အဆွေခင်ပွန်းလောင်းနဲ့အတူ စီးပ...

By Nymph_flower

74.6K 7.5K 249

Pub - Oct29, 2022 Start - Oct27, 2022 End -Jan 6 2023 More

Part1
part 2
part3
part4
part 5
part 6
part7
part8.1
part8.2
part9.1
part9.2
part10.1
part10.2
part11
part12
Part13
part14.1
part 15
part 16
part 17
part18
part 19
part20
part21
part22
part23
part24
part 25.1
25.2
Part26
part27
Extra
For Extra!
Extra 1.1

part14.2

1.6K 199 3
By Nymph_flower

Uni

အ​ြဖူရောင်ဆလွန်းကားလေးသည် လမ်းမထက် အရှိန်နှင့်ပြေးလွှားနေသည်။ အပြင်ဘက်ရှိ မြို့ပြမြင်ကွင်းများကို ရိပ်ခနဲ ရိပ်ခနဲ ဖြတ်ကျော်လာခဲ့ပြီး မြို့ပြင်ဘက်သို့ ဦးနှင်၏။

Lover-Seatတွင်ထိုင်နေသော သင်္ခါက ကားမှန်ဘက်ကိုမျက်နှာမူ၍ ငေးနေရာမှ ကျောကိုမတ်လာသဖြင့်...

"ပျင်းနေပြီလား..."

ဝဿန်က စတီယာတိုင်ကို ကျွမ်းကျင်စွာထိန်းချုပ်ရင်း အပြုံးဖြင့်လှည့်မေးလာသည်။ သင်္ခါက ခေါင်းခါပြတော့ ဒက်ရ်ှဘုတ်ဘက် မေးငေါ့ပြ၍...

"နို့သကြားလုံးလေးတွေ ဝယ်ထားပေးတယ်"

အကြည့်တို့က ဝေ့ဝဲကျရောက်လာပြီး သဘောကျမှုတို့ဖြင့် ပါးချိုင့်နက်နက်လေးမှာ ခွက်ခနဲနစ်ဝင်သွား၏။ ထို့နောက် လက်ကိုဆန့်၍ တစ်လုံးချင်းစီ အခွံခွာကာ ထိုင်စားနေပြီး တိတ်ဆိတ်မှုတို့ တစ်ဖန် ကြီးစိုးသွားပြန်သည်။ ခဏအကြာတွင် ဝဿန် မျက်ခုံးပင့်၍...

"ကိုယ့်ကိုကျွေးဖို့ တကယ်ပဲ သတိမရဘူးလား"

အပြင်ဘက်ရှိ ရှုခင်းများကိုကြည့်နေသည့် သင်္ခါက ယောင်နနဖြင့် သကြားလုံးအား သူ့ဘက်ကမ်းပေးလာတော့ ဝဿန် သက်ပြင်းချရ၏။

ဒီကလေး ဘယ်လိုရိုမန့်တစ်ဆန်ရမလဲ မသိဘူးပဲ။

"အခွံလေးခွာပေးပါဦးကွာ..."

ကူကယ်ရာမဲ့စွာ ပြောလာသည့်စကားသံကိုကြားမှ သင်္ခါလည်း ဝဿန်ပြသည့်အရိပ်ကို အကောင်လိုက်မြင်လိုက်ရပြီး သူ၏အလိုက်မသိမှုကြောင့် ရှက်သွားခဲ့ရသည်။

"တောင်းပန်ပါတယ်"

"ဒါပေါ့... တောင်းပန်သင့်တာပေါ့"

ယခုတစ်ခေါက်တွင်တော့ မပြောဘဲ အလိုက်တသိခွံ့ကျွေးလာသည်ကြောင့် ဝဿန်ပျော်ရွှင်စွာဆိုလိုက်၏။

"ဒါပေမဲ့ ခွင့်လွှတ်ပေးလိုက်ပါ့မယ်... ကိုယ်က သဘောထားကြီးတယ်လေ"

ထိုရွှတ်နောက်နောက်ပုံစံကိုကြည့်ပြီး ညာဘက်ပါးပြင်ထက်က ခပ်နပ်နပ်ချိုင့်ခွက်လေးက လှစ်ခနဲ ပေါ်လာပြန်သည်။

ဝဿန် ထိုပါးချိုင့်ကို ငေး၍ ခေါင်းတခါခါဖြင့်...

"ဒီတိုင်းသာ ဆက်ပြီးမြှူဆွယ်နေမယ်ဆို ကိုယ်မင်းကိုအပြစ်ပေးရတော့မှာပဲ"

သင်္ခါကား ကြောင်အအ။ ထို့နောက်တွင်မှ နားရွက်ထိပ်ကို လက်ချောင်းထိပ်ဖြင့် ပွတ်တိုက်ကာ အပြင်ဘက်ကို မျက်နှာပြန်မူ၍ ခပ်သာသာရယ်လေ၏။

ထိုလူက သူ့အား မသိမသာတစ်ဖုံ၊ သိသိသာသာတစ်မျိုးဖြင့် စနောက်ရသည်ကို သဘောကျလေ့ရှိသည်။

"ညီ တကယ်ကြီးရယ်လိုက်တာလား"

တကယ်ကြီးပေါ့လေ။

ချိုမြမြရယ်သံကြောင့် ဝဿန် အံ့အားသင့်စွာဖြင့် လမ်းမပေါ်အာရုံမစိုက်နိုင်တော့။

"လမ်းကြည့်"

သင်္ခါက သတိလှမ်းပေးလိုက်ပေမဲ့ ဝဿန်က ဘေးဘီဝဲယာကြည့်၍ လမ်းမဘေးကားထိုးရပ်လိုက်၏။ ထို့နောက် ထိုင်ခုံခါးပတ်ကို ဖြုတ်လာသော​ကြောင့် သင်္ခါက အမေးမျက်ဝန်းတို့ဖြင့် လှည့်ကြည့်လာသည်။ အပြုံးတို့မစဲသေးရာ နှုတ်ခမ်းစွန်းက အနည်းငယ်ကွေးတက်နေခဲ့ပြီး သွားဖြူဖြူတို့အား လှစ်ဟပြနေ၏။

"ဘာဖြစ်..."

အမေးစကားဆိုဖို့ ပွင့်ဟလာသောနှုတ်ခမ်းထောင့်အား ဝဿန် ကိုယ်ကိုင်းကာ ပြွတ်ခနဲနမ်းလိုက်သည်။ မျက်တောင်ရှည်တို့ဝန်းရံထားသည့် မျက်ဝန်းမှာ ပြူးခနဲ ဖြစ်သွားလေရာ ထိုမျက်ခွံလွှာတို့ကို နှုတ်ခမ်းဖြင့် တဖျတ်ဖျတ် ဖိနမ်းမိပြန်သည်။ ထို့နောက် နှုတ်ခမ်းပါးလေးကို အသာစုပ်နမ်းပြီးနောက် သက်ပြင်းချလိုက်မိသည်။

ကားလေးသည် လမ်းမပေါ်ပြန်ရောက်သွားခဲ့ပြီး သင်္ခါ၏နားရွက်တို့မှာတော့ ရဲရဲနီလျက်။ ထိုပုံစံအတိုင်း ကားကို လမ်းဘေးထိုးရပ်လိုက်၊ အနမ်းကြဲပြီး ခရီးဆက်လိုက်ဖြင့် သုံးခါပြည့်သွားချိန်တွင်တော့ သင်္ခါ နှုတ်ခမ်းကိုစေ့ပြီး ဝဿန့်ကို သတိပေးသလို ကြည့်လာခဲ့လေတော့သည်။

"ကျွန်တော်တို့ ရောက်ဦးမှာလား..."

စိတ်ရှည်ပြီး အနေအေးတဲ့ကောင်လေးက ထိုသို့ပြောလာမှတော့ ဝဿန် စပ်ဖြဲဖြဲလုပ်ရင်း လက်စသပ်သည့်အနေဖြင့် သူ၏အနမ်းတို့ကြောင့် နီအမ်းအမ်းဖြစ်နေသောနှုတ်ခမ်းကို ဖိကပ်၍ ပြွတ်ခနဲနမ်းလိုက်သည်။

နေ့တစ်ဝက်မျှ ခရီးနှင်ပြီးသောအခါ တခြားသောပြည်နယ်တစ်ခုအတွင်းသို့ တဖြည်းဖြည်းနှင့် ဝင်ရောက်လာခဲ့ပြီး နေရာတိုင်း၌ ဒေသခံလူမျိုးခြားတို့၏ ယဥ်ကျေးမှုအနုပညာလက်ရာတို့ကို ဖော်ကျူးထားသည့် အဆင်တန်ဆာတို့ကို မြင်လာရသည်။ တစ်ချိန်လုံး ငြိမ်နေခဲ့သောသင်္ခါသည်လည်း စိတ်ဝင်တစားဖြင့် ခေါင်းထောင်ကြည့်လာရင်း...

"ခါ..."

"ဗျာ"

"ငှက်..."

"ဟမ် ဘယ်မလဲ"

ရှေ့တူရှုကိုအာရုံစိုက်ကြည့်နေသော ကောင်လေးနှင့်အပြိုင် ဝဿန် အရှေ့ခပ်လှမ်းလှမ်းဆီ သတိထားကြည့်လိုက်ရာ အဖြူရောင်ငှက်ကြီးနှစ်ကောင် လမ်းဘေး၌ ရပ်နေသည့်အရုပ် သို့မဟုတ် ရုပ်တုနှစ်ခု။ သင်္ခါက ထပ်၍ဆိုပြန်သည်။

"ငှက်ကြီး..."

"အွန်း"

တဖြည်းဖြည်းနှင့် နီးကပ်လာလေ အရုပ်၏ပုံစံက ပိုမိုထင်ရှားလာလေ။ သင်္ခါ မျက်နှာကို ကားမှန်နှင့်ကပ်မိလုမတတ် ကပ်၍ တအံ့တဩဖြင့် ကြည့်နေ၏။ သူ၏ယခုအသက်အရွယ်ထိ ခရီးမထွက်ခဲ့ဖူးသလို မည်သည့်အရာတို့အပေါ်မှလည်း စူးစမ်းခြင်းအလျဥ်းမရှိခဲ့။ ရွာကနေ ထိုင်းသို့ တရားမဝင်လမ်းသို့သွားခဲ့ရပြီး လမ်းတစ်လျှောက်ဘာကိုမှ မမြင်ခဲ့ရ။ ရောက်ရောက်ချင်း အလုပ်ခွင်ဝင်ခဲ့ရပြီး အိပ်ချိန်ကလွဲ အနားယူသည်ဆိုတာ မရှိခဲ့။ ပြန်လာတော့လည်း တစ်လမ်းလုံး အိပ်ငိုက်လာခဲ့သေးသည်။ ယခုတစ်ခေါက်ခရီးမှာတော့ မတူတော့ချေ။

"ခါ... ဗျိုင်းပဲ"

"အင်း... ဗျိုင်းနှစ်ကောင်ဘုရားလေ ဝင်ကြည့်ချင်လား"

သင်္ခါ တွန့်ဆုတ်သွားပြီး သူ့အား လှည့်ကြည့်လာသည်။ ဝင်လည်းဝင်ကြည့်ချင်သလို သူ့ခရီးနှောင့်နှေးသွားမှာကိုလည်း မလိုချင်နေ။

"အပြန်ကြရင် အချိန်နည်းနည်းပေးကြတာပေါ့"

"အမ်း"

စိတ်အခြေအနေကောင်းစွာဖြင့် လမ်းမကြီး၏ဘယ်ဘက်တွင်ရှိသော ဗျိုင်းရုပ်ကြီးများဆီ အကြည့်ပို့လိုက်ပြန်သည်။ ခပ်လှမ်းလှမ်းတောင်တန်းပေါ်တွင် လျောင်းတော်မူဘုရားကြီးရှိပြီး အထဲတွင် ဘာသာရေးဆိုင်ရာ သရုပ်ဖော်ပုံတို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ ဗျိုင်းရုပ်ကနေ ဘုရားဆီသွားရာလမ်းတစ်လျှောက်၌ သံဃာရုပ်ထုများက ဘေးဘီညာစီတန်းသွားသည်။ ဘုရားပေါ်တက်ရောက်ကြည့်ရှုနိုင်ဖို့အတွက်ကိုမူ မြင့်မားသောလှေကားများဆောက်ထားလေ၏။

ဗျိုင်းနှစ်ကောင်ကို ကျော်သောအခါ လမ်းမကြီး၏ညာဘက်ခြမ်းတွင် မြင်းနှစ်ကောင်ကို မြင်လိုက်ရပြန်သည်။ ဝဿန်လည်း ထိုသမိုင်းကြောင်းမသိသဖြင့် မပြောပြနိုင်ခဲ့။ သို့သော် သင်္ခါ၏အာရုံအလုံးစုံက သမိုင်းကြောင်း၌မရှိ။ ​လှမ်းမြင်နေရသော ရောင်စုံကစားကွင်းဆီကိုသာ စူးစူးစိုက်စိုက်ကြည့်နေ၏။

မုဒုံမြို့သို့ဝင်လာသောအခါ ထိုကဲ့သို့ ေအးချမ်းရိုးရှင်းသောရှုခင်းတို့ မမြင်ရတော့ဘဲ အထပ်မြင့်အဆောက်အဦးတို့နှင့်တကွ ရှုပ်ယှက်ခတ်နေသောလူများ ယာဥ်များဖြင့် မြို့တစ်ခု၏အငွေ့အသက်တို့ ပြန်ရလာသည်။

"တစ်ခုခုစားကြရအောင်"

မရပ်မနားကားမောင်းလာခဲ့ရသဖြင့် ခရီးတစ်ထောက်နားရန် ကြံကြ၏။ ယနေ့တွင် မိုးသည် တစ်ခါလေးတောင်မှမရွာခဲ့။ ထို့ကြောင့် စိတ်သက်သာရာရစွာဖြင့် သန့်ရှင်းသပ်ရပ်သောစားသောက်ဆိုင်တစ်ဆိုင်အား ရွေးချယ်ကာ ဝင်သွားလိုက်ကြသည်။

ဝဿန် ဆိုင်၏ကောင်တာအနားတွင် စာလုံးကြီးများဖြင့်ကပ်ထားသော Menuကိုလှမ်းကြည့်၍...

"ဘာစားချင်လဲ..."

"....."

"Menuက ဟိုဘက်မှာ"

သင်္ခါသည်လည်း တစ်ချက်လှမ်းကြည့်ပြီး မဆိုသလောက်လေး မျက်နှာပျက်ယွင်းလျက်။ သူစာမဖတ်တတ်သည်ကို ဝဿန်မသိသေးချေ။ သူပြောပြဖို့လည်း မဝံ့ရဲသေး။

တွေဝေတုံ့ဆိုင်းနေသောသူကြောင့် ဘာရွေးရမှန်းမသိလို့ဟု ထင်လိုက်သော ဝဿန်က...

"အသားဟင်းစားချင်တာလား အသီးအရွက်ပဲလား... တခြားဟာတွေပဲစားမလား"

သင်္ခါ မျက်လွှာကို ပင့်၍ နှုတ်ခမ်းအား မသိမသာကိုက်လိုက်သည်။ ယခုထိတော့ စကားမပြန်ဖြစ်သေး။

"ဟင် မရွေးတတ်ဘူးဆို ကိုယ်ပဲ မှာလိုက်ရမလား"

သင်္ခါ အင်တင်တင်ဖြင့် ခေါင်းညိတ်ရင်း အတွေးကနေရုန်းမထွက်နိုင်။ သူ့မှာ ဘယ်လိုအားနည်းချက်ပဲရှိရှိ ဝဿန်တစ်ယောက် ချစ်ပေးနိုင်ပါ့မလား သူမသိ။ ပြီးလျှင် ဝဿန်က ဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်ကာ အဆင့်အတန်းတစ်ခုရိနေသူဖြစ်သည်။ သူ့လိုဘာမဟုတ်တဲ့ကောင်ကသာ...

"ဟေ့... ဘာတွေတွေးနေတာတုန်း ကိုယ်မှာထားတာတွေအဆင်ပြေရဲ့လား"

"ဟမ်...အမ်း... ပြေ ပြေပါတယ်"

ဘေးတွင်ရပ်နေသော စားပွဲထိုးလေးကိုကြည့်ပြီး ခပ်တိုးတိုးပြန်ဖြေသည်။

နေ့လယ်စာပြီးသောအခါ ခရီးအား တိုက်ရိုက်ဆက်ကြ၏။ ယခုပုံစံနှုန်းနှင့်ဆိုပါက လမ်းခရီးတွင် တစ်ညမအိပ်ဘဲ လိုရာခရီးကို ရောက်ပေလိမ့်မည်။

AN/ မနေ့က စခတွေ ခြံထဲဝင်လာတယ်။ လမ်းဘေးတစ်လျှောက်က အိမ်ရှင်တွေဆိုခေါ်ပြီး ဖုန်းတွေသိမ်းသွားကြတာ။ အနှင်းတို့ဆီတော့ ရောက်လာခဲ့ပေမဲ့ လူလည်းခေါ်မသွားသလို ဖုန်းလည်းသိမ်းမသွားတာကံကောင်းလို့ပဲ။ စာတွေလည်း ရေးဖို့ အာရုံမစိုက်နိုင်တော့ပါဘူး။

Zawgyi

အျဖဴေရာင္ဆလြန္းကားေလးသည္ လမ္းမထက္ အရွိန္ႏွင့္ေျပးလႊားေနသည္။ အျပင္ဘက္ရွိ ၿမိဳ႕ျပျမင္ကြင္းမ်ားကို ရိပ္ခနဲ ရိပ္ခနဲ ျဖတ္ေက်ာ္လာခဲ့ၿပီး ၿမိဳ႕ျပင္ဘက္သို႔ ဦးႏွင္၏။

Lover-Seatတြင္ထိုင္ေနေသာ သခၤါက ကားမွန္ဘက္ကိုမ်က္ႏွာမူ၍ ေငးေနရာမွ ေက်ာကိုမတ္လာသျဖင့္...

"ပ်င္းေနၿပီလား..."

ဝႆန္က စတီယာတိုင္ကို ကြၽမ္းက်င္စြာထိန္းခ်ဳပ္ရင္း အၿပဳံးျဖင့္လွည့္ေမးလာသည္။ သခၤါက ေခါင္းခါျပေတာ့ ဒက်ရ်ှဘုတ်ဘက် ေမးေငါ့ျပ၍...

"နို႔သၾကားလုံးေလးေတြ ဝယ္ထားေပးတယ္"

အၾကည့္တို႔က ေဝ့ဝဲက်ေရာက္လာၿပီး သေဘာက်မႈတို႔ျဖင့္ ပါးခ်ိဳင့္နက္နက္ေလးမွာ ခြက္ခနဲနစ္ဝင္သြား၏။ ထို႔ေနာက္ လက္ကိုဆန့္၍ တစ္လုံးခ်င္းစီ အခြံခြာကာ ထိုင္စားေနၿပီး တိတ္ဆိတ္မႈတို႔ တစ္ဖန္ ႀကီးစိုးသြားျပန္သည္။ ခဏအၾကာတြင္ ဝႆန္ မ်က္ခုံးပင့္၍...

"ကိုယ့္ကိုေကြၽးဖို႔ တကယ္ပဲ သတိမရဘူးလား"

အျပင္ဘက္ရွိ ရႈခင္းမ်ားကိုၾကည့္ေနသည့္ သခၤါက ေယာင္နနျဖင့္ သၾကားလုံးအား သူ႕ဘက္ကမ္းေပးလာေတာ့ ဝႆန္ သက္ျပင္းခ်ရ၏။

ဒီကေလး ဘယ္လိုရိုမန့္တစ္ဆန္ရမလဲ မသိဘူးပဲ။

"အခြံေလးခြာေပးပါဦးကြာ..."

ကူကယ္ရာမဲ့စြာ ေျပာလာသည့္စကားသံကိုၾကားမွ သခၤါလည္း ဝႆန္ျပသည့္အရိပ္ကို အေကာင္လိုက္ျမင္လိုက္ရၿပီး သူ၏အလိုက္မသိမႈေၾကာင့္ ရွက္သြားခဲ့ရသည္။

"ေတာင္းပန္ပါတယ္"

"ဒါေပါ့... ေတာင္းပန္သင့္တာေပါ့"

ယခုတစ္ေခါက္တြင္ေတာ့ မေျပာဘဲ အလိုက္တသိခြံ႕ေကြၽးလာသည္ေၾကာင့္ ဝႆန္ေပ်ာ္႐ႊင္စြာဆိုလိုက္၏။

"ဒါေပမဲ့ ခြင့္လႊတ္ေပးလိုက္ပါ့မယ္... ကိုယ္က သေဘာထားႀကီးတယ္ေလ"

ထို႐ႊတ္ေနာက္ေနာက္ပုံစံကိုၾကည့္ၿပီး ညာဘက္ပါးျပင္ထက္က ခပ္နပ္နပ္ခ်ိဳင့္ခြက္ေလးက လွစ္ခနဲ ေပၚလာျပန္သည္။

ဝႆန္ ထိုပါးခ်ိဳင့္ကို ေငး၍ ေခါင္းတခါခါျဖင့္...

"ဒီတိုင္းသာ ဆက္ၿပီးျမႇူဆြယ္ေနမယ္ဆို ကိုယ္မင္းကိုအျပစ္ေပးရေတာ့မွာပဲ"

သခၤါကား ေၾကာင္အအ။ ထို႔ေနာက္တြင္မွ နား႐ြက္ထိပ္ကို လက္ေခ်ာင္းထိပ္ျဖင့္ ပြတ္တိုက္ကာ အျပင္ဘက္ကို မ်က္ႏွာျပန္မူ၍ ခပ္သာသာရယ္ေလ၏။

ထိုလူက သူ႕အား မသိမသာတစ္ဖုံ၊ သိသိသာသာတစ္မ်ိဳးျဖင့္ စေနာက္ရသည္ကို သေဘာက်ေလ့ရွိသည္။

"ညီ တကယ္ႀကီးရယ္လိုက္တာလား"

တကယ္ႀကီးေပါ့ေလ။

ခ်ိဳျမျမရယ္သံေၾကာင့္ ဝႆန္ အံ့အားသင့္စြာျဖင့္ လမ္းမေပၚအာ႐ုံမစိုက္နိုင္ေတာ့။

"လမ္းၾကည့္"

သခၤါက သတိလွမ္းေပးလိုက္ေပမဲ့ ဝႆန္က ေဘးဘီဝဲယာၾကည့္၍ လမ္းမေဘးကားထိုးရပ္လိုက္၏။ ထို႔ေနာက္ ထိုင္ခုံခါးပတ္ကို ျဖဳတ္လာေသာေၾကာင့္ သခၤါက အေမးမ်က္ဝန္းတို႔ျဖင့္ လွည့္ၾကည့္လာသည္။ အၿပဳံးတို႔မစဲေသးရာ ႏႈတ္ခမ္းစြန္းက အနည္းငယ္ေကြးတက္ေနခဲ့ၿပီး သြားျဖဴျဖဴတို႔အား လွစ္ဟျပေန၏။

"ဘာျဖစ္..."

အေမးစကားဆိုဖို႔ ပြင့္ဟလာေသာႏႈတ္ခမ္းေထာင့္အား ဝႆန္ ကိုယ္ကိုင္းကာ ႁပြတ္ခနဲနမ္းလိုက္သည္။ မ်က္ေတာင္ရွည္တို႔ဝန္းရံထားသည့္ မ်က္ဝန္းမွာ ျပဴးခနဲ ျဖစ္သြားေလရာ ထိုမ်က္ခြံလႊာတို႔ကို ႏႈတ္ခမ္းျဖင့္ တဖ်တ္ဖ်တ္ ဖိနမ္းမိျပန္သည္။ ထို႔ေနာက္ ႏႈတ္ခမ္းပါးေလးကို အသာစုပ္နမ္းၿပီးေနာက္ သက္ျပင္းခ်လိဳက္မိသည္။

ကားေလးသည္ လမ္းမေပၚျပန္ေရာက္သြားခဲ့ၿပီး သခၤါ၏နား႐ြက္တို႔မွာေတာ့ ရဲရဲနီလ်က္။ ထိုပုံစံအတိုင္း ကားကို လမ္းေဘးထိုးရပ္လိုက္၊ အနမ္းႀကဲၿပီး ခရီးဆက္လိုက္ျဖင့္ သုံးခါျပည့္သြားခ်ိန္တြင္ေတာ့ သခၤါ ႏႈတ္ခမ္းကိုေစ့ၿပီး ဝႆန့္ကို သတိေပးသလို ၾကည့္လာခဲ့ေလေတာ့သည္။

"ကြၽန္ေတာ္တို႔ ေရာက္ဦးမွာလား..."

စိတ္ရွည္ၿပီး အေနေအးတဲ့ေကာင္ေလးက ထိုသို႔ေျပာလာမွေတာ့ ဝႆန္ စပ္ၿဖဲၿဖဲလုပ္ရင္း လက္စသပ္သည့္အေနျဖင့္ သူ၏အနမ္းတို႔ေၾကာင့္ နီအမ္းအမ္းျဖစ္ေနေသာႏႈတ္ခမ္းကို ဖိကပ္၍ ႁပြတ္ခနဲနမ္းလိုက္သည္။

ေန႕တစ္ဝက္မွ် ခရီးႏွင္ၿပီးေသာအခါ တျခားေသာျပည္နယ္တစ္ခုအတြင္းသို႔ တျဖည္းျဖည္းႏွင့္ ဝင္ေရာက္လာခဲ့ၿပီး ေနရာတိုင္း၌ ေဒသခံလူမ်ိဳးျခားတို႔၏ ယဥ္ေက်းမႈအႏုပညာလက္ရာတို႔ကို ေဖာ္က်ဴးထားသည့္ အဆင္တန္ဆာတို႔ကို ျမင္လာရသည္။ တစ္ခ်ိန္လုံး ၿငိမ္ေနခဲ့ေသာသခၤါသည္လည္း စိတ္ဝင္တစားျဖင့္ ေခါင္းေထာင္ၾကည့္လာရင္း...

"ခါ..."

"ဗ်ာ"

"ငွက္..."

"ဟမ္ ဘယ္မလဲ"

ေရွ႕တူရႈကိုအာ႐ုံစိုက္ၾကည့္ေနေသာ ေကာင္ေလးႏွင့္အၿပိဳင္ ဝႆန္ အေရွ႕ခပ္လွမ္းလွမ္းဆီ သတိထားၾကည့္လိုက္ရာ အျဖဴေရာင္ငွက္ႀကီးႏွစ္ေကာင္ လမ္းေဘး၌ ရပ္ေနသည့္အ႐ုပ္ သို႔မဟုတ္ ႐ုပ္တုႏွစ္ခု။ သခၤါက ထပ္၍ဆိုျပန္သည္။

"ငွက္ႀကီး..."

"အြန္း"

တျဖည္းျဖည္းႏွင့္ နီးကပ္လာေလ အ႐ုပ္၏ပုံစံက ပိုမိုထင္ရွားလာေလ။ သခၤါ မ်က္ႏွာကို ကားမွန္ႏွင့္ကပ္မိလုမတတ္ ကပ္၍ တအံ့တဩျဖင့္ ၾကည့္ေန၏။ သူ၏ယခုအသက္အ႐ြယ္ထိ ခရီးမထြက္ခဲ့ဖူးသလို မည္သည့္အရာတို႔အေပၚမွလည္း စူးစမ္းျခင္းအလ်ဥ္းမရွိခဲ့။ ႐ြာကေန ထိုင္းသို႔ တရားမဝင္လမ္းသို႔သြားခဲ့ရၿပီး လမ္းတစ္ေလွ်ာက္ဘာကိုမွ မျမင္ခဲ့ရ။ ေရာက္ေရာက္ခ်င္း အလုပ္ခြင္ဝင္ခဲ့ရၿပီး အိပ္ခ်ိန္ကလြဲ အနားယူသည္ဆိုတာ မရွိခဲ့။ ျပန္လာေတာ့လည္း တစ္လမ္းလုံး အိပ္ငိုက္လာခဲ့ေသးသည္။ ယခုတစ္ေခါက္ခရီးမွာေတာ့ မတူေတာ့ေခ်။

"ခါ... ဗ်ိဳင္းပဲ"

"အင္း... ဗ်ိဳင္းႏွစ္ေကာင္ဘုရားေလ ဝင္ၾကည့္ခ်င္လား"

သခၤါ တြန့္ဆုတ္သြားၿပီး သူ႕အား လွည့္ၾကည့္လာသည္။ ဝင္လည္းဝင္ၾကည့္ခ်င္သလို သူ႕ခရီးႏွောင့္ႏွေးသြားမွာကိုလည္း မလိုခ်င္ေန။

"အျပန္ၾကရင္ အခ်ိန္နည္းနည္းေပးၾကတာေပါ့"

"အမ္း"

စိတ္အေျခအေနေကာင္းစြာျဖင့္ လမ္းမႀကီး၏ဘယ္ဘက္တြင္ရွိေသာ ဗ်ိဳင္း႐ုပ္ႀကီးမ်ားဆီ အၾကည့္ပို႔လိုက္ျပန္သည္။ ခပ္လွမ္းလွမ္းေတာင္တန္းေပၚတြင္ ေလ်ာင္းေတာ္မူဘုရားႀကီးရွိၿပီး အထဲတြင္ ဘာသာေရးဆိုင္ရာ သ႐ုပ္ေဖာ္ပုံတို႔ျဖင့္ ဖြဲ႕စည္းတည္ေဆာက္ထားသည္။ ဗ်ိဳင္း႐ုပ္ကေန ဘုရားဆီသြားရာလမ္းတစ္ေလွ်ာက္၌ သံဃာ႐ုပ္ထုမ်ားက ေဘးဘီညာစီတန္းသြားသည္။ ဘုရားေပၚတက္ေရာက္ၾကည့္ရႈနိုင္ဖို႔အတြက္ကိုမူ ျမင့္မားေသာေလွကားမ်ားေဆာက္ထားေလ၏။

ဗ်ိဳင္းႏွစ္ေကာင္ကို ေက်ာ္ေသာအခါ လမ္းမႀကီး၏ညာဘက္ျခမ္းတြင္ ျမင္းႏွစ္ေကာင္ကို ျမင္လိုက္ရျပန္သည္။ ဝႆန္လည္း ထိုသမိုင္းေၾကာင္းမသိသျဖင့္ မေျပာျပနိုင္ခဲ့။ သို႔ေသာ္ သခၤါ၏အာ႐ုံအလုံးစုံက သမိုင္းေၾကာင္း၌မရွိ။ လွမ္းျမင္ေနရေသာ ေရာင္စုံကစားကြင္းဆီကိုသာ စူးစူးစိုက္စိုက္ၾကည့္ေန၏။

မုဒုံၿမိဳ႕သို႔ဝင္လာေသာအခါ ထိုကဲ့သို႔ ေအးချမ်းရိုးရှင်းသောရှုခင်းတို့ မျမင္ရေတာ့ဘဲ အထပ္ျမင့္အေဆာက္အဦးတို႔ႏွင့္တကြ ရႈပ္ယွက္ခတ္ေနေသာလူမ်ား ယာဥ္မ်ားျဖင့္ ၿမိဳ႕တစ္ခု၏အေငြ႕အသက္တို႔ ျပန္ရလာသည္။

"တစ္ခုခုစားၾကရေအာင္"

မရပ္မနားကားေမာင္းလာခဲ့ရသျဖင့္ ခရီးတစ္ေထာက္နားရန္ ႀကံၾက၏။ ယေန႕တြင္ မိုးသည္ တစ္ခါေလးေတာင္မွမ႐ြာခဲ့။ ထို႔ေၾကာင့္ စိတ္သက္သာရာရစြာျဖင့္ သန့္ရွင္းသပ္ရပ္ေသာစားေသာက္ဆိုင္တစ္ဆိုင္အား ေ႐ြးခ်ယ္ကာ ဝင္သြားလိုက္ၾကသည္။

ဝႆန္ ဆိုင္၏ေကာင္တာအနားတြင္ စာလုံးႀကီးမ်ားျဖင့္ကပ္ထားေသာ Menuကိုလွမ္းၾကည့္၍...

"ဘာစားခ်င္လဲ..."

"....."

"Menuက ဟိုဘက္မွာ"

သခၤါသည္လည္း တစ္ခ်က္လွမ္းၾကည့္ၿပီး မဆိုသေလာက္ေလး မ်က္ႏွာပ်က္ယြင္းလ်က္။ သူစာမဖတ္တတ္သည္ကို ဝႆန္မသိေသးေခ်။ သူေျပာျပဖို႔လည္း မဝံ့ရဲေသး။

ေတြေဝတုံ႕ဆိုင္းေနေသာသူေၾကာင့္ ဘာေ႐ြးရမွန္းမသိလို႔ဟု ထင္လိုက္ေသာ ဝႆန္က...

"အသားဟင္းစားခ်င္တာလား အသီးအ႐ြက္ပဲလား... တျခားဟာေတြပဲစားမလား"

သခၤါ မ်က္လႊာကို ပင့္၍ ႏႈတ္ခမ္းအား မသိမသာကိုက္လိုက္သည္။ ယခုထိေတာ့ စကားမျပန္ျဖစ္ေသး။

"ဟင္ မေ႐ြးတတ္ဘူးဆို ကိုယ္ပဲ မွာလိုက္ရမလား"

သခၤါ အင္တင္တင္ျဖင့္ ေခါင္းညိတ္ရင္း အေတြးကေန႐ုန္းမထြက္နိုင္။ သူ႕မွာ ဘယ္လိုအားနည္းခ်က္ပဲရွိရွိ ဝႆန္တစ္ေယာက္ ခ်စ္ေပးနိုင္ပါ့မလား သူမသိ။ ၿပီးလွ်င္ ဝႆန္က ဘြဲ႕ရပညာတတ္တစ္ေယာက္ျဖစ္ကာ အဆင့္အတန္းတစ္ခုရိေနသူျဖစ္သည္။ သူ႕လိုဘာမဟုတ္တဲ့ေကာင္ကသာ...

"ေဟ့... ဘာေတြေတြးေနတာတုန္း ကိုယ္မွာထားတာေတြအဆင္ေျပရဲ႕လား"

"ဟမ္...အမ္း... ေျပ ေျပပါတယ္"

ေဘးတြင္ရပ္ေနေသာ စားပြဲထိုးေလးကိုၾကည့္ၿပီး ခပ္တိုးတိုးျပန္ေျဖသည္။

ေန႕လယ္စာၿပီးေသာအခါ ခရီးအား တိုက္ရိုက္ဆက္ၾက၏။ ယခုပုံစံႏႈန္းႏွင့္ဆိုပါက လမ္းခရီးတြင္ တစ္ညမအိပ္ဘဲ လိုရာခရီးကို ေရာက္ေပလိမ့္မည္။

AN/ မေန႕က စခေတြ ၿခံထဲဝင္လာတယ္။ လမ္းေဘးတစ္ေလွ်ာက္က အိမ္ရွင္ေတြဆိုေခၚၿပီး ဖုန္းေတြသိမ္းသြားၾကတာ။ အႏွင္းတို႔ဆီေတာ့ ေရာက္လာခဲ့ေပမဲ့ လူလည္းေခၚမသြားသလို ဖုန္းလည္းသိမ္းမသြားတာကံေကာင္းလို႔ပဲ။ စာေတြလည္း ေရးဖို႔ အာ႐ုံမစိုက္နိုင္ေတာ့ပါဘူး။

Continue Reading

You'll Also Like

6K 126 13
(Based off the 2005 movie) Willy Wonka has kept many secrets hidden away in his factory, but his littlest secret is his eight year old daughter Wend...
16.8K 320 53
When our main character gets stuck working in her dad's shop for the summer, she tries to make the best of accepting that the next three months will...
279K 8.6K 28
Lauren's daughter goes missing just two hours after she was born. The police find her three years later in the hands of someone you'd least expect. I...
2.2M 146K 81
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...