ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြ...

By Greentealay-

1M 153K 7.6K

Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47... More

{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23•1}
{23.2}
{23.3}
{ 24}
{25}
{26}
{27}
{28}
{29}
{ 30 }
{31}
{32}
{34}
{33}
{35}
အဆက်
{36}
{37}
{38}
{39}
{40}
{41}
{42}
{အဆက်}
{43}
{44}
{45}
{46}
{47}
{48}
{49}
{50}
{51}
{52}
{53}
{54}
{55}
{56}
{57}
{58}
{59}
{60}
{61}
{61.1}
{62}
{62.1}
{63}
{64}
{65}
{66}
{67}
{68}
{69}
{ 70}
{71}
{72}
{73}
{74}
{75}
{76}
{77}
{78}
{80}
[81]
{82}
{83}
{83-1}
{84}
{85}
{86}
{86-1}
{87}
{88}
{89}
{90}
{91}
{92}
{93}
{94}
{95}
{96}
{97}
{98}
{99}
{100}
{ 101}
{102}
{103}
{104}
{105}
{106}
{107}
{108}
{109}
{110}
{111}
{112}
{113}
{114}
{115}
{ 116}
{117}
{119}
{120}
{121}
{118}
{122}
{123}
{124}
{123-2}
{125}
{126}
{127}
{128}
{128-2}
{129}
{130}
{131}
{132}
[133]
{134}
{135}
{136}
{137-1}
{137-2}
{138}
💙
{138}
{139}
💙
{140}
{141}
{142}
{143}
{144}
{145}
အဆက်
{146}
[147]
{148}
💙
{149}
{150}
အဆက်
{151}
အဆက်
{152}
{153}
{154}
{155}
{156}
{157}
{158}
{159}
{160}

{79}

4.3K 789 30
By Greentealay-

Unicode

ယန်ဖန်း သည်အခြေအနေကို မမျှော်မှန်းထား၍ ခဏတန့်သွားပြီးမှ မေးမြန်းလိုက်တယ်။

{ကျိချင်းကျိုးဆိုတာ? }

ကျိချင်းကျိုးက အခုမှ နာမည်ရခါစဖြစ်၍ သူမသိတာသဘာဝကျသည် ။ သူ့ကျော်ကြားမှုက အင်တာနက်တစ်ခွင်ပြန့်နှံ့နေသော်ငြား အပြင်ဘက်က လူတွေတော့ သိပ်မသိကြသေး။ယန်ဖန်းက အမြဲ အလုပ်ကြိုးစားပြီး Weiboသုံးလေ့သုံးထမရှိတဲ့ အလုပ်ကြိုးစားသည့် ထုတ်လုပ်သူဖြစ်သည်။လူသစ်တွေသိဖို့ ‌မပြောနဲ့ နှစ်သစ်ကူးကိုတောင် သိပ်မမှတ်မိချင်ချင်ပင်။

ချူချန်က သူ့ရဲ့ WeChatက‌နေ ကျိချင်းကျိုး ဓာတ်ပုံ အချို့ ပို့ပေးလိုက်၏။

{မင်း စိတ်မချဘူးဆို အရင်ဆုံး သူ့ကို လူရွေးပွဲဖြေကြည့်လို့ရတယ်။သူ အရင်က ဇာတ်ကားတစ်ကားမှာ လျန်ကျင်းရှင်နဲ့ တွဲသရုပ်ဆောင်ဖူးပြီး သရုပ်ဆောင်စကေးက လုံးဝပြဿနာမရှိဘူး}

ယန်ဖန်းက နားထောင်ရင်း ခေါင်းတညိမ့်ညိမ့်လုပ်ကာ ကျိချင်းကျိုးပုံတွေကို ကြည့်ရင်း ရင်းနှီးသလို ခံစားမိလာသည်။

{ကျွန်တော် စဉ်းစားကြည့်ပါဦးမယ်} ယန်ဖန်းပြောလိုက်၏။

{အိုကေလေ။ဘာဖြစ်ဖြစ် အရင်းအနှီးကိစ္စတော့ မင်းပူစရာမလိုပါဘူး။ဒီဇာတ်ကားရိုက်တာနဲ့ ငါအရင်းအနှီးထည့်မှာ။ဒါပေမယ့် ငါ့တောင်းဆိုချက်တွေကတော့ ဒါဆိုဒါပဲ မပြင်နိုင်ဘူး။ပိုက်ဆံရှာဖို့ ဇာတ်ကားရိုက်တာမဟုတ်ပေမယ့် ကောင်းကောင်းရိုက်ပေးမှရမယ်}

{အဲ့တာတော့ မပူပါနဲ့။ ကျွန်တော်ဒီIPဝယ်ချင်တယ်ဆိုတာက ဒီဝတ္ထုကို ဇာတ်ကား ကောင်းကောင်းတစ်ကား ဖြစ်အောင် ဖန်တီးချင်လို့ပါ။ဒါပေမယ့် ခင်ဗျားက အရင်းအနှီးထည့်မယ်ဆိုတော့...ဥက္ကဌချူ...}

{မရဘူးလား}

{အဲ့လိုမဟုတ်ပါဘူး။ကျွန်တော်က ဒီဇာတ်ကားကို ရိုက်ပေးရုံပဲဆိုပေမယ့် ခင်ဗျားက သူ့ကို ခေါင်းဆောင်မင်းသားနေရာလည်းထားမယ်၊အရင်းအနှီးလည်း ထည့်မယ်ဆိုတော့ ချင်းကျိုးနဲ့ခင်ဗျားတို့ ဆက်ဆံရေးကိုသိချင်ရုံပါ}

{ဒါက ကျိချင်းကျိုးနဲ့ ဘာမှဆိုင်မနေဘူး}ချူချန်ကပြောလာသည်။

{ဒီကားရိုက်မယ်ဆိုတာနဲ့ ငါက အရင်းအနှီးထည့်မှာပဲ။ဘာလို့ဆိုတော့ ရင်းနှီးမြှုပ်နှံသူတွေမှာ ပြောရေးဆိုခွင့်ရှိတယ်လေ။ဒါပေမယ့်....}

ချူချန်အသံက တိုးလျစွာ-

{ကျိချင်းကျိုးသာ ခေါင်းဆောင်မင်းသား မဟုတ်ရင်တော့ ငါလုံးဝမူပိုင်ခွင့်မရောင်းနိုင်ဘူး။မင်း စဉ်းစားပြီးရင် တတ်နိုင်သလောက်မြန်မြန်လေး ပြန်ပြောချည်}

{ကောင်းပါပြီ}

ဝမ်ဖန်းက ချူချန်အကြာကြီးစောင့်ရအောင် မလုပ်ခဲ့ပေ။သူက အလွန်ကျွမ်းကျင်တဲ့ လူတစ်ယောက်ပင်။ချူချန်နဲ့ ဖုန်းပြောပြီးတာနဲ့ ကျိချင်းကျိုးရဲ့ အချက်အလက်တွေ စုဖို့ လူတစ်‌ယောက်ကို စေခိုင်းလိုက်တယ်။ကျိချင်းကျိုးက 《ချစ်သူ့ကဗျာများမှမြတ်နိုးသောစာမျက်နှာ》နဲ့《 ကြေကွဲဖွယ်အလင်းတစ်စ》မှာ သရုပ်ဆောင်ခဲ့ပြီး 《‌နတ်ဘုရားအမိန့်တော်》မှာလည်း လူရွေးပွဲဝင်ဖြေပြီး ခေါင်းဆောင်မင်းသားအဖြစ် ကြေညာလုနီးနီးဖြစ်သွားတာကို သူသိတာနဲ့ 《‌နတ်ဘုရားအမိန့်တော်》ရဲ့ ဒါရိုက်တာဆီ ချက်ချင်း ဆက်သွယ်လိုက်သည်။

သူနဲ့ ဒါရိုက်တာလီက နယ်ပယ်တူတူမှဖြစ်၍ တစ်ယောက်နဲ့ တစ်ယောက် အနည်းအများတော့ သိကြသဖြင့် စကားပြောဖို့ အဆင်ပြေသည်။ထို့ကြောင့် သူတို့ဆီမှာ ကျိချင်းကျိုး လူရွေးပွဲလာဖြေတဲ့အကြောင်းအား ပါးပါးနပ်နပ်လေးမေးလိုက်သည်။

ဒါရိုက်တာလီက ကျိချင်းကျိုးကို အလွန် သဘောကျနေပြီး သူရိုက်မယ့်ကားထဲမှာ ကျိချင်းကျိုးကို မပါခိုင်းရတဲ့အတွက် အလွန်နောင်တရနေလေသည်။သူက ကျိချင်းကျိုးကို အထူးချီးမွမ်းနေပြီး မတတ်သာလို့ကွာဟုရေရွတ်နေသည်။ယန်းဖန်းအံ့ဩသွားမိ၏။စကားဆုံးတော့ ဒါရိုက်တာလီက ဝမ်ဖန်းကို မေးလာသည်။

{မင်း ငါ့ကို ဒါတွေမေးနေတာဘာလုပ်ဖို့လဲ}

ယန်ဖန်းကလည်း လျှို့ဝှက်မနေ။
{ကျွန်တော် ဇာတ်ကားတစ်ကားရိုက်မို့ အဲ့တာ ကျိချင်းကျိုးကို အကြံပြုလာတဲ့သူရှိလို့လေ။ကျွန်တော် သူ့ကို တစ်ခါမှ မမြင်ဖူးသလို သူ့ဇာတ်ကားတွေလည်း မကြည့်ဖူးသေးတော့ ခင်ဗျားရိုက်တဲ့ဇာတ်ကားမှာ လူရွေးပွဲလာဖြေတယ်ကြားတာနဲ့ တီးခေါက်ကြည့်တာပါ}

{တကယ်မိုက်လိုက်တာကွာ}

ဒါရိုက်တာလီပြောလေသည်။

{ငါအစက သူ့ကိုခေါင်းဆောင်မင်းသားထားချင်တာ။ဒါပေမယ့် ရင်းနှီးမြှုပ်နှံသူက သေသေရှင်ရှင် သဘောမတူဘူးလေ။ငါလည်း မတတ်သာလို့ လူပြောင်းလိုက်ရတာကွာ။ဒါပေမယ့် ကျိချင်းကျိုးကိုပဲ သဘောကျနေသေးတုန်းပဲ။မင်းစိတ်ထဲ မရေမရာဖြစ်နေရင် သူ့ကိုအရင်ဆုံးလူရွေးပွဲဖြေခိုင်းကြည့်ကွ}

ကျိချင်းကျိုးကို လူရွေးပွဲဖြေခိုင်းနိုင်ခွင့် သူ့မှာမရှိဘူးဆိုတာ ယန်ဖန်းသိပါတယ်။ချူချန်ရဲ့စကားက အလွန်ပြတ်သည်။သူ《ခါငှက်‌ကောင်းကင်》ကို ဝယ်ရင် ကျိချင်းကျိုးကို သုံးရမယ်! သူ ကျိချင်းကျိုးကို မသုံးရင် ချူချန်က 《ခါငှက်‌ကောင်းကင်》ကို ရောင်းတော့မှာ မဟုတ်ပေ။

သူမှာ မူပိုင်ခွင့်တောင်ရှိမနေတာ ဘယ်ကလာပြီး လူရွေးပွဲသွားလုပ်ရမှာတုန်း။

ထို့ကြောင့် ယန်ဖန်းသည် တိကျသောအဖြေတစ်ခုကို ချူချန်ဆီမြန်မြန်ပေးလိုက်တယ်။

{ကျွန်တော် ကျိချင်းကျိုးကို ခေါင်းဆောင်မင်းသားနေရာထားဖို့ ဆန္ဒရှိပါတယ် ။ဆိုတော့ ဥက္ကဌချူနဲ့ကျွန်တော်တို့  စာချုပ်ချုပ်ကြဝာာပေါ့}

ထိုနေ့ညက ချူချန် ထိုအကြောင်းကို ကျိချင်းကျိုးဆီပြောပြလိုက်သည် ။ သူအစက ကျိချင်းကျိုးကို ပြောပြဖို့ ရည်ရွယ်ချက်မရှိတာမဟုတ်။ကိစ္စတွေအတည်ပြုပြီးမှသာ ပြောပြချင်တာဖြစ်သည်။ထို့ပြင် ရိုက်ကူးရေးအဖွဲ့က သူ့နဲ့ သင့်တော်လို့ သူဆီဆက်သွယ်လာတာဆိုပြီး ကျိချင်းကျိုးကို ထင်စေချင်လို့လဲဖြစ်လေသည်။သို့သော် ဒီဇာတ်ကားရိုက်ကူးရေးစပြီဆိုတာနဲ့ သူရိုက်ကွင်းကို ခဏခဏသွားလည်ရမှာ သေချာနေတော့ ရင်းနှီးမြှုပ်နှံထားတဲ့အကြောင်းကို ဖုံးကွယ်လို့ မရတော့သဖြင့်သာ ကျိချင်းကျိုးကို ရှင်းပြရခြင်းဖြစ်သည်။

ကျိချင်းကျိုး ကြားတဲ့အချိန်မှာတော့ နည်းနည်း မယုံကြည်နိုင်ဖြစ်နေခဲ့သည်။

“အဲ့တာဆို ခင်ဗျားက တကယ် စာရေးဆရာကြီးပေါ့”

“အင်းပေါ့”

“ဘယ်လိုကြီးလဲ” ကျိချင်းကျိုးကနားမလည်စွာမေးလာသည်။

“ကျွန်တော်《‌နတ်ဘုရားအမိန့်တော်》ဖတ်မို့ New Culture ဝက်ဆိုက်ကိုသွားတော့ 《ခါငှက်‌ကောင်းကင်》က 《‌နတ်ဘုရားအမိန့်တော်》ထက် တစ်ဒါဇင်ကျော်လောက်အဆင့်မြင့်တက်နေတာလေ။ 《‌နတ်ဘုရားအမိန့်တော်》ဆို IPကြီးကြီး စာရေးသူကလည်း အရမ်းအရမ်းနာမည်ကြီးတဲ့ဟာကို ခင်ဗျားဆို သူ့ထက်ပိုပြီးတောင် နာမည်ကြီးသင့်နေတာမဟုတ်လားဗျ”

“အင်းလေ...ကိုယ်က စီးပွားရေးလုပ်နေတာမဟုတ်တော့ နှိမ့်ချပြီးနေနေတာ”

ကျိချင်းကျိုး : .....ချူချန်ဆိုတဲ့လူက ဘယ်လိုနှိမ့်ချနေရမလဲရောသိလို့လား ။ မယုံနိုင်စရာကြီးးးးး

“ဒါဆိုခင်ဗျားအပြေးအလွှားစီစဉ်လိုက်တာကျွန်တော်ကြောင့်မလား”ကျိချင်းကျိုး မေးလိုက်သည်။

ချူချန်ရယ်လိုက်ပြီး သူ့ရှေ့က ကိုရိုးကားရားမျက်နှာနှင့်လူအားကြည့်လိုက်ကာ-

“ပြောရဲဆိုရဲလိုက်တာကွာ”

“မဟုတ်လို့လား”

“ဟုတ်ပါတယ်၊ဟုတ်ပါတယ်၊ဟုတ်ပါတယ်ဗျာ...မင်းလေးမျက်နှာကြောင့် လုပ်ခဲ့တာပါ”

ကျိချင်းကျိုး နည်းနည်းလေးရှက်သွားမိ၏။

“တကယ်တော့ ခင်ဗျားအဲ့လိုလုပ်စရာမလိုပါဘူး။ကျွန်တော် ဒီလိုကိစ္စတွေကို ကောင်းကောင်းကြီး သိပါတယ်။ဒီအခွင့်အရေးလက်လွှတ်သွားလည်း နောက်ထပ်နောက်ထပ်တွေလာမှာပေါ့။ခင်ဗျား အမြဲတမ်းပိုက်ဆံတွေသုံပြီး အရင်းအနှီးထည့်ပေးနေတာ အရှုံးပေါ်သွားရင်ရော”

“ဘာလို့အရှုံးပေါ်ရမှာလဲ” ချူချန်ကပြန်မေးလာသည်။

“ဒီစာအုပ်က သူ့ဘာသူနာမည်ရပြီးသားလေ။စာအုပ်ပရိတ်သတ်တွေရှိနေပြီးသား။မင်းကသရုပ်ဆောင်ကောင်းတယ်၊ယန်ဖန်းအဖွဲ့ကလည်း အလုပ်လုပ်တာကောင်းတယ်၊ ကိုယ်ကလည်း ကြီးကြပ်ပေးဦးမှာလေ။ဘယ်လိုလုပ် ပိုက်ဆံအရှုံးပေါ်ရမှာတုန်း”

ကျိချင်းကျိုး သူ့ကိုကြည့်လာချိန် ချူချန်ပြုံးပြလိုက်၏။

“ဒီနှစ်တွေထဲမှာ ရုပ်ရှင်၊ဇာတ်ကားမူပိုင်ခွင့်ကိစ္စရပ်တွေပျံ့နှံ့လာတယ်ဆိုတာကwin-win  အခြေအနေကြောင့်ပဲ။စာအုပ်တစ်အုပ်ကို ရုပ်ရှင်အသွင်ဇာတ်လမ်းအသွင်ကူးပြောင်းလိုက်တာနဲ့ အဲ့စာအုပ်ပရိတ်သတ်တွေကလည်း အလိုလိုကို ရုပ်ရှင်ဇာတ်ကားတွေရဲ့ ကျော်ကြားမှုကို ဆွေးနွေးရင်း ပရိတ်သတ်တွေဖြစ်လာမယ်။ဒါဆို ရုပ်ရှင်ဇာတ်ကားတွေလည်း ကျော်ကြားမှု ပိုရလာပြီး မူရင်းစာအုပ်အတွက်လည်း တုံ့ပြန်ချက်တွေပိုရလာမယ်။ပိုနှိပ်စာအုပ်တွေရဲ့ရောင်းရငွေတွေ၊အွန်လိုင်းအသင်းဝင်ကြေးတွေအများကြီးမြင့်တက်လာမှာကွာ။တစ်ချိန်တည်း စာရေးသူရဲ့ တရားဝင်အကောင့်တွေ website trafficတွေ တစ်ရှိန်ထိုးတက်လာမှာ။ဒါ လူတိုင်းအတွက် ရလဒ်ကောင်းတစ်ခုပဲလေ။အဲ့တာကြောင့် မူပိုင်ခွင့်ပြောင်းပြီး ရုပ်ရှင်ဇာတ်ကားရိုက်တာတွေက တအားနာမည်ကြီးလာတာပေါ့ကွ”
 
“ကိုယ့်ရဲ့စာအုပ်တွေကို မူပိုင်ခွင့်မရောင်းခဲ့တာအကြာကြီးရှိနေပြီ။စာအုပ်တွေက လုံလောက်အောင် လူသိမများလို့မဟုတ်ပဲ ကိုယ် သဘောကျတဲ့ အနုပညာရှင်တစ်ယောက်မှမရှိလို့ မရောင်းဖြစ်ခဲ့ဘူး ။ဒါနဲ့ကိုယ် သဘောမကျတဲ့မျက်နှာရှိသူတွေကို ခေါင်ဆောင်မင်းသားနေရာမထားချင်ဘူးလို့ စံသတ်မှတ်လိုက်တာ။ကိုယ် ဒီဇာတ်ကားမှာ အရင်းအနှီးထည့်ခဲ့တာက မင်းကြောင့်မဟုတ်ဘူးနော်။ကိုယ့်အလုပ်ကြောင့်လုပ်တာ။ကိုယ် ပြောရေးဆိုခွင့်ရှိချင်တာမို့ ကိုယ် မကြိုက်တဲ့ ထုတ်လုပ်ရေးအသင်းနဲ့လည်းပြီးစလွယ်မလုပ်ပါဘူးကွာ။မင်းမပါရင်တောင် ကိုယ် အရင်းအနှီးထည့်မှာ။ အဲ့ဒါကြောင့် မင်းစိတ်ထဲ ဝန်လေးနေဖို့ မလိုဘူးနော်”
(ကျိုးကျိုးအပြစ်ရှိစိတ်ကြီးဖြစ်မှာကြောက်လို့ ပါးချူက အသေချာရှင်းပြနေတာပါ)

“ဪ ခင်ဗျားက ကျွန်တော့်မျက်နှာကြောင့် ခေါင်းဆောင်မင်းသားလုပ်ခိုင်းချင်တာပေါ့လေ”

ချူချန်တစ်ယောက် သူ့မျက်နှာအား ဆွဲညှစ်လိုက်ကာ-

“ဘာတွေတွေးနေတာတုန်း...မင်းအတွက်သာမဟုတ်ရင် ကိုယ့်မူပိုင်ခွင့်ကို ရောင်းဖြစ်မှာမဟုတ်ဘူး။ဒါပေမယ့်”

သူက ကျိချင်းကျိုးကိုကြည့်၍-

“ကိုယ်ရေးတဲ့စာအုပ်မှာ မင်းသရုပ်ဆောင်မှာကို အတော်စိတ်ဝင်စားနေမိတယ်။ဘာနဲ့တူလဲမသိပေမယ့် အဲ့ခံစားချက်က တွေးကြည့်တာနဲ့ကို နည်းနည်းထူးဆန်းနေသလိုပဲ”

ကျိချင်းကျိုးလည်း နည်းနည်းထူးဆန်းသလို တွေးနေမိပေမယ့် 《‌နတ်ဘုရားအမိန့်တော်》ထက် ချူချန်ရဲ့ခေါင်းဆောင်မင်းသား လုပ်ရမှာကို ပိုနှစ်ခြိုက်မိတယ်...

“ကျွန်တော်ကောင်းကောင်းသရုပ်ဆောင်မှာပါ” ကျိချင်းကျိုး ကတိပြုလိုက်သည်။

“ကောင်းကောင်းသရုပ်ဆောင်ရမှာပေါ့။ကိုယ် ရေးတဲ့စာအုပ်မှာ သရုပ်ဆောင်ဖူးတဲ့ တစ်ဦးတည်းသောလူက မင်းပဲလေ။အရင်ကဘယ်သူမှမရှိခဲ့ဖူးဘူး”

ချူချန်က ခဏလေးတွေးဆဆလုပ်ပြီး‌နောက် -

“နောက်လည်း ရှိလာမှာမဟုတ်ဘူးထင်တယ်”

ထိုစကားကြားတော့ ကျိချင်းကျိုးရင်ထဲ ချိုမြိန်မှုတို့စီးကျလာကာ ခေါင်မော့ပြီး ချူချန်နှုတ်ခမ်းကိုညင်ညင်သာသာလေး အနမ်းပေးလိုက်သည်။

ရက်အနည်းငယ်အတွင်း 《ခါငှက်‌ကောင်းကင်》ရဲ့ရိုက်ကူးရေးအဖွဲ့က 《ခါငှက်‌ကောင်းကင်》ကို ဇာတ်လမ်းအဖြစ်နဲ့ မကြာခင်မြင်ရတော့မယ်ဆိုပြီး တရားဝင်ကြေညာချက်ထုတ်လာခဲ့ကာ ကျိချင်းကျိုးကို ခေါင်းဆောင်မင်းသားအဖြစ်သတ်မှတ်ပြီးပြီဟုပါ ကြေညာလာခဲ့သည်။တရားဝင်‌ေကြညာချက်ထုတ်တဲ့‌ေန့မှာပဲ လူထုဖြန့်ချီရေးအသင်းမှ ဝန်ထမ်းတွေက အဓိကဈေးကွက်စီးပွားရေးအကောင့်တွေကို ဆက်သွယ်ပြီး စီးပွားရေးအကောင့်တွေကနေ တိုက်ရိုက်သတင်းထုတ်ပြန်ကြလေသည်။
သတင်းထွက်ထွက်ချင်း ဆွေးနွေးပွဲကြီးပေါက်ကွဲထွက်သွား၏။

[လခွမ်းးးးးးးးး!!!!!! ကျိချင်းကျိုး အလှည့်ရောက်ပြီဟေးးးးးးးးးးး!!!!]

[ငါအထက်တန်းတည်းက ဖတ်ခဲ့တဲ့ဝတ္ထုလေးကို မူပိုင်ခွင့်ရောင်းလိုက်ကြပြီပေါ့!!!! အဲ့တုန်းကဆို ငါတို့ တစ်တန်းလုံး ဖတ်လိုက်ကြရတာ!!!]

[ဘုရားရေ ရူးတော့မယ်! 《‌နတ်ဘုရားအမိန့်တော်》ကိုပဲ ဒီနှစ်ရဲ့ အကြီးဆုံး IPထင်နေတာ ဒါကို မထင်ထားခဲ့ဘူးလေဟယ်]

[ကျိချင်းကျိုးက ဘာမျိုးရိုးလဲဟန်! ဒီလိုအရင်းမြစ်ကြီးကြီးကို ရနိုင်တဲ့ သူကိုများ လော့ယွီရှင်းကိုမနာလိုဖြစ်နေတာလို့ ပြောရဲကြတယ်! ]

[တိုးတိုးလေးမေးမယ်နော် ဘယ်IPကပိုကြီးလဲရှင့်]

ကျိချင်းကျိုး ပရိတ်သတ်တွေကကြောင်အသွားကြ၏။ဒါကဘာပြောချင်တာလဲညီမလေး။ဒီလောက်သတင်းကြီးထွက်လာတာကို ညီမတို့က ဘယ်လိုမေခွန်းတွေမေးနိုင်ကြတာလဲ။ခဏလည်းကြာရော အကုန်လုံး မတ်တပ်တွေထရပ်ပြီး သတင်းတွေကိုအမြန်ပျံ့အောင်လုပ်တော့သည်။

[《ခါငှက်‌ကောင်းကင်》ပေါ့။အဲ့စာအုပ်ထွက်တဲ့နှစ်ကဆို ငါတို့အခန်းက ကောင်လေးတွေ အရူးအမူးဖတ်ကြတာ]

[《ခါငှက်‌ကောင်းကင်》ရဲ့စာရေးဆရာက New Cultureကလူလေ။သူစာအုပ်ထုတ်ပြီး ပေါက်သွားတော့ ပိုက်ဆံကလည်း လုံလုံလောက်လောက်ကိုရသွားတယ်ထင်တယ်။စာအုပ်ထပ်မထုတ်တော့ဘူး]

[New Cultureရဲ့ အဆင့်သတ်မှတ်ချက်တွေအကုန်လုံးကိုကြည့်ကြည့်မယ်ဆို 《ခါငှက်‌ကောင်းကင်》က《‌နတ်ဘုရားအမိန့်တော်》ထက် တစ်ဒါဇာင်ကျော်ကျော်လောက်ကို ပိုမြင့်နေတာကွာ။အဲ့တော့ 《ခါငှက်‌ကောင်းကင်》က ပိုကြီးတဲ့IPဖြစ်မယ်]

[အရင်နှစ်ရဲ့New Cultureအဖွင့်ကို အဓိကထားပြီး မီးမောင်ထိုးပြထားတာက 《ခါငှက်‌ကောင်းကင်》ကို ပထမဆုံးနေရာမှာထားတာလေ။အနေအထားကိုက အရှင်းသားနော် ဟဟ]

[ဟိုနှစ်ရက်ကမှ လော့ယွီရှင်း ပရိတ်သတ်တွေက ကျိချင်းကျိုး ပရိတ်သတ်တွေကို အရူးအမူးလှောင်ရယ်နေကြတာ‌။《‌နတ်ဘုရားအမိန့်တော်》ကို မရလို့ဆိုလားပဲ။အခုကျ အလှည့်ပြောင်းသွားပြီကွယ်]

[ကျိချင်းကျိုးဇာတ်ကားက လော့ယွီရှင်းဇာတ်ကားထက် ပိုမိုက်နေတာကိုရော ဘာလို့ သူတို့ လာမရယ်ကြတာလဲ။သူတို့လှောင်ရယ်ပြီးမှ သတင်းတွေတက်လာတာဆိုတော့ ဒါ ငါတို့ကိုပြန်ရယ်ဖို့ အခွင့်အရေးပေးတာပဲနော်]

[ဟားဟားဟားဟားဟားဟား ကြင်နာမှုမရှိစွာဖြင့် ဟားဟားလိုက်ပါတယ်။ကျိချင်းကျိုးမှာ 《‌နတ်ဘုရားအမိန့်တော်》ထက် အများကြီးအားကြီးမြင့်တဲ့ 《ခါငှက်‌ကောင်းကင်》ရှိပြီသားနော် ပျိုမေတို့]

[ကျိချင်းကျိုးကို ကြိုက်လိုက်တာ။ငါတို့ ကောကောပဲရတာနော်။ကန်းဟုန်းမှာ ဒီလောက်ကောင်းတဲ့ အရင်းနှီးမျိုးဘယ်လိုရလာတာလဲ]

ရက်အတန်ကြာရယ်ခဲ့ကြသော လော့ယွီရှင်းပရိတ်သတ်တွေမှာ သတင်းတွေမြင်ပြီး သွေးအန်လုနီးပါးဖြစ်သွားကြ၏။ ဒေါသထွက်လွန်းလို့  ကီးဘုတ်တွေပါ ပစ်ပေါက်မိတော့မတတ်ပင်။ 

[IPကြီးတော့ ဘာသုံးစားရလို့လဲ။စာအုပ်တစ်အုပ်ကနေ ရုပ်ရှင်ကားတစ်ကားအဖြစ် ပြောင်းတဲ့နေရာမှာ အရေးကြီးဆုံးက ထုတ်လုပ်ရေးအသင်းပဲ ! ထုတ်လုပ်ရေးအသင်းက မမိုက်ရင် ဘာမှမဖြစ်လာဘူး]

[ဒါပေမယ့် ဒီဇာတ်ကားရဲ့ ထုတ်လုပ်ရေးအသင်းက ယန်ဖန်းတို့ အဖွဲ့တဲ့။အဲ့အဖွဲ့ကကောင်းတယ်လေ။ယန်ဖန်းတို့ ထုတ်လုပ်ရေးအသင်းက ဂုဏ်သတင်းကြီးတယ်လေနော်]

[အင်း။မနှစ်ကလည်း သူ့ဇာတ်ကားပဲဆုရသွားတာ။ပြီးတော့ ယန်ဖန်းကို တာဝန်ကျေပွန်တဲ့ ပရိုဂျူဆာကြီးလို့လည်း သတ်မှတ်နိုင်တယ်ဟ]

[ရှင်းရှင်းပဲ!ဒီဇာတ်ကားအဖတ်ဆယ်မရတော့ဘူး။ဒီဇာတ်ကားသိပ်နာမည်မကြီးလာရင်တောင် စာအုပ်ဖတ်ပြီးလို့ ရင်ထဲထိနေတဲ့သူတွေက သူ့ကို ကြိုက်မှာမဟုတ်တော့ဘူး ။ပြီး‌တော့ ရိုက်ကူးရေးမကောင်းရင်ရော အရင်ကြည့်ပြီးမှ ဆူကြစမ်းပါ]

[နင့်အိပ်မက်ထဲမှာပဲ အဖက်ဆယ်မရနေ! နင့်မင်းသားဇာတ်ကားကိုသာ အဖက်ဆယ်ရပါစေလို့ ဆုတောင်းနေစမ်းပါဟဲ့! 《ခါငှက်‌ကောင်းကင်》အကြောင်း နင်ပူနေစရာမလိုဘူး] ကျိချင်းကျိုး ပရိတ်သတ်လေးက ပြန်ချေ‌ပလေ၏။

[ရိုက်ကူးရေးဖြင့်မလုပ်ရသေးဘူး။ကျိချင်းကျိုး ပရိတ်သတ်တွေရဲ့ အမြီးက မိုးပေါ်ထောင်တက်နေပြီ။အေးပေါ့လေ နင့်လိုငတိလေးက လောကကြီးကို မြင်မှမမြင်ဖူးသေးပဲ] လော့ယွီရှင်း ပရိတ်သတ်က စိတ်တိုစွာပြောလာ၏။

ကျိချင်းကျိုး ပရိတ်သတ်ကလည်း ဒေါသထွက်စွာ :

[ဟုတ်တယ်။ငါတို့က လောကကြီးကို မမြင်ဖူးသေးဘူး။ဒါပေမယ့် နင်တို့ဟာမတွေလည်း 《‌နတ်ဘုရားအမိန့်တော်》ရဲ့ ခေါင်းဆောင်မင်းသားနာမည်ကြေညာတော့ ဒီလိုပဲ သရုပ်ပြခဲ့ကြတာမလားကမတွေရဲ့]

[ငါ မထိန်းနိုင်တော့ဘူး။《‌နတ်ဘုရားအမိန့်တော်》ကို ဒီနှစ်ရဲ့ အကြီးဆုံးIPဆိုပြီး သူတို့က ထင်ကြတာလေ။《ခါငှက်‌ကောင်းကင်》က ဘယ်ကမှန်းမသိထွက်လာတော့ သူတို့ ဒေါသမထွက်ဘဲနေမလား]

[အရေးကြီးဆုံးအချက်- 《ခါငှက်‌ကောင်းကင်》က ကြီးမြတ်တဲ့ IPဖြစ်ရုံတင်မကဘူး ထုတ်လုပ်ရေးအသင်းကလည်း မိုက်မိုက်မိုက်မြည်နေတော့ ဟားဟားဟား ငါအရမ်းပျော်တာပဲ။ဒီနေ့ဆွေးနွေးပွဲထဲမှာ ထီကြီးဖောက်ပေးမယ်။လော့ယွီရှင်းပရိတ်သတ်မဟုတ်‌သရွေ့၊ anti-fan မဟုတ်သရွေ့ ငါ စပွန်ဆာ ပေးပစ်မယ်]

လော့ယွီရှင်းပရိတ်သတ်တွေက ကျိချင်းကျိုး ပရိတ်သတ်တွေ ဒေါသထွက်နေကြတာကိုကြည့်ပြီး လော့ယွီရှင်းအေဂျင်စီနှင့်အေးဂျင့်ဘက် ပြန်ပြောင်းသွားကြသည်။ဘာတွေဖြစ်ကုန်တာလဲ? ဘာလို့သူတို့က ပိုကောင်းတဲ့ အရင်းအနှီးမရကြတာလဲ။အေးဂျင့်တွေသေကုန်တာလား။ဘာမှမလုပ်ကြဘူးလား!

+--++--+----+-+---++-

စာရေးသူမှာပြောစရာရှိပါတယ် :

လော့ယွီရှင်းရဲ့ အေးဂျင့် : အဲ့တာတွေက ငါထိန်းချုပ်လို့ရတဲ့အရာလား!!!! အဲ့ကားရိုက်မယ်ဆိုတာ သိတောင်သိမနေဘူး! ဒေါသထွက်လိုက်တ!!!!

+--+--++-++++-++++++--+++-++

Zawgyi

ယန္ဖန္း သည္အေျခအေနကို မေမွ်ာ္မွန္းထား၍ ခဏတန္႔သြားၿပီးမွ ေမးျမန္းလိုက္တယ္။

{က်ိခ်င္းက်ိဳးဆိုတာ? }

က်ိခ်င္းက်ိဳးက အခုမွ နာမည္ရခါစျဖစ္၍ သူမသိတာသဘာဝက်သည္ ။ သူ႕ေက်ာ္ၾကားမႈက အင္တာနက္တစ္ခြင္ျပန္႔ႏွံ႔ေနေသာ္ျငား အျပင္ဘက္က လူေတြေတာ့ သိပ္မသိၾကေသး။ယန္ဖန္းက အၿမဲ အလုပ္ႀကိဳးစားၿပီး Weiboသုံးေလ့သုံးထမ႐ွိတဲ့ အလုပ္ႀကိဳးစားသည့္ ထုတ္လုပ္သူျဖစ္သည္။လူသစ္ေတြသိဖို႔ ‌မေျပာနဲ႔ ႏွစ္သစ္ကူးကိုေတာင္ သိပ္မမွတ္မိခ်င္ခ်င္ပင္။

ခ်ဴခ်န္က သူ႕ရဲ႕ WeChatက‌ေန က်ိခ်င္းက်ိဳး ဓာတ္ပုံ အခ်ိဳ႕ ပို႔ေပးလိုက္၏။

{မင္း စိတ္မခ်ဘူးဆို အရင္ဆုံး သူ႕ကို လူေ႐ြးပြဲေျဖၾကည့္လို႔ရတယ္။သူ အရင္က ဇာတ္ကားတစ္ကားမွာ လ်န္က်င္း႐ွင္နဲ႔ တြဲသ႐ုပ္ေဆာင္ဖူးၿပီး သ႐ုပ္ေဆာင္စေကးက လုံးဝျပႆနာမ႐ွိဘူး}

ယန္ဖန္းက နားေထာင္ရင္း ေခါင္းတညိမ့္ညိမ့္လုပ္ကာ က်ိခ်င္းက်ိဳးပုံေတြကို ၾကည့္ရင္း ရင္းႏွီးသလို ခံစားမိလာသည္။

{ကြၽန္ေတာ္ စဥ္းစားၾကည့္ပါဦးမယ္} ယန္ဖန္းေျပာလိုက္၏။

{အိုေကေလ။ဘာျဖစ္ျဖစ္ အရင္းအႏွီးကိစၥေတာ့ မင္းပူစရာမလိုပါဘူး။ဒီဇာတ္ကား႐ိုက္တာနဲ႔ ငါအရင္းအႏွီးထည့္မွာ။ဒါေပမယ့္ ငါ့ေတာင္းဆိုခ်က္ေတြကေတာ့ ဒါဆိုဒါပဲ မျပင္ႏိုင္ဘူး။ပိုက္ဆံ႐ွာဖို႔ ဇာတ္ကား႐ိုက္တာမဟုတ္ေပမယ့္ ေကာင္းေကာင္း႐ိုက္ေပးမွရမယ္}

{အဲ့တာေတာ့ မပူပါနဲ႔။ ကြၽန္ေတာ္ဒီIPဝယ္ခ်င္တယ္ဆိုတာက ဒီဝတၳဳကို ဇာတ္ကား ေကာင္းေကာင္းတစ္ကား ျဖစ္ေအာင္ ဖန္တီးခ်င္လို႔ပါ။ဒါေပမယ့္ ခင္ဗ်ားက အရင္းအႏွီးထည့္မယ္ဆိုေတာ့...ဥကၠဌခ်ဴ...}

{မရဘူးလား}

{အဲ့လိုမဟုတ္ပါဘူး။ကြၽန္ေတာ္က ဒီဇာတ္ကားကို ႐ိုက္ေပး႐ုံပဲဆိုေပမယ့္ ခင္ဗ်ားက သူ႕ကို ေခါင္းေဆာင္မင္းသားေနရာလည္းထားမယ္၊အရင္းအႏွီးလည္း ထည့္မယ္ဆိုေတာ့ ခ်င္းက်ိဳးနဲ႔ခင္ဗ်ားတို႔ ဆက္ဆံေရးကိုသိခ်င္႐ုံပါ}

{ဒါက က်ိခ်င္းက်ိဳးနဲ႔ ဘာမွဆိုင္မေနဘူး}ခ်ဴခ်န္ကေျပာလာသည္။

{ဒီကား႐ိုက္မယ္ဆိုတာနဲ႔ ငါက အရင္းအႏွီးထည့္မွာပဲ။ဘာလို႔ဆိုေတာ့ ရင္းႏွီးျမႇဳပ္ႏွံသူေတြမွာ ေျပာေရးဆိုခြင့္႐ွိတယ္ေလ။ဒါေပမယ့္....}

ခ်ဴခ်န္အသံက တိုးလ်စြာ-

{က်ိခ်င္းက်ိဳးသာ ေခါင္းေဆာင္မင္းသား မဟုတ္ရင္ေတာ့ ငါလုံးဝမူပိုင္ခြင့္မေရာင္းႏိုင္ဘူး။မင္း စဥ္းစားၿပီးရင္ တတ္ႏိုင္သေလာက္ျမန္ျမန္ေလး ျပန္ေျပာခ်ည္}

{ေကာင္းပါၿပီ}

ဝမ္ဖန္းက ခ်ဴခ်န္အၾကာႀကီးေစာင့္ရေအာင္ မလုပ္ခဲ့ေပ။သူက အလြန္ကြၽမ္းက်င္တဲ့ လူတစ္ေယာက္ပင္။ခ်ဴခ်န္နဲ႔ ဖုန္းေျပာၿပီးတာနဲ႔ က်ိခ်င္းက်ိဳးရဲ႕ အခ်က္အလက္ေတြ စုဖို႔ လူတစ္‌ေယာက္ကို ေစခိုင္းလိုက္တယ္။က်ိခ်င္းက်ိဳးက 《ခ်စ္သူ႕ကဗ်ာမ်ားမွျမတ္ႏိုးေသာစာမ်က္ႏွာ》နဲ႔《 ေၾကကြဲဖြယ္အလင္းတစ္စ》မွာ သ႐ုပ္ေဆာင္ခဲ့ၿပီး 《‌နတ္ဘုရားအမိန္႔ေတာ္》မွာလည္း လူေ႐ြးပြဲဝင္ေျဖၿပီး ေခါင္းေဆာင္မင္းသားအျဖစ္ ေၾကညာလုနီးနီးျဖစ္သြားတာကို သူသိတာနဲ႔ 《‌နတ္ဘုရားအမိန္႔ေတာ္》ရဲ႕ ဒါ႐ိုက္တာဆီ ခ်က္ခ်င္း ဆက္သြယ္လိုက္သည္။

သူနဲ႔ ဒါ႐ိုက္တာလီက နယ္ပယ္တူတူမွျဖစ္၍ တစ္ေယာက္နဲ႔ တစ္ေယာက္ အနည္းအမ်ားေတာ့ သိၾကသျဖင့္ စကားေျပာဖို႔ အဆင္ေျပသည္။ထို႔ေၾကာင့္ သူတို႔ဆီမွာ က်ိခ်င္းက်ိဳး လူေ႐ြးပြဲလာေျဖတဲ့အေၾကာင္းအား ပါးပါးနပ္နပ္ေလးေမးလိုက္သည္။

ဒါ႐ိုက္တာလီက က်ိခ်င္းက်ိဳးကို အလြန္ သေဘာက်ေနၿပီး သူ႐ိုက္မယ့္ကားထဲမွာ က်ိခ်င္းက်ိဳးကို မပါခိုင္းရတဲ့အတြက္ အလြန္ေနာင္တရေနေလသည္။သူက က်ိခ်င္းက်ိဳးကို အထူးခ်ီးမြမ္းေနၿပီး မတတ္သာလို႔ကြာဟုေရ႐ြတ္ေနသည္။ယန္းဖန္းအံ့ဩသြားမိ၏။စကားဆုံးေတာ့ ဒါ႐ိုက္တာလီက ဝမ္ဖန္းကို ေမးလာသည္။

{မင္း ငါ့ကို ဒါေတြေမးေနတာဘာလုပ္ဖို႔လဲ}

ယန္ဖန္းကလည္း လွ်ိဳ႕ဝွက္မေန။
{ကြၽန္ေတာ္ ဇာတ္ကားတစ္ကား႐ိုက္မို႔ အဲ့တာ က်ိခ်င္းက်ိဳးကို အၾကံျပဳလာတဲ့သူ႐ွိလို႔ေလ။ကြၽန္ေတာ္ သူ႕ကို တစ္ခါမွ မျမင္ဖူးသလို သူ႕ဇာတ္ကားေတြလည္း မၾကည့္ဖူးေသးေတာ့ ခင္ဗ်ား႐ိုက္တဲ့ဇာတ္ကားမွာ လူေ႐ြးပြဲလာေျဖတယ္ၾကားတာနဲ႔ တီးေခါက္ၾကည့္တာပါ}

{တကယ္မိုက္လိုက္တာကြာ}

ဒါ႐ိုက္တာလီေျပာေလသည္။

{ငါအစက သူ႕ကိုေခါင္းေဆာင္မင္းသားထားခ်င္တာ။ဒါေပမယ့္ ရင္းႏွီးျမႇဳပ္ႏွံသူက ေသေသ႐ွင္႐ွင္ သေဘာမတူဘူးေလ။ငါလည္း မတတ္သာလို႔ လူေျပာင္းလိုက္ရတာကြာ။ဒါေပမယ့္ က်ိခ်င္းက်ိဳးကိုပဲ သေဘာက်ေနေသးတုန္းပဲ။မင္းစိတ္ထဲ မေရမရာျဖစ္ေနရင္ သူ႕ကိုအရင္ဆုံးလူေ႐ြးပြဲေျဖခိုင္းၾကည့္ကြ}

က်ိခ်င္းက်ိဳးကို လူေ႐ြးပြဲေျဖခိုင္းႏိုင္ခြင့္ သူ႕မွာမ႐ွိဘူးဆိုတာ ယန္ဖန္းသိပါတယ္။ခ်ဴခ်န္ရဲ႕စကားက အလြန္ျပတ္သည္။သူ《ခါငွက္‌ေကာင္းကင္》ကို ဝယ္ရင္ က်ိခ်င္းက်ိဳးကို သုံးရမယ္! သူ က်ိခ်င္းက်ိဳးကို မသုံးရင္ ခ်ဴခ်န္က 《ခါငွက္‌ေကာင္းကင္》ကို ေရာင္းေတာ့မွာ မဟုတ္ေပ။

သူမွာ မူပိုင္ခြင့္ေတာင္႐ွိမေနတာ ဘယ္ကလာၿပီး လူေ႐ြးပြဲသြားလုပ္ရမွာတုန္း။

ထို႔ေၾကာင့္ ယန္ဖန္းသည္ တိက်ေသာအေျဖတစ္ခုကို ခ်ဴခ်န္ဆီျမန္ျမန္ေပးလိုက္တယ္။

{ကြၽန္ေတာ္ က်ိခ်င္းက်ိဳးကို ေခါင္းေဆာင္မင္းသားေနရာထားဖို႔ ဆႏၵ႐ွိပါတယ္ ။ဆိုေတာ့ ဥကၠဌခ်ဴနဲ႔ကြၽန္ေတာ္တို႔  စာခ်ဳပ္ခ်ဳပ္ၾကဝာာေပါ့}

ထိုေန႔ညက ခ်ဴခ်န္ ထိုအေၾကာင္းကို က်ိခ်င္းက်ိဳးဆီေျပာျပလိုက္သည္ ။ သူအစက က်ိခ်င္းက်ိဳးကို ေျပာျပဖို႔ ရည္႐ြယ္ခ်က္မ႐ွိတာမဟုတ္။ကိစၥေတြအတည္ျပဳၿပီးမွသာ ေျပာျပခ်င္တာျဖစ္သည္။ထို႔ျပင္ ႐ိုက္ကူးေရးအဖြဲ႕က သူ႕နဲ႔ သင့္ေတာ္လို႔ သူဆီဆက္သြယ္လာတာဆိုၿပီး က်ိခ်င္းက်ိဳးကို ထင္ေစခ်င္လို႔လဲျဖစ္ေလသည္။သို႔ေသာ္ ဒီဇာတ္ကား႐ိုက္ကူးေရးစၿပီဆိုတာနဲ႔ သူ႐ိုက္ကြင္းကို ခဏခဏသြားလည္ရမွာ ေသခ်ာေနေတာ့ ရင္းႏွီးျမႇဳပ္ႏွံထားတဲ့အေၾကာင္းကို ဖုံးကြယ္လို႔ မရေတာ့သျဖင့္သာ က်ိခ်င္းက်ိဳးကို ႐ွင္းျပရျခင္းျဖစ္သည္။

က်ိခ်င္းက်ိဳး ၾကားတဲ့အခ်ိန္မွာေတာ့ နည္းနည္း မယုံၾကည္ႏိုင္ျဖစ္ေနခဲ့သည္။

“အဲ့တာဆို ခင္ဗ်ားက တကယ္ စာေရးဆရာႀကီးေပါ့”

“အင္းေပါ့”

“ဘယ္လိုႀကီးလဲ” က်ိခ်င္းက်ိဳးကနားမလည္စြာေမးလာသည္။

“ကြၽန္ေတာ္《‌နတ္ဘုရားအမိန္႔ေတာ္》ဖတ္မို႔ New Culture ဝက္ဆိုက္ကိုသြားေတာ့ 《ခါငွက္‌ေကာင္းကင္》က 《‌နတ္ဘုရားအမိန္႔ေတာ္》ထက္ တစ္ဒါဇင္ေက်ာ္ေလာက္အဆင့္ျမင့္တက္ေနတာေလ။ 《‌နတ္ဘုရားအမိန္႔ေတာ္》ဆို IPႀကီးႀကီး စာေရးသူကလည္း အရမ္းအရမ္းနာမည္ႀကီးတဲ့ဟာကို ခင္ဗ်ားဆို သူ႕ထက္ပိုၿပီးေတာင္ နာမည္ႀကီးသင့္ေနတာမဟုတ္လားဗ်”

“အင္းေလ...ကိုယ္က စီးပြားေရးလုပ္ေနတာမဟုတ္ေတာ့ ႏွိမ့္ခ်ၿပီးေနေနတာ”

က်ိခ်င္းက်ိဳး : .....ခ်ဴခ်န္ဆိုတဲ့လူက ဘယ္လိုႏွိမ့္ခ်ေနရမလဲေရာသိလို႔လား ။ မယုံႏိုင္စရာႀကီးးးးး

“ဒါဆိုခင္ဗ်ားအေျပးအလႊားစီစဥ္လိုက္တာကြၽန္ေတာ္ေၾကာင့္မလား”က်ိခ်င္းက်ိဳး ေမးလိုက္သည္။

ခ်ဴခ်န္ရယ္လိုက္ၿပီး သူ႕ေ႐ွ႕က ကို႐ိုးကားရားမ်က္ႏွာႏွင့္လူအားၾကည့္လိုက္ကာ-

“ေျပာရဲဆိုရဲလိုက္တာကြာ”

“မဟုတ္လို႔လား”

“ဟုတ္ပါတယ္၊ဟုတ္ပါတယ္၊ဟုတ္ပါတယ္ဗ်ာ...မင္းေလးမ်က္ႏွာေၾကာင့္ လုပ္ခဲ့တာပါ”

က်ိခ်င္းက်ိဳး နည္းနည္းေလး႐ွက္သြားမိ၏။

“တကယ္ေတာ့ ခင္ဗ်ားအဲ့လိုလုပ္စရာမလိုပါဘူး။ကြၽန္ေတာ္ ဒီလိုကိစၥေတြကို ေကာင္းေကာင္းႀကီး သိပါတယ္။ဒီအခြင့္အေရးလက္လႊတ္သြားလည္း ေနာက္ထပ္ေနာက္ထပ္ေတြလာမွာေပါ့။ခင္ဗ်ား အၿမဲတမ္းပိုက္ဆံေတြသုံၿပီး အရင္းအႏွီးထည့္ေပးေနတာ အ႐ႈံးေပၚသြားရင္ေရာ”

“ဘာလို႔အ႐ႈံးေပၚရမွာလဲ” ခ်ဴခ်န္ကျပန္ေမးလာသည္။

“ဒီစာအုပ္က သူ႕ဘာသူနာမည္ရၿပီးသားေလ။စာအုပ္ပရိတ္သတ္ေတြ႐ွိေနၿပီးသား။မင္းကသ႐ုပ္ေဆာင္ေကာင္းတယ္၊ယန္ဖန္းအဖြဲ႕ကလည္း အလုပ္လုပ္တာေကာင္းတယ္၊ ကိုယ္ကလည္း ႀကီးၾကပ္ေပးဦးမွာေလ။ဘယ္လိုလုပ္ ပိုက္ဆံအ႐ႈံးေပၚရမွာတုန္း”

က်ိခ်င္းက်ိဳး သူ႕ကိုၾကည့္လာခ်ိန္ ခ်ဴခ်န္ျပဳံးျပလိုက္၏။

“ဒီႏွစ္ေတြထဲမွာ ႐ုပ္႐ွင္၊ဇာတ္ကားမူပိုင္ခြင့္ကိစၥရပ္ေတြပ်ံ႕ႏွံ႔လာတယ္ဆိုတာကwin-win  အေျခအေနေၾကာင့္ပဲ။စာအုပ္တစ္အုပ္ကို ႐ုပ္႐ွင္အသြင္ဇာတ္လမ္းအသြင္ကူးေျပာင္းလိုက္တာနဲ႔ အဲ့စာအုပ္ပရိတ္သတ္ေတြကလည္း အလိုလိုကို ႐ုပ္႐ွင္ဇာတ္ကားေတြရဲ႕ ေက်ာ္ၾကားမႈကို ေဆြးေႏြးရင္း ပရိတ္သတ္ေတြျဖစ္လာမယ္။ဒါဆို ႐ုပ္႐ွင္ဇာတ္ကားေတြလည္း ေက်ာ္ၾကားမႈ ပိုရလာၿပီး မူရင္းစာအုပ္အတြက္လည္း တုံ႔ျပန္ခ်က္ေတြပိုရလာမယ္။ပိုႏွိပ္စာအုပ္ေတြရဲ႕ေရာင္းရေငြေတြ၊အြန္လိုင္းအသင္းဝင္ေၾကးေတြအမ်ားႀကီးျမင့္တက္လာမွာကြာ။တစ္ခ်ိန္တည္း စာေရးသူရဲ႕ တရားဝင္အေကာင့္ေတြ website trafficေတြ တစ္႐ွိန္ထိုးတက္လာမွာ။ဒါ လူတိုင္းအတြက္ ရလဒ္ေကာင္းတစ္ခုပဲေလ။အဲ့တာေၾကာင့္ မူပိုင္ခြင့္ေျပာင္းၿပီး ႐ုပ္႐ွင္ဇာတ္ကား႐ိုက္တာေတြက တအားနာမည္ႀကီးလာတာေပါ့ကြ”
 
“ကိုယ့္ရဲ႕စာအုပ္ေတြကို မူပိုင္ခြင့္မေရာင္းခဲ့တာအၾကာႀကီး႐ွိေနၿပီ။စာအုပ္ေတြက လုံေလာက္ေအာင္ လူသိမမ်ားလို႔မဟုတ္ပဲ ကိုယ္ သေဘာက်တဲ့ အႏုပညာ႐ွင္တစ္ေယာက္မွမ႐ွိလို႔ မေရာင္းျဖစ္ခဲ့ဘူး ။ဒါနဲ႔ကိုယ္ သေဘာမက်တဲ့မ်က္ႏွာ႐ွိသူေတြကို ေခါင္ေဆာင္မင္းသားေနရာမထားခ်င္ဘူးလို႔ စံသတ္မွတ္လိုက္တာ။ကိုယ္ ဒီဇာတ္ကားမွာ အရင္းအႏွီးထည့္ခဲ့တာက မင္းေၾကာင့္မဟုတ္ဘူးေနာ္။ကိုယ့္အလုပ္ေၾကာင့္လုပ္တာ။ကိုယ္ ေျပာေရးဆိုခြင့္႐ွိခ်င္တာမို႔ ကိုယ္ မႀကိဳက္တဲ့ ထုတ္လုပ္ေရးအသင္းနဲ႔လည္းၿပီးစလြယ္မလုပ္ပါဘူးကြာ။မင္းမပါရင္ေတာင္ ကိုယ္ အရင္းအႏွီးထည့္မွာ။ အဲ့ဒါေၾကာင့္ မင္းစိတ္ထဲ ဝန္ေလးေနဖို႔ မလိုဘူးေနာ္”
(က်ိဳးက်ိဳးအျပစ္႐ွိစိတ္ႀကီးျဖစ္မွာေၾကာက္လို႔ ပါးခ်ဴက အေသခ်ာ႐ွင္းျပေနတာပါ)

“ဪ ခင္ဗ်ားက ကြၽန္ေတာ့္မ်က္ႏွာေၾကာင့္ ေခါင္းေဆာင္မင္းသားလုပ္ခိုင္းခ်င္တာေပါ့ေလ”

ခ်ဴခ်န္တစ္ေယာက္ သူ႕မ်က္ႏွာအား ဆြဲညႇစ္လိုက္ကာ-

“ဘာေတြေတြးေနတာတုန္း...မင္းအတြက္သာမဟုတ္ရင္ ကိုယ့္မူပိုင္ခြင့္ကို ေရာင္းျဖစ္မွာမဟုတ္ဘူး။ဒါေပမယ့္”

သူက က်ိခ်င္းက်ိဳးကိုၾကည့္၍-

“ကိုယ္ေရးတဲ့စာအုပ္မွာ မင္းသ႐ုပ္ေဆာင္မွာကို အေတာ္စိတ္ဝင္စားေနမိတယ္။ဘာနဲ႔တူလဲမသိေပမယ့္ အဲ့ခံစားခ်က္က ေတြးၾကည့္တာနဲ႔ကို နည္းနည္းထူးဆန္းေနသလိုပဲ”

က်ိခ်င္းက်ိဳးလည္း နည္းနည္းထူးဆန္းသလို ေတြးေနမိေပမယ့္ 《‌နတ္ဘုရားအမိန္႔ေတာ္》ထက္ ခ်ဴခ်န္ရဲ႕ေခါင္းေဆာင္မင္းသား လုပ္ရမွာကို ပိုႏွစ္ၿခိဳက္မိတယ္...

“ကြၽန္ေတာ္ေကာင္းေကာင္းသ႐ုပ္ေဆာင္မွာပါ” က်ိခ်င္းက်ိဳး ကတိျပဳလိုက္သည္။

“ေကာင္းေကာင္းသ႐ုပ္ေဆာင္ရမွာေပါ့။ကိုယ္ ေရးတဲ့စာအုပ္မွာ သ႐ုပ္ေဆာင္ဖူးတဲ့ တစ္ဦးတည္းေသာလူက မင္းပဲေလ။အရင္ကဘယ္သူမွမ႐ွိခဲ့ဖူးဘူး”

ခ်ဴခ်န္က ခဏေလးေတြးဆဆလုပ္ၿပီး‌ေနာက္ -

“ေနာက္လည္း ႐ွိလာမွာမဟုတ္ဘူးထင္တယ္”

ထိုစကားၾကားေတာ့ က်ိခ်င္းက်ိဳးရင္ထဲ ခ်ိဳၿမိန္မႈတို႔စီးက်လာကာ ေခါင္ေမာ့ၿပီး ခ်ဴခ်န္ႏႈတ္ခမ္းကိုညင္ညင္သာသာေလး အနမ္းေပးလိုက္သည္။

ရက္အနည္းငယ္အတြင္း 《ခါငွက္‌ေကာင္းကင္》ရဲ႕႐ိုက္ကူးေရးအဖြဲ႕က 《ခါငွက္‌ေကာင္းကင္》ကို ဇာတ္လမ္းအျဖစ္နဲ႔ မၾကာခင္ျမင္ရေတာ့မယ္ဆိုၿပီး တရားဝင္ေၾကညာခ်က္ထုတ္လာခဲ့ကာ က်ိခ်င္းက်ိဳးကို ေခါင္းေဆာင္မင္းသားအျဖစ္သတ္မွတ္ၿပီးၿပီဟုပါ ေၾကညာလာခဲ့သည္။တရားဝင္‌ေၾကညာခ်က္ထုတ္တဲ့‌ေန႔မွာပဲ လူထုျဖန္႔ခ်ီေရးအသင္းမွ ဝန္ထမ္းေတြက အဓိကေဈးကြက္စီးပြားေရးအေကာင့္ေတြကို ဆက္သြယ္ၿပီး စီးပြားေရးအေကာင့္ေတြကေန တိုက္႐ိုက္သတင္းထုတ္ျပန္ၾကေလသည္။
သတင္းထြက္ထြက္ခ်င္း ေဆြးေႏြးပြဲႀကီးေပါက္ကြဲထြက္သြား၏။

[လခြမ္းးးးးးးးး!!!!!! က်ိခ်င္းက်ိဳး အလွည့္ေရာက္ၿပီေဟးးးးးးးးးးး!!!!]

[ငါအထက္တန္းတည္းက ဖတ္ခဲ့တဲ့ဝတၳဳေလးကို မူပိုင္ခြင့္ေရာင္းလိုက္ၾကၿပီေပါ့!!!! အဲ့တုန္းကဆို ငါတို႔ တစ္တန္းလုံး ဖတ္လိုက္ၾကရတာ!!!]

[ဘုရားေရ ႐ူးေတာ့မယ္! 《‌နတ္ဘုရားအမိန္႔ေတာ္》ကိုပဲ ဒီႏွစ္ရဲ႕ အႀကီးဆုံး IPထင္ေနတာ ဒါကို မထင္ထားခဲ့ဘူးေလဟယ္]

[က်ိခ်င္းက်ိဳးက ဘာမ်ိဳး႐ိုးလဲဟန္! ဒီလိုအရင္းျမစ္ႀကီးႀကီးကို ရႏိုင္တဲ့ သူကိုမ်ား ေလာ့ယြီ႐ွင္းကိုမနာလိုျဖစ္ေနတာလို႔ ေျပာရဲၾကတယ္! ]

[တိုးတိုးေလးေမးမယ္ေနာ္ ဘယ္IPကပိုႀကီးလဲ႐ွင့္]

က်ိခ်င္းက်ိဳး ပရိတ္သတ္ေတြကေၾကာင္အသြားၾက၏။ဒါကဘာေျပာခ်င္တာလဲညီမေလး။ဒီေလာက္သတင္းႀကီးထြက္လာတာကို ညီမတို႔က ဘယ္လိုေမခြန္းေတြေမးႏိုင္ၾကတာလဲ။ခဏလည္းၾကာေရာ အကုန္လုံး မတ္တပ္ေတြထရပ္ၿပီး သတင္းေတြကိုအျမန္ပ်ံ႕ေအာင္လုပ္ေတာ့သည္။

[《ခါငွက္‌ေကာင္းကင္》ေပါ့။အဲ့စာအုပ္ထြက္တဲ့ႏွစ္ကဆို ငါတို႔အခန္းက ေကာင္ေလးေတြ အ႐ူးအမူးဖတ္ၾကတာ]

[《ခါငွက္‌ေကာင္းကင္》ရဲ႕စာေရးဆရာက New Cultureကလူေလ။သူစာအုပ္ထုတ္ၿပီး ေပါက္သြားေတာ့ ပိုက္ဆံကလည္း လုံလုံေလာက္ေလာက္ကိုရသြားတယ္ထင္တယ္။စာအုပ္ထပ္မထုတ္ေတာ့ဘူး]

[New Cultureရဲ႕ အဆင့္သတ္မွတ္ခ်က္ေတြအကုန္လုံးကိုၾကည့္ၾကည့္မယ္ဆို 《ခါငွက္‌ေကာင္းကင္》က《‌နတ္ဘုရားအမိန္႔ေတာ္》ထက္ တစ္ဒါဇာင္ေက်ာ္ေက်ာ္ေလာက္ကို ပိုျမင့္ေနတာကြာ။အဲ့ေတာ့ 《ခါငွက္‌ေကာင္းကင္》က ပိုႀကီးတဲ့IPျဖစ္မယ္]

[အရင္ႏွစ္ရဲ႕New Cultureအဖြင့္ကို အဓိကထားၿပီး မီးေမာင္ထိုးျပထားတာက 《ခါငွက္‌ေကာင္းကင္》ကို ပထမဆုံးေနရာမွာထားတာေလ။အေနအထားကိုက အ႐ွင္းသားေနာ္ ဟဟ]

[ဟိုႏွစ္ရက္ကမွ ေလာ့ယြီ႐ွင္း ပရိတ္သတ္ေတြက က်ိခ်င္းက်ိဳး ပရိတ္သတ္ေတြကို အ႐ူးအမူးေလွာင္ရယ္ေနၾကတာ‌။《‌နတ္ဘုရားအမိန္႔ေတာ္》ကို မရလို႔ဆိုလားပဲ။အခုက် အလွည့္ေျပာင္းသြားၿပီကြယ္]

[က်ိခ်င္းက်ိဳးဇာတ္ကားက ေလာ့ယြီ႐ွင္းဇာတ္ကားထက္ ပိုမိုက္ေနတာကိုေရာ ဘာလို႔ သူတို႔ လာမရယ္ၾကတာလဲ။သူတို႔ေလွာင္ရယ္ၿပီးမွ သတင္းေတြတက္လာတာဆိုေတာ့ ဒါ ငါတို႔ကိုျပန္ရယ္ဖို႔ အခြင့္အေရးေပးတာပဲေနာ္]

[ဟားဟားဟားဟားဟားဟား ၾကင္နာမႈမ႐ွိစြာျဖင့္ ဟားဟားလိုက္ပါတယ္။က်ိခ်င္းက်ိဳးမွာ 《‌နတ္ဘုရားအမိန္႔ေတာ္》ထက္ အမ်ားႀကီးအားႀကီးျမင့္တဲ့ 《ခါငွက္‌ေကာင္းကင္》႐ွိၿပီသားေနာ္ ပ်ိဳေမတို႔]

[က်ိခ်င္းက်ိဳးကို ႀကိဳက္လိုက္တာ။ငါတို႔ ေကာေကာပဲရတာေနာ္။ကန္းဟုန္းမွာ ဒီေလာက္ေကာင္းတဲ့ အရင္းႏွီးမ်ိဳးဘယ္လိုရလာတာလဲ]

ရက္အတန္ၾကာရယ္ခဲ့ၾကေသာ ေလာ့ယြီ႐ွင္းပရိတ္သတ္ေတြမွာ သတင္းေတြျမင္ၿပီး ေသြးအန္လုနီးပါးျဖစ္သြားၾက၏။ ေဒါသထြက္လြန္းလို႔  ကီးဘုတ္ေတြပါ ပစ္ေပါက္မိေတာ့မတတ္ပင္။ 

[IPႀကီးေတာ့ ဘာသုံးစားရလို႔လဲ။စာအုပ္တစ္အုပ္ကေန ႐ုပ္႐ွင္ကားတစ္ကားအျဖစ္ ေျပာင္းတဲ့ေနရာမွာ အေရးႀကီးဆုံးက ထုတ္လုပ္ေရးအသင္းပဲ ! ထုတ္လုပ္ေရးအသင္းက မမိုက္ရင္ ဘာမွမျဖစ္လာဘူး]

[ဒါေပမယ့္ ဒီဇာတ္ကားရဲ႕ ထုတ္လုပ္ေရးအသင္းက ယန္ဖန္းတို႔ အဖြဲ႕တဲ့။အဲ့အဖြဲ႕ကေကာင္းတယ္ေလ။ယန္ဖန္းတို႔ ထုတ္လုပ္ေရးအသင္းက ဂုဏ္သတင္းႀကီးတယ္ေလေနာ္]

[အင္း။မႏွစ္ကလည္း သူ႕ဇာတ္ကားပဲဆုရသြားတာ။ၿပီးေတာ့ ယန္ဖန္းကို တာဝန္ေက်ပြန္တဲ့ ပ႐ိုဂ်ဴဆာႀကီးလို႔လည္း သတ္မွတ္ႏိုင္တယ္ဟ]

[႐ွင္း႐ွင္းပဲ!ဒီဇာတ္ကားအဖတ္ဆယ္မရေတာ့ဘူး။ဒီဇာတ္ကားသိပ္နာမည္မႀကီးလာရင္ေတာင္ စာအုပ္ဖတ္ၿပီးလို႔ ရင္ထဲထိေနတဲ့သူေတြက သူ႕ကို ႀကိဳက္မွာမဟုတ္ေတာ့ဘူး ။ၿပီး‌ေတာ့ ႐ိုက္ကူးေရးမေကာင္းရင္ေရာ အရင္ၾကည့္ၿပီးမွ ဆူၾကစမ္းပါ]

[နင့္အိပ္မက္ထဲမွာပဲ အဖက္ဆယ္မရေန! နင့္မင္းသားဇာတ္ကားကိုသာ အဖက္ဆယ္ရပါေစလို႔ ဆုေတာင္းေနစမ္းပါဟဲ့! 《ခါငွက္‌ေကာင္းကင္》အေၾကာင္း နင္ပူေနစရာမလိုဘူး] က်ိခ်င္းက်ိဳး ပရိတ္သတ္ေလးက ျပန္ေခ်‌ပေလ၏။

[႐ိုက္ကူးေရးျဖင့္မလုပ္ရေသးဘူး။က်ိခ်င္းက်ိဳး ပရိတ္သတ္ေတြရဲ႕ အၿမီးက မိုးေပၚေထာင္တက္ေနၿပီ။ေအးေပါ့ေလ နင့္လိုငတိေလးက ေလာကႀကီးကို ျမင္မွမျမင္ဖူးေသးပဲ] ေလာ့ယြီ႐ွင္း ပရိတ္သတ္က စိတ္တိုစြာေျပာလာ၏။

က်ိခ်င္းက်ိဳး ပရိတ္သတ္ကလည္း ေဒါသထြက္စြာ :

[ဟုတ္တယ္။ငါတို႔က ေလာကႀကီးကို မျမင္ဖူးေသးဘူး။ဒါေပမယ့္ နင္တို႔ဟာမေတြလည္း 《‌နတ္ဘုရားအမိန္႔ေတာ္》ရဲ႕ ေခါင္းေဆာင္မင္းသားနာမည္ေၾကညာေတာ့ ဒီလိုပဲ သ႐ုပ္ျပခဲ့ၾကတာမလားကမေတြရဲ႕]

[ငါ မထိန္းႏိုင္ေတာ့ဘူး။《‌နတ္ဘုရားအမိန္႔ေတာ္》ကို ဒီႏွစ္ရဲ႕ အႀကီးဆုံးIPဆိုၿပီး သူတို႔က ထင္ၾကတာေလ။《ခါငွက္‌ေကာင္းကင္》က ဘယ္ကမွန္းမသိထြက္လာေတာ့ သူတို႔ ေဒါသမထြက္ဘဲေနမလား]

[အေရးႀကီးဆုံးအခ်က္- 《ခါငွက္‌ေကာင္းကင္》က ႀကီးျမတ္တဲ့ IPျဖစ္႐ုံတင္မကဘူး ထုတ္လုပ္ေရးအသင္းကလည္း မိုက္မိုက္မိုက္ျမည္ေနေတာ့ ဟားဟားဟား ငါအရမ္းေပ်ာ္တာပဲ။ဒီေန႔ေဆြးေႏြးပြဲထဲမွာ ထီႀကီးေဖာက္ေပးမယ္။ေလာ့ယြီ႐ွင္းပရိတ္သတ္မဟုတ္‌သေ႐ြ႕၊ anti-fan မဟုတ္သေ႐ြ႕ ငါ စပြန္ဆာ ေပးပစ္မယ္]

ေလာ့ယြီ႐ွင္းပရိတ္သတ္ေတြက က်ိခ်င္းက်ိဳး ပရိတ္သတ္ေတြ ေဒါသထြက္ေနၾကတာကိုၾကည့္ၿပီး ေလာ့ယြီ႐ွင္းေအဂ်င္စီႏွင့္ေအးဂ်င့္ဘက္ ျပန္ေျပာင္းသြားၾကသည္။ဘာေတြျဖစ္ကုန္တာလဲ? ဘာလို႔သူတို႔က ပိုေကာင္းတဲ့ အရင္းအႏွီးမရၾကတာလဲ။ေအးဂ်င့္ေတြေသကုန္တာလား။ဘာမွမလုပ္ၾကဘူးလား!

+--++--+----+-+---++-

စာေရးသူမွာေျပာစရာ႐ွိပါတယ္ :

ေလာ့ယြီ႐ွင္းရဲ႕ ေအးဂ်င့္ : အဲ့တာေတြက ငါထိန္းခ်ဳပ္လို႔ရတဲ့အရာလား!!!! အဲ့ကား႐ိုက္မယ္ဆိုတာ သိေတာင္သိမေနဘူး! ေဒါသထြက္လိုက္တ!!!!

+--+--++-++++-++++++--+++-++

Continue Reading

You'll Also Like

165K 17.2K 108
ဘာသာပြန်သူ - စွဲညို့အသင်း
272K 11.4K 38
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
433K 26.5K 65
သောက်မြင်ကပ်ပုဒ်မဖြင့်လက်ထပ်ယူရန်ဂျစ်တူးတစ်ယောက်အားရွာသို့ခေါ်လာမိသောအခါ(╥﹏╥) #photo crd အပိုင်း5က အပိုင်း20ရဲ့အောက်မှာရှိပါတယ်..
71.9K 13.5K 27
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ