ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြ...

By Greentealay-

1M 154K 7.7K

Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47... More

{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23•1}
{23.2}
{23.3}
{ 24}
{25}
{26}
{27}
{28}
{29}
{ 30 }
{31}
{32}
{34}
{33}
{35}
အဆက်
{36}
{37}
{38}
{39}
{40}
{41}
{42}
{အဆက်}
{43}
{44}
{45}
{46}
{47}
{48}
{49}
{50}
{51}
{52}
{53}
{54}
{55}
{56}
{57}
{58}
{59}
{60}
{61}
{61.1}
{62}
{62.1}
{63}
{64}
{65}
{66}
{67}
{68}
{69}
{ 70}
{71}
{72}
{74}
{75}
{76}
{77}
{78}
{79}
{80}
[81]
{82}
{83}
{83-1}
{84}
{85}
{86}
{86-1}
{87}
{88}
{89}
{90}
{91}
{92}
{93}
{94}
{95}
{96}
{97}
{98}
{99}
{100}
{ 101}
{102}
{103}
{104}
{105}
{106}
{107}
{108}
{109}
{110}
{111}
{112}
{113}
{114}
{115}
{ 116}
{117}
{119}
{120}
{121}
{118}
{122}
{123}
{124}
{123-2}
{125}
{126}
{127}
{128}
{128-2}
{129}
{130}
{131}
{132}
[133]
{134}
{135}
{136}
{137-1}
{137-2}
{138}
💙
{138}
{139}
💙
{140}
{141}
{142}
{143}
{144}
{145}
အဆက်
{146}
[147]
{148}
💙
{149}
{150}
အဆက်
{151}
အဆက်
{152}
{153}
{154}
{155}
{156}
{157}
{158}
{159}
{160}

{73}

4.6K 746 29
By Greentealay-

Unicode

ကျိချင်းကျိုး သူ့ကိုကြည့်၍ ဗြုန်းခနဲစကားပြောမထွက်လေတော့။

သူထပ်ပြီးစိတ်လှုပ်ရှားတော့မယ်ပုံဖြစ်နေတာကို ချူချန်မြင်တော့ မနေနိုင်မထိုင်နိုင်သတိပေးလိုက်သည်။

“ကိုယ် မနေ့ညက ဘယ်လိုသင်ခဲ့လဲ”

ကျိချင်းကျိုးက သူပြောတာကို အလေးမထားဘဲ သူ့ကိုပွေ့ဖက်လာသည်။

ချူချန်က စိတ်လျော့လိုက်သလိုမျိုး သက်ပြင်းလေးချကာဖြင့် လူကိုပြန်ဖက်ထားရင် ကျောကုန်းလေးအား ခပ်ဖွဖွပွတ်လေး‌လိုက်၏။

“ကလေးကျလို့ကွာ”

“ခင်ဗျားပဲ ကလေးလို ဆက်ဆံနေတာမဟုတ်ဘူးလား။မုန့်ဖိုးလည်းပေးတယ်လေ”

“ကိုယ်ပြောတယ်လေ...နှစ်သစ်မုန့်ဖိုးက ကိုယ်တို့မိသားစုရဲ့ ရိုးရာပါလို့”

ကျိချင်းကျိုးက စကားမပြောပဲ ငြိမ်ငြိမ်လေးသာ ဖက်ထားလေသည်။

ခဏကြာတော့ချူချန် သူ့ကိုလွှတ်ပေးလိုက်ချိန် သူကလည်း ဖက်ထားရာမှ ဖယ်ပေးလာကာ သူ့ဘာသူရေရွတ်နေ၏။
“ခင်ဗျားကားကို ဆက်ရှာကြမယ်လေ”

ချူချန်မှာရယ်ရင်း သူ့ဆံပင်တွေကို ဖွလိုက်သည် ။

ကျိချင်းကျိုးနဲ့ချူချန်တို့ နှုတ်ဆက်ကြပြီးနောက် ဆေးရုံမှ မနက်စာဝယ်ကာ ဝမ်ဖန်း၏လူနာဆောင်ဆီပြန်လာခဲ့သည်။ဝမ်ဖန်းကအခုထိ မနိုးသေးသလို အချိန်ကလည်းစောသေး၏။ယွီအန်းယီလည်း မနိုးလောက်သေးပေ။ထို့ကြောင့် ကျိချင်းကျိုးတစ်ယောက် နားကြပ်တပ်ကာvideoထိုင်ကြည့်နေလိုက်တော့သည်။
နေ့လည်လောက်ကျ ယွီအန်းယီထံကျိချင်းကျိုးဖုန်းခေါ်လာခဲ့သည်။သူမဆီကျိချင်းကျိုး ဖုန်းခေါ်လာသည့်အချိန်က သူမမိတ်ကပ်ပြင်ပြီး၍ ဒီနေ့ဘာဝတ်ရမလဲ စဉ်းစားနေသည့်အချိန်ပင်။

{Happy New Year}
ကျိချင်းကျိုးပြောလိုက်၏။

{Happy New Year}
ယွီအန်းယီသည် အဝတ်လဲခန်းထဲမှ ဝတ်စုံတွေကိုကြည့်ကာ ရိုးရှင်းလွန်းသည်ထင်၍ ခပ်တောက်တောက်တွေဝတ်ရန်စဉ်းစားနေသည်။

{အန်းယီ...ငါ အကူညီတောင်းစရာရှိလို့}
ကျိချင်းကျိုးတွေးပြီးတာနဲ့ တန်းပြောလိုက်ခြင်းပင်။

ယွီအန်းယီက သိချင်လိုစိတ်ဖြင့်
{ဘာအကူအညီလဲ}

{မင်း  အရင်တစ်ခါကပြဖူးတဲ့ ကျောက်တွေရှိသေးလာဟမ်။အဲ့တုန်းက ငါကြိုက်တယ်လို့ ပြောထားတဲ့ဟာလေးဝယ်ချင်လို့}

ယွီအန်းယီက မျက်တောင်တဖြတ်ဖြတ်ခတ်လေကာ-

{နင် ဘာလို့ ကျောက်ဝယ်ချင်တာလဲ။ငါက ကျောက်ရောင်းကျောက်ဝယ်သမားကြီးနဲ့တူလို့လား}

{အာ...ချူချန်ကလေ လူတစ်ယောက်ကို ကျောက်ဆွဲသီးလေးလုပ်ခိုင်းပြီး ငါ့ကို ဆွဲကြိုးလေးလက်ဆောင်ပေးလာတယ်။ငါလည်း သူ့ကို တစ်ခုလောက်ပြန်ပေးချင်တာ။ ဒါပေမယ့် ဈေးကဟာတွေကျ ဒီဇိုင်းဖော်ပြီးသားမို့ မဝယ်ချင်ဘူးလေ။မင်းရောင်းပေးဖို့ တောင်းဆိုချင်တာပါ။တကယ်လို့ အဆင်ပြေတယ်ဆို စိတ်ချရတဲ့ ဒီဇိုင်းဆရာပါရှာပေးလို့ရမလား။သူ့အတွက် အဆင်ပြေတဲ့ကျောက်ဆွဲကြိုးလေးပေးချင်လို့ ကူညီပါဦး}

ယွီအန်းယီ အံ့ဩသွားရ၏။သူမအထင် ချူချန်ကလက်ဆောင်ကို ချစ်သူများနေ့မှ ကျိချင်းကျိုးဆီပေးမယ်လို့လေ။ဒါပေမယ့် အခုပဲ ကျိချင်းကျိုးကို ပေးလိမ့်မယ်လို့ မထင်ထားဘူး။

{ရောင်းလို့ကရပါတယ်။ဒါမဲ့လေ နင်ကြိုက်တယ်လို့ပြောတဲ့ဟာလေးမရှိတော့ဘူး။အဲ့ကျောက်လေးက အခုနင့်လည်ပင်းမှာ ဝတ်ထားတဲ့ဟာလေးဖြစ်သွားပြီ။တစ်ခြားဟာမျိုးပဲရမယ်နော်}

ကျိချင်းကျိုး သဘောပေါက်သွား၏။

{မင်းအရင်က ပုံတွေပြခဲ့တာအဲ့တာကြောင့်လား}

သူသည် လည်တိုင်ထက်မှ ကျောက်ဆွဲကြိုးလေးအား ထိတွေ့ကာ-

{ဒါဆို ချူချန်က အစောကြီးတည်းက ငါ့ကိုပေးချင်နေတာပေါ့?}

ယွီအန်းယီသည် သူမအရင်အချစ်ကြီးဆီ ကျောက်ပေးတဲ့အကြောင်းအားတွေးမိရာ သူ့ကိုပြောပြလိုက်သည်။

{သူဘာလို့အဲ့ဆွဲကြိုးပေးတာလဲသိလား}

{ဘာလို့လဲ}

{အဲ့တုန်းက ငါတို့စကားစုပြောနေကြတာ...ငါက နင်နဲ့လော့ယွီရှင်းက နည်းနည်းဆင်တယ်နော်လို့ သူတို့ကိုပြောလိုက်တာ။အဲ့မှာ ယောက်ရှိုးယွမ်က ဖန်ယောင်ရွှမ်း နင့်နောက်လိုက်တာ နှင်းဆီဖြူလေးကို မရနိုင်လို့သူ့ဘေးမှာ ကြာပန်းဖြူလေးထားတာကောင်းမယ်ဆိုပြီးလိုက်တာလို့  ဖန်ယောင်ရွှမ်းရဲ့ စိတ်အခြေအနေကိုခွဲခြမ်းပြရော။အားချန်က နင့်ကို ကြာပန်းဖြူလို့ပြောတာမကြိုက်ဘူး။လော့ယွီရှင်းကနှင်းဆီဖြူဆိုလည်း နှစ်ဒေါ်လာတန်စတိုးက လက်ကားရောင်းတဲ့ပလက်စတစ်နှင်းဆီဖြူပဲဖြစ်မှာတဲ့။နင်ကျတော့ ကြာပန်းဖြူဆိုလည်း ကျောက်နဲ့ခြယ်တဲ့ ကြာပန်းဖြူတဲ့။အမလေးးး အားချန်က သူတွေးတာမှန်တယ်ဆိုပြီးနင့်ကိုလက်ဆောင်ပေးချင်လို့ ငါ့ဆီက ကျောက်‌‌တွေ‌လာမေးတယ်။ငါကတော့ ကြာပန်းဖြူပုံကြီး ဒီဇိုင်းလုပ်မှာထင်လို့ အသေလန့်သွားတာပဲ}

ကျောက်ဆွဲကြိုးမှာက ဒီလိုရာဇဝင်ရှိတယ်ပေါ့လေ။မထင်ထားဘူး။ကျိချင်းကျိုးပြုံးလည်းပြုံးမိသလို ပျော်ရွှင်လာသည်။

{နင့်အတွက် ဘာပုံလေးဒီဇိုင်းဆွဲပေးထားတာလဲဟမ်}ယွီအန်းယီကမေးလေသည်။

ကျိချင်းကျိုးမှာ ဘယ်လိုဖြေရမှန်းမသိ၍ ဝေဝေဝါးဝါးသာပြောမိ၏။

{ငါတို့ တွေ့ရင်သိမှာပဲဥစ္စာ}

{ဟုတ်ပါပြီ...အဲ့တော့ နင်ထပ်ရွေးကြည့်လိုက်လေ။ငါ ပုံတွေပို့ပေးလိုက်မယ်}

{သူကြိုက်တာရွေးလို့ရအောင် သူ့ဆီပဲပို့ပေးလိုက်နော်}
ကျိချင်းကျိုးပြောလိုက်သည်။

{ငါ့ကိုလုပ်သလိုပုံစံမျိုးပဲလေ}

{ဒါလည်း‌ ကောင်းတာပဲ}

{ဒါဆို အန်းယီက သူရွေးပြီးသွားရင် ငါ့ကိုဈေးနှုန်းပြောပေးပေါ့။မင်းဆီ ပိုက်ဆံလွှဲပေးပါ့မယ်}

အစကတော့ ယွီအန်းယီက ထားလိုက်တော့လို့ ပြောမို့ဖြစ်သည်။သို့သော် အရင်က ချူချန်ပြောခဲ့တာတွေတွေးမိပြီး သူမသာ ပိုက်ဆံပေးလိုက်ရင် ကျောက်ထောက်ပံ့သူအမကြီးသာဖြစ်သွားမည်ပင်။ထို့ကြောင့် “ကောင်းပြီ” လို့သာ ပြောလိုက်ချေသည်။

သို့တိုင် တကယ့်တကယ်ကျ ကျိချင်းကျိုးလို အဆင့်၁၈ကြယ်ပွင့်လေးက တစ်နှစ်အတွင်းပိုက်ဆံအများကြီး ရှာနိုင်သေးမှာမဟုတ်ချေ။ယွီအန်းယီဘာသာ တွေးလိုက်သည်ကတော့ discount ချပေးဖို့ပင်။ကျိချင်းကျိုးကိုတော့ မပြောမှပဲရမယ်...

နှစ်ယောက်သားစကားပြောပြီးနောက် ယွီအန်းယီ၏မိတ်ကပ်ဆရာ‌ရောက်လာပြီဖြစ်၍ ယွီအန်းယီဖုန်းချလိုက်တော့သည်။ထို့နောက် ဒီနေ့ဝတ်မယ့်အဝတ်အစားတွေ ကူကြည့်ပေးဖို့ တောင်းဆိုလိုက်လေသည်။

နောက်တစ်နေ့ကျ ယွီအန်းယီနဲ့ကျိချင်းကျိုးတို့တွေ့ဖြစ်ကြ၏။ယွီအန်းယီက ကုတ်အင်္ကျီအနီရောင်အား ဝတ်ဆင်ထားကာ ရှည်လျားဖြောင့်စင်းသော ဆံနွှယ်နက်နက်များအားဖြန့်ချထားလေသည်။အရင်ကလို ဖျက်လတ်တက်ကြွသည့်ပုံစံဘက်မသွားဘဲ တည်ငြိမ်ရင့်ကျက်သည့်ပုံစံမျိုးဖြစ်သည်။

“မင်း ဒီနေ့ အရမ်းလှတာပဲ”ကျိချင်းကျိုး လက်မထောင်ပြလိုက်သည်။

“ဟွန့် ငါမလှတဲ့နေ့ရောရှိလို့လား”ယွီအန်းယီကပြန်ပြောလာသည်။

သူမနဲ့ချူချန်က တကယ်ကို ရွှေဇွန်းကိုက်လေးတွေဖြစ်ထိုက်ပါရဲ့။နှစ်ယောက်လုံး ကိုယ့်ကိုကိုယ်အမွှမ်းတင်တာကအစတူတူပင်။

ယွီအန်းယီက ကျောက်ဘူးလေးအား ကမ်းပေးလာသည်။

“အားချန်က ဒါကြိုက်တယ်တဲ့”

“ငါ  လက်ဆောင်ပေးမှာကိုရော ရိပ်မိသွားသေးလား”

“ဟင့်အင်း...ငါ့ကောကို ကျောက်လက်ဆောင်ပေးမှာမို့ ယောင်္ကျားလေး‌တွေကဘယ်လိုဟာမျိုးလေးတွေကြိုက်တတ်လဲမေးလိုက်တာ။သူက သူကြိုက်တာတစ်ခုရွေးပြီး ငါ့ကောကြိုက်မဲ့ဟာပါ ရွေးပေးတာ”

“ကောင်းလိုက်တာ”
ကျိချင်းကျိုးခေါင်းညိမ့်လိုက်သည်။

“ကဲ နင်ရဲ့ဆွဲသီးလေးက ဘယ်လိုပုံစံမျိုးလဲပြကြည့်ဦး”

ကျိချင်းကျိုးသည် ဆွယ်တာအင်္ကျီအောက်မှ ဆွဲကြိုးလေးအားယူထုတ်၍ သူမကိုပြလိုက်သည်။
ယွီအန်းယီက သူ့လက်ထဲရှိ ဆွဲသီးလေးအားကြည့်လျက်-

“အဲ့ဒါဘာလဲဟင်။အသီးလား။ဘာအသီးပါ့လိမ့်?အာ တရုတ်ဇီးသီးလား”

“ဟုတ်တယ်”

“တရုတ်ဇီးသီးပေးတာက ဘာအဓိပ္ပါယ်တုန်း”ယွီအန်းယီစဉ်းစားရကျပ်နေချေပြီ!

“ဇီးသီးစိမ်းဆိုတာ ငယ်ရွယ်ခြင်းကို ကိုယ်စားပြုတာတဲ့။သူက ငါ့ကို လူငယ်လေးလို သဘောထားတာလေ။ဒါ့ပြင် ဒီ အနီရောင်အကိုင်းလေးမှာ ဇီးပန်းပွင့်လေးတွေပြည့်နေတာကလည်း လှပခြင်းကို ကိုယ်စားပြုတာတဲ့။သူက ငါ့အနာဂတ်ကို တောက်ပလင်းလက်စေချင်တဲ့ မျှော်လင့်ချက်နဲ့ပေးတာတဲ့‌လေ”

အရေးကြီးဆုံးအဓိပ္ပါယ်ကြီးကိုတော့ ယွီအန်းယီကို မပြောပြလိုက်ပေ။အဆုံးသတ်ကျ အဲ့အဓိပ္ပါယ်ဆိုတာကလည်း သူနှင့်ချူချန်နှစ်ယောက်နဲ့ပဲသက်ဆိုင်တဲ့ ဟိုလိုလိုဒီလိုလိုစကားတွေပဲလေ။

ယွီအန်းယီကတော့ ထိုကဲ့သို့ စာတစ်တန်ပေတစ်တန်ရှင်းပြချက်တွေ နားမလည်လေချေ။

“အမလေး အစ်ကိုတို့နှစ်ယောက်နဲ့ယှဉ်မှပဲ ကျွန်မက စာပေကျောင်းဆင်းအတုမကြီးလိုဖြစ်နေပြီ”

ကျိချင်းကျိုးက ရယ်သည်။

“ထားပါတော့...ဒါနဲ့လေ အန်းယီသိတဲ့ ပန်းပုဆရာတွေဘာတွေရှိလား”

“အွန်း”
ယွီအန်းယီခေါင်းညိမ့်၍-

“နင်လိုချင်တဲ့ ပုံစံလေးဆွဲပြီး ငါ့ကိုပေးလိုက်ချည်။အသေးစိတ်လွန်းစရာလည်းမလိုဘူး။ဆရာက ကျောက်အရည်အသွေးကိုကြည့်ပြီး ပြန်ဖန်တီးပေးတာလေ။ငါ့ကောအတွက်လည်း ‌တစ်ခုသွားလုပ်ပေးမှာမို့ အတူတူပဲယူသွားလိုက်တော့မယ်၊”

ကျိချင်းကျိုး ဆွဲပြီးသွားတာဖြင့်ကြာပြီ။သူဆွဲထားတဲ့စာရွက်လေး ယွီအန်းယီဆီပေးလိုက်သည်။

“ဒါလေး”

ယွီအန်းယီတစ်ယောက် စာရွက်လေးကိုဖွင့်ကြည့်ပြီး နားမလည်သလို ကျိချင်းကျိုးအားပြန်ကြည့်လိုက်၏။

“ဒါကရော ဘာအဓိပ္ပါယ်လဲဟင်။လေးထောင့်ဘောင်ထဲမှာ နင့်ရဲ့ဇီးသီးထည့်လိုက်ရုံပဲမဟုတ်ဘူးလား။ဘာလဲလို့”

ကျိချင်းကျိုး ခေါင်းလေးငုံ့၍ ‌ပြုံးလိုက်၏။ဇီးသီးပင်လေးအား  ဘောင်ခတ်လိုက်ပါက အပြင်ထွက်နိုင်တော့မည်မဟုတ်ချေ။ချူချန် သဘောကျမှာ အသေအချာပဲ။

ဒါပေမယ့် သူ ယွီအန်းယီအား ထိုအကြောင်း ဘယ်လိုပြောပြနိုင်မှာလဲ။ထို့ကြောင့် ရိုးရိုးလေးသာ ရှင်းပြလိုက်၏။

“ဒီအဓိပ္ပါယ်က ငါ့ ငယ်ရွယ်မှုတွေ သူ့ကိုပေးပြီး အလင်းတန်းပါ သူ့အတွက် ဆောင်ယူလာတယ်လို့ ဆိုလိုတာ”

ယွီအန်းယီက“ဟမ့်”ခနဲ အသံပြုကာ-

“အန်ချင်လာပြီဟဲ့တကယ်ပါပဲ”

“ချစ်မိသွားရင် အဲ့လိုပဲမဟုတ်လား”

“‌ အော ငါဘာလို့ ရည်စားမရလဲသိသွားပါပြီ...ငါက နင်တို့နှစ်‌ယောက်လောက်မှ အညှီအဟောက်မဆန်ပဲလေ”

“မင်းလည်း ရှိလာမှာပါ”

ကျိချင်းကျိုး ပြော၏။

“မင်းက အရမ်းလှပြီးချစ်ဖို့ကောင်းတဲ့ဟာ။ဘလိုလုပ် ကြိုက်တဲ့ကောင်လေးမရှိဘဲနေမှာလဲ”

“ မှန်လိုက်တာ ”

ယွီအန်းယီက ယုံကြည်ချက်ရှိရှိပြောလာသည်။

“ငါ့ကိုလိုက်နေတဲ့လူတွေမှအများကြီး။ငါကသာ မကြိုက်လို့ ခါချနေရတာ”

ထိုအကြောင်း ပြောမိတော့ သူမ၏သနားဖွယ်အချစ်ဦးကြောင့် ဝမ်းနည်းချင်လာပြန်သည်။သူမသဘောကျမိတဲ့လူကခပ်ရှားရှားရယ် အရမ်းရှာရခက်တာ အခုတွေ့မယ့်‌တွေ့တော့လည်း သူက ကွေးနေရဲ့...သူမသနားဖို့မကောင်းနေဘူးလား။သနားဖို့ကောင်းတာပေါ့။အရမ်းသနားဖို့ကောင်းတယ်။

“ဒါနဲ့ ဘယ်လောက်လဲ”

ယွီအန်းယီက ဂဏန်းအတွဲတစ်ခုသူ့ကိုပေးလိုက်သည်။

ချက်ချင်းပဲ ကျိချင်းကျိုး စိတ်သက်သာရာရသွား၏။တော်သေးတာပေါ့ သူတတ်နိုင်တဲ့ဒီပမာဏလေးဖြစ်နေလို့...
ဒါပေမယ့်....

“မင်း လိမ်တော့မလိမ်ဘူးမလား။ငါ့ကို ကူညီချင်လို့ဆိုပြီးဈေးမလျှော့ပေးပါနဲ့။အဲ့လိုကျ မသင့်တော်ဘူးလေ”

“ ပေါက်ပေါက်ရှာရှာ မလျော့ထားပါဘူး”
ယွီအန်းယီက ခပ်တည်တည်ပင်။

“ငါက အဲ့လိုအနစ်နာခံမဲ့လူမျိုးလား။အစဝယ်တည်းကိုက သူငယ်ချင်းဆီကမို့ ဈေးမကြီးဘူး။အခု နင်ဝယ်မယ်ဆိုလို့ လတ်တလောဈေးနဲ့တွက်ပြီး ပေးတာ။အဲ့တာကြောင့်ဈေးကြီးနေတာ။တကယ်လို့ ငါတို့သာသူငယ်ချင်းလို့တွေးနေရင်း နင့်ဆီက ပိုက်ဆံယူမနေဘူး သိရဲ့လား”

ကျိချင်းကျိုး စိတ်အေးသွား၏။

“နောက်မှ ပိုက်ဆံပို့ပေးလိုက်မယ်နော်”

“အွန်း”

သူတို့ ခဏတာစကားပြောကြပြီးနောက် ယွီအန်းယီက လုပ်စရာရှိသေးသဖြင့် ကျောက်စိမ်းနဲ့ ဒီဇိုင်းဆွဲထားသည့်စာရွက်လေးကို ယူလိုက်ရင်း...

“ပုံဖော်ပြီးရင် ငါယူလာပေးမယ်”

“အင်း”

ကျိချင်းကျိုးလည်း နှုတ်ဆက်ပြီး တက္ကစီဖြင့်ဆေးရုံပြန်ခဲ့တော့သည်။
ချူချန်တစ်ယောက် လေးရက်မြောက်နေ့မှသာ ဝမ်ဖန်းကို လာတွေ့ရ၏။သူလည်းမတတ်နိုင်ပေ။ပထမသုံးရက်လုံး အိမ်မှာ ဧည့်သည်တွေရောက်နေ၍ အပြင်ထွက်လို့မရခဲ့။

ဝမ်ဖန်းက သူ့ကိုမြင်ချိန်အံ့ဩသွားလျက် ပြုံးပြုံးရွှင်ရွှင်ဖြင့် ထိုင်ဖို့ပြောလာသည်။

“အယ် ရှောင်ချူ...ဒီကို ဘာလို့ရောက်နေတာလဲ”

“အန်တီ့ကိုလာကြည့်တာဗျ” ချူချန်က နွေးထွေးစွာပြန်ပြောလိုက်သည်။

“အိုက်ယားးး အန်တီက ဘာတွေများကြည့်စရာရှိလို့လဲ...ဒီကလေးကတော့...တအားသိတတ်လွန်းနေပါပြီ။ ဒီနေ့က သားမိသားစု ဆွေမျိုးတွေဆီသွားလည်ကြမယ့်နေ့မဟုတ်ဘူးလား”

“ဒီနေ့မသွားကြပါဘူး အန်တီရဲ့။ဟိုအရက်အနည်းငယ်ကမှ အတွဲလိုက်ကြီးလာလည်ကြသေးတယ်။ပြီးတော့ သဘက်ခါလည်း အများကြီးလာကြဦးမှာလေ။ အဲ့တာကြောင့် ကျွန်တော် အားတဲ့အချိန်လေး အန်တီကိုလာတွေ့တာဗျ”

ဝမ်ဖန်းစိတ်ထဲ ကောင်လေးက ယဉ်ကျေးသိတတ်လွန်းသည်ဟု ခံစားနေရသည်။သူမတို့ ပျော်ရွှင်စွာစကားပြောနေကြသည်မှာ အတော်လေး အသက်ဝင်လှသည်။

ချူချန်ပြန်သောအခါ ကျိချင်းကျိုးအား New Culture ကဒီလပိုင်းအတွင်း ပြန်ဖွင့်ရမှာဖြစ်သောကြောင့် ကိုးရက်နေ့အိမ်ပြန်ရမှာဖြစ်ပြီး ဒီရက်တွေ ချူအမ်တော်မှာပဲ နေဦးမည်ဟု ပြောသွားလေသည် ။

ကျိချင်းကျိုးကလည်း များများစားစားမတွေးဘဲ “အိုကေ”ဟုသာပြန်ပြောလိုက်သည် ။

ချူချန်ပြန်သွားတည်းက ကျိချင်းကျိုး ဝမ်ဖန်းနှင့်အတူတူရှိနေပေးသည်မှာ ဝမ်ဖန်းကပြန်လွှတ်ရသည်အထိ။

“တစ်ချိန်လုံး ဆေးရုံမှာပဲနေနေရတာမကောင်းဘူးလေ။အိမ်ပြန်တော့”ဝမ်ဖန်းက နူးညံ့စွာပြောလာသည်။

ဖေဖော်ဝါရီလ ဆယ့်လေးရက်နေ့တွင် ကျိချင်းကျိူးတစ်ယောက် ဖုန်းပေါ်ကပြက္ခဒိန်ကိုကြည့်မှသာ ချစ်သူများနေ့ဖြစ်ကြောင်းသိ၍အံ့ဩသွားရ၏။သို့သော် သူ့မှာချစ်သူမရှိသည့်အတွက် ဒီပွဲတော်က သူနဲ့ဘာမှမသက်ဆိုင်ချေ။

ကျိချင်းကျိုးတစ်ယောက် မီးဖိုခန်းထဲဝင်ကာ အကြော်အလှော်လေးလုပ်ရန်ပြင်လိုက်ပေမယ့် ရေခဲသေတ္တာဖွင့်လိုက်တဲ့အခါ နှစ်သစ်ကူးတုန်းက သူနဲ့ချူချန်တို့ ဝယ်ထားတာတွေအကုန်လုံး ကုန်သွားပြီဖြစ်သည်။ရေခဲသေတ္တာထဲမှာ ဘာမှမရှိလုနီးနီးဖြစ်နေ၏။
သူလည်း ကုန်တိုက်သွားဖို့ ဆုံးဖြတ်လိုက်တော့သည်။ကျိချင်းကျိုးတစ်ယောက် မျက်မှန်တပ်ပြီး TVပေါ်ကရုပ်နဲ့မတူအောင် မိတ်ကပ်နည်းနည်းဖို့လိုက်သည်။ပြီးမှ အပြင်သို့ ချီတက်တော့၏။သူ တက္ကစီငှားပြီး ကုန်တိုက်နားမှာ ဆင်းလိုက်သည်။

ကျိချင်းကျိုး ကားထဲမှထွက်ပြီး ခြေလှမ်းနည်းနည်းပဲ လှမ်းရသေးချိန် တစ်ယောက်ယောက် သူ့နာမည်ခေါ်သံကြားလိုက်ရ၏။

“ချင်းကျိုး?”

ကျိချင်းကျိုးလှည့်ကြည့်လိုက်တော့ ထိုသူက ယင်းနျန်ပင်။သူက နေကာမျက်မှန်တပ်ထားပြီး ကားမှန်ချထားသည့် ခပ်လှမ်းလှမ်းကားထဲမှ သူ့ကို ပြုံးကြည့်နေသည်။

ကျိချင်းကျိုး ခပ်မြန်မြန် အနားသို့လျှောက်သွားကာ-

“Happy New Yearပါ”

“မင်းရောပဲ”ယင်းနျန်ကပြောလာသည်။

“မင်းဘာလာလုပ်တာလဲ? dateလား”

“ဘယ်ကသာ...ကုန်တိုက်မှာ အသီးအရွက်လာဝယ်တာပါ။မင်းကရော”

“အပြင်ထွက်စားတာ”

“အောာာာာာာာာ်”

ကျိချင်းကျိုးက အသံရှည်ကြီးဆွဲပြီးမှ-

“dateပေါ့လေ။ဟုတ်လား”

ယင်းနျန်က ခေါင်းယမ်းလာပြီး မနိုင်တော့သလိုမျိုးပြုံးပြလာသည်။

“မင်းလည်းမစားရသေးဘူးမလား။ကားထဲဝင်လေ။ ငါလိုက်ဝယ်ကျွေးမယ်။”

ကျိချင်းကျိုးအတွေးထဲမှာတော့ တစ်ယောက်တည်းစားရမယ့်အတူတူယင်းနျန်နဲ့စားရတာလည်းမဆိုးချေ။ပြီးတော့ သူယင်းနျန်ကို ဝယ်ကျွေးမယ်လို့ပြောထားတာ အကြွေးတင်နေသေးတယ်။

“ငါဝယ်ကျွေး‌ပါ့မယ်။မင်းကို ဝယ်ကျွေးမယ်ဆိုပြီး အကြွေးတင်နေသေးတယ်လေ။မေ့နေပြီလား”

ယင်းနျန်က ခရီးသည်ခုံကိုဖွင့်ပေးလာ၍ ကျိချင်းကျိုး ဝင်ထိုင်လိုက်၏။

ယင်းနျန်ကပြောလာသည်။

“အဲ့တာက ဘာမှမဖြစ်ပါဘူး။ကုန်ရကျိုးလည်း မနပ်ဘူး။ငါ့ပဲ ဖိတ်ခေါ်‌ပါ့မယ်။စားပွဲတစ်ဝိုင်းစာကြိုချိန်းထားပြီးသားမို့အ‌ဆင်ပြေတယ်”

+++++++++++++++++++

ရှာလကာရည်အနံ့လှိုင်းထနေချေပြီ😂😂😂

တော်တော်ဆိုးတဲ့ လင်လင်တွေ ကူမကောင်း မကူမကောင်း။အန်းယီမှာလည်း crush အတွက်တင်မကဘူး crush ကောင်လေးအတွက်ပါချီးမြှောက်နေရတယ်😂😂

နောက်ပိုင်းကတော့ သိကြတဲ့အတိုင်း drama ချူချူပါမည်။သူဘာသာဇာတ်လမ်းရေး သူဘာသာကနေတာ😂😂

ဆွဲကြိုးလေးကို မဖော်ပြတတ်တော့ဘူး ကျိုးကျိုးဆွဲကြိုးလေးကအရမ်းလှမယ့်ပုံပဲ ဇီးပန်းခိုင်လေးရော၊သစ်ရွက်လေးတွေရော၊ဇီးသီးစိမ်လေးရော တော်တော်အသေးစိပ်မှာ။ချူချန် ဆွဲသီးကျ နံရံပုံစံလေးထောင့်ဘောင်လေးမှာ ကျိုးကျိုးဆွဲသီးလေးကပ်နေတဲ့ပုံလေးပါ။အဲ့တာက သူတို့နှစ်ယောက်အတွက် အရမ်းအရေးပါတဲ့ စုံတွဲဆွဲကြိုးလေးပါရှင့်။ဟုတ်ကဲ့ ကျွန်မFAပါ🤧

ချူချန်ဟာက ဒီလိုပုံ‌စံလေးတွေလည်းဖြစ်နိုင်ပါတယ်








++++++++-++++++++



Zawgyi

က်ိခ်င္းက်ိဳး သူ႕ကိုၾကည့္၍ ျဗဳန္းခနဲစကားေျပာမထြက္ေလေတာ့။

သူထပ္ၿပီးစိတ္လႈပ္႐ွားေတာ့မယ္ပုံျဖစ္ေနတာကို ခ်ဴခ်န္ျမင္ေတာ့ မေနႏိုင္မထိုင္ႏိုင္သတိေပးလိုက္သည္။

“ကိုယ္ မေန႔ညက ဘယ္လိုသင္ခဲ့လဲ”

က်ိခ်င္းက်ိဳးက သူေျပာတာကို အေလးမထားဘဲ သူ႕ကိုေပြ႕ဖက္လာသည္။

ခ်ဴခ်န္က စိတ္ေလ်ာ့လိုက္သလိုမ်ိဳး သက္ျပင္းေလးခ်ကာျဖင့္ လူကိုျပန္ဖက္ထားရင္ ေက်ာကုန္းေလးအား ခပ္ဖြဖြပြတ္ေလး‌လိုက္၏။

“ကေလးက်လို႔ကြာ”

“ခင္ဗ်ားပဲ ကေလးလို ဆက္ဆံေနတာမဟုတ္ဘူးလား။မုန္႔ဖိုးလည္းေပးတယ္ေလ”

“ကိုယ္ေျပာတယ္ေလ...ႏွစ္သစ္မုန္႔ဖိုးက ကိုယ္တို႔မိသားစုရဲ႕ ႐ိုးရာပါလို႔”

က်ိခ်င္းက်ိဳးက စကားမေျပာပဲ ၿငိမ္ၿငိမ္ေလးသာ ဖက္ထားေလသည္။

ခဏၾကာေတာ့ခ်ဴခ်န္ သူ႕ကိုလႊတ္ေပးလိုက္ခ်ိန္ သူကလည္း ဖက္ထားရာမွ ဖယ္ေပးလာကာ သူ႕ဘာသူေရ႐ြတ္ေန၏။
“ခင္ဗ်ားကားကို ဆက္႐ွာၾကမယ္ေလ”

ခ်ဴခ်န္မွာရယ္ရင္း သူ႕ဆံပင္ေတြကို ဖြလိုက္သည္ ။

က်ိခ်င္းက်ိဳးနဲ႔ခ်ဴခ်န္တို႔ ႏႈတ္ဆက္ၾကၿပီးေနာက္ ေဆး႐ုံမွ မနက္စာဝယ္ကာ ဝမ္ဖန္း၏လူနာေဆာင္ဆီျပန္လာခဲ့သည္။ဝမ္ဖန္းကအခုထိ မႏိုးေသးသလို အခ်ိန္ကလည္းေစာေသး၏။ယြီအန္းယီလည္း မႏိုးေလာက္ေသးေပ။ထို႔ေၾကာင့္ က်ိခ်င္းက်ိဳးတစ္ေယာက္ နားၾကပ္တပ္ကာvideoထိုင္ၾကည့္ေနလိုက္ေတာ့သည္။
ေန႔လည္ေလာက္က် ယြီအန္းယီထံက်ိခ်င္းက်ိဳးဖုန္းေခၚလာခဲ့သည္။သူမဆီက်ိခ်င္းက်ိဳး ဖုန္းေခၚလာသည့္အခ်ိန္က သူမမိတ္ကပ္ျပင္ၿပီး၍ ဒီေန႔ဘာဝတ္ရမလဲ စဥ္းစားေနသည့္အခ်ိန္ပင္။

{Happy New Year}
က်ိခ်င္းက်ိဳးေျပာလိုက္၏။

{Happy New Year}
ယြီအန္းယီသည္ အဝတ္လဲခန္းထဲမွ ဝတ္စုံေတြကိုၾကည့္ကာ ႐ိုး႐ွင္းလြန္းသည္ထင္၍ ခပ္ေတာက္ေတာက္ေတြဝတ္ရန္စဥ္းစားေနသည္။

{အန္းယီ...ငါ အကူညီေတာင္းစရာ႐ွိလို႔}
က်ိခ်င္းက်ိဳးေတြးၿပီးတာနဲ႔ တန္းေျပာလိုက္ျခင္းပင္။

ယြီအန္းယီက သိခ်င္လိုစိတ္ျဖင့္
{ဘာအကူအညီလဲ}

{မင္း  အရင္တစ္ခါကျပဖူးတဲ့ ေက်ာက္ေတြ႐ွိေသးလာဟမ္။အဲ့တုန္းက ငါႀကိဳက္တယ္လို႔ ေျပာထားတဲ့ဟာေလးဝယ္ခ်င္လို႔}

ယြီအန္းယီက မ်က္ေတာင္တျဖတ္ျဖတ္ခတ္ေလကာ-

{နင္ ဘာလို႔ ေက်ာက္ဝယ္ခ်င္တာလဲ။ငါက ေက်ာက္ေရာင္းေက်ာက္ဝယ္သမားႀကီးနဲ႔တူလို႔လား}

{အာ...ခ်ဴခ်န္ကေလ လူတစ္ေယာက္ကို ေက်ာက္ဆြဲသီးေလးလုပ္ခိုင္းၿပီး ငါ့ကို ဆြဲႀကိဳးေလးလက္ေဆာင္ေပးလာတယ္။ငါလည္း သူ႕ကို တစ္ခုေလာက္ျပန္ေပးခ်င္တာ။ ဒါေပမယ့္ ေဈးကဟာေတြက် ဒီဇိုင္းေဖာ္ၿပီးသားမို႔ မဝယ္ခ်င္ဘူးေလ။မင္းေရာင္းေပးဖို႔ ေတာင္းဆိုခ်င္တာပါ။တကယ္လို႔ အဆင္ေျပတယ္ဆို စိတ္ခ်ရတဲ့ ဒီဇိုင္းဆရာပါ႐ွာေပးလို႔ရမလား။သူ႕အတြက္ အဆင္ေျပတဲ့ေက်ာက္ဆြဲႀကိဳးေလးေပးခ်င္လို႔ ကူညီပါဦး}

ယြီအန္းယီ အံ့ဩသြားရ၏။သူမအထင္ ခ်ဴခ်န္ကလက္ေဆာင္ကို ခ်စ္သူမ်ားေန႔မွ က်ိခ်င္းက်ိဳးဆီေပးမယ္လို႔ေလ။ဒါေပမယ့္ အခုပဲ က်ိခ်င္းက်ိဳးကို ေပးလိမ့္မယ္လို႔ မထင္ထားဘူး။

{ေရာင္းလို႔ကရပါတယ္။ဒါမဲ့ေလ နင္ႀကိဳက္တယ္လို႔ေျပာတဲ့ဟာေလးမ႐ွိေတာ့ဘူး။အဲ့ေက်ာက္ေလးက အခုနင့္လည္ပင္းမွာ ဝတ္ထားတဲ့ဟာေလးျဖစ္သြားၿပီ။တစ္ျခားဟာမ်ိဳးပဲရမယ္ေနာ္}

က်ိခ်င္းက်ိဳး သေဘာေပါက္သြား၏။

{မင္းအရင္က ပုံေတြျပခဲ့တာအဲ့တာေၾကာင့္လား}

သူသည္ လည္တိုင္ထက္မွ ေက်ာက္ဆြဲႀကိဳးေလးအား ထိေတြ႕ကာ-

{ဒါဆို ခ်ဴခ်န္က အေစာႀကီးတည္းက ငါ့ကိုေပးခ်င္ေနတာေပါ့?}

ယြီအန္းယီသည္ သူမအရင္အခ်စ္ႀကီးဆီ ေက်ာက္ေပးတဲ့အေၾကာင္းအားေတြးမိရာ သူ႕ကိုေျပာျပလိုက္သည္။

{သူဘာလို႔အဲ့ဆြဲႀကိဳးေပးတာလဲသိလား}

{ဘာလို႔လဲ}

{အဲ့တုန္းက ငါတို႔စကားစုေျပာေနၾကတာ...ငါက နင္နဲ႔ေလာ့ယြီ႐ွင္းက နည္းနည္းဆင္တယ္ေနာ္လို႔ သူတို႔ကိုေျပာလိုက္တာ။အဲ့မွာ ေယာက္႐ိႈးယြမ္က ဖန္ေယာင္႐ႊမ္း နင့္ေနာက္လိုက္တာ ႏွင္းဆီျဖဴေလးကို မရႏိုင္လို႔သူ႕ေဘးမွာ ၾကာပန္းျဖဴေလးထားတာေကာင္းမယ္ဆိုၿပီးလိုက္တာလို႔  ဖန္ေယာင္႐ႊမ္းရဲ႕ စိတ္အေျခအေနကိုခြဲျခမ္းျပေရာ။အားခ်န္က နင့္ကို ၾကာပန္းျဖဴလို႔ေျပာတာမႀကိဳက္ဘူး။ေလာ့ယြီ႐ွင္းကႏွင္းဆီျဖဴဆိုလည္း ႏွစ္ေဒၚလာတန္စတိုးက လက္ကားေရာင္းတဲ့ပလက္စတစ္ႏွင္းဆီျဖဴပဲျဖစ္မွာတဲ့။နင္က်ေတာ့ ၾကာပန္းျဖဴဆိုလည္း ေက်ာက္နဲ႔ျခယ္တဲ့ ၾကာပန္းျဖဴတဲ့။အမေလးးး အားခ်န္က သူေတြးတာမွန္တယ္ဆိုၿပီးနင့္ကိုလက္ေဆာင္ေပးခ်င္လို႔ ငါ့ဆီက ေက်ာက္‌‌ေတြ‌လာေမးတယ္။ငါကေတာ့ ၾကာပန္းျဖဴပုံႀကီး ဒီဇိုင္းလုပ္မွာထင္လို႔ အေသလန္႔သြားတာပဲ}

ေက်ာက္ဆြဲႀကိဳးမွာက ဒီလိုရာဇဝင္႐ွိတယ္ေပါ့ေလ။မထင္ထားဘူး။က်ိခ်င္းက်ိဳးျပဳံးလည္းျပဳံးမိသလို ေပ်ာ္႐ႊင္လာသည္။

{နင့္အတြက္ ဘာပုံေလးဒီဇိုင္းဆြဲေပးထားတာလဲဟမ္}ယြီအန္းယီကေမးေလသည္။

က်ိခ်င္းက်ိဳးမွာ ဘယ္လိုေျဖရမွန္းမသိ၍ ေဝေဝဝါးဝါးသာေျပာမိ၏။

{ငါတို႔ ေတြ႕ရင္သိမွာပဲဥစၥာ}

{ဟုတ္ပါၿပီ...အဲ့ေတာ့ နင္ထပ္ေ႐ြးၾကည့္လိုက္ေလ။ငါ ပုံေတြပို႔ေပးလိုက္မယ္}

{သူႀကိဳက္တာေ႐ြးလို႔ရေအာင္ သူ႕ဆီပဲပို႔ေပးလိုက္ေနာ္}
က်ိခ်င္းက်ိဳးေျပာလိုက္သည္။

{ငါ့ကိုလုပ္သလိုပုံစံမ်ိဳးပဲေလ}

{ဒါလည္း‌ ေကာင္းတာပဲ}

{ဒါဆို အန္းယီက သူေ႐ြးၿပီးသြားရင္ ငါ့ကိုေဈးႏႈန္းေျပာေပးေပါ့။မင္းဆီ ပိုက္ဆံလႊဲေပးပါ့မယ္}

အစကေတာ့ ယြီအန္းယီက ထားလိုက္ေတာ့လို႔ ေျပာမို႔ျဖစ္သည္။သို႔ေသာ္ အရင္က ခ်ဴခ်န္ေျပာခဲ့တာေတြေတြးမိၿပီး သူမသာ ပိုက္ဆံေပးလိုက္ရင္ ေက်ာက္ေထာက္ပံ့သူအမႀကီးသာျဖစ္သြားမည္ပင္။ထို႔ေၾကာင့္ “ေကာင္းၿပီ” လို႔သာ ေျပာလိုက္ေခ်သည္။

သို႔တိုင္ တကယ့္တကယ္က် က်ိခ်င္းက်ိဳးလို အဆင့္၁၈ၾကယ္ပြင့္ေလးက တစ္ႏွစ္အတြင္းပိုက္ဆံအမ်ားႀကီး ႐ွာႏိုင္ေသးမွာမဟုတ္ေခ်။ယြီအန္းယီဘာသာ ေတြးလိုက္သည္ကေတာ့ discount ခ်ေပးဖို႔ပင္။က်ိခ်င္းက်ိဳးကိုေတာ့ မေျပာမွပဲရမယ္...

ႏွစ္ေယာက္သားစကားေျပာၿပီးေနာက္ ယြီအန္းယီ၏မိတ္ကပ္ဆရာ‌ေရာက္လာၿပီျဖစ္၍ ယြီအန္းယီဖုန္းခ်လိုက္ေတာ့သည္။ထို႔ေနာက္ ဒီေန႔ဝတ္မယ့္အဝတ္အစားေတြ ကူၾကည့္ေပးဖို႔ ေတာင္းဆိုလိုက္ေလသည္။

ေနာက္တစ္ေန႔က် ယြီအန္းယီနဲ႔က်ိခ်င္းက်ိဳးတို႔ေတြ႕ျဖစ္ၾက၏။ယြီအန္းယီက ကုတ္အက်ႌအနီေရာင္အား ဝတ္ဆင္ထားကာ ႐ွည္လ်ားေျဖာင့္စင္းေသာ ဆံႏႊယ္နက္နက္မ်ားအားျဖန္႔ခ်ထားေလသည္။အရင္ကလို ဖ်က္လတ္တက္ႂကြသည့္ပုံစံဘက္မသြားဘဲ တည္ၿငိမ္ရင့္က်က္သည့္ပုံစံမ်ိဳးျဖစ္သည္။

“မင္း ဒီေန႔ အရမ္းလွတာပဲ”က်ိခ်င္းက်ိဳး လက္မေထာင္ျပလိုက္သည္။

“ဟြန္႔ ငါမလွတဲ့ေန႔ေရာ႐ွိလို႔လား”ယြီအန္းယီကျပန္ေျပာလာသည္။

သူမနဲ႔ခ်ဴခ်န္က တကယ္ကို ေ႐ႊဇြန္းကိုက္ေလးေတြျဖစ္ထိုက္ပါရဲ႕။ႏွစ္ေယာက္လုံး ကိုယ့္ကိုကိုယ္အမႊမ္းတင္တာကအစတူတူပင္။

ယြီအန္းယီက ေက်ာက္ဘူးေလးအား ကမ္းေပးလာသည္။

“အားခ်န္က ဒါႀကိဳက္တယ္တဲ့”

“ငါ  လက္ေဆာင္ေပးမွာကိုေရာ ရိပ္မိသြားေသးလား”

“ဟင့္အင္း...ငါ့ေကာကို ေက်ာက္လက္ေဆာင္ေပးမွာမို႔ ေယာက်ၤားေလး‌ေတြကဘယ္လိုဟာမ်ိဳးေလးေတြႀကိဳက္တတ္လဲေမးလိုက္တာ။သူက သူႀကိဳက္တာတစ္ခုေ႐ြးၿပီး ငါ့ေကာႀကိဳက္မဲ့ဟာပါ ေ႐ြးေပးတာ”

“ေကာင္းလိုက္တာ”
က်ိခ်င္းက်ိဳးေခါင္းညိမ့္လိုက္သည္။

“ကဲ နင္ရဲ႕ဆြဲသီးေလးက ဘယ္လိုပုံစံမ်ိဳးလဲျပၾကည့္ဦး”

က်ိခ်င္းက်ိဳးသည္ ဆြယ္တာအက်ႌေအာက္မွ ဆြဲႀကိဳးေလးအားယူထုတ္၍ သူမကိုျပလိုက္သည္။
ယြီအန္းယီက သူ႕လက္ထဲ႐ွိ ဆြဲသီးေလးအားၾကည့္လ်က္-

“အဲ့ဒါဘာလဲဟင္။အသီးလား။ဘာအသီးပါ့လိမ့္?အာ တ႐ုတ္ဇီးသီးလား”

“ဟုတ္တယ္”

“တ႐ုတ္ဇီးသီးေပးတာက ဘာအဓိပၸါယ္တုန္း”ယြီအန္းယီစဥ္းစားရက်ပ္ေနေခ်ၿပီ!

“ဇီးသီးစိမ္းဆိုတာ ငယ္႐ြယ္ျခင္းကို ကိုယ္စားျပဳတာတဲ့။သူက ငါ့ကို လူငယ္ေလးလို သေဘာထားတာေလ။ဒါ့ျပင္ ဒီ အနီေရာင္အကိုင္းေလးမွာ ဇီးပန္းပြင့္ေလးေတြျပည့္ေနတာကလည္း လွပျခင္းကို ကိုယ္စားျပဳတာတဲ့။သူက ငါ့အနာဂတ္ကို ေတာက္ပလင္းလက္ေစခ်င္တဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ေပးတာတဲ့‌ေလ”

အေရးႀကီးဆုံးအဓိပၸါယ္ႀကီးကိုေတာ့ ယြီအန္းယီကို မေျပာျပလိုက္ေပ။အဆုံးသတ္က် အဲ့အဓိပၸါယ္ဆိုတာကလည္း သူႏွင့္ခ်ဴခ်န္ႏွစ္ေယာက္နဲ႔ပဲသက္ဆိုင္တဲ့ ဟိုလိုလိုဒီလိုလိုစကားေတြပဲေလ။

ယြီအန္းယီကေတာ့ ထိုကဲ့သို႔ စာတစ္တန္ေပတစ္တန္႐ွင္းျပခ်က္ေတြ နားမလည္ေလေခ်။

“အမေလး အစ္ကိုတို႔ႏွစ္ေယာက္နဲ႔ယွဥ္မွပဲ ကြၽန္မက စာေပေက်ာင္းဆင္းအတုမႀကီးလိုျဖစ္ေနၿပီ”

က်ိခ်င္းက်ိဳးက ရယ္သည္။

“ထားပါေတာ့...ဒါနဲ႔ေလ အန္းယီသိတဲ့ ပန္းပုဆရာေတြဘာေတြ႐ွိလား”

“အြန္း”
ယြီအန္းယီေခါင္းညိမ့္၍-

“နင္လိုခ်င္တဲ့ ပုံစံေလးဆြဲၿပီး ငါ့ကိုေပးလိုက္ခ်ည္။အေသးစိတ္လြန္းစရာလည္းမလိုဘူး။ဆရာက ေက်ာက္အရည္အေသြးကိုၾကည့္ၿပီး ျပန္ဖန္တီးေပးတာေလ။ငါ့ေကာအတြက္လည္း ‌တစ္ခုသြားလုပ္ေပးမွာမို႔ အတူတူပဲယူသြားလိုက္ေတာ့မယ္၊”

က်ိခ်င္းက်ိဳး ဆြဲၿပီးသြားတာျဖင့္ၾကာၿပီ။သူဆြဲထားတဲ့စာ႐ြက္ေလး ယြီအန္းယီဆီေပးလိုက္သည္။

“ဒါေလး”

ယြီအန္းယီတစ္ေယာက္ စာ႐ြက္ေလးကိုဖြင့္ၾကည့္ၿပီး နားမလည္သလို က်ိခ်င္းက်ိဳးအားျပန္ၾကည့္လိုက္၏။

“ဒါကေရာ ဘာအဓိပၸါယ္လဲဟင္။ေလးေထာင့္ေဘာင္ထဲမွာ နင့္ရဲ႕ဇီးသီးထည့္လိုက္႐ုံပဲမဟုတ္ဘူးလား။ဘာလဲလို႔”

က်ိခ်င္းက်ိဳး ေခါင္းေလးငုံ႔၍ ‌ျပဳံးလိုက္၏။ဇီးသီးပင္ေလးအား  ေဘာင္ခတ္လိုက္ပါက အျပင္ထြက္ႏိုင္ေတာ့မည္မဟုတ္ေခ်။ခ်ဴခ်န္ သေဘာက်မွာ အေသအခ်ာပဲ။

ဒါေပမယ့္ သူ ယြီအန္းယီအား ထိုအေၾကာင္း ဘယ္လိုေျပာျပႏိုင္မွာလဲ။ထို႔ေၾကာင့္ ႐ိုး႐ိုးေလးသာ ႐ွင္းျပလိုက္၏။

“ဒီအဓိပၸါယ္က ငါ့ ငယ္႐ြယ္မႈေတြ သူ႕ကိုေပးၿပီး အလင္းတန္းပါ သူ႕အတြက္ ေဆာင္ယူလာတယ္လို႔ ဆိုလိုတာ”

ယြီအန္းယီက“ဟမ့္”ခနဲ အသံျပဳကာ-

“အန္ခ်င္လာၿပီဟဲ့တကယ္ပါပဲ”

“ခ်စ္မိသြားရင္ အဲ့လိုပဲမဟုတ္လား”

“‌ ေအာ ငါဘာလို႔ ရည္စားမရလဲသိသြားပါၿပီ...ငါက နင္တို႔ႏွစ္‌ေယာက္ေလာက္မွ အညႇီအေဟာက္မဆန္ပဲေလ”

“မင္းလည္း ႐ွိလာမွာပါ”

က်ိခ်င္းက်ိဳး ေျပာ၏။

“မင္းက အရမ္းလွၿပီးခ်စ္ဖို႔ေကာင္းတဲ့ဟာ။ဘလိုလုပ္ ႀကိဳက္တဲ့ေကာင္ေလးမ႐ွိဘဲေနမွာလဲ”

“ မွန္လိုက္တာ ”

ယြီအန္းယီက ယုံၾကည္ခ်က္႐ွိ႐ွိေျပာလာသည္။

“ငါ့ကိုလိုက္ေနတဲ့လူေတြမွအမ်ားႀကီး။ငါကသာ မႀကိဳက္လို႔ ခါခ်ေနရတာ”

ထိုအေၾကာင္း ေျပာမိေတာ့ သူမ၏သနားဖြယ္အခ်စ္ဦးေၾကာင့္ ဝမ္းနည္းခ်င္လာျပန္သည္။သူမသေဘာက်မိတဲ့လူကခပ္႐ွား႐ွားရယ္ အရမ္း႐ွာရခက္တာ အခုေတြ႕မယ့္‌ေတြ႕ေတာ့လည္း သူက ေကြးေနရဲ႕...သူမသနားဖို႔မေကာင္းေနဘူးလား။သနားဖို႔ေကာင္းတာေပါ့။အရမ္းသနားဖို႔ေကာင္းတယ္။

“ဒါနဲ႔ ဘယ္ေလာက္လဲ”

ယြီအန္းယီက ဂဏန္းအတြဲတစ္ခုသူ႕ကိုေပးလိုက္သည္။

ခ်က္ခ်င္းပဲ က်ိခ်င္းက်ိဳး စိတ္သက္သာရာရသြား၏။ေတာ္ေသးတာေပါ့ သူတတ္ႏိုင္တဲ့ဒီပမာဏေလးျဖစ္ေနလို႔...
ဒါေပမယ့္....

“မင္း လိမ္ေတာ့မလိမ္ဘူးမလား။ငါ့ကို ကူညီခ်င္လို႔ဆိုၿပီးေဈးမေလွ်ာ့ေပးပါနဲ႔။အဲ့လိုက် မသင့္ေတာ္ဘူးေလ”

“ ေပါက္ေပါက္႐ွာ႐ွာ မေလ်ာ့ထားပါဘူး”
ယြီအန္းယီက ခပ္တည္တည္ပင္။

“ငါက အဲ့လိုအနစ္နာခံမဲ့လူမ်ိဳးလား။အစဝယ္တည္းကိုက သူငယ္ခ်င္းဆီကမို႔ ေဈးမႀကီးဘူး။အခု နင္ဝယ္မယ္ဆိုလို႔ လတ္တေလာေဈးနဲ႔တြက္ၿပီး ေပးတာ။အဲ့တာေၾကာင့္ေဈးႀကီးေနတာ။တကယ္လို႔ ငါတို႔သာသူငယ္ခ်င္းလို႔ေတြးေနရင္း နင့္ဆီက ပိုက္ဆံယူမေနဘူး သိရဲ႕လား”

က်ိခ်င္းက်ိဳး စိတ္ေအးသြား၏။

“ေနာက္မွ ပိုက္ဆံပို႔ေပးလိုက္မယ္ေနာ္”

“အြန္း”

သူတို႔ ခဏတာစကားေျပာၾကၿပီးေနာက္ ယြီအန္းယီက လုပ္စရာ႐ွိေသးသျဖင့္ ေက်ာက္စိမ္းနဲ႔ ဒီဇိုင္းဆြဲထားသည့္စာ႐ြက္ေလးကို ယူလိုက္ရင္း...

“ပုံေဖာ္ၿပီးရင္ ငါယူလာေပးမယ္”

“အင္း”

က်ိခ်င္းက်ိဳးလည္း ႏႈတ္ဆက္ၿပီး တကၠစီျဖင့္ေဆး႐ုံျပန္ခဲ့ေတာ့သည္။
ခ်ဴခ်န္တစ္ေယာက္ ေလးရက္ေျမာက္ေန႔မွသာ ဝမ္ဖန္းကို လာေတြ႕ရ၏။သူလည္းမတတ္ႏိုင္ေပ။ပထမသုံးရက္လုံး အိမ္မွာ ဧည့္သည္ေတြေရာက္ေန၍ အျပင္ထြက္လို႔မရခဲ့။

ဝမ္ဖန္းက သူ႕ကိုျမင္ခ်ိန္အံ့ဩသြားလ်က္ ျပဳံးျပဳံး႐ႊင္႐ႊင္ျဖင့္ ထိုင္ဖို႔ေျပာလာသည္။

“အယ္ ေ႐ွာင္ခ်ဴ...ဒီကို ဘာလို႔ေရာက္ေနတာလဲ”

“အန္တီ့ကိုလာၾကည့္တာဗ်” ခ်ဴခ်န္က ေႏြးေထြးစြာျပန္ေျပာလိုက္သည္။

“အိုက္ယားးး အန္တီက ဘာေတြမ်ားၾကည့္စရာ႐ွိလို႔လဲ...ဒီကေလးကေတာ့...တအားသိတတ္လြန္းေနပါၿပီ။ ဒီေန႔က သားမိသားစု ေဆြမ်ိဳးေတြဆီသြားလည္ၾကမယ့္ေန႔မဟုတ္ဘူးလား”

“ဒီေန႔မသြားၾကပါဘူး အန္တီရဲ႕။ဟိုအရက္အနည္းငယ္ကမွ အတြဲလိုက္ႀကီးလာလည္ၾကေသးတယ္။ၿပီးေတာ့ သဘက္ခါလည္း အမ်ားႀကီးလာၾကဦးမွာေလ။ အဲ့တာေၾကာင့္ ကြၽန္ေတာ္ အားတဲ့အခ်ိန္ေလး အန္တီကိုလာေတြ႕တာဗ်”

ဝမ္ဖန္းစိတ္ထဲ ေကာင္ေလးက ယဥ္ေက်းသိတတ္လြန္းသည္ဟု ခံစားေနရသည္။သူမတို႔ ေပ်ာ္႐ႊင္စြာစကားေျပာေနၾကသည္မွာ အေတာ္ေလး အသက္ဝင္လွသည္။

ခ်ဴခ်န္ျပန္ေသာအခါ က်ိခ်င္းက်ိဳးအား New Culture ကဒီလပိုင္းအတြင္း ျပန္ဖြင့္ရမွာျဖစ္ေသာေၾကာင့္ ကိုးရက္ေန႔အိမ္ျပန္ရမွာျဖစ္ၿပီး ဒီရက္ေတြ ခ်ဴအမ္ေတာ္မွာပဲ ေနဦးမည္ဟု ေျပာသြားေလသည္ ။

က်ိခ်င္းက်ိဳးကလည္း မ်ားမ်ားစားစားမေတြးဘဲ “အိုေက”ဟုသာျပန္ေျပာလိုက္သည္ ။

ခ်ဴခ်န္ျပန္သြားတည္းက က်ိခ်င္းက်ိဳး ဝမ္ဖန္းႏွင့္အတူတူ႐ွိေနေပးသည္မွာ ဝမ္ဖန္းကျပန္လႊတ္ရသည္အထိ။

“တစ္ခ်ိန္လုံး ေဆး႐ုံမွာပဲေနေနရတာမေကာင္းဘူးေလ။အိမ္ျပန္ေတာ့”ဝမ္ဖန္းက ႏူးညံ့စြာေျပာလာသည္။

ေဖေဖာ္ဝါရီလ ဆယ့္ေလးရက္ေန႔တြင္ က်ိခ်င္းက်ိဴးတစ္ေယာက္ ဖုန္းေပၚကျပကၡဒိန္ကိုၾကည့္မွသာ ခ်စ္သူမ်ားေန႔ျဖစ္ေၾကာင္းသိ၍အံ့ဩသြားရ၏။သို႔ေသာ္ သူ႕မွာခ်စ္သူမ႐ွိသည့္အတြက္ ဒီပြဲေတာ္က သူနဲ႔ဘာမွမသက္ဆိုင္ေခ်။

က်ိခ်င္းက်ိဳးတစ္ေယာက္ မီးဖိုခန္းထဲဝင္ကာ အေၾကာ္အေလွာ္ေလးလုပ္ရန္ျပင္လိုက္ေပမယ့္ ေရခဲေသတၱာဖြင့္လိုက္တဲ့အခါ ႏွစ္သစ္ကူးတုန္းက သူနဲ႔ခ်ဴခ်န္တို႔ ဝယ္ထားတာေတြအကုန္လုံး ကုန္သြားၿပီျဖစ္သည္။ေရခဲေသတၱာထဲမွာ ဘာမွမ႐ွိလုနီးနီးျဖစ္ေန၏။
သူလည္း ကုန္တိုက္သြားဖို႔ ဆုံးျဖတ္လိုက္ေတာ့သည္။က်ိခ်င္းက်ိဳးတစ္ေယာက္ မ်က္မွန္တပ္ၿပီး TVေပၚက႐ုပ္နဲ႔မတူေအာင္ မိတ္ကပ္နည္းနည္းဖို႔လိုက္သည္။ၿပီးမွ အျပင္သို႔ ခ်ီတက္ေတာ့၏။သူ တကၠစီငွားၿပီး ကုန္တိုက္နားမွာ ဆင္းလိုက္သည္။

က်ိခ်င္းက်ိဳး ကားထဲမွထြက္ၿပီး ေျခလွမ္းနည္းနည္းပဲ လွမ္းရေသးခ်ိန္ တစ္ေယာက္ေယာက္ သူ႕နာမည္ေခၚသံၾကားလိုက္ရ၏။

“ခ်င္းက်ိဳး?”

က်ိခ်င္းက်ိဳးလွည့္ၾကည့္လိုက္ေတာ့ ထိုသူက ယင္းႏ်န္ပင္။သူက ေနကာမ်က္မွန္တပ္ထားၿပီး ကားမွန္ခ်ထားသည့္ ခပ္လွမ္းလွမ္းကားထဲမွ သူ႕ကို ျပဳံးၾကည့္ေနသည္။

က်ိခ်င္းက်ိဳး ခပ္ျမန္ျမန္ အနားသို႔ေလွ်ာက္သြားကာ-

“Happy New Yearပါ”

“မင္းေရာပဲ”ယင္းႏ်န္ကေျပာလာသည္။

“မင္းဘာလာလုပ္တာလဲ? dateလား”

“ဘယ္ကသာ...ကုန္တိုက္မွာ အသီးအ႐ြက္လာဝယ္တာပါ။မင္းကေရာ”

“အျပင္ထြက္စားတာ”

“ေအာာာာာာာာာ္”

က်ိခ်င္းက်ိဳးက အသံ႐ွည္ႀကီးဆြဲၿပီးမွ-

“dateေပါ့ေလ။ဟုတ္လား”

ယင္းႏ်န္က ေခါင္းယမ္းလာၿပီး မႏိုင္ေတာ့သလိုမ်ိဳးျပဳံးျပလာသည္။

“မင္းလည္းမစားရေသးဘူးမလား။ကားထဲဝင္ေလ။ ငါလိုက္ဝယ္ေကြၽးမယ္။”

က်ိခ်င္းက်ိဳးအေတြးထဲမွာေတာ့ တစ္ေယာက္တည္းစားရမယ့္အတူတူယင္းႏ်န္နဲ႔စားရတာလည္းမဆိုးေခ်။ၿပီးေတာ့ သူယင္းႏ်န္ကို ဝယ္ေကြၽးမယ္လို႔ေျပာထားတာ အေႂကြးတင္ေနေသးတယ္။

“ငါဝယ္ေကြၽး‌ပါ့မယ္။မင္းကို ဝယ္ေကြၽးမယ္ဆိုၿပီး အေႂကြးတင္ေနေသးတယ္ေလ။ေမ့ေနၿပီလား”

ယင္းႏ်န္က ခရီးသည္ခုံကိုဖြင့္ေပးလာ၍ က်ိခ်င္းက်ိဳး ဝင္ထိုင္လိုက္၏။

ယင္းႏ်န္ကေျပာလာသည္။

“အဲ့တာက ဘာမွမျဖစ္ပါဘူး။ကုန္ရက်ိဳးလည္း မနပ္ဘူး။ငါ့ပဲ ဖိတ္ေခၚ‌ပါ့မယ္။စားပြဲတစ္ဝိုင္းစာႀကိဳခ်ိန္းထားၿပီးသားမို႔အ‌ဆင္ေျပတယ္”

+++++++++++++++++++

႐ွာလကာရည္အနံ႔လိႈင္းထေနေခ်ၿပီ😂😂😂

ေတာ္ေတာ္ဆိုးတဲ့ လင္လင္ေတြ ကူမေကာင္း မကူမေကာင္း။အန္းယီမွာလည္း crush အတြက္တင္မကဘူး crush ေကာင္ေလးအတြက္ပါခ်ီးေျမႇာက္ေနရတယ္😂😂

ေနာက္ပိုင္းကေတာ့ သိၾကတဲ့အတိုင္း drama ခ်ဴခ်ဴပါမည္။သူဘာသာဇာတ္လမ္းေရး သူဘာသာကေနတာ😂😂

ဆြဲႀကိဳးေလးကို မေဖာ္ျပတတ္ေတာ့ဘူး က်ိဳးက်ိဳးဆြဲႀကိဳးေလးကအရမ္းလွမယ့္ပုံပဲ ဇီးပန္းခိုင္ေလးေရာ၊သစ္႐ြက္ေလးေတြေရာ၊ဇီးသီးစိမ္ေလးေရာ ေတာ္ေတာ္အေသးစိပ္မွာ။ခ်ဴခ်န္ ဆြဲသီးက် နံရံပုံစံေလးေထာင့္ေဘာင္ေလးမွာ က်ိဳးက်ိဳးဆြဲသီးေလးကပ္ေနတဲ့ပုံေလးပါ။အဲ့တာက သူတို႔ႏွစ္ေယာက္အတြက္ အရမ္းအေရးပါတဲ့ စုံတြဲဆြဲႀကိဳးေလးပါ႐ွင့္။ဟုတ္ကဲ့ ကြၽန္မFAပါ🤧

+++++++++++++++++++++

Continue Reading

You'll Also Like

1.2M 90.1K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
3.5M 217K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
290K 5.1K 47
ဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လ...
2.3M 148K 94
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...