ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ...

By LuciousKim

554K 72.3K 1.9K

This novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引 More

Description
Chapter (1.1)
Chapter (1.2)
Chapter (2)
Chapter (3)
chapter (4)
chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58.1)
Chapter (58.2)
Chapter (59)
Chapter (60)
Chapter (61)
Chapter (61.2)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Chapter (70 )
Chapter (71.1)
Chapter(71.2)
Chapter (72)
Chapter (73)
Chapter (74)
Chapter (75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (79) Zawgyi
Chapter (80)
chapter (82)
Chapter (83)
Chapter (84)
Chapter (85).
Chapter (86).
Chapter (87)
chapter (88)
Chapter (89)
90
about paid
(acc ရှာမရတဲ့သူတွေအတွက်)
Chapter (91)
Chapter(92)

Chapter (81)

2.2K 316 19
By LuciousKim

Unicode

" အားလုံးပဲ မင်္ဂလာပါ .. ဒါကတော့ ရှန်းလုဒရမ်မာအတွက် လူရွေးပွဲပဲဖြစ်ပါတယ်.. နောက်ဆုံးပြိုင်ပွဲစဥ်ဆိုရင်လည်း မမှားဘူးပေါ့..ဒီတစ်ခေါက်ပြိုင်ပွဲမှာတော့ ရှန်းလုဒရမ်မာအတွက် ခေါင်းဆောင်မင်းသမီးနေရာနဲ့ ဒုတိယဇာတ်လိုက်နေရာတို့ ပေါ်ထွက်လာတော့မှာပါ"

Hostတွေက အဖွင့်စကားပြောပြီးနောက် ဒိုင်လူကြီးတွေကို ဦးစွာဖိတ်ခေါ်လိုက်တယ်။ ပြီးနောက် ပြိုင်ပွဲဝင်မယ့် အဖွဲ့ဝင်တွေကို နေရာယူစေတယ်။

ရှန်ယန်း စင်အနောက်ဘက်မှ တက်လာပြီးနောက် သူမရဲ့ထိုင်ခုံနေရာကို တိုက်ရိုက်သွားထိုင်နေလိုက်တယ်။

ကျိုးရိုတစ်ယောက် ရှန်ယန်းကိုစိတ်ပူပန်နေရတဲ့အတွက် ဝမ်ဖန်းသည်လည်း ပွဲကိုရောက်ရှိနေတာကို မသိခဲ့ဘူး။ ဝမ်ဖန်းက ကျိုးရိုရဲ့ပူပန်နေတဲ့အမူအယာကိုမြင်တော့ သူမကို တွန်းထိလိုက်တယ်။

"ဘာဖြစ်နေတာလဲ .. အဲလောက်ထိ စိတ်လှုပ်ရှားမနေစမ်းပါနဲ့.. မနေ့တုန်းက ရှန်ယန်းက  ကိုယ်လုပ်တော်ချန်ဇာတ်ကားထဲမှာ ပေါ်လာပြီလေ.. သူ့ရဲ့အောင်မြင်မှုက နောက်တစ်ဆင့်ကိုတက်သွားပြီပဲကို.. မဲအရေအတွက်စနစ်နဲ့ဆိုရင် သူမ ခဏလေးနဲ့အနိုင်ရလောက်ပါတယ်"

ဝမ်ဖန်ရဲ့စကားသံကိုကြားမှ သူမရဲ့ဘေးမှာထိုင်နေတဲ့သူက ဝမ်ဖန်းဖြစ်နေကြောင်းကို ကျိုးရိုသတိပြုမိသွားတယ်။ သူမက ဝမ်ဖန်းကို စကားအနည်းငယ်လောက် တီးတိုးပြောလိုက်တော့ ဝမ်ဖန်းရဲ့မျက်နှာက ခဏလေးအတွင်းမှာပဲ ရုပ်ဆိုးသွားရတယ်။

ဝမ်ဖန်း: " ရှန်ယန်း.. ရှန်ယန်း ဒီလိုပုံစံနဲ့ အဆင်ပြေပါ့မလား"

ကျိုးရို သူမရဲ့နှုတ်ခမ်းကို ဖိကိုက်လိုက်တယ်။

" ဟင်း.. သူ့ရဲ့ခြေထောက်ကို ပတ်တီးနဲ့စည်းထားတယ်ဆိုပေမယ့် သွေးတွေထွက်နေတုန်းပဲ.. ခဏနေရင် ဘယ်လိုလုပ်ပြီး ကနိုင်တော့မှာလဲ.. သူမက ငါ့ကိုခေါင်းဆောင်မင်းသမီးနေရာကို လိုချင်တယ်လို့ ပြောသွားသေးတယ်.. သူ ဘာပြောချင်တာလဲ"

ထိုအချိန်မှာပဲ ပြိုင်ပွဲအတွက် မဲနှိုက်ချိန်ရောက်လာခဲ့ပြီ။

ရှန်ယန်း သူမရဲ့မေးစေ့ကိုထိလိုက်ပြီး ပြိုင်ပွဲအတွင်းမှာရှိနေတဲ့ ပြိုင်ပွဲဝင်တွေကိုလိုက်ကြည့်လိုက်တယ်။ ဒီအခြေအနေကို ဘယ်သူကမှ ကြိုတင်ပြင်ဆင်ထားတဲ့ပုံ မပေါ်ဘူး။ ရှန်ယန်းအနေနဲ့ ဘယ်သူက အကလေ့ကျင့်ထားလဲဆိုတာကို လိုက်ကြည့်နေရတဲ့အကြောင်းက ဘယ်သူကများ သူမကိုနှုတ်ထွက်ရစေရန်အတွက် ကပြဖျော်ဖြေလို့မရအောင် လုပ်ခဲ့တာလဲဆိုတာကို သိချင်လို့ပဲ။

လုယွင်ချန်းက ရှန်ယန်းကိုတစ်ချက်ကြည့်ပြီး ခပ်မြန်မြန်အကြည့်လွှဲလိုက်ကာ ပြိုင်ပွဲကိုပြန်မကြည့်ခင် သူ့ဘေးမှာရှိတဲ့ဒါရိုက်တာနဲ့စကားပြောနေလိုက်တယ်။

ထိုအချိန်မှာ လီရှင်းကတော့ ရှန်းလုလူရွေးပွဲ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေခဲ့တယ်။ သူမက ဘေးမှာရှိနေတဲ့ လီဟဲကိုစကားစလိုက်တယ်။

"အကုန်လုံး လုပ်ပြီးသွားပြီဆိုတာ သေချာရဲ့လား"

“လုပ်ပြီးပြီ လုပ်ပြီးပြီ..နောက်ပြီး ရှန်ယန်းကလည်း မင်းလုပ်တာလို့ ထင်မှာမဟုတ်ဘူး.. မင်း ပြိုင်ပွဲကနေ နုတ်ထွက်တော့ ငါ ပရိုဂရမ်အဖွဲ့ထဲမှာ လူတွေထည့်ထားတယ်လေ.. ဒီကိစ္စက မင်းဘက်ကို ပတ်သက်လာမှာမဟုတ်ဘူး.. နောက်ဆုံးပြိုင်ပွဲမှာ သူ့ရဲ့ဖိနပ်ထဲကို ဖန်ကွဲစတွေထည့်ခိုင်းထားတယ်.. ရှိုးအဖွဲ့ထဲမှာ ငါတို့ကိုကူညီနိုင်တဲ့လူတွေရှိတော့ သူတို့ကို ရိုးရာဝတ်စုံပြည့်နဲ့ ကပြီး ပြိုင်ခိုင်းဖို့လုပ်ခိုင်းထားတယ်"

လီရှင်း မျက်မှောင်ကြုတ်လိုက်တယ်။

"ဒါပေမဲ့ သူ့ခြေထောက်ကို ဖန်ကွဲစတွေစိုက်နေတဲ့ပုံ ဘာလို့ မပေါ်ရတာလဲ"

လီဟဲ:"သူ ဟန်ဆောင်နေတာ"

ရှန်ယန်းကြောင့် လီရှင်းရဲ့အရင်းအမြစ်တွေပးအားလုံး ဖယ်ရှားခံလိုက်ရပြီ။ သူမရဲ့ သူငယ်ချင်းတွေကလည်း မကူညီကြတော့ဘူး။ သူမ လူရွေးပွဲတွေအများအပြားကိုသွားခဲ့ပေမယ့် တစ်ခုလေးတောင် မအောင်မြင်ခဲ့ဘူးလေ။ ဒီလိုဆိုမှတော့ ရှန်ယန်းလည်း ရှန်းလုရဲ့ခေါင်းဆောင်မင်းသမီး ဖြစ်ရဖို့ မစဥ်းစားသင့်တော့ဘူး။

လီဟဲ: "ဒီတခါ ငါ မင်းပြောတဲ့အတိုင်း မုမိသားစုနာမည်ကိုသုံးခဲ့တာ။ လီဆွေ့ယွီရဲ့ပုံစံနဲ့လေ"

လီရှင်းပြောလိုက်တယ်။

"အရင်တုန်းကသူတို့က သူတို့ရဲ့သားကို ကျွန်မ အစ်မနဲ့ပေးစားချင်နေတာ.. ဒါပေမဲ့ ကျွန်မပြိုင်ပွဲမှာရှုံးသွားတယ်ဆိုတာနဲ့ သူတို့က ကျွန်မရဲ့အစ်မကို မကောင်းဘူးဆိုပြီးသတ်မှတ်လိုက်ကြတယ်.. ဘလိုင်းဒိတ်ကိုလည်း ဖျက်သိမ်းလိုက်တယ်.. အဲလိုသာမဟုတ်ဘူးဆိုရင် ကျွန်မရဲ့မိသားစုက ကျွန်မကို အနုပညာအသိုင်းအဝိုင်းမှာမရှိစေချင်ပေမယ့် ဒီလောက်အထိလုပ်မှာမဟုတ်ဘူး"

သူမ အေးစက်စွာနဲ့ နှာမှုတ်လိုက်တယ်။

ရှန်ယန်းမှာ အရည်အချင်းရှိရင် မုမိသားစုအကြောင်း မီဒီယာတွေမှာဖွင့်ဟပြီး တိုက်ခိုက်လိုက်လေ။ အရည်အချင်းမရှိဘူးဆိုရင်တော့ ရှန်းလုရဲ့ ခေါင်းဆောင်မင်းသမီးနေရာကို မေ့လိုက်တော့ပေါ့။

လီရှင်း ရှန်းလုလူရွေးပွဲတိုက်ရိုက်ထုတ်လွှင့်မှုကို ဆက်လိုက်ပြီး ပြောလိုက်ပြန်တယ်။

"ရှန်ယန်း.. ငါမနိုင်ဘူးဆိုမှတော့ နင်လည်း အနိုင်ရလိမ့်မယ်လို့မထင်နဲ့"

ရှန်းလုလူရွေးပွဲရဲ့ အပြင်ဘက်မှာတော့ မုရီအန်းရဲ့ကားက ငြင်သာစွာထိုးရပ်သွားတယ်။

လက်ထောက်ဝူ:" မစ်စတာမု ရှိုးပွဲက စနေတာ တစ်နာရီလောက်ရှိလောက်ပြီ"

မုရီအန်းက နှာသံသဲ့သဲ့သာပေးပြီး ဘာမှပြန်မပြောလာခဲ့ဘူး။ လက်ထောက်ဝူက သူ့အတွက် ကားတံခါးလာဖွင့်ပေးတော့ ရှန်းလု လူရွေးပွဲရှိရာသို့ တိုက်ရိုက်ဝင်သွားခဲ့လေတယ်။

Nမြို့တော်မှ ပြန်လာတဲ့နေ့ကတည်းက မုရီအန်းက ဒီနေ့ပွဲအတွက်လက်မှတ်ကို ကြိုတင်ဖြတ်ထားရန် လက်ထောက်ဝူကိုစေခိုင်းခဲ့တာဖြစ်တယ်။ သူက ဒီနေ့မှ မြို့တော်သို့အမြန်ဆုံးပြန်လာခဲ့ပြီး လက်ထောက်ဝူကတော့ ယခုအချိန်ထိ တစ်ဖက်လူ ဘာလုပ်ချင်နေတာလဲဆိုတာကို မသိနိုင်သေးဘူး။

လက်ထောက်ဝူက မုရီအန်းနောက်ကနေလိုက်ရင်း ခဏမျှတွေးတောကာ မေးလိုက်မိတယ်။

"မစ်စတာမု ကျွန်တော်တစ်ခုလောက်မေးလို့ရမလား"

မုရီအန်းက လှောင်ရယ်လိုက်တယ်။

"သူမက ကြောင်သူတော်လိုလုပ်နေတာလေ.. ငါက သူမကိုပိုက်ဆံပေးနိုင်တယ်.. ဒါဆို ငါတို့နှစ်ယောက်က လိုက်ဖက်တဲ့တွဲစပ်မှုပဲ မလား"

ရှိုးပွဲက ဆက်လက်ထုတ်လွှင့်နေခဲ့ပြီး ယခုတစ်ခေါက်မှာတော့ ရှန်ယန်းက နံပါတ်ရှစ်နေရာကို ရွေးမိထားတယ်။

မကြာခင်မှာပဲ ရှန်ယန်းရဲ့နာမည်ကိုခေါ်ဆိုလာတာကြောင့် ကျိုးရိုရဲ့နှလုံးသားက ခုန်ထွက်လုနီးပါးဖြစ်နေပြီ။

ရှန်ယန်းက စင်မြင့်ထက်သို့ တက်သွားခဲ့ပြီး တီးလုံးသံက စတင်ထွက်ပေါ်လာခဲ့တယ်။ ရှန်ယန်းရဲ့အင်္ကျီစတွေက တဖြည်းဖြည်းမြင့်တက်လာခဲ့ကာ ရိုးရာအကကို စတင်ခဲ့လေတယ်။ သူမရဲ့လှုပ်ရှားမှုတွေက နူးညံ့ပြီးညင်သာလွန်းတယ်။ သူမ ရဲ့အကဟန်တွေက ရှန်းလုရဲ့အဓိကအမျိုးသမီးဇာတ်ဆောင် လမ်းမထက်မှာ ကပြမှုကို အခြေခံထားပြီး ထိုအကတွေက သူမရဲ့ယခင်ဘဝတုန်းကမြင်တွေ့ခဲ့ဖူးတဲ့ အရာပဲ။ သူမရဲ့ယခင်ဘဝတုန်းက ဇာတ်ကားထွက်လာချိန်မှာ သူမကြည့်ရှုခဲ့ဖူးတယ်လေ။

ထိုအခိုက်အတန့်မှာပဲ ရှန်ယန်းရဲ့ ကြည်လင်ချိုမြတဲ့ သီချင်းသံက ကြားရသူအပေါင်းကိုစိတ်လက်ချမ်းသာစေခဲ့တယ်။

လုယွင်ချန်း စင်ပေါ်မှာရှိနေတဲ့ ရှန်ယန်းကိုကြည့်လိုက်ကာသူ့ရဲ့မျက်လုံးတွေကို အားနဲ့ဖိပွတ်လိုက်မိတယ်။ သူ့အနေနဲ့ ရှန်ယန်းနဲ့ပတ်သက်ပြီးတစ်စုံတစ်ခုမှားယွင်းနေသယောင် ခံစားရပေမယ့်  သူ့ရဲ့နေရာမှ ရှင်းရှင်းလင်းလင်းမမြင်ရနိုင်ဘူး။ ဒါကြောင့် သူ့ဘေးနားမှာထိုင်နေတဲ့ ဒါရိုက်တာကို လှမ်းပြောလိုက်တယ်။

"ဒါရိုက်တာကြီး ခင်ဗျားရဲ့မျက်မှန်ပါဝါက ဘယ်လောက်လဲ ..ကျွန်တော့်ကိုခဏငှားဦး"

ရှန်းလုရဲ့ဒါရိုက်တာက အနည်းငယ်ရှက်သွားပြီး တိုးတိုးလေးပြန်ပြောရှာတယ်။

"ပါဝါမပါဘူး"

လုယွင်ချန်း:"...."

လုယွင်ချန်း:" ရှန်ယန်းဆီမှာ တစ်ခုခုမှားယွင်းနေသလားလို့ ကြည့်ပေးပါဦး"

ရှန်းလုရဲ့ဒါရိုက်တာ: "ကောင်းပါတယ်"

လုယွင်ချန်းက ရှင်းရှင်းလင်းလင်း မမြင်ရပေမယ့် အင်တာနက်အသုံးပြုသူတွေကတော့ မြင်နေရတယ်။ ရှန်ယန်းက ခြေထောက်ဒဏ်ရာကြီးနဲ့ ပြိုင်ပွဲမှာ ဆက်ပြိုင်နေတာမလား။

Barrageမှာတော့ ရူးသွပ်လုနီးနီးဖြစ်နေကြပြီ။

ရှန်ယန်း ဘာဖြစ်သွားတာလဲ။

သူတို့ ဘာတစ်ခုမှမသိထားဘူးလေ။

သူမ ဒဏ်ရာရထားတာလား?

ခြေထောက်နာနေတာတောင် ကနေတုန်းပဲ။ ငါတို့ဘာမှမပြောတော့ဘူး ။ရှန်ယန်းကိုပဲ တိုက်ရိုက်မဲထည့်လိုက်တော့မယ်။

မုရီအန်းအထဲကိုဝင်လာတော့ ရှန်ယန်းက စင်ပေါ်မှကနေတုန်းပဲ။ သူက ရှန်ယန်းရဲ့အမူအယာကိုကြည့်ပြီး ခြေလှမ်းအနည်းငယ်အတွင်းမှာပဲ မျက်မှောင်ကြုတ်လိုက်ကာ မည်းမှောင်နေတဲ့မျက်နှာနဲ့ ပြောလိုက်တယ်။

"အခုချက်ချင်း ပွဲကိုရပ်ခိုင်းလိုက်.. ပရိုဂရမ်အဖွဲ့သားတွေအားလုံး စင်နောက်မှာ အသင့်ရှိနေပါစေ!"

ရှန်းလုရဲ့ ရင်နီးမြှပ်နှံသူက လုယွင်ချန်းရဲ့အသိဖြစ်ပြီး ဆက်ဆံရေးလည်းကောင်းမွန်တယ်။ ဒါပေမဲ့ ရှန်းလုရဲ့လူရွေးပွဲစဥ်တွေအတွက် video  siteတွေနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုလိုင်းတွေက မုရီအန်း ရင်းနီးမြှပ်နှံထားတာ။ ဒီတော့ မုရီအန်းရဲ့ စကားအဆုံးမှာ လက်ထောက်ဝူက ဒါရိုက်တာထံသို့အလျှင်အမြန်သွားလိုက်ပြီး စကားအနည်းငယ် တီးတိုးဆိုလိုက်တယ်။ ဒါရိုက်တာက္ အငြင်းစကားပြန်ပြောချင်နေတာကိုမြင်တော့ လက်ထောက်ဝူက ထပ်ပြောလိုက်ပြန်တယ်။

"ဒါရိုက်တာကြီး.. ဒီရင်းနီးမြှပ်နှံမှုကို မင်းကိုယ်တိုင် ဆက်လုပ်ချင်လို့လား"

(နားမထောင်ရင် ရင်းနီးမြှပ်နှံထားတာက နှုတ်ထွက်လိုက်မှာဆိုတဲ့သဘောနဲ့ခြိမ်းခြောက်တာ)

ဒါရိုက်တာ: " ရပ်လိုက်! တိုက်ရိုက်ထုတ်လွင့်နေတာကိုရပ်လိုက်တော့"

ဒါရိုက်တာရဲ့အော်သံကြောင့် ပွဲအတွင်းမှာ ရုတ်ရုတ်သဲသဲဖြစ်သွားရပြီး တိုက်ရိုက်ထုတ်လွှင့်မှုကင်မရာက ပထမဆုံးအကြိမ် အပိတ်ခံလိုက်ရတယ်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုတဲ့ ပရိသတ်တွေအားလုံး အံသြကြောင်အသွားခဲ့ကြပြီး ထိုအထဲမှာ လီဆွေ့ယွီလည်းပါဝင်နေခဲ့တယ်။သူမက ရှန်ယန်း ရှုံးနိမ့်သွားပြီး နောက်ထပ်ပြိုင်ပွဲဝင်တစ်ယောက်က ခေါင်းဆောင်မင်းသမီးဖြစ်မှာကိုမြင်ချင်နေတာလေ။ ဘာလို့ တိုက်ရိုထုတ်လွှင့်မှုက ပိတ်သိမ်းသွားရတာတုန်း။

လီဆွေ့ယွီ:" ဘာတွေဖြစ်နေတာလဲ"

အန်တီချင်: " အွန်လိုင်းပေါ်မှာ ရှန်ယန်းရဲ့ခြေထောက် ဒဏ်ရာရနေတယ်ဆိုပြီးတွေ့ခဲ့တယ်.. ဒါကြောင့် ပွဲကိုရပ်တန့်လိုက်တာဖြစ်မယ်.. ရှန်ယန်းပဲ ခေါင်းဆောင်မင်းသမီးဖြစ်သွားမယ်ထင်တယ်.. သူက ဒဏ်ရာရနေတာတောင် ကခုန်ပြီးယှဥ်ပြိုင်နေတုန်းပဲ.. ပရိသတ်တွေက သူ့ကိုပဲမဲပေးဖို့ပြောနေကြတယ်"

“ရှန်းလုလူရွေးပွဲက ဘာကြီးလဲ ..ငါမကြည့်တော့ဘူး"
သူမ တက်ဘလက်ကို ပိတ်ချလိုက်တယ်။

"စျေးဝယ်ထွက်ကြမယ်"

အန်တီချင်: " ဟုတ်တာပေါ့.. ရှန်ယန်းက ခေါင်းဆောင်မင်းသမီးဖြစ်တော့မှာဆိုတော့ သူဌေးကတော်အနေနဲ့ စိတ်ပြေလက်ပျောက် စျေးဝယ်ထွက်သင့်တယ်လေ"

လီဆွေ့ယွီ:"...."

ဒါရိုက်တာက လက်ထောက်ဝူကို တိုက်ရိုက်ထုတ်လွှင့်မှုပိတ်ချလိုက်ရတဲ့အကြောင်းကို မေးမြန်းချင်နေပေမယ့် ပရိသတ်တွေရှိနေသေးတာကြောင့် ထရပ်ပြီးအော်လိုက်တယ်။

"ရှန်းလုရဲ့ အဖွဲ့သားတွေအားလုံး စင်နောက်ကိုသွားမယ်!"

ဒါရိုက်တာရဲ့အော်သံကိုကြားတော့ ရှန်ယန်းလည်း ကနေရင်းမှ ရပ်တန့်သွားခဲ့တယ်။ ကျိုးရိုကတော့ ဘာတွေဖြစ်နေလဲဆိုတာမသိပေမယ့် ရှန်ယန်းဆီသို့သွားပြီးကူညီပေးဖို့ မတ်တပ်ထရပ်လိုက်လေတယ်။

ဆူညံသံတွေပျောက်ဆုံးသွားချိန်မှာ မုရီအန်းကတော့ စင်ပေါ်ကိုတက်သွားလေပြီ!

***

Zawgyi

" အားလုံးပဲ မဂၤလာပါ .. ဒါကေတာ့ ႐ွန္းလုဒရမ္မာအတြက္ လူေ႐ြးပြဲပဲျဖစ္ပါတယ္.. ေနာက္ဆုံးၿပိဳင္ပြဲစဥ္ဆိုရင္လည္း မမွားဘူးေပါ့..ဒီတစ္ေခါက္ၿပိဳင္ပြဲမွာေတာ့ ႐ွန္းလုဒရမ္မာအတြက္ ေခါင္းေဆာင္မင္းသမီးေနရာနဲ႔ ဒုတိယဇာတ္လိုက္ေနရာတို႔ ေပၚထြက္လာေတာ့မွာပါ"

Hostေတြက အဖြင့္စကားေျပာၿပီးေနာက္ ဒိုင္လူႀကီးေတြကို ဦးစြာဖိတ္ေခၚလိုက္တယ္။ ၿပီးေနာက္ ၿပိဳင္ပြဲဝင္မယ့္ အဖြဲ႕ဝင္ေတြကို ေနရာယူေစတယ္။

႐ွန္ယန္း စင္အေနာက္ဘက္မွ တက္လာၿပီးေနာက္ သူမရဲ႕ထိုင္ခုံေနရာကို တိုက္႐ိုက္သြားထိုင္ေနလိုက္တယ္။

က်ိဳး႐ိုတစ္ေယာက္ ႐ွန္ယန္းကိုစိတ္ပူပန္ေနရတဲ့အတြက္ ဝမ္ဖန္းသည္လည္း ပြဲကိုေရာက္႐ွိေနတာကို မသိခဲ့ဘူး။ ဝမ္ဖန္းက က်ိဳး႐ိုရဲ႕ပူပန္ေနတဲ့အမူအယာကိုျမင္ေတာ့ သူမကို တြန္းထိလိုက္တယ္။

"ဘာျဖစ္ေနတာလဲ .. အဲေလာက္ထိ စိတ္လႈပ္႐ွားမေနစမ္းပါနဲ႔.. မေန႔တုန္းက ႐ွန္ယန္းက  ကိုယ္လုပ္ေတာ္ခ်န္ဇာတ္ကားထဲမွာ ေပၚလာၿပီေလ.. သူ႕ရဲ႕ေအာင္ျမင္မႈက ေနာက္တစ္ဆင့္ကိုတက္သြားၿပီပဲကို.. မဲအေရအတြက္စနစ္နဲ႔ဆိုရင္ သူမ ခဏေလးနဲ႔အႏိုင္ရေလာက္ပါတယ္"

ဝမ္ဖန္ရဲ႕စကားသံကိုၾကားမွ သူမရဲ႕ေဘးမွာထိုင္ေနတဲ့သူက ဝမ္ဖန္းျဖစ္ေနေၾကာင္းကို က်ိဳး႐ိုသတိျပဳမိသြားတယ္။ သူမက ဝမ္ဖန္းကို စကားအနည္းငယ္ေလာက္ တီးတိုးေျပာလိုက္ေတာ့ ဝမ္ဖန္းရဲ႕မ်က္ႏွာက ခဏေလးအတြင္းမွာပဲ ႐ုပ္ဆိုးသြားရတယ္။

ဝမ္ဖန္း: " ႐ွန္ယန္း.. ႐ွန္ယန္း ဒီလိုပုံစံနဲ႔ အဆင္ေျပပါ့မလား"

က်ိဳး႐ို သူမရဲ႕ႏႈတ္ခမ္းကို ဖိကိုက္လိုက္တယ္။

" ဟင္း.. သူ႕ရဲ႕ေျခေထာက္ကို ပတ္တီးနဲ႔စည္းထားတယ္ဆိုေပမယ့္ ေသြးေတြထြက္ေနတုန္းပဲ.. ခဏေနရင္ ဘယ္လိုလုပ္ၿပီး ကႏိုင္ေတာ့မွာလဲ.. သူမက ငါ့ကိုေခါင္းေဆာင္မင္းသမီးေနရာကို လိုခ်င္တယ္လို႔ ေျပာသြားေသးတယ္.. သူ ဘာေျပာခ်င္တာလဲ"

ထိုအခ်ိန္မွာပဲ ၿပိဳင္ပြဲအတြက္ မဲႏိႈက္ခ်ိန္ေရာက္လာခဲ့ၿပီ။

႐ွန္ယန္း သူမရဲ႕ေမးေစ့ကိုထိလိုက္ၿပီး ၿပိဳင္ပြဲအတြင္းမွာ႐ွိေနတဲ့ ၿပိဳင္ပြဲဝင္ေတြကိုလိုက္ၾကည့္လိုက္တယ္။ ဒီအေျခအေနကို ဘယ္သူကမွ ႀကိဳတင္ျပင္ဆင္ထားတဲ့ပုံ မေပၚဘူး။ ႐ွန္ယန္းအေနနဲ႔ ဘယ္သူက အကေလ့က်င့္ထားလဲဆိုတာကို လိုက္ၾကည့္ေနရတဲ့အေၾကာင္းက ဘယ္သူကမ်ား သူမကိုႏႈတ္ထြက္ရေစရန္အတြက္ ကျပေဖ်ာ္ေျဖလို႔မရေအာင္ လုပ္ခဲ့တာလဲဆိုတာကို သိခ်င္လို႔ပဲ။

လုယြင္ခ်န္းက ႐ွန္ယန္းကိုတစ္ခ်က္ၾကည့္ၿပီး ခပ္ျမန္ျမန္အၾကည့္လႊဲလိုက္ကာ ၿပိဳင္ပြဲကိုျပန္မၾကည့္ခင္ သူ႕ေဘးမွာ႐ွိတဲ့ဒါ႐ိုက္တာနဲ႔စကားေျပာေနလိုက္တယ္။

ထိုအခ်ိန္မွာ လီ႐ွင္းကေတာ့ ႐ွန္းလုလူေ႐ြးပြဲ တိုက္႐ိုက္ထုတ္လႊင့္မႈကို ၾကည့္ေနခဲ့တယ္။ သူမက ေဘးမွာ႐ွိေနတဲ့ လီဟဲကိုစကားစလိုက္တယ္။

"အကုန္လုံး လုပ္ၿပီးသြားၿပီဆိုတာ ေသခ်ာရဲ႕လား"

“လုပ္ၿပီးၿပီ လုပ္ၿပီးၿပီ..ေနာက္ၿပီး ႐ွန္ယန္းကလည္း မင္းလုပ္တာလို႔ ထင္မွာမဟုတ္ဘူး.. မင္း ၿပိဳင္ပြဲကေန ႏုတ္ထြက္ေတာ့ ငါ ပ႐ိုဂရမ္အဖြဲ႕ထဲမွာ လူေတြထည့္ထားတယ္ေလ.. ဒီကိစၥက မင္းဘက္ကို ပတ္သက္လာမွာမဟုတ္ဘူး.. ေနာက္ဆုံးၿပိဳင္ပြဲမွာ သူ႕ရဲ႕ဖိနပ္ထဲကို ဖန္ကြဲစေတြထည့္ခိုင္းထားတယ္.. ႐ိႈးအဖြဲ႕ထဲမွာ ငါတို႔ကိုကူညီႏိုင္တဲ့လူေတြ႐ွိေတာ့ သူတို႔ကို ႐ိုးရာဝတ္စုံျပည့္နဲ႔ ကၿပီး ၿပိဳင္ခိုင္းဖို႔လုပ္ခိုင္းထားတယ္"

လီ႐ွင္း မ်က္ေမွာင္ၾကဳတ္လိုက္တယ္။

"ဒါေပမဲ့ သူ႕ေျခေထာက္ကို ဖန္ကြဲစေတြစိုက္ေနတဲ့ပုံ ဘာလို႔ မေပၚရတာလဲ"

လီဟဲ:"သူ ဟန္ေဆာင္ေနတာ"

႐ွန္ယန္းေၾကာင့္ လီ႐ွင္းရဲ႕အရင္းအျမစ္ေတြပးအားလုံး ဖယ္႐ွားခံလိုက္ရၿပီ။ သူမရဲ႕ သူငယ္ခ်င္းေတြကလည္း မကူညီၾကေတာ့ဘူး။ သူမ လူေ႐ြးပြဲေတြအမ်ားအျပားကိုသြားခဲ့ေပမယ့္ တစ္ခုေလးေတာင္ မေအာင္ျမင္ခဲ့ဘူးေလ။ ဒီလိုဆိုမွေတာ့ ႐ွန္ယန္းလည္း ႐ွန္းလုရဲ႕ေခါင္းေဆာင္မင္းသမီး ျဖစ္ရဖို႔ မစဥ္းစားသင့္ေတာ့ဘူး။

လီဟဲ: "ဒီတခါ ငါ မင္းေျပာတဲ့အတိုင္း မုမိသားစုနာမည္ကိုသုံးခဲ့တာ။ လီေဆြ႕ယြီရဲ႕ပုံစံနဲ႔ေလ"

လီ႐ွင္းေျပာလိုက္တယ္။

"အရင္တုန္းကသူတို႔က သူတို႔ရဲ႕သားကို ကြၽန္မ အစ္မနဲ႔ေပးစားခ်င္ေနတာ.. ဒါေပမဲ့ ကြၽန္မၿပိဳင္ပြဲမွာ႐ႈံးသြားတယ္ဆိုတာနဲ႔ သူတို႔က ကြၽန္မရဲ႕အစ္မကို မေကာင္းဘူးဆိုၿပီးသတ္မွတ္လိုက္ၾကတယ္.. ဘလိုင္းဒိတ္ကိုလည္း ဖ်က္သိမ္းလိုက္တယ္.. အဲလိုသာမဟုတ္ဘူးဆိုရင္ ကြၽန္မရဲ႕မိသားစုက ကြၽန္မကို အႏုပညာအသိုင္းအဝိုင္းမွာမ႐ွိေစခ်င္ေပမယ့္ ဒီေလာက္အထိလုပ္မွာမဟုတ္ဘူး"

သူမ ေအးစက္စြာနဲ႔ ႏွာမႈတ္လိုက္တယ္။

႐ွန္ယန္းမွာ အရည္အခ်င္း႐ွိရင္ မုမိသားစုအေၾကာင္း မီဒီယာေတြမွာဖြင့္ဟၿပီး တိုက္ခိုက္လိုက္ေလ။ အရည္အခ်င္းမ႐ွိဘူးဆိုရင္ေတာ့ ႐ွန္းလုရဲ႕ ေခါင္းေဆာင္မင္းသမီးေနရာကို ေမ့လိုက္ေတာ့ေပါ့။

လီ႐ွင္း ႐ွန္းလုလူေ႐ြးပြဲတိုက္႐ိုက္ထုတ္လႊင့္မႈကို ဆက္လိုက္ၿပီး ေျပာလိုက္ျပန္တယ္။

"႐ွန္ယန္း.. ငါမႏိုင္ဘူးဆိုမွေတာ့ နင္လည္း အႏိုင္ရလိမ့္မယ္လို႔မထင္နဲ႔"

႐ွန္းလုလူေ႐ြးပြဲရဲ႕ အျပင္ဘက္မွာေတာ့ မုရီအန္းရဲ႕ကားက ျငင္သာစြာထိုးရပ္သြားတယ္။

လက္ေထာက္ဝူ:" မစ္စတာမု ႐ိႈးပြဲက စေနတာ တစ္နာရီေလာက္႐ွိေလာက္ၿပီ"

မုရီအန္းက ႏွာသံသဲ့သဲ့သာေပးၿပီး ဘာမွျပန္မေျပာလာခဲ့ဘူး။ လက္ေထာက္ဝူက သူ႕အတြက္ ကားတံခါးလာဖြင့္ေပးေတာ့ ႐ွန္းလု လူေ႐ြးပြဲ႐ွိရာသို႔ တိုက္႐ိုက္ဝင္သြားခဲ့ေလတယ္။

Nၿမိဳ႕ေတာ္မွ ျပန္လာတဲ့ေန႔ကတည္းက မုရီအန္းက ဒီေန႔ပြဲအတြက္လက္မွတ္ကို ႀကိဳတင္ျဖတ္ထားရန္ လက္ေထာက္ဝူကိုေစခိုင္းခဲ့တာျဖစ္တယ္။ သူက ဒီေန႔မွ ၿမိဳ႕ေတာ္သို႔အျမန္ဆုံးျပန္လာခဲ့ၿပီး လက္ေထာက္ဝူကေတာ့ ယခုအခ်ိန္ထိ တစ္ဖက္လူ ဘာလုပ္ခ်င္ေနတာလဲဆိုတာကို မသိႏိုင္ေသးဘူး။

လက္ေထာက္ဝူက မုရီအန္းေနာက္ကေနလိုက္ရင္း ခဏမွ်ေတြးေတာကာ ေမးလိုက္မိတယ္။

"မစ္စတာမု ကြၽန္ေတာ္တစ္ခုေလာက္ေမးလို႔ရမလား"

မုရီအန္းက ေလွာင္ရယ္လိုက္တယ္။

"သူမက ေၾကာင္သူေတာ္လိုလုပ္ေနတာေလ.. ငါက သူမကိုပိုက္ဆံေပးႏိုင္တယ္.. ဒါဆို ငါတို႔ႏွစ္ေယာက္က လိုက္ဖက္တဲ့တြဲစပ္မႈပဲ မလား"

႐ိႈးပြဲက ဆက္လက္ထုတ္လႊင့္ေနခဲ့ၿပီး ယခုတစ္ေခါက္မွာေတာ့ ႐ွန္ယန္းက နံပါတ္႐ွစ္ေနရာကို ေ႐ြးမိထားတယ္။

မၾကာခင္မွာပဲ ႐ွန္ယန္းရဲ႕နာမည္ကိုေခၚဆိုလာတာေၾကာင့္ က်ိဳး႐ိုရဲ႕ႏွလုံးသားက ခုန္ထြက္လုနီးပါးျဖစ္ေနၿပီ။

႐ွန္ယန္းက စင္ျမင့္ထက္သို႔ တက္သြားခဲ့ၿပီး တီးလုံးသံက စတင္ထြက္ေပၚလာခဲ့တယ္။ ႐ွန္ယန္းရဲ႕အက်ႌစေတြက တျဖည္းျဖည္းျမင့္တက္လာခဲ့ကာ ႐ိုးရာအကကို စတင္ခဲ့ေလတယ္။ သူမရဲ႕လႈပ္႐ွားမႈေတြက ႏူးညံ့ၿပီးညင္သာလြန္းတယ္။ သူမ ရဲ႕အကဟန္ေတြက ႐ွန္းလုရဲ႕အဓိကအမ်ိဳးသမီးဇာတ္ေဆာင္ လမ္းမထက္မွာ ကျပမႈကို အေျခခံထားၿပီး ထိုအကေတြက သူမရဲ႕ယခင္ဘဝတုန္းကျမင္ေတြ႕ခဲ့ဖူးတဲ့ အရာပဲ။ သူမရဲ႕ယခင္ဘဝတုန္းက ဇာတ္ကားထြက္လာခ်ိန္မွာ သူမၾကည့္႐ႈခဲ့ဖူးတယ္ေလ။

ထိုအခိုက္အတန္႔မွာပဲ ႐ွန္ယန္းရဲ႕ ၾကည္လင္ခ်ိဳျမတဲ့ သီခ်င္းသံက ၾကားရသူအေပါင္းကိုစိတ္လက္ခ်မ္းသာေစခဲ့တယ္။

လုယြင္ခ်န္း စင္ေပၚမွာ႐ွိေနတဲ့ ႐ွန္ယန္းကိုၾကည့္လိုက္ကာသူ႕ရဲ႕မ်က္လုံးေတြကို အားနဲ႔ဖိပြတ္လိုက္မိတယ္။ သူ႕အေနနဲ႔ ႐ွန္ယန္းနဲ႔ပတ္သက္ၿပီးတစ္စုံတစ္ခုမွားယြင္းေနသေယာင္ ခံစားရေပမယ့္  သူ႕ရဲ႕ေနရာမွ ႐ွင္း႐ွင္းလင္းလင္းမျမင္ရႏိုင္ဘူး။ ဒါေၾကာင့္ သူ႕ေဘးနားမွာထိုင္ေနတဲ့ ဒါ႐ိုက္တာကို လွမ္းေျပာလိုက္တယ္။

"ဒါ႐ိုက္တာႀကီး ခင္ဗ်ားရဲ႕မ်က္မွန္ပါဝါက ဘယ္ေလာက္လဲ ..ကြၽန္ေတာ္႕ကိုခဏငွားဦး"

႐ွန္းလုရဲ႕ဒါ႐ိုက္တာက အနည္းငယ္႐ွက္သြားၿပီး တိုးတိုးေလးျပန္ေျပာ႐ွာတယ္။

"ပါဝါမပါဘူး"

လုယြင္ခ်န္း:"...."

လုယြင္ခ်န္း:" ႐ွန္ယန္းဆီမွာ တစ္ခုခုမွားယြင္းေနသလားလို႔ ၾကည့္ေပးပါဦး"

႐ွန္းလုရဲ႕ဒါ႐ိုက္တာ: "ေကာင္းပါတယ္"

လုယြင္ခ်န္းက ႐ွင္း႐ွင္းလင္းလင္း မျမင္ရေပမယ့္ အင္တာနက္အသုံးျပဳသူေတြကေတာ့ ျမင္ေနရတယ္။ ႐ွန္ယန္းက ေျခေထာက္ဒဏ္ရာႀကီးနဲ႔ ၿပိဳင္ပြဲမွာ ဆက္ၿပိဳင္ေနတာမလား။

Barrageမွာေတာ့ ႐ူးသြပ္လုနီးနီးျဖစ္ေနၾကၿပီ။

႐ွန္ယန္း ဘာျဖစ္သြားတာလဲ။

သူတို႔ ဘာတစ္ခုမွမသိထားဘူးေလ။

သူမ ဒဏ္ရာရထားတာလား?

ေျခေထာက္နာေနတာေတာင္ ကေနတုန္းပဲ။ ငါတို႔ဘာမွမေျပာေတာ့ဘူး ။႐ွန္ယန္းကိုပဲ တိုက္႐ိုက္မဲထည့္လိုက္ေတာ့မယ္။

မုရီအန္းအထဲကိုဝင္လာေတာ့ ႐ွန္ယန္းက စင္ေပၚမွကေနတုန္းပဲ။ သူက ႐ွန္ယန္းရဲ႕အမူအယာကိုၾကည့္ၿပီး ေျခလွမ္းအနည္းငယ္အတြင္းမွာပဲ မ်က္ေမွာင္ၾကဳတ္လိုက္ကာ မည္းေမွာင္ေနတဲ့မ်က္ႏွာနဲ႔ ေျပာလိုက္တယ္။

"အခုခ်က္ခ်င္း ပြဲကိုရပ္ခိုင္းလိုက္.. ပ႐ိုဂရမ္အဖြဲ႕သားေတြအားလုံး စင္ေနာက္မွာ အသင့္႐ွိေနပါေစ!"

႐ွန္းလုရဲ႕ ရင္နီးျမႇပ္ႏွံသူက လုယြင္ခ်န္းရဲ႕အသိျဖစ္ၿပီး ဆက္ဆံေရးလည္းေကာင္းမြန္တယ္။ ဒါေပမဲ့ ႐ွန္းလုရဲ႕လူေ႐ြးပြဲစဥ္ေတြအတြက္ video  siteေတြနဲ႔ တိုက္႐ိုက္ထုတ္လႊင့္မႈလိုင္းေတြက မုရီအန္း ရင္းနီးျမႇပ္ႏွံထားတာ။ ဒီေတာ့ မုရီအန္းရဲ႕ စကားအဆုံးမွာ လက္ေထာက္ဝူက ဒါ႐ိုက္တာထံသို႔အလွ်င္အျမန္သြားလိုက္ၿပီး စကားအနည္းငယ္ တီးတိုးဆိုလိုက္တယ္။ ဒါ႐ိုက္တာက္ အျငင္းစကားျပန္ေျပာခ်င္ေနတာကိုျမင္ေတာ့ လက္ေထာက္ဝူက ထပ္ေျပာလိုက္ျပန္တယ္။

"ဒါ႐ိုက္တာႀကီး.. ဒီရင္းနီးျမႇပ္ႏွံမႈကို မင္းကိုယ္တိုင္ ဆက္လုပ္ခ်င္လို႔လား"

(နားမေထာင္ရင္ ရင္းနီးျမႇပ္ႏွံထားတာက ႏႈတ္ထြက္လိုက္မွာဆိုတဲ့သေဘာနဲ႔ၿခိမ္းေျခာက္တာ)

ဒါ႐ိုက္တာ: " ရပ္လိုက္! တိုက္႐ိုက္ထုတ္လြင့္ေနတာကိုရပ္လိုက္ေတာ့"

ဒါ႐ိုက္တာရဲ႕ေအာ္သံေၾကာင့္ ပြဲအတြင္းမွာ ႐ုတ္႐ုတ္သဲသဲျဖစ္သြားရၿပီး တိုက္႐ိုက္ထုတ္လႊင့္မႈကင္မရာက ပထမဆုံးအႀကိမ္ အပိတ္ခံလိုက္ရတယ္။

တိုက္႐ိုက္ထုတ္လႊင့္မႈကို ၾကည့္႐ႈတဲ့ ပရိသတ္ေတြအားလုံး အံၾသေၾကာင္အသြားခဲ့ၾကၿပီး ထိုအထဲမွာ လီေဆြ႕ယြီလည္းပါဝင္ေနခဲ့တယ္။သူမက ႐ွန္ယန္း ႐ႈံးနိမ့္သြားၿပီး ေနာက္ထပ္ၿပိဳင္ပြဲဝင္တစ္ေယာက္က ေခါင္းေဆာင္မင္းသမီးျဖစ္မွာကိုျမင္ခ်င္ေနတာေလ။ ဘာလို႔ တိုက္႐ိုထုတ္လႊင့္မႈက ပိတ္သိမ္းသြားရတာတုန္း။

လီေဆြ႕ယြီ:" ဘာေတြျဖစ္ေနတာလဲ"

အန္တီခ်င္: " အြန္လိုင္းေပၚမွာ ႐ွန္ယန္းရဲ႕ေျခေထာက္ ဒဏ္ရာရေနတယ္ဆိုၿပီးေတြ႕ခဲ့တယ္.. ဒါေၾကာင့္ ပြဲကိုရပ္တန္႔လိုက္တာျဖစ္မယ္.. ႐ွန္ယန္းပဲ ေခါင္းေဆာင္မင္းသမီးျဖစ္သြားမယ္ထင္တယ္.. သူက ဒဏ္ရာရေနတာေတာင္ ကခုန္ၿပီးယွဥ္ၿပိဳင္ေနတုန္းပဲ.. ပရိသတ္ေတြက သူ႕ကိုပဲမဲေပးဖို႔ေျပာေနၾကတယ္"

“႐ွန္းလုလူေ႐ြးပြဲက ဘာႀကီးလဲ ..ငါမၾကည့္ေတာ့ဘူး"
သူမ တက္ဘလက္ကို ပိတ္ခ်လိုက္တယ္။

"ေစ်းဝယ္ထြက္ၾကမယ္"

အန္တီခ်င္: " ဟုတ္တာေပါ့.. ႐ွန္ယန္းက ေခါင္းေဆာင္မင္းသမီးျဖစ္ေတာ့မွာဆိုေတာ့ သူေဌးကေတာ္အေနနဲ႔ စိတ္ေျပလက္ေပ်ာက္ ေစ်းဝယ္ထြက္သင့္တယ္ေလ"

လီေဆြ႕ယြီ:"...."

ဒါ႐ိုက္တာက လက္ေထာက္ဝူကို တိုက္႐ိုက္ထုတ္လႊင့္မႈပိတ္ခ်လိုက္ရတဲ့အေၾကာင္းကို ေမးျမန္းခ်င္ေနေပမယ့္ ပရိသတ္ေတြ႐ွိေနေသးတာေၾကာင့္ ထရပ္ၿပီးေအာ္လိုက္တယ္။

"႐ွန္းလုရဲ႕ အဖြဲ႕သားေတြအားလုံး စင္ေနာက္ကိုသြားမယ္!"

ဒါ႐ိုက္တာရဲ႕ေအာ္သံကိုၾကားေတာ့ ႐ွန္ယန္းလည္း ကေနရင္းမွ ရပ္တန္႔သြားခဲ့တယ္။ က်ိဳး႐ိုကေတာ့ ဘာေတြျဖစ္ေနလဲဆိုတာမသိေပမယ့္ ႐ွန္ယန္းဆီသို႔သြားၿပီးကူညီေပးဖို႔ မတ္တပ္ထရပ္လိုက္ေလတယ္။

ဆူညံသံေတြေပ်ာက္ဆုံးသြားခ်ိန္မွာ မုရီအန္းကေတာ့ စင္ေပၚကိုတက္သြားေလၿပီ!

***

Continue Reading

You'll Also Like

1.7K 241 75
အသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.
838K 90K 167
summary အခ်ိန္​ခရီးသြားပုံျပင္​တစ္​ပုဒ္​ ဉာဏ္​နီဉာဏ္​နက္​မ်ားၿပီး ​ေကာက္​က်စ္​တ့ဲသူမဟာ အဆင္​့အတန္​းျမင္​့မ်ိဳး႐ိုးမွ လူမမာသည္​မမ​ေလး လာျဖစ္​တယ္​ ​ေစ့...
14.3K 1.2K 12
Title - 万蛊谣 (Ballad of Ten Thousand Gu) Author - 叶笑 (Ye Xiao) English translator - Catharcity Original publisher - 飞魔幻 magazine Audio drama link - ht...
254K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...