25.2

1.3K 164 4
                                    

Unicode

ကြက်များအားလုံးထုတ်ပြီးသော် တစ်နှစ်တာအတွက် ဆေးဖိုးဝါးခ၊ အစာရေစာအတွက် သိန်းလေးဆယ်နှင့် ကြက်ခြံတန်ဖိုး၊ ကြက်တန်ဖိုးတို့ကို နှုတ်ပြီးနောက် သိန်းတစ်ရာကျော်ကနေ အသားတင်အမြတ် တစ်​ယောက်ကို သိန်းနှစ်ဆယ်ခန့် ကျန်လေသည်။

ဝဿန်က ငွေထုပ်ပိုက်ပြီး ပျော်ရွှင်နေသော သူ၏ခင်ပွန်းလောင်းလေးကို အသည်းယားသဖြင့် မျက်နှာကိုညှစ်လိုက်၍...

"ကိုယ်တော့ ငွေပဒေသာပင်ကြီး စိုက်မှဖြစ်တော့မယ်"ဟု ဆိုလိုက်သည်။

သင်္ခါက သူ့အနား တိုးဝေ့လာရင်း...

"ကားဝယ်ရအောင်လေ ခါ"

ဒါ​က သူမကြာသေးမီကမှ စဥ်းစားမိတဲ့အရာဖြစ်သည်။ ရာဘာက နေ့တိုင်းနီးပါး အတင်အချလုပ်နေရသည်မို့ ကားက သေချာပေါက်အရေးကြီးသည်။ ကိုမျိုးတို့၏ကားအား အချိန်မရွေးယူသုံးနိုင်သော်လည်း တစ်ဖက်ကလည်း အလုပ်နှင့်။ ကြာတော့ သင်္ခါအားနာလာရကာ ကားတစ်စီးဝယ်ဖို့ စဥ်းစားမိလိုက်သည်။

ဝဿန်သည်လည်း သင်္ခါ့အကြံကိုလက်ခံ၍...

"ကောင်းတာပေါ့... ကိုယ်လူရှာပြီး တစ်စီးလောက်ကြည့်ခိုင်းထားလိုက်မယ် ဘယ်လိုမျိုးလိုချင်လဲ"

"နည်းနည်းပိုအကြမ်းခံနိုင်မဲ့ဟာ"

"အကြမ်းအခံနိုင်ဆုံးက ကိုယ်ပဲလေ"

သင်္ခါ့မျက်နှာနီသွားပြီး ငွေထုပ်ကိုပိုက်လျက်သားဖြင့် မျက်နှာကိုတစ်ဖက်လွှဲလိုက်သည်။

"ပိုက်ဆံထုပ်ကလေးကို အနားပေးဖို့ချထားလိုက်ပါဦး... အိမ်မှာ ကိုယ်တို့နှစ်ယောက်တည်းရှိတာပါ"

ဝဿန် ရယ်ပြီး မပြောဘဲ မနေနိုင်တော့။ လောဘအိုးလေးက အပြောခံရတော့လည်း ရှက်သမှ သိပ်သိပ်ရှက်တတ်သေး။

"ကားဝယ်ဖို့ ပိုက်ဆံလောက်ရဲ့လား... မင်းခုတလော အကွက်တွေဝယ်လိုက် အပင်တွေဝယ်လိုက်နဲ့"

"တစ်ရာကျော်တော့ ကျန်သေးတယ်"

သင်္ခါက နီရဲရဲ နားရွက်ကို ပွတ်ရင်း ဆိုလိုက်သည်။

အဆွေခင်ပွန်းလောင်းနဲ့အတူ စီးပွားရှာဖွေ(completed)Where stories live. Discover now