ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ...

By LuciousKim

554K 72.3K 1.9K

This novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引 More

Description
Chapter (1.1)
Chapter (1.2)
Chapter (2)
Chapter (3)
chapter (4)
chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58.1)
Chapter (58.2)
Chapter (59)
Chapter (60)
Chapter (61)
Chapter (61.2)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Chapter (70 )
Chapter (71.1)
Chapter(71.2)
Chapter (72)
Chapter (73)
Chapter (74)
Chapter (75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (79) Zawgyi
Chapter (81)
chapter (82)
Chapter (83)
Chapter (84)
Chapter (85).
Chapter (86).
Chapter (87)
chapter (88)
Chapter (89)
90
about paid
(acc ရှာမရတဲ့သူတွေအတွက်)
Chapter (91)
Chapter(92)

Chapter (80)

2.2K 298 30
By LuciousKim

Unicode

ထိုအချိန် မုမိသားစုအိမ်တွင်..

လီဆွေ့ယွီတစ်ယောက် ကိုယ်လုပ်တော်ချန်ဇာတ်လမ်းတွဲကို နေ့စဥ်နေ့တိုင်း အချိန်မှန်စွာ ကြည့်ရှုခဲ့တယ်။ သူမက အွန်လိုင်းပေါ်မှာ ထိုဇာတ်လမ်းအတွက် မှတ်ချက်တွေအများကြီးတောင် ချန်ထားခဲ့သေးတယ်။  သူမ ရှန်ယန်းရဲ့အွန်လိုင်းဒရာမာကို စိတ်ပါဝင်စားစွာကြည့်နေကြောင်းကို တခြားလူတွေကို မသိစေချင်တာကြောင့် ခြံဝင်းထဲမှာရှိတဲ့ ကျောက်စားပွဲဆီကိုသွားကာ အသီးအနှံတွေစားရင်း ကြည့်ရှုလေ့ရှိတယ်။

နောက်ပြီး အန်တီချန်ထံမှ ပူညံပူညံအသံတွေကို ထပ်မကြားချင်တော့တာကြောင့် သူမက ဇာတ်လမ်းကြည့်တဲ့အချိန်မှာ အန်တီချင်နဲ့အတူ မကြည့်တော့ဘူး။

ဒီနေ့မှာ ရှန်ယန်းသရုပ်ဆောင်ထားတဲ့ ကိုယ်လုပ်တော်လန် ပေါ်ထွက်လာတော့မှာဖြစ်တာကြောင့် လီဆွေ့ယွီ ယခင်နေ့တွေထက်ပိုပြီး အလေးအနက်ထားကာ စောင့်ကြည့်နေခဲ့တယ်။ သူမက ကိုယ်လုပ်တော်လန်ကို ဇာတ်လိုက်မရဲ့တွဲဖက်အဖြစ် ယူဆထားတာကြောင့် ဇာတ်လိုက်မ ထံမှာအနိုင်ကျင့်ခံရလောက်တယ်လို့တွေးမိပြီး ရယ်မောမိပြန်တယ်။

သူမက ရှန်ယန်းကို အနိုင်မကျင့်နိုင်ဘူးဆိုမှတော့ ရှန်ယန်း ဇာတ်လမ်းထဲမှာ အနိုင်ကျင့်ခံရတာကိုကြည့်ရမှာပေါ့။ လီဆွေ့ယွီတစ်ယောက် တစ်စုံတစ်ခုကိုထပ်တွေးမိကာ ပိုပြီးပျော်လာရပြီး နှုတ်ခမ်းထောင့်စွန်းတွေက အောက်ကိုပြန်မကျနိုင်တော့ဘူး။ သူမ(လီဆွေ့ယွီ)က အရမ်းကို စမတ်ကျတာပဲ!

အဲဒီနောက်မှာတော့ လီဆွေ့ယွီ ဖုန်းကို လှမ်းယူလိုက်ပြီး နံပါတ်တစ်ခုကိုလှမ်းဆက်လိုက်တယ်။
" အမျိုးသမီးဇာတ်လိုက်ဆီကနေ အနိုင်ကျင့်ခံရတဲ့ အမျိုးသမီးဇာတ်ရန်နေရာပါတဲ့ ဇာတ်ကားတွေရှိလား.. ရိုက်ကူးခါနီးဖြစ်ပေမယ့် ဇာတ်ဆောင်တွေကိုအတည်ပြု မရွေးချယ်ရသေးတဲ့ဟာဖြစ်ရမယ်.. ရှိရင် ငါရင်းနီးမြှပ်နှံချင်တယ်.. တစ်ခုပဲ အနိုင်ကျင့်ခံရမယ့်မင်းသမီးနေရာကိုတော့ ငါအကြံပေးတဲ့သူကိုထည့်ပေးရမယ်"

ဖုန်းထဲမှာပြောဆိုပြီးတဲ့နောက် သူမ ဇာတ်လမ်းကိုပြန်ကြည့်ပြန်တယ်။

ကိုယ်လုပ်တော်လန်က ထွက်ပေါ်လာပြီ။ သူမရဲ့အရှိန်အဝါက ဒုတိယဇာတ်လိုက်မလိုမျိုးပဲ။

လီဆွေ့ယွီတွေးတောနေတုန်းမှာပဲ အန်တီချင်က အစာပြေသရေစာတွေနဲ့အတူထွက်လာခဲ့တယ်။

"သူဌေးကတော်"

လီဆွေ့ယွီ:....

လီဆွေ့ယွီ ဖြောင့်ဖြောင့်တန်းတန်းထိုင်လိုက်တယ်။

"ဘာကိစ္စလဲ.. ရှင် ကျွန်မကို ဒရမ်မာတွေမကြည့်ဖို့လာပြောပြန်ပြီလား"

အန်တီချင်: " သူဌေးကတော်.. မနက်ဖန်က ရှန်းလုပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဥ်ပဲ.. အဲဒီကိုသွားကြည့်ချင်လား"

လီဆွေ့ယွီက ရှန်းလုလူရွေးပွဲမှ ရှန်ယန်းနှုတ်ထွက်သွားရတာကို ကိုယ်တိုင်သွားကြည့်ချင်တယ်လို့ပြောခဲ့ဖူးတယ်လေ။ ဒါပေမယ့် နောက်ဆုံးတစ်ကြိမ်တုန်းက ပြိုင်ပွဲရဲ့ပုံစံကပြောင်းလဲသွားတာကြောင့် သူမ,မသွားခဲ့ဘူး။ မနက်ဖန်နောက်ဆုံးလူရွေးပွဲက တိုက်ရိုက်ထုတ်လွှင့်မှာလေ။ ဒီတော့ သူမ အိမ်ကနေကြည့်နေလို့ရတယ်။

လီဆွေ့ယွီ: "မသွားဘူး"

အန်တီချင်က စိတ်ကျေနပ်စွာနဲ့ပြန်ပြောလာတယ်။

"အမှန်ပဲ.. ရှန်ယန်းက အဓိက ဇာတ်ဆောင်နေရာကိုသေချာပေါက်ရရှိနိုင်မှာပဲ.. ရှန်းလုရဲ့ ဇာတ်လိုက်မင်းသမီးဖြစ်တော့မှာ.. သူဌေးကတော်သွားမကြည့်သင့်ဘူး"

လီဆွေ့ယွီ: "???"

"တော်လိုက်တော့"

" ကောင်းပါပြီ"

ရှန်ယန်းကတော့ ကျိုးရိုနဲ့အတူ ကိုယ်လုပ်တော်ချန်ကို စောင့်ကြည့်နေခဲ့တယ်။ မူလတုန်းက ကျန်းရုံသည်လည်း ရှန်ယန်းတို့နဲ့အတူ ဟော့ပေါ့လာစားရင်း ကိုယ်လုပ်တော်ချန်ဇာတ်ကားထဲမှာ ရှန်ယန်းပေါ်လာမှာကို အတူတူလာကြည့်ချင်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် တစ်ဖက်လူမှ သူမကို ဖရီးကျွေးတော့မှာမဟုတ်ကြောင်း ပြောလာခဲ့တဲ့အတွက်ကြောင့် မလာဖြစ်လိုက်တော့။

ကျိုးရို: " အခုဆို မင်းအနေနဲ့ ရှန်းလုရဲ့ခေါင်းဆောင်မင်းသမီးဖြစ်ဖို့ ခြေလှမ်းတစ်လှမ်းပဲလိုတော့တာ.. မင်းသာအနိုင်ရရင် ရှန်းလုရဲ့ခေါင်းဆောင်မင်းသမီးဖြစ်လာတော့မှာ.. အနာဂတ်မှာ အရင်းအမြစ်တွေအတွက် စိတ်ပူနေစရာမလိုအပ်တော့ဘူး။

သူမ ရှန်ယန်းရဲ့ရည်းစားဟောင်းအကြောင်းကို တွေးလိုက်မိတော့ ကပြာကယာမေးလိုက်မိပြန်တယ်။

"ဟုတ်သားပဲ.. မင်းရဲ့ရည်းစားဟောင်းကရော"

မင်းတိုတွေ ပြန်ပေါင်းထုတ်မှာတော့ မဟုတ်ဘူး မလား။ ကျိုးရိုတစ်ယောက် ရှန်ယန်းရဲ့ရည်းစားဟောင်းက ရှန်ယန်း အောင်မြင်လာတာကိုတွေ့ပြီး  ပြန်လာချင်မှာကိုစိုးရိမ်နေမိတယ်။

"မင်းရဲ့ရည်းစားဟောင်းက ဘယ်လိုဖြစ်တာလဲ"

"ကိစ္စမရှိပါဘူး ..မနက်ဖြန်ပွဲမှာ ကျွန်မ လေးလေးနက်နက်လုပ်မှာ"

ရှန်ယန်းက ရှန်းလုရဲ့ခေါင်းဆောင်မင်းသမီးဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာဖြစ်ပေမယ့် ပြိုင်ပွဲမှာ လူတွေအများကြီးကျန်ရှိနေသေးတယ်။ ဒါ့အပြင် ထိုလူတွေကြားထဲမှာ ရှန်ယန်းနှုတ်ထွက်သွားရအောင် ကြံစည်နေတဲ့သူကလည်း ရှိနေသေးတယ်။ သူမက မတိုင်မှီကတည်းက နည်းလမ်းတချို့သုံးနေတာဖြစ်တဲ့အတွက် နောက်ဆုံးပွဲစဥ်အတွက် ကျိုးရို ထိုတစ်ယောက်အကြောင်းကိုစိတ်ပူနေမိတယ်။ သူ ဘာတွေထပ်လုပ်လာဦးမလဲ။

ရှန်ယန်းရဲ့ မျက်နှာတန်ဖိုးက တကယ့်ကိုမြင့်မားတယ်။ သူမအနေနဲ့ ချန်ဖေးဒရမ်မာအတွင်း နတ်မိမယ်လေးတစ်ယောက်လို ပေါ်လာခဲ့တာကြောင့် ချန်ဖေးရဲ့ ကြည့်ရှုနှုန်းက အမြင့်ဆုံးသတ်မှတ်ချက်ကိုတောင် ကျော်လွန်သွားခဲ့ပြီ။ မူလတုန်းက ရှန်ယန်းရဲ့ ဆိုးရွားတဲ့သရုပ်ဆောင်မှာတွေကို မြင်ချင်တဲ့သူတွေကလား။ သူတို့ကတော့ ဒရမာမာထဲမှာ နှစ်မျောနေလေရဲ့။

အခုအချိန်မှာ အနုပညာအသိုင်းအဝိုင်းထဲမှာ ရှန်ယန်းရဲ့နာမည်ကျော်ကြားလာရုံသာမက သူမရဲ့ပရိသတ်အင်အားကလည်း ကြီးထွားလာခဲ့ပြီ။

နောက်နေ့မနက်မှာတော့ ရှန်ယန်းနဲ့ ကျိုးရိုတို့ လူရွေးပွဲစီစဥ်ရာ နေရာကိုထွက်လာခဲ့ကြတယ်။ နောက်ဆုံးပွဲစဥ်အတွက် လူသုံးဆယ်ကျော်ခန်သာ ကျန်ရှိခဲ့ပြီး ထိုအထဲက ၁၁ယောက်ကသာ မိန်းကလေးတွေဖြစ်တယ်။ ထိုဆယ့်တစ်ယောက်ထဲက တစ်ယောက်ကတော့ ခေါင်းဆောင်မင်းသမီးဖြစ်နိုင်လိမ့်မယ်။ အနိုင်မရရှိတဲ့ ပြိုင်ပွဲဝင်တွေကလည်း ဒိုင်တွေခွဲခြမ်းစိတ်ဖြာပြီး အရံဇာတ်ကောင်တွေကိုအသီးသီးရရှိလိမ့်မယ်။

တခြားပြိုင်ပွဲဝင်တွေက ရှန်ယန်းနဲ့ မတူဘူး။ ရှန်ယန်းက လူရွေးပွဲမှာ ဝင်ပြိုင်တဲ့အချိန်ကတည်းက အောင်မြင်ကျော်ကြားလာခဲ့တာလေ။ လုယွင်ချန်းနဲ့ ပူးတွဲအလုပ်လုပ်ပြီးချိန်မှာတော့ သူမရဲ့ကျော်ကြားမှုက ပိုမိုမြင့်တက်လာခဲ့တယ်။ သို့ပေမဲ့ တခြားပြိုင်ပွဲဝင်တွေကတော့ သူတို့ရဲ့နာမည်ကို မှတ်မိတဲ့လူ အနည်းငယ်သာရှိသေးတယ်။

ရှန်ယန်းက စင်နောက်မှာထိုင်ရင်းနဲ့ ရှိုးပွဲစတင်မဲ့အချိန်ကိုစောင့်ဆိုင်းနေတုန်းမှာ ရှန်းလုနိုဗယ်ကိုဆက်ဖတ်နေခဲ့တယ်။ ခဏအကြာမှာတော့ ပရိုဂရမ်ဝန်ထမ်းက သူတို့အားလုံးကို တရုတ်ရိုးရာဝတ်စုံ ( hanfu)တွေ ပေးလာခဲ့တယ်။

" ဒီတစ်ခေါက်က အဝတ်အစားပုံစံနဲ့ အုပ်စုဖွဲ့ပြီး ပြိုင်ပွဲဝင်ရမှာပါ..ဒီအဝတ်အစားတွေက မင်းတို့အတွက်ဖန်တီးထားတာဖြစ်လို့ ဝတ်ကြည့်လိုက်ကြဦး.. မတော်ဘူးဆိုရင် ပွဲမစခင်ပြောပေးကြပါ"

ပြောရရင် ပရိုဂရမ်အဖွဲ့က နောက်ထပ်ဝတ်စုံအနည်းငယ်ကို အပိုအနေနဲ့ဆောင်ထားသေးတဲ့အတွက် အဆင်မပြေတာရှိရင် ပြန်လဲပေးနိုင်တယ်လေ။

ရှန်ယန်း အဝတ်အစားတွေကို ယူလိုက်ပြီး ကျိုးရိုကိုပြောကာ  အဝတ်လဲခန်းထဲကိုဝင်သွားလိုက်တယ်။ မိနစ်အနည်းငယ်လောက်ကြာပြီးချိန်မှာတော့ ထိုအခန်းထဲမှ ရှန်ယန်းရဲ့အော်သံထွက်ပေါ်လာခဲ့တယ်။

ကျိုးရို ထိုင်ခုံပေါ်မှ အမြန်ထပြီး အဝတ်လဲခန်းဆီ သို့ပြေးသွားကာ အဝတ်လဲခန်းထဲဝင်ပြီးနောက် ရှန်ယန်းကို စစ်ဆေးကြည့်ပြီး ထိုင်ဖို့အတွက်ကူညီပေးလိုက်တယ်။

ပရိုဂရမ်အဖွဲ့ထံမှ ပေးလာခဲ့တဲ့ ဖိနပ်တွေထဲမှာ ဖန်ကွဲစတွေ ရှိနေခဲ့တယ်လေ။ ဒီတော့ ရှန်ယန်း အဝတ်အစားလဲပြီး ဖိနပ်စီးလိုက်ချိန်မှာ ဖန်ကွဲစတွေက သူမရဲ့ခြေထောက်ကို ဖြတ်ခွဲသွားတော့တယ်။

"ဘယ်ခွေးမက လုပ်ထားတာလဲ! မင်းမှာအရည်အချင်းရှိရင် ရိုးရိုးသားသားယှဥ်ပြိုင်သင့်တယ်လေ.! ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စမျိုးအထိ လုပ်နိုင်ရတာလဲ!"

ကျိုးရို ဒေါသတကြီးနဲ့ ကျယ်လောင်စွာအော်ဟစ်လိုကာမိတယ်။

"ခဏလေးစောင့်ဦး .. ငါအပြင်ကိုထွက်ပြီး ပရိုဂရမ်အဖွဲ့ကို ဖြေရှင်းပေးဖို့သွားပြောဦးမယ်..ဒီကိစ္စကို ကြေညာချက်ထုတ်သင့်တယ်"

ကျိုးရိုထွက်သွားတာကိုမြင်တော့ အဝတ်လဲခန်းထဲမှာရှိနေတဲ့ တခြားသောပြိုင်ပွဲဝင်တွေက ရှန်ယန်းကိုလာမေးကြတယ်။

"နင်အခု  ဘယ်လိုလုပ်မှာလဲ?  တိုက်ရိုက်လွှင့်တာက ခဏနေရင် စတော့မှာ"

"ပြိုင်ပွဲရော ဝင်ပြိုင်နိုင်သေးလား"

"ရှန်းယန် နင်အဆင်ပြေရဲ့လား"

လူတိုင်းက စိုးရိမ်ပူပန်စွာမေးလာတာကြောင့် ရှန်ယန်းပြုံးလိုက်ပြီး

"အဆင်ပြေပါတယ်"

စိတ်အပူဆုံးတစ်ယောက်ကတော့ လော့ရာပဲ။ သူမက ရှန်ယန်းရဲ့ဘေးမှာထိုင်ချလိုက်ပြီး ခြေထောက်ကဒဏ်ရာတွေကိုကြည့်ကာ ခပ်တိုးတိုးဆိုတယ်။

"တော်သေးတာပေါ့ ထရပ်တဲ့အချိန်တုန်းက high  heelမစီးခိုင်းလို့"

ပရိုဂရမ်အဖွဲ့သားတစ်ယောက်ကို ရှာတွေ့ပြီးချိန်မှာတော့ ထိုသူက လျှင်မြန်စွာလာပြီး ရှန်ယန်းရဲ့ခြေထောက်ကိုကူညီပေးတယ်။ ကျိုးရိုက တစ်စုံတစ်ခု ထပ်ပြောချင်နေသေးပေမယ့်လည်း
ထိုဝန်ထမ်းက ဦးစွာတောင်းပန်လာခဲ့တယ်။

" ငါတို့က တိုက်ရိုက်ထုတ်လွှင့်နေတာဆိုတော့ မင်း ပြိုင်ပွဲပြီးသွားတဲ့အချိန်ထိတော့ စောင့်ရဦးမှာပဲ.. အခုက ပြိုင်ပွဲစဖို့ မိနစ်နည်းနည်းလောက်ပဲလိုတော့တာလေ.. ငါ မင်းအတွက်ပြောတာပါ"

ထိုသူက တိုက်ရိုက်ပဲ ပြောပြလာတယ်။

"အမျိုးသမီးပြိုင်ပွဲဝင်တွေက ကပြဖျော်ဖြေပြီးပြိုင်တာပိုကောင်းလိမ့်မယ်.. ရှန်းလု ဇာတ်လမ်းအစမှာ အဓိကဇာတ်ဆောင်အမျိုးသမီးက ကပြတဲ့အခန်းတစ်ခုပါတယ်လေ.. အဲဒီကကွက်ကိုကြည့်ပြီး ပရိတ်သတ်တွေက မဲပေးလိမ့်မယ်.. အဲဒီ ထိပ်ဆုံးသုံးယောက်ထဲကမှ ဒိုင်တွေက အဓိကဇာတ်လိုက်မင်းသမီးကိုရွေးချယ်လိမ့်မယ်"

ကျိုးရို: " ငါ ဒါရိုက်တာကိုသွားပြောမယ်"

ထိုဝန်ထမ်းက အလျှင်အမြန်ပြောလာတယ်။

"မသွားနဲ့.. ရှိုးပွဲက စနေပြီ .. ရှိုးပွဲပြီးသွားတဲ့အထိ အရင်စောင့်လိုက်ပါဦး.. ပြီးမှ ဒါရိုက်တာကိုသွားရှာလိုက်ပေါ့ ..နောက်ပြီး.. မင်းအတွက်ကြောင့်နဲ့ တခြားလူတွေ မင်းတို့ကိုစောင််နေရတာဖြစ်နေလိမ့်မယ်.. အခု ငါနဲ့လိုက်ခဲ့တော့ .. ဗီဒီယိုဝတ်ဆိုက်တွေနဲ့ ပရိတ်သတ်တွေက စောင့်နေလောက်ပြီ"

ကျိုးရို ပြန်ပြောချင်ပေမယ့်လည်း ရှန်ယန်းက သူ့ရဲ့အင်္ကျီလက်ကိုလာဆွဲတယ်။

"ကရတာလည်း ကောင်းသားပဲ.. ကျွန်မ အကောင်းဆုံးကပြနိုင်တယ်"

သူမက ခါးကိုင်းလိုက်ပြီး ဖိနပ်ကိုပြန်စီးလိုက်တယ်။

"ရှန်းလုရဲ့ ခေါင်းဆောင်မင်းသမီးနေရာတဲ့လား.. ကျွန်မ အဲဒီနေရာကိုလိုချင်တယ်"

ကျိုးရို တစ်ယောက်နောင်တရနေပြီ။ သူမ အစကတည်းက ဒါရိုက်တာကိုသွားရှာလိုက်သင့်တာ။ ဒါပေမယ့်ရှန်ယန်းကို စိတ်ပူနေတာကြောင့် ရှန်ယန်းရဲ့ခြေထောက်ကိုကူညီပေးနိုင်မယ့် ဝန်ထမ်းကိုပဲ သွားရှာလိုက်မိတယ်။

"ယန်ယန်"

ရှန်ယန်း မျက်နှာအမူအယာမပြောင်းပဲ ထရပ်လိုက်တယ်။

"ခဏနေရင် ကျွန်မကိုကူပြီး စည်းချက်တွေမှန်ရဲ့လားဆိုတာကြည့်ပေးဦး"

ရှန်းလုလူရွေးပွဲကတော့ စတင်ခဲ့ပြီ။

Lucious__ မေ့သွားတဲ့လူတွေက အပေါ်ကတစ်ပိုင်းကို ပြန်ဖတ်ကြည့်လိုက်ဦးနော် :3

Updateကြာလို့ translatorကိုရိုက်သတ်ချင်တဲ့သူတွေကတော့ တန်းစီလို့ရပါပြီ ಥ_ಥ

***

Zawgyi

ထိုအခ်ိန္ မုမိသားစုအိမ္တြင္..

လီေဆြ႕ယြီတစ္ေယာက္ ကိုယ္လုပ္ေတာ္ခ်န္ဇာတ္လမ္းတြဲကို ေန႔စဥ္ေန႔တိုင္း အခ်ိန္မွန္စြာ ၾကည့္႐ႈခဲ့တယ္။ သူမက အြန္လိုင္းေပၚမွာ ထိုဇာတ္လမ္းအတြက္ မွတ္ခ်က္ေတြအမ်ားႀကီးေတာင္ ခ်န္ထားခဲ့ေသးတယ္။  သူမ ႐ွန္ယန္းရဲ႕အြန္လိုင္းဒရာမာကို စိတ္ပါဝင္စားစြာၾကည့္ေနေၾကာင္းကို တျခားလူေတြကို မသိေစခ်င္တာေၾကာင့္ ျခံဝင္းထဲမွာ႐ွိတဲ့ ေက်ာက္စားပြဲဆီကိုသြားကာ အသီးအႏွံေတြစားရင္း ၾကည့္႐ႈေလ့႐ွိတယ္။

ေနာက္ၿပီး အန္တီခ်န္ထံမွ ပူညံပူညံအသံေတြကို ထပ္မၾကားခ်င္ေတာ့တာေၾကာင့္ သူမက ဇာတ္လမ္းၾကည့္တဲ့အခ်ိန္မွာ အန္တီခ်င္နဲ႔အတူ မၾကည့္ေတာ့ဘူး။

ဒီေန႔မွာ ႐ွန္ယန္းသ႐ုပ္ေဆာင္ထားတဲ့ ကိုယ္လုပ္ေတာ္လန္ ေပၚထြက္လာေတာ့မွာျဖစ္တာေၾကာင့္ လီေဆြ႕ယြီ ယခင္ေန႔ေတြထက္ပိုၿပီး အေလးအနက္ထားကာ ေစာင့္ၾကည့္ေနခဲ့တယ္။ သူမက ကိုယ္လုပ္ေတာ္လန္ကို ဇာတ္လိုက္မရဲ႕တြဲဖက္အျဖစ္ ယူဆထားတာေၾကာင့္ ဇာတ္လိုက္မ ထံမွာအႏိုင္က်င့္ခံရေလာက္တယ္လို႔ေတြးမိၿပီး ရယ္ေမာမိျပန္တယ္။

သူမက ႐ွန္ယန္းကို အႏိုင္မက်င့္ႏိုင္ဘူးဆိုမွေတာ့ ႐ွန္ယန္း ဇာတ္လမ္းထဲမွာ အႏိုင္က်င့္ခံရတာကိုၾကည့္ရမွာေပါ့။ လီေဆြ႕ယြီတစ္ေယာက္ တစ္စုံတစ္ခုကိုထပ္ေတြးမိကာ ပိုၿပီးေပ်ာ္လာရၿပီး ႏႈတ္ခမ္းေထာင့္စြန္းေတြက ေအာက္ကိုျပန္မက်ႏိုင္ေတာ့ဘူး။ သူမ(လီေဆြ႕ယြီ)က အရမ္းကို စမတ္က်တာပဲ!

အဲဒီေနာက္မွာေတာ့ လီေဆြ႕ယြီ ဖုန္းကို လွမ္းယူလိုက္ၿပီး နံပါတ္တစ္ခုကိုလွမ္းဆက္လိုက္တယ္။
" အမ်ိဳးသမီးဇာတ္လိုက္ဆီကေန အႏိုင္က်င့္ခံရတဲ့ အမ်ိဳးသမီးဇာတ္ရန္ေနရာပါတဲ့ ဇာတ္ကားေတြ႐ွိလား.. ႐ိုက္ကူးခါနီးျဖစ္ေပမယ့္ ဇာတ္ေဆာင္ေတြကိုအတည္ျပဳ မေ႐ြးခ်ယ္ရေသးတဲ့ဟာျဖစ္ရမယ္.. ႐ွိရင္ ငါရင္းနီးျမႇပ္ႏွံခ်င္တယ္.. တစ္ခုပဲ အႏိုင္က်င့္ခံရမယ့္မင္းသမီးေနရာကိုေတာ့ ငါအၾကံေပးတဲ့သူကိုထည့္ေပးရမယ္"

ဖုန္းထဲမွာေျပာဆိုၿပီးတဲ့ေနာက္ သူမ ဇာတ္လမ္းကိုျပန္ၾကည့္ျပန္တယ္။

ကိုယ္လုပ္ေတာ္လန္က ထြက္ေပၚလာၿပီ။ သူမရဲ႕အ႐ွိန္အဝါက ဒုတိယဇာတ္လိုက္မလိုမ်ိဳးပဲ။

လီေဆြ႕ယြီေတြးေတာေနတုန္းမွာပဲ အန္တီခ်င္က အစာေျပသေရစာေတြနဲ႔အတူထြက္လာခဲ့တယ္။

"သူေဌးကေတာ္"

လီေဆြ႕ယြီ:....

လီေဆြ႕ယြီ ေျဖာင့္ေျဖာင့္တန္းတန္းထိုင္လိုက္တယ္။

"ဘာကိစၥလဲ.. ႐ွင္ ကြၽန္မကို ဒရမ္မာေတြမၾကည့္ဖို႔လာေျပာျပန္ၿပီလား"

အန္တီခ်င္: " သူေဌးကေတာ္.. မနက္ဖန္က ႐ွန္းလုၿပိဳင္ပြဲရဲ႕ ေနာက္ဆုံးပြဲစဥ္ပဲ.. အဲဒီကိုသြားၾကည့္ခ်င္လား"

လီေဆြ႕ယြီက ႐ွန္းလုလူေ႐ြးပြဲမွ ႐ွန္ယန္းႏႈတ္ထြက္သြားရတာကို ကိုယ္တိုင္သြားၾကည့္ခ်င္တယ္လို႔ေျပာခဲ့ဖူးတယ္ေလ။ ဒါေပမယ့္ ေနာက္ဆုံးတစ္ႀကိမ္တုန္းက ၿပိဳင္ပြဲရဲ႕ပုံစံကေျပာင္းလဲသြားတာေၾကာင့္ သူမ,မသြားခဲ့ဘူး။ မနက္ဖန္ေနာက္ဆုံးလူေ႐ြးပြဲက တိုက္႐ိုက္ထုတ္လႊင့္မွာေလ။ ဒီေတာ့ သူမ အိမ္ကေနၾကည့္ေနလို႔ရတယ္။

လီေဆြ႕ယြီ: "မသြားဘူး"

အန္တီခ်င္က စိတ္ေက်နပ္စြာနဲ႔ျပန္ေျပာလာတယ္။

"အမွန္ပဲ.. ႐ွန္ယန္းက အဓိက ဇာတ္ေဆာင္ေနရာကိုေသခ်ာေပါက္ရ႐ွိႏိုင္မွာပဲ.. ႐ွန္းလုရဲ႕ ဇာတ္လိုက္မင္းသမီးျဖစ္ေတာ့မွာ.. သူေဌးကေတာ္သြားမၾကည့္သင့္ဘူး"

လီေဆြ႕ယြီ: "???"

"ေတာ္လိုက္ေတာ့"

" ေကာင္းပါၿပီ"

႐ွန္ယန္းကေတာ့ က်ိဳး႐ိုနဲ႔အတူ ကိုယ္လုပ္ေတာ္ခ်န္ကို ေစာင့္ၾကည့္ေနခဲ့တယ္။ မူလတုန္းက က်န္း႐ုံသည္လည္း ႐ွန္ယန္းတို႔နဲ႔အတူ ေဟာ့ေပါ့လာစားရင္း ကိုယ္လုပ္ေတာ္ခ်န္ဇာတ္ကားထဲမွာ ႐ွန္ယန္းေပၚလာမွာကို အတူတူလာၾကည့္ခ်င္ခဲ့တာျဖစ္တယ္။ ဒါေပမယ့္ တစ္ဖက္လူမွ သူမကို ဖရီးေကြၽးေတာ့မွာမဟုတ္ေၾကာင္း ေျပာလာခဲ့တဲ့အတြက္ေၾကာင့္ မလာျဖစ္လိုက္ေတာ့။

က်ိဳး႐ို: " အခုဆို မင္းအေနနဲ႔ ႐ွန္းလုရဲ႕ေခါင္းေဆာင္မင္းသမီးျဖစ္ဖို႔ ေျခလွမ္းတစ္လွမ္းပဲလိုေတာ့တာ.. မင္းသာအႏိုင္ရရင္ ႐ွန္းလုရဲ႕ေခါင္းေဆာင္မင္းသမီးျဖစ္လာေတာ့မွာ.. အနာဂတ္မွာ အရင္းအျမစ္ေတြအတြက္ စိတ္ပူေနစရာမလိုအပ္ေတာ့ဘူး။

သူမ ႐ွန္ယန္းရဲ႕ရည္းစားေဟာင္းအေၾကာင္းကို ေတြးလိုက္မိေတာ့ ကျပာကယာေမးလိုက္မိျပန္တယ္။

"ဟုတ္သားပဲ.. မင္းရဲ႕ရည္းစားေဟာင္းကေရာ"

မင္းတိုေတြ ျပန္ေပါင္းထုတ္မွာေတာ့ မဟုတ္ဘူး မလား။ က်ိဳး႐ိုတစ္ေယာက္ ႐ွန္ယန္းရဲ႕ရည္းစားေဟာင္းက ႐ွန္ယန္း ေအာင္ျမင္လာတာကိုေတြ႕ၿပီး  ျပန္လာခ်င္မွာကိုစိုးရိမ္ေနမိတယ္။

"မင္းရဲ႕ရည္းစားေဟာင္းက ဘယ္လိုျဖစ္တာလဲ"

"ကိစၥမ႐ွိပါဘူး ..မနက္ျဖန္ပြဲမွာ ကြၽန္မ ေလးေလးနက္နက္လုပ္မွာ"

႐ွန္ယန္းက ႐ွန္းလုရဲ႕ေခါင္းေဆာင္မင္းသမီးျဖစ္ဖို႔ ေျခတစ္လွမ္းပဲ လိုေတာ့တာျဖစ္ေပမယ့္ ၿပိဳင္ပြဲမွာ လူေတြအမ်ားႀကီးက်န္႐ွိေနေသးတယ္။ ဒါ့အျပင္ ထိုလူေတြၾကားထဲမွာ ႐ွန္ယန္းႏႈတ္ထြက္သြားရေအာင္ ၾကံစည္ေနတဲ့သူကလည္း ႐ွိေနေသးတယ္။ သူမက မတိုင္မွီကတည္းက နည္းလမ္းတခ်ိဳ႕သုံးေနတာျဖစ္တဲ့အတြက္ ေနာက္ဆုံးပြဲစဥ္အတြက္ က်ိဳး႐ို ထိုတစ္ေယာက္အေၾကာင္းကိုစိတ္ပူေနမိတယ္။ သူ ဘာေတြထပ္လုပ္လာဦးမလဲ။

႐ွန္ယန္းရဲ႕ မ်က္ႏွာတန္ဖိုးက တကယ့္ကိုျမင့္မားတယ္။ သူမအေနနဲ႔ ခ်န္ေဖးဒရမ္မာအတြင္း နတ္မိမယ္ေလးတစ္ေယာက္လို ေပၚလာခဲ့တာေၾကာင့္ ခ်န္ေဖးရဲ႕ ၾကည့္႐ႈႏႈန္းက အျမင့္ဆုံးသတ္မွတ္ခ်က္ကိုေတာင္ ေက်ာ္လြန္သြားခဲ့ၿပီ။ မူလတုန္းက ႐ွန္ယန္းရဲ႕ ဆိုး႐ြားတဲ့သ႐ုပ္ေဆာင္မွာေတြကို ျမင္ခ်င္တဲ့သူေတြကလား။ သူတို႔ကေတာ့ ဒရမာမာထဲမွာ ႏွစ္ေမ်ာေနေလရဲ႕။

အခုအခ်ိန္မွာ အႏုပညာအသိုင္းအဝိုင္းထဲမွာ ႐ွန္ယန္းရဲ႕နာမည္ေက်ာ္ၾကားလာ႐ုံသာမက သူမရဲ႕ပရိသတ္အင္အားကလည္း ႀကီးထြားလာခဲ့ၿပီ။

ေနာက္ေန႔မနက္မွာေတာ့ ႐ွန္ယန္းနဲ႔ က်ိဳး႐ိုတို႔ လူေ႐ြးပြဲစီစဥ္ရာ ေနရာကိုထြက္လာခဲ့ၾကတယ္။ ေနာက္ဆုံးပြဲစဥ္အတြက္ လူသုံးဆယ္ေက်ာ္ခန္သာ က်န္႐ွိခဲ့ၿပီး ထိုအထဲက ၁၁ေယာက္ကသာ မိန္းကေလးေတြျဖစ္တယ္။ ထိုဆယ့္တစ္ေယာက္ထဲက တစ္ေယာက္ကေတာ့ ေခါင္းေဆာင္မင္းသမီးျဖစ္ႏိုင္လိမ့္မယ္။ အႏိုင္မရ႐ွိတဲ့ ၿပိဳင္ပြဲဝင္ေတြကလည္း ဒိုင္ေတြခြဲျခမ္းစိတ္ျဖာၿပီး အရံဇာတ္ေကာင္ေတြကိုအသီးသီးရ႐ွိလိမ့္မယ္။

တျခားၿပိဳင္ပြဲဝင္ေတြက ႐ွန္ယန္းနဲ႔ မတူဘူး။ ႐ွန္ယန္းက လူေ႐ြးပြဲမွာ ဝင္ၿပိဳင္တဲ့အခ်ိန္ကတည္းက ေအာင္ျမင္ေက်ာ္ၾကားလာခဲ့တာေလ။ လုယြင္ခ်န္းနဲ႔ ပူးတြဲအလုပ္လုပ္ၿပီးခ်ိန္မွာေတာ့ သူမရဲ႕ေက်ာ္ၾကားမႈက ပိုမိုျမင့္တက္လာခဲ့တယ္။ သို႔ေပမဲ့ တျခားၿပိဳင္ပြဲဝင္ေတြကေတာ့ သူတို႔ရဲ႕နာမည္ကို မွတ္မိတဲ့လူ အနည္းငယ္သာ႐ွိေသးတယ္။

႐ွန္ယန္းက စင္ေနာက္မွာထိုင္ရင္းနဲ႔ ႐ိႈးပြဲစတင္မဲ့အခ်ိန္ကိုေစာင့္ဆိုင္းေနတုန္းမွာ ႐ွန္းလုႏိုဗယ္ကိုဆက္ဖတ္ေနခဲ့တယ္။ ခဏအၾကာမွာေတာ့ ပ႐ိုဂရမ္ဝန္ထမ္းက သူတို႔အားလုံးကို တ႐ုတ္႐ိုးရာဝတ္စုံ ( hanfu)ေတြ ေပးလာခဲ့တယ္။

" ဒီတစ္ေခါက္က အဝတ္အစားပုံစံနဲ႔ အုပ္စုဖြဲ႕ၿပီး ၿပိဳင္ပြဲဝင္ရမွာပါ..ဒီအဝတ္အစားေတြက မင္းတို႔အတြက္ဖန္တီးထားတာျဖစ္လို႔ ဝတ္ၾကည့္လိုက္ၾကဦး.. မေတာ္ဘူးဆိုရင္ ပြဲမစခင္ေျပာေပးၾကပါ"

ေျပာရရင္ ပ႐ိုဂရမ္အဖြဲ႕က ေနာက္ထပ္ဝတ္စုံအနည္းငယ္ကို အပိုအေနနဲ႔ေဆာင္ထားေသးတဲ့အတြက္ အဆင္မေျပတာ႐ွိရင္ ျပန္လဲေပးႏိုင္တယ္ေလ။

႐ွန္ယန္း အဝတ္အစားေတြကို ယူလိုက္ၿပီး က်ိဳး႐ိုကိုေျပာကာ  အဝတ္လဲခန္းထဲကိုဝင္သြားလိုက္တယ္။ မိနစ္အနည္းငယ္ေလာက္ၾကာၿပီးခ်ိန္မွာေတာ့ ထိုအခန္းထဲမွ ႐ွန္ယန္းရဲ႕ေအာ္သံထြက္ေပၚလာခဲ့တယ္။

က်ိဳး႐ို ထိုင္ခုံေပၚမွ အျမန္ထၿပီး အဝတ္လဲခန္းဆီ သို႔ေျပးသြားကာ အဝတ္လဲခန္းထဲဝင္ၿပီးေနာက္ ႐ွန္ယန္းကို စစ္ေဆးၾကည့္ၿပီး ထိုင္ဖို႔အတြက္ကူညီေပးလိုက္တယ္။

ပ႐ိုဂရမ္အဖြဲ႕ထံမွ ေပးလာခဲ့တဲ့ ဖိနပ္ေတြထဲမွာ ဖန္ကြဲစေတြ ႐ွိေနခဲ့တယ္ေလ။ ဒီေတာ့ ႐ွန္ယန္း အဝတ္အစားလဲၿပီး ဖိနပ္စီးလိုက္ခ်ိန္မွာ ဖန္ကြဲစေတြက သူမရဲ႕ေျခေထာက္ကို ျဖတ္ခြဲသြားေတာ့တယ္။

"ဘယ္ေခြးမက လုပ္ထားတာလဲ! မင္းမွာအရည္အခ်င္း႐ွိရင္ ႐ိုး႐ိုးသားသားယွဥ္ၿပိဳင္သင့္တယ္ေလ.! ဘယ္လိုလုပ္ၿပီး ဒီလိုကိစၥမ်ိဳးအထိ လုပ္ႏိုင္ရတာလဲ!"

က်ိဳး႐ို ေဒါသတႀကီးနဲ႔ က်ယ္ေလာင္စြာေအာ္ဟစ္လိုကာမိတယ္။

"ခဏေလးေစာင့္ဦး .. ငါအျပင္ကိုထြက္ၿပီး ပ႐ိုဂရမ္အဖြဲ႕ကို ေျဖ႐ွင္းေပးဖို႔သြားေျပာဦးမယ္..ဒီကိစၥကို ေၾကညာခ်က္ထုတ္သင့္တယ္"

က်ိဳး႐ိုထြက္သြားတာကိုျမင္ေတာ့ အဝတ္လဲခန္းထဲမွာ႐ွိေနတဲ့ တျခားေသာၿပိဳင္ပြဲဝင္ေတြက ႐ွန္ယန္းကိုလာေမးၾကတယ္။

"နင္အခု  ဘယ္လိုလုပ္မွာလဲ?  တိုက္႐ိုက္လႊင့္တာက ခဏေနရင္ စေတာ့မွာ"

"ၿပိဳင္ပြဲေရာ ဝင္ၿပိဳင္ႏိုင္ေသးလား"

"႐ွန္းယန္ နင္အဆင္ေျပရဲ႕လား"

လူတိုင္းက စိုးရိမ္ပူပန္စြာေမးလာတာေၾကာင့္ ႐ွန္ယန္းျပဳံးလိုက္ၿပီး

"အဆင္ေျပပါတယ္"

စိတ္အပူဆုံးတစ္ေယာက္ကေတာ့ ေလာ့ရာပဲ။ သူမက ႐ွန္ယန္းရဲ႕ေဘးမွာထိုင္ခ်လိုက္ၿပီး ေျခေထာက္ကဒဏ္ရာေတြကိုၾကည့္ကာ ခပ္တိုးတိုးဆိုတယ္။

"ေတာ္ေသးတာေပါ့ ထရပ္တဲ့အခ်ိန္တုန္းက high  heelမစီးခိုင္းလို႔"

ပ႐ိုဂရမ္အဖြဲ႕သားတစ္ေယာက္ကို ႐ွာေတြ႕ၿပီးခ်ိန္မွာေတာ့ ထိုသူက လွ်င္ျမန္စြာလာၿပီး ႐ွန္ယန္းရဲ႕ေျခေထာက္ကိုကူညီေပးတယ္။ က်ိဳး႐ိုက တစ္စုံတစ္ခု ထပ္ေျပာခ်င္ေနေသးေပမယ့္လည္း
ထိုဝန္ထမ္းက ဦးစြာေတာင္းပန္လာခဲ့တယ္။

" ငါတို႔က တိုက္႐ိုက္ထုတ္လႊင့္ေနတာဆိုေတာ့ မင္း ၿပိဳင္ပြဲၿပီးသြားတဲ့အခ်ိန္ထိေတာ့ ေစာင့္ရဦးမွာပဲ.. အခုက ၿပိဳင္ပြဲစဖို႔ မိနစ္နည္းနည္းေလာက္ပဲလိုေတာ့တာေလ.. ငါ မင္းအတြက္ေျပာတာပါ"

ထိုသူက တိုက္႐ိုက္ပဲ ေျပာျပလာတယ္။

"အမ်ိဳးသမီးၿပိဳင္ပြဲဝင္ေတြက ကျပေဖ်ာ္ေျဖၿပီးၿပိဳင္တာပိုေကာင္းလိမ့္မယ္.. ႐ွန္းလု ဇာတ္လမ္းအစမွာ အဓိကဇာတ္ေဆာင္အမ်ိဳးသမီးက ကျပတဲ့အခန္းတစ္ခုပါတယ္ေလ.. အဲဒီကကြက္ကိုၾကည့္ၿပီး ပရိတ္သတ္ေတြက မဲေပးလိမ့္မယ္.. အဲဒီ ထိပ္ဆုံးသုံးေယာက္ထဲကမွ ဒိုင္ေတြက အဓိကဇာတ္လိုက္မင္းသမီးကိုေ႐ြးခ်ယ္လိမ့္မယ္"

က်ိဳး႐ို: " ငါ ဒါ႐ိုက္တာကိုသြားေျပာမယ္"

ထိုဝန္ထမ္းက အလွ်င္အျမန္ေျပာလာတယ္။

"မသြားနဲ႔.. ႐ိႈးပြဲက စေနၿပီ .. ႐ိႈးပြဲၿပီးသြားတဲ့အထိ အရင္ေစာင့္လိုက္ပါဦး.. ၿပီးမွ ဒါ႐ိုက္တာကိုသြား႐ွာလိုက္ေပါ့ ..ေနာက္ၿပီး.. မင္းအတြက္ေၾကာင့္နဲ႔ တျခားလူေတြ မင္းတို႔ကိုေစာင္္ေနရတာျဖစ္ေနလိမ့္မယ္.. အခု ငါနဲ႔လိုက္ခဲ့ေတာ့ .. ဗီဒီယိုဝတ္ဆိုက္ေတြနဲ႔ ပရိတ္သတ္ေတြက ေစာင့္ေနေလာက္ၿပီ"

က်ိဳး႐ို ျပန္ေျပာခ်င္ေပမယ့္လည္း ႐ွန္ယန္းက သူ႕ရဲ႕အက်ႌလက္ကိုလာဆြဲတယ္။

"ကရတာလည္း ေကာင္းသားပဲ.. ကြၽန္မ အေကာင္းဆုံးကျပႏိုင္တယ္"

သူမက ခါးကိုင္းလိုက္ၿပီး ဖိနပ္ကိုျပန္စီးလိုက္တယ္။

"႐ွန္းလုရဲ႕ ေခါင္းေဆာင္မင္းသမီးေနရာတဲ့လား.. ကြၽန္မ အဲဒီေနရာကိုလိုခ်င္တယ္"

က်ိဳး႐ို တစ္ေယာက္ေနာင္တရေနၿပီ။ သူမ အစကတည္းက ဒါ႐ိုက္တာကိုသြား႐ွာလိုက္သင့္တာ။ ဒါေပမယ့္႐ွန္ယန္းကို စိတ္ပူေနတာေၾကာင့္ ႐ွန္ယန္းရဲ႕ေျခေထာက္ကိုကူညီေပးႏိုင္မယ့္ ဝန္ထမ္းကိုပဲ သြား႐ွာလိုက္မိတယ္။

"ယန္ယန္"

႐ွန္ယန္း မ်က္ႏွာအမူအယာမေျပာင္းပဲ ထရပ္လိုက္တယ္။

"ခဏေနရင္ ကြၽန္မကိုကူၿပီး စည္းခ်က္ေတြမွန္ရဲ႕လားဆိုတာၾကည့္ေပးဦး"

႐ွန္းလုလူေ႐ြးပြဲကေတာ့ စတင္ခဲ့ၿပီ။

Lucious__ ေမ့သြားတဲ့လူေတြက အေပၚကတစ္ပိုင္းကို ျပန္ဖတ္ၾကည့္လိုက္ဦးေနာ္ :3

Updateၾကာလို႔ translatorကို႐ိုက္သတ္ခ်င္တဲ့သူေတြကေတာ့ တန္းစီလို႔ရပါၿပီ ಥ_ಥ

***

Continue Reading

You'll Also Like

234K 22.9K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
1.2M 90.4K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
611K 59.2K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
388K 60.3K 70
Author(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿...