အဆွေခင်ပွန်းလောင်းနဲ့အတူ စီးပ...

De Nymph_flower

74.6K 7.5K 249

Pub - Oct29, 2022 Start - Oct27, 2022 End -Jan 6 2023 Mais

Part1
part 2
part3
part4
part 5
part 6
part7
part8.1
part8.2
part9.1
part9.2
part10.1
part10.2
part11
part12
Part13
part14.1
part14.2
part 15
part 16
part 17
part 19
part20
part21
part22
part23
part24
part 25.1
25.2
Part26
part27
Extra
For Extra!
Extra 1.1

part18

1.6K 175 5
De Nymph_flower

Uni

သင်္ခါ့အား အပင်ကူစိုက်ရာတွင် သုံးလေးခါထက်မက နှာချေလာသောအခါ ဝဿန်တစ်​ယောက် ကောင်လေး၏ အတင်းအကြပ်နားစေခြင်းကို ခံလိုက်ရသည်။ ထို့နောက် တစ်ယောက်တည်းသာ တောင်းထဲက ကြံပင်လေးများကို သယ်လိုက်၊ အခင်းရှိ မြောင်းထဲစိုက်လိုက် လုပ်နေလေသည်။

ကြံစိုက်ဖို့ရာအတွက် စိုက်ခင်းမြောင်းတူးသည့်နေရာတွင် အတိမ်အနက်အမျိုးမျိုးရှိ၏။ အဓိကအချက်မှာ မိမိစစိုက်သောအပင်များကို တစ်နှစ်တန်သည်၊ နှစ်နှစ်သုံးနှစ်တိုင်သည်တွေးကာ နှစ်ကြာကြာစိုက်ပျိုးဖို့ဆုံးဖြတ်ထားလေလေ ပို၍နက်နက်တူးထားရလေလေဖြစ်သည်။ တူးပြီးသောမြောင်းထဲ အရွက်ခြောက်များမီးရှို့ခြင်း၊ ကောက်ရိုးဆွေးများစုပုံခြင်း အစရှိသဖြင့် မြေဩဇာနှင့်စိုက်ပျိုးမြေကို သမအောင်ကြိုလုပ်ထားရသည်။ ထို့နောက် ရေပိုရေလိုခြင်းမရှိအောင် ဂရုတစိုက်ရေတင်သွင်းပေးရပေသည်။

သင်္ခါ နည်းနည်းတော့စိုးရိမ်နေမိ၏။ မိုးတအားရွာထားသောကြောင့် မြေဩဇာတို့ ရေနဲ့အတူ တစ်ဝက်လောက် မျှောပါသွားနိုင်သည်ဖြစ်ရာ စိုက်ပျိုးရန် သင့်တော်သော အခြေအနေတော့မဟုတ်။ သို့သော်ငြား ပျိုးထားသောကြံပင်၏ အရွယ်ရောက်မှုကြောင့် နောက်ထပ်အချိန်ဆွဲလို့မဖြစ်တော့။

သင်္ခါ မျိုးပင်ကလေးကို တောင်းထဲကထုတ်၍ ပျော့ပျောင်းနေသောမြေကြီးထဲ ဂရုတစိုက်နှစ်လိုက်သည်။ လက်ရှိလယ်ကွက်သည် သူပိုင်သမျှထဲအသေးဆုံးလယ်ဖြစ်ကာ ခုနစ်မြောင်းရှစ်မြောင်းလောက်သာ စိုက်ပျိုးနိုင်ပေလိမ့်မည်။ ကိစ္စတော့သိပ်မရှိ။ သူကိုယ်တိုင်ကလည်း လက်ရှိတွင် အများကြီးစိုက်ပျိုးနိုင်သဘ်ဟု မတွေးထားသောကြောင့် အပင်အနည်းငယ်ကိုသာ ပျိုးထားခဲ့ခြင်းဖြစ်သည်။

အလုပ်လုပ်လျှင် အချိန်ဆွဲရသည်ကိုမကြိုက်သော သင်္ခါသည် စတင်လုပ်လိုက်သည်နှင့် အချိန်မေ့သွားခဲ့ကာ နေ့ခင်းရောက်လာသည်အထိ တစ်ခါလေးတောင်မနားခဲ့။ တစ်ချိန်လုံးငုပ်တုပ်ထိုင်နေရသည့် ဝဿန်မှာသာ ပျင်းရိစွာဖြင့် လှမ်းခေါ်အသိပေးလိုက်ရသည်။

"ခဏနားဖို့ ပြန်လာတော့... ကိုယ်တကယ်ပျင်းနေပြီ"

ခြေလက်များကို အကြမ်းဖျင်းဆေးချပြီးနောက်တွင် သင်္ခါက ဝဿန့်အနားပြန်လျှောက်လာခဲ့သည်။ ဝဿန်မှာ ဂိမ်းဆော့ရင်း ပျင်းရိပျင်းတွဲလှဲနေခဲ့တာဖြစ်ပြီး ကောင်လေးကိုမြင်တော့ ထထိုင်၍ ချွေးစီးကြောင်းများဖြင့်မျက်နှာကို တရွှတ်ရွှတ်နမ်းပစ်လိုက်တော့သည်။

"ညစ်ပတ်တယ်"

ဆိုးရွားသောချွေးနံ့ကြောင့် သင်္ခါစိတ်မပါလက်မပါဖြင့် ခေါင်းကိုအနောက်ဆုတ်တော့ ဝဿန်ကလည်း လားရာအတိုင်းလိုက်နမ်းသည်။

"ခါ... မလုပ်နဲ့တော့"

သင်္ခါ့မျက်နှာထက်မူ ကသိကအောက်ဖြစ်နေမှုများရှိနေသည်။ မည်သို့ဆိုစေကာမူ မိမိ၏ကောင်းခြင်းအဖြာဖြာကိုသာ ချစ်ရသူအားထုတ်ဖော်ပြလိုပြီး မိမိဆီက မကောင်းသောအရာအားလုံးတွင် ချွေးနံ့ပြင်းပြင်းကစ ကွယ်ဝှက်ထားချင်ကြသည်။ ထိုသို့သော စိတ်အနှောင့်အယှက်​ဖြစ်ဖွယ်ရာ အရာကိုမှ ဝဿန်က တမင်တကာ လိုက်နမ်းနေသောအခါ သင်္ခါ ရှက်လည်းရှက်သလို ကြည်နူးမှုတို့လည်းဖြစ်ရ၏။ သို့သော်လည်း တားမှရမည်သာ။ ချွေးနံ့ကြောင့် နှာခေါင်းဒုက္ခရောက်ရမည့်အပြင် မည်သူ့အကျိုးမှမရှိသည်မို့။

"မရှောင်နဲ့လေကွာ... ကိုယ်အရမ်းလွမ်းနေလို့"

"......"

သင်္ခါ့၏ အထူးအဆန်းမျက်နှာပေးကြောင့် ဝဿန်ပြန်လည်ဆုတ်ခွာရင်း ရယ်လိုက်သည်။

"မင်းကိုယ့်ဘေးနားမှာ နီးနီးကပ်ကပ်ထိုင်မနေသ၍ ကိုယ်လွမ်းနေရမှာပဲ"

သင်္ခါ့ နှုတ်ခမ်းထောင့်တွန့်ခနဲ ဖြစ်သွားသည်။ သူ့ကိုကြည့်ရသည်မှာ စိတ်ခံစားချက်တို့ကို ထိန်းချုပ်ထားဟန်ထင်ရပေမဲ့ တလက်လက်တောက်ပနေသောမျက်ဝန်းတို့က အရာအားလုံးကိုမဖုံးကွယ်နိုင်။ တည်နေသောမျက်နှာလေးထက်တွင် အပြုံးသေးသေးလေးဖြစ်ထွန်းလာပြီး ခွက်ခနဲနစ်ဝင်သွားသော ညာဘက်ပါးချိုင့်လေးဖြင့် အဆုံးသတ်သွားလေ၏။

ဝဿန်သည်လည်း လိုက်ရယ်မိလေတော့သည်။ ခဏနားပြီးအလုပ်ပြန်စတော့ သင်္ခါ၏ အလုပ်လုပ်သည့်အရှိန်နှုန်းသည် သိသိသာသာထိုးတက်သွားခဲ့သည်။ နေ့လယ်က ဝဿန်၏စကားတစ်ခွန်းကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေလိမ့်မည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကောင်လေးက သူ့ကို ရှေ့မှောက်ထားပြီး လွမ်းမနေရဖို့က အရေးတစ်ခုပဲမို့လား။

ညနေစောင်းလုချိန်တွင် အကုန်လုံးကိုစိုက်လိုက်နိုင်ခဲ့ပြီး နှစ်ယောက်သား ဆိုင်ကယ်တစ်စီးဖြင့် လယ်ကွက်များကိုပတ်၍ ကြက်ခြံသို့ဝင်ကြည့်ခဲ့သည်။ ကြက်ခြံသည် သန့်ရှင်းရေးကိုအလေးထားလုပ်ပေးထားသောကြောင့် ညစ်ပတ်မနေပေ။ မိုးရာသီ၌ တစ်ကောင်စ နှစ်ကောင်စ သေဆုံးသွားခဲ့သည်မှလွဲ၍ ဥနှုန်းကပုံမှန်ပဲဖြစ်ကာ ကြက်များသည်လည်း နာမကျန်းတာမျိုးမရှိ။

ယနေ့၌ရရှိသော ပိုက်ဆံတို့ကို သိမ်းပြီးနောက် အိမ်ပြန်ရန်ပြင်လိုက်စဥ် ဝဿန်တစ်ယောက် အသင့်ကောက်ထားသောကြက်ဥတစ်ကတ်ကို ပိုက်လာခဲ့လေသဖြင့်...

"ကိုလေး... ဒီည ကြက်ဥဟင်းလား"

ကြက်စာများကျွေးပြီး သန့်ရှင်းရေးပြန်လုပ်နေသည့်ပိုင်ပိုင်က လှမ်းမေးသည်။ မနက်စာ၊ နေ့လယ်စာ၊ ညစာ အစရှိသည့်မီနူးတိုင်းက ဝဿန့်အကြိုက်များချည်းသာ။ ထို့ကြောင့် ဘာချက်သလဲသိချင်လျှင် သူ့ကိုမေးလိုက်ရုံ​။ ဒိုင်ခံချက်ပေးရသူကတော့ အထူးပြောပြစရာမလို။ ဒီသင်္ခါမိုးဆိုသည့် သူတို့၏ သူဌေးသေးသေးလေးပင် ဖြစ်သည်။

"မဟုတ်ဘူး..."

ဝဿန်ပြန်​ဖြေပြီးနောက် ဆိုင်ကယ်ကိုခွစီး၍ သင်္ခါ့ပခုံးပေါ်မှီရင်း...

"ကိုယ် ကြက်ဥပူတင်းစားချင်တယ်"

သင်္ခါက လမ်းမထက်မျက်နှာမူထားတာကနေ အကြည့်မလွှဲဘဲ ပခုံးထက်ကမျက်နှာလေးကို မသိမသာလှည့်နမ်းသည်။

"အင်း..."

ဝဿန်သည်လည်း ကောင်လေးနားရွက်ကိုတစ်ချက်နမ်း၍ တုံ့ပြန်လိုက်သည်။

အနောက်ကဝန်ထမ်းနှစ်ယောက် - "........"

လူမြင်ကွင်းထဲရှိနေသေးတယ်ဆိုတာကို နှစ်ယောက်သားသတိရကြပါဦး။

ညခင်းညနေမို့ အလုပ်ကနေပြန်လာကြသူများ၊ ကျောင်းကနေပြန်လာသည့်ကျောင်းသားတို့ဖြင့် ရွာလမ်းတစ်လျှောက် စီကားနေ၏။ ကလေးအချို့သည်လည်း မြောင်းထဲက ဗွက်ရေတွေထဲ လူးလွန့်ဆော့ကစားနေကြရာ မအေဖြစ်သူများ၏ ဆူဆဲအော်ငေါက်သံတို့ကိုပါကြားနေရ၏။ နှင်းအိ အိမ်နားရောက်ခါနီးတွင် ကလေးငယ်သုံးယောက်သည် ခြံဝတွင် ကစားနေကြသည်ကို ဝဿန်လှမ်းမြင်လိုက်သည်။ ထိုစဥ် ဆိုင်ကယ်၏အရှိန်က တဖြည်းဖြည်းနှေးကျလာခဲ့သဖြင့်...

"မကြီးအိမ်ဝင်ဦးမလို့လား"

သင်္ခါက ပြန်မဖြေ။ ဆော့ကစားနေသောကလေးသုံးယောက်ကိုသာ မမှိတ်မသုန်စိုက်ကြည့်နေသည်။ နှစ်ယောက်မှာ နှင်းအိကလေးများဖြစ်သည့် သူ၏တူနှစ်ယောက်။ နောက်ထပ်ဂါဝန်လေးဝတ်ထားသည့် နှစ်နှစ်အရွယ်သမီးလေးတစ်ယောက်။

ရုတ်တရက်ဆိုသလို ဘရိတ်ဆွဲသံနှင့်အတူ ထိုးရပ်သွားသောဆိုင်ကယ်ကြောင့် ဝဿန့်နဖူးမှာ သင်္ခါ့နောက်စေ့နှင့်မိတ်ဆက်သွားခဲ့သည်။ ထိုအခါမှ သင်္ခါက သတိပြန်ဝင်လာခဲ့ပြီး ဆိုင်ကယ်ပေါ်က ကမန်းကတမ်းဆင်း၍ ဝဿန့်နဖူးအား သူ၏လက်ဖဝါးဖြင့် ပွတ်ပေးလာသည်။

"နာသွားသေးလား..."

"ရတယ် ရတယ် မနာဘူး"

ဝဿန်ဘေးဘီကိုကြည့်ကာ သင်္ခါ့လက်ကောက်ဝတ်ကို ဆွဲကိုင်၍ မေးလိုက်သည်။

"တစ်ခုခုဖြစ်သွားလို့လား"ဟု ဝဿန်မမေးလိုက်မိခင် သူတို့နှစ်ယောက်ကိုတွေ့သွားသည့် ကိုမျိုးက အိမ်ထဲနေလှမ်းခေါ်လာခဲ့၏။

"သင်္ခါ... ကိုဝဿန်... အပေါ်တက်ခဲ့ကြဦး"

သင်္ခါ ကစားနေသောကလေးများကို လှည့်ကြည့်လှည့်ကြည့်ဖြင့် ဆိုင်ကယ်ကိုလမ်းဘေးရပ်လိုက်ပြီး ခြံထဲဝင်ကာ အိမ်ပေါ်တက်သွားလိုက်၏။

အိမ်ပေါ်တွင် သူ၏အစ်မနှင့်ကိုမျိုးအပြင် နောက်ထပ်အမျိုးသားတစ်ယောက်ရှိနေပြီး သူ့ကိုပြုံးကြည့်နေလေ၏။

"......"

ဝဿန့်လက်ကို သူမသိမသာဆုပ်ကိုင်မိလိုက်သည်။ ဝဿန်က မော့ကြည့်လာသောအခါ လက်ကို အမြန်ပြန်လွှတ်ချလိုက်ပြီး ဘယ်ဘက်လက်ကောက်ဝတ်ကို ပွတ်သပ်နေလိုက်သည်။

သူ၏အမူအရာကိုကြည့်ပြီး ဝဿန်တစ်စုံတစ်ခုကိုခန့်မှန်းလိုက်မိလေသည်။ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်နှင့် ကလေးမလေးတစ်ယောက်၊ ပြီးနောက် နေရခက်နေဟန်ပေါ်သော ကောင်လေး၏အပြုအမူလေးများ။ ထိုသူမှာ ကောင်လေးမိခင်၏ အဆွေခင်ပွန်းမှလွဲ၍ မည်သူဖြစ်နိုင်ဦးမည်လဲ။ ကလေးကိုတွေ့လိုက်တော့ ဖြစ်သွားသည့် သင်္ခါ့အမူအရာက သူ့ခန့်မှန်းချက်မမှားဟု ပြောနေသယောင်။ ကလေးမလေးက ယခုလောက်ထိ ငယ်သေးမည်ဟုတော့ သူမထင်ထားခဲ့ပေ။

"ဟဲ့... ထိုင်ကြလေ ဘာတွေကြောင်ကြည့်နေတာလဲ"

နှင်းအိက ထိုနှစ်ယောက်ကို မျက်ရိပ်ပြလိုက်သည်။ ဒီတိုင်းကြီးရပ်နေသည်က ယဥ်ကျေးမှုမရှိသလိုဖြစ်စေသောကြောင့် ဖြစ်သည်။ ထိုအမျိုးသားနှင့်သူ့မောင်ဆက်ဆံရေးဘယ်လိုရှိသလဲ သူ မသိသလို ထိုအမျိုးသားကိုလည်း သူမြင်ဖူးခဲ့တာမဟုတ်။ သူ့ကိုယ်သူမိတ်ဆက်လာမှသာ သင်္ခါ့ပထွေးဖြစ်မှန်းသိတာဖြစ်၏။ ထို့ပြင် ထိုလူကြီးပုံစံမှာ ရည်မွန်ပြီး စကားပြောပြေပြစ်သောအခါ သူ့မောင်က ရိုင်းပျစေမိမှာစိုးသွားသည်။

"ထိုင်လိုက်လေ..."

ဝဿန်ကောင်လေးနောက်ကျောကို ခပ်ဖွဖွပုတ်ကာအားပေးတော့ လှည့်ကြည့်လာပြီး မျက်နှာသေဖြင့် ဝင်ထိုင်ချလိုက်သည်။ အဓိကလူနှစ်ယောက်ဖြစ်သည့် မည်သူ့ဘက်ကမှ စကားမစသောကြောင့် နေရခက်ခြင်းတို့ကြီးစိုးလာသဖြင့် ဝဿန်က ပြုံးနေကြအပြုံးကို သာမန်ကာလျှံကာဆင်မြန်းလိုက်ပြီး...

"ရောက်တာကြာပြီလား... ဦးလေး"

အမျိုးသားသည် ပါဝါမျက်မှန်အောက်ကနေ သူ့ကိုစူးစမ်းသလိုကြည့်လာပြီး ခေါင်းညိတ်ပြသည်။

"နေ့ခင်းကတည်းကပဲ..."

"ဟုတ်တယ် ရောက်ရောက်ချင်းမင်းတို့ကိုသွားခေါ်မလို့ဆိုပေမဲ့ အလုပ်ကိုအနှောင့်အယှက်​ဖြစ်မှာစိုးလို့ဆိုပြီး ဦးလေးက ငါ့ညီတို့ကို အကြောင်းမကြားခိုင်းတာ..."

ကိုမျိုးက ဝင်ပြောလေလျှင် ဝဿန် ထိုအမျိုးသားကို အားနာပြုံး ပြုံးလိုက်သည်။

"စောင့်ခိုင်းမိတဲ့အတွက် စိတ်မရှိပါနဲ့ဗျာ... ဒီလိုမှန်းသိရင် ကြိုစောပြီးပြန်လာခဲ့ပါတယ်"

အမျိုးသားက ခေါင်းခါပြလေသည်။

"အဆင်ပြေပါတယ်ကွယ်... စောင့်ရတာကဘာမှမဟုတ်ပါဘူး"

"ကျေးဇူးပါဗျ... ကျွန်တော်က ခါဝဿန်ဦးပါ။ သင်္ခါ... ဒီသင်္ခါမိုးနဲ့ အလုပ်စပ်တူလုပ်ကိုင်ပြီး ဒီမှာပဲနေဖြစ်တာ"

"ဦးစောမင်းနောင်ပါ"

အနေခက်မှုများပျောက်ကွယ်သွားပြီး သူတစ်ခွန်းကိုယ်တစ်ခွန်းစတင်ပြောဆိုနေကြသလောက် သင်္ခါမှာ တစ်ခွန်းလေးပင်ဝင်မပြော။ ဝဿန် ကောင်လေး၏လက်ကို ခပ်ဖွဖွကုပ်ကာ သတိပေးလိုက်သည်။ ပြန်လည်မော့ကြည့်လာသည့်မျက်ဝန်းထဲတွင် ဘာကိုဝင်ပြောလို့ပြောရမယ်မှန်းမသိသည့် ရှုပ်ထွေးမှုတို့ဖြင့်ပြည့်နေသည်။ နှစ်ဖက်စလုံး၏ဆက်ဆံရေးမှာလည်း ထိုကဲ့သို့သောပုံစံမျိုးနှင့် အခြေအနေ​ေတွကြောင့် ခပ်တန်းတန်းဖြစ်နေတာ။

ဝဿန်သည် ကောင်လေး စိတ်လျှော့သွားစေရန် လက်ချောင်းတို့ကိုမသိမသာထိပေးနေလိုက်သည်။ ထိုအခါမှ တအင်းအင်း တအဲအဲဖြင့်...

"အဟမ်း... အမ်... ဦးဖေ နေကောင်းတယ်နော်"

အမျိုးသားကြီးမှာ ခေတ္တကြောင်အမ်းသွားပြီးမှ နားရွက်ချိတ်မတတ် ပြုံးလာခဲ့လေသည်။ ထိုအပြုံးမှာ နှစ်နှစ်ကာကာရှိလှသဖြင့် ဘေးကလူမျိုးပင်လျှင် မင်သက်သွားရသည်။

"ကောင်းပါ့ ကောင်းပါ့..."

"ဪ...."

ဘာဆက်ပြောရမည်မှန်းမသိတော့သဖြင့် သင်္ခါ ဂုတ်ပိုးကိုပွတ်ရင်း ဝဿန့်အားကြည့်လိုက်ပြန်သည်။ ကိုမျိုးတို့လင်မယားမှာ သူတို့ကိုအကဲခတ်ကြည့်ပြီးနောက် အလုပ်အကြောင်းပြကာ ရှောင်ထွက်သွားကြသည်။

"စကားဆက်ပြောကြလေ... ကိုယ်ခြံထဲခဏဆင်းဦးမယ်"

သူထမလိုပြင်လေလျှင် သင်္ခါက စိုးရိမ်တကြီးဖြင့် အင်္ကျီလက်စကိုလှမ်းဆွဲလာပုံမှာ အားကိုးရာပျောက်သွားမှာကိုကြောက်နေသည့် ကလေးတစ်ယောက်နှယ်။

ဦးလေးကြီးက သူတို့ကိုအကဲခတ်ပြီးနောက် ပြောလာခဲ့သည်။

"ရတယ်... ငါ့တူ ဒီမှာပဲထိုင်နေလို့ရတယ်"

"ကျေးဇူးပါ"

ဝဿန် မဆိုသလောက်လေးမျက်နှာပူသွားရသည်။ သူ့ကိုယ်သူ သတို့သမီးလောင်း၏အုပ်ထိန်းသူနှင့် ပထမဆုံးအကြိမ် လာရောက်တွေ့ဆုံသည့်သတို့သားလောင်းလိုခံစားလိုက်ရသည်။ ထိုအမျိုးသားကြီး၏အမူအရာကလည်း သမီးတစ်ယောက်ကို လက်တွန့်စွာအပ်ပေးရသည့် ဖခင်တစ်ယောက်လို ပြုမူနေသည်ကိုး။

"ဒါနဲ့နှစ်ယောက်သားက..."

"....."

ထိုအမျိုးသားင လျင်လျင်မြန်မြန်ပဲ အကဲခတ်မိသွားပုံရ၏။ ဝဿန် အမှန်ပြောရမည်လား၊ မပြောရဘူးလားဝေခွဲမရဖြစ်နေစဥ် ကောင်လေးထံမှ အေးဆေးပြီးလေးနက်သည့်အသံထွက်ပေါ်လာခဲ့သည်။

"ကျွန်တော့်ချစ်သူ..."

"အဲ့လိုပါပဲ"

ဦးစောမင်းနောင်မှာ တစ်ဖက်လူငယ်၏ လက်ဖဝါးကိုဆုပ်ကိုင်ပြီး လေးလေးနက်နက်ပြောနေသည့် သားအရင်းမဟုတ်သော သားနှင့် ကိုးရို့ကားယားပြုံးနေသည့်လူငယ်ကို နှုတ်ဆိတ်စွာကြည့်နေမိလေ၏။
သူခေါင်းညိတ်ပြလိုက်ပြီးတော့ စကားစက ပြတ်သွားပြန်သည်။ အကြာကြီးနေကာမှ သင်္ခါက နှုတ်ခမ်းတို့ကိုဖွင့်၍...

"ငယ်ငယ်လေးက ထွားလာတယ်"

"ဟုတ်တယ်... ငါ့သားပြန်လာတုန်းက ကောင်းကောင်းတောင်မတ်တပ်မရပ်နိုင်သေးဘူး... အခုဆို ပြေးလွှားနေနိုင်ပေါ့"

ငါ့သား'ဟူသောစကားလုံးကြောင့် သင်္ခါရှက်သွားပြီး ဝဿန့်ပခုံးကြား မျက်နှာဝှက်ချင်သွားရသည်။ သို့သော်လည်း အပြင်ပန်းမှာတော့ တည်ငြိမ်သည့်ဟန်ပန်ကို ထိန်းသိမ်းထားဆဲ။

"ဒါနဲ့ ဒီတစ်ခေါက်လာတာက..."

အမျိုးသားမှာ ချီတုံချတုံဖြစ်နေပြီးမှ သက်ပြင်းရေးရေးချ၍...

"သားအမေအတွက် နှစ်ပတ်လည်ဆွမ်းကျွေးမလားလို့"

သင်္ခါ၏လှုပ်ရှားမှုတို့ ငြိမ်ကျသွားကာ ငေးငိုင်သွားခဲ့လေသည်။ သူပြန်မလာခင်စပ်ကြားကပင် မိခင်ဖြစ်သူက အမျိုးသမီးရောဂါနှင့် ငယ်ရွယ်စဥ်က စိတ်ထောင်းကိုယ်ကြေမှုများကြောင့် ဘဝလေးအေးချမ်းစပြုလာစဥ်မှာပဲ တမလွန်ကိုထွက်ခွာသွားခဲ့သည်။
ထိုစဥ်က သူ၏ညီမလေးမှာ တစ်နှစ်ဝန်းကျင်မျှသာရှိသေးပြီး ထိုအမျိုးသားမှာလည်း စိတ်ဓာတ်ကျမှိုင်တွေနေခဲ့သည်။

သူ၏ငယ်ဘဝမှာလည်း သိပ်မကောင်း။ အရက်သမားဖခင်ဆိုသူ၏ ပုံရိပ်ကလည်း ယောင်ဝါးဝါးမျှသာ။ တစ်သက်လုံးပြုစုစောင့်ရှောက်လာသည့်အမေက ရုတ်တရက်ထားခဲ့သည့်အခါအကြောင်းပြချက်အမျိုးမျိုးကြောင့် သင်္ခါ ဇာတိအိမ်ကိုပြန်လာချင်ခဲ့မိသည်။ ကျန်ရှိသည့်မိသားစုဝင်အသစ်များနှင့်လည်း ဆက်ဆံရေးတွေစိမ်းကားသွားမှာပဲဟု ထင်မှတ်ထားခဲ့သည်။

ငယ်ဘဝက ဆိုးလွန်းသောကြောင့် ကျောင်းမနေနိုင်ခဲ့၍ စာမတတ်ခဲ့သည့်သူက လက်ရုံးရည်ကိုသာ အားကိုးနိုင်သည်။ သူလုပ်သမျှတိုင်းက သူ့ညီမအတွက်ချည်းသာ။ မည်မျှပင်စိမ်းကားသွားပါစေ တစ်နေ့အဆက်အသွယ်ပြန်လုပ်ပြီး ​နောက်ကွယ်ကနေ အကာအရံတစ်ခုဖြစ်ပေးမည်။ အမျိုးသမီးငယ်လေးဖြစ်လာသောအခါ သူ၏မိခင်လို အကာအကွယ်မမဲ့စေရ စသည် စသည်ဖြင့်...။

(AN/ စာပြန်မပြင်ချင်ဘဲ ပျင်းနေလို့ စသည် စသည်ဖြင့်နဲ့ဆုံး...:3)

"ဒီမှာပဲလုပ်မှာလား"

ဝဿန် ဝင်မေးလိုက်တော့ အမျိုးသားက ခေါင်းညိတ်ပြီး ပြန်ပြောလာသည်မှာ...

"မိသားစု စုံစုံလင်လင်ရှိနဲ့ အဆင်ပြေနေ​ြကမှန်းသိသွားရင် သူလည်းစိတ်မချလက်မချဖြစ်မနေရတော့ဘူးပေါ့"ဟု။

"ကျွန်တော်တို့အိမ်အရင်ပြန်ရအောင်"

"အင်း... ပြန်ကြတာပေါ့"

ဝဿန်ပြန်ဖြေပြီးနောက် အဝတ်အိတ်များဘက်လှည့်လိုက်သည်။

"ဒါ ဦးလေးရဲ့အထုပ်တွေမလား... ကျွန်တော်သယ်သွားလိုက်မယ်"

"မဟုတ်တာ ပြန်ချထားလိုက်ငါ့တူ... ဦးဘာသာ သယ်လာခဲ့မယ်"

ဝဿန် အဝတ်ထုပ်ကိုဆွဲမ,လိုက်စဥ် ဖျတ်ခနဲလုခံလိုက်ရကာ ခပ်တိုးတိုးအသံလေးက နားထဲစိမ့်ဝင်လာသည်။

"ခါ မသယ်ရပါဘူး"တဲ့။

-

.Zawgyi

သခၤါ့အား အပင္ကူစိုက္ရာတြင္ သုံးေလးခါထက္မက ႏွာေခ်လာေသာအခါ ဝႆန္တစ္ေယာက္ ေကာင္ေလး၏ အတင္းအၾကပ္နားေစျခင္းကို ခံလိုက္ရသည္။ ထို႔ေနာက္ တစ္ေယာက္တည္းသာ ေတာင္းထဲက ႀကံပင္ေလးမ်ားကို သယ္လိုက္၊ အခင္းရွိ ေျမာင္းထဲစိုက္လိုက္ လုပ္ေနေလသည္။

ႀကံစိုက္ဖို႔ရာအတြက္ စိုက္ခင္းေျမာင္းတူးသည့္ေနရာတြင္ အတိမ္အနက္အမ်ိဳးမ်ိဳးရွိ၏။ အဓိကအခ်က္မွာ မိမိစစိုက္ေသာအပင္မ်ားကို တစ္ႏွစ္တန္သည္၊ ႏွစ္ႏွစ္သုံးႏွစ္တိုင္သည္ေတြးကာ ႏွစ္ၾကာၾကာစိုက္ပ်ိဳးဖို႔ဆုံးျဖတ္ထားေလေလ ပို၍နက္နက္တူးထားရေလေလျဖစ္သည္။ တူးၿပီးေသာေျမာင္းထဲ အ႐ြက္ေျခာက္မ်ားမီးရွို႔ျခင္း၊ ေကာက္ရိုးေဆြးမ်ားစုပုံျခင္း အစရွိသျဖင့္ ေျမဩဇာႏွင့္စိုက္ပ်ိဳးေျမကို သမေအာင္ႀကိဳလုပ္ထားရသည္။ ထို႔ေနာက္ ေရပိုေရလိုျခင္းမရွိေအာင္ ဂ႐ုတစိုက္ေရတင္သြင္းေပးရေပသည္။

သခၤါ နည္းနည္းေတာ့စိုးရိမ္ေနမိ၏။ မိုးတအား႐ြာထားေသာေၾကာင့္ ေျမဩဇာတို႔ ေရနဲ႕အတူ တစ္ဝက္ေလာက္ ေမွ်ာပါသြားနိုင္သည္ျဖစ္ရာ စိုက္ပ်ိဳးရန္ သင့္ေတာ္ေသာ အေျခအေနေတာ့မဟုတ္။ သို႔ေသာ္ျငား ပ်ိဳးထားေသာႀကံပင္၏ အ႐ြယ္ေရာက္မႈေၾကာင့္ ေနာက္ထပ္အခ်ိန္ဆြဲလို႔မျဖစ္ေတာ့။

သခၤါ မ်ိဳးပင္ကေလးကို ေတာင္းထဲကထုတ္၍ ေပ်ာ့ေပ်ာင္းေနေသာေျမႀကီးထဲ ဂ႐ုတစိုက္ႏွစ္လိုက္သည္။ လက္ရွိလယ္ကြက္သည္ သူပိုင္သမွ်ထဲအေသးဆုံးလယ္ျဖစ္ကာ ခုနစ္ေျမာင္းရွစ္ေျမာင္းေလာက္သာ စိုက္ပ်ိဳးနိုင္ေပလိမ့္မည္။ ကိစၥေတာ့သိပ္မရွိ။ သူကိုယ္တိုင္ကလည္း လက္ရွိတြင္ အမ်ားႀကီးစိုက္ပ်ိဳးနိုင္သဘ္ဟု မေတြးထားေသာေၾကာင့္ အပင္အနည္းငယ္ကိုသာ ပ်ိဳးထားခဲ့ျခင္းျဖစ္သည္။

အလုပ္လုပ္လွ်င္ အခ်ိန္ဆြဲရသည္ကိုမႀကိဳက္ေသာ သခၤါသည္ စတင္လုပ္လိုက္သည္ႏွင့္ အခ်ိန္ေမ့သြားခဲ့ကာ ေန႕ခင္းေရာက္လာသည္အထိ တစ္ခါေလးေတာင္မနားခဲ့။ တစ္ခ်ိန္လုံးငုပ္တုပ္ထိုင္ေနရသည့္ ဝႆန္မွာသာ ပ်င္းရိစြာျဖင့္ လွမ္းေခၚအသိေပးလိုက္ရသည္။

"ခဏနားဖို႔ ျပန္လာေတာ့... ကိုယ္တကယ္ပ်င္းေနၿပီ"

ေျခလက္မ်ားကို အၾကမ္းဖ်င္းေဆးခ်ၿပီးေနာက္တြင္ သခၤါက ဝႆန့္အနားျပန္ေလွ်ာက္လာခဲ့သည္။ ဝႆန္မွာ ဂိမ္းေဆာ့ရင္း ပ်င္းရိပ်င္းတြဲလွဲေနခဲ့တာျဖစ္ၿပီး ေကာင္ေလးကိုျမင္ေတာ့ ထထိုင္၍ ေခြၽးစီးေၾကာင္းမ်ားျဖင့္မ်က္ႏွာကို တ႐ႊတ္႐ႊတ္နမ္းပစ္လိုက္ေတာ့သည္။

"ညစ္ပတ္တယ္"

ဆိုး႐ြားေသာေခြၽးနံ႕ေၾကာင့္ သခၤါစိတ္မပါလက္မပါျဖင့္ ေခါင္းကိုအေနာက္ဆုတ္ေတာ့ ဝႆန္ကလည္း လားရာအတိုင္းလိုက္နမ္းသည္။

"ခါ... မလုပ္နဲ႕ေတာ့"

သခၤါ့မ်က္ႏွာထက္မူ ကသိကေအာက္ျဖစ္ေနမႈမ်ားရွိေနသည္။ မည္သို႔ဆိုေစကာမူ မိမိ၏ေကာင္းျခင္းအျဖာျဖာကိုသာ ခ်စ္ရသူအားထုတ္ေဖာ္ျပလိုၿပီး မိမိဆီက မေကာင္းေသာအရာအားလုံးတြင္ ေခြၽးနံ႕ျပင္းျပင္းကစ ကြယ္ဝွက္ထားခ်င္ၾကသည္။ ထိုသို႔ေသာ စိတ္အႏွောင့္အယွက္ျဖစ္ဖြယ္ရာ အရာကိုမွ ဝႆန္က တမင္တကာ လိုက္နမ္းေနေသာအခါ သခၤါ ရွက္လည္းရွက္သလို ၾကည္ႏူးမႈတို႔လည္းျဖစ္ရ၏။ သို႔ေသာ္လည္း တားမွရမည္သာ။ ေခြၽးနံ႕ေၾကာင့္ ႏွာေခါင္းဒုကၡေရာက္ရမည့္အျပင္ မည္သူ႕အက်ိဳးမွမရွိသည္မို႔။

"မေရွာင္နဲ႕ေလကြာ... ကိုယ္အရမ္းလြမ္းေနလို႔"

"......"

သခၤါ့၏ အထူးအဆန္းမ်က္ႏွာေပးေၾကာင့္ ဝႆန္ျပန္လည္ဆုတ္ခြာရင္း ရယ္လိုက္သည္။

"မင္းကိုယ့္ေဘးနားမွာ နီးနီးကပ္ကပ္ထိုင္မေနသ၍ ကိုယ္လြမ္းေနရမွာပဲ"

သခၤါ့ ႏႈတ္ခမ္းေထာင့္တြန့္ခနဲ ျဖစ္သြားသည္။ သူ႕ကိုၾကည့္ရသည္မွာ စိတ္ခံစားခ်က္တို႔ကို ထိန္းခ်ဳပ္ထားဟန္ထင္ရေပမဲ့ တလက္လက္ေတာက္ပေနေသာမ်က္ဝန္းတို႔က အရာအားလုံးကိုမဖုံးကြယ္နိုင္။ တည္ေနေသာမ်က္ႏွာေလးထက္တြင္ အၿပဳံးေသးေသးေလးျဖစ္ထြန္းလာၿပီး ခြက္ခနဲနစ္ဝင္သြားေသာ ညာဘက္ပါးခ်ိဳင့္ေလးျဖင့္ အဆုံးသတ္သြားေလ၏။

ဝႆန္သည္လည္း လိုက္ရယ္မိေလေတာ့သည္။ ခဏနားၿပီးအလုပ္ျပန္စေတာ့ သခၤါ၏ အလုပ္လုပ္သည့္အရွိန္ႏႈန္းသည္ သိသိသာသာထိုးတက္သြားခဲ့သည္။ ေန႕လယ္က ဝႆန္၏စကားတစ္ခြန္းေၾကာင့္လည္း ျဖစ္ေကာင္းျဖစ္နိုင္ေပလိမ့္မည္။ ဘယ္လိုပဲျဖစ္ျဖစ္ သူ႕ေကာင္ေလးက သူ႕ကို ေရွ႕ေမွာက္ထားၿပီး လြမ္းမေနရဖို႔က အေရးတစ္ခုပဲမို႔လား။

ညေနေစာင္းလုခ်ိန္တြင္ အကုန္လုံးကိုစိုက္လိုက္နိုင္ခဲ့ၿပီး ႏွစ္ေယာက္သား ဆိုင္ကယ္တစ္စီးျဖင့္ လယ္ကြက္မ်ားကိုပတ္၍ ၾကက္ၿခံသို႔ဝင္ၾကည့္ခဲ့သည္။ ၾကက္ၿခံသည္ သန့္ရွင္းေရးကိုအေလးထားလုပ္ေပးထားေသာေၾကာင့္ ညစ္ပတ္မေနေပ။ မိုးရာသီ၌ တစ္ေကာင္စ ႏွစ္ေကာင္စ ေသဆုံးသြားခဲ့သည္မွလြဲ၍ ဥႏႈန္းကပုံမွန္ပဲျဖစ္ကာ ၾကက္မ်ားသည္လည္း နာမက်န္းတာမ်ိဳးမရွိ။

ယေန႕၌ရရွိေသာ ပိုက္ဆံတို႔ကို သိမ္းၿပီးေနာက္ အိမ္ျပန္ရန္ျပင္လိုက္စဥ္ ဝႆန္တစ္ေယာက္ အသင့္ေကာက္ထားေသာၾကက္ဥတစ္ကတ္ကို ပိုက္လာခဲ့ေလသျဖင့္...

"ကိုေလး... ဒီည ၾကက္ဥဟင္းလား"

ၾကက္စာမ်ားေကြၽးၿပီး သန့္ရွင္းေရးျပန္လုပ္ေနသည့္ပိုင္ပိုင္က လွမ္းေမးသည္။ မနက္စာ၊ ေန႕လယ္စာ၊ ညစာ အစရွိသည့္မီႏူးတိုင္းက ဝႆန့္အႀကိဳက္မ်ားခ်ည္းသာ။ ထို႔ေၾကာင့္ ဘာခ်က္သလဲသိခ်င္လွ်င္ သူ႕ကိုေမးလိုက္႐ုံ။ ဒိုင္ခံခ်က္ေပးရသူကေတာ့ အထူးေျပာျပစရာမလို။ ဒီသခၤါမိုးဆိုသည့္ သူတို႔၏ သူေဌးေသးေသးေလးပင္ ျဖစ္သည္။

"မဟုတ္ဘူး..."

ဝႆန္ျပန္ေျဖၿပီးေနာက္ ဆိုင္ကယ္ကိုခြစီး၍ သခၤါ့ပခုံးေပၚမွီရင္း...

"ကိုယ္ ၾကက္ဥပူတင္းစားခ်င္တယ္"

သခၤါက လမ္းမထက္မ်က္ႏွာမူထားတာကေန အၾကည့္မလႊဲဘဲ ပခုံးထက္ကမ်က္ႏွာေလးကို မသိမသာလွည့္နမ္းသည္။

"အင္း..."

ဝႆန္သည္လည္း ေကာင္ေလးနား႐ြက္ကိုတစ္ခ်က္နမ္း၍ တုံ႕ျပန္လိုက္သည္။

အေနာက္ကဝန္ထမ္းႏွစ္ေယာက္ - "........"

လူျမင္ကြင္းထဲရွိေနေသးတယ္ဆိုတာကို ႏွစ္ေယာက္သားသတိရၾကပါဦး။

ညခင္းညေနမို႔ အလုပ္ကေနျပန္လာၾကသူမ်ား၊ ေက်ာင္းကေနျပန္လာသည့္ေက်ာင္းသားတို႔ျဖင့္ ႐ြာလမ္းတစ္ေလွ်ာက္ စီကားေန၏။ ကေလးအခ်ိဳ႕သည္လည္း ေျမာင္းထဲက ဗြက္ေရေတြထဲ လူးလြန့္ေဆာ့ကစားေနၾကရာ မေအျဖစ္သူမ်ား၏ ဆူဆဲေအာ္ေငါက္သံတို႔ကိုပါၾကားေနရ၏။ ႏွင္းအိ အိမ္နားေရာက္ခါနီးတြင္ ကေလးငယ္သုံးေယာက္သည္ ၿခံဝတြင္ ကစားေနၾကသည္ကို ဝႆန္လွမ္းျမင္လိုက္သည္။ ထိုစဥ္ ဆိုင္ကယ္၏အရွိန္က တျဖည္းျဖည္းႏွေးက်လာခဲ့သျဖင့္...

"မႀကီးအိမ္ဝင္ဦးမလို႔လား"

သခၤါက ျပန္မေျဖ။ ေဆာ့ကစားေနေသာကေလးသုံးေယာက္ကိုသာ မမွိတ္မသုန္စိုက္ၾကည့္ေနသည္။ ႏွစ္ေယာက္မွာ ႏွင္းအိကေလးမ်ားျဖစ္သည့္ သူ၏တူႏွစ္ေယာက္။ ေနာက္ထပ္ဂါဝန္ေလးဝတ္ထားသည့္ ႏွစ္ႏွစ္အ႐ြယ္သမီးေလးတစ္ေယာက္။

႐ုတ္တရက္ဆိုသလို ဘရိတ္ဆြဲသံႏွင့္အတူ ထိုးရပ္သြားေသာဆိုင္ကယ္ေၾကာင့္ ဝႆန့္နဖူးမွာ သခၤါ့ေနာက္ေစ့ႏွင့္မိတ္ဆက္သြားခဲ့သည္။ ထိုအခါမွ သခၤါက သတိျပန္ဝင္လာခဲ့ၿပီး ဆိုင္ကယ္ေပၚက ကမန္းကတမ္းဆင္း၍ ဝႆန့္နဖူးအား သူ၏လက္ဖဝါးျဖင့္ ပြတ္ေပးလာသည္။

"နာသြားေသးလား..."

"ရတယ္ ရတယ္ မနာဘူး"

ဝႆန္ေဘးဘီကိုၾကည့္ကာ သခၤါ့လက္ေကာက္ဝတ္ကို ဆြဲကိုင္၍ ေမးလိုက္သည္။

"တစ္ခုခုျဖစ္သြားလို႔လား"ဟု ဝႆန္မေမးလိုက္မိခင္ သူတို႔ႏွစ္ေယာက္ကိုေတြ႕သြားသည့္ ကိုမ်ိဳးက အိမ္ထဲေနလွမ္းေခၚလာခဲ့၏။

"သခၤါ... ကိုဝႆန္... အေပၚတက္ခဲ့ၾကဦး"

သခၤါ ကစားေနေသာကေလးမ်ားကို လွည့္ၾကည့္လွည့္ၾကည့္ျဖင့္ ဆိုင္ကယ္ကိုလမ္းေဘးရပ္လိုက္ၿပီး ၿခံထဲဝင္ကာ အိမ္ေပၚတက္သြားလိုက္၏။

အိမ္ေပၚတြင္ သူ၏အစ္မႏွင့္ကိုမ်ိဳးအျပင္ ေနာက္ထပ္အမ်ိဳးသားတစ္ေယာက္ရွိေနၿပီး သူ႕ကိုၿပဳံးၾကည့္ေနေလ၏။

"......"

ဝႆန့္လက္ကို သူမသိမသာဆုပ္ကိုင္မိလိုက္သည္။ ဝႆန္က ေမာ့ၾကည့္လာေသာအခါ လက္ကို အျမန္ျပန္လႊတ္ခ်လိဳက္ၿပီး ဘယ္ဘက္လက္ေကာက္ဝတ္ကို ပြတ္သပ္ေနလိုက္သည္။

သူ၏အမူအရာကိုၾကည့္ၿပီး ဝႆန္တစ္စုံတစ္ခုကိုခန့္မွန္းလိုက္မိေလသည္။ သက္လတ္ပိုင္းအ႐ြယ္အမ်ိဳးသားတစ္ေယာက္ႏွင့္ ကေလးမေလးတစ္ေယာက္၊ ၿပီးေနာက္ ေနရခက္ေနဟန္ေပၚေသာ ေကာင္ေလး၏အျပဳအမူေလးမ်ား။ ထိုသူမွာ ေကာင္ေလးမိခင္၏ အေဆြခင္ပြန္းမွလြဲ၍ မည္သူျဖစ္နိုင္ဦးမည္လဲ။ ကေလးကိုေတြ႕လိုက္ေတာ့ ျဖစ္သြားသည့္ သခၤါ့အမူအရာက သူ႕ခန့္မွန္းခ်က္မမွားဟု ေျပာေနသေယာင္။ ကေလးမေလးက ယခုေလာက္ထိ ငယ္ေသးမည္ဟုေတာ့ သူမထင္ထားခဲ့ေပ။

"ဟဲ့... ထိုင္ၾကေလ ဘာေတြေၾကာင္ၾကည့္ေနတာလဲ"

ႏွင္းအိက ထိုႏွစ္ေယာက္ကို မ်က္ရိပ္ျပလိုက္သည္။ ဒီတိုင္းႀကီးရပ္ေနသည္က ယဥ္ေက်းမႈမရွိသလိုျဖစ္ေစေသာေၾကာင့္ ျဖစ္သည္။ ထိုအမ်ိဳးသားႏွင့္သူ႕ေမာင္ဆက္ဆံေရးဘယ္လိုရွိသလဲ သူ မသိသလို ထိုအမ်ိဳးသားကိုလည္း သူျမင္ဖူးခဲ့တာမဟုတ္။ သူ႕ကိုယ္သူမိတ္ဆက္လာမွသာ သခၤါ့ပေထြးျဖစ္မွန္းသိတာျဖစ္၏။ ထို႔ျပင္ ထိုလူႀကီးပုံစံမွာ ရည္မြန္ၿပီး စကားေျပာေျပျပစ္ေသာအခါ သူ႕ေမာင္က ရိုင္းပ်ေစမိမွာစိုးသြားသည္။

"ထိုင္လိုက္ေလ..."

ဝႆန္ေကာင္ေလးေနာက္ေက်ာကို ခပ္ဖြဖြပုတ္ကာအားေပးေတာ့ လွည့္ၾကည့္လာၿပီး မ်က္ႏွာေသျဖင့္ ဝင္ထိုင္ခ်လိဳက္သည္။ အဓိကလူႏွစ္ေယာက္ျဖစ္သည့္ မည္သူ႕ဘက္ကမွ စကားမစေသာေၾကာင့္ ေနရခက္ျခင္းတို႔ႀကီးစိုးလာသျဖင့္ ဝႆန္က ၿပဳံးေနၾကအၿပဳံးကို သာမန္ကာလွ်ံကာဆင္ျမန္းလိုက္ၿပီး...

"ေရာက္တာၾကာၿပီလား... ဦးေလး"

အမ်ိဳးသားသည္ ပါဝါမ်က္မွန္ေအာက္ကေန သူ႕ကိုစူးစမ္းသလိုၾကည့္လာၿပီး ေခါင္းညိတ္ျပသည္။

"ေန႕ခင္းကတည္းကပဲ..."

"ဟုတ္တယ္ ေရာက္ေရာက္ခ်င္းမင္းတို႔ကိုသြားေခၚမလို႔ဆိုေပမဲ့ အလုပ္ကိုအႏွောင့္အယွက္ျဖစ္မွာစိုးလို႔ဆိုၿပီး ဦးေလးက ငါ့ညီတို႔ကို အေၾကာင္းမၾကားခိုင္းတာ..."

ကိုမ်ိဳးက ဝင္ေျပာေလလွ်င္ ဝႆန္ ထိုအမ်ိဳးသားကို အားနာၿပဳံး ၿပဳံးလိုက္သည္။

"ေစာင့္ခိုင္းမိတဲ့အတြက္ စိတ္မရွိပါနဲ႕ဗ်ာ... ဒီလိုမွန္းသိရင္ ႀကိဳေစာၿပီးျပန္လာခဲ့ပါတယ္"

အမ်ိဳးသားက ေခါင္းခါျပေလသည္။

"အဆင္ေျပပါတယ္ကြယ္... ေစာင့္ရတာကဘာမွမဟုတ္ပါဘူး"

"ေက်းဇူးပါဗ်... ကြၽန္ေတာ္က ခါဝႆန္ဦးပါ။ သခၤါ... ဒီသခၤါမိုးနဲ႕ အလုပ္စပ္တူလုပ္ကိုင္ၿပီး ဒီမွာပဲေနျဖစ္တာ"

"ဦးေစာမင္းေနာင္ပါ"

အေနခက္မႈမ်ားေပ်ာက္ကြယ္သြားၿပီး သူတစ္ခြန္းကိုယ္တစ္ခြန္းစတင္ေျပာဆိုေနၾကသေလာက္ သခၤါမွာ တစ္ခြန္းေလးပင္ဝင္မေျပာ။ ဝႆန္ ေကာင္ေလး၏လက္ကို ခပ္ဖြဖြကုပ္ကာ သတိေပးလိုက္သည္။ ျပန္လည္ေမာ့ၾကည့္လာသည့္မ်က္ဝန္းထဲတြင္ ဘာကိုဝင္ေျပာလို႔ေျပာရမယ္မွန္းမသိသည့္ ရႈပ္ေထြးမႈတို႔ျဖင့္ျပည့္ေနသည္။ ႏွစ္ဖက္စလုံး၏ဆက္ဆံေရးမွာလည္း ထိုကဲ့သို႔ေသာပုံစံမ်ိဳးႏွင့္ အေျခအေနေတွကြောင့် ခပ္တန္းတန္းျဖစ္ေနတာ။

ဝႆန္သည္ ေကာင္ေလး စိတ္ေလွ်ာ့သြားေစရန္ လက္ေခ်ာင္းတို႔ကိုမသိမသာထိေပးေနလိုက္သည္။ ထိုအခါမွ တအင္းအင္း တအဲအဲျဖင့္...

"အဟမ္း... အမ္... ဦးေဖ ေနေကာင္းတယ္ေနာ္"

အမ်ိဳးသားႀကီးမွာ ေခတၱေၾကာင္အမ္းသြားၿပီးမွ နား႐ြက္ခ်ိတ္မတတ္ ၿပဳံးလာခဲ့ေလသည္။ ထိုအၿပဳံးမွာ ႏွစ္ႏွစ္ကာကာရွိလွသျဖင့္ ေဘးကလူမ်ိဳးပင္လွ်င္ မင္သက္သြားရသည္။

"ေကာင္းပါ့ ေကာင္းပါ့..."

"ဪ...."

ဘာဆက္ေျပာရမည္မွန္းမသိေတာ့သျဖင့္ သခၤါ ဂုတ္ပိုးကိုပြတ္ရင္း ဝႆန့္အားၾကည့္လိုက္ျပန္သည္။ ကိုမ်ိဳးတို႔လင္မယားမွာ သူတို႔ကိုအကဲခတ္ၾကည့္ၿပီးေနာက္ အလုပ္အေၾကာင္းျပကာ ေရွာင္ထြက္သြားၾကသည္။

"စကားဆက္ေျပာၾကေလ... ကိုယ္ၿခံထဲခဏဆင္းဦးမယ္"

သူထမလိုျပင္ေလလွ်င္ သခၤါက စိုးရိမ္တႀကီးျဖင့္ အကၤ်ီလက္စကိုလွမ္းဆြဲလာပုံမွာ အားကိုးရာေပ်ာက္သြားမွာကိုေၾကာက္ေနသည့္ ကေလးတစ္ေယာက္ႏွယ္။

ဦးေလးႀကီးက သူတို႔ကိုအကဲခတ္ၿပီးေနာက္ ေျပာလာခဲ့သည္။

"ရတယ္... ငါ့တူ ဒီမွာပဲထိုင္ေနလို႔ရတယ္"

"ေက်းဇူးပါ"

ဝႆန္ မဆိုသေလာက္ေလးမ်က္ႏွာပူသြားရသည္။ သူ႕ကိုယ္သူ သတို႔သမီးေလာင္း၏အုပ္ထိန္းသူႏွင့္ ပထမဆုံးအႀကိမ္ လာေရာက္ေတြ႕ဆုံသည့္သတို႔သားေလာင္းလိုခံစားလိုက္ရသည္။ ထိုအမ်ိဳးသားႀကီး၏အမူအရာကလည္း သမီးတစ္ေယာက္ကို လက္တြန့္စြာအပ္ေပးရသည့္ ဖခင္တစ္ေယာက္လို ျပဳမူေနသည္ကိုး။

"ဒါနဲ႕ႏွစ္ေယာက္သားက..."

"....."

ထိုအမ်ိဳးသားင လ်င္လ်င္ျမန္ျမန္ပဲ အကဲခတ္မိသြားပုံရ၏။ ဝႆန္ အမွန္ေျပာရမည္လား၊ မေျပာရဘူးလားေဝခြဲမရျဖစ္ေနစဥ္ ေကာင္ေလးထံမွ ေအးေဆးၿပီးေလးနက္သည့္အသံထြက္ေပၚလာခဲ့သည္။

"ကြၽန္ေတာ့္ခ်စ္သူ..."

"အဲ့လိုပါပဲ"

ဦးေစာမင္းေနာင္မွာ တစ္ဖက္လူငယ္၏ လက္ဖဝါးကိုဆုပ္ကိုင္ၿပီး ေလးေလးနက္နက္ေျပာေနသည့္ သားအရင္းမဟုတ္ေသာ သားႏွင့္ ကိုးရို႔ကားယားၿပဳံးေနသည့္လူငယ္ကို ႏႈတ္ဆိတ္စြာၾကည့္ေနမိေလ၏။
သူေခါင္းညိတ္ျပလိုက္ၿပီးေတာ့ စကားစက ျပတ္သြားျပန္သည္။ အၾကာႀကီးေနကာမွ သခၤါက ႏႈတ္ခမ္းတို႔ကိုဖြင့္၍...

"ငယ္ငယ္ေလးက ထြားလာတယ္"

"ဟုတ္တယ္... ငါ့သားျပန္လာတုန္းက ေကာင္းေကာင္းေတာင္မတ္တပ္မရပ္နိုင္ေသးဘူး... အခုဆို ေျပးလႊားေနနိုင္ေပါ့"

ငါ့သား'ဟူေသာစကားလုံးေၾကာင့္ သခၤါရွက္သြားၿပီး ဝႆန့္ပခုံးၾကား မ်က္ႏွာဝွက္ခ်င္သြားရသည္။ သို႔ေသာ္လည္း အျပင္ပန္းမွာေတာ့ တည္ၿငိမ္သည့္ဟန္ပန္ကို ထိန္းသိမ္းထားဆဲ။

"ဒါနဲ႕ ဒီတစ္ေခါက္လာတာက..."

အမ်ိဳးသားမွာ ခ်ီတုံခ်တဳံျဖစ္ေနၿပီးမွ သက္ျပင္းေရးေရးခ်၍...

"သားအေမအတြက္ ႏွစ္ပတ္လည္ဆြမ္းေကြၽးမလားလို႔"

သခၤါ၏လႈပ္ရွားမႈတို႔ ၿငိမ္က်သြားကာ ေငးငိုင္သြားခဲ့ေလသည္။ သူျပန္မလာခင္စပ္ၾကားကပင္ မိခင္ျဖစ္သူက အမ်ိဳးသမီးေရာဂါႏွင့္ ငယ္႐ြယ္စဥ္က စိတ္ေထာင္းကိုယ္ေၾကမႈမ်ားေၾကာင့္ ဘဝေလးေအးခ်မ္းစျပဳလာစဥ္မွာပဲ တမလြန္ကိုထြက္ခြာသြားခဲ့သည္။
ထိုစဥ္က သူ၏ညီမေလးမွာ တစ္ႏွစ္ဝန္းက်င္မွ်သာရွိေသးၿပီး ထိုအမ်ိဳးသားမွာလည္း စိတ္ဓာတ္က်မွိုင္ေတြေနခဲ့သည္။

သူ၏ငယ္ဘဝမွာလည္း သိပ္မေကာင္း။ အရက္သမားဖခင္ဆိုသူ၏ ပုံရိပ္ကလည္း ေယာင္ဝါးဝါးမွ်သာ။ တစ္သက္လုံးျပဳစုေစာင့္ေရွာက္လာသည့္အေမက ႐ုတ္တရက္ထားခဲ့သည့္အခါအေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးေၾကာင့္ သခၤါ ဇာတိအိမ္ကိုျပန္လာခ်င္ခဲ့မိသည္။ က်န္ရွိသည့္မိသားစုဝင္အသစ္မ်ားႏွင့္လည္း ဆက္ဆံေရးေတြစိမ္းကားသြားမွာပဲဟု ထင္မွတ္ထားခဲ့သည္။

ငယ္ဘဝက ဆိုးလြန္းေသာေၾကာင့္ ေက်ာင္းမေနနိုင္ခဲ့၍ စာမတတ္ခဲ့သည့္သူက လက္႐ုံးရည္ကိုသာ အားကိုးနိုင္သည္။ သူလုပ္သမွ်တိုင္းက သူ႕ညီမအတြက္ခ်ည္းသာ။ မည္မွ်ပင္စိမ္းကားသြားပါေစ တစ္ေန႕အဆက္အသြယ္ျပန္လုပ္ၿပီး ေနာက္ကြယ္ကေန အကာအရံတစ္ခုျဖစ္ေပးမည္။ အမ်ိဳးသမီးငယ္ေလးျဖစ္လာေသာအခါ သူ၏မိခင္လို အကာအကြယ္မမဲ့ေစရ စသည္ စသည္ျဖင့္...။

(AN/ စာျပန္မျပင္ခ်င္ဘဲ ပ်င္းေနလို႔ စသည္ စသည္ျဖင့္နဲ႕ဆုံး...:3)

"ဒီမွာပဲလုပ္မွာလား"

ဝႆန္ ဝင္ေမးလိုက္ေတာ့ အမ်ိဳးသားက ေခါင္းညိတ္ၿပီး ျပန္ေျပာလာသည္မွာ...

"မိသားစု စုံစုံလင္လင္ရွိနဲ႕ အဆင္ေျပေနၾကမွန္းသိသြားရင္ သူလည္းစိတ္မခ်လက္မခ်ျဖစ္မေနရေတာ့ဘူးေပါ့"ဟု။

"ကြၽန္ေတာ္တို႔အိမ္အရင္ျပန္ရေအာင္"

"အင္း... ျပန္ၾကတာေပါ့"

ဝႆန္ျပန္ေျဖၿပီးေနာက္ အဝတ္အိတ္မ်ားဘက္လွည့္လိုက္သည္။

"ဒါ ဦးေလးရဲ႕အထုပ္ေတြမလား... ကြၽန္ေတာ္သယ္သြားလိုက္မယ္"

"မဟုတ္တာ ျပန္ခ်ထားလိုက္ငါ့တူ... ဦးဘာသာ သယ္လာခဲ့မယ္"

ဝႆန္ အဝတ္ထုပ္ကိုဆြဲမ,လိုက္စဥ္ ဖ်တ္ခနဲလုခံလိုက္ရကာ ခပ္တိုးတိုးအသံေလးက နားထဲစိမ့္ဝင္လာသည္။

"ခါ မသယ္ရပါဘူး"တဲ့။

Continue lendo

Você também vai gostar

6.4K 85 48
"not mine" For some reason, Ji Ci has been a little vain and worshiped money since he was a child, delusional in wanting to hug his thigh and avoid s...
8.4K 613 10
- لم يكن بارك مِيني طفلاً قوياً على الأرجح ،، كان هذا الطفل المُهذب الخجول و الذي يشع بالألوان و الحب المُفعم. و لكنه كان يتحول جذرياً حينما يتقرب اح...
69.7K 2.9K 28
A lowly Baron's daughter is swept up in a whirlwind marriage to a Duke no less. Rosannah Winthrop had a lonely and hard upbringing, full of duty and...
Broken De Sophia Aria

Ficção Geral

83.5K 2.2K 27
Aurora and Sebastian have always been close. They are twins, and they have always had an unbreakable bond. Sebastian was always very protective of Au...