မောင့်ရင်မှာ အမြင့်စံ(complet...
By MayPadauk
506K 11.8K 278
အရင်ကအရမ်းဆိုးတဲ့ကောင် ခုခင်ဗျားနဲ့တွေ့မှလိမ္မာချင်လာတာ ဘာကြောင့်လဲသိလား ခင်ဗျားကိုစောက်ရမ်းချစ်လို့ More
Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
ep - 11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17
Ep-18 ( warning )
Ep-19
Ep-20
Ep-21
Ep-22
Ep-24
Ep-25
Ep-26
Ep-26 Zawgyi
Ep-27
Ep-28 (warnnig)
Ep-29
Ep-30
Ep-31
Ep-32
Ep-33
Ep-34
Ep-35
Ep-36
Ep-37 ( Warning)
Ep-38 Final
Extra
Book
Extra final ( Warning)
Ep-23
8.3K 242 10
By MayPadauk
အခန်း ၂၃
မြွေလိမ်မြွေကောက် တောင်ဆင်းတောင်တက်လမ်းတွေကို သူကျွမ်းကျင်စွာ မောင်းလာခဲ့သည်။လမ်းမကြီးကနေ တောတွင်းလမ်းခွဲလေးကို ခဲွဆင်းကာ သူသစ်လုံးအိမ်သို့ဆက်မောင်းလိုက်သည်။
ကျွီ ကျွီ ကျွီ
ဆိုင်ကယ်ဘီး ရပ်သံ သုံးသံအတူ သစ်လုံးအိမ်ရှေ့တွင် ရပ်လိုက်သည်။စံ လှပသော သစ်လုံးအိမ် တစ်ထပ်ထဲကို အဆောင်အဆောင် ဖဲွဆောက်ထားပုံမှာ နေချင်စရာဖြစ်နေသည့်အိမ်ကို သဘောကျမိသည်။ အိမ်ပတ်ပတ်လည်မှာ ပန်းပင်လှလှနဲ့ မြက်ခင်းပြင်ပဲ ရှိကာကျန်တဲ့ နေရာမှာတော့ သစ်ပင်ကြီးတွေသာ တောလမ်းတစ်လျှောက်အိမ်တစ်လုံးမှ မတွေ့ပဲ တိတ်ဆိတ်လွန်းကာ ကျေးငှက်သံပဲ ကြားရသည်။ထိုစဉ္ အိမ်ထဲမှ အသားဖြူဖြူ အန်တီတစ်ယောက်ထွက်လာပြီး
"သခင်လေးတို့ လာမယ်ဆိုလို့ ဖွယ်ဖွယ်ရာရာပြင်ဆင်နေတာနဲ့ မကြိုမိလိုက်ဘူးကွယ်"
"ရပါတယ် ကြီးမယ် ကျနော် တို့ကဧည်သည်မှမဟုတ်တာ ဒါနဲ့ ဘကြီးစိုင်းရော မတွေ့ပါလား"
"ရှိတယ် ခုနကတော့ သခင်လေးတို့ စားဖို့ အသီးလေးသွားခူးမယ်ဆိုပြီး ထွက်သွားတာပဲ"
"ကြီးမယ် ဒါက ကျနော် ဧည်သည် အမတွေပါ ဒါကတော့ ကျနော်ရဲ့ ဇနီးလောင်း ဧကရီအမြင့်စံ စံ ဒါက မောင်ရဲ့ ဒီအိမ်ကို ထိန်းသိမ်းပေးနေတဲ့ ကြီးမယ်နန်းတဲ့ အဲဘကြီးစိုင်းနဲ့လင်မယားတွေ "
နန်းနဲ့ချယ် သူမတို့ကျ သေချာမိတ်မဆက်ပဲ စံကိုကြဇနီးလောင်းအဖြစ်အကဲပို မိတ်ဆက်တာကြောင့် မဟာကို မကျေကြည့်ဖြင့်ကြည့်မိသည်။ခွန်နဲ့ ရန်နိုင်မှာလဲ သူတောင်းစား ဟုဆဲမိသည်။စံ တို့၃ယောက် လဲ အသားဖြူဖြူပြည့်ပြည့်ဖြင့် ကြီးမယ်နန်းကို နှုတ်ဆက်လိုက်သည်။
"တွေ့ရတာ ဝမ်းသာပါတယ်ရှင့်"
"ကြီးမယ်လဲ ဝမ်းသာပါတယ်ကွယ် သားတို့ အခန်းတွေ အကုန် ရှင်းထားတယ်သိလား ပင်ပန်းလာမှာပေါ့ သွားနားချေ သမီးတို့အတွက် အခန်း ကို ကြီးမယ် လိုက်ပြမယ်"
"နေပါစေ ကြီးမယ် သမီးတို့မနားတော့ ပါဘူး ကြီးမယ် ဘာလုပ်စရာရှိလဲ ကြီးမယ်ကို ကူလုပ်ပေးမယ်လေ"
ကြီးမယ် အချေအလှတွေ ဖြစ်သည့့်အပြင် စကားပြောပါ ယဉ္ကျေးလှတဲ့ သူမတို့သုံးယောက်ဟာ ပညာတက်လေးတွေမှန်းသိသာသည်။အထူးသဖြင့် သခင်လေးဇနီးလောင်းမှာ ပစ်ချက်မရှိအောင် လှပလေသည်။
"ဘာမှ လုပ်စရာကို မရှိတော့တာ အကုန်ပြီးပြီ သမီးတို့ရဲ့ လာသမတို့ အခန်းလိုက်ပြမယ်"
စံတို့ ၃ယောက် သမင်ခေါင်းတချို့ ချိတ်ဆဲွထားတဲ့ သစ်သားနံရံတွေနဲ့ အပြင်အဆင်ကိုကြည့်ကာ ကြီးမယ်နောက်ကလိုက်ခဲ့သည်။မကျဉ္းမကျယ်၃ ယောက်အိပ်လို့ရတဲ့ ကျွန်းခုတင်ကြီးနဲ့ မှန်တင်ခုံ ဗီဒို တစ်လုံးပဲ အခန်းထဲမှာရှိသည်။မှန်တံခါးရှိတာ့မို့ လိုက်ကာကိုဖွင့်ကာ မှန်တံခါးကို တွန်းဖွင့်တော့ ဝရံတာလို အပြင်ကို ထုတ်ထားပြီး သစ်လုံးတွေနဲ့ဆောက်ထားပြီး ပန်းပင်အလှလေးတွေနဲ့ ထိုငိခုံလေးပါလုပ်ထားသည်။အမြင့့်က ၁ ပေတောင်မရှိတာမို့ ဒီကထွက်ပြီး ခြံကိုပတ်လျှောက်လို့ရသည်။
ခနလောက် အနားယူပြီးတာနဲ့ မဟာအခန်းပြင်ထွက်တော့ သူမတို့၃ယောက်သားက ကြီးမယ်နဲ့ စကားလက်ဆုံကျနေကြသည်။သူတို့ ၃ယောက်လဲ လွတ်တဲ့နေရာ ဝင်ထိုင်လိုက်သည်။
''ကဲ ဘာတွေ စကားကောင်းနေကြတာတုန်း"
"စံ တို့က ခြံနဲ့အိမ် အကြောင်း စပ်စုနေတာ
စံအရမ်းကြိုက်လို့လေ"
" သဘောကျတယ် ဆိုရင် အိမ်ပိုင်ရှင်ကို တာဝန်ယူလိုက်လေ မောင်ကတော့့့ အထူးနော် ဘယ်လိုလဲ ယူမှာလား"
''မောင်ကလဲ သူများတွေနဲ့ကို"
" ဟုတ်ပ မောင်ပိုရယ် သားတို့ ကိုလဲ အားနာပါအုံး"
ခွန်က ဝင်ပြောတော့
နန်းနဲ့ချယ်ကလဲ
"ဟုတ်ပ ဟုတ်ပ"
"အပျိုကြီးတွေနဲ့ ရည်းစားမရှိတဲ့ကောင်တွေဆိုတော့ ရှက် မှာပေါ့ မောင်ဆင်ခြင်လိုက်မယ်နော် မောင့်အသည်း"
"အို"
သူမ မျက်နှာကို ရွှန်းရွှန်းစားစားကြည့်ကာ မျက်စိတစ်ဖက်မှိတ်ပြီး ပြောပုံကြောင့် သူမအရှက်ပိုကာ အသံပင် ထွက်မိသည်။
"ဘကြီးစိုင်းရော ကြီးမယ်"
"ခုနက အသီးတွေ ခူးပြီးပြန်လာတော့ သခင်လေးတို့ လာတာပြောလိုက်တယ် လာနှုတ်ဆက်မလို့ သခင်လေး အနားယူနေတယ် ဆိုလို့ သစ်ခွနဲ့ သဇင်ခြံထဲ သွားလေရဲ့"
"ဟင် ပန်းတွေ စိုက်ထားတာလား"
"ဟုတ်တယ် သမီးရေ သမီးဘကြီးက သစ်ပင်စိုက်တာ အရမ်းဝါသနာပါတာ
ခြံထဲမှာ ပန်းပင်နဲ့ သီးပင်စားပင်တွေ အကုန်စိုက်တာ ဒီထဲ သခင်လေးကပါ ခွင့်ပြုထားတော့ သူ့အကြိုက်ပေါ့"
"ဒါဆို သမီးတို့လဲ ပန်းသွားကြည့်လို့ရလား"
"ရတာပေါ့ သွားကြည့်လို့ရတယ် အိမ်မဘေးက သစ်ခွအိမ်နဲ့ သဇင်အိမ် နှစ်ဆောင် တွဲရက်ကလေးသိလား ဘွားမယ်လုပ်စရာရှိလို့ လိုက် မပို့တော့ဘူး"
"ရပါတယ် ကြီးမယ် ကျနော်လိုက်ပို့လိုက်ပါ့မယ်"
သူတို့ အကုန်ခြံထဲ ဆင်းလာခဲ့သည်။ခြံထဲ​ေ ရာက ်တော့ ဘကြီးစိုင်းနဲ့အကုန်မိတ်ဆက်ကာလှည့်ပတ်ကြည့်ကြသည်။မဟာကတော့ သူမလက်ကလေးကို ဆဲွကာ သစ်ခွခြံထဲ ရှိသမျှပန်းမျိုးစုံ ကို သူမမေးသမျှသူသိသလောက် ရှင်းပြရသည်။သူမကြိုက်တဲ့ ပန်းတွေတွေ့ရင် သူ့အား ဓာတ်ပုံရိုက်ခိုင်းသေးသည်။တည်ငြိမ်တဲ့ပုံစံကိုတွေ့နေကြမို့ ခုလိုလွတ်လပ်ပေါ့ပါးတဲ့ ပုံစံလေးကချစ်ဖို့ကောင်းပြီ သူမျက်စိထဲ ချစ်မဝဖြစ်နေသည်။တစ်နေရာ ရောက်တော့ သစ်ခွ ခရမ်းရောင် အခိုင်းလိုက်ိုင်းလိုက်ရှေ့မှာ ရနံ့ရှုနေတဲ့ သူမအား ဓာတ်ပုံရိုက်လိုက်သည်။
"မောင် ဒီသစ်ခွက အရမ်းမွေးတာပဲ ဘာအမျိုးအစားမို့လို့ မွှေးတာလဲဟင်''
စံလဲ သစ်ခွပန်းကနေ မွှေးရနံ့ သင်းလွန်းတာကို ခုမှတွေ့ဖူးတာမို့ မောင်မျက်နှာကို မော့ကာ မေးမိသည်။
"အဲတာ မောင်သိတာတော့ တောကြီး သစ်ခွလို့ပဲ သိတယ် တခြားအခေါ်အဝေါ်တော့ မသိဘူး သူက တောနက်ပြီး အပင်မြင့်ပေါ်မှာပဲပေါက်တာ အရွက်ကလဲရှည်ပြီး တစ်ပင်မှာ ၂ရွက် ၃ရွက်ပဲ ပါတက်တယ် မောင့်အသည်းကြိုက်ရင် ပြန်ရင်ယူသွားပေါ့"
"အင်း မယူတော့ဘူးမောင် တော်ကြာ ပန်းပင်လေးကို ဂရုမစိုက် မိပဲ ထားမိလို့သေသွားရင် ဘယ်လိုလုပ်မလဲ"
"အင်းပါ မောင့်အသည်း လိုချင်ရင် အချိန်မရွေးယူလို့ရတာပဲကို ဒီခြံကလဲ မောင့်အသည်းအပိုင်ဖြစ်လာမှာကိုနော်"
"အမယ် သူကို ဒီက ယူအုံးမှကို"
"မယူလို့ မရဘူးနော် မင်း စားပြီးနားမလည်
မလုပ်နဲ့ မောင်ရဲ့ခန္ဓကိုယ်ကိုကိုင်ထားပြီး အွန့်"
အရှက် မရှိပြောနေတဲ့ မောင်ကြောင့် တစ်ခြားသူတွေ မကြားအောင် ပါးစပ်ကို အမြန်ပိတ်ရသည်။ဒါတောင် မောင်က ပိတ်ထားတဲ့ လက်ကလေးကို ဆဲွခွာပြီးနမ်းလိုက်သေးသည်။စံ မျက်စောင်းရွယ်တော့စံ ပါးနှစ်ဖက်ကို အတင်းနမ်းလိုက်သေးသည်။
"အရှက်ကိုမရှိဘူး "
"မကျေနပ်ဘူးလား အဲဒါဆိုပြန်နမ်းလေ ရော့"
မောင်ပါးကြီးကို သူမမျက်နှာရှေ့ အတင်းထိုးပေးနေတာမို့ သူမလဲ အားရအောင်ပါးကို လိမ်ဆွဲပေးလိုက်သည်။
"အား နာလိုက်တာ မောင့်အသည်း ရက်စက်ချက် လာခဲ့မင်းကိုမောင်လဲ နာအောင်ပြန်လုပ်မယ်"
"အွန့် မောင် မလုပ် အွန့်"
မဟာ သူမလေးအား ရင်ခွင်ထဲ ဖက်ကာ နှုတ်ခမ်းလေးကို စုပ်ယူနမ်းရှိုက်လိုက်သည်။နှုတ်ခမ်းသား အိအိလေးကို ဖိကြိတ်ကာ နမ်းနေမိသည်။စံလဲ ရင်တခုန်ခုန်နဲ့ မောင်ရဲ့အနမ်းများကို တုန့်ပြန်ရင်း ချစ်သူနှစ်ဉီး ရင်ခုန်သံတွေ ထပ်တူကြခဲ့ကြသည်။
Moon Shine
Zawgyi
အခန်း ၂၃
ကျွီ ကျွီ ကျွီ
စံအရမ်းကြိုက်လို့လေ"
" သဘောကျတယ် ဆိုရင် အိမ်ပိုင်ရှင်ကို တာဝန်ယူလိုက်လေ မောင်ကတော့ အထူးနော် ဘယ်လိုလဲ ယူမှာလား"
ခွန်က ဝင်ပြောတော့
နန်းနဲ့ချယ်ကလဲ
"ဟုတ်ပ ဟုတ်ပ"
"အို"
"အရှက်ကိုမရှိဘူး "
Moon Shine
Continue Reading
You'll Also Like
281K 5.8K 89
နေမြတ်ထူးမောင် တို့က ပိုးဟပ်ဖြူရဲ့ နှလုံးသားကို ဘယ်လို ကစားမလဲ ဆိုတာ ဖတ်ရမှာပါ။ ပိုးဟပ်ဖြူမ လေးရော သူ့နှလုံးသားကို ပေးပြီးသားမို့ ဘယ်လိုဆက်ဖြစ်မလဲ ဆိ...
707K 18.3K 78
ညဘက်မှာပဲ ထွက်တဲ့ကြယ်လေးတွေက နေ့ခင်းဘက်မှာထွန်းလင်းတဲ့နေမင်းကြီးကို သတိရနေတတ်သလိုမျိုး ဘယ်သောအခါမှမဆုံနိုင်ပေမယ့် ကျမရှင့်ကို လွမ်းနေဦးမယ်ထင်ပါရဲ့...
304K 15.2K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
134K 3.6K 27
သူက သိသိကြီးနဲ့လှည့်စားခဲ့တာပဲ ဟန်ဆောင်မှုတွေနဲ့ အချစ်တွေကိုရယူခဲ့တယ်ဆိုရင်တောင် ဒီကနှလုံးသားကိုစတေးခဲ့ရတယ်ဆိုတာ သူသိပါစေ "ကျွန်မက ကျွန်မအလုပ်ကို ကျ...