part 15

1.6K 195 10
                                    

Uni

ကားစက်ရပ်သံကြားသောအခါ ခြံရှင်းနေသောဦးလေးကြီးတစ်ယောက်သည် အပြေးတစ်ပိုင်းထွက်လာခဲ့သည်။ ခြံရှေ့တွင်ရပ်ထားသည့် အဖြူရောင်ဆလွန်းကားလေးကို တွေ့သည်နှင့် ကွမ်းချိုးကပ်နေသည့်သွားတို့ပေါ်သည်အထိ ပြုံးလာပြီး အနောင်ဘက်လှည့်ကာ တစ်စုံတစ်ခုကို ပြောလိုက်သည်။ ထိုအခါ အိမ်ထဲမှကလေးတစ်ယောက်က ခြံပြင်သို့ပြေးထွက်သွားခဲ့​ေလသည်။ သူကိုယ်တိုင်ကမူ ကားထဲမှဆင်းလာသူ လူငယ်နှစ်ယောက်အနားသို့ လှမ်းလာသည်။

"လူလေး... ရောက်လာပြီပဲ"

ဝဿန့်အား ကြည့်ကာ ဆိုပြီးနောက် တစ်ဖက်တွင်ရပ်နေသောကောင်လေးဘက် စပ်စုသလို လှည့်ကြည့်သည်။ ပွင့်လင်းသောအကြည့်က ရိုင်းသည်ဟုမထင်ရစေဘဲ မျက်ဝန်းထဲက ရိုးသားမှုတစ်စွန်းတစ်စကို ဖော်ပြနေ၏။

"နောက်ဆုံးတော့ရောက်လာခဲ့ပြီ အိမ်ထဲဝင်လာကြ"

စကားကား ဝဲတဲတဲနှင့် ခပ်ပြတ်ပြတ်၊ အသံကား မာဆတ်ဆတ်ဆိုပေမဲ့ ၎င်း၏ပျော်ရွှင်မှုတို့ကိုတော့ မဖုံးထားနိုင်။

ဝဿန် ကောင်လေးလက်ကိုဆွဲပြီး သက်ကယ်မိုးထားသောအိမ်လေးထဲ ဦးလေးကြီးနောက်ကနေ လိုက်ဝင်သွားခဲ့သည်။ ထိုလူကြီးသည် သူ့နောက်က လူငယ်နှစ်ယောက် လက်တွဲထားသည်ကိုသိလိုက်သောအခါ စပ်စုချင်စိတ်က ထိန်းမရတော့ချေ။

ရေအေးခွက်အား ကမ်းပေးရင်း အရိုးခံစိတ်အတိုင်းမေးလာခဲ့လေသည်။

"လူလေး... သူက ဘယ်သူလဲ"

ရေသောက်နေသည့်ကောင်လေးကိုကြည့်ပြီး ဝဿန်ပြုံးတုံ့တုံ့။ ဦးလေးကြီးတို့က သူဟာဂေးတစ်ယောက်ဖြစ်မှန်း သိနေခဲ့ပြီးဖြစ်သည်။ ယခုကဲ့သို့ မခေါ်စဖူး လူငယ်တစ်ယောက်ကို ခေါ်လာပြီး လက်ချင်းလည်းဆုပ်ကိုင်ထားသောအခါ ခန့်မှန်းမိကြပေလိမ့်မည်။

"ကျွန်တော့် ခင်ပွန်းလောင်းလေး..."

"ဟေ...!"

"အဟွတ်!"

ထိုလူကြီးထံမှ သဘောကျသလို ရယ်သံနှင့်အပြိုင် သင်္ခါသည်လည်း သောက်လက်စရေ ထသီးတော့သည်။ ဝဿန်က ကောင်လေး၏ကျောကို ဖွဖွပုတ်၍ သတိပေးဖို့ကိုလည်းမမေ့။

အဆွေခင်ပွန်းလောင်းနဲ့အတူ စီးပွားရှာဖွေ(completed)Where stories live. Discover now