Unicode
...
အပိုင်း(၄)-တွေ့ဆုံခြင်း
....
ရက်စက်သည့်မိုးက စဲမည့်ပုံလည်းမပေါ်ချေ။ ပို၍တောင် သည်းသည်းထန်ထန် ရွာလာသေး၏။ဝမ်းရွမ်အိမ်ပြန်ရောက်သည့်အခါ သူမ၏ပုခုံးတို့က ရွှဲရွှဲစိုနေပြီဖြစ်သည်။ ထီးပေါ်မှ ရေစက်တို့ကိုခါချလိုက်ပြီးနောက် သူမဧည့်ခန်းဘက်သို့ လှမ်းကြည့်လိုက်သည်။
ဝမ်းမိသားစု၏ သခင်နှင့်သခင်မကြီးတို့က အိမ်တွင်ရှိနေပါ၏။ဝမ်းရွမ်၏အဖေက ဒီနေ့လိုမျိုးအလုပ်စောစော ပြီးသည်မှာ ရှားလှသည်။
အခုတော့ ပါးပါးဝမ်းနှင့်မားမားဝမ်းတို့က ဆိုဖာပေါ်တွင် ထိုင်နေကြပြီး တစ်ဦးကိုတစ်ဦးဖက်ထားကြကာ 'အနောက်ကျဆုံးရှစ်နာရီ´ ဟူသောတီဗီအစီအစဉ်ကို အတူတကွကြည့်နေကြသည်။
“နောက်ဆုံးတော့ မင်းသားနဲ့မင်းသမီးတို့တွေ့ကြပြီပဲ။
အိုင်း…”
“ထိုက်တန်ပါတယ်။ မင်းသားက မင်းသမီးကို အရင်က ကောင်းကောင်းတန်ဖိုးမထားခဲ့သော မင်းသမီးအနေနဲ့လည်းလွယ်လွယ်လေး ခွင့်မလွှတ်တာဖြစ်သင့်တယ်”
“အိုင်း…သူက ကိုယ့်ဆီကနေသင်ယူပြီး ဇနီးကိုပိုချစ်ပေးရမှာ”
“ရှင်ကလဲ အသက်ကဖြင့်ကြီးနေပြီကို”
“…”
လေထုအခြေအနေကလည်းကောင်းတယ်။
အချိန်ကလည်း ကွက်တိပဲ။
သူမရဲ့မိဘတွေက စိတ်ကောင်းဝင်နေကြသည့်ပုံပင်။
ဝမ်းရွမ်က တွက်ဆကြည့်လိုက်ပြီးနောက် ဤအချိန်က လက်ထပ်ပွဲဖျက်သိမ်းရန် အကောင်းအဆုံးအခွင့်အရေးဖြစ်သည်ဟု သတ်မှတ်လိုက်သည်။
သူမထုံးစံအတိုင်း ရေမိုးချိုးပြီးနောက် ပီခါကျူးညအိပ်ဂါဝန်ကိုဝတ်ကာ ရေစိုနေသည့်ဆံပင်ကို တဘတ်ဖြင့်ပတ်ထားလိုက်၏။ ပါးပါးဝမ်းနှင့် ၃၅ကြိမ်မြောက်စိတ်ပါလက်ပါ စကားပြောရန် သူမဆုံးဖြတ်လိုက်သည်။
“မစ္စတာဝမ်းဖုန်းချန် ကျွန်မရဲ့စေ့စပ်ပွဲအကြောင်းနဲ့ ပတ်သက်ပြီး စကားပြောချင်လို့”
ပါးပါးဝမ်းကတော့ မကြားမိသလိုသာ နေလိုက်သည်။
“ဒီကလေးမလေးက တော်တော်လှတာပဲ”
“ကျွန်မလည်း အဲ့လိုထင်တယ်။ သူကရွမ်ရွမ် ငယ်တုန်းကနဲ့ ရုပ်ဆင်တယ်လို့ ရှင်မထင်ဘူးလား။ လိမ္မာရေးခြား ရှိလိုက်တာ”
“မင်းသမီးရဲ့ကလေးက သူ့ရဲ့ကလေးမှန်း မင်းသားသိလောက်လား။သူတို့ဘာလို့ အဲ့အကြောင်းကို မပြောနိုင်ကြတာလဲ”
လျစ်လျူရှုခံလိုက်ရသည့် ဝမ်းရွမ်သည်တော့ အသက်ပြင်းပြင်းရှူလိုက်ကာ ရီမုတ်ကိုကောက်ယူလိုက်ပြီး တီဗီကိုပိတ်ပစ်လိုက်၏။ပါးပါးဝမ်း မျက်မှောင်ကြုံ့လိုက်သည်။
သူမကဆိုဖာပေါ်ထိုင်လိုက်ပြီး ပါးပါးဝမ်းဘက်ကို မျက်နှာမူလိုက်သည်။ သူမ၏လက်နှစ်ဖက်ကို ဒူးပေါ်တင်ထားလိုက်ကာ ရှေ့နေကဆွေးနွေးတော့မည့် ပုံစံလုပ်ပြလိုက်သည်။
“မစ္စတာဝမ်းဖုန်းချန် ဥပဒေဘွဲ့ရတစ်ယောက်အနေနဲ့ ကျွန်မရဲ့လွတ်လပ်ခွင့်အတွက် ဆွေးနွေးချင်ပါတယ်”
“ဥပမာအနေနဲ့?”
“ကျွန်မ လက်ထပ်ပွဲကို ဖျက်သိမ်းချင်ပါတယ်”
ပါးပါးဝမ်းက သူမကို ဒိုင်းခနဲကြည့်လိုက်သည်။
“ဆွေးနွေးလို့မရပါဘူး”
“မစ္စတာဝမ်းဖုန်းချန်, ကျွန်မက ဆုံးဖြတ်ချက်ချပြီးတဲ့အနေနဲ့ စေ့စပ်လက်စွပ်ကိုတောင် လွှင့်ပစ်လိုက်ပါပြီ”
ပါးပါးဝမ်းက စိတ်တိုသွားသည့်ပုံလည်းမပေါ်သည့်အပြင် ရေနွေးကြမ်းတောင် တစ်ငုံသောက်လိုက်ကာ ခပ်ဖြည်းဖြည်း ပြန်ပြောလာ၏။
“အသုံးမဝင်ဘူး။လက်ထောက်ကျိုးကို နောက်တစ်စုံသွားလုပ်ခိုင်းလို့ရတယ်”
ဘယ်လိုပဲဖြစ်ဖြစ် ဒီလောက်ငွေပမာဏလေးကို သုံးလိုက်လို့လည်း မမွဲသွားဘူးလေ။
“…”
ဒါက သူဌေးတွေအတွက် အရိုးရှင်းဆုံးနဲ့အရိုင်းဆုံးဖြေရှင်းနည်းပဲလေ။ ဝမ်းရွမ်က ဗျူဟာပြောင်းရန် ဆုံးဖြတ်လိုက်ပြီး သိမ်သိမ်မွေ့မွေ့လေးနှင့် ပြောလာပြန်၏။
“ဖေဖေ အခုကလွတ်လပ်တဲ့အိမ်ထောင်ရေးအတွက် ထောက်ခံပေးရမှာလေ”
“ဖေဖေက သမီးလှည့်ဖြားခံရမှာပဲ စိုးရိမ်တာ။ သမီးမေ့သွားပြီလား။ သမီးမူလတန်းတုန်းက သူများပေးတဲ့သကြားလုံးယူပြီး လူကုန်ကူးခံရတော့မလို့လေ။ ဒုတိယသခင်လေးဖုက တည်ကြည်တဲ့ရှေ့နေတစ်ယောက်ဖြစ်ပြီး ကိုယ်ကျင့်တရားလည်းကောင်းမွန်တယ်။ သမီးက သူနဲ့လုံးဝကိုလိုက်ဖက်တယ်”
ကမ္ဘာပေါ်ရှိမိဘများအားလုံးက ဤကဲ့သို့သောကိစ္စများနဲ့ပတ်သက်လျှင် အမြဲမှတ်ဉာဏ်ကောင်းကြသည်မှာ ဖြစ်နိုင်သည်။
ပါးပါးဝမ်း၏ခေါင်းမာမှုက ဝမ်းရွမ်ကိုအကွက်ရွှေ့စေလိုက်သည်။သူမက ချက်ချင်းထရပ်လိုက်ပြီး နောက်လှည့်လိုက်ကာ အော်ပြောတော့၏။
“အန်တီချန်! ကျွန်မကိုပစ္စည်းတွေကူထုပ်ပိုးပေး။
ကျွန်မ ဒီညထွက်သွားတော့မယ်”
“ရွမ်ရွမ် နောက်ကျနေပြီလေ။သမီး ဘယ်သွားမလို့လဲ”
မားမားဝမ်း ထိုစကားကိုကြားသည့်အခါ ချက်ချင်းမျက်မှောင်ကြုံ့လိုက်ပြီးပါးပါးဝမ်းကို ဖက်ထားသည့်လက်တို့ကလည်း လျော့ရဲသွား၏။
ဝမ်းရွမ်က တည်တည်ငြိမ်ငြိမ်နှင့် ပြန်ဖြေလိုက်သည်။
“အိမ်ကနေ ထွက်ပြေးမလို့။လက်ထပ်ပွဲကို မဖျက်မချင်းကျွန်မ အိမ်ပြန်လာမှာမဟုတ်ဘူး”
အိမ်ကနေ ထွက်ပြေးမလို့?ထိုစကားထွက်လာသည့်အခါ တစ်အိမ်လုံး ခဏတိတ်ဆိတ်သွားသည်။
အန်တီချန်တစ်ယောက် အမိန့်ပေးခံလိုက်ရလိုက်သည့်အခါ ကြောင်စီစီဖြစ်သွားပြီး သခင်ကြီးနှင့်သခင်မကြီးတို့ကို မဝံ့မရဲကြည့်လိုက်ကာ နေရာတောင်မရွှေ့ရဲတော့ပေ။
ပါးပါးဝမ်းက ရေနွေးကြမ်းခွက်ကိုယူလိုက်ကာ တစ်ငုံသောက်လိုက်ပြန်၏။
“ထွက်သွားပလေ့စေ။သူ ကလေးအရွယ်ကနေ အခုထိ အိမ်ကနေ အကြာကြီး ထွက်သွားတဲ့အချိန်ဆိုလို့ မူလတန်းစာမေးပွဲ ကျတုန်းကပဲရှိတယ်။ကိုယ် သူ့ကိုဆုံးမလိုက်တော့ ပန်းခြံဘက်ကိုပြေးထွက်သွားပြီး အဲ့က ခုံတန်းရှည်ပေါ်မှာ တစ်နေ့လုံးထိုင်နေခဲ့တာပဲ မဟုတ်လား”
ထိုမျှအထိ ပြောပြီးသည့်အခါ ပါးပါးဝမ်းကရပ်လိုက်ပြီး တစ်စုံတစ်ခုကို ပြန်တွေးနေလေ၏။ထို့နောက် သူက ဆက်ပြောလာသည်။
“အမှန်ပဲ။ဒါပေမဲ့ အဲ့ဒါကတစ်နေ့လုံးလို့တော့ ပြောလို့မရပါဘူးလေ။ဘာလို့ဆို နေ့တစ်ဝက်မှာတင် သူဗိုက်ဆာတော့ အိမ်ကို ခိုးကြောင်ခိုးဝှက်ပြန်လာတာ”
“ဒီလိုမျိုး ကျောထောက်နောက်ခံနဲ့ သူကဘယ်နေရာများ သွားနိုင်မှာမို့လို့လဲ”
ဝမ်းရွမ်က မတ်တပ်ရပ်နေရင်း ပါးပါးဝမ်းကိုခဏတာမျှ ကြည့်နေ၏။ သို့သော်လည်းထင်ထားသလိုမျိုး သူမက စိတ်ဆိုးခြင်းလည်းမရှိသလို ထသောင်းကျန်းနေခြင်းမျိုးလည်း မရှိချေ။
သူမက အချိန်အကြာကြီး တိတ်ဆိတ်နေလိုက်ပြီးနောက် စကားတစ်ခွန်းမှထပ်မဆိုတော့ဘဲ အပေါ်ထပ်သို့ လှည့်ထွက်သွားတော့သည်။
မားမားဝမ်းက ဝမ်းရွမ်ထွက်သွားသည်ကိုမြင်ပြီး စိုးရိမ်စိတ်နှင့် ‘အိုင်း’ ဟုရေရွတ်လိုက်တော့သည်။ထို့နောက် မားမားဝမ်းက သမီးလေးကို တားရန်ထလိုက်သော်လည်း သူမဘေးနားတွင်ထိုင်နေသော ပါးပါးဝမ်းက တားဆီးလိုက်သည်။
“ယောက်ျား……ကလေးက မစေ့စပ်ချင်ဘူး။ပြီးတော့ ဒုတိယသခင်လေးဖုကလည်း သူ့ရဲ့စိတ်ကိုရှင်းရှင်းလင်းလင်းဖော်ပြလိုက်ပြီလို့ ကျွန်မထင်တယ်။ဒါဆို စေ့စပ်ပွဲကိုဖျက်ဖို့က ပိုကောင်း…”
“မင်းဘာသိလို့လဲ”
ဝမ်းဖုန်းချန်က အလျင်မလိုဘဲ ရေနွေးကြမ်းခွက်ကို ဖြည်းညင်းစွာ ပြန်ချထားလိုက်ကာ သက်ပြင်းချပြီးပြောလာ၏။
“အဲ့ဒီကလေးက ရွမ်ရွမ်ကလေးဘဝကတည်းက ရွမ်ရွမ်ကို သေချာကာကွယ်ပေးခဲ့တာ။ မဟုတ်ရင် အဲ့ဒီလူကုန်ကူးခံရတဲ့ကိစ္စကြောင့် ရွမ်ရွမ် ဒီနေ့ဒီအချိန်မှာ ဒီလိုရပ်နေနိုင်မှာမဟုတ်ဘူး။အခုအချိန်မှာ ရွမ်ရွမ်ကိုသာဖိအားမပေးရင် ဘယ်လိုလုပ်ပြီး လောကကြီးထဲ စွန့်စားသွားလာနိုင်မှာလဲ”
⭐⭐⭐⭐⭐⭐⭐
.
.
Zawgyi
...
အပိုင္း(၄)-ေတြ႕ဆုံျခင္း
....
ရက္စက္သည့္မိုးက စဲမည့္ပုံလည္းမေပၚေခ်။ ပို၍ေတာင္ သည္းသည္းထန္ထန္ ရြာလာေသး၏။ဝမ္းရြမ္အိမ္ျပန္ေရာက္သည့္အခါ သူမ၏ပုခုံးတို့က ရႊဲရႊဲစိုေနၿပီျဖစ္သည္။ ထီးေပၚမွ ေရစက္တို့ကိုခါခ်လိုက္ၿပီးေနာက္ သူမဧည့္ခန္းဘက္သို့ လွမ္းၾကည့္လိုက္သည္။
ဝမ္းမိသားစု၏ သခင္ႏွင့္သခင္မႀကီးတို့က အိမ္တြင္ရွိေနပါ၏။ဝမ္းရြမ္၏အေဖက ဒီေန႔လိုမ်ိဳးအလုပ္ေစာေစာ ၿပီးသည္မွာ ရွားလွသည္။
အခုေတာ့ ပါးပါးဝမ္းႏွင့္မားမားဝမ္းတို့က ဆိုဖာေပၚတြင္ ထိုင္ေနၾကၿပီး တစ္ဦးကိုတစ္ဦးဖက္ထားၾကကာ 'အေနာက္က်ဆုံးရွစ္နာရီ´ ဟူေသာတီဗီအစီအစဥ္ကို အတူတကြၾကည့္ေနၾကသည္။
“ေနာက္ဆုံးေတာ့ မင္းသားနဲ႔မင္းသမီးတို့ေတြ႕ၾကၿပီပဲ။
အိုင္း…”
“ထိုက္တန္ပါတယ္။ မင္းသားက မင္းသမီးကို အရင္က ေကာင္းေကာင္းတန္ဖိုးမထားခဲ့ေသာ မင္းသမီးအေနနဲ႔လည္းလြယ္လြယ္ေလး ခြင့္မလႊတ္တာျဖစ္သင့္တယ္”
“အိုင္း…သူက ကိုယ့္ဆီကေနသင္ယူၿပီး ဇနီးကိုပိုခ်စ္ေပးရမွာ”
“ရွင္ကလဲ အသက္ကျဖင့္ႀကီးေနၿပီကို”
“…”
ေလထုအေျခအေနကလည္းေကာင္းတယ္။
အခ်ိန္ကလည္း ကြက္တိပဲ။
သူမရဲ့မိဘေတြက စိတ္ေကာင္းဝင္ေနၾကသည့္ပုံပင္။
ဝမ္းရြမ္က တြက္ဆၾကည့္လိုက္ၿပီးေနာက္ ဤအခ်ိန္က လက္ထပ္ပြဲဖ်က္သိမ္းရန္ အေကာင္းအဆုံးအခြင့္အေရးျဖစ္သည္ဟု သတ္မွတ္လိုက္သည္။
သူမထုံးစံအတိုင္း ေရမိုးခ်ိဳးၿပီးေနာက္ ပီခါက်ဴးညအိပ္ဂါဝန္ကိုဝတ္ကာ ေရစိုေနသည့္ဆံပင္ကို တဘတ္ျဖင့္ပတ္ထားလိုက္၏။ ပါးပါးဝမ္းႏွင့္ ၃၅ႀကိမ္ေျမာက္စိတ္ပါလက္ပါ စကားေျပာရန္ သူမဆုံးျဖတ္လိုက္သည္။
“မစၥတာဝမ္းဖုန္းခ်န္ ကၽြန္မရဲ့ေစ့စပ္ပြဲအေၾကာင္းနဲ႔ ပတ္သက္ၿပီး စကားေျပာခ်င္လို့”
ပါးပါးဝမ္းကေတာ့ မၾကားမိသလိုသာ ေနလိုက္သည္။
“ဒီကေလးမေလးက ေတာ္ေတာ္လွတာပဲ”
“ကၽြန္မလည္း အဲ့လိုထင္တယ္။ သူကရြမ္ရြမ္ ငယ္တုန္းကနဲ႔ ႐ုပ္ဆင္တယ္လို့ ရွင္မထင္ဘူးလား။ လိမၼာေရးျခား ရွိလိုက္တာ”
“မင္းသမီးရဲ့ကေလးက သူ႔ရဲ့ကေလးမွန္း မင္းသားသိေလာက္လား။သူတို့ဘာလို့ အဲ့အေၾကာင္းကို မေျပာနိုင္ၾကတာလဲ”
လ်စ္လ်ဴရွုခံလိုက္ရသည့္ ဝမ္းရြမ္သည္ေတာ့ အသက္ျပင္းျပင္းရွူလိုက္ကာ ရီမုတ္ကိုေကာက္ယူလိုက္ၿပီး တီဗီကိုပိတ္ပစ္လိုက္၏။ပါးပါးဝမ္း မ်က္ေမွာင္ၾကဳံ႕လိုက္သည္။
သူမကဆိုဖာေပၚထိုင္လိုက္ၿပီး ပါးပါးဝမ္းဘက္ကို မ်က္ႏွာမူလိုက္သည္။ သူမ၏လက္ႏွစ္ဖက္ကို ဒူးေပၚတင္ထားလိုက္ကာ ေရွ႕ေနကေဆြးေႏြးေတာ့မည့္ ပုံစံလုပ္ျပလိုက္သည္။
“မစၥတာဝမ္းဖုန္းခ်န္ ဥပေဒဘြဲ႕ရတစ္ေယာက္အေနနဲ႔ ကၽြန္မရဲ့လြတ္လပ္ခြင့္အတြက္ ေဆြးေႏြးခ်င္ပါတယ္”
“ဥပမာအေနနဲ႔?”
“ကၽြန္မ လက္ထပ္ပြဲကို ဖ်က္သိမ္းခ်င္ပါတယ္”
ပါးပါးဝမ္းက သူမကို ဒိုင္းခနဲၾကည့္လိုက္သည္။
“ေဆြးေႏြးလို့မရပါဘူး”
“မစၥတာဝမ္းဖုန္းခ်န္, ကၽြန္မက ဆုံးျဖတ္ခ်က္ခ်ၿပီးတဲ့အေနနဲ႔ ေစ့စပ္လက္စြပ္ကိုေတာင္ လႊင့္ပစ္လိုက္ပါၿပီ”
ပါးပါးဝမ္းက စိတ္တိုသြားသည့္ပုံလည္းမေပၚသည့္အျပင္ ေရေႏြးၾကမ္းေတာင္ တစ္ငုံေသာက္လိုက္ကာ ခပ္ျဖည္းျဖည္း ျပန္ေျပာလာ၏။
“အသုံးမဝင္ဘူး။လက္ေထာက္က်ိဳးကို ေနာက္တစ္စုံသြားလုပ္ခိုင္းလို့ရတယ္”
ဘယ္လိုပဲျဖစ္ျဖစ္ ဒီေလာက္ေငြပမာဏေလးကို သုံးလိုက္လို့လည္း မမြဲသြားဘူးေလ။
“…”
ဒါက သူေဌးေတြအတြက္ အရိုးရွင္းဆုံးနဲ႔အရိုင္းဆုံးေျဖရွင္းနည္းပဲေလ။ ဝမ္းရြမ္က ဗ်ဴဟာေျပာင္းရန္ ဆုံးျဖတ္လိုက္ၿပီး သိမ္သိမ္ေမြ႕ေမြ႕ေလးႏွင့္ ေျပာလာျပန္၏။
“ေဖေဖ အခုကလြတ္လပ္တဲ့အိမ္ေထာင္ေရးအတြက္ ေထာက္ခံေပးရမွာေလ”
“ေဖေဖက သမီးလွည့္ျဖားခံရမွာပဲ စိုးရိမ္တာ။ သမီးေမ့သြားၿပီလား။ သမီးမူလတန္းတုန္းက သူမ်ားေပးတဲ့သၾကားလုံးယူၿပီး လူကုန္ကူးခံရေတာ့မလို့ေလ။ ဒုတိယသခင္ေလးဖုက တည္ၾကည္တဲ့ေရွ႕ေနတစ္ေယာက္ျဖစ္ၿပီး ကိုယ္က်င့္တရားလည္းေကာင္းမြန္တယ္။ သမီးက သူနဲ႔လုံးဝကိုလိုက္ဖက္တယ္”
ကမၻာေပၚရွိမိဘမ်ားအားလုံးက ဤကဲ့သို့ေသာကိစၥမ်ားနဲ႔ပတ္သက္လၽွင္ အျမဲမွတ္ဉာဏ္ေကာင္းၾကသည္မွာ ျဖစ္နိုင္သည္။
ပါးပါးဝမ္း၏ေခါင္းမာမွုက ဝမ္းရြမ္ကိုအကြက္ေရႊ႕ေစလိုက္သည္။သူမက ခ်က္ခ်င္းထရပ္လိုက္ၿပီး ေနာက္လွည့္လိုက္ကာ ေအာ္ေျပာေတာ့၏။
“အန္တီခ်န္! ကၽြန္မကိုပစၥည္းေတြကူထုပ္ပိုးေပး။
ကၽြန္မ ဒီညထြက္သြားေတာ့မယ္”
“ရြမ္ရြမ္ ေနာက္က်ေနၿပီေလ။သမီး ဘယ္သြားမလို့လဲ”
မားမားဝမ္း ထိုစကားကိုၾကားသည့္အခါ ခ်က္ခ်င္းမ်က္ေမွာင္ၾကဳံ႕လိုက္ၿပီးပါးပါးဝမ္းကို ဖက္ထားသည့္လက္တို့ကလည္း ေလ်ာ့ရဲသြား၏။
ဝမ္းရြမ္က တည္တည္ၿငိမ္ၿငိမ္ႏွင့္ ျပန္ေျဖလိုက္သည္။
“အိမ္ကေန ထြက္ေျပးမလို့။လက္ထပ္ပြဲကို မဖ်က္မခ်င္းကၽြန္မ အိမ္ျပန္လာမွာမဟုတ္ဘူး”
အိမ္ကေန ထြက္ေျပးမလို့?ထိုစကားထြက္လာသည့္အခါ တစ္အိမ္လုံး ခဏတိတ္ဆိတ္သြားသည္။
အန္တီခ်န္တစ္ေယာက္ အမိန္႔ေပးခံလိုက္ရလိုက္သည့္အခါ ေၾကာင္စီစီျဖစ္သြားၿပီး သခင္ႀကီးႏွင့္သခင္မႀကီးတို့ကို မဝံ့မရဲၾကည့္လိုက္ကာ ေနရာေတာင္မေရႊ႕ရဲေတာ့ေပ။
ပါးပါးဝမ္းက ေရေႏြးၾကမ္းခြက္ကိုယူလိုက္ကာ တစ္ငုံေသာက္လိုက္ျပန္၏။
“ထြက္သြားပေလ့ေစ။သူ ကေလးအရြယ္ကေန အခုထိ အိမ္ကေန အၾကာႀကီး ထြက္သြားတဲ့အခ်ိန္ဆိုလို့ မူလတန္းစာေမးပြဲ က်တုန္းကပဲရွိတယ္။ကိုယ္ သူ႔ကိုဆုံးမလိုက္ေတာ့ ပန္းၿခံဘက္ကိုေျပးထြက္သြားၿပီး အဲ့က ခုံတန္းရွည္ေပၚမွာ တစ္ေန႔လုံးထိုင္ေနခဲ့တာပဲ မဟုတ္လား”
ထိုမၽွအထိ ေျပာၿပီးသည့္အခါ ပါးပါးဝမ္းကရပ္လိုက္ၿပီး တစ္စုံတစ္ခုကို ျပန္ေတြးေနေလ၏။ထို့ေနာက္ သူက ဆက္ေျပာလာသည္။
“အမွန္ပဲ။ဒါေပမဲ့ အဲ့ဒါကတစ္ေန႔လုံးလို့ေတာ့ ေျပာလို့မရပါဘူးေလ။ဘာလို့ဆို ေန႔တစ္ဝက္မွာတင္ သူဗိုက္ဆာေတာ့ အိမ္ကို ခိုးေၾကာင္ခိုးဝွက္ျပန္လာတာ”
“ဒီလိုမ်ိဳး ေက်ာေထာက္ေနာက္ခံနဲ႔ သူကဘယ္ေနရာမ်ား သြားနိုင္မွာမို့လို့လဲ”
ဝမ္းရြမ္က မတ္တပ္ရပ္ေနရင္း ပါးပါးဝမ္းကိုခဏတာမၽွ ၾကည့္ေန၏။ သို့ေသာ္လည္းထင္ထားသလိုမ်ိဳး သူမက စိတ္ဆိုးျခင္းလည္းမရွိသလို ထေသာင္းက်န္းေနျခင္းမ်ိဳးလည္း မရွိေခ်။
သူမက အခ်ိန္အၾကာႀကီး တိတ္ဆိတ္ေနလိုက္ၿပီးေနာက္ စကားတစ္ခြန္းမွထပ္မဆိုေတာ့ဘဲ အေပၚထပ္သို့ လွည့္ထြက္သြားေတာ့သည္။
မားမားဝမ္းက ဝမ္းရြမ္ထြက္သြားသည္ကိုျမင္ၿပီး စိုးရိမ္စိတ္ႏွင့္ ‘အိုင္း’ ဟုေရရြတ္လိုက္ေတာ့သည္။ထို့ေနာက္ မားမားဝမ္းက သမီးေလးကို တားရန္ထလိုက္ေသာ္လည္း သူမေဘးနားတြင္ထိုင္ေနေသာ ပါးပါးဝမ္းက တားဆီးလိုက္သည္။
“ေယာက္်ား……ကေလးက မေစ့စပ္ခ်င္ဘူး။ၿပီးေတာ့ ဒုတိယသခင္ေလးဖုကလည္း သူ႔ရဲ့စိတ္ကိုရွင္းရွင္းလင္းလင္းေဖာ္ျပလိုက္ၿပီလို့ ကၽြန္မထင္တယ္။ဒါဆို ေစ့စပ္ပြဲကိုဖ်က္ဖို့က ပိုေကာင္း…”
“မင္းဘာသိလို့လဲ”
ဝမ္းဖုန္းခ်န္က အလ်င္မလိုဘဲ ေရေႏြးၾကမ္းခြက္ကို ျဖည္းညင္းစြာ ျပန္ခ်ထားလိုက္ကာ သက္ျပင္းခ်ၿပီးေျပာလာ၏။
“အဲ့ဒီကေလးက ရြမ္ရြမ္ကေလးဘဝကတည္းက ရြမ္ရြမ္ကို ေသခ်ာကာကြယ္ေပးခဲ့တာ။ မဟုတ္ရင္ အဲ့ဒီလူကုန္ကူးခံရတဲ့ကိစၥေၾကာင့္ ရြမ္ရြမ္ ဒီေန႔ဒီအခ်ိန္မွာ ဒီလိုရပ္ေနနိုင္မွာမဟုတ္ဘူး။အခုအခ်ိန္မွာ ရြမ္ရြမ္ကိုသာဖိအားမေပးရင္ ဘယ္လိုလုပ္ၿပီး ေလာကႀကီးထဲ စြန္႔စားသြားလာနိုင္မွာလဲ”
⭐⭐⭐⭐⭐