ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြ...
By Greentealay-
1M 154K 7.7K
Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47... More
{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23•1}
{23.2}
{23.3}
{ 24}
{25}
{26}
{27}
{28}
{29}
{ 30 }
{31}
{32}
{34}
{33}
{35}
အဆက်
{36}
{37}
{38}
{39}
{40}
{41}
{42}
{အဆက်}
{43}
{44}
{45}
{46}
{47}
{48}
{49}
{50}
{51}
{52}
{53}
{54}
{55}
{56}
{57}
{58}
{59}
{60}
{61}
{61.1}
{62}
{62.1}
{63}
{64}
{65}
{66}
{67}
{68}
{69}
{ 70}
{71}
{72}
{73}
{74}
{75}
{76}
{77}
{79}
{80}
[81]
{82}
{83}
{83-1}
{84}
{85}
{86}
{86-1}
{87}
{88}
{89}
{90}
{91}
{92}
{93}
{94}
{95}
{96}
{97}
{98}
{99}
{100}
{ 101}
{102}
{103}
{104}
{105}
{106}
{107}
{108}
{109}
{110}
{111}
{112}
{113}
{114}
{115}
{ 116}
{117}
{119}
{120}
{121}
{118}
{122}
{123}
{124}
{123-2}
{125}
{126}
{127}
{128}
{128-2}
{129}
{130}
{131}
{132}
[133]
{134}
{135}
{136}
{137-1}
{137-2}
{138}
💙
{138}
{139}
💙
{140}
{141}
{142}
{143}
{144}
{145}
အဆက်
{146}
[147]
{148}
💙
{149}
{150}
အဆက်
{151}
အဆက်
{152}
{153}
{154}
{155}
{156}
{157}
{158}
{159}
{160}
{78}
4.1K 775 52
By Greentealay-
Unicode
ထိုကောမန့်တွေကို ကျိချင်းကျိုးပရိတ်သတ်တွေတွေ့တာနဲ့ လော့ယွီရှင်းပရိတ်သတ်တွေကို အမြန်နှုန်းနဲ့ပန်းကန်လုံးစီးပြီး ဆွဲဖြဲကြတော့သည် ။ သို့သော် လော့ယွီရှင်းပရိတ်သတ်တွေရဲ့ 《‌နတ်ဘုရားအမိန့်တော်》ဆိုသောစက်သေနတ်ကြီးကိုတော့ ကောင်းကောင်းပြန်မတိုက်နိုင်ကြပေ။သူတို့ဘာပြောပြော ဒဏ်ခတ်ခံရတယ်ပဲ။ဒေါသထွက်နေသော ကျိချင်းကျိုးပရိတ်သတ်တွေမှာ အင်တာနက်ကြိုးကနေ အပြင်ထွက်ပြီး ခွေးခေါင်းတွေတစ်ခေါင်းပြီးတစ်ခေါင်းရိုက်ချင်နေသည့်စိတ်ကြောင့် လက်တစ်ယားယား။မနာလိုမဖြစ်ဘူးဆိုတာတော့ မပြောနိုင်ပေ။ကျိချင်းကျိုးပရိတ်သတ်တွေက 《‌နတ်ဘုရားအမိန့်တော်》နဲ့ သူတို့ကောကော စာချုပ်ချုပ်ထားတာမဟုတ်တဲ့အတွက် အံ့ဩမိကြသော်လည်း တစ်ခြား စိတ်ကူးယဉ်ဇာတ်လမ်းIPကြီးကြီးက ကမ်းလှမ်းလာဖို့မျှော်လင့်နေကြသည်။
လူတိုင်းအဖွဲ့ထဲမှာ ဆွေးနွေးကြပြီး သူတို့ဘာမှမတတ်နိုင်ပေမယ့် တစ်ခြားIPအကြီးကြီးက ကျိချင်းကျိုးကို တကယ်ဆက်သွယ်လာစေဖို့ ဆုတောင်းနေကြသည်။
ကျင်းကျင်း၊ချင်းချင်းမဟုတ်ဘူး : [ လော့ကောင်စုတ် မကြွနိုင်အောင် 《‌နတ်ဘုရားအမိန့်တော်》ထက် ပိုနာမည်ကြီးတဲ့IPဆိုမိုက်မယ်နော်]
နွေဦးပွဲတော်ရောက်တိုင်းနှစ်ပေါင်တက်လာတယ် :
[ဒီနှစ်ရက်အတွင်းထုတ်ရင်အကောင်းဆုံးနေမှာပဲဟ။လော့ယွီရှင်းမတွေအကုန်လုံး နေ့တိုင်း သူတို့တော်ကြောင်းတတ်ကြောင်းအင်အားလာပြပြီး ကျိချင်းကျိုးကို လှောင်နေကြတာ]
အန္တရာယ်ရှိသောအဆောက်အဦး :
[တကယ်လို့ တစ်ခြားIPကြီးကြီးသာ ငါ့ကောကော ကို တစ်ကယ်လာချိတ်ဆက်ခဲ့ရင် ဒီစာတင်တဲ့ကောင်မလေးက ဇန်နဝါရီလတစ်လလုံး သတ်သတ်လွတ်စားဖို့ ဆန္ဒရှိပါတယ်]
ဗဟိုလေအေးပေးစက်ထပ်ပျက်ပြန်ပြီ :
[အိုးးးး နိုးထကြကုန်... ပြောသွားတဲ့အချက်အလက်တွေအရ 《‌နတ်ဘုရားအမိန့်တော်》ဖြစ်သင့်ပေမယ့် ကျိချင်းကျိုးက လော့ယွီရှင်းလောက်မတော်ဘူး။နောက်ဆုံးတော့ လော့ယွီရှင်းပဲရသွားတာပဲ။ပြောရရင် လော့ယွီရှင်းက ကျိချင်းကျိုးထက်နာမည်ပိုကြီးတယ်လေ]
နွေဦးပွဲတော်ရောက်တိုင်းနှစ်ပေါင်တက်လာတယ် :
[မကြာချင်ဘူး! မကြားချင်ဘူး! ငါ လုံးဝမကြားချင်ဘူး! လော့ယွီရှင်းက ကျိုးကျိုးကို မယှဉ်နိုင်ဘူးးးးး]
ကျင်းကျင်း၊ချင်းချင်းမဟုတ်ဘူး :
[《‌နတ်ဘုရားအမိန့်တော်》ထက်ကြီးတဲ့IPကြီးလိုချင်တယ်လို့ နင်တို့မပြောကြပါနဲ့ဟာ။ဘယ်လိုဖြစ်နိုင်မှာလဲ။အရူးအိပ်မက်မက်သလိုပဲဖြစ်နေမှာ]
လူတိုင်းသက်ပြင်းချလိုက်ကြပြီး သူတို့ဒေါသတွေနဲ့ပူဆွေးမှုတွေကို အင်အားအဖြစ်ပြောင်းလိုက်ကာ ကျိချင်းကျိုးကို ဆက်မြှင့်တင်ပေးဖို့သာ လှည့်ပတ်နေကြတော့သည် ။
ချူချန်တစ်ယောက် 《‌နတ်ဘုရားအမိန့်တော်》ရဲ့ခေါင်းဆောင်မင်းသားက လော့ယွီရှင်းလို့ မန့်ရှဲန်းပြောတာကြားလိုက်ရချိန် ကိုယ်ကိုကိုယ် နားကြားမှားတယ်ထင်မိသွား၏။ကျိချင်းကျိုး လူရွေးပွဲကပြန်လာတဲ့နေ့ကို သူသေသေချာချာကြီးမှတ်မိနေ‌ပါသေးတယ်။ကျိချင်းကျိုးက အရမ်းစိတ်လှုပ်ရှားနေပြီး သူအရမ်းမိုက်အောင် သရုပ်ဆောင်ခဲ့ကြောင်း ၊ ဒါရိုက်တာကလည်း သူ့ကို ခေါင်းဆောင်မင်းသားနေရာသရုပ်ဆောင်ခိုင်းကာ ပြီးတာနဲ့ သူ့ကို စကားလာပြောကြောင်း ချူချန်ကို ပြောပြခဲ့သည်။သူ့ကိုယ်သူလည်း အရမ်းကျေနပ်နေသေးတာဖြစ်၏။အခုကျ ဘယ်လိုလုပ်ပြီး လော့ယွီရှင်းဖြစ်သွားတာလဲ။
ကျိချင်းကျိုး အရံနေရာမှာ သရုပ်ဆောင်ဦးမှာလား။မဖြစ်နိုင်လောက်ပေ။ကောင်လေးက လော့ယွီရှင်းကို အရမ်းမုန်းနေတာပင်။ဘယ်လိုဖြစ်ပြီး လော့ယွီရှင်းနဲ့ တွဲသရုပ်ဆောင်ချင်မှာလဲ။
“အရံမင်းသားကရော?”ချူချန်မေးလိုက်၏။
မန့်ရှဲန်းက နာမည်တစ်ခုပေးလာသည်။လက်ရှိအခြေအနေတွေကြောင့် ချူချန်နည်းနည်းစိတ်ရှုပ်နေ၏။ဒါဆို ကျိချင်းကျိုးက 《‌နတ်ဘုရားအမိန့်တော်》မှာ မပါတော့ဘူးလား။
“အဲ့ထုတ်လုပ်သူဖုန်းနံပါတ်ပေးဦး” ချူချန်ပြောလိုက်၏။
“မင်းဘာလုပ်မလို့လဲ” မန့်ရှဲန်းက သူ့ကိုကြည့်၍
“ထုတ်လုပ်သူကို ဘာလုပ်မလို့လဲ”
“မေးခွန်းလေးတစ်ခုလောက်မေးချင်ရုံပဲ။ကောင်းပြီ။ခင်ဗျားအပြင်ထွက်တော့။ကျွန်တော်လည်း အဲ့အကြောင်းသိပါတယ်။တကယ်လို့ ကျွန်တော်တို့ဘက်က ဝါဒဖြန့်ဖို့ လိုတယ်ဆို ဖြန့်လိုက်ချည် ကျွန်တော့်နာမည်တော့မထွက်စေနဲ့”
“အေးပါဟ” မန့်ရှဲန်းသည် စကားအဆုံး၌ သူ့ကို ဖုန်းနံပါတ်တစ်ခုပေးကာ အခန်းထဲမှ လှည့်ထွက်သွားသည်။
ချူချန်လည်း သူ့ကို တံခါးပိတ်ခိုင်းလိုက်ပြီး ဖုန်းကောက်ကိုင်၍ ခေါ်လိုက်သည့်ခဏအကြာ ချိတ်ဆက်သွား၏။နှစ်ဖက်အပြန်အလှန်သာကြောင်းမာကြောင်းနည်းနည်းပြောပြီးတာနဲ့ ချူချန်မေးလိုက်သည်။
“လော့ယွီရှင်းကို ဘာလို့ ခေါင်းဆောင်မင်းသားရွေးလိုက်တာလဲ။ကျွန်တော် အရင်က သူ့ကားတွေကြည့်ဖူးတာတော့ သရုပ်ဆောင်တာက သာမန်ကာလျှံကာလေးပါ။ဒါက ကျွန်တော်တို့ တန်ဖိုးထားတဲ့ ပရော့ဂျက်မို့  လော့ယွီရှင်းကို ရွေးလိုက်တယ်ကြားချိန် ဒီIPအမှိုက်ဖြစ်သွားမှာ တကယ်စိတ်ပူမိတယ်”
ထုတ်လုပ်သူကရယ်ပြီး သူ့ကို စကားရောဖောရောလုပ်လာသည်။
“မစ္စတာချူ မစိုးရိမ်ပါနဲ့ဗျာ။ကျွန်တော်တို့အတွက်လည်း ဒီပရော့ဂျက်က အရေးကြီးပါတယ်။လော့ယွီရှင်းရဲ့ သရုပ်ဆောင်စကေးနဲ့ဆို ဒီဇာတ်ကားထဲက ခေါင်းဆောင်မင်းသားနေရာကို ကောင်းကောင်းကိုင်တွယ်နိုင်မယ့် သရုပ်ဆောင်တစ်ယောက်ပါဗျ။အရေးကြီးဆုံးအချက်ကတော့ ရင်းနှီးမြှုပ်နှံသူက သူ့နာမည်ပေးလာတာမို့ ကျွန်တော်တို့လည်း မငြင်းနိုင်ဘူးလေဗျာ”
“ဘယ်နေရာက အရင်းအနှီးထည့်တာမို့လဲ”
“တင်ဖုန်း” ထုတ်လုပ်သူကပြန်ဖြေလာသည်။
ထိုစကားလုံးနှစ်လုံးက ချူချန်ကို ချက်ချင်းလက်ငင်းနားလည်သွားစေသည်။ရင်းနှီးမြှုပ်နှံသူက လော့ယွီရှင်းကို ခေါင်းဆောင်မင်းသားနေရာထားချင်တာ အံ့ဩစရာတော့မဟုတ်။ဖန်ယောင်ရွှမ်းကူညီပေးတာဖြစ်လောက်တယ်။လော့ယွီရှင်းနဲ့ ကျိချင်းကျိုးတို့ ခေါင်းဆောင်မင်းသားနေရာပြိုင်ကြရာမှာ ဒါရိုက်တာက ကျိချင်းကျိုးကို မျက်စိကျနေတော့ လော့ယွီရှင်းက ဖန်းယောင်ရွှမ်းအဆက်အသွယ်နဲ့ ခေါင်းဆောင်မင်းသားနေရာရယူတယ်ပေါ့။
အဟက်! ချူချန် ရယ်လိုက်မိသည်။တကယ် သောက်ရှက်မရှိတာ။ ဒါပေမယ့် သူ လော့ယွီရှင်းကိုကူညီပေးခဲ့တာက ကျိချင်းကျိုးရဲ့ဇာတ်ကောင်နေရာကို ခိုးဖို့ဆိုတာ ‌လူယုတ်မာကောင်ဖန်ယောင်ရွှမ်းသိပါ့မလားးး ဟားးးဟားးးဟားးး
အရင်က သူပဲ ကျိချင်းကျိုးနဲ့အတူ သရုပ်ဆောင်ချင်လွန်းလို့ နံပါတ်သုံးအရံမင်းသားမှာတောင် သရုပ်ဆောင်ချင်ခဲ့တာလေ ။ အခုကျ ကျိချင်းကျိုးကိုယ်၌ သူ့မိသားစုအရင်းအနှီးထည့်ထားတဲ့ ရိုက်ကူးရေးထဲ ဝင်လုနီးနီးဖြစ်မိတာကို လော့ယွီရှင်း ကောင်းကောင်းခြယ်လှယ်တာခံလိုက်ရသည်တဲ့။ချူချန်ထင်တာတော့ ဖန်ယောင်ရွှမ်းသာသိရင် ရင်ဘက်စည်တီးပြီး  ဘဲသားချက်ခါနီးအိုးထဲရောက်‌မှဘဲက ပျံထွက်သွားလို့ နောင်တရနေမှာ အသေအချာ။
ဒီလိုဆိုတော့လည်း ကျိချင်းကျိုးအဲ့ဇာတ်ကားထဲမပါသွားတာ ကောင်းတဲ့အရာပဲ။မဟုတ်ရင်တော့ ဖန်ယောင်ရွှမ်းနဲ့ကျိချင်းကျိုးတို့ ရိုက်ကွင်းမှာ နေ့တိုင်းအတူတူရှိကြမယ်လို့ ချူချန်တွေးကြည့်တာနဲ့ အန်ချင်လာသည်။
ချူချန်ဖုန်းချပြီး ဆွေးနွေးပွဲသွားကြည့်ရန် အတွေးဝင်လာသည်။ဟိုတစ်ခါက ရသစုံရှိုးရဲ့ ဆွေးနွေးပွဲအား ကျင်းကျင်းက ရှောက်ရုံဆီပြဖူး‌ပြီး ရှောက်ရုံကလည်း ချူချန်ဆီ လာပြဖူးသည်။အစတော့ ချူချန်က စိတ်ထဲမထားခဲ့ချေ။နောက်ပိုင်း ကျိချင်းကျိုးက ထိုဆွေးနွေးပွဲကိုရံဖန်ရံခါ ဖွင့်ကြည့်နေတာကို သူတွေ့ခဲ့ရသည်။ဒီဆွေးနွေးပွဲက ပရိတ်သတ်တွေရဲ့ရန်ပွဲကိုပဲ့ထိန်းဖို့ အလွယ်ကူဆုံးနေရာဟုဆိုကြသည်။ အဖြူကနေအမဲဖြစ်အောင်၊အမဲကနေအဖြူဖြစ်အောင်ပြောနေကြတဲ့ လူအုပ်စုပင်။ချူချန်သည် ကျိချင်းကျိုးတစ်ယောက် ဒေါသတကြီးအံတွေကြိတ်ပြီး ပါးစပ်ကပွစိပွစိရွတ်နေပေမယ့် တကယ့်တကယ်ကျ လက်မလှုပ်တာကို မြင်လိုက်ရသည်။
“စာပြန်ရိုက်လေ။ဘာလို့ ပါးစပ်ကပဲ ပွစိပွစိရွတ်နေတာလဲ”
ချူချန် သူ့ကို သင်ပေးလိုက်သည်။
ကျိချင်းကျိုးက မဲ့တဲ့တဲ့လေးသူ့ကိုကြည့်လာသည်။
“ကျွန်တော်မရိုက်ချင်ဘူးထင်နေလား။ကျိုးကောက ပို့စ်မတင်ခံလို့ဗျ။ကျွန်တော်တစ်ကြိမ်မှားသွားတာနဲ့ အရိပ်မဲကြီးကျန်နေခဲ့မှာလေ။ကျွန်တော် ပြန်မဆဲပါဘူးလို့သာ ကျိန်မပြောခဲ့ရင် ကျိုးကောက ဒီလိုပိုစ့်တွေတောင် ဖတ်ခွင့်ပြုမှာ မဟုတ်ဘူးးး”
မင်းတို့အနုပညာရှင်တွေကလည်း ပူပန်စရာတွေများလိုက်တာကွာာာာ ချူချန် မထိန်းနိုင်ဘဲ တွေးမိရသည်။ထို့ကြောင့် သူ့ဖုန်းကိုပဲ ဆွဲထုတ်လိုက်ကာ အဖွဲ့ဝင်ကဒ်လုပ်ပြီး ပြန်ဆဲလေသည် ။ ကျိချင်းကျိုးသည် ညစ်ညမ်းသောစကားတစ်ခွန်းမပါဘဲ ချက်ကျလက်ကျနှင့်ခိုင်ခိုင်လုံလုံထိထိမိမိပြောနေသူကိုကြည့်၍ ထိုသူ့အတွက် တကယ် အလံထောင်ပေးချင်လာသည်။
ချူချန်တစ်ယောက် ဆွေးနွေးပွဲဖွင့်လိုက်တာနဲ့ ရှာစရာတောင်မလို။《‌နတ်ဘုရားအမိန့်တော်》နှင့် ကျိချင်းကျိုးတို့ ဆက်စပ်သော ပို့စ်တွေအများကြီး homepageမှာ မျောလွင့်နေကြောင်းတွေ့လိုက်ရ၏။
[ကြေညာလိုက်ပြီး လော့ယွီရှင်းတဲ့! အဲ့တော့ ကျိချင်းကျိုးအရင်ကလုပ်နေတာတွေက အတန်ရှည်ရှာနေတာလား]
[လော့မိသားစုနဲ့ကျိမိသားစုတို့ဘာလို့ရန်ဖြစ်လဲ ငါ့ကိုပြောပြကြပါလားဟ]
[ကျိချင်းကျိုးပရိတ်သတ်တွေကသာအရှက်မရှိသရက်စေ့လုပ်နေကြတာပါ။အခု ခေါင်းဆောင်မင်းသားနေရာလည်း မရဘူးဆိုရော နင်တို့ ရူးသွားကြတော့မှာလား]
[လော့ယွီရှင်းရဲ့ပရိတ်သတ်တွေသာ ‌အရှက်မရှိနေကြတာ။ချင်းကျိုးပရိတ်သတ်တွေကတော့ အပျော်လွန်နေကြတာ]
ချူချန် ပို့စ်တစ်ခုထဲဝင်ကြည့်လိုက်တော့ နှစ်ဖက်ပရိတ်သတ်က သဲကြီးမဲကြီး ဆဲဆိုနေကြကြောင်းတွေ့လိုက်ရသည်။
[ဆန်ပြုတ်မတွေက တကယ့်ဟာသတွေဟယ်။'idol'ကဇာတ်ကောင်မရတော့ သူ့ပရိတ်သတ်မတွေက ဟိုဖာဒီဖာလှည့်ဖာနေကြပြီး သူတို့ တစ်ခါမှ မထုတ်ပြန်ဘူးလို့တောင်ပြောနေကြတာ။နင်တို့ 'idol' အဲ့ဇာတ်ကောင်လိုချင်နေတာ ဘယ်သူမှမသိပဲမနေဘူးနော်]
[အပေါ်ထပ်ကဟာမတွေ...《‌နတ်ဘုရားအမိန့်တော်》လို့ သူမပြောခဲ့ဘူး! စိတ်ကူးယဉ်ဇာတ်လမ်းIPကြီးကြီးလို့ပဲပြောခဲ့တာ]
[ဟဟဟဟဟဟဟဟဟဟ ဒီနှစ်အတွင်း စိတ်ကူးယဉ်ဇာတ်လမ်းIPအကြီးကြီးဆိုလို့ နည်းနည်းပဲရှိတာလေ။အကုန်လုံးနီးပါး တရားဝင်ကြေညာချက်တွေထုတ်ပြီးလို့ 《‌နတ်ဘုရားအမိန့်တော်》ပဲကျန်တော့တာ။အခုအဲ့တာလည်း လော့ယွီရှင်းရသွားပြီဆိုတော့ သူ့အတွက် ဘာမှမရှိတော့ဘူး။ခါတိုင်းလိုပြောရရင် သူ့အဆင့်သူမသိတာပေါ့အေ။ကိုယ့်ကြည့်ကျ အဆင့်၁၈အနုပညာရှင်သာသာကို ခေါင်းဆောင်မင်းသားက လုပ်ချင်နေသေး]
[ယွီဒီအစ်မရေ သူတော်ကောင်းတရားလက်ကိုင်ထားကြပါ။ဒီလိုစကားမျိုးတွေက ကျိချင်းကျိုး ရူးနေတယ်လို့ပဲ လူတွေကို ထင်သွားစေမှာလေရှင်!]
[သူအရည်အချင်းရှိရင်တော့ ရမှာပေါ့။ငါစိတ်ပူတာက သူ့မှာ အရည်အချင်းတောင် မရှိမှာကိုပဲ!!]
[ဒီဇာတ်ကားက သူ လော့ယွီရှင်းကို ရိုက်ချနိုင်တဲ့ 《48နာရီပြိုင်ပွဲ》နဲ့မတူဘူးဆိုတာ သူသိရင်ကောင်းမယ်]
[ရသစုံရှိုးကဇာတ်ညွှန်းနဲ့ဆိုတာ ဘယ်သူက မသိပဲနေလို့လဲ။ရသစုံရှိုးပြီးတည်းက ကျိချင်းကျိုးအကောင့်ကို ဝယ်ထားတယ်လို့နင်တို့ထင်ကြလား ။ မတ်လဖြင့်ရောက်နေပြီ ကျိချင်းကျိုးဘာလုပ်နေတာလဲ။ဟာသတွေပဲလုပ်နေသေးတာမလား။IPမူပိုင်ခွင့်မပြောနဲ့ IPသေးသေးလေး‌တွေကတောင် သူ့ကို မသုံးချင်ဘူးလို့ ငါထင်တယ်ဟဟဟဟ]
ချူချန် : ...........
တကယ်ကို သခင်နောက်လိုက်တဲ့ပရိတ်သတ်တွေလို့ ချူချန်ထင်မိတယ်။လော့ယွီရှင်းပရိတ်သတ်တွေကလည်း လော့ယွီရှင်းလိုပင် စက်ဆုပ်ဖို့ကောင်းကြသည်။ဒီတစ်ခါတော့ သူ့ကိုယ်သူ ကြီးမြတ်တဲ့လူသားကြီးလို့ ချူချန်တကယ်ခံစားနေရပြီလေ။《‌နတ်ဘုရားအမိန့်တော်》က အရမ်းကြီးတဲ့ IPကြီးဆိုပေမယ့် အဲ့ထက်ပိုကောင်းတာတွေသူ့မှာ အများကြီးအများကြီးရှိသေးပ ဟဟ။
သူတို့‌တွေ ကျိချင်းကျိုးကို အရှက်မရှိလှောင်ပြောင်ရဲကြတယ်ဆိုတာက ကျိုးကျိူးရဲ့ပါးပါး ဘာအလုပ်လုပ်လဲ မသိကြလိုလေနော့!
ချူချန်သည် စာပိုဒ်ကို မြန်မြန်ပြင်ဆင်ပြီး လိုင်းပေါ်တန်းတင်လိုက်သည်။
[ကျိချင်းကျိုးဆီကမ်းလှမ်းလာတဲ့ထူးခြားတဲ့ဇာတ်လမ်းကြီးက 《‌နတ်ဘုရားအမိန့်တော်》မဟုတ်ဘူး။ဒါပေမယ့် အဲ့ဇာတ်ကားရဲ့IPက 《‌နတ်ဘုရားအမိန့်တော်》ထက်အများကြီး ပိုကြီးတယ်]
ပင်မအဆောက်အဦး :
[ကျိချင်းကျိုး ခေါင်းဆောင်မင်းသားနေရာဆိုတာမှန်ပေမယ့် 《‌နတ်ဘုရားအမိန့်တော်》မှာ မဟုတ်ဘူး။ တစ်ခြားပိုမိုက်တဲ့ IPမှာပါ]
သူစာထုတ်ပြီးပြီးချင်ပဲ ဟဟဟဟဟဟဟဟဟဟဟဟ တွေအတန်းလိုက်ကြီး မြင်လိုက်ရ၏။
[ဝေ့ ကျိပရိတ်သတ်မမကြီး ရူးများသွားပြီလား။《‌နတ်ဘုရားအမိန့်တော်》ထက်ပိုကြီးတဲ့ IPက ကျိချင်းကျိုးကို ကမ်းလှမ်းလာတယ်ဆိုပြီးတောင် စိတ်ကူးယဉ်နေသေးတယ်ဟ]
[ဟဟဟဟဟဟဟ အရင်ရယ်ပါစေဦး ဟဟ]
[ဒီပို့စ်ပိုင်ရှင်က အတွေ့အကြုံမရှိလွန်းဘူးပဲ။ဒီနှစ်အတွင်း IP နည်းနည်းပဲရှိပြီး အားလုံးကလည်း ကြေညာထားပြီးပြီဟာကို 《‌နတ်ဘုရားအမိန့်တော်》ထက်ပိုကြီးတဲ့ IPဆိုတော့ကာ မဖြစ်နိုင်တာတွေ]
[ဆန်ပြုတ်မ‌တစ်ယောက် ရှေ့က လူတန်းကြီးကိုကြည့်ပြီး ရူးသွားတာဖြစ်မယ်။ဟဟဟားဟားဟား]
ချူချန် : ...........
《‌နတ်ဘုရားအမိန့်တော်》ထက်ပိုကြီးတဲ့ IPမရှိဘူးဆိုရအောင် ငါသိသလို နင်တို့အုပ်စုသိကြလို့လားးးးးး!!!!
ကျားက ဒေါသမထွက်သေးတော့ လွယ်လွယ်အနိုင်ကျင့်လို့ရမယ့် ကြောင်ဆိုပြီးထင်နေကြတယ်ပေါ့လေ။
ဟဟတွေကပါလိုက်သေးး!
မကြာဘူးးးး မင်းတို့တွေ! မင်းတို့တွေ အားလုံးလန့်သေသွားစေရမယ်!!!ဟမ့်!
ချူချန်သည် ဆွေးနွေးပွဲထဲကပြန်ထွက်ပြီး သူ့ကိုဆက်သွယ်ဖူးသော ထုတ်လုပ်သူ ယန်ဖန်းဆီဖုန်းဆက်လိုက်သည်။
ခဏအကြာ ယန်ဖန်းကဖုန်းကိုင်လေသည်။
{ချူဥက္ကဌဘက်က ဖုန်းခေါ်လာတယ်ဆိုတော့ သတင်းကောင်းတွေဘာတွေများရှိလို့လား]
ချူချန်ရယ်လိုက်သည်။
ဒီလူကအတော်ပါးနပ်တာပဲ။ယန်ဖန်းသည် လွန်ခဲ့တဲ့နှစ်ဝက်လောက်တည်းက《ခါငှက်‌ကောင်းကင်》ဆိုတဲ့IPကို အရမ်းတွေသဘောကျနှစ်ခြိုက်ပြီး ယင်းIPရဲ့စာမူပိုင်ခွင့်အား ဝယ်ဖို့ကြိုးစားခဲ့ဖူးသည်။
《ခါငှက်‌ကောင်းကင်》ရဲ့ စာရေးဆရာက တစ်ခြားသူမဟုတ်။ချူချန်သာဖြစ်သည်။⟨ယီမီမီယွီရန်ဖင်းရှိန်⟩ဆိုတဲ့ ကလောင်နာမည်ဖြင့် ရေးသားထားခြင်းဖြစ်၏။ချူချန်သည် သူ့ရဲ့ မူပိုင်စာအုပ်တွေအား ရုပ်မြင်သံကြားရော ရုပ်သံဇာတ်လမ်းတွဲတွေကိုရော မူပိုင်ခွင့်မရောင်းချဖူးပေ။အကြောင်းရင်းကတော့ အရမ်းရိုးရှင်းလွန်းတယ်။သူက ပိုက်ဆံပြတ်လပ်နေသူမဟုတ်သလို ဘယ်အနုပညာရှင်ကိုမှလည်း မကြိုက်သဖြင့် သူ့ဖောင်တိန်အောက်က ဇာတ်ကောင်တွေကို ထိုအနုပညာရှင်တွေအား သရုပ်မဆောင်စေချင်ပေ။
New Cultureမှ အဓိကကျသည့်မူပိုင်ခွင့်ပြောင်းလဲခြင်းပရော့ဂျက်တစ်ခု ထုတ်သည့်အချိန် လွန်ခဲ့တဲ့နှစ်ကမှသာ  မန့်ရှဲန်း အတင်းအကျပ်တောင်းဆို၍ အခြေအနေတွေထိန်းချုပ်ဖို့ သူ့ရေးထားတဲ့ စာအုပ်တွေထဲက 《ခါငှက်‌ကောင်းကင်》ကို စာအုပ်ထုတ်လိုက်တာဖြစ်သည်။ထိုစာအုပ်က မှီးငြမ်းရိုက်ကူးဖို့ ပိုလွယ်သောကြောင့်လည်းဖြစ်သည်။ဒါပေမယ့် ရောင်းဖို့ ရည်ရွယ်ချက်တော့ လုံးလုံးမရှိခဲ့။ထို့ပြင် ဘယ်ထုတ်လုပ်ရေးအသင်းက လာမေးမေး သူ့အဖြေကတော့အမြဲ နိုး ! ပင်ဖြစ်ခဲ့သည်။
ထိုလူတွေကြားထဲမှာ ယန်ဖန်းက စိတ်ရင်းအမှန်ဆုံးလူပင်။ဘာလို့ဆို သူက 《ခါငှက်‌ကောင်းကင်》ရဲ့ ပရိတ်သတ်တစ်ယောက်ဖြစ်၏။သူ့အတွက် ဒီဇာတ်ကားရိုက်ခြင်းက စိတ်ကူးတစ်ခုကို ဖြည့်လိုက်ခြင်းနဲ့ ညီမျှသည်။ယန်ဖန်းမှာ အလွန်ယုံကြည့်အားထားရတဲ့ ထုတ်လုပ်ရေးအသင်းရှိကာ ပြောင်မြောက်တဲ့အလုပ်တွေအများကြီး ထုတ်ဖူးသလို အနုပညာလောကထဲမှာလည်း တော်တော်လူကြိုက်များ၏။အစကသူတွေးထားတာတော့ သူ့ရဲ့အဖွဲ့နှင့်အတူ သူသာ ဈေးမြင့်မြင့်ပေးပြီး ဝယ်လိုက်ရင် အဲ့《ခါငှက်‌ကောင်းကင်》ရဲ့ မူပိုင်ခွင့်ကို ရမှာ အသေအချာပဲပေါ့။သို့သော် အကြိမ်တိုင်း ကျောက်ဆောင်ကြီးကို ပြေးတိုက်နေရသလိုပင်။ထို့ကြောင့် ချူချန်ရဲ့ ဖုန်းနံပါတ်ကို တွေ့လိုက်ရသည့် ဒီနေ့မှာတော့ သူ့အတွက် ကံကောင်းခြင်းတွေရောက်တော့မယ်ဆိုတာ ယန်ဖန်းခံစားမိသွားရသည်။
တကယ်လည်း ကံကောင်းခြင်းတွေရောက်လာတာပဲလေ။ချူချန်ဘက်က တံခါးဖွင့်ပေးပြီး 《ခါငှက်‌ကောင်းကင်》ရဲ့ မူပိုင်ခွင့်ကို ရောင်းချင်ကြောင်းပြောလာသည်။
ယန်ဖန်းရဲ့ နှုတ်ခမ်းထောင့်လေးတွေ ပင့်တက်သွားရုံရှိသေး ချူချန်ကပြောလာလေသည်။
{ဒါပေမယ့် ငါ့မှာ အခြေအနေတစ်ခုရှိတယ်}
{ဘာအခြေအနေလဲ}
{ဒီဇာတ်ကားရဲ့ခေါင်းဆောင်မင်းသားက ကျိချင်းကျိုးပဲဖြစ်ရမယ်...တကယ်လို့ သဘောမတူရင် ခုနငါပြောခဲ့တာတွေ မေ့လိုက်ချည်။သဘောတူရင်တော့ ဈေးညှိနှိုင်းလို့ရမယ်}
+--++---+++---+-+-++-++--++++
စာရေးသူမှာပြောစရာရှိပါတယ် :
ချူချန် : ကိုယ်တောင်းပန်ပါတယ် ပေါင်ပေ့။ကိုယ့်မှာတစ်ခြားမရှိပေမယ့် IPတွေကတော့ ပေါသောပါကွာ။အထူးသဖြင့် ကိုယ်ကိုယ်တိုင်ရေးထားတဲ့ ဒီIPကြီးတွေပဲ။လာ ကျိုးကျိုး...ပေါင်ပေ့လိုချင်တာသာ ယူပလိုက်~~
အင်တာနက်အသုံးပြုသူများ : ..........
ချူချန် : ကိုယ်စိတ်မကောင်းပေမယ့်လေ ပေါင်ပေ့ ပိုက်ဆံလိုချင်လား IP လိုချင်လား ဘာမဆို ကိုယ့်မှာ အကုန်ရှိတယ်ကွာ နော် ~~~~
【ပြဇာတ်ငယ်】
လော့ယွီရှင်းက 《‌နတ်ဘုရားအမိန့်တော်》လေးကို ကိုင်ပြီး : စိတ်မကောင်းပါဘူး ချင်းကျိုးရယ်... ယောက်ရွှမ်းက  ငါ့ကို အတင်းသရုပ်ဆောင်ခိုင်းနေတော့ ငါလည်း မငြင်းနိုင်လို့ပါ...
ကျိုးကျိုးက စာအုပ်ဗီရိုကြီးအား ဖွင့်လိုက်တာ :
ငါလည်း စိတ်မကောင်းပါဘူး... လော့ယွီရှင်းရယ်...ငါတို့မိသားစုရဲ့အားချန်ကလေ ဒီIPကြီးတွေထဲက ကြိုက်တာရွေးခိုင်းနေတာ ဇွတ်ပဲသိလား။ဒီမှာIPတွေ အများကြီးရှိနေတာကို ငါဘယ်လို ရွေးတတ်မှာလဲ။ အို့! ဒါနဲ့ မင်းလက်ထဲက စာအုပ်ရဲ့ မူပိုင်ခွင့်ကိုလည်း ငါတို့ အားချန်ရဲ့ ကုမ္ပဏီက ပိုင်တာပဲနော်။မင်းကောင်းကောင်းသရုပ်ဆောင်လို့ ရသမျှပိုက်ဆံတွေကို သူက ငါ့အတွက် သုံးပေးနေတာလေဟွန့်~~
လော့ယွီရှင်း : ...........
ကျိချင်းကျိုး : [အပြုံး jpg]
💙ကျိုးကျိုးတို့ပွတာပဲကွာာာာ ! ပါးချူလိုကောင်လေးလိုချင်လိုက်တာနော်။ ကျိုးကျိုးက ဇာတ်ကားရိုက် ၊ ကျိုးကျိုးရိုက်မယ့် ဇာတ်ကားတိုင်းကို ပါးချူက ရေးပေး! လုံးဝမိုက်နေတာနော်😁 ပြီးတော့ New Culture ကပါးချူရဲ့ ကုမ္ပဏီနော် မသိကြမှာစိုးလို့💙 ပါးချူက သူ့စာအုပ်တွေကို လုံးဝရောင်းမှာ မဟုတ်တဲ့အကြောင်း အကြိမ်ကြိမ်ပြောသွားတာနော်။သူ့ဘေဘီကြောင့်ရောင်းတာဖရုတို့ရေ😐
ကိုယ်လည်းသရုပ်ဆောင်ဖြစ်တဲ့နေ့ကျ ပါးချူလို့ စာရေးဆရာကုမ္ပဏီပိုင်ရှင်ကြီးကို ယူပြမယ်ဟဟ😂
Happy New year 🎉🎉🎉
+--+---++++-++-+++--++----++--
Zawgyi