Don't be Stubborn ! Baby

By LilyLittle_Sexy

111K 7.7K 734

"Only a person with strong mindset can submit to another person with strong mindset who can dominate " ... More

Character Intro
Chapter-1
Author's Note
Chapter-2
Chapter-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12(Respect & Obey)
Part-13
Part-14
Part-15 (Good boy)
Good boy
Part-16
Part-17
Part-18
Part-19 (Punishment or something else)
Part-20
Part-21(His brutual and warmest hand)
Part-22
Part-24
Part-25( I'm not jealous, I'm possessive)
Part-26
Part-27
Part-28
Part-29
Part-30(Don't be stubborn baby)
Part-31
Not hesitate but...
Part-32

Part-23

2.6K 211 18
By LilyLittle_Sexy

*Po...ထတော့လေ *

Apo သူ၏ အသိစိတ်ထဲသို့ တစ်စိမ့်စိမ့်ဝင်လာသည့် မနက်ခင်း၏ လေပြည်လေးလို နူးညံ့ကာ အေးချမ်းသည့် အသံကြောင့် အိပ်နေရင်းပင် အသာပြုံးကာ တစ်ဖက်သို့ လှည့်ကာ ပြန်အိပ်လိုက်လေသည်၊၊ ကြည့်ရတာ သူ့ကိုယ်သူ အိပ်မက်ပင်လယ်ထဲ၌သာ ရှိသေးမှန်း ထင်နေပုံရလေသည်၊၊

*8 နာရီ ကျော်နေပြီနော် ကောင်လေး ...*

ထို့အပြင် သူ၏နားဖျားလေးထက်သို့ မထိမထိ လာလုပ်နေသော ခံစားမှုလေးကြောင့်ပါ Apo သူ၏ နားဖျားလေးကို လက်နှစ်ဖက်နှင့်အုပ်ကာ ကာထားလိုက်လေသည်၊၊ ထိုအခါ သူ့အား စနောက်နေသည့် P'Mile ဟာ သူ၏ နှာဖူးထက်သို့ အနမ်းတစ်ခု ခြွေလာလေသည်၊၊ ထို့နောက် နှစ်ယောက်သားလုံး အချင်းချင်း လုံးထွေးကာ မလွတ်တမ်းပင် စနောက်ရင်း ရယ်မောရင်း ရှိနေကြလေသည်၊၊

*အော် ဒီကလေး ကောင်းကောင်း နှိုးနေရင် မထဘူး *

ဖြန်း!

*အား!*

ရုတ်တရက် ကြည်နူးနေသည့် သူ၏ အိပ်မက်ဟာ တင်ပါးထပ်မှ စူးကနဲ နာကျင်သွားသည့် ခံစားမှု တစ်ခုကြောင့် ချက်ချင်းပင် မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်မိလေသည်၊၊ သို့သော် သူ့အား ကလူကြည်ဆယ်နေသည့် P'Mile အစား သူ့အား ကုတင်ဘေး၌ ခါးထောက်ကာ ကြည့်နေသည့် P'Mile ကြောင့် Apo သူ့ခေါင်းသူ ကုပ်ကာ မျက်နှာကလဲ ရှုပ်မဲ့သွားလေတော့သည်၊၊  အားကစား ဝတ်စုံနှင့် ချွေးအနည်းငယ် စို့နေသာ ပုံစံကို ကြည့်ခြင်းဖြင့် အခုမှ အားကစားလုပ်ပြီး ပြန်လာမှန်း သိသာပေသည်၊၊

*ခေါ်နေတာ ငါးမိနစ်လောက်ရှိပြီ၊၊ ဘာအိပ်မက်တွေများ မက်နေလို့ ဒီလောက်တောင် ပြုံးနေရတာလဲ *

Apo အစကတော့ အိပ်မက်ထဲမှာ ကြည်နူးနေပေမယ့် သူ၏ နာကျင်သွားသည့် တင်ပါးလေးအား အသာပွတ်ကာ သူ့အရှေ့ရှိ လူကြီးအား စကားအကောင်း ပြောချင်စိတ် ရှိမနေတော့ပေ၊၊

*အိပ်မက်ထဲမှာ ကျွန်တော်က P'Mile ကို Top နေတာတဲ့*

ပြောပြီးတာနှင့် Apo ခပ်ဆိုးဆိုးလေး ပြုံးပြလိုက်လေသည်၊၊

ထိုအခါ P'Mile ဟာ သူ့အား ကြည့်ကာ ဟက်ကနဲ ရယ်လာတော့သည်၊၊ ထို့နောက် ရပ်နေရာမှ သူထိုင်နေသော ကုတင်နားသို့ တိုးကပ်လာကာ ရယ်ရိပ်သန်းစွာနှင့်ပင် သူ့၏ နဖူးလေးအား လက်ညှိုးနှင့် လာတောက်လေသည်၊၊

*အိပ်မက်ဆိုတာ မက်ပြီးရင် ခုလို နိုးလာရတာပဲ မဟုတ်လား၊၊ ကျောင်းမနောက်ကျချင်ရင် အိပ်မက်ထဲက နိုးထ ပြီး ရေသွားချိုးတော့ *

Apo သူ့စကားနှင့်သူ ဒီလူကြီးဆီမှာ ထပ်ခံလိုက်ရတာမို့ မကျေနပ်စွာပင် သူ့နဖူးပေါ်က လက်အား ပုတ်ထုတ်ကာ ဆူပုတ်နေသည့် မျက်နှာနှင့် စောင်များအား ကန်ချကာ ရေချိုးခန်းဆီသို့ သွားရတော့သည်၊၊ ပိတ်ရက်တွေမှာ နားပြီး ပြီမို့ ဒီနေ့မှာတော့ သူ ကျောင်းတက်ရတော့မှာ ဖြစ်ပေသည်၊၊
ပိတ်ရက်အတွက် roll call ကတော့ P'Mile ပြန်တောင်းပေးမှာ ဖြစ်သော်လည်း ကျန်တဲ့ရက်တွေမှာ roll call အပြည့်ရမှ ဖြစ်မှာမို့ သူမကြိုးစားချင်သော်လည်း ကြိုးစားနေရမှာ ဖြစ်ပေသည်၊၊

Apo ရေချိုးခန်းသို့ ဝင်သွားလိုက်တော့ အဆင်သင့် ပြင်ပေးထားသည့် သွားပွတ်တံ မီးခိုးရောင်လေးအား ယူကာ ပျင်းရိစွာနှင့်ပင် တိုက်နေလိုက်လေသည်၊၊ ထို့နောက် ဘာရယ်မဟုတ် ရေချိုးခန်း ပတ်ဝန်းကျင်အား မျက်စိ လျှောက်ကစား ကြည့်တော့ တစ်ရိပ်ရိပ် ပြန်ပေါ်လာသည့် သူတို့ နှစ်ယောက်၏ ပုံရိပ်များကြောင့် မနက်ခင်း သူ့ညီလေး ပြန်တက်ကြွလာမည် စိုးသဖြင့် နောက်ဆုံး ရေချိုးခြင်းအား အမြန်ပင် လုပ်ဆောင်ကာ ရေချိုးခန်းထဲက ထွက်လာခဲ့လိုက်တော့သည်၊၊

ထို့နောက် ခေါင်းက ရေစက်လက်အား လက်တစ်ဖက်နှင့် သုတ်ရင်းပင် ခြောက်ကန့်လောက်ရှိသော နံရံကပ် ဘီဒီုကြီးအား ဖွင့်ကာ သူ၏ ကျောင်းဝတ်စုံအား ထုတ်ယူလိုက်လေသည်၊၊ အခုဆိုလျှင် သူတောင် သတိမထားလိုက်မိခင်မှာပင် သူ၏ အသုံးအဆောင် အဝတ်အစား အများစုဟာ P'Mile ၏ အခန်းထဲ၌ နေရာယူနေပြီ ဖြစ်လေသည်၊၊ သူ့အဖေသာ
သူ၏ အသက် 21 နှစ်အရွယ် သားလိမ္မာလေးဟာ ကျောင်းက အားကစားနည်းပြနဲ့ အတူနေသည်ကို သိလျှင် အတော်လေး shock ရသွားနိုင်လောက်ပေသည်၊၊

သူ့အဖေ၏ shock ရနေသော မျက်နှာအား တွေးကြည့်လိုက်ပြန်တော့လဲ ရယ်ရတာမို့ Apo တစ်ချက်ပြုံးကာ ဆံပင်ကိုသာ ခြောက်အောင် dryer မှုတ်လိုက်လေသည်၊၊ ထို့နောက် ရိုးရှင်းစွာပင် suncream လောက်ကိုသာ မျက်နှာထပ်၌ တင်ကာ လွယ်အိတ်ကို ပုခုံးပေါ်တင်ရင်း ထွက်လာခဲ့လိုက်တော့သည်၊၊

သူထွက်လာတာနှင့် မီးဖိုချောင်ထဲ၌ ရေဆေးနေသံကြားတာမို့ တစ်ဆက်တည်းဖြစ်သည့် ထမင်းစားခန်းထဲကို ဝင်လာလိုက်တော့ သူ့အား နောက်ကျောပေးထားကာ အလုပ်ရှုပ်နေသော P'Mile အား တွေ့လိုက်ရလေသည်၊၊ အဝတ်အစား အပြည့်အစုံ ဝတ်ထားပြီးပြီ ဖြစ်တာမို့ သပ်ရပ်ကာ ခန့်ညားနေသည့် ထိုလူကြီး၏ နောက်ကျောပြင်ကြီးအား Apo အရသာရှိရှိပင် မေးထောက်ရင်း ထိုင်ကြည့်နေလိုက်လေသည်၊၊

ထို့နောက် သိပ်ပင်မကြာလိုက် ပန်းကန်ပြား နှစ်ခုအား ကိုင်ကာ P'Mile ဟာ ထမင်းစားပွဲဆီသို့ ပြန်ရောက်လာလေတော့သည်၊၊

*ရော့ စားတော့၊၊ မနက်စာဆိုတာ လူတစ်ယောက်အတွက် အရေးအကြီးဆုံးပဲ *

Apo ခေါင်းသာ အသာငြိမ့်ပြလိုက်ကာ သူ့အရှေ့က ပန်းကန်အား ကြည့်လိုက်လေတော့ ဝက်ပေါက်ခြောက်ကြော်၊ ကြက်အူချောင်းကြော်နှင့် ပေါင်မုန့်မီးကင် နှစ်ချက်ပါဝင်ပေသည်၊၊ ထို့အပြင် မပြီးသေး ၊ ကြက်ဥမွှေကြော်နှင့် ထောပတ်သီး အစိမ်းများလဲ ပါဝင်ပေသေးသည်၊၊ Apo ထိုအစားအစာ အများကြီးအား ကြည့်ကာ စားရမှာကိုပင် လန့်လာလေတော့သည်၊၊

*ကော်ဖီ ကော P'Mile*

*အရင်စားပြီးမှ သောက်ရမယ် *

*ဘာလို့လဲ~ *

Apo စိတ်ညစ်စွာနှင့်ပင် အသံရှည်စွဲကာ ပြောလိုက်လေသည်၊၊

*မင်း ကော်ဖီသောက်ပြီးရင် ဘာစားတော့လို့လဲ *

Apo သူ့အား စားနေရင်း မျက်လုံးလှန်ကာ မေးလာသည့် လူကြီးကြောင့် မတတ်သာစွာပင် ငြိမ်နေလိုက်ရတော့သည်၊၊P'Mile ပြောတာလဲ ဟုတ်နေသည်မို့ သူထက်ပြီး ပြိုင်ငြင်းမနေတော့ပဲ အရင်ဆုံး ကြက်အူချောင်း တစ်ခုကိုသာ ခက်ရင်းနဲ့ထိုးကာ ထိုင်စားနေလိုက်လေတော့သည်၊၊

*ကျွန်တော် ဒါကြီးတွေတော့ ကုန်အောင် မစားနိုင်ဘူးနော်*

Apo တစ်ခါတည်း ပြောထားခြင်း ဖြစ်ပေသည်၊၊ သူဟာ အစားဂျေးများသည်မှာ မှန်သော်လည်း အစားအသောက်အား သူကြိုက်လျှင်တော့ စားလိုက်တာပင်၊ သို့သော်လည်း သူ့အနေနှင့် တစ်နေ့စားနှုန်းဟာ ဒီမနက်စာလောက်ပင် ရှိပေလောက်မည်၊၊

*ကုန်သလောက်စား၊ ဒါပေမယ့် တစ်ဝက်လောက်တော့ စားလိုက် *

Apo သူ့ရှေ့က မနက်စားတွေကို တစ်လှည့် P'Mile ကို တစ်လှည့်ကြည့်လိုက်လေသည်၊၊ ထို့နောက် အမြင်ကပ်စွာပင် သက်ပျင်းအသာချကာ ပေါင်မုန့်မီးကင်ပေါ်သို့ ထောပတ်သီး အနည်းငယ်တင်ကာ တစ်ကိုက် ကိုက်လိုက်လေသည်၊၊ ထို့နောက် သူ့ရှေ့က အစားအသောက်ကိုသာ အာရုံစိုက်နေကာ ကောင်းကောင်းစားနေသော လူကြီးအား ကြည့်ကာ မျက်ဆံကို လှန်လိုက်လေသည်၊၊

*အားကစား သမားလို့ကို မပြောရဘူး *

*ကိုယ် အားကစားသမား လုပ်တုန်းက ဒီထပ် နှစ်ဆစားရတာ*

Apo ကြားလိုက်ရသည့် စကားအား ယုံပါသည်၊၊ အထူးသဖြင့် လက်ဝှေ့ကစားသူတွေဟာ ဝိတ်တန်းတင်ရန်အတွက် protein ပါတာတွေကိုသာ နေ့စဥ်စားသောက်ရတာမို့ အတော်လေး စားရလေသည်၊၊
သို့သော် အခုတောင် ဒီလူကြီး ဒီလောက်အားသန်နေလျှင် အားကစား သမားဘဝကလို ပြန်စားပါက သူ့အား တစ်ချက်ဖိတာနှင့် သူအရိုးတွေ ကျိုးသွားနိုင်လောက်ပေသည်၊၊

သို့သော် သူဟာလဲ သူ့ရဲ့ အဖိုးတန်တဲ့ ခန္ဓာကိုယ်အား ထိန်းသိမ်းရန် အရမ်းစားလို့ မဖြစ်တာမို့ ထိုပေါင်မုန့်နှစ်ခု ကုန်တာနှင့် စားနေတာကို ရပ်လိုက်လေတော့သည်၊၊ ထိုအခါ P'Mile ဟာ စားနေရင်းပင် သူ့အား မျက်လုံးလှန်ကာ ကြည့် လာလေသည်၊၊

*ဒီလောက်စားရင် တော်ရောပေါ့၊၊ ကျွန်တော့်ရဲ့ ခါး 26 လေးကို P'Mile ရော မကြိုက်လို့လား *

သူ့ဘက်ကနေ ရုပ်တည်နဲ့ မေးလိုက်မှသာ ထိုလူကြီးဟာ သူ့အား ဘာမှဆက်မပြောလာတော့၊ စားနေရာကနေ ထကာ တစ်ဖက် ကော်ဖီဖျော်သည့် စက်နားသို့ ထသွားကာ သူ့အတွက် ကော်ဖီဖျော်လာပေးလေတော့သည်၊၊

မွှေးပျံ့နေသည့် ကော်ဖီ ပူပူလေးအား သူ့အရှေ့သို့ ရောက်လာလျှင် ရောက်လာခြင်း Apo တစ်ဝကြီး ရှိုက်ကာ ရှူပစ်လိုက်လေသည်၊၊ ထို့နောက်မှ အသာမှုတ်ကာ တစ်ငုံခန့် သောက်ကြည့်လေတော့ ခါးသက်ကာ စိမ့်နေသည့် အရသာလေးဟာ သူ၏ လျှာဖျားလေးအတွင်း စီးဝင်သွားလေတော့သည်၊၊

P'Mile နဲ့ ပက်သက်ပြီး ပြစ်ချက်ရယ်လို့ သိပ်မရှိသော်လည်း အခုလို ကော်ဖီပါ ဖျော်တတ်သည့် လူနှင့် တွဲရတာ သူ့အတွက်တော့ အရာအားလုံးဟာ စိုစိုပြည်ပြည်ပင် ဖြစ်လေသည်၊၊

ထို့နောက် မနက်စာစားခြင်းအား နှစ်ယောက်သားလုံး ဆယ်မိနစ်နှင့်ပင် အဆုံးသတ်လိုက်ကာ ကျောင်းသို့ ထွက်လာခဲ့လိုက်လေတော့သည်၊၊ သို့သော် P'Mile ဆင်းလာသည့် parking အထပ်ဟာ သူ ဒီကိုလာလျှင် ရပ်နေကြ 10 ထပ်မြောက်က parking မဟုတ်ပဲ အခြားအထပ်က parking ဖြစ်ပြီး ထို အထပ်၌ ကားများ ပြည့်ကျပ်နေအောင် မရပ်ထားပဲ သုံးလေးစီး နှင့် ဆိုင်ကယ်တစ်စီးကိုသာ သူတွေ့လိုက်ရလေသည်၊၊

*ဒါက ဘယ်သူတွေအတွက် parking လဲဟင်၊၊ ကျွန်တော် ကားတွေလဲ သိပ်မတွေ့ပါလား *

Apo မော်ဒယ်မြင့်ကားများအား တစ်ချက်ကြည့်ကာ မျက်လုံး လက်လက်လေးတွေနှင့် မေးကြည့်လိုက်လေသည်၊၊
သို့သော် တစ်နေရာအရောက် သူ့အား underground လက်ဝှေ့ပွဲ၌ လာခေါ်သည့် လေးထောင့်ပုံစံ အမဲရောင် Mercedez ကားကြီးကြောင့် Apo ၏ အကြည့်များဟာ P'Mile ထံသို့ ရောက်သွားလေတော့သည်၊၊

*ဒီကားက ဟိုနေ့ညက ...*

*မင်းတောင် တစ်ထပ်လုံး ဝယ်ပြီး ကွန်ဒိုလုပ်ထားသေးတာပဲ၊၊ ကိုယ်လဲ parking လေးတစ်ခုတော့ ဝယ်နိုင်ပါတယ်ကွ *

P'Mile ကတော့ သူ့အား ခပ်ပြုံးပြုံးလေးပင် ပြန်ဖြေလာလေသည်၊၊ ထို့နောက် သူ၏ လက်ဆွဲအိတ်ထဲမှ တစ်စုံတစ်ခုအား နှိုက်ထုတ်လာကာ သူ့အရှေ့သို့ ချပေးလာလေသည်၊၊

*အထူးတစ်လည် စီးချင်တဲ့ ကားရှိရင် ရွေးလိုက် Po*

သူ့အရှေ့သို့ ချပြလာသည်က ကားသော့ လေးခုဖြစ်ပြီး နှစ်ခုမှာ Mercedez အမျိုးအစား ဖြစ်ပြီး တစ်ခုမှာ Porsche ဖြစ်ပြီး နောက်ဆုံး တစ်မျိုးမှာ BMW ဖြစ်ပေသည်၊၊

Apo ရုတ်တရက်ကြီး သူ့ဦးလေး ဖြစ်သူအား သူကြွေးကျော်ထားဖူးသည့် သူ့အား sponsor ပေးချင်နေသည့် sugar daddy တွေမှ ပုံလို့ ဆိုသည့် စကားအား သူ့နားထဲ ပြန်ကြားယောင်မိလာလေသည်၊၊

*ဟက် !*

ထို့နောက် ကိုယ့်ဟာကိုယ် သဘောကျသွာပင် တစ်ချက်ရယ်လိုက်ကာ သူ့အရှေ့က P'Mile အား ခပ်ပြုံးပြုံလေးကြည့်ကာ လက်မောင်းအား တစ်ချက်ထိုးလိုက်လေသည်၊၊

*Wow...ကျွန်တော်တွဲနေတဲ့ သူက sugar daddy ပဲ ဟားဟား *

Mile သူ့ရှေ့က ကောင်လေးထံမှ sugar daddy ဟု အခေါ်ခံလိုက်ရသည့်အခါ အတိုင်းထက်အလွန် ပြုံးချင်နေသည့် သူ၏ မျက်နှာအား မျက်နှာပိုး သတ်လိုက်ကာ  မျက်ခုံးသာ ပင့်ပြလိုက်လေသည်၊၊

*ကဲ ကျောင်းနောက်မကျခင် ဘာစီးမှာလဲ ရွေးတော့ *

*ကြိမ်းသေပေါက် ဒါပဲပေါ့ *

သူ၏ စကားပင် မဆုံးသေး ထိုကောင်ဆိုးလေး ချက်ချင်း ကောက်ရွေးလိုက်သည့်ကားဟာ တစ်နေ့က သူထိုကောင်လေးအား သွားခေါ်သည့် လေးထောင့်ပုံစံ Mercedezကား အနက်ရောင်လေး ဖြစ်နေပေသည်၊၊
ထို့ကြောင့် သူ ထိုကားသော့လေးကိုသာ ကောက်ကိုင်လိုက်ကာ ကျန်သည့် သော့များအား အိတ်ထဲသို့ ပြန်ထည့်လိုက်လေတော့သည်၊၊ ထို့နောက်မှာတော့ ပါကင်ကနေ ခန့်ခန့်ထည်ထည်နှင့် ထွက်လာသည့် ကားဟာ မြို့လည်ခေါ်ရှိ Private University တစ်ခုဆီသို့ ဦးတည် လာလေတော့သည်၊၊

~~~~~~~~~~~~~~~

ကျောင်းဝင်းထဲသို့ သူတို့၏ ကားဝင်လာတာနှင့် ကျောင်းသားများ၏ အကြည့်များဟာ ဤကားဆီသို့သာ စုပြုံလာလေတော့သည်၊၊ Apo ကားမှန်၏ အပြင်ဘက်အား ကြည့်ကာ စိတ်ထဲ၌ အသာကြိတ်ပြုံးလိုက်လေသည်၊၊ လူတွေ သူ့အပေါ် အာရုံစိုက်နေသည်ကို သူကြိုက်လဲ ကြိုက်သလို၊ ကြိုက်လဲ မကြိုက်ပေ၊၊ သို့သော် သူ့လိုလူမျိုးနှင့် တွဲနေသည့် သူ၏ အဆင့်အတန်းတစ်ခုအား လူတွေကိုတော့ သူသိစေချင်မိလေသည်၊၊

*ကိုယ်တို့ အရမ်းကြီး ထင်းနေလွန်းတာ မဟုတ်ဘူးလား*

ရုတ်တရက် ကားမောင်းသည့် ခုံမှ P'Mile ၏ စကားအား ကြားလိုက်ရသည့် အခါ Apo ခပ်ဆိုးဆိုးလေးသာ ပြုံးလိုက်လေသည်၊၊

*စိတ်မပူပါနဲ့ ကျွန်တော်က ဒီလို အာရုံစိုက်ခံရတာ ရိုးနေပြီလေ၊၊ P'Mile ကတော့ နည်းပြဆိုတော့ ကလေးတွေ သိပ်မရှိုးရဲလောက်ပါဘူး ၊၊ ကြည့်ခြင်းကြည့် မနာလိုလို့ကြည့်တာနဲ့ အားကျလို့ ကြည့်တာ နှစ်ခုပဲ ဖြစ်မှာပေါ့ *

Mile သူ့အား ပေါ့ပေါ့ပါးပါးပဲ အဖြေပြန်ပေးလာသည့် ကောင်လေးကြောင့် ခေါင်းကိုသာ အသာခါလိုက်လေသည်၊၊ တကယ်ကို ဒီကောင်လေးဟာ ကလေးပါပင်၊၊ သူ့အနေနှင့် တစ်ခါတစ်လေ အလိုလိုက်တာ များသွားပြီလားလို့ စဥ်းစားကြည့်သော်လည်း အခုလို ဒီကောင်လေး  သူ့ကိုယ်သူ အားရနေသည်ကို မြင်ရတော့လဲ သူသဘောကျပေသည်၊၊

ကားအား ထုံးစံအတိုင်းပင် ဌာနရှေ့ရှိ ပါကင်၌ ဝင်ထိုးလိုက်ကြလေသည်၊၊ Apo ကလဲ အရင်အတိုင်းပင် ကားရပ်တာနှင့် ကားထဲကနေ တက်ကြွစွာ ထွက်လာလေတော့သည်၊၊ အနီးအနားရှိ ကျောင်းသား အားလုံးဟာ ထိုကားအား အစကတော့ စိတ်ဝင်စားနေကြပေမယ့် ကားထဲက ထွက်လာသူမှာ သူတို့ကျောင်း၏ တစ်မိုးအောက်တစ်ယောက် Nattawin ဖြစ်နေသည့်အခါမှာတော့ ထူးထွေပြီး အံ့သြမနေတော့ပေ၊၊
ဘာ့ကြောင့်ဆို Nattawin နှင့်  luxury ဆိုသည့် အသုံးအနှုန်းဟာ ခွဲခြား၍ မရခဲ့သောကြောင့် ဖြစ်ပေသည်၊၊

ဘုတ်!

သို့သော် နောက်ထပ် ကားတစ်ခါး ပိတ်သံနှင့်အတူ driver seat မှ ထွက်လာသည့် နေကာမျက်မှန်နှင့် ခန့်ညားထည်ဝါနေသည့် သူတို့၏ အားကစား နည်းပြ ဖြစ်သူကြောင့် ကျောင်းသားများအားလုံး၏ မေးများဟာ အလိုလို ကျသွားလေတော့သည်၊၊ သူတို့အနေနှင့် ဒီနှစ်ယောက်ကြားထဲ၌ တစ်ခုခုရှိနေသသည်ကို သတိထားမိကြသော်လည်း အခုလို ကျောင်းသို့ sugar daddy နှင့် baby vibe ဖမ်းလာမည်မှန်း ဘယ်သူမှ မထင်ခဲ့မိပေ၊၊  ထို့အပြင် ဒီနေ့မှ နေကာမျက်မှန်လေး တစ်ခုသာ ပို၍ တပ်လာသော်လည်း သာမန်နေ့များထပ် ပို၍ ထင်းထွက်နေသည့် နည်းပြဖြစ်သူ၏ ပုံစံကြောင့် ကျောင်းသူလေးအချို့မှာ နှမြောတစ်သခြင်းများနှင့်ကြည့် နေကြရုံသာ တတ်နိုင်ပေသည်၊၊

*Hey boy!*

သို့သော် သူတို့အားလုံး၏ မြင်ကွင်းထဲသို့ ရုတ်တရက် ဝင်လာသည့် နောက်ထပ် တစ်စုံတစ်ယောက်ကြောင့် အားလုံးမှာ ခေတ္တ ငြိမ်သက် သွားကြလေတော့သည်၊၊

Apo သူ့ဆီသို့ အပြုံးမျက်နှာ တစ်ခုနှင့် လျှောက်လာနေသည့် ရင်းနှီးလွန်းနေသော မျက်နှာကြောင့် ခဏ ကြောင်ကာ ကြည့်နေမိလေသည်၊၊ သို့သော် အနားသို့ ရောက်သည့်အခါ တွေ့လိုက်ရသည့် အညိုရောင် ဆံပင်နှင့် ဖြူညပ်လှသည့် အသားအရည်ပိုင်ရှင် ကောင်လေးအား သေချာမြင်လိုက်ရသည့်အခါ ဝမ်းပန်းတစ်သာနှင့်ပင် ခေါ်မိလေသည်၊၊

*OMG! Ryan !!*

Apo သူ့အရှေ့က မမြင်တာ ကြာပြီ ဖြစ်သည့် အရင်က  ရင်းနှီးခဲ့ဖူးသော တစ်စုံတစ်ယောက်အား သာမန်ထပ် ပြုံးပျော်သည့် မျက်နှာနှင့်ပင် ကြိုဆိုလိုလေသည်၊၊ ထို့နောက် သူ့အား လက်ကမ်းပေးလာသည့်အခါ အားပါပါ ပြန်ဖမ်းဆုပ်လိုက်ကာ ပုခုံးချင်းတိုက်ရင်း နှုတ်ဆက်လိုက်ကြလေတော့သည်၊၊

*Long time no see boy !*

*ဘယ်လို လုပ်ကျောင်းထိ ရောက်လာရတာလဲ *

Apo လူချင်းပြန်ခွာကာ Ryan အား မော့ကြည့်ရင်း မေးလိုက်လေသည်၊၊ ထိုအခါ လူရှုပ်အပြုံးနှင့် ကိုယ်တော်ချောဟာ သူ့အား ခပ်ပြောင်ပြောင်မျက်နှာထားနှင့် ပြန်ဖြေလာလေသည်၊၊

*Suprise!!*

*အလကား မသိရင် ငါပဲ ဧည့်ဝတ်မကျေသလို ဖြစ်တော့မယ် လခွမ်း!*

Apo တစ်ဖက်လူအား အမြင်ကပ်သလို ရင်ဘတ်အား လက်သီးနှင့် တစ်ချက် ထိုးပေးလိုက်လေသည်၊

*အ့ ! လက်သီးက အရင်လို ပြင်းဆဲပဲနော် ဟ ဟ!*

Ryan ဟာ နာသွားသည့် သူ၏ ရင်ဘတ်အား ကိုင်ကာ ဟန်ဆောင်ပန်ဆောင်နှင့် ပြန်ပြောလာသည့်အခါ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရယ်မိလေသည်၊၊

*အဟမ်း!. ..*

သို့သော် ရုတ်တရက် သူတို့အနောက်မှ ထွက်လာသည့် ချောင်းဟန့်သံတစ်ခုဟာ Apo အား အသိတရား ပြန်ဝင်စေပါသည်၊၊ ထို့ကြောင့် အနောက်သို့ လှည့်ကြည့်လိုက်သည့်အခါ သူ့အား နေကာမျက်မှန်ကြီး မချွတ်ပဲ စိုက်ကြည့် နေသည့် လူကြီးအား တွေ့လိုက်ရလေတော့သည်၊၊ ထိုအခါမှသာ Apo လဲ Ryan နားကနေ နောက်ဆုတ်ကာ P'Mile ၏ လက်မောင်းအား ကိုင်ကာ မိတ်ဆက်ပေးလိုက်လေသည်၊၊

*Ryan ဒါက အခု ငါ့ရဲ့ လက်ရှိ ...*

*Partner?. ..Wow... He is so handsome.
Nice to meet you Sir. .. *

သူ့စကားပင် မဆုံးသေးခင် ပြောချင်တာ ပြောလာသည့် သူကြောင့် Apo မထူးသည့်အဆုံး ခေါင်းသာ ငြိမ့်ပြလိုက်လေတော့သည်၊၊ ထို့နောက် Ryan အား ပြန်မနှုတ်ဆက်ပဲ ကြည့်သာ ကြည့်နေသည့် P'Mile ၏ လက်မောင်းအား Apo အသာညှစ်လိုက်တော့မှသာ ပြန်နှုတ်ဆက်လာလေတော့သည်၊၊

*Mile Phakphum ပါ ၊၊ *

*I'm Ryan. ..wait! Mile Phakphum ?...The MMA guy ?*

Ryan ဟာ P'Mile အား တန်းပင် သိသွားတာမို့ Apo လဲ မချင့်မရဲသာ ပြုံးပြရင်း ခေါင်းငြိမ့်ပြလိုက်လေတော့သည်၊၊ သူလက်ဝှေ့ကစားတာ ဝါသနာပါတာ အခုမှ မဟုတ်၊၊
New York မှာတည်းက လက်ဝှေ့ပွဲတွေ ကြည့်တတ်သည်ကို သိသည့် Ryan ဟာ တစ်ခါတစ်လေဆို သူပါ လိုက်ကြည့်ပေးရတာမို့ P'Mile အား သိနေခြင်း ဖြစ်ပေသည်၊၊

*အရင်ကပါ *

P'Mile က ဒီတစ်ခုပဲ ပြောကာ နှစ်ယောက်သား လက်ချင်းဖြုတ်လိုက်ကြလေတော့သည်၊၊ Apo လဲ P'Mile အား Ryan နှင့် ပက်သက်၍ သူ့ဘက်ကနေ မပြောပြရသေးတာမို့ အနည်းငယ် နေရတာ တုန့်ဆုတ်သွားလေတော့သည်၊၊

သို့သော် သူတို့ သုံးယောက်ကြား၌ နေရတာ မခက်စေဖို့အတွက် Apo ကပဲ ကြားထဲကနေ ဆည်းလည်းလေးလို လုပ်ရလေတော့သည်၊၊

*ဘာလို့ ကျောင်းထိ လိုက်လာတာလဲ Ryan *

*Why? မင်းကို ခေါ်ပြီး လျှောက်လည်မလို့ပေါ့၊၊ ဒီနေ့ ကိုယ့်ရဲ့ first day in your country လေကွာ*

လိုတာထပ်ပို၍ တက်ကြွနေသော ကိုယ်တော်ချောအား ကြည့်ကာ Apo စိတ်ပျက်စွာပင် ခေါင်းခါမိပေတော့သည်၊၊ Ryan က ဒီအထိ လာခေါ်လည်း ဒီနေ့မှ ကျောင်းစတက်ပြီး ကျောင်းခန်းထဲတောင် မဝင်ရသေးခင် ကျောင်းထပ်လစ်ဖို့ကို သူ့ဘေးက လူကြီးက ခွင့်ပြုလောက်မည် မဟုတ်ပေ၊၊ သို့သော်လည်း ကြိုးစားသည့် အနေနှင့် P'Mile အား တစ်ချက်လှည့်ကြည့်လိုက်လေတော့ သူ့အား တစ်ချက်ပဲ ကြည့်ကာ ပြတ်ပြတ်ပင် ပြောလာလေသည်၊၊

*ဒီနေ့မှ Monday ပဲရှိသေးတာနော် Po *

P'Mile ၏ စကားအား သူကော Ryan ကော နှစ်ယောက်လုံးဟာ ကြားခဲ့တာမို့ Apo သူ့အား ထူးဆန်းသလို ကြည့်နေသည့် Ryan အား ပုခုံးသာ တွန့်ပြလိုက်လေတော့သည်၊၊

*OMG! no way! Are you a real Apo?*

Apo လိုလူမျိုးဟာ တစ်စုံတစ်ယောက်က မသွားနဲ့ဟု တားတာနှင့် မသွားမည့်သူ မဟုတ်တာမို့ အခုလို P'Mile ၏ စကားတစ်ခွန်းကြောင့် မသွားတော့သည်ကို တွေ့လိုက်ရသောအခါ Ryan မှာ အတော်လေး ထူးဆန်းသွားမှာ သူနားလည်ပါသည်၊၊ ထို့ကြောင့် မထူးသည့် နောက်တော့ Apo ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်လေတော့သည်၊၊

*He's my dominant, Ryan *

*အာ...*

Apo ထိုသို့ ပြောလိုက်တော့မှသာ Ryan တစ်ယောက် ပါးစပ်လေး စိသွားလေတော့သည်၊၊

ထိုအချိန်မှာပင် P'Mile ဟာ လက်ထဲမှ နာရီအား တစ်ချက်ကြည့်ကာ ပြောလာလေသည်၊၊

*ကျောင်းချိန်ရောက်နေပြီဆိုတော့ သွားလိုက်ဦးမယ်၊၊ အတန်းချိန်နောက်မကျခင် လာခဲ့နော် Po  *

Apo ခေါင်းသာ ငြိမ့်ကာ တုံ့ပြန်လိုက်လေသည်၊၊

*Ok. Ok Mr.Phakphum. ..see u later !*

P'Mile က Ryanအား ကြည့်ကာခေါင်းငြိမ့်သွားပြပြီး အရင်ဆုံး လှေကား ထစ်တို့ ပေါ်သို့ တက်သွားလေတော့သည်၊၊ ထိုအခါ Apo လဲ Ryan အား လက်မောင်းကိုသာ အသာပုတ်လိုက်ကာ အမြန်ပင် နှုတ်ဆက်လိုက်လေတော့သည်၊၊

*See u you tonight. I'll text you. ..*

Apo ဒီလောက်ပဲ ပြောခဲ့ကာ ခြေလှမ်းကြဲကြီးတွေနဲ့ သွားနေပြီ ဖြစ်တဲ့ P'Mile အနောက် အမြန်လိုက်ရတော့သည်၊၊

*P'Mile !*

Apo လိုက်လို့ မှီသွားသည့် အခါ P'Mile ၏ လက်ကောက်ဝတ်အား ဆွဲကာ တားလိုက်လေသည်၊၊ သို့သော် သူတို့ နှစ်ယောက်လုံး အခုရောက်နေတာ Lobby မှာ ဖြစ်တာမို့ P'Mile ဟာ သူ့အား အကြည့်နှင့် သတိပေးလာလေသည်၊၊

*ဒါဆို ခေါင်မိုးထပ် ခဏသွားမယ်၊၊ *

*ဘာမှအရေးမကြီးရင် ကိုယ်တို့ နောက်မှ...*

*Ryan နဲ့ ကျွန်တော်နဲ့ ပက်သက်မှုကို ပြောမလို့ဆိုရင်ကော*

Apo ၏ စကားသံအဆုံး P'Mile ဟာ ထပ်ပြီး ဘာမှမပြောလာခဲ့တော့၊၊ ခဏတာ တွေးတောနေပုံရပြီး တစ်အောင့်ကြာမှသာ သူ့အား လေးလေးနက်နက် ကြည့်လာလေသည်၊၊

*ကိုယ် မင်းကို မယုံလို့ မဟုတ်ဘူးနော် *

P'Mile ၏ စကားကြောင့် Apo ရင်ထဲ၌ သိမ့်သိမ့်လေး ခံစားသွားရလေသည်၊၊ ဒီလူကြီး တော်ကီပဲ ကြွယ်လွန်းတာလား၊ လူတစ်ယောက်ကို စိတ်လုံခြုံမှုပေးနိုင်လွန်းတာလား မသိပေ၊၊ သို့သော် သူ့အတွက်တော့ ဒီလူကြီးဟာ Gentleman ဆန်လှပေသည်၊၊

*အင်း ကျွန်တော်သိတယ် *

~~~~~~~~~~~~~~

မနက် ကိုး နာရီကျော်နေပြီမို့ လေပြည်လေညင်းလေးတွေဟာ မနက်စောစောလောက် မလက်ဆတ်နေတော့ပေ၊၊ သို့သော်လည်း နေရောင် နွေးနွေးလေးအောက်၌ နှစ်ယောက်သားလုံး ဘေးခြင်းယှဥ် ရပ်နေရင်း ကျောင်းအောက်ရှိ ကျောင်းသားများအား ကြည့်နေမိလေသည်၊၊

*Ryan ,သူက ကျွန်တော့်ရဲ့ ရည်းစားဟောင်း P'Mile ၊၊ ကျွန်တော် ပြောဖူးတဲ့ ဒီလောကထဲကို ကျွန်တော့်ကို ခေါ်လာခဲ့တဲ့သူဆိုတာ ...*

Apo စကားပြောအပြီး သူ့ဘေးရှိ လူကြီးအား တစ်ချက် လှမ်းကြည့်လိုက်လေသည်၊၊ P'Mile ၏ မျက်နှာ၌ အနေခက်သွားသည်လဲ မရှိသလို၊ မနာလိုသည့် အရိပ်လဲ မရှိနေပေ၊၊ ကန်ရေပြင်လို တည်ငြိမ်နေစမြဲသာ၊၊

*ကိုယ် သိပြီ Po ၊၊ မင်း ကိုယ်တိုင် ခွင့်ပြုထားတဲ့ ခင်မင်မှုကို ကိုယ် သံသယ မဝင်ပါဘူး၊၊ ကိုယ်တို့ တစ်ယောက်ကို တစ်ယောက် ယုံကြည်လို့ပဲ စခဲ့ကြတာ မဟုတ်လား*

ထိုလေးနက်သည့် စကားအဆုံး သူ့အား အနွေးထွေးဆုံး ပြုံးပြလာသည့် P'Mile ကြောင့် Apo နေရောင်ခြည်အောက်က တည်ကြည်လေးနက်သော ထိုယောကျ်ားအား မလွတ်တမ်း ငေးကြည့်နေမိလေသည်၊၊
ဘာလိုလိုနဲ့ သူ့ဘက်ကနေ ဒီလူ့အပေါ်  သူ့အား အရယူရန် အခွင့်အရေးပေးရန် ဆုံးဖြတ်ပေးခဲ့ပေမယ့်  အရင်ဆုံး သူ့ဘက်ကနေ ဒီလူ့အပေါ် ယိမ်းယိုင် လာတော့မှာလား ဟူသော အတွေးဟာ သူ၏ ခေါင်းထဲ၌ ရုတ်တရက် ပေါ်ပေါက်လာလေတော့သည်၊၊ 

ထို့ကြောင့် Apo သူ၏ ခန္ဓာကိုယ်အား P'Mile ဘက်သို့ တည့်တည့် လှည့်လိုက်ကာ P'Mile အား မော့ကြည့်လိုက်လေသည်၊၊

*အင်း...ငါတော့ ဒုက္ခ ချောချောလေး တွေ့ပြီပဲ *

>>>>>>>>>>>>>>>>>>>>T.B.C

A/N

Hello my loves. ဒီတစ်ခါလဲ ကြာသွားတာ သိပေမယ့် စောင့်နေပေးကြတာ ကျေးဇူးပါလို့၊၊ တစ်လက်စတည်း လီလီ့ရဲ့ schedule ကိုပါ ပြောပြခဲ့မယ်နော်၊၊ လီလီက တစ်ပတ်လုံးမှာ စနေနေ့ ညနေဘက်ကနေ တနင်္လာနေ့ ညအထိ အားပါတယ်၊၊ အဲ့တော့ တစ်ပတ်မှာ တစ်ပိုင်းလောက်ပဲ တင်ဖြစ်တော့မယ်လို့ ထင်ပါတယ်၊၊ 😞

(Zawgyi)

*Po...ထေတာ့ေလ *

Apo သူ၏ အသိစိတ္ထဲသို႔ တစ္စိမ့္စိမ့္ဝင္လာသည့္ မနက္ခင္း၏ ေလျပည္ေလးလို ႏူးညံ့ကာ ေအးခ်မ္းသည့္ အသံေၾကာင့္ အိပ္ေနရင္းပင္ အသာၿပဳံးကာ တစ္ဖက္သို႔ လွည့္ကာ ျပန္အိပ္လိုက္ေလသည္၊၊ ၾကည့္ရတာ သူ႕ကိုယ္သူ အိပ္မက္ပင္လယ္ထဲ၌သာ ရွိေသးမွန္း ထင္ေနပုံရေလသည္၊၊

*8 နာရီ ေက်ာ္ေနၿပီေနာ္ ေကာင္ေလး ...*

ထို႔အျပင္ သူ၏နားဖ်ားေလးထက္သို႔ မထိမထိ လာလုပ္ေနေသာ ခံစားမႈေလးေၾကာင့္ပါ Apo သူ၏ နားဖ်ားေလးကို လက္ႏွစ္ဖက္ႏွင့္အုပ္ကာ ကာထားလိုက္ေလသည္၊၊ ထိုအခါ သူ႕အား စေနာက္ေနသည့္ P'Mile ဟာ သူ၏ ႏွာဖူးထက္သို႔ အနမ္းတစ္ခု ေႁခြလာေလသည္၊၊ ထို႔ေနာက္ ႏွစ္ေယာက္သားလုံး အခ်င္းခ်င္း လုံးေထြးကာ မလြတ္တမ္းပင္ စေနာက္ရင္း ရယ္ေမာရင္း ရွိေနၾကေလသည္၊၊

*ေအာ္ ဒီကေလး ေကာင္းေကာင္း ႏွိုးေနရင္ မထဘူး *

ျဖန္း!

*အား!*

႐ုတ္တရက္ ၾကည္ႏူးေနသည့္ သူ၏ အိပ္မက္ဟာ တင္ပါးထပ္မွ စူးကနဲ နာက်င္သြားသည့္ ခံစားမႈ တစ္ခုေၾကာင့္ ခ်က္ခ်င္းပင္ မ်က္လုံးအစုံကို ဖြင့္ၾကည့္လိုက္မိေလသည္၊၊ သို႔ေသာ္ သူ႕အား ကလူၾကည္ဆယ္ေနသည့္ P'Mile အစား သူ႕အား ကုတင္ေဘး၌ ခါးေထာက္ကာ ၾကည့္ေနသည့္ P'Mile ေၾကာင့္ Apo သူ႕ေခါင္းသူ ကုပ္ကာ မ်က္ႏွာကလဲ ရႈပ္မဲ့သြားေလေတာ့သည္၊၊ အားကစား ဝတ္စုံႏွင့္ ေခြၽးအနည္းငယ္ စို႔ေနသာ ပုံစံကို ၾကည့္ျခင္းျဖင့္ အခုမွ အားကစားလုပ္ၿပီး ျပန္လာမွန္း သိသာေပသည္၊၊

*ေခၚေနတာ ငါးမိနစ္ေလာက္ရွိၿပီ၊၊ ဘာအိပ္မက္ေတြမ်ား မက္ေနလို႔ ဒီေလာက္ေတာင္ ၿပဳံးေနရတာလဲ *

Apo အစကေတာ့ အိပ္မက္ထဲမွာ ၾကည္ႏူးေနေပမယ့္ သူ၏ နာက်င္သြားသည့္ တင္ပါးေလးအား အသာပြတ္ကာ သူ႕အေရွ႕ရွိ လူႀကီးအား စကားအေကာင္း ေျပာခ်င္စိတ္ ရွိမေနေတာ့ေပ၊၊

*အိပ္မက္ထဲမွာ ကြၽန္ေတာ္က P'Mile ကို Top ေနတာတဲ့*

ေျပာၿပီးတာႏွင့္ Apo ခပ္ဆိုးဆိုးေလး ၿပဳံးျပလိုက္ေလသည္၊၊

ထိုအခါ P'Mile ဟာ သူ႕အား ၾကည့္ကာ ဟက္ကနဲ ရယ္လာေတာ့သည္၊၊ ထို႔ေနာက္ ရပ္ေနရာမွ သူထိုင္ေနေသာ ကုတင္နားသို႔ တိုးကပ္လာကာ ရယ္ရိပ္သန္းစြာႏွင့္ပင္ သူ႕၏ နဖူးေလးအား လက္ညွိုးႏွင့္ လာေတာက္ေလသည္၊၊

*အိပ္မက္ဆိုတာ မက္ၿပီးရင္ ခုလို နိုးလာရတာပဲ မဟုတ္လား၊၊ ေက်ာင္းမေနာက္က်ခ်င္ရင္ အိပ္မက္ထဲက နိုးထ ၿပီး ေရသြားခ်ိဳးေတာ့ *

Apo သူ႕စကားႏွင့္သူ ဒီလူႀကီးဆီမွာ ထပ္ခံလိုက္ရတာမို႔ မေက်နပ္စြာပင္ သူ႕နဖူးေပၚက လက္အား ပုတ္ထုတ္ကာ ဆူပုတ္ေနသည့္ မ်က္ႏွာႏွင့္ ေစာင္မ်ားအား ကန္ခ်ကာ ေရခ်ိဳးခန္းဆီသို႔ သြားရေတာ့သည္၊၊ ပိတ္ရက္ေတြမွာ နားၿပီး ၿပီမို႔ ဒီေန႕မွာေတာ့ သူ ေက်ာင္းတက္ရေတာ့မွာ ျဖစ္ေပသည္၊၊
ပိတ္ရက္အတြက္ roll call ကေတာ့ P'Mile ျပန္ေတာင္းေပးမွာ ျဖစ္ေသာ္လည္း က်န္တဲ့ရက္ေတြမွာ roll call အျပည့္ရမွ ျဖစ္မွာမို႔ သူမႀကိဳးစားခ်င္ေသာ္လည္း ႀကိဳးစားေနရမွာ ျဖစ္ေပသည္၊၊

Apo ေရခ်ိဳးခန္းသို႔ ဝင္သြားလိုက္ေတာ့ အဆင္သင့္ ျပင္ေပးထားသည့္ သြားပြတ္တံ မီးခိုးေရာင္ေလးအား ယူကာ ပ်င္းရိစြာႏွင့္ပင္ တိုက္ေနလိုက္ေလသည္၊၊ ထို႔ေနာက္ ဘာရယ္မဟုတ္ ေရခ်ိဳးခန္း ပတ္ဝန္းက်င္အား မ်က္စိ ေလွ်ာက္ကစား ၾကည့္ေတာ့ တစ္ရိပ္ရိပ္ ျပန္ေပၚလာသည့္ သူတို႔ ႏွစ္ေယာက္၏ ပုံရိပ္မ်ားေၾကာင့္ မနက္ခင္း သူ႕ညီေလး ျပန္တက္ႂကြလာမည္ စိုးသျဖင့္ ေနာက္ဆုံး ေရခ်ိဳးျခင္းအား အျမန္ပင္ လုပ္ေဆာင္ကာ ေရခ်ိဳးခန္းထဲက ထြက္လာခဲ့လိုက္ေတာ့သည္၊၊

ထို႔ေနာက္ ေခါင္းက ေရစက္လက္အား လက္တစ္ဖက္ႏွင့္ သုတ္ရင္းပင္ ေျခာက္ကန့္ေလာက္ရွိေသာ နံရံကပ္ ဘီဒီုႀကီးအား ဖြင့္ကာ သူ၏ ေက်ာင္းဝတ္စုံအား ထုတ္ယူလိုက္ေလသည္၊၊ အခုဆိုလွ်င္ သူေတာင္ သတိမထားလိုက္မိခင္မွာပင္ သူ၏ အသုံးအေဆာင္ အဝတ္အစား အမ်ားစုဟာ P'Mile ၏ အခန္းထဲ၌ ေနရာယူေနၿပီ ျဖစ္ေလသည္၊၊ သူ႕အေဖသာ
သူ၏ အသက္ 21 ႏွစ္အ႐ြယ္ သားလိမၼာေလးဟာ ေက်ာင္းက အားကစားနည္းျပနဲ႕ အတူေနသည္ကို သိလွ်င္ အေတာ္ေလး shock ရသြားနိုင္ေလာက္ေပသည္၊၊

သူ႕အေဖ၏ shock ရေနေသာ မ်က္ႏွာအား ေတြးၾကည့္လိုက္ျပန္ေတာ့လဲ ရယ္ရတာမို႔ Apo တစ္ခ်က္ၿပဳံးကာ ဆံပင္ကိုသာ ေျခာက္ေအာင္ dryer မႈတ္လိုက္ေလသည္၊၊ ထို႔ေနာက္ ရိုးရွင္းစြာပင္ suncream ေလာက္ကိုသာ မ်က္ႏွာထပ္၌ တင္ကာ လြယ္အိတ္ကို ပုခုံးေပၚတင္ရင္း ထြက္လာခဲ့လိုက္ေတာ့သည္၊၊

သူထြက္လာတာႏွင့္ မီးဖိုေခ်ာင္ထဲ၌ ေရေဆးေနသံၾကားတာမို႔ တစ္ဆက္တည္းျဖစ္သည့္ ထမင္းစားခန္းထဲကို ဝင္လာလိုက္ေတာ့ သူ႕အား ေနာက္ေက်ာေပးထားကာ အလုပ္ရႈပ္ေနေသာ P'Mile အား ေတြ႕လိုက္ရေလသည္၊၊ အဝတ္အစား အျပည့္အစုံ ဝတ္ထားၿပီးၿပီ ျဖစ္တာမို႔ သပ္ရပ္ကာ ခန့္ညားေနသည့္ ထိုလူႀကီး၏ ေနာက္ေက်ာျပင္ႀကီးအား Apo အရသာရွိရွိပင္ ေမးေထာက္ရင္း ထိုင္ၾကည့္ေနလိုက္ေလသည္၊၊

ထို႔ေနာက္ သိပ္ပင္မၾကာလိုက္ ပန္းကန္ျပား ႏွစ္ခုအား ကိုင္ကာ P'Mile ဟာ ထမင္းစားပြဲဆီသို႔ ျပန္ေရာက္လာေလေတာ့သည္၊၊

*ေရာ့ စားေတာ့၊၊ မနက္စာဆိုတာ လူတစ္ေယာက္အတြက္ အေရးအႀကီးဆုံးပဲ *

Apo ေခါင္းသာ အသာၿငိမ့္ျပလိုက္ကာ သူ႕အေရွ႕က ပန္းကန္အား ၾကည့္လိုက္ေလေတာ့ ဝက္ေပါက္ေျခာက္ေၾကာ္၊ ၾကက္အူေခ်ာင္းေၾကာ္ႏွင့္ ေပါင္မုန့္မီးကင္ ႏွစ္ခ်က္ပါဝင္ေပသည္၊၊ ထို႔အျပင္ မၿပီးေသး ၊ ၾကက္ဥေမႊေၾကာ္ႏွင့္ ေထာပတ္သီး အစိမ္းမ်ားလဲ ပါဝင္ေပေသးသည္၊၊ Apo ထိုအစားအစာ အမ်ားႀကီးအား ၾကည့္ကာ စားရမွာကိုပင္ လန့္လာေလေတာ့သည္၊၊

*ေကာ္ဖီ ေကာ P'Mile*

*အရင္စားၿပီးမွ ေသာက္ရမယ္ *

*ဘာလို႔လဲ~ *

Apo စိတ္ညစ္စြာႏွင့္ပင္ အသံရွည္စြဲကာ ေျပာလိုက္ေလသည္၊၊

*မင္း ေကာ္ဖီေသာက္ၿပီးရင္ ဘာစားေတာ့လို႔လဲ *

Apo သူ႕အား စားေနရင္း မ်က္လုံးလွန္ကာ ေမးလာသည့္ လူႀကီးေၾကာင့္ မတတ္သာစြာပင္ ၿငိမ္ေနလိုက္ရေတာ့သည္၊၊P'Mile ေျပာတာလဲ ဟုတ္ေနသည္မို႔ သူထက္ၿပီး ၿပိဳင္ျငင္းမေနေတာ့ပဲ အရင္ဆုံး ၾကက္အူေခ်ာင္း တစ္ခုကိုသာ ခက္ရင္းနဲ႕ထိုးကာ ထိုင္စားေနလိုက္ေလေတာ့သည္၊၊

*ကြၽန္ေတာ္ ဒါႀကီးေတြေတာ့ ကုန္ေအာင္ မစားနိုင္ဘူးေနာ္*

Apo တစ္ခါတည္း ေျပာထားျခင္း ျဖစ္ေပသည္၊၊ သူဟာ အစားေဂ်းမ်ားသည္မွာ မွန္ေသာ္လည္း အစားအေသာက္အား သူႀကိဳက္လွ်င္ေတာ့ စားလိုက္တာပင္၊ သို႔ေသာ္လည္း သူ႕အေနႏွင့္ တစ္ေန႕စားႏႈန္းဟာ ဒီမနက္စာေလာက္ပင္ ရွိေပေလာက္မည္၊၊

*ကုန္သေလာက္စား၊ ဒါေပမယ့္ တစ္ဝက္ေလာက္ေတာ့ စားလိုက္ *

Apo သူ႕ေရွ႕က မနက္စားေတြကို တစ္လွည့္ P'Mile ကို တစ္လွည့္ၾကည့္လိုက္ေလသည္၊၊ ထို႔ေနာက္ အျမင္ကပ္စြာပင္ သက္ပ်င္းအသာခ်ကာ ေပါင္မုန့္မီးကင္ေပၚသို႔ ေထာပတ္သီး အနည္းငယ္တင္ကာ တစ္ကိုက္ ကိုက္လိုက္ေလသည္၊၊ ထို႔ေနာက္ သူ႕ေရွ႕က အစားအေသာက္ကိုသာ အာ႐ုံစိုက္ေနကာ ေကာင္းေကာင္းစားေနေသာ လူႀကီးအား ၾကည့္ကာ မ်က္ဆံကို လွန္လိုက္ေလသည္၊၊

*အားကစား သမားလို႔ကို မေျပာရဘူး *

*ကိုယ္ အားကစားသမား လုပ္တုန္းက ဒီထပ္ ႏွစ္ဆစားရတာ*

Apo ၾကားလိုက္ရသည့္ စကားအား ယုံပါသည္၊၊ အထူးသျဖင့္ လက္ေဝွ႕ကစားသူေတြဟာ ဝိတ္တန္းတင္ရန္အတြက္ protein ပါတာေတြကိုသာ ေန႕စဥ္စားေသာက္ရတာမို႔ အေတာ္ေလး စားရေလသည္၊၊
သို႔ေသာ္ အခုေတာင္ ဒီလူႀကီး ဒီေလာက္အားသန္ေနလွ်င္ အားကစား သမားဘဝကလို ျပန္စားပါက သူ႕အား တစ္ခ်က္ဖိတာႏွင့္ သူအရိုးေတြ က်ိဳးသြားနိုင္ေလာက္ေပသည္၊၊

သို႔ေသာ္ သူဟာလဲ သူ႕ရဲ႕ အဖိုးတန္တဲ့ ခႏၶာကိုယ္အား ထိန္းသိမ္းရန္ အရမ္းစားလို႔ မျဖစ္တာမို႔ ထိုေပါင္မုန့္ႏွစ္ခု ကုန္တာႏွင့္ စားေနတာကို ရပ္လိုက္ေလေတာ့သည္၊၊ ထိုအခါ P'Mile ဟာ စားေနရင္းပင္ သူ႕အား မ်က္လုံးလွန္ကာ ၾကည့္ လာေလသည္၊၊

*ဒီေလာက္စားရင္ ေတာ္ေရာေပါ့၊၊ ကြၽန္ေတာ့္ရဲ႕ ခါး 26 ေလးကို P'Mile ေရာ မႀကိဳက္လို႔လား *

သူ႕ဘက္ကေန ႐ုပ္တည္နဲ႕ ေမးလိုက္မွသာ ထိုလူႀကီးဟာ သူ႕အား ဘာမွဆက္မေျပာလာေတာ့၊ စားေနရာကေန ထကာ တစ္ဖက္ ေကာ္ဖီေဖ်ာ္သည့္ စက္နားသို႔ ထသြားကာ သူ႕အတြက္ ေကာ္ဖီေဖ်ာ္လာေပးေလေတာ့သည္၊၊

ေမႊးပ်ံ့ေနသည့္ ေကာ္ဖီ ပူပူေလးအား သူ႕အေရွ႕သို႔ ေရာက္လာလွ်င္ ေရာက္လာျခင္း Apo တစ္ဝႀကီး ရွိုက္ကာ ရႉပစ္လိုက္ေလသည္၊၊ ထို႔ေနာက္မွ အသာမႈတ္ကာ တစ္ငုံခန့္ ေသာက္ၾကည့္ေလေတာ့ ခါးသက္ကာ စိမ့္ေနသည့္ အရသာေလးဟာ သူ၏ လွ်ာဖ်ားေလးအတြင္း စီးဝင္သြားေလေတာ့သည္၊၊

P'Mile နဲ႕ ပက္သက္ၿပီး ျပစ္ခ်က္ရယ္လို႔ သိပ္မရွိေသာ္လည္း အခုလို ေကာ္ဖီပါ ေဖ်ာ္တတ္သည့္ လူႏွင့္ တြဲရတာ သူ႕အတြက္ေတာ့ အရာအားလုံးဟာ စိုစိုျပည္ျပည္ပင္ ျဖစ္ေလသည္၊၊

ထို႔ေနာက္ မနက္စာစားျခင္းအား ႏွစ္ေယာက္သားလုံး ဆယ္မိနစ္ႏွင့္ပင္ အဆုံးသတ္လိုက္ကာ ေက်ာင္းသို႔ ထြက္လာခဲ့လိုက္ေလေတာ့သည္၊၊ သို႔ေသာ္ P'Mile ဆင္းလာသည့္ parking အထပ္ဟာ သူ ဒီကိုလာလွ်င္ ရပ္ေနၾက 10 ထပ္ေျမာက္က parking မဟုတ္ပဲ အျခားအထပ္က parking ျဖစ္ၿပီး ထို အထပ္၌ ကားမ်ား ျပည့္က်ပ္ေနေအာင္ မရပ္ထားပဲ သုံးေလးစီး ႏွင့္ ဆိုင္ကယ္တစ္စီးကိုသာ သူေတြ႕လိုက္ရေလသည္၊၊

*ဒါက ဘယ္သူေတြအတြက္ parking လဲဟင္၊၊ ကြၽန္ေတာ္ ကားေတြလဲ သိပ္မေတြ႕ပါလား *

Apo ေမာ္ဒယ္ျမင့္ကားမ်ားအား တစ္ခ်က္ၾကည့္ကာ မ်က္လုံး လက္လက္ေလးေတြႏွင့္ ေမးၾကည့္လိုက္ေလသည္၊၊
သို႔ေသာ္ တစ္ေနရာအေရာက္ သူ႕အား underground လက္ေဝွ႕ပြဲ၌ လာေခၚသည့္ ေလးေထာင့္ပုံစံ အမဲေရာင္ Mercedez ကားႀကီးေၾကာင့္ Apo ၏ အၾကည့္မ်ားဟာ P'Mile ထံသို႔ ေရာက္သြားေလေတာ့သည္၊၊

*ဒီကားက ဟိုေန႕ညက ...*

*မင္းေတာင္ တစ္ထပ္လုံး ဝယ္ၿပီး ကြန္ဒိုလုပ္ထားေသးတာပဲ၊၊ ကိုယ္လဲ parking ေလးတစ္ခုေတာ့ ဝယ္နိုင္ပါတယ္ကြ *

P'Mile ကေတာ့ သူ႕အား ခပ္ၿပဳံးၿပဳံးေလးပင္ ျပန္ေျဖလာေလသည္၊၊ ထို႔ေနာက္ သူ၏ လက္ဆြဲအိတ္ထဲမွ တစ္စုံတစ္ခုအား ႏွိုက္ထုတ္လာကာ သူ႕အေရွ႕သို႔ ခ်ေပးလာေလသည္၊၊

*အထူးတစ္လည္ စီးခ်င္တဲ့ ကားရွိရင္ ေ႐ြးလိုက္ Po*

သူ႕အေရွ႕သို႔ ခ်ျပလာသည္က ကားေသာ့ ေလးခုျဖစ္ၿပီး ႏွစ္ခုမွာ Mercedez အမ်ိဳးအစား ျဖစ္ၿပီး တစ္ခုမွာ Porsche ျဖစ္ၿပီး ေနာက္ဆုံး တစ္မ်ိဳးမွာ BMW ျဖစ္ေပသည္၊၊

Apo ႐ုတ္တရက္ႀကီး သူ႕ဦးေလး ျဖစ္သူအား သူေႂကြးေက်ာ္ထားဖူးသည့္ သူ႕အား sponsor ေပးခ်င္ေနသည့္ sugar daddy ေတြမွ ပုံလို႔ ဆိုသည့္ စကားအား သူ႕နားထဲ ျပန္ၾကားေယာင္မိလာေလသည္၊၊

*ဟက္ !*

ထို႔ေနာက္ ကိုယ့္ဟာကိုယ္ သေဘာက်သြာပင္ တစ္ခ်က္ရယ္လိုက္ကာ သူ႕အေရွ႕က P'Mile အား ခပ္ၿပဳံးၿပဳံေလးၾကည့္ကာ လက္ေမာင္းအား တစ္ခ်က္ထိုးလိုက္ေလသည္၊၊

*Wow...ကြၽန္ေတာ္တြဲေနတဲ့ သူက sugar daddy ပဲ ဟားဟား *

Mile သူ႕ေရွ႕က ေကာင္ေလးထံမွ sugar daddy ဟု အေခၚခံလိုက္ရသည့္အခါ အတိုင္းထက္အလြန္ ၿပဳံးခ်င္ေနသည့္ သူ၏ မ်က္ႏွာအား မ်က္ႏွာပိုး သတ္လိုက္ကာ မ်က္ခုံးသာ ပင့္ျပလိုက္ေလသည္၊၊

*ကဲ ေက်ာင္းေနာက္မက်ခင္ ဘာစီးမွာလဲ ေ႐ြးေတာ့ *

*ႀကိမ္းေသေပါက္ ဒါပဲေပါ့ *

သူ၏ စကားပင္ မဆုံးေသး ထိုေကာင္ဆိုးေလး ခ်က္ခ်င္း ေကာက္ေ႐ြးလိုက္သည့္ကားဟာ တစ္ေန႕က သူထိုေကာင္ေလးအား သြားေခၚသည့္ ေလးေထာင့္ပုံစံ Mercedezကား အနက္ေရာင္ေလး ျဖစ္ေနေပသည္၊၊
ထို႔ေၾကာင့္ သူ ထိုကားေသာ့ေလးကိုသာ ေကာက္ကိုင္လိုက္ကာ က်န္သည့္ ေသာ့မ်ားအား အိတ္ထဲသို႔ ျပန္ထည့္လိုက္ေလေတာ့သည္၊၊ ထို႔ေနာက္မွာေတာ့ ပါကင္ကေန ခန့္ခန့္ထည္ထည္ႏွင့္ ထြက္လာသည့္ ကားဟာ ၿမိဳ႕လည္ေခၚရွိ Private University တစ္ခုဆီသို႔ ဦးတည္ လာေလေတာ့သည္၊၊

~~~~~~~~~~~~~~~

ေက်ာင္းဝင္းထဲသို႔ သူတို႔၏ ကားဝင္လာတာႏွင့္ ေက်ာင္းသားမ်ား၏ အၾကည့္မ်ားဟာ ဤကားဆီသို႔သာ စုၿပဳံလာေလေတာ့သည္၊၊ Apo ကားမွန္၏ အျပင္ဘက္အား ၾကည့္ကာ စိတ္ထဲ၌ အသာႀကိတ္ၿပဳံးလိုက္ေလသည္၊၊ လူေတြ သူ႕အေပၚ အာ႐ုံစိုက္ေနသည္ကို သူႀကိဳက္လဲ ႀကိဳက္သလို၊ ႀကိဳက္လဲ မႀကိဳက္ေပ၊၊ သို႔ေသာ္ သူ႕လိုလူမ်ိဳးႏွင့္ တြဲေနသည့္ သူ၏ အဆင့္အတန္းတစ္ခုအား လူေတြကိုေတာ့ သူသိေစခ်င္မိေလသည္၊၊

*ကိုယ္တို႔ အရမ္းႀကီး ထင္းေနလြန္းတာ မဟုတ္ဘူးလား*

႐ုတ္တရက္ ကားေမာင္းသည့္ ခုံမွ P'Mile ၏ စကားအား ၾကားလိုက္ရသည့္ အခါ Apo ခပ္ဆိုးဆိုးေလးသာ ၿပဳံးလိုက္ေလသည္၊၊

*စိတ္မပူပါနဲ႕ ကြၽန္ေတာ္က ဒီလို အာ႐ုံစိုက္ခံရတာ ရိုးေနၿပီေလ၊၊ P'Mile ကေတာ့ နည္းျပဆိုေတာ့ ကေလးေတြ သိပ္မရွိုးရဲေလာက္ပါဘူး ၊၊ ၾကည့္ျခင္းၾကည့္ မနာလိုလို႔ၾကည့္တာနဲ႕ အားက်လိဳ႕ ၾကည့္တာ ႏွစ္ခုပဲ ျဖစ္မွာေပါ့ *

Mile သူ႕အား ေပါ့ေပါ့ပါးပါးပဲ အေျဖျပန္ေပးလာသည့္ ေကာင္ေလးေၾကာင့္ ေခါင္းကိုသာ အသာခါလိုက္ေလသည္၊၊ တကယ္ကို ဒီေကာင္ေလးဟာ ကေလးပါပင္၊၊ သူ႕အေနႏွင့္ တစ္ခါတစ္ေလ အလိုလိုက္တာ မ်ားသြားၿပီလားလို႔ စဥ္းစားၾကည့္ေသာ္လည္း အခုလို ဒီေကာင္ေလး သူ႕ကိုယ္သူ အားရေနသည္ကို ျမင္ရေတာ့လဲ သူသေဘာက်ေပသည္၊၊

ကားအား ထုံးစံအတိုင္းပင္ ဌာနေရွ႕ရွိ ပါကင္၌ ဝင္ထိုးလိုက္ၾကေလသည္၊၊ Apo ကလဲ အရင္အတိုင္းပင္ ကားရပ္တာႏွင့္ ကားထဲကေန တက္ႂကြစြာ ထြက္လာေလေတာ့သည္၊၊ အနီးအနားရွိ ေက်ာင္းသား အားလုံးဟာ ထိုကားအား အစကေတာ့ စိတ္ဝင္စားေနၾကေပမယ့္ ကားထဲက ထြက္လာသူမွာ သူတို႔ေက်ာင္း၏ တစ္မိုးေအာက္တစ္ေယာက္ Nattawin ျဖစ္ေနသည့္အခါမွာေတာ့ ထူးေထြၿပီး အံ့ၾသမေနေတာ့ေပ၊၊
ဘာ့ေၾကာင့္ဆို Nattawin ႏွင့္ luxury ဆိုသည့္ အသုံးအႏႈန္းဟာ ခြဲျခား၍ မရခဲ့ေသာေၾကာင့္ ျဖစ္ေပသည္၊၊

ဘုတ္!

သို႔ေသာ္ ေနာက္ထပ္ ကားတစ္ခါး ပိတ္သံႏွင့္အတူ driver seat မွ ထြက္လာသည့္ ေနကာမ်က္မွန္ႏွင့္ ခန့္ညားထည္ဝါေနသည့္ သူတို႔၏ အားကစား နည္းျပ ျဖစ္သူေၾကာင့္ ေက်ာင္းသားမ်ားအားလုံး၏ ေမးမ်ားဟာ အလိုလို က်သြားေလေတာ့သည္၊၊ သူတို႔အေနႏွင့္ ဒီႏွစ္ေယာက္ၾကားထဲ၌ တစ္ခုခုရွိေနသသည္ကို သတိထားမိၾကေသာ္လည္း အခုလို ေက်ာင္းသို႔ sugar daddy ႏွင့္ baby vibe ဖမ္းလာမည္မွန္း ဘယ္သူမွ မထင္ခဲ့မိေပ၊၊ ထို႔အျပင္ ဒီေန႕မွ ေနကာမ်က္မွန္ေလး တစ္ခုသာ ပို၍ တပ္လာေသာ္လည္း သာမန္ေန႕မ်ားထပ္ ပို၍ ထင္းထြက္ေနသည့္ နည္းျပျဖစ္သူ၏ ပုံစံေၾကာင့္ ေက်ာင္းသူေလးအခ်ိဳ႕မွာ ႏွေျမာတစ္သျခင္းမ်ားႏွင့္ၾကည့္ ေနၾက႐ုံသာ တတ္နိုင္ေပသည္၊၊

*Hey boy!*

သို႔ေသာ္ သူတို႔အားလုံး၏ ျမင္ကြင္းထဲသို႔ ႐ုတ္တရက္ ဝင္လာသည့္ ေနာက္ထပ္ တစ္စုံတစ္ေယာက္ေၾကာင့္ အားလုံးမွာ ေခတၱ ၿငိမ္သက္ သြားၾကေလေတာ့သည္၊၊

Apo သူ႕ဆီသို႔ အၿပဳံးမ်က္ႏွာ တစ္ခုႏွင့္ ေလွ်ာက္လာေနသည့္ ရင္းႏွီးလြန္းေနေသာ မ်က္ႏွာေၾကာင့္ ခဏ ေၾကာင္ကာ ၾကည့္ေနမိေလသည္၊၊ သို႔ေသာ္ အနားသို႔ ေရာက္သည့္အခါ ေတြ႕လိုက္ရသည့္ အညိုေရာင္ ဆံပင္ႏွင့္ ျဖဴညပ္လွသည့္ အသားအရည္ပိုင္ရွင္ ေကာင္ေလးအား ေသခ်ာျမင္လိုက္ရသည့္အခါ ဝမ္းပန္းတစ္သာႏွင့္ပင္ ေခၚမိေလသည္၊၊

*OMG! Ryan !!*

Apo သူ႕အေရွ႕က မျမင္တာ ၾကာၿပီ ျဖစ္သည့္ အရင္က ရင္းႏွီးခဲ့ဖူးေသာ တစ္စုံတစ္ေယာက္အား သာမန္ထပ္ ၿပဳံးေပ်ာ္သည့္ မ်က္ႏွာႏွင့္ပင္ ႀကိဳဆိုလိုေလသည္၊၊ ထို႔ေနာက္ သူ႕အား လက္ကမ္းေပးလာသည့္အခါ အားပါပါ ျပန္ဖမ္းဆုပ္လိုက္ကာ ပုခုံးခ်င္းတိုက္ရင္း ႏႈတ္ဆက္လိုက္ၾကေလေတာ့သည္၊၊

*Long time no see boy !*

*ဘယ္လို လုပ္ေက်ာင္းထိ ေရာက္လာရတာလဲ *

Apo လူခ်င္းျပန္ခြာကာ Ryan အား ေမာ့ၾကည့္ရင္း ေမးလိုက္ေလသည္၊၊ ထိုအခါ လူရႈပ္အၿပဳံးႏွင့္ ကိုယ္ေတာ္ေခ်ာဟာ သူ႕အား ခပ္ေျပာင္ေျပာင္မ်က္ႏွာထားႏွင့္ ျပန္ေျဖလာေလသည္၊၊

*Suprise!!*

*အလကား မသိရင္ ငါပဲ ဧည့္ဝတ္မေက်သလို ျဖစ္ေတာ့မယ္ လခြမ္း!*

Apo တစ္ဖက္လူအား အျမင္ကပ္သလို ရင္ဘတ္အား လက္သီးႏွင့္ တစ္ခ်က္ ထိုးေပးလိုက္ေလသည္၊

*အ့ ! လက္သီးက အရင္လို ျပင္းဆဲပဲေနာ္ ဟ ဟ!*

Ryan ဟာ နာသြားသည့္ သူ၏ ရင္ဘတ္အား ကိုင္ကာ ဟန္ေဆာင္ပန္ေဆာင္ႏွင့္ ျပန္ေျပာလာသည့္အခါ ႏွစ္ေယာက္သား တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ကာ ရယ္မိေလသည္၊၊

*အဟမ္း!. ..*

သို႔ေသာ္ ႐ုတ္တရက္ သူတို႔အေနာက္မွ ထြက္လာသည့္ ေခ်ာင္းဟန့္သံတစ္ခုဟာ Apo အား အသိတရား ျပန္ဝင္ေစပါသည္၊၊ ထို႔ေၾကာင့္ အေနာက္သို႔ လွည့္ၾကည့္လိုက္သည့္အခါ သူ႕အား ေနကာမ်က္မွန္ႀကီး မခြၽတ္ပဲ စိုက္ၾကည့္ ေနသည့္ လူႀကီးအား ေတြ႕လိုက္ရေလေတာ့သည္၊၊ ထိုအခါမွသာ Apo လဲ Ryan နားကေန ေနာက္ဆုတ္ကာ P'Mile ၏ လက္ေမာင္းအား ကိုင္ကာ မိတ္ဆက္ေပးလိုက္ေလသည္၊၊

*Ryan ဒါက အခု ငါ့ရဲ႕ လက္ရွိ ...*

*Partner?. ..Wow... He is so handsome.
Nice to meet you Sir. .. *

သူ႕စကားပင္ မဆုံးေသးခင္ ေျပာခ်င္တာ ေျပာလာသည့္ သူေၾကာင့္ Apo မထူးသည့္အဆုံး ေခါင္းသာ ၿငိမ့္ျပလိုက္ေလေတာ့သည္၊၊ ထို႔ေနာက္ Ryan အား ျပန္မႏႈတ္ဆက္ပဲ ၾကည့္သာ ၾကည့္ေနသည့္ P'Mile ၏ လက္ေမာင္းအား Apo အသာညွစ္လိုက္ေတာ့မွသာ ျပန္ႏႈတ္ဆက္လာေလေတာ့သည္၊၊

*Mile Phakphum ပါ ၊၊ *

*I'm Ryan. ..wait! Mile Phakphum ?...The MMA guy ?*

Ryan ဟာ P'Mile အား တန္းပင္ သိသြားတာမို႔ Apo လဲ မခ်င့္မရဲသာ ၿပဳံးျပရင္း ေခါင္းၿငိမ့္ျပလိုက္ေလေတာ့သည္၊၊ သူလက္ေဝွ႕ကစားတာ ဝါသနာပါတာ အခုမွ မဟုတ္၊၊
New York မွာတည္းက လက္ေဝွ႕ပြဲေတြ ၾကည့္တတ္သည္ကို သိသည့္ Ryan ဟာ တစ္ခါတစ္ေလဆို သူပါ လိုက္ၾကည့္ေပးရတာမို႔ P'Mile အား သိေနျခင္း ျဖစ္ေပသည္၊၊

*အရင္ကပါ *

P'Mile က ဒီတစ္ခုပဲ ေျပာကာ ႏွစ္ေယာက္သား လက္ခ်င္းျဖဳတ္လိုက္ၾကေလေတာ့သည္၊၊ Apo လဲ P'Mile အား Ryan ႏွင့္ ပက္သက္၍ သူ႕ဘက္ကေန မေျပာျပရေသးတာမို႔ အနည္းငယ္ ေနရတာ တုန့္ဆုတ္သြားေလေတာ့သည္၊၊

သို႔ေသာ္ သူတို႔ သုံးေယာက္ၾကား၌ ေနရတာ မခက္ေစဖို႔အတြက္ Apo ကပဲ ၾကားထဲကေန ဆည္းလည္းေလးလို လုပ္ရေလေတာ့သည္၊၊

*ဘာလို႔ ေက်ာင္းထိ လိုက္လာတာလဲ Ryan *

*Why? မင္းကို ေခၚၿပီး ေလွ်ာက္လည္မလို႔ေပါ့၊၊ ဒီေန႕ ကိုယ့္ရဲ႕ first day in your country ေလကြာ*

လိုတာထပ္ပို၍ တက္ႂကြေနေသာ ကိုယ္ေတာ္ေခ်ာအား ၾကည့္ကာ Apo စိတ္ပ်က္စြာပင္ ေခါင္းခါမိေပေတာ့သည္၊၊ Ryan က ဒီအထိ လာေခၚလည္း ဒီေန႕မွ ေက်ာင္းစတက္ၿပီး ေက်ာင္းခန္းထဲေတာင္ မဝင္ရေသးခင္ ေက်ာင္းထပ္လစ္ဖို႔ကို သူ႕ေဘးက လူႀကီးက ခြင့္ျပဳေလာက္မည္ မဟုတ္ေပ၊၊ သို႔ေသာ္လည္း ႀကိဳးစားသည့္ အေနႏွင့္ P'Mile အား တစ္ခ်က္လွည့္ၾကည့္လိုက္ေလေတာ့ သူ႕အား တစ္ခ်က္ပဲ ၾကည့္ကာ ျပတ္ျပတ္ပင္ ေျပာလာေလသည္၊၊

*ဒီေန႕မွ Monday ပဲရွိေသးတာေနာ္ Po *

P'Mile ၏ စကားအား သူေကာ Ryan ေကာ ႏွစ္ေယာက္လုံးဟာ ၾကားခဲ့တာမို႔ Apo သူ႕အား ထူးဆန္းသလို ၾကည့္ေနသည့္ Ryan အား ပုခုံးသာ တြန့္ျပလိုက္ေလေတာ့သည္၊၊

*OMG! no way! Are you a real Apo?*

Apo လိုလူမ်ိဳးဟာ တစ္စုံတစ္ေယာက္က မသြားနဲ႕ဟု တားတာႏွင့္ မသြားမည့္သူ မဟုတ္တာမို႔ အခုလို P'Mile ၏ စကားတစ္ခြန္းေၾကာင့္ မသြားေတာ့သည္ကို ေတြ႕လိုက္ရေသာအခါ Ryan မွာ အေတာ္ေလး ထူးဆန္းသြားမွာ သူနားလည္ပါသည္၊၊ ထို႔ေၾကာင့္ မထူးသည့္ ေနာက္ေတာ့ Apo ပြင့္ပြင့္လင္းလင္းသာ ေျပာလိုက္ေလေတာ့သည္၊၊

*He's my dominant, Ryan *

*အာ...*

Apo ထိုသို႔ ေျပာလိုက္ေတာ့မွသာ Ryan တစ္ေယာက္ ပါးစပ္ေလး စိသြားေလေတာ့သည္၊၊

ထိုအခ်ိန္မွာပင္ P'Mile ဟာ လက္ထဲမွ နာရီအား တစ္ခ်က္ၾကည့္ကာ ေျပာလာေလသည္၊၊

*ေက်ာင္းခ်ိန္ေရာက္ေနၿပီဆိုေတာ့ သြားလိုက္ဦးမယ္၊၊ အတန္းခ်ိန္ေနာက္မက်ခင္ လာခဲ့ေနာ္ Po *

Apo ေခါင္းသာ ၿငိမ့္ကာ တုံ႕ျပန္လိုက္ေလသည္၊၊

*Ok. Ok Mr.Phakphum. ..see u later !*

P'Mile က Ryanအား ၾကည့္ကာေခါင္းၿငိမ့္သြားျပၿပီး အရင္ဆုံး ေလွကား ထစ္တို႔ ေပၚသို႔ တက္သြားေလေတာ့သည္၊၊ ထိုအခါ Apo လဲ Ryan အား လက္ေမာင္းကိုသာ အသာပုတ္လိုက္ကာ အျမန္ပင္ ႏႈတ္ဆက္လိုက္ေလေတာ့သည္၊၊

*See u you tonight. I'll text you. ..*

Apo ဒီေလာက္ပဲ ေျပာခဲ့ကာ ေျခလွမ္းႀကဲႀကီးေတြနဲ႕ သြားေနၿပီ ျဖစ္တဲ့ P'Mile အေနာက္ အျမန္လိုက္ရေတာ့သည္၊၊

*P'Mile !*

Apo လိုက္လို႔ မွီသြားသည့္ အခါ P'Mile ၏ လက္ေကာက္ဝတ္အား ဆြဲကာ တားလိုက္ေလသည္၊၊ သို႔ေသာ္ သူတို႔ ႏွစ္ေယာက္လုံး အခုေရာက္ေနတာ Lobby မွာ ျဖစ္တာမို႔ P'Mile ဟာ သူ႕အား အၾကည့္ႏွင့္ သတိေပးလာေလသည္၊၊

*ဒါဆို ေခါင္မိုးထပ္ ခဏသြားမယ္၊၊ *

*ဘာမွအေရးမႀကီးရင္ ကိုယ္တို႔ ေနာက္မွ...*

*Ryan နဲ႕ ကြၽန္ေတာ္နဲ႕ ပက္သက္မႈကို ေျပာမလို႔ဆိုရင္ေကာ*

Apo ၏ စကားသံအဆုံး P'Mile ဟာ ထပ္ၿပီး ဘာမွမေျပာလာခဲ့ေတာ့၊၊ ခဏတာ ေတြးေတာေနပုံရၿပီး တစ္ေအာင့္ၾကာမွသာ သူ႕အား ေလးေလးနက္နက္ ၾကည့္လာေလသည္၊၊

*ကိုယ္ မင္းကို မယုံလို႔ မဟုတ္ဘူးေနာ္ *

P'Mile ၏ စကားေၾကာင့္ Apo ရင္ထဲ၌ သိမ့္သိမ့္ေလး ခံစားသြားရေလသည္၊၊ ဒီလူႀကီး ေတာ္ကီပဲ ႂကြယ္လြန္းတာလား၊ လူတစ္ေယာက္ကို စိတ္လုံၿခဳံမႈေပးနိုင္လြန္းတာလား မသိေပ၊၊ သို႔ေသာ္ သူ႕အတြက္ေတာ့ ဒီလူႀကီးဟာ Gentleman ဆန္လွေပသည္၊၊

*အင္း ကြၽန္ေတာ္သိတယ္ *

~~~~~~~~~~~~~~

မနက္ ကိုး နာရီေက်ာ္ေနၿပီမို႔ ေလျပည္ေလညင္းေလးေတြဟာ မနက္ေစာေစာေလာက္ မလက္ဆတ္ေနေတာ့ေပ၊၊ သို႔ေသာ္လည္း ေနေရာင္ ႏြေးႏြေးေလးေအာက္၌ ႏွစ္ေယာက္သားလုံး ေဘးျခင္းယွဥ္ ရပ္ေနရင္း ေက်ာင္းေအာက္ရွိ ေက်ာင္းသားမ်ားအား ၾကည့္ေနမိေလသည္၊၊

*Ryan ,သူက ကြၽန္ေတာ့္ရဲ႕ ရည္းစားေဟာင္း P'Mile ၊၊ ကြၽန္ေတာ္ ေျပာဖူးတဲ့ ဒီေလာကထဲကို ကြၽန္ေတာ့္ကို ေခၚလာခဲ့တဲ့သူဆိုတာ ...*

Apo စကားေျပာအၿပီး သူ႕ေဘးရွိ လူႀကီးအား တစ္ခ်က္ လွမ္းၾကည့္လိုက္ေလသည္၊၊ P'Mile ၏ မ်က္ႏွာ၌ အေနခက္သြားသည္လဲ မရွိသလို၊ မနာလိုသည့္ အရိပ္လဲ မရွိေနေပ၊၊ ကန္ေရျပင္လို တည္ၿငိမ္ေနစၿမဲသာ၊၊

*ကိုယ္ သိၿပီ Po ၊၊ မင္း ကိုယ္တိုင္ ခြင့္ျပဳထားတဲ့ ခင္မင္မႈကို ကိုယ္ သံသယ မဝင္ပါဘူး၊၊ ကိုယ္တို႔ တစ္ေယာက္ကို တစ္ေယာက္ ယုံၾကည္လို႔ပဲ စခဲ့ၾကတာ မဟုတ္လား*

ထိုေလးနက္သည့္ စကားအဆုံး သူ႕အား အႏြေးေထြးဆုံး ၿပဳံးျပလာသည့္ P'Mile ေၾကာင့္ Apo ေနေရာင္ျခည္ေအာက္က တည္ၾကည္ေလးနက္ေသာ ထိုေယာက်္ားအား မလြတ္တမ္း ေငးၾကည့္ေနမိေလသည္၊၊
ဘာလိုလိုနဲ႕ သူ႕ဘက္ကေန ဒီလူ႕အေပၚ  သူ႕အား အရယူရန္ အခြင့္အေရးေပးရန္ ဆုံးျဖတ္ေပးခဲ့ေပမယ့္  အရင္ဆုံး သူ႕ဘက္ကေန ဒီလူ႕အေပၚ ယိမ္းယိုင္ လာေတာ့မွာလား ဟူေသာ အေတြးဟာ သူ၏ ေခါင္းထဲ၌ ႐ုတ္တရက္ ေပၚေပါက္လာေလေတာ့သည္၊၊ 

ထို႔ေၾကာင့္ Apo သူ၏ ခႏၶာကိုယ္အား P'Mile ဘက္သို႔ တည့္တည့္ လွည့္လိုက္ကာ P'Mile အား ေမာ့ၾကည့္လိုက္ေလသည္၊၊

*အင္း...ငါေတာ့ ဒုကၡ ေခ်ာေခ်ာေလး ေတြ႕ၿပီပဲ *

>>>>>>>>>>>>>>>>>>>>T.B.C

A/N

Hello my loves. ဒီတစ္ခါလဲ ၾကာသြားတာ သိေပမယ့္ ေစာင့္ေနေပးၾကတာ ေက်းဇူးပါလို႔၊၊ တစ္လက္စတည္း လီလီ့ရဲ႕ schedule ကိုပါ ေျပာျပခဲ့မယ္ေနာ္၊၊ လီလီက တစ္ပတ္လုံးမွာ စေနေန႕ ညေနဘက္ကေန တနလၤာေန႕ ညအထိ အားပါတယ္၊၊ အဲ့ေတာ့ တစ္ပတ္မွာ တစ္ပိုင္းေလာက္ပဲ တင္ျဖစ္ေတာ့မယ္လို႔ ထင္ပါတယ္၊၊ 😞

Continue Reading

You'll Also Like

698K 40.2K 100
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...
644K 87.5K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
989K 58.8K 40
( ဥပဓိမောင် + ခွန်းရောင်ခြည် ) မဖတ်ခင်အသိပေးစာကိုဖတ်ပေးပါရန်။ ဤအရေးအသားသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်တာမို့ တိုက်ဆိုင်မှု့​ကြောင့်တစ်စုံတစ်ရာ နာမည်...