The Villain Dressed As a Litt...

By Mimosa2002

90.1K 15.5K 447

Original Author -狩心( ShòuXīn) Status -Completed Total episodes -51+Extra5 Start Date -31.8.2022 End Date - U... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16 (Thadingyut Surprise)
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
ဟီးဟီး
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
တောင်းပန်စာ
Chapter 36
Chapter 37.1
Chapter 37.2
Chapter 38.1
Chapter -38.2
Chapter 39
Chapter -40.1
Chapter -40.2
Chapter -41.1
Chapter -41.2
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter - 46

Chapter 35

1.3K 273 4
By Mimosa2002

ချင်ရှောင်းသူ့ကို အဝေးကိုပို့မယ်ဆိုတာလင်ရှီးသိသည်။ သူကြိုမြင်ခဲ့သည်လေ။

သူ့ရဲ့ကြိုတင်နမိတ်ဖတ်နိုင်စွမ်းသည် အနာဂတ်ကာလမှာ ဖြစ်ပျက်လာမယ့်ပိုအရေးကြီးတဲ့အရာများကို မြင်ရသော်လည်း သူကအလုံးစုံကိုတော့မသိနိုင်ပေ။

တစ်နည်းဆိုရသော် ချင်ရှောင်းကသူ့ဆီကိုလာမယ်ဆိုတာ သိပေမယ့် သူချင်ရှောင်းကို ရှောင်လို့မရဘူး။

လင်ရှီးဟောကိန်းတွေကို အလုံးစုံအားကိုးလို့မရဘူးဆိုတာ နားလည်သည်။

ဒါကိုသိတာကြောင့် လင်ရှီးသူ့ကို အဝေးကိုပို့ခဲ့တဲ့အချိန်ဘာမှမလုပ်ခဲ့ပေ။

နောက်တစ်ခုမှာတော့ သူ့မှာအနာဂတ်ကိုကြိုမြင်နိုင်တဲ့အစွမ်းရှိတဲ့အကြောင်း ထုတ်မ‌ပြချင်လို့ပင်။ ချင်ရှောင်းသူ့ကို တကယ်ကြိုက်တယ်ဆိုတာက ငြင်းလို့တော့မရပေ။

လင်ရှီးမသေချာတာက သူ့ရဲ့အစွမ်း‌အကြောင်းသိသွားပြီးနောက် ချင်ရှောင်းရဲ့အမြင်က အရင်ကနှင့်တူညီနေပါ့မလားဟူ၍ဖြစ်သည်။

သူ့အမြင်အရတော့ ချင်ရှောင်းက ဦးနှောက်ထဲမှာအချစ်ပဲရှိတဲ့လူတစ်ယောက်မဟုတ်ဘူးဆိုတာ မသိစိတ်ကခံစားရနေသည်။ သူ့ဘေးမှာ အနာဂါတ်ကိုကြိုတင်ခန့်မှန်းနိုင်သည့် လူတစ်ယောက်ရှိပြီး အဲ့ဒီလူက လင်ရှီးကိုယ်တိုင်ပဲ။ အဲ့ဒီလိုလူတစ်ယောက်သာအနားမှာရှိနေရင် တစ်ဖက်လူကိုသူ့အနားမှာဒီအတိုင်းထားရုံနဲ့တင်မပြီးလောက်ဘူး ဟုသူ(လင်ရှီး)ထင်သည်။

ထို့ကြောင့် လင်ရှီးချင်ရှောင်းရဲ့စကားကို နားထောင်ကာ ချင်ရှောင်း၏ယုံကြည်ရတဲ့လက်ထောက်တစ်ဦးဆီကိုသွားခဲ့သည်။

ယာဉ်ပျံပေါ်တွင်ထိုင်ပြီးနောက် လင်ရှီးချင်ရှောင်းကိုကြည့်လိုက်၏။ အောက်တွင်ကျန်ခဲ့သောသူသည် တဖြည်းဖြည်းသေး‌၍ကျန်ခဲ့လေတော့သည်။

ထိုအချိန်တွင်လင်ရှီးခွဲခွာခြင်းဟူသောခံစားချက်ကို ခံစားလိုက်ရတယ်။

သူထွက်ပြေးတုန်းကနဲ့ခပ်ဆင်ဆင်တူပေမယ့် အခုထက်အဲ့တုန်းကပိုပျော်ခဲ့သည်။

စိတ်ထဲမှာ နည်းနည်းလေးဗလာဖြစ်နေသလိုမျိုး ခံစားနေရသည်။

ထို့နောက် သူလည်းပဲချင်ရှောင်းကို‌ကြိုက်နေခဲ့တာကို လင်ရှီးသိလိုက်ရသည်။

လင်ရှီးလည်း စိတ်လျှော့လိုက်ရုံပါပဲ.....

ကြိုက်တယ်ဆိုတော့လည်း ကြိုက်တယ်ပေါ့လေ။

လင်ရှီးတခြားတစ်ခုကိုလည်း ကြိုမြင်ခဲ့ပြီး အဲ့တာက ဒီဖက်ဒရယ်အာဏာသိမ်းသည့်စစ်ပွဲတွင် ချင်ရှောင်းထောက်ခံသည့်ဘက်က အနိုင်ရရှိမှာကိုပင်။

ချင်ရှောင်းသူ့ကို ထွက်သွား‌ပေးဖို့ပြောခဲ့တာက သူ့လုံခြုံရေးကို ကာကွယ်လိုသည့်အတွက်ကြောင့်ဖြစ်သည်။ သူက ချင်ရှောင်းဘေးနားရှိရေသူလေးဖြစ်ကြောင်း စုံစမ်းဖို့မလွယ်ပေ။

ထို့အပြင် ဟိုဘက်တွင်ဖုန်းလန်ကစောင့်ကြည့်နေသေးသည်။

လင်ရှီး သူသိထားတဲ့အနာဂါတ်အကြောင်းကို ချင်ရှောင်းအားဘာတစ်ခွန်းမှမပြောပဲ တိတ်တဆိတ်ထွက်ခွာသွားခဲ့သည်။

လင်ရှီး လျှို့ဝှက်ပြီးလုံခြုံသည့်နေရာတွင် လဝက်လောက်နီးပါးနေခဲ့တယ်။

လဝက်လောက်အိမ်ထဲမှာပဲနေပြီး အပြင်ကိုလုံးဝမထွက်ခဲ့ပေ။

သူ့ပတ်ဝန်းကျင်ရှိလူတွေက ချင်ရှောင်းရဲ့အမိန့်တွေကိုရရှိထားတဲ့လူတွေမှန်းသိသာပြီး လင်ရှီးတစ်ယောက်တည်းရှိနေစဉ် ပျင်းနေမှာစိုး၍ လင်ရှီးအချိန်ဖြုန်းလို့ရအောင် ပစ္စည်းတော်များများပေးခဲ့သည်။

လင်ရှီးသည် ပြတင်းပေါက်မှကျသောနေရောင်အောက်တွင် ဆိုဖာကိုမှီကာ စာအုပ်တစ်အုပ်ကိုဖတ်လေ့ရှိသည်။

ဒီနေရာမှာကွန်ပျူတာမရှိပေ။ ပြီးတော့အပြင်လောကနဲ့ဆက်သွယ်ဖို့ ဘာမှမရှိဘူး။

မဆက်သွယ်နိုင်တော့လည်း မဆက်သွယ်ဘူးပေါ့။ မူလကလင်ရှီး ဒီကမ္ဘာပေါ်တွင် သိတဲ့သူအများကြီးမရှိပေ။

လင်ယွီ သူ့ကိုခေါ်ဆောင်သွားပြီးနောက် လင်ရှီးသူ့(ချင်ရှောင်း)နောက်ကိုလိုက်နေတာထက် တစ်ဖက်လူပိုပြီးလုံခြုံတယ်ဆိုတာကို သိသွားခဲ့သည်။
[T/N-林羽__Lín yǔ_လင်ရှီးရဲ့လင်-林နဲ့မျိုးရိုးတူပါတယ်၊ လက်ထောက်ရဲ့နာမည်ထင်တယ်]

လင်ရှီးသူ့ကိုချင်ရှောင်းပြန်လာခေါ်မှာကို တိတ်တိတ်လေးစောင့်နေခဲ့သည်။

မျှော်လင့်နေတဲ့အချိန်တွင် လင်ရှီးရုတ်တရက်ကြီး နမိတ်တစ်ခုကိုကြိုမြင်လိုက်ရသည်။

ချင်ရှောင်းကမလာခဲ့ပေ။ အာဏာသိမ်းမှုက အခြေခံအားဖြင့်ငြိမ်းချမ်းသွားခဲ့ပြီး ဖုန်းလန်ရဲ့သခင်က ဖမ်းဆီးကာထောင်ချခံလိုက်ရသည်။ ဖုန်းလန်ကတော့ လျှို့ဝှက်စွာထွက်ပြေးဖို့အခွင့်အလမ်းကို ရှာဖွေတွေ့ရှိခဲ့သည်။

ထိုအချိန်တွင်ဖက်ဒရယ်အဖွဲ့ချုပ်သည် β739 galaxyကိုတိုက်ခိုက်ခဲ့ပြီး ချင်ရှောင်းသည် သူ့ရဲ့တပ်ကိုထောက်ပံ့ရန်အလျင်စလိုလုပ်ဆောက်နေခဲ့၏။

စစ်ပွဲတစ်ခုပြီးသွားတာနဲ့ ကိစ္စတွေကရက်အနည်းငယ်အတွင်း ဖြေရှင်းလို့ပြီးသွားတာမဟုတ်ပေ။ လင်ရှီးသိတယ်။ သူချင်ရှောင်းကိုထပ်တွေ့ချင်ရင် ဆယ်ရက်ထက်မနည်းစောင့်ရမယ်ဆိုတာကို။ အဲ့ထက်လည်းပိုကြာနိုင်သည်လေ.....။

ဒီအတောအတွင်းတွင် လင်ရှီး သူထွက်ပြေးဖို့ကို ထပ်ပြီးစီစဉ်ရန် အခွင့်အရေးအများကြီးရခဲ့သည်။

လင်ရှီးအဲ့တာကို သေချာပေါက်လုပ်ခဲ့တာပေါ့။

ဒီအချိန်ကာလအတွင်းမှာ လင်ရှီးကိုသက်တော်စောင့်လုပ်ပေးနေသူများသည်
လင်ရှီးကချင်ရှောင်းလာခေါ်မှာကို တကယ်ပဲတိတ်တိတ်လေးစောင့်နေတယ်ဟုထင်ကာ တစ်ခါတစ်ရံတွင် ဗိုလ်မှူးကြီးကမကြာခင်လာမှာပါဟု နှစ်သိမ့်ပေးတတ်သည်။

တစ်နေ့တွင် လင်ရှီးအခန်းထဲကမထွက်တာကြာပြီးဖြစ်တာကြောင့် ထိုလူကအိပ်ခန်းတံခါးကိုခေါက်ဖို့ အိပ်ခန်းဆီလာခဲ့သည်။ ဒါပေမယ့်အချိန်အတော်ကြာသည်အထိ ‌အဖြေတစ်ခုမှမရခဲ့သည့်အတွက် သူတစ်ခုခုမှားနေပြီဟုထင်တာကြောင့် တံခါးကိုရုတ်တရက်တွန်းဖွင့်ခဲ့ရာ အခန်းကအလွတ်ကြီးဖြစ်နေသည်။ ပြီးတော့ ထိုနေရာ‌တွင် လင်ရှီးရဲ့အရိပ်အယောင်လုံးဝမရှိပေ။

လိုက်ကာကို‌ဆုတ်ဖြဲကာ ပြတင်းပေါက်တွင်ချည်နှောင်၍ ဆန့်တန်းကာပြတင်းပေါက်ကနေလွတ်မြောက်သွားခြင်းဖြစ်သည်။

ထွက်ပြေးသွားတာကိုခြေရာခံလိုက်တဲ့အခါ လင်ရှီးသည်မြစ်ငယ်တစ်ခုဆီသို့ရောက်ရှိလာပြီးနောက် ထိုမြစ်သည်လင်ရှီး၏ခြေရာလက်ရာများကို အလုံးစုံဖုံးလွှမ်းသွားပြီး လင်ရှီးက နောက်တစ်ကြိမ်ထွက်ပြေးသွားခဲ့သည်။

လင်ရှီး သူ့ရဲ့လက္ခဏာများကိုဖုံးကွယ်ကာ မြစ်ရဲ့အစိတ်အပိုင်းတစ်ခုမှ ကမ်းပေါ်သို့တက်ခဲ့သည်။ထို့နောက် အဘိုးအဘွားများနှင့် သူတို့ရဲ့မြေးတွေနေသော အိမ်တစ်အိမ်ဆီသို့သွားခဲ့သည်။

သူနှစ်ရက်ခန့်အခြေချပြီးနောက် သူနဲ့သက်တူရွယ်တူကောင်လေးဆီ ချဉ်းကပ်ခဲ့ပြီး အလွန်ကြေကွဲဝမ်းနည်းဖွယ်ကောင်းတဲ့ ဘဝအတွေ့အကြုံတစ်ခုကိုဖန်တီးပြောပြခဲ့၏။ သူ့အမေကဆုံးသွားခဲ့ပြီး သူ့အဖေကလည်းမိထွေးနဲ့လက်ထပ်ခဲ့တယ်။ သူကိုတော့ ငွေအမြောက်အမြားနဲ့ရောင်းစားခဲ့တယ်လေ။

သူဒီအကြောင်းကို မတော်တဆကြားမိပြီး သူ့အဖေကိုအမြန်ပြောပြခဲ့ပေမယ့် သူ့အဖေကသူ့ကိုလုံးဝမယုံတဲ့အပြင် သူ့ကို ကိုယ့်အပြစ်ကိုယ်ပြန်သုံးသပ်ဖို့ အိမ်ထဲမှာသော့ပိတ်ထားခဲ့တယ်။

သူအိမ်ကနေထွက်ပြေးလာပြီးနောက် အခုသွားစရာနေရာမရှိတော့ဘူး။

လူသားကောင်လေးတွင် ကမ္ဘာကြီးရဲ့အတွေ့အကြုံမရှိသဖြင့် လင်ရှီးလိမ်ညာနေတာကို မခန့်မှန်းနိုင်ပေ။ လင်ရှီးရဲ့မျက်လုံးများနီရဲနေပြီး သူ့အသံဆို့နင့်လာတာကို မြင်လိုက်ရုံနဲ့တင် သူလင်ရှီးကိုချက်ချင်းယုံလိုက်သည်။

သူကလင်ရှီးကို အိမ်သို့ခေါ်လာပြီး လင်ရှီးမှာသွာလင်ရှီးမှာသွားစရာနေရာမရှိရင်သူ့အိမ်မှာခဏနေလို့ရတယ်ဟုပင် ဆိုခဲ့သည်။

   သူကလင်ရှီးကိုဂရုစိုက်ခဲ့သည်။

      လင်ရှီးရဲ့မျက်နှာက အလွန်ညှို့ငင်နိုင်စွမ်းရှိပြီး သူကအခြားလူတွေကို အလွယ်လေးလှည့်စားနိုင်လေသည်။

        လင်ရှီးထိုကောင်လေး၏အိမ်တွင် နေထိုင်ခဲ့သည်။ တစ်ခါတစ်ရံ သူသည် အလုပ်ကိစ္စတစ်ခုခုကိာကူညီပေးချင်သည်။ နောက်ဆုံးမှာတော့ သူကတခြားသူရဲ့အိမ်မှာနေတာဖြစ်လို့ ဘာမှလုပ်လို့မရပေ။
[T/N- ဧည့်သည်လိုဖြစ်နေတော့ဘာမှမခိုင်းတာပါ]

       ချင်ရှောင်းနဲ့နေတုန်းက ဘာမှမလုပ်ရတဲ့အကြောင်းအရင်းကတော့ ချင်ရှောင်းကသူကရေသူလေးဆိုတာကို သိနေတာကြောင့်ပင်။ ပြီးတော့ အိမ်မှာစက်ရုပ်တစ်ရုပ်ရှိတာကြောင့် သူဘာမှလုပ်စရာမလိုချေ။

        ဒါပေမဲ့ဒီကောင်လေး လင်ရှီးကိုဘာမှမလုပ်ခိုင်းတာက လင်ရှီးရဲ့လက်တွေညစ်ပတ်သွားမှာကို စိုးရိမ်လို့ဖြစ်သည်။

       လင်ရှီးကနှင်းရုပ်လေးလို ဖြူဖွေးနေပြီး သူ့နေရာမှာထိုင်နေရုံနဲ့တင် လူအများကိုဖုန်မှုန့်များနှင့်ညစ်နွမ်းသွားစေမှာကို စိုးရိမ်စေပြီးအနီးသို့ချဉ်းကပ်ရန် ဝန်လေးသွားစေခဲ့သည်။

      ကောင်လေးကလင်ရှီးကို ဘေးနားမှာထိုင်နေဖို့ပြောခဲ့၏။ သူလုပ်နိုင်ပါတယ်ဆို။

      လင်ရှီးကထွေထွေထူးထူးမတောင်းဆိုခဲ့ပေမယ့်လည်း ကောင်လေးကလင်ရှီးဘာမှမစားမသောက်ရသေးတဲ့အတွက် စိတ်မကောင်းဖြစ်နေတုန်းပင်။

       ကောင်လေးအနားမှာမရှိချိန် လငှီးမြစ်ထဲကိုတိတ်တဆိတ်ဆင်းကာ မြစ်ထဲကငါးတွေကိုဖမ်းနေ၏။

         သူကတိုက်ရိုက်ပင် သူ့လက်တွေကိုအသုံးပြုပြီးငါးဖမ်းခဲ့သည်။ သူ့လက်သည်းတွေကချွန်ထက်နေတာကြောင့် ငါးကိုချောမွေ့စွာကိုင်ထားနိုင်သည်။

         ငါးကိုပြန်ယူလာပြီးနောက် သူ့ဘာသာသူဖမ်းလာတာဟု လင်ရှီးပြောခဲ့၏။ လူတစ်ယောက်ကအသုံးမပြုတော့တဲ့ငါးမြှားတံကိုမြစ်ဘေးလွှင့်ပစ်ခဲ့တာ သူမြင်ခဲ့လို့အဲ့တာကိုကောက်ပြီး အသုံးပြုခဲ့တာဟုပင်။
[T/Nလင်ရှီးလိမ်ပြောတာနော်]

         နောက်ပိုင်းတွင် ငါးကို ကောင်လေးကကိုင်တွယ်ပြီး သူတို့ရဲ့ညစာဖြစ်လာခဲ့သည်‌။

         ကောင်လေးကသူ့အဖိုးနဲ့နေတာဖြစ်ပြီး သူ့အဖိုးကဖျားနာပြီးနောက်ပိုင်းတွင် အရာအားလုံးကိုမေ့သွားတာကြောင့် အမြဲတမ်းအိမ်မှာပဲနေရလေသည်။

         ဒါပေမဲ့လင်ရှီးရောက်လာပြီးနောက်တွင် အဖိုးရဲ့မျက်နှာမှာ အပြုံးလေးတွေပိုပြီးတွေ့လာရပုံပင်။

       သုံးယောက်သားအတူတူထိုင်စားနေစဉ်တွင် ကောင်လေးက ငါးရိုးတွေကို‌နွှင်၍လင်ရှီးကိုပေးလာသည်။

        လင်ရှီးချင်ရှောင်းနဲ့နေချိန်တွင် အကျင့်တစ်ခုရလာခဲ့သည်။ အဲ့တာကတစ်ခြားသူတွေသူ့ကို ဒီလိုမျိုးသေချာဂရုတစိုက်ရှိလျှင် သူအရမ်းပျော်ပြီးသဘောကျ၏။

       တစ်ချိန်တည်းမှာပဲ လင်ရှီးကောင်လေးကသူ့ကိုသဘောကျနေကြောင်း သိလိုက်သည်။

       မကြာခဏသူ့ကိုခိုးကြည့်နေသည်။

       လင်ရှီးကခဏပဲနေမှာဖြစ်ပြီး သူကောင်လေးရဲ့အိမ်မှာအကြာကြီးမနေနိုင်ကြောင်း သူသိလေသည်။ တကယ်လို့သူသာ တစ်နေရာထဲမှာအကြာကြီးနေခဲ့ပါက သူရှိနေတဲ့နေရာကို ဖော်ထုတ်မိသလိုဖြစ်သွားပြီး တစ်ယောက်ယောက်ကသာ သူ့ကို‌ရှာတွေ့သွားခဲ့ရင် သူ့ရဲ့ထွက်ပြေးမည့်အစီအစဉ်က ကျဆုံးသွားလိမ့်မယ်။

        တစ်လလောက်နေပြီးတော့ လင်ရှီးသူ့ဦးလေးဆီသွားဖို့စီစဉ်ထားပြီး သူ့ဦးလေးကလည်းသေချာစောင့်ရှောက်ပေးမှာ‌ဖြစ်ကြောင်းပြောကာ နှုတ်ဆက်ခဲ့သည်။

        ကောင်လေးကလင်ရှီးထွက်သွားမှာကို တွန့်ဆုတ်နေပေမယ့် ဒီနတ်သားလေးလိုလင်ရှီးကို သူလုံးဝပိုင်ဆိုင်နိုင်မှာမဟုတ်ကြောင်း အမြဲတမ်းသိနေခဲ့၏။

       သူကလင်ရှီးသွားမယ့် လမ်းဘေးမှာရပ်နေလိုက်သည်။ သူကလင်ရှီး‌ကိုသူစုထားတဲ့ပိုက်ဆံတွေအားလုံးပေးခဲ့ပေမယ့် လင်ရှီးကအကုန်လုံးမတောင်းခဲ့ပဲ နည်းနည်းလေးသူယူခဲ့သည်။

        လင်ရှီးထွက်သွားပြီ။

     အတော်ဝေးဝေးသို့လျှောက်လာပြီးနောက် လင်းရှိရပ်လိုက်ကာ ကောင်လေးနှင့် သူခဏတာနေထိုင်ခဲ့သည့်အိမ်လေးကိုပြန်လှည့်ကြည့်လိုက်သည်။

      လင်ရှီး သူနောက်ထပ်ဘယ်ကိုသွားသင့်လဲ မသိတော့ဘူး။

       ပင်လယ်လား?

     မင်းပင်လယ်ထဲသွားခဲ့ရင် ပင်လယ်နေသတ္တဝါတွေရဲ့ဘဝကိုပဲမင်းတွေ့ရလိမ့်မယ်။ တကယ်တော့လင်ရှီးရဲ့ဝိဉာဉ်က လူသားတစ်ယောက်ရဲ့ဝိဉာဉ်သာဖြစ်‌တာကြောင့် သူလူများ‌တဲ့နေရာတွေမှာနေရတာကို ပိုသဘောကျပါသည်။

       သူ့ရဲ့မျက်နှာကအပြင်ထွက်လိုက်တာနဲ့ လူသားတွေရဲ့အာရုံစိုက်မှုတွေကို အလွယ်တကူဆွဲဆောင်နိုင်လွန်းနေတာကြောင့်ပင်။

       ဒါကြောင့်အချိန်အများစုမှာ လင်ရှီးညဘက်မှသာခရီးဆက်ရပြီး သူ့ကိုနေခင်းဘက်တွင်ဘယ်သူမှသတိမထားနိုင်မည့်နေရာကိုရှာရသည်။

       သူ့ခန္ဓာကိုယ်ကရေသူဖြစ်တာကြောင့် အေးမှာကိုတော့မကြောက်ပေ။

      အဲ့ဒီမှာရေရှိသရွေ့ပေါ့။

      လင်ရှီးအင်ပါယာရဲ့တိုက်ခိုက်မှုအကြောင်း အတိအကျမစုံစမ်းခဲ့ပေ။ ဒါပေမယ့်တစ်ချို့နေရာတွေကိုရောက်တိုင်း ရေတပ်အဖွဲ့တွေကအင်ပါယာကအဖွဲ့ကိုဘယ်လိုရှုံးနိမ့်စေခဲ့ကြောင်း ဒါမှမဟုတ် ဖက်ဒရယ်အဖွဲ့ချုပ်က နယ်ချဲ့တပ်ကိုဘယ်လိုအောင်မြင်စွာခုခံခဲ့ကြောင်းမကြာခဏကြားခဲ့ရသည်။ မရေတွက်နိုင်အောင်ပါပဲ။

       သိပ်မကြာခင်မှာပဲ ဖက်ဒရယ်ရဲ့အောင်မြင်မှုတွေကထွက်ပေါ်လာခဲ့သည်။ တိုက်ပွဲရဲ့သူရဲကောင်းအနေနဲ့ ချင်ရှောင်းပြန်လာခဲ့သည်။ လူတော်တော်များများကချင်ရှောင်းကိုသဘောကျခဲ့ကြသည်။
[T/N- ဒီမှာသုံးတဲ့"ပြန်လာ"ကအိမ်ပြန်တာမဟုတ်ဘူးနော် ပြန်ကျော်ကြားတာပြောတာ]

        အောင်မြင်ကြောင်းသိလိုက်ပြီးသည်နှင့် ချင်ရှောင်းရေတပ်ကိုပြန်ခေါ်လာပြီးနောက် ချင်ရှောင်းသူထွက်ပြေးတာကိုသိသွားပြီမှန်း လင်ရှီးသဘောပေါက်လိုက်သည်။

       ဒီတစ်ခါတော့ ချင်ရှောင်းကသူ့ကို ရှာတွေ့ဖို့သိပ်မလွယ်လောက်တော့ဘူးဟု လင်ရှီးထင်ခဲ့သည်။

       တစ်ခြားဖက်က(ချင်ရှောင်း) အနည်းငယ်‌တော့ ဝမ်းနည်းနေလောက်သည်။ လင်ရှီးချင်ရှောင်းရဲ့အေးစက်စက်တင်းမာတဲ့မျက်နှာကိုပြန်မြင်ယောင်ကာ  ရုတ်တရက်သူ့ကိုနည်းနည်းလေးလွမ်းသွားသည်။

       လင်ရှီးသူ့လွတ်လပ်ရေးကိုဦးတည်ပြီး ခရီးဆက်ခဲ့သည်။ သူလမ်းတစ်လျှောက်သူ့ကိုကူညီခဲ့တဲ့ လူကောင်းတွေနဲ့တွေ့ခဲ့ရသလို သူ့ရဲ့အထောက်အ‌ထားတွေကိုသံသယရှိပြီး သူ့ကိုပြန်ပေးဆွဲဖို့ကြိုးစားခဲ့တဲ့လူတွေနဲ့လည်းကြုံခဲ့ရသည်။ လင်ရှီးအန္တရာယ်တွေကိုကြိုတင်ခန့်မှန်းပြီး ဦးစွာရှောင်ရှားခဲ့သည်။

      ဤလွတ်လပ်ဖို့အတွက်ခရီးတွင် လင်ရှီးအတွက်စိတ်မသက်မသာဖြစ်စေသောအရာတစ်ခုမှာ အစားအစာတွေရဲ့ အသွင်အပြင်ဖြစ်သည်။

     သူမြစ်ထဲဆင်းပြီးငါးနှင့်ပုစွန်တွေကိုဖမ်းခဲ့သည်။ ဒါပေမယ့် အဲ့တာတွေကိုဖမ်းခဲ့ပြီးတော့ရော။ သူအဲ့တာတွေကို မီး‌ဖိုပေါ်တင်ပြီးကင်ခဲ့ပေမယ့် ချင်ရှောင်းအိမ်မှာစားခဲ့ရတဲ့ပင်လယ်စာတွေနဲ့ ဘယ်လိုမှမတူဘူး။

      လင်းရှီး အတိတ်ကစားခဲ့ရတဲ့ အရသာရှိသည့်အစားအစာလေးတွေကို လွမ်းဆွတ်နေမိသည်။

       လင်ရှီးသူ့ကိုယ်သူ အစားအစာလေးလောက်အတွက်နဲ့ ချင်ရှောင်းရဲ့ဘေးနားပြန်ခွင့်ပြုဖို့ လုံလောက်လိမ့်မယ်လို့မထင်ထားဘူး။

        ဒါပေမယ့်လည်း လင်ရှီးသူနောက်ထပ်ဆင်ခြေတစ်ခုစောင့်ရလိမ့်ဦးမည်ကို နက်နက်နဲနဲသိလေသည်။

      ချင်ရှောင်းအပေါ်ကြိုက်နှစ်သက်မှုကပြောင်းလဲသွားလို့ဆိုတဲ့အချက်ကိုတော့ ဖယ်ထားလိုက်။
[T/N- ပြောင်းလဲသွားတာမကြိုက်တော့တာမဟုတ်ပဲပိုတိုးလာတယ်ဆိုတဲ့သဘောပါ။ အိမ်ပေါ်ပြန်တက်ဖို့ဆင်ခြေရှာနေတာ😃😃]
       
         အကြောင်းပြချက်ကလျင်မြန်စွာရောက်ရှိလာသည်။ လင်ရှီး ချင်ရှောင်းအန္တရာယ်ရှိတယ်ဆိုတာကို ကြိုတင်သတိပေးချက်ရရှိခဲ့၏။

     ပြီးခဲ့တဲ့အာဏာသိမ်းမှုတွင်ကျန်ခဲ့သည့် အကြွင်းအကျန်များကို အစပိုင်းတွင်သေချာမရှင်စလင်းခဲ့ပေ။

      ထိုအကြွင်းအကျန်များက ချင်ရှောင်းကိုလုပ်ကြံရန်ကြံစည်ကြတော့သည်။

      ချင်ရှောင်းရဲ့ယာဉ်ပျံ မြေပြင်ပေါ်ဆင်းသက်ချိန်တွင် ရုတ်တရက်ပေါက်ကွဲသွားတာကို လင်ရှီးမြင်ခဲ့သည်။

       မီးတောက်ကြီးက ကောင်းကင်ထိတောင်ထိုးတက်သွားပြီး မျက်စိ‌ကျိမ်းလောက်အောင်တောက်လောင်နေတဲ့ မီးတောက်တွေကိုမြင်တဲ့အခါ လင်ရှီးရဲ့အမူအရာမှာ သိသိသာသာကိုပြောင်းလဲသွား၏။

      အနာဂါတ်ပုံရိပ်ယောင်တွင် ယာဉ်ပျံလောင်ကျွမ်းသွားတာရော ယာဉ်ပျံထဲက‌လူတွေသေဆုံးသွားခဲ့တာရောကို သူမြင်ခဲ့ရသည်။

      သူချင်ရှောင်းထွက်လာတာကို မတွေ့ဘူး။ ချင်ရှောင်းက တဟုန်းဟုန်းတေယက်နေတဲ့မီးတောက်တွေကြားထဲမှာသေသွားခဲ့တယ်။

         ဒီအချိန်တွင် လင်ရှီးတစ်ခုတည်းသာတွေးမိတော့သည်။ ချင်ရှောင်း ဒီလိုမျိုးမသေရဘူး။

       သူအခုလိုမျိုးနဲ့ချင်ရှောင်းကို ဆက်သွယ်လို့မရပေ။ ချင်ရှောင်းကိုပြောပြနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက ချင်ရှောင်းဆီကိုပြန်သွားဖို့ပင်။

       လင်ရှီးထံတွင် အရင်ကသူ့ကိုကောင်လေးပေးခဲ့သည့် ပိုက်ဆံအနည်းငယ်ရှိသေး၏။ လင်ရှီးယာဉ်ပျံနှင့် ဖက်ဒရယ်မြို့တော်ဆီပြန်လာခဲ့သည်။

လင်ရှီးကို ကောင်လေးကဦးထုပ်တစ်လုံးလည်းပေးခဲ့ပေသည်။ လင်ရှီးရဲ့မျက်နှာလေးက အလွန်မျက်စိဖမ်းစားနိုင်စွမ်းရှိတာကြောင့် သူလမ်းလျှောက်သွားတဲ့ဘယ်နေရာမဆို လူတွေကစိုက်ကြည့်နေလေ့ရှိသည်။

       ယာဉ်ပျံ‌ပေါ်မှဆင်းသောအခါ လင်ရှီးသူ့လက်ကိုမြှောက်လိုက်ပြီး ဦးထုပ်စွန်းကိုဖိလိုက်သည်။

       ဒီနေရာက ချင်ရှောင်းရဲ့အိမ်နဲ့ နည်းနည်းဝေးနေသေးသည်။

       လင်ရှီးမှာ တစ်ခြားယာဉ်တွေစီးဖို့ ပိုက်ဆံမလောက်တော့ပေ။ ဒါကြောင့် သူအဲ့ဒီကိုလမ်းလျှောက်သွားဖို့ပဲတတ်နိုင်တော့၏။

     လမ်းတွင် လင်ရှီး‌တစ်စုံတစ်ယောက်ကို လမ်းညွှန်ခိုင်းခဲ့ပေမယ့် သူကအနီးအနားကလမ်းကိုပဲမေးမြန်းခဲ့ပြီး ချင်ရှောင်းရဲ့အိမ်ကိုသွားမယ်လို့ မပြောခဲ့ပေ။
  
     လမ်းလျှောက်ရင်း လင်ရှီးသိပ်မဝေးဘူးလို့ထင်ခဲ့ပေမယ့် နှစ်နာရီနီးပါးလောက်လျှောက်ခဲ့ရလေသည်။

      လင်ရှီးခြေထောက်များနာကျင်လာတာကြောင့် အနားယူရန်ရပ်တန့်လိုက်၏။

     သူတကယ်ပဲ သူ့ဖိနပ်တွေကိုချွတ်ပြီး မြစ်ထဲသာခုန်ချလိုက်ချင်တော့သည်။

     နှစ်နာရီကျော်ကြာအောင်ရေကူးခဲ့‌ရင်တောင် ဒီလောက်ထိပင်ပန်းမှာမ‌ဟုတ်ပေ။

      လင်ရှီး ချင်ရှောင်းရဲ့အိမ်အပြင်ဘက်ကိုရောက်သောအခါ ကောင်းကင်ကမှောင်စပျိုးနေပြီဖြစ်သည်။

     လင်ရှီးဆက်မသွားတော့ပဲ ဂိတ်တံခါးအပြင်ဘက်က မြက်ခင်းပေါ်တွင်သာထိုင်ချလိုက်၏။

      သူနံရံကိုမှီပြီး ချင်ရှောင်း‌ကိုစောင့်ဆိုင်းနေခဲ့သည်။ ချင်ရှောင်းကိုစောင့်နေခဲ့သည့်အစား သူတဖွဲဖွဲကျလာသည့် မိုးရေစက်တွေကိုစောင့်နေသလိုဖြစ်သွားခဲ့၏။

      မိုးကအရမ်းမသည်းပေမယ့်လည်း လင်ရှီးရဲ့အဝတ်တွေကိုတော့ ခဏလေးအတွင်းစိုစွတ်သွားစေခဲ့သည်။

       လင်ရှီးသူ့အရှေ့က ကန့်လန်ကာကြီးလိုကျနေတဲ့မိုးရေစက်တွေကိုကြည့်လိုက်ကာ ရုတ်တရက်ရယ်မောလိုက်၏။ သူတော့ရူးနေပြီထင်တယ်။ သူပြန်လှည့်ပြေးသွားလိုက်၏။

      ဒါကသူကိုယ်တိုင် ထောင်ချောက်ထဲခုန်ဆင်းလိုက်တာနဲ့သိပ်မကွာပေ။

     သူဘာမှမလုပ်ရင် အနာဂါတ်မှာချင်ရှောင်း လုပ်ကြံခံရလိမ့်မယ်လို့ တွေးလိုက်ရုံနဲ့တင် လင်ရှီးအနည်းငယ်စိတ်မသက်မသာဖြစ်မိသည်။

     မိုးရေကအဝတ်တွေကို စိုစွတ်စေပြီး သူ့အသားကို အဝတ်တွေကပ်နေတာက သူ့ကိုစိတ်မသက်မသာဖြစ်စေသည်။

    ပတ်ဝန်းကျင်တွင်ဘယ်သူမှမရှိသဖြင့် လင်ရှီးသူ့ဖိနပ်တွေကိုချွတ်လိုက်သောအခါ သူ့ရဲ့ခြေထောက်နှစ်ချောင်းသည် ငါ့အမြှီးအဖြစ်သွားပြောင်းလဲသွား၏။

       အနက်ရောင်ငါးအမြှီးကြီးက မြက်ခင်းစိမ်းပေါ်တွင်ရှိနေပြီး မိုးရေစက်တွေက အကြေးခွံတွေပေါ်ကျဆင်းနေလေသည်။

      လင်ရှီးသူ့နှုတ်ခမ်းတွေကို တွန့်ကွေးပြီးတွေးလိုက်၏။ ချင်ရှောင်းကနောက်ထပ်ဆယ်မိနစ်လောက်နေလို့မှထွက်မလာဘူးဆိုရင် သူပြန်ထွက်သွားမှာပင်။

       ဆယ်မိနစ်လောက်စောင့်ပြီးသောအခါ လင်ရှီးနောက်ထပ်နာရီဝက်လောက် ထပ်စောင့်ချင်လာသည်။ ။


#2.1.2023

Happy new year ပါ🎉🎉🎉
နောက်ကျသွားလို့တောင်းပန်ပါတယ် ဒီအပိုင်းကိုခရစ်စမတ်နေ့ထဲကတင်ချင်လို့ရေးနေခဲ့ပေမယ့် အခုမှပြီးတယ်😓😓
 

~~Zawgyi~~

ခ်င္ေရွာင္းသူ႕ကို အေဝးကိုပို႔မယ္ဆိုတာလင္ရွီးသိသည္။ သူႀကိဳျမင္ခဲ့သည္ေလ။

သူ႕ရဲ႕ႀကိဳတင္နမိတ္ဖတ္နိုင္စြမ္းသည္ အနာဂတ္ကာလမွာ ျဖစ္ပ်က္လာမယ့္ပိုအေရးႀကီးတဲ့အရာမ်ားကို ျမင္ရေသာ္လည္း သူကအလုံးစုံကိုေတာ့မသိနိုင္ေပ။

တစ္နည္းဆိုရေသာ္ ခ်င္ေရွာင္းကသူ႕ဆီကိုလာမယ္ဆိုတာ သိေပမယ့္ သူခ်င္ေရွာင္းကို ေရွာင္လို႔မရဘူး။

လင္ရွီးေဟာကိန္းေတြကို အလုံးစုံအားကိုးလို႔မရဘူးဆိုတာ နားလည္သည္။

ဒါကိုသိတာေၾကာင့္ လင္ရွီးသူ႕ကို အေဝးကိုပို႔ခဲ့တဲ့အခ်ိန္ဘာမွမလုပ္ခဲ့ေပ။

ေနာက္တစ္ခုမွာေတာ့ သူ႕မွာအနာဂတ္ကိုႀကိဳျမင္နိုင္တဲ့အစြမ္းရွိတဲ့အေၾကာင္း ထုတ္မျပခ်င္လို႔ပင္။ ခ်င္ေရွာင္းသူ႕ကို တကယ္ႀကိဳက္တယ္ဆိုတာက ျငင္းလို႔ေတာ့မရေပ။

လင္ရွီးမေသခ်ာတာက သူ႕ရဲ႕အစြမ္းအေၾကာင္းသိသြားၿပီးေနာက္ ခ်င္ေရွာင္းရဲ႕အျမင္က အရင္ကႏွင့္တူညီေနပါ့မလားဟူ၍ျဖစ္သည္။

သူ႕အျမင္အရေတာ့ ခ်င္ေရွာင္းက ဦးႏွောက္ထဲမွာအခ်စ္ပဲရွိတဲ့လူတစ္ေယာက္မဟုတ္ဘူးဆိုတာ မသိစိတ္ကခံစားရေနသည္။ သူ႕ေဘးမွာ အနာဂါတ္ကိုႀကိဳတင္ခန႔္မွန္းနိုင္သည့္ လူတစ္ေယာက္ရွိၿပီး အဲ့ဒီလူက လင္ရွီးကိုယ္တိုင္ပဲ။ အဲ့ဒီလိုလူတစ္ေယာက္သာအနားမွာရွိေနရင္ တစ္ဖက္လူကိုသူ႕အနားမွာဒီအတိုင္းထား႐ုံနဲ႕တင္မၿပီးေလာက္ဘူး ဟုသူ(လင္ရွီး)ထင္သည္။

ထို႔ေၾကာင့္ လင္ရွီးခ်င္ေရွာင္းရဲ႕စကားကို နားေထာင္ကာ ခ်င္ေရွာင္း၏ယုံၾကည္ရတဲ့လက္ေထာက္တစ္ဦးဆီကိုသြားခဲ့သည္။

ယာဥ္ပ်ံေပၚတြင္ထိုင္ၿပီးေနာက္ လင္ရွီးခ်င္ေရွာင္းကိုၾကည့္လိုက္၏။ ေအာက္တြင္က်န္ခဲ့ေသာသူသည္ တျဖည္းျဖည္းေသး၍က်န္ခဲ့ေလေတာ့သည္။

ထိုအခ်ိန္တြင္လင္ရွီးခြဲခြာျခင္းဟူေသာခံစားခ်က္ကို ခံစားလိုက္ရတယ္။

သူထြက္ေျပးတုန္းကနဲ႕ခပ္ဆင္ဆင္တူေပမယ့္ အခုထက္အဲ့တုန္းကပိုေပ်ာ္ခဲ့သည္။

စိတ္ထဲမွာ နည္းနည္းေလးဗလာျဖစ္ေနသလိုမ်ိဳး ခံစားေနရသည္။

ထို႔ေနာက္ သူလည္းပဲခ်င္ေရွာင္းကိုႀကိဳက္ေနခဲ့တာကို လင္ရွီးသိလိုက္ရသည္။

လင္ရွီးလည္း စိတ္ေလွ်ာ့လိုက္႐ုံပါပဲ.....

ႀကိဳက္တယ္ဆိုေတာ့လည္း ႀကိဳက္တယ္ေပါ့ေလ။

လင္ရွီးတျခားတစ္ခုကိုလည္း ႀကိဳျမင္ခဲ့ၿပီး အဲ့တာက ဒီဖက္ဒရယ္အာဏာသိမ္းသည့္စစ္ပြဲတြင္ ခ်င္ေရွာင္းေထာက္ခံသည့္ဘက္က အနိုင္ရရွိမွာကိုပင္။

ခ်င္ေရွာင္းသူ႕ကို ထြက္သြားေပးဖို႔ေျပာခဲ့တာက သူ႕လုံၿခဳံေရးကို ကာကြယ္လိုသည့္အတြက္ေၾကာင့္ျဖစ္သည္။ သူက ခ်င္ေရွာင္းေဘးနားရွိေရသူေလးျဖစ္ေၾကာင္း စုံစမ္းဖို႔မလြယ္ေပ။

ထို႔အျပင္ ဟိုဘက္တြင္ဖုန္းလန္ကေစာင့္ၾကည့္ေနေသးသည္။

လင္ရွီး သူသိထားတဲ့အနာဂါတ္အေၾကာင္းကို ခ်င္ေရွာင္းအားဘာတစ္ခြန္းမွမေျပာပဲ တိတ္တဆိတ္ထြက္ခြာသြားခဲ့သည္။

လင္ရွီး လွ်ို႔ဝွက္ၿပီးလုံၿခဳံသည့္ေနရာတြင္ လဝက္ေလာက္နီးပါးေနခဲ့တယ္။

လဝက္ေလာက္အိမ္ထဲမွာပဲေနၿပီး အျပင္ကိုလုံးဝမထြက္ခဲ့ေပ။

သူ႕ပတ္ဝန္းက်င္ရွိလူေတြက ခ်င္ေရွာင္းရဲ႕အမိန႔္ေတြကိုရရွိထားတဲ့လူေတြမွန္းသိသာၿပီး လင္ရွီးတစ္ေယာက္တည္းရွိေနစဥ္ ပ်င္းေနမွာစိုး၍ လင္ရွီးအခ်ိန္ျဖဳန္းလို႔ရေအာင္ ပစၥည္းေတာ္မ်ားမ်ားေပးခဲ့သည္။

လင္ရွီးသည္ ျပတင္းေပါက္မွက်ေသာေနေရာင္ေအာက္တြင္ ဆိုဖာကိုမွီကာ စာအုပ္တစ္အုပ္ကိုဖတ္ေလ့ရွိသည္။

ဒီေနရာမွာကြန္ပ်ဴတာမရွိေပ။ ၿပီးေတာ့အျပင္ေလာကနဲ႕ဆက္သြယ္ဖို႔ ဘာမွမရွိဘူး။

မဆက္သြယ္နိုင္ေတာ့လည္း မဆက္သြယ္ဘူးေပါ့။ မူလကလင္ရွီး ဒီကမၻာေပၚတြင္ သိတဲ့သူအမ်ားႀကီးမရွိေပ။

လင္ယြီ သူ႕ကိုေခၚေဆာင္သြားၿပီးေနာက္ လင္ရွီးသူ႕(ခ်င္ေရွာင္း)ေနာက္ကိုလိုက္ေနတာထက္ တစ္ဖက္လူပိုၿပီးလုံၿခဳံတယ္ဆိုတာကို သိသြားခဲ့သည္။
[T/N-__Ln y_လင္ရွီးရဲ႕လင္-နဲ႕မ်ိဳးရိုးတူပါတယ္၊ လက္ေထာက္ရဲ႕နာမည္ထင္တယ္]

လင္ရွီးသူ႕ကိုခ်င္ေရွာင္းျပန္လာေခၚမွာကို တိတ္တိတ္ေလးေစာင့္ေနခဲ့သည္။

ေမွ်ာ္လင့္ေနတဲ့အခ်ိန္တြင္ လင္ရွီး႐ုတ္တရက္ႀကီး နမိတ္တစ္ခုကိုႀကိဳျမင္လိုက္ရသည္။

ခ်င္ေရွာင္းကမလာခဲ့ေပ။ အာဏာသိမ္းမႈက အေျခခံအားျဖင့္ၿငိမ္းခ်မ္းသြားခဲ့ၿပီး ဖုန္းလန္ရဲ႕သခင္က ဖမ္းဆီးကာေထာင္ခ်ခံလိုက္ရသည္။ ဖုန္းလန္ကေတာ့ လွ်ို႔ဝွက္စြာထြက္ေျပးဖို႔အခြင့္အလမ္းကို ရွာေဖြေတြ႕ရွိခဲ့သည္။

ထိုအခ်ိန္တြင္ဖက္ဒရယ္အဖြဲ႕ခ်ဳပ္သည္ 739 galaxyကိုတိုက္ခိုက္ခဲ့ၿပီး ခ်င္ေရွာင္းသည္ သူ႕ရဲ႕တပ္ကိုေထာက္ပံ့ရန္အလ်င္စလိုလုပ္ေဆာက္ေနခဲ့၏။

စစ္ပြဲတစ္ခုၿပီးသြားတာနဲ႕ ကိစၥေတြကရက္အနည္းငယ္အတြင္း ေျဖရွင္းလို႔ၿပီးသြားတာမဟုတ္ေပ။ လင္ရွီးသိတယ္။ သူခ်င္ေရွာင္းကိုထပ္ေတြ႕ခ်င္ရင္ ဆယ္ရက္ထက္မနည္းေစာင့္ရမယ္ဆိုတာကို။ အဲ့ထက္လည္းပိုၾကာနိုင္သည္ေလ.....။

ဒီအေတာအတြင္းတြင္ လင္ရွီး သူထြက္ေျပးဖို႔ကို ထပ္ၿပီးစီစဥ္ရန္ အခြင့္အေရးအမ်ားႀကီးရခဲ့သည္။

လင္ရွီးအဲ့တာကို ေသခ်ာေပါက္လုပ္ခဲ့တာေပါ့။

ဒီအခ်ိန္ကာလအတြင္းမွာ လင္ရွီးကိုသက္ေတာ္ေစာင့္လုပ္ေပးေနသူမ်ားသည္
လင္ရွီးကခ်င္ေရွာင္းလာေခၚမွာကို တကယ္ပဲတိတ္တိတ္ေလးေစာင့္ေနတယ္ဟုထင္ကာ တစ္ခါတစ္ရံတြင္ ဗိုလ္မႉးႀကီးကမၾကာခင္လာမွာပါဟု ႏွစ္သိမ့္ေပးတတ္သည္။

တစ္ေန႕တြင္ လင္ရွီးအခန္းထဲကမထြက္တာၾကာၿပီးျဖစ္တာေၾကာင့္ ထိုလူကအိပ္ခန္းတံခါးကိုေခါက္ဖို႔ အိပ္ခန္းဆီလာခဲ့သည္။ ဒါေပမယ့္အခ်ိန္အေတာ္ၾကာသည္အထိ အေျဖတစ္ခုမွမရခဲ့သည့္အတြက္ သူတစ္ခုခုမွားေနၿပီဟုထင္တာေၾကာင့္ တံခါးကို႐ုတ္တရက္တြန္းဖြင့္ခဲ့ရာ အခန္းကအလြတ္ႀကီးျဖစ္ေနသည္။ ၿပီးေတာ့ ထိုေနရာတြင္ လင္ရွီးရဲ႕အရိပ္အေယာင္လုံးဝမရွိေပ။

လိုက္ကာကိုဆုတ္ၿဖဲကာ ျပတင္းေပါက္တြင္ခ်ည္ႏွောင္၍ ဆန႔္တန္းကာျပတင္းေပါက္ကေနလြတ္ေျမာက္သြားျခင္းျဖစ္သည္။

ထြက္ေျပးသြားတာကိုေျခရာခံလိုက္တဲ့အခါ လင္ရွီးသည္ျမစ္ငယ္တစ္ခုဆီသို႔ေရာက္ရွိလာၿပီးေနာက္ ထိုျမစ္သည္လင္ရွီး၏ေျခရာလက္ရာမ်ားကို အလုံးစုံဖုံးလႊမ္းသြားၿပီး လင္ရွီးက ေနာက္တစ္ႀကိမ္ထြက္ေျပးသြားခဲ့သည္။

လင္ရွီး သူ႕ရဲ႕လကၡဏာမ်ားကိုဖုံးကြယ္ကာ ျမစ္ရဲ႕အစိတ္အပိုင္းတစ္ခုမွ ကမ္းေပၚသို႔တက္ခဲ့သည္။ထို႔ေနာက္ အဘိုးအဘြားမ်ားႏွင့္ သူတို႔ရဲ႕ေျမးေတြေနေသာ အိမ္တစ္အိမ္ဆီသို႔သြားခဲ့သည္။

သူႏွစ္ရက္ခန႔္အေျခခ်ၿပီးေနာက္ သူနဲ႕သက္တူ႐ြယ္တူေကာင္ေလးဆီ ခ်ဥ္းကပ္ခဲ့ၿပီး အလြန္ေၾကကြဲဝမ္းနည္းဖြယ္ေကာင္းတဲ့ ဘဝအေတြ႕အႀကဳံတစ္ခုကိုဖန္တီးေျပာျပခဲ့၏။ သူ႕အေမကဆုံးသြားခဲ့ၿပီး သူ႕အေဖကလည္းမိေထြးနဲ႕လက္ထပ္ခဲ့တယ္။ သူကိုေတာ့ ေငြအေျမာက္အျမားနဲ႕ေရာင္းစားခဲ့တယ္ေလ။

သူဒီအေၾကာင္းကို မေတာ္တဆၾကားမိၿပီး သူ႕အေဖကိုအျမန္ေျပာျပခဲ့ေပမယ့္ သူ႕အေဖကသူ႕ကိုလုံးဝမယုံတဲ့အျပင္ သူ႕ကို ကိုယ့္အျပစ္ကိုယ္ျပန္သုံးသပ္ဖို႔ အိမ္ထဲမွာေသာ့ပိတ္ထားခဲ့တယ္။

သူအိမ္ကေနထြက္ေျပးလာၿပီးေနာက္ အခုသြားစရာေနရာမရွိေတာ့ဘူး။

လူသားေကာင္ေလးတြင္ ကမၻာႀကီးရဲ႕အေတြ႕အႀကဳံမရွိသျဖင့္ လင္ရွီးလိမ္ညာေနတာကို မခန႔္မွန္းနိုင္ေပ။ လင္ရွီးရဲ႕မ်က္လုံးမ်ားနီရဲေနၿပီး သူ႕အသံဆို႔နင့္လာတာကို ျမင္လိုက္႐ုံနဲ႕တင္ သူလင္ရွီးကိုခ်က္ခ်င္းယုံလိုက္သည္။

သူကလင္ရွီးကို အိမ္သို႔ေခၚလာၿပီး လင္ရွီးမွာသြာလင္ရွီးမွာသြားစရာေနရာမရွိရင္သူ႕အိမ္မွာခဏေနလို႔ရတယ္ဟုပင္ ဆိုခဲ့သည္။

သူကလင္ရွီးကိုဂ႐ုစိုက္ခဲ့သည္။

   လင္ရွီးရဲ႕မ်က္ႏွာက အလြန္ညွို႔ငင္နိုင္စြမ္းရွိၿပီး သူကအျခားလူေတြကို အလြယ္ေလးလွည့္စားနိုင္ေလသည္။

    လင္ရွီးထိုေကာင္ေလး၏အိမ္တြင္ ေနထိုင္ခဲ့သည္။ တစ္ခါတစ္ရံ သူသည္ အလုပ္ကိစၥတစ္ခုခုကိာကူညီေပးခ်င္သည္။ ေနာက္ဆုံးမွာေတာ့ သူကတျခားသူရဲ႕အိမ္မွာေနတာျဖစ္လို႔ ဘာမွလုပ္လို႔မရေပ။
[T/N- ဧည့္သည္လိုျဖစ္ေနေတာ့ဘာမွမခိုင္းတာပါ]

   ခ်င္ေရွာင္းနဲ႕ေနတုန္းက ဘာမွမလုပ္ရတဲ့အေၾကာင္းအရင္းကေတာ့ ခ်င္ေရွာင္းကသူကေရသူေလးဆိုတာကို သိေနတာေၾကာင့္ပင္။ ၿပီးေတာ့ အိမ္မွာစက္႐ုပ္တစ္႐ုပ္ရွိတာေၾကာင့္ သူဘာမွလုပ္စရာမလိုေခ်။

    ဒါေပမဲ့ဒီေကာင္ေလး လင္ရွီးကိုဘာမွမလုပ္ခိုင္းတာက လင္ရွီးရဲ႕လက္ေတြညစ္ပတ္သြားမွာကို စိုးရိမ္လို႔ျဖစ္သည္။

   လင္ရွီးကႏွင္း႐ုပ္ေလးလို ျဖဴေဖြးေနၿပီး သူ႕ေနရာမွာထိုင္ေန႐ုံနဲ႕တင္ လူအမ်ားကိုဖုန္မႈန႔္မ်ားႏွင့္ညစ္ႏြမ္းသြားေစမွာကို စိုးရိမ္ေစၿပီးအနီးသို႔ခ်ဥ္းကပ္ရန္ ဝန္ေလးသြားေစခဲ့သည္။

   ေကာင္ေလးကလင္ရွီးကို ေဘးနားမွာထိုင္ေနဖို႔ေျပာခဲ့၏။ သူလုပ္နိုင္ပါတယ္ဆို။

   လင္ရွီးကေထြေထြထူးထူးမေတာင္းဆိုခဲ့ေပမယ့္လည္း ေကာင္ေလးကလင္ရွီးဘာမွမစားမေသာက္ရေသးတဲ့အတြက္ စိတ္မေကာင္းျဖစ္ေနတုန္းပင္။

   ေကာင္ေလးအနားမွာမရွိခ်ိန္ လငွီးျမစ္ထဲကိုတိတ္တဆိတ္ဆင္းကာ ျမစ္ထဲကငါးေတြကိုဖမ္းေန၏။

    သူကတိုက္ရိုက္ပင္ သူ႕လက္ေတြကိုအသုံးျပဳၿပီးငါးဖမ္းခဲ့သည္။ သူ႕လက္သည္းေတြကခြၽန္ထက္ေနတာေၾကာင့္ ငါးကိုေခ်ာေမြ႕စြာကိုင္ထားနိုင္သည္။

    ငါးကိုျပန္ယူလာၿပီးေနာက္ သူ႕ဘာသာသူဖမ္းလာတာဟု လင္ရွီးေျပာခဲ့၏။ လူတစ္ေယာက္ကအသုံးမျပဳေတာ့တဲ့ငါးျမႇားတံကိုျမစ္ေဘးလႊင့္ပစ္ခဲ့တာ သူျမင္ခဲ့လို႔အဲ့တာကိုေကာက္ၿပီး အသုံးျပဳခဲ့တာဟုပင္။
[T/Nလင္ရွီးလိမ္ေျပာတာေနာ္]

    ေနာက္ပိုင္းတြင္ ငါးကို ေကာင္ေလးကကိုင္တြယ္ၿပီး သူတို႔ရဲ႕ညစာျဖစ္လာခဲ့သည္။

    ေကာင္ေလးကသူ႕အဖိုးနဲ႕ေနတာျဖစ္ၿပီး သူ႕အဖိုးကဖ်ားနာၿပီးေနာက္ပိုင္းတြင္ အရာအားလုံးကိုေမ့သြားတာေၾကာင့္ အၿမဲတမ္းအိမ္မွာပဲေနရေလသည္။

    ဒါေပမဲ့လင္ရွီးေရာက္လာၿပီးေနာက္တြင္ အဖိုးရဲ႕မ်က္ႏွာမွာ အၿပဳံးေလးေတြပိုၿပီးေတြ႕လာရပုံပင္။

   သုံးေယာက္သားအတူတူထိုင္စားေနစဥ္တြင္ ေကာင္ေလးက ငါးရိုးေတြကိုႏႊင္၍လင္ရွီးကိုေပးလာသည္။

    လင္ရွီးခ်င္ေရွာင္းနဲ႕ေနခ်ိန္တြင္ အက်င့္တစ္ခုရလာခဲ့သည္။ အဲ့တာကတစ္ျခားသူေတြသူ႕ကို ဒီလိုမ်ိဳးေသခ်ာဂ႐ုတစိုက္ရွိလွ်င္ သူအရမ္းေပ်ာ္ၿပီးသေဘာက်၏။

   တစ္ခ်ိန္တည္းမွာပဲ လင္ရွီးေကာင္ေလးကသူ႕ကိုသေဘာက်ေနေၾကာင္း သိလိုက္သည္။

   မၾကာခဏသူ႕ကိုခိုးၾကည့္ေနသည္။

   လင္ရွီးကခဏပဲေနမွာျဖစ္ၿပီး သူေကာင္ေလးရဲ႕အိမ္မွာအၾကာႀကီးမေနနိုင္ေၾကာင္း သူသိေလသည္။ တကယ္လို႔သူသာ တစ္ေနရာထဲမွာအၾကာႀကီးေနခဲ့ပါက သူရွိေနတဲ့ေနရာကို ေဖာ္ထုတ္မိသလိုျဖစ္သြားၿပီး တစ္ေယာက္ေယာက္ကသာ သူ႕ကိုရွာေတြ႕သြားခဲ့ရင္ သူ႕ရဲ႕ထြက္ေျပးမည့္အစီအစဥ္က က်ဆဳံးသြားလိမ့္မယ္။

    တစ္လေလာက္ေနၿပီးေတာ့ လင္ရွီးသူ႕ဦးေလးဆီသြားဖို႔စီစဥ္ထားၿပီး သူ႕ဦးေလးကလည္းေသခ်ာေစာင့္ေရွာက္ေပးမွာျဖစ္ေၾကာင္းေျပာကာ ႏႈတ္ဆက္ခဲ့သည္။

    ေကာင္ေလးကလင္ရွီးထြက္သြားမွာကို တြန႔္ဆုတ္ေနေပမယ့္ ဒီနတ္သားေလးလိုလင္ရွီးကို သူလုံးဝပိုင္ဆိုင္နိုင္မွာမဟုတ္ေၾကာင္း အၿမဲတမ္းသိေနခဲ့၏။

   သူကလင္ရွီးသြားမယ့္ လမ္းေဘးမွာရပ္ေနလိုက္သည္။ သူကလင္ရွီးကိုသူစုထားတဲ့ပိုက္ဆံေတြအားလုံးေပးခဲ့ေပမယ့္ လင္ရွီးကအကုန္လုံးမေတာင္းခဲ့ပဲ နည္းနည္းေလးသူယူခဲ့သည္။

    လင္ရွီးထြက္သြားၿပီ။

  အေတာ္ေဝးေဝးသို႔ေလွ်ာက္လာၿပီးေနာက္ လင္းရွိရပ္လိုက္ကာ ေကာင္ေလးႏွင့္ သူခဏတာေနထိုင္ခဲ့သည့္အိမ္ေလးကိုျပန္လွည့္ၾကည့္လိုက္သည္။

   လင္ရွီး သူေနာက္ထပ္ဘယ္ကိုသြားသင့္လဲ မသိေတာ့ဘူး။

   ပင္လယ္လား?

  မင္းပင္လယ္ထဲသြားခဲ့ရင္ ပင္လယ္ေနသတၱဝါေတြရဲ႕ဘဝကိုပဲမင္းေတြ႕ရလိမ့္မယ္။ တကယ္ေတာ့လင္ရွီးရဲ႕ဝိဉာဥ္က လူသားတစ္ေယာက္ရဲ႕ဝိဉာဥ္သာျဖစ္တာေၾကာင့္ သူလူမ်ားတဲ့ေနရာေတြမွာေနရတာကို ပိုသေဘာက်ပါသည္။

   သူ႕ရဲ႕မ်က္ႏွာကအျပင္ထြက္လိုက္တာနဲ႕ လူသားေတြရဲ႕အာ႐ုံစိုက္မႈေတြကို အလြယ္တကူဆြဲေဆာင္နိုင္လြန္းေနတာေၾကာင့္ပင္။

   ဒါေၾကာင့္အခ်ိန္အမ်ားစုမွာ လင္ရွီးညဘက္မွသာခရီးဆက္ရၿပီး သူ႕ကိုေနခင္းဘက္တြင္ဘယ္သူမွသတိမထားနိုင္မည့္ေနရာကိုရွာရသည္။

   သူ႕ခႏၶာကိုယ္ကေရသူျဖစ္တာေၾကာင့္ ေအးမွာကိုေတာ့မေၾကာက္ေပ။

   အဲ့ဒီမွာေရရွိသေ႐ြ႕ေပါ့။

   လင္ရွီးအင္ပါယာရဲ႕တိုက္ခိုက္မႈအေၾကာင္း အတိအက်မစုံစမ္းခဲ့ေပ။ ဒါေပမယ့္တစ္ခ်ိဳ႕ေနရာေတြကိုေရာက္တိုင္း ေရတပ္အဖြဲ႕ေတြကအင္ပါယာကအဖြဲ႕ကိုဘယ္လိုရႈံးနိမ့္ေစခဲ့ေၾကာင္း ဒါမွမဟုတ္ ဖက္ဒရယ္အဖြဲ႕ခ်ဳပ္က နယ္ခ်ဲ့တပ္ကိုဘယ္လိုေအာင္ျမင္စြာခုခံခဲ့ေၾကာင္းမၾကာခဏၾကားခဲ့ရသည္။ မေရတြက္နိုင္ေအာင္ပါပဲ။

   သိပ္မၾကာခင္မွာပဲ ဖက္ဒရယ္ရဲ႕ေအာင္ျမင္မႈေတြကထြက္ေပၚလာခဲ့သည္။ တိုက္ပြဲရဲ႕သူရဲေကာင္းအေနနဲ႕ ခ်င္ေရွာင္းျပန္လာခဲ့သည္။ လူေတာ္ေတာ္မ်ားမ်ားကခ်င္ေရွာင္းကိုသေဘာက်ခဲ့ၾကသည္။
[T/N- ဒီမွာသုံးတဲ့"ျပန္လာ"ကအိမ္ျပန္တာမဟုတ္ဘူးေနာ္ ျပန္ေက်ာ္ၾကားတာေျပာတာ]

    ေအာင္ျမင္ေၾကာင္းသိလိုက္ၿပီးသည္ႏွင့္ ခ်င္ေရွာင္းေရတပ္ကိုျပန္ေခၚလာၿပီးေနာက္ ခ်င္ေရွာင္းသူထြက္ေျပးတာကိုသိသြားၿပီမွန္း လင္ရွီးသေဘာေပါက္လိုက္သည္။

   ဒီတစ္ခါေတာ့ ခ်င္ေရွာင္းကသူ႕ကို ရွာေတြ႕ဖို႔သိပ္မလြယ္ေလာက္ေတာ့ဘူးဟု လင္ရွီးထင္ခဲ့သည္။

   တစ္ျခားဖက္က(ခ်င္ေရွာင္း) အနည္းငယ္ေတာ့ ဝမ္းနည္းေနေလာက္သည္။ လင္ရွီးခ်င္ေရွာင္းရဲ႕ေအးစက္စက္တင္းမာတဲ့မ်က္ႏွာကိုျပန္ျမင္ေယာင္ကာ ႐ုတ္တရက္သူ႕ကိုနည္းနည္းေလးလြမ္းသြားသည္။

   လင္ရွီးသူ႕လြတ္လပ္ေရးကိုဦးတည္ၿပီး ခရီးဆက္ခဲ့သည္။ သူလမ္းတစ္ေလွ်ာက္သူ႕ကိုကူညီခဲ့တဲ့ လူေကာင္းေတြနဲ႕ေတြ႕ခဲ့ရသလို သူ႕ရဲ႕အေထာက္အထားေတြကိုသံသယရွိၿပီး သူ႕ကိုျပန္ေပးဆြဲဖို႔ႀကိဳးစားခဲ့တဲ့လူေတြနဲ႕လည္းႀကဳံခဲ့ရသည္။ လင္ရွီးအႏၱရာယ္ေတြကိုႀကိဳတင္ခန႔္မွန္းၿပီး ဦးစြာေရွာင္ရွားခဲ့သည္။

   ဤလြတ္လပ္ဖို႔အတြက္ခရီးတြင္ လင္ရွီးအတြက္စိတ္မသက္မသာျဖစ္ေစေသာအရာတစ္ခုမွာ အစားအစာေတြရဲ႕ အသြင္အျပင္ျဖစ္သည္။

  သူျမစ္ထဲဆင္းၿပီးငါးႏွင့္ပုစြန္ေတြကိုဖမ္းခဲ့သည္။ ဒါေပမယ့္ အဲ့တာေတြကိုဖမ္းခဲ့ၿပီးေတာ့ေရာ။ သူအဲ့တာေတြကို မီးဖိုေပၚတင္ၿပီးကင္ခဲ့ေပမယ့္ ခ်င္ေရွာင္းအိမ္မွာစားခဲ့ရတဲ့ပင္လယ္စာေတြနဲ႕ ဘယ္လိုမွမတူဘူး။

   လင္းရွီး အတိတ္ကစားခဲ့ရတဲ့ အရသာရွိသည့္အစားအစာေလးေတြကို လြမ္းဆြတ္ေနမိသည္။

   လင္ရွီးသူ႕ကိုယ္သူ အစားအစာေလးေလာက္အတြက္နဲ႕ ခ်င္ေရွာင္းရဲ႕ေဘးနားျပန္ခြင့္ျပဳဖို႔ လုံေလာက္လိမ့္မယ္လို႔မထင္ထားဘူး။

    ဒါေပမယ့္လည္း လင္ရွီးသူေနာက္ထပ္ဆင္ေျခတစ္ခုေစာင့္ရလိမ့္ဦးမည္ကို နက္နက္နဲနဲသိေလသည္။

   ခ်င္ေရွာင္းအေပၚႀကိဳက္ႏွစ္သက္မႈကေျပာင္းလဲသြားလို႔ဆိုတဲ့အခ်က္ကိုေတာ့ ဖယ္ထားလိုက္။
[T/N- ေျပာင္းလဲသြားတာမႀကိဳက္ေတာ့တာမဟုတ္ပဲပိုတိုးလာတယ္ဆိုတဲ့သေဘာပါ။ အိမ္ေပၚျပန္တက္ဖို႔ဆင္ေျခရွာေနတာ😃😃]
   
    အေၾကာင္းျပခ်က္ကလ်င္ျမန္စြာေရာက္ရွိလာသည္။ လင္ရွီး ခ်င္ေရွာင္းအႏၱရာယ္ရွိတယ္ဆိုတာကို ႀကိဳတင္သတိေပးခ်က္ရရွိခဲ့၏။

  ၿပီးခဲ့တဲ့အာဏာသိမ္းမႈတြင္က်န္ခဲ့သည့္ အႂကြင္းအက်န္မ်ားကို အစပိုင္းတြင္ေသခ်ာမရွင္စလင္းခဲ့ေပ။

   ထိုအႂကြင္းအက်န္မ်ားက ခ်င္ေရွာင္းကိုလုပ္ႀကံရန္ႀကံစည္ၾကေတာ့သည္။

   ခ်င္ေရွာင္းရဲ႕ယာဥ္ပ်ံ ေျမျပင္ေပၚဆင္းသက္ခ်ိန္တြင္ ႐ုတ္တရက္ေပါက္ကြဲသြားတာကို လင္ရွီးျမင္ခဲ့သည္။

   မီးေတာက္ႀကီးက ေကာင္းကင္ထိေတာင္ထိုးတက္သြားၿပီး မ်က္စိက်ိမ္းေလာက္ေအာင္ေတာက္ေလာင္ေနတဲ့ မီးေတာက္ေတြကိုျမင္တဲ့အခါ လင္ရွီးရဲ႕အမူအရာမွာ သိသိသာသာကိုေျပာင္းလဲသြား၏။

   အနာဂါတ္ပုံရိပ္ေယာင္တြင္ ယာဥ္ပ်ံေလာင္ကြၽမ္းသြားတာေရာ ယာဥ္ပ်ံထဲကလူေတြေသဆုံးသြားခဲ့တာေရာကို သူျမင္ခဲ့ရသည္။

   သူခ်င္ေရွာင္းထြက္လာတာကို မေတြ႕ဘူး။ ခ်င္ေရွာင္းက တဟုန္းဟုန္းေတယက္ေနတဲ့မီးေတာက္ေတြၾကားထဲမွာေသသြားခဲ့တယ္။

    ဒီအခ်ိန္တြင္ လင္ရွီးတစ္ခုတည္းသာေတြးမိေတာ့သည္။ ခ်င္ေရွာင္း ဒီလိုမ်ိဳးမေသရဘူး။

   သူအခုလိုမ်ိဳးနဲ႕ခ်င္ေရွာင္းကို ဆက္သြယ္လို႔မရေပ။ ခ်င္ေရွာင္းကိုေျပာျပနိုင္မယ့္ တစ္ခုတည္းေသာနည္းလမ္းက ခ်င္ေရွာင္းဆီကိုျပန္သြားဖို႔ပင္။

   လင္ရွီးထံတြင္ အရင္ကသူ႕ကိုေကာင္ေလးေပးခဲ့သည့္ ပိုက္ဆံအနည္းငယ္ရွိေသး၏။ လင္ရွီးယာဥ္ပ်ံႏွင့္ ဖက္ဒရယ္ၿမိဳ႕ေတာ္ဆီျပန္လာခဲ့သည္။

လင္ရွီးကို ေကာင္ေလးကဦးထုပ္တစ္လုံးလည္းေပးခဲ့ေပသည္။ လင္ရွီးရဲ႕မ်က္ႏွာေလးက အလြန္မ်က္စိဖမ္းစားနိုင္စြမ္းရွိတာေၾကာင့္ သူလမ္းေလွ်ာက္သြားတဲ့ဘယ္ေနရာမဆို လူေတြကစိုက္ၾကည့္ေနေလ့ရွိသည္။

   ယာဥ္ပ်ံေပၚမွဆင္းေသာအခါ လင္ရွီးသူ႕လက္ကိုျမႇောက္လိုက္ၿပီး ဦးထုပ္စြန္းကိုဖိလိုက္သည္။

   ဒီေနရာက ခ်င္ေရွာင္းရဲ႕အိမ္နဲ႕ နည္းနည္းေဝးေနေသးသည္။

   လင္ရွီးမွာ တစ္ျခားယာဥ္ေတြစီးဖို႔ ပိုက္ဆံမေလာက္ေတာ့ေပ။ ဒါေၾကာင့္ သူအဲ့ဒီကိုလမ္းေလွ်ာက္သြားဖို႔ပဲတတ္နိုင္ေတာ့၏။

  လမ္းတြင္ လင္ရွီးတစ္စုံတစ္ေယာက္ကို လမ္းၫႊန္ခိုင္းခဲ့ေပမယ့္ သူကအနီးအနားကလမ္းကိုပဲေမးျမန္းခဲ့ၿပီး ခ်င္ေရွာင္းရဲ႕အိမ္ကိုသြားမယ္လို႔ မေျပာခဲ့ေပ။

  လမ္းေလွ်ာက္ရင္း လင္ရွီးသိပ္မေဝးဘူးလို႔ထင္ခဲ့ေပမယ့္ ႏွစ္နာရီနီးပါးေလာက္ေလွ်ာက္ခဲ့ရေလသည္။

   လင္ရွီးေျခေထာက္မ်ားနာက်င္လာတာေၾကာင့္ အနားယူရန္ရပ္တန႔္လိုက္၏။

  သူတကယ္ပဲ သူ႕ဖိနပ္ေတြကိုခြၽတ္ၿပီး ျမစ္ထဲသာခုန္ခ်လိဳက္ခ်င္ေတာ့သည္။

  ႏွစ္နာရီေက်ာ္ၾကာေအာင္ေရကူးခဲ့ရင္ေတာင္ ဒီေလာက္ထိပင္ပန္းမွာမဟုတ္ေပ။

   လင္ရွီး ခ်င္ေရွာင္းရဲ႕အိမ္အျပင္ဘက္ကိုေရာက္ေသာအခါ ေကာင္းကင္ကေမွာင္စပ်ိဳးေနၿပီျဖစ္သည္။

  လင္ရွီးဆက္မသြားေတာ့ပဲ ဂိတ္တံခါးအျပင္ဘက္က ျမက္ခင္းေပၚတြင္သာထိုင္ခ်လိဳက္၏။

   သူနံရံကိုမွီၿပီး ခ်င္ေရွာင္းကိုေစာင့္ဆိုင္းေနခဲ့သည္။ ခ်င္ေရွာင္းကိုေစာင့္ေနခဲ့သည့္အစား သူတဖြဲဖြဲက်လာသည့္ မိုးေရစက္ေတြကိုေစာင့္ေနသလိုျဖစ္သြားခဲ့၏။

   မိုးကအရမ္းမသည္းေပမယ့္လည္း လင္ရွီးရဲ႕အဝတ္ေတြကိုေတာ့ ခဏေလးအတြင္းစိုစြတ္သြားေစခဲ့သည္။

   လင္ရွီးသူ႕အေရွ႕က ကန႔္လန္ကာႀကီးလိုက်ေနတဲ့မိုးေရစက္ေတြကိုၾကည့္လိုက္ကာ ႐ုတ္တရက္ရယ္ေမာလိုက္၏။ သူေတာ့႐ူးေနၿပီထင္တယ္။ သူျပန္လွည့္ေျပးသြားလိုက္၏။

   ဒါကသူကိုယ္တိုင္ ေထာင္ေခ်ာက္ထဲခုန္ဆင္းလိုက္တာနဲ႕သိပ္မကြာေပ။

  သူဘာမွမလုပ္ရင္ အနာဂါတ္မွာခ်င္ေရွာင္း လုပ္ႀကံခံရလိမ့္မယ္လို႔ ေတြးလိုက္႐ုံနဲ႕တင္ လင္ရွီးအနည္းငယ္စိတ္မသက္မသာျဖစ္မိသည္။

  မိုးေရကအဝတ္ေတြကို စိုစြတ္ေစၿပီး သူ႕အသားကို အဝတ္ေတြကပ္ေနတာက သူ႕ကိုစိတ္မသက္မသာျဖစ္ေစသည္။

  ပတ္ဝန္းက်င္တြင္ဘယ္သူမွမရွိသျဖင့္ လင္ရွီးသူ႕ဖိနပ္ေတြကိုခြၽတ္လိုက္ေသာအခါ သူ႕ရဲ႕ေျခေထာက္ႏွစ္ေခ်ာင္းသည္ ငါ့အျမႇီးအျဖစ္သြားေျပာင္းလဲသြား၏။

   အနက္ေရာင္ငါးအျမႇီးႀကီးက ျမက္ခင္းစိမ္းေပၚတြင္ရွိေနၿပီး မိုးေရစက္ေတြက အေၾကးခြံေတြေပၚက်ဆင္းေနေလသည္။

   လင္ရွီးသူ႕ႏႈတ္ခမ္းေတြကို တြန႔္ေကြးၿပီးေတြးလိုက္၏။ ခ်င္ေရွာင္းကေနာက္ထပ္ဆယ္မိနစ္ေလာက္ေနလို႔မွထြက္မလာဘူးဆိုရင္ သူျပန္ထြက္သြားမွာပင္။

   ဆယ္မိနစ္ေလာက္ေစာင့္ၿပီးေသာအခါ လင္ရွီးေနာက္ထပ္နာရီဝက္ေလာက္ ထပ္ေစာင့္ခ်င္လာသည္။ ။


#2.1.2023

Happy new year ပါ
ေနာက္က်သြားလို႔ေတာင္းပန္ပါတယ္ ဒီအပိုင္းကိုခရစ္စမတ္ေန႕ထဲကတင္ခ်င္လို႔ေရးေနခဲ့ေပမယ့္ အခုမွၿပီးတယ္😓😓


Continue Reading

You'll Also Like

842K 122K 141
Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190...
579K 36.5K 61
ငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့...
293K 7.3K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
212K 32.3K 82
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest