Unicode
ဝမ်ရိပေါ်ဟာအချိန်အတော်ကြာကြက်သေသေ နေပြီးသူ့အပေါ်အုပ်မိုးထားသောအမျိုးသားလေးကိုကြည့်နေမိသည်။သူသတိပြန်ဝင်လာစဥ်၌ ပထမဆုံးတုံ့ပြန်မှုမှာသူ့လက်ဖဝါးကိုမြှောက်၍ရှောင်ကျန့်၏ပါးပြင်နုနုထက်သို့ထိကိုင်လိုက်ခြင်းသာဖြစ်သည်။
ပြီးတော့လေးလေးနက်နက်မျက်မှောင်တင်းတင်းတစ်ချက်ကြုပ်လိုက်ရင်းသူ့နှုတ်ခမ်းပါးကိုဖွင့်ဟ၍မေးလိုက်သည်။
"ယောက်ျားလေးနှစ်ယောက်က.......လုပ်လို့ရနိုင်လား...."
ရှောင်ကျန့် : "....."
ဒီတစ်ခေါက်ဆွံ့အ သွားသူမှာရှောင်ကျန့်ကိုယ်တိုင်ဖြစ်သည်။အကယ်၍ရိပေါ်နေရာမှာတစ်ခြားလူသာဆိုရင်ပထမဆုံးတုံ့ပြန်မှုကအသေအလဲပြင်းထန်ပေလိမ့်မည်။သူ့ကိုမကောင်းဆိုးဝါးဟုတောင်သတ်မှတ်လိုက်နိုင်သည်။ဒါမှမဟုတ်ရင်လည်းမိန်းကလေးတစ်ယောက်ပုံစံအဖြစ်ဘယ်လိုပြောင်းလဲလိုက်လည်းဆိုတာသိချင်စိတ်ပြင်းပြလာနိုင်သည်။
သို့သော်လည်းဝမ်ရိပေါ်စိတ်ထဲပထမဆုံးပေါ်လာတဲ့မေးခွန်းက ယောက်ျားလေးနှစ်ယောက် အာဝါဟ၊ဝိဝါဟ မည်သို့ပြုလုပ်ရမည်ကိုသာဖြစ်သည်။
မှန်၏။ဝမ်ဧကရာဇ်ဟာ မင်္ဂလာမဦးခင်အချိန်တုန်းက ယောက်ျားလေးနှင့်မိန်းကလေး မည်သို့ချစ်တင်းနှောရမည်ကိုစာအုပ်ပေါင်းများစွာဖတ်ရှု့လေ့လာထားခဲ့သည်။အမှန်တော့ရုပ်ပြတွေတောင်ပါသေးသည်။
အခုသူ့ဧကရီလေးက မိန်းကလေးစစ်စစ်မဟုတ်ပဲယောက်ျားလေးတစ်ယောက်ဖြစ်လာတော့ ယောက်ျားလေးနှစ်ယောက်၏သံဝါသ ကိစ္စအရပ်ရပ်ကိုဘာဆိုဘာမှမသိသည့်ဝမ်ဧကရာဇ်၊ဝမ်ရိပေါ်ဟာ ချစ်တင်းနှော၍ ရ၊မရ အရင်ဆုံးသိချင်စိတ်ဖြစ်လာမိချေသည်။
အဲ့လိုမှန်းသိ ယောက်ျားလေးနှစ်ယောက်ဘယ်လို pa pa pa ရလည်းဆိုတာကြိုတင်လေ့လာထားပါတယ်။
ဝမ်ရိပေါ်ဟာလေးလေးနက်နက်စဥ်းစားတွေးတော နေရင်းကနေ သူဘာမေးမိလိုက်လဲဆိုတာချက်ချင်းသတိဝင်သွားသည်။ယခုချိန်ထိဆွံ့အ နေဆဲဖြစ်သည့် ရှောင်ကျန့်ရဲ့မျက်နှာလှလှလေးကိုမြင်သည့်အခါတွင် ဝမ်ဧကရာဇ်၏မျက်နှာတစ်ခုလုံးမှာပေါက်ကွဲမတတ်နီရဲတတ်လာ၏။
"မဟုတ်.....ကိုယ်....ကိုယ်ဆိုလိုချင်တာ....ဟို...မင်္ဂလာဦးညမှာ...ဘာမှမလုပ်ရင် တစ်ခြားသူတွေတစ်မျိုး ထင်....ထင်နေမှာစိုးလို့...."
ဝမ်ရိပေါ်၏သူ့မျက်နှာသူဘယ်နားထားလို့ထားရမှန်းမသိတော့သည့်ပုံစံကိုမြင်သည့်အခါတွင်ရှောင်ကျန့်ဟာရယ်ချင်လာသလိုခံစားလိုက်ရသည်။ဘယ်ကမ္ဘာမှာပဲဖြစ်ဖြစ်လက်ရဲဇက်ရဲနှင့် အမြဲလိုလိုအသားယူတတ်ပြီး အရေထူလွန်းတဲ့သူ့ချစ်သူမှာ ဒီကမ္ဘာတွင် အချစ်နဲ့ပတ်သတ်၍ဘာဆိုဘာမှမသိသည့်အဖြူထည်လေးတစ်ယောက်နှင့်တူသည်။
ရှောင်ကျန့်မှာမနေနိုင်စွာတစ်ခစ်ခစ်ရယ်လိုက်မိသည်။ရှောင်ကျန့်မျက်နှာပေါ်ကအပြုံးကိုမြင်သည့်အခါမှ ရိပေါ်ဟာသူ့မျက်နှာပေါ်ကအပူတွေလျော့ကျသွားတာကိုခံစားလိုက်ရသည်။
"ခင်ဗျားက....ကျွန်တော်ယောက်ျားလေးတစ်ယောက်ဖြစ်နေလည်း....လုပ်ချင်နေတုန်းပဲလား...."
ဝမ်ရိပေါ်ကအရုပ်လေးတစ်ရုပ်လိုခေါင်းတစ်ဆတ်ဆတ်ငြှိမ့်ပြပြီးမှာ ရှက်ရွံ့စွာခေါင်းပြန်ခါပြသည်။
"ဘာကိုဆိုလိုချင်တာလဲ....ဟင်..ရိပေါ်ကောကော...."
ရှောင်ကျန့်က မြူစွယ်သည့်အသံနေအသံထားဖြင့်ရိပေါ်၏ရင်ဘတ်တစ်ဝိုက်ကိုသူ့လက်ချောင်းသွယ်သွယ်တွေဖြင့်မထိတထိ ပွတ်သပ်သည်။ဝမ်ဧကရာဇ်၏ ချောမောလွန်းသောမျက်နှာကြီးမှာပေါက်ထွက်မတတ်နီရဲလာပြန်ရင်းတံတွေးအကြိမ်ကြိမ်မြိုချမိလိုက်သည်။
သူ့လည်ချောင်းတွေမှာခြောက်ကပ်လွန်းလို့ ဘာလုပ်ပြီးဘာကိုင်ရမှန်းမသိတော့သည်အထိပင်။
"အိုး....ရိပေါ်ကောကောရဲ့ဟာက ထောင်နေပြီ"
ရှောင်ကျန့်ဟာရိပေါ်၏ဖုဖောင်းနေသည့်အောက်ပိုင်းတစ်နေရာကိုကြည့်ရင်းညစ်ကျယ်ကျယ်ပြုံးလိုက်သည်။သူ့လက်ချောင်းသွယ်သွယ်တွေမှာ မကောင်းဆိုးဝါးလက်လိုမျိုး ဖောင်းတတ်နေသည့်ထိုနေရာကိုခပ်ဖွဖွဆုပ်ကိုင်လိုက်သည်။
ဝမ်ရိပေါ်၏တစ်ကိုယ်လုံးမှာတွန့်ကနဲဖြစ်သွားပြီးမျက်ရည်တွေအိကနဲဖြင့်ဘူးသီးလုံးလောက်စီးကျလာသည်။ရှောင်ကျန့်လန့်ဖြန့်သွားသည်။သူ စတာအရမ်းလွန်သွားတာလား။
"အဲ...အဲ.....ဘာလို့ငိုတာလဲ"
"ကိုယ်.....ကိုယ်အရမ်းအောင့်လာပြီ....."
ရှောင်ကျန့် : "....."
ရှောင်ကျန့်ဟာမထိန်းနိုင်စွာရယ်မောမိပြန်သည်။အား.....သူ့ယောက်ျားကအရမ်းချစ်ဖို့ကောင်းတာပဲ။
"အခုဆိုရင်ကျွန်တော်က ခင်ဗျားရဲ့ဇနီးဖြစ်နေပြီလေ.....ရိပေါ်စိတ်တိုင်းကျထိတွေ့နိုင်တယ်"
ရှောင်ကျန့်ကမင်္ဂလာဦးညအတွက်လိုက်လျောသည့်ဟန်ဖြင့်သူ့လက်လေးနှစ်ဖက်ကိုဖွင့်ဟလိုက်သည်။သို့ပေမယ့် ဝမ်ဧကရာဇ်ကြီးဟာ ဘူးသီးလုံးလောက်မျက်ရည်တွေဖြင့်ရှောင်ကြည့်ကိုသနားကမားကြည့်လာပြန်၏။
"ကိုယ်ဘာလုပ်ရမှန်းမသိဘူး"
ရှောင်ကျန့် : "....."
ရှောင်ကျန့်ဟာဒုတိယအကြိမ်ထပ်မံဆွံ့အ သွားရပြန်သည်။အောက်ပိုင်းက အရမ်းတွေရိုးသားပြီးအစွမ်းကုန်ထောင်ထ နေပေမယ့်လည်း ဘာလုပ်ရမှန်းမသိသည့် အဖြူထည်လေးကို သူ့လက်နဲ့ဖျက်စီး မိနေသည်ဟုဘာကြောင့်ခံစားနေရတာလဲ။ဟမ်။
ဒီတော့.....သူကသင်ပေးရတော့မှာလား။
ရှောင်ကျန့်ဟာစိတ်နာနာဖြင့်လေမှုတ်ထုတ်လိုက်သည်။အောက်ပုဂ္ဂိုလ်တစ်ယောက်က အထက်ပုဂ္ဂိုလ် ကို ကိုယ်တိုင်ကိုယ်ကျ ဘယ်လို fu*k ရမလည်းဆိုတာသင်ပေးနေရသည်မှာအတော်လေးစိတ်နာဖို့တော့ကောင်းသည်။
"ဟုတ်ပြီလေ.....ဒါဆိုလည်းကျွန်တော်ပဲသင်ပေးပါ့မယ်....."
ဝမ်ဧကရာဇ်၏ပယင်းရောင်မျက်ဝန်းတွေမှာတောက်ပသွားသည်။သူက ချက်ချင်းထထိုင်လိုက်ပြီးစာအသေအချာကြိုးစားမည့်ကျောင်းသားကောင်းလေးတစ်ယောက်လိုမျိုးအသေးစိတ်ကအစ လိုက်မှတ်မည့်ပုံပင်။
"....."
ရှောင်ကျန့်ခမျာစိတ်နာစွာမျက်ဆံ တစ်ပါတ်လောက်လှည့်လိုက်မိသည်။တစ်နေ့ သူ့ချစ်သူနှာဘူးကြီးဆီကိုယ့်ကိုယ်ကို ထိုးကျွေးဖို့ရန်အတွက် စနစ်တကျသင်ကြားပေးနေရလိမ့်မည်ဟုတွေးတောင်မတွေးခဲ့ဖူးပေ။
ရှောင်ကျန့်ဟာအရင်ဦးစွာသူ့ခေါင်းပေါ်ကအဆင်တန်ဆာတွေကိုဖြုတ်ချသည်။ရိပေါ်ကိုယ်တိုင်လည်း ဂရုတစိုက်ဖြင့်မျိုးစုံသော ဇာမဏီသဏ္ဍာန်ဆံထိုးတွေနှင့်အဆင်တန်ဆာတွေကိုဝိုင်းဖြုတ်ပေးသည်။ရှောင်ကျန့်၏ရှည်လျားထူထဲသောဆံပင်ရှည်မှာ အိပ်ယာပေါ်ဖြန့်ကျဲသွား၏။
ပြီးနောက်သူ့ရဲ့အပေါ်ထပ် မင်္ဂလာဝတ်ရုံရှည်ကိုချွတ်သည်။အတွင်းဝတ်လေးသာကျန်ရစ်သည့်အခါတွင်ဖြူဖွေးသွယ်လျသည့်ခြေတံနုနုတစ်စုံမှာ ဝမ်ရိပေါ်အရှေ့တည့်တည့်တွင်ထင်းထင်းလင်းလင်းပေါ်ပေါက်လာ၏။
နှင်းဖြူရောင်ခြေတံလေးတွေကို ဝမ်ရိပေါ်ရှေ့တွင်လှစ်ဟ ပြသလိုက်ပြီးနောက်သူ့မျက်လုံးလေးတွေမှာရှက်ရွံ့မှုကြောင့်အနည်းငယ်ရီဝေနေ၏။ဝမ်ဧကရာဇ်ရဲ့မျက်လုံးတွေမှာပြူးကျယ်သွာသွားရင်းသူ့အရှေ့ကမြင်ကွင်းကို လောဘတကြီးစိုက်ကြည့်နေလေသည်။
သူ့လက်ဖဝါးတစ်ဖက်မှာမြောက်တတ်လာရင်းသေးသွယ်တဲ့ခြေကျင်းဝတ်ဖြူဖြူလေးကိုဆုပ်ကိုင်၍ပွတ်သပ်လိုက်သည်။ရှောင်ကျန့်ကရဲတွတ်နေသည့်မျက်နှာလှလှလေးဖြင့်ညှို့ငင်နိုင်စွမ်းအပြည့် မျက်လုံးလေးတွေကိုပင့်ကြည့်သည်။
"ရိပေါ်ကောကော အရင်ဆုံးလုပ်ဖို့လိုတာက **လေးကိုလိုသလောက်ချဲ့ပေးဖို့ပဲ....ကြည့်လေ"
ဝမ်ရိပေါ်ဟာတုန်ရီနေသည့်လက်တစ်စုံဖြင့် ယစ်မူးဖွယ်လူငယ်လေး၏ညွှန်ပြချက်အတိုင်းတစ်သွေမတိမ်းလိုက်လံလုပ်ဆောင်ပေးသည်။
အနီရောင်လိုက်ကာစတွေမှာဝေ့ဝဲကျသွားလျက် အိပ်ယာ ထက်ရှိမြင်ကွင်းတွေကိုမှုန်ဝါးဝါးသာပေါ်ပေါက်စေလျက် အရာအားလုံးဆီမှ ဖုံးကွယ်လိုက်သည်။သိပ်မကြာမြင့်လိုက်ခင်မှာပဲ ကုတင်ထက်က တစ်ကျွီကျွီမည်သံတွေနှင့်အသားချင်းရိုက်ခတ်သံတွေ၊ပြင်းပြသည့်အသံရှုသံအပြင် စွဲမက်စရာညည်းညူအသံအပြည့် ဖြင့် အသံမျိုးစုံထွက်ပေါ်လာခဲ့သည်။
ကောင်းကင်ထက်၍လပြည့်ကြီးမှာတိမ်တွေဖုံးလို့နေသည်။ဧကရာဇ်နှင့်ဧကရီ၏ မင်္ဂလာဦးည ကအတော်လေးရှည်လျားလှပေသည်။
**********
ဝမ်ဧကရာဇ်ဟာ နိုးလာသည့်အခါတွင်အတော်ကြာမိန်းမောနေမိ၏။ညတုန်းကသူ့ဘဝတွင်အသာယာမိဆုံးနှင့် အပျော်ရွှင်ရဆုံးအချိန်ပင်ဖြစ်သည်။သူ့ရဲ့ဧကရီလေးဆီက အကြီးမားဆုံးလျှို့ဝှက်ချက်ကြီးတစ်ခုကိုသိရှိလိုက်ရသည်။၎င်းကသူတို့နှစ်ဦးကိုပို၍နီးကပ်လာစေသည်ဟုခံစားရတာကြောင့် ရိပေါ်အနေနဲ့အတိုင်းအဆမဲ့ပျော်ရွှင်ကျေနပ်မှုကို တစ်သိမ့်သိမ့်ခံစားရပေသည်။
အားးးးးးးယောက်ျားလေးနှစ်ယောက်ကဒီလိုချစ်တင်းနှောနိုင်မှန်းသူလုံးဝမထင်ထားဘူ။ဒါက....အရမ်း....အရမ်း...ကောင်းလွန်းတယ်။
ဧကရာဇ်ဝမ်ဟာ ညတုန်းကရစ်မူးဖွယ်အခိုက်အတန့်တွေကိုပြန်လည်စဥ်းစားမိသည့်အခါတွင်သူ့ရဲ့နီရဲတတ်လာသည့်မျက်နှာကြီးကိုအုပ်ကိုင်၍ ကုတင်ထက်၌လူးလှိမ့်လိုက်မိသည်။
အားးးးးးးးးးးးအားးးးးးးးးးးးးညတုန်းကသူတို့နှစ်ယောက်အတူတူအိပ်ခဲ့တယ်....အားးးးးးးးးးး
"အဟမ်း....ချစ်လှစွာသောအရှင်....ဘာတွေများသဘောကျနေတာလဲ"
ဝမ်ရိပေါ်၏တစ်ကိုယ်လုံးမှာတောင့်ခဲသွားရှာသည်။တောင့်တင်းနေသည့်ခေါင်းကြီးဖြင့်အသံလာရာ နေရာသို့လှည့်ကြည့်မိလိုက်သောအခါတွင် သူ့ကိုပြုံးပြုံးကြီးကြည့်နေသည့် ဧကရီအသစ်စက်စက်လေး၏ စိတ်ကြည်နူးဖွယ်မျက်နှာလှလှလေးကိုမြင်လိုက်ရသည်။
ဝမ်ရိပေါ် : "....."
ဒီတော့.....သူ့ဇနီးလေးက သူအရူးထသမျှအကုန်မြင်သွားတာပေါ့။
ရှောင်ကျန့်ကယခုအချိန်တွင်မိန်းကလေးပုံစံသို့ပြန်လည်ပြောင်းလဲထားပြီးဖြစ်ကာ ဈေးကြီးသည့်ပိုးသားဝတ်စုံရှည်နှင့်ဆံနွယ်တွေကိုလည်းအသေအချာထုံးဖွဲ့ဆင်ယင်ထား၏။
မနေ့တုန်းကအသေအလဲခံခဲ့ရသူမဟုတ်သည့်အတိုင်း သူ့ရဲ့မိန်းကလေးသဏ္ဍာန်မျက်နှာလှလှလေးမှာတောက်ပ၍နေသည်။ဧကရာဇ်ဝမ်ဟာ အနည်းငယ်နီရဲနေသည့်မျက်နှာဖြင့်ထထိုင်လိုက်ရင်း ရှောင်ကျန့်ကိုကြည့်ကာမေးလိုက်သည်။
"ညတုန်းက....ဟို....သက်သာရဲ့လား"
ရှောင်ကျန့်နှုတ်ခမ်းထောင့်မှာအနည်းငယ်တွန့်ကနဲဖြစ်သွားသည်။ပြောတတ်လိုက်တာ။သက်သာရဲ့လားတဲ့။နွားရိုင်းကိုးကောင်ထက်ဆိုးတဲ့သက်လုံမျိုးနဲ့ အသေအလဲလုပ်နေပြီးတော့များ။
အုန်းသီးဆီကအလကားရတဲ့ ဆေးကြောင့်သာမဟုတ်ရင် မကြာခင်မှာပဲနန်းတော်တစ်ခုလုံး ဧကရာဇ်မင်းကြီးရဲ့ကျေးဇူးတော်ကြောင့်အသစ်စက်စက် ဧကရီလေးမှာ အိပ်ယာကနေတောင်မထနိုင်တော့ကြောင်း ပေါက်ပန်းလေးဆယ် သတင်းတွေထွက်ပေါ်လာပေလိမ့်မည်။
ရှောင်ကျန့်ဟာသူ့ရဲ့ ရွဲ့ချင်နေသည့်စိတ်လေးကိုပြန်တည့်လိုက်ရင်းအပြုံးချိုချိုလေးတစ်ပွင့်ဖြင့်ပြန်ဖြေလိုက်သည်။
"ကျွန်တော်မျိုးမက အဆင်ပြေပါတယ်အရှင်.....အရှင်ကိုယ်တိုင်လည်း အသေအချာထပြီးပြင်ဆင်သင့်ပြီနော်.....ဒီနေ့ကျွန်တော်မျိုးမရဲ့ မိဘအိမ်ကိုပြန်ရမယ်လေ"
"ဟို.....အဲ့ဒီလောက် ယဥ်ယဥ်ကျေးကျေး ကြီးမပြောပါနဲ့လား....ညတုန်းကလိုရိပေါ်လို့ခေါ်ရင်ပဲရပါပြီ"
ရှောင်ကျန့်၏ယဥ်ကျေးချိုသာသည့်အပြုံးလေးမှာချက်ချင်းပြောင်းလဲသွားသည်။
"ဒီတော့....လိုက်ခဲ့ဖို့အစီအစဥ်ရှိလား"
ဝမ်ရိပေါ် : "....."
သူ့ဇနီးလေးရဲ့မျက်နှာအပြောင်းအလဲကအရမ်းမြန်တာပဲနော်။
ဝမ်ရိပေါ်ဟာမငြင်းဆန်ပါချေ။သူကိုယ်တိုင်လည်း ဇနီးလေးတစ်ယောက်တည်းကိုလွှတ်ဖို့ရန်စိတ်မချဘူးမဟုတ်ပါလား။
ရှောင်ကျန့်က တကယ့်ဇနီးကောင်းလေးတစ်ယောက်လိုဝမ်ရိပေါ်၏ကိစ္စရပ်မှန်သမျှကိုကူညီပေးသည်။ဒီနေ့က ဧကရီ၏မိဘအိမ်ပြန်ရမည့် ရက်ဖြစ်တာကြောင့်ညီလာခံကိုရပ်ဆဲ၍ထားသည်။ရှောင်ကျန့်က သူ့ယောက်ျားကိုမျက်နှာသစ်အဝတ်အစားလဲရာတွင်ဝင်ရောက်ကူညီ၏။
"လာ....ဒီမှာထိုင်....ကျွန်တော်ဆံပင်ပြင်ပေးမယ်...."
ရိပေါ်ကလိမ်လိမ်မာမာလေးဖြင့်မှန်တင်ခုံရှေ့ကခုံပေါ်တွင်ထိုင်ချလိုက်သည်။ရှောင်ကျန့်ဟာဧကရာဇ်မင်း၏ရှည်လျားနူးညံ့လှတဲ့ဆံနွယ်တွေကို ဂရုတစိုက်ဖီးသင်ပေးသည်။
"အရင်တုန်းက တစ်ခြားသူတွေကျွန်တော့်လိုလုပ်ပေးဖူးလား...."
"ဟင့်အင်း....မင်းကပထမဆုံးပဲ"
အမှန်တော့ရှောင်ကျန့်အနေနဲ့မေးစရာတောင်မလိုပေ။မည်သူကများဧကရာဇ်မင်း၏ မြင့်မြတ်တဲ့ဦးခေါင်းထက်ရှိပိုးသားလိုဆံနွယ်တွေကိုထိကိုင်ခွင့်ရကြမှာတဲ့လဲ။
"ဟိုလေ.....ကိုယ်တစ်ခုလောက်မေးလို့ရမလား"
"အင်း....မေးလေ"
ရှောင်ကျန့်ကပြုံးသည်။ရိပေါ်ကဘယ်အချိန်ထိုကိစ္စနှင့်ပတ်သပ်ပြီးမေးမြန်းလာမည်ကိုစောင့်ဆိုင်းနေတာဖြစ်သည်။
"မင်းက ယောက်ျားလေးဆိုတော့....ရှောင်းမေဆိုတဲ့နာမည်ထက် ယောက်ျားလေးဆန်ဆန်တစ်ခြားနာမည်တစ်ခုခုများရှိသေးလား...."
"ရှိတယ်..."
"ဘယ်လိုမျိုးလဲ"
ဝမ်ရိပေါ်ကသူ့ခေါင်းကိုမော့လိုက်ပြီး မတ်တပ်ရပ်၍သူ့ခေါင်းကိုဖီးသင်ပေးနေသည့်ရှောင်ကျန့်နှင့်မျက်လုံးချင်း ဆုံစေလိုက်သည်။ရိပေါ်၏ပယင်းရောင်မျက်ဝန်းတွေမှာအရမ်းတောက်ပလွန်းနေသည်ဟု သူထင်၏။
"ရှောင်းရှောင်ကျန့် တဲ့...."
"ရှောင်း ရှောင် ကျန့်....ရှောင်ကျန့်...."
ဝမ်ရိပေါ်ဟာထိုနာမည်လေးကိုထပ်ခါထပ်ခါရေရွတ်နေရင်းသူ့အရိုးတွေထဲထိနက်ရှိုင်းတဲ့ပျော်ရွှင်စိတ်လှုပ်ရှားမှုတစ်ရပ်ကိုခံစားလိုက်ရသည်။ဘာကြောင့်ရယ်မှန်းမသိပေမယ့် သူရှောင်ကျန့်ဟူသည့်နာမည်ကိုအရမ်း အရမ်းသဘောကျသည်။
လိုချင်တာရသွားသည့်ကလေးငယ်တစ်ယောက်လိုမျိုးပျော်ရွှင်ကျေနပ်သွားသောဝမ်ဧကရာဇ်ဟာငြိမ်ငြိမ်သက်သက်လေးဖြင့်ရှောင်ကျန့်လုပ်ပေးသမျှငြိမ်ခံနေသည်။ရှောင်ကျန့်ဟာအတော်လေးထူးဆန်းသည်ဟုခံစားရသည်။သူ မနေနိုင် မထိုင်နိုင်မေးလိုက်မိသည်။
"ခင်ဗျားမေးချင်တာ ဒါပဲလား"
"အင်း"
"....."
သူဘာကြောင့်မိန်းကလေးပုံစံပြောင်းလဲနိုင်လည်းဆိုတာမမေးတော့ဘူးလား။ပြီးတော့သူမိန်းကလေးတစ်ယောက်လိုဘာအကြောင်းကြောင့်ပြောင်းလဲနေထိုင်ခဲ့ရတာလဲဆိုတဲ့အကြောင်းပြချက်ရော။
ရှောင်ကျန့်၏ဝေဝေဝါးဝါးခံစားချက်တွေကိုသတိထားမိသွားသည့်ရိပေါ်ဟာ နူးညံ့တဲ့အပြုံးလေးတစ်ခုဖြင့်ရှင်းပြသည်။
"မင်းမပြောချင်ရင်ကိစ္စမရှိပါဘူး.....ကိုယ့်အတွက်အရေးကြီးတာက ယောက်ျားလေးဖြစ်ဖြစ်၊မိန်းကလေးဖြစ်ဖြစ် ရှောင်ကျန့်သာဆိုရင်အားလုံးအဆင်ပြေတယ်...."
"....."
ရှောင်ကျန့်၏လက်ချောင်းလေးတွေမှာအနည်းငယ်တုန့်နှေးသွားသည်။သူ့နှာခေါင်းထိပ်လေးမှာစူးကနဲဖြစ်သွားသည့်ခံစားချက်နဲ့အတူ ငိုချင်လာသလိုတောင်ခံစားရသည်။
ဘာလို့ဒီလောက်ထိတောင်.......
"ဘာ....ဘာဖြစ်တာလဲ....ကိုယ်တစ်ခုခုများမှားပြောမိသွားတာလား!!....တောင်းပန်ပါတယ်.....ကိုယ့်အမှားပါ!"
"ခင်ဗျားကိုဘယ်သူကတောင်းပန်ခိုင်းနေလို့လဲ...."
"....."
"ကျွန်တော်ကအစတည်းက ခင်ဗျားကိုဖုံးကွယ်ထားဖို့စိတ်ကူးမရှိပါဘူးနော်....."
ရှောင်ကျန့်ဟာပြောရင်းဆိုရင်းဖြင့် ဧကရာဇ်ဝမ်၏ ဆံနွယ်ရှည်တွေကို ထုံးဖွဲ့ပေးရာမှ လက်စသတ်လိုက်သည်။ပြီးနောက်ရိပေါ်၏အရှေ့သို့သူ့ရဲ့ဖြူဖြူသွယ်သွယ်လက်ကောက်ဝတ်လေးတစ်ဖက်ကိုထုတ်ပြလိုက်သည်။သူ့ရဲ့ကျန်လက်တစ်ဖက်က လက်ညှိုးထိပ်လေးဖြင့်သုံးကြိမ်ထိတွေ့လိုက်ပြီးနောက်မှော်ဆန်စွာပင် ရိပေါ်အရှေ့ရှိမိန်းမလှလေးဟာ မနေ့ညတုန်းကယစ်မူးဖွယ်ကောင်ငယ်လေးအဖြစ်သို့ချက်ချင်းလက်ငင်းပြောင်းလဲသွားသည်။
ရှောင်ကျန့်၏လက်ကောက်ဝတ်ထက်တွင် ထူးဆန်းသည့်ဟန်းချိန်းကြိုးလေးတစ်ခုမှာဝတ်ဆင်လျက်သားရှိနေပြန်၏။
"ဒီကြိုးလေးက ကျွန်တော့်ကိုမိန်းကလေးတစ်ယောက်ရဲ့အသွင်ရအောင် ကူညီပေးတယ်လေ....ဒါပေမယ့် တကယ့်အစစ်အမှန်မိန်းကလေးတစ်ယောက်ဖြစ်သွားတာတော့မဟုတ်ဘူး....မနေ့ညတုန်းကလိုချစ်တင်းနှောတဲ့အခြေအနေမျိုးမှာဆိုရင်သူ့အလိုလိုပုံစံအမှန်ပြန်ပေါ်လာတတ်တယ်...."
ဝမ်ရိပေါ်ကပါးစပ်လေးဟ ၍ရှောင်ကျန့်ရှင်းပြသမျှကိုအသေးစိတ်ကအစ ဂရုတစိုက်နားထောင်ပေးသည်။ဒီကမ္ဘာတွင်မှော်ပညာဆိုတာမရှိတာကြောင့် ယခုလိုမိန်းကလေးတစ်ယောက်အသွင်ပြောင်းလဲနိုင်သည့် ဟန်းချိန်းကြိုးမှာလွန်စွာအံ့အားသင့်မှင်သပ်စရာကောင်းသည်။ထိုကျေးဇူးကြောင့်ပဲ ရှောင်ကျန့်အတွက်မိန်းကလေးတစ်ယောက်လိုဖုံးကွယ်နေထိုင်ဖို့ရန်ကိစ္စမှာပိုမိုလွယ်ကူချောမွေ့သွားသည်။
ရှောင်ကျန့်ဟာ မူလခန္ဓာကိုယ်ပိုင်ရှင် ဘာအကြောင်းကြောင့်မိန်းကလေးတစ်ယောက်ဝတ်စားနေထိုင်ခဲ့ရသည့်အကြောင်းအရင်းမှန်ကိုလည်းရှင်းပြခဲ့သည်။အလုံးစုံကြားသိခဲ့ရသော ရိပေါ်၏မျက်နှာမှာအတော်လေးညှိုးငယ်နေ၏။
"မင်း....အရမ်းပင်ပန်းခဲ့မှာပဲနော်"
လွတ်လွတ်လပ်လပ်နေရတာသဘောကျသည့်ယောက်ျားလေးတစ်ယောက်၏သဘာဝဗီဇကိုဖီဆန်၍ ငယ်စဥ်အချိန်တည်းက ကိုယ်မနှစ်သက်သည့်မိန်းကလေးတစ်ယောက်ကဲ့သို့ အတင်းအကြပ်ဝတ်ဆင်ခဲ့ရကာ ယဥ်ယဥ်ကျေးကျေးသိမ်သိမ်မွေ့မွေ့နေထိုင်ရသည်။ဒါ့အပြင်ကြီးပြင်းလာတာနဲ့အမျှ ကိုယ့်ရဲ့မျိုးရိုးဗီဇအမှန်ကို ဖုံးကွယ်ဖို့ရန်အတွက် ကိုယ့်မျက်နှာကိုတောင် မဖော်ထုတ်ရဲတော့သည့်အခြေအနေထိ စိတ်ဓာတ်ကျခဲ့ရပြန်သည်။
သူချစ်ရတဲ့အမျိုးသားလေးအနေနဲ့ဘယ်လောက်တောင်စိတ်ဆင်းရဲကြပ်တည်းခဲ့လိုက်မလဲ။
ရှောင်ကျန့်ဟာသူ့ချစ်သူ၏ဝမ်းနည်းစိတ်ဖြစ်မိရခြင်း၏ နောက်ကွယ်ကအကြောင်းပြချက်ကိုကောင်းကောင်းကြီးနားလည်သည်။သူပြုံးရယ်လိုက်မိသည်။သူ့အနေနဲ့ အသွင်ပြောင်းဟန်းချိန်ကိုဘယ်လိုရလာခဲ့တဲ့အကြောင်း အခက်အခဲတစ်စုံတရာကြောင့်မပြောပြခဲ့ပေမယ့် ရိပေါ်ကနားလည်ပေးလွန်းစွာဘာမှထပ်မံမမေးမြန်းခဲ့ပေ။
တစ်ခါတစ်လေဒီလိုအလိုက်သိလွန်းသည့် ယောက်ျားကိုရခဲ့ခြင်းမှာလည်း ဘဝအဆက်က ကမ္ဘာကြီးကိုများကယ်တင်ခဲ့လို့လားဟု ထင်မိသည်အထိပင်။
_________________________________________________________
Zawgyi
ရှောင်ကျန့် : "....."
"အဲ...အဲ.....ဘာလို့ငိုတာလဲ"
ရှောင်ကျန့် : "....."
ရှောင်ကျန့် : "....."
"....."
**********
ဝမ်ရိပေါ် : "....."
ဝမ်ရိပေါ် : "....."
"အင်း....မေးလေ"
"ရှိတယ်..."
"ဘယ်လိုမျိုးလဲ"
"အင်း"
"....."
"....."
"....."
_________________________________________________________