'ဒီနေ့နဲ့ဆိုခင်ဗျားရောက်တာတစ်ပတ်ပြည့်တော့မယ်နော်.....'
တောင်စောင်းကုန်းမြင့်လေးပေါ်နှစ်ယောက်သားတူတူထိုင်ရင်းအဝေးမှဖြိုးဝေမောင်အားမေးလိုက်ခြင်းပင်.....
'ဟက်....ရက်သေချာတွက်ထားတာဘဲလားဝေး...?'
'အဲ..အဲ့လိုရယ်တော့မဟုတ်ပါဘူး...ကျုပ်ကဒီတိုင်းမှန်းပြောမိတာ.....'
'အင်းပါ...ဘယ်သူကမှလည်းဝေးကိုညာပြောလို့တရားမစွဲပါဘူး....တခါတလေလေးတော့ကျွန်တော်စိတ်ချမ်းသာအောင်ညာပါလားဗျာ...'
'ဟမ်....'
'အဟားဟား...နားမလည်ပြန်ဘူးလားဝေး...?'
ရယ်စစနဲ့မေးတော့ထိုတောသားပေါက်ဟာခေါင်းလေးကိုတဗျင်းဗျင်းကုတ်ရင်း
'ခင်ဗျားတို့မြို့သားတွေကိုကျုပ်ဖြင့်တကယ်နားမလည်နိုင်တော့ဘူးပြော....စကားပြောလိုက်ရင်းအဆန်းချည်း....ပြီးတော့လူလူချင်းနားလည်အောင်လည်းမပြောဘူး...ဟင်း....'
'အဟက်....ဟားဟားဟား....ဝေးကတော့လုပ်ပြီ....တူတူသွားလာနေတာဘဲတပတ်ပြည့်တော့မှာကိုကျွန်တော့်စကားကိုဝေးကနားမလည်သေးတာလာဗျာ.....ခက်တော့ခက်ပြီ....'
'ဟေး..အဲ့လိုပြောရမှာကျုပ်ပါနော်.....'
'ဟုတ်ပါပြီကွာ....'
'ဒါနဲ့..ခင်ဗျားဘယ်တော့ဇာတိပြန်ဖို့စဉ်းစားထားတုန်း...?'
'ဟမ်...ဇာတိ....?အိမ်ကိုပြောတာလား...?'
'အေးဗျ...ရန်ကုန်လေ..အဲ့မို့ကြီးကိုဘယ်တော့ပြန်မတုန်း...?'
'ဘာလဲ..အဝေးကကျွန်တော့်ကိုနှင်ရက်တယ်ပေါ့...'
'အိုး..ကျုပ်နှင်တောင်ခင်ဗျားပြန်ချင်မှဖြစ်တဲ့ဟာ...'
'အဟက်....အင်းပါ..အင်းပါ....ခုလောလောဆယ်တော့မပြန်ဖြစ်သေးဘူးဗျ...အကြွေးယူစရာလေးတွေရှိနေလို့....'
'ဟမ်.....အကြွေးဆိုတော့...ခင်ဗျားကငွေတိုးချေးစားတဲ့လူလား...?ရုပ်နာမ်နဲ့မလိုက်လိုက်တာဗျာ...'
'အမလေး...ငွေတိုးမချေးစားပါဘူးဗျာ....ကျွန်တော်ပြောတာကခင်ဗျားစီကနေအကြွေးယူရမှာကိုပြောတာလေ.....ဝေးခြေထောက်ကအရှင်းမပျောက်သေးတော့ဝေးကကျွန်တော့်ကိုလမ်းပြမလုပ်ပေးနိုင်ဘူးဟုတ်...ဒါကြောင့်ဝေးသက်သာလာမဲ့အချိန်တစ်ခုထိစောင့်နေတာပါ.....'
'အားနာလိုက်တာ...ကျုပ်တကယ်တောင်းပန်ပါတယ်...ကျုပ်ခြေထောက်လည်းသက်သာနေပြီဆိုတော့ခင်ဗျားကိုကျုပ်နက်ဖြန်ကျပုဂံဘုရားတွေလိုက်ပြပေးမယ်လေ....နော်.....ခင်ဗျားအချိန်တွေကျုပ်ဖြုန်းတီးမိလို့တောင်းပန်ပါတယ်.....'
'အဝေး...'
'ဟင်....'
'ကျစ်..ကျွန်တော်ခေါ်ရင်ဘယ်လိုထူးလို့ပြောထားလဲ...?'
'အာ.....မေ့သွားလို့...'
'ဝေး...'
'ဗျာ....'
'စိတ်မကောင်းမဖြစ်နဲ့..ကျွန်တော်ကဒီတိုင်းပြောလိုက်တာ..တကယ်ကကျွန်တော်ကပုဂံမြေကြီးကိုတွယ်တာနေမိလို့မပြန်နိုင်ဖြစ်နေတာပါ...ခင်ဗျားကြောင့်မဟုတ်ပါဘူး...'
'အော်....အင်း.....'
'အကယ်၍....'
'အင်း....ဘာဖြစ်လို့လဲ..?'
'အကယ်၍...ကျွန်တော်ရန်ကုန်ကိုပြန်သွားခဲ့ရင်ဝေးကျွန်တော့ကိုသတိရနေမှာလား...?'
'ဟင်....'
'သိချင်တာမို့ဖြေပေးနိုင်မလားဝေး..?'
'အာ...အဲ့တာက....လွမ်းကောင်းလွမ်းနိုင်ပါတယ်..ဘာလို့ဆိုကျုပ်နဲ့ခင်ဗျားနဲ့ကအခြားလမ်းပြနဲ့ဧည့်သည်တွေလိုမဟုတ်ဘဲပိုရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုရှိလို့လေ...'
'အင်း.........လိုချင်တဲ့အဖြေမဟုတ်ပေမဲ့လို့ကျေနပ်ပါတယ်လေ.....ဒါနဲ့ဝေး...'
'အွန်း....'
'ဝေးတစ်ခါမှကျွန်တော့်ကိုဝေးအိမ်ကိုခေါ်မသွားသေးဘူးနော်...'
'ဘုရား...'
'ဘာလို့လဲ...?ကျွန်တော်ကဝေးတို့အိမ်ကရှိသမျှပစ္စည်းတွေအကုန်ခိုးသွားမဲ့ရုပ်ပေါက်နေလို့လား...?'
'မဟုတ်ပါဘူးခင်ဗျားရယ်...ကျုပ်တို့အိမ်မှာခင်ဗျားခိုးချင်သပါ့ဆိုတောင်တန်ဖိုးကြီးပစ္စည်းဆိုလို့လက်ညှိုးထိုးပြစရာမှမရှိဘဲ...လာခိုးတဲ့သူခိုးတောင်ငိုပြီးပြန်သွားပါဦးမယ်ခင်ဗျားရယ်....'
'ဟဟား...ဝေးကပြောတတ်လိုက်တာ....'
'ကျုပ်ခင်ဗျားကိုအိမ်လည်မခေါ်ဘူးဆိုတာခင်ဗျားအနေနဲ့မသင့်တော်လို့ပါ...ကျွန်တော့်အိမ်က...အင်း....အိမ်ဆိုတဲ့ဂုဏ်ပုဒ်တောင်မရှိပါဘူးဗျာ...'
'ကျွန်တော်ကဝေးနေတဲ့နေရာကိုတစ်ကြိမ်လောက်ဘဲဖြစ်ဖြစ်ရောက်ဖူးချင်လို့ပါ...အကယ်လို့ဝေးအတွက်အဆင်မပြေဘူးဆိုရင်လည်း..'
'အဲ့လိုမဟုတ်ပါဘူး....ဒါပေမဲ့...ထားပါ...ညလည်းနက်တော့မယ်ဆိုတော့ကျုပ်သွားဦးမယ်ဗျာ...ခင်ဗျားကိုလိုက်မပို့တော့ဘူးနော်...ဖြစ်ရဲ့လား...?'
'အဲ့စကားကိုကျွန်တော်ကပြန်မေးရမှာပါဝေးရယ်....ကဲ..ပြန်မယ်ဆိုတော့လည်းပြန်ပေါ့..ဒါပေမဲ့ဝေးကိုလှည်းပေါ်အရင်တင်ပေးမယ်...ဝေးလှည်းထွက်သွားမှကျွန်တော်လည်းပြန်မယ်...'
'ရပါတယ်...ကျုပ်ခြေထောက်ကလည်းကောင်းသင့်သလောက်ကောင်းနေပြီဘဲ..အဲ့တော့...အ့..အမလေး...ဒီမှာ...ဘာလို့မပြောမဆိုနြ့မချီလိုက်ရတာတုန်း..ခင်ဗျားနဲ့တော့ခက်ပြီ....'
'ငြိမ်ငြိမ်နေနော်ဝေး.....ခြေထောက်ထပ်နာသားရင်ကိုယ်စိတ်ကောင်းမှာမဟုတ်ဘူး..ဝေးခြေထောက်ထိရတာကျွန်တော့်ကြောင့်ဆိုောတ့ကျွန်တော့်ကိုဝေးခြေထောက်သက်သာသည်အထိဂရုစိက်ခွင့်ပေး.....'
'ဟို.......'
'ဝေး....ကျွန်တေ်ပြောသလိုသာနားထောင်ပါ.....'
'အင်း...အင်းပါ.....ကျုပ်ခင်ဗျားကိုဘာမှမပြောတော့ဘူး...'
'လိမ်မာတယ်....လာ...'
'ဒါနဲ့..နက်ဖြန်ကစပြီးခင်ဗျားကို လမ်းပြစလုပ်ပေးမယ်နော်....ငြင်းမယ်မကြံပါနဲ့.....ကျုပ်တောင်းဆိုနေတာမို့.....'
'အင်းပါ..ဝေးသဘော..နော်...ကျွန်တော်မနက်၇နာရီစောင့်နေကြဘုရားမှာဘဲစောင့်နေမယ်...ဟုတ်ပြီလား..?'
'အင်း...'
ထိုနေ့က သူကျွန်တော့်ကိုလှည်းပေါ်သေချာချီတင်ပေးပြီးတော့မှသူနေနေကျတည်းခိုဆောင်ကိုလှည်းနောက်တစ်စီးနဲ့ပြန်သွားလေရဲ့......
ဟူး...ခက်လိုက်တာ.....
ခင်ဗျားနဲ့အနေနီးတိုင်းကဆုန်ခုန်ပေါက်ဖြစ်နေတဲ့ဒီရင်ဘတ်ထဲကအရာကြီးကိုကျွန်တော်ဘယ်လိုအဓိပ္ပာယ်ဖွင့်ရမလဲ...
နောက်နေ့ကြတော့ချိန်းထားတဲ့အချိန်ထက်စောစီးစွာသူကရောက်နေခဲ့တယ်....
ဒီနေ့မှသူ့ပုံစံကသစ်လွင်တောက်ပနေရော.....အရင်နေ့တွေကနဲ့မတူကွဲပြားစွာ....အပေါ်ကလည်ကတုံးခရမ်းရောင်နဲ့အောက်ကဂွေးရှည်လေးနဲ့.......
'ဟေး......ကျုပ်ရောက်ပြီ....'
'အဟင်း...ဘယ်လိုနေလဲ..?ကျွန်တော်ဝတ်ထားတာအဆင်ပြေရဲ့လား...?'
'အင်း...ဂွရှည်နဲ့မင်းနဲ့လိုက်တယ်ကွ...!'
'အာ...ဝေး...ဘာလို့ဂါတိုလို့ပြောနေတာလဲ...?ကျွနေ်တာ်ပြောထားတယ်လေ..ပုဆိုး..ဒါဆိုပုဆိုးလို့ခေါ်တယ်လို့....'
'အာ..အေး..မေ့လို့...ကျုပ်ကမွေးကတည်းကနေခုချိန်ထိးဂွရှည်ခေါ်နေကြဆိုတော့.....ဟို....'
'ပု..ဆိုး...ဟုတ်ပြီလား...ဂွရှည်မဟုတ်ဘူး...ပုဆိုးလို့ခေါ်တယ်ဝေး...'
'တူတူဘဲဟာ...ကျုပ်ကနှုတ်ကျိုးနေပြီပြင်မရတော့ဘူး...အဓိကကကျုပ်ခင်ဗျားကိုဂွေးရှည်ဝတ်လာတယ်ပြောရင်ခင်ဗျားပြောတဲ့အဲ့ဟာကြီးဆိုတာသိရင်ပြီးရောဘဲမလား...?တူတူပါဘဲ...ဒါနဲ့..ကျုပ်ဂါတိုလေးကရော..ပနံသင့်ရဲ့လား...?'
'လှရဲ့လားဆိုတော့ပုဆိုးတိုလေးနဲ့လှတာပေါ့.....'
'အေး...ဒါဆိုလဲကြွရအောင်လေမြို့သား...'
'ဟုတ်ကဲ့ပါဗျာ....'
ဒီတောသားလေးကတယ်လန်းဆန်းသစ်တီထွင်တတ်ပါ့...
သူ့အလှည့်မှဘဲဘောင်းဘီတိုဆိုဂွတို....အရှည်ဆိုဂွရှည်တဲ့...
ပုဆိုးဆိုလည်းခြေမျက်စိဖုံးဆိုဂွေးရှည်...အဲ့ထပ်ဒူးကျော်ကျော်လောက်လေးဆိုဂွေးတိုဆိုဘဲ...
ဒါတင်မကသေးဘူး...ကျီးကန်းကိုကလီးကလန်း..ဘူးသီးဆိုသူကဘူးစီး....
ဓာတ်ပုံရီုက်တာကြပြန်တော့လည်းဖလင်ရိုက်တယ်ဆိုလား...
အော်..အဲ့ထက်ဆိုးတာကကျွန်တော့်တို့တပ်နေကြnecktieကိုသူကဘာခေါ်တယ်မှတ်လဲ...အန်ဖတ်တဲ့လေ......
တွဲလောင်းကျနေတာအန်ဖတ်နဲ့တူလို့ဆိုလား.....အဲ့ထဲကစပြီးကျွန်တော်ဆိုnecktieတောင်သိပ်မတပ်ဖြစ်တော့
အိုး...ပြောရရင်တော့စုံနေရောပေါ့....
သူနဲ့နေရတာပျော်ဖို့တအားကောင်းတာကိုတော့ကျွန်တော်လက်ခံပါတယ်.....
သူနဲ့အနေနီးတိုင်းခံစားချက်ကောင်းလေးဖြစ်ပေါ်လာတတ်တာဘာလို့ရယ်ကြောင့်ကျွန်တော်မသိပေမဲ့ကျွန်တော်သူ့အပေါ်အချိန်ခဏလေးအတွင်းမှာတွယ်တာမိတာတော့အမှန်ပင်....
'ဝေး.....'
ကျွန်တော့်ကိုပုဂံနောက်ခံရှုခင်းနဲ့ဓာတ်ပုံရိုက်ပေးနေတဲ့သူကခေါ်သံကြားတော့ခေါင်းလေးမော့ကာ'ဘာလဲ....?'တဲ့
'ကျွန်တော်...နက်ဖြန်ရန်ကုန်ပြန်တော့မယ်......'
'...................'
ကျွန်တော်ပြောလိုက်တော့ဖုန်းကိုင်ထားတဲ့သူလက်တွေတုန်ရီလာတာကိုသတိထားမိလိုက်သည်....
ကျွန်တော့်ကိုမကြည့်ဘဲအဝေးကိုဘဲကြည့်ကာဘာမှဆက်မပြောလာတာကြောင့်ကျွန်တော့်ရင်ထဲထိတ်ခနဲ....
အနားသွားကာသူ့လက်ကလေးနှစ်ဖက်ကိုဆွဲခေါ်တော့လည်းမရုန်းကန်ဘဲအေးဆေးဘဲလိုက်လာပြန်ရော..ဒါပေမဲ့သူကျွန်တော့်မျက်နှာကိုမကြည့်ဘူး....
'ဝေး....ကျွန်တော့်ကိုဘာမှမပြောတော့ဘူးလား...?'
'ကျုပ်.......ကျပ်ကခင်ဗျားကိုဘာပြောရမှာလဲဗျာ....?'
'ထွက်သွားလို့ပြောတာတို့...မသွားပါနဲ့လို့ဆွဲထားတာမျိုး...တစ်ခုခုပေါ့.....'
'ဟက်.....ကျုပ်မှာအဲ့လိုပြောပိုင်ခွင့်မှမရှိဘဲ....ခင်ဗျားကဒီပုဂံကိုခဏတာလာလည်တဲ့ဧည့်သည်ဘဲ...အချိန်တန်ရင်အိမ်ကိုပြန်ရမဲ့သူဘဲဟာ...ခင်ဗျားအိမ်ပြန်သွားရင်...ကျုပ်လည်းကျုပ်အရင်ကအလုပ်ကိုဆက်လုပ်ရုံပေါ့...အရင်လို...ခင်ဗျားနဲ့မတွေ့ခင်ကအချိန်တွေလိုပေါ့.....ခင်ဗျားမပါဘဲ..နေ့ရက်တိုင်းကို...ကျုပ်တစ်ယောက်တည်း....ဖြတ်သန်း.....အင့်.....'
'ဝေး...ခင်ဗျားငိုနေတာလား...?ဟေး.....'
'ကျုပ်ကိုမကြည့်နဲ့.....'
'ဟင်....အင်းပါ....ဒါပေမဲ့မငိုပါနဲ့တော့လားဝေး....မင်းပင်ပန်းနေမှာပေါ့....'
'မင်း....ကျုပ်အိမ်လိုက်ချင်လား......?'
'ဝေးကကျွန်တော့်ကိုခေါ်သွားပေးမလို့လား...?'
'မင်းဆန္ဒရှိရင်ပေါ့..ဒါပေမဲ့..ငါ့မှာမင်းကိုဧည့်ခံစရာဘာမှမရှိဘူးနော်...မင်းတို့မြို့သားတွေသုံးတဲ့အသုံးအဆောင်ပစ္စည်းတွေတစ်ခုမှမရှိဘူးနော်....ကျုပ်အိမ်က....'
'ရှူး....အဲ့တာတွေမရှိလည်းကျွန်တော်ကရတဘ်...အဓိကက...ကျွန်တော့အနားမှာဝေးရှိနေရင်ရပြီ...'
'ဒါ..ဒါဆိုလည်း....သွားရအောင်လေ....ဒီနေ့တော့အိမ်စောစောပြန်ကြတာပေါ့...မင်းကိုကျုပ်ညစာချက်ကြွေးပါ့မယ်...အညာပုံစံပေါ့....'
'ဝေးချက်ကြွေးတာဘဲ...ကိုယ်ကအားရပါးရလွေးရမှာပေါ့...မဟုတ်ဘူးလား...?'
'အွန်း...သွားရအောင်....'
'အင်း.....'
..................
..............................
ဝေးအိမ်ဟာကျွန်တော်ထင်ထားတာထက်ပိုပြီးကိုရိုးဆင်းလွန်းတယ်....
ဝါးထရံငါးချပ်လောက်ပတ်လည်ကာထားတဲ့၆ပေ၈ပေအိမ်လေးကဝေးနေတဲ့အိမ်တဲ့.....
'ဟေး...'
'ဟင်....'
'လာလေ....အိမ်ပေါ်မှာလာထိုင်လေ....ကျုပ်အိမ်ကခင်ဗျားမြင်တဲ့အတိုင်းဘဲသိပ်ပြီးတော့....'
'ပြည့်စုံလွန်းပါတယ်...ရိုးရိုးဆင်းဆင်းနဲ့မင်းလိုပေါ့......'
'ဟက်....မင်းတစ်ယောက်ဘဲကျုပ်အိမ်ကိုချီးမွန်းထောပနာပြုတော်မူတယ်ဗျာ.....ကဲပါ....ကျုပ်ရေချိုးဦးမယ်....ခင်ဗျားတစ်ယောက်တည်းနေလို့ဖြစ်တယ်ဟုတ်.....'
'ရပါတယ်.....ချိုးလေ....'
'အင်း...သိပ်မကြာပါဘူး..ခဏဘဲ....'
'ရေအကြာချည်းမချိုးနဲ့နော်...အအေးမိမယ်...'
'အာ...ဟို..ဘာတဲ့...အာ..သိပြီ...ရက်.....ဟုတ်တယ်မလား...?'
'ရက်..?ဘာလဲ...?'
'ဟို...မင်းပြောပြောနေကြဟုတ်တယ်ဆိုတာကိုရက်ရက်လို့ပြောတာလေ....အ့တာ....ဘယ်လိုလဲ..ကျုပ်ပြောတာမြို့သားသံပေါက်နေတယ်ဟုတ်.....'
'အာ..အဟက်...ပေါက်ပါတယ်ဗျာ..ပေါက်ပါတယ်.....'
'ဒါပေါ့....မြို့သားရဲ့ပေါက်ဖော်ဘဲ..ဒီလောက်တော့ရှိရမှာပေါ့....သွားပြီနော်.....'
'ဟမ်...ပေါက်..ဖော်..?ဘာကြီးတုန်း.....ဟူး..ပဟေဠိကဝှက်သွားပြန်ပြီ.....'
တကယ်ပါ..ခုမှကျွန်တော်နောင်တရမိသည်....ငယ်ငယ်တုန်းကဘာလို့ခက်ဆစ်ကိုသေချာမကျက်ခဲ့၇လေခြင်းဆိုပြီးပေါ့....သေချာသာကျက်မှတ်ခဲ့ရင်ခုချိန်ဝေးနဲ့ကောင်းကောင်းအဆက်အဆံလုပ်နိုင်မှာ.....
ကျစ်....
နောင်တ...နောင်တ....နောင်မှတမိတဲ့နောင်တ...
သိပ်ကိုဆိုးတာဘဲ......
(မျက်လုံးအရှေ့မှာမြင်တိုင်း.....ကြည့်ခဲ့ဖူးတယ်မထင်ပါနဲ့....
သူများအတွဲလှလွန်းသူတွေလဲ ကိုယ်အမှတ်တမဲ့ပါဘဲ
အားလုံးထဲကမင်းကျတော့......
ရေး......
ကိုယ်မျက်တောင်မခတ်ဘဲနဲ့.....
တစ်နေကုန်ထိုင်ပြီးတစ်စိမ့်စိမ့်ကြည့်...
နဖူးကခြေဖျားထိအောင်ချစ်တယ်...
အသည်းလေးအားဆွဲညှို့သူရယ်...
မျက်စိအောက်ကပျောက်မသွားနဲ့ဦးဟေ့...
တစ်နေကုန်ထိုင်ပြီးကြည့်...
ဒီမျက်စိကအသည်းထဲထိစီးဝင်....
ဘယ်တော့ကြည့်ကြည့်ချစ်မိသူရေ...
ဒီလိုမျက်စိအောက်ကပျောက်မသွားနဲ့ဟေး....
တစ်နေကုန်ထိုင်ပြီးကြည့်...
ဒီအတိုင်းကြည့်နေရုံလေး...သိပ်တော့မများပါဘူး....
ကိုယ့်ရဲ့အကြည့်ကပန်းတွေလိုပွင့်..ကဲယူ မင်းဆွတ်ခူး...
အားလုံးထဲကမင်းဘဲ....အမြဲတမ်းမြင်နေခွင့်ပြု.....)
ဖိုးကာရဲ့သီချင်းလေးကခေါင်းထဲအမှတ်မထင်ရောက်လာတာကြောင့်ကျွန်တော်အသံထွက်ညည်းမိတော့သည်...
ဆိနေစဉ်တလျှောက်လုံးလည်းမျက်စိတို့ကိုတင်းတင်းမှိတ်ထားပေမဲ့မြင်လွှာထဲမှာမြင်နေရတာကဝေးကိုသာ.....
'ဝုန်း...ဝရုန်း.....!!'
'အ့...အမလေး....'
'ဟင်...ဝေး...!!!'
အပြင်ကဝေးအော်သံကြားတာကြောင့်ကျွန်တော်လည်းသီချင်းဆိုတာရပ်လိုက်ပြီးအိမ်ပြင်ထွက်ကြည့်တော့အပေါ်ပိုင်းဗလာနဲ့ဝေးအနားမှာဆံပင်တွေဖွာရှုပ်နေတဲ့မိန်းမကြီးတစ်ယောက်....
ထိုမိန်ူမကြီးကဝေးကိုဖက်ဖို့လက်ကမ်းနေတာကြောင့်အချိန်မဆိုင်းတော့ဘဲကျွန်တော်အိမ်ပေါ်ကနေခပ်သုတ်သုတ်ဆင်းလိုက်တော့သည်...
အိမ်အောက်ရောက်ကျွန်တော်ဘာမှမလုပ်နိုင်တော့.....အပေါ်ပိုင်းဗလာနဲ့ဝေးပုံကိုတွေ့ပြီးထဲကဒေါသတို့ကတထောင်းထောင်းထွက်နေပြီးသားမို့.....
'ဝေး....ဒီကိုလာစမ်း!!'
သူ့အနားကိုခပ်သွက်သွက်သွားကာပုခုံးကနေသူ့ကိုကျွန်တော်နဲ့မျက်နှာမူရာဘက်ဆွဲလှည့်လိုက်ပြီးဝေးကိုယ်လေးကိုရင်ခွင်ထဲထည့်ဖက်ထားမိသည်...တဆက်တည်းပေါ်နေတဲ့နောက်ကျောသားတွေကိုပါကျွန်တော့်အပေါ်ဝတ်အကျီထဲရသလောက်ဆွဲခြုံပြစ်မိသည်.....
'ဒါကဘာလုပ်နေတာလဲ...?ဖယ်..ဖယ်လေ....'
'ဝေး....ဒီမေးခွန်းကို ကျွန်တော်ကမေးရမှာလေ....ဝေးအပေါ်ဝတ်မပါဘဲနဲ့ဘာလုပ်နေတာလဲ....?!!!'
'မင်း..မင်း..ဘာဖြစ်နေတာလဲ...?လွှတ်ပါ...'
'မလွှတ်ဘူး..ကျွန်တော်မေးတာဘဲအရင်ဖြေစမ်းပါ...!!!'
'ဟ....မင်းကိုပြောပြီးသားလေ..ရေချိုးမလို့ဆို....'
'ဟမ်..ရေချိုးတာရေချိုးခန်းထဲသွားမချိုးဘဲခင်ဗျားကဒီမှာဘာလုပ်နေတာလဲ....ခင်ဗျားကိုယ်နဲ့သူများကိုမြူစွယ်နေတာလား...?'
'ဟမ်...ဘာကြီး....မင်းပြောတာတွေကျုပ်တစ်ခုမှနားမလည်ဘူးရော....'
'သွား...ရေချိုးခန်းထဲရေသွားချိုး.....မချိုးဘူးဆိုကျွန်တော်နဲ့အပေါ်ကိုတူတူတက်မယ်....'
'နေ..နေဦးလေ...ရေချိုးခန်းဆိုတာဘာကြီးလဲ...?အဲ့တာမျိုးကရှိလို့လား...မင်းပြောတဲ့ဟာတော့ကျုပ်မသိဘူး..ကျုပ်တိ့အညာဘက်မှာတော့ရေချိုးရင်ခုလိုဘြအပြင်ထွက်ချိုးကြတာလေ...'
'ဘာ...!!ဒါဆိုခင်ဗျားကအမြဲတမ်းခုလိုဘဲချိုးတာလား...?'
'အေးလေ...'
'ဟာဗျာ....'
'အင့်..အင့်...လွှတ်စမ်း...မကောင်းဆိုးဝါးကြီး....မင်းသားလေးကိုလွှတ်...ခုလွှတ်....'
ထိုအချိန်စောနကမိန်းမကြီးကကျွနေ်တာ့်လက်မောင်းကိုထုရိုက်ကာဝေးကိုလွှတ်ပေးဖို့ပြောလေရဲ့...
'မလွှတ်ပါဘူး...သွား..ဝေးဝေးသွားနေစမ်းပါ.....'
'လွှတ်ဘူးလား...'
'လွှတ်ဘူး...'
'အင့်...ဟင့်..မင်းသားလေး..ဟင့်..အဟီးဟီး...အင့်...ငါ့မင်းသားလေး....'
'ဟာ...အမ.....ဟေး...မင်းလွှတ်ဦးလေ..ဟိုမှာငိုနေပြီကွ...'
'သူ့ဘာသာငိုတာဘဲငိူပါစေပေါ့...ကျွန်တော်နဲ့ဘာဆိုင်လဲ..?'
'ဟ....မင်းနဲ့မဆိုင်လဲကျုပ်နဲ့ဆိုင်တယ်လေဗျာ....'
'ဘာ!!!ဘာကိုဆိုင်တာလဲ...ဝေး...?'
'သူက...ငါ့အမ....ကွ..ပြီးတော့သူကစိတ်..စိတ်ကနေမကောင်းဘူး...လွှတ်ပါကွာ...သူတစ်ခုခုဖြစ်မှာစိုးလို့ပါ.....'
'ဟမ်....'
နောက်တော့မှကျွန်တော်အကြောင်းစုံသိသွားတော့သည်...
အဲ့အမဆိုတာကဝေးရဲ့အမေတဲ့....စိတ်မနှံ့တဲ့သူပေါ့...ဝေးအော်လိုက်တယ်ဆိုတာကလည်းရုတ်တရက်သူ့အမေကိုတွေ့လိုက်ရတော့လန့်ပြီးအော်မိတာပါတဲ့လေ.....
နောက်ဆုံးတော့သူတို့သားအမိကြားလူကြမ်းကြီးဝင်လုပ်မိတဲ့ကျွန်တော့်အပြစ်ပေါ့လေ...
ထိုကိစ္စဖစ်ပြီးညစာတူတူစားတော့အမကအဝေးကိုဖက်ထားတာများမလွှတ်တော့ဘူး...
ထမင်းခွံ့ကြွေးတာတောင်အဖွားကြီးကထမင်းစားလိုက်ဝေးရင်ခွင်ထဲဝင်ပီဲးကျွနေ်တာ့်ကိုပြူးကြည့်လိုက်နဲ့...သူ့ဘာသာအလုပ်ကိုရှုပ်နေရော.....
ကျွန်တော်ကမသိရင်သူမ မသိအောင်ဝေးကိုခိုးသွားမဲ့ပုံ....
'ဒီမှာ....'
'ပြောလေဝေး....အေးဆေးထမင်းစားနှင့်ဦးနော်...ကျွန်တော်အမကိုဘေးအိမ်စီသားပို့လိုက်ဦးမယ်...'
'ညမှောင်နေပြီလေ..တစ်ယောက်တည်းရယ်...'
'ရတယ်...ဒီကနေဆိုသိပ်မဝေးဘူးရယ်.....အမကမင်းပါရင်ခေါ်ရမှာမဟုတ်ဘူး..ခဏလေးဘဲစောင့်နော်..ဆာရင်ထမင်းအရင်စားနှင့်နော်...ကျုပ်မကြာပါဘူး...'
'အင်းပါ....မြန်မြန်သွားပြီး..မြန်မြန်လာနော်....'
'အင်း....သွားပြီ..အမ...လာ..သွားရအောင်.....'
ဝေးကသူ့အမေကိုတွဲခေါ်ရင်းကျွန်တော့်မျက်စိရှေ့ကပျောက်သွားသည်အထိကျွန်တော်လိုက်ကြည့်မိသည်...
၁၅မိနစ်လောက်နေတော့အဝေးကအမောတကောနဲ့ပြေးလာပြန်ရော....
'မင်း...စောင့်ရတာကြာသွားလား..?'
'.....ဝေး.....'
'ဘာလို့ဘာမှမစားထားတာလဲ...ဗိုက်ဆာနေရောပေါ့...'
'လာလေဝေး...ဝေးကိုစောင့်နေတာ...ဝေးနဲ့တူတူစားချင်လို့.....'
'အင်း.....'
ထိုနေ့ကဝေးနဲ့တူတူထမင်းလက်စုံပထမဦးဆုံးအကြိမ်စားဖြစ်ခဲ့သည်...
အမြဲတမ်းသန့်ပေ့..ပျံ့ပေ့..ကောင်းပေ့ဆိုတဲ့ဟင်းတွေစားခဲ့တဲ့ကိုယ်ဟာခုတော့ချဉ်ရည်ဟင်းလိုအရည်သောက်တစ်ခွက်နဲ့ဘဲဥတစ်ခြမ်းနဲ့တင်တော်တော်ကိုစားလို့မြိန်နေတော့သည်....
ကြည့်၇တာအဝေးရဲ့ဟင်းချက်လက်ယာဘဲကောင်းနေသည်ထင့်
ထမင်းစားသောက်ပြီးဆေးကြောစရာများကိုဆေးကြောစဉ်ဝေးချထားတဲ့စောင်ပါးလေးနဲ့ဘေးနားမှာထောင်ထားတဲ့ဖျာကြမ်းလေးကိုချခင်းပြီးဝေးပြန်အလာကိုအဆင်သင့်စောင့်နေလိုက်သည်....
'ဝေး....လာလေ.....အိပ်ရအောင်....'
ဘေးနားလွတ်နေတဲ့နေရာလေးကိုပုတ်ပြကာခေါ်တော့အသာတကြည်ဘဲဘေးနားကိုဝင်လှဲပြီးအိပ်တဲ့ဝေး...
'ဝေး....'
'ဗျာ....'
'ကျွန်တော်ကတော်ရုံလူတွေဆိုမခင်တွယ်တတ်ဘူး....'
'အင်း...'
'ဝေးနဲ့ကြတော့ဘာလို့ရယ်မသိမြင်မြင်ချင်းကဘဝင်မကျခဲ့ပေမဲ့နောက်ကျတော့ခင်မင်ရင်းနှီးခွင့်ရချင်လာတယ်.....'
'အင်း....'
'ဝေး.....'
'အွန်း...ပြောလေ....'
'ကျွန်တော့်နာမည်ကိုဝေးခုထိမမေးသေးဘူးနော်....'
'အင်း...မင်းပြောချင်ရင်ဖြစ်တာဘဲ....မင်းမပြောချင်လည်းရတာမို့ကျုပ်မမေးတာပါ...'
'ကျုပ်..ကျုပ်ဆိုတာကြီးနဲ့မပြောပါနဲ့လားဝေး...ဝေးသာကိုယ့်ဘာသာစကားပြန်ညွှန်းရင်ဝေးကလေလို့ပြောရင်သိပ်ချစ်ဖို့ကောင်းမှာ....'
'ချစ်ဖို့ကောင်း၇အောင်ကျုပ်ကယောကျ်ားလေးလေ....'
'မသိဘူး...ကျွန်တော့်မျက်လုံးထဲမှာတော့ဝေးကမိန်းကလေးတွေထက်ရိုးရိုးလေးနဲ့ချစ်ဖို့ကောင်းလွန်းတဲ့....အသားတွေသွေးစုတ်ဖုတ်ကောင်လိုဖြူဝင်းနေတဲ့မိန်းမတွေ..မာယာများတဲ့မိန်းမတွေ...သဘာဝကိုဖုံးကွယ်ပြီးမိတ်ကပ်တွေလိမ်းကြံထားတဲ့အလှတွေထက်သနပ်ခါးနံ့လေးသင်းနေတဲ့ဝေးကကျွန်တော့်အတွက်တော့ချစ်ဖို့ကောင်းလွန်းတယ်....ခပ်ညိုညိုအသားလေးနဲ့ပါးပေါ်ကပါးကွက်ကြားလေးကအသက်ဘဲ....'
'တော်..တော်ပါတော့ကွာ....'
'ဘာလို့လဲ..ဝေးကရှက်လို့လား....?ကျွန်တော်ကအရှိကိုအရှိအတိုင်းဘဲပြောလိုက်တာပါ...'
'ကျုပ်...ကျုပ်မနေတတ်လို့ပါ...မ..မပြောပါနဲ့..အဲ့လိုကြီး...'
'ဟားဟား..အင်းပါ..မျက်နှာကြီးဟိုဖက်မလှည့်ထားပါနဲ့အိမ်ရှင်လေးရဲ့....'
'ဒါဆိုလည်းကျုပ်ကိုနေရခက်အောင်မစနဲ့လေဗျာ....'
'အင်းပါ...မစတော့ပါဘူး...ကတိ...'
'ပြီးရော....'
'ဝေး.....'
'ဟင်....'
'ဒီမေးခွန်းထပ်မေးမယ်နော်....ကျွန်တော်မနက်ဖြန်ပြန်သွားရင်ဝေးကျွန်တော့ကိုသတိရပေးမှာလား...?'
'ဟို.......'
'ဝေး....မောင့်ကိုကြည့်....'
'ဗျာ...'
'.....အချိန်တိုင်းသတိရပေးဖို့မလိုဘူးဝေး...မောင့်ကိုဝေးမနက်မိုးလင်းလို့တစ်ကြိမ်နဲ့ညအိပ်ယာဝင်ခါနီးတစ်ကြိမ် တစ်နေ့မှာစုစုပေါင်းနှစ်ကြိမ်လောက်သတိရပေးနေရင်ရပြီ.....'
'အယ်.....'
'မောင်ပင်ပန်းနေလို့အိပ်ချင်ပြီ...မောင့်ပေါက်ဖော်လေး...မောင်ကဖက်လုံးဖက်မအိပ်ရရင်အပိ်မပျော်ဘူး...ဒါကြောင့်ဒီညမောင်ဝေးကိုဖက်အိပ်မယ်နော်....'
'ခ...ခဏ....'
'မောင်ပြောတာကိုသဘောတူတယ်လို့မှတ်ယူလိုက်မယ်နော်.....ကောင်းသောညပါဝေး.....မွ...'
ကျွန်တော့်ပါးပြင်ထဲသူ့နှုတ်ခမ်းနစ်ဝင်အောင်တိုးရှိုက်နမ်းမြူရင်းနှုတ်ဆက်ကာအိပ်ဖို့ပြင်နေတဲ့သူ...
ကျွန်တော်တစ်ယောက်ဘဲကမ္ဘာပျက်နေချိန်သူကတော့ကျွန်တော့်ကိုရင်ခွင်ထဲထည့်ရင်းအိပ်လို့နေပြီ....
သူ့ရင်ခွင်ထဲကရုန်းထွက်ဖို့ကြိုးစားပေမဲ့လွှတ်မပေးတာကြောင့်နောက်ဆုံးစိတ်လျှော့ကာအပိ်ဖို့ပြင်ရတော့သည်....
'ကောင်းသောညပါ..................................မြို့သား......မောင်............'
ခပ်တိုးတိုးလေးပြောကာအပိ်ဖို့ကြိုးစားနေတဲ့ပေါက်ဖော်လေးအားကြည့်ပြီးကျွန်တော်ခိုးပြုံးမိသည်...
မောင်တဲ့လား....
ဟက်.........
သဘောကျချင်စရာဘဲ...
...........................................
မနက်မိုးလင်းလို့ကျွန်တော်နိုးတော့ဘေးမှာသူမရှိတော့....
စာရွက်တရွက်သာတွေ့သည်...
ထိုစာရွက်ခေါက်လေးအားရင်ဝယ်ပိုက်ကာအိမ်ပေါ်ကနေအိမ်အောက်ပြေးဆင်းလာမိသည်.....
သူများဒီနားမှာရှိနေဦးမှာပါဆိုတဲ့အသိစိတ်လေးကြောင့်...
သို့ပေမဲ့ပတ်ဝန်းကျင်မှာတိတ်ဆိတ်မှုသာကြိးစိုးလို့.....
သူ့အရိပ်အယောင်ကိမမြင်ရသလိုသူ့အသံတိုးညှင်းညှင်းတောင်မကြားရ....
ဒါ..ဒါဆို.....
သူ...သူပြောတဲ့အတိုင်း.....
သူရန်ကုန်ကိုပြန်သွားပြီလား....?
အသိစိတ်တို့နဲ့အတူရင်ထဲကဝမ်းနည်းမှုကလှိုက်ကနဲဘဲ.....
ဒူးတွေပင်မခိုင်တော့ဘဲမြေပြင်ပေါ်ထိုင်ကျသည်အထိကျွန်တော့်ရင်ထဲပူနေခဲ့သည်....
'ဟေး...အဝေး....မင်းအဆင်ပြေရဲ့လား....?'
'ငါ့ကိုအဲ့လို..မ..မခေါ်နဲ့...သူကမကြိုက်ဘူး....'
'ဟမ်...ဘယ်သူလဲ...?မင်းဘာတွေပြောနေတာလဲ..?'
'အင့်..ဟင့်...သူမကြိုက်လို့...မခေါ်ပါနဲ့...သူစိတ်ဆိုးလိမ့်မယ်....'
'မင်းဘာတွေပြောနေတာလဲ.../ငါဘာဆိုဘာမှနားမလည်တော့ဘူး....'
'ငလက်မ......'
'အေး...ပြောလေ....'
'မင်းကစာတော့နည်းနည်းဖတ်တတ်တယ်မလား....?'
'နည်းနည်းပါးပါးတော့ရပါတဘ်...ဘာလို့လဲ..?'
'ငါ့ကိုဒီစာလေးဖတ်ပြစမ်းပါကွ....'
'အေး....ပေးလေ....'
'ပြောပါဦး...ဘာတွေရေးထားလဲ...?'
'ရေးထားတာက...စာလုံးကနည်းတယ်ကွ.....'
'အေး......ဘာတဲ့လဲ...?'
'ခဏ...အဟင်း.....အဲ့တာက.......ဖြိုး...........သဝေထိုး.....ဝရေ...ဝေ.......သဝေထိုး....မ....ရေးခြာ....ငအသတ်...မောင်......ဖြိုးဝေမောင်.......တဲ့....မင်းဟာကဘာကြီးလဲ..?'
'ရပြီ...မင်း...သွားလို့ရပြီ...သွား...သွားတော့...'
'ဟ..အတင်းကိုနှင်လွှတ်နေတော့တာဘဲ......'
'အေး..မမြင်ချင်တော့တာမို့သွားတော့ကွ....'
'အေးပါဟ...သွားမှာပါ....ဟွန့်.....'
သူငယ်ချင်းထွက်သွားတော့မှအဝေးတစ်ယောက်စာရွက်ကလေးကိုကိုင်ပြီးမျက်ရည်ကျမိသည်...
စာရွက်ပေါ်ကလက်ရေးခပ်သော့သော့လေးကိုထိတွေ့မိပြီးနှုတ်ကနေလည်း...'ဖြိုးဝေမောင်...တဲ့လား...'ဆိုပြီးတီးတိုးရေရွတ်နေမိသည်....
မောင့်နာမည်က....ဖြိုးဝေမောင်...တဲ့...နောက်ဆုံးတော့...ကျုပ်သိခွင့်ရပြီ....
မောင်.....မောင့်နာမည်ကဖြိုးဝေမောင်တဲ့ကွ....
အဟင့်ဟင့်....
တဖက်မှာလည်းexpressကားပေါ်ကနေအဝေးတနေရာကိုငေးရင်းတိတ်တခိုးမျက်ရည်ကျနေတဲ့သူတစ်ယောက်လည်းရှိသတဲ့....
သူကစိတ်ထဲကနေရေရွတ်လိုက်တယ်....
ဝေး......မင်းကိုကိုယ်တသက်မမေ့ပါဘူး...
နှုတ်မဆက်သွား၇တဲ့အတွက်ဆောရီးပါ...
နှုတ်ဆက်တယ်ဆိုတာကတော်တော်ကြာကြာဝေးကွာရတော့မှာမို့ပြောတဲ့စကားလုံးဖြစ်တာမို့မောင်ကတော့မသုံးချင်ဘူး....
မကြာခင်ပြန်တွေ့နိုင်မှာပါဝေး...
မောင်တို့တွေ....
အချိန်လေးအနည်းငယ်တော့ကြာကောင်းကြာနိုင်ပါတယ်...
ဒါပေမဲ့မောင်ကတိပေးတယ်..ဒီပုဂံမြေကိုတိုင်တည်ပြီးမောင်သစ္စာဆိုတယ်...မောင်ဝေးရှိတဲ့ပုဂ့ကိုထပ်လာခဲ့ဦးမှာမို့...ဝေဂကတော့မောင့်ကိုအရင်လိုစောင့်နေပေးဖို့မျှော်လင့်မိပါတယ်တာရာဝေး
--------------------------------------------------------
To Be Continued
အရမ်းချစ်လွန်းလို့တင်ပေးလိုက်ပါတယ်နော်...
Votes and commentsလေးတွေမျှော်နေပါတယ်ှရင့်......
Zawgyi
'ဒီေန႔နဲ႔ဆိုခင္ဗ်ားေရာက္တာတစ္ပတ္ျပည့္ေတာ့မယ္ေနာ္.....'
ေတာင္ေစာင္းကုန္းျမင့္ေလးေပၚႏွစ္ေယာက္သားတူတူထိုင္ရင္းအေဝးမွၿဖိဳးေဝေမာင္အားေမးလိုက္ျခင္းပင္.....
'ဟက္....ရက္ေသခ်ာတြက္ထားတာဘဲလားေဝး...?'
'အဲ..အဲ့လိုရယ္ေတာ့မဟုတ္ပါဘူး...က်ဳပ္ကဒီတိုင္းမွန္းေျပာမိတာ.....'
'အင္းပါ...ဘယ္သူကမွလည္းေဝးကိုညာေျပာလို႔တရားမစြဲပါဘူး....တခါတေလေလးေတာ့ကၽြန္ေတာ္စိတ္ခ်မ္းသာေအာင္ညာပါလားဗ်ာ...'
'ဟမ္....'
'အဟားဟား...နားမလည္ျပန္ဘူးလားေဝး...?'
ရယ္စစနဲ႔ေမးေတာ့ထိုေတာသားေပါက္ဟာေခါင္းေလးကိုတဗ်င္းဗ်င္းကုတ္ရင္း
'ခင္ဗ်ားတို႔ၿမိဳ႕သားေတြကိုက်ဳပ္ျဖင့္တကယ္နားမလည္နိုင္ေတာ့ဘူးေျပာ....စကားေျပာလိုက္ရင္းအဆန္းခ်ည္း....ၿပီးေတာ့လူလူခ်င္းနားလည္ေအာင္လည္းမေျပာဘူး...ဟင္း....'
'အဟက္....ဟားဟားဟား....ေဝးကေတာ့လုပ္ၿပီ....တူတူသြားလာေနတာဘဲတပတ္ျပည့္ေတာ့မွာကိုကၽြန္ေတာ့္စကားကိုေဝးကနားမလည္ေသးတာလာဗ်ာ.....ခက္ေတာ့ခက္ၿပီ....'
'ေဟး..အဲ့လိုေျပာရမွာက်ဳပ္ပါေနာ္.....'
'ဟုတ္ပါၿပီကြာ....'
'ဒါနဲ႔..ခင္ဗ်ားဘယ္ေတာ့ဇာတိျပန္ဖို႔စဥ္းစားထားတုန္း...?'
'ဟမ္...ဇာတိ....?အိမ္ကိုေျပာတာလား...?'
'ေအးဗ်...ရန္ကုန္ေလ..အဲ့မို႔ႀကီးကိုဘယ္ေတာ့ျပန္မတုန္း...?'
'ဘာလဲ..အေဝးကကၽြန္ေတာ့္ကိုႏွင္ရက္တယ္ေပါ့...'
'အိုး..က်ဳပ္ႏွင္ေတာင္ခင္ဗ်ားျပန္ခ်င္မွျဖစ္တဲ့ဟာ...'
'အဟက္....အင္းပါ..အင္းပါ....ခုေလာေလာဆယ္ေတာ့မျပန္ျဖစ္ေသးဘူးဗ်...အေႂကြးယူစရာေလးေတြရွိေနလို႔....'
'ဟမ္.....အေႂကြးဆိုေတာ့...ခင္ဗ်ားကေငြတိုးေခ်းစားတဲ့လူလား...?႐ုပ္နာမ္နဲ႔မလိုက္လိုက္တာဗ်ာ...'
'အမေလး...ေငြတိုးမေခ်းစားပါဘူးဗ်ာ....ကၽြန္ေတာ္ေျပာတာကခင္ဗ်ားစီကေနအေႂကြးယူရမွာကိုေျပာတာေလ.....ေဝးေျခေထာက္ကအရွင္းမေပ်ာက္ေသးေတာ့ေဝးကကၽြန္ေတာ့္ကိုလမ္းျပမလုပ္ေပးနိုင္ဘူးဟုတ္...ဒါေၾကာင့္ေဝးသက္သာလာမဲ့အခ်ိန္တစ္ခုထိေစာင့္ေနတာပါ.....'
'အားနာလိုက္တာ...က်ဳပ္တကယ္ေတာင္းပန္ပါတယ္...က်ဳပ္ေျခေထာက္လည္းသက္သာေနၿပီဆိုေတာ့ခင္ဗ်ားကိုက်ဳပ္နက္ျဖန္က်ပုဂံဘုရားေတြလိုက္ျပေပးမယ္ေလ....ေနာ္.....ခင္ဗ်ားအခ်ိန္ေတြက်ဳပ္ျဖဳန္းတီးမိလို႔ေတာင္းပန္ပါတယ္.....'
'အေဝး...'
'ဟင္....'
'က်စ္..ကၽြန္ေတာ္ေခၚရင္ဘယ္လိုထူးလို႔ေျပာထားလဲ...?'
'အာ.....ေမ့သြားလို႔...'
'ေဝး...'
'ဗ်ာ....'
'စိတ္မေကာင္းမျဖစ္နဲ႔..ကၽြန္ေတာ္ကဒီတိုင္းေျပာလိုက္တာ..တကယ္ကကၽြန္ေတာ္ကပုဂံေျမႀကီးကိုတြယ္တာေနမိလို႔မျပန္နိုင္ျဖစ္ေနတာပါ...ခင္ဗ်ားေၾကာင့္မဟုတ္ပါဘူး...'
'ေအာ္....အင္း.....'
'အကယ္၍....'
'အင္း....ဘာျဖစ္လို႔လဲ..?'
'အကယ္၍...ကၽြန္ေတာ္ရန္ကုန္ကိုျပန္သြားခဲ့ရင္ေဝးကၽြန္ေတာ့ကိုသတိရေနမွာလား...?'
'ဟင္....'
'သိခ်င္တာမို႔ေျဖေပးနိုင္မလားေဝး..?'
'အာ...အဲ့တာက....လြမ္းေကာင္းလြမ္းနိုင္ပါတယ္..ဘာလို႔ဆိုက်ဳပ္နဲ႔ခင္ဗ်ားနဲ႔ကအျခားလမ္းျပနဲ႔ဧည့္သည္ေတြလိုမဟုတ္ဘဲပိုရင္းႏွီးတဲ့ဆက္ဆံေရးတစ္ခုရွိလို႔ေလ...'
'အင္း.........လိုခ်င္တဲ့အေျဖမဟုတ္ေပမဲ့လို႔ေက်နပ္ပါတယ္ေလ.....ဒါနဲ႔ေဝး...'
'အြန္း....'
'ေဝးတစ္ခါမွကၽြန္ေတာ့္ကိုေဝးအိမ္ကိုေခၚမသြားေသးဘူးေနာ္...'
'ဘုရား...'
'ဘာလို႔လဲ...?ကၽြန္ေတာ္ကေဝးတို႔အိမ္ကရွိသမၽွပစၥည္းေတြအကုန္ခိုးသြားမဲ့႐ုပ္ေပါက္ေနလို႔လား...?'
'မဟုတ္ပါဘူးခင္ဗ်ားရယ္...က်ဳပ္တို႔အိမ္မွာခင္ဗ်ားခိုးခ်င္သပါ့ဆိုေတာင္တန္ဖိုးႀကီးပစၥည္းဆိုလို႔လက္ညႇိုးထိုးျပစရာမွမရွိဘဲ...လာခိုးတဲ့သူခိုးေတာင္ငိုၿပီးျပန္သြားပါဦးမယ္ခင္ဗ်ားရယ္....'
'ဟဟား...ေဝးကေျပာတတ္လိုက္တာ....'
'က်ဳပ္ခင္ဗ်ားကိုအိမ္လည္မေခၚဘူးဆိုတာခင္ဗ်ားအေနနဲ႔မသင့္ေတာ္လို႔ပါ...ကၽြန္ေတာ့္အိမ္က...အင္း....အိမ္ဆိုတဲ့ဂုဏ္ပုဒ္ေတာင္မရွိပါဘူးဗ်ာ...'
'ကၽြန္ေတာ္ကေဝးေနတဲ့ေနရာကိုတစ္ႀကိမ္ေလာက္ဘဲျဖစ္ျဖစ္ေရာက္ဖူးခ်င္လို႔ပါ...အကယ္လို႔ေဝးအတြက္အဆင္မေျပဘူးဆိုရင္လည္း..'
'အဲ့လိုမဟုတ္ပါဘူး....ဒါေပမဲ့...ထားပါ...ညလည္းနက္ေတာ့မယ္ဆိုေတာ့က်ဳပ္သြားဦးမယ္ဗ်ာ...ခင္ဗ်ားကိုလိုက္မပို႔ေတာ့ဘူးေနာ္...ျဖစ္ရဲ့လား...?'
'အဲ့စကားကိုကၽြန္ေတာ္ကျပန္ေမးရမွာပါေဝးရယ္....ကဲ..ျပန္မယ္ဆိုေတာ့လည္းျပန္ေပါ့..ဒါေပမဲ့ေဝးကိုလွည္းေပၚအရင္တင္ေပးမယ္...ေဝးလွည္းထြက္သြားမွကၽြန္ေတာ္လည္းျပန္မယ္...'
'ရပါတယ္...က်ဳပ္ေျခေထာက္ကလည္းေကာင္းသင့္သေလာက္ေကာင္းေနၿပီဘဲ..အဲ့ေတာ့...အ့..အမေလး...ဒီမွာ...ဘာလို႔မေျပာမဆိုျန႔မခ်ီလိုက္ရတာတုန္း..ခင္ဗ်ားနဲ႔ေတာ့ခက္ၿပီ....'
'ၿငိမ္ၿငိမ္ေနေနာ္ေဝး.....ေျခေထာက္ထပ္နာသားရင္ကိုယ္စိတ္ေကာင္းမွာမဟုတ္ဘူး..ေဝးေျခေထာက္ထိရတာကၽြန္ေတာ့္ေၾကာင့္ဆိုောတ့ကၽြန္ေတာ့္ကိုေဝးေျခေထာက္သက္သာသည္အထိဂ႐ုစိက္ခြင့္ေပး.....'
'ဟို.......'
'ေဝး....ကၽြန္ေတ္ေျပာသလိုသာနားေထာင္ပါ.....'
'အင္း...အင္းပါ.....က်ဳပ္ခင္ဗ်ားကိုဘာမွမေျပာေတာ့ဘူး...'
'လိမ္မာတယ္....လာ...'
'ဒါနဲ႔..နက္ျဖန္ကစၿပီးခင္ဗ်ားကို လမ္းျပစလုပ္ေပးမယ္ေနာ္....ျငင္းမယ္မႀကံပါနဲ႔.....က်ဳပ္ေတာင္းဆိုေနတာမို႔.....'
'အင္းပါ..ေဝးသေဘာ..ေနာ္...ကၽြန္ေတာ္မနက္၇နာရီေစာင့္ေနၾကဘုရားမွာဘဲေစာင့္ေနမယ္...ဟုတ္ၿပီလား..?'
'အင္း...'
ထိုေန႔က သူကၽြန္ေတာ့္ကိုလွည္းေပၚေသခ်ာခ်ီတင္ေပးၿပီးေတာ့မွသူေနေနက်တည္းခိုေဆာင္ကိုလွည္းေနာက္တစ္စီးနဲ႔ျပန္သြားေလရဲ့......
ဟူး...ခက္လိုက္တာ.....
ခင္ဗ်ားနဲ႔အေနနီးတိုင္းကဆုန္ခုန္ေပါက္ျဖစ္ေနတဲ့ဒီရင္ဘတ္ထဲကအရာႀကီးကိုကၽြန္ေတာ္ဘယ္လိုအဓိပၸာယ္ဖြင့္ရမလဲ...
ေနာက္ေန႔ၾကေတာ့ခ်ိန္းထားတဲ့အခ်ိန္ထက္ေစာစီးစြာသူကေရာက္ေနခဲ့တယ္....
ဒီေန႔မွသူ႔ပုံစံကသစ္လြင္ေတာက္ပေနေရာ.....အရင္ေန႔ေတြကနဲ႔မတူကြဲျပားစြာ....အေပၚကလည္ကတုံးခရမ္းေရာင္နဲ႔ေအာက္ကေဂြးရွည္ေလးနဲ႔.......
'ေဟး......က်ဳပ္ေရာက္ၿပီ....'
'အဟင္း...ဘယ္လိုေနလဲ..?ကၽြန္ေတာ္ဝတ္ထားတာအဆင္ေျပရဲ့လား...?'
'အင္း...ဂြရွည္နဲ႔မင္းနဲ႔လိုက္တယ္ကြ...!'
'အာ...ေဝး...ဘာလို႔ဂါတိုလို႔ေျပာေနတာလဲ...?ကၽြနေ္တာ္ေျပာထားတယ္ေလ..ပုဆိုး..ဒါဆိုပုဆိုးလို႔ေခၚတယ္လို႔....'
'အာ..ေအး..ေမ့လို႔...က်ဳပ္ကေမြးကတည္းကေနခုခ်ိန္ထိးဂြရွည္ေခၚေနၾကဆိုေတာ့.....ဟို....'
'ပု..ဆိုး...ဟုတ္ၿပီလား...ဂြရွည္မဟုတ္ဘူး...ပုဆိုးလို႔ေခၚတယ္ေဝး...'
'တူတူဘဲဟာ...က်ဳပ္ကႏွုတ္က်ိဳးေနၿပီျပင္မရေတာ့ဘူး...အဓိကကက်ဳပ္ခင္ဗ်ားကိုေဂြးရွည္ဝတ္လာတယ္ေျပာရင္ခင္ဗ်ားေျပာတဲ့အဲ့ဟာႀကီးဆိုတာသိရင္ၿပီးေရာဘဲမလား...?တူတူပါဘဲ...ဒါနဲ႔..က်ဳပ္ဂါတိုေလးကေရာ..ပနံသင့္ရဲ့လား...?'
'လွရဲ့လားဆိုေတာ့ပုဆိုးတိုေလးနဲ႔လွတာေပါ့.....'
'ေအး...ဒါဆိုလဲႂကြရေအာင္ေလၿမိဳ႕သား...'
'ဟုတ္ကဲ့ပါဗ်ာ....'
ဒီေတာသားေလးကတယ္လန္းဆန္းသစ္တီထြင္တတ္ပါ့...
သူ႔အလွည့္မွဘဲေဘာင္းဘီတိုဆိုဂြတို....အရွည္ဆိုဂြရွည္တဲ့...
ပုဆိုးဆိုလည္းေျခမ်က္စိဖုံးဆိုေဂြးရွည္...အဲ့ထပ္ဒူးေက်ာ္ေက်ာ္ေလာက္ေလးဆိုေဂြးတိုဆိုဘဲ...
ဒါတင္မကေသးဘူး...က်ီးကန္းကိုကလီးကလန္း..ဘူးသီးဆိုသူကဘူးစီး....
ဓာတ္ပုံရီုက္တာၾကျပန္ေတာ့လည္းဖလင္ရိုက္တယ္ဆိုလား...
ေအာ္..အဲ့ထက္ဆိုးတာကကၽြန္ေတာ့္တို႔တပ္ေနၾကnecktieကိုသူကဘာေခၚတယ္မွတ္လဲ...အန္ဖတ္တဲ့ေလ......
တြဲေလာင္းက်ေနတာအန္ဖတ္နဲ႔တူလို႔ဆိုလား.....အဲ့ထဲကစၿပီးကၽြန္ေတာ္ဆိုnecktieေတာင္သိပ္မတပ္ျဖစ္ေတာ့
အိုး...ေျပာရရင္ေတာ့စုံေနေရာေပါ့....
သူနဲ႔ေနရတာေပ်ာ္ဖို႔တအားေကာင္းတာကိုေတာ့ကၽြန္ေတာ္လက္ခံပါတယ္.....
သူနဲ႔အေနနီးတိုင္းခံစားခ်က္ေကာင္းေလးျဖစ္ေပၚလာတတ္တာဘာလို႔ရယ္ေၾကာင့္ကၽြန္ေတာ္မသိေပမဲ့ကၽြန္ေတာ္သူ႔အေပၚအခ်ိန္ခဏေလးအတြင္းမွာတြယ္တာမိတာေတာ့အမွန္ပင္....
'ေဝး.....'
ကၽြန္ေတာ့္ကိုပုဂံေနာက္ခံရွုခင္းနဲ႔ဓာတ္ပုံရိုက္ေပးေနတဲ့သူကေခၚသံၾကားေတာ့ေခါင္းေလးေမာ့ကာ'ဘာလဲ....?'တဲ့
'ကၽြန္ေတာ္...နက္ျဖန္ရန္ကုန္ျပန္ေတာ့မယ္......'
'...................'
ကၽြန္ေတာ္ေျပာလိုက္ေတာ့ဖုန္းကိုင္ထားတဲ့သူလက္ေတြတုန္ရီလာတာကိုသတိထားမိလိုက္သည္....
ကၽြန္ေတာ့္ကိုမၾကည့္ဘဲအေဝးကိုဘဲၾကည့္ကာဘာမွဆက္မေျပာလာတာေၾကာင့္ကၽြန္ေတာ့္ရင္ထဲထိတ္ခနဲ....
အနားသြားကာသူ႔လက္ကေလးႏွစ္ဖက္ကိုဆြဲေခၚေတာ့လည္းမ႐ုန္းကန္ဘဲေအးေဆးဘဲလိုက္လာျပန္ေရာ..ဒါေပမဲ့သူကၽြန္ေတာ့္မ်က္ႏွာကိုမၾကည့္ဘူး....
'ေဝး....ကၽြန္ေတာ့္ကိုဘာမွမေျပာေတာ့ဘူးလား...?'
'က်ဳပ္.......က်ပ္ကခင္ဗ်ားကိုဘာေျပာရမွာလဲဗ်ာ....?'
'ထြက္သြားလို႔ေျပာတာတို႔...မသြားပါနဲ႔လို႔ဆြဲထားတာမ်ိဳး...တစ္ခုခုေပါ့.....'
'ဟက္.....က်ဳပ္မွာအဲ့လိုေျပာပိုင္ခြင့္မွမရွိဘဲ....ခင္ဗ်ားကဒီပုဂံကိုခဏတာလာလည္တဲ့ဧည့္သည္ဘဲ...အခ်ိန္တန္ရင္အိမ္ကိုျပန္ရမဲ့သူဘဲဟာ...ခင္ဗ်ားအိမ္ျပန္သြားရင္...က်ဳပ္လည္းက်ဳပ္အရင္ကအလုပ္ကိုဆက္လုပ္႐ုံေပါ့...အရင္လို...ခင္ဗ်ားနဲ႔မေတြ႕ခင္ကအခ်ိန္ေတြလိုေပါ့.....ခင္ဗ်ားမပါဘဲ..ေန႔ရက္တိုင္းကို...က်ဳပ္တစ္ေယာက္တည္း....ျဖတ္သန္း.....အင့္.....'
'ေဝး...ခင္ဗ်ားငိုေနတာလား...?ေဟး.....'
'က်ဳပ္ကိုမၾကည့္နဲ႔.....'
'ဟင္....အင္းပါ....ဒါေပမဲ့မငိုပါနဲ႔ေတာ့လားေဝး....မင္းပင္ပန္းေနမွာေပါ့....'
'မင္း....က်ဳပ္အိမ္လိုက္ခ်င္လား......?'
'ေဝးကကၽြန္ေတာ့္ကိုေခၚသြားေပးမလို႔လား...?'
'မင္းဆႏၵရွိရင္ေပါ့..ဒါေပမဲ့..ငါ့မွာမင္းကိုဧည့္ခံစရာဘာမွမရွိဘူးေနာ္...မင္းတို႔ၿမိဳ႕သားေတြသုံးတဲ့အသုံးအေဆာင္ပစၥည္းေတြတစ္ခုမွမရွိဘူးေနာ္....က်ဳပ္အိမ္က....'
'ရွူး....အဲ့တာေတြမရွိလည္းကၽြန္ေတာ္ကရတဘ္...အဓိကက...ကၽြန္ေတာ့အနားမွာေဝးရွိေနရင္ရၿပီ...'
'ဒါ..ဒါဆိုလည္း....သြားရေအာင္ေလ....ဒီေန႔ေတာ့အိမ္ေစာေစာျပန္ၾကတာေပါ့...မင္းကိုက်ဳပ္ညစာခ်က္ေႂကြးပါ့မယ္...အညာပုံစံေပါ့....'
'ေဝးခ်က္ေႂကြးတာဘဲ...ကိုယ္ကအားရပါးရေလြးရမွာေပါ့...မဟုတ္ဘူးလား...?'
'အြန္း...သြားရေအာင္....'
'အင္း.....'
..................
..............................
ေဝးအိမ္ဟာကၽြန္ေတာ္ထင္ထားတာထက္ပိုၿပီးကိုရိုးဆင္းလြန္းတယ္....
ဝါးထရံငါးခ်ပ္ေလာက္ပတ္လည္ကာထားတဲ့၆ေပ၈ေပအိမ္ေလးကေဝးေနတဲ့အိမ္တဲ့.....
'ေဟး...'
'ဟင္....'
'လာေလ....အိမ္ေပၚမွာလာထိုင္ေလ....က်ဳပ္အိမ္ကခင္ဗ်ားျမင္တဲ့အတိုင္းဘဲသိပ္ၿပီးေတာ့....'
'ျပည့္စုံလြန္းပါတယ္...ရိုးရိုးဆင္းဆင္းနဲ႔မင္းလိုေပါ့......'
'ဟက္....မင္းတစ္ေယာက္ဘဲက်ဳပ္အိမ္ကိုခ်ီးမြန္းေထာပနာျပဳေတာ္မူတယ္ဗ်ာ.....ကဲပါ....က်ဳပ္ေရခ်ိဳးဦးမယ္....ခင္ဗ်ားတစ္ေယာက္တည္းေနလို႔ျဖစ္တယ္ဟုတ္.....'
'ရပါတယ္.....ခ်ိဳးေလ....'
'အင္း...သိပ္မၾကာပါဘူး..ခဏဘဲ....'
'ေရအၾကာခ်ည္းမခ်ိဳးနဲ႔ေနာ္...အေအးမိမယ္...'
'အာ...ဟို..ဘာတဲ့...အာ..သိၿပီ...ရက္.....ဟုတ္တယ္မလား...?'
'ရက္..?ဘာလဲ...?'
'ဟို...မင္းေျပာေျပာေနၾကဟုတ္တယ္ဆိုတာကိုရက္ရက္လို႔ေျပာတာေလ....အ့တာ....ဘယ္လိုလဲ..က်ဳပ္ေျပာတာၿမိဳ႕သားသံေပါက္ေနတယ္ဟုတ္.....'
'အာ..အဟက္...ေပါက္ပါတယ္ဗ်ာ..ေပါက္ပါတယ္.....'
'ဒါေပါ့....ၿမိဳ႕သားရဲ့ေပါက္ေဖာ္ဘဲ..ဒီေလာက္ေတာ့ရွိရမွာေပါ့....သြားၿပီေနာ္.....'
'ဟမ္...ေပါက္..ေဖာ္..?ဘာႀကီးတုန္း.....ဟူး..ပေဟဠိကဝွက္သြားျပန္ၿပီ.....'
တကယ္ပါ..ခုမွကၽြန္ေတာ္ေနာင္တရမိသည္....ငယ္ငယ္တုန္းကဘာလို႔ခက္ဆစ္ကိုေသခ်ာမက်က္ခဲ့၇ေလျခင္းဆိုၿပီးေပါ့....ေသခ်ာသာက်က္မွတ္ခဲ့ရင္ခုခ်ိန္ေဝးနဲ႔ေကာင္းေကာင္းအဆက္အဆံလုပ္နိုင္မွာ.....
က်စ္....
ေနာင္တ...ေနာင္တ....ေနာင္မွတမိတဲ့ေနာင္တ...
သိပ္ကိုဆိုးတာဘဲ......
(မ်က္လုံးအေရွ႕မွာျမင္တိုင္း.....ၾကည့္ခဲ့ဖူးတယ္မထင္ပါနဲ႔....
သူမ်ားအတြဲလွလြန္းသူေတြလဲ ကိုယ္အမွတ္တမဲ့ပါဘဲ
အားလုံးထဲကမင္းက်ေတာ့......
ေရး......
ကိုယ္မ်က္ေတာင္မခတ္ဘဲနဲ႔.....
တစ္ေနကုန္ထိုင္ၿပီးတစ္စိမ့္စိမ့္ၾကည့္...
နဖူးကေျခဖ်ားထိေအာင္ခ်စ္တယ္...
အသည္းေလးအားဆြဲညႇို႔သူရယ္...
မ်က္စိေအာက္ကေပ်ာက္မသြားနဲ႔ဦးေဟ့...
တစ္ေနကုန္ထိုင္ၿပီးၾကည့္...
ဒီမ်က္စိကအသည္းထဲထိစီးဝင္....
ဘယ္ေတာ့ၾကည့္ၾကည့္ခ်စ္မိသူေရ...
ဒီလိုမ်က္စိေအာက္ကေပ်ာက္မသြားနဲ႔ေဟး....
တစ္ေနကုန္ထိုင္ၿပီးၾကည့္...
ဒီအတိုင္းၾကည့္ေန႐ုံေလး...သိပ္ေတာ့မမ်ားပါဘူး....
ကိုယ့္ရဲ့အၾကည့္ကပန္းေတြလိုပြင့္..ကဲယူ မင္းဆြတ္ခူး...
အားလုံးထဲကမင္းဘဲ....အျမဲတမ္းျမင္ေနခြင့္ျပဳ.....)
ဖိုးကာရဲ့သီခ်င္းေလးကေခါင္းထဲအမွတ္မထင္ေရာက္လာတာေၾကာင့္ကၽြန္ေတာ္အသံထြက္ညည္းမိေတာ့သည္...
ဆိေနစဥ္တေလၽွာက္လုံးလည္းမ်က္စိတို႔ကိုတင္းတင္းမွိတ္ထားေပမဲ့ျမင္လႊာထဲမွာျမင္ေနရတာကေဝးကိုသာ.....
'ဝုန္း...ဝ႐ုန္း.....!!'
'အ့...အမေလး....'
'ဟင္...ေဝး...!!!'
အျပင္ကေဝးေအာ္သံၾကားတာေၾကာင့္ကၽြန္ေတာ္လည္းသီခ်င္းဆိုတာရပ္လိုက္ၿပီးအိမ္ျပင္ထြက္ၾကည့္ေတာ့အေပၚပိုင္းဗလာနဲ႔ေဝးအနားမွာဆံပင္ေတြဖြာရွုပ္ေနတဲ့မိန္းမႀကီးတစ္ေယာက္....
ထိုမိန္ူမႀကီးကေဝးကိုဖက္ဖို႔လက္ကမ္းေနတာေၾကာင့္အခ်ိန္မဆိုင္းေတာ့ဘဲကၽြန္ေတာ္အိမ္ေပၚကေနခပ္သုတ္သုတ္ဆင္းလိုက္ေတာ့သည္...
အိမ္ေအာက္ေရာက္ကၽြန္ေတာ္ဘာမွမလုပ္နိုင္ေတာ့.....အေပၚပိုင္းဗလာနဲ႔ေဝးပုံကိုေတြ႕ၿပီးထဲကေဒါသတို႔ကတေထာင္းေထာင္းထြက္ေနၿပီးသားမို႔.....
'ေဝး....ဒီကိုလာစမ္း!!'
သူ႔အနားကိုခပ္သြက္သြက္သြားကာပုခုံးကေနသူ႔ကိုကၽြန္ေတာ္နဲ႔မ်က္ႏွာမူရာဘက္ဆြဲလွည့္လိုက္ၿပီးေဝးကိုယ္ေလးကိုရင္ခြင္ထဲထည့္ဖက္ထားမိသည္...တဆက္တည္းေပၚေနတဲ့ေနာက္ေက်ာသားေတြကိုပါကၽြန္ေတာ့္အေပၚဝတ္အက်ီထဲရသေလာက္ဆြဲျခဳံျပစ္မိသည္.....
'ဒါကဘာလုပ္ေနတာလဲ...?ဖယ္..ဖယ္ေလ....'
'ေဝး....ဒီေမးခြန္းကို ကၽြန္ေတာ္ကေမးရမွာေလ....ေဝးအေပၚဝတ္မပါဘဲနဲ႔ဘာလုပ္ေနတာလဲ....?!!!'
'မင္း..မင္း..ဘာျဖစ္ေနတာလဲ...?လႊတ္ပါ...'
'မလႊတ္ဘူး..ကၽြန္ေတာ္ေမးတာဘဲအရင္ေျဖစမ္းပါ...!!!'
'ဟ....မင္းကိုေျပာၿပီးသားေလ..ေရခ်ိဳးမလို႔ဆို....'
'ဟမ္..ေရခ်ိဳးတာေရခ်ိဳးခန္းထဲသြားမခ်ိဳးဘဲခင္ဗ်ားကဒီမွာဘာလုပ္ေနတာလဲ....ခင္ဗ်ားကိုယ္နဲ႔သူမ်ားကိုျမဴစြယ္ေနတာလား...?'
'ဟမ္...ဘာႀကီး....မင္းေျပာတာေတြက်ဳပ္တစ္ခုမွနားမလည္ဘူးေရာ....'
'သြား...ေရခ်ိဳးခန္းထဲေရသြားခ်ိဳး.....မခ်ိဳးဘူးဆိုကၽြန္ေတာ္နဲ႔အေပၚကိုတူတူတက္မယ္....'
'ေန..ေနဦးေလ...ေရခ်ိဳးခန္းဆိုတာဘာႀကီးလဲ...?အဲ့တာမ်ိဳးကရွိလို႔လား...မင္းေျပာတဲ့ဟာေတာ့က်ဳပ္မသိဘူး..က်ဳပ္တိ့အညာဘက္မွာေတာ့ေရခ်ိဳးရင္ခုလိုၾဘအျပင္ထြက္ခ်ိဳးၾကတာေလ...'
'ဘာ...!!ဒါဆိုခင္ဗ်ားကအျမဲတမ္းခုလိုဘဲခ်ိဳးတာလား...?'
'ေအးေလ...'
'ဟာဗ်ာ....'
'အင့္..အင့္...လႊတ္စမ္း...မေကာင္းဆိုးဝါးႀကီး....မင္းသားေလးကိုလႊတ္...ခုလႊတ္....'
ထိုအခ်ိန္ေစာနကမိန္းမႀကီးကကၽြနေ္တာ့္လက္ေမာင္းကိုထုရိုက္ကာေဝးကိုလႊတ္ေပးဖို႔ေျပာေလရဲ့...
'မလႊတ္ပါဘူး...သြား..ေဝးေဝးသြားေနစမ္းပါ.....'
'လႊတ္ဘူးလား...'
'လႊတ္ဘူး...'
'အင့္...ဟင့္..မင္းသားေလး..ဟင့္..အဟီးဟီး...အင့္...ငါ့မင္းသားေလး....'
'ဟာ...အမ.....ေဟး...မင္းလႊတ္ဦးေလ..ဟိုမွာငိုေနၿပီကြ...'
'သူ႔ဘာသာငိုတာဘဲငိူပါေစေပါ့...ကၽြန္ေတာ္နဲ႔ဘာဆိုင္လဲ..?'
'ဟ....မင္းနဲ႔မဆိုင္လဲက်ဳပ္နဲ႔ဆိုင္တယ္ေလဗ်ာ....'
'ဘာ!!!ဘာကိုဆိုင္တာလဲ...ေဝး...?'
'သူက...ငါ့အမ....ကြ..ၿပီးေတာ့သူကစိတ္..စိတ္ကေနမေကာင္းဘူး...လႊတ္ပါကြာ...သူတစ္ခုခုျဖစ္မွာစိုးလို႔ပါ.....'
'ဟမ္....'
ေနာက္ေတာ့မွကၽြန္ေတာ္အေၾကာင္းစုံသိသြားေတာ့သည္...
အဲ့အမဆိုတာကေဝးရဲ့အေမတဲ့....စိတ္မႏွံ့တဲ့သူေပါ့...ေဝးေအာ္လိုက္တယ္ဆိုတာကလည္း႐ုတ္တရက္သူ႔အေမကိုေတြ႕လိုက္ရေတာ့လန႔္ၿပီးေအာ္မိတာပါတဲ့ေလ.....
ေနာက္ဆုံးေတာ့သူတို႔သားအမိၾကားလူၾကမ္းႀကီးဝင္လုပ္မိတဲ့ကၽြန္ေတာ့္အျပစ္ေပါ့ေလ...
ထိုကိစၥဖစ္ၿပီးညစာတူတူစားေတာ့အမကအေဝးကိုဖက္ထားတာမ်ားမလႊတ္ေတာ့ဘူး...
ထမင္းခြံ့ေႂကြးတာေတာင္အဖြားႀကီးကထမင္းစားလိုက္ေဝးရင္ခြင္ထဲဝင္ပီဲးကၽြနေ္တာ့္ကိုျပဴးၾကည့္လိုက္နဲ႔...သူ႔ဘာသာအလုပ္ကိုရွုပ္ေနေရာ.....
ကၽြန္ေတာ္ကမသိရင္သူမ မသိေအာင္ေဝးကိုခိုးသြားမဲ့ပုံ....
'ဒီမွာ....'
'ေျပာေလေဝး....ေအးေဆးထမင္းစားႏွင့္ဦးေနာ္...ကၽြန္ေတာ္အမကိုေဘးအိမ္စီသားပို႔လိုက္ဦးမယ္...'
'ညေမွာင္ေနၿပီေလ..တစ္ေယာက္တည္းရယ္...'
'ရတယ္...ဒီကေနဆိုသိပ္မေဝးဘူးရယ္.....အမကမင္းပါရင္ေခၚရမွာမဟုတ္ဘူး..ခဏေလးဘဲေစာင့္ေနာ္..ဆာရင္ထမင္းအရင္စားႏွင့္ေနာ္...က်ဳပ္မၾကာပါဘူး...'
'အင္းပါ....ျမန္ျမန္သြားၿပီး..ျမန္ျမန္လာေနာ္....'
'အင္း....သြားၿပီ..အမ...လာ..သြားရေအာင္.....'
ေဝးကသူ႔အေမကိုတြဲေခၚရင္းကၽြန္ေတာ့္မ်က္စိေရွ႕ကေပ်ာက္သြားသည္အထိကၽြန္ေတာ္လိုက္ၾကည့္မိသည္...
၁၅မိနစ္ေလာက္ေနေတာ့အေဝးကအေမာတေကာနဲ႔ေျပးလာျပန္ေရာ....
'မင္း...ေစာင့္ရတာၾကာသြားလား..?'
'.....ေဝး.....'
'ဘာလို႔ဘာမွမစားထားတာလဲ...ဗိုက္ဆာေနေရာေပါ့...'
'လာေလေဝး...ေဝးကိုေစာင့္ေနတာ...ေဝးနဲ႔တူတူစားခ်င္လို႔.....'
'အင္း.....'
ထိုေန႔ကေဝးနဲ႔တူတူထမင္းလက္စုံပထမဦးဆုံးအႀကိမ္စားျဖစ္ခဲ့သည္...
အျမဲတမ္းသန႔္ေပ့..ပ်ံ႕ေပ့..ေကာင္းေပ့ဆိုတဲ့ဟင္းေတြစားခဲ့တဲ့ကိုယ္ဟာခုေတာ့ခ်ဥ္ရည္ဟင္းလိုအရည္ေသာက္တစ္ခြက္နဲ႔ဘဲဥတစ္ျခမ္းနဲ႔တင္ေတာ္ေတာ္ကိုစားလို႔ၿမိန္ေနေတာ့သည္....
ၾကည့္၇တာအေဝးရဲ့ဟင္းခ်က္လက္ယာဘဲေကာင္းေနသည္ထင့္
ထမင္းစားေသာက္ၿပီးေဆးေၾကာစရာမ်ားကိုေဆးေၾကာစဥ္ေဝးခ်ထားတဲ့ေစာင္ပါးေလးနဲ႔ေဘးနားမွာေထာင္ထားတဲ့ဖ်ာၾကမ္းေလးကိုခ်ခင္းၿပီးေဝးျပန္အလာကိုအဆင္သင့္ေစာင့္ေနလိုက္သည္....
'ေဝး....လာေလ.....အိပ္ရေအာင္....'
ေဘးနားလြတ္ေနတဲ့ေနရာေလးကိုပုတ္ျပကာေခၚေတာ့အသာတၾကည္ဘဲေဘးနားကိုဝင္လွဲၿပီးအိပ္တဲ့ေဝး...
'ေဝး....'
'ဗ်ာ....'
'ကၽြန္ေတာ္ကေတာ္႐ုံလူေတြဆိုမခင္တြယ္တတ္ဘူး....'
'အင္း...'
'ေဝးနဲ႔ၾကေတာ့ဘာလို႔ရယ္မသိျမင္ျမင္ခ်င္းကဘဝင္မက်ခဲ့ေပမဲ့ေနာက္က်ေတာ့ခင္မင္ရင္းႏွီးခြင့္ရခ်င္လာတယ္.....'
'အင္း....'
'ေဝး.....'
'အြန္း...ေျပာေလ....'
'ကၽြန္ေတာ့္နာမည္ကိုေဝးခုထိမေမးေသးဘူးေနာ္....'
'အင္း...မင္းေျပာခ်င္ရင္ျဖစ္တာဘဲ....မင္းမေျပာခ်င္လည္းရတာမို႔က်ဳပ္မေမးတာပါ...'
'က်ဳပ္..က်ဳပ္ဆိုတာႀကီးနဲ႔မေျပာပါနဲ႔လားေဝး...ေဝးသာကိုယ့္ဘာသာစကားျပန္ညႊန္းရင္ေဝးကေလလို႔ေျပာရင္သိပ္ခ်စ္ဖို႔ေကာင္းမွာ....'
'ခ်စ္ဖို႔ေကာင္း၇ေအာင္က်ဳပ္ကေယာက်္ားေလးေလ....'
'မသိဘူး...ကၽြန္ေတာ့္မ်က္လုံးထဲမွာေတာ့ေဝးကမိန္းကေလးေတြထက္ရိုးရိုးေလးနဲ႔ခ်စ္ဖို႔ေကာင္းလြန္းတဲ့....အသားေတြေသြးစုတ္ဖုတ္ေကာင္လိုျဖဴဝင္းေနတဲ့မိန္းမေတြ..မာယာမ်ားတဲ့မိန္းမေတြ...သဘာဝကိုဖုံးကြယ္ၿပီးမိတ္ကပ္ေတြလိမ္းႀကံထားတဲ့အလွေတြထက္သနပ္ခါးနံ့ေလးသင္းေနတဲ့ေဝးကကၽြန္ေတာ့္အတြက္ေတာ့ခ်စ္ဖို႔ေကာင္းလြန္းတယ္....ခပ္ညိဳညိဳအသားေလးနဲ႔ပါးေပၚကပါးကြက္ၾကားေလးကအသက္ဘဲ....'
'ေတာ္..ေတာ္ပါေတာ့ကြာ....'
'ဘာလို႔လဲ..ေဝးကရွက္လို႔လား....?ကၽြန္ေတာ္ကအရွိကိုအရွိအတိုင္းဘဲေျပာလိုက္တာပါ...'
'က်ဳပ္...က်ဳပ္မေနတတ္လို႔ပါ...မ..မေျပာပါနဲ႔..အဲ့လိုႀကီး...'
'ဟားဟား..အင္းပါ..မ်က္ႏွာႀကီးဟိုဖက္မလွည့္ထားပါနဲ႔အိမ္ရွင္ေလးရဲ့....'
'ဒါဆိုလည္းက်ဳပ္ကိုေနရခက္ေအာင္မစနဲ႔ေလဗ်ာ....'
'အင္းပါ...မစေတာ့ပါဘူး...ကတိ...'
'ၿပီးေရာ....'
'ေဝး.....'
'ဟင္....'
'ဒီေမးခြန္းထပ္ေမးမယ္ေနာ္....ကၽြန္ေတာ္မနက္ျဖန္ျပန္သြားရင္ေဝးကၽြန္ေတာ့ကိုသတိရေပးမွာလား...?'
'ဟို.......'
'ေဝး....ေမာင့္ကိုၾကည့္....'
'ဗ်ာ...'
'.....အခ်ိန္တိုင္းသတိရေပးဖို႔မလိုဘူးေဝး...ေမာင့္ကိုေဝးမနက္မိုးလင္းလို႔တစ္ႀကိမ္နဲ႔ညအိပ္ယာဝင္ခါနီးတစ္ႀကိမ္ တစ္ေန႔မွာစုစုေပါင္းႏွစ္ႀကိမ္ေလာက္သတိရေပးေနရင္ရၿပီ.....'
'အယ္.....'
'ေမာင္ပင္ပန္းေနလို႔အိပ္ခ်င္ၿပီ...ေမာင့္ေပါက္ေဖာ္ေလး...ေမာင္ကဖက္လုံးဖက္မအိပ္ရရင္အပိ္မေပ်ာ္ဘူး...ဒါေၾကာင့္ဒီညေမာင္ေဝးကိုဖက္အိပ္မယ္ေနာ္....'
'ခ...ခဏ....'
'ေမာင္ေျပာတာကိုသေဘာတူတယ္လို႔မွတ္ယူလိုက္မယ္ေနာ္.....ေကာင္းေသာညပါေဝး.....မြ...'
ကၽြန္ေတာ့္ပါးျပင္ထဲသူ႔ႏွုတ္ခမ္းနစ္ဝင္ေအာင္တိုးရွိုက္နမ္းျမဴရင္းႏွုတ္ဆက္ကာအိပ္ဖို႔ျပင္ေနတဲ့သူ...
ကၽြန္ေတာ္တစ္ေယာက္ဘဲကမၻာပ်က္ေနခ်ိန္သူကေတာ့ကၽြန္ေတာ့္ကိုရင္ခြင္ထဲထည့္ရင္းအိပ္လို႔ေနၿပီ....
သူ႔ရင္ခြင္ထဲက႐ုန္းထြက္ဖို႔ႀကိဳးစားေပမဲ့လႊတ္မေပးတာေၾကာင့္ေနာက္ဆုံးစိတ္ေလၽွာ့ကာအပိ္ဖို႔ျပင္ရေတာ့သည္....
'ေကာင္းေသာညပါ..................................ၿမိဳ႕သား......ေမာင္............'
ခပ္တိုးတိုးေလးေျပာကာအပိ္ဖို႔ႀကိဳးစားေနတဲ့ေပါက္ေဖာ္ေလးအားၾကည့္ၿပီးကၽြန္ေတာ္ခိုးျပဳံးမိသည္...
ေမာင္တဲ့လား....
ဟက္.........
သေဘာက်ခ်င္စရာဘဲ...
...........................................
မနက္မိုးလင္းလို႔ကၽြန္ေတာ္နိုးေတာ့ေဘးမွာသူမရွိေတာ့....
စာရြက္တရြက္သာေတြ႕သည္...
ထိုစာရြက္ေခါက္ေလးအားရင္ဝယ္ပိုက္ကာအိမ္ေပၚကေနအိမ္ေအာက္ေျပးဆင္းလာမိသည္.....
သူမ်ားဒီနားမွာရွိေနဦးမွာပါဆိုတဲ့အသိစိတ္ေလးေၾကာင့္...
သို႔ေပမဲ့ပတ္ဝန္းက်င္မွာတိတ္ဆိတ္မွုသာႀကိးစိုးလို႔.....
သူ႔အရိပ္အေယာင္ကိမျမင္ရသလိုသူ႔အသံတိုးညႇင္းညႇင္းေတာင္မၾကားရ....
ဒါ..ဒါဆို.....
သူ...သူေျပာတဲ့အတိုင္း.....
သူရန္ကုန္ကိုျပန္သြားၿပီလား....?
အသိစိတ္တို႔နဲ႔အတူရင္ထဲကဝမ္းနည္းမွုကလွိုက္ကနဲဘဲ.....
ဒူးေတြပင္မခိုင္ေတာ့ဘဲေျမျပင္ေပၚထိုင္က်သည္အထိကၽြန္ေတာ့္ရင္ထဲပူေနခဲ့သည္....
'ေဟး...အေဝး....မင္းအဆင္ေျပရဲ့လား....?'
'ငါ့ကိုအဲ့လို..မ..မေခၚနဲ႔...သူကမႀကိဳက္ဘူး....'
'ဟမ္...ဘယ္သူလဲ...?မင္းဘာေတြေျပာေနတာလဲ..?'
'အင့္..ဟင့္...သူမႀကိဳက္လို႔...မေခၚပါနဲ႔...သူစိတ္ဆိုးလိမ့္မယ္....'
'မင္းဘာေတြေျပာေနတာလဲ.../ငါဘာဆိုဘာမွနားမလည္ေတာ့ဘူး....'
'ငလက္မ......'
'ေအး...ေျပာေလ....'
'မင္းကစာေတာ့နည္းနည္းဖတ္တတ္တယ္မလား....?'
'နည္းနည္းပါးပါးေတာ့ရပါတဘ္...ဘာလို႔လဲ..?'
'ငါ့ကိုဒီစာေလးဖတ္ျပစမ္းပါကြ....'
'ေအး....ေပးေလ....'
'ေျပာပါဦး...ဘာေတြေရးထားလဲ...?'
'ေရးထားတာက...စာလုံးကနည္းတယ္ကြ.....'
'ေအး......ဘာတဲ့လဲ...?'
'ခဏ...အဟင္း.....အဲ့တာက.......ၿဖိဳး...........သေဝထိုး.....ဝေရ...ေဝ.......သေဝထိုး....မ....ေရးျခာ....ငအသတ္...ေမာင္......ၿဖိဳးေဝေမာင္.......တဲ့....မင္းဟာကဘာႀကီးလဲ..?'
'ရၿပီ...မင္း...သြားလို႔ရၿပီ...သြား...သြားေတာ့...'
'ဟ..အတင္းကိုႏွင္လႊတ္ေနေတာ့တာဘဲ......'
'ေအး..မျမင္ခ်င္ေတာ့တာမို႔သြားေတာ့ကြ....'
'ေအးပါဟ...သြားမွာပါ....ဟြန႔္.....'
သူငယ္ခ်င္းထြက္သြားေတာ့မွအေဝးတစ္ေယာက္စာရြက္ကေလးကိုကိုင္ၿပီးမ်က္ရည္က်မိသည္...
စာရြက္ေပၚကလက္ေရးခပ္ေသာ့ေသာ့ေလးကိုထိေတြ႕မိၿပီးႏွုတ္ကေနလည္း...'ၿဖိဳးေဝေမာင္...တဲ့လား...'ဆိုၿပီးတီးတိုးေရရြတ္ေနမိသည္....
ေမာင့္နာမည္က....ၿဖိဳးေဝေမာင္...တဲ့...ေနာက္ဆုံးေတာ့...က်ဳပ္သိခြင့္ရၿပီ....
ေမာင္.....ေမာင့္နာမည္ကၿဖိဳးေဝေမာင္တဲ့ကြ....
အဟင့္ဟင့္....
တဖက္မွာလည္းexpressကားေပၚကေနအေဝးတေနရာကိုေငးရင္းတိတ္တခိုးမ်က္ရည္က်ေနတဲ့သူတစ္ေယာက္လည္းရွိသတဲ့....
သူကစိတ္ထဲကေနေရရြတ္လိုက္တယ္....
ေဝး......မင္းကိုကိုယ္တသက္မေမ့ပါဘူး...
ႏွုတ္မဆက္သြား၇တဲ့အတြက္ေဆာရီးပါ...
ႏွုတ္ဆက္တယ္ဆိုတာကေတာ္ေတာ္ၾကာၾကာေဝးကြာရေတာ့မွာမို႔ေျပာတဲ့စကားလုံးျဖစ္တာမို႔ေမာင္ကေတာ့မသုံးခ်င္ဘူး....
မၾကာခင္ျပန္ေတြ႕နိုင္မွာပါေဝး...
ေမာင္တို႔ေတြ....
အခ်ိန္ေလးအနည္းငယ္ေတာ့ၾကာေကာင္းၾကာနိုင္ပါတယ္...
ဒါေပမဲ့ေမာင္ကတိေပးတယ္..ဒီပုဂံေျမကိုတိုင္တည္ၿပီးေမာင္သစၥာဆိုတယ္...ေမာင္ေဝးရွိတဲ့ပုဂ့ကိုထပ္လာခဲ့ဦးမွာမို႔...ေဝဂကေတာ့ေမာင့္ကိုအရင္လိုေစာင့္ေနေပးဖို႔ေမၽွာ္လင့္မိပါတယ္တာရာေဝး
--------------------------------------------------------
To Be Continued
အရမ္းခ်စ္လြန္းလို႔တင္ေပးလိုက္ပါတယ္ေနာ္...
Votes and commentsေလးေတြေမၽွာ္ေနပါတယ္ွရင့္