part 2

3.2K 385 14
                                    

Zawgyi

"ကိုလေး... ရာဘာကို ဂိုထောင်ထဲသိမ်းလိုက်တော့မလား"

ဝဿန့်၏အတွေးစတို့ကို အနောက်ကဝန်ထမ်းလေးက ဖျက်ဆီးလိုက်သည်။ သူလက်ခါပြလိုက်ပြီး အဆင်ပြေသလိုလုပ်ထားရန် အချက်ပြလိုက်၏။ ပြီးသည်နှင့် ဆိုင်ခန်းထဲဝင်လာသည့် အဒေါ်ကြီးတစ်ယောက်ဆီသို့ အပြုံးလေးဖြင့် လှမ်းကာ နှုတ်ဆက်လိုက်သည်။

"KARရာဘာရောင်းဝယ်ရေးဒိုင်ကနေ ကြိုဆိုပါတယ်အန်တီ"

-

ရာဘာဒိုင်ကနေ ထွက်ခွာလာပြီးနောက် ဈေးထဲသို့သွားရန် သင်္ခါဆုံးဖြတ်လိုက်သည်။ သူ့မှာ ဝယ်ခြမ်းစရာတွေရှိသေးသည်။ ရွာသို့ပြန်ရောက်လာသည်မှာ နှစ်လရှိပြီဖြစ်သော်လည်း အိမ်အား အကြမ်းဖျင်းပြင်ဆင်ပြီးသည်နှင့် ကျန်သည့်တစ်လတွင် တောင်ပေါ်ရှိရာဘာခြံ၌သာ အချိန်ကုန်ဖြစ်သည်။ ယနေ့သည် ငါးနှစ်ကြာကြီးနောက် မြို့ငယ်လေးထဲ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ခြေချမိခြင်းဖြစ်၏။

မြို့ငယ်ဈေးသည် သူ၏မှတ်ဉာဏ်ထဲကအတိုင်းရှိနေသေးပြီး ပြောင်းလဲမှုသိပ်မရှိပါချေ။ ဈေးထိပ်တွင် သစ်သီးများကို တွန်းလှည်းများဖြင့် ခင်းကျင်းပြသထားပြီး အသီးအရွက်နှင့် ပန်းအမျိုးမျိုးလည်းပါရှိသည်။ ဈေးလယ်ပိုင်းတွင် အသုံးအဆောင်ပစ္စည်းများ၊ အလှကုန်များ ၊ အထည်များ ၊ တခြားအိမ်တွင်းသုံးပစ္စည်း ရောင်းချသည့်ဆိုင်များရှိနေပြီး အစားအသောက်နှင့် အကင်ဆိုင်များလည်း သူ့နေရာနှင့်သူ သီးသန့်ခွဲခြားထားသည်။ အလွန်တွင် ပရဆေးဆိုင်များအပြင် ငါးစိမ်းတန်းတို့ ၊ ကုန်ကြမ်းအမျိုးမျိုးရောင်းသောဆိုင်တို့ နေရာယူထားကြသည်။

ဈေးအနှံ့ခဏပတ်ကြည့်ပြ်ီးနောက် အပင်မျိုးစေ့များရောင်းချသည့်ဆိုင်သို့ သင်္ခါဝင်လိုက်သည်။ ဈေးဆိုင်ပိုင်ရှင်က အသက်၆၀ ဝန်းကျင်ရှိသော အဘွားအိုတစ်ယောက်ဖြစ်ကာ ဖော်ရွေသောအပြုံးကိုပန်ဆင်ထားသည်။

"ကောင်လေး... ဘာမျိုးစေ့လိုချင်လဲ"

သူအကဲခတ်ကြည့်လိုက်တော့ မျိုးစေ့များကို ​ရောနှောမသွားစေရန် အကန့်ခွဲပြီး နာမည်ကပ်ထားသည်။ မျိုးစေ့ဆိုင်မှပြန်ထွက်လာပြီးနောက် တစ်ခုခုစားရန်တွေးလိုက်သည်။ မနက်မိုးလင်းကတည်းက ယခုချိန်ထိ သူဘာကိုမှမစားရသေးချေ။ အနားရှိထမင်းဆိုင်တစ်ဆိုင်ထဲ ဝင်ထိုင်ကာ ထမင်းနှင့် ဟင်းတစ်ခွက်မှာရန် ဆုံးဖြတ်လိုက်သည်။

အဆွေခင်ပွန်းလောင်းနဲ့အတူ စီးပွားရှာဖွေ(completed)Where stories live. Discover now