part4

2.4K 317 5
                                    

Zawgyi

"၂၅၁၈ပေါင် ပေါက်ဈေး၅၅၀ ပေါင်း ၁၃သိန်း ၈သောင်း ၄ထောင် ၉ရာ ရာဘာဈေးတက်တဲ့နှစ်သာဆို မင်းတော်တော်ရမှာပဲ"

ကံမကောင်းတာက ယခုဈေးသည် အလ်ာအလတ်နေရာတွင်ပဲ ရပ်နေလေသည်။

သင်္ခါခေါင်းညိတ်ပြီး ဘေးခပ်လှမ်းလှမ်းရှိ ရာဘာပေါင်ချိန်စက်ကို ကြည့်နေသည်။ သူသည် ယခင်အခါများထက် ပို၍ တိတ်ဆိတ်နေသည်ဟု ဝဿန်ထင်လိုက်မိ၏။ အမြဲလိုလိုတိတ်ဆိတ်ပြီး စကားသိပ်ပြောလေ့မရှိပေမဲ့ တစ်ခါတလေတော့ အဖြေပြန်ပေးလာတတ်ပြီး ယနေ့တွင် ပို၍တိတ်ဆိတ်နေပုံရသည်။

အနားရှိဝန်ထမ်းလေးသည် သူပိုက်လာခဲ့သောပိုက်ဆံထုပ်ကို လူနှစ်ယောက်ကြားရှိ စားပွဲပေါ်ချလိုက်ပြီး အားကျမှုပေါင်းများစွာဖြင့် ပြောလာသည်။

"ကျွန်တော်လေ ကိုသင်္ခါ့ကြောင့် ကိုလေးဆီကအလုပ်ထွက်ပြီး ရာဘာခြစ်စားချင်လာပြီ"

ဝဿန်က သူ့ဘေးရပ်နေသောဝန်ထမ်းလေးကို ဖောင်တိန်ဖြင့်လှည့်တောက်၍...

"ငါလည်းမျှော်လင့်မိပါရဲ့... မင်းပုံစံနဲ့တစ်ပတ်ခံရင်ကံကောင်း"

ဝန်ထမ်းလေးက ခေါင်းခါရင်း စိတ်မောစွာဆိုကာ ပြန်ထွက်သွား၏။

"ဆိုးဝါးတာက ကျွန်တော်အိပ်ရေးပျက်မခံနိုင်ဘူးဗျ တစ်ယောက်တည်းသာလုပ်ရရင်တော့ ပင်ပန်းသေမှာ"

ထိုစကားကြားတော့ ဝဿန်ကရယ်သည်။

သင်္ခါ... သူ့ရှေ့ကလူကိုကြည့်ပြီး 'ဒီလူရယ်တဲ့ပုံက တော်တော်ကြည့်ကောင်းတာပဲ'ဟု တွေးလိုက်မိသည်။

ဝဿန် သူ့ရှေ့က ငေးငိုင်နေတဲ့ကောင်လေးအား ပြုံးပြကာ...

"ရာဘာခြစ်ရာသီကုန်ပြီဆိုတော့ ဘာဆက်လုပ်မယ်စဉ်းစားထားလဲ"

ပိုက်ဆံအတော်အတန်စုထားမိလောက်ပြီဖြစ်ကာ တစ်ခုခုတော့ အစီအစဉ်ရှိလိမ့်မည်ထင်သောကြောင့် ထိုသို့မေးလိုက်ခြင်းဖြစ်သည်။ သူ့(ဝဿန်)ဆီကနေတစ်ဆင့်ဝင်သွားသည့် ငွေသားကတင် သိန်းခြောက်ဆယ်ကျော်နေလေပြီ။

သင်္ခါတွန့်ဆုတ်နေပြီးမှ အမှန်တိုင်းဖြေလိုက်သည်။

"ကြက်မွေးမယ်"

အဆွေခင်ပွန်းလောင်းနဲ့အတူ စီးပွားရှာဖွေ(completed)Where stories live. Discover now