Unicode
လျန်ကျင်းရှင်ပြန်သွားပြီးနောက် ကျိချင်းကျိုးမှာ မိမိခုနက ယင်းနျန်နှင့်စကားပြောလက်စကြီးဖြစ်ကြောင်း သတိရသွား၏။သူ လိုင်ဆင်းသွားသည်မှာကြာပြီဖြစ်၍ ယင်းနျန်စိတ်ရှုပ်သွားလောက်မည်။ထို့ကြောင့် မြန်မြန်ပဲ ယင်းနျန်ဆီ ခုနဖြစ်တဲ့ကိစ္စတွေကို အတိုချုန်းပြီး စာပြန်ပို့ရတော့သည်။ယင်းနျန်က ကောင်းလားဆိုးလားမသိ၍ ဖန်ယောင်ရွှမ်းကို ရိုက်တဲ့အကြောင်းတော့မပြောဖြစ်လိုက်ပေ။ငါတို့ ရန်ဖြစ်ကြတယ်ဟုသာပြောလိုက်သည်။
ယင်းနျန်ကတော့ စိတ်ပူနေ၏။
"မင်းအဆင်ပြေရဲ့လား"
"ပြေပါတယ်"
ကျိချင်းကျိုးပြောလိုက်သည်။
"အလတ်ကြီးကျန်သေးတယ်။မေးပေးတဲ့အတွက် ကျေးဇူးပါ။ငါ မင်းကို နောက်ရက်ကျ ညစာလိုက်ကျွေးမယ်လေ"
"ရပါတယ်ကွာ"
ယင်းနျန်က ပြန်ပို့လာသည်။
"မင်းအဆင်ပြေရင်ပြီးတာပဲ။ဒါဆို ငါမင်းကို မနှောင့်ယှက်တော့ဘူးနော်။ Bye "
"Bye-Bye"
ကျိချင်းကျိုးနဲ့ယင်းနျန်တို့ စကားပြောခြင်းပြီးဆုံးသွားချိန် ဖန်ယောင်ရွှမ်းအား လက်ဦးပြီးဆော်လိုက်နိုင်သည့် ကိုယ့်ကိုကိုယ် စွမ်းအားရှင်ကြီးလို ခံစားနေရသည်။ ကင်မရာလေးနဲ့ ရိုက်ထားလိုက်သင့်တာကို နမြောဖို့ကောင်းလိုက်တာလို့! ! !
သူစိတ်လှုပ်ရှားလွန်ပြီး မအိပ်ချင်တော့ပေ။ထို့ကြောင့် ချူချန်ဆီ video call ခေါ်လိုက်သည်။ချူချန် အခုမှ ရေချိုးပြီးကာစပင်။ သူ ညအိပ်ဝတ်စုံလေးဝတ်နေရင်း အိပ်ယာပေါ် မှီထိုင်လိုက်ကာ ကျိချင်းကျိုး ၏ စိတ်လှုပ်ရှားနေသောမျက်နှာလေးကို ကြည့်နေသည်။
{ဘာလို့ ဒီလောက်ပျော်နေရတာလဲ}
{ကျွန်တော် သူများတွေနဲ့ရန်ဖြစ်တာ ဟိုဘက်က လူကို ရိုက်လိုက်နိုင်တယ်}
ကျိချင်းကျိုးက ရယ်မောရင်းပြောပြလာသည်။
ချူချန်က နားထောင်ရင်း တစ်ဖက်လူများ ကယောက်ခြောက်ခြားဖြစ်နေသလားထင်နေမိ၏။သူ့ရဲ့ အဆိုးလေးက လူရိုက်တတ်သေးတယ်လား?? ?
{စကားမှားတာတွေဘာတွေမဟုတ်တာသေချာရဲ့လား။ဟိုဘက်လူက မင်းကို ရိုက်သွားတာမဟုတ်ဘူးလား။ဟမ်}
ချူချန်က သံသယမျက်နှာကြီးဖြင့်မေးလာ၏။
ကျိချင်းကျိုး : .......
ရှူဂါးဒယ်ဒီကတော့ မိမိကို တကယ် အထင်သေးလွန်းနေပါပြီ!
{ကျွန်တော်လည်း ဒေါသထွက်တတ်တယ်ဗျ။ အိုကေလား }
{ဟုတ်ပါပြီကွာ။သူက မတ်တပ်ရပ်နေပြီး မင်းဆီကအရိုက်ခံတာမလား }
ချူချန်မှာပြောရင်း သတိဝင်လာသည်။
{ မင်းအဆင်ပြေရဲ့လား။မင်း သူ့ကိုရိုက်လိုက်တော့ သူက ပြန်မရိုက်ဘဲနေပါ့မလားကွ။အခု ထရပ်ပြီး အင်္ကျီတွေအကုန်ချွတ်လိုက်။ကိုယ်ကြည့်ကြည့်မယ် }
ကျိချင်းကျိုး : ? ? ? ! ! ! !
{ခင်ဗျား အဲ့လောက်တောင် ရမ်းကားနေပြီပေါ့! ကျွန်တော့်အဝတ်ချွတ်တာတောင်ကြည့်ချင်နေသေးတယ်!!!}
ချူချန် စကားမဆိုနိုင်တော့ချေ။
{ကိုယ်က...ကိုယ်က မင်း ဒဏ်ရာရမရ ကြည့်ချင်ရုံပါကွာ}
{ရမနေဘူး}
ကျိချင်းကျိုး ပြန်ပြောလိုက်သည်။
{ကျွန်တော်က ငတုံးမဟုတ်ဘူးလေ။သူ့ကိုမရိုက်နိုင်တာ သိတာနဲ့ ဟိုတယ်အခန်းပိုထဲ ချက်ချင်းပြေးဝင်ပြီး အိပ်ခန်းထဲရောက်တာနဲ့ တံခါးကို လော့ချပလိုက်တာ။အဲ့တော့ သူရိုက်ချင်တောင် ရိုက်လို့မရဘူး}
{ပါးနပ်တာပေါ့ကွာ}
ကျိချင်းကျိုးရယ်လိုက်ကာ-
{ကျွန်တော်လည်း အဲ့လိုထင်ပါ့}
{နေပါဦး...မင်းတို့ငတိတွေရန်ဖြစ်ကြတာ မင်းအခန်းထဲမှာလား။}
ဒါတော့ နည်းနည်းဆန်းသွားပြီ။
{ဘာတွေဖြစ်သွားတာလဲ။အဲ့ကောင်တွေက ဘာလို့မင်းအခန်းထိ လိုက်ရိုက်တာလဲ။မင်း ဘယ်သူနဲ့ရန်ဖြစ်တာလဲ}
{ရန်မဖြစ်ခဲ့ပါဘူး။ကျွန်တော်ကပဲ ဆော်လိုက်တာ။ဘယ်သူနဲ့လဲဆိုတာကတော့..........}
ကျိချင်းကျိုးက အသံရှည်ဆွဲပြီး သူ့ကိုကြည့်လာ၏။
{မှန်းကြည့်လေဗျာ}
ကျိချင်းကျိုး ခန့်မှန်းခိုင်းမှတော့ သူသိတဲ့လူပဲဆိုတာ ချူချန်သဘောပေါက်သွားသည်။ရသစုံရှိုးမှာ ကျိချင်းကျိုးနဲ့ အတူတူရှိပြီး သူသိတဲ့လူဆိုလို့ တစ်ယောက်ပဲရှိတော့တယ်။
{လော့ယွီရှင်းလား}
ကျိချင်းကျိုးက ခေါင်းလေးယမ်းကာ-
{နီးစပ်တယ်}
{ဖန်ယောင်ရွှမ်း! ဖန်ယောင်ရွှမ်းကို မင်းမရိုက်ရဲဘူးဆို! မင်းတို့ရသစုံရှိုးကို ဖန်ယောင်ရွှမ်းရော လာတာလား}
ကျိချင်းကျိုးက လက်ဖျောက်တစ်ချက်တီးလိုက်၏။
{အမှန်ပဲ! သူ့ကိုရိုက်လိုက်တာ!}
ချူချန် အခု တကယ့်ကို ထိတ်လန့်နေပါ၏။
{သူ့ကို မရိုက်ရဲဘူးလို့ ပြောခဲ့တယ်မလား။ခုကျ ဘယ်လို ရိုက်ရဲသွားတာလဲ}
{အဲ့တာ သူ့ဘက်က အရိုက်ခံဖို့အရင်ရောက်လာလို့။ကျွန်တော်နဲ့လည်း စကားနိုင်မလုနိုင်ရော လူကို ရိုက်ချင်နေတယ်လေ။သူမရိုက်ခင် ကျွန်တော် ရိုက်ပေးလိုက်တာ}
{သူက မင်းကိုရိုက်ချင်သေးတယ်ပေါ့။ အဲ့ကောင်ရူးနေတာလား။တကယ်လို့ မင်းမချနိုင်တော့ရင် အဲ့လူကို ရိုက်ခွဲပလိုက်ရမှာ}
{ဟုတ်ပ အဲ့ငါးဆားနူကောင်}
ကျိချင်းကျိုးက ဆူပွပွရွတ်နေသည်။ကြိမ်းမောင်းပြီးမှပဲ ခုနက ဖြစ်သွားတဲ့ကိစ္စအား ချူချန်ကို ပြန်ပြောပြလေသည်။သူ စိတ်လှုပ်ရှားလွန်းလို့ ဖြစ်မည်ထင် ထိုကိစ္စတစ်ခုလုံးကို အစကနေအဆုံးထိ အခေါက်ခေါက် အခါခါပြန်ပြန်ပြောနေတော့သည်။
{ကျွန်တော် တကယ် နောင်တရမိတယ်}
ကျိချင်းကျိုးက ဝမ်းနည်တကြီးရေရွတ်နေ၏။
{အဲ့တုန်းက ခင်ဗျားဆီ video call ခေါ်ခဲ့ရမှာကို ဘာလို့ မတွေးမိခဲ့ပါလိမ့်။ voice callဆိုလည်း အဆင်ပြေတယ်။ခေါ်သာခေါ်ခဲ့မိရင် ခင်ဗျားလည်း ပြင်းထန်တဲ့ စစ်ပွဲအတွေ့ကြုံကို ခံစားလိုက်နိုင်မှာ}
မင်းဒယ်ဒီ လန့်သေသွားမှာ မစိုးရိမ်ဘူးလား။ချူချန်စိတ်ထဲမှ ရေရွတ်လိုက်သည်။သူ့ကိုပြန်ပြောပြတဲ့အတွက်လည်း ကျိချင်းကျိုးကို ကျေးဇူးတင်မိသည်။သူအခုပြောသွားတဲ့ ဖန်ယောင်ရွှမ်းနဲ့လော့ယွီရှင်းတို့ရောက်လာပြီး သူကလည်းရိုက်ပလိုက်တယ်ဆိုတဲ့စကားက ချူချန်ကို အသေကြောက်လန့်စေသည်။တကယ်လို့ သူ့ရဲ့အဆိုးလေးသာ ခြေလှမ်းနည်းနည်းနောက်ကျသွားခဲ့ပါက ဖန်ယောင်ရွှမ်းဖမ်းတာခံလိုက်ရပြီး ပြင်းပြင်းထန်ထန်အရိုက်ခံလိုက်ရမှာကို ကြောက်မိတာဖြစ်သည်။
ချူချန်မှာ ထိုမြင်ကွင်းကို တဒင်္ဂလေးပုံဖော်ကြည့်ရုံနဲ့တင် အလွန်အမင်း ထိတ်လန့်လာ၏။မိမိကောင်လေးက တကယ် အံ့အားသင့်ဖို့ကောင်းသည်။သိုးပေါက်လေးလို ခပ်အေးအေးလေး နေနေကျဖြစ်ပေမယ့် ထိုသိုးပေါက်လေးကလည်း ဝံပုလွေပေါက်လေးဖြစ်လာနိုင်သည်ကိုတော့ သူမတွေးထားခဲ့။
{ နောက်တစ်ခါဆို ကိုယ့်ရှေ့မှာ ရိုက်တာ ပိုကောင်းမယ်}
ချူချန်က အကြံပြုလိုက်သည်။
{မတော်လို့များ မင်း အပြေးနှေးသွားခဲ့ရင် ကိုယ်တို့ ထပ်တွေ့ရမယ့်နေရာက ဆေးရုံဖြစ်နေလိမ့်မယ်}
{အဲ့တုန်းက အရေးပေါ် ဖြစ်သွားတာမို့ပါ။ကျွန်တော် သူ့ကိုမရိုက်ချင်ပါဘူး။ သူ လက်မြှောက်လာမယ်လို့ ဘယ်သူကထင်ထားမှာလဲ။အဲ့တာကြောင့် ကျွန်တော်လည်း မတတ်သာပဲပြန်ရိုက်လိုက်ရတာ။တကယ်တော့....ကျွန်တော် နည်းနည်းလေးကြောက်မိတယ်}
ကျိချင်းကျိုးက တိုးတိုးလေးပြောလာသည်။
{ကျွန်တော် အပြေးမြန်တာ ကံကောင်းသွားတယ်မှတ်။မဟုတ်လို့ကတော့ သူ ကျွန်တော့်ကို ရိုက်တာနဲ့ လော့ယွီရှင်းကို အရင်ထိအောင် လော့ယွီရှင်းနောက်မှာ ပုန်းနေလိုက်မှာ}
ချူချန်မထင်ထားဘူး။အကောင်ပေါက်မှာ တစ်ခြားလှည့်ကွက်လေးတွေ ရှိသေးတယ်ပေါ့လေ။သူ ချက်ချင်းသဘောကျမိသွား၏။ကျိချင်းကျိုးကို ကြည့်နေရင်း ကြည့်နေရင်း ပြေးတွေ့ချင်လာသည်။မျက်စိရှေ့က လူကိုသာ အခု တွေ့နိုင်ရင် ရင်ခွင်ထဲထည့်ပြီး "မင်းဘာမှမဖြစ်ဘူး။မကြောက်နဲ့နော်" ဆိုတဲ့စကားကို ပြောကောင်းပြောမိလိမ့်မည်ပင်။စင်စစ် ဖန်ယောင်ရွှမ်းနဲ့သူသာ တစ်ပွဲတစ်လမ်းနွှဲခွင့်ရပါက အဲ့ကောင်ကို ဂျေမအောင်းခင် ဆေးရုံအရောက်ပို့ပေးလိုက်မှာဖြစ်သည်။ဒါ့ပြင် ကျိချင်းကျိုးသာ သူ့မျက်စိရှေ့မှာ ရှိနေပါကလည်း ဖန်ယောင်ရွှမ်းနဲ့လော့ယွီရှင်းအား ကျိချင်းကျိုးတစ်ယောက်တည်းရင်ဆိုင်ဖို့ သူဘယ်တော့မှ ခွင့်ပြုမိမှာမဟုတ်ဘူးထင်သည်။
ချူချန် သက်ပြင်းချမိ၏။လျန်ကျင်းရှင်းက လုံးဝယုံကြည်စိတ်မချရတဲ့ ဈေးပေါပေါအစ်ကိုတစ်ယောက်ပဲ ။အကောင်ပေါက်လေးအား သူစိတ်ပူနေမိတုန်းပင်။
{အင်း။ရန်ပွဲလည်းပြီးပြီပဲဟာ ဘာမှကြောက်မနေနဲ့။ဖန်ယောင်ရွှမ်းအရိုက်ခံသင့်နေတာကြာပြီ။ကိုယ် မရှိလို့ပေါ့ကွာ။မဟုတ်လို့ကတော့ မင်းနဲ့အတူ တစ်ပွဲတစ်လမ်းဝင်နွှဲပလိုက်မှာ}
ဒီတစ်ခါတော့ ကျိချင်းကျိုးဆီမှ ရယ်သံလေးထွက်လာသည်။
{ဟုတ်ပ နှမြောဖို့ကောင်းလိုက်တာ}
{သူတို့ထိုက်နဲ့သူတို့ကံပဲ။သူတို့ဘာသာအရိုက်ခံချင်လို့ ညလယ်ခေါင်ကြီး မင်းအခန်းမှာ လာရိုက်ခံတာလေ။ဆော်ပေးလိုက်သင့်တယ်။ဒါပေမယ့် ဖန်ယောင်ရွှမ်း အဲ့လိုtypeမျိုးကြိုက်တာကိုတော့ အံ့ဩမိတယ်။မင်းနဲ့လုံးဝမတူဘူးနော်}
{အင်းလေ ကျွန်တော်က အစားထိုးပဲဟာ}
ကျိချင်းကျိုး ပြောလိုက်တယ်။
ချူချန်က လော့ယွီရှင်းရဲ့ဓာတ်ပုံတွေသာမြင်ဖူးပြီး အပြင်မှာမတွေဖူးချေ။ကျိချင်းကျိုး အခုပြောမှပဲ ကျိချင်းကျိုးနဲ့ နည်းနည်းဆင်တူနေတဲ့မျက်နှာက ဘယ်လိုပုံစံရှိမလဲ သိချင်လာသည်။ပန်းဖြူဖြူလေးလို သရုပ်ဆောင်နေတဲ့ ကျိချင်းကျိုးမျက်နှာပုံစံမျိုးဆိုတော့ ဘာနဲ့တူမလဲနော်။
သူ့ တစ်ခုခုတွေးနေပုံရတော့ ကျိချင်းကျိက မေးလိုက်သည်။
{ခင်ဗျားဘာတွေတွေးနေတာလဲ}
{လော့ယွီရှင်း}
{လော့!ယွီ!ရှင်း!}
ကျိချင်းကျိုး မယုံနိုင်ဖြစ်နေသည်။
{ခင်ဗျားက သူ့တွေးပြီးဘာလုပ်မလို့လဲ။သူ့ရဲ့အပြုအမူလေးတွေက ခင်ဗျားကိုပါ ဝေဝါးသွားစေတာလား။နိုးထလိုက်တော့ ဒယ်ဒီ! အဲ့တာ ကြာပန်းနက်ဗျ!}
{ဘာတွေလျှောက်တွေးနေတာလဲကွာ ကိုယ်က သိချင်ရုံတင်ပါ}
{ဪ သိချင်သေးတယ်ပေါ့လေ}
ကျိချင်းကျိုးတစ်ယောက် အန္တရာယ်အငွေ့သက်တွေခံစားနေရပြီး စတင် စမ်းသပ်ရတော့သည်။
{ခင်ဗျားရဲ့စိတ်အာရုံကို အောင်အောင်မြင်မြင် ဆွဲဆောင်နိုင်တာနဲ့ဘဲ အရမ်းထူးခြားတဲ့လူလို့ ထင်နေတာလား။ မီးနဲ့ကစားနေတာပဲ ဒယ်ဒီ!}
ချူချန်က အကျယ်ကြီးအော်ရယ်လာ၏။
{ဟားဟားဟား မီးနဲ့ကစားတယ်။နှလုံးသားနဲ့ခံစားတာပါကွာ။ ကောင်လေး...မင်းရဲ့နှလုံးသားလေးကိုရော ဒီကိုကိုကြိုးကိုင်ပေးရဦးမလား}
{နှလုံးသားနဲ့မကစားဘဲ ကျောက်ကပ်နဲ့ကစားရမှာပါ။ကျေးဇူး}
ချူချန်က ထိုစကားမျိုးကို လုံးဝသဘောမကျပေ။
{ကိုယ်မင်းကို နောက်ထပ်အခွင့်အရေးပေးမယ်။ပြန်ဖြေ!}
{အော ကျွန်တော်လည်း ခင်ဗျားကို အခွင့်ရေးထပ်ပေးလိုက်မယ်။ပြန်ဖြေ!}
{ကိုယ်က ဘာပြန်ဖြေစရာလိုနေလို့လဲ}
ချူချန် တွေးမရဖြစ်နေသည်။
ကျိချင်းကျိုးကပြုံးလျက် မေးလာ၏။
{ခင်ဗျား ခုန ဘာတွေးနေတာလဲ}
ထိုကိစ္စက သူ့ကိုစိတ်အနှောင့်အယှက်ဖြစ်စေလိမ့်မည်ဟု မထင်ထားသည့် ချူချန်တစ်ယောက် ငိုမဲ့မဲ့လေးပြောရတော့သည်။
{မင်းကို တွေးနေတာပါကွာ။ ကိုယ် မင်းကိုလွမ်းနေတာပါ။ရပြီလား}
{အဲ့လိုမှပေါ့}
ချူချန်က ရယ်လာသည်။
{မင်းဟာက အသက်ကဖြင့် သိပ်မကြီးသေးဘူး။အတော်လေး အပိုင်ကြံတတ်နေပြီ}
{ဘယ်သူက ခင်ဗျားကို လော့ယွီရှင်းအကြောင်းပြောခွင့်ပြုလို့လဲ။ကျွန်တော် သူ့ကို မုန်းတာ ခင်ဗျား မသိတာလဲမဟုတ်ပဲနဲ့}
ချူချန် မရှင်းပြလို့ မဖြစ်တော့ပေ။ထို့ကြောင့် အသေးစိတ်ဖြေရှင်းချက်ထုတ်ရတော့သည်။
{ကိုယ်က တစ်ခြားသူတွေလိုပဲ လော့ယွီရှင်းအကြောင်းကို သိချင်တာကွာ။အဲ့လိုမျိုး စကားကို ဟိုလိုလို ဒီလိုလိုပြောတဲ့လူကို အရင်က တစ်ခါမှမတွေ့ဖူးလို့ စိတ်လှုပ်ရှားဖို့ကောင်းတာလေးစောင့်ကြည့်ချင်ရုံပဲ။အဲ့လိုသဘောနဲ့ပဲ တွေးကြည့်တာပါဗျာ...တစ်ခြားဘာအဓိပ္ပါယ်မှမပါပါဘူး။မင်းဒယ်ဒီနဲ့နေတာဖြင့်ကြာနေပြီကို ကိုယ့်အကြောင်းဂဂနနမသိသေးတာလားဟမ်။ကိုယ်မင်းတစ်ယောက်ကိုပဲ မြေတောင်မြှောက်ပေးမယ်လို့ ပြောလိုက်တည်းက ကိုယ့်မှာ မင်းပဲရှိတာပါကွာ}
ဒီတော့မှ ကျိချင်းကျိုးတို့ ကျေနပ်သွားလေ၏။
{ဘာပဲဖြစ်ဖြစ်ပါ...နောက်ဆို ခင်ဗျားကို သူ့အကြောင်းပြောခွင့်မပြုဘူး}
ချူချန်ရဲ့ကောင်လေးက တကယ့်ကို လောဘကြီးတဲ့ ကဂျီကဂျောင်ပေါက်လေးပင်။ထို့ကြောင့်လည်း သူတစ်ခုလေးပြောလိုက်တာနဲ့ ထိုကိစ္စကိုပဲအကြာကြီး ကဂျီကဂျောင်ကျတော့သည်။ဒါပေမယ့် အဆုံးသတ်ကျ ဒါ သူ့သားလေးပဲဟာ။အဆိုးလေးရဲ့မူပိုင်အကျင့်လေးပေါ့။
{အခုတော့ ကိုယ်တို့ နိုင်ငံက ကလေးနှစ်ယောက် ဥပဒေကို ဘာလို့ အကောင်အထည်ဖော်နေလဲကိုယ်သိသွားပြီထင်ပါရဲ့။မင်းနဲ့ ပြိုင်နိုင်တဲ့သူမရှိတော့ ကိုယ့်ကို အနိုင်ကျင့်လို့ရတာပေါ့ကွာ}
{ဒါဆိုရင်တော့ ခင်ဗျားအထင်မှားနေပြီ}
ကျိချင်းကျိုး ပြောလိုက်တယ်။
{တကယ်လို့ ခင်ဗျားမှာသာ ဒုတိယကလေးဆိုတာရှိလာခဲ့ရင် ကျွန်တော် အိမ်ကနေထွက်သွားမှာ}
{အိမ်ကနေထွက်သွားမယ်။ဘယ်ကိုလဲ}
{ဒါပေါ့ ... ကျယ်ပြောတဲ့ပင်လယ်ကြီး၊မြင့်မားတဲ့မိုးကောင်းကင်ကြီးရှိနေတာပဲဟာ။အဲ့အချိန်ကျ ကျွန်တော်တို့သားအဖဆက်ဆံရေးလည်း ပြတ်သွားလောက်ပြီ။ကျွန်တော် ဘယ်သွားသွား ခင်ဗျားနဲ့ဆိုင်လို့လား}
{ကိုယ်တို့ သားအဖဆက်ဆံရေးကိုတောင် ဖြတ်တောက်ချင်နေပြီဆိုတော့ တကယ်ကို လူကြီးဖြစ်နေပြီပဲ။ }
{ကျွန်တော် ဖြတ်တောက်ချင်တာမဟုတ်ဘူးနော်။ခင်ဗျား ဘက်ကဒုတိယကလေးရှာမယ်ပြောလို့ အိမ်ကနေထွက်သွားမယ်ဆိုတဲ့စကားကို ပြောရတာ။ခင်ဗျားသာ ထပ်မရှာရင် ကျွန်တော်ကလည်း အိမ်မှာ လိမ်လိမ်မာမာလေးနေပြီး သားသမီးဝတ္တရားကို ကျေကျေပွန်ပွန်ဆောင်ရွက်ပေးမှာပါ}
ချူချန် ပြုံးကာ-
{အင်းပါကွာ။ကိုယ်မစတော့ပါဘူး။အိပ်ရာဝင်ပြီး စောစောလေးအနားယူတော့။ရိုက်ကူးရေးပြီးတာနဲ့ ကိုယ့်ဆီမြန်မြန်ပြန်လာခဲ့ချည်}
{ခင်ဗျားလာကြိုမှာလား}
သူ့စကားဆုံးတာနဲ့ ကျိချင်းကျိုးကမေးရင်း မထိန်းနိုင်ဘဲ စည်းရုံးမိသည်။
{လာကြိုနော် ။ကျွန်တော့်ကို လာကြိုရင် ခင်ဗျားနဲ့ ညစာလိုက်စားပေးမယ်}
{ကောင်းပါပြီဗျာ}
ချူချန်တစ်ယောက် မိမိနှလုံးသားစေစားရာအတိုင်း။
{ကိုယ့်မှာ မင်းပဲရှိတာ။ကိုယ်လက်မခံလိုက်လို့ မင်းက သားအဖဆက်ဆံရေးဖျက်ချင်တယ်ဆို ကိုယ်ဘာလုပ်ရတော့မှာလဲ။အခုချိန်က မင်းရဲ့ မရင့်ကျက်သေးတဲ့အချိန်အပိုင်းအခြားဆိုတော့ ရန်မစရဲပါဘူးဗျာ}
ကျိချင်းကျိုးက မထိန်းနိုင်ပဲ ရယ်မောလိုက်ပြီး မျက်လုံးစွန်းလေးတွေကအစ အပြုံးတွေပြည့်နှက်နေခဲ့၏။
{ဒါဆို ကျွန်တော် အိပ်ရာဝင်ပြီ။ခင်ဗျားလည်းစောစောလေး အိပ်နော်}
သူ ထိုသို့ပြောပြီး ဖုန်းချလိုက်ကာ ပျော်ရွှင်စွာဖြင့် ချူချန်ထံemojiတစ်ခုပို့ပေးလိုက်သည်။
ချူချန်တစ်ယောက် WeChat စာဝင်သံကြား၍ ကြည့်လိုက်ချိန် ကျိချင်းကျိူးပို့ပေးလာသည့် {ကျွန်တော့်နှလုံးသားလေးယူပါ} ဆိုတဲ့ emojiကို တွေ့လိုက်ရသည်။
သတိမမူမိဘဲ ချူချန် နှုတ်ခမ်းထောင့်လေးတွေကွေးတက်သွား၏။
--ကောင်လေး။ယီးတီးယားတားလာလုပ်နေတာလား။
--ကျွန်တော့်နှလုံးသားလေးယူပါ
ချစ်ဖို့ကောင်းတယ်။ချူချန်စိတ်ထဲတွေးလိုက်မိ၏။ကလန်ကဆန်လုပ်တတ်ရင်တောင် အရမ်းချစ်ဖို့ကောင်းနေတုန်းပဲ။
သူ့ရဲ့ ကျိုးကျိုး....
-
ရသစုံရှိုးရိုက်ကူးရေးဒုတိယနေ့တွင် ကျိချင်းကျိုးတစ်ယောက် ဖန်ယောင်ရွှမ်းလက်စားချေမှာကြောက်ပြီး တစ်ချိန်လုံး လျန်ကျင်းရှင်နောက် တကောက်ကောက်လိုက်နေ၏။သို့သော် ဖန်ယောင်ရွှမ်းက ဒေါသပြေသွားတဲ့ပုံပေါ်ပြီး သူ့ကိုကြည့်၍ နှာပဲမှုတ်ပြလာသည်။တစ်ခြားဘာမှ ထပ်မလုပ်ခဲ့ပေ။ကျင်းရှင်ရဲ့ပရိသတ်ဆိုတဲ့ စိတ်ကြီးနဲ့လော့ယွီရှင်းကတော့ သူ့ကိုအမြဲလေးစားသမူပြုပြနေတုန်းပင်။
ဝန်ထမ်းတွေ အပြင်အဆင်နေရာချနေတုန်း သရုပ်ဆောင်တွေကလည်း အသံဖမ်းစက်တွေပိတ်ထား၍ လွတ်တဲ့နေရာလေး၌ နှစ်ယောက်တစ်စု သုံးယောက်တစ်စု စုထိုင်ကာ ရေသောက်အမောဖြေနေကြသည်။
ဖန်ယောင်ရွှမ်းသည် ရိုက်ကူးရေးနေစဉ်အတွင်း လျန်ကျင်းရှင်ပေါ် တလေးတစားလုပ်နေတဲ့ လော့ယွီရှင်းကို သဘောမကျစွာပြောလာသည်။
"မင်း လျန်ကျင်းရှင်ပေါ် တအားအလေးပေးလွန်းနေတာပဲ"
"သူက ငါတို့ထက် နာမည်ကြီးလို့လေ"
လော့ယွီရှင်း ပြောလိုက်တယ်။
ဖန်ယောင်ရွှမ်းက ရှုံ့တွကာ-
"အိမ်ကကန်ထုတ်ခံလိုက်ရတဲ့ခွေးတစ်ကောင်သာသာပဲကို မင်းလေးစားမှုနဲ့ထိုက်တန်မနေဘူး"
သူ့စကားတွေက လော့ယွီရှင်းကို အလွန်စိတ်ဝင်စားလာစေသည်။
"မင်းပြောချင်တာ ..."
"လျန်ကျင်းရှင်ဘာလို့ အနုပညာလောကထဲရောက်လာတယ်ထင်လဲ"
ဖန်ယောင်ရွှမ်း လော့ယွီရှင်းထံကြည့်လိုက်ကာ-
"တစ်ခြားဘယ်နေရာမှာမှ ယောင်ပေပေမနေနိုင်လို့မဟုတ်ဘူး။သူ့ဘဝကြီးကိုက ရယ်စရာကောင်းနေတာ။သူအမေက အိမ်ကနေ မထွက်သွားနိုင်လို့ သေသွားခဲ့တယ်။ဖအေက ဟာသ။မအေကလည်း ဟာသ။သူလည်းဟာသပဲ။ဒါပေမယ့်အနုပညာလောကထဲရောက်လာပြီး လူတိုင်းလိုချင်တဲ့ idolဖြစ်လာလိမ့်မယ်လို့မထင်ထားခဲ့ဘူး။သူပရိသတ်တွေဆို ဘာတဲ့ သခင်လေးလို့တောင် ခေါ်နေကြသေးတယ် ဟားဟားဟားဟား တကယ်ရယ်ရတာနော်"
×××××××××××××××××
ကျင်းရှင်က နင်တို့နှစ်ကောင်ထက်သာနေတုန်းပဲဟဲ့😡😡
တကယ်တော့ ဒီအပိုင်းဘာသာပြန်ရင် မျက်ရည်ကျလာလို့ ဝမ်ရိပေါ်ရင်ခွင်ထဲဝင်လိုက်ရသေးတယ်😪 (တကယ်ပါ ဘာသာပြန်သူကFA ကိုမှ Forever lonely လိုပုံစံစစ်စစ်🤧 ဝမ်ရိပေါ်ရင်ခွင်ထဲမှာ နေနေရတာတောင် သူတို့ကြောင့် အဆင်ပြေမနေဘူးးးးးး)
ဒါနဲ့ ပါးချူက အမှန်ပြောတယ်နော်😂 သူ့အတွေးထဲ
ကျိုးကျိုး ဝင်ကြည့်လို့မရတာတောင် လိမ်မနေဘူး ဟားဟားဟားး (သူချစ်တာသိမနေတာကလွဲလို့ပေါ့ ခက်တယ်ခက်တယ်)
ကိုယ်လက်နာနေတာ သုံးရက်ရှိပြီ။ကိုယ်က ဖုန်းနဲ့စာရိုက်ရင် ဘေးကလူပါ အသံကြားရတာ။ဒေါက်ဒေါက်နဲ့ အဲ့လို အသားကုန်ဖိနှိပ်လို့ လက်ညှိုးထိပ်ကြီးနာနေတဲ့ကြားက တင်ပေးလိုက်တာနော် ပါးချူလို့ချစ်ပေးကြ😂
****************************
Zawgyi
လ်န္က်င္း႐ွင္ျပန္သြားၿပီးေနာက္ က်ိခ်င္းက်ိဳးမွာ မိမိခုနက ယင္းႏ်န္ႏွင့္စကားေျပာလက္စႀကီးျဖစ္ေၾကာင္း သတိရသြား၏။သူ လိုင္ဆင္းသြားသည္မွာၾကာၿပီျဖစ္၍ ယင္းႏ်န္စိတ္႐ႈပ္သြားေလာက္မည္။ထို႔ေၾကာင့္ ျမန္ျမန္ပဲ ယင္းႏ်န္ဆီ ခုနျဖစ္တဲ့ကိစၥေတြကို အတိုခ်ဳန္းၿပီး စာျပန္ပို႔ရေတာ့သည္။ယင္းႏ်န္က ေကာင္းလားဆိုးလားမသိ၍ ဖန္ေယာင္႐ႊမ္းကို ႐ိုက္တဲ့အေၾကာင္းေတာ့မေျပာျဖစ္လိုက္ေပ။ငါတို႔ ရန္ျဖစ္ၾကတယ္ဟုသာေျပာလိုက္သည္။
ယင္းႏ်န္ကေတာ့ စိတ္ပူေန၏။
"မင္းအဆင္ေျပရဲ႕လား"
"ေျပပါတယ္"
က်ိခ်င္းက်ိဳးေျပာလိုက္သည္။
"အလတ္ႀကီးက်န္ေသးတယ္။ေမးေပးတဲ့အတြက္ ေက်းဇူးပါ။ငါ မင္းကို ေနာက္ရက္က် ညစာလိုက္ေကြၽးမယ္ေလ"
"ရပါတယ္ကြာ"
ယင္းႏ်န္က ျပန္ပို႔လာသည္။
"မင္းအဆင္ေျပရင္ၿပီးတာပဲ။ဒါဆို ငါမင္းကို မေႏွာင့္ယွက္ေတာ့ဘူးေနာ္။ Bye "
"Bye-Bye"
က်ိခ်င္းက်ိဳးနဲ႔ယင္းႏ်န္တို႔ စကားေျပာျခင္းၿပီးဆုံးသြားခ်ိန္ ဖန္ေယာင္႐ႊမ္းအား လက္ဦးၿပီးေဆာ္လိုက္ႏိုင္သည့္ ကိုယ့္ကိုကိုယ္ စြမ္းအား႐ွင္ႀကီးလို ခံစားေနရသည္။ ကင္မရာေလးနဲ႔ ႐ိုက္ထားလိုက္သင့္တာကို နေျမာဖို႔ေကာင္းလိုက္တာလို႔! ! !
သူစိတ္လႈပ္႐ွားလြန္ၿပီး မအိပ္ခ်င္ေတာ့ေပ။ထို႔ေၾကာင့္ ခ်ဴခ်န္ဆီ video call ေခၚလိုက္သည္။ခ်ဴခ်န္ အခုမွ ေရခ်ိဳးၿပီးကာစပင္။ သူ ညအိပ္ဝတ္စုံေလးဝတ္ေနရင္း အိပ္ယာေပၚ မွီထိုင္လိုက္ကာ က်ိခ်င္းက်ိဳး ၏ စိတ္လႈပ္႐ွားေနေသာမ်က္ႏွာေလးကို ၾကည့္ေနသည္။
{ဘာလို႔ ဒီေလာက္ေပ်ာ္ေနရတာလဲ}
{ကြၽန္ေတာ္ သူမ်ားေတြနဲ႔ရန္ျဖစ္တာ ဟိုဘက္က လူကို ႐ိုက္လိုက္ႏိုင္တယ္}
က်ိခ်င္းက်ိဳးက ရယ္ေမာရင္းေျပာျပလာသည္။
ခ်ဴခ်န္က နားေထာင္ရင္း တစ္ဖက္လူမ်ား ကေယာက္ေျခာက္ျခားျဖစ္ေနသလားထင္ေနမိ၏။သူ႕ရဲ႕ အဆိုးေလးက လူ႐ိုက္တတ္ေသးတယ္လား?? ?
{စကားမွားတာေတြဘာေတြမဟုတ္တာေသခ်ာရဲ႕လား။ဟိုဘက္လူက မင္းကို ႐ိုက္သြားတာမဟုတ္ဘူးလား။ဟမ္}
ခ်ဴခ်န္က သံသယမ်က္ႏွာႀကီးျဖင့္ေမးလာ၏။
က်ိခ်င္းက်ိဳး : .......
႐ွဴဂါးဒယ္ဒီကေတာ့ မိမိကို တကယ္ အထင္ေသးလြန္းေနပါၿပီ!
{ကြၽန္ေတာ္လည္း ေဒါသထြက္တတ္တယ္ဗ်။ အိုေကလား }
{ဟုတ္ပါၿပီကြာ။သူက မတ္တပ္ရပ္ေနၿပီး မင္းဆီကအ႐ိုက္ခံတာမလား }
ခ်ဴခ်န္မွာေျပာရင္း သတိဝင္လာသည္။
{ မင္းအဆင္ေျပရဲ႕လား။မင္း သူ႕ကို႐ိုက္လိုက္ေတာ့ သူက ျပန္မ႐ိုက္ဘဲေနပါ့မလားကြ။အခု ထရပ္ၿပီး အက်ႌေတြအကုန္ခြၽတ္လိုက္။ကိုယ္ၾကည့္ၾကည့္မယ္ }
က်ိခ်င္းက်ိဳး : ? ? ? ! ! ! !
{ခင္ဗ်ား အဲ့ေလာက္ေတာင္ ရမ္းကားေနၿပီေပါ့! ကြၽန္ေတာ့္အဝတ္ခြၽတ္တာေတာင္ၾကည့္ခ်င္ေနေသးတယ္!!!}
ခ်ဴခ်န္ စကားမဆိုႏိုင္ေတာ့ေခ်။
{ကိုယ္က...ကိုယ္က မင္း ဒဏ္ရာရမရ ၾကည့္ခ်င္႐ုံပါကြာ}
{ရမေနဘူး}
က်ိခ်င္းက်ိဳး ျပန္ေျပာလိုက္သည္။
{ကြၽန္ေတာ္က ငတုံးမဟုတ္ဘူးေလ။သူ႕ကိုမ႐ိုက္ႏိုင္တာ သိတာနဲ႔ ဟိုတယ္အခန္းပိုထဲ ခ်က္ခ်င္းေျပးဝင္ၿပီး အိပ္ခန္းထဲေရာက္တာနဲ႔ တံခါးကို ေလာ့ခ်ပလိုက္တာ။အဲ့ေတာ့ သူ႐ိုက္ခ်င္ေတာင္ ႐ိုက္လို႔မရဘူး}
{ပါးနပ္တာေပါ့ကြာ}
က်ိခ်င္းက်ိဳးရယ္လိုက္ကာ-
{ကြၽန္ေတာ္လည္း အဲ့လိုထင္ပါ့}
{ေနပါဦး...မင္းတို႔ငတိေတြရန္ျဖစ္ၾကတာ မင္းအခန္းထဲမွာလား။}
ဒါေတာ့ နည္းနည္းဆန္းသြားၿပီ။
{ဘာေတြျဖစ္သြားတာလဲ။အဲ့ေကာင္ေတြက ဘာလို႔မင္းအခန္းထိ လိုက္႐ိုက္တာလဲ။မင္း ဘယ္သူနဲ႔ရန္ျဖစ္တာလဲ}
{ရန္မျဖစ္ခဲ့ပါဘူး။ကြၽန္ေတာ္ကပဲ ေဆာ္လိုက္တာ။ဘယ္သူနဲ႔လဲဆိုတာကေတာ့..........}
က်ိခ်င္းက်ိဳးက အသံ႐ွည္ဆြဲၿပီး သူ႕ကိုၾကည့္လာ၏။
{မွန္းၾကည့္ေလဗ်ာ}
က်ိခ်င္းက်ိဳး ခန္႔မွန္းခိုင္းမွေတာ့ သူသိတဲ့လူပဲဆိုတာ ခ်ဴခ်န္သေဘာေပါက္သြားသည္။ရသစုံ႐ိႈးမွာ က်ိခ်င္းက်ိဳးနဲ႔ အတူတူ႐ွိၿပီး သူသိတဲ့လူဆိုလို႔ တစ္ေယာက္ပဲ႐ွိေတာ့တယ္။
{ေလာ့ယြီ႐ွင္းလား}
က်ိခ်င္းက်ိဳးက ေခါင္းေလးယမ္းကာ-
{နီးစပ္တယ္}
{ဖန္ေယာင္႐ႊမ္း! ဖန္ေယာင္႐ႊမ္းကို မင္းမ႐ိုက္ရဲဘူးဆို! မင္းတို႔ရသစုံ႐ိႈးကို ဖန္ေယာင္႐ႊမ္းေရာ လာတာလား}
က်ိခ်င္းက်ိဳးက လက္ေဖ်ာက္တစ္ခ်က္တီးလိုက္၏။
{အမွန္ပဲ! သူ႕ကို႐ိုက္လိုက္တာ!}
ခ်ဴခ်န္ အခု တကယ့္ကို ထိတ္လန္႔ေနပါ၏။
{သူ႕ကို မ႐ိုက္ရဲဘူးလို႔ ေျပာခဲ့တယ္မလား။ခုက် ဘယ္လို ႐ိုက္ရဲသြားတာလဲ}
{အဲ့တာ သူ႕ဘက္က အ႐ိုက္ခံဖို႔အရင္ေရာက္လာလို႔။ကြၽန္ေတာ္နဲ႔လည္း စကားႏိုင္မလုႏိုင္ေရာ လူကို ႐ိုက္ခ်င္ေနတယ္ေလ။သူမ႐ိုက္ခင္ ကြၽန္ေတာ္ ႐ိုက္ေပးလိုက္တာ}
{သူက မင္းကို႐ိုက္ခ်င္ေသးတယ္ေပါ့။ အဲ့ေကာင္႐ူးေနတာလား။တကယ္လို႔ မင္းမခ်ႏိုင္ေတာ့ရင္ အဲ့လူကို ႐ိုက္ခြဲပလိုက္ရမွာ}
{ဟုတ္ပ အဲ့ငါးဆားႏူေကာင္}
က်ိခ်င္းက်ိဳးက ဆူပြပြ႐ြတ္ေနသည္။ႀကိမ္းေမာင္းၿပီးမွပဲ ခုနက ျဖစ္သြားတဲ့ကိစၥအား ခ်ဴခ်န္ကို ျပန္ေျပာျပေလသည္။သူ စိတ္လႈပ္႐ွားလြန္းလို႔ ျဖစ္မည္ထင္ ထိုကိစၥတစ္ခုလုံးကို အစကေနအဆုံးထိ အေခါက္ေခါက္ အခါခါျပန္ျပန္ေျပာေနေတာ့သည္။
{ကြၽန္ေတာ္ တကယ္ ေနာင္တရမိတယ္}
က်ိခ်င္းက်ိဳးက ဝမ္းနည္တႀကီးေရ႐ြတ္ေန၏။
{အဲ့တုန္းက ခင္ဗ်ားဆီ video call ေခၚခဲ့ရမွာကို ဘာလို႔ မေတြးမိခဲ့ပါလိမ့္။ voice callဆိုလည္း အဆင္ေျပတယ္။ေခၚသာေခၚခဲ့မိရင္ ခင္ဗ်ားလည္း ျပင္းထန္တဲ့ စစ္ပြဲအေတြ႕ၾကဳံကို ခံစားလိုက္ႏိုင္မွာ}
မင္းဒယ္ဒီ လန္႔ေသသြားမွာ မစိုးရိမ္ဘူးလား။ခ်ဴခ်န္စိတ္ထဲမွ ေရ႐ြတ္လိုက္သည္။သူ႕ကိုျပန္ေျပာျပတဲ့အတြက္လည္း က်ိခ်င္းက်ိဳးကို ေက်းဇူးတင္မိသည္။သူအခုေျပာသြားတဲ့ ဖန္ေယာင္႐ႊမ္းနဲ႔ေလာ့ယြီ႐ွင္းတို႔ေရာက္လာၿပီး သူကလည္း႐ိုက္ပလိုက္တယ္ဆိုတဲ့စကားက ခ်ဴခ်န္ကို အေသေၾကာက္လန္႔ေစသည္။တကယ္လို႔ သူ႕ရဲ႕အဆိုးေလးသာ ေျခလွမ္းနည္းနည္းေနာက္က်သြားခဲ့ပါက ဖန္ေယာင္႐ႊမ္းဖမ္းတာခံလိုက္ရၿပီး ျပင္းျပင္းထန္ထန္အ႐ိုက္ခံလိုက္ရမွာကို ေၾကာက္မိတာျဖစ္သည္။
ခ်ဴခ်န္မွာ ထိုျမင္ကြင္းကို တဒဂၤေလးပုံေဖာ္ၾကည့္႐ုံနဲ႔တင္ အလြန္အမင္း ထိတ္လန္႔လာ၏။မိမိေကာင္ေလးက တကယ္ အံ့အားသင့္ဖို႔ေကာင္းသည္။သိုးေပါက္ေလးလို ခပ္ေအးေအးေလး ေနေနက်ျဖစ္ေပမယ့္ ထိုသိုးေပါက္ေလးကလည္း ဝံပုေလြေပါက္ေလးျဖစ္လာႏိုင္သည္ကိုေတာ့ သူမေတြးထားခဲ့။
{ ေနာက္တစ္ခါဆို ကိုယ့္ေ႐ွ႕မွာ ႐ိုက္တာ ပိုေကာင္းမယ္}
ခ်ဴခ်န္က အၾကံျပဳလိုက္သည္။
{မေတာ္လို႔မ်ား မင္း အေျပးေႏွးသြားခဲ့ရင္ ကိုယ္တို႔ ထပ္ေတြ႕ရမယ့္ေနရာက ေဆး႐ုံျဖစ္ေနလိမ့္မယ္}
{အဲ့တုန္းက အေရးေပၚ ျဖစ္သြားတာမို႔ပါ။ကြၽန္ေတာ္ သူ႕ကိုမ႐ိုက္ခ်င္ပါဘူး။ သူ လက္ေျမႇာက္လာမယ္လို႔ ဘယ္သူကထင္ထားမွာလဲ။အဲ့တာေၾကာင့္ ကြၽန္ေတာ္လည္း မတတ္သာပဲျပန္႐ိုက္လိုက္ရတာ။တကယ္ေတာ့....ကြၽန္ေတာ္ နည္းနည္းေလးေၾကာက္မိတယ္}
က်ိခ်င္းက်ိဳးက တိုးတိုးေလးေျပာလာသည္။
{ကြၽန္ေတာ္ အေျပးျမန္တာ ကံေကာင္းသြားတယ္မွတ္။မဟုတ္လို႔ကေတာ့ သူ ကြၽန္ေတာ့္ကို ႐ိုက္တာနဲ႔ ေလာ့ယြီ႐ွင္းကို အရင္ထိေအာင္ ေလာ့ယြီ႐ွင္းေနာက္မွာ ပုန္းေနလိုက္မွာ}
ခ်ဴခ်န္မထင္ထားဘူး။အေကာင္ေပါက္မွာ တစ္ျခားလွည့္ကြက္ေလးေတြ ႐ွိေသးတယ္ေပါ့ေလ။သူ ခ်က္ခ်င္းသေဘာက်မိသြား၏။က်ိခ်င္းက်ိဳးကို ၾကည့္ေနရင္း ၾကည့္ေနရင္း ေျပးေတြ႕ခ်င္လာသည္။မ်က္စိေ႐ွ႕က လူကိုသာ အခု ေတြ႕ႏိုင္ရင္ ရင္ခြင္ထဲထည့္ၿပီး "မင္းဘာမွမျဖစ္ဘူး။မေၾကာက္နဲ႔ေနာ္" ဆိုတဲ့စကားကို ေျပာေကာင္းေျပာမိလိမ့္မည္ပင္။စင္စစ္ ဖန္ေယာင္႐ႊမ္းနဲ႔သူသာ တစ္ပြဲတစ္လမ္းႏႊဲခြင့္ရပါက အဲ့ေကာင္ကို ေဂ်မေအာင္းခင္ ေဆး႐ုံအေရာက္ပို႔ေပးလိုက္မွာျဖစ္သည္။ဒါ့ျပင္ က်ိခ်င္းက်ိဳးသာ သူ႕မ်က္စိေ႐ွ႕မွာ ႐ွိေနပါကလည္း ဖန္ေယာင္႐ႊမ္းနဲ႔ေလာ့ယြီ႐ွင္းအား က်ိခ်င္းက်ိဳးတစ္ေယာက္တည္းရင္ဆိုင္ဖို႔ သူဘယ္ေတာ့မွ ခြင့္ျပဳမိမွာမဟုတ္ဘူးထင္သည္။
ခ်ဴခ်န္ သက္ျပင္းခ်မိ၏။လ်န္က်င္း႐ွင္းက လုံးဝယုံၾကည္စိတ္မခ်ရတဲ့ ေဈးေပါေပါအစ္ကိုတစ္ေယာက္ပဲ ။အေကာင္ေပါက္ေလးအား သူစိတ္ပူေနမိတုန္းပင္။
{အင္း။ရန္ပြဲလည္းၿပီးၿပီပဲဟာ ဘာမွေၾကာက္မေနနဲ႔။ဖန္ေယာင္႐ႊမ္းအ႐ိုက္ခံသင့္ေနတာၾကာၿပီ။ကိုယ္ မ႐ွိလို႔ေပါ့ကြာ။မဟုတ္လို႔ကေတာ့ မင္းနဲ႔အတူ တစ္ပြဲတစ္လမ္းဝင္ႏႊဲပလိုက္မွာ}
ဒီတစ္ခါေတာ့ က်ိခ်င္းက်ိဳးဆီမွ ရယ္သံေလးထြက္လာသည္။
{ဟုတ္ပ ႏွေျမာဖို႔ေကာင္းလိုက္တာ}
{သူတို႔ထိုက္နဲ႔သူတို႔ကံပဲ။သူတို႔ဘာသာအ႐ိုက္ခံခ်င္လို႔ ညလယ္ေခါင္ႀကီး မင္းအခန္းမွာ လာ႐ိုက္ခံတာေလ။ေဆာ္ေပးလိုက္သင့္တယ္။ဒါေပမယ့္ ဖန္ေယာင္႐ႊမ္း အဲ့လိုtypeမ်ိဳးႀကိဳက္တာကိုေတာ့ အံ့ဩမိတယ္။မင္းနဲ႔လုံးဝမတူဘူးေနာ္}
{အင္းေလ ကြၽန္ေတာ္က အစားထိုးပဲဟာ}
က်ိခ်င္းက်ိဳး ေျပာလိုက္တယ္။
ခ်ဴခ်န္က ေလာ့ယြီ႐ွင္းရဲ႕ဓာတ္ပုံေတြသာျမင္ဖူးၿပီး အျပင္မွာမေတြဖူးေခ်။က်ိခ်င္းက်ိဳး အခုေျပာမွပဲ က်ိခ်င္းက်ိဳးနဲ႔ နည္းနည္းဆင္တူေနတဲ့မ်က္ႏွာက ဘယ္လိုပုံစံ႐ွိမလဲ သိခ်င္လာသည္။ပန္းျဖဴျဖဴေလးလို သ႐ုပ္ေဆာင္ေနတဲ့ က်ိခ်င္းက်ိဳးမ်က္ႏွာပုံစံမ်ိဳးဆိုေတာ့ ဘာနဲ႔တူမလဲေနာ္။
သူ႕ တစ္ခုခုေတြးေနပုံရေတာ့ က်ိခ်င္းက်ိက ေမးလိုက္သည္။
{ခင္ဗ်ားဘာေတြေတြးေနတာလဲ}
{ေလာ့ယြီ႐ွင္း}
{ေလာ့!ယြီ!႐ွင္း!}
က်ိခ်င္းက်ိဳး မယုံႏိုင္ျဖစ္ေနသည္။
{ခင္ဗ်ားက သူ႕ေတြးၿပီးဘာလုပ္မလို႔လဲ။သူ႕ရဲ႕အျပဳအမူေလးေတြက ခင္ဗ်ားကိုပါ ေဝဝါးသြားေစတာလား။ႏိုးထလိုက္ေတာ့ ဒယ္ဒီ! အဲ့တာ ၾကာပန္းနက္ဗ်!}
{ဘာေတြေလွ်ာက္ေတြးေနတာလဲကြာ ကိုယ္က သိခ်င္႐ုံတင္ပါ}
{ဪ သိခ်င္ေသးတယ္ေပါ့ေလ}
က်ိခ်င္းက်ိဳးတစ္ေယာက္ အႏၲရာယ္အေငြ႕သက္ေတြခံစားေနရၿပီး စတင္ စမ္းသပ္ရေတာ့သည္။
{ခင္ဗ်ားရဲ႕စိတ္အာ႐ုံကို ေအာင္ေအာင္ျမင္ျမင္ ဆြဲေဆာင္ႏိုင္တာနဲ႔ဘဲ အရမ္းထူးျခားတဲ့လူလို႔ ထင္ေနတာလား။ မီးနဲ႔ကစားေနတာပဲ ဒယ္ဒီ!}
ခ်ဴခ်န္က အက်ယ္ႀကီးေအာ္ရယ္လာ၏။
{ဟားဟားဟား မီးနဲ႔ကစားတယ္။ႏွလုံးသားနဲ႔ခံစားတာပါကြာ။ ေကာင္ေလး...မင္းရဲ႕ႏွလုံးသားေလးကိုေရာ ဒီကိုကိုႀကိဳးကိုင္ေပးရဦးမလား}
{ႏွလုံးသားနဲ႔မကစားဘဲ ေက်ာက္ကပ္နဲ႔ကစားရမွာပါ။ေက်းဇူး}
ခ်ဴခ်န္က ထိုစကားမ်ိဳးကို လုံးဝသေဘာမက်ေပ။
{ကိုယ္မင္းကို ေနာက္ထပ္အခြင့္အေရးေပးမယ္။ျပန္ေျဖ!}
{ေအာ ကြၽန္ေတာ္လည္း ခင္ဗ်ားကို အခြင့္ေရးထပ္ေပးလိုက္မယ္။ျပန္ေျဖ!}
{ကိုယ္က ဘာျပန္ေျဖစရာလိုေနလို႔လဲ}
ခ်ဴခ်န္ ေတြးမရျဖစ္ေနသည္။
က်ိခ်င္းက်ိဳးကျပဳံးလ်က္ ေမးလာ၏။
{ခင္ဗ်ား ခုန ဘာေတြးေနတာလဲ}
ထိုကိစၥက သူ႕ကိုစိတ္အေႏွာင့္အယွက္ျဖစ္ေစလိမ့္မည္ဟု မထင္ထားသည့္ ခ်ဴခ်န္တစ္ေယာက္ ငိုမဲ့မဲ့ေလးေျပာရေတာ့သည္။
{မင္းကို ေတြးေနတာပါကြာ။ ကိုယ္ မင္းကိုလြမ္းေနတာပါ။ရၿပီလား}
{အဲ့လိုမွေပါ့}
ခ်ဴခ်န္က ရယ္လာသည္။
{မင္းဟာက အသက္ကျဖင့္ သိပ္မႀကီးေသးဘူး။အေတာ္ေလး အပိုင္ၾကံတတ္ေနၿပီ}
{ဘယ္သူက ခင္ဗ်ားကို ေလာ့ယြီ႐ွင္းအေၾကာင္းေျပာခြင့္ျပဳလို႔လဲ။ကြၽန္ေတာ္ သူ႕ကို မုန္းတာ ခင္ဗ်ား မသိတာလဲမဟုတ္ပဲနဲ႔}
ခ်ဴခ်န္ မ႐ွင္းျပလို႔ မျဖစ္ေတာ့ေပ။ထို႔ေၾကာင့္ အေသးစိတ္ေျဖ႐ွင္းခ်က္ထုတ္ရေတာ့သည္။
{ကိုယ္က တစ္ျခားသူေတြလိုပဲ ေလာ့ယြီ႐ွင္းအေၾကာင္းကို သိခ်င္တာကြာ။အဲ့လိုမ်ိဳး စကားကို ဟိုလိုလို ဒီလိုလိုေျပာတဲ့လူကို အရင္က တစ္ခါမွမေတြ႕ဖူးလို႔ စိတ္လႈပ္႐ွားဖို႔ေကာင္းတာေလးေစာင့္ၾကည့္ခ်င္႐ုံပဲ။အဲ့လိုသေဘာနဲ႔ပဲ ေတြးၾကည့္တာပါဗ်ာ...တစ္ျခားဘာအဓိပၸါယ္မွမပါပါဘူး။မင္းဒယ္ဒီနဲ႔ေနတာျဖင့္ၾကာေနၿပီကို ကိုယ့္အေၾကာင္းဂဂနနမသိေသးတာလားဟမ္။ကိုယ္မင္းတစ္ေယာက္ကိုပဲ ေျမေတာင္ေျမႇာက္ေပးမယ္လို႔ ေျပာလိုက္တည္းက ကိုယ့္မွာ မင္းပဲ႐ွိတာပါကြာ}
ဒီေတာ့မွ က်ိခ်င္းက်ိဳးတို႔ ေက်နပ္သြားေလ၏။
{ဘာပဲျဖစ္ျဖစ္ပါ...ေနာက္ဆို ခင္ဗ်ားကို သူ႕အေၾကာင္းေျပာခြင့္မျပဳဘူး}
ခ်ဴခ်န္ရဲ႕ေကာင္ေလးက တကယ့္ကို ေလာဘႀကီးတဲ့ ကဂ်ီကေဂ်ာင္ေပါက္ေလးပင္။ထို႔ေၾကာင့္လည္း သူတစ္ခုေလးေျပာလိုက္တာနဲ႔ ထိုကိစၥကိုပဲအၾကာႀကီး ကဂ်ီကေဂ်ာင္က်ေတာ့သည္။ဒါေပမယ့္ အဆုံးသတ္က် ဒါ သူ႕သားေလးပဲဟာ။အဆိုးေလးရဲ႕မူပိုင္အက်င့္ေလးေပါ့။
{အခုေတာ့ ကိုယ္တို႔ ႏိုင္ငံက ကေလးႏွစ္ေယာက္ ဥပေဒကို ဘာလို႔ အေကာင္အထည္ေဖာ္ေနလဲကိုယ္သိသြားၿပီထင္ပါရဲ႕။မင္းနဲ႔ ၿပိဳင္ႏိုင္တဲ့သူမ႐ွိေတာ့ ကိုယ့္ကို အႏိုင္က်င့္လို႔ရတာေပါ့ကြာ}
{ဒါဆိုရင္ေတာ့ ခင္ဗ်ားအထင္မွားေနၿပီ}
က်ိခ်င္းက်ိဳး ေျပာလိုက္တယ္။
{တကယ္လို႔ ခင္ဗ်ားမွာသာ ဒုတိယကေလးဆိုတာ႐ွိလာခဲ့ရင္ ကြၽန္ေတာ္ အိမ္ကေနထြက္သြားမွာ}
{အိမ္ကေနထြက္သြားမယ္။ဘယ္ကိုလဲ}
{ဒါေပါ့ ... က်ယ္ေျပာတဲ့ပင္လယ္ႀကီး၊ျမင့္မားတဲ့မိုးေကာင္းကင္ႀကီး႐ွိေနတာပဲဟာ။အဲ့အခ်ိန္က် ကြၽန္ေတာ္တို႔သားအဖဆက္ဆံေရးလည္း ျပတ္သြားေလာက္ၿပီ။ကြၽန္ေတာ္ ဘယ္သြားသြား ခင္ဗ်ားနဲ႔ဆိုင္လို႔လား}
{ကိုယ္တို႔ သားအဖဆက္ဆံေရးကိုေတာင္ ျဖတ္ေတာက္ခ်င္ေနၿပီဆိုေတာ့ တကယ္ကို လူႀကီးျဖစ္ေနၿပီပဲ။ }
{ကြၽန္ေတာ္ ျဖတ္ေတာက္ခ်င္တာမဟုတ္ဘူးေနာ္။ခင္ဗ်ား ဘက္ကဒုတိယကေလး႐ွာမယ္ေျပာလို႔ အိမ္ကေနထြက္သြားမယ္ဆိုတဲ့စကားကို ေျပာရတာ။ခင္ဗ်ားသာ ထပ္မ႐ွာရင္ ကြၽန္ေတာ္ကလည္း အိမ္မွာ လိမ္လိမ္မာမာေလးေနၿပီး သားသမီးဝတၱရားကို ေက်ေက်ပြန္ပြန္ေဆာင္႐ြက္ေပးမွာပါ}
ခ်ဴခ်န္ ျပဳံးကာ-
{အင္းပါကြာ။ကိုယ္မစေတာ့ပါဘူး။အိပ္ရာဝင္ၿပီး ေစာေစာေလးအနားယူေတာ့။႐ိုက္ကူးေရးၿပီးတာနဲ႔ ကိုယ့္ဆီျမန္ျမန္ျပန္လာခဲ့ခ်ည္}
{ခင္ဗ်ားလာႀကိဳမွာလား}
သူ႕စကားဆုံးတာနဲ႔ က်ိခ်င္းက်ိဳးကေမးရင္း မထိန္းႏိုင္ဘဲ စည္း႐ုံးမိသည္။
{လာႀကိဳေနာ္ ။ကြၽန္ေတာ့္ကို လာႀကိဳရင္ ခင္ဗ်ားနဲ႔ ညစာလိုက္စားေပးမယ္}
{ေကာင္းပါၿပီဗ်ာ}
ခ်ဴခ်န္တစ္ေယာက္ မိမိႏွလုံးသားေစစားရာအတိုင္း။
{ကိုယ့္မွာ မင္းပဲ႐ွိတာ။ကိုယ္လက္မခံလိုက္လို႔ မင္းက သားအဖဆက္ဆံေရးဖ်က္ခ်င္တယ္ဆို ကိုယ္ဘာလုပ္ရေတာ့မွာလဲ။အခုခ်ိန္က မင္းရဲ႕ မရင့္က်က္ေသးတဲ့အခ်ိန္အပိုင္းအျခားဆိုေတာ့ ရန္မစရဲပါဘူးဗ်ာ}
က်ိခ်င္းက်ိဳးက မထိန္းႏိုင္ပဲ ရယ္ေမာလိုက္ၿပီး မ်က္လုံးစြန္းေလးေတြကအစ အျပဳံးေတြျပည့္ႏွက္ေနခဲ့၏။
{ဒါဆို ကြၽန္ေတာ္ အိပ္ရာဝင္ၿပီ။ခင္ဗ်ားလည္းေစာေစာေလး အိပ္ေနာ္}
သူ ထိုသို႔ေျပာၿပီး ဖုန္းခ်လိုက္ကာ ေပ်ာ္႐ႊင္စြာျဖင့္ ခ်ဴခ်န္ထံemojiတစ္ခုပို႔ေပးလိုက္သည္။
ခ်ဴခ်န္တစ္ေယာက္ WeChat စာဝင္သံၾကား၍ ၾကည့္လိုက္ခ်ိန္ က်ိခ်င္းက်ိဴးပို႔ေပးလာသည့္ {ကြၽန္ေတာ့္ႏွလုံးသားေလးယူပါ} ဆိုတဲ့ emojiကို ေတြ႕လိုက္ရသည္။
သတိမမူမိဘဲ ခ်ဴခ်န္ ႏႈတ္ခမ္းေထာင့္ေလးေတြေကြးတက္သြား၏။
--ေကာင္ေလး။ယီးတီးယားတားလာလုပ္ေနတာလား။
--ကြၽန္ေတာ့္ႏွလုံးသားေလးယူပါ
ခ်စ္ဖို႔ေကာင္းတယ္။ခ်ဴခ်န္စိတ္ထဲေတြးလိုက္မိ၏။ကလန္ကဆန္လုပ္တတ္ရင္ေတာင္ အရမ္းခ်စ္ဖို႔ေကာင္းေနတုန္းပဲ။
သူ႕ရဲ႕ က်ိဳးက်ိဳး....
-
ရသစုံ႐ိႈး႐ိုက္ကူးေရးဒုတိယေန႔တြင္ က်ိခ်င္းက်ိဳးတစ္ေယာက္ ဖန္ေယာင္႐ႊမ္းလက္စားေခ်မွာေၾကာက္ၿပီး တစ္ခ်ိန္လုံး လ်န္က်င္း႐ွင္ေနာက္ တေကာက္ေကာက္လိုက္ေန၏။သို႔ေသာ္ ဖန္ေယာင္႐ႊမ္းက ေဒါသေျပသြားတဲ့ပုံေပၚၿပီး သူ႕ကိုၾကည့္၍ ႏွာပဲမႈတ္ျပလာသည္။တစ္ျခားဘာမွ ထပ္မလုပ္ခဲ့ေပ။က်င္း႐ွင္ရဲ႕ပရိသတ္ဆိုတဲ့ စိတ္ႀကီးနဲ႔ေလာ့ယြီ႐ွင္းကေတာ့ သူ႕ကိုအၿမဲေလးစားသမူျပဳျပေနတုန္းပင္။
ဝန္ထမ္းေတြ အျပင္အဆင္ေနရာခ်ေနတုန္း သ႐ုပ္ေဆာင္ေတြကလည္း အသံဖမ္းစက္ေတြပိတ္ထား၍ လြတ္တဲ့ေနရာေလး၌ ႏွစ္ေယာက္တစ္စု သုံးေယာက္တစ္စု စုထိုင္ကာ ေရေသာက္အေမာေျဖေနၾကသည္။
ဖန္ေယာင္႐ႊမ္းသည္ ႐ိုက္ကူးေရးေနစဥ္အတြင္း လ်န္က်င္း႐ွင္ေပၚ တေလးတစားလုပ္ေနတဲ့ ေလာ့ယြီ႐ွင္းကို သေဘာမက်စြာေျပာလာသည္။
"မင္း လ်န္က်င္း႐ွင္ေပၚ တအားအေလးေပးလြန္းေနတာပဲ"
"သူက ငါတို႔ထက္ နာမည္ႀကီးလို႔ေလ"
ေလာ့ယြီ႐ွင္း ေျပာလိုက္တယ္။
ဖန္ေယာင္႐ႊမ္းက ႐ႈံ႕တြကာ-
"အိမ္ကကန္ထုတ္ခံလိုက္ရတဲ့ေခြးတစ္ေကာင္သာသာပဲကို မင္းေလးစားမႈနဲ႔ထိုက္တန္မေနဘူး"
သူ႕စကားေတြက ေလာ့ယြီ႐ွင္းကို အလြန္စိတ္ဝင္စားလာေစသည္။
"မင္းေျပာခ်င္တာ ..."
"လ်န္က်င္း႐ွင္ဘာလို႔ အႏုပညာေလာကထဲေရာက္လာတယ္ထင္လဲ"
ဖန္ေယာင္႐ႊမ္း ေလာ့ယြီ႐ွင္းထံၾကည့္လိုက္ကာ-
"တစ္ျခားဘယ္ေနရာမွာမွ ေယာင္ေပေပမေနႏိုင္လို႔မဟုတ္ဘူး။သူ႕ဘဝႀကီးကိုက ရယ္စရာေကာင္းေနတာ။သူအေမက အိမ္ကေန မထြက္သြားႏိုင္လို႔ ေသသြားခဲ့တယ္။ဖေအက ဟာသ။မေအကလည္း ဟာသ။သူလည္းဟာသပဲ။ဒါေပမယ့္အႏုပညာေလာကထဲေရာက္လာၿပီး လူတိုင္းလိုခ်င္တဲ့ idolျဖစ္လာလိမ့္မယ္လို႔မထင္ထားခဲ့ဘူး။သူပရိသတ္ေတြဆို ဘာတဲ့ သခင္ေလးလို႔ေတာင္ ေခၚေနၾကေသးတယ္ ဟားဟားဟားဟား တကယ္ရယ္ရတာေနာ္"
×××××××××××××××××
က်င္း႐ွင္က နင္တို႔ႏွစ္ေကာင္ထက္သာေနတုန္းပဲဟဲ့😡😡
တကယ္ေတာ့ ဒီအပိုင္းဘာသာျပန္ရင္ မ်က္ရည္က်လာလို႔ ဝမ္ရိေပၚရင္ခြင္ထဲဝင္လိုက္ရေသးတယ္😪 (တကယ္ပါ ဘာသာျပန္သူကFA ကိုမွ Forever lonely လိုပုံစံစစ္စစ္🤧 ဝမ္ရိေပၚရင္ခြင္ထဲမွာ ေနေနရတာေတာင္ သူတို႔ေၾကာင့္ အဆင္ေျပမေနဘူးးးးးး)
ဒါနဲ႔ ပါးခ်ဴက အမွန္ေျပာတယ္ေနာ္😂 သူ႕အေတြးထဲ
က်ိဳးက်ိဳး ဝင္ၾကည့္လို႔မရတာေတာင္ လိမ္မေနဘူး ဟားဟားဟားး (သူခ်စ္တာသိမေနတာကလြဲလို႔ေပါ့ ခက္တယ္ခက္တယ္)
ကိုယ္လက္နာေနတာ သုံးရက္႐ွိၿပီ။ကိုယ္က ဖုန္းနဲ႔စာ႐ိုက္ရင္ ေဘးကလူပါ အသံၾကားရတာ။ေဒါက္ေဒါက္နဲ႔ အဲ့လို အသားကုန္ဖိႏွိပ္လို႔ လက္ညိႇဳးထိပ္ႀကီးနာေနတဲ့ၾကားက တင္ေပးလိုက္တာေနာ္ ပါးခ်ဴလို႔ခ်စ္ေပးၾက😂
****************************