Unicode
ထိုအချိန် မုမိသားစု၌..
လီဆွေ့ယွီက ဒရမ်မာထိုင်ကြည့်နေခဲ့ပြီး ရှန်ယန်းကိုမြင်လိုက်ရတဲ့အချိန်မှာ သူမရဲ့အမူအယာတွေပြောင်းလဲသွားလေတယ်။ သူမရဲ့စိတ်ထဲမှာ ရှန်ယန်းက ဒီ TVစီးရီးထဲမှာအလွန်အမင်းသနားစရာကောင်းတယ်ဆိုတာကိုပဲ ခံစားနေရတော့တယ်။ အန်တီချင်ကတော့ လီဆွေ့ယွီကို ဒရမ်မာတွေထပ်မကြည့်ခိုင်းသင့်တော့ဘူးလို့တွေးမိနေပြီ။ အန်တီချင် စကားပြောဖို့တွေးလိုက်တဲ့အချိန်မှာပဲ လီဆွေ့ယွီက စကားစလာတာကြောင့် သူမရဲ့ပါးစပ်ကိုပြန်ပိတ်လိုက်တယ်။
လီဆွေ့ယွီက တွေးတောပြီးပြောလာလေရဲ့။
" ရှင် ဒီရက်ပိုင်းမှာ ရီအန်းကိုဂရုစိုက်ပေးလိုက်ဦး.. ကျွန်မ သူ့ကိုလှမ်းခေါ်တာကို သူက လေလံပွဲကိုထွက်သွားတယ် ရှင်က ကျွန်မဘက်ကဆိုတော့ သူ့အတွက်အလုပ်လုပ်ပေးနေတဲ့အချိန် စကားနည်းနည်းလောက်ပြောပေး .. တခြားသူတွေကတော့လုပ်ရဲမှာမဟုတ်ဘူး"
ဒါက နည်းနည်းတော့ဒုက္ခများစေပေမဲ့ လီဆွေ့ယွီက သူမသားအတွက်လုပ်ပေးဖို့တွေးထားတယ်။ မုရီအန်းရဲ့ဝေယျာဝိစ္စကို ကူညီပေးနေတဲ့အန်တီက သူမရဲ့မြေးကိုစောင့်ရှောက်ဖို့အတွက်နှုတ်ထွက်သွားခဲ့တယ်လေ။ ဒါကြောင့်မုရီအန်းက နောက်ထပ်လူရှာပေးဖို့ပြောထားခဲ့တာ။ သူမ သင့်တော်တဲ့သူကိုရှာမတွေ့ခင်မှာ အန်တီချင်ကိုပဲ မုရီအန်းကိုဂရုစိုက်ခိုင်းရမှာပဲ။
အန်တီချင်က သဘောတူလိုက်ပြီး ပြန်ပးမေးလာတယ်။
"သူဌေးကတော် ရှန်ယန်းကို ဘယ်လိုထင်လဲ"
လီဆွေ့ယွီက ခဏမျှတွေးလိုက်ပြီး နှာမှုတ်လိုက်တယ်။
အန်တီချင်:"သူဌေးကတော်က ရှန်ယန်းရဲ့ပရိသတ်ဖြစ်သွားပြီထင်တယ်.. အရင်ကဆို ရှန်ယန်းအကြောင်းပြောလိုက်တာနဲ့ မကျေမနပ်တွေ တန်းပြီးပြောတတ်တာကို"
"အန်တီချင် ပါးစပ်ပိတ်ထား"
"ကောင်းပါပြီ သူဌေးကတော်"
လီဆွေ့ယွီ ဖုန်းကိုကောက်ယူပြီး မုရီအန်းကိုလှမ်းခေါ်လိုက်တယ်။
"မင်း လေလံပွဲမှာလား"
မုရီအန်း:"ခုပဲရောက်တာ"
လီဆွေ့ယွီ:" ဒီအတောအတွင်း ငါ မင်းအတွက် အန်တီချင်ကိုလွှတ်ပေးထားမယ် မင်း အန်တီချင်ချက်တာကိုမကြိုက်ဘူးဆိုတော့ နေ့လည်စာကို သူ(မ)က မင်းအတွက်အပြင်ကမှာပေးလိမ့်မယ် ညစာကိုပဲချက်ပေးလိမ့်မယ်.. မင်း နားညည်းတယ်လို့ထင်ရင် သူ့ကိုပြန်လွှတ်လိုက်ပေါ့.. မဟုတ်ရင်တော့ နောက်ထပ်လူအသစ်ရှာတွေ့တဲ့အချိန်ကျရင် သူ့ကိုပြန်လွှတ်လိုက်"
မုရီအန်း:"ကောင်းပြီ"
လေလံပွဲခန်းမထဲကိုဝင်ပြီးနောက် မုရီအန်း အရှေ့ကိုပဲဆက်လျှောက်သွားလိုက်တယ်။ လက်ထောက်ဝူကတော့ မုရီအန်းတစ်ယောက် ရှန်ယန်းနဲ့ လုယွင်ချန်းတို့ကိုမြင်ပြီး ခြေလှမ်းတွေရပ်တန့်သွားတဲ့အချိန်ထိ နောက်ကလိုက်ပါလာခဲ့တယ်။
လက်ထောက်ဝူ: "ရှန်ယန်းက ဘာလို့ဒီကိုရောက်နေရတာလဲ"
လီဆွေ့ယွီက ဒရမ်မာဆက်ကြည့်ချင်နေသေးတာကြောင့် နောက်ထပ်စကားနည်းနည်းလောက်ပဲထပ်ပြောလိုက်တယ်။
"ငါ အများကြီးမပြောတော့ဘူး ..အန်တီချင် မင်းကိုဂရုစိုက်ပေးဖို့လွှတ်လိုက်တာကိုစောင့်နေ"
မုရီအန်း ပြန်မဖြေတော့ဘဲ ဖုန်းချလိုက်တယ်။ ပြီးနောက် မည်းမှောင်နေတဲ့မျက်နှာဖြင့် ရှန်ယန်းနဲ့လုယွင်ချန်းတို့ထိုင်နေတဲ့အနားကိုသွားလိုက်တယ်။
"ငါပြောသားပဲ ငါမင်းကို မာကျောက်ကစားနည်းသင်ပေးပါ့မယ်လို့ ..နောက်ဆို မင်းလည်းပဲအနိုင်ရတဲ့သူဖြစ်လာလိမ့်မယ်"
(T/n_ ရှေ့အခန်းမှာ ကတ်ကစားတာဆိုပြီးမှားရေးတာတာ
ဒီလေလံပွဲထဲမှာ ကစားဖို့ပြောနေတဲ့ဟာက မာကျောက်ပါတဲ့ )
"ဟားဟားဟားဟား ယွင်ချန်းကို မာကျောက်ကစားတတ်အောင်သင်ပေးခဲ့တာလည်း ငါပဲလေ"
"ခဏလောက် အတူတူကစားရအောင်"
ရှန်ယန်းအနေနဲ့ လုယွင်ချန်းရဲ့အေးဂျင့်ထံမှ မာကျောက်ကစားနည်းကိုနားထောင်ခဲ့ပေမဲ့လည်း ခုချိန်ထိမတတ်သေးဘူး။
"ကျွန်မ တချို့ဟာတွေနားမလည်သေးဘူး"
လုယွင်ချန်း:"အဆင်ပြေပါတယ် ကိုယ်လည်းသိပ်မရသေးဘူး"
မုရီအန်း ရှန်ယန်းရဲ့ရှေ့မှာရပ်လိုက်တယ်။ သူက ကိုယ့်ကိုယ်ကိုယ်နှိမ့်ချတဲ့ဟန်နဲ့ ရှန်ယန်းကိုပြောလိုက်တယ်။
"ဒီဝိုင်းထဲကို ပါလို့ရမလား"
လေထုက ရုတ်တရက် တိတ်ဆိတ်သွားလေတယ်။ ရှန်ယန်းက မုရီအန်းကိုမြင်လိုက်ရချိန်မှာ မျက်မှောင်ကြုတ်မိသွားတယ်။ လေလံပွဲ၊ မုရီအန်း ၊ နီလာ၊ နောက်ပြီးတော့ ဇာတ်လိုက်မ?
စာအုပ်ထဲမှာပြောထားတာက မုရီအန်းက လေလံပွဲမှာရရှိခဲ့တဲ့ ထိုကျောက်မျက်ကို ဇာတ်လိုက်မကို ပေးခဲ့တယ်တဲ့။
ရှန်ယန်းလို အမြှောက်စာခံလေးကတော့ ပူဆွေးဝမ်းနည်းရုံပဲတတ်နိုင်တာပေါ့။ သူမ လေလံပွဲကိုပါဝင်တဲ့အချိန်မှာ မမျှော်လင့်ပဲ စာအုပ်ထဲမှာပါတဲ့ပလော့နဲ့ဆက်နွယ်မိသွားတာပဲ။ တော်သေးတာက သူမက ဒီကို ထိုနီလာကျောက်အတွက်လာခဲ့တာမဟုတ်ဘူးလေ။ သူမက ရှေးဟောင်းပန်းချီကားကိုဓာတ်ပုံရိုက်ခွင့်ရဖို့မျှော်လင့်မိရုံပါပဲ။
ဒါပေမယ့် အတူတူထိုင်မယ်ဆိုတာက ဘာအဓိပ္ပာယ်လဲ? မုရီအန်းက သူတို့နဲ့အတူ မာကျောက်ကစားချင်နေတာလား?
ရှန်ယန်းပြုံးပြီးပြောလိုက်တယ်။
"မစ်စတာမုက နောက်နေတာပဲ .. ဆက်လုပ်ကြတာပေါ့"
ထိုအချိန်မှာ လုယွင်ချန်းက ထရပ်ပြီးပြုံးလိုက်တယ်။
"အိုခေ လေလံပွဲပြီးသွားတဲ့အချိန်ကျမှ ဝင်ပါတာကောင်းမယ်ထင်တယ်နော် မစ်စတာလု"
လုယွင်ချန်းရဲ့အေးဂျင့်က မျက်မှောင်ကြုတ်လိုက်မိတယ်။ မစ်စတာလုဟုတ်လား။ အဲဒါက မုရီအန်းမဟုတ်ဘူးလား။လုယွင်ချန်းကလည်း မုရီအန်းကိုသိတာပဲကို။ ဘာလို့မစ်စတာလုလို့ခေါ်နေရတာလဲ။
မုရီအန်းရဲ့နှုတ်ခမ်းတွေ ဖြောင့်တန်းသွားတယ်။
"မစ်စတာလု ?"
လုယွင်ချန်း:"ခင်ဗျားက ဖြတ်သွားဖြတ်လာမစ်စတာလုမဟုတ်ဘူးလား"
သူက ပြောပြီးနောက် ရှန်ယန်းကိုစိုက်ကြည့်လိုက်တော့ ရှန်ယန်းက တစ်ဖက်ကိုအကြည့်လွှဲလိုက်တယ်။
(T/n_ Friendly Reminder_
အပိုင်း၇၀လောက်မှာ ရှန်ယန်း လုယွင်ချန်းရဲ့ပွဲကိုသွားတုန်းက မုရီအန်းကဆွဲခေါ်သွားတယ်လေ
လုယွင်ချန်းက အဲဒီလူဘယ်သူလဲလို့မေးတော့ ရှန်ယန်းက ဖြတ်သွားဖြတ်လာမစ်စတာလု လို့မှတ်လိုက်ဆိုပြီးပြောခဲ့တဲ့ဟာပါ)
မုရီအန်းက ခပ်လှောင်လှောင်ပြုံးလိုက်ပြီး မိတ်ဆက်ပေးလိုက်တယ်။
"မုရီအန်း"
လုယွင်ချန်း:"အာ.. ဒီတော့ မစ်စတာမုကိုး"
ရှန်ယန်းက လုယွင်ချန်းရဲ့ဘယ်ဘက်နှင့် လုယွင်ချန်းအေးဂျင့်ရဲ့ညာဘက်မှာနေရာယူပြီးအလယ်မှာထိုင်နေခဲ့တာ။ ဒီတော့ မုရီအန်း သူ့ရဲ့ယခင်ခုံနေရာဖြစ်တဲ့ ပထမတန်းကိုပြန်သွားလိုက်တယ်။ လက်ထောက်ဝူကတော့ သူ့နောက်ကလိုက်ရင်း ခပ်တိုးတိိုးမေးလိုက်တယ်။
"ဥက္ကဋ္ဌမု သူတို့နဲ့အတူမာကျောက်ကစားချင်နေတာလား"
သူတို့တွေ အကုန်လုံးစုပြီးကစားလို့ရတာပဲမဟုတ်ဘူးလား? ? ?
မုရီအန်း စကားပြန်မပြောတော့ဘဲ ပထမတန်းမှာဝင်ထိုင်လိုက်တယ်။
လေလံပွဲရဲ့အပြင်ဘက်မှာတော့ ဟဲရှီတစ်ယောက် လေလံပွဲခန်းမကိုကြည့်ရင်း လက်သီးကိုတင်းတင်းဆုတ်ထားမိတယ်။ အရာရာတိုင်းက ယခင်ကနဲ့မတူတော့ဘူး။ သူမအနေနဲ့ မုရီအန်း သူမကိုချစ်ကြိုက်သွားစေနိုင်မဲ့နည်းလမ်းကို ရှာဖို့လိုနေပြီ။ နောက်ပြီး သူမကိုယခင်ဘဝကလိုမျိုးဆက်ဆံစေရမယ်။ ဒီတော့ သူမအနေနဲ့ မုရီအန်း ဘာကြောင့်အခုလိုဖြစ်သွားသလဲဆိုတာကိုသိဖို့လိုတယ်။ သူမအပေါ်ပြုမူတဲ့ပုံစံကဘာလို့ ယခင်ဘဝနဲ့ကွာခြားနေရတာလဲ။
ဟဲရှီအနေနဲ့ မုရီအန်းက သူမကို နီလာကျောက်ပေးခဲ့တာကိုမှတ်မိနေဆဲပဲ။ အဲဒီကျောက်က လေလံပွဲတုန်းကရရှိခဲ့တာ။ သူမ မြို့တော် Aမှာရှိတဲ့လေလံရုံတွေအများကြီးကို လိုက်လံစုံစမ်းခဲ့တယ်။ ဒီတော့ ထို ရတနာက ဒီလေလံပွဲမှာရှိနေတယ်ဆိုတာကိုသိလိုက်ရတယ်။ ဒါပေမဲ့ ဒီနေရာကိုရောက်မှသာ ထိလေလံပွဲကိုတက်ဖို့အတွက်ဆိုရင် ဖိတ်စာလိုအပ်ကြောင်းသိရှိရပြီး သူမမှာဖိတ်စာမရှိတာကြောင့် ဝင်လို့မရနိုင်ဘူး။
ဒါပေမဲ့ မုရီအန်းကအခုလေလံပွဲမှာရှိနေမှာလေ။
ဟဲရှီ သူမ မောင်းလာတဲ့ စျေးပေါတဲ့ကားကိုကြည့်လိုက်ကာ မုရီအန်းထွက်လာတဲ့အချိန်ထိစောင့်ဖို့ ကားထဲကိုပြန်ဝင်လိုက်တယ်။
လေလံပွဲရဲ့ပထမဆုံးပစ္စည်းက နီလာကျောက်မျက်ပဲ။ ရှန်ယန်း မေးကို လက်ထောက်ပြီး ထိုကျောက်မျက်ကိုစိုက်ကြည့်လိုက်တယ်။ ထိုကျောက်က မုရီအန်း ဇာတ်လိုက်မကိုပေးခဲ့တဲ့ ကျောက်လားဆိုတာကို သူမ မသိပေမဲ့ တွေးကြည့်ရသလောက်ကတော့ ဖြစ်နိုင်ခြေများတယ်။
လေလံပစ်တဲ့သူက ထိုရတနာအကြောင်းကို အချိန်အကြာကြီးရှင်းပြနေခဲ့ပြီး စတင်စျေးခေါ်လာတယ်။
"ကြမ်းခင်းစျေး ငါးမီလီယံကစပါမယ်!"
ထိုအချိန်မှာပဲ ရှန်ယန်းဘေးမှာထိုင်နေတဲ့ လုယွင်ချန်းက လက်ထောင်ပြီးစျေးခေါ်လာတယ်။
"ဆယ်မီလီယံ!"
ရှန်ယန်း:"????"
ဒီနီလာက ဇာတ်လိုက်မအတွက်လေ။ လုယွင်ချန်းက ဘာလို့လေလံဝင်ဆွဲနေရတာတုန်း?
***
Zawgyi
ထိုအခ်ိန္ မုမိသားစု၌..
လီေဆြ႕ယြီက ဒရမ္မာထိုင္ၾကည့္ေနခဲ့ၿပီး ႐ွန္ယန္းကိုျမင္လိုက္ရတဲ့အခ်ိန္မွာ သူမရဲ႕အမူအယာေတြေျပာင္းလဲသြားေလတယ္။ သူမရဲ႕စိတ္ထဲမွာ ႐ွန္ယန္းက ဒီ TVစီးရီးထဲမွာအလြန္အမင္းသနားစရာေကာင္းတယ္ဆိုတာကိုပဲ ခံစားေနရေတာ့တယ္။ အန္တီခ်င္ကေတာ့ လီေဆြ႕ယြီကို ဒရမ္မာေတြထပ္မၾကည့္ခိုင္းသင့္ေတာ့ဘူးလို႔ေတြးမိေနၿပီ။ အန္တီခ်င္ စကားေျပာဖို႔ေတြးလိုက္တဲ့အခ်ိန္မွာပဲ လီေဆြ႕ယြီက စကားစလာတာေၾကာင့္ သူမရဲ႕ပါးစပ္ကိုျပန္ပိတ္လိုက္တယ္။
လီေဆြ႕ယြီက ေတြးေတာၿပီးေျပာလာေလရဲ႕။
" ႐ွင္ ဒီရက္ပိုင္းမွာ ရီအန္းကိုဂ႐ုစိုက္ေပးလိုက္ဦး.. ကြၽန္မ သူ႕ကိုလွမ္းေခၚတာကို သူက ေလလံပြဲကိုထြက္သြားတယ္ ႐ွင္က ကြၽန္မဘက္ကဆိုေတာ့ သူ႕အတြက္အလုပ္လုပ္ေပးေနတဲ့အခ်ိန္ စကားနည္းနည္းေလာက္ေျပာေပး .. တျခားသူေတြကေတာ့လုပ္ရဲမွာမဟုတ္ဘူး"
ဒါက နည္းနည္းေတာ့ဒုကၡမ်ားေစေပမဲ့ လီေဆြ႕ယြီက သူမသားအတြက္လုပ္ေပးဖို႔ေတြးထားတယ္။ မုရီအန္းရဲ႕ေဝယ်ာဝိစၥကို ကူညီေပးေနတဲ့အန္တီက သူမရဲ႕ေျမးကိုေစာင့္ေ႐ွာက္ဖို႔အတြက္ႏႈတ္ထြက္သြားခဲ့တယ္ေလ။ ဒါေၾကာင့္မုရီအန္းက ေနာက္ထပ္လူ႐ွာေပးဖို႔ေျပာထားခဲ့တာ။ သူမ သင့္ေတာ္တဲ့သူကို႐ွာမေတြ႕ခင္မွာ အန္တီခ်င္ကိုပဲ မုရီအန္းကိုဂ႐ုစိုက္ခိုင္းရမွာပဲ။
အန္တီခ်င္က သေဘာတူလိုက္ၿပီး ျပန္ပးေမးလာတယ္။
"သူေဌးကေတာ္ ႐ွန္ယန္းကို ဘယ္လိုထင္လဲ"
လီေဆြ႕ယြီက ခဏမွ်ေတြးလိုက္ၿပီး ႏွာမႈတ္လိုက္တယ္။
အန္တီခ်င္:"သူေဌးကေတာ္က ႐ွန္ယန္းရဲ႕ပရိသတ္ျဖစ္သြားၿပီထင္တယ္.. အရင္ကဆို ႐ွန္ယန္းအေၾကာင္းေျပာလိုက္တာနဲ႔ မေက်မနပ္ေတြ တန္းၿပီးေျပာတတ္တာကို"
"အန္တီခ်င္ ပါးစပ္ပိတ္ထား"
"ေကာင္းပါၿပီ သူေဌးကေတာ္"
လီေဆြ႕ယြီ ဖုန္းကိုေကာက္ယူၿပီး မုရီအန္းကိုလွမ္းေခၚလိုက္တယ္။
"မင္း ေလလံပြဲမွာလား"
မုရီအန္း:"ခုပဲေရာက္တာ"
လီေဆြ႕ယြီ:" ဒီအေတာအတြင္း ငါ မင္းအတြက္ အန္တီခ်င္ကိုလႊတ္ေပးထားမယ္ မင္း အန္တီခ်င္ခ်က္တာကိုမႀကိဳက္ဘူးဆိုေတာ့ ေန႔လည္စာကို သူ(မ)က မင္းအတြက္အျပင္ကမွာေပးလိမ့္မယ္ ညစာကိုပဲခ်က္ေပးလိမ့္မယ္.. မင္း နားညည္းတယ္လို႔ထင္ရင္ သူ႕ကိုျပန္လႊတ္လိုက္ေပါ့.. မဟုတ္ရင္ေတာ့ ေနာက္ထပ္လူအသစ္႐ွာေတြ႕တဲ့အခ်ိန္က်ရင္ သူ႕ကိုျပန္လႊတ္လိုက္"
မုရီအန္း:"ေကာင္းၿပီ"
ေလလံပြဲခန္းမထဲကိုဝင္ၿပီးေနာက္ မုရီအန္း အေ႐ွ႕ကိုပဲဆက္ေလွ်ာက္သြားလိုက္တယ္။ လက္ေထာက္ဝူကေတာ့ မုရီအန္းတစ္ေယာက္ ႐ွန္ယန္းနဲ႔ လုယြင္ခ်န္းတို႔ကိုျမင္ၿပီး ေျခလွမ္းေတြရပ္တန္႔သြားတဲ့အခ်ိန္ထိ ေနာက္ကလိုက္ပါလာခဲ့တယ္။
လက္ေထာက္ဝူ: "႐ွန္ယန္းက ဘာလို႔ဒီကိုေရာက္ေနရတာလဲ"
လီေဆြ႕ယြီက ဒရမ္မာဆက္ၾကည့္ခ်င္ေနေသးတာေၾကာင့္ ေနာက္ထပ္စကားနည္းနည္းေလာက္ပဲထပ္ေျပာလိုက္တယ္။
"ငါ အမ်ားႀကီးမေျပာေတာ့ဘူး ..အန္တီခ်င္ မင္းကိုဂ႐ုစိုက္ေပးဖို႔လႊတ္လိုက္တာကိုေစာင့္ေန"
မုရီအန္း ျပန္မေျဖေတာ့ဘဲ ဖုန္းခ်လိုက္တယ္။ ၿပီးေနာက္ မည္းေမွာင္ေနတဲ့မ်က္ႏွာျဖင့္ ႐ွန္ယန္းနဲ႔လုယြင္ခ်န္းတို႔ထိုင္ေနတဲ့အနားကိုသြားလိုက္တယ္။
"ငါေျပာသားပဲ ငါမင္းကို မာေက်ာက္ကစားနည္းသင္ေပးပါ့မယ္လို႔ ..ေနာက္ဆို မင္းလည္းပဲအႏိုင္ရတဲ့သူျဖစ္လာလိမ့္မယ္"
(T/n_ ေ႐ွ႕အခန္းမွာ ကတ္ကစားတာဆိုၿပီးမွားေရးတာတာ
ဒီေလလံပြဲထဲမွာ ကစားဖို႔ေျပာေနတဲ့ဟာက မာေက်ာက္ပါတဲ့ )
"ဟားဟားဟားဟား ယြင္ခ်န္းကို မာေက်ာက္ကစားတတ္ေအာင္သင္ေပးခဲ့တာလည္း ငါပဲေလ"
"ခဏေလာက္ အတူတူကစားရေအာင္"
႐ွန္ယန္းအေနနဲ႔ လုယြင္ခ်န္းရဲ႕ေအးဂ်င့္ထံမွ မာေက်ာက္ကစားနည္းကိုနားေထာင္ခဲ့ေပမဲ့လည္း ခုခ်ိန္ထိမတတ္ေသးဘူး။
"ကြၽန္မ တခ်ိဳ႕ဟာေတြနားမလည္ေသးဘူး"
လုယြင္ခ်န္း:"အဆင္ေျပပါတယ္ ကိုယ္လည္းသိပ္မရေသးဘူး"
မုရီအန္း ႐ွန္ယန္းရဲ႕ေ႐ွ႕မွာရပ္လိုက္တယ္။ သူက ကိုယ့္ကိုယ္ကိုယ္ႏွိမ့္ခ်တဲ့ဟန္နဲ႔ ႐ွန္ယန္းကိုေျပာလိုက္တယ္။
"ဒီဝိုင္းထဲကို ပါလို႔ရမလား"
ေလထုက ႐ုတ္တရက္ တိတ္ဆိတ္သြားေလတယ္။ ႐ွန္ယန္းက မုရီအန္းကိုျမင္လိုက္ရခ်ိန္မွာ မ်က္ေမွာင္ၾကဳတ္မိသြားတယ္။ ေလလံပြဲ၊ မုရီအန္း ၊ နီလာ၊ ေနာက္ၿပီးေတာ့ ဇာတ္လိုက္မ?
စာအုပ္ထဲမွာေျပာထားတာက မုရီအန္းက ေလလံပြဲမွာရ႐ွိခဲ့တဲ့ ထိုေက်ာက္မ်က္ကို ဇာတ္လိုက္မကို ေပးခဲ့တယ္တဲ့။
႐ွန္ယန္းလို အေျမႇာက္စာခံေလးကေတာ့ ပူေဆြးဝမ္းနည္း႐ုံပဲတတ္ႏိုင္တာေပါ့။ သူမ ေလလံပြဲကိုပါဝင္တဲ့အခ်ိန္မွာ မေမွ်ာ္လင့္ပဲ စာအုပ္ထဲမွာပါတဲ့ပေလာ့နဲ႔ဆက္ႏြယ္မိသြားတာပဲ။ ေတာ္ေသးတာက သူမက ဒီကို ထိုနီလာေက်ာက္အတြက္လာခဲ့တာမဟုတ္ဘူးေလ။ သူမက ေ႐ွးေဟာင္းပန္းခ်ီကားကိုဓာတ္ပုံ႐ိုက္ခြင့္ရဖို႔ေမွ်ာ္လင့္မိ႐ုံပါပဲ။
ဒါေပမယ့္ အတူတူထိုင္မယ္ဆိုတာက ဘာအဓိပၸာယ္လဲ? မုရီအန္းက သူတို႔နဲ႔အတူ မာေက်ာက္ကစားခ်င္ေနတာလား?
႐ွန္ယန္းျပဳံးၿပီးေျပာလိုက္တယ္။
"မစ္စတာမုက ေနာက္ေနတာပဲ .. ဆက္လုပ္ၾကတာေပါ့"
ထိုအခ်ိန္မွာ လုယြင္ခ်န္းက ထရပ္ၿပီးျပဳံးလိုက္တယ္။
"အိုေခ ေလလံပြဲၿပီးသြားတဲ့အခ်ိန္က်မွ ဝင္ပါတာေကာင္းမယ္ထင္တယ္ေနာ္ မစ္စတာလု"
လုယြင္ခ်န္းရဲ႕ေအးဂ်င့္က မ်က္ေမွာင္ၾကဳတ္လိုက္မိတယ္။ မစ္စတာလုဟုတ္လား။ အဲဒါက မုရီအန္းမဟုတ္ဘူးလား။လုယြင္ခ်န္းကလည္း မုရီအန္းကိုသိတာပဲကို။ ဘာလို႔မစ္စတာလုလို႔ေခၚေနရတာလဲ။
မုရီအန္းရဲ႕ႏႈတ္ခမ္းေတြ ေျဖာင့္တန္းသြားတယ္။
"မစ္စတာလု ?"
လုယြင္ခ်န္း:"ခင္ဗ်ားက ျဖတ္သြားျဖတ္လာမစ္စတာလုမဟုတ္ဘူးလား"
သူက ေျပာၿပီးေနာက္ ႐ွန္ယန္းကိုစိုက္ၾကည့္လိုက္ေတာ့ ႐ွန္ယန္းက တစ္ဖက္ကိုအၾကည့္လႊဲလိုက္တယ္။
(T/n_ Friendly Reminder_
အပိုင္း၇၀ေလာက္မွာ ႐ွန္ယန္း လုယြင္ခ်န္းရဲ႕ပြဲကိုသြားတုန္းက မုရီအန္းကဆြဲေခၚသြားတယ္ေလ
လုယြင္ခ်န္းက အဲဒီလူဘယ္သူလဲလို႔ေမးေတာ့ ႐ွန္ယန္းက ျဖတ္သြားျဖတ္လာမစ္စတာလု လို႔မွတ္လိုက္ဆိုၿပီးေျပာခဲ့တဲ့ဟာပါ)
မုရီအန္းက ခပ္ေလွာင္ေလွာင္ျပဳံးလိုက္ၿပီး မိတ္ဆက္ေပးလိုက္တယ္။
"မုရီအန္း"
လုယြင္ခ်န္း:"အာ.. ဒီေတာ့ မစ္စတာမုကိုး"
႐ွန္ယန္းက လုယြင္ခ်န္းရဲ႕ဘယ္ဘက္ႏွင့္ လုယြင္ခ်န္းေအးဂ်င့္ရဲ႕ညာဘက္မွာေနရာယူၿပီးအလယ္မွာထိုင္ေနခဲ့တာ။ ဒီေတာ့ မုရီအန္း သူ႕ရဲ႕ယခင္ခုံေနရာျဖစ္တဲ့ ပထမတန္းကိုျပန္သြားလိုက္တယ္။ လက္ေထာက္ဝူကေတာ့ သူ႕ေနာက္ကလိုက္ရင္း ခပ္တိုးတိိဳးေမးလိုက္တယ္။
"ဥကၠ႒မု သူတို႔နဲ႔အတူမာေက်ာက္ကစားခ်င္ေနတာလား"
သူတို႔ေတြ အကုန္လုံးစုၿပီးကစားလို႔ရတာပဲမဟုတ္ဘူးလား? ? ?
မုရီအန္း စကားျပန္မေျပာေတာ့ဘဲ ပထမတန္းမွာဝင္ထိုင္လိုက္တယ္။
ေလလံပြဲရဲ႕အျပင္ဘက္မွာေတာ့ ဟဲ႐ွီတစ္ေယာက္ ေလလံပြဲခန္းမကိုၾကည့္ရင္း လက္သီးကိုတင္းတင္းဆုတ္ထားမိတယ္။ အရာရာတိုင္းက ယခင္ကနဲ႔မတူေတာ့ဘူး။ သူမအေနနဲ႔ မုရီအန္း သူမကိုခ်စ္ႀကိဳက္သြားေစႏိုင္မဲ့နည္းလမ္းကို ႐ွာဖို႔လိုေနၿပီ။ ေနာက္ၿပီး သူမကိုယခင္ဘဝကလိုမ်ိဳးဆက္ဆံေစရမယ္။ ဒီေတာ့ သူမအေနနဲ႔ မုရီအန္း ဘာေၾကာင့္အခုလိုျဖစ္သြားသလဲဆိုတာကိုသိဖို႔လိုတယ္။ သူမအေပၚျပဳမူတဲ့ပုံစံကဘာလို႔ ယခင္ဘဝနဲ႔ကြာျခားေနရတာလဲ။
ဟဲ႐ွီအေနနဲ႔ မုရီအန္းက သူမကို နီလာေက်ာက္ေပးခဲ့တာကိုမွတ္မိေနဆဲပဲ။ အဲဒီေက်ာက္က ေလလံပြဲတုန္းကရ႐ွိခဲ့တာ။ သူမ ၿမိဳ႕ေတာ္ Aမွာ႐ွိတဲ့ေလလံ႐ုံေတြအမ်ားႀကီးကို လိုက္လံစုံစမ္းခဲ့တယ္။ ဒီေတာ့ ထို ရတနာက ဒီေလလံပြဲမွာ႐ွိေနတယ္ဆိုတာကိုသိလိုက္ရတယ္။ ဒါေပမဲ့ ဒီေနရာကိုေရာက္မွသာ ထိေလလံပြဲကိုတက္ဖို႔အတြက္ဆိုရင္ ဖိတ္စာလိုအပ္ေၾကာင္းသိ႐ွိရၿပီး သူမမွာဖိတ္စာမ႐ွိတာေၾကာင့္ ဝင္လို႔မရႏိုင္ဘူး။
ဒါေပမဲ့ မုရီအန္းကအခုေလလံပြဲမွာ႐ွိေနမွာေလ။
ဟဲ႐ွီ သူမ ေမာင္းလာတဲ့ ေစ်းေပါတဲ့ကားကိုၾကည့္လိုက္ကာ မုရီအန္းထြက္လာတဲ့အခ်ိန္ထိေစာင့္ဖို႔ ကားထဲကိုျပန္ဝင္လိုက္တယ္။
ေလလံပြဲရဲ႕ပထမဆုံးပစၥည္းက နီလာေက်ာက္မ်က္ပဲ။ ႐ွန္ယန္း ေမးကို လက္ေထာက္ၿပီး ထိုေက်ာက္မ်က္ကိုစိုက္ၾကည့္လိုက္တယ္။ ထိုေက်ာက္က မုရီအန္း ဇာတ္လိုက္မကိုေပးခဲ့တဲ့ ေက်ာက္လားဆိုတာကို သူမ မသိေပမဲ့ ေတြးၾကည့္ရသေလာက္ကေတာ့ ျဖစ္ႏိုင္ေျခမ်ားတယ္။
ေလလံပစ္တဲ့သူက ထိုရတနာအေၾကာင္းကို အခ်ိန္အၾကာႀကီး႐ွင္းျပေနခဲ့ၿပီး စတင္ေစ်းေခၚလာတယ္။
"ၾကမ္းခင္းေစ်း ငါးမီလီယံကစပါမယ္!"
ထိုအခ်ိန္မွာပဲ ႐ွန္ယန္းေဘးမွာထိုင္ေနတဲ့ လုယြင္ခ်န္းက လက္ေထာင္ၿပီးေစ်းေခၚလာတယ္။
"ဆယ္မီလီယံ!"
႐ွန္ယန္း:"????"
ဒီနီလာက ဇာတ္လိုက္မအတြက္ေလ။ လုယြင္ခ်န္းက ဘာလို႔ေလလံဝင္ဆြဲေနရတာတုန္း?
***