The Villain Dressed As a Litt...

By Mimosa2002

90.1K 15.5K 447

Original Author -狩心( ShòuXīn) Status -Completed Total episodes -51+Extra5 Start Date -31.8.2022 End Date - U... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16 (Thadingyut Surprise)
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
ဟီးဟီး
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 34
Chapter 35
တောင်းပန်စာ
Chapter 36
Chapter 37.1
Chapter 37.2
Chapter 38.1
Chapter -38.2
Chapter 39
Chapter -40.1
Chapter -40.2
Chapter -41.1
Chapter -41.2
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter - 46

Chapter 33

1.3K 272 17
By Mimosa2002

    လင်ရှီးနဲ့လင်ကျင့်က ဝေလငါးပြာကြီးကိုစီးပြီး သူ့အဖွဲ့ဆီလိုက်သွား၏။

    အဲ့တာကအပြာရောင်ဝေလငါးအုပ်စုကြီးပင်။

        သူတို့နားမရောက်ခင် လင်ရှီးတလိပ်လိပ်တက်လာတဲ့ လှိုင်းသံတွေကိုကြားလိုက်ရသည်။ သူတို့တဖြည်းဖြည်းနီးကပ်လာသောအခါ အံ့ဩစရာအပြာရောင်ဝေလငါးအုပ်စုကြီးကို တွေ့လိုက်ရ၏။

    ဒီမြင်ကွင်းမျိုးက သူအရင်ဘဝလူသားဖြစ်စဉ်က TVမှာသာတွေ့နိုင်တဲ့မြင်ကွင်းဖြစ်သည်။ ဒါပေမဲ့အခုသူ့မျက်လုံးတွေနဲ့မြင်ရတော့ အတော်လေးကိုအံ့အားသင့်သွားရ၏။

      ဝေလငါးပြာကြီးက လင်ရှီးတို့ကိုကျောပေါ်မှာသယ်ဆောင်ကာ ဝေလငါးပြာအုပ်စုကြီးထဲ ကူးခတ်သွားလိုက်ပြီး သူ့မျိုးနွယ်စုကငါးတွေနဲ့ လင်ရှီးတို့ကို မိတ်ဆက်ပေးလာသည်။

     ဝေလငါးပြာများက လင်ရှီးတို့ကို‌ကြိုဆိုတဲ့အနေနဲ့သူတို့ရဲ့ကျောပေါ်ကနေ ရေပန်းကြီးများမှုတ်ထုတ်ပြကြသည်။

      အပြာရောင်ဝေလငါးများနှင့် နာရီအနည်းငယ်ကြာကူးခတ်ခဲ့ပြီးနောက် လင်ရှီးနှုတ်ဆက်စကားကို ထပ်ပြောလာခဲ့သည်။

      လူသားဘက်က တစ်စုံတစ်ယောက်က သူတို့ကိုရှာနေတာ သူကြိုသိတာကြောင့် ဝေလငါးပြာများပါ မငြိစွန်းရစေရန်အတွက် သူတို့ကြာကြာနေလို့မရပါချေ။

       လင်ရှီးနဲ့လင်ကျင့် လက်ဝှေ့ယမ်းကာနှုတ်ဆက်လိုက်ပြီး ဝေလငါးပြာကြီးကအတော်လေးကို သေးငယ်တဲ့အသံတစ်ခုပြုလုပ်လာခဲ့၏။

      "အခွင့်အရေးရှိရင် ငါတို့ထပ်တွေ့ကြမယ်"

       လင်ရှီးနဲ့လင်ကျင့်ပြောလိုက်သည်။

      ဝေလငါးပြာကြီးက သူငယ်ချင်းဆုံးရှုံးရလို့ ခံစားနေရတဲ့နှလုံးသားကိုဘေးဖယ်ထားပြီး လင်ရှီးတို့ရဲ့ခရီးလမ်း အဆင်ပြေချောမွေ့စေရန်ဆုတောင်းပေးခဲ့သည်။

      လင်ရှီး လင်ကျင့်ကိုခေါ်‌၍မရင်းနှီးတဲ့ ပင်လယ်ကြီးထဲ ဆက်လက်ကူးခတ်တော့၏။

      သူ့မှာနိမတ်ဖတ်စွမ်းရည်ရှိတာကြောင့် အန္တရာယ်တွေကို ကြိုတင်သိနိုင်ပြီး ဖြစ်မလာခင်ရှောင်ရှားနိုင်လေသည်။

      ခရီးလမ်းမှာ လူသားစားငါးမန်းတွေနဲ့ကြုံတွေ့ရသောအခါ လင်ရှီးနဲ့လင်ကျင့်သည် သူတို့ရဲ့ပုံသဏ္ဍာန်ကိုဖုံးကွယ်ရန် လူသားတွေရဲ့သင်္ဘောပျက်တွေထဲဝင်၍ ပုန်းအောင်းကြသည်။

    လူသားစားငါးမန်းတွေထွက်မသွားခင်အထိ သူတို့သင်္ဘောပျက်ထဲကနေမထွက်ကြပေ။

      ချင်ရှောင်း နောက်ဆုံးတော့အိမ်ပြန်ရောက်ချိန်တွင် လင်ရှီးအဝေးရောက်နေတာသုံးရက်တောင်ရှိနေပြီးဖြစ်သည်။

     ဒီသုံးရက်အတွင်း လင်ရှီးရဲ့သတင်းတွေကိုမကြားရပေ။ ရေသူလေးက ချင်ရှောင်းရဲ့ဘဝထဲကနေ လုံးဝပျောက်ကွယ်သွားသလိုပင်။

     တကယ်တော့ချင်ရှောင်း ဟိုးအရင်ကတည်းက ထင်နေခဲ့တာဖြစ်သည်။ သူဒီနေရာမှာ လင်ရှီးကိုဆွဲမထားနိုင်ပဲ လင်ရှီးကတစ်နေ့နေ့ထွက်သွားနိုင်ကြောင်း သူသိနေခဲ့သည်။

    သူထင်ခဲ့မိတာက လင်ရှီးနဲ့အိပ်ပြီးသွားတဲ့နောက်မှာ လင်ရှီးရဲ့အတွေးတွေက ပြောင်းလဲသွားလိမ့်မည်လို့ပင်။ ဒါပေမယ့် အခုတော့သူကလုံးဝကို အတွေးလွန်နေခဲ့ပုံပဲ။

      ချင်ရှောင်းလွှတ်ထားလိုက်မယ်လို့ စိတ်ကူးခဲ့ပေမယ့် တစ်နေ့မှာတစ်စုံတစ်ယောက်က ရေသူလေးကိုပိုင်ဆိုင်သွားနိုင်တယ် ဆိုတဲ့အတွေးကိုတော့ သူသည်းမခံနိုင်ပေ။

      ချင်ရှောင်း လင်ရှီးရဲ့တည်ရှိမှုကိုရှာဖို့ သူ့ကိုယ်ပိုင်အင်အားကိုအသုံးပြုလိုက်သည်။

    လင်ရှီးသည် သူ့ဘေးမှာလင်ကျင့်ရှိနေတာကြောင့် လူအုပ်ကြားထဲတော့မရောနေလောက်ဘူးဟု ခန့်မှန်းမိသည်။

     လူနှစ်ယောက်အတွက် သူတို့အသွင်အပြင်ကိုဖုံးကွယ်ဖို့က အရမ်းမလွယ်ကူလှပါချေ။

     အဖြစ်နိုင်ဆုံးက ပင်လယ်အောက်ကိုသွားတာပင်။

     ကျယ်ပြောလှတဲ့လူစုလူဝေးကြားမှာ လူနှစ်ယောက်ကိုရှာဖို့ဆိုတာ မလွယ်ကူလှပေမယ့် ပင်လယ်သမုဒ္ဒရာထဲမှာဆို ချင်ရှောင်းရှာဖို့ပိုလွယ်သွား၏။

     ချင်ရှောင်းမရေတွက်နိုင်တဲ့ ရှာဖွေရေးကိရိယာများကို ပင်လယ်ထဲမှာရှာဖွေဖို့ပို့လိုက်သည်။ ဒီကိရိယာတွေက စစ်ဘက်သုံးနည်းပညာမြင့်ထုတ်ကုန်တွေဖြစ်ပြီး အဲ့တာတွေကို ရှာဖွေးရေးလုပ်ငန်းစဥ် လုပ်နေချိန်အတွင်းမှာ ရန်သူ့ဘက်ကအခြေအနေကိုပါ ထောက်လှမ်းဖို့အသုံးပြုနိုင်သည်။

     [T/N- အနီးစပ်ဆုံးဆိုလျှပ်စစ်ရေဒါလှိုင်းနဲ့ရှာတဲ့ဟာမျိုးပါ၊ 2016ကထွက်ထားတဲ့ mermaid ဆိုတဲ့ဇာတ်ကားကြည့်ဖူးရင်သိမှာပါအဲ့ဒါနဲ့အနီးစပ်ဆုံးတူမယ်လို့ထင်ပါတယ်]

     ဒီတစ်ကြိမ်မှာတော့ အဲ့တာတွေကို ရေသူနှစ်ကောင်ကိုရှာဖို့ ချင်ရှောင်းသုံးလိုက်၏။

     လင်ရှီးကြိုတင်သိနိုင်စွမ်းရှိတာကြောင့် ချင်ရှောင်းရေအောက်သို့ရှာဖွေရေးကိရိယာတွေ ပို့လိုက်တာကိုကြိုမြင်လိုက်သည်။

     သူနဲ့လင်ကျင့်က ပင်လယ်ကျယ်ကြီးထဲမှာ တတ်နိုင်သလောက်ရှောင်တိမ်းဖို့ကြိုးစားခဲ့သော်လည်း မျှော်လင့်မထားစွာ ရှာဖွေရေးကိရိယာတွေရဲ့အကျယ်က အလွန်ကိုမှကြီးမားလှ၏။

     ရလာဒ်ကတော့ သူနဲ့လင်ကျင့်သတိမထားလိုက်မိခင်မှာပဲ ရှာဖွေရေးကိရိယာတွေရဲ့ ခြေရာခံခြင်းကိုခံလိုက်ရသည်။

    ရှာဖွေရေးစက်တွေက လင်ရှီးတို့နောက်ကိုတစ်ချိန်လုံးလိုက်နေခဲ့ပြီး သူတို့ကိုတက်တက်ကြွကြွမတိုက်ခိုက်ပေမယ့်လည်း လွတ်မြောက်ရန်အခွင့်အရေးတော့ မပေးခဲ့ချေ။

     လင်ရှီးရှာဖွေရေးစက်ကို ဖျက်ဆီးဖို့အကြိမ်‌များစွာကြိုးစားခဲ့သော်လည်း တစ်ခုကိုဖျက်ဆီးလိုက်တာနဲ့ နောက်တစ်ခုက တစ်နေရာရာကနေထွက်လာပြန်သည်။

     ရှာဖွေရေးစက်ကနေရှာတွေ့သွားပြီးနောက် ယာဉ်ပျံစီးပြီးရောက်လာတဲ့ချင်‌ရှောင်းကိုမြင်တဲ့အချိန်အထိ တစ်နာရီတောင်မကြာလိုက်ပေ။

    လင်ရှီးနဲ့လင်ကျင့်က ပင်လယ်ရေမျက်နှာပြင်ပေါ်မှာပေါ်နေပြီး ငွေမှင်ရောင်ယာဉ်ပျံကသူတို့ရဲ့ ခေါင်းအထက်မှာ ခပ်စောင်းစောင်းလေးရပ်တန့်နေ၏။

      ပွင့်နေတဲ့ယာဉ်ပျံတံခါးပေါက်ကနေ လင်ရှီးရင်းနှီးနေတဲ့ရေခဲမျက်နှာကိုမြင်လိုက်ရသည်။

      လွန်ခဲ့တဲ့ရက်က အဲ့ဒီညကို ရုတ်တရက်ပြန်သတိရသွား၏။ ရက်အနည်းငယ်ကြာသွားတာတောင် ဒီအချိန်မှာအဲ့ဒီမှတ်ဉာဏ်တွေက ထပ်မံရှင်းလင်းပြတ်သားနေဆဲပင်။ သူ့ကိုတွယ်ကပ်ပြီး ခန္ဓာကိုယ်ကိုလိုချင်ကြောင်း ပြောခဲ့တာကိုတောင် လင်ရှီးမှတ်မိနေသည်လေ။

      အဲ့ဒီအချိန်တုန်းက သူမူးနေခဲ့ပြီး အမှန်တကယ်ကိုအထင်လွဲစေတဲ့စကားလုံးတွေကို တစ်ဝက်ပဲပြောခဲ့တာဖြစ်သည်။

      ရလာဒ်အနေနဲ့ကတော့ အံ့ဩစရာမရှိတော့ပါဘူး။ သူနဲ့ချင်ရှောင်းကြားများပြားလှတဲ့ ပြောင်းလဲမှုတွေကိုကြုံလိုက်ရတယ်လေ။

     လင်ရှီးချင်ရှောင်းကိုမော့ကြည့်လိုက်၏။ အချိန်ကအရမ်းကပ်နေသဖြင့် နောက်ဖြစ်လာမယ့်ကိစ္စတွေကိုသူနမိတ်ဖတ်လို့မရပေ။

      ဒီအချိန်မှာထပ်ပြီးထွက်ပြေးတာကအသုံးမဝင်တာကြောင့် လင်ရှီးမလှုပ်ရှားတော့ချေ။ သူထွက်ပြေးလို့်မလွတ်နိုင်ရုံသာမက ချင်ရှောင်းကိုပိုပြီးတော့တောင် အနှောင့်အယှက်ဖြစ်အောင်လုပ်သွားမိ‌ပေလိမ့်မည်။

      လင်ကျင့်အနည်းငယ်တုန်ယင်နေ၏။ ချင်ရှောင်းဒီနေရာကိုရောက်လာတာကို မယုံကြည်နိုင်သေးတဲ့အပြင် သူတို့တော့သေပြီလို့တောင်တွေးနေမိသည်။

      ထွက်ပြေးတဲ့ရေသူတွေကို လူသားတွေကဘယ်လိုဆက်ဆံကြမှာလဲ? ကွဲပြားတဲ့ရည်ရွယ်ချက်တွေနဲ့ အမိန့်နာခံဖို့ငြင်းပယ်တဲ့ရေသူတွေက အရည်အသွေးမီအိမ်မွေးလေးတွေမဟုတ်ပေ။ လင်ကျင့်ကျရောက်လာမယ့်သေခြင်းကို ကြောက်ရွံ့နေချေပြီ။

      ဒါပေမဲ့လင်ရှီး သူ့‌အရှေ့ကိုကူးလာပြီး သူ့ကိုကွယ်လိုက်တာကိုမြင်တော့ သူတစ်ခုခုကိုသဘောပေါက်သွား၏။

      အကယ်၍ လင်ရှီးကြောင့်သာမဟုတ်ရင် သူအခုအချိန်သေသွားလောက်ပြီဖြစ်သည်။ အခုအချိန်အထိ သူအသက်ရှင်နေတယ်ဆိုတာက လင်ရှီးကမိသားစုဝင်တစ်ယောက်လို ကာကွယ်စောင့်ရှောက်ပေးနေလို့ပင်။ လင်ကျင့်ဒီလောက်နဲ့ပဲ ရောင့်ရဲတင်းတိမ်သင့်ပြီဟု ခံစားလိုက်ရသည်။

     လင်ရှီးကအမြဲတမ်းသူ့ကိုပေးဆပ်ခဲ့သည်။ ဒီနေ့တော့သူ လင်ရှီးကိုကာကွယ်ရမယ့်အလှည့်ပင်။

      ".....ကျွန်တော့်ကြောင့်ပါ၊ ကျွန်တော်က လူသားကမ္ဘာကိုမကြိုက်လို့ အစ်ကို့ကိုခေါ်ထုတ်သွားပေးဖို့တောင်းဆိုခဲ့တာ"

       "သူနဲ့ဘာမှမဆိုင်ပါဘူး၊ တကယ်လို့ သူကျွန်တော်နဲ့အတူမလိုက်ခဲ့ဘူးဆိုရင် ကျွန်တော်သူ့ကိုနောက်ထပ် ဂရုမစိုက်တော့ဘူးလို့ပြောပြီး အကြပ်ကိုင်ခဲ့တာပါ" "ကျွန်တော့်မှာပဲတာဝန်ရှိတာ၊ ခင်များအပြစ်ပေးချင်ရင် ကျွန်တော့်ကိုပဲပေး"

      လင်ကျင့်တစ်ခါမှ အသံကျယ်ကျယ်မပြောဖူးခဲ့ပေ။ ဒီနေရာမှာတော့ ခေါင်းမော့ပြီး လေထဲကယာဉ်ပျံဆီ အသံကျယ်ကျယ်နှင့်အော်ဟစ်ပြောနေခဲ့၏။

    ယာဉ်ပျံပေါ်မှလူသည် အထက်ကိုကြည့်နေရာမှ လင်ကျင့်ကိုကြည့်လာတဲ့အခါ သူ့မျက်လုံးထဲတွင် နွေးထွေးမှုတို့ရှိမနေချေ။

     လင်ကျင့်ခေတ္တမျှရပ်လိုက်ပြီး ဆက်အော်ပြောဖို့လုပ်လိုက်ပေမဲ့ သူ့နားထဲဝင်လာတဲ့စကားတစ်ခွန်းက သူ့ကိုရုတ်ချည်း ရပ်တန့်သွားစေခဲ့သည်။

    လင်ရှီးက လင်ကျင့်ကို

     "သူမင်းကိုမယုံဘူး"

     သူ့အသံကလေး‌တွဲ့နေပေမယ့် လင်ကျင့်နောက်လှည့်ပြီး လင်ရှီးကိုရဲ့အ‌နက်‌ရောင်မျက်ဝန်းတွေကိုကြည့်လိုက်တဲ့အခါ လင်ရှီးလိမ်နေတာမဟုတ်ဘူးဆိုတာကိုသိလိုက်ရ၏။

     လင်ရှီးချင်ရှောင်းကိုကြည့်လိုက်ပေမယ့်စကားမပြောပေ။ သူဘာပြောပြော ချင်ရှောင်းစိတ်ပြောင်းမှာမဟုတ်မှန်း သူယုံကြည်နေလို့ဖြစ်သည်။

     တကယ်တော့ဒီနေရာမှာသူသေရတာကကောင်းတယ်လို့ သူရုတ်တရက်ခံစားလိုက်ရလို့ပင်။

      လင်ကျင့်ကိုပဲလင်ရှီးအနည်းငယ်စိတ်မချနိုင်ဖြစ်နေသည်။

     ချင်ရှောင်းရဲ့လက်အောက်က ရှဲ့ဟုန်မင်ဆိုသူကလင်ကျင့်ကို ဆက်ပြီးလက်ခံဖို့လိုလိုလားလားရှိရဲ့လားဆိုတာမသိရသေးသလို တကယ်လို့ လိုလားသေးတယ်ဆိုရင် သူထွက်သွားပြီးတဲ့နောက် လင်ကျင့်မှာကောင်းမွန်ဆဲ့အနာဂါတ်ရှိဖို့မျှော်လင့်မိသည်။

      ယာဉ်ပျံကပင်လယ်ပြင်ပေါ်တဖြည်းဖြည်းနိမ့်ဆင်းလာပြီး ပင်လယ်ရေမျက်နှာပြင်ပေါ်တွင်တိုက်ရိုက် ရပ်လိုက်၏။

      သတ္တုလှေကားတစ်စင်းက လင်ရှီး‌တို့ထဲဆန့်ထွက်လာခဲ့သည်။

      လင်ရှီးကလင်ကျင့်ကို တစ်ခုခုပြောလိုက်တယ်။

      "သွားရအောင်"

      ထို့နောက်သူနဲ့လင်ကျင့် ကူးသွားလိုက်ကြ၏။

      လှေကားကနေမတက်ကြပေ။ သူတို့ကရေသူတွေဖြစ်တာကြောင့် လူသားပုံစံတိုက်ရိုက်ပြောင်းလိုက်ပါက ကိုယ်လုံးတီးဖြစ်သွားပေလိမ့်မည်။

     လင်ရှီးအရင်ဆုံးကူးသွားလိုက်ပြီးတံခါးဘေးမှာလှဲနေလိုက်ကာ သူ့လက်ကိုချင်ရှောင်းဆီမြှောက်လိုက်၏။

      ဖြူဖွေးနူးညံ့သွယ်လျတဲ့လက်တစ်စုံက နေရောင်ထဲတွင်တောက်ပနေသကဲ့သို့ပင်။

     ထိုလက်လေးတွေကိုစိုက်ကြည့်လိုက်မိပြီး အဲ့ဒီလက်ကလေးတွေမှာ သံကြိုးဝတ်ပေးလိုက်ရင် ဘယ်လိုဖြစ်သွားမလဲဟု ချင်ရှောင်းရုတ်တရက်တွေးမိလိုက်သည်။

     သူ့အတွေးတွေကိုထိန်းချုပ်၍ ချင်ရှောင်းခန္ဓာကိုယ်ကို ကိုင်းချလိုက်ပြီး လင်ရှီးကိုဖက်ကာရေသူလေးကို ရေထဲမှဆွဲထုတ်လိုက်၏။

       အနက်ရောင်ငါးမြှီးကြီးကကွေးနေပြီး အနက်ရောင်အကြေးခွံတွေကတလက်လက်တောက်ပနေ၏။

     ရေသူလေးရဲ့ကိုယ်ပေါ်ကရေတွေက သူ့အဝတ်တွေကိုစိုသွားမှာကိုဂရုမစိုက်ပဲ ရေသူလေးကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်သည်။

      အနောက်ကလင်ကျင့်ကတော့ အစောင့်ရဲ့အကူအညီနဲ့ယာဉ်ပျံပေါ်တက်လိုက်၏။

     ယာဉ်ပျံထဲနေရာတစ်ခုသာရှိတာကြောင့် အဝတ်တွေကိုလဲဖို့နည်းလမ်းမရှိပေ။

      လင်ကျင့်ကကြမ်းပြင်ပေါ်မှာထိုင်နေပြီး အစောင့်တစ်ယောက်က အခင်းတစ်ခုနဲ့ရောက်လာခဲ့သည်။

      လင်ရှီးက ချင်ရှောင်းရဲ့ရင်ခွင်ထဲမှာရှိနေ၏။

     လင်ရှီးအနည်းငယ်ရုန်းလိုက်ပေမယ့် ချင်ရှောင်းကချက်ချင်းပြန်ထိန်းချုပ်လိုက်သည်။ လင်ရှီးကချင်ရှောင်းရဲ့လက်တွေကြားထဲထိုင်နေရင်း အနီးရှိထိုယောက်ျားရဲ့ အေးစက်တိတ်ဆိတ်နေတဲ့မျက်နှာကိုကြည့်လိုက်၏။ သူထွက်ပြေးသွားခဲ့တဲ့အတွက် ရှင်းရှင်းလင်းလင်းကို ဒေါသထွက်နေခဲ့တဲ့ချင်ရှောင်းက အခုအချိန်ထိပြင်းထန်တဲ့စကားတစ်ခွန်းတောင်မထွက်သေးတာဘာကြောင့်လဲဆိုတာ သူနားမလည်နိုင်ပေ။

      ဘာကြောင့်လဲဆိုတော့. . . . . သူ့ကိုကြိုက်နေလို့လား?

     ကြိုက်တယ်?

      ဒီစကားလုံးက လင်ရှီးကိုရင်းနှီးပြီးထူးဆန်းတဲ့ခံစားချက်မျိုးရစေသည်။

       လူတစ်ယောက်အတွက် ကိုယ့်ရဲ့လွတ်လပ်ခွင့်ကိုစွန့်လွှတ်ဖို့၊ ကိုယ့်ရဲ့ကိုယ်ပိုင်အားထုတ်မှုတွေကိုစွန့်လွှတ်ဖို့ တခြားလူတွေကဘာကြောင့်ရွေးချယ်ကြလဲ လင်ရှီးမသိပေ။ သူကတော့ လွတ်လပ်မှုကိုရွေးချယ်ခဲ့သည်။

      လင်ရှီးဒီလိုတွေးနေပေမဲ့လည်း ရှာတွေ့ခံလိုက်ရတဲ့ဒီအချိန်မှာတော့ လွတ်လပ်မှုဆိုတာကသူနဲ့ဝေးသွားပြီဆိုတာကို လင်ရှီးသိလိုက်ရသည်။

      ထွက်ပြေးနေတဲ့တစ်လျှောက်လုံးသူ့ရဲ့အာရုံကြောတွေ တောင့်‌တင်းနေတာကိုတော့ ပြောဖို့မလိုပေ။ ရှာဖွေရေးစက်တွေရဲ့ အလိုက်ခံရချိန်မှာလည်း လင်ရှီးအနားသိပ်မယူခဲ့ရချေ။ ထို့ကြောင့်ချင်ရှောင်းသူ့ကိုပွေ့ချီထားရင်တောင် ပြန်ရောက်တဲ့အခါ ဘယ်လိုအပြစ်ပေးမှုတွေကိုရင်ဆိုင်ရမလဲဆိုတာ သူမသိသေးပါဘူး။

     [T/N- သူ့အာရုံကြောတွေကပင်ပန်းလွန်းနေလို့အနာဂါတ်ကိုထပ်မကြည့်နိုင်တော့တာပါ]

        ဤအခိုက်အတန့်မှာပဲ လင်ရှီးအနည်းငယ်အိပ်ချင်လာခဲ့သည်။ ယာဉ်ပျံကလေထဲမှာ မြန်မြန်ဆန်ဆန်ပျံသန်းနေပြီး လင်ရှီးသူ့ခေါင်းကို ချင်ရှောင်းရဲ့ပုခုံးပေါ်မှီချလိုက်၏။ ချင်ရှောင်းသူ့ကိုကြည့်နေတယ်ဆိုတာ သိနေတာကြောင့် လင်ရှီးခေါင်းကိုမမော့တော့ဘဲ မျက်လုံးလေးတွေကို တဖြည်းဖြည်းမှိတ်ချလိုက်ပြီး ချင်ရှောင်းလက်ပေါ်မှာတင် အိပ်မောကျသွားတော့သည်။

      ထိုယောက်ျားရဲ့ပုခုံးက ကျယ်ပြန့်လှပြီး ရင်ခွင်ကလည်းအတော်လေးကိုနွေးထွေးလှသည်။

      ရေသူတစ်ကောင်အနေနဲ့ လင်ရှီးရဲ့ခန္ဓာကိုယ်အပူချိန်က လူသားတွေနဲ့ကွာခြားလှပေသည်။

      သူ့ခန္ဓာကိုယ်တစ်ခုလုံးကအေးစက်နေပေမယ့် လူသားဖြစ်တဲ့ချင်ရှောင်းမှာတော့ ခန္ဓာကိုယ်တစ်ခုလုံးမှာဆွဲဆောင်မှုရှိတဲ့ အပူချိန်ကရှိနေသည်။ အပူအရင်းအမြစ်ကြီးကိုမှီထားရင်း ခန္ဓာကိုယ်တစ်ခုလုံးက မကြာခင်မှာတဖြည်းဖြည်းနွေးထွေးလာပုံပင်။

      လင်ရှီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်။ ယာဉ်ပျံရပ်သွားတဲ့အခါ ချင်ရှောင်းကပွေ့ချီပြီးဆင်းလာပေမယ့် လင်ရှီးနိုးမလာခဲ့ပေ။

     လင်ကျင့်ကလိုက်မဆင်းလာရပဲ စစ်သားတွေကို လင်ကျင့်အား သူ့လက်အောင်ငယ်သားလည်းဖြစ် သူငယ်ချင်းလည်းဖြစ်သည့် ရှဲ့ဟုန်မင်ဆီသို့ ချင်ရှောင်းပို့ခိုင်းလိုက်၏။

       လင်ကျင့်ကိုသူနဲ့အတူတူနေဖို့ ခွင့်မပြုနိုင်ပေမယ့် ရှဲ့ဟုန်မင်ဆီမှာတော့ရသည်။ တစ်ဖက်မှာတစ်စုံတစ်ယောက်က သူနဲ့လင်ရှီးဘဝကိုအနှောင့်အယှက်ပေးမှာ ချင်ရှောင်းမလိုချင်တာဖြစ်ပြီး တခြားတစ်ဖက်မှာတော့ လင်ကျင့်အားလင်ရှီးကို ထိန်းချုပ်ဖို့အတွက် ညှိနှိုင်းတိုကင်(ဓားစာခံ)အနေနဲ့ သတ်မှတ်ထားလို့ပင်။

      တကယ်လို့လင်ရှီးတကယ်ထွက်ပြေးမယ်ဆိုရင် သူလင်ကျင့်ကိုထိန်းချုပ်ထားခဲ့ရင်တောင် လင်ရှီးကသူ့(လင်ကျင့်)ကိုထားခဲ့ပြီး လုံးဝလက်လွှတ်သွားမှာမဟုတ်ဘူးဟု ချင်ရှောင်းနှလုံးသားထဲကသိနေခဲ့သည်။

       သူလင်ရှီးနဲ့ရင်ဆိုင်ရချိန်မှာအမြဲတမ်းအင်အားမဲ့ပြီး ချီတုံချတုံဖြစ်တဲ့ ခွန်အားမဲ့သလိုခံစားချက်မျိုးကိုချင်ရှောင်းခံစားရသည်။

       လင်ရှီးသူ့ဘေးမှာလိုလိုလားလားနေဖို့ ဘာတွေလုပ်ရမလဲဆိုတာသူမသိတော့ဘူး။

      တကယ်လို့သူ့မှာသာ အနာဂါတ်ကိုကြိုမြင်နိုင်တဲ့စွမ်းရည်ရှိခဲ့ရင် လင်ရှီးကိုစတွေ့တဲ့အချိန်တုန်းကသူဝယ်ခဲ့မိမှာမ‌ဟုတ်ပေ။

       နောက်ပိုင်းလင်ရှီးကို ချစ်မိသွားစရာအကြောင်းမရှိတော့ဘူးလေ။

      လင်ရှီးထွက်ပြေးသွားကြောင်း သူသိတဲ့အချိန်တုန်းက သူ့နှလုံးသားထဲအပေါက်ဖြစ်သွားပြီး လေအေးအေးတွေဝင်လာသလိုခံစားခဲ့ရသည်။ ပထမဆုံးအကြိမ် ဗလာဆိုတဲ့အရာကို သူခံစားခဲ့ရခြင်းဖြစ်သည်။

      သူ့ရင်ခွင်ထဲမှာအိပ်ပျော်နေတဲ့လင်ရှီးကို ချင်ရှောင်းတင်းတင်းကြပ်ကြပ်ဖက်လိုက်၏။ လင်ရှီးမလိုချင်ရင်တောင် လင်ရှီးကို သူ့ဘေးနားမှာပဲချုပ်နှောင်ထားမှာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူထွက်သွားတာနဲ့ လင်ရှီးထပ်ပြီးထွက်ပြေးသွားနိုင်လို့ပင်။

      သူလင်ရှီးကို အဆုံးရှုံးမခံနိုင်ဘူး။

      ချင်ရှောင်းလင်ရှီးကို ခေါင်မိုးထပ်ပေါ်တက်လာတဲ့တစ်လျှောက်လုံးပွေ့ချီထားခဲ့၏။ ခေါင်မိုးထပ်ရှိငါးကန်ထဲကရေကိုနေ့တိုင်းလဲတာဖြစ်ပြီး လင်ရှီးထွက်သွားတုန်းကတောင်မှရေကို နေ့တိုင်းလဲနေဆဲဖြစ်သည်။

     ချင်ရှောင်း လင်ရှီးကိုရေထဲ ညှင်ညှင်သာသာလေးချလိုက်၏။

     ရေထဲရောက်သွားပြီးချက်ချင်းဆိုသလို တစ်ခုခုကို ခံစားမိလိုက်ပြီး လင်ရှီးလှည့်လိုက်ကာ အနက်ရောင်အမြှီးကြီးက ရေပြင်ကိုရိုက်လိုက်တာကြောင့် ရေတွေကဖြာထွက်သွားပြီး အချို့ကချင်ရှောင်းမျက်နှာဆီစင်သွား‌လေသည်။

      ထိုရေစက်လေးတွေက ချင်ရှောင်းမျက်နှာပေါ်တွင်စီးဆင်းသွားတာ‌ကြောင့် ရုတ်တရက်ကြည့်လိုက်လျှင် ချင်ရှောင်းငိုနေသလိုပင်။

      ဒါပေမယ့်လည်း အိပ်မောကျနေတဲ့လင်ရှီးကတော့ မမြင်လိုက်ရပါပေ။   ။

    

#9.12.2022

ဝေလငါးအသက်ရှူတာ‌/ရေပန်းမှုတ်ထုတ်တာ

ကဲပြန်ဖမ်းမိသွားပါပြီ🤗🤗
ဘယ်လောက်မှတောင်မပြေးလိုက်ရဘူး🤭🤭
စာလုံးပေါင်းမစစ်ထားပါဘူး🙆🙆


~~zawgyi~~

  လင္ရွီးနဲ႕လင္က်င့္က ေဝလငါးျပာႀကီးကိုစီးၿပီး သူ႕အဖြဲ႕ဆီလိုက္သြား၏။

  အဲ့တာကအျပာေရာင္ေဝလငါးအုပ္စုႀကီးပင္။

    သူတို႔နားမေရာက္ခင္ လင္ရွီးတလိပ္လိပ္တက္လာတဲ့ လွိုင္းသံေတြကိုၾကားလိုက္ရသည္။ သူတို႔တျဖည္းျဖည္းနီးကပ္လာေသာအခါ အံ့ဩစရာအျပာေရာင္ေဝလငါးအုပ္စုႀကီးကို ေတြ႕လိုက္ရ၏။

  ဒီျမင္ကြင္းမ်ိဳးက သူအရင္ဘဝလူသားျဖစ္စဥ္က TVမွာသာေတြ႕နိုင္တဲ့ျမင္ကြင္းျဖစ္သည္။ ဒါေပမဲ့အခုသူ႕မ်က္လုံးေတြနဲ႕ျမင္ရေတာ့ အေတာ္ေလးကိုအံ့အားသင့္သြားရ၏။

   ေဝလငါးျပာႀကီးက လင္ရွီးတို႔ကိုေက်ာေပၚမွာသယ္ေဆာင္ကာ ေဝလငါးျပာအုပ္စုႀကီးထဲ ကူးခတ္သြားလိုက္ၿပီး သူ႕မ်ိဳးႏြယ္စုကငါးေတြနဲ႕ လင္ရွီးတို႔ကို မိတ္ဆက္ေပးလာသည္။

  ေဝလငါးျပာမ်ားက လင္ရွီးတို႔ကိုႀကိဳဆိုတဲ့အေနနဲ႕သူတို႔ရဲ႕ေက်ာေပၚကေန ေရပန္းႀကီးမ်ားမႈတ္ထုတ္ျပၾကသည္။

   အျပာေရာင္ေဝလငါးမ်ားႏွင့္ နာရီအနည္းငယ္ၾကာကူးခတ္ခဲ့ၿပီးေနာက္ လင္ရွီးႏႈတ္ဆက္စကားကို ထပ္ေျပာလာခဲ့သည္။

   လူသားဘက္က တစ္စုံတစ္ေယာက္က သူတို႔ကိုရွာေနတာ သူႀကိဳသိတာေၾကာင့္ ေဝလငါးျပာမ်ားပါ မၿငိစြန္းရေစရန္အတြက္ သူတို႔ၾကာၾကာေနလို႔မရပါေခ်။

   လင္ရွီးနဲ႕လင္က်င့္ လက္ေဝွ႕ယမ္းကာႏႈတ္ဆက္လိုက္ၿပီး ေဝလငါးျပာႀကီးကအေတာ္ေလးကို ေသးငယ္တဲ့အသံတစ္ခုျပဳလုပ္လာခဲ့၏။

   "အခြင့္အေရးရွိရင္ ငါတို႔ထပ္ေတြ႕ၾကမယ္"

   လင္ရွီးနဲ႕လင္က်င့္ေျပာလိုက္သည္။

   ေဝလငါးျပာႀကီးက သူငယ္ခ်င္းဆုံးရႈံးရလို႔ ခံစားေနရတဲ့ႏွလုံးသားကိုေဘးဖယ္ထားၿပီး လင္ရွီးတို႔ရဲ႕ခရီးလမ္း အဆင္ေျပေခ်ာေမြ႕ေစရန္ဆုေတာင္းေပးခဲ့သည္။

   လင္ရွီး လင္က်င့္ကိုေခၚ၍မရင္းႏွီးတဲ့ ပင္လယ္ႀကီးထဲ ဆက္လက္ကူးခတ္ေတာ့၏။

   သူ႕မွာနိမတ္ဖတ္စြမ္းရည္ရွိတာေၾကာင့္ အႏၱရာယ္ေတြကို ႀကိဳတင္သိနိုင္ၿပီး ျဖစ္မလာခင္ေရွာင္ရွားနိုင္ေလသည္။

   ခရီးလမ္းမွာ လူသားစားငါးမန္းေတြနဲ႕ႀကဳံေတြ႕ရေသာအခါ လင္ရွီးနဲ႕လင္က်င့္သည္ သူတို႔ရဲ႕ပုံသ႑ာန္ကိုဖုံးကြယ္ရန္ လူသားေတြရဲ႕သေဘၤာပ်က္ေတြထဲဝင္၍ ပုန္းေအာင္းၾကသည္။

  လူသားစားငါးမန္းေတြထြက္မသြားခင္အထိ သူတို႔သေဘၤာပ်က္ထဲကေနမထြက္ၾကေပ။

   ခ်င္ေရွာင္း ေနာက္ဆုံးေတာ့အိမ္ျပန္ေရာက္ခ်ိန္တြင္ လင္ရွီးအေဝးေရာက္ေနတာသုံးရက္ေတာင္ရွိေနၿပီးျဖစ္သည္။

  ဒီသုံးရက္အတြင္း လင္ရွီးရဲ႕သတင္းေတြကိုမၾကားရေပ။ ေရသူေလးက ခ်င္ေရွာင္းရဲ႕ဘဝထဲကေန လုံးဝေပ်ာက္ကြယ္သြားသလိုပင္။

  တကယ္ေတာ့ခ်င္ေရွာင္း ဟိုးအရင္ကတည္းက ထင္ေနခဲ့တာျဖစ္သည္။ သူဒီေနရာမွာ လင္ရွီးကိုဆြဲမထားနိုင္ပဲ လင္ရွီးကတစ္ေန႕ေန႕ထြက္သြားနိုင္ေၾကာင္း သူသိေနခဲ့သည္။

  သူထင္ခဲ့မိတာက လင္ရွီးနဲ႕အိပ္ၿပီးသြားတဲ့ေနာက္မွာ လင္ရွီးရဲ႕အေတြးေတြက ေျပာင္းလဲသြားလိမ့္မည္လို႔ပင္။ ဒါေပမယ့္ အခုေတာ့သူကလုံးဝကို အေတြးလြန္ေနခဲ့ပုံပဲ။

   ခ်င္ေရွာင္းလႊတ္ထားလိုက္မယ္လို႔ စိတ္ကူးခဲ့ေပမယ့္ တစ္ေန႕မွာတစ္စုံတစ္ေယာက္က ေရသူေလးကိုပိုင္ဆိုင္သြားနိုင္တယ္ ဆိုတဲ့အေတြးကိုေတာ့ သူသည္းမခံနိုင္ေပ။

   ခ်င္ေရွာင္း လင္ရွီးရဲ႕တည္ရွိမႈကိုရွာဖို႔ သူ႕ကိုယ္ပိုင္အင္အားကိုအသုံးျပဳလိုက္သည္။

  လင္ရွီးသည္ သူ႕ေဘးမွာလင္က်င့္ရွိေနတာေၾကာင့္ လူအုပ္ၾကားထဲေတာ့မေရာေနေလာက္ဘူးဟု ခန႔္မွန္းမိသည္။

  လူႏွစ္ေယာက္အတြက္ သူတို႔အသြင္အျပင္ကိုဖုံးကြယ္ဖို႔က အရမ္းမလြယ္ကူလွပါေခ်။

  အျဖစ္နိုင္ဆုံးက ပင္လယ္ေအာက္ကိုသြားတာပင္။

  က်ယ္ေျပာလွတဲ့လူစုလူေဝးၾကားမွာ လူႏွစ္ေယာက္ကိုရွာဖို႔ဆိုတာ မလြယ္ကူလွေပမယ့္ ပင္လယ္သမုဒၵရာထဲမွာဆို ခ်င္ေရွာင္းရွာဖို႔ပိုလြယ္သြား၏။

  ခ်င္ေရွာင္းမေရတြက္နိုင္တဲ့ ရွာေဖြေရးကိရိယာမ်ားကို ပင္လယ္ထဲမွာရွာေဖြဖို႔ပို႔လိုက္သည္။ ဒီကိရိယာေတြက စစ္ဘက္သုံးနည္းပညာျမင့္ထုတ္ကုန္ေတြျဖစ္ၿပီး အဲ့တာေတြကို ရွာေဖြးေရးလုပ္ငန္းစဥ္ လုပ္ေနခ်ိန္အတြင္းမွာ ရန္သူ႕ဘက္ကအေျခအေနကိုပါ ေထာက္လွမ္းဖို႔အသုံးျပဳနိုင္သည္။

  [T/N- အနီးစပ္ဆုံးဆိုလွ်ပ္စစ္ေရဒါလွိုင္းနဲ႕ရွာတဲ့ဟာမ်ိဳးပါ၊ 2016ကထြက္ထားတဲ့ mermaid ဆိုတဲ့ဇာတ္ကားၾကည့္ဖူးရင္သိမွာပါအဲ့ဒါနဲ႕အနီးစပ္ဆုံးတူမယ္လို႔ထင္ပါတယ္]

  ဒီတစ္ႀကိမ္မွာေတာ့ အဲ့တာေတြကို ေရသူႏွစ္ေကာင္ကိုရွာဖို႔ ခ်င္ေရွာင္းသုံးလိုက္၏။

  လင္ရွီးႀကိဳတင္သိနိုင္စြမ္းရွိတာေၾကာင့္ ခ်င္ေရွာင္းေရေအာက္သို႔ရွာေဖြေရးကိရိယာေတြ ပို႔လိုက္တာကိုႀကိဳျမင္လိုက္သည္။

  သူနဲ႕လင္က်င့္က ပင္လယ္က်ယ္ႀကီးထဲမွာ တတ္နိုင္သေလာက္ေရွာင္တိမ္းဖို႔ႀကိဳးစားခဲ့ေသာ္လည္း ေမွ်ာ္လင့္မထားစြာ ရွာေဖြေရးကိရိယာေတြရဲ႕အက်ယ္က အလြန္ကိုမွႀကီးမားလွ၏။

  ရလာဒ္ကေတာ့ သူနဲ႕လင္က်င့္သတိမထားလိုက္မိခင္မွာပဲ ရွာေဖြေရးကိရိယာေတြရဲ႕ ေျခရာခံျခင္းကိုခံလိုက္ရသည္။

  ရွာေဖြေရးစက္ေတြက လင္ရွီးတို႔ေနာက္ကိုတစ္ခ်ိန္လုံးလိုက္ေနခဲ့ၿပီး သူတို႔ကိုတက္တက္ႂကြႂကြမတိုက္ခိုက္ေပမယ့္လည္း လြတ္ေျမာက္ရန္အခြင့္အေရးေတာ့ မေပးခဲ့ေခ်။

  လင္ရွီးရွာေဖြေရးစက္ကို ဖ်က္ဆီးဖို႔အႀကိမ္မ်ားစြာႀကိဳးစားခဲ့ေသာ္လည္း တစ္ခုကိုဖ်က္ဆီးလိုက္တာနဲ႕ ေနာက္တစ္ခုက တစ္ေနရာရာကေနထြက္လာျပန္သည္။

  ရွာေဖြေရးစက္ကေနရွာေတြ႕သြားၿပီးေနာက္ ယာဥ္ပ်ံစီးၿပီးေရာက္လာတဲ့ခ်င္ေရွာင္းကိုျမင္တဲ့အခ်ိန္အထိ တစ္နာရီေတာင္မၾကာလိုက္ေပ။

  လင္ရွီးနဲ႕လင္က်င့္က ပင္လယ္ေရမ်က္ႏွာျပင္ေပၚမွာေပၚေနၿပီး ေငြမွင္ေရာင္ယာဥ္ပ်ံကသူတို႔ရဲ႕ ေခါင္းအထက္မွာ ခပ္ေစာင္းေစာင္းေလးရပ္တန႔္ေန၏။

   ပြင့္ေနတဲ့ယာဥ္ပ်ံတံခါးေပါက္ကေန လင္ရွီးရင္းႏွီးေနတဲ့ေရခဲမ်က္ႏွာကိုျမင္လိုက္ရသည္။

   လြန္ခဲ့တဲ့ရက္က အဲ့ဒီညကို ႐ုတ္တရက္ျပန္သတိရသြား၏။ ရက္အနည္းငယ္ၾကာသြားတာေတာင္ ဒီအခ်ိန္မွာအဲ့ဒီမွတ္ဉာဏ္ေတြက ထပ္မံရွင္းလင္းျပတ္သားေနဆဲပင္။ သူ႕ကိုတြယ္ကပ္ၿပီး ခႏၶာကိုယ္ကိုလိုခ်င္ေၾကာင္း ေျပာခဲ့တာကိုေတာင္ လင္ရွီးမွတ္မိေနသည္ေလ။

   အဲ့ဒီအခ်ိန္တုန္းက သူမူးေနခဲ့ၿပီး အမွန္တကယ္ကိုအထင္လြဲေစတဲ့စကားလုံးေတြကို တစ္ဝက္ပဲေျပာခဲ့တာျဖစ္သည္။

   ရလာဒ္အေနနဲ႕ကေတာ့ အံ့ဩစရာမရွိေတာ့ပါဘူး။ သူနဲ႕ခ်င္ေရွာင္းၾကားမ်ားျပားလွတဲ့ ေျပာင္းလဲမႈေတြကိုႀကဳံလိုက္ရတယ္ေလ။

  လင္ရွီးခ်င္ေရွာင္းကိုေမာ့ၾကည့္လိုက္၏။ အခ်ိန္ကအရမ္းကပ္ေနသျဖင့္ ေနာက္ျဖစ္လာမယ့္ကိစၥေတြကိုသူနမိတ္ဖတ္လို႔မရေပ။

   ဒီအခ်ိန္မွာထပ္ၿပီးထြက္ေျပးတာကအသုံးမဝင္တာေၾကာင့္ လင္ရွီးမလႈပ္ရွားေတာ့ေခ်။ သူထြက္ေျပးလို႔္မလြတ္နိုင္႐ုံသာမက ခ်င္ေရွာင္းကိုပိုၿပီးေတာ့ေတာင္ အႏွောင့္အယွက္ျဖစ္ေအာင္လုပ္သြားမိေပလိမ့္မည္။

   လင္က်င့္အနည္းငယ္တုန္ယင္ေန၏။ ခ်င္ေရွာင္းဒီေနရာကိုေရာက္လာတာကို မယုံၾကည္နိုင္ေသးတဲ့အျပင္ သူတို႔ေတာ့ေသၿပီလို႔ေတာင္ေတြးေနမိသည္။

   ထြက္ေျပးတဲ့ေရသူေတြကို လူသားေတြကဘယ္လိုဆက္ဆံၾကမွာလဲ? ကြဲျပားတဲ့ရည္႐ြယ္ခ်က္ေတြနဲ႕ အမိန႔္နာခံဖို႔ျငင္းပယ္တဲ့ေရသူေတြက အရည္အေသြးမီအိမ္ေမြးေလးေတြမဟုတ္ေပ။ လင္က်င့္က်ေရာက္လာမယ့္ေသျခင္းကို ေၾကာက္႐ြံ႕ေနေခ်ၿပီ။

   ဒါေပမဲ့လင္ရွီး သူ႕အေရွ႕ကိုကူးလာၿပီး သူ႕ကိုကြယ္လိုက္တာကိုျမင္ေတာ့ သူတစ္ခုခုကိုသေဘာေပါက္သြား၏။

   အကယ္၍ လင္ရွီးေၾကာင့္သာမဟုတ္ရင္ သူအခုအခ်ိန္ေသသြားေလာက္ၿပီျဖစ္သည္။ အခုအခ်ိန္အထိ သူအသက္ရွင္ေနတယ္ဆိုတာက လင္ရွီးကမိသားစုဝင္တစ္ေယာက္လို ကာကြယ္ေစာင့္ေရွာက္ေပးေနလို႔ပင္။ လင္က်င့္ဒီေလာက္နဲ႕ပဲ ေရာင့္ရဲတင္းတိမ္သင့္ၿပီဟု ခံစားလိုက္ရသည္။

  လင္ရွီးကအၿမဲတမ္းသူ႕ကိုေပးဆပ္ခဲ့သည္။ ဒီေန႕ေတာ့သူ လင္ရွီးကိုကာကြယ္ရမယ့္အလွည့္ပင္။

   ".....ကြၽန္ေတာ့္ေၾကာင့္ပါ၊ ကြၽန္ေတာ္က လူသားကမၻာကိုမႀကိဳက္လို႔ အစ္ကို႔ကိုေခၚထုတ္သြားေပးဖို႔ေတာင္းဆိုခဲ့တာ"

   "သူနဲ႕ဘာမွမဆိုင္ပါဘူး၊ တကယ္လို႔ သူကြၽန္ေတာ္နဲ႕အတူမလိုက္ခဲ့ဘူးဆိုရင္ ကြၽန္ေတာ္သူ႕ကိုေနာက္ထပ္ ဂ႐ုမစိုက္ေတာ့ဘူးလို႔ေျပာၿပီး အၾကပ္ကိုင္ခဲ့တာပါ" "ကြၽန္ေတာ့္မွာပဲတာဝန္ရွိတာ၊ ခင္မ်ားအျပစ္ေပးခ်င္ရင္ ကြၽန္ေတာ့္ကိုပဲေပး"

   လင္က်င့္တစ္ခါမွ အသံက်ယ္က်ယ္မေျပာဖူးခဲ့ေပ။ ဒီေနရာမွာေတာ့ ေခါင္းေမာ့ၿပီး ေလထဲကယာဥ္ပ်ံဆီ အသံက်ယ္က်ယ္ႏွင့္ေအာ္ဟစ္ေျပာေနခဲ့၏။

  ယာဥ္ပ်ံေပၚမွလူသည္ အထက္ကိုၾကည့္ေနရာမွ လင္က်င့္ကိုၾကည့္လာတဲ့အခါ သူ႕မ်က္လုံးထဲတြင္ ႏြေးေထြးမႈတို႔ရွိမေနေခ်။

  လင္က်င့္ေခတၱမွ်ရပ္လိုက္ၿပီး ဆက္ေအာ္ေျပာဖို႔လုပ္လိုက္ေပမဲ့ သူ႕နားထဲဝင္လာတဲ့စကားတစ္ခြန္းက သူ႕ကို႐ုတ္ခ်ည္း ရပ္တန႔္သြားေစခဲ့သည္။

  လင္ရွီးက လင္က်င့္ကို

  "သူမင္းကိုမယုံဘူး"

  သူ႕အသံကေလးတြဲ႕ေနေပမယ့္ လင္က်င့္ေနာက္လွည့္ၿပီး လင္ရွီးကိုရဲ႕အနက္ေရာင္မ်က္ဝန္းေတြကိုၾကည့္လိုက္တဲ့အခါ လင္ရွီးလိမ္ေနတာမဟုတ္ဘူးဆိုတာကိုသိလိုက္ရ၏။

  လင္ရွီးခ်င္ေရွာင္းကိုၾကည့္လိုက္ေပမယ့္စကားမေျပာေပ။ သူဘာေျပာေျပာ ခ်င္ေရွာင္းစိတ္ေျပာင္းမွာမဟုတ္မွန္း သူယုံၾကည္ေနလို႔ျဖစ္သည္။

  တကယ္ေတာ့ဒီေနရာမွာသူေသရတာကေကာင္းတယ္လို႔ သူ႐ုတ္တရက္ခံစားလိုက္ရလို႔ပင္။

   လင္က်င့္ကိုပဲလင္ရွီးအနည္းငယ္စိတ္မခ်နိဳင္ျဖစ္ေနသည္။

  ခ်င္ေရွာင္းရဲ႕လက္ေအာက္က ရွဲ႕ဟုန္မင္ဆိုသူကလင္က်င့္ကို ဆက္ၿပီးလက္ခံဖို႔လိုလိုလားလားရွိရဲ႕လားဆိုတာမသိရေသးသလို တကယ္လို႔ လိုလားေသးတယ္ဆိုရင္ သူထြက္သြားၿပီးတဲ့ေနာက္ လင္က်င့္မွာေကာင္းမြန္ဆဲ့အနာဂါတ္ရွိဖို႔ေမွ်ာ္လင့္မိသည္။

   ယာဥ္ပ်ံကပင္လယ္ျပင္ေပၚတျဖည္းျဖည္းနိမ့္ဆင္းလာၿပီး ပင္လယ္ေရမ်က္ႏွာျပင္ေပၚတြင္တိုက္ရိုက္ ရပ္လိုက္၏။

   သတၱဳေလွကားတစ္စင္းက လင္ရွီးတို႔ထဲဆန့္ထြက္လာခဲ့သည္။

   လင္ရွီးကလင္က်င့္ကို တစ္ခုခုေျပာလိုက္တယ္။

   "သြားရေအာင္"

   ထို႔ေနာက္သူနဲ႕လင္က်င့္ ကူးသြားလိုက္ၾက၏။

   ေလွကားကေနမတက္ၾကေပ။ သူတို႔ကေရသူေတြျဖစ္တာေၾကာင့္ လူသားပုံစံတိုက္ရိုက္ေျပာင္းလိုက္ပါက ကိုယ္လုံးတီးျဖစ္သြားေပလိမ့္မည္။

  လင္ရွီးအရင္ဆုံးကူးသြားလိုက္ၿပီးတံခါးေဘးမွာလွဲေနလိုက္ကာ သူ႕လက္ကိုခ်င္ေရွာင္းဆီျမႇောက္လိုက္၏။

   ျဖဴေဖြးႏူးညံ့သြယ္လ်တဲ့လက္တစ္စုံက ေနေရာင္ထဲတြင္ေတာက္ပေနသကဲ့သို႔ပင္။

  ထိုလက္ေလးေတြကိုစိုက္ၾကည့္လိုက္မိၿပီး အဲ့ဒီလက္ကေလးေတြမွာ သံႀကိဳးဝတ္ေပးလိုက္ရင္ ဘယ္လိုျဖစ္သြားမလဲဟု ခ်င္ေရွာင္း႐ုတ္တရက္ေတြးမိလိုက္သည္။

  သူ႕အေတြးေတြကိုထိန္းခ်ဳပ္၍ ခ်င္ေရွာင္းခႏၶာကိုယ္ကို ကိုင္းခ်လိဳက္ၿပီး လင္ရွီးကိုဖက္ကာေရသူေလးကို ေရထဲမွဆြဲထုတ္လိုက္၏။

   အနက္ေရာင္ငါးျမႇီးႀကီးကေကြးေနၿပီး အနက္ေရာင္အေၾကးခြံေတြကတလက္လက္ေတာက္ပေန၏။

  ေရသူေလးရဲ႕ကိုယ္ေပၚကေရေတြက သူ႕အဝတ္ေတြကိုစိုသြားမွာကိုဂ႐ုမစိုက္ပဲ ေရသူေလးကိုတင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္လိုက္သည္။

   အေနာက္ကလင္က်င့္ကေတာ့ အေစာင့္ရဲ႕အကူအညီနဲ႕ယာဥ္ပ်ံေပၚတက္လိုက္၏။

  ယာဥ္ပ်ံထဲေနရာတစ္ခုသာရွိတာေၾကာင့္ အဝတ္ေတြကိုလဲဖို႔နည္းလမ္းမရွိေပ။

   လင္က်င့္ကၾကမ္းျပင္ေပၚမွာထိုင္ေနၿပီး အေစာင့္တစ္ေယာက္က အခင္းတစ္ခုနဲ႕ေရာက္လာခဲ့သည္။

   လင္ရွီးက ခ်င္ေရွာင္းရဲ႕ရင္ခြင္ထဲမွာရွိေန၏။

  လင္ရွီးအနည္းငယ္႐ုန္းလိုက္ေပမယ့္ ခ်င္ေရွာင္းကခ်က္ခ်င္းျပန္ထိန္းခ်ဳပ္လိုက္သည္။ လင္ရွီးကခ်င္ေရွာင္းရဲ႕လက္ေတြၾကားထဲထိုင္ေနရင္း အနီးရွိထိုေယာက္်ားရဲ႕ ေအးစက္တိတ္ဆိတ္ေနတဲ့မ်က္ႏွာကိုၾကည့္လိုက္၏။ သူထြက္ေျပးသြားခဲ့တဲ့အတြက္ ရွင္းရွင္းလင္းလင္းကို ေဒါသထြက္ေနခဲ့တဲ့ခ်င္ေရွာင္းက အခုအခ်ိန္ထိျပင္းထန္တဲ့စကားတစ္ခြန္းေတာင္မထြက္ေသးတာဘာေၾကာင့္လဲဆိုတာ သူနားမလည္နိုင္ေပ။

   ဘာေၾကာင့္လဲဆိုေတာ့. . . . . သူ႕ကိုႀကိဳက္ေနလို႔လား?

  ႀကိဳက္တယ္?

   ဒီစကားလုံးက လင္ရွီးကိုရင္းႏွီးၿပီးထူးဆန္းတဲ့ခံစားခ်က္မ်ိဳးရေစသည္။

   လူတစ္ေယာက္အတြက္ ကိုယ့္ရဲ႕လြတ္လပ္ခြင့္ကိုစြန႔္လႊတ္ဖို႔၊ ကိုယ့္ရဲ႕ကိုယ္ပိုင္အားထုတ္မႈေတြကိုစြန႔္လႊတ္ဖို႔ တျခားလူေတြကဘာေၾကာင့္ေ႐ြးခ်ယ္ၾကလဲ လင္ရွီးမသိေပ။ သူကေတာ့ လြတ္လပ္မႈကိုေ႐ြးခ်ယ္ခဲ့သည္။

   လင္ရွီးဒီလိုေတြးေနေပမဲ့လည္း ရွာေတြ႕ခံလိုက္ရတဲ့ဒီအခ်ိန္မွာေတာ့ လြတ္လပ္မႈဆိုတာကသူနဲ႕ေဝးသြားၿပီဆိုတာကို လင္ရွီးသိလိုက္ရသည္။

   ထြက္ေျပးေနတဲ့တစ္ေလွ်ာက္လုံးသူ႕ရဲ႕အာ႐ုံေၾကာေတြ ေတာင့္တင္းေနတာကိုေတာ့ ေျပာဖို႔မလိုေပ။ ရွာေဖြေရးစက္ေတြရဲ႕ အလိုက္ခံရခ်ိန္မွာလည္း လင္ရွီးအနားသိပ္မယူခဲ့ရေခ်။ ထို႔ေၾကာင့္ခ်င္ေရွာင္းသူ႕ကိုေပြ႕ခ်ီထားရင္ေတာင္ ျပန္ေရာက္တဲ့အခါ ဘယ္လိုအျပစ္ေပးမႈေတြကိုရင္ဆိုင္ရမလဲဆိုတာ သူမသိေသးပါဘူး။

  [T/N- သူ႕အာ႐ုံေၾကာေတြကပင္ပန္းလြန္းေနလို႔အနာဂါတ္ကိုထပ္မၾကည့္နိုင္ေတာ့တာပါ]

    ဤအခိုက္အတန႔္မွာပဲ လင္ရွီးအနည္းငယ္အိပ္ခ်င္လာခဲ့သည္။ ယာဥ္ပ်ံကေလထဲမွာ ျမန္ျမန္ဆန္ဆန္ပ်ံသန္းေနၿပီး လင္ရွီးသူ႕ေခါင္းကို ခ်င္ေရွာင္းရဲ႕ပုခုံးေပၚမွီခ်လိဳက္၏။ ခ်င္ေရွာင္းသူ႕ကိုၾကည့္ေနတယ္ဆိုတာ သိေနတာေၾကာင့္ လင္ရွီးေခါင္းကိုမေမာ့ေတာ့ဘဲ မ်က္လုံးေလးေတြကို တျဖည္းျဖည္းမွိတ္ခ်လိဳက္ၿပီး ခ်င္ေရွာင္းလက္ေပၚမွာတင္ အိပ္ေမာက်သြားေတာ့သည္။

   ထိုေယာက္်ားရဲ႕ပုခုံးက က်ယ္ျပန႔္လွၿပီး ရင္ခြင္ကလည္းအေတာ္ေလးကိုႏြေးေထြးလွသည္။

   ေရသူတစ္ေကာင္အေနနဲ႕ လင္ရွီးရဲ႕ခႏၶာကိုယ္အပူခ်ိန္က လူသားေတြနဲ႕ကြာျခားလွေပသည္။

   သူ႕ခႏၶာကိုယ္တစ္ခုလုံးကေအးစက္ေနေပမယ့္ လူသားျဖစ္တဲ့ခ်င္ေရွာင္းမွာေတာ့ ခႏၶာကိုယ္တစ္ခုလုံးမွာဆြဲေဆာင္မႈရွိတဲ့ အပူခ်ိန္ကရွိေနသည္။ အပူအရင္းအျမစ္ႀကီးကိုမွီထားရင္း ခႏၶာကိုယ္တစ္ခုလုံးက မၾကာခင္မွာတျဖည္းျဖည္းႏြေးေထြးလာပုံပင္။

   လင္ရွီးႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားေတာ့သည္။ ယာဥ္ပ်ံရပ္သြားတဲ့အခါ ခ်င္ေရွာင္းကေပြ႕ခ်ီၿပီးဆင္းလာေပမယ့္ လင္ရွီးနိုးမလာခဲ့ေပ။

  လင္က်င့္ကလိုက္မဆင္းလာရပဲ စစ္သားေတြကို လင္က်င့္အား သူ႕လက္ေအာင္ငယ္သားလည္းျဖစ္ သူငယ္ခ်င္းလည္းျဖစ္သည့္ ရွဲ႕ဟုန္မင္ဆီသို႔ ခ်င္ေရွာင္းပို႔ခိုင္းလိုက္၏။

   လင္က်င့္ကိုသူနဲ႕အတူတူေနဖို႔ ခြင့္မျပဳနိုင္ေပမယ့္ ရွဲ႕ဟုန္မင္ဆီမွာေတာ့ရသည္။ တစ္ဖက္မွာတစ္စုံတစ္ေယာက္က သူနဲ႕လင္ရွီးဘဝကိုအႏွောင့္အယွက္ေပးမွာ ခ်င္ေရွာင္းမလိုခ်င္တာျဖစ္ၿပီး တျခားတစ္ဖက္မွာေတာ့ လင္က်င့္အားလင္ရွီးကို ထိန္းခ်ဳပ္ဖို႔အတြက္ ညွိႏွိုင္းတိုကင္(ဓားစာခံ)အေနနဲ႕ သတ္မွတ္ထားလို႔ပင္။

   တကယ္လို႔လင္ရွီးတကယ္ထြက္ေျပးမယ္ဆိုရင္ သူလင္က်င့္ကိုထိန္းခ်ဳပ္ထားခဲ့ရင္ေတာင္ လင္ရွီးကသူ႕(လင္က်င့္)ကိုထားခဲ့ၿပီး လုံးဝလက္လႊတ္သြားမွာမဟုတ္ဘူးဟု ခ်င္ေရွာင္းႏွလုံးသားထဲကသိေနခဲ့သည္။

   သူလင္ရွီးနဲ႕ရင္ဆိုင္ရခ်ိန္မွာအၿမဲတမ္းအင္အားမဲ့ၿပီး ခ်ီတုံခ်တဳံျဖစ္တဲ့ ခြန္အားမဲ့သလိုခံစားခ်က္မ်ိဳးကိုခ်င္ေရွာင္းခံစားရသည္။

   လင္ရွီးသူ႕ေဘးမွာလိုလိုလားလားေနဖို႔ ဘာေတြလုပ္ရမလဲဆိုတာသူမသိေတာ့ဘူး။

   တကယ္လို႔သူ႕မွာသာ အနာဂါတ္ကိုႀကိဳျမင္နိုင္တဲ့စြမ္းရည္ရွိခဲ့ရင္ လင္ရွီးကိုစေတြ႕တဲ့အခ်ိန္တုန္းကသူဝယ္ခဲ့မိမွာမဟုတ္ေပ။

   ေနာက္ပိုင္းလင္ရွီးကို ခ်စ္မိသြားစရာအေၾကာင္းမရွိေတာ့ဘူးေလ။

   လင္ရွီးထြက္ေျပးသြားေၾကာင္း သူသိတဲ့အခ်ိန္တုန္းက သူ႕ႏွလုံးသားထဲအေပါက္ျဖစ္သြားၿပီး ေလေအးေအးေတြဝင္လာသလိုခံစားခဲ့ရသည္။ ပထမဆုံးအႀကိမ္ ဗလာဆိုတဲ့အရာကို သူခံစားခဲ့ရျခင္းျဖစ္သည္။

   သူ႕ရင္ခြင္ထဲမွာအိပ္ေပ်ာ္ေနတဲ့လင္ရွီးကို ခ်င္ေရွာင္းတင္းတင္းၾကပ္ၾကပ္ဖက္လိုက္၏။ လင္ရွီးမလိုခ်င္ရင္ေတာင္ လင္ရွီးကို သူ႕ေဘးနားမွာပဲခ်ဳပ္ႏွောင္ထားမွာျဖစ္သည္။ အဘယ့္ေၾကာင့္ဆိုေသာ္ သူထြက္သြားတာနဲ႕ လင္ရွီးထပ္ၿပီးထြက္ေျပးသြားနိုင္လို႔ပင္။

   သူလင္ရွီးကို အဆုံးရႈံးမခံနိုင္ဘူး။

   ခ်င္ေရွာင္းလင္ရွီးကို ေခါင္မိုးထပ္ေပၚတက္လာတဲ့တစ္ေလွ်ာက္လုံးေပြ႕ခ်ီထားခဲ့၏။ ေခါင္မိုးထပ္ရွိငါးကန္ထဲကေရကိုေန႕တိုင္းလဲတာျဖစ္ၿပီး လင္ရွီးထြက္သြားတုန္းကေတာင္မွေရကို ေန႕တိုင္းလဲေနဆဲျဖစ္သည္။

  ခ်င္ေရွာင္း လင္ရွီးကိုေရထဲ ညွင္ညွင္သာသာေလးခ်လိဳက္၏။

  ေရထဲေရာက္သြားၿပီးခ်က္ခ်င္းဆိုသလို တစ္ခုခုကို ခံစားမိလိုက္ၿပီး လင္ရွီးလွည့္လိုက္ကာ အနက္ေရာင္အျမႇီးႀကီးက ေရျပင္ကိုရိုက္လိုက္တာေၾကာင့္ ေရေတြကျဖာထြက္သြားၿပီး အခ်ိဳ႕ကခ်င္ေရွာင္းမ်က္ႏွာဆီစင္သြားေလသည္။

   ထိုေရစက္ေလးေတြက ခ်င္ေရွာင္းမ်က္ႏွာေပၚတြင္စီးဆင္းသြားတာေၾကာင့္ ႐ုတ္တရက္ၾကည့္လိုက္လွ်င္ ခ်င္ေရွာင္းငိုေနသလိုပင္။

   ဒါေပမယ့္လည္း အိပ္ေမာက်ေနတဲ့လင္ရွီးကေတာ့ မျမင္လိုက္ရပါေပ။ ။

 

#9.12.2022

ေဝလငါးအသက္ရႉတာ/ေရပန္းမႈတ္ထုတ္တာ

ကဲျပန္ဖမ္းမိသြားပါၿပီ
ဘယ္ေလာက္မွေတာင္မေျပးလိုက္ရဘူး
စာလုံးေပါင္းမစစ္ထားပါဘူး🙆🙆

Continue Reading

You'll Also Like

369K 9K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
244K 12.9K 80
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
500K 12K 49
အသက်ရှုသံအလိုက် စည်းချက်ညီညီလှုပ်ရှားနေသည့် ဒီလူကြီးရဲ့ရင်ခုန်သံတွေကို နားထောင်ရတာ သိပ်ကိုသဘောကျသည်။... ဟန်မင်းသိုက်+ယုခွန်းခ အသက္ရႈသံအလိုက္ စည္းခ်က...