part14.2

1.5K 199 3
                                    

Uni

အ​ြဖူရောင်ဆလွန်းကားလေးသည် လမ်းမထက် အရှိန်နှင့်ပြေးလွှားနေသည်။ အပြင်ဘက်ရှိ မြို့ပြမြင်ကွင်းများကို ရိပ်ခနဲ ရိပ်ခနဲ ဖြတ်ကျော်လာခဲ့ပြီး မြို့ပြင်ဘက်သို့ ဦးနှင်၏။

Lover-Seatတွင်ထိုင်နေသော သင်္ခါက ကားမှန်ဘက်ကိုမျက်နှာမူ၍ ငေးနေရာမှ ကျောကိုမတ်လာသဖြင့်...

"ပျင်းနေပြီလား..."

ဝဿန်က စတီယာတိုင်ကို ကျွမ်းကျင်စွာထိန်းချုပ်ရင်း အပြုံးဖြင့်လှည့်မေးလာသည်။ သင်္ခါက ခေါင်းခါပြတော့ ဒက်ရ်ှဘုတ်ဘက် မေးငေါ့ပြ၍...

"နို့သကြားလုံးလေးတွေ ဝယ်ထားပေးတယ်"

အကြည့်တို့က ဝေ့ဝဲကျရောက်လာပြီး သဘောကျမှုတို့ဖြင့် ပါးချိုင့်နက်နက်လေးမှာ ခွက်ခနဲနစ်ဝင်သွား၏။ ထို့နောက် လက်ကိုဆန့်၍ တစ်လုံးချင်းစီ အခွံခွာကာ ထိုင်စားနေပြီး တိတ်ဆိတ်မှုတို့ တစ်ဖန် ကြီးစိုးသွားပြန်သည်။ ခဏအကြာတွင် ဝဿန် မျက်ခုံးပင့်၍...

"ကိုယ့်ကိုကျွေးဖို့ တကယ်ပဲ သတိမရဘူးလား"

အပြင်ဘက်ရှိ ရှုခင်းများကိုကြည့်နေသည့် သင်္ခါက ယောင်နနဖြင့် သကြားလုံးအား သူ့ဘက်ကမ်းပေးလာတော့ ဝဿန် သက်ပြင်းချရ၏။

ဒီကလေး ဘယ်လိုရိုမန့်တစ်ဆန်ရမလဲ မသိဘူးပဲ။

"အခွံလေးခွာပေးပါဦးကွာ..."

ကူကယ်ရာမဲ့စွာ ပြောလာသည့်စကားသံကိုကြားမှ သင်္ခါလည်း ဝဿန်ပြသည့်အရိပ်ကို အကောင်လိုက်မြင်လိုက်ရပြီး သူ၏အလိုက်မသိမှုကြောင့် ရှက်သွားခဲ့ရသည်။

"တောင်းပန်ပါတယ်"

"ဒါပေါ့... တောင်းပန်သင့်တာပေါ့"

ယခုတစ်ခေါက်တွင်တော့ မပြောဘဲ အလိုက်တသိခွံ့ကျွေးလာသည်ကြောင့် ဝဿန်ပျော်ရွှင်စွာဆိုလိုက်၏။

"ဒါပေမဲ့ ခွင့်လွှတ်ပေးလိုက်ပါ့မယ်... ကိုယ်က သဘောထားကြီးတယ်လေ"

ထိုရွှတ်နောက်နောက်ပုံစံကိုကြည့်ပြီး ညာဘက်ပါးပြင်ထက်က ခပ်နပ်နပ်ချိုင့်ခွက်လေးက လှစ်ခနဲ ပေါ်လာပြန်သည်။

အဆွေခင်ပွန်းလောင်းနဲ့အတူ စီးပွားရှာဖွေ(completed)Where stories live. Discover now