part 16

1.6K 188 9
                                    

Unicode

"ဒူးရင်းစျေးကကောင်းတယ် ကိုလေး...ကျွန်တော် နယ်စပ်မှာသွားရောင်းတဲ့ဆိုင်က အသားချည်း တစ်ကီလိုကို ၉၅၀၀ပေးတယ်... ဟိုဘက်မှာဒူးရင်းခြံတွေပျက်စီးနေတော့ စျေးကြီးပေးဝယ်ကြတာလေ... အလုံးလှလေးတွေတော့ရွေးပေးရတာပေါ့... အလုံးစျေးနဲ့ဒိုင်သွင်းရင်လည်း မဆိုးဘူး"

ဝဿန်လက်ခါပြကာ ငှက်ပျောခိုင်များကို အလုပ်သမားတို့နှင့်အတူ ကူသယ်နေသည့်ကောင်လေးကို လှမ်းကြည့်လိုက်သည်။

"အဆင်ပြေသလိုလုပ်လိုက်"

သူဒီနေ့ နည်းနည်းတော့စိတ်မကြည်။ ဝါးခြမ်းကြမ်းခင်းနှင့် အိပ်လေ့အိပ်ထမရှိသောကြောင့် ကိုက်နေသည့်ခါးကို လက်ချောင်းသုံးကာဖိ၍ ကောင်လေးဆီလှမ်းသွားရင်း ခပ်သာသာတစ်ချက်ညည်းလိုက်မိသည်။ သူ့မျက်နှာမသာမယာဖြစ်နေသည်ကိုမြင်သောအခါ လုပ်လက်စများကိုရပ်ပြီး ဂရုတစိုက် လာကာနှိပ်ပေးရှာသည်။ ဝဿန် ကောင်လေးရင်ဘတ်ပေါ် ခေါင်းအသာစောင်းတင်ကာ ပျင်းရိပျင်းတွဲစွာဖြင့် ညည်းညူလိုက်သည်။

"ကိုယ် ဝါးကြမ်းခင်းထက် ဖျာခင်းမအိပ်ချင်တော့ဘူး... ကျောတွေလည်းနာပြီး ခါးကလည်း တောင့်တောင့်ကြီးကွာ"

"မြို့တက်ပြီး မွေ့ရာဝယ်လိုက်မယ်"

"မလိုဘူး... သူများကိုအားနာစရာကောင်းတယ် နည်းနည်းအသားမကျဖြစ်နေလို့"

"ခဏနားလိုက်"

"ကိုယ့်ကိုနမ်း"

ရှားပါးလှစွာဖြင့် ကောင်လေးက သူ၏နားထင်နား မသိမသာမွှေးကြူလာသည်။

"နောက်ထပ်"

"လူတွေအများကြီးပဲ"

အမှန်ပင်။ ယ​ေန့တွင် ငှက်ပျောခိုင်သိမ်းတာကြောင့် အလုပ်သမားများနေ၏။ ဝဿန် လေပူမှုတ်ထုတ်လိုက်သည်။

မနက်စောစော ငှက်ပျောသိမ်းပြီးနောက် နေ့ပေးငှားထားသောအလုပ်သမားများကို နေ့လည်စာကျွေးကြမည်ဖြစ်သည်။ ရိုးသားသောတောသူတောင်သားအပေါင်းတို့မှာ အလုပ်သမားများကို ပိုက်ဆံပေးငှားကြသည့်တိုင် တစ်နေ့ကိုအနည်းဆုံးထမင်းတစ်နပ်ကျွေးကြသည့်အပြင် လက်ဖက်ရည် အဆာပြေမုန့် အစရှိသည်တို့ဖြင့်ပါ ကျွေးမွေးကြသေးသည်။ ထိုမျှသာမက အနီးဝန်းကျင်ကလူများသည်လည်း လာစားနိုင်ပေသည်။

အဆွေခင်ပွန်းလောင်းနဲ့အတူ စီးပွားရှာဖွေ(completed)Where stories live. Discover now