ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြ...

By Greentealay-

1M 153K 7.6K

Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47... More

{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23•1}
{23.2}
{23.3}
{ 24}
{25}
{26}
{27}
{28}
{29}
{ 30 }
{31}
{32}
{34}
{33}
{35}
အဆက်
{36}
{37}
{38}
{39}
{40}
{41}
{42}
{အဆက်}
{43}
{44}
{45}
{46}
{47}
{48}
{49}
{50}
{51}
{52}
{53}
{54}
{55}
{56}
{57}
{58}
{59}
{60}
{61}
{61.1}
{62}
{62.1}
{63}
{64}
{65}
{66}
{67}
{68}
{69}
{ 70}
{71}
{72}
{73}
{74}
{76}
{77}
{78}
{79}
{80}
[81]
{82}
{83}
{83-1}
{84}
{85}
{86}
{86-1}
{87}
{88}
{89}
{90}
{91}
{92}
{93}
{94}
{95}
{96}
{97}
{98}
{99}
{100}
{ 101}
{102}
{103}
{104}
{105}
{106}
{107}
{108}
{109}
{110}
{111}
{112}
{113}
{114}
{115}
{ 116}
{117}
{119}
{120}
{121}
{118}
{122}
{123}
{124}
{123-2}
{125}
{126}
{127}
{128}
{128-2}
{129}
{130}
{131}
{132}
[133]
{134}
{135}
{136}
{137-1}
{137-2}
{138}
💙
{138}
{139}
💙
{140}
{141}
{142}
{143}
{144}
{145}
အဆက်
{146}
[147]
{148}
💙
{149}
{150}
အဆက်
{151}
အဆက်
{152}
{153}
{154}
{155}
{156}
{157}
{158}
{159}
{160}

{75}

4.6K 796 11
By Greentealay-

Unicode

ချူချန်သည် အရင်ကသွားဖူးတဲ့ အသင်းဝင်ကဒ်လိုသောကုန်တိုက်ကိုပဲ ကျိချင်းကျိုးအား ခေါ်သွား၏။သိပ်လည်း မဝေးသောကြောင့်ဖြစ်သည်။နှစ်ယောက်သားဝယ်လိုက်ကြသည်မှာ အချိန်ကြာလို့ကြာမှန်းမသိ ငါးနာရီခွဲမှသာကုန်တိုက်မှ ပြန်ထွက်လာကြသည်။
ဒီနေ့ ကားပါကင်၌ ကားတွေအပြည့်ပင်။ချူချန်ရဲ့ကားက ခပ်ဝေးဝေးမှာ ပါကင်ထိုးထားဖြင်းဖြစ်၏။သူတို့မှာ အိပ်တွေသယ်ရင်း ကားဆီ လျှောက်ကြရတော့သည်။

“အဲ့လိုမှန်းစောစောသိရင် ကိုယ်ဒီကိုမလာခဲ့ဘူး”ချူချန်ကပြောလာခဲ့၏။“ရပ်လို့ရတဲ့နေရာတောင်ရှိမနေဘူး”

“ချစ်သူများနေလေဗျာ။ပြီးတော့ ကုန်တိုက်ကြီးနဲ့လည်း ဆက်နေတဲ့နေရာပဲဥစ္စာ”ကျိချင်းကျိုးက ဖျောင်းဖြလိုက်၏။

ချူချန်ကတော့ ‌စကားမပြောနိုင်ဖြစ်နေ၏။ပွဲတော်ရက်တွေက အရမ်း အလုပ်များလွန်းသည်ပင်။
သူ အတွေပွားနေတုန်း ကလေးမလေးတစ်ယောက်၏အသံက ကြားဖြတ်ဝင်လာသည်။

“ကိုကို ပန်းဝယ်ပါ‌ဦးလားရှင့်”

ချူချန်သည် ဘယ်နေရာကနေ သူ့ရှေ့ရောက်လာမှန်းမသိသည့် ကလေးမလေးအား ပြုံးပြရင်း ခေါင်းယမ်းပြလိုက်သည်။“မဝယ်တော့ပါဘူးကွာ”

သူကမဝယ်ဘူးဆိုတော့ ကလေးမလေးက ခြင်းလေးကိုင်ပြီး ကျိချင်းကျိုးဘက်လျှောက်သွားသည်။

“ကိုကို တစ်ပွင့်လောက်ဝယ်ပါလားဟင်။ချစ်သူများနေ့ဆိုတော့ ကိုကိုချစ်တဲ့ မမကို ပေးလို့ရတယ်လေ”

ချစ်ဖို့ကောင်းလွန်း‌ပြီး အသက်ငယ်ငယ်လေး ရှိသေးသည့် ကလေးမလေး၏ တစ်ဖြတ်ဖြတ်တောက်နေသည့် မျက်လုံးလေးများအား ကျိချင်းကျိုး ကြည့်ကာ-

“ပန်းက ဘယ်လိုရောင်းတာလဲဗျ”

ချူချန်တစ်ယောက် အံ့ဩသွား၏။

“ဟေ့ မင်းတကယ်ဝယ်မို့လား”

“ပွဲတော်လေဗျာ”ကျိချင်းကျိုးပြန်ဖြေလိုက်သည်။

သူဝယ်မည်လည်းဆိုရော ကလေးမလေးက ဈေးပြောပြကာ ခြင်းထဲမှ ပန်းတွေတစ်ပွင့်ပြီးတစ်ပွင့်ထုတ်ယူရင်းအော်ပြောတော့သည်။

“ပန်းတစ်ပွင့်ယူရင် ကိုယ့်ရဲ့စိတ်ရောကိုယ်ပါမင်းအတွက်၊နှစ်ပွင့်ဆို ကိုယ်နဲ့မင်းနဲ့သက်ဆိုင်တယ်၊သုံးပွင့်ဆို သုံးဘဝကံကြမ္မာ.............ကိုးပွင့်ဆိုရင်တော့ အမြဲတမ်းထာဝရတဲ့။ကိုကိုဝယ်ရင် မမနဲ့အမြဲတမ်းထာဝရနေနိုင်အောင် ကိုးပွင့်ဝယ်သင့်တယ်နော်”

မဝယ်ဝယ်အောင်လုပ်နေသည့် ဒီကလေးမလေးကတော့ မရိုးဖြောင့်တဲ့နေရာမှာ အရည်အချင်းရှိလွန်းတယ်ဟု ချူချန်ထင်သည်။

“ကလေးမလေး...ဆင်ပြောင်ကြီး အမြီးမှတစ်ဆိုတာကြားဖူးလား”

ကလေးမလေးက ငါးနှစ်ခြောက်နှစ်လောက်လေးဖြစ်၍ သူပြောတာဘယ်နားလည်ပါ့မလဲ။မျက်လုံး တောက်တောက်လေးများဖြင့်ကြည့်ပြီး ပြန်မေးလာသည်။

“ကိုကို ဘာပြောတာလဲဟမ်”

“မင်း အဲ့လိုရောင်းနေရင် တစ်ပွင့်တောင်ရောင်းမထွက်ဘူးလို့”

ကောင်မလေးက ထိုစကားကြောင့် နှုတ်ခမ်းဆူပြီးစိတ်ဓာတ်ကျသွား၏။ကျိချင်းကျိုး ထိုလူအား မနိုင်တော့ပေ။
“ပွဲတော်နေ့ကြီး လိုက်မစနဲ့လေ”

ကျိချင်းကျိုးသည်ရှေ့ရှိ ကလေးမလေးအားကြည့်၍ -
“ဒါဆို ကိုကို ပန်းကိုးပွင့်ယူမယ်နော်”

ကလေးမလေးက ချက်ချင်းလက်ငင်း ဝမ်းသာသွားပြီး ခေါင်းလေးတစ်ဆတ်ဆတ်ညိမ့်လာ၏။
“အွန်း! ကိုကို ဒီကုတ်လေးကို scan လိုက်ပါလား။ပြီးရင် မီးမီးကြည့်ပေးမယ်နော်”

ကလေးမလေးကပြောလည်းပြော ခြင်းထဲမှ  QR codeအား ထုတ်ပေးလာသည်။ကျိချင်းကျိုး အိတ်ကပ်ထဲမှ ဖုန်းထုတ်နေတုန်း ချူချန်က scan ဖတ်ပြီး သူ့အရင် ငွေပေးချေလိုက်ပြီဖြစ်သည်။သူ့ရှေ့ကကလေးမလေးကိုလည်း ငွေပေးချေထားသည့်ဖုန်းမျက်နှာပြင်အားပြနေ၏။

“ကျွန်တော်ဝယ်ထားတာမဟုတ်ဘူးလား” ကျိချင်းကျိုး ပြောလိုက်သည်။

ချူချန်ကသူ့ကိုကြည့်၍ သဘာဝကျကျပြောလာသည်။
“ကိုယ်ရှိရက်နဲ့ ဘယ်တုန်းက ငွေချေရလို့လဲ”

“ဒါဆို ပန်းတွေကရော”

“မင်းယူလေ။လိုချင်နေတာမဟုတ်လား”

ကျိချင်းကျိုး အံ့ဩသွား၏ ။ ကလေးမလေးသည် ပန်းလေးတွေအား အသေအချာစက္ကူဖြင့်ထုပ်ပိုး၍ ဖဲပြားပုံစံလေးကြိုးချည်ကာ ကျိချင်းကျိုး လက်ထဲထည့်ပေးလာသည်။
“ဒီမှာ ကိုကို့ပန်းတွေပါရှင့်”

“အွန်း”
ကျိချင်းကျိုး ယူကြည့်လိုက်ပေမယ့် ပန်းတစ်ပွင့်ပိုနေ၏။

“တစ်ပွင့်ပိုနေတယ်ရော”

သူသည် ပိုနေသောပန်းပွင့်အား ယူထုတ်လိုက်တယ်။
ကလေးမလေးက လက်‌လေးခါယမ်းရင်း-
“ကို့ကို့အတွက် ပိုပေးတာ။ကိုကိုက ချောလို့”

ကျိချင်းကျိုး ရယ်ပြီး ခြင်းထဲသို့ ပိုနေတဲ့ ပန်းလေးပြန်ထည့်ပေးလိုက်သည်။
“မလိုပါဘူးခင်ဗျာ”

လက်ထဲက ကိုးပွင့်သော ပန်းတို့အား သူကြည့်လိုက်၏။အချိန် အကြာကြီး အကြာကြီး ဆိုတဲ့ အဓိပ္ပါယ်က အရမ်းကောင်းလွန်းသည်။ တစ်ခြားပန်းပွင့်ထပ်မလိုတော့ပေ။
သူက မလိုချင်ဘူးဆိုတော့ ‌ကလေးမလေးက ထပ်ပြီး အတင်းမပေးလာတော့။သူ့ကို နှုတ်ဆက်ပြီးနောက် ပြေးထွက်သွားလေသည်။ကလေးမလေးရဲ့အမေက သူတို့နောက်ရှိ သိပ်မဝေးတဲ့နေရာမှာ ဆိုင်ခန်းလေးနဲ့နှစ်ဆီပန်းရောင်စုံရောင်းနေတာဖြစ်သည်။သူမသမီးလေး ပြန်လာတာတွေ့တော့ ကလေးမလေးကိုဆီးကြိုဖက်ရင်း တပြုံးပြုံးနဲ့ စကားပြောလေသည်။

“သွားမယ်လေ”ကျိချင်းကျိုးပြောလိုက်သည်။

ချူချန် ခေါင်းညိမ့်လိုက်ကာသူ့လက်ထဲမှ နှင်းဆီပန်းတွေကိုကြည့်လိုက်၏။
“တကယ် ပွဲကြိုက်မောင်လေးပဲ”

“ခင်ဗျားရော မကြိုက်ဘူးလား”

“ဘာမှကိုမခံစားရတာ”

“ရိုမန့်တစ်မဆန်ချက်ကတော့”

“မင်းကတော့ အရမ်းရိုမန့်တစ်ဆန်နေတယ်ပေါ့လေ”

ကျိချင်းကျိုးက နှခေါင်းရှုံ့ပြလာသည်။
ချူချန်ကတော့ ခေါင်းတယမ်းယမ်း-

“အဲ့လိုပုံစံနဲ့ မင်းချစ်သူဖြစ်လာမဲ့ကောက်လေးအတွက်  ကောင်းလားဆိုးလားတောင်မသိတော့ဘူး။သူက မင်းထက် ပိုပြီး ရိုမန့်တစ်ဆန်ပါစေကွာ”

ထိုစကားကြောင့် ကျိချင်းကျိုးကသတိမမူမိစွာ လက်ထဲမှ နှင်းဆီပန်းစီးအားကြည့်မိသွားလျက် စကားမပြောမိတော့။
သူတို့နှစ်ယောက်အတူ ဟင်းချက်ကြပြီး ကျိချင်းကျိုးက အသည်းအသန် ဖက်ထုပ်စားချင်တယ်ပဲပြောပြီး ချူချန်ကို အတင်းဖက်ရွက်လှိမ့်ခိုင်းနေသည်။
ချူချန်ကတော့ ချီတုံချတုံဖြင့်-
“ကိုယ့်ကိုလွှတ်ပေးပါကွာ။နော်။နှစ်သစ်ကူးတုန်းကလည်း ကိုယ် ဖက်ရွက်တွေပဲလှိမ့်ခဲ့ရတာ”

“ဒါလည်း နှစ်သစ်ရက်တွေပဲလေ။ဒီနေ့က နှစ်သစ်ဖေဖော်ဝါရီလ ဆယ့်လေးရက်နေ့”

“နှစ်ကူး ဖက်ထုပ်တွေလည်း စားပြီးပြီဟာ အဲ့တာမလုပ်နဲ့တော့နော်”

ကျိချင်းကျိုးကတော့ သဘောမတူပေ။သူ့လက်ထဲဆွဲယူပြီး လက်ထဲ ဖက်ထုပ်လှိမ့်တံထိုးထည့်ပေးကာ မရရအောင် ဆွယ်လေသည်။

“ဒီအတိုင်းကူညီပေးရုံပဲဟာ ။ခင်ဗျားမကူညီရင် တစ်ခြားဟင်းတွေချက်ဖို့ ကြာဦးမှာနော်”

“ဒါဆို ကိုယ်တို့ တစ်ခုခုပဲလုပ်စားကြမယ်လေ”

“ကျွန်တော်လုပ်တဲ့ဖက်ထုပ်မစားချင်လို့လားဟင်”
ကျိချင်းကျိုးကချော့ပြောလာသည်။

“ပုဇွန်ထုပ်နဲ့လုပ်ပေးမှာလေ။ခင်ဗျားကလည်း”

ချူချန် : ........

“ကျွန်တော်လုပ်တဲ့ ဖက်ထုပ်တွေက သိပ်စားကောင်းတယ်။တကယ်ပြောတာ”

ချူချန် : .......

ကျိချင်းကျိုးက နောက်ဆုံးလက်နက်ကိုထုတ်သုံးလိုက်တော့သည်။
“ကျွန်တော် ဘယ်သူ့အတွက်မှ ဖက်ထုပ်မလုပ်ပေးဖူးဘူး။မားတောင် ကျွန်တော်လုပ်ကျွေးတာမစားဖူးဗျ။ ခင်ဗျားက ပထမဆုံးပဲ”

ချူချန် : ........

ကျိချင်းကျိုးက တကယ်ဆိုးလွန်းသည်။ချူချန်၏ အားနည်းချက်ကို အတပ်သိနေတာ အသေအချာပင်။

“လာပါဗျာ...ဖက်ထုပ်ပဲလုပ်ပါတော့မယ်”
ချူချန်တစ်ယောက် အရှုံးပေးလိုက်ချေသည်။

ကျိချင်းကျိုးကလည်း အမြန်ပင်-
“ခင်ဗျားက အကောင်းဆုံးပဲ”

“ဝေ့ ဒါတော့ မဟုတ်သေးဘူးကွာ။မင်းပြောသမျှအကုန်လုပ်ပေးတာကို ခင်ဗျားကအကောင်းဆုံးဆိုတာနဲ့ပဲမရဘူး”

ကျိချင်းကျိုးတစ်ယောက် ရယ်လိုက်ပြီး ပျော်ရွှင်စွာဖြင့် ဂျုံလုံးလေးတွေဖြတ်ပေးသည်။

“အာ့ဆို ခြောက်ကဒ်ရှိပြီပေါ့” ချူချန် ဗြုန်းစားထမေးလာသည်။

ကျိချင်းကျိုးက ခေါင်းညိမ့်လျက် -“အင်းလေ...ခုန ပြောလိုက်တဲ့ ‘ခင်ဗျားကအကောင်းဆုံပဲ’ဆိုတာပါ ထည့်တွက်လို့ရတယ်”

“ဒီတော့ တစ်ကဒ်ပဲကျန်တော့တာပေါ့။ကိုယ်တို့ အားလုံးဆုနိုင်တော့မယ်”

“အင်း”

“စုရတာအလွယ်လေးနော်။ဒီလိုသာဆို နောက်ဆုံးကဒ်လေး မြန်မြန်ရတော့မယ်”

ချူချန်ကအရမ်းထူးဆန်းလွန်းသည်။အစကကျ ကဒ်မစုနိုင်မှာ ကြောက်နေပြီး အခုကျ ကဒ်စုရတာလွယ်လွန်းတယ်လို့ တွေးနေပြန်ပြီ။တကယ် ပုံမှန်မဟုတ်ဘူး။
ချူချန်က ကျွမ်းကျွမ်းကျင်ကျင် ဖက်ရွက်လှိမ့်နေသောကြောင့် ကျိချင်းကျိုးက ခပ်မြန်မြန် ထုပ်နိုင်ပြီး အစာသွပ်တာလည်းမကြာခဲ့ပေ။သူက ကံကောင်စေတဲ့ဒင်္ဂါးပြားလေးသုံးပြားကိုပါ ဖက်ထုပ်ထဲထည့်ထုပ်နေလေသည်။
ချူချန်က ရယ်လာသည်။
“ ချစ်သူများနေ့ထုပ်တဲ့ဖက်ထုပ်ထဲ ဘယ်သူကဒင်္ဂါးပြားထည့်လို့လဲ”

“ကျွန်တော်လေ”ကျိချင်းကျိုးက ပြော၏။“ဘယ်သူက ဒင်္ဂါးပြားမထည့်ရဘူးပြောလဲ”

ချူချန်တို့ မိသားစုမှာ အဲ့လိုအလေ့အထမျိုးမရှိတာတော့ မဟုတ်။သူကလေးလေးတုန်းက ဒင်္ဂါးပြားတွေဘာတွေရတတ်ပေမယ့် အရွယ်ရောက်လာချိန်၌ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ထို့ကြောင့် သူ့ကလေးဘဝကို လွမ်းလာမိသည်။

“ဘယ်သူကံကောင်းမလဲကြည့်ရတာပေါ့”

“ခင်ဗျားပဲဖြစ်မယ်”
ကျိချင်းကျိုး သူ့ကိုကြည့်ကာ-“ခင်ဗျားသာ ကံ‌အကောင်း‌ဆုံး! ဘဝရဲ့ အောင်နိုင်ရှင်ကြီးလေ!”

“အင်း...မင်းလည်း မဆိုပါဘူး။ကိုယ့်လို အောင်နိုင်သူကြီးနဲ့ တွေ့ရတာပဲလေ”

“ဘဝင်မြင့်ချက်”

ကျိချင်းကျိုးက သူ့ကို စနောက်ရင်းရယ်မောရင်းနဲ့ဖက်ထုပ်တွေချက်ဖို့ မီးဖိုခန်းထဲဝင်သွား၏။
ချူချန်ကမူ မီးဖိုထဲယောင်လို့တောင်မဝင်သူဖြစ်၍လက်သွားဆေးပြီးဖုန်းကိုင်ကာသူငယ်ချင်းတွေနဲ့စာပို့နေလိုက်သည်။
ဖက်ထုပ်ပြုတ်ဖို့ သိပ်မကြာခဲ့ပေ။ခဏကြာတော့ ကျိချင်းကျိုးက ဖက်ထုပ်တွေယူထုပ်လာပြီး ချူချန်အတွက် တစ်ပန်းကန် သူ့အတွက် တစ်ပန်းကန် ဆော့စ်ဖြူးကာ ပန်းကန်နှစ်ချပ်အား ဘေးချင်းကပ် စီရရီချလိုက်၏။
ချူချန်က ဖုန်းကိုဘေးချပြီး စားဖို့လုပ်လိုက်ပေမယ့် ကျိချင်းကျိုးတစ်ယောက် နှင်းဆီပန်းကိုးပွင့်အား ဖန်အိုးလေးနှင့် ထည့်၍ စားပွဲပေါ်မှာ ကျကျနနလေးနေရာချနေကြောင်းတွေ့လိုက်ရ၏။

“အဲ့ဒါက...?”

“ဒီနေ့ အပြင်မှာ စားတုန်းကလည်း စားပွဲပေါ်မှာ အဲ့လိုလေးပဲပြင်ထားတာလေ”

သူကဘာရယ်မဟုတ်ပြောလိုက်ပေမယ့် ချူချန်ကတော့ အ‌ငေါ်တူးလာသည်။

“ဪ...တစ်ခြားသူနဲ့ ချစ်သူများနေ့ကို အတူတူသွားစားကြတယ်ဆိုတော့ သိပ်အံ့ဩဖို့ကောင်းနေမှာပဲနော်...”

သူ့အသွင်ပြင်ကအစ ချဉ်စူးပလူးနေ၏။ကျိချင်းကျိုးက သူ့ရုပ်ကိုကြည့်ရင်း သူ့ဘေးက ဆော့စ်ဘူးကိုလှမ်းယူရန်ပြင်လိုက်ချေသည်။

ချူချန် : ??????

“ဘာလုပ်တာလဲ”

“ခင်ဗျားကိုယ်၌ကအတော်လေးချဉ်စူးနေပြီဟာကို ဒီအချဉ်ရည်ဘူးက ဘာလို့လိုမှာလဲ”

ချူချန် : .......

ချူချန်က သူ့အချဉ်ရည်ဘူးသူ ပြန်ဆွဲယူသည် ။

“ဘယ်သူကသဝန်တိုတာလဲ! မင်းကိုယ်မင်း အရမ်းအထင်ကြီးလွန်းနေပြီနော်။ကိုယ် ရိုးရိုးသားသားပြောနေတာမဟုတ်ဘူးလား”

ကျိချင်းကျိုးက သူ့ကိုစိုက်ကြည့်၍-
“ဟမ့် ကျွန်တော့်ကို ဘဲပေါက်လို့ပြောနေတာရှက်သင့်တယ်။ခင်ဗျားကမှ နှုတ်သီးခေါင်းလျှာပါးဘဲပေါက်ဖြစ်နေတာ”

“ကိုယ့်ပါးပါးကိုဘယ်လို ပြန်ပြောနေတာလဲ...သားသမီးဝတ္တရားကို မကျေပွန်ဘူး”

ကျိချင်းကျိုး ခေါင်းခါလိုက်ကာ ဖတ်ထုပ်တစ်ခုယူ၍ သူ့ပန်းကန်ထဲထည့်ပေးလိုက်သည်။
“ရော့ ပါး... ဒါက ပါးကို ပူဇော်ပသတာပါ”

ချူချန်တစ်ယောက် အဲ့လိုလုပ်လိုက်မှပဲ ဝမ်းသာအားရစွာဖြင့် ဖက်ထုပ်တွေ ငုံ့စားလေသည်။
နည်းနည်းစားပြီးနောက် ဒင်္ဂါးပြားဝါးမိကာ ကျေကျေနပ်နပ်ပြောလာသည်။

“ကိုယ် အရမ်းကံကောင်းတာပဲ”

ကျိချင်းကျိုး ခေါင်းညိမ့်ပြလိုက်၏။ချူချန်ကတော့ သူ့ကို အားပေးလာသည်။
“နှစ်ခုတောင်ကျန်ပါသေးတယ်။ကြိုးစားထား”

“ရပါတယ်”

သို့သော် အဲ့လိုအရာတွေက အားပေးရုံနဲ့မရပေ။ဘာလို့ဆို ချူချန်ကပဲ ဒင်္ဂါးပြားသုံးပြားလုံး စားမိသွား၏။ချူချန်က ကိုးရိုးကားရားအမူအရာဖြင့် အားနာနေ၏။

“မင်း ဖက်ထုပ်တွေကို ကျပန်းမထည့်ဘူးလားဟင်။ဘာလို့ သူတို့က တစ်ပန်းကန်ထဲစုနေကြတာလဲ”

ကျိချင်းကျိုးကပြုံးပြီး ချူချန်ပန်းကန်ကို လှမ်းယူလိုက်၏။
“ခင်ဗျားကံကြောင့်ပါ”

ထို့နောက် သူက ပန်းကန်တွေဆေးဖို့ မီးဖိုခန်းထဲဝင်သွား၏။သူက တစ်နေ့လုံး အလုပ်တွေအများကြီးလုပ်ထားရသည့်တိုင် နောက်ဆုံးဒင်္ဂါးပြား‌လေးတောင် မစားမိလိုက်ပေ။ထို့ကြောင့် သူပျော်အောင် ချော့သင့်သည်ဟု ချူချန်ထင်သည်။ဒါပေမယ့် ဘယ်လို ချော့ရမလဲကွာ။ချူချန်သည် ထိုင်ခုံပေါ် မှီထိုင်းရင်း စားပွဲပေါ်က နှင်းဆီပန်းတွေဆီ ရုတ်တရက်အကြည့်ရောက်သွား၏။

ကျိချင်းကျိုး မီဖိုခန်းရှင်းပြီးနောက် ဇာတ်ကားကြည့်ကြရန် ချူချန်က လာဆွဲခေါ်လေသည်။***ဇာတ်ကားကြည့်နေတုန်း ချူချန်ဖုန်းကထမြည်လာ၏။ချူချန်က ဖုန်းကိုတစ်ချက်ကြည့်၍ကိုင်လိုက်ပြီး စကားနည်းနည်းပြောကာ ကျိချင်းကျိုး ကိုကြည့်လာသည်။
“ကိုယ် အပြင်ခဏသွားမို့”

“အခုလား”

“မကြာဘူးပြန်လာခဲ့မယ်”ချူချန်ကပြော၏။

“ဒါဆို ဇာတ်ကားခဏရပ်ထားလိုက်မယ်လေ။ခင်ဗျားပြန်လာမှ ဆက်ကြည့်ကြမယ်”

“အိုကေ”

ချူချန်ကထရပ်ပြီး အနွေးထည်တောင်မပါဘဲ အပြင်ထွက်သွား၏။
ကျိချင်းကျိုးတစ်ယောက် ဖုန်းလေးထုတ်ကာ Weibo ပေါ် ဟိုကြည့်ဒီကြည့်လုပ်နေ၏။
Weiboပေါ်က ချစ်သူများနေ့hot searchဝင်နေတာတွေကိုကြည့်နေတုန်း ချူချန်ကပြန်ဝင်လာသည်။ကျိချင်းကျိုး သူ့ကို မော့ကြည့်၍ ခင်ဗျားသွားတာအရမ်းမြန်တာပဲဟု ပြောထွက်ခါနီး ချူချန်က အရင်ပြောလာသည်။

“မင်းကို လက်ဆောင်ပေးမို့”

ကျိချင်းကျိုး ခေတ္တခန့်ကြောင်သွား၏။

ချူချန်ကဆက်ပြောလာသည်။
“လက်ဖြန့်လေ”

ကျိချင်းကျိုးက မဲ့လိုက်ပြီး ချူချန်ရှေ့လက်ဖြန့်ပြလိုက်သည်။ဘာတွေလုပ်နေမှန်းမသိ‌သည့် ချူချန်ကိုကြည့်၍ လက်ရှိအခြေအနေကို အတော်မနားလည်နိုင်ဖြစ်နေခဲ့သည်။
ချူချန်က အရမ်းလှပသည့် စက္ကူအိတ်ကြီးကို ကိုင်မြှောက်ပြလာပြီး ကျိချင်းကျိုးလက်ထဲထည့်ပေးလာသည်။

“မင်းအတွက်”

ကျိချင်းကျိုးတစ်ယောက် လက်ထဲကအိတ်ကိုငုံ့ကြည့်ကာ-
“ဘာကြီးလဲ”

“ချောကလက်”
ချူချန်ကပြောရင်း သူ့ဘေးမှာ ထိုင်ချလာ၏။

“ယွီအန်းယီကြိုက်တဲ့ လက်လုပ်ချောကလက်ဆိုင်က။သူ(မ)ပြောတာတော့ အရမ်းအရသာရှိတယ်တဲ့။မင်း စားကြည့်ဦး”

ကျိချင်းကျိုးသည် လက်ထဲမှ ချောကလက်အိတ်ကြီးအား မသိမသာလေး လိမ်၍-
“ခင်ဗျားပြောတော့ ပွဲတော်တွေမကြိုက်ဘူးဆို။ဘာလို့ ချောကလက်လာပေးတာလဲ”

“မောင်ကံဆိုးကိုကြည့်ပြီး သနားလာလို့ပေါ့။ဒင်္ဂါးပြားသုံးပြားကိုတစ်ခုမှမစားမိဘူးဆိုတော့ မင်း ကံဆိုးချက်ကလက်လန်‌နေပြီလေ”

ကျိချင်းကျိုးမှာ မထင်မှတ်ထားသဖြင့် ခေါင်းလေးငုံ့ပြီးရယ်တော့သည်။

“ရယ်နေသေးတယ်။မင်း ဝမ်းမနည်းဘူးလား”

ကျိချင်းကျိုးက ခေါင်းယမ်းလိုက်သည်။
“ကျွန်တော်တော့ အဲ့လိုမတွေးပါဘူး...ကျွန်တော် ဒင်္ဂါးပြားတွေ မစားမိလိုက်ပေမယ့် ဒီမှာ တစ်ခြားဟာလေးရှိသေးတယ်လေ”

သူက ပြောရင်း လက်ထဲက ချောကလက်အိတ်လေးကို လှုပ်ယမ်းနေမိ၏။ ချစ်သူများနေ့ကို အတူတူဖြတ်သန်းလိုက်ရသည့်အတွက်လည်း သူအရမ်းပျော်နေသည်။

ကျိချင်းကျိုးသည် ဒီနှစ်မှာ ချူချန်အတွက် အတိတ်နိမိတ်ကောင်းဖြစ်စေရန်  ဖက်ထုပ်ထုပ်တဲ့အချိန်က ဒင်္ဂါးပြားပါတဲ့ ဖက်ထုပ်လေးတွေအား အမှတ်အသားလုပ်ထားပြီး ချူချန်ပန်းကန်ထဲကိုပဲထည့်ပေးခဲ့တာဖြစ်ကြောင်း ချူချန်ကို မပြောပြဖြစ်ခဲ့ပေ။ထို့ပြင် ဖက်ထုပ်သုံးထုပ်လုံးစားမိတဲ့ ချူချန်ကျတော့လည်း တစ်ခုမှမစားလိုက်ရသော သူ့အတွက် ဝမ်းနည်းကာ သူပျော်ရွှင်စေဖို့ ချောကလက်မှာပေးခဲ့သည်......

++++++++++++++++++---

Merry Christmas ❤️

ရိုတယ်နော်🤧
ပြီးတော့ ကိုယ်က အချိုကြိုက်သူပါ ကိုယ့်လို အချိုကြိုက်တဲ့မမတောင် ဒီက ဒရမ်မာကိုမကြောက်ဘူးဆိုတော့ ဘာမှကြောက်မနေကြပါနဲ့ ။ အရမ်းရိုဦးမှာပါ။
အစက ဒီအပိုင်းကို ဖေဖော်ဝါရီ၁၄ချစ်သူများနေ့မှ တင်ရင်ကောင်းမလားဆိုပြီးစဉ်းစားသေးတာ😁(ဟဲဟဲ စတာစတာ😁😁)

+++++++-+++++++---+++++------

Zawgyi

ခ်ဴခ်န္သည္ အရင္ကသြားဖူးတဲ့ အသင္းဝင္ကဒ္လိုေသာကုန္တိုက္ကိုပဲ က်ိခ်င္းက်ိဳးအား ေခၚသြား၏။သိပ္လည္း မေဝးေသာေၾကာင့္ျဖစ္သည္။ႏွစ္ေယာက္သားဝယ္လိုက္ၾကသည္မွာ အခ်ိန္ၾကာလို႔ၾကာမွန္းမသိ ငါးနာရီခြဲမွသာကုန္တိုက္မွ ျပန္ထြက္လာၾကသည္။
ဒီေန႔ ကားပါကင္၌ ကားေတြအျပည့္ပင္။ခ်ဴခ်န္ရဲ႕ကားက ခပ္ေဝးေဝးမွာ ပါကင္ထိုးထားျဖင္းျဖစ္၏။သူတို႔မွာ အိပ္ေတြသယ္ရင္း ကားဆီ ေလွ်ာက္ၾကရေတာ့သည္။

“အဲ့လိုမွန္းေစာေစာသိရင္ ကိုယ္ဒီကိုမလာခဲ့ဘူး”ခ်ဴခ်န္ကေျပာလာခဲ့၏။“ရပ္လို႔ရတဲ့ေနရာေတာင္႐ွိမေနဘူး”

“ခ်စ္သူမ်ားေနေလဗ်ာ။ၿပီးေတာ့ ကုန္တိုက္ႀကီးနဲ႔လည္း ဆက္ေနတဲ့ေနရာပဲဥစၥာ”က်ိခ်င္းက်ိဳးက ေဖ်ာင္းျဖလိုက္၏။

ခ်ဴခ်န္ကေတာ့ ‌စကားမေျပာႏိုင္ျဖစ္ေန၏။ပြဲေတာ္ရက္ေတြက အရမ္း အလုပ္မ်ားလြန္းသည္ပင္။
သူ အေတြပြားေနတုန္း ကေလးမေလးတစ္ေယာက္၏အသံက ၾကားျဖတ္ဝင္လာသည္။

“ကိုကို ပန္းဝယ္ပါ‌ဦးလား႐ွင့္”

ခ်ဴခ်န္သည္ ဘယ္ေနရာကေန သူ႕ေ႐ွ႕ေရာက္လာမွန္းမသိသည့္ ကေလးမေလးအား ျပဳံးျပရင္း ေခါင္းယမ္းျပလိုက္သည္။“မဝယ္ေတာ့ပါဘူးကြာ”

သူကမဝယ္ဘူးဆိုေတာ့ ကေလးမေလးက ျခင္းေလးကိုင္ၿပီး က်ိခ်င္းက်ိဳးဘက္ေလွ်ာက္သြားသည္။

“ကိုကို တစ္ပြင့္ေလာက္ဝယ္ပါလားဟင္။ခ်စ္သူမ်ားေန႔ဆိုေတာ့ ကိုကိုခ်စ္တဲ့ မမကို ေပးလို႔ရတယ္ေလ”

ခ်စ္ဖို႔ေကာင္းလြန္း‌ၿပီး အသက္ငယ္ငယ္ေလး ႐ွိေသးသည့္ ကေလးမေလး၏ တစ္ျဖတ္ျဖတ္ေတာက္ေနသည့္ မ်က္လုံးေလးမ်ားအား က်ိခ်င္းက်ိဳး ၾကည့္ကာ-

“ပန္းက ဘယ္လိုေရာင္းတာလဲဗ်”

ခ်ဴခ်န္တစ္ေယာက္ အံ့ဩသြား၏။

“ေဟ့ မင္းတကယ္ဝယ္မို႔လား”

“ပြဲေတာ္ေလဗ်ာ”က်ိခ်င္းက်ိဳးျပန္ေျဖလိုက္သည္။

သူဝယ္မည္လည္းဆိုေရာ ကေလးမေလးက ေဈးေျပာျပကာ ျခင္းထဲမွ ပန္းေတြတစ္ပြင့္ၿပီးတစ္ပြင့္ထုတ္ယူရင္းေအာ္ေျပာေတာ့သည္။

“ပန္းတစ္ပြင့္ယူရင္ ကိုယ့္ရဲ႕စိတ္ေရာကိုယ္ပါမင္းအတြက္၊ႏွစ္ပြင့္ဆို ကိုယ္နဲ႔မင္းနဲ႔သက္ဆိုင္တယ္၊သုံးပြင့္ဆို သုံးဘဝကံၾကမၼာ.............ကိုးပြင့္ဆိုရင္ေတာ့ အၿမဲတမ္းထာဝရတဲ့။ကိုကိုဝယ္ရင္ မမနဲ႔အၿမဲတမ္းထာဝရေနႏိုင္ေအာင္ ကိုးပြင့္ဝယ္သင့္တယ္ေနာ္”

မဝယ္ဝယ္ေအာင္လုပ္ေနသည့္ ဒီကေလးမေလးကေတာ့ မ႐ိုးေျဖာင့္တဲ့ေနရာမွာ အရည္အခ်င္း႐ွိလြန္းတယ္ဟု ခ်ဴခ်န္ထင္သည္။

“ကေလးမေလး...ဆင္ေျပာင္ႀကီး အၿမီးမွတစ္ဆိုတာၾကားဖူးလား”

ကေလးမေလးက ငါးႏွစ္ေျခာက္ႏွစ္ေလာက္ေလးျဖစ္၍ သူေျပာတာဘယ္နားလည္ပါ့မလဲ။မ်က္လုံး ေတာက္ေတာက္ေလးမ်ားျဖင့္ၾကည့္ၿပီး ျပန္ေမးလာသည္။

“ကိုကို ဘာေျပာတာလဲဟမ္”

“မင္း အဲ့လိုေရာင္းေနရင္ တစ္ပြင့္ေတာင္ေရာင္းမထြက္ဘူးလို႔”

ေကာင္မေလးက ထိုစကားေၾကာင့္ ႏႈတ္ခမ္းဆူၿပီးစိတ္ဓာတ္က်သြား၏။က်ိခ်င္းက်ိဳး ထိုလူအား မႏိုင္ေတာ့ေပ။
“ပြဲေတာ္ေန႔ႀကီး လိုက္မစနဲ႔ေလ”

က်ိခ်င္းက်ိဳးသည္ေ႐ွ႕႐ွိ ကေလးမေလးအားၾကည့္၍ -
“ဒါဆို ကိုကို ပန္းကိုးပြင့္ယူမယ္ေနာ္”

ကေလးမေလးက ခ်က္ခ်င္းလက္ငင္း ဝမ္းသာသြားၿပီး ေခါင္းေလးတစ္ဆတ္ဆတ္ညိမ့္လာ၏။
“အြန္း! ကိုကို ဒီကုတ္ေလးကို scan လိုက္ပါလား။ၿပီးရင္ မီးမီးၾကည့္ေပးမယ္ေနာ္”

ကေလးမေလးကေျပာလည္းေျပာ ျခင္းထဲမွ  QR codeအား ထုတ္ေပးလာသည္။က်ိခ်င္းက်ိဳး အိတ္ကပ္ထဲမွ ဖုန္းထုတ္ေနတုန္း ခ်ဴခ်န္က scan ဖတ္ၿပီး သူ႕အရင္ ေငြေပးေခ်လိုက္ၿပီျဖစ္သည္။သူ႕ေ႐ွ႕ကကေလးမေလးကိုလည္း ေငြေပးေခ်ထားသည့္ဖုန္းမ်က္ႏွာျပင္အားျပေန၏။

“ကြၽန္ေတာ္ဝယ္ထားတာမဟုတ္ဘူးလား” က်ိခ်င္းက်ိဳး ေျပာလိုက္သည္။

ခ်ဴခ်န္ကသူ႕ကိုၾကည့္၍ သဘာဝက်က်ေျပာလာသည္။
“ကိုယ္႐ွိရက္နဲ႔ ဘယ္တုန္းက ေငြေခ်ရလို႔လဲ”

“ဒါဆို ပန္းေတြကေရာ”

“မင္းယူေလ။လိုခ်င္ေနတာမဟုတ္လား”

က်ိခ်င္းက်ိဳး အံ့ဩသြား၏ ။ ကေလးမေလးသည္ ပန္းေလးေတြအား အေသအခ်ာစကၠဴျဖင့္ထုပ္ပိုး၍ ဖဲျပားပုံစံေလးႀကိဳးခ်ည္ကာ က်ိခ်င္းက်ိဳး လက္ထဲထည့္ေပးလာသည္။
“ဒီမွာ ကိုကို႔ပန္းေတြပါ႐ွင့္”

“အြန္း”
က်ိခ်င္းက်ိဳး ယူၾကည့္လိုက္ေပမယ့္ ပန္းတစ္ပြင့္ပိုေန၏။

“တစ္ပြင့္ပိုေနတယ္ေရာ”

သူသည္ ပိုေနေသာပန္းပြင့္အား ယူထုတ္လိုက္တယ္။
ကေလးမေလးက လက္‌ေလးခါယမ္းရင္း-
“ကို႔ကို႔အတြက္ ပိုေပးတာ။ကိုကိုက ေခ်ာလို႔”

က်ိခ်င္းက်ိဳး ရယ္ၿပီး ျခင္းထဲသို႔ ပိုေနတဲ့ ပန္းေလးျပန္ထည့္ေပးလိုက္သည္။
“မလိုပါဘူးခင္ဗ်ာ”

လက္ထဲက ကိုးပြင့္ေသာ ပန္းတို႔အား သူၾကည့္လိုက္၏။အခ်ိန္ အၾကာႀကီး အၾကာႀကီး ဆိုတဲ့ အဓိပၸါယ္က အရမ္းေကာင္းလြန္းသည္။ တစ္ျခားပန္းပြင့္ထပ္မလိုေတာ့ေပ။
သူက မလိုခ်င္ဘူးဆိုေတာ့ ‌ကေလးမေလးက ထပ္ၿပီး အတင္းမေပးလာေတာ့။သူ႕ကို ႏႈတ္ဆက္ၿပီးေနာက္ ေျပးထြက္သြားေလသည္။ကေလးမေလးရဲ႕အေမက သူတို႔ေနာက္႐ွိ သိပ္မေဝးတဲ့ေနရာမွာ ဆိုင္ခန္းေလးနဲ႔ႏွစ္ဆီပန္းေရာင္စုံေရာင္းေနတာျဖစ္သည္။သူမသမီးေလး ျပန္လာတာေတြ႕ေတာ့ ကေလးမေလးကိုဆီးႀကိဳဖက္ရင္း တျပဳံးျပဳံးနဲ႔ စကားေျပာေလသည္။

“သြားမယ္ေလ”က်ိခ်င္းက်ိဳးေျပာလိုက္သည္။

ခ်ဴခ်န္ ေခါင္းညိမ့္လိုက္ကာသူ႕လက္ထဲမွ ႏွင္းဆီပန္းေတြကိုၾကည့္လိုက္၏။
“တကယ္ ပြဲႀကိဳက္ေမာင္ေလးပဲ”

“ခင္ဗ်ားေရာ မႀကိဳက္ဘူးလား”

“ဘာမွကိုမခံစားရတာ”

“႐ိုမန္႔တစ္မဆန္ခ်က္ကေတာ့”

“မင္းကေတာ့ အရမ္း႐ိုမန္႔တစ္ဆန္ေနတယ္ေပါ့ေလ”

က်ိခ်င္းက်ိဳးက ႏွေခါင္း႐ႈံ႕ျပလာသည္။
ခ်ဴခ်န္ကေတာ့ ေခါင္းတယမ္းယမ္း-

“အဲ့လိုပုံစံနဲ႔ မင္းခ်စ္သူျဖစ္လာမဲ့ေကာက္ေလးအတြက္  ေကာင္းလားဆိုးလားေတာင္မသိေတာ့ဘူး။သူက မင္းထက္ ပိုၿပီး ႐ိုမန္႔တစ္ဆန္ပါေစကြာ”

ထိုစကားေၾကာင့္ က်ိခ်င္းက်ိဳးကသတိမမူမိစြာ လက္ထဲမွ ႏွင္းဆီပန္းစီးအားၾကည့္မိသြားလ်က္ စကားမေျပာမိေတာ့။
သူတို႔ႏွစ္ေယာက္အတူ ဟင္းခ်က္ၾကၿပီး က်ိခ်င္းက်ိဳးက အသည္းအသန္ ဖက္ထုပ္စားခ်င္တယ္ပဲေျပာၿပီး ခ်ဴခ်န္ကို အတင္းဖက္႐ြက္လွိမ့္ခိုင္းေနသည္။
ခ်ဴခ်န္ကေတာ့ ခ်ီတုံခ်တုံျဖင့္-
“ကိုယ့္ကိုလႊတ္ေပးပါကြာ။ေနာ္။ႏွစ္သစ္ကူးတုန္းကလည္း ကိုယ္ ဖက္႐ြက္ေတြပဲလွိမ့္ခဲ့ရတာ”

“ဒါလည္း ႏွစ္သစ္ရက္ေတြပဲေလ။ဒီေန႔က ႏွစ္သစ္ေဖေဖာ္ဝါရီလ ဆယ့္ေလးရက္ေန႔”

“ႏွစ္ကူး ဖက္ထုပ္ေတြလည္း စားၿပီးၿပီဟာ အဲ့တာမလုပ္နဲ႔ေတာ့ေနာ္”

က်ိခ်င္းက်ိဳးကေတာ့ သေဘာမတူေပ။သူ႕လက္ထဲဆြဲယူၿပီး လက္ထဲ ဖက္ထုပ္လွိမ့္တံထိုးထည့္ေပးကာ မရရေအာင္ ဆြယ္ေလသည္။

“ဒီအတိုင္းကူညီေပး႐ုံပဲဟာ ။ခင္ဗ်ားမကူညီရင္ တစ္ျခားဟင္းေတြခ်က္ဖို႔ ၾကာဦးမွာေနာ္”

“ဒါဆို ကိုယ္တို႔ တစ္ခုခုပဲလုပ္စားၾကမယ္ေလ”

“ကြၽန္ေတာ္လုပ္တဲ့ဖက္ထုပ္မစားခ်င္လို႔လားဟင္”
က်ိခ်င္းက်ိဳးကေခ်ာ့ေျပာလာသည္။

“ပုဇြန္ထုပ္နဲ႔လုပ္ေပးမွာေလ။ခင္ဗ်ားကလည္း”

ခ်ဴခ်န္ : ........

“ကြၽန္ေတာ္လုပ္တဲ့ ဖက္ထုပ္ေတြက သိပ္စားေကာင္းတယ္။တကယ္ေျပာတာ”

ခ်ဴခ်န္ : .......

က်ိခ်င္းက်ိဳးက ေနာက္ဆုံးလက္နက္ကိုထုတ္သုံးလိုက္ေတာ့သည္။
“ကြၽန္ေတာ္ ဘယ္သူ႕အတြက္မွ ဖက္ထုပ္မလုပ္ေပးဖူးဘူး။မားေတာင္ ကြၽန္ေတာ္လုပ္ေကြၽးတာမစားဖူးဗ်။ ခင္ဗ်ားက ပထမဆုံးပဲ”

ခ်ဴခ်န္ : ........

က်ိခ်င္းက်ိဳးက တကယ္ဆိုးလြန္းသည္။ခ်ဴခ်န္၏ အားနည္းခ်က္ကို အတပ္သိေနတာ အေသအခ်ာပင္။

“လာပါဗ်ာ...ဖက္ထုပ္ပဲလုပ္ပါေတာ့မယ္”
ခ်ဴခ်န္တစ္ေယာက္ အ႐ႈံးေပးလိုက္ေခ်သည္။

က်ိခ်င္းက်ိဳးကလည္း အျမန္ပင္-
“ခင္ဗ်ားက အေကာင္းဆုံးပဲ”

“ေဝ့ ဒါေတာ့ မဟုတ္ေသးဘူးကြာ။မင္းေျပာသမွ်အကုန္လုပ္ေပးတာကို ခင္ဗ်ားကအေကာင္းဆုံးဆိုတာနဲ႔ပဲမရဘူး”

က်ိခ်င္းက်ိဳးတစ္ေယာက္ ရယ္လိုက္ၿပီး ေပ်ာ္႐ႊင္စြာျဖင့္ ဂ်ံဳလုံးေလးေတြျဖတ္ေပးသည္။

“အာ့ဆို ေျခာက္ကဒ္႐ွိၿပီေပါ့” ခ်ဴခ်န္ ျဗဳန္းစားထေမးလာသည္။

က်ိခ်င္းက်ိဳးက ေခါင္းညိမ့္လ်က္ -“အင္းေလ...ခုန ေျပာလိုက္တဲ့ ‘ခင္ဗ်ားကအေကာင္းဆုံပဲ’ဆိုတာပါ ထည့္တြက္လို႔ရတယ္”

“ဒီေတာ့ တစ္ကဒ္ပဲက်န္ေတာ့တာေပါ့။ကိုယ္တို႔ အားလုံးဆုႏိုင္ေတာ့မယ္”

“အင္း”

“စုရတာအလြယ္ေလးေနာ္။ဒီလိုသာဆို ေနာက္ဆုံးကဒ္ေလး ျမန္ျမန္ရေတာ့မယ္”

ခ်ဴခ်န္ကအရမ္းထူးဆန္းလြန္းသည္။အစကက် ကဒ္မစုႏိုင္မွာ ေၾကာက္ေနၿပီး အခုက် ကဒ္စုရတာလြယ္လြန္းတယ္လို႔ ေတြးေနျပန္ၿပီ။တကယ္ ပုံမွန္မဟုတ္ဘူး။
ခ်ဴခ်န္က ကြၽမ္းကြၽမ္းက်င္က်င္ ဖက္႐ြက္လွိမ့္ေနေသာေၾကာင့္ က်ိခ်င္းက်ိဳးက ခပ္ျမန္ျမန္ ထုပ္ႏိုင္ၿပီး အစာသြပ္တာလည္းမၾကာခဲ့ေပ။သူက ကံေကာင္ေစတဲ့ဒဂၤါးျပားေလးသုံးျပားကိုပါ ဖက္ထုပ္ထဲထည့္ထုပ္ေနေလသည္။
ခ်ဴခ်န္က ရယ္လာသည္။
“ ခ်စ္သူမ်ားေန႔ထုပ္တဲ့ဖက္ထုပ္ထဲ ဘယ္သူကဒဂၤါးျပားထည့္လို႔လဲ”

“ကြၽန္ေတာ္ေလ”က်ိခ်င္းက်ိဳးက ေျပာ၏။“ဘယ္သူက ဒဂၤါးျပားမထည့္ရဘူးေျပာလဲ”

ခ်ဴခ်န္တို႔ မိသားစုမွာ အဲ့လိုအေလ့အထမ်ိဳးမ႐ွိတာေတာ့ မဟုတ္။သူကေလးေလးတုန္းက ဒဂၤါးျပားေတြဘာေတြရတတ္ေပမယ့္ အ႐ြယ္ေရာက္လာခ်ိန္၌ တျဖည္းျဖည္း ေပ်ာက္ကြယ္သြားေလသည္။ထို႔ေၾကာင့္ သူ႕ကေလးဘဝကို လြမ္းလာမိသည္။

“ဘယ္သူကံေကာင္းမလဲၾကည့္ရတာေပါ့”

“ခင္ဗ်ားပဲျဖစ္မယ္”
က်ိခ်င္းက်ိဳး သူ႕ကိုၾကည့္ကာ-“ခင္ဗ်ားသာ ကံ‌အေကာင္း‌ဆုံး! ဘဝရဲ႕ ေအာင္ႏိုင္႐ွင္ႀကီးေလ!”

“အင္း...မင္းလည္း မဆိုပါဘူး။ကိုယ့္လို ေအာင္ႏိုင္သူႀကီးနဲ႔ ေတြ႕ရတာပဲေလ”

“ဘဝင္ျမင့္ခ်က္”

က်ိခ်င္းက်ိဳးက သူ႕ကို စေနာက္ရင္းရယ္ေမာရင္းနဲ႔ဖက္ထုပ္ေတြခ်က္ဖို႔ မီးဖိုခန္းထဲဝင္သြား၏။
ခ်ဴခ်န္ကမူ မီးဖိုထဲေယာင္လို႔ေတာင္မဝင္သူျဖစ္၍လက္သြားေဆးၿပီးဖုန္းကိုင္ကာသူငယ္ခ်င္းေတြနဲ႔စာပို႔ေနလိုက္သည္။
ဖက္ထုပ္ျပဳတ္ဖို႔ သိပ္မၾကာခဲ့ေပ။ခဏၾကာေတာ့ က်ိခ်င္းက်ိဳးက ဖက္ထုပ္ေတြယူထုပ္လာၿပီး ခ်ဴခ်န္အတြက္ တစ္ပန္းကန္ သူ႕အတြက္ တစ္ပန္းကန္ ေဆာ့စ္ျဖဴးကာ ပန္းကန္ႏွစ္ခ်ပ္အား ေဘးခ်င္းကပ္ စီရရီခ်လိုက္၏။
ခ်ဴခ်န္က ဖုန္းကိုေဘးခ်ၿပီး စားဖို႔လုပ္လိုက္ေပမယ့္ က်ိခ်င္းက်ိဳးတစ္ေယာက္ ႏွင္းဆီပန္းကိုးပြင့္အား ဖန္အိုးေလးႏွင့္ ထည့္၍ စားပြဲေပၚမွာ က်က်နနေလးေနရာခ်ေနေၾကာင္းေတြ႕လိုက္ရ၏။

“အဲ့ဒါက...?”

“ဒီေန႔ အျပင္မွာ စားတုန္းကလည္း စားပြဲေပၚမွာ အဲ့လိုေလးပဲျပင္ထားတာေလ”

သူကဘာရယ္မဟုတ္ေျပာလိုက္ေပမယ့္ ခ်ဴခ်န္ကေတာ့ အ‌ေငၚတူးလာသည္။

“ဪ...တစ္ျခားသူနဲ႔ ခ်စ္သူမ်ားေန႔ကို အတူတူသြားစားၾကတယ္ဆိုေတာ့ သိပ္အံ့ဩဖို႔ေကာင္းေနမွာပဲေနာ္...”

သူ႕အသြင္ျပင္ကအစ ခ်ဥ္စူးပလူးေန၏။က်ိခ်င္းက်ိဳးက သူ႕႐ုပ္ကိုၾကည့္ရင္း သူ႕ေဘးက ေဆာ့စ္ဘူးကိုလွမ္းယူရန္ျပင္လိုက္ေခ်သည္။

ခ်ဴခ်န္ : ??????

“ဘာလုပ္တာလဲ”

“ခင္ဗ်ားကိုယ္၌ကအေတာ္ေလးခ်ဥ္စူးေနၿပီဟာကို ဒီအခ်ဥ္ရည္ဘူးက ဘာလို႔လိုမွာလဲ”

ခ်ဴခ်န္ : .......

ခ်ဴခ်န္က သူ႕အခ်ဥ္ရည္ဘူးသူ ျပန္ဆြဲယူသည္ ။

“ဘယ္သူကသဝန္တိုတာလဲ! မင္းကိုယ္မင္း အရမ္းအထင္ႀကီးလြန္းေနၿပီေနာ္။ကိုယ္ ႐ိုး႐ိုးသားသားေျပာေနတာမဟုတ္ဘူးလား”

က်ိခ်င္းက်ိဳးက သူ႕ကိုစိုက္ၾကည့္၍-
“ဟမ့္ ကြၽန္ေတာ့္ကို ဘဲေပါက္လို႔ေျပာေနတာ႐ွက္သင့္တယ္။ခင္ဗ်ားကမွ ႏႈတ္သီးေခါင္းလွ်ာပါးဘဲေပါက္ျဖစ္ေနတာ”

“ကိုယ့္ပါးပါးကိုဘယ္လို ျပန္ေျပာေနတာလဲ...သားသမီးဝတၱရားကို မေက်ပြန္ဘူး”

က်ိခ်င္းက်ိဳး ေခါင္းခါလိုက္ကာ ဖတ္ထုပ္တစ္ခုယူ၍ သူ႕ပန္းကန္ထဲထည့္ေပးလိုက္သည္။
“ေရာ့ ပါး... ဒါက ပါးကို ပူေဇာ္ပသတာပါ”

ခ်ဴခ်န္တစ္ေယာက္ အဲ့လိုလုပ္လိုက္မွပဲ ဝမ္းသာအားရစြာျဖင့္ ဖက္ထုပ္ေတြ ငုံ႔စားေလသည္။
နည္းနည္းစားၿပီးေနာက္ ဒဂၤါးျပားဝါးမိကာ ေက်ေက်နပ္နပ္ေျပာလာသည္။

“ကိုယ္ အရမ္းကံေကာင္းတာပဲ”

က်ိခ်င္းက်ိဳး ေခါင္းညိမ့္ျပလိုက္၏။ခ်ဴခ်န္ကေတာ့ သူ႕ကို အားေပးလာသည္။
“ႏွစ္ခုေတာင္က်န္ပါေသးတယ္။ႀကိဳးစားထား”

“ရပါတယ္”

သို႔ေသာ္ အဲ့လိုအရာေတြက အားေပး႐ုံနဲ႔မရေပ။ဘာလို႔ဆို ခ်ဴခ်န္ကပဲ ဒဂၤါးျပားသုံးျပားလုံး စားမိသြား၏။ခ်ဴခ်န္က ကိုး႐ိုးကားရားအမူအရာျဖင့္ အားနာေန၏။

“မင္း ဖက္ထုပ္ေတြကို က်ပန္းမထည့္ဘူးလားဟင္။ဘာလို႔ သူတို႔က တစ္ပန္းကန္ထဲစုေနၾကတာလဲ”

က်ိခ်င္းက်ိဳးကျပဳံးၿပီး ခ်ဴခ်န္ပန္းကန္ကို လွမ္းယူလိုက္၏။
“ခင္ဗ်ားကံေၾကာင့္ပါ”

ထို႔ေနာက္ သူက ပန္းကန္ေတြေဆးဖို႔ မီးဖိုခန္းထဲဝင္သြား၏။သူက တစ္ေန႔လုံး အလုပ္ေတြအမ်ားႀကီးလုပ္ထားရသည့္တိုင္ ေနာက္ဆုံးဒဂၤါးျပား‌ေလးေတာင္ မစားမိလိုက္ေပ။ထို႔ေၾကာင့္ သူေပ်ာ္ေအာင္ ေခ်ာ့သင့္သည္ဟု ခ်ဴခ်န္ထင္သည္။ဒါေပမယ့္ ဘယ္လို ေခ်ာ့ရမလဲကြာ။ခ်ဴခ်န္သည္ ထိုင္ခုံေပၚ မွီထိုင္းရင္း စားပြဲေပၚက ႏွင္းဆီပန္းေတြဆီ ႐ုတ္တရက္အၾကည့္ေရာက္သြား၏။

က်ိခ်င္းက်ိဳး မီဖိုခန္း႐ွင္းၿပီးေနာက္ ဇာတ္ကားၾကည့္ၾကရန္ ခ်ဴခ်န္က လာဆြဲေခၚေလသည္။***ဇာတ္ကားၾကည့္ေနတုန္း ခ်ဴခ်န္ဖုန္းကထျမည္လာ၏။ခ်ဴခ်န္က ဖုန္းကိုတစ္ခ်က္ၾကည့္၍ကိုင္လိုက္ၿပီး စကားနည္းနည္းေျပာကာ က်ိခ်င္းက်ိဳး ကိုၾကည့္လာသည္။
“ကိုယ္ အျပင္ခဏသြားမို႔”

“အခုလား”

“မၾကာဘူးျပန္လာခဲ့မယ္”ခ်ဴခ်န္ကေျပာ၏။

“ဒါဆို ဇာတ္ကားခဏရပ္ထားလိုက္မယ္ေလ။ခင္ဗ်ားျပန္လာမွ ဆက္ၾကည့္ၾကမယ္”

“အိုေက”

ခ်ဴခ်န္ကထရပ္ၿပီး အေႏြးထည္ေတာင္မပါဘဲ အျပင္ထြက္သြား၏။
က်ိခ်င္းက်ိဳးတစ္ေယာက္ ဖုန္းေလးထုတ္ကာ Weibo ေပၚ ဟိုၾကည့္ဒီၾကည့္လုပ္ေန၏။
Weiboေပၚက ခ်စ္သူမ်ားေန႔hot searchဝင္ေနတာေတြကိုၾကည့္ေနတုန္း ခ်ဴခ်န္ကျပန္ဝင္လာသည္။က်ိခ်င္းက်ိဳး သူ႕ကို ေမာ့ၾကည့္၍ ခင္ဗ်ားသြားတာအရမ္းျမန္တာပဲဟု ေျပာထြက္ခါနီး ခ်ဴခ်န္က အရင္ေျပာလာသည္။

“မင္းကို လက္ေဆာင္ေပးမို႔”

က်ိခ်င္းက်ိဳး ေခတၱခန္႔ေၾကာင္သြား၏။

ခ်ဴခ်န္ကဆက္ေျပာလာသည္။
“လက္ျဖန္႔ေလ”

က်ိခ်င္းက်ိဳးက မဲ့လိုက္ၿပီး ခ်ဴခ်န္ေ႐ွ႕လက္ျဖန္႔ျပလိုက္သည္။ဘာေတြလုပ္ေနမွန္းမသိ‌သည့္ ခ်ဴခ်န္ကိုၾကည့္၍ လက္႐ွိအေျခအေနကို အေတာ္မနားလည္ႏိုင္ျဖစ္ေနခဲ့သည္။
ခ်ဴခ်န္က အရမ္းလွပသည့္ စကၠဴအိတ္ႀကီးကို ကိုင္ေျမႇာက္ျပလာၿပီး က်ိခ်င္းက်ိဳးလက္ထဲထည့္ေပးလာသည္။

“မင္းအတြက္”

က်ိခ်င္းက်ိဳးတစ္ေယာက္ လက္ထဲကအိတ္ကိုငုံ႔ၾကည့္ကာ-
“ဘာႀကီးလဲ”

“ေခ်ာကလက္”
ခ်ဴခ်န္ကေျပာရင္း သူ႕ေဘးမွာ ထိုင္ခ်လာ၏။

“ယြီအန္းယီႀကိဳက္တဲ့ လက္လုပ္ေခ်ာကလက္ဆိုင္က။သူ(မ)ေျပာတာေတာ့ အရမ္းအရသာ႐ွိတယ္တဲ့။မင္း စားၾကည့္ဦး”

က်ိခ်င္းက်ိဳးသည္ လက္ထဲမွ ေခ်ာကလက္အိတ္ႀကီးအား မသိမသာေလး လိမ္၍-
“ခင္ဗ်ားေျပာေတာ့ ပြဲေတာ္ေတြမႀကိဳက္ဘူးဆို။ဘာလို႔ ေခ်ာကလက္လာေပးတာလဲ”

“ေမာင္ကံဆိုးကိုၾကည့္ၿပီး သနားလာလို႔ေပါ့။ဒဂၤါးျပားသုံးျပားကိုတစ္ခုမွမစားမိဘူးဆိုေတာ့ မင္း ကံဆိုးခ်က္ကလက္လန္‌ေနၿပီေလ”

က်ိခ်င္းက်ိဳးမွာ မထင္မွတ္ထားသျဖင့္ ေခါင္းေလးငုံ႔ၿပီးရယ္ေတာ့သည္။

“ရယ္ေနေသးတယ္။မင္း ဝမ္းမနည္းဘူးလား”

က်ိခ်င္းက်ိဳးက ေခါင္းယမ္းလိုက္သည္။
“ကြၽန္ေတာ္ေတာ့ အဲ့လိုမေတြးပါဘူး...ကြၽန္ေတာ္ ဒဂၤါးျပားေတြ မစားမိလိုက္ေပမယ့္ ဒီမွာ တစ္ျခားဟာေလး႐ွိေသးတယ္ေလ”

သူက ေျပာရင္း လက္ထဲက ေခ်ာကလက္အိတ္ေလးကို လႈပ္ယမ္းေနမိ၏။ ခ်စ္သူမ်ားေန႔ကို အတူတူျဖတ္သန္းလိုက္ရသည့္အတြက္လည္း သူအရမ္းေပ်ာ္ေနသည္။

က်ိခ်င္းက်ိဳးသည္ ဒီႏွစ္မွာ ခ်ဴခ်န္အတြက္ အတိတ္နိမိတ္ေကာင္းျဖစ္ေစရန္  ဖက္ထုပ္ထုပ္တဲ့အခ်ိန္က ဒဂၤါးျပားပါတဲ့ ဖက္ထုပ္ေလးေတြအား အမွတ္အသားလုပ္ထားၿပီး ခ်ဴခ်န္ပန္းကန္ထဲကိုပဲထည့္ေပးခဲ့တာျဖစ္ေၾကာင္း ခ်ဴခ်န္ကို မေျပာျပျဖစ္ခဲ့ေပ။ထို႔ျပင္ ဖက္ထုပ္သုံးထုပ္လုံးစားမိတဲ့ ခ်ဴခ်န္က်ေတာ့လည္း တစ္ခုမွမစားလိုက္ရေသာ သူ႕အတြက္ ဝမ္းနည္းကာ သူေပ်ာ္႐ႊင္ေစဖို႔ ေခ်ာကလက္မွာေပးခဲ့သည္......

++++++++++++++++++---

Merry Christmas ❤️

႐ိုတယ္ေနာ္🤧
ၿပီးေတာ့ ကိုယ္က အခ်ိဳႀကိဳက္သူပါ ကိုယ့္လို အခ်ိဳႀကိဳက္တဲ့မမေတာင္ ဒီက ဒရမ္မာကိုမေၾကာက္ဘူးဆိုေတာ့ ဘာမွေၾကာက္မေနၾကပါနဲ႔ ။ အရမ္း႐ိုဦးမွာပါ။
အစက ဒီအပိုင္းကို ေဖေဖာ္ဝါရီ၁၄ခ်စ္သူမ်ားေန႔မွ တင္ရင္ေကာင္းမလားဆိုၿပီးစဥ္းစားေသးတာ😁(ဟဲဟဲ စတာစတာ😁😁)

+++++++-+++++++---+++++------

Continue Reading

You'll Also Like

183K 4.5K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
6.6M 434K 94
Hanary Victor + Loon Tar Nay San
184K 19.2K 65
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
167K 17.4K 109
ဘာသာပြန်သူ - စွဲညို့အသင်း