The Villain Dressed As a Litt...

Bởi Mimosa2002

90.2K 15.5K 447

Original Author -狩心( ShòuXīn) Status -Completed Total episodes -51+Extra5 Start Date -31.8.2022 End Date - U... Xem Thêm

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16 (Thadingyut Surprise)
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
ဟီးဟီး
Chapter 29
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
တောင်းပန်စာ
Chapter 36
Chapter 37.1
Chapter 37.2
Chapter 38.1
Chapter -38.2
Chapter 39
Chapter -40.1
Chapter -40.2
Chapter -41.1
Chapter -41.2
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter - 46

Chapter 30

1.3K 273 10
Bởi Mimosa2002

    ချင်ရှောင်းအောက်ထပ်ဆင်းဖို့လုပ်‌တုန်း သူ့နောက်ကနေ ထူးဆန်းတဲ့အသံတစ်ခုထွက်လာလေသည်။

       ရေလှိုင်းဂယက်ထနေတဲ့အသံဖြစ်‌တာကြောင့် ချင်ရှောင်းအံ့အားသင့်သွားကာ ဘာဖြစ်တာလဲဟုလှည့်ကြည့်လိုက်စဉ် ပုံရိပ်တစ်ခုကသူ့ထံပစ်ဝင်လာခဲ့သည်။

      အနက်ရောင်အမြှီးကြီးကရေတွေက စင်ထွက်စေနေတာပင်။

     ရေတွေစင်နေတဲ့အချိန်မှာပဲ ချင်ရှောင်းရေထဲကနေသူ့ရင်ခွင်ထဲပစ်ဝင်လာတဲ့ရေသူလေးကိုလှမ်းဖမ်းလိုက်ရ၏။

      ရေသူလေးကရေတွေစိုရွှဲနေပြီး ချင်ရှောင်းရင်ခွင်ထဲခုန်ဝင်လိုက်တာကြောင့် သူ့အဝတ်အစားတွေကိုပါစိုသွားစေသည်။

      ချင်ရှောင်း‌မျက်မှောင်နက်နက်ကြုတ်လိုက်ပြီး သူ့ရင်ခွင်ထဲကရေသူထီးလေးကိုငုံ့ကြည့်လိုက်မိ၏။ ကောင်လေးကရုတ်တရက်သူ့ရဲ့ သွယ်ပြောင်းတဲ့လက်ကလေးတွေကိုမြှောက်ပြီး ချင်ရှောင်းရဲ့ပုခုံးကိုရစ်ပတ်လိုက်ကာ နား နားကပ်၍ချင်ရှောင်းကိုအံ့အားသင့်သွားစေသည့် တစ်စုံတစ်ခုကိုပြောခဲ့သည်။

        လင်ရှီးချင်ရှောင်းရဲ့အနားကိုကပ်ပြီး
  
    "ကျွန်တော် ခင်များကိုလိုချင်တယ်..."

       ထိုစကားလေးလုံးက ချင်ရှောင်းနားထဲကျရောက်သွားခဲ့သည်။ ဒါပေမယ့် စကားတစ်ခုလုံးရဲ့အပြည့်အစုံက 'ကျွန်တော်ခင်များခန္ဓာကိုယ်ကို လိုချင်တယ်' ဆိုပြီးဖြစ်ပေလိမ့်မည်။
[T/N- 我想要你__Wǒ xiǎng yào nǐ >> လေးလုံးပါ]

      တကယ်လို့ လူပုံစံနဲ့ဖြတ်သန်းရလျှင်ကောင်းမည်ဟု ထိုအချိန်တုန်းကလင်ရှီးတွေးခဲ့မိသည်။ အတော်လေးမူးနေရင်တောင် ချင်ရှောင်းရင်ခွင်ထဲခုန်ဝင်ဖို့ဆိုတာ သေချာပေါက်မဖြစ်နိုင်ပေ။

      ပြီးတော့ ငါးကန်ထဲကခုန်ထွက်ဖို့ဆို‌တာရောပေါ့...

     အသိစိတ်က ခန္ဓာကိုယ်ကကွဲထွက်သွားတဲ့အကျိုးဆက်က ခန္ဓာကိုယ်ကိုထိန်းချုပ်ဖို့ခက်စေသည်။
[T/N- ပြောချင်တာကကွာ သူသာပုံမှန်အသိစိတ်နဲ့ဆိုဒီအရာတွေကလုံးဝမဖြစ်နိုင်ဘူးပေါ့ သူသာလူဆိုရင်သူ့စိတ်သူထိန်းချုပ်နိုင်တယ်လို့ဆိုလိုချင်တာပါ။ မရှင်းရင်ကိုယ်တို့အပြစ်ပါ]

       လင်ရှီးအိပ်မက်မက်နေတယ်လို့တောင်ထင်မိသည်။ အဲ့တာ(အိပ်မက်)ကတကယ်အစစ်အမှန်မဟုတ်မှတော့ သူ့အရှေ့ရှိချင်ရှောင်းကလည်းထင်ယောင်ထင်မှားသာဖြစ်ပြီး လင်ရှီးသူ့ခန္ဓာကိုယ်ကို လိုချင်တယ်လို့ပြောတဲ့အချိန် ထိုကိစ္စနဲ့ပတ်သတ်ပြီး ဘာကမှားနေလဲဆိုတာလင်ရှီးမတွေးခဲ့မိပေ။

       လင်ရှီးက ချင်ရှောင်းရဲ့အလျားလိုက်ပွေ့ချီတာခံထားရပြီး သူ့ရဲ့အနက်ရောင်အမြှီးကြီးက ကြမ်း‌ပြင်ပေါ်ဒရွတ်တိုက်ကျနေ၏။ ထိုတွဲလောင်းဖြစ်နေတဲ့ခံစားချက်ကလင်ရှီးကို မသက်မသာဖြစ်စေသည်။

    သူအနည်းငယ်လူးလွန့်သွားပြီးနောကခဏတွင် အနက်ရောင်အမြှီးက ခြေထောက်သွယ်သွယ်လေးတစ်စုံအဖြစ် ပြောင်းသွားလေသည်။

     လင်ရှီး ချင်ရှောင်းရင်ခွင်ထဲကိုတိုက်ရိုက်ခုန်ချခဲ့တာကြောင့် လူသားပုံစံမပြောင်းခင်အဝတ်အစားမဝတ်ခဲ့ရပေ။ ထို့ကြောင့်သူကအခု လုံးဝကိုမွေးရာပါအတိုင်းကိုယ်လုံးတီးနှင့်ပင်။

        လင်ရှီးက အိပ်မက်တစ်ခုလို့ထင်နေပေမယ့် ချင်ရှောင်းရဲ့မျက်လုံးထဲမှာ သူ့ပုံစံကဘယ်လောက်တောင်အကျိုးသက်ရောက်မှုရှိသလဲဆိုတာသူမသိပေ။ သူ သူ့ရဲ့မျက်နှာသေးသေးလေးကိုမော့ပြီး ချင်ရှောင်းကိုပြုံးပြလိုက်၏။ သူ့ရဲ့မျက်ဝန်းနက်နက်လေးတွေက ချင်ရှောင်းဆီတည့်တည့်ရောက်နေကာ ချင်ရှောင်းရဲ့ခက်ထန်ပြတ်သားတဲ့မျက်နှာကို ခဏမျှကြည့်လိုက်သည်။ သူ့ရဲ့လက်ရှိဖြစ်နေတဲ့ သေးသေးသွယ်သွယ်အရိုးတွေနှင့် ထိလွယ်ရှလွယ်တဲ့ဖြူဖြူနုနုအသားအရည်ရှိသည့်ရေသူခန္ဓာကိုယ်မဟုတ်ဘဲ အဲ့ဒီလို(ချင်ရှောင်းလို) မျက်နှာမျိုးနှင့် သန်မာတောင့်တင်းတဲ့ခန္ဓာကိုယ်မျိုးကို သူသဘောကျလှသည်။

      လင်ရှီးသူ့လက်ချောင်းလေးတွေနှင့် ချင်ရှောင်းရဲ့မျက်နှာချွန်ချွန်ကို ကူးလူးပွတ်သပ်နေမိပြိး ချင်ရှောင်းကိုနှစ်ထောင်းအားရစွာစိုက်ကြည့်လိုက်၏။ သူသဘောကျနေတဲ့ရေသူလေးက လက်ထဲမှာရှိနေပြီး လှလှပပကောင်ငယ်လေးကချင်ရှောင်းကိုဦးဆောင်ဖို့ အကောင်းဆုံးကြိုးစားနေသည်လေ။

     ချင်ရှောင်းရဲ့မျက်လုံးထဲမှာတော့ ဒီတွေ့ဆုံမှုမှာလင်ရှီးရဲ့အပြုအမူတွေက သွေးဆောင်ဖျားယောင်းမှုတစ်မျိုးပင်။

      ဒါ့အပြင်လင်ရှီးဘာကြောင့် ရုတ်တရက်ဒီလိုမျိုးတွေထလုပ်လဲဆိုတာကို သူမတွေးတတ်တော့ပါဘူး။

      ဟုတ်သား..လင်ရှီးမူးနေတာပဲ။

    ရေသူလေးက သူ့လက်မောင်းထဲမှာရှိနေပြီး နှစ်ယောက်ကလည်းအလွန်နီးကပ်နေတာကြောင့် ချင်ရှောင်း လင်ရှီးရဲ့အနည်းငယ်ဟနေတဲ့ပါးစပ်လေးထံမှ သစ်သီးဝိုင်ချိုချိုလေးရဲ့အနံ့ကိုရလိုက်၏။

      ချင်ရှောင်းအသက်ရှူလိုက်ရာမှ လင်ရှီးသောက်ထားတဲ့ဝိုင်က သစ်သီးဝိုင်ဆိုတာသိလိုက်ရသည်။

     ချင်ရှောင်းရဲ့နက်မှောင်နေတဲ့မျက်လုံးတွေက လင်ရှီးရဲ့မျက်နှာလေးကိုစူးစိုက်ကြည့်လိုက်သည်။ လင်ရှီးရဲ့အပြုအမူတွေက အရင်ကနဲ့လုံးဝကွဲ‌ပြားနေရတဲ့အ
     ကြောင်းအရင်းက မူးနေတာကြောင့်ဆိုတာသေချာသလောက်ပင်။

     တစ်ချိန်ထဲမှာပဲချင်ရှောင်း လွန်ခဲ့တဲ့ရက်အနည်းငယ်က သူ့ရင်ခွင်အတွင်းရောက်ခဲ့တဲ့ သူ့အဖေလေးလင်ရှီးပြောခဲ့တဲ့စကားကို သတိရမိလိုက်၏။

     အဲ့ဒီအချိန်တုန်းက သူ့ကိုယ်သူရူးတော့မယ်လို့တောင်ခံစားခဲ့ရတယ်လေ။

      အခုတော့ကောင်လေးကဝိုင်သောက်ပြီးမူးနေပြီဟု သူထင်သည်။ မဟုတ်ရင်လည်း သူ့ဆီကရှောင်ပုန်းဖို့နောက်‌ကျသွားလေပြီ။ ဒါ့ကြောင့်သူဘာလို့အလျှင်စလိုလုပ်ဖို့လိုမှာလဲ။

      ချင်ရှောင်းဖန်ငါးကန်ဆီသို့ပြန်သွားပြီး ရင်ခွင်ထဲကကောင်လေးကိုငါးကန်ထဲ ထည့်လိုက်၏။ သို့သော်ငြား ကောင်လေးကသူ့အဝတ်တွေကိုဆုပ်ကိုင်ထားပြီး ငါးကန်ထဲပြန်သွားဖို့ငြင်းဆန်နေလေသည်။

       ချင်ရှောင်းမျက်မှောင်အနည်းငယ်မျှကျုံ့လိုက်၏။ သူ့ရဲ့ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်စွမ်းကို ကောင်လေးကစိမ်ခေါ်နေတာပင်။

      လင်ရှီး သူဘာတွေလုပ်မိနေလဲဆိုတာကိုသိရဲ့လား...?

      ချင်ရှောင်းပြုံးလိုက်မိ၏။ လင်ရှီးမသိနိုင်ဘူး။ သူသာသိရင် သူ့လက်ထဲကခုန်ထွက်သွားတာကြာလှပေါ့.....

      ငါးကန်ထဲမဆင်းချင်ဘူးဆိုမှတော့ အောက်ထပ်(ဒုတိယထပ်)ဆင်းရမှာဆင်းရမှာပေါ့။ ချင်ရှောင်းသူ့ရင်ခွင်ထဲကရေသူလေးကိုမကြည့်မိအောင် မျက်လုံးတွေကိုထိန်းချုပ်လိုက်၏။

       လင်ရှီးခန္ဓာကိုလေးကတောက်ပနေပြီး အရင်တုန်းကဖြူဖြူဖွေးဖွေးပုံစံလေးနှင့် ကွာခြားလှသည်။ ဒီနေ့တော့သူ့ခန္ဓာကိုယ်တစ်ခုလုံးက အနီရောင်‌ပါးပါးလေးသမ်းနေပေသည်။

      ချင်ရှောင်းဒုတိယထပ်ကိုအမြန်ဆင်းကာ လင်ရှီးရဲ့အခန်းတံခါးကိုကန်ဖွင့်လိုက်ပြီး အခန်းထဲဝင်၍လင်ရှီးကို ကုတင်ပေါ်တင်ပေးလိုက်၏။

     ချင်ရှောင်းသူ့လည်ပင်းကိုဖက်ထားတဲ့ လင်ရှီးရဲ့လက်တွေကိုဆွဲဖြုတ်တော့ လင်ရှီးကရုတ်တရက်ပိုတင်းကြပ်လိုက်သည်။

     အရမ်းရုတ်တရက်ဆန်စွာဖြစ်သွားပြီး ချင်ရှောင်းခဏလောက်သတိမပြုမိလိုက်တာကြောင့် နောက်အခိုက်အတန့်မှာတင် ချင်ရှောင်းလင်ရှီးနဲ့ဝင်တိုက်မိသွားလေသည်။

      လင်ရှီးရဲ့ခန္ဓာကိုယ်လေးသည်ပိန်ပါးသေးသွယ်လှ၏။ အကယ်၍သူသာ တကယ်ကြီးဖိမိရင် လူအများမနာလိုဒေါသထွက်အောင် လုပ်မိသလိုဖြစ်သွားမှာပင်။ ချင်ရှောင်းအချိန်မီထိန်းချုပ်လိုက်၏။
      
       လင်ရှီး ချင်ရှောင်းကိုဆွဲချလို့မရတာ သိသွားသောအခါ သူ့နှုတ်ခမ်းကိုစူလိုက်ပြီး သူ့ကြည့်ရတာ‌အတော်လေးမပျော်မရွှင်ဖြစ်သွားတဲ့ပုံပင်။

      လင်ရှီးသည်ရှုံးနိမ့်မှုကို ဝန်ခံလိုစိတ်မရှိတဲ့လူတစ်ယောက်ဖြစ်သည်။

      အရင်တုန်းက သူ့ကိုယ်သူသေနတ်နဲ့ပစ်ပြီး သေဖို့ရွေးချယ်ခဲ့သည်။ အဲ့တာကသူ့ကိုယ်သူ ရှုံးသွားလို့ဖြစ်ပြီး အမျိုးသားဇာတ်လိုက်ကိုရှုံးလို့မဟုတ်ခဲ့ချေ။

      အခုလည်းသူချင်ရှောင်းကို ဆွဲချချင်ပေမယ့် ချင်ရှောင်းကသူတွေးထားသလိုလုပ်ဖို့မလွယ်ပေ။ မူးနေတဲ့လင်ရှီးက သိသိသာသာပင် ကလေးလိုစိတ်လေးသာရှိနေခဲ့၏။

       ဆွဲချလို့မရဘူးဆိုတာသူမယုံဘူး။

       ထို့နောက်လင်ရှီးချင်ရှောင်းရဲ့အင်္ကျီကိုဆွဲတော့သည်။

     သူအားသုံးပြီးဆွဲတာကြောင့် ချင်ရှောင်းရဲ့စစ်ဝတ်စုံက ကြယ်သီးတွေကိုပြုတ်သွားစေခဲ့သည်။

     ကြယ်သီးတွေထဲကတစ်လုံးက လင်ရှီးရဲ့မျက်နှာလေးဆီထိသွားပြီး အနည်းငယ်နာကျင်သွားစေတာကြောင့် လင်ရှီးမတရားခံရတဲ့မျက်နှာပေးလေးဖြစ်သွားသည်။

      "ခင်များခန္ဓာကိုယ်ကျုပ်ကိုပေးလို့၊ ကျုပ်ခင်များခန္ဓာကိုယ်ကို လိုချင်တယ်လို့!!"

      ဒီတစ်ခါကအရင်ကစကားထပ်ပိုပြီးပြည့်စုံနေပေမယ့်လည်း ကြီးမားတဲ့မရေ‌မရာဖြစ်ခြင်းကို ဖန်တီးနေဆဲပင်။

      ဘာလိုပဲဖြစ်ဖြစ် ပုံမှန်ယောက်ျားတစ်ယောက်က ဒီလိုထပ်ခါထပ်ခါတောင်းဆိုမှုမျိုးကိုတောင့်ခံနိုင်ဖို့ဆိုတာ သာမန်တော့မဟုတ်ဘူး။

[နည်းနည်းတော့လွဲနေပြီထင်တယ်နော်ဘရိုရေ]

      ဒါ့အပြင်ချင်ရှောင်းက လင်ရှီးအပေါ်စိတ်ရှိနေသည်လေ။

     ချင်ရှောင်းသူ့ဘဝမှာနှစ်သက်တဲ့အရာဆိုလို့ အတော်လေးနည်းပါးလှပေသည်။ ရှဲ့ဟုန်မင်က သူ့ကိုရေသူတစ်ကောင်ပေးမယ်ပြောတုန်းက ဒီရေသူလေးကို တကယ်ကြီးသဘောကျသွားမယ့်ရက် ရောက်ရှိလာမယ်လို့ တစ်ခါမှမတွေးခဲ့ဖူးပါချေ။

     သို့သော်ငြားအထောက်အထားတွေက ချင်ရှောင်းကို သူကလင်ရှီးကိုသဘောကျရုံတင်မက အချိန်တိုင်းသူ့အနားမှာရှိနေစေချင်တယ်လို့ပြောနေ၏။

     ချင်ရှောင်းအရင်တုန်းကပြောခဲ့တဲ့ သူကအခြားသူရဲ့အန္တရာယ်ကျနေတာကိုအခွင့်ကောင်းယူတတ်တဲ့သူမဟုတ်ဘူးဆိုတဲ့စကားကို ပြန်ရုတ်သိမ်းလိုက်သည်။

      ရေသူလေးကမူးနေတယ်ဆိုတာသူသိတာတောင် ရေသူလေးရဲ့ဒီလိုဆွဲဆောင်မှုကို သူခံရနေဆဲပင်။

       သူလင်ရှီးရဲ့လက်ကိုကိုင်လိုက်ကာ သူ့ခန္ဓာကိုယ်ကလေးလဲလှတဲ့တောင်တစ်တောင်ဖြစ်နေပြီး လင်ရျီးဆီကိုင်းချလိုက်သည်။ အလင်းကိုကွယ်လိုက်တာကြောင့် အရိပ်ကလင်ရှီးပေါ်ကျနေပြီး လင်ရှီးရဲ့ကိုယ်လုံးသွယ်သွယ်လေးကိုဖုံးအုပ်သွားတော့သည်။

      "မင်းဘာတွေပြောနေလဲဆိုတာ မင်းသိရဲ့လား?"

     ချင်ရှောင်းအသံနိမ့်နိမ့်နဲ့ပြောလိုက်သည်။

     "သိတယ် ဒါပေမဲ့တတိယအကြိမ်မပြောချင်တော့ဘူး"

     လင်ရှီးအလွန်တောက်ပစွာပြုံးပြလာ၏။

    အဲ့ဒီခဏမှာ ချင်ရှောင်းပန်းတွေပွင့်လာတဲ့အသံကိုတောင် ကြားနေရတယ်လို့ခံစားလိုက်ရသည်။
   
    "မင်းတကယ် ကိုယ့်ကိုလိုချင်လား?" ချင်ရှောင်းလင်ရှီးကိုအတည်ပြုလိုက်သည်။

     "လိုချင်တယ်၊ တကယ်လိုချင်တယ်လို့၊ ကျွန်တော့်ကိုပေးလို့"

     လင်ရှီးချင်ရှောင်းရဲ့ချုပ်နှောင်မှုကလွတ်မြောက်သွားပြီး ချင်ရှောင်းရဲ့လည်ပင်းကိုရစ်ပတ်ဖို့ လက်ကိုဆန့်ထုတ်လိုက်သည်။

    မီးတောက်အစုအဝေးတစ်ခုက ချင်ရှောင်းရဲ့မျက်လုံးထဲမှာတောက်လောင်လာပြီး ထိုမီးတောက်ကအပြင်ဘက်ကိုပျံ့နှံ့သွားသလိုပင် လင်‌ရှီးကိုပါသက်ရောက်လာစေသည်။

     လင်ရှီးအနည်းငယ်ပူလာသလို ခံစားလိုက်ရ၏။

      "မင်းမူးနေပြီ"

    ဆင်ခြင်တုံတရားနဲ့လိုအင်ဆန္ဒကနှစ်ဖက်ကွဲနေပြီး တိုက်ခိုက်ခြင်းမရှိတာကြောင့် ချင်ရှောင်းနောက်ဆုံးအနေနဲ့လင်ရှီးကိုရွေးချယ်ခွင့်ပေးနေတာပင်။

     လင်ရှီးမျက်တောင်ခတ်လိုက်၏။ ဒါကသူ့အိပ်မက်လို့ထင်နေပြီး အိပ်မက်ထဲမှာသူကစောင့်စည်းနေစရာမလိုပေ။

      "ထင်တာပဲ၊ ဒါပေမဲ့ဝိုင်ကတကယ်အရသာရှိတယ်"

    လင်ရှီးအပြုံးလေးနဲ့ချင်ရှောင်းကိုပြောလိုက်သည်။

    ဒီနေ့သူပြုံးလိုက်တဲ့အကြိမ်ရေနဲ့ ချင်ရှောင်းရှေ့မှာပြုံးလိုက်တဲ့အကြိမ်ရေစုစုပေါင်းက အရင်ကသူပြုံးခဲ့သမျှအကြိမ်အရေအတွက်နဲ့တူညီသည်ဟုပြောလို့ရသည်။

      "ရိုးရိုးသားသားပြောရရင် ကျွန်တော်ခင်များကိုအတော်လေးကြိုက်တယ်"

     လင်ရှီးပေါ့ပေါ့ပါးပါးပြောလိုက်ပေမယ့် ချင်ရှောင်းက လင်ရှီးသူ့ကိုကြိုက်တယ်လို့ပြောတာကြားလိုက်ချိန်တွင် သူ့မျက်လုံးများတွင်အလွန်အန္တရာယ်များတဲ့ အရိပ်အယောင်များဖြတ်ပြေးသွားသည်။

      "ခင်များပဲကြည့်လေ ခင်များမှာရာထူးမြင့်မြင့်လည်းရှိတယ်၊ ဒုဗိုလ်မှူးကြီးလည်းဖြစ်သေးတယ်၊ ပြီးတော့ခင်များက ခန့်ညားချောမောနေသေးတယ်လေ။ ခင်များကအမြဲတမ်းအေးစက်စက်မျက်နှာကြီးလုပ်ထားရင်တောင် ဒီနေရာမှာတော့အေးစက်မနေဘူးဆိုတာ ကျွန်တော်သိသားပဲ"

     လင်ရှီးရဲ့လက်ချောင်းထိပ်လေးတွေက ချင်ရှောင်းရဲ့ကိုယ်ပေါ်ကျရောက်သွားပြီး နှလုံးသားရှိရာနေရာကို ပေါ့ပေါ့ပါးပါးခေါက်လိုက်၏။

  [T/N- ချင်ရှောင်းကဒုဗိုလ်မှူးကြီးရာထူးပါနော်၊ အရှေ့ပိုင်းတွေမှာကိုယ်မှားပြန်ထားတာရှိရင်တောင်းပန်ပါတယ်နောက်ပိုင်းစာပြန်စစ်ပြီးပြန်ပြင်လိုက်ပါ့မယ်]

    လင်ရှီးရဲ့မျက်လုံးများက ကြယ်လေးတွေလိုတောက်ပလင်းလက်နေပြီး အပေါ်ကချင်ရှောင်းကိုမော့ကြည့်လိုက်၏။ ထိုအချိန်တွင် ချင်ရှောင်း လင်ရှီးရဲ့မျက်လုံးထဲကအလင်းပြန်လာတဲ့ သူ့ကိုယ်သူမြင်လိုက်ရသည်။

      ချင်ရှောင်းလင်ရှီးထံကိုင်းညွှတ်ချလိုက်လေသည်။ 

     ဒါကအိပ်မက်တစ်ခုလို့တွေးထားပြီး ချင်ရှောင်းကသူ့ဆီကိုဒီလိုမျိုး ချဉ်းကပ်လာတဲ့အခါ လင်ရှီးတစ်ဖက်လူကရိုးရိုးသားသားကပ်လာတယ်ထင်မိပြီး ချင်ရှောင်းရဲ့အနက်ရောင်ဆံပင်တွေက အနည်းငယ်ဆွဲဆောင်မှုရှိတာကို မြင်လိုက်ရတာကြောင့် ထိုလူ့ရဲ့ဆံပင်တွေကို သူလင်ကျင့်ကိုပွတ်နေကျလိုမျိုး ပွတ်ဖို့ပြင်လိုက်၏။

      ဒါပေမဲ့နောက်ခဏတွင်ဖြစ်လာတဲ့အရာတွေက လင်ရှီးကိုမျက်လုံးပြူးသွားစေခဲ့သည်။

      သူ့နှုတ်ခမ်းကိုနူးနူးညံ့ညံ့ထိတွေ့လာပြီး သူ့နှုတ်ခမ်းနှစ်လွှာက တစ်ခြားလူ၏ဖိကပ်ခြင်းကိုခံလိုက်ရလေသည်။

      ဒီအခြေအနေကဘာကြီးတုန်း!!!!

      လင်ရှီးတောင့်ခဲသွားကာ သူ့မသိစိတ်ရဲ့စေ့ဆော်မှုကြောင့် ထိုလူကိုတွန်းထုတ်ပစ်ချင်ပေမဲ့ သူ့ညာဘက်လက်ကောက်ဝတ်က ရုတ်တရက်အတားခံလိုက်ရပြီး လင်ရှီးရုန်းကန်ခြင်းမပြုနိုင်တော့ပါချေ။

     လင်ရှီးချင်ရှောင်းကို ဒါကဘာအဓိပ္ပါယ်လဲလို့မမေးခင် သူ့လည်ပင်းအနောက်ဘက်က ချင်ရှောင်းလက်ဖဝါးထဲကျရောက်သွားတော့သည်။

     မူလကမလေးနက်တဲ့အရာတွေက ချက်ချင်းပြင်းထန်တဲ့တိုက်ခိုက်မှုအဖြစ်ပြောင်းလဲသွားခဲ့၏။

     လင်ရှီးအတော်လေးကိုတုန်လှုပ်သွားခဲ့ပြီး သူရုန်းကန်ဖို့ကြိုးစားလိုက်တဲ့အချိန် အခွင့်အရေးကဆုံးရှုံးသွားခဲ့ပြီးသားဖြစ်နေခဲ့သည်။

    သူ့လျှာထိပ်ကရုတ်တရက်စုပ်ယူခံလိုက်ရပြီး ရစ်ပတ်ခံလိုက်ရတာကြောင့် ထုံကျင်စေသော‌လျှပ်စီးကြောင်းက သူ့ခန္ဓာကိုယ်ထဲတွင်ပေါက်ကွဲသွားပြီး သူ့လက်ချောင်းထိပ်ကလေးများကိုပါ တုန်ယင်ကာထုံထိုင်းသွားစေသည်။

     သူ့မျက်လုံးများကပူလောင်လာကာ အသက်ရှူလို့မရတော့တာကြောင့် တောင်ကြီးလိုလေးလံလှတဲ့ သူ့ကိုချုပ်ထားတဲ့သူကို ကန်ထုတ်ပစ်လိုက်၏။ ပထမကလင်ရှီးအိပ်မက်တစ်ခုလို့ထင်နေတာဖြစ်ပေမယ့် အရက်မူးတာတဖြည်းဖြည်းလျော့လာတဲ့နောက် အိပ်မက်မဟုတ်ဘူး‌ဆိုတာ သူသိလိုက်ရတော့သည်။

      ထိုအချိန် သူထပ်ပြီးလွတ်မြောက်ချင်နေပေမယ့် သူ့ခန္ဓာကိုယ်နှင့်ဝိဉာဉ်က အဲ့ဒီအထဲကိုနစ်မြုပ်နေပုံပင်။

     လင်ရှီးပါးစပ်ကနေ ဝိုင်အရသာကို အနည်းငယ်သာရလိုက်ပေမယ့်လည်း သူ့ကိုလုံးဝယစ်မူးသွားစေခဲ့သည်။

    ဒီ‌နှစ်တွေမှာ ချင်ရှောင်းတစ်ခါမှ ထိန်းချုပ်မှုလွတ်ထွက်သွားတာမရှိခဲ့ပေ။ သူ့ကိုထိန်းချုပ်မှုလွတ်သွားအောင်လုပ်နိုင်တဲ့အရာ မရှိဘူးလို့တောင်သူ‌တွေးမိခဲ့ဖူးသည်။

     ဒီညမှာတော့ချင်ရှောင်းအဲ့တာကရှိတယ်ဆိုတာ နားလည်းသွားပြီး မခုခံနိုင်ခဲ့ပေ။

     ချင်ရှောင်းအရင်ကတစ်ခါမှမကြုံခဲ့ဖူးတဲ့ ဆန္ဒတစ်ရပ်ဖြစ်ပြီး ဒီနေ့ထိစောင့်ခဲ့ရတာ‌ကိုတောင်နောင်တရမိသွားသည်။ အစောတည်းကသာသူသိမယ်ဆိုရင် ဒီဆန္ဒကိုတစ်ရက်ကြိုပြီး နားလည်သွားမှာဖြစ်သည်။

     တစ်ချိန်ထဲမှာပဲသူက လင်ရှီးကိုပိုင်တဲ့လူတစ်ယောက်ဖြစ်နေရတာကို ဝမ်းသာမိသွားသည်။ ထိုလူကသူမဟုတ်ရင် ဘာတွေဖြစ်နေမလဲဆိုတာကိုပုံဖော်ကြည့်ဖို့တောင် သူ့အတွက်ခက်ခဲလှသည်။

      ချင်ရှောင်းလင်ရှီးရဲ့ ချွေးစို့နေတဲ့နဖူးလေးကိုနမ်းလိုက်၏။ သူ့ရင်ခွင်ထဲကကောင်ငယ်လေးက နတ်သားလေးလိုပဲ။ ထိုခဏမှာတင် သူလင်ရှီးကိုမြတ်နိုးပြီး တစ်ဘဝလုံးကာကွယ်စောင့်ရှောက်သွားမယ်လို့ သူ့ကိုယ်သူကျိန်ဆိုလိုက်၏။

      လင်ရှီးနေ‌ကြောင့်နိုးလာခဲ့သည်။

     နေရောင်ခြည်က ပြတင်းပေါက်ကိုဖြတ်ပြီး သူ့မျက်နှာကိုထိုးလာသည်လေ။
    
      အလင်းရောင်က မျက်စိကျိန်းအောင်တောက်ပနေပြီး လင်ရှီးမျက်လုံးဖွင့်လိုက်တာနဲ့ချက်ချင်းပြန်မှိတ်လိုက်ရလေသည်။

      သူ့မျက်လုံးရှိနာကျင်မှုက အနည်းငယ်စူးအောင့်နေကာ ခဏကြာပြီးနောက်လင်ရှီးပြန်ဖွင့်လိုက်၏။

      သူ့ခေါင်းနဲ့ခန္ဓာကိုယ်ကလေးလံနေကာ လေးလံတဲ့အရာတစ်ခုက သူ့အပေါ်တက်ပြေးထားသလိုပင်။ လင်ရှီးမျက်တောင်ခတ်လိုက်၏။ သူ့ပိုင်ရှင်ဖြစ်သူချင်ရှောင်းနဲ့အိပ်မိသွားတယ်ဆိုတဲ့ အရောင်အသွေးစုံသည့်အိပ်မက်တစ်ခုကို မက်ခဲ့တယ်လို့ခံစားရလိုက်သည်။

     ထူးဆန်းတဲ့အိပ်မက်က အတော်လေးကိုအစစ်အမှန်ဆန်နေပြီး အနာဂါတ်နမိတ်တစ်ခုလားလို့တောင် အံ့အားသင့်မိစေသည်။

     အိပ်ယာပေါ်ထထိုင်လိုက်တော့ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ထူးဆန်းတဲ့ခံစားချက်ကြီးရလိုက်တာကြောင့် လင်ရှီးတောင့်ခဲသွားတော့သည်။ သူ့ခေါင်းက်ုဖြည်းဖြည်းချင်းငုံ့ပြီး သူ့ခန္ဓာကိုယ်ကိုကြည့်လိုက်ရာ မြင်လိုက်ရတာတွေက သူ့ကိုအေး‌ခဲသွားစေခဲ့သည်။

      အရေပြားပေါ်ရှိ ထူထပ်စွာဖုံးလွှမ်းနေတဲ့အမှတ်အသားတွေက လင်ရှီးကိုမနေ့ညကဖြစ်ပျက်ခဲ့တာတွေက အိပ်မက်မဟုတ်ကြောင်းရှင်းရှင်းလင်းလင်းပြသနေခဲ့သည်။

      တကယ်ကြီးဖြစ်ပျက်သွားခဲ့တာ......။
     

#2.12.2022

ကားကတော့ဝူးခနဲပါပဲ။

😁😁😚😚
အရိုက်ခံသင့်တဲ့မီပါ



~~Zawgyi~~

  ခ်င္ေရွာင္းေအာက္ထပ္ဆင္းဖို႔လုပ္တုန္း သူ႕ေနာက္ကေန ထူးဆန္းတဲ့အသံတစ္ခုထြက္လာေလသည္။

   ေရလွိုင္းဂယက္ထေနတဲ့အသံျဖစ္တာေၾကာင့္ ခ်င္ေရွာင္းအံ့အားသင့္သြားကာ ဘာျဖစ္တာလဲဟုလွည့္ၾကည့္လိုက္စဥ္ ပုံရိပ္တစ္ခုကသူ႕ထံပစ္ဝင္လာခဲ့သည္။

   အနက္ေရာင္အျမႇီးႀကီးကေရေတြက စင္ထြက္ေစေနတာပင္။

  ေရေတြစင္ေနတဲ့အခ်ိန္မွာပဲ ခ်င္ေရွာင္းေရထဲကေနသူ႕ရင္ခြင္ထဲပစ္ဝင္လာတဲ့ေရသူေလးကိုလွမ္းဖမ္းလိုက္ရ၏။

   ေရသူေလးကေရေတြစို႐ႊဲေနၿပီး ခ်င္ေရွာင္းရင္ခြင္ထဲခုန္ဝင္လိုက္တာေၾကာင့္ သူ႕အဝတ္အစားေတြကိုပါစိုသြားေစသည္။

   ခ်င္ေရွာင္းမ်က္ေမွာင္နက္နက္ၾကဳတ္လိုက္ၿပီး သူ႕ရင္ခြင္ထဲကေရသူထီးေလးကိုငုံ႕ၾကည့္လိုက္မိ၏။ ေကာင္ေလးက႐ုတ္တရက္သူ႕ရဲ႕ သြယ္ေျပာင္းတဲ့လက္ကေလးေတြကိုျမႇောက္ၿပီး ခ်င္ေရွာင္းရဲ႕ပုခုံးကိုရစ္ပတ္လိုက္ကာ နား နားကပ္၍ခ်င္ေရွာင္းကိုအံ့အားသင့္သြားေစသည့္ တစ္စုံတစ္ခုကိုေျပာခဲ့သည္။

    လင္ရွီးခ်င္ေရွာင္းရဲ႕အနားကိုကပ္ၿပီး

  "ကြၽန္ေတာ္ ခင္မ်ားကိုလိုခ်င္တယ္..."

   ထိုစကားေလးလုံးက ခ်င္ေရွာင္းနားထဲက်ေရာက္သြားခဲ့သည္။ ဒါေပမယ့္ စကားတစ္ခုလုံးရဲ႕အျပည့္အစုံက 'ကြၽန္ေတာ္ခင္မ်ားခႏၶာကိုယ္ကို လိုခ်င္တယ္' ဆိုၿပီးျဖစ္ေပလိမ့္မည္။
[T/N- __W xing yo n >> ေလးလုံးပါ]

   တကယ္လို႔ လူပုံစံနဲ႕ျဖတ္သန္းရလွ်င္ေကာင္းမည္ဟု ထိုအခ်ိန္တုန္းကလင္ရွီးေတြးခဲ့မိသည္။ အေတာ္ေလးမူးေနရင္ေတာင္ ခ်င္ေရွာင္းရင္ခြင္ထဲခုန္ဝင္ဖို႔ဆိုတာ ေသခ်ာေပါက္မျဖစ္နိုင္ေပ။

   ၿပီးေတာ့ ငါးကန္ထဲကခုန္ထြက္ဖို႔ဆိုတာေရာေပါ့...

  အသိစိတ္က ခႏၶာကိုယ္ကကြဲထြက္သြားတဲ့အက်ိဳးဆက္က ခႏၶာကိုယ္ကိုထိန္းခ်ဳပ္ဖို႔ခက္ေစသည္။
[T/N- ေျပာခ်င္တာကကြာ သူသာပုံမွန္အသိစိတ္နဲ႕ဆိုဒီအရာေတြကလုံးဝမျဖစ္နိုင္ဘူးေပါ့ သူသာလူဆိုရင္သူ႕စိတ္သူထိန္းခ်ဳပ္နိုင္တယ္လို႔ဆိုလိုခ်င္တာပါ။ မရွင္းရင္ကိုယ္တို႔အျပစ္ပါ]

   လင္ရွီးအိပ္မက္မက္ေနတယ္လို႔ေတာင္ထင္မိသည္။ အဲ့တာ(အိပ္မက္)ကတကယ္အစစ္အမွန္မဟုတ္မွေတာ့ သူ႕အေရွ႕ရွိခ်င္ေရွာင္းကလည္းထင္ေယာင္ထင္မွားသာျဖစ္ၿပီး လင္ရွီးသူ႕ခႏၶာကိုယ္ကို လိုခ်င္တယ္လို႔ေျပာတဲ့အခ်ိန္ ထိုကိစၥနဲ႕ပတ္သတ္ၿပီး ဘာကမွားေနလဲဆိုတာလင္ရွီးမေတြးခဲ့မိေပ။

   လင္ရွီးက ခ်င္ေရွာင္းရဲ႕အလ်ားလိုက္ေပြ႕ခ်ီတာခံထားရၿပီး သူ႕ရဲ႕အနက္ေရာင္အျမႇီးႀကီးက ၾကမ္းျပင္ေပၚဒ႐ြတ္တိုက္က်ေန၏။ ထိုတြဲေလာင္းျဖစ္ေနတဲ့ခံစားခ်က္ကလင္ရွီးကို မသက္မသာျဖစ္ေစသည္။

  သူအနည္းငယ္လူးလြန႔္သြားၿပီးေနာကခဏတြင္ အနက္ေရာင္အျမႇီးက ေျခေထာက္သြယ္သြယ္ေလးတစ္စုံအျဖစ္ ေျပာင္းသြားေလသည္။

  လင္ရွီး ခ်င္ေရွာင္းရင္ခြင္ထဲကိုတိုက္ရိုက္ခုန္ခ်ခဲ့တာေၾကာင့္ လူသားပုံစံမေျပာင္းခင္အဝတ္အစားမဝတ္ခဲ့ရေပ။ ထို႔ေၾကာင့္သူကအခု လုံးဝကိုေမြးရာပါအတိုင္းကိုယ္လုံးတီးႏွင့္ပင္။

    လင္ရွီးက အိပ္မက္တစ္ခုလို႔ထင္ေနေပမယ့္ ခ်င္ေရွာင္းရဲ႕မ်က္လုံးထဲမွာ သူ႕ပုံစံကဘယ္ေလာက္ေတာင္အက်ိဳးသက္ေရာက္မႈရွိသလဲဆိုတာသူမသိေပ။ သူ သူ႕ရဲ႕မ်က္ႏွာေသးေသးေလးကိုေမာ့ၿပီး ခ်င္ေရွာင္းကိုၿပဳံးျပလိုက္၏။ သူ႕ရဲ႕မ်က္ဝန္းနက္နက္ေလးေတြက ခ်င္ေရွာင္းဆီတည့္တည့္ေရာက္ေနကာ ခ်င္ေရွာင္းရဲ႕ခက္ထန္ျပတ္သားတဲ့မ်က္ႏွာကို ခဏမွ်ၾကည့္လိုက္သည္။ သူ႕ရဲ႕လက္ရွိျဖစ္ေနတဲ့ ေသးေသးသြယ္သြယ္အရိုးေတြႏွင့္ ထိလြယ္ရွလြယ္တဲ့ျဖဴျဖဴႏုႏုအသားအရည္ရွိသည့္ေရသူခႏၶာကိုယ္မဟုတ္ဘဲ အဲ့ဒီလို(ခ်င္ေရွာင္းလို) မ်က္ႏွာမ်ိဳးႏွင့္ သန္မာေတာင့္တင္းတဲ့ခႏၶာကိုယ္မ်ိဳးကို သူသေဘာက်လွသည္။

   လင္ရွီးသူ႕လက္ေခ်ာင္းေလးေတြႏွင့္ ခ်င္ေရွာင္းရဲ႕မ်က္ႏွာခြၽန္ခြၽန္ကို ကူးလူးပြတ္သပ္ေနမိၿပိး ခ်င္ေရွာင္းကိုႏွစ္ေထာင္းအားရစြာစိုက္ၾကည့္လိုက္၏။ သူသေဘာက်ေနတဲ့ေရသူေလးက လက္ထဲမွာရွိေနၿပီး လွလွပပေကာင္ငယ္ေလးကခ်င္ေရွာင္းကိုဦးေဆာင္ဖို႔ အေကာင္းဆုံးႀကိဳးစားေနသည္ေလ။

  ခ်င္ေရွာင္းရဲ႕မ်က္လုံးထဲမွာေတာ့ ဒီေတြ႕ဆုံမႈမွာလင္ရွီးရဲ႕အျပဳအမူေတြက ေသြးေဆာင္ဖ်ားေယာင္းမႈတစ္မ်ိဳးပင္။

   ဒါ့အျပင္လင္ရွီးဘာေၾကာင့္ ႐ုတ္တရက္ဒီလိုမ်ိဳးေတြထလုပ္လဲဆိုတာကို သူမေတြးတတ္ေတာ့ပါဘူး။

   ဟုတ္သား..လင္ရွီးမူးေနတာပဲ။

  ေရသူေလးက သူ႕လက္ေမာင္းထဲမွာရွိေနၿပီး ႏွစ္ေယာက္ကလည္းအလြန္နီးကပ္ေနတာေၾကာင့္ ခ်င္ေရွာင္း လင္ရွီးရဲ႕အနည္းငယ္ဟေနတဲ့ပါးစပ္ေလးထံမွ သစ္သီးဝိုင္ခ်ိဳခ်ိဳေလးရဲ႕အနံ႕ကိုရလိုက္၏။

   ခ်င္ေရွာင္းအသက္ရႉလိုက္ရာမွ လင္ရွီးေသာက္ထားတဲ့ဝိုင္က သစ္သီးဝိုင္ဆိုတာသိလိုက္ရသည္။

  ခ်င္ေရွာင္းရဲ႕နက္ေမွာင္ေနတဲ့မ်က္လုံးေတြက လင္ရွီးရဲ႕မ်က္ႏွာေလးကိုစူးစိုက္ၾကည့္လိုက္သည္။ လင္ရွီးရဲ႕အျပဳအမူေတြက အရင္ကနဲ႕လုံးဝကြဲျပားေနရတဲ့အ
  ေၾကာင္းအရင္းက မူးေနတာေၾကာင့္ဆိုတာေသခ်ာသေလာက္ပင္။

  တစ္ခ်ိန္ထဲမွာပဲခ်င္ေရွာင္း လြန္ခဲ့တဲ့ရက္အနည္းငယ္က သူ႕ရင္ခြင္အတြင္းေရာက္ခဲ့တဲ့ သူ႕အေဖေလးလင္ရွီးေျပာခဲ့တဲ့စကားကို သတိရမိလိုက္၏။

  အဲ့ဒီအခ်ိန္တုန္းက သူ႕ကိုယ္သူ႐ူးေတာ့မယ္လို႔ေတာင္ခံစားခဲ့ရတယ္ေလ။

   အခုေတာ့ေကာင္ေလးကဝိုင္ေသာက္ၿပီးမူးေနၿပီဟု သူထင္သည္။ မဟုတ္ရင္လည္း သူ႕ဆီကေရွာင္ပုန္းဖို႔ေနာက္က်သြားေလၿပီ။ ဒါ့ေၾကာင့္သူဘာလို႔အလွ်င္စလိုလုပ္ဖို႔လိုမွာလဲ။

   ခ်င္ေရွာင္းဖန္ငါးကန္ဆီသို႔ျပန္သြားၿပီး ရင္ခြင္ထဲကေကာင္ေလးကိုငါးကန္ထဲ ထည့္လိုက္၏။ သို႔ေသာ္ျငား ေကာင္ေလးကသူ႕အဝတ္ေတြကိုဆုပ္ကိုင္ထားၿပီး ငါးကန္ထဲျပန္သြားဖို႔ျငင္းဆန္ေနေလသည္။

   ခ်င္ေရွာင္းမ်က္ေမွာင္အနည္းငယ္မွ်က်ဳံ႕လိုက္၏။ သူ႕ရဲ႕ကိုယ့္ကိုယ္ကိုထိန္းခ်ဳပ္နိုင္စြမ္းကို ေကာင္ေလးကစိမ္ေခၚေနတာပင္။

   လင္ရွီး သူဘာေတြလုပ္မိေနလဲဆိုတာကိုသိရဲ႕လား...?

   ခ်င္ေရွာင္းၿပဳံးလိုက္မိ၏။ လင္ရွီးမသိနိုင္ဘူး။ သူသာသိရင္ သူ႕လက္ထဲကခုန္ထြက္သြားတာၾကာလွေပါ့.....

   ငါးကန္ထဲမဆင္းခ်င္ဘူးဆိုမွေတာ့ ေအာက္ထပ္(ဒုတိယထပ္)ဆင္းရမွာဆင္းရမွာေပါ့။ ခ်င္ေရွာင္းသူ႕ရင္ခြင္ထဲကေရသူေလးကိုမၾကည့္မိေအာင္ မ်က္လုံးေတြကိုထိန္းခ်ဳပ္လိုက္၏။

   လင္ရွီးခႏၶာကိုေလးကေတာက္ပေနၿပီး အရင္တုန္းကျဖဴျဖဴေဖြးေဖြးပုံစံေလးႏွင့္ ကြာျခားလွသည္။ ဒီေန႕ေတာ့သူ႕ခႏၶာကိုယ္တစ္ခုလုံးက အနီေရာင္ပါးပါးေလးသမ္းေနေပသည္။

   ခ်င္ေရွာင္းဒုတိယထပ္ကိုအျမန္ဆင္းကာ လင္ရွီးရဲ႕အခန္းတံခါးကိုကန္ဖြင့္လိုက္ၿပီး အခန္းထဲဝင္၍လင္ရွီးကို ကုတင္ေပၚတင္ေပးလိုက္၏။

  ခ်င္ေရွာင္းသူ႕လည္ပင္းကိုဖက္ထားတဲ့ လင္ရွီးရဲ႕လက္ေတြကိုဆြဲျဖဳတ္ေတာ့ လင္ရွီးက႐ုတ္တရက္ပိုတင္းၾကပ္လိုက္သည္။

  အရမ္း႐ုတ္တရက္ဆန္စြာျဖစ္သြားၿပီး ခ်င္ေရွာင္းခဏေလာက္သတိမျပဳမိလိုက္တာေၾကာင့္ ေနာက္အခိုက္အတန႔္မွာတင္ ခ်င္ေရွာင္းလင္ရွီးနဲ႕ဝင္တိုက္မိသြားေလသည္။

   လင္ရွီးရဲ႕ခႏၶာကိုယ္ေလးသည္ပိန္ပါးေသးသြယ္လွ၏။ အကယ္၍သူသာ တကယ္ႀကီးဖိမိရင္ လူအမ်ားမနာလိုေဒါသထြက္ေအာင္ လုပ္မိသလိုျဖစ္သြားမွာပင္။ ခ်င္ေရွာင္းအခ်ိန္မီထိန္းခ်ဳပ္လိုက္၏။
  
   လင္ရွီး ခ်င္ေရွာင္းကိုဆြဲခ်လိဳ႕မရတာ သိသြားေသာအခါ သူ႕ႏႈတ္ခမ္းကိုစူလိုက္ၿပီး သူ႕ၾကည့္ရတာအေတာ္ေလးမေပ်ာ္မ႐ႊင္ျဖစ္သြားတဲ့ပုံပင္။

   လင္ရွီးသည္ရႈံးနိမ့္မႈကို ဝန္ခံလိုစိတ္မရွိတဲ့လူတစ္ေယာက္ျဖစ္သည္။

   အရင္တုန္းက သူ႕ကိုယ္သူေသနတ္နဲ႕ပစ္ၿပီး ေသဖို႔ေ႐ြးခ်ယ္ခဲ့သည္။ အဲ့တာကသူ႕ကိုယ္သူ ရႈံးသြားလို႔ျဖစ္ၿပီး အမ်ိဳးသားဇာတ္လိုက္ကိုရႈံးလို႔မဟုတ္ခဲ့ေခ်။

   အခုလည္းသူခ်င္ေရွာင္းကို ဆြဲခ်ခ်င္ေပမယ့္ ခ်င္ေရွာင္းကသူေတြးထားသလိုလုပ္ဖို႔မလြယ္ေပ။ မူးေနတဲ့လင္ရွီးက သိသိသာသာပင္ ကေလးလိုစိတ္ေလးသာရွိေနခဲ့၏။

   ဆြဲခ်လိဳ႕မရဘူးဆိုတာသူမယုံဘူး။

   ထို႔ေနာက္လင္ရွီးခ်င္ေရွာင္းရဲ႕အကၤ်ီကိုဆြဲေတာ့သည္။

  သူအားသုံးၿပီးဆြဲတာေၾကာင့္ ခ်င္ေရွာင္းရဲ႕စစ္ဝတ္စုံက ၾကယ္သီးေတြကိုျပဳတ္သြားေစခဲ့သည္။

  ၾကယ္သီးေတြထဲကတစ္လုံးက လင္ရွီးရဲ႕မ်က္ႏွာေလးဆီထိသြားၿပီး အနည္းငယ္နာက်င္သြားေစတာေၾကာင့္ လင္ရွီးမတရားခံရတဲ့မ်က္ႏွာေပးေလးျဖစ္သြားသည္။

   "ခင္မ်ားခႏၶာကိုယ္က်ဳပ္ကိုေပးလို႔၊ က်ဳပ္ခင္မ်ားခႏၶာကိုယ္ကို လိုခ်င္တယ္လို႔!!"

   ဒီတစ္ခါကအရင္ကစကားထပ္ပိုၿပီးျပည့္စုံေနေပမယ့္လည္း ႀကီးမားတဲ့မေရမရာျဖစ္ျခင္းကို ဖန္တီးေနဆဲပင္။

   ဘာလိုပဲျဖစ္ျဖစ္ ပုံမွန္ေယာက္်ားတစ္ေယာက္က ဒီလိုထပ္ခါထပ္ခါေတာင္းဆိုမႈမ်ိဳးကိုေတာင့္ခံနိုင္ဖို႔ဆိုတာ သာမန္ေတာ့မဟုတ္ဘူး။

[နည္းနည္းေတာ့လြဲေနၿပီထင္တယ္ေနာ္ဘရိုေရ]

   ဒါ့အျပင္ခ်င္ေရွာင္းက လင္ရွီးအေပၚစိတ္ရွိေနသည္ေလ။

  ခ်င္ေရွာင္းသူ႕ဘဝမွာႏွစ္သက္တဲ့အရာဆိုလို႔ အေတာ္ေလးနည္းပါးလွေပသည္။ ရွဲ႕ဟုန္မင္က သူ႕ကိုေရသူတစ္ေကာင္ေပးမယ္ေျပာတုန္းက ဒီေရသူေလးကို တကယ္ႀကီးသေဘာက်သြားမယ့္ရက္ ေရာက္ရွိလာမယ္လို႔ တစ္ခါမွမေတြးခဲ့ဖူးပါေခ်။

  သို႔ေသာ္ျငားအေထာက္အထားေတြက ခ်င္ေရွာင္းကို သူကလင္ရွီးကိုသေဘာက်႐ုံတင္မက အခ်ိန္တိုင္းသူ႕အနားမွာရွိေနေစခ်င္တယ္လို႔ေျပာေန၏။

  ခ်င္ေရွာင္းအရင္တုန္းကေျပာခဲ့တဲ့ သူကအျခားသူရဲ႕အႏၱရာယ္က်ေနတာကိုအခြင့္ေကာင္းယူတတ္တဲ့သူမဟုတ္ဘူးဆိုတဲ့စကားကို ျပန္႐ုတ္သိမ္းလိုက္သည္။

   ေရသူေလးကမူးေနတယ္ဆိုတာသူသိတာေတာင္ ေရသူေလးရဲ႕ဒီလိုဆြဲေဆာင္မႈကို သူခံရေနဆဲပင္။

   သူလင္ရွီးရဲ႕လက္ကိုကိုင္လိုက္ကာ သူ႕ခႏၶာကိုယ္ကေလးလဲလွတဲ့ေတာင္တစ္ေတာင္ျဖစ္ေနၿပီး လင္ရ်ီးဆီကိုင္းခ်လိဳက္သည္။ အလင္းကိုကြယ္လိုက္တာေၾကာင့္ အရိပ္ကလင္ရွီးေပၚက်ေနၿပီး လင္ရွီးရဲ႕ကိုယ္လုံးသြယ္သြယ္ေလးကိုဖုံးအုပ္သြားေတာ့သည္။

   "မင္းဘာေတြေျပာေနလဲဆိုတာ မင္းသိရဲ႕လား?"

  ခ်င္ေရွာင္းအသံနိမ့္နိမ့္နဲ႕ေျပာလိုက္သည္။

  "သိတယ္ ဒါေပမဲ့တတိယအႀကိမ္မေျပာခ်င္ေတာ့ဘူး"

  လင္ရွီးအလြန္ေတာက္ပစြာၿပဳံးျပလာ၏။

  အဲ့ဒီခဏမွာ ခ်င္ေရွာင္းပန္းေတြပြင့္လာတဲ့အသံကိုေတာင္ ၾကားေနရတယ္လို႔ခံစားလိုက္ရသည္။
 
  "မင္းတကယ္ ကိုယ့္ကိုလိုခ်င္လား?" ခ်င္ေရွာင္းလင္ရွီးကိုအတည္ျပဳလိုက္သည္။

  "လိုခ်င္တယ္၊ တကယ္လိုခ်င္တယ္လို႔၊ ကြၽန္ေတာ့္ကိုေပးလို႔"

  လင္ရွီးခ်င္ေရွာင္းရဲ႕ခ်ဳပ္ႏွောင္မႈကလြတ္ေျမာက္သြားၿပီး ခ်င္ေရွာင္းရဲ႕လည္ပင္းကိုရစ္ပတ္ဖို႔ လက္ကိုဆန႔္ထုတ္လိုက္သည္။

  မီးေတာက္အစုအေဝးတစ္ခုက ခ်င္ေရွာင္းရဲ႕မ်က္လုံးထဲမွာေတာက္ေလာင္လာၿပီး ထိုမီးေတာက္ကအျပင္ဘက္ကိုပ်ံ့ႏွံ႕သြားသလိုပင္ လင္ရွီးကိုပါသက္ေရာက္လာေစသည္။

  လင္ရွီးအနည္းငယ္ပူလာသလို ခံစားလိုက္ရ၏။

   "မင္းမူးေနၿပီ"

  ဆင္ျခင္တုံတရားနဲ႕လိုအင္ဆႏၵကႏွစ္ဖက္ကြဲေနၿပီး တိုက္ခိုက္ျခင္းမရွိတာေၾကာင့္ ခ်င္ေရွာင္းေနာက္ဆုံးအေနနဲ႕လင္ရွီးကိုေ႐ြးခ်ယ္ခြင့္ေပးေနတာပင္။

  လင္ရွီးမ်က္ေတာင္ခတ္လိုက္၏။ ဒါကသူ႕အိပ္မက္လို႔ထင္ေနၿပီး အိပ္မက္ထဲမွာသူကေစာင့္စည္းေနစရာမလိုေပ။

   "ထင္တာပဲ၊ ဒါေပမဲ့ဝိုင္ကတကယ္အရသာရွိတယ္"

  လင္ရွီးအၿပဳံးေလးနဲ႕ခ်င္ေရွာင္းကိုေျပာလိုက္သည္။

  ဒီေန႕သူၿပဳံးလိုက္တဲ့အႀကိမ္ေရနဲ႕ ခ်င္ေရွာင္းေရွ႕မွာၿပဳံးလိုက္တဲ့အႀကိမ္ေရစုစုေပါင္းက အရင္ကသူၿပဳံးခဲ့သမွ်အႀကိမ္အေရအတြက္နဲ႕တူညီသည္ဟုေျပာလို႔ရသည္။

   "ရိုးရိုးသားသားေျပာရရင္ ကြၽန္ေတာ္ခင္မ်ားကိုအေတာ္ေလးႀကိဳက္တယ္"

  လင္ရွီးေပါ့ေပါ့ပါးပါးေျပာလိုက္ေပမယ့္ ခ်င္ေရွာင္းက လင္ရွီးသူ႕ကိုႀကိဳက္တယ္လို႔ေျပာတာၾကားလိုက္ခ်ိန္တြင္ သူ႕မ်က္လုံးမ်ားတြင္အလြန္အႏၱရာယ္မ်ားတဲ့ အရိပ္အေယာင္မ်ားျဖတ္ေျပးသြားသည္။

   "ခင္မ်ားပဲၾကည့္ေလ ခင္မ်ားမွာရာထူးျမင့္ျမင့္လည္းရွိတယ္၊ ဒုဗိုလ္မႉးႀကီးလည္းျဖစ္ေသးတယ္၊ ၿပီးေတာ့ခင္မ်ားက ခန႔္ညားေခ်ာေမာေနေသးတယ္ေလ။ ခင္မ်ားကအၿမဲတမ္းေအးစက္စက္မ်က္ႏွာႀကီးလုပ္ထားရင္ေတာင္ ဒီေနရာမွာေတာ့ေအးစက္မေနဘူးဆိုတာ ကြၽန္ေတာ္သိသားပဲ"

  လင္ရွီးရဲ႕လက္ေခ်ာင္းထိပ္ေလးေတြက ခ်င္ေရွာင္းရဲ႕ကိုယ္ေပၚက်ေရာက္သြားၿပီး ႏွလုံးသားရွိရာေနရာကို ေပါ့ေပါ့ပါးပါးေခါက္လိုက္၏။

[T/N- ခ်င္ေရွာင္းကဒုဗိုလ္မႉးႀကီးရာထူးပါေနာ္၊ အေရွ႕ပိုင္းေတြမွာကိုယ္မွားျပန္ထားတာရွိရင္ေတာင္းပန္ပါတယ္ေနာက္ပိုင္းစာျပန္စစ္ၿပီးျပန္ျပင္လိုက္ပါ့မယ္]

  လင္ရွီးရဲ႕မ်က္လုံးမ်ားက ၾကယ္ေလးေတြလိုေတာက္ပလင္းလက္ေနၿပီး အေပၚကခ်င္ေရွာင္းကိုေမာ့ၾကည့္လိုက္၏။ ထိုအခ်ိန္တြင္ ခ်င္ေရွာင္း လင္ရွီးရဲ႕မ်က္လုံးထဲကအလင္းျပန္လာတဲ့ သူ႕ကိုယ္သူျမင္လိုက္ရသည္။

   ခ်င္ေရွာင္းလင္ရွီးထံကိုင္းၫႊတ္ခ်လိဳက္ေလသည္။

  ဒါကအိပ္မက္တစ္ခုလို႔ေတြးထားၿပီး ခ်င္ေရွာင္းကသူ႕ဆီကိုဒီလိုမ်ိဳး ခ်ဥ္းကပ္လာတဲ့အခါ လင္ရွီးတစ္ဖက္လူကရိုးရိုးသားသားကပ္လာတယ္ထင္မိၿပီး ခ်င္ေရွာင္းရဲ႕အနက္ေရာင္ဆံပင္ေတြက အနည္းငယ္ဆြဲေဆာင္မႈရွိတာကို ျမင္လိုက္ရတာေၾကာင့္ ထိုလူ႕ရဲ႕ဆံပင္ေတြကို သူလင္က်င့္ကိုပြတ္ေနက်လိဳမ်ိဳး ပြတ္ဖို႔ျပင္လိုက္၏။

   ဒါေပမဲ့ေနာက္ခဏတြင္ျဖစ္လာတဲ့အရာေတြက လင္ရွီးကိုမ်က္လုံးျပဴးသြားေစခဲ့သည္။

   သူ႕ႏႈတ္ခမ္းကိုႏူးႏူးညံ့ညံ့ထိေတြ႕လာၿပီး သူ႕ႏႈတ္ခမ္းႏွစ္လႊာက တစ္ျခားလူ၏ဖိကပ္ျခင္းကိုခံလိုက္ရေလသည္။

   ဒီအေျခအေနကဘာႀကီးတုန္း!!!!

   လင္ရွီးေတာင့္ခဲသြားကာ သူ႕မသိစိတ္ရဲ႕ေစ့ေဆာ္မႈေၾကာင့္ ထိုလူကိုတြန္းထုတ္ပစ္ခ်င္ေပမဲ့ သူ႕ညာဘက္လက္ေကာက္ဝတ္က ႐ုတ္တရက္အတားခံလိုက္ရၿပီး လင္ရွီး႐ုန္းကန္ျခင္းမျပဳနိုင္ေတာ့ပါေခ်။

  လင္ရွီးခ်င္ေရွာင္းကို ဒါကဘာအဓိပ္ပါယ်လဲလို့မမေးခင် သူ႕လည္ပင္းအေနာက္ဘက္က ခ်င္ေရွာင္းလက္ဖဝါးထဲက်ေရာက္သြားေတာ့သည္။

  မူလကမေလးနက္တဲ့အရာေတြက ခ်က္ခ်င္းျပင္းထန္တဲ့တိုက္ခိုက္မႈအျဖစ္ေျပာင္းလဲသြားခဲ့၏။

  လင္ရွီးအေတာ္ေလးကိုတုန္လႈပ္သြားခဲ့ၿပီး သူ႐ုန္းကန္ဖို႔ႀကိဳးစားလိုက္တဲ့အခ်ိန္ အခြင့္အေရးကဆုံးရႈံးသြားခဲ့ၿပီးသားျဖစ္ေနခဲ့သည္။

  သူ႕လွ်ာထိပ္က႐ုတ္တရက္စုပ္ယူခံလိုက္ရၿပီး ရစ္ပတ္ခံလိုက္ရတာေၾကာင့္ ထုံက်င္ေစေသာလွ်ပ္စီးေၾကာင္းက သူ႕ခႏၶာကိုယ္ထဲတြင္ေပါက္ကြဲသြားၿပီး သူ႕လက္ေခ်ာင္းထိပ္ကေလးမ်ားကိုပါ တုန္ယင္ကာထုံထိုင္းသြားေစသည္။

  သူ႕မ်က္လုံးမ်ားကပူေလာင္လာကာ အသက္ရႉလို႔မရေတာ့တာေၾကာင့္ ေတာင္ႀကီးလိုေလးလံလွတဲ့ သူ႕ကိုခ်ဳပ္ထားတဲ့သူကို ကန္ထုတ္ပစ္လိုက္၏။ ပထမကလင္ရွီးအိပ္မက္တစ္ခုလို႔ထင္ေနတာျဖစ္ေပမယ့္ အရက္မူးတာတျဖည္းျဖည္းေလ်ာ့လာတဲ့ေနာက္ အိပ္မက္မဟုတ္ဘူးဆိုတာ သူသိလိုက္ရေတာ့သည္။

   ထိုအခ်ိန္ သူထပ္ၿပီးလြတ္ေျမာက္ခ်င္ေနေပမယ့္ သူ႕ခႏၶာကိုယ္ႏွင့္ဝိဉာဥ္က အဲ့ဒီအထဲကိုနစ္ျမဳပ္ေနပုံပင္။

  လင္ရွီးပါးစပ္ကေန ဝိုင္အရသာကို အနည္းငယ္သာရလိုက္ေပမယ့္လည္း သူ႕ကိုလုံးဝယစ္မူးသြားေစခဲ့သည္။

  ဒီႏွစ္ေတြမွာ ခ်င္ေရွာင္းတစ္ခါမွ ထိန္းခ်ဳပ္မႈလြတ္ထြက္သြားတာမရွိခဲ့ေပ။ သူ႕ကိုထိန္းခ်ဳပ္မႈလြတ္သြားေအာင္လုပ္နိုင္တဲ့အရာ မရွိဘူးလို႔ေတာင္သူေတြးမိခဲ့ဖူးသည္။

  ဒီညမွာေတာ့ခ်င္ေရွာင္းအဲ့တာကရွိတယ္ဆိုတာ နားလည္းသြားၿပီး မခုခံနိုင္ခဲ့ေပ။

  ခ်င္ေရွာင္းအရင္ကတစ္ခါမွမႀကဳံခဲ့ဖူးတဲ့ ဆႏၵတစ္ရပ္ျဖစ္ၿပီး ဒီေန႕ထိေစာင့္ခဲ့ရတာကိုေတာင္ေနာင္တရမိသြားသည္။ အေစာတည္းကသာသူသိမယ္ဆိုရင္ ဒီဆႏၵကိုတစ္ရက္ႀကိဳၿပီး နားလည္သြားမွာျဖစ္သည္။

  တစ္ခ်ိန္ထဲမွာပဲသူက လင္ရွီးကိုပိုင္တဲ့လူတစ္ေယာက္ျဖစ္ေနရတာကို ဝမ္းသာမိသြားသည္။ ထိုလူကသူမဟုတ္ရင္ ဘာေတြျဖစ္ေနမလဲဆိုတာကိုပုံေဖာ္ၾကည့္ဖို႔ေတာင္ သူ႕အတြက္ခက္ခဲလွသည္။

   ခ်င္ေရွာင္းလင္ရွီးရဲ႕ ေခြၽးစို႔ေနတဲ့နဖူးေလးကိုနမ္းလိုက္၏။ သူ႕ရင္ခြင္ထဲကေကာင္ငယ္ေလးက နတ္သားေလးလိုပဲ။ ထိုခဏမွာတင္ သူလင္ရွီးကိုျမတ္နိုးၿပီး တစ္ဘဝလုံးကာကြယ္ေစာင့္ေရွာက္သြားမယ္လို႔ သူ႕ကိုယ္သူက်ိန္ဆိုလိုက္၏။

   လင္ရွီးေနေၾကာင့္နိုးလာခဲ့သည္။

  ေနေရာင္ျခည္က ျပတင္းေပါက္ကိုျဖတ္ၿပီး သူ႕မ်က္ႏွာကိုထိုးလာသည္ေလ။
 
   အလင္းေရာင္က မ်က္စိက်ိန္းေအာင္ေတာက္ပေနၿပီး လင္ရွီးမ်က္လုံးဖြင့္လိုက္တာနဲ႕ခ်က္ခ်င္းျပန္မွိတ္လိုက္ရေလသည္။

   သူ႕မ်က္လုံးရွိနာက်င္မႈက အနည္းငယ္စူးေအာင့္ေနကာ ခဏၾကာၿပီးေနာက္လင္ရွီးျပန္ဖြင့္လိုက္၏။

   သူ႕ေခါင္းနဲ႕ခႏၶာကိုယ္ကေလးလံေနကာ ေလးလံတဲ့အရာတစ္ခုက သူ႕အေပၚတက္ေျပးထားသလိုပင္။ လင္ရွီးမ်က္ေတာင္ခတ္လိုက္၏။ သူ႕ပိုင္ရွင္ျဖစ္သူခ်င္ေရွာင္းနဲ႕အိပ္မိသြားတယ္ဆိုတဲ့ အေရာင္အေသြးစုံသည့္အိပ္မက္တစ္ခုကို မက္ခဲ့တယ္လို႔ခံစားရလိုက္သည္။

  ထူးဆန္းတဲ့အိပ္မက္က အေတာ္ေလးကိုအစစ္အမွန္ဆန္ေနၿပီး အနာဂါတ္နမိတ္တစ္ခုလားလို႔ေတာင္ အံ့အားသင့္မိေစသည္။

  အိပ္ယာေပၚထထိုင္လိုက္ေတာ့ သူ႕ခႏၶာကိုယ္တစ္ခုလုံးက ထူးဆန္းတဲ့ခံစားခ်က္ႀကီးရလိုက္တာေၾကာင့္ လင္ရွီးေတာင့္ခဲသြားေတာ့သည္။ သူ့ခေါင်းက်ုဖြည်းဖြည်းချင်းငုံ့ပြီး သူ႕ခႏၶာကိုယ္ကိုၾကည့္လိုက္ရာ ျမင္လိုက္ရတာေတြက သူ႕ကိုေအးခဲသြားေစခဲ့သည္။

   အေရျပားေပၚရွိ ထူထပ္စြာဖုံးလႊမ္းေနတဲ့အမွတ္အသားေတြက လင္ရွီးကိုမေန႕ညကျဖစ္ပ်က္ခဲ့တာေတြက အိပ္မက္မဟုတ္ေၾကာင္းရွင္းရွင္းလင္းလင္းျပသေနခဲ့သည္။

   တကယ္ႀကီးျဖစ္ပ်က္သြားခဲ့တာ......။
  

#2.12.2022

ကားကေတာ့ဝူးခနဲပါပဲ။

😁😁😚😚
အရိုက္ခံသင့္တဲ့မီပါ




Đọc tiếp

Bạn Cũng Sẽ Thích

229K 34.8K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
3.5M 360K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
245K 13.2K 33
ကျွန်တော် ကိုးကွယ်ရာက သနပ်ခါးနံ့လေး 💛......