Unicode
ကြက်များအားလုံးထုတ်ပြီးသော် တစ်နှစ်တာအတွက် ဆေးဖိုးဝါးခ၊ အစာရေစာအတွက် သိန်းလေးဆယ်နှင့် ကြက်ခြံတန်ဖိုး၊ ကြက်တန်ဖိုးတို့ကို နှုတ်ပြီးနောက် သိန်းတစ်ရာကျော်ကနေ အသားတင်အမြတ် တစ်ယောက်ကို သိန်းနှစ်ဆယ်ခန့် ကျန်လေသည်။
ဝဿန်က ငွေထုပ်ပိုက်ပြီး ပျော်ရွှင်နေသော သူ၏ခင်ပွန်းလောင်းလေးကို အသည်းယားသဖြင့် မျက်နှာကိုညှစ်လိုက်၍...
"ကိုယ်တော့ ငွေပဒေသာပင်ကြီး စိုက်မှဖြစ်တော့မယ်"ဟု ဆိုလိုက်သည်။
သင်္ခါက သူ့အနား တိုးဝေ့လာရင်း...
"ကားဝယ်ရအောင်လေ ခါ"
ဒါက သူမကြာသေးမီကမှ စဥ်းစားမိတဲ့အရာဖြစ်သည်။ ရာဘာက နေ့တိုင်းနီးပါး အတင်အချလုပ်နေရသည်မို့ ကားက သေချာပေါက်အရေးကြီးသည်။ ကိုမျိုးတို့၏ကားအား အချိန်မရွေးယူသုံးနိုင်သော်လည်း တစ်ဖက်ကလည်း အလုပ်နှင့်။ ကြာတော့ သင်္ခါအားနာလာရကာ ကားတစ်စီးဝယ်ဖို့ စဥ်းစားမိလိုက်သည်။
ဝဿန်သည်လည်း သင်္ခါ့အကြံကိုလက်ခံ၍...
"ကောင်းတာပေါ့... ကိုယ်လူရှာပြီး တစ်စီးလောက်ကြည့်ခိုင်းထားလိုက်မယ် ဘယ်လိုမျိုးလိုချင်လဲ"
"နည်းနည်းပိုအကြမ်းခံနိုင်မဲ့ဟာ"
"အကြမ်းအခံနိုင်ဆုံးက ကိုယ်ပဲလေ"
သင်္ခါ့မျက်နှာနီသွားပြီး ငွေထုပ်ကိုပိုက်လျက်သားဖြင့် မျက်နှာကိုတစ်ဖက်လွှဲလိုက်သည်။
"ပိုက်ဆံထုပ်ကလေးကို အနားပေးဖို့ချထားလိုက်ပါဦး... အိမ်မှာ ကိုယ်တို့နှစ်ယောက်တည်းရှိတာပါ"
ဝဿန် ရယ်ပြီး မပြောဘဲ မနေနိုင်တော့။ လောဘအိုးလေးက အပြောခံရတော့လည်း ရှက်သမှ သိပ်သိပ်ရှက်တတ်သေး။
"ကားဝယ်ဖို့ ပိုက်ဆံလောက်ရဲ့လား... မင်းခုတလော အကွက်တွေဝယ်လိုက် အပင်တွေဝယ်လိုက်နဲ့"
"တစ်ရာကျော်တော့ ကျန်သေးတယ်"
သင်္ခါက နီရဲရဲ နားရွက်ကို ပွတ်ရင်း ဆိုလိုက်သည်။
သူလည်း မဝယ်ဘဲ နေလိုက်မည်ဟု တင်းခံပါသော်လည်း မရ။ မြေကွက်တွေ ခြံခင်းတွေဝယ်တာက အရှုံးလည်းမရှိသောကြောင့် စိတ်ကို အလိုလိုက်နေမိ၏။ အလုပ်မရှိတော့လျှင် ဝယ်ထားသမျှ ခြံခင်းထဲ ကြုံရာစိုက်ပြီး ရောင်းစားမည်။ ငတ်ပြီး သေနိုင်မည်တော့မဟုတ်။
"ကားဝယ်ပြီးရင် မင်းလက်ထဲ တစ်ပြားတောင်ကျန်ပါဦးတော့မလား... ပြီးရင် ကြံရည်ဆိုင်က ဖွင့်ချင်သေးတယ်"
ထိုသို့ပြောလိုက်မိတော့ ရှားရှားပါးပါးပုံစံလေးဖြင့် သွားဖြဲ ရယ်ပြလာခဲ့လေ၏။
ဝဿန် အလိုလိုက်ချင်စိတ်က ထိန်းမနိုင်သိမ်းမရတိုးထွက်လာ၍ သုံးလေးငါးချက်မျှ ဖိနမ်းကာဖြင့်...
"ပိုက်ဆံမလောက်ရင် ကိုယ့်ကိုပြော... အခု ပိုက်ဆံသွားသိမ်းတော့... နောင်ဆိုရင် မီးခံသေတ္တာပါဝယ်ပေးထားမယ် ကိုယ်ထင်တာမမှားဘူးဆို ရက်အနည်းငယ်အတွင်း ဧည့်သည်ရှုပ်တော့မှာ"
ဝဿန်ပြောခဲ့သည့်အတိုင်းပင်။ လူအချို့က ကြက်တစ်ကောင်စ နှစ်ကောင်စလာဝယ်ရင်း လုပ်ငန်းပါအကြောင်းအရာတချို့ကို မေးမြန်းကာ စနည်းနာလာကြသည်။ ဝဿန်နှင့်သင်္ခါတို့ကလည်း ကိုယ့်တစ်ဖို့တည်းသာ ကြည့်တတ်သူများမဟုတ်တော့ သိသလောက် ပြန်လည်ဝေမျှလိုက်ကြ၏။
တချို့လူများကမူ မတူ။ ဘယ်လောက်များမြတ်လိုက်သလဲဆိုတာကိုသာ စိတ်ဝင်စားပြီး ထိုအရာများကို မသိမသာရော သိသိသာသာပါ မျက်စောင်းထိုးနေကြသည်။ ထိုအခါ ဝဿန်ရော သင်္ခါပါ နှစ်ယောက်သား အနေအထိုင်ကို သတိပြုကာ ဆင်ခြင်ရလေသည်။ ငွေဆိုတာ မရှိလည်းမကောင်း၊ ရှိလွန်းလျှင်လည်း မကောင်းတော့။ ၎င်းနှင့်ပတ်သက်သော ပြဿနာတို့မှာ စိတ်အနှောင့်အယှက် ဖြစ်စရာ အကောင်းဆုံးပင်။
ကြက်ရောင်းပြီး နှစ်ရက်သုံးရက်ခန့်အကြာတွင် ထင်မှတ်မထားသော ဧည့်သည်နှစ်ဦး ရာဘာဒိုင်ဖွင့်ထားရာ ရွာလယ်သို့ ရောက်ရှိလို့လာခဲ့သည်။ ဖောက်သည်များမရောက်သေးသဖြင့် သင်္ခါက ကြံရည်ဆိုင်စဖွင့်ဖို့ ပြင်ဆင်နေသည့်အချိန်ဖြစ်၏။
ဝဿန်သဘောမကျသော ထိုလူငယ်ကောင်လေးက သူ၏အမေဖြင့် လိုက်ပါလာခဲ့ပြီး ကြံရည်စက်အား နေရာချနေသည့်သင်္ခါ့အနားသို့ ကပ်၍...
"ကြံရည်ရောင်းမှာလား ကိုကိုက"
"အင်း"
သင်္ခါ သိသိသာသာပင် ဘေးသို့ ဆုတ်ခွာရင်း ပြန်ဖြေလိုက်သည်။ ကံဆိုးစွာဖြင့် ယနေ့တွင် ဝဿန်ရှိမနေ။ မနက်အစောကြီးကတည်းက မြို့ငယ်ရှိ သူ၏ဒိုင်ဆီသို့ အခြေအနေခဏသွားပြန်ကြည့်နေတာဖြစ်၏။ နေ့လယ်ပြန်ရောက်မည်ဟု ခန့်မှန်းထားသော်လည်း လက်ရှိတွင် ဆယ့်တစ်နာရီခွဲခါနီးနေပြီဖြစ်သည်။
"ကျွန်တော်တစ်ခွက်လောက်သောက်လို့ရမလား"
လူငယ်ကောင်လေးက သူ့အနားထပ်ကပ်မလာတော့ဘဲ အပြုံးဖြင့် မေးလာ၏။ သင်္ခါ မဆိုင်းမတွပင် ခေါင်းညိတ်ပြပြီး...
"ရတယ်"ဟု ပြန်ဆိုကာ စက်ကိုဖွင့်၍ အသင့်ခုတ်ပိုင်းထားသော ကြံချောင်းတို့ကို စက်ထဲထည့်လိုက်သည်။ ထို့နောက် ရလာသည့်အရည်အား ခွက်ထဲထည့်၍ သံပရာသီးနှင့်ရေခဲတို့ကို ထည့်ကာ ပိုက်တပ်လိုက်သည်။
ထိုစဥ် ရာဘာရောင်းမည့် လူအချို့က ဒိုင်ဆီလှမ်းလာနေပြီဖြစ်ပြီး ကြံရည်စက်ကိုမြင်သောအခါ စိတ်ဝင်စားစွာဖြင့်အနားကပ်လာချိန်ပင်။ သင်္ခါက လက်ထဲရှိကြံရည်ခွက်ကို ကောင်လေးအား ကမ်းပေးရင်း...
"တစ်ခွက် သုံးရာ"ဟု ဆိုလိုက်သည်။
သင်္ခါက သူ့အတွက် စိတ်လိုလက်ရ ကြံရည်ဖျော်ပေးနေခြင်းအပေါ် ပျေနပ်နေခဲ့သောကောင်လေးမှာ ခွက်ကိုမထိလိုက်နိုင်ခင်မှာပဲ ခပ်အမ်းအမ်းဖြစ်သွားခဲ့လေသည်။
"ကိုကိုကလည်း အချင်းချင်းကို အလကားတိုက်တာမဟုတ်ဘူး"
သင်္ခါက စကားမဆိုဘဲ နှုတ်ခမ်းတင်းတင်းစေ့လျက် ကမ်းပေးထားသောခွက်ကို အသံတိတ်ပြန်ဆွဲယူလိုက်သည်။ သူ၏သဘောထားကို ရိပ်မိသောကောင်လေးက...
"မရဘူးလား"
"စျေးဦးမပေါက်သေးဘူး"
"စျေးဦးပေါက်ပြီးရင်ရော"
"မရဘူး"
ထပ်ပြီးပြောနေလျှင် တစ်ခွက်သုံးရာတည်းကိုတောင် ဝယ်မသောက်နိုင်ဘူးလားဟု ဘေးကလူများက အထင်လွဲသွားနိုင်သဖြင့် လူငယ်ကောင်လေးမှာ ကြံရည်ခွက်ကို အောင့်သက်သက်ဖြင့် လှမ်းယူလိုက်သည်။ ပိုက်ဆံအား ထုတ်ပေးပြီးနောက် သူစိတ်ကောက်နေသည်မှန်းသိသာအောင် နှုတ်ခမ်းကိုပါစူထားလိုက်သေးသည်။
သို့သော်လည်း ထပ်ရောက်လာသည့် ဝယ်သူများကြောင့် ကြံရည်ဖျော်ခြင်းအပေါ် အပြာ့်အဝအာရုံစိုက်နေသော သင်္ခါ့ကိုမြင်လိုက်ရလေလျှင် သူ၏နည်းဗျူဟာမှာ အသုံးမဝင်မှန်း စိတ်တိုစရာကောင်းစွာ သိလိုက်ရလေသည်။
-
ဝဿန် နေ့လယ်တစ်နာရီထိုးတော့မှ ပြန်ရောက်လာခဲ့ပြီး ထိုသားအမိမှာ ရှိနေဆဲဖြစ်သည်။
သူ သင်္ခါ့ကို အမေးမျက်ဝန်းဖြင့် ကြည့်လိုက်မိ၏။ သင်္ခါသည်ကား မြင်ရခဲလှစွာ သုန်မှုန်နေလျက်။
"မပျော်ဘူးလား"
သင်္ခါက ပြန်မဖြေဘဲ လူကွယ်ရာဖြစ်သည်ကို အခွင့်ကောင်းယူကာ ဖက်တွယ်လိုက်သည်။ သင်္ခါ စိတ်ရှုပ်နေခြင်းဖြစ်မှန်း ဝဿန်ကောင်းစွာ သ်လေ၏။ သူဆိုရင်လည်း စိတ်ရှုပ်မိမှာအမှန်။ အရေထူသောမျက်နှာဖြင့် ထိုသားအမိမှာ အိမ်မှာတည်းခိုခွင့်ပါ တောင်းလာသောအခါ နှစ်ယောက်သား အခက်တွေ့ကြရတော့သည်။
"ဒေါ်ဒေါ်က သူ့အဘွားရွာ ခဏပြန်မို့ရယ်... သားကလည်း ပြန်မလိုက်ချင် အိမ်မှာထားခဲ့ဖို့လည်း စိတ်မချတာနဲ့ တစ်ပတ်လောက်ထားခဲ့ဖို့ အဆင်ပြေတယ်မလား"
ဘာကို 'အဆင်ပြေတယ်မလား'လဲ။ အဆင်မပြေပါဘူးလို့ သူတို့က ပြန်ဖြေရမှာလား။
ပုံမှန်အနေအထားဆိူလျှင်တော့ အိမ်မှာ ဧည့်သည်လက်ခံတာက ကိစ္စမဟုတ်ပေ။ သို့ပေမဲ့ ဧည့်သည်က ဧည့်သည်လိုမနေတတ်သည့်သူဆိုလျှင် ကိစ္စဖြစ်သွားပေပြီ။
ဒါပေမဲ့ ဘယ်လိုသွားငြင်းရမှာလဲ။ လက်မခံနိုင်ဘူး တိုက်ရိုက်ငြင်းသည်ပဲထား။ လူအများအမြင်တွင် သူတို့က သဘောထားဆိုးဝါးနေသည့်သူများ ဖြစ်လာပေမည်။ တစ်ဖက်လူ၏ အတွင်းစိတ်ကို သူတို့သိသည်ထား၊ ကျန်လူများက မသိနိုင်ပေ။ ကြိုတင်ကာကွယ်ထားတာမမှားဆိုသော်လည်း သူနှင့်သင်္ခါသည် ဖြစ်လေ့ဖြစ်ထရှိသောပုံစံကိုကျော်လွန်၍ ဘဝအတူတည်ထောင်ရန် အစပျိုးနေြကသူများဖြစ်ကာ အကြောင်းပြချက်မဲ့ ငြင်းဆန်လိုက်သည်နှင့် သွားပုပ်လေလွင့် ပြောခံရနိုင်သည်။ မယုံသည့်လူများရှိလျှင်တောင် တချို့ဂဃနဏမသိသူများကတော့ ယုံချင်ယုံကြမည်ပင်။
ဂရုမစိုက်ဘူးဆိုပြီး နေလိုက်၍မရ။ သူတို့၏အလုပ်အကိုင်များမှာ မိတ်ဆွေပေါများလေ အဆင်ပြေလေမို့....
"ကျွန်တော်တို့အိမ်က နည်းနည်းတော့ကျဥ်းတယ်ဗျ... နေဖို့မဆင်ပြေပါ့မလား"
ဝဿန် သက်ပြင်းမောကိုအသာရှိုက်၍ အပြုံးမပျက် ဟန်ဆောင်မေးလိုက်သည်။ သင်္ခါက သူ့ကိုတစ်ချက်ကြည့်ပြီးနောက် ထထွက်သွားခဲ့လေသည်။
"သားက နေဖို့အဆင်ပြေမှာပါ ဟုတ်တယ်မလား"
လူငယ်ကောင်လေးက မဖြေချင့်ဖြေချင်ဖြင့်ပြောရင်း...
"ပြေတယ်"
"ပြေတယ်ဆိုရင် ကောင်းပါတယ်... အခန်းက ကျွန်တော်တို့အခန်းရယ် အိမ်ကကလေးနှစ်ယောက်အခန်းရယ်ပဲရှိတော့ မျှသုံးမှရလိမ့်မယ်... ဒါမှမဟုတ် ဧည့်ခန်းထဲလည်း နည်းနည်းကျဥ်းပေမဲ့ ကျောတစ်ခင်းစာက အိပ်လို့ရပါတယ်"
သူ(မ)၏သားက ဧည့်ခန်းထဲအိပ်ရမယ်လည်းကြားရော အမျိုးသမီးသည် မကျေမနပ်ဖြစ်သွားပေမဲ့ မည်သို့မှမဆိုနိုင်။
"ကျွန်တော် ကိုကို့အခန်းထဲအိပ်လိုက်မယ်"
ဝဿန့်မျက်နှာထက်က အပြုံးကား ပျောက်သွားခဲ့လေသည်။
ဝဿန် ဟန်ဆောင်မပြုံးတော့ဘဲနှင့်...
"ပထမတစ်ချက် အိမ်က ကလေးတွေနဲ့ပေါင်းအိပ်ချင်အိပ်
ဒုတိယတစ်ချက် ပေါင်းမအိပ်နိုင်ရင် ဧည့်ခန်းထဲမှာ ချောင်ချောင်ချိချိသွားအိပ် အဲ့မှာတစ်ယောက်စာလောက်ကတော့ အသာလေးပဲ...
တတိယအချက် အခန်းထဲမှာပဲ တစ်ယောက်တည်းနေချင်တယ်ဆို အခန်းပိုင်ရှင်တွေနဲ့ညှိယူ... ငါ့ယောကျာ်းအခန်းထဲတော့မရဘူး အခန်းထဲမှာ လွတ်နေတဲ့နေရာဆိုလို့ ခြေရင်းက လမ်းလျှောက်စရာနေရာရယ် အပြင်ကဝရံတာရယ်ပဲမို့ သဘောရှိပေါ့"
အမျိုးသမီးသည် သူ၏အမူအရာကို သတိထားမိသည်နှင့်...
"သားကစတာပါ... သူဘယ်လိုလုပ်အဲ့မှာဝင်အိပ်မှာလဲ"
ထို့နောက် သားဖြစ်သူကိုလှည့်မာန်မဲ၍...
"စကားကိုဘယ်လိုဆင်င်ခြင်ခြင်ပြောရမလဲ မသိဘူးလား... စတာကလည်း ကြည့်ပြီးစနောက်ရမယ်လေ"
သားဖြစ်သူက မျက်နှာတစ်ဖက်လွှဲသွားခဲ့သည်။
Zawgyi
ၾကက္မ်ားအားလုံးထုတ္ၿပီးေသာ္ တစ္ႏွစ္တာအတြက္ ေဆးဖိုးဝါးခ၊ အစာေရစာအတြက္ သိန္းေလးဆယ္ႏွင့္ ၾကက္ၿခံတန္ဖိုး၊ ၾကက္တန္ဖိုးတို႔ကို ႏႈတ္ၿပီးေနာက္ သိန္းတစ္ရာေက်ာ္ကေန အသားတင္အျမတ္ တစ္ေယာက္ကို သိန္းႏွစ္ဆယ္ခန့္ က်န္ေလသည္။
ဝႆန္က ေငြထုပ္ပိုက္ၿပီး ေပ်ာ္႐ႊင္ေနေသာ သူ၏ခင္ပြန္းေလာင္းေလးကို အသည္းယားသျဖင့္ မ်က္ႏွာကိုညွစ္လိုက္၍...
"ကိုယ္ေတာ့ ေငြပေဒသာပင္ႀကီး စိုက္မွျဖစ္ေတာ့မယ္"ဟု ဆိုလိုက္သည္။
သခၤါက သူ႕အနား တိုးေဝ့လာရင္း...
"ကားဝယ္ရေအာင္ေလ ခါ"
ဒါက သူမၾကာေသးမီကမွ စဥ္းစားမိတဲ့အရာျဖစ္သည္။ ရာဘာက ေန႕တိုင္းနီးပါး အတင္အခ်လဳပ္ေနရသည္မို႔ ကားက ေသခ်ာေပါက္အေရးႀကီးသည္။ ကိုမ်ိဳးတို႔၏ကားအား အခ်ိန္မေ႐ြးယူသုံးနိုင္ေသာ္လည္း တစ္ဖက္ကလည္း အလုပ္ႏွင့္။ ၾကာေတာ့ သခၤါအားနာလာရကာ ကားတစ္စီးဝယ္ဖို႔ စဥ္းစားမိလိုက္သည္။
ဝႆန္သည္လည္း သခၤါ့အႀကံကိုလက္ခံ၍...
"ေကာင္းတာေပါ့... ကိုယ္လူရွာၿပီး တစ္စီးေလာက္ၾကည့္ခိုင္းထားလိုက္မယ္ ဘယ္လိုမ်ိဳးလိုခ်င္လဲ"
"နည္းနည္းပိုအၾကမ္းခံနိုင္မဲ့ဟာ"
"အၾကမ္းအခံနိုင္ဆုံးက ကိုယ္ပဲေလ"
သခၤါ့မ်က္ႏွာနီသြားၿပီး ေငြထုပ္ကိုပိုက္လ်က္သားျဖင့္ မ်က္ႏွာကိုတစ္ဖက္လႊဲလိုက္သည္။
"ပိုက္ဆံထုပ္ကေလးကို အနားေပးဖို႔ခ်ထားလိုက္ပါဦး... အိမ္မွာ ကိုယ္တို႔ႏွစ္ေယာက္တည္းရွိတာပါ"
ဝႆန္ ရယ္ၿပီး မေျပာဘဲ မေနနိုင္ေတာ့။ ေလာဘအိုးေလးက အေျပာခံရေတာ့လည္း ရွက္သမွ သိပ္သိပ္ရွက္တတ္ေသး။
"ကားဝယ္ဖို႔ ပိုက္ဆံေလာက္ရဲ႕လား... မင္းခုတေလာ အကြက္ေတြဝယ္လိုက္ အပင္ေတြဝယ္လိုက္နဲ႕"
"တစ္ရာေက်ာ္ေတာ့ က်န္ေသးတယ္"
သခၤါက နီရဲရဲ နား႐ြက္ကို ပြတ္ရင္း ဆိုလိုက္သည္။
သူလည္း မဝယ္ဘဲ ေနလိုက္မည္ဟု တင္းခံပါေသာ္လည္း မရ။ ေျမကြက္ေတြ ၿခံခင္းေတြဝယ္တာက အရႈံးလည္းမရွိေသာေၾကာင့္ စိတ္ကို အလိုလိုက္ေနမိ၏။ အလုပ္မရွိေတာ့လွ်င္ ဝယ္ထားသမွ် ၿခံခင္းထဲ ႀကဳံရာစိုက္ၿပီး ေရာင္းစားမည္။ ငတ္ၿပီး ေသနိုင္မည္ေတာ့မဟုတ္။
"ကားဝယ္ၿပီးရင္ မင္းလက္ထဲ တစ္ျပားေတာင္က်န္ပါဦးေတာ့မလား... ၿပီးရင္ ႀကံရည္ဆိုင္က ဖြင့္ခ်င္ေသးတယ္"
ထိုသို႔ေျပာလိုက္မိေတာ့ ရွားရွားပါးပါးပုံစံေလးျဖင့္ သြားၿဖဲ ရယ္ျပလာခဲ့ေလ၏။
ဝႆန္ အလိုလိုက္ခ်င္စိတ္က ထိန္းမနိုင္သိမ္းမရတိုးထြက္လာ၍ သုံးေလးငါးခ်က္မွ် ဖိနမ္းကာျဖင့္...
"ပိုက္ဆံမေလာက္ရင္ ကိုယ့္ကိုေျပာ... အခု ပိုက္ဆံသြားသိမ္းေတာ့... ေနာင္ဆိုရင္ မီးခံေသတၱာပါဝယ္ေပးထားမယ္ ကိုယ္ထင္တာမမွားဘူးဆို ရက္အနည္းငယ္အတြင္း ဧည့္သည္ရႈပ္ေတာ့မွာ"
ဝႆန္ေျပာခဲ့သည့္အတိုင္းပင္။ လူအခ်ိဳ႕က ၾကက္တစ္ေကာင္စ ႏွစ္ေကာင္စလာဝယ္ရင္း လုပ္ငန္းပါအေၾကာင္းအရာတခ်ိဳ႕ကို ေမးျမန္းကာ စနည္းနာလာၾကသည္။ ဝႆန္ႏွင့္သခၤါတို႔ကလည္း ကိုယ့္တစ္ဖို႔တည္းသာ ၾကည့္တတ္သူမ်ားမဟုတ္ေတာ့ သိသေလာက္ ျပန္လည္ေဝမွ်လိုက္ၾက၏။
တခ်ိဳ႕လူမ်ားကမူ မတူ။ ဘယ္ေလာက္မ်ားျမတ္လိုက္သလဲဆိုတာကိုသာ စိတ္ဝင္စားၿပီး ထိုအရာမ်ားကို မသိမသာေရာ သိသိသာသာပါ မ်က္ေစာင္းထိုးေနၾကသည္။ ထိုအခါ ဝႆန္ေရာ သခၤါပါ ႏွစ္ေယာက္သား အေနအထိုင္ကို သတိျပဳကာ ဆင္ျခင္ရေလသည္။ ေငြဆိုတာ မရွိလည္းမေကာင္း၊ ရွိလြန္းလွ်င္လည္း မေကာင္းေတာ့။ ၎ႏွင့္ပတ္သက္ေသာ ျပႆနာတို႔မွာ စိတ္အႏွောင့္အယွက္ ျဖစ္စရာ အေကာင္းဆုံးပင္။
ၾကက္ေရာင္းၿပီး ႏွစ္ရက္သုံးရက္ခန့္အၾကာတြင္ ထင္မွတ္မထားေသာ ဧည့္သည္ႏွစ္ဦး ရာဘာဒိုင္ဖြင့္ထားရာ ႐ြာလယ္သို႔ ေရာက္ရွိလို႔လာခဲ့သည္။ ေဖာက္သည္မ်ားမေရာက္ေသးသျဖင့္ သခၤါက ႀကံရည္ဆိုင္စဖြင့္ဖို႔ ျပင္ဆင္ေနသည့္အခ်ိန္ျဖစ္၏။
ဝႆန္သေဘာမက်ေသာ ထိုလူငယ္ေကာင္ေလးက သူ၏အေမျဖင့္ လိုက္ပါလာခဲ့ၿပီး ႀကံရည္စက္အား ေနရာခ်ေနသည့္သခၤါ့အနားသို႔ ကပ္၍...
"ႀကံရည္ေရာင္းမွာလား ကိုကိုက"
"အင္း"
သခၤါ သိသိသာသာပင္ ေဘးသို႔ ဆုတ္ခြာရင္း ျပန္ေျဖလိုက္သည္။ ကံဆိုးစြာျဖင့္ ယေန႕တြင္ ဝႆန္ရွိမေန။ မနက္အေစာႀကီးကတည္းက ၿမိဳ႕ငယ္ရွိ သူ၏ဒိုင္ဆီသို႔ အေျခအေနခဏသြားျပန္ၾကည့္ေနတာျဖစ္၏။ ေန႕လယ္ျပန္ေရာက္မည္ဟု ခန့္မွန္းထားေသာ္လည္း လက္ရွိတြင္ ဆယ့္တစ္နာရီခြဲခါနီးေနၿပီျဖစ္သည္။
"ကြၽန္ေတာ္တစ္ခြက္ေလာက္ေသာက္လို႔ရမလား"
လူငယ္ေကာင္ေလးက သူ႕အနားထပ္ကပ္မလာေတာ့ဘဲ အၿပဳံးျဖင့္ ေမးလာ၏။ သခၤါ မဆိုင္းမတြပင္ ေခါင္းညိတ္ျပၿပီး...
"ရတယ္"ဟု ျပန္ဆိုကာ စက္ကိုဖြင့္၍ အသင့္ခုတ္ပိုင္းထားေသာ ႀကံေခ်ာင္းတို႔ကို စက္ထဲထည့္လိုက္သည္။ ထို႔ေနာက္ ရလာသည့္အရည္အား ခြက္ထဲထည့္၍ သံပရာသီးႏွင့္ေရခဲတို႔ကို ထည့္ကာ ပိုက္တပ္လိုက္သည္။
ထိုစဥ္ ရာဘာေရာင္းမည့္ လူအခ်ိဳ႕က ဒိုင္ဆီလွမ္းလာေနၿပီျဖစ္ၿပီး ႀကံရည္စက္ကိုျမင္ေသာအခါ စိတ္ဝင္စားစြာျဖင့္အနားကပ္လာခ်ိန္ပင္။ သခၤါက လက္ထဲရွိႀကံရည္ခြက္ကို ေကာင္ေလးအား ကမ္းေပးရင္း...
"တစ္ခြက္ သုံးရာ"ဟု ဆိုလိုက္သည္။
သခၤါက သူ႕အတြက္ စိတ္လိုလက္ရ ႀကံရည္ေဖ်ာ္ေပးေနျခင္းအေပၚ ေပ်နပ္ေနခဲ့ေသာေကာင္ေလးမွာ ခြက္ကိုမထိလိုက္နိုင္ခင္မွာပဲ ခပ္အမ္းအမ္းျဖစ္သြားခဲ့ေလသည္။
"ကိုကိုကလည္း အခ်င္းခ်င္းကို အလကားတိုက္တာမဟုတ္ဘူး"
သခၤါက စကားမဆိုဘဲ ႏႈတ္ခမ္းတင္းတင္းေစ့လ်က္ ကမ္းေပးထားေသာခြက္ကို အသံတိတ္ျပန္ဆြဲယူလိုက္သည္။ သူ၏သေဘာထားကို ရိပ္မိေသာေကာင္ေလးက...
"မရဘူးလား"
"ေစ်းဦးမေပါက္ေသးဘူး"
"ေစ်းဦးေပါက္ၿပီးရင္ေရာ"
"မရဘူး"
ထပ္ၿပီးေျပာေနလွ်င္ တစ္ခြက္သုံးရာတည္းကိုေတာင္ ဝယ္မေသာက္နိုင္ဘူးလားဟု ေဘးကလူမ်ားက အထင္လြဲသြားနိုင္သျဖင့္ လူငယ္ေကာင္ေလးမွာ ႀကံရည္ခြက္ကို ေအာင့္သက္သက္ျဖင့္ လွမ္းယူလိုက္သည္။ ပိုက္ဆံအား ထုတ္ေပးၿပီးေနာက္ သူစိတ္ေကာက္ေနသည္မွန္းသိသာေအာင္ ႏႈတ္ခမ္းကိုပါစူထားလိုက္ေသးသည္။
သို႔ေသာ္လည္း ထပ္ေရာက္လာသည့္ ဝယ္သူမ်ားေၾကာင့္ ႀကံရည္ေဖ်ာ္ျခင္းအေပၚ အျပာ့္အဝအာ႐ုံစိုက္ေနေသာ သခၤါ့ကိုျမင္လိုက္ရေလလွ်င္ သူ၏နည္းဗ်ဴဟာမွာ အသုံးမဝင္မွန္း စိတ္တိုစရာေကာင္းစြာ သိလိုက္ရေလသည္။
-
ဝႆန္ ေန႕လယ္တစ္နာရီထိုးေတာ့မွ ျပန္ေရာက္လာခဲ့ၿပီး ထိုသားအမိမွာ ရွိေနဆဲျဖစ္သည္။
သူ သခၤါ့ကို အေမးမ်က္ဝန္းျဖင့္ ၾကည့္လိုက္မိ၏။ သခၤါသည္ကား ျမင္ရခဲလွစြာ သုန္မႈန္ေနလ်က္။
"မေပ်ာ္ဘူးလား"
သခၤါက ျပန္မေျဖဘဲ လူကြယ္ရာျဖစ္သည္ကို အခြင့္ေကာင္းယူကာ ဖက္တြယ္လိုက္သည္။ သခၤါ စိတ္ရႈပ္ေနျခင္းျဖစ္မွန္း ဝႆန္ေကာင္းစြာ သ္ေလ၏။ သူဆိုရင္လည္း စိတ္ရႈပ္မိမွာအမွန္။ အေရထူေသာမ်က္ႏွာျဖင့္ ထိုသားအမိမွာ အိမ္မွာတည္းခိုခြင့္ပါ ေတာင္းလာေသာအခါ ႏွစ္ေယာက္သား အခက္ေတြ႕ၾကရေတာ့သည္။
"ေဒၚေဒၚက သူ႕အဘြား႐ြာ ခဏျပန္မို႔ရယ္... သားကလည္း ျပန္မလိုက္ခ်င္ အိမ္မွာထားခဲ့ဖို႔လည္း စိတ္မခ်တာနဲ႕ တစ္ပတ္ေလာက္ထားခဲ့ဖို႔ အဆင္ေျပတယ္မလား"
ဘာကို 'အဆင္ေျပတယ္မလား'လဲ။ အဆင္မေျပပါဘူးလို႔ သူတို႔က ျပန္ေျဖရမွာလား။
ပုံမွန္အေနအထားဆိူလွ်င္ေတာ့ အိမ္မွာ ဧည့္သည္လက္ခံတာက ကိစၥမဟုတ္ေပ။ သို႔ေပမဲ့ ဧည့္သည္က ဧည့္သည္လိုမေနတတ္သည့္သူဆိုလွ်င္ ကိစၥျဖစ္သြားေပၿပီ။
ဒါေပမဲ့ ဘယ္လိုသြားျငင္းရမွာလဲ။ လက္မခံနိုင္ဘူး တိုက္ရိုက္ျငင္းသည္ပဲထား။ လူအမ်ားအျမင္တြင္ သူတို႔က သေဘာထားဆိုးဝါးေနသည့္သူမ်ား ျဖစ္လာေပမည္။ တစ္ဖက္လူ၏ အတြင္းစိတ္ကို သူတို႔သိသည္ထား၊ က်န္လူမ်ားက မသိနိုင္ေပ။ ႀကိဳတင္ကာကြယ္ထားတာမမွားဆိုေသာ္လည္း သူႏွင့္သခၤါသည္ ျဖစ္ေလ့ျဖစ္ထရွိေသာပုံစံကိုေက်ာ္လြန္၍ ဘဝအတူတည္ေထာင္ရန္ အစပ်ိဳးေနၾကသူမ်ားျဖစ္ကာ အေၾကာင္းျပခ်က္မဲ့ ျငင္းဆန္လိုက္သည္ႏွင့္ သြားပုပ္ေလလြင့္ ေျပာခံရနိုင္သည္။ မယုံသည့္လူမ်ားရွိလွ်င္ေတာင္ တခ်ိဳ႕ဂဃနဏမသိသူမ်ားကေတာ့ ယုံခ်င္ယုံၾကမည္ပင္။
ဂ႐ုမစိုက္ဘူးဆိုၿပီး ေနလိုက္၍မရ။ သူတို႔၏အလုပ္အကိုင္မ်ားမွာ မိတ္ေဆြေပါမ်ားေလ အဆင္ေျပေလမို႔....
"ကြၽန္ေတာ္တို႔အိမ္က နည္းနည္းေတာ့က်ဥ္းတယ္ဗ်... ေနဖို႔မဆင္ေျပပါ့မလား"
ဝႆန္ သက္ျပင္းေမာကိုအသာရွိုက္၍ အၿပဳံးမပ်က္ ဟန္ေဆာင္ေမးလိုက္သည္။ သခၤါက သူ႕ကိုတစ္ခ်က္ၾကည့္ၿပီးေနာက္ ထထြက္သြားခဲ့ေလသည္။
"သားက ေနဖို႔အဆင္ေျပမွာပါ ဟုတ္တယ္မလား"
လူငယ္ေကာင္ေလးက မေျဖခ်င့္ေျဖခ်င္ျဖင့္ေျပာရင္း...
"ေျပတယ္"
"ေျပတယ္ဆိုရင္ ေကာင္းပါတယ္... အခန္းက ကြၽန္ေတာ္တို႔အခန္းရယ္ အိမ္ကကေလးႏွစ္ေယာက္အခန္းရယ္ပဲရွိေတာ့ မွ်သုံးမွရလိမ့္မယ္... ဒါမွမဟုတ္ ဧည့္ခန္းထဲလည္း နည္းနည္းက်ဥ္းေပမဲ့ ေက်ာတစ္ခင္းစာက အိပ္လို႔ရပါတယ္"
သူ(မ)၏သားက ဧည့္ခန္းထဲအိပ္ရမယ္လည္းၾကားေရာ အမ်ိဳးသမီးသည္ မေက်မနပ္ျဖစ္သြားေပမဲ့ မည္သို႔မွမဆိုနိုင္။
"ကြၽန္ေတာ္ ကိုကို႔အခန္းထဲအိပ္လိုက္မယ္"
ဝႆန့္မ်က္ႏွာထက္က အၿပဳံးကား ေပ်ာက္သြားခဲ့ေလသည္။
ဝႆန္ ဟန္ေဆာင္မၿပဳံးေတာ့ဘဲႏွင့္...
"ပထမတစ္ခ်က္ အိမ္က ကေလးေတြနဲ႕ေပါင္းအိပ္ခ်င္အိပ္
ဒုတိယတစ္ခ်က္ ေပါင္းမအိပ္နိုင္ရင္ ဧည့္ခန္းထဲမွာ ေခ်ာင္ေခ်ာင္ခ်ိခ်ိသြားအိပ္ အဲ့မွာတစ္ေယာက္စာေလာက္ကေတာ့ အသာေလးပဲ...
တတိယအခ်က္ အခန္းထဲမွာပဲ တစ္ေယာက္တည္းေနခ်င္တယ္ဆို အခန္းပိုင္ရွင္ေတြနဲ႕ညွိယူ... ငါ့ေယာက်ာ္းအခန္းထဲေတာ့မရဘူး အခန္းထဲမွာ လြတ္ေနတဲ့ေနရာဆိုလို႔ ေျခရင္းက လမ္းေလွ်ာက္စရာေနရာရယ္ အျပင္ကဝရံတာရယ္ပဲမို႔ သေဘာရွိေပါ့"
အမ်ိဳးသမီးသည္ သူ၏အမူအရာကို သတိထားမိသည္ႏွင့္...
"သားကစတာပါ... သူဘယ္လိုလုပ္အဲ့မွာဝင္အိပ္မွာလဲ"
ထို႔ေနာက္ သားျဖစ္သူကိုလွည့္မာန္မဲ၍...
"စကားကိုဘယ္လိုဆင္င္ျခင္ျခင္ေျပာရမလဲ မသိဘူးလား... စတာကလည္း ၾကည့္ၿပီးစေနာက္ရမယ္ေလ"
သားျဖစ္သူက မ်က္ႏွာတစ္ဖက္လႊဲသြားခဲ့သည္။