တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာ
By maiyuri18
465K 30.6K 2.3K
သစ္စာစကားဆိုတာ တောင်းတိုင်း ပြည့်တဲ့ဆုမဟုတ်သလို တည်စေ၊ မြဲစေ ၊ ခိုင်မာစေ ဆိုပြီး အတင်း ဆုပ်ကိုင်ထားလို့မရဘူး... More
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း (၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း (၁၆)
အပိုင်း(၁၇)
အပိူင်း(၁၈)
အပိုင်း (၁၉)
အပိုင်း(၂၀)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်(၃၈)
အပိုင်း( ၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)⚫️🔞
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း (၅၅) Final
အပိုင်း(၂၁)
7.5K 506 37
By maiyuri18
" ကျွန်တော်....ကျွန်တော် လာဆိုချင်တယ် ဦးမျိုး...."
" ဦးမျိုးက ဝမ်းသာအားရကြိုဆိုနေမယ်..သားရေ...သားဆုံးဖြတ်ချက် သိပ်မှန်တယ်...လူငယ်ဆိုတာ ကိုယ့်သွားချင်တဲ့လမ်းကို ဘယ်လိုလျှောက်ရမလဲ အမြဲရှာဖွေနေရမယ်...ဘာအတွက်ကြောင့်နဲ့မှ စိတ်ဓါတ်မကျနဲ့...ကိုယ်ဖြစ်ချင်တာကို ဘယ်လိုအရာမျိုးနဲ့မှ တားဆီးမခံနဲ့ သား...ဦးမျိုးအားပေးနေမယ်..."
" ကောင်းတယ် ငါ့ညီ...ဆုံးဖြတ်တာ သိပ်မှန်တယ်...."
" ဟုတ်..ဟုတ်ကဲ့ပါဗျ..."
လက်မတစ်ထောင်ထောင်ဖြင့် ချီးကျုးနေသော ကိုတိုးကြီး။
" ကျွန်တော် က guitar ပဲတီးတက်တာ စင်တင်တွေဆိုဖို့ကြ နည်းနည်း.."
ဂုတ်လေးပွတ်သပ်ကာ အနည်းငယ်စိုးရွံ့စိတ်ကို ပြသနေတဲ့ လွယ်အွေ့လေးရဲ့ ပုခုံးကို ပုတ်ကာ နှစ်သိမ့်ပေးနေသည့် မိဝေအစ်ကိုတော်စပ်သူ Seven Star ပိုင်ရှင်ဦးမျိုး။
" အဲ့ဒါတော့ မခက်ဘူး သားရ...ဦးမျိုး အဆင်ပြေအောင် လုပ်ပေးမှာပေါ့ကွ....အဓိက သား ခုလို ဆုံးဖြတ်ချက် ချတာကို အားပေးတယ်ကွာ.....လာ...လာ... Cheers! .."
ဖန်ခွက်ချင်းတိုက်ပြီး ချီးကျူးသံက ကျယ်လောင်သည့်အလား ကခုန်ပျော်မြူးနေသော ဖိုးသာထူးလေးကပါ ဖျော်ရည်ဗူးလေးကိုင်မြောက်ကာ ပျော်နေရှာသည်။
" နောက်နေ့ ကိုငယ်ကို ငါဆီပို့ပေးခဲ့ ..သာထက်..ငါ ဆိုင်က တီးဝိုင်းသမားတွေနဲ့တွေ့ပေးချင်လို့ ."
" အစ်ကိုညီမ ကို ပြောပြအုံးဗျ...တော်ကြာ ကျွန်တော့်တို့ညီအစ်ကိုတွေ ကန်ချနေမှဖြင့် ..."
" ဟာ....မိဝေက အစွမ်းထက်လှကြီးလာ....ငထက်..."
" ဟုတ်လားဟ....ငထက်က အောက်ခံနင်းပြားလေးပါကွာ...ဟားးးးးးး"
" သာထက်တို့က ချစ်တာပါဗျာ.....ချစ်တာပါ...."
တဟားဟားလှောင်ရယ်နေသော ဦးမျိုးတို့နဲ့ အဖေကို ကြည့်မရလိုက်လေခြင်း။
" ကိုကို့....ကိုကို့....ဂစ်တာတီးပြတော့လေသားကို..."
" အမ်.....အင်း..."
ကိုသာထက်တို့စကားကြောင့် သူ့တို့အပြော၊ သူ့တို့ပျော်မြူးနေဟန်ကိုကြည့်ပြီး သူငယ်ချင်း၏ အနှစ်သာရကို ဘေးကနေ ကူးစက်ခံစားနေရသည်က အမှန်။
ကိုယ့်မှာသာ တီးတိုးဖော် ရှိခဲ့လျှင်။
ကိုယ့်မှာသာ ဆိုးတူကောင်းဖက် အသိမိတ်ဆွေအရင်း ရှိခဲ့ရင် ဆိုတာမျိုး စိတ်ကူးပုံဖော်မိသည်။
ကြုံဆုံလာခဲ့သမျှ အရာရာကို ရင်ဖွင့်မယ်။
နွမ်းလျလာတဲ့အခါ သူ့ရင်ခွင်မှာ မျက်ဝန်းလေးမှိတ်ပြီး ခိုနားမည်။
မောပမ်းလာတဲ့အခါ သူ့ပုခုံးပေါ် မှီထားချင်သည့် စိတ်တို့က အမှောင်ကျနေသည့်အလား စိတ်ကူးမယဉ်ရဲသည့် အခြေအနေမို့ တိတ်တဆိတ်တောင် တမ်းတမိလို့ ဖြစ်သင့်ရဲ့လား ဗန်လွယ်အွေ့မသိခဲ့။
ချစ်ရသူက ပစ်ချခဲ့တော့ ယောင်ရမ်းပြီး တမ်းတချင်သော်လည်း ကိုယ့်မှာ ဆုပ်ကိုင်စရာ ပုံရိပ်ယောင်တောင်မရှိခဲ့။ လက်ပွတ်တတီးအတူရှိနေသည့် မေမေလက်ဖွဲ့ပေးခဲ့ဖူးတဲ့ အဆောင်လက်ဖွဲ့ကြိုးလေးကသာ တစ်ကွင်းတည်းအဖော်မဲ့လျှက် ရစ်ပတ်နှောင်တွယ်ထားမိသည်။
ဘယ်ဆီမှာများ စွန့်ပစ်ခံခဲ့ရမယ် မသိသေးသော ချစ်ရသူကြီးဆီ ပါသွားသော အဆောင်လက်ဖွဲ့ကြိုးလေးများ မျက်နှာငယ်ရှာနေမလား...။
ချယ်ရီပင်အိုကြီးရော ခြောက်သွေ့နေရှာမလား။
တောင်ဇလပ်ပန်းတွေ လွမ်းငွေ့ဝေဝေကြောင့် နွမ်းလျနေရှာမလား။
ကိုယ့်လိုပဲ အဖော်မဲ့ အထီးကျန်နေရှာသလား.....။
" ကိုကို..သားတို့ကို သီချင်းဆိုပြမယ်ဆို...." လွင့်မျောနေဆဲ အတွေးပုံရိပ်ကို ဘယ်ဘက်လက်မောင်းလေးအား ဆုပ်ကိုင်ရမ်းကာ ပြောလာသော ဖိုးသာထူးရဲ့သတိပေးခေါင်းလောင်းသံတို့ကြောင့်။
" အင်း.."
" ရေးးးးးးးးးးအဖေ....ဦးပေါ...ကိုကို့က...သားကိုကို့..က သီချင်းဆိုပြမလို့တဲ့.."
" ဟေ ...ဟုတ်လား...ဒီညနေ အပီအပြင်ဆွဲမယ်ဝေ့...."
" ဦးပေါက အသံဆိုးကြီးနဲ့ ....သားကိုကို့က အသံချိုချိုလေး...ဗျ..."
" ဟိတ်ကောင် ဖိုးသာထူး ...မင်းကတော့နော်...."
" ကဲပါ ဖိုးသာထူးရာ...မင်းကိုကို့ ကို တို့တွေက အားပေးမှာ ဟုတ်ပလား...တကတည်း ကြော်ငြာ၊ ဒါရိုက်တာက မပြီးစီးနေတာ ငထက်ရ....မင်းသားက တကယ်...."
" သူက ကျုပ်တို့အိမ်မှာ စီစီတီဗွီနဲ့ လက်ထောက်ဒါရိုက်တာဗျ....."
" ထင်ပါတယ်ကွာ...မင်းမလည်း မယားကြောက်ရ...သားကြောက်ရ ပါ့လား..."
ဘေးနားအရံသင့်ထောင်ထားသော ဂစ်နာအိုလေးကို ဆွဲယူကာ..တစ်ထောင် ~ တောင် ထွက်လာသော ဂစ်တာ သံချိုလေးကြောင့် အားလုံး၏ စိတ်ဝိဉာဏ် တို့က ဂစ်တာပေါ်က ထွက်ပေါ်လာသံလေးအပေါ် အာရုံရနေကြသည်။
" အစ်ကိုတို့၊ ဦးမျိုးတို့ ဆိုကြပါ....ကျွန်တော် တီးပေးမယ်....."
" ဟေ...."
" ဟ့....အဲလိုရလား....ဘာသီချင်းဆိုဆိုနော်...."
" ဟုတ်ကဲ့...."
ခေါင်းချင်းဆိုင်ကာ သူဆိုမယ်၊ ငါဆိုမယ် ငြင်းခုန်နေကြတာ လူကြီးတို့ရဲ့ငယ်ကျင့်ဆိုးအတိုင်း။
အောင်မြင်လွန်းနေသော အစ်ကိုပေါတို့၊ ဦးမျိုးတို့အသံကြောင့် ဘာရယ်မဟုတ် ခပ်ဟဟ.. ပြုံးမိသည်။
" မောင့်မျက်ရည်ဝိုင်း ...အဲ့တာ ...အဲ့တာဆိုမယ် ရလား ကိုယ့်ညီလေး"
" အင်း.....တစ်ချက်လောက် ကြည့်လို့ရမလား တီးကွက်လေး တစ်ချက်ကြည့်ချင်လို့ဗျ..."
" အာ...ဟုတ်တာပေါ့..ပေါကြွယ်..မင်းဆီမှာရှိလားဟ..."
" ရှိသေးတယ် ကိုတိုး...ဒီမှာ..ငါ့ညီ..."
ကိုပေါကြီးရဲ့ အသစ်ဆက်ဆက် Oppo ph လေးထဲက အဆိုတော်ဘိုဖြူအပါအဝင် အုပ်စုလိုက် သီဆိုထားကြသော မောင့်မျက်ရည်ဝိုင်း music video လေး၏ တီးကွက်အချို့ကို ကိုယ်ပိုင်ဂစ်တာလေးဖြင့် တီးကွက် အချိုးအပြောင်းအလဲများကို မှတ်သားနာယူနေသည့် ဗန်လွယ်အွေ့လေး၏ စိတ်ဝင်စားမူအလုံးစုံကို ဦးမျိုးတို့အဖွဲ့က ခေါင်းလေးညိမ့်ကာ တိတ်တိတ်လေး ဂုဏ်ပြုမိနေခြင်း။
ဂီတနယ်ပါယ်မှာ တကယ့်ပါရမီရှိတဲ့ ကလေးလေး!
တိုင်းရင်းသားလေးဆိုတဲ့ အတိုင်း တီးခတ်သီဆိုမူကမြေပြန့်သားတွေထက်များသောအားဖြင့် ထူးချွန်ကြတာ ဦးမျိုးတွေ့ဖူးသူမို့ ဒီကလေးက တစ်ချိန်ချိန်မှာ သေချာပေါက် အောင်မြင်မယ် ယုံကြည်ပြီးဖြစ်သည်လေ။
ယောက်ဖဖြစ်သူ သာထက်ရဲ့ ဖွင့်ဟပြောဆိုချက်ကြောင့် ချင်းလူမျိုး၊ တောင်ပေါ်ဒေသက လာတယ်ဆိုတာကလွဲ မည်သည့်အသိုင်းအဝိုင်းက ထွက်လာတယ်မသိရသေး။ ယခုလိုနုနုနယ်နယ်ကလေးတစ်ယောက်က တောင်ပေါ်ဒေသကနေသူအလိုအလျှောက် ခြေဦးပေါက်ရာ လျှောက်သွယ်လိမ့်မယ် ဦးမျိုးမယူဆခဲ့။ အကြောင်းအရင်းတစ်ခုခုကြောင့် မိဝေအိမ်မှာ တည်းခိုနေတယ်ဆိုတာ သာထက်အပါအဝင် ကိုတိုးကြီးတို့အဖွဲ့ကပါ သိရှိနားလည်ထားသူပီပီ လွယ်အွေ့လေးရဲ့ နောက်ခံမိသားစုများဆီက လိုက်လံရှာဖွေခြင်းများ ကြုံရန်ိုးနိုးဖြင့် သတိကြီးစွာ taxi drivers ပီပီအနည်းငယ် စပ်စုကြည့်မိကြသေးသည်။
ကျယ်ပြန့်လှသည့် မြို့ပြအရပ်မို့ လိုချင်သည့်အဖြေကိုမရသေးသော်လည်း တစ်နေ့နေ့..တစ်ချိန်ချိန်တော့ဖြင့်....။
သက်ဆိုင်ရာမိသားစုဆီကို လက်လွှဲ အပ်ပေးရမယ်ဆိုတာ ကိုသာထက်တို့သိထားပြီး ဖြစ်သည်လေ။ မိဝေကိုယ်တိုင်က သံယောဇဉ်ရစ်တွယ်နေသူမို့ ရောက်လာတော့မည့်တချိန်ချိန်....အဲ့အချိန်....။
"ရပြီ ဦးမျိုး...."
Music video လေးကိုကြည့်ပြီး တီးကွက်အချို့ကို အချိန်တခဏအတွင်းလေ့လာနေတဲ့ ဗန်လွယ်အွေ့လေးရဲ့ လေ့လာမူနယ်ပါယ်က ကိုတိုးကြီးတို့ကို မျက်လုံးပြူးအံ့အားသင့်စေသည်။
ဒီလောက်တောင်လား....!
ငါ့ကောင်သာထက် လေကြီးခဲ့သမျှ တို့တစ်ထွေ ကြည့်ရတော့မှပဲ ဆိုကာ ..အတွေးကိုယ်စီဖြင့်။
" ဒါနဲ့...ငါ့ညီက ...ရှေ့အပိုဒ်က...နည်းနည်းတိုင်ပင်စဆိုပေးကွာ....တို့တွေက သိတဲ့အတိုင်းဟားးး..."
" ဟုတ်ကဲ့...."
အုပ်စုလိုက် ခါးကိုမတ်ကာ တကယ်အပီအပြင်ဟဲရတော့မယ့် ရုပ်မျိုး ။
လွယ်အွေ့လေးရဲ့ လက်အကျတီးကွက်တချို့မှ ထွက်ပေါ်လာသော ဂစ်တာသံချိုလေးကို မျက်ဝန်းလေးမှိတ်ကာ အာရုံစိုက်နေသည့် လူအိုကြီး၏ သရုပ်ကို ဖိုးသာထူးလေးက နားမလည်နိုင်စွာ မေးထောက်၍ ကြောင်ကြည့်နေပြန်သေးသည်။
( နာကျင်လေသော နှလုံးသားမှာ...ခံစားချက်တို့ရှိပြီကွယ်...ရွှေအိမ်စံ ငွေမင်းသမီးရယ်..ရင်နာစရာ အဖြစ်ဆိုးလေးနောက်မှာကွယ်...)
"သား ကိုကို့ အသံလေးက ကောင်းလိုက်တာ ...ဟာ...."
ဖိုးသာထူးရဲ့ချီးကျူးသံတိုးတိုးလေးကို ဦးမျိုးက လက်လေးနှစ်ဖက်ဖြင့် စည်း/ဝါးလိုက်ကာ အသိအမှတ်ပြုနေဟန်။
ကြားဖူးနေကြ အသံချိုချိုလေးကို ခေါင်းလေးညိမ့်ကာ မကြားတကြား လက်ဖျောက်လေးတီးပြီး ကီးလိုက်နေသည့်ကိုသာထက်...။
(ရယူပြီး ပြန်ပေးလိုက်ရတာရယ်..မရထိုက်လို့ ကိုယ်ယူဆပါ့မယ်..)
ဖိုးသားထူး၏ ချီးကျူးသံ နောက်ကွယ်က ဟာ! ဆိုတဲ့ ရင်ခေါင်းသံနက်ကြီးက ပေါကြွယ် သီဆိုဟန်ကို အပီအပြင် ချီးကျူးသမူပြုမူနေပုံ များ လက်ဖျားခါရတယ်။
"ဦးပေါ ...အသံကြီးက! ..."...ဟွန့်...!
(ဟိုတစ်ချိန် ချစ်ရူးလေး အသည်းမှာ ..ရည်မှန်းချက်တို့ ရှိပါတယ်...တိမ်လွှာတွေ လေနဲ့ ပျောက်ကွယ်..ပျော်စရာဘုံ ကွယ်ပျောက်ခဲ့ရပါတယ်)
(လျှပ်တစ်ပြက်အတွင်းမှာ အသည်းကွဲသွားတာရယ်..ကွဲထိုက်လို့ ကိုယ်ယူဆပါ့မယ်)
အပီအပြင် ခေါင်းလေးငြိမ့်ကာ သီဆိုနေသော ကိုတိုးကြီးက လူကောင်ကြီးသလောက် အသံသေးသေးလေးမို့ ကလေးပီပီ ဖိုးသာထူးက အော်ရယ်နေလေရဲ့။
ဘေးနားကနေ ကိုတိုးကြီး သီဆိုဟန်ကို ချီးကျူးနေတဲ့ ဖိုးသာထူးလက်မောင်းကို ဆွဲဆိတ်ကာ ဆုံးမနေရသော ကိုသာထက်က မျက်စိမှိတ်ပြ၊ မျက်လုံးပြူးပြမရနဲ့။
ဘယ်လိုကောင်မှန်းမသိ....ကိုတိုးကြီးမှ အားမနာ။
တကယ်လည်း ကိုတိုးကြီး က လူကောင်ကြီးသလောက် အသံခပ်သေးသေး။
(မောင့်....မျက်ရည်ဝိုင်း....မောင့်....မျက်ရည်ဝိုင်း.....တွေးမိလေတိုင်း ..ငိုချင်တယ်...).......ပြန်ပြောင်းကာ အတိတ်ကြောင်းကို မစဉ်းစားချင်တယ် ..အလွှာခြားနေတဲ့ အို..အချစ်ဦးရယ်)
အဖွဲ့လိုက် သီဆိုနေဟန်ကြောင့် စိတ်ပင်ပမ်းမူတွေ၊ စိုးရိမ်သောကတွေ ဘယ်ဝယ်မသိ။
ဂစ်တာကြိုးပေါ်က လူပ်ရှားနေသော ဖယောင်းလက်ကလေးက ငေးကြည့်ချင်စရာ ကောင်းအောင် အသံပါဝါကလည်း ချိုချိုအေးအေး ကြည်ကြည်လင်လင်လေးမို့ ကိုငယ် သီချင်းကို နားဆင်ဖူးသူတိုင်း ခေါင်းလေးညိမ့်ကာ ထောက်ခံကြလိမ့်မည်။
ချစ်စရာ ဟန်ပန်၊ ဖယောင်းလက်လေး၏ တီးခတ်လူပ်ရှားဟန်လေးက အလိုလို မျက်စိမလွှဲချင်စရာ။
" ဟေးးးးးးးသားကိုကို့ အတော်ဆုံး.......သားကိုကို့ အတော်ဆုံးပဲ....."
" မောင့်မျက်ရည်ဝိုင်း" သီချင်း သီဆိုမူအပြီး ထခုန်ကာ လက်မလေးခေါင်ပြီး ကိုပေါကြွယ်တို့အဖွဲ့အား လှောင်ပြောင်နေသည့် ဖိုးသာထူး။
တကယ့်ကောင်။
ကိုငယ် လည်ပင်းလေးကို ဖက်ကာမျက်လုံးလေး မှိတ်သည်အထိ ချီးကျူးဩဘာပေးမဆုံးသေး။
" အေးပါကွာ....မင်းမပြောလည်း သိပါတယ် ဖိုးသာထူးရ...ဟွန့် "
" အေးကွာ ငါ့တို့ညီက တကယ့်ပါရမီရှင်ကွာ.....တနေ့ ကျိန်းသေပေါက်အောင်မြင်မယ်လို့ ကိုတိုးကြီး ရဲရဲပြောရဲတယ် ...ကြိုးစားကွာ ...."
" ဟုတ်ကဲ့...."
ကိုယ့်ကို ချီးကျူးနေသော ကိုသာထက် အပေါင်းအဖော်များကြား မျက်နာပွင့်ကာ ပျော်မြူးနေသော တောင်ပေါ်သားလေး။ အတိတ်ဆိုးတွေ ဘယ်ဆီဝယ်မသိ၊ ဆွဲထုတ်ပြစရာဆိုလို့ နာကျင်စရာတွေပဲမို့ မည်သူမျှ ဖွင့်ဟပြောချင်စိတ်ရယ် တစိုးတစိမျှမရှိ။
ရောက်တက်ရာရာ ပြောဆိုရင်း၊ သီဆိုရင်း ညနေအတော်စောင်းမှ အိမ်ပြန်သွားသော ကိုပေါကြွယ်တို့အား အတော်ခင်မင်မိသည်လေ။
———————————-
အတွင်းရေးမှူး Jay အား အိမ်ခေါ်ကာ ရင်ထဲနင့်နေသမျှ ဖွင့်ထုတ်ချလိုက်တော့ လွယ်အွေ့ကို မ မြင်ဖူးသေးတဲ့ Jay က ကိုယ့်အပေါ်အမြင်မကြည်တော့ဘူး။
Boss က လုပ်ရက်တယ်တဲ့!
လူမဆန်ဘူးတဲ့ !
" လူ့လောက ၊ လူ့သဘာဝမှာ အဲလိုလူမျိုးကို ဖေးမတက်ရမယ်ဆိုတာ Boss က တကယ်မသိတာလား " ဆိုပြီး ဘယ်တုန်းကမှ ပြန်ခံမပြောဖူးတဲ့ လက်အောက်ငယ်သားJay ကတောင်အပစ်တင်ကာ ဆဲဆိုနေလေရဲ့။
*ကိုကို အဲလောက်ထိ ငယ်လေးအပေါ် ယုတ်မာခဲ့ပါသည်...
" ငါ ခု လအတွင်း လက်ရှိ project ကို ဖြတ်နေတာ Jay ၊ ငါ သူဆီပြန်မှာ .."
" သူအပေါ် မကြင်နာနိင်ရင် ပြန်မရှာသင့်ဘူး Boss "
" ဟင်းအင်း...ငါ ရှိသမျှအရာအားလုံးနဲ့ ပုံလဲပြီး ချစ်ပေးမှာ၊ ကြင်နာပေးမှာ၊ ဖေးမပေးမှာ ...Jay "
ခွက်ချင်းတိုက်လို့ တစ်ရိူက်တည်း မော့ချလိုက်ပေမယ့် ရင်တွင်းအပူကို မငြိမ်းအေးစေနိုင်တာအမှန်။
Photo ထဲကတစ်ခုတည်းသော ခိုးရိုက်မိတဲ့ ဂစ်တာတီးနေသော ပုံလေးကို Jay အားပြမိတော့ ...
"Good boy and so look like a star , Boss"
" that's truth" ဆိုပြီး ပြန်လည်သိမ်းခဲ့ရတဲ့ တစ်ခုတည်းသော ကလေးငယ် ရုပ်ပုံလွှာလေး....။
ခြေတစ်ဖက်မသန်တဲ့ ကလေးကိုမှ ငြင်းခဲ့မိတဲ့ ကိုယ့်ကိုကိုယ် ဘဝင်မကျခဲ့။
အမြင်မှန်ကို အတ္တတွေနှင့်ရောပြွန်းနေတဲ့ အရွဲ့တိုက်ချင်စိတ်က အနိုင်ယူခံရတော့ ကိုယ်သာလျှင် မိုက်လုံးကြီးခဲ့မိခြင်း။
အမှန်တရားကို နောက်ကျမှသိခွင့်ရတော့ အားလုံးက ကိုယ့်အမှား၊ ကိုယ့်တစ်ဖက်သတ်ကိုကြည့်ပြီး နေတဲ့ ကလေးကိုမှ ရက်ရက်စက်စက် စွန့်ခွါခဲ့မိတဲ့ ကိုယ်တိုင်သော်လည်း မကျေနပ်။ မိသားစုအပေါ်လည်း စိတ်ဆိုးကာ ပေါက်ကွဲချင်မိသည်။
လက်ရှိအမှားများစွာ ကျူးလွန်နေသူက ကိုယ်တိုင်ပင်တည်း။
" ကလေးငယ်က ဂီတနယ်ပါယ်မှာ တဖက်ကမ်းနီးပါး တက်တာ Jay, သူ့အသံလေးက ချိုကြည်ပြီး ရင်အစုံကို အေးချမ်းစေတဲ့ အသံကြည်ကြည်လေး....ငါမှားခဲ့တာ ....ငါသိပ်မိုက်မဲခဲ့တာ Jay, ငါကိုယ်ငါလည်းခွင့်မလွတ်သလို အိမ်ကိုလည်း မပြန်ချင်ဘူး.....သူတို့သိပ်မှန်တယ်ထင်ပြီး တလွဲအတ္တတွေက ကလေးငယ်ကို ပိုနာကျင်စေခဲ့တယ်မဟုတ်လား Jay...."
ဘယ်သောအခါမှ သူ့အကြောင်းအရာများကို ဖွင့်ဟလေ့မရှိသော Boss ဘုန်းမာန်ကိုကြည့်ပြီး အံ့ဩမိတာအမှန်။ ပြီးခဲ့တဲ့ တစ်ပတ်ကတည်း လုပ်ကိုင်ဆဲ project မှန်သမျှကို နေ့မနား၊ ညမအိပ် လုပ်ကိုင်ပြီး ၊ လက်တွဲချင်နေကြသော projects သစ်ကြီးများကိုလည်း ကိုယ်ကို ရှေ့ထားကာ တချို့ project များကို canceled လုပ်ခဲ့သည့် အလုပ်အိုးကြီး Boss ဘုန်းမာန်ကို company တစ်ခုလုံးက အံ့ဩနေကြတာ အမှန်။ ကိုယ့်အထက်လူကြီး အရမ်းအလုပ်ကြိုးစားတဲ့ Boss က projects များစွာကို အပြီးသတ်နေပီး မွေးရပ်မြေ ပြန်မယ်ဆိုတဲ့ တစ်စွန်းတစ်စသော စကားတို့ကို ကြားနေရပြန်သေးသည်။
ငယ်သူချင်း၊ အလုပ်တွဲလုပ်ဖော်ကိုင်ဖက် Jay ကိုပင် မည့်သည့်အကြောင်းအရာမှ ဖွင့်ဟပြောဆိုခြင်း မရှိသောကြောင့် မွေးရပ်မြေ ပြန်မည့်ကိစ္စ ကောလဟာလ ဟူ၍သာ ဆုံးဖြတ်ထားကြသော်လည်း ယနေ့ Boss က သူအိမ်မှာ လာတွေ့ရန် အကြောင်းများကြောင့်သာ ...။
" Boss တကယ် ဆုံးဖြတ်ပြီးပြီပေါ့....လက်ရှိ project တွေကို လက်လွဲအပ်ခဲ့မယ်ဆိုတာ..."
" ကိုယ်ဆုံးဖြတ်ပြီးပြီ Jay ...အရာအားလုံးကို ကလေးငယ်နဲ့ လဲနိုင်တယ်"
" ဒီကနေ ဂုဏ်ယူနေမှာမို့ အိမ်ကိုအပါခေါ်လာနိုင်ပါစေ Boss"
" ကိုယ် မဖြစ်ဖြစ်တဲ့နည်းနဲ့ ကိုယ့်ကလေးငယ်ကို အပါခေါ်လာခဲ့မယ် ..."
" အောင်မြင်ပါ စေ Boss .....Cheer"
" Thanks Jay...."
ခွက်ချင်းတိုက်လို့ မော့မိသည်ကား မည့်သည်အကြိမ်အရေအတွက်လဲမသိ။ ရင်ထဲအပူကသာ အနိုင်ပိုင်နေသည်မို့......။
မည်မျှ ပမာဏကသာ ကိုယ့်ကလေးငယ် အပေါ် အားနာစိတ်၊ လွမ်းသည့်စိတ်ကို မေ့ပျောက်စေနိုင်လဲ။
" ကိုယ်သိပ်မှားတယ် ကလေးငယ်ရယ်.....ကိုကို မှားခဲ့တယ်နော်....ကိုယ်ပြန်လာတော့မယ် ကိုယ့်ကလေးငယ်ဆီ....မကြာတော့ဘူး...."
ဖန်ခွက်လေးကို လူပ်ခါရမ်းပြီး မော့မိသည်ကာ နောက်ဆုံးအကြိမ်ပင်တည်း။
" Jay..."
" ဗျာ ..Boss...."
" ကိုယ့်ကလေးအတွက် ဂီတနယ်ပယ်က ထုတ်လုပ်သူအချို့ရယ် ကြော်ကြားပီးသား ဂီတမူးတွေကို ဆုံတွေ့ချင်တယ်...စီစဉ်ပေးပါအုံး "
" စိတ်ချပါ Boss "
" ကျေးဇူးပါကွာ...နောက်ပြီး ငယ်လေးအတွက် အရိုးအကြောအထူးကုပါရဂူတွေနဲ့ပါ ကြိုတင်ချိတ်ထားပေးအုံး Jay....ကလေးငယ်ကိုဒီမှာ သေချာပြသပီး ကုသပေးချင်တယ် ..."
" စိတ်တိုင်းကျစေရပါ့မယ် Boss , boss သာ အရမ်းနောက်ကျအောင်ထိ မသောက်နဲ့ဗျ..."
" ကျေးဇူးပါကွာ...မင်းလည်း နောက်ကျနေပြီ...ဂရုစိုက်ပြန်ကွာ...."
ခေါင်း အထပ်ထပ် ညိမ့်ကာ စားပွဲပေါ်က စားသောက်စရာများကိုရှင်းလင်းပြီး အိမ်ပြန်ဖို့ ပြင်နေသည့် Jay ကို အားနာမိပြန်ပြီလေ။
အချိန်အားဖြင့် နောက်ကျနေပြီမဟုတ်ပါ့လား။
" မများစေနဲ့တော့ Boss, ကျွန်တော် ပြန်ပြီနော် ..."
" အိုခေ Jay, ဒီည နားထောင်ပေးတဲ့ အတွက်ကျေးဇူးပါ Jay.."
ကိုယ့်အပိုင်လေးကို ကိုယ်တကယ် မျက်နှာပြောင်တိုက်စွာနဲ့ပဲ ပြန်လာသိမ်းတော့မယ် ကလေးငယ်...။
ကိုယ်အားနာစိတ်နဲ့ အပိုင်သိမ်းချင်တာမဟုတ်ပဲ ကိုယ့်အပိုင်လေးမို့ မြတ်နိုးစွာဖြင့် ကိုယ်အပိုင်သိမ်းတော့မယ် ! ဘယ်ဆီ ဘယ်ဝယ်ရောက်နေမယ် မသိသေးသော တဖက်နိင်ငံက ကလေးငယ် အား ရည်ရွယ်ပြီး ပြောနေသည့် စကားလုံးအချို့ ။
ရည်စူးကာ လက်ဖွဲ့ထားသော အဆောင်လက်ဖွဲ့ကြိုးလေးကို ပြန်လည်ကာ ရှာဖွေရန် အပေါ်ထပ်ဆီက မိမိအခန်းဆီသို့ ။
" ကိုယ်ချွတ်ထားတာ သိရင် ဘယ်လောက်တောင် ကလေးငယ် စိတ်ဆိုးနေမလဲ ..အဟက်! .."
အိပ်ယာဘေးက အရေးကြီးသော ပစ္စည်းထားက်ို သိမ်းဆည်းထားသော မီးခံသေတ္တာလေးထဲ မွှေနောက်ရှာဖွေမိတော့ ခန့်ငြားဝင့်ထယ်စွာ တည်ရှိနေပါသော အဆောင်လက်ဖွဲ့ကြိုးလေးက ကိုယ်ကို လှောင်ပြောင်နေသည့်အလား ....။
တုန်ရီနေသော လက်နှစ်ဖက်ဖြင့် အသာအယာထိမ်းယူကာ လက်ကောက်ဝတ်မှ ပြန်လည်နေရာချထားမိသည်။
ကိုယ်အပိုင်နေရာလေးနဲ့ ဝေးစေတာမို့ တောင်းပန်စကားဆိုဖို့လည်း မမေ့ခဲ့။
လွယ်အွေ့တို့ မိဘရိုးရာအပေါ် မထီမဲ့မြင်မပြုခဲ့ပေမယ့် ဥပေက္ခာပြုထားခဲ့မိသည်မို့ ကောင်ကင်းပေါ်က လွယ်အွေ့မိဘများကိုလည်း စကားတချို့နဲ့ တိုင်တည် ရည်စူးကာ တောင်းပန်နေခဲ့မိသည်။
" တောင်းပန်ပါတယ် လက်ဖွဲ့ကြိုးလေးရယ်၊ ကိုယ်က လူကောင်းမဟုတ်ပေမယ့် ကိုယ့်အိမ်သားလေးအပေါ် အမှားလုပ်ခဲ့မိသူမို့ တောင်းပန်ပါတယ်၊ နောက်သော အခါမှ မနာကျင်စေရသလို ကိုယ်အပိုင်လေးကို ဝမ်းနည်းခံစားစေမှာ မဖြစ်စေရပါဘူး "
လက်ကောက်ဝတ်ပေါ်က အဆောင်လက်ဖွဲ့ကြိုးလေးကို တစ်ယောက်တည်း ရူးသွပ်လုလု ခံစားချက်တို့ဖြင့် တိုင်တည်ရေရွတ်နေမိသည်။
ဆက်လက်ရှာဖွေမိတော့ အဖေ စီစဉ်ပေးခဲ့သော ထိမ်းမြားမင်္ဂလာလက်ထပ်စာချုပ်က ကိုယ် ကိုကျိန်ဆဲနေပြန်သေးသည်။
မတွေးတောမိသည့် တဖက်အိမ်သားလေး၏ ခံစားချက် .....။
နားလည်ဖို့ မကြိုးစားခဲ့ပါသော လူကြီးမိဘတို့၏ သဘောထား........။
ကိုယ့်မျက်နှာကို ငေးမော့ကြည့်နေသူ၏ မျက်ဝန်းထဲက စကားသံတွေကို အဖြေမရှာမိခဲ့တာ အရမ်းနောင်တရနေမိသည်လေ။
မည်သူမပြုသော မိမိ အပြစ်မို့ ...ရင်ထဲ တမြေ့မြေ့ မွေးရပ်မြေမှာ ကျန်နေခဲ့သော အိမ်သားလေးအပေါ် အားနာစိတ်၊ ဝမ်းနည်းစိတ်တိူ့က ရင်ထဲ ဝယ် မချိမဆန့် နေရာယူထားမိပြန်သည်။
" ကိုကိုက မလိမ်မာဘူးနော်၊ ဒီကိုကိုက လွယ်အွေ့လေးအပေါ် ရက်စက်မိခဲ့တယ် ကလေးရယ်..ကိုကို ပြန်လာရင် ကလေးငယိခြေတော်ရင်းမှာ သေချာတောင်းပန်မှာမို့ ဒီကိုကို့ ကို ခွင့်လွတ်ပေးနိင်ပါတော့မလား ....ကလေးရယ်....."
ထိမ်းမြှားမင်္ဂလာ လက်ထပ်စာချုပ်လေးပေါ်က သတို့သားနေရာကို လက်မှတ်ထိုးထားသော ဗန်လွယ်အွေ့ အမည်နဲ့ လက်မှတ်လေးကို စူးစိုက်ကြည့်ကာ မျက်ရည်ကြည်တို့ရစ်သိုင်းခဲ့ရပြီ။
တဖက်သတ်ဆန်သူတို့၏ နောင်တ။
Mann Group ၏ ပဲ့ကိုင်ရှင်တို့ ကို ပြိုလဲစေမည့် အမှန်တရားနဲ့ နောင် နောင်တ ။
" သိပ်မကြာ ဒီက ကိုကိုလူမိုက်ကြီး ပြန်လာတော့မယ် ကလေးငယ်.....ကလေးငယ်လို့ မြတ်မြတ်နိုးနိုး အရိပ်တကြည့်ကြည့်နဲ့ ဒီကကိုကိုလူမိုက်ကြီးရဲ့ ရင်ခွင်ထဲ ထုပ်ပိုးသိမ်းပွေ့ကာ ထားဖို့ ပြန်လာတော့မယ် ကလေးငယ်....အရမ်းမြတ်နိုးရတဲ့ ကလေးငယ်က အကြာကြီး ပုန်းမနေဖို့ ကိုကို ကပဲ မတန်မရာ တောင်းဆုပြုပါရစေ "
" သားမိုက်ကို ဖေဖေ လှည့်မကြည့်ချင်လောက်အောင် ဖေဖေ စိတ်နာနေပြီလား...."
*ဟုတ်တယ် ဖေဖေ...သားက ဖေဖေ မမြင်ချင်လောက်အောင် ဖေ့သားငယ်လေးအပေါ် ယုတ်မာမိခဲ့ခြင်း...။
#မမအတွက် vote ပေးခဲ့နော်
#Take care all
Zawgyi
" ဟုတ်..ဟုတ်ကဲ့ပါဗျ..."
" အမ်.....အင်း..."
" အင်း.."
" ဟေ...."
" ဟုတ်ကဲ့...."
"ရပြီ ဦးမျိုး...."
ဒီလောက်တောင်လား....!
" ဟုတ်ကဲ့...."
"ဦးပေါ ...အသံကြီးက! ..."...ဟွန့်...!
(မောင့်....မျက်ရည်ဝိုင်း....မောင့်....မျက်ရည်ဝိုင်း.....တွေးမိလေတိုင်း ..ငိုချင်တယ်...)၂.......ပြန်ပြောင်းကာ အတိတ်ကြောင်းကို မစဉ်းစားချင်တယ် ..အလွှာခြားနေတဲ့ အို..အချစ်ဦးရယ်)
တကယ့်ကောင်။
" ဟုတ်ကဲ့...."
-
Boss က လုပ်ရက်တယ်တဲ့!
လူမဆန်ဘူးတဲ့ !
ခွက်ချင်းတိုက်လို့ တစ်ရိုက်တည်း မော့ချလိုက်ပေမယ့် ရင်တွင်းအပူကို မငြိမ်းအေးစေနိုင်တာအမှန်။
" Thanks Jay...."
" Jay..."
" ဗျာ ..Boss...."
" စိတ်ချပါ Boss "
အိပ်ယာဘေးက အရေးကြီးသော ပစ်စညျးထားကျို သိမ်းဆည်းထားသော မီးခံသေတ္တာလေးထဲ မွှေနောက်ရှာဖွေမိတော့ ခန့်ငြားဝင့်ထယ်စွာ တည်ရှိနေပါသော အဆောင်လက်ဖွဲ့ကြိုးလေးက ကိုယ်ကို လှောင်ပြောင်နေသည့်အလား ....။
မည်သူမပြုသော မိမိ အပြစ်မို့ ...ရင်ထဲ တမြေ့မြေ့ မွေးရပ်မြေမှာ ကျန်နေခဲ့သော အိမ်သားလေးအပေါ် အားနာစိတ်၊ ဝမ်းနည်းစိတ်တို့က ရင်ထဲ ဝယ် မချိမဆန့် နေရာယူထားမိပြန်သည်။
#Take care all
Continue Reading
You'll Also Like
6.1K 72 12
The pyramid head wants something new that is beside punshiment and killing(she still likes killing) of torture her victim, she want to travel the wor...
154K 2.6K 23
This is a Story about (Y/N) and Legolas, You have been Betrothed to Him as a Political Alliance between Celeborn and Thranduil. It has nothing to do...
142K 5.7K 21
(Book 3) Lukas hates being the runt of the pack. His brothers always take advantage of him when all he wants is to feel like a part of the family. H...
130K 260 91
Erotic shots