအလွှားချက်ချင်းလာသော
ပုံရိပ်။
"ဂျွန်...ငါ့ ရဲ့ ဂျွန်......"
တင်းကျပ်စွာပွေ့ဖက်လာမှုသည်
အားက်ိုးခြင်းဟန်ပန်တွေအပြည့်။
ပူခြစ်နေသောခန္ဓာကိုယ်ကအပူငွေ့သည်
အနက်​ရောင်Shirtဆီကိုပါစိမ့်ဝင်သွားနိုင်
သည်အထိပြင်းထန်နေသည်။
"ပြန်လို့ရပြီ....."
တုံ့ပြန်မှုမရှိ ဆရာဝန်တွေသည် ပစ္စည်းတွေ
သိမ်းဆည်းကာ သူ့ကိုဦးညွှတ်နှုတ်ဆက်လျှက်
ထွက်သွားကြသည်။
ကျစ်ကျစ်ပါအောင်ဖက်တွယ်ထားသော
လူကိုတစ်ချက်ငုံ့ကြည့်ပြီးခန္ဓာကိုယ်ပေါ်
ငြိစွန်းနေသောလက်တွေကိုဆွဲဖြုတ်ကာ
"ပူတယ် ငါ့ကို မထိနဲ့ အိပ်ရာပေါ်မှာသွားထိုင်"
အသံ၏အဆုံးတွင်
မျက်ရည်စတွေမခြောက်သေးသော
မျက်လုံးတွေဖြင့်မော့ကြည့်လာပြီး
ခန္ဓာကိုယ်မှလက်တွေကိုခွါသွားသည်။
ခြေလှမ်းတွေသည်ချက်ချင်းအိပ်ရာဆီသို့။
စောင်ပုံထဲပြန်ဝင်ထိုင်နေကာနွေအရောင်တွေကို
ခပ်ဆွေးဆွေးငေးကြည့်နေသည်။
"မင်း ရူး နေတာမလား....
ဒါဆို လူကောင်းတစ်ယောက်ပြန်ဖြစ်လာဖို့
လိုအပ်တယ်လေ...ငါမင်းကိုပျောက်ကင်း
အောင်သက်သာအောင်ကြိုးစားကုသပေးနေတာ
ဘာလို့ ရူးရတာကိုပျော်နေတာလဲ ParkJimin...."
"နာ လို့ ....."
တိုးရှရှအသံ၏သေးငယ်မှု အားနည်းမှု
သည် တစ်ဖက်၏မျက်လုံးတွေသည်
ချက်ချင်းနီမြန်းလာစေသည်။
စူးစူးစိုက်စိုက် ပြင်းပြင်းထန်ထန်စိုက်
ကြည့်တဲ့အခါ ကြောက်လန့်ဟန်ခန္ဓာကိုယ်လေး
ကျုံ့သွားပုံကသေချင်စရာ။
သေပစ်လိုက်ချင်စရာ။
ကြည့်နေရင်းရယ်ချင်လာစိတ်ကိုတား၍မရခဲ့။
ထိိိန်းမရတဲ့အဆုံး ဂျွန့်ရဲ့အော်ရယ်လိုက်သော
အသံသည်အိမ်ကြီးတစ်ခုလုံးကိုပျံ့နှံ့သွား
သည်။
ထိုရယ်သံတွေဟာငိုသံတွေထက်ခြောက်ခြား
စရာကောင်းတယ်။ ရယ်သံအစစ်တွေမဟုတ်
၍နားထောင်၍ကောင်းမနေပါ။
"မင်းကနာတတ်သေးတာလား ParkJimin.."
ရုတ်တရက်အိပ်ရာပေါ်ပြေးတက်လာသူ
သည် အနီရောင်မျက်လုံးတွေဖြင့်။
မကောင်းသောအရာတစ်ခုခုဝင်ပူးကပ်နေသလို
တုန်ရီနေသောလူ၏လည်တိုင်တွေအား
ဆက်ခနဲဆွဲယူလိုက်တော့တစ်ဖက်က
အသက်ရှုရခက်သွားသည်။
"ဟန်ဆောင်မနေနဲ့.....
မင်းတစ်လောကလုံးကိုလိမ်လို့ရရင်ရလိမ့်မယ်
ငါ့ကိုလိမ်လို့မရဘူး ပြော မင်းလူကောင်းပါလို့
ငါ့ကိုပြောစမ်း ဝန်ခံစမ်း ဒီနေ့မင်းနဲ့ငါ
ဇယားကိုအပြတ်ရှင်းရမယ် ပြော!!!!..."
"မာယာထောင်ချီမင်းအရည်အချင်းတွေနဲ့
လိမ်လို့ရရင်ရမယ် မင်းရဲ့ မုန်းစရာအကောင်းဆုံး
မျက်လုံးတွေကတော့ ဘယ်တော့မှလိမ်လို့မရဘူး"
"အကြံအစည်တစ်သိန်းလောက်
ဒီမျက်လုံးတွေထဲ အသက်ဝင်နေတာ
ငါတွေ့နေရတယ်မင်းသိလား သိလားလို့!!!!!!..."
"ငါဒီနေ့ Cameraမီးရောင်တွေကို
သေမတတ်ကြောက်ခဲ့ရတယ် မေးခွန်းတွေကို
အရူးလိုရှောင်ပြေးချင်ခဲ့တာ မင်းသိလား
ပျော်လား...ခုလိုကြားရတော့သိပ်ပျော်ရွှင်
သွားပြီမလား...!!!!"
အာရုံတွေသည် သူ့စကားတွေမှာလုံးဝမရှိ။
အသက်ရှူခက်စေသောလက်တွေမှာပဲရှိကာ
လက်တွေကိုပဲတွန်းလွှတ်ပြီးတပေါက်ပေါက်
ကျလာသောမျက်ရည်တွေဟာ လက်တွေပေါ်
ပြုတ်ကျလာတော့ဖယောင်းစက်တွေလိုပဲ။
အထိမခံနိုင် အလွန်နာကျင်လွန်းတာကြောင့်
နှလုံးခုန်သံတွေမမှန်လာတော့ပါ။
"မုန်းတယ်!!!!!..."
ကျယ်လောင်သောအသံဖြင့်အော်သံတစ်ချက်
သည်အိမ်ကြီးထဲဟိန်းခနဲ။
လက်တွေကိုလွှတ်ပေးလိုက်ကာ
အိပ်ရာပေါ်ကပြေးဆင်းသွားခဲ့ပြီးပြတင်းပေါက်
ကိုကြမ်းတမ်းစွာဖွင့်ပစ်လိုက်သူသည်ပြင်းထန်သော
အသက်ရှူသံတွေနဲ့ပူလောင်ခြင်းတွေနှင့်
ဟုန်းဟုန်းတောက်နေခဲ့သည်။
မိနစ်တချို့အထိ အသက်ရှုပြန်မှန်အောင်
နေပြီး မတည်ငြိမ်သောစိတ်အခြေအနေ
ကိုသေချာစွာထိန်းမှတ်နေရကာ
တစ်ကိုယ်လုံးဆက်ဆက်တုန်နေသည်။
မျက်လုံးတွေသည်ခြံဝန်းထဲရှိ
ဝိုင်သောက်လေ့ရှိတဲ့စားပွဲဝိုင်းတစ်ခုဆီ
ရောက်သွားတဲ့အခါမှစိတ်သည်အတော်အသင့်
တည်ငြိမ်လာသည်။
သေချာသောစိတ်တည်ငြိမ်မှုကိုရမှ
နောက်ကိုတဖြေးဖြေးချင်း
ပြန်လှည့်ကြည့်လိုက်တော့ ထားခဲ့သည့်
အတိုင်းလဲကျနေသောခန္ဓာကိုယ်သည်
အိပ်ရာဖြူဖြူထဲမလှုပ်မယှက်။
သတိလစ်သွားပြန်တာလား။
ခြေလှမ်းတွေပြန်လှည့်လာကာ
မျက်လုံးတွေမှိတ်လဲပြိုနေသောလူ၏
မျက်နှာပေါ်ကရှုပ်ပွနေသောဆံပင်တွေကို
ဖယ်ပေးလိုက်ပြီး ပွေ့ချီလိုက်သည်။
ပွေ့ချီကာလှေကားတွေအတိုင်း
ဆင်းလာတော့ အလုပ်သမားတွေ
အားလုံးပြာယာသွားကြပြန်သည်။
"ဘယ်ကိုလဲ ဂျွန်......"
လှေကားထစ်၏နောက်ဆုံးအဆင့်ကိုရောက်
သည်နှင့် အသင့်ရောက်နေသောKimSeokJin
သည်ကြည်လင်သောမျက်နှာရိပ်များဖြင့်
မေးခွန်းတစ်ခုကိုမေးသည်။
"ဆေးရုံလေ...."
"ဖျားတာလောက်က အိမ်မှာပဲပြုစုရင်
ရပါတယ် ဂျွန်....သူ့ကိုအပြင်ခေါ်သွားဖို့က
မလွယ်ကူဘူးလေ..."
"ဟုတ်လား..ဒါဆိုရော့.....ပြုစုလိုက်...."
SeokJinလက်ထဲသို့ရွှေ့ပြောင်းပေးလိုက်
ပုံကခပ်မြန်မြန်။ထို့နောက် အေးစက်လွန်းသော
မျက်နှာဖြင့် အိမ်ရှေ့တံခါးဝသ်ို့ပြန်ထွက်
သွားခဲ့သည်။ကားစက်နှိုးသံတစ်ချက်
ကြားလိုက်ရပြီး ခြံဝန်းထဲမှပြန်မောင်းထွက်သွား
ပုံကပြန်လာတုန်းကလိုကြမ်းကြမ်းတမ်းတမ်း
မဟုတ်တော့။
အိမ်ကြီးသည်တိတ်ဆိတ်စွာကျန်ခဲ့တော့သည်။
~~~~~။
"သူဒီညပြန်လာတော့မှာမဟုတ်လို့
Jimin က မျှော်မနေဘဲ အိပ်မယ်နော်...."
ခမ်းနားလွန်းသောအိပ်ခန်းသည်အနီရောင်တွေ
နဲ့ရွှေရောင်တွေကိုပေါင်းစပ်ထားကာ
အိမ်ရှေ့မင်းသားတစ်ပါး၏နန်းဆောင်နီးပါး
လောက်ခမ်းနားသည်။အခန်းပိုင်ရှင်ဖြစ်သူသည်လည်း
အိမ်ရှေ့စံတစ်ပါးနှင့်မခြားခဲ့သောဘဝမျိုးကို
ပိုင်ဆိုင်ခဲ့တာကို။
အနီရင့်ရောင်အိပ်ရာထဲမှာထိုင်ကာ
ဘေးကလူတွေပြောသမျှကိုတွေတွေဝေဝေ
ငေးကြည့်နေသောလူသည် ဖြူလွှလွှအသားအရည်
ကိုပိုင်ဆိုင်သည်။ တစ်ချိန်ကဤအိမ်တော်၏
ကျက်သရေဟုသတ်မှတ်ခဲ့သောအလှတရား
သည်အားနည်းဖြူဖျော့နေတာတောင်
မျက်နှာပေါ်မှာအပြည့်အဝ။
ရုန်းကန်ရန်ဖြစ်ထား၍ ပင်ပန်းနေသလို
ဟန်ရှိပေမယ့် မျက်လုံးတွေကတော့ဘယ်သောအခါ
မှမပင်ပန်းခဲ့ပါ။ ဖြူဖျော့နေသောနှုတ်ခမ်း
တွေသည်အက်ကွဲကြောင်းတွေနှင့်သိပ်မလှပ
သော်ငြား တင်းတင်းစေ့ထားပုံက
အားနည်းနေသော်လည်းအရှိန်အဝါတစ်ခုအဖြစ်
အသက်ဝင်နေသည်။
"သူ...ဘယ်ကိုသွားတာလဲ...."
"မသိဘူး...မနက်ကျရင်ပြန်လာလိမ့်မှာပါ
အိပ်ရေးဝအောင်အိပ်ရအောင်..."
"ဟိုလူ့ဆီကိုတော့
မဟုတ်လောက်ဘူးမလား...."
"Jimin......."
"တောင်းပန်ပါတယ်..."
ဖြူဖျော့နေသောတောင်းပန်မှုသည်
အဖျားတွေတက်နေသည့်ကြားက။
SeokJin ပေးလာသောဆေးတွေအား
သောက်လိုက်ကာ ငြိမ်သက်စွာထိုင်နေသည်။
"သူကပဲ တွန်းပို့ခဲ့တာသိလား
ဂျွန်က ငါ့အပိုင်လေ ဟိုးအစ အစတွေထဲက
ဖွားဖွားကြီးက ကြိုးလှလှလေးနဲ့ချည်ပြီးဂျွန့် ကို
ငါ့အတွက် မွေးနေ့လက်ဆောင်ပေးခဲ့တာ.."
"တော်တော့...."
"ဘာလို့လဲ အဲ့တာတွေကအမှန်တရားပဲလေ.."
"အဲ့ဒီအမှန်တရားတွေကပဲမင်းဘဝ
တစ်ခုလုံးကိုအမှားတွေဖြစ်ဖို့
ကြက်ခြေခတ်သွားခဲ့တာလေ
သူက လက်ဆောင်တစ်ခု
မဟုတ်ပါဘူးလို့ ဘယ်နှခါပြောရမလဲ
နှလုံးသားရှိတဲ့လူပါလို့ နှစ်ပေါင်းများစွာ
မင်းကိုပြောပြခဲ့ကြတယ်...နာကျင်တတ်တဲ့
မုန်းတတ်တဲ့ ဖြစ်တည်မှုပါလို့အကြိမ်ကြိမ်
သတိပေးခဲ့တယ် မင်းဘာလို့မပြောင်းလဲနိုင်ရတာလဲ
Jimin...."
"သတိရလာတယ် သူ့ကိုခေါ်ပေး....."
"ခုရက်ပိုင်းတွေလွှတ်ထားပေးလိုက်ပါ
သူ့အလုပ်ရဲ့ထိခိုက်သွားမှုကမသေးဘူး
သူစိတ်တွေလေနေမှာပဲ....နည်းနည်းအချိန်ပေး
လိုက်..."
"အဲ့လိုလုပ်ရမှာလား..."
"အနားမှာရှိစေချင်တယ်မလား
ဒါဆို လုပ်ရမယ်..."
KimSeokJin ၏မျက်လုံးရှေ့တည့်တည့်ရောက်
လာသောအပြုံးမျက်နှာတစ်ခု။နှုတ်ခမ်းတွေ
အဆုံးအထိကွေးညွှတ်နေသည်။
"အနားမှာရှိစေချင်တာမဟုတ်ဘူး
အနားမှာရှိကိုရှိရမယ့်အရာ
ငါ ဒီလိုလွှတ်မပစ်သေးသရွေ့ပေါ့...."
ခွမ်းးးးးး။
ဆေးသောက်နေသောဖန်ခွက်အား
ကြမ်းပြင်နှင့်ကိုင်ပေါက်ခွဲပစ်လိုက်သော
အသံသည်ကျယ်ကျယ်လောင်လောင်။
အကွဲအရှများသည်ကြမ်းပြင်မှာအပြည့်။
Seok Jinသည်မျက်လုံးတွေကိုသာမှိတ်ထား
လိုက်သည်။
အိပ်ဆေးတွေပါထည့်တိုက်ထား၍
ဒီလောက်သောင်းကျန်းပြီးရင်သေချာ
ပေါက်အိပ်ပါလိမ့်မည်။
"အ်ိပ်ချင်လာပြီ ..."
"အင်း.....စောင်ခြုံပေးမယ်
နွေးနွေးထွေးထွေးအိပ်နော်..."
အနီရောင်အိပ်ရာထဲနစ်ဝင်ခွေခေါက်သွား
တော့ စောင်သေချာခြုံပေးလိုက်ကာ
အခန်းမီးကိုမှိတ်လိုက်ပြီးခြေသံဖွဖွလေး
နင်းကာထွက်သွားသည်။
Jinထွက်သွားပြီးသည်နှင့်ခြုံထားသော
စောင်သည်လှုပ်ယွလာကာ အိပ်ရာထဲက
ပုံရိပ်သည်ပြန်ထလာသည်။
ခြေဖဝါးတွေကိုကြမ်းပြင်ပေါ်
ဖွဖွလေးချကာပြတင်းပေါက်
ဆီလျှောက်သွားပြီးဖြာကျနေသော
လရောင်ဆီကိုမျက်နှာမူလိုက်သည်။
လရောင်သာ၍ရှင်းရှင်းလင်းလင်းမြင်ရ
သောအိမ်ကြီး၏မြက်ခင်းပေါ်အော်ဟစ်
ငိုကြွေးနေသောကလေးလေးတစ်ယောက်
ကိုလှမ်းမြင်လိုက်ရသည်။
စိုက်ကြည့်နေတုန်းထိုကလေးလေးသည်
အငိုရပ်ကာ သူ့ကိုဝိုင်းစက်တောက်ပလွန်း
သည့်မျက်ဝန်းတွေဖြင့် ရုတ်တရက်ပြန်
စောင်းကြည့်လာတော့ ပြတင်းပေါက်နားက
ချက်ချင်းခွါကာတောက်တစ်ချက်ခေါက်လိုက်သည်။
"ရာရာစစ ငါ့ကိုများ..."
~~~~~~~~။
Update ကတော့ Sanလုပ်နိုင်တဲ့ဘာသာရပ်လို
ဖြစ်လို့ပုံမှန်ဖြစ်နိုင်ပါတယ်။
Ongoing လ်ိုက်ဖို့အကြံပေးချင်ပါတယ်။
အဆင်ပြေရဲ့လား။အကြံပေးချင်တာရှိရင်
ချန်ခဲ့ပေးပါ❤️
2023 January........။
ပြောပြလို့ရမလားရှင်..."
"အေးဆေးပါပဲ
တော့မဖြေနိုင်ပါဘူး..."
လွှမ်းမိုးထားကြသည်။မင်းသားသည်ဒီညမှာ
လောက၏အချိုးမပြေခြင်းတွေအားလုံး
ဘယ်လိုလုပ်ရမလဲ...."
အပေါ်ရော ......"
နော်......"
ကျေးဇူးတင်ပါတယ်ရှင်..."
ပေမယ့်မလွယ်ကူခဲ့။
"သူ နေမကောင်းဘူးတဲ့....."
ခေါင်းဆောင်လုပ်ဖို့ပိုသင့်တော်တဲ့သူ။
"နေမကောင်းဘူးတဲ့လား...."
"ဟုတ်ကဲ့.....မင်းသား..."
တွေဖြင့်ပိတ်ကာရယ်ချင်သလိုသရုပ်ဆောင်မှု
"ကားသော့ပေး......"
ငေးကြည့်နေသည်။
ခဏနေCompany ကထပ်
~~~~~
လွှမ်းမိုးထားလျှက်။
အနက်ရောင်ဘောင်းဘီ။
"သေသွားပြီလား....."
"မသေပါဘူး သခင်လေး...
အရင်က ဖြစ်သလိုပါပဲ....."
ပို၍အေးစက်မာကျောသွားကာအိမ်စေ
မော့မလာပါ။
နွေအရောင်ကဲ့သို့ ယောက်ျား....။
သောခြေသံတွေ။ ခြေသံတစ်ချက်တိုင်း
အိမ်ကြီးသည်ပိုပြီးစိတ္တဇဆန်လာလေဖြစ်သည်။
"အားးးးးးးး!!!!..."
"ကယ်ကြပါ!!!!!! ဂျွန်!!!!
ငါ့ ရဲ့ ဂျွန် ဘယ်မှာလဲ!!!!!!!...."
တစ်ချက်တွင်ထိုးအောင့်လာသောရင်တစ်ခုလုံးသည်
လာသည်။
အော်သံတွေကိုနားထောင်နေလိုက်သည်။
"မလုပ်ပါနဲ့!!!!!..."
တွေမကြားဘူးလား...!!!!!!ငါ့ကိုမထိနဲ့!!!!.."
"ငါတောင်းပန်ပါတယ်.....
ငါတောင်းပန်နေတာပါ....."
ခပ်ဆန်းဆန်း။ဆရာဝန်တွေကလည်း
ဟားတိုက်ရယ်လိုက်ချင်စရာပဲ။
"ဟင့်အင်း....နာတယ်....နာတယ်!!.."
လိုအဖိုးအနဂ္ဂ။
ဖြုတ်လိုက်ကာ
"ရပ်....."
"ဂျွန်........"
ပုံရိပ်။
"ဂျွန်...ငါ့ ရဲ့ ဂျွန်......"
အားကိုးခြင်းဟန်ပန်တွေအပြည့်။
သည်အထိပြင်းထန်နေသည်။
"ပြန်လို့ရပြီ....."
ထွက်သွားကြသည်။
လူကိုတစ်ချက်ငုံ့ကြည့်ကာ
ခန္ဓာကိုယ်မှခွါလိုက်သောလက်တွေနှင့်
"မင်း ရူး နေတာမလား....
"နာ လို့ ....."
သေပစ်လိုက်ချင်စရာ။
ထိန်းမရတဲ့အဆုံး အော်ရယ်လိုက်သော
သည်။
စရာကောင်းတယ်။ ရယ်သံအစစ်တွေမဟုတ်
အသက်ရှုရခက်သွားသည်။
"ဟန်ဆောင်မနေနဲ့.....
သွားပြီမလား...!!!!"
လာထိတော့ ငရဲမီးလိုပဲ။
"မုန်းတယ်!!!!!..."
ကိုကြမ်းတမ်းစွာဖွင့်လျှက်ပြင်းထန်သော
အသက်ရှူသံတွေနဲ့ပူလောင်ခြင်းတွေသည်
တည်ငြိမ်လာသည်။
သတိလစ်သွားပြန်တာလား။
"ဘယ်ကိုလဲ ဂျွန်......"
"ဆေးရုံ"
မလွယ်ကူဘူးလေ..."
မျက်နှာဖြင့် အိမ်ရှေ့တံခါးဝသို့ပြန်ထွက်
မဟုတ်တော့။
~~~~~။
ပိုင်ဆိုင်ခဲ့တာကို။
ကိုပိုင်ဆိုင်သည်။ တစ်ချိန်ကဤအိမ်တော်၏
ဟန်ရှိပေမယ့် မျက်လုံးတွေကတော့ဘယ်သော်အခါ
အသက်ဝင်နေသည်။
"သူ...ဘယ်ကိုသွားတာလဲ...."
"MinYoongiဆီကိုတော့
မဟုတ်လောက်ဘူးမလား...."
"Jimin......."
"တောင်းပန်ပါတယ်..."
"တော်တော့...."
သူက လက်ဆောင်တစ်ခု
Jimin...."
"သတိရလာတယ် သူ့ကိုခေါ်ပေးပါလား.."
လိုက်..."
"အဲ့လိုလုပ်ရမှာလား..."
ဒါဆို လုပ်ရမယ်..."
ခွမ်းးးးးး။
လိုက်သည်။
ပေါက်အိပ်ပါလိမ့်မည်။
"အိပ်ချင်လာပြီ ..."
"အင်း.....စောင်ခြုံပေးမယ်
နင်းကာထွက်သွားသည်။
"ရာရာစစ ငါ့ကိုများ..."
~~~~~~~~။
Ongoing လိုက်ဖို့အကြံပေးချင်ပါတယ်။
အဆင်ပြေရဲ့လား။အကြံပေးချင်တာရှိရင်
ချန်ခဲ့ပေးပါ❤️
Continue Reading
You'll Also Like
100K 11.4K 51
သူငယ်ချင်းဆိုတာ ဘယ်တော့မှ ချစ်သူမဖြစ်သင့်တဲ့လူပေါ့။
40K 5.9K 38
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
5K 625 28
မည်သူ့အချစ်သည် ပိုကြီးမြတ်ခဲ့ပါသနည်း။ ~NamJin~
153K 7.7K 16
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။