ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြ...

By Greentealay-

1M 153K 7.6K

Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47... More

{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23•1}
{23.2}
{23.3}
{ 24}
{25}
{26}
{27}
{28}
{29}
{ 30 }
{31}
{32}
{34}
{33}
{35}
အဆက်
{36}
{37}
{38}
{39}
{40}
{41}
{42}
{အဆက်}
{43}
{44}
{45}
{46}
{47}
{48}
{49}
{50}
{51}
{52}
{53}
{54}
{55}
{56}
{57}
{58}
{59}
{60}
{61.1}
{62}
{62.1}
{63}
{64}
{65}
{66}
{67}
{68}
{69}
{ 70}
{71}
{72}
{73}
{74}
{75}
{76}
{77}
{78}
{79}
{80}
[81]
{82}
{83}
{83-1}
{84}
{85}
{86}
{86-1}
{87}
{88}
{89}
{90}
{91}
{92}
{93}
{94}
{95}
{96}
{97}
{98}
{99}
{100}
{ 101}
{102}
{103}
{104}
{105}
{106}
{107}
{108}
{109}
{110}
{111}
{112}
{113}
{114}
{115}
{ 116}
{117}
{119}
{120}
{121}
{118}
{122}
{123}
{124}
{123-2}
{125}
{126}
{127}
{128}
{128-2}
{129}
{130}
{131}
{132}
[133]
{134}
{135}
{136}
{137-1}
{137-2}
{138}
💙
{138}
{139}
💙
{140}
{141}
{142}
{143}
{144}
{145}
အဆက်
{146}
[147]
{148}
💙
{149}
{150}
အဆက်
{151}
အဆက်
{152}
{153}
{154}
{155}
{156}
{157}
{158}
{159}
{160}

{61}

4.9K 844 11
By Greentealay-


Unicode

"ရပါတယ် ကော"

ကျိချင်းကျိုးကပြန်ပြောလိုက်သည်။

သူက ထိုသို့ပြောပြီးသည်နှင့် ခေါင်းငုံ့ပြီး အစား စားတဲ့ပေါ်မှာပဲ အာရုံစိုက်တော့သည်။

ဘေးမှာထိုင်နေသည့် ချူချန်ကတော့ ကျိချင်းကျိုးကိုကြည့်လိုက် လျန်ကျင်းရှင်လက်ထဲမှ ခွက်အားကြည့်လိုက်ဖြင့်...နောက်ဆုံးတော့ သူ့မျက်လုံးတွေဟာ ချစ်သူကောင်လေးပေါ်အခြေကျသွား၏။
ဒါဘာသဘောလဲ ??
သူ့ ဖို့ကျတော့ရော ? ??
လျန်ကျင်းရှင်တွက် ထည့်ပေးပြီး သူ့ကိုကျ ဘာလို့ မထည့်ပေးတာလဲ ? ? ?
သူက သောက်စရာလေးတစ်ခွက်ရဖို့တောင် မထိုက်တန်ဘူးလား?!

ချူချန်သည် "ဗြန်း" ခနဲအသံမြည်အောင် လက်ထဲကခွက်အား ကျိချင်းကျိုးဆီ ထိုပေးလိုက်သည်။

"ကိုယ်လည်း လိုချင်တယ်။ကိုယ့်ကိုလည်း တစ်ခွက်ထည့်ပေး"

ကျိချင်းကျိုးတစ်ယောက် တစ်ဖက်လူ၏အရက်ခွက်အားကြည့်လိုက်ကာ-

"ခင်ဗျားခွက်ထဲမှာအပြည့်ပဲလေ"

ချူချန်က ချက်ချင်းပဲ ခွက်ကိုပြန်ယူ၍ ဂွတ်ခနဲနေအောင် တစ်ကျိုက်တည်းမော့ချကာ လူရှေ့ထပ်ကမ်းပေးလာသည်။

"အခုကုန်သွားပြီ"

ကျိချင်းကျိုး : .....

ချူချန်ကတော့ ထပ်ပြီး အူတိုနေပြန်ပြီ။ကျိချင်းကျိုးသည် ချူချန်တွက် အရက်တစ်ခွက်ထည့်ပေးလိုက်ပြီး ရိုရိုသေသေလေး လက်ထဲထည့်ပေးလိုက်သည်။

"ခင်ဗျားတွက်" 

"လိမ္မာလိုက်တာကွာ"

ချူချန်က အရက်ခွက်ကိုယူရင်း တမင်တကာ ပြောလိုက်သည်။

ပျော်ရွှင်ဖွယ်စားသောက်ပွဲတစ်ခု လုံးဝမဟုတ်ခဲ့ပေမယ့် တိတ်ဆိတ်နေခဲ့ကြသည်။ကျိချင်းကျိုး တွိုင်းလက်သွားသည့် အချိန်မှာတော့ ချူချန်တစ်ယောက် လျန်ကျင်းရှင်ထံမေးမြန်းစူးစမ်းချေတော့သည်။

"မင်းက ဘာသဘောလဲ" 

"ကိုယ်ပြောပြီးပြီလေ။ချင်းကျိုးကို ညီလေးတစ်ယောက်လို သဘောထားတာပါဆို"

"ညီအစ်ကိုဇာတ်သွင်းနေတာပဲ"

"မဟုတ်လို့ဘာဖြစ်ရမှာလဲ"

လျန်ကျင်းရှင် တစ်ဖက်လူကိုကြည့်လိုက်၏။

"ချူရှောက်ကကော  ဘယ်လိုတည်ရှိမှုမျိုးနဲ့လဲ။ချင်းကျိုးရဲ့တည်ရှိမှုကရော။သူက ဒီနေ့ ကိုယ့်ညီလေးဖြစ်နေတယ်ဆိုတာ အစစ်အမှန်ပဲ။ ဒါပေမယ့် ချူရှောက်ကျ... မနက်ဖြန် သူ့ကောင်လေးအဖြစ် ရှိနေပါဦးမယ်လို့ အာမခံနိုင်လို့လား"

လျန်ကျင်းရှင်က မျက်နှာထားတင်းတင်းဖြင့်ပြောလာသည်။

"ပွင့်ပွင့်လင်းလင်းပြောမယ်ဗျာ တစ်နေ့နေ့များ ချူရှောက် သူ့ကို ညည်းငွေ့သွားခဲ့ရင်။သူ ခင်ဗျားကို တွေ့ချင်ရင်တောင် သူ့ဘက်က တွေ့ဖို့ အဆင်ပြေမနေဘူး။ကိုယ်က သူ့စီနီယာအစ်ကိုကြီး။ပြီးတော့ သူနားမှာရှိနေတာတော်တော်ကြာပြီ။ခင်ဗျားတို့နှစ်ယောက်ကို ညီအစ်ကိုလို့ကြားတော့ အဆင်‌ပြေနေပေမယ့် အတွဲတွေဆိုရင်တော့ ကိုယ် နည်းနည်းစိတ်ပူနေမိတာ မှားလို့လား"

"အဲ့ဒါ မင်းနဲ့ဘာမှမဆိုင်ဘူး"

"ကျိချင်းကျိုးမှာ သူငယ်ချင်းမရှိသလောက်ပဲ"

လျန်ကျင်းရှင်ကဗြုန်းခနဲထပြောလာသည်။

သူပြောမှပဲ ချူချန် သဘောပေါက်သွားမိသည်။စင်စစ် ထိုကောင်လေးမှာ သူငယ်ချင်းအများကြီးမရှိတာအမှန်ပင်။အတိအကျပြောရရင် တစ်ယောက်မှကိုမရှိတာဖြစ်သည်။ထို့ကြောင့်လည်း သူအလုပ်အားရက်တိုင်း အိမ်မှာနေရင်နေ၊ မဟုတ်ရင် ဆေးရုံမှာ ဝမ်ဖန်းနှင့်အတူတူ သွားနေပေးသည်။အဲ့တာက သူ့အချိန်အများစုကို ဘာလို့ ချူချန်နဲ့ ကုန်ဆုံးရသလဲဆိုသည့် အကြောင်းရင်းလည်းဖြစ်သည်။

"နောက်ပိုင်း ခင်ဗျား သူနဲ့လမ်းခွဲပြီးရင် သူ့ဘေးမှာရှိ‌နေပေးမယ့် ....သူယုံကြည်ရလောက်တဲ့.... စကားပြောဖော် တစ်ယောက်တော့ ထားခွင့်ပေးသင့်တယ်။ခင်ဗျားက သူ့ကောင်လေးဆိုတာမှန်ပေမယ့် သူ့ခံစားချက်အကုန်လုံးကိုတော့ မထိန်းချုပ်ထားသင့်ဘူးလေ။ခင်ဗျား ခွင့်ပြုပေးမယ်မလား"

အဲ့လိုကျလည်း မမှားပေ။ အချစ်တစ်ခုတည်းနဲ့ ဘဝကပြီးပြည့်စုံတာမှမဟုတ်ပဲ။မိသားစုရှိသင့်သည်။သူငယ်ချင်းတွေရှိသင့်သည်။ကျိချင်းကျိုးမှာ မိသားစုရှိတယ်ဆိုတော့ သူငယ်ချင်းတွေ ရှိရဦးမည်။အထူးသဖြင့် ထိုကောင်လေးမချစ်မိသေးတဲ့ အခုလက်ရှိအခြေအနေမှာတည်းက သူငယ်ချင်းတွေရှိဖို့ တကယ်လိုအပ်သည်။

"အဲ့တော့ မင်းက ငါတို့ လမ်းခွဲပြီးရင် သူယုံကြည်နိုင်လောက်တဲ့ စကားပြောဖော်လေးဖြစ်ပေးချင်တာပေါ့လေ"

"မဖြစ်ချင်ပါဘူး။"

လျန်‌ကျင်းရှင်ပြောလိုက်သည်။

"ဘာလို့ဆို ကိုယ်က သူလမ်းခွဲသွားမှာ မလိုချင်ဘူး"

သူက ချူချန်ကိုကြည့်ပြီး စိတ်ရင်းနဲ့ပြောလိုက်သည်။

"သူ့စီယာအစ်ကိုကြီးအနေနဲ့ ခင်ဗျားကို သိပ်ပြီးသဘောမကျပေမယ့် .... ခင်ဗျားတို့ ထာဝရအတူတူရှိသွားနိုင်ပါစေလို့တော့ ဆုတောင်းပေးနေမှာပါ"

ချူချန်ဆွံ့အသွားပြီ.....

"မင်းဘာလို့ အဲ့လောက်တောင် ယုံကြည်ချက် လွန်ကဲနေတာလဲ။ ကျိချင်းကျိုးက မင်းကို အစ်ကိုလို့ သတ်မှတ်လို့လား။နေရာယူချက်ကတော့ မြန်ပါ့"

"ခင်ဗျားသာ ဒီနေ့ ဒီနေရာမှာမရှိခဲ့ရင် သူ သဘောတူလိုက်မှာ အသေအချာပဲ"

ချူချန်လေး တအားဂုဏ်ယူသွားပြီ။သူ့ရဲ့ချစ်သူလေးက အရမ်းစကား‌နားထောင်တာပဲ။သူမကြိုက်တာဆို ဘာ...မှ...မလုပ်တော့ဘူး.......

"အဲ့ဒါကြောင့်မို့  မင်းပိုပြီး ရှင်းရှင်းလင်းလင်းသိသင့်နေပြီ။သူ အရေးအထားဆုံးလူက ငါ ! ပဲ! သဘောပေါက်လား"

လျန်ကျင်းရှင်က ရယ်သွမ်းသွေးလိုက်သည်။

" ခင်ဗျားက အမြီးလှလှတွေ ဇွတ်ဖြန့်ပြနေတဲ့ ဒေါင်းဖိုကြီး နဲ့တူနေပြီ "

"တိုက်ဆိုင်ချက် ငါလည်း သူ့ကို အမြီးဖြန့်တဲ့ဒေါင်းဖိုကြီးနဲ့တူတယ်လို့ပြောဖူးတယ်။ အတွဲစစ်အတွဲမှန်ဆိုတာဒါပဲ "

လျန်ကျင်းရှင်ဆွံ့အသွားသည်။

"တစ်ဆိတ် ဒေါင်းဖိုတွေမှာပဲ ခမ်းနားတဲ့အမွှေးတွေရှိတာနော်"

"အခုရောအဲ့လိုမဟုတ်လို့လား။ငါတို့ထဲက ဘယ်သူကများ မိန်းမကြီးဖြစ်နေလို့လဲ"

လျန်ကျင်းရှင်တစ်ယောက် အတန်ကြာစကားမဆိုနိုင်ဖြစ်သွားရပြီး သက်ပြင်းချရုံပဲတတ်နိုင်တော့သည်။

"သစ်ပင်တွေတစ်ပင်ထီးထီးနဲ့အရှက်မရှိနေ နေကြတာက သေရမှာသေချာနေလို့လေ။လူတွေအရှက်မဲ့တာကတော့ လောကကြီးတောင် မထိန်းနိုင်တော့ဘူး"

"အင်းပေါ့ ထိပ်ဆုံးရောက်ဖို့ အသည်းအသန်ကြိုးစားနေတဲ့ တစ်စုံတစ်ယောက်လိုမျိုးပဲလေ။ သူ့ကိုယ်သူ အစ်ကိုကြီး နေရာတန်းထားယူတာ"

_

ချူချန်နှင့်လျန်ကျင်းရှင်တို့သည် နေ့ရက်တော်တော်များများ စကားနိုင်လုခဲ့ကြပြီး နောက်ဆုံးတော့ ချူချန် ပြန်ဖို့ အချိန်ကျလာခဲ့သည်။စင်စစ် သူသည် ကျိချင်းကျိုး၏ ရိုက်ကူးရေးပြီးမှ အတူတူပြန်ချင်တာဖြစ်သော်လည်း ချူရှင်းကပြောစရာရှိတယ်ဆိုတော့ သူလည်း မလာဘူးလို့ ပြောမရချေ။ထို့ကြောင့် အရင်ပြန်မှရတော့မည်။

"ဒါနဲ့ ကိုယ် မနက်ဖြန်ပြန်မှရတော့မယ်"

ချူချန် ပြောလိုက်သည်။

ကျိချင်းကျိုးသည်ကား တစ်ဖက်လူပြန်တော့မည်ဆိုတော့ အင်တင်တင်ဖြစ်နေမိပေမယ့် သူ့ရိုက်ကူးရေးပြီးဖို့က ရက်နည်းနည်းပဲလိုတော့တာဖြစ်သည်။ထို့ကြောင့် တအားကြီး ဝမ်းနည်းဟန်ပြမနေတော့ချေ။

"သိပါတယ်။ ခင်ဗျားအလုပ်တွေက အရေးကြီးတာပေါ့"

တည်ငြိမ်နေသောအသံပါဝါအားနားထောင်လိုက်ရသည့်ချူချန်:

"ကိုယ်သွားတော့မှာကို နည်းနည်းတောင် ဝမ်းနည်းတဲ့ပုံမပေါ်ပါလား"

"ဝမ်းနည်းပါတယ်"

ကျိချင်းကျိုးပြောလိုက်သည်။

"ဘယ်မှာလဲ"

ချူချန်က သူ့ကိုကြည့်လာသည်။

"ကိုယ်တွေ့တာတော့ မင်းက တစ်စက်မှ လွမ်းမဲ့ပုံမပေါ်ဘဲ တည်ငြိမ်သူကြီးဖြစ်နေတာပဲလေ"

"ဒါဆို ခင်ဗျားသွားတာနဲ့ ကျွန်တော်ကတအားလွမ်းရမယ်လို့ ဘာလို့ထင်နေတာလဲ"

ကျိချင်းကျိုးက သူနဲ့အတူစီးမျောလိုက်သည်။

ချူချန်တစ်‌ယောက် တစ်ခဏ တွေးဆဆလုပ်ပြီး အရင်လုပ်နေကျအတိုင်းပဲ သူတို့မခွဲရခင် တရင်းတနှီးနေသွားသင့်တယ်ဟုတွေးကာ ကျိချင်းကျိုးကိုကြည့်လိုက်၏။

"ကိုယ့်ကိုနမ်း"

"ခင်ဗျားပဲ နမ်းမယ်၊ ကျွန်တော်က စ မနမ်းရဘူးဆို မေ့နေပြီလား"

ကျိချင်းကျိုး ငြင်းဆန်လိုက်၏။

ဒီရက်ပိုင်းတွင်းနေ့တိုင်းဆိုသလို နမ်းတာတွေ ဖက်တာတွေအကုန်လုံး  ကျိချင်းကျိုးနောက် တကောက်ကောက်လိုက်လုပ်‌ နေရသည့် သူ့အတွက် နည်းနည်းငြီးငွေ့လာစေသည်။ထို့ကြောင့် သူလုံးဝအဲ့လိုမလုပ်ချင်တော့ပေ။

"ဒီတစ်ခါက ခြွင်းချက်လေ။ မင်း အရင်နမ်းလို့ရတယ်"

ချူချန်က တကယ့်ကို စိတ်ပြောင်းစိတ်လွှဲလူသားပင်။သို့တိုင် ကျိချင်းကျိုးက အမြဲ စိတ်ရှည်တတ်သူဖြစ်သည်။ အထူးသဖြင့် ချူချန် နှင့်ပတ်သက်ရင် အမြဲစိတ်ရှည်တတ်သူဖြစ်၍ သူ့ဘက်က အရင် အနားတိုးကပ်ပြီး နှုတ်ခမ်းကို နမ်းလိုက်သည်။

"ရပြီ"

အကြာကြီးနေမှ တစ်ဖက်လူဘက်ကစပြီး အနမ်းပေးလာခြင်းဖြစ်၍ ချူချန်ကတော့ မကျေနပ်သေးပေ။သည်ခဏ၌  အရင်အချိန်တွေကို သူ တကယ်လွမ်းဆွတ်လာမိသဖြင့်ပြောလိုက်သည်။

"ထပ်နမ်းဦး"

ကျိချင်းကျိုးက သူ့ကို ကြည့်လိုက်သည်။

"ကျွန်တော်ကို ထပ်နမ်းစေချင်တာလား"

"မရဘူးလား"

"ပါး.... စည်းကမ်းချက်တွေ ဘာအတွက်ရှိနေတာလဲသိလား"

ကျိချင်းကျိုးက သူ့ဘာသာမေးပြီး သူ့ဘာသာပြန်ဖြေလာသည်။

"အဲ့စည်းကမ်းချက်တွေကို လိုက်နာဖို့ ချိုးဖောက်ဖို့မဟုတ်ဘူး။ကျွန်တော့်ကို လက်ဦးမှုယူခွင့်မပြုဘူးလို့ပြောလာတဲ့သူက ခင်ဗျားပါ။အခုကျ အရင်စနမ်းခိုင်းနေတယ်။ဒီတိုင်းဆို စည်းကမ်းချက် ကန့်သတ်ထားတာတွေ ပျက်စီးကုန်မှာပေါ့"

ထိုစကားကြားကြားချင်း ချူချန်က ချက်ချင်း ခံပက်လာသည်။

"ဒီစည်းကမ်းချက်တွေ ချထားတဲ့လူက ကိုယ်မို့ စည်းကမ်းချိုးဖောက်လို့လည်းရတယ်လေ"

"ဒါဆို နောက်ပိုင်း စည်းကမ်းချက်တွေ ထားဦးမှာလား"

"ထားမှာပေါ့။"

"ဒါဆို ဘာလို့ နမ်းခိုင်းတုန်း"

"ဒါက ခြွင်းချက်လေကွာ။မဟုတ်ဘူးလား"

ချူချန်က ပြောလာသည်။

"အရာရာတိုင်းမှာ ခြွင်းချက်ဆိုတာရှိနေကျပဲ"

တစ်ဖက်လူက စိတ်ထဲရှိတဲ့အတိုင်းပဲ လျှောက်လုပ်နေသလို ခံစားရသဖြင့် ကျိချင်းကျိုးတစ်ယောက်  ငြင်းမနေတော့ဘဲ ထပ်နမ်းပေးလိုက်သည်။

"ရပြီ"

တစ်ဖက်သားထံမှ နှစ်ကြိမ် အနမ်းခံလိုက်ရသည့်ချူချန်သည်  ရွှင်မြူးနေသည့်မျက်လုံးလေးများအားကြည့်၍ ကျိချင်းကျိုးဘက်က အရင်စပြီး ပြုမူ‌တာတွေကို သူ အမှန်တကယ်ပင်သဘောကျနှစ်ခြိုက်ကြောင်း ချက်ချင်းသိလိုက်ရသည်။လူသားတစ်ယောက်အနေနဲ့ ကိုယ်ကြိုက်တဲ့လူကိုတွေ့ရင် နောက်ကလိုက်ကပ်ရတာကို သဘောကျနှစ်သက်ကြသည်။ဒါပေါ့ သူတို့ကို တစ်ဖက်လူက အချစ်တွေဝန်ခံပြီး ကပ်နေရင် ပိုပြီးသဘောကျသေးတယ်။ကျိချင်းကျိုးက စည်းကျော်ချင်ရုံပဲဆိုပေမယ့် သူသာ မထိန်းချုပ်နိုင်ခဲ့ရင် ချူချန်ကို တကယ်ကြိုက်သွားခဲ့ရင် လမ်းခွဲဖို့ ခက်ခဲသွားလိမ့်မည်။

🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️

💙

🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️

Zawgyi





"ရပါတယ္ ေကာ"

က်ိခ်င္းက်ိဳးကျပန္ေျပာလိုက္သည္။

သူက ထိုသို႔ေျပာၿပီးသည္ႏွင့္ ေခါင္းငုံ႔ၿပီး အစား စားတဲ့ေပၚမွာပဲ အာ႐ုံစိုက္ေတာ့သည္။

ေဘးမွာထိုင္ေနသည့္ ခ်ဴခ်န္ကေတာ့ က်ိခ်င္းက်ိဳးကိုၾကည့္လိုက္ လ်န္က်င္း႐ွင္လက္ထဲမွ ခြက္အားၾကည့္လိုက္ျဖင့္...ေနာက္ဆုံးေတာ့ သူ႕မ်က္လုံးေတြဟာ ခ်စ္သူေကာင္ေလးေပၚအေျခက်သြား၏။
ဒါဘာသေဘာလဲ ??
သူ႕ ဖို႔က်ေတာ့ေရာ ? ??
လ်န္က်င္း႐ွင္တြက္ ထည့္ေပးၿပီး သူ႕ကိုက် ဘာလို႔ မထည့္ေပးတာလဲ ? ? ?
သူက ေသာက္စရာေလးတစ္ခြက္ရဖို႔ေတာင္ မထိုက္တန္ဘူးလား?!

ခ်ဴခ်န္သည္ "ျဗန္း" ခနဲအသံျမည္ေအာင္ လက္ထဲကခြက္အား က်ိခ်င္းက်ိဳးဆီ ထိုေပးလိုက္သည္။

"ကိုယ္လည္း လိုခ်င္တယ္။ကိုယ့္ကိုလည္း တစ္ခြက္ထည့္ေပး"

က်ိခ်င္းက်ိဳးတစ္ေယာက္ တစ္ဖက္လူ၏အရက္ခြက္အားၾကည့္လိုက္ကာ-

"ခင္ဗ်ားခြက္ထဲမွာအျပည့္ပဲေလ"

ခ်ဴခ်န္က ခ်က္ခ်င္းပဲ ခြက္ကိုျပန္ယူ၍ ဂြတ္ခနဲေနေအာင္ တစ္က်ိဳက္တည္းေမာ့ခ်ကာ လူေ႐ွ႕ထပ္ကမ္းေပးလာသည္။

"အခုကုန္သြားၿပီ"

က်ိခ်င္းက်ိဳး : .....

ခ်ဴခ်န္ကေတာ့ ထပ္ၿပီး အူတိုေနျပန္ၿပီ။က်ိခ်င္းက်ိဳးသည္ ခ်ဴခ်န္တြက္ အရက္တစ္ခြက္ထည့္ေပးလိုက္ၿပီး ႐ို႐ိုေသေသေလး လက္ထဲထည့္ေပးလိုက္သည္။

"ခင္ဗ်ားတြက္" 

"လိမၼာလိုက္တာကြာ"

ခ်ဴခ်န္က အရက္ခြက္ကိုယူရင္း တမင္တကာ ေျပာလိုက္သည္။

ေပ်ာ္႐ႊင္ဖြယ္စားေသာက္ပြဲတစ္ခု လုံးဝမဟုတ္ခဲ့ေပမယ့္ တိတ္ဆိတ္ေနခဲ့ၾကသည္။က်ိခ်င္းက်ိဳး တြိဳင္းလက္သြားသည့္ အခ်ိန္မွာေတာ့ ခ်ဴခ်န္တစ္ေယာက္ လ်န္က်င္း႐ွင္ထံေမးျမန္းစူးစမ္းေခ်ေတာ့သည္။

"မင္းက ဘာသေဘာလဲ" 

"ကိုယ္ေျပာၿပီးၿပီေလ။ခ်င္းက်ိဳးကို ညီေလးတစ္ေယာက္လို သေဘာထားတာပါဆို"

"ညီအစ္ကိုဇာတ္သြင္းေနတာပဲ"

"မဟုတ္လို႔ဘာျဖစ္ရမွာလဲ"

လ်န္က်င္း႐ွင္ တစ္ဖက္လူကိုၾကည့္လိုက္၏။

"ခ်ဴေ႐ွာက္ကေကာ  ဘယ္လိုတည္႐ွိမႈမ်ိဳးနဲ႔လဲ။ခ်င္းက်ိဳးရဲ႕တည္႐ွိမႈကေရာ။သူက ဒီေန႔ ကိုယ့္ညီေလးျဖစ္ေနတယ္ဆိုတာ အစစ္အမွန္ပဲ။ ဒါေပမယ့္ ခ်ဴေ႐ွာက္က်... မနက္ျဖန္ သူ႕ေကာင္ေလးအျဖစ္ ႐ွိေနပါဦးမယ္လို႔ အာမခံႏိုင္လို႔လား"

လ်န္က်င္း႐ွင္က မ်က္ႏွာထားတင္းတင္းျဖင့္ေျပာလာသည္။

"ပြင့္ပြင့္လင္းလင္းေျပာမယ္ဗ်ာ တစ္ေန႔ေန႔မ်ား ခ်ဴေ႐ွာက္ သူ႕ကို ညည္းေငြ႕သြားခဲ့ရင္။သူ ခင္ဗ်ားကို ေတြ႕ခ်င္ရင္ေတာင္ သူ႕ဘက္က ေတြ႕ဖို႔ အဆင္ေျပမေနဘူး။ကိုယ္က သူ႕စီနီယာအစ္ကိုႀကီး။ၿပီးေတာ့ သူနားမွာ႐ွိေနတာေတာ္ေတာ္ၾကာၿပီ။ခင္ဗ်ားတို႔ႏွစ္ေယာက္ကို ညီအစ္ကိုလို႔ၾကားေတာ့ အဆင္‌ေျပေနေပမယ့္ အတြဲေတြဆိုရင္ေတာ့ ကိုယ္ နည္းနည္းစိတ္ပူေနမိတာ မွားလို႔လား"

"အဲ့ဒါ မင္းနဲ႔ဘာမွမဆိုင္ဘူး"

"က်ိခ်င္းက်ိဳးမွာ သူငယ္ခ်င္းမ႐ွိသေလာက္ပဲ"

လ်န္က်င္း႐ွင္ကျဗဳန္းခနဲထေျပာလာသည္။

သူေျပာမွပဲ ခ်ဴခ်န္ သေဘာေပါက္သြားမိသည္။စင္စစ္ ထိုေကာင္ေလးမွာ သူငယ္ခ်င္းအမ်ားႀကီးမ႐ွိတာအမွန္ပင္။အတိအက်ေျပာရရင္ တစ္ေယာက္မွကိုမ႐ွိတာျဖစ္သည္။ထို႔ေၾကာင့္လည္း သူအလုပ္အားရက္တိုင္း အိမ္မွာေနရင္ေန၊ မဟုတ္ရင္ ေဆး႐ုံမွာ ဝမ္ဖန္းႏွင့္အတူတူ သြားေနေပးသည္။အဲ့တာက သူ႕အခ်ိန္အမ်ားစုကို ဘာလို႔ ခ်ဴခ်န္နဲ႔ ကုန္ဆုံးရသလဲဆိုသည့္ အေၾကာင္းရင္းလည္းျဖစ္သည္။

"ေနာက္ပိုင္း ခင္ဗ်ား သူနဲ႔လမ္းခြဲၿပီးရင္ သူ႕ေဘးမွာ႐ွိ‌ေနေပးမယ့္ ....သူယုံၾကည္ရေလာက္တဲ့.... စကားေျပာေဖာ္ တစ္ေယာက္ေတာ့ ထားခြင့္ေပးသင့္တယ္။ခင္ဗ်ားက သူ႕ေကာင္ေလးဆိုတာမွန္ေပမယ့္ သူ႕ခံစားခ်က္အကုန္လုံးကိုေတာ့ မထိန္းခ်ဳပ္ထားသင့္ဘူးေလ။ခင္ဗ်ား ခြင့္ျပဳေပးမယ္မလား"

အဲ့လိုက်လည္း မမွားေပ။ အခ်စ္တစ္ခုတည္းနဲ႔ ဘဝကၿပီးျပည့္စုံတာမွမဟုတ္ပဲ။မိသားစု႐ွိသင့္သည္။သူငယ္ခ်င္းေတြ႐ွိသင့္သည္။က်ိခ်င္းက်ိဳးမွာ မိသားစု႐ွိတယ္ဆိုေတာ့ သူငယ္ခ်င္းေတြ ႐ွိရဦးမည္။အထူးသျဖင့္ ထိုေကာင္ေလးမခ်စ္မိေသးတဲ့ အခုလက္႐ွိအေျခအေနမွာတည္းက သူငယ္ခ်င္းေတြ႐ွိဖို႔ တကယ္လိုအပ္သည္။

"အဲ့ေတာ့ မင္းက ငါတို႔ လမ္းခြဲၿပီးရင္ သူယုံၾကည္ႏိုင္ေလာက္တဲ့ စကားေျပာေဖာ္ေလးျဖစ္ေပးခ်င္တာေပါ့ေလ"

"မျဖစ္ခ်င္ပါဘူး။"

လ်န္‌က်င္း႐ွင္ေျပာလိုက္သည္။

"ဘာလို႔ဆို ကိုယ္က သူလမ္းခြဲသြားမွာ မလိုခ်င္ဘူး"

သူက ခ်ဴခ်န္ကိုၾကည့္ၿပီး စိတ္ရင္းနဲ႔ေျပာလိုက္သည္။

"သူ႕စီယာအစ္ကိုႀကီးအေနနဲ႔ ခင္ဗ်ားကို သိပ္ၿပီးသေဘာမက်ေပမယ့္ .... ခင္ဗ်ားတို႔ ထာဝရအတူတူ႐ွိသြားႏိုင္ပါေစလို႔ေတာ့ ဆုေတာင္းေပးေနမွာပါ"

ခ်ဴခ်န္ဆြံ႕အသြားၿပီ.....

"မင္းဘာလို႔ အဲ့ေလာက္ေတာင္ ယုံၾကည္ခ်က္ လြန္ကဲေနတာလဲ။ က်ိခ်င္းက်ိဳးက မင္းကို အစ္ကိုလို႔ သတ္မွတ္လို႔လား။ေနရာယူခ်က္ကေတာ့ ျမန္ပါ့"

"ခင္ဗ်ားသာ ဒီေန႔ ဒီေနရာမွာမ႐ွိခဲ့ရင္ သူ သေဘာတူလိုက္မွာ အေသအခ်ာပဲ"

ခ်ဴခ်န္ေလး တအားဂုဏ္ယူသြားၿပီ။သူ႕ရဲ႕ခ်စ္သူေလးက အရမ္းစကား‌နားေထာင္တာပဲ။သူမႀကိဳက္တာဆို ဘာ...မွ...မလုပ္ေတာ့ဘူး.......

"အဲ့ဒါေၾကာင့္မို႔  မင္းပိုၿပီး ႐ွင္း႐ွင္းလင္းလင္းသိသင့္ေနၿပီ။သူ အေရးအထားဆုံးလူက ငါ ! ပဲ! သေဘာေပါက္လား"

လ်န္က်င္း႐ွင္က ရယ္သြမ္းေသြးလိုက္သည္။

" ခင္ဗ်ားက အၿမီးလွလွေတြ ဇြတ္ျဖန္႔ျပေနတဲ့ ေဒါင္းဖိုႀကီး နဲ႔တူေနၿပီ "

"တိုက္ဆိုင္ခ်က္ ငါလည္း သူ႕ကို အၿမီးျဖန္႔တဲ့ေဒါင္းဖိုႀကီးနဲ႔တူတယ္လို႔ေျပာဖူးတယ္။ အတြဲစစ္အတြဲမွန္ဆိုတာဒါပဲ "

လ်န္က်င္း႐ွင္ဆြံ႕အသြားသည္။

"တစ္ဆိတ္ ေဒါင္းဖိုေတြမွာပဲ ခမ္းနားတဲ့အေမႊးေတြ႐ွိတာေနာ္"

"အခုေရာအဲ့လိုမဟုတ္လို႔လား။ငါတို႔ထဲက ဘယ္သူကမ်ား မိန္းမႀကီးျဖစ္ေနလို႔လဲ"

လ်န္က်င္း႐ွင္တစ္ေယာက္ အတန္ၾကာစကားမဆိုႏိုင္ျဖစ္သြားရၿပီး သက္ျပင္းခ်႐ုံပဲတတ္ႏိုင္ေတာ့သည္။

"သစ္ပင္ေတြတစ္ပင္ထီးထီးနဲ႔အ႐ွက္မ႐ွိေန ေနၾကတာက ေသရမွာေသခ်ာေနလို႔ေလ။လူေတြအ႐ွက္မဲ့တာကေတာ့ ေလာကႀကီးေတာင္ မထိန္းႏိုင္ေတာ့ဘူး"

"အင္းေပါ့ ထိပ္ဆုံးေရာက္ဖို႔ အသည္းအသန္ႀကိဳးစားေနတဲ့ တစ္စုံတစ္ေယာက္လိုမ်ိဳးပဲေလ။ သူ႕ကိုယ္သူ အစ္ကိုႀကီး ေနရာတန္းထားယူတာ"

_

ခ်ဴခ်န္ႏွင့္လ်န္က်င္း႐ွင္တို႔သည္ ေန႔ရက္ေတာ္ေတာ္မ်ားမ်ား စကားႏိုင္လုခဲ့ၾကၿပီး ေနာက္ဆုံးေတာ့ ခ်ဴခ်န္ ျပန္ဖို႔ အခ်ိန္က်လာခဲ့သည္။စင္စစ္ သူသည္ က်ိခ်င္းက်ိဳး၏ ႐ိုက္ကူးေရးၿပီးမွ အတူတူျပန္ခ်င္တာျဖစ္ေသာ္လည္း ခ်ဴ႐ွင္းကေျပာစရာ႐ွိတယ္ဆိုေတာ့ သူလည္း မလာဘူးလို႔ ေျပာမရေခ်။ထို႔ေၾကာင့္ အရင္ျပန္မွရေတာ့မည္။

"ဒါနဲ႔ ကိုယ္ မနက္ျဖန္ျပန္မွရေတာ့မယ္"

ခ်ဴခ်န္ ေျပာလိုက္သည္။

က်ိခ်င္းက်ိဳးသည္ကား တစ္ဖက္လူျပန္ေတာ့မည္ဆိုေတာ့ အင္တင္တင္ျဖစ္ေနမိေပမယ့္ သူ႕႐ိုက္ကူးေရးၿပီးဖို႔က ရက္နည္းနည္းပဲလိုေတာ့တာျဖစ္သည္။ထို႔ေၾကာင့္ တအားႀကီး ဝမ္းနည္းဟန္ျပမေနေတာ့ေခ်။

"သိပါတယ္။ ခင္ဗ်ားအလုပ္ေတြက အေရးႀကီးတာေပါ့"

တည္ၿငိမ္ေနေသာအသံပါဝါအားနားေထာင္လိုက္ရသည့္ခ်ဴခ်န္:

"ကိုယ္သြားေတာ့မွာကို နည္းနည္းေတာင္ ဝမ္းနည္းတဲ့ပုံမေပၚပါလား"

"ဝမ္းနည္းပါတယ္"

က်ိခ်င္းက်ိဳးေျပာလိုက္သည္။

"ဘယ္မွာလဲ"

ခ်ဴခ်န္က သူ႕ကိုၾကည့္လာသည္။

"ကိုယ္ေတြ႕တာေတာ့ မင္းက တစ္စက္မွ လြမ္းမဲ့ပုံမေပၚဘဲ တည္ၿငိမ္သူႀကီးျဖစ္ေနတာပဲေလ"

"ဒါဆို ခင္ဗ်ားသြားတာနဲ႔ ကြၽန္ေတာ္ကတအားလြမ္းရမယ္လို႔ ဘာလို႔ထင္ေနတာလဲ"

က်ိခ်င္းက်ိဳးက သူနဲ႔အတူစီးေမ်ာလိုက္သည္။

ခ်ဴခ်န္တစ္‌ေယာက္ တစ္ခဏ ေတြးဆဆလုပ္ၿပီး အရင္လုပ္ေနက်အတိုင္းပဲ သူတို႔မခြဲရခင္ တရင္းတႏွီးေနသြားသင့္တယ္ဟုေတြးကာ က်ိခ်င္းက်ိဳးကိုၾကည့္လိုက္၏။

"ကိုယ့္ကိုနမ္း"

"ခင္ဗ်ားပဲ နမ္းမယ္၊ ကြၽန္ေတာ္က စ မနမ္းရဘူးဆို ေမ့ေနၿပီလား"

က်ိခ်င္းက်ိဳး ျငင္းဆန္လိုက္၏။

ဒီရက္ပိုင္းတြင္းေန႔တိုင္းဆိုသလို နမ္းတာေတြ ဖက္တာေတြအကုန္လုံး  က်ိခ်င္းက်ိဳးေနာက္ တေကာက္ေကာက္လိုက္လုပ္‌ ေနရသည့္ သူ႕အတြက္ နည္းနည္းၿငီးေငြ႕လာေစသည္။ထို႔ေၾကာင့္ သူလုံးဝအဲ့လိုမလုပ္ခ်င္ေတာ့ေပ။

"ဒီတစ္ခါက ႁခြင္းခ်က္ေလ။ မင္း အရင္နမ္းလို႔ရတယ္"

ခ်ဴခ်န္က တကယ့္ကို စိတ္ေျပာင္းစိတ္လႊဲလူသားပင္။သို႔တိုင္ က်ိခ်င္းက်ိဳးက အၿမဲ စိတ္႐ွည္တတ္သူျဖစ္သည္။ အထူးသျဖင့္ ခ်ဴခ်န္ ႏွင့္ပတ္သက္ရင္ အၿမဲစိတ္႐ွည္တတ္သူျဖစ္၍ သူ႕ဘက္က အရင္ အနားတိုးကပ္ၿပီး ႏႈတ္ခမ္းကို နမ္းလိုက္သည္။

"ရၿပီ"

အၾကာႀကီးေနမွ တစ္ဖက္လူဘက္ကစၿပီး အနမ္းေပးလာျခင္းျဖစ္၍ ခ်ဴခ်န္ကေတာ့ မေက်နပ္ေသးေပ။သည္ခဏ၌  အရင္အခ်ိန္ေတြကို သူ တကယ္လြမ္းဆြတ္လာမိသျဖင့္ေျပာလိုက္သည္။

"ထပ္နမ္းဦး"

က်ိခ်င္းက်ိဳးက သူ႕ကို ၾကည့္လိုက္သည္။

"ကြၽန္ေတာ္ကို ထပ္နမ္းေစခ်င္တာလား"

"မရဘူးလား"

"ပါး.... စည္းကမ္းခ်က္ေတြ ဘာအတြက္႐ွိေနတာလဲသိလား"

က်ိခ်င္းက်ိဳးက သူ႕ဘာသာေမးၿပီး သူ႕ဘာသာျပန္ေျဖလာသည္။

"အဲ့စည္းကမ္းခ်က္ေတြကို လိုက္နာဖို႔ ခ်ိဳးေဖာက္ဖို႔မဟုတ္ဘူး။ကြၽန္ေတာ့္ကို လက္ဦးမႈယူခြင့္မျပဳဘူးလို႔ေျပာလာတဲ့သူက ခင္ဗ်ားပါ။အခုက် အရင္စနမ္းခိုင္းေနတယ္။ဒီတိုင္းဆို စည္းကမ္းခ်က္ ကန္႔သတ္ထားတာေတြ ပ်က္စီးကုန္မွာေပါ့"

ထိုစကားၾကားၾကားခ်င္း ခ်ဴခ်န္က ခ်က္ခ်င္း ခံပက္လာသည္။

"ဒီစည္းကမ္းခ်က္ေတြ ခ်ထားတဲ့လူက ကိုယ္မို႔ စည္းကမ္းခ်ိဳးေဖာက္လို႔လည္းရတယ္ေလ"

"ဒါဆို ေနာက္ပိုင္း စည္းကမ္းခ်က္ေတြ ထားဦးမွာလား"

"ထားမွာေပါ့။"

"ဒါဆို ဘာလို႔ နမ္းခိုင္းတုန္း"

"ဒါက ႁခြင္းခ်က္ေလကြာ။မဟုတ္ဘူးလား"

ခ်ဴခ်န္က ေျပာလာသည္။

"အရာရာတိုင္းမွာ ႁခြင္းခ်က္ဆိုတာ႐ွိေနက်ပဲ"

တစ္ဖက္လူက စိတ္ထဲ႐ွိတဲ့အတိုင္းပဲ ေလွ်ာက္လုပ္ေနသလို ခံစားရသျဖင့္ က်ိခ်င္းက်ိဳးတစ္ေယာက္  ျငင္းမေနေတာ့ဘဲ ထပ္နမ္းေပးလိုက္သည္။

"ရၿပီ"

တစ္ဖက္သားထံမွ ႏွစ္ႀကိမ္ အနမ္းခံလိုက္ရသည့္ခ်ဴခ်န္သည္  ႐ႊင္ျမဴးေနသည့္မ်က္လုံးေလးမ်ားအားၾကည့္၍ က်ိခ်င္းက်ိဳးဘက္က အရင္စၿပီး ျပဳမူ‌တာေတြကို သူ အမွန္တကယ္ပင္သေဘာက်ႏွစ္ၿခိဳက္ေၾကာင္း ခ်က္ခ်င္းသိလိုက္ရသည္။လူသားတစ္ေယာက္အေနနဲ႔ ကိုယ္ႀကိဳက္တဲ့လူကိုေတြ႕ရင္ ေနာက္ကလိုက္ကပ္ရတာကို သေဘာက်ႏွစ္သက္ၾကသည္။ဒါေပါ့ သူတို႔ကို တစ္ဖက္လူက အခ်စ္ေတြဝန္ခံၿပီး ကပ္ေနရင္ ပိုၿပီးသေဘာက်ေသးတယ္။က်ိခ်င္းက်ိဳးက စည္းေက်ာ္ခ်င္႐ုံပဲဆိုေပမယ့္ သူသာ မထိန္းခ်ဳပ္ႏိုင္ခဲ့ရင္ ခ်ဴခ်န္ကို တကယ္ႀကိဳက္သြားခဲ့ရင္ လမ္းခြဲဖို႔ ခက္ခဲသြားလိမ့္မည္။

🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️

💙

🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️

Continue Reading

You'll Also Like

411K 21.6K 47
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
6.6M 434K 94
Hanary Victor + Loon Tar Nay San
1.1M 14.9K 23
Myanmar × BL Uni/Zaw Warning..... Start Date:29.9.2023 End Date:20.11.2023 Photo Crd
168K 17.5K 109
ဘာသာပြန်သူ - စွဲညို့အသင်း