Unicode
သို့စေကာမူ ဘယ်လိုပဲအလုပ်ပိုတယ်ဆိုဆို နှစ်သစ်ကတော့ ကူးရဦးမှာပင်။
နှစ်သစ်ကူးနေ့တွင် ကျိချင်းကျိုးတစ်ယောက် ခပ်စောစောတည်းက နှစ်သစ်ကူး အကြိုညစာစားပွဲအတွက်ပြင်ဆင်ပြီး နေ့လည်စာဘူးထဲထည့်၍ ဆေးရုံဆီယူသွား၏။သူနဲ့ဝမ်ဖန်းကလည်း အများကြီးမစားနိုင်ကြသူတွေဖြစ်၍ ဟင်းပွဲများများစားစားချက်မနေတော့ချေ။
သူသည် အစားစာများအား အပူပေးစက်လေးဖြင့် သေသေသပ်သပ်လေးနွှေးပြီး ကော်ဖီစားပွဲလေးပေါ် ကျကျနနနေရာချနေသည်။ဟင်းပန်းကန်တွေအပြင် သစ်သီးတွေနဲ့မုန့်တွေပါ ပါလေသည်။ဝမ်ဖန်းတစ်ယောက် ကြည့်ရင်း သူမသားက ရင့်ကျက်သူကြီးတစ်ယောက်ဖြစ်လာပြီး ဘေးလူကိုပါ ဂရုစိုက်တတ်လာပြီဖြစ်ကြောင်းနားလည်လာခဲ့သည်။
ကျိချင်းကျိုး TV ဖွင့်ကာ ဝမ်ဖန်းအား အိမ်ယာပေါ်မှ ထနိုင်ဖို့ ကူညီပေးနေသည်။
"နှစ်ကူးပွဲတော်က အခုပဲလာနေပြီဟာ။ ကျွန်တော်တို့ နှစ်ယောက် အတူတူကြည့်ကြတာပေါ့"
ဝမ်ဖန်းကပြုံးပြုံးလေးဖြင့် သူနှင့်အတူ ဆိုဖာပေါ် ထိုင်နေသည်။
သူမက ကျန်းမာရေးမကောင်းသဖြင့် ကျိချင်းကျိုးက အရက်မပြင်ခဲ့ပေ။ထိုအစား စွပ်ပြုတ်အိုးလေးသာချထား၏။ဝမ်ဖန်းက တစ်ငုံသောက်ရင်း မချိတင်ကဲရေရွတ်လာသည်။
"ရှောင်ကျိုး....သားရဲ့ ဟင်းချက်စွမ်းရည်က အရင်ထက်ပိုကောင်းလာတာပဲ"
"ချက်ရင်းသင်သွားတာလေ"ကျိချင်းကျိုး ဆိုလိုက်သည်။
ဝမ်ဖန်းက လွန်ခဲ့တဲ့ ခြောက်လလုံးလုံး သူတစ်ယောက်တည်း ရင်ဆိုင်နေခဲ့ရတာဖြစ်၍ သားအတွက် စိတ်မကောင်းဖြစ်နေမိသည်။သူမက သားဖြစ်သူလက်အား ဆုပ်ကိုင်ကာ ဝမ်းနည်းစွာဖွင့်ဟလာသည်။
"ပြီးခဲ့တဲ့ ခြောက်လလုံးလုံး အလုပ်တွေပင်ပန်းခဲ့မှာပဲ"
ကျိချင်းကျိုးကတော့ အဆင်ပြေချောမွေ့တယ်လို့တောင် ထင်မိသည်။သူ ဒီကမ္ဘာကို ထူးထူးခြားခြား ကူးပြောင်းလာခဲ့သည့်တိုင်ကံကောင်းစွာ အစတည်းက ချူချန်နှင့် ဆုံခဲ့ရခြင်းဖြစ်၍ သူ့ဘဝလည်း အဆင်ပြေနေခဲ့သည်။
သူ ဝမ်ဖန်းကို ရယ်ရင်း ပြောလိုက်သည်။
"အမေနဲ့သားကြားမှာ အဲ့လိုတွေပြောစရာမလိုပါဘူး။ ကျွန်တော့်ရဲ့ အခုအလုပ်က မပင်ပန်းသလို ပိုက်ဆံလည်း အများကြီးရတာ။အဲ့တာတွေ တွေးပူမနေပါနဲ့"
ဝမ်ဖန်း၏မျက်လုံးစွန်းလေးတွေ ကွေးတက်သွားပြီး ခေါင်းတညိမ့်ညိမ့်လုပ်နေသည်။ကျိချင်းကျိုးက သူမပန်းကန်ထဲ ဟင်းတွေခပ်ထည့်ပေးရင်း တိုက်တွန်းလိုက်သည်။
"များများလေးစား မား"
"ဟုတ်ပါပြီကွယ်"
ကျိချင်းကျိုးက စားသောက်ပြီးတာနဲ့ နေ့လည်စာဘူးလေးသွားဆေးလိုက်သည်။ဝမ်ဖန်းကတော့ TVမှာ လာတဲ့ အဆိုတော်တွေ၏ ဖျော်ဖြေပွဲအား ဆိုဖာပေါ်မှာ ထိုင်ကြည့်နေလျက် မေးမြန်းလာသည်။
"ရှောင်ကျိုး....သားလည်း နောက်ဆို ဒီလို ဖျော်ဖြေရေးပွဲတွေသွားရမှာလား"
ကျိချင်းကျိုး မမျှော်လင့်ထားသည့် အမေးစကားဖြစ်၍ ထိုအကြောင်းကိုစဉ်းစားပြီးကာမှ ပြန်ဖြေလိုက်သည်။
"အဲ့လိုကြီးတော့ မဟုတ်ပါဘူး။နှစ်သစ်ကူးဖျော်ဖြေပွဲတွေကျ နာမည်ကြီးတဲ့ ကြယ်ပွင့်တိုင်းကို ဖိတ်တာဖြစ်ပေမယ့် နာမည်ကြီး ကြယ်ပွင့်တိုင်းလည်း အဖိတ်မခံရပြန်ဘူး။အဲ့တာကြောင့် ကျွန်တော်နာမည်ကြီးရင်တောင် သွားနိုင်ချင်မှ သွားနိုင်မှာ"
"အဲ့တာလည်း အဆင်ပြေတာပဲ။"ဝမ်ဖန်းက ပြောလေသည်။
"အဲ့လိုဆို မားနဲ့အတူတူပဲ နှစ်သစ်ကိုကြိုဆိုလို့ ရသွားတာပေါ့။သည်အနုပညာရှင်တွေဆို မနက်ဖြန်မှ အိမ်ပြန်ရမှာ။ဟုတ်တယ်မလား"
"တစ်ချို့ကျ ရှိုးပွဲပြီးတာနဲ့ အိမ်အမြန်ပြေးကြတာ။သူတို့ liveပြီးမှပဲဆိုတော့ ၁၂ မထိုးခင်တော့ အိမ်ပြန်ရောက်ကြမှာပါ"
ဝမ်ဖန်းက "အမ်း" လို့ အသံပြုကာ နွေဦးပွဲတော်ကြည့်နေရင်း သူနဲ့စကားခဏပြောနေလေသည်။
ချူချန်ကလည်း နွေဦးပွဲတော်ကြည့်နေတာဖြစ်သည်။ချူမိသားစု၏ရိုးရာအရ တစ်ခြားလုပ်စရာတွေရှိနေရင်တောင် TV ဖွင့်ပြီး နွေဦးပွဲတော် နောက်ခံတီးလုံးလေး ဖွင့်ထားရတုန်းပင်။
ချူမားမားက အခင်းပြားလေးတစ်ခုကို လက်ဖက်ရည်စားပွဲပေါ် နေရာချပြီး ဂျုံမှုန့်တွေ ဖက်ထုပ်အစာသွပ်တဲ့ပစ္စည်းတွေ ယူလာကာ မနီးမဝေးမှ လူသုံးယောက်ကို အမိန့်ပေးလိုက်သည်။
"ရှောင်ချန်နဲ့မားက ဖက်ရွက်လှိမ့်မယ်။ရှောင်းရှင်း...မင်းနဲ့မင်းပါးပါးက ဖက်ထုပ်ထုပ်ပေး"
"ဟုတ်ကဲ့ မား။ငါးမိနစ်ပဲ အချိန်ပေးပါ။ ကျွန်တော် အလုပ်လေးလက်စသတ်လိုက်ဦးမယ်" ချူရှင်းကပြန်ပြောလာသည်။
ချူချန်ကတော့ လက်ထဲမှဖုန်းအား တွန့်ဆုတ်တွန့်ဆုတ်နဲ့ချကာ ချူမားမားရဲ့ဘေးမှာထိုင်ပြီး မားမားနဲ့အတူ ဖက်ရွက်လှိမ့်တော့သည်။
ခေါင်းဆောင်ကြီး ချူမားမား၏ခိုင်းစေမှုအောက်မှာ အကုန်လုံး ဖက်ထုပ်စထုပ်ကြတော့သည်။မားမားချူသည် ဂျုံလှိမ့်နေရင်း နွေဦးပွဲတော်သီချင်းလေးနားထောင်ကာ သူမသားနှစ်ယောက်ကို အိမ်ထောင်ပြုဖို့တိုက်တွန်းနေတော့သည်။
"ဒီညကုန်ရင် သားတို့နှစ်ယောက်လုံး အသက်တစ်နှစ်ကြီးကြပြန်ပြီ။ချစ်သူထားရမယ့်အရွယ်၊လက်ထပ်ရမယ့်အရွယ်တွေရောက်နေပြီလေ။ဟော နှစ်သစ်ကူးပွဲပြီးတာနဲ့ ချစ်သူများနေ့က တန်းလာပြီ။လူတိုင်း ပွဲတော်ကို အတူတူဖြတ်သန်းကြတော့မှာ။မင်းတို့ အားမကျကြဘူးလားဟမ်"
"ဘာလို့ အားကျရမှာလဲ"ချူရှင်းကပြောလာသည်။
"အတွဲတွေလည်း အတွဲနဲ့မို့ သူ့ပျော်ရွှင်မှုနဲ့သူ။ကျွန်တော့်တို့ စင်ဂယ်မှာလည်း စင်ဂယ်ပျော်ရွှင်မှုနဲ့ပါဗျ။ကျွန်တော်ကတော့ စင်ဂယ်ဖြစ်ရတာပဲ ကောင်းတယ်ထင်တယ်"
"ကဲ...သားရော"
မားမားချူက သူမသားငယ်လေးဘက်လှည့်လိုက်သည်။
"ငါ့သားလည်း စင်ဂယ်ဖြစ်ရတာ ကောင်းတယ်ထင်လား"
ကျွန်တော်က စင်ဂယ် မဟုတ်ပါဘူး။ကျွန်တော့်မှာ ချစ်သူရှိနေပြီဗျ။သိရဲ့လား။ချူချန် စိတ်ထဲကတွေးလိုက်ပေမယ့် အပြင်မှာ အပျော်ချစ်သူလေးရှိနေကြောင်း ချူမားမားအား ထုတ်ပြောရဲတဲ့ သတ္တိမရှိပေ။ထို့ကြောင့် တိုတိုပဲပြောလိုက်ချေသည်။
"ကျွန်တော်ကတော့ ဘာဖြစ်ဖြစ်အဆင်ပြေပါတယ်"
"ရှောင်ချန်ရယ်"
ချူမားမားက သားငယ်ကိုကြည့်၍ စိုးရိမ်းစိတ်ဖြင့် ပြောလာသည်။
"သားအစ်ကိုလို လုပ်မနေနဲ့။သားအစ်ကိုက ကောင်မလေးတွေကြိုက်တာလေ။သားကတော့ ကောင်လေးတွေကြိုက်တာ။အဲ့တော့ ကိုယ့်အတွက်ကိုယ်ရှာသင့်တယ်။လိင်မတူချစ်ကြိုက်နေတဲ့သူတွေကအများသားပါကွယ်။သားအစ်ကိုက အခု စင်ဂယ် ဖြစ်နေရင်တောင် သင့်တော်တဲ့သူလေးနဲ့ နောက်ကျ တွေ့မှာပဲ။ဒါပေမယ့် သားက ဒီလိုပဲ စင်ဂယ် ဖြစ်နေရင် သင့်တော်တဲ့ ကောင်လေးနဲ့ တွေ့ရပါဦးမလား။"
ချူချန်က သူ့မားမား စိတ်ပူနေတဲ့အကြောင်းကို သိသဖြင့်
"ကျွန်တော်တို့မိသားစုအခြေအနေနဲ့မားရယ် ကျွန်တော်သာ လိုချင်လို့ကတော့ ကောင်လေးတွေဆိုတာ ကျွန်တော်တို့ အိမ်ပေါက်ဝကနေ မြို့ပြင်ထိ စီတန်းနေမှာပဲနော်"
ချူပါးပါးက နှာခေါင်းရှုံ့လာသည်။
"ငါ အခုထိ စဉ်းစားလို့မရသလို သဘောကို မကျဘူး ။ငါလည်း ယောင်္ကျားတွေမကြိုက်ခဲ့ဖူးပါဘူး။ယွီအန်းမင်တို့ ချင်းရွှယ်တို့ဆိုလဲ မင်းနဲ့ကလေးတည်းက ကစားလာခဲ့ကြတာပါ။သူတို့ကျ ဘယ်လောက်လိမ္မာလိုက်သလဲ။မင်းကပဲ ပြောင်းသွားတာ!"
"အမေတူသားတော့ဖြစ်ခွင့်ပေးပါဗျာ"
ချူချန်က ပေါက်ကရလေးဆယ်ပြောတော့သည်။
"ကျွန်တော့်အမေက ယောင်္ကျားကြိုက်လို့ ကျွန်တော်လည်း
ယောင်္ကျားကြိုက်တယ်။တကယ်လို့ ကျွန်တော့်အမေသာ ယောင်္ကျားမကြိုက်ရင် ကျွန်တော်လည်း အဲ့လို ဖြစ်စရာအကြောင်းရှိပါ့မလား ပါးရယ်။"
"မင်းအမေက မိန်းမ လေ မိန်းမ။မင်းလည်း မိန်းမမို့လား"
"ပါး... ဒီနေ့ကစပြီး ကျွန်တော့်ကို သမီးလို့သတ်မှတ်လိုက်ပါ။ ကျွန်တော် လုံးဝစိတ်မဆိုးဘူး"
ချူပါးပါးက စိတ်တိုလွန်း၍ လက်ထဲက လိမ္မော်သီးနဲ့ ချက်ချင်းထပေါက်တော့သည်။
"မင်းကိုမွေးထားတာထက် သမီးတစ်ယောက်ရှိတာမှပိုကောင်းဦးမယ်။ဘယ်လောက်ချစ်ဖို့ကောင်းတဲ့သမီးစုတ်လဲ။ဟမ့်"
ချူချန်က လက်မောင်းကိုလာထိတဲ့ လိမ္မော်သီးကို စားပွဲပေါ်တင်လိုက်ပြီး သူ့ပါးပါး ထပ်ဒေါသမထွက်စေရန် သွားဖြဲပြလိုက်သည်။
သူက ခေါင်းလေးငုံ့ပြီး TV မှ အသံကိုနားထောင်၍ လက်ထဲမှ ဖက်ရွက်လေးတွေလှိမ့်နေရင်း ရုတ်တရက် အတွေးပေါက်လာသည်မှာ- ကျိချင်းကျိုးရော အခု ဘာလုပ်နေလိမ့်မလဲ။သူရော နွေဦးပွဲတော်ကြည့်နေမလား။ဖက်ထုပ်တွေများ လုပ်နေလိမ့်မလား။မနက်ဖြန်က တရုတ်နှစ်သစ်ကူး ပထမရက်ဖြစ်၍ ကြည့်ရတာ ဆွေမျိုးတွေလာလည်နိုင်လောက်သည်။
ထိုအကြောင်းတွေးမိတာနဲ့ကို ချူချန် စိတ်ထဲ အကြောင်းပြချက်မရှိ ကသိကအောက်ဖြစ်လာသည်။
"ကျွန်တော်တို့ ဆွေမျိုးတွေက မနက်ဖြန်လာကြဦးမှာလား"
"လာမှာပေါ့။မင်းအဒေါ်နဲ့တစ်ခြားသူတွေလာကြမှာ။မင်းတို့ အန်ကယ်လေးတို့ကတော့ အပြင်မှာ ထွက်စားကြမှာလေ။ရက်နည်းနည်းကြာမှ အိမ်ကိုလာကြမှာ။"
ချူချန် ခေါင်းညိမ့်လိုက်သည်။ဒါကမှဆေးရုံမှာ ဆွေမျိုးတစ်ယောက်မှ မလာဘဲ နှစ်သစ်ကူးကိုဖြတ်သန်းနေရသော ကျိချင်းကျိုးနဲ့မတူတဲ့ သာမန်နှစ်သစ်ကူးမျိုးပင်။
သူ ဖက်ထုပ်လှိမ့်နေရင်း WeChatက စာဝင်သံကြားလိုက်ရ၏။သူ ယူကြည့်လိုက်တော့ ကျိချင်းကျိုးထံမှ စာဖြစ်ကြောင်းတွေ့လိုက်ရ၏။
ကျိချင်းကျိုး : { ဟက်ပီးနယူးရီးယားးးး *^▽^* ....ခင်ဗျားရဲ့နှစ်သစ်မှာ အကောင်ဆုံးတွေပဲပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးပါတယ်။ကျန်းကျန်းမာမာနဲ့ အရာရာတိုင်းမှာ ကံကောင်းပါစေ}
ချူချန်တစ်ယောက် အပြုံးမျက်နှာအားကြည့်၍ အူမြူးနေနိုင်သေးသည့်တစ်ယောက်သောသူကြောင့် ဦးနှောက်ခြောက်လာသည်။
သူ စာပြန်လိုက်သည် : {မင်းလည်း ထပ်တူပါပဲ။အောင်မြင်မှုတွေဆွတ်ခူးပြီး ကြီးပွားချမ်းသာနိုင်ပါစေ}
ကျိချင်းကျိုးက ထိုဆုမွန်ကောင်းကို အရမ်းကျေနပ်သွားပြီး သူ့ကိုမေးလိုက်သည်။
{ခင်ဗျားဘာလုပ်နေလဲ}
ချူချန် : {ကိုယ့်မားနဲ့ဖက်ထုပ်ထုပ်နေတာ}
ကျိချင်းကျိုး နည်းနည်းအံ့ဩသွားလေသည်။
{ခင်ဗျားက ဖက်ထုပ်ထုပ်တတ်တယ်ပေါ့။ကျွန်တော်က ခင်ဗျား ဟင်းမချက်တတ်ဘူးထင်နေတာ}
ချူချန် : {တကယ်လည်း ကိုယ်မချက်တတ်ပါဘူး။ကိုယ်က ဖက်ရွက်ပဲ လှိမ့်ပေးတတ်တာ}
သူက အတော်လေးရိုးစင်းကြောင်း ကျိချင်းကျိုးတွေးမိပေမယ့် ချူချန်လို သခင်လေးတစ်ယောက်ကတော့ ဖက်ရွက်လှိမ့်တတ်တာနဲ့တင် ကောင်းနေပါပြီ။
ချူချန် : { မင်းရော ဖက်ထုပ်ထုပ်ပြီးပြီလား? }
{ဟင့်အင်း}
ကျိချင်းကျိုးစာပြန်လိုက်၏။
{နေ့လည်တည်းက ချက်ပြုတ်ရင်း အလုပ်ရှုပ်နေတာနဲ့ပဲ ဖက်ထုပ်ထုပ်မယ့် အချိန်တောင်မရှိဘူး။စိတ်မပူပါနဲ့ မနက်ဖြန်မှ ထုပ်လိုက်တော့မယ်}
သူပြောတဲ့ မနက်ကျ ဖက်ထုပ်ထုပ်လိုက်ပါမယ် ဆိုတာက သူတစ်ယောက်တည်း အိမ်မှာ လုပ်ရမှာကို ပြောနေတာဖြစ်ကြောင်း ချူချန် မှန်းဆမိပါတယ်။
{မင်း ဆေးရုံမှာပဲရှိနေတာလား}
ကျိချင်းကျိုး : {အင်းလေ။နွေဦးပွဲတော်ကြည့်နေတာ}
ချူချန် : {ဒီနေ့မပြန်တော့ဘူးလား}
ကျိချင်းကျိုး : {မပြန်တော့ပါဘူး ။ အဲ့လိုဆို နှစ်သစ်ကူးကြီး မားနဲ့ တစ်ကွဲတစ်ပြားဖြစ်နေမှာပေါ့။ရှောင်ချင်းကလည်း နှစ်သစ်ကူးမို့ မိသားစုဆီပြန်သွားပြီဆိုတော့ကာ လူနာစောင့်ခန်းထဲမှာ ကျွန်တော် အိပ်လိုက်ရုံပဲ။}
ချူချန်မှာ နားထောင်ရင်း အတော်အတန်ကြာ ဘာပြောရမှန်း မသိဖြစ်နေလျက်။စကားစရှာပြောလိုက်သည်။
{ဒါဆိုလည်း အန်တီကို ကိုယ်က နှုတ်ဆက်တယ်လို့ ကူပြောပေးပါဦး။အန်တီတစ်ယောက် နှစ်သစ်မှာ ပျော်ရွှင်ပြီး အမြန်ဆုံး ပြန်ကျန်းမာလာပါစေ}
{အင်းပါ}
ကျိချင်းကျိုးက ခပ်မြန်မြန်ကတိပေးလိုက်သည်။
{ဒါပေမယ့် မားအိပ်နေလို့ မနက်နိုးတော့မှပဲ ပြောပေးမယ်နော်}
ချူချန် အံ့ဩသွားလေ၏။
{မင်းမားမားက အိပ်နေပြီလား။အရမ်းစောသေးတာကို}
ကျိချင်းကျိုး : {မားက ကျန်းမာရေးမကောင်းတဲ့သူလေ။အခုက ၉ နာရီတောင်ကျော်နေပြီဥစ္စာ။အိပ်ပြီပေါ့}
ချူချန် : {ဒါဆို မင်းတစ်ယောက်တည်း အခုချိန်ထိ နွေဦးပွဲတော်ကြည့်နေရတာလား}
ကျိချင်းကျိုးက မသိရကောင်းလာဟု အပြစ်တင်သံစွက်ကာ ပြန်ပြောလိုက်သည်။
{ဟုတ်တယ်လေ။ဒီနှစ်ရဲ့ နွေဦးပွဲတော်အစီအစဉ်တွေက အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်လို့ ကျွန်တော် ထင်တယ်။ဟားဟားဟားဟား}
ချူချန်ကမူ ထို {ဟားဟားဟားဟား} ဆိုတာကိုကြည့်၍ တစ်ဖက်လူမှာ ခါးသီးမှုတွေကြားကအတင်းလုပ်ယူပြုံးကာ ဟာသလုပ်နေတာဖြစ်မည်ဟု အတွေးဝင်လာသည်။သူက နွေဦးပွဲတော်ကို မကြည့်ခဲ့သလို ကြည့်ရတာလည်း မကြိုက်လောက်ပေ။
အရင်နှစ်တွေနဲ့တူတူပဲဟာ။ဘာတွေကြည့်ရမှာလဲ နော့။
အလိုလေးဗျာ နွေဦးပွဲတော်ဆိုပြီး ကောင်လေးတစ်ယောက် ပျော်ရွှင်ဟန်ဆောင်နေခဲ့ရတဲ့ပွဲတော်သာသာပါပဲ....စိတ်ပျက်စရာပွဲတော်။တကယ်ပဲ စိတ်သောကရောက်နေရပြီ!
သူ့လက်တွေ မလှုပ်တော့တာမြင်တော့ မားမားချူက အော်လာသည်။
"ဘာလို့ ဖုန်းကိုင်နေရပြန်တာတုန်း သားရေ ။စိတ်ပါလက်ပါလေးလုပ်စမ်းပါ"
ချူချန်မှာ ဝန်လေးစွာဖြင့် "ဟုတ်ကဲ့" လို့ဆိုလိုက်ရပြီး သူ ဖက်ထုပ်လုပ်ရဦးမယ့်အကြောင်း ကျိချင်းကျိုးကို ပြောပြလိုက်သည်။ကျိချင်းကျိုးကတော့ အလွယ်လေးသဘောတူလာသည်။
{ဒါဖြင့်သွားလေ။ကောင်းကောင်းလေးလည်းလှိမ့်ဦး။ကြိုးစားထား!!!}
ဒါက သူလေး ဖြစ်ချင်တာကို ပြောင်းပြန်လှန်ပြီး ပြောသွားတာဖြစ်ကြောင်း ချူချန်သိနေတယ်။ (သူသိပြန်ပြီ)
ဒီည ကျိချင်းကျိုး သူနဲ့စကားလာပြောတာက ဖက်ထုပ်လုပ်နေတဲ့ သူ့ကို အားပေးချီးကျူးဖို့ အတွက်ပဲလား?
ဘယ်ဟုတ်မလဲ!!!
သေချာတာက သူ တစ်ယောက်တည်း အထီးကျန်ဆန်လွန်းနေလို့ဖြစ်ရမယ်!
ဒါကြောင့်ပဲ ချူချန်က သူနှင့် အလွန်အမင်းစကားပြောပေးချင်သည်။
သို့သော်.........ဟော့ဒီလိုအကြောင်းပြချက်လေးတစ်ခုကြောင့်နဲ့ စကားပြောနေခြင်းအား ရက်ရက်စက်စက်ရပ်ပစ်ရလိမ့်မည်လို့ ချူချန် တစ်ခါမှမတွေးခဲ့ဖူးဘူး။
ချူချန် အတွေးထဲတဝဲလည်လည်ဖြစ်နေသည်က ပျော်ပျော်ရွှင်ရွှင် ဖက်ထုပ်လုပ်နေတဲ့သူ့မိသားစုရယ်....ဆေးရုံမှာ တစ်ယောက်တည်း အထီးကျန်စွာ နွေဦးပွဲတော်ကြည့်နေရသည့် ကျိချင်းကျိုးရယ်နဲ့ ပြည့်နေခဲ့သည်။ ချူချန်တစ်ယောက် လုပ်နေတဲ့ဖက်ထုပ်တွေကို ပစ်ချပြီး သူနဲ့စကားသွားပြောပေးချင်မိသည်အထိ။ချက်ချင်းဆိုသလို ကျောင်းတုန်းက မိမိတို့တရုတ်ဆရာမသင်ပေးထားသည့် စကားလုံးတွေက အတွေးထဲဝင်လာသည်။⟨ပျော်ရွှင်ဖွယ်မြင်ကွင်းတွေက ဝမ်းနည်းနေသူအား ပိုပိုပြီးဝမ်းနည်းလာစေသည်⟩ တဲ့။ သူ့အတွေးထဲ၌ ကျိချင်းကျိုးက ဖုန်းလေးကိုင်ထားရင်း ဝမ်းနည်းနေသည့်ကြားက အတင်းကြိုးစားပြုံးနေရသည့် ပုံရိပ်လေးများအပြည့်ပင်။
ဝမ်းနည်းရတယ်!!!
တကယ်ကို အရမ်း အရမ်း ဝမ်းနည်းနေရတယ်ဗျ!
ဒါကမှ စစ်မှန်တဲ့ အဆွေးဇာတ်ထုပ်လေး မဟုတ်ပါလား။ သူ့၏ချစ်သူလေးက သနားချင့်စဖွယ်ကောင်းလွန်းနေလေပြီ။
ချူချန် တစ်စက်လေးတောင် ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ချေ။မားမားချူအား စကားပြောဖို့ ကြိုးစားကြည့်လိုက်သည်။
"မား...ကျွန်တော်အပြင် ခဏသွားမို့"
"နှစ်သစ်ကူးကြီး ဘယ်အပြင်တွေ သွားချင်နေတာလဲ"
"ရှောက်ရုံ အသည်းကွဲနေလို့တဲ့။အဲ့ဒါ ကျွန်တော် သူ့ကိုသွားနှစ်သိမ့်ပေးရမှာ"
"သူမှာ ချစ်သူရှိနေပြီလား။ဘယ်တုန်းကလဲ"
ချူမားမား ပဟေဋိဖြစ်သွားပြီ။
"မင်း အရင်ကပြောတာလည်း မကြာဖူးပါဘူး။ဘာလို့ မပြောပြတာလဲ။"
"အာ...အဲ့တာက ဟိုနေ့ကမှ ရသွားတာ။ချစ်သူရယ်လို့ လည်းပြောလို့မရသေးပါဘူးမားရယ်။သူက အဲ့ကောင်မလေးနဲ့ စကားပြောကြည့်ရုံပဲ။အဲ့တာ ကောင်မလေးက ရှောက်ရုံ သူ့အတွက် နှစ်သစ်ကူး လက်ဆောင်မပြင်ပေးလို့ ဆိုပြီး နှစ်ယောက်လုံး ဝိုင်တွေသောက်ပြီး ရန်ဖြစ်ကြကွဲကြပြဲကြတာ။ခုနပဲ ရှောက်ရုံ ကျွန်တော့်ဆီ ငိုနေတဲ့ပုံတွေ WeChatကနေ ပို့လာသေးတယ်။ကျွန်တော် လိုက်သွားမှရမယ်။မဟုတ်ရင် အခြေအနေမကောင်းတော့ဘူး။"
ယနေ့ခေတ်လူငယ်တွေများ လမ်းခွဲတာတောင် ကတိုက်ကရိုက်နဲ့။မားမားချူ ထိုသို့ တွေးလိုက်ပေမယ့် လူငယ်လေးတွေဆိုတော့ မကောင်းတာဖြစ်သွားမှာ စိုးရိမ်၍ ခေါင်းသာညိမ့်လိုက်တော့သည်။
"သွား...သွားပြီး သေသေချာချာလေး နှစ်သိမ့်ပေးလိုက်။အရက်မူးနေသူရဲ့စကားတွေကိုလည်း ဗွေယူမနေနဲ့။မနက်မှသာ ပြန်လာခဲ့ချည်"
"ဟုတ်ကဲ့ပါ မားရဲ့။ကျွန်တော်လည်း အဲ့လိုလုပ်ဖို့ စီစဉ်ထားတာပါ"
"အေးပါ။သွား သွား"
ချူချန် မတ်တပ်ရပ်လိုက်ပေမယ့် ဖျတ်ခနဲအတွေးတစ်ခုဝင်လာကာ မားမားချူအား တောင်းဆိုဖို့ ရန် မားမားအနားကပ်ထိုင်လိုက်လေသည်။
"မား...သူကြည့်ရတာ အရမ်းဝမ်းနည်းတကြီးနဲ့ငိုနေတဲ့ပုံပဲ။ခုနတည်းက အရက်တွေပဲ လှိမ့်သောက်နေတော့ ဘာမှစားရသေးမှာမဟုတ်ဘူး။ဒါမှမဟုတ် ကျွန်တော် ဖက်ထုပ်လေးတွေ ယူသွားလိုက်ရင်ရော။အဲ့ဒါဆို အသင့်စားလိုက်ရုံပဲလေ"
မားမားချူက သံသယမဝင်ချေ။ရက်ရက်ရောရောပင် ပြန်ပြောလာသေးသည်။
"ယူသွားလေ။များများလေးယူသွားပြီး သူ ပိုစားပလေ့စေ။ဒါက သင်ခန်းစာပဲနော်သား"
ချူချန်ကလည်း နာခံစွာ သဘောတူလိုက်သည်။
"ဒါပေါ့မားရယ် ။ လုံးဝ သင်ခန်းစာယူစရာတွေ"
ချူချန်က စကားဆုံးတာနဲ့ မီးဖိုခန်းထဲ လှစ်ခနဲ ဝင်ပြီး နေ့လည်စာဘူးလေးယူကာ ပြန်ထွက်ဖို့ ပြင်လိုက်ပေမယ့် ချူရှင်းလက်မောင်းထဲ ပြေးဝင်လုနီးပါးဖြစ်သွားသည်။
"ချီးးး! အသံမပေးဘာမပေးနဲ့ ဘယ်လိုများလျှောက်လာတာလဲကောရယ် ကြောင်ကျနေတာပဲ"
ချူရှင်းက အိတ်ကပ်ထဲလက်ထည့်လျက် သူ့ကိုကြည့်လာသည်။
"ရှောက်ရုံ အသည်းကွဲနေတယ်ပေါ့"
"ဟုတ်တယ်လေ"
ချူချန်က မျက်နှာမပြောင်းဘဲ ပြောလိုက်သည်။
ချူရှင်းက ဖုန်းတစ်လုံး ဆွဲထုတ်လာပြီး သူ့ရှေ့ဝေ့ပြလာ၏။
"ဝန်ခံဖို့ အခွင့်အရေးထပ်ပေးမယ်နော်"
+++++++++++++++++++++
စာရေးသူမှာပြောစရာရှိပါတယ် :
ရှောက်ရုံ (ကွဲအက်သောအသံဖြင့်) : အတုတွေပါဗျာ! အသည်းလည်းမကွဲရပါဘူးးးး! သေခန်းပြတ်ပြီ ကြက်စုတ်ကောင်! သူငယ်ချင်းထက် sex ပေါ် အလေးပေးနေတဲ့ကောင်! ငါ့ကို ပလစ်ပြီး နှစ်သစ်ကူးချင်နေတဲ့ကောင်စုတ် ကောင်းကောင်းနေရဖို့မမျှော်လင့်နဲ့။ကော!!! သူ့ကိုရိုက်ပေးပါ!!!!
ချူချန် : ကျိုးကျိုးက အရမ်းသနားဖို့ကောင်းတာပဲ။တကယ်ကို သနားဖို့ကောင်းလွန်းတာ။ကျွန်တော် ကျိုးကျိုးအတွက် အရမ်းဝမ်းနည်းတာပဲဗျာ...
ကျိုးကျိုး : ? ? ? ? ? ?
+++++++++++
ရှောက်ရုံသနားပါတယ် နှစ်စကြီး အသည်းကွဲခြင်းနဲ့စတင်ရတာ😂 သူ့မှာတော့ ကူညီလိုက်ရတာ😂
ချူချန် is ကျိချင်းကျိုးရဲ့ ဘာသာပြန်😂 ။ ကျိချင်းကျိုးက ထမင်းမစားချင်ဘူးပြောရင်တောင် သူနဲ့စားချင်လို့ ပြောတယ်ထင်နေမဲ့သူကြီးပါ😂😂😂
ချူချန် is drama king.😂 ရှူးဂါးဒယ်ဒီနဲ့အပျော်ချစ်သူလေးမဟုတ်ဘူး။ချူချန်နဲ့ဘိုဘေးလေးပါတဲ့😂😂😂
++++++++++++++++++++++++++++++
Zawgyi
သို႔ေစကာမူ ဘယ္လိုပဲအလုပ္ပိုတယ္ဆိုဆို ႏွစ္သစ္ကေတာ့ ကူးရဦးမွာပင္။
ႏွစ္သစ္ကူးေန႔တြင္ က်ိခ်င္းက်ိဳးတစ္ေယာက္ ခပ္ေစာေစာတည္းက ႏွစ္သစ္ကူး အႀကိဳညစာစားပြဲအတြက္ျပင္ဆင္ၿပီး ေန႔လည္စာဘူးထဲထည့္၍ ေဆး႐ုံဆီယူသြား၏။သူနဲ႔ဝမ္ဖန္းကလည္း အမ်ားႀကီးမစားႏိုင္ၾကသူေတြျဖစ္၍ ဟင္းပြဲမ်ားမ်ားစားစားခ်က္မေနေတာ့ေခ်။
သူသည္ အစားစာမ်ားအား အပူေပးစက္ေလးျဖင့္ ေသေသသပ္သပ္ေလးေႏႊးၿပီး ေကာ္ဖီစားပြဲေလးေပၚ က်က်နနေနရာခ်ေနသည္။ဟင္းပန္းကန္ေတြအျပင္ သစ္သီးေတြနဲ႔မုန္႔ေတြပါ ပါေလသည္။ဝမ္ဖန္းတစ္ေယာက္ ၾကည့္ရင္း သူမသားက ရင့္က်က္သူႀကီးတစ္ေယာက္ျဖစ္လာၿပီး ေဘးလူကိုပါ ဂ႐ုစိုက္တတ္လာၿပီျဖစ္ေၾကာင္းနားလည္လာခဲ့သည္။
က်ိခ်င္းက်ိဳး TV ဖြင့္ကာ ဝမ္ဖန္းအား အိမ္ယာေပၚမွ ထႏိုင္ဖို႔ ကူညီေပးေနသည္။
"ႏွစ္ကူးပြဲေတာ္က အခုပဲလာေနၿပီဟာ။ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ အတူတူၾကည့္ၾကတာေပါ့"
ဝမ္ဖန္းကျပဳံးျပဳံးေလးျဖင့္ သူႏွင့္အတူ ဆိုဖာေပၚ ထိုင္ေနသည္။
သူမက က်န္းမာေရးမေကာင္းသျဖင့္ က်ိခ်င္းက်ိဳးက အရက္မျပင္ခဲ့ေပ။ထိုအစား စြပ္ျပဳတ္အိုးေလးသာခ်ထား၏။ဝမ္ဖန္းက တစ္ငုံေသာက္ရင္း မခ်ိတင္ကဲေရ႐ြတ္လာသည္။
"ေ႐ွာင္က်ိဳး....သားရဲ႕ ဟင္းခ်က္စြမ္းရည္က အရင္ထက္ပိုေကာင္းလာတာပဲ"
"ခ်က္ရင္းသင္သြားတာေလ"က်ိခ်င္းက်ိဳး ဆိုလိုက္သည္။
ဝမ္ဖန္းက လြန္ခဲ့တဲ့ ေျခာက္လလုံးလုံး သူတစ္ေယာက္တည္း ရင္ဆိုင္ေနခဲ့ရတာျဖစ္၍ သားအတြက္ စိတ္မေကာင္းျဖစ္ေနမိသည္။သူမက သားျဖစ္သူလက္အား ဆုပ္ကိုင္ကာ ဝမ္းနည္းစြာဖြင့္ဟလာသည္။
"ၿပီးခဲ့တဲ့ ေျခာက္လလုံးလုံး အလုပ္ေတြပင္ပန္းခဲ့မွာပဲ"
က်ိခ်င္းက်ိဳးကေတာ့ အဆင္ေျပေခ်ာေမြ႕တယ္လို႔ေတာင္ ထင္မိသည္။သူ ဒီကမ႓ာကို ထူးထူးျခားျခား ကူးေျပာင္းလာခဲ့သည့္တိုင္ကံေကာင္းစြာ အစတည္းက ခ်ဴခ်န္ႏွင့္ ဆုံခဲ့ရျခင္းျဖစ္၍ သူ႕ဘဝလည္း အဆင္ေျပေနခဲ့သည္။
သူ ဝမ္ဖန္းကို ရယ္ရင္း ေျပာလိုက္သည္။
"အေမနဲ႔သားၾကားမွာ အဲ့လိုေတြေျပာစရာမလိုပါဘူး။ ကြၽန္ေတာ့္ရဲ႕ အခုအလုပ္က မပင္ပန္းသလို ပိုက္ဆံလည္း အမ်ားႀကီးရတာ။အဲ့တာေတြ ေတြးပူမေနပါနဲ႔"
ဝမ္ဖန္း၏မ်က္လုံးစြန္းေလးေတြ ေကြးတက္သြားၿပီး ေခါင္းတညိမ့္ညိမ့္လုပ္ေနသည္။က်ိခ်င္းက်ိဳးက သူမပန္းကန္ထဲ ဟင္းေတြခပ္ထည့္ေပးရင္း တိုက္တြန္းလိုက္သည္။
"မ်ားမ်ားေလးစား မား"
"ဟုတ္ပါၿပီကြယ္"
က်ိခ်င္းက်ိဳးက စားေသာက္ၿပီးတာနဲ႔ ေန႔လည္စာဘူးေလးသြားေဆးလိုက္သည္။ဝမ္ဖန္းကေတာ့ TVမွာ လာတဲ့ အဆိုေတာ္ေတြ၏ ေဖ်ာ္ေျဖပြဲအား ဆိုဖာေပၚမွာ ထိုင္ၾကည့္ေနလ်က္ ေမးျမန္းလာသည္။
"ေ႐ွာင္က်ိဳး....သားလည္း ေနာက္ဆို ဒီလို ေဖ်ာ္ေျဖေရးပြဲေတြသြားရမွာလား"
က်ိခ်င္းက်ိဳး မေမွ်ာ္လင့္ထားသည့္ အေမးစကားျဖစ္၍ ထိုအေၾကာင္းကိုစဥ္းစားၿပီးကာမွ ျပန္ေျဖလိုက္သည္။
"အဲ့လိုႀကီးေတာ့ မဟုတ္ပါဘူး။ႏွစ္သစ္ကူးေဖ်ာ္ေျဖပြဲေတြက် နာမည္ႀကီးတဲ့ ၾကယ္ပြင့္တိုင္းကို ဖိတ္တာျဖစ္ေပမယ့္ နာမည္ႀကီး ၾကယ္ပြင့္တိုင္းလည္း အဖိတ္မခံရျပန္ဘူး။အဲ့တာေၾကာင့္ ကြၽန္ေတာ္နာမည္ႀကီးရင္ေတာင္ သြားႏိုင္ခ်င္မွ သြားႏိုင္မွာ"
"အဲ့တာလည္း အဆင္ေျပတာပဲ။"ဝမ္ဖန္းက ေျပာေလသည္။
"အဲ့လိုဆို မားနဲ႔အတူတူပဲ ႏွစ္သစ္ကိုႀကိဳဆိုလို႔ ရသြားတာေပါ့။သည္အႏုပညာ႐ွင္ေတြဆို မနက္ျဖန္မွ အိမ္ျပန္ရမွာ။ဟုတ္တယ္မလား"
"တစ္ခ်ိဳ႕က် ႐ိႈးပြဲၿပီးတာနဲ႔ အိမ္အျမန္ေျပးၾကတာ။သူတို႔ liveၿပီးမွပဲဆိုေတာ့ ၁၂ မထိုးခင္ေတာ့ အိမ္ျပန္ေရာက္ၾကမွာပါ"
ဝမ္ဖန္းက "အမ္း" လို႔ အသံျပဳကာ ေႏြဦးပြဲေတာ္ၾကည့္ေနရင္း သူနဲ႔စကားခဏေျပာေနေလသည္။
ခ်ဴခ်န္ကလည္း ေႏြဦးပြဲေတာ္ၾကည့္ေနတာျဖစ္သည္။ခ်ဴမိသားစု၏႐ိုးရာအရ တစ္ျခားလုပ္စရာေတြ႐ွိေနရင္ေတာင္ TV ဖြင့္ၿပီး ေႏြဦးပြဲေတာ္ ေနာက္ခံတီးလုံးေလး ဖြင့္ထားရတုန္းပင္။
ခ်ဴမားမားက အခင္းျပားေလးတစ္ခုကို လက္ဖက္ရည္စားပြဲေပၚ ေနရာခ်ၿပီး ဂ်ံဳမႈန္႔ေတြ ဖက္ထုပ္အစာသြပ္တဲ့ပစၥည္းေတြ ယူလာကာ မနီးမေဝးမွ လူသုံးေယာက္ကို အမိန္႔ေပးလိုက္သည္။
"ေ႐ွာင္ခ်န္နဲ႔မားက ဖက္႐ြက္လွိမ့္မယ္။ေ႐ွာင္း႐ွင္း...မင္းနဲ႔မင္းပါးပါးက ဖက္ထုပ္ထုပ္ေပး"
"ဟုတ္ကဲ့ မား။ငါးမိနစ္ပဲ အခ်ိန္ေပးပါ။ ကြၽန္ေတာ္ အလုပ္ေလးလက္စသတ္လိုက္ဦးမယ္" ခ်ဴ႐ွင္းကျပန္ေျပာလာသည္။
ခ်ဴခ်န္ကေတာ့ လက္ထဲမွဖုန္းအား တြန္႔ဆုတ္တြန္႔ဆုတ္နဲ႔ခ်ကာ ခ်ဴမားမားရဲ႕ေဘးမွာထိုင္ၿပီး မားမားနဲ႔အတူ ဖက္႐ြက္လွိမ့္ေတာ့သည္။
ေခါင္းေဆာင္ႀကီး ခ်ဴမားမား၏ခိုင္းေစမႈေအာက္မွာ အကုန္လုံး ဖက္ထုပ္စထုပ္ၾကေတာ့သည္။မားမားခ်ဴသည္ ဂ်ံဳလွိမ့္ေနရင္း ေႏြဦးပြဲေတာ္သီခ်င္းေလးနားေထာင္ကာ သူမသားႏွစ္ေယာက္ကို အိမ္ေထာင္ျပဳဖို႔တိုက္တြန္းေနေတာ့သည္။
"ဒီညကုန္ရင္ သားတို႔ႏွစ္ေယာက္လုံး အသက္တစ္ႏွစ္ႀကီးၾကျပန္ၿပီ။ခ်စ္သူထားရမယ့္အ႐ြယ္၊လက္ထပ္ရမယ့္အ႐ြယ္ေတြေရာက္ေနၿပီေလ။ေဟာ ႏွစ္သစ္ကူးပြဲၿပီးတာနဲ႔ ခ်စ္သူမ်ားေန႔က တန္းလာၿပီ။လူတိုင္း ပြဲေတာ္ကို အတူတူျဖတ္သန္းၾကေတာ့မွာ။မင္းတို႔ အားမက်ၾကဘူးလားဟမ္"
"ဘာလို႔ အားက်ရမွာလဲ"ခ်ဴ႐ွင္းကေျပာလာသည္။
"အတြဲေတြလည္း အတြဲနဲ႔မို႔ သူ႕ေပ်ာ္႐ႊင္မႈနဲ႔သူ။ကြၽန္ေတာ့္တို႔ စင္ဂယ္မွာလည္း စင္ဂယ္ေပ်ာ္႐ႊင္မႈနဲ႔ပါဗ်။ကြၽန္ေတာ္ကေတာ့ စင္ဂယ္ျဖစ္ရတာပဲ ေကာင္းတယ္ထင္တယ္"
"ကဲ...သားေရာ"
မားမားခ်ဴက သူမသားငယ္ေလးဘက္လွည့္လိုက္သည္။
"ငါ့သားလည္း စင္ဂယ္ျဖစ္ရတာ ေကာင္းတယ္ထင္လား"
ကြၽန္ေတာ္က စင္ဂယ္ မဟုတ္ပါဘူး။ကြၽန္ေတာ့္မွာ ခ်စ္သူ႐ွိေနၿပီဗ်။သိရဲ႕လား။ခ်ဴခ်န္ စိတ္ထဲကေတြးလိုက္ေပမယ့္ အျပင္မွာ အေပ်ာ္ခ်စ္သူေလး႐ွိေနေၾကာင္း ခ်ဴမားမားအား ထုတ္ေျပာရဲတဲ့ သတၱိမ႐ွိေပ။ထို႔ေၾကာင့္ တိုတိုပဲေျပာလိုက္ေခ်သည္။
"ကြၽန္ေတာ္ကေတာ့ ဘာျဖစ္ျဖစ္အဆင္ေျပပါတယ္"
"ေ႐ွာင္ခ်န္ရယ္"
ခ်ဴမားမားက သားငယ္ကိုၾကည့္၍ စိုးရိမ္းစိတ္ျဖင့္ ေျပာလာသည္။
"သားအစ္ကိုလို လုပ္မေနနဲ႔။သားအစ္ကိုက ေကာင္မေလးေတြႀကိဳက္တာေလ။သားကေတာ့ ေကာင္ေလးေတြႀကိဳက္တာ။အဲ့ေတာ့ ကိုယ့္အတြက္ကိုယ္႐ွာသင့္တယ္။လိင္မတူခ်စ္ႀကိဳက္ေနတဲ့သူေတြကအမ်ားသားပါကြယ္။သားအစ္ကိုက အခု စင္ဂယ္ ျဖစ္ေနရင္ေတာင္ သင့္ေတာ္တဲ့သူေလးနဲ႔ ေနာက္က် ေတြ႕မွာပဲ။ဒါေပမယ့္ သားက ဒီလိုပဲ စင္ဂယ္ ျဖစ္ေနရင္ သင့္ေတာ္တဲ့ ေကာင္ေလးနဲ႔ ေတြ႕ရပါဦးမလား။"
ခ်ဴခ်န္က သူ႕မားမား စိတ္ပူေနတဲ့အေၾကာင္းကို သိသျဖင့္
"ကြၽန္ေတာ္တို႔မိသားစုအေျခအေနနဲ႔မားရယ္ ကြၽန္ေတာ္သာ လိုခ်င္လို႔ကေတာ့ ေကာင္ေလးေတြဆိုတာ ကြၽန္ေတာ္တို႔ အိမ္ေပါက္ဝကေန ၿမိဳ႕ျပင္ထိ စီတန္းေနမွာပဲေနာ္"
ခ်ဴပါးပါးက ႏွာေခါင္း႐ႈံ႕လာသည္။
"ငါ အခုထိ စဥ္းစားလို႔မရသလို သေဘာကို မက်ဘူး ။ငါလည္း ေယာက်ၤားေတြမႀကိဳက္ခဲ့ဖူးပါဘူး။ယြီအန္းမင္တို႔ ခ်င္း႐ႊယ္တို႔ဆိုလဲ မင္းနဲ႔ကေလးတည္းက ကစားလာခဲ့ၾကတာပါ။သူတို႔က် ဘယ္ေလာက္လိမၼာလိုက္သလဲ။မင္းကပဲ ေျပာင္းသြားတာ!"
"အေမတူသားေတာ့ျဖစ္ခြင့္ေပးပါဗ်ာ"
ခ်ဴခ်န္က ေပါက္ကရေလးဆယ္ေျပာေတာ့သည္။
"ကြၽန္ေတာ့္အေမက ေယာက်ၤားႀကိဳက္လို႔ ကြၽန္ေတာ္လည္း
ေယာက်ၤားႀကိဳက္တယ္။တကယ္လို႔ ကြၽန္ေတာ့္အေမသာ ေယာက်ၤားမႀကိဳက္ရင္ ကြၽန္ေတာ္လည္း အဲ့လို ျဖစ္စရာအေၾကာင္း႐ွိပါ့မလား ပါးရယ္။"
"မင္းအေမက မိန္းမ ေလ မိန္းမ။မင္းလည္း မိန္းမမို႔လား"
"ပါး... ဒီေန႔ကစၿပီး ကြၽန္ေတာ့္ကို သမီးလို႔သတ္မွတ္လိုက္ပါ။ ကြၽန္ေတာ္ လုံးဝစိတ္မဆိုးဘူး"
ခ်ဴပါးပါးက စိတ္တိုလြန္း၍ လက္ထဲက လိေမၼာ္သီးနဲ႔ ခ်က္ခ်င္းထေပါက္ေတာ့သည္။
"မင္းကိုေမြးထားတာထက္ သမီးတစ္ေယာက္႐ွိတာမွပိုေကာင္းဦးမယ္။ဘယ္ေလာက္ခ်စ္ဖို႔ေကာင္းတဲ့သမီးစုတ္လဲ။ဟမ့္"
ခ်ဴခ်န္က လက္ေမာင္းကိုလာထိတဲ့ လိေမၼာ္သီးကို စားပြဲေပၚတင္လိုက္ၿပီး သူ႕ပါးပါး ထပ္ေဒါသမထြက္ေစရန္ သြားၿဖဲျပလိုက္သည္။
သူက ေခါင္းေလးငုံ႔ၿပီး TV မွ အသံကိုနားေထာင္၍ လက္ထဲမွ ဖက္႐ြက္ေလးေတြလွိမ့္ေနရင္း ႐ုတ္တရက္ အေတြးေပါက္လာသည္မွာ- က်ိခ်င္းက်ိဳးေရာ အခု ဘာလုပ္ေနလိမ့္မလဲ။သူေရာ ေႏြဦးပြဲေတာ္ၾကည့္ေနမလား။ဖက္ထုပ္ေတြမ်ား လုပ္ေနလိမ့္မလား။မနက္ျဖန္က တ႐ုတ္ႏွစ္သစ္ကူး ပထမရက္ျဖစ္၍ ၾကည့္ရတာ ေဆြမ်ိဳးေတြလာလည္ႏိုင္ေလာက္သည္။
ထိုအေၾကာင္းေတြးမိတာနဲ႔ကို ခ်ဴခ်န္ စိတ္ထဲ အေၾကာင္းျပခ်က္မ႐ွိ ကသိကေအာက္ျဖစ္လာသည္။
"ကြၽန္ေတာ္တို႔ ေဆြမ်ိဳးေတြက မနက္ျဖန္လာၾကဦးမွာလား"
"လာမွာေပါ့။မင္းအေဒၚနဲ႔တစ္ျခားသူေတြလာၾကမွာ။မင္းတို႔ အန္ကယ္ေလးတို႔ကေတာ့ အျပင္မွာ ထြက္စားၾကမွာေလ။ရက္နည္းနည္းၾကာမွ အိမ္ကိုလာၾကမွာ။"
ခ်ဴခ်န္ ေခါင္းညိမ့္လိုက္သည္။ဒါကမွေဆး႐ုံမွာ ေဆြမ်ိဳးတစ္ေယာက္မွ မလာဘဲ ႏွစ္သစ္ကူးကိုျဖတ္သန္းေနရေသာ က်ိခ်င္းက်ိဳးနဲ႔မတူတဲ့ သာမန္ႏွစ္သစ္ကူးမ်ိဳးပင္။
သူ ဖက္ထုပ္လွိမ့္ေနရင္း WeChatက စာဝင္သံၾကားလိုက္ရ၏။သူ ယူၾကည့္လိုက္ေတာ့ က်ိခ်င္းက်ိဳးထံမွ စာျဖစ္ေၾကာင္းေတြ႕လိုက္ရ၏။
က်ိခ်င္းက်ိဳး : { ဟက္ပီးနယူးရီးယားးးး *^▽^* ....ခင္ဗ်ားရဲ႕ႏွစ္သစ္မွာ အေကာင္ဆုံးေတြပဲပိုင္ဆိုင္ရပါေစလို႔ ဆုေတာင္းေပးပါတယ္။က်န္းက်န္းမာမာနဲ႔ အရာရာတိုင္းမွာ ကံေကာင္းပါေစ}
ခ်ဴခ်န္တစ္ေယာက္ အျပဳံးမ်က္ႏွာအားၾကည့္၍ အူျမဴးေနႏိုင္ေသးသည့္တစ္ေယာက္ေသာသူေၾကာင့္ ဦးေႏွာက္ေျခာက္လာသည္။
သူ စာျပန္လိုက္သည္ : {မင္းလည္း ထပ္တူပါပဲ။ေအာင္ျမင္မႈေတြဆြတ္ခူးၿပီး ႀကီးပြားခ်မ္းသာႏိုင္ပါေစ}
က်ိခ်င္းက်ိဳးက ထိုဆုမြန္ေကာင္းကို အရမ္းေက်နပ္သြားၿပီး သူ႕ကိုေမးလိုက္သည္။
{ခင္ဗ်ားဘာလုပ္ေနလဲ}
ခ်ဴခ်န္ : {ကိုယ့္မားနဲ႔ဖက္ထုပ္ထုပ္ေနတာ}
က်ိခ်င္းက်ိဳး နည္းနည္းအံ့ဩသြားေလသည္။
{ခင္ဗ်ားက ဖက္ထုပ္ထုပ္တတ္တယ္ေပါ့။ကြၽန္ေတာ္က ခင္ဗ်ား ဟင္းမခ်က္တတ္ဘူးထင္ေနတာ}
ခ်ဴခ်န္ : {တကယ္လည္း ကိုယ္မခ်က္တတ္ပါဘူး။ကိုယ္က ဖက္႐ြက္ပဲ လွိမ့္ေပးတတ္တာ}
သူက အေတာ္ေလး႐ိုးစင္းေၾကာင္း က်ိခ်င္းက်ိဳးေတြးမိေပမယ့္ ခ်ဴခ်န္လို သခင္ေလးတစ္ေယာက္ကေတာ့ ဖက္႐ြက္လွိမ့္တတ္တာနဲ႔တင္ ေကာင္းေနပါၿပီ။
ခ်ဴခ်န္ : { မင္းေရာ ဖက္ထုပ္ထုပ္ၿပီးၿပီလား? }
{ဟင့္အင္း}
က်ိခ်င္းက်ိဳးစာျပန္လိုက္၏။
{ေန႔လည္တည္းက ခ်က္ျပဳတ္ရင္း အလုပ္႐ႈပ္ေနတာနဲ႔ပဲ ဖက္ထုပ္ထုပ္မယ့္ အခ်ိန္ေတာင္မ႐ွိဘူး။စိတ္မပူပါနဲ႔ မနက္ျဖန္မွ ထုပ္လိုက္ေတာ့မယ္}
သူေျပာတဲ့ မနက္က် ဖက္ထုပ္ထုပ္လိုက္ပါမယ္ ဆိုတာက သူတစ္ေယာက္တည္း အိမ္မွာ လုပ္ရမွာကို ေျပာေနတာျဖစ္ေၾကာင္း ခ်ဴခ်န္ မွန္းဆမိပါတယ္။
{မင္း ေဆး႐ုံမွာပဲ႐ွိေနတာလား}
က်ိခ်င္းက်ိဳး : {အင္းေလ။ေႏြဦးပြဲေတာ္ၾကည့္ေနတာ}
ခ်ဴခ်န္ : {ဒီေန႔မျပန္ေတာ့ဘူးလား}
က်ိခ်င္းက်ိဳး : {မျပန္ေတာ့ပါဘူး ။ အဲ့လိုဆို ႏွစ္သစ္ကူးႀကီး မားနဲ႔ တစ္ကြဲတစ္ျပားျဖစ္ေနမွာေပါ့။ေ႐ွာင္ခ်င္းကလည္း ႏွစ္သစ္ကူးမို႔ မိသားစုဆီျပန္သြားၿပီဆိုေတာ့ကာ လူနာေစာင့္ခန္းထဲမွာ ကြၽန္ေတာ္ အိပ္လိုက္႐ုံပဲ။}
ခ်ဴခ်န္မွာ နားေထာင္ရင္း အေတာ္အတန္ၾကာ ဘာေျပာရမွန္း မသိျဖစ္ေနလ်က္။စကားစ႐ွာေျပာလိုက္သည္။
{ဒါဆိုလည္း အန္တီကို ကိုယ္က ႏႈတ္ဆက္တယ္လို႔ ကူေျပာေပးပါဦး။အန္တီတစ္ေယာက္ ႏွစ္သစ္မွာ ေပ်ာ္႐ႊင္ၿပီး အျမန္ဆုံး ျပန္က်န္းမာလာပါေစ}
{အင္းပါ}
က်ိခ်င္းက်ိဳးက ခပ္ျမန္ျမန္ကတိေပးလိုက္သည္။
{ဒါေပမယ့္ မားအိပ္ေနလို႔ မနက္ႏိုးေတာ့မွပဲ ေျပာေပးမယ္ေနာ္}
ခ်ဴခ်န္ အံ့ဩသြားေလ၏။
{မင္းမားမားက အိပ္ေနၿပီလား။အရမ္းေစာေသးတာကို}
က်ိခ်င္းက်ိဳး : {မားက က်န္းမာေရးမေကာင္းတဲ့သူေလ။အခုက ၉ နာရီေတာင္ေက်ာ္ေနၿပီဥစၥာ။အိပ္ၿပီေပါ့}
ခ်ဴခ်န္ : {ဒါဆို မင္းတစ္ေယာက္တည္း အခုခ်ိန္ထိ ေႏြဦးပြဲေတာ္ၾကည့္ေနရတာလား}
က်ိခ်င္းက်ိဳးက မသိရေကာင္းလာဟု အျပစ္တင္သံစြက္ကာ ျပန္ေျပာလိုက္သည္။
{ဟုတ္တယ္ေလ။ဒီႏွစ္ရဲ႕ ေႏြဦးပြဲေတာ္အစီအစဥ္ေတြက အေတာ္ေလး စိတ္ဝင္စားဖို႔ေကာင္းတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ဟားဟားဟားဟား}
ခ်ဴခ်န္ကမူ ထို {ဟားဟားဟားဟား} ဆိုတာကိုၾကည့္၍ တစ္ဖက္လူမွာ ခါးသီးမႈေတြၾကားကအတင္းလုပ္ယူျပဳံးကာ ဟာသလုပ္ေနတာျဖစ္မည္ဟု အေတြးဝင္လာသည္။သူက ေႏြဦးပြဲေတာ္ကို မၾကည့္ခဲ့သလို ၾကည့္ရတာလည္း မႀကိဳက္ေလာက္ေပ။
အရင္ႏွစ္ေတြနဲ႔တူတူပဲဟာ။ဘာေတြၾကည့္ရမွာလဲ ေနာ့။
အလိုေလးဗ်ာ ေႏြဦးပြဲေတာ္ဆိုၿပီး ေကာင္ေလးတစ္ေယာက္ ေပ်ာ္႐ႊင္ဟန္ေဆာင္ေနခဲ့ရတဲ့ပြဲေတာ္သာသာပါပဲ....စိတ္ပ်က္စရာပြဲေတာ္။တကယ္ပဲ စိတ္ေသာကေရာက္ေနရၿပီ!
သူ႕လက္ေတြ မလႈပ္ေတာ့တာျမင္ေတာ့ မားမားခ်ဴက ေအာ္လာသည္။
"ဘာလို႔ ဖုန္းကိုင္ေနရျပန္တာတုန္း သားေရ ။စိတ္ပါလက္ပါေလးလုပ္စမ္းပါ"
ခ်ဴခ်န္မွာ ဝန္ေလးစြာျဖင့္ "ဟုတ္ကဲ့" လို႔ဆိုလိုက္ရၿပီး သူ ဖက္ထုပ္လုပ္ရဦးမယ့္အေၾကာင္း က်ိခ်င္းက်ိဳးကို ေျပာျပလိုက္သည္။က်ိခ်င္းက်ိဳးကေတာ့ အလြယ္ေလးသေဘာတူလာသည္။
{ဒါျဖင့္သြားေလ။ေကာင္းေကာင္းေလးလည္းလွိမ့္ဦး။ႀကိဳးစားထား!!!}
ဒါက သူေလး ျဖစ္ခ်င္တာကို ေျပာင္းျပန္လွန္ၿပီး ေျပာသြားတာျဖစ္ေၾကာင္း ခ်ဴခ်န္သိေနတယ္။ (သူသိျပန္ၿပီ)
ဒီည က်ိခ်င္းက်ိဳး သူနဲ႔စကားလာေျပာတာက ဖက္ထုပ္လုပ္ေနတဲ့ သူ႕ကို အားေပးခ်ီးက်ဴးဖို႔ အတြက္ပဲလား?
ဘယ္ဟုတ္မလဲ!!!
ေသခ်ာတာက သူ တစ္ေယာက္တည္း အထီးက်န္ဆန္လြန္းေနလို႔ျဖစ္ရမယ္!
ဒါေၾကာင့္ပဲ ခ်ဴခ်န္က သူႏွင့္ အလြန္အမင္းစကားေျပာေပးခ်င္သည္။
သို႔ေသာ္.........ေဟာ့ဒီလိုအေၾကာင္းျပခ်က္ေလးတစ္ခုေၾကာင့္နဲ႔ စကားေျပာေနျခင္းအား ရက္ရက္စက္စက္ရပ္ပစ္ရလိမ့္မည္လို႔ ခ်ဴခ်န္ တစ္ခါမွမေတြးခဲ့ဖူးဘူး။
ခ်ဴခ်န္ အေတြးထဲတဝဲလည္လည္ျဖစ္ေနသည္က ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ဖက္ထုပ္လုပ္ေနတဲ့သူ႕မိသားစုရယ္....ေဆး႐ုံမွာ တစ္ေယာက္တည္း အထီးက်န္စြာ ေႏြဦးပြဲေတာ္ၾကည့္ေနရသည့္ က်ိခ်င္းက်ိဳးရယ္နဲ႔ ျပည့္ေနခဲ့သည္။ ခ်ဴခ်န္တစ္ေယာက္ လုပ္ေနတဲ့ဖက္ထုပ္ေတြကို ပစ္ခ်ၿပီး သူနဲ႔စကားသြားေျပာေပးခ်င္မိသည္အထိ။ခ်က္ခ်င္းဆိုသလို ေက်ာင္းတုန္းက မိမိတို႔တ႐ုတ္ဆရာမသင္ေပးထားသည့္ စကားလုံးေတြက အေတြးထဲဝင္လာသည္။⟨ေပ်ာ္႐ႊင္ဖြယ္ျမင္ကြင္းေတြက ဝမ္းနည္းေနသူအား ပိုပိုၿပီးဝမ္းနည္းလာေစသည္⟩ တဲ့။ သူ႕အေတြးထဲ၌ က်ိခ်င္းက်ိဳးက ဖုန္းေလးကိုင္ထားရင္း ဝမ္းနည္းေနသည့္ၾကားက အတင္းႀကိဳးစားျပဳံးေနရသည့္ ပုံရိပ္ေလးမ်ားအျပည့္ပင္။
ဝမ္းနည္းရတယ္!!!
တကယ္ကို အရမ္း အရမ္း ဝမ္းနည္းေနရတယ္ဗ်!
ဒါကမွ စစ္မွန္တဲ့ အေဆြးဇာတ္ထုပ္ေလး မဟုတ္ပါလား။ သူ႕၏ခ်စ္သူေလးက သနားခ်င့္စဖြယ္ေကာင္းလြန္းေနေလၿပီ။
ခ်ဴခ်န္ တစ္စက္ေလးေတာင္ ၿငိမ္ၿငိမ္ထိုင္မေနႏိုင္ေတာ့ေခ်။မားမားခ်ဴအား စကားေျပာဖို႔ ႀကိဳးစားၾကည့္လိုက္သည္။
"မား...ကြၽန္ေတာ္အျပင္ ခဏသြားမို႔"
"ႏွစ္သစ္ကူးႀကီး ဘယ္အျပင္ေတြ သြားခ်င္ေနတာလဲ"
"ေ႐ွာက္႐ုံ အသည္းကြဲေနလို႔တဲ့။အဲ့ဒါ ကြၽန္ေတာ္ သူ႕ကိုသြားႏွစ္သိမ့္ေပးရမွာ"
"သူမွာ ခ်စ္သူ႐ွိေနၿပီလား။ဘယ္တုန္းကလဲ"
ခ်ဴမားမား ပေဟဋိျဖစ္သြားၿပီ။
"မင္း အရင္ကေျပာတာလည္း မၾကာဖူးပါဘူး။ဘာလို႔ မေျပာျပတာလဲ။"
"အာ...အဲ့တာက ဟိုေန႔ကမွ ရသြားတာ။ခ်စ္သူရယ္လို႔ လည္းေျပာလို႔မရေသးပါဘူးမားရယ္။သူက အဲ့ေကာင္မေလးနဲ႔ စကားေျပာၾကည့္႐ုံပဲ။အဲ့တာ ေကာင္မေလးက ေ႐ွာက္႐ုံ သူ႕အတြက္ ႏွစ္သစ္ကူး လက္ေဆာင္မျပင္ေပးလို႔ ဆိုၿပီး ႏွစ္ေယာက္လုံး ဝိုင္ေတြေသာက္ၿပီး ရန္ျဖစ္ၾကကြဲၾကၿပဲၾကတာ။ခုနပဲ ေ႐ွာက္႐ုံ ကြၽန္ေတာ့္ဆီ ငိုေနတဲ့ပုံေတြ WeChatကေန ပို႔လာေသးတယ္။ကြၽန္ေတာ္ လိုက္သြားမွရမယ္။မဟုတ္ရင္ အေျခအေနမေကာင္းေတာ့ဘူး။"
ယေန႔ေခတ္လူငယ္ေတြမ်ား လမ္းခြဲတာေတာင္ ကတိုက္က႐ိုက္နဲ႔။မားမားခ်ဴ ထိုသို႔ ေတြးလိုက္ေပမယ့္ လူငယ္ေလးေတြဆိုေတာ့ မေကာင္းတာျဖစ္သြားမွာ စိုးရိမ္၍ ေခါင္းသာညိမ့္လိုက္ေတာ့သည္။
"သြား...သြားၿပီး ေသေသခ်ာခ်ာေလး ႏွစ္သိမ့္ေပးလိုက္။အရက္မူးေနသူရဲ႕စကားေတြကိုလည္း ေဗြယူမေနနဲ႔။မနက္မွသာ ျပန္လာခဲ့ခ်ည္"
"ဟုတ္ကဲ့ပါ မားရဲ႕။ကြၽန္ေတာ္လည္း အဲ့လိုလုပ္ဖို႔ စီစဥ္ထားတာပါ"
"ေအးပါ။သြား သြား"
ခ်ဴခ်န္ မတ္တပ္ရပ္လိုက္ေပမယ့္ ဖ်တ္ခနဲအေတြးတစ္ခုဝင္လာကာ မားမားခ်ဴအား ေတာင္းဆိုဖို႔ ရန္ မားမားအနားကပ္ထိုင္လိုက္ေလသည္။
"မား...သူၾကည့္ရတာ အရမ္းဝမ္းနည္းတႀကီးနဲ႔ငိုေနတဲ့ပုံပဲ။ခုနတည္းက အရက္ေတြပဲ လွိမ့္ေသာက္ေနေတာ့ ဘာမွစားရေသးမွာမဟုတ္ဘူး။ဒါမွမဟုတ္ ကြၽန္ေတာ္ ဖက္ထုပ္ေလးေတြ ယူသြားလိုက္ရင္ေရာ။အဲ့ဒါဆို အသင့္စားလိုက္႐ုံပဲေလ"
မားမားခ်ဴက သံသယမဝင္ေခ်။ရက္ရက္ေရာေရာပင္ ျပန္ေျပာလာေသးသည္။
"ယူသြားေလ။မ်ားမ်ားေလးယူသြားၿပီး သူ ပိုစားပေလ့ေစ။ဒါက သင္ခန္းစာပဲေနာ္သား"
ခ်ဴခ်န္ကလည္း နာခံစြာ သေဘာတူလိုက္သည္။
"ဒါေပါ့မားရယ္ ။ လုံးဝ သင္ခန္းစာယူစရာေတြ"
ခ်ဴခ်န္က စကားဆုံးတာနဲ႔ မီးဖိုခန္းထဲ လွစ္ခနဲ ဝင္ၿပီး ေန႔လည္စာဘူးေလးယူကာ ျပန္ထြက္ဖို႔ ျပင္လိုက္ေပမယ့္ ခ်ဴ႐ွင္းလက္ေမာင္းထဲ ေျပးဝင္လုနီးပါးျဖစ္သြားသည္။
"ခ်ီးးး! အသံမေပးဘာမေပးနဲ႔ ဘယ္လိုမ်ားေလွ်ာက္လာတာလဲေကာရယ္ ေၾကာင္က်ေနတာပဲ"
ခ်ဴ႐ွင္းက အိတ္ကပ္ထဲလက္ထည့္လ်က္ သူ႕ကိုၾကည့္လာသည္။
"ေ႐ွာက္႐ုံ အသည္းကြဲေနတယ္ေပါ့"
"ဟုတ္တယ္ေလ"
ခ်ဴခ်န္က မ်က္ႏွာမေျပာင္းဘဲ ေျပာလိုက္သည္။
ခ်ဴ႐ွင္းက ဖုန္းတစ္လုံး ဆြဲထုတ္လာၿပီး သူ႕ေ႐ွ႕ေဝ့ျပလာ၏။
"ဝန္ခံဖို႔ အခြင့္အေရးထပ္ေပးမယ္ေနာ္"
+++++++++++++++++++++
စာေရးသူမွာေျပာစရာ႐ွိပါတယ္ :
ေ႐ွာက္႐ုံ (ကြဲအက္ေသာအသံျဖင့္) : အတုေတြပါဗ်ာ! အသည္းလည္းမကြဲရပါဘူးးးး! ေသခန္းျပတ္ၿပီ ၾကက္စုတ္ေကာင္! သူငယ္ခ်င္းထက္ sex ေပၚ အေလးေပးေနတဲ့ေကာင္! ငါ့ကို ပလစ္ၿပီး ႏွစ္သစ္ကူးခ်င္ေနတဲ့ေကာင္စုတ္ ေကာင္းေကာင္းေနရဖို႔မေမွ်ာ္လင့္နဲ႔။ေကာ!!! သူ႕ကို႐ိုက္ေပးပါ!!!!
ခ်ဴခ်န္ : က်ိဳးက်ိဳးက အရမ္းသနားဖို႔ေကာင္းတာပဲ။တကယ္ကို သနားဖို႔ေကာင္းလြန္းတာ။ကြၽန္ေတာ္ က်ိဳးက်ိဳးအတြက္ အရမ္းဝမ္းနည္းတာပဲဗ်ာ...
က်ိဳးက်ိဳး : ? ? ? ? ? ?
+++++++++++
ေ႐ွာက္႐ုံသနားပါတယ္ ႏွစ္စႀကီး အသည္းကြဲျခင္းနဲ႔စတင္ရတာ😂 သူ႕မွာေတာ့ ကူညီလိုက္ရတာ😂
ခ်ဴခ်န္ is က်ိခ်င္းက်ိဳးရဲ႕ ဘာသာျပန္😂 ။ က်ိခ်င္းက်ိဳးက ထမင္းမစားခ်င္ဘူးေျပာရင္ေတာင္ သူနဲ႔စားခ်င္လို႔ ေျပာတယ္ထင္ေနမဲ့သူႀကီးပါ😂😂😂
ခ်ဴခ်န္ is drama king.😂 ႐ွဴးဂါးဒယ္ဒီနဲ႔အေပ်ာ္ခ်စ္သူေလးမဟုတ္ဘူး။ခ်ဴခ်န္နဲ႔ဘိုေဘးေလးပါတဲ့😂😂😂
++++++++++++++++++++++++++++++