Unicode
"အဲ့လိုဖြစ်မှာမဟုတ်ဘူး"
ကျိချင်းကျိုးကပြန်ခံပက်လာသည်။
"ကျွန်တော် မိန်းကလေးမကြိုက်ဘူး။ယောင်္ကျားလေးပဲကြိုက်တာ။ဒါကြောင့် အဲ့လိုကိစ္စတွေမဖြစ်နိုင်ဘူး"
ချူချန်က နားထောင်နေပြီး စကားမဆိုပေ။
ကျိချင်းကျိုးက သူတို့ မတွေ့ကြတာလည်း ကြာပြီဖြစ်၍ တကယ်ကို အတော်လေးလွမ်းနေခဲ့မိသည်။။အခုသူကိုတွေ့လိုက်ချိန် မထိန်းချုပ်တော့ဘဲ မိမိဘက်က အရင်ပွေ့ဖက်ချင်လာသည်။သို့သော် ချူချန်က အဲ့လို လုပ်ခွင့်မပေး၍ သူလုံးဝ မလှုပ်ခဲ့တာပင်။
ချူချန်ရဲ့ ပွင့်လင်းမှုတွေနဲ့ သူကျင့်သားရနေလို့ဖြစ်မည်။သူ့ကိုယ်သူ အများကြီး မထိန်းချုပ်တော့ဘဲ ပွင့်ပွင့်လင်းလင်းတောင်းဆိုလိုက်မိ၏။
"ဒယ်ဒီ ဒါဆို ကျွန်တော်က အမှားသိပြီး အမှန်ပြင်တတ်ရင် အလေ့အကျင့်ကောင်းတစ်ခုပေါ့နော်"
ချူချန်က မသင်္ကာသလို ကြည့်လာသည်။
"မင်းလုပ်တဲ့အမှားပေါ် မူတည်သေးတယ်လေ"
"အမှားလေးတစ်ခုကိုများ"
"ဥပမာ?"
"ဥပမာ…ဒယ်ဒီ ခုနကပြောသွားတာကို ကျွန်တော် ခံမငြင်းခဲ့သင့်ဘူး "
"အို့! ဒါဆို ဘယ်လိုပြန်လုပ်ပေးမှာလဲ"
ချူချန်ကပြောလာသည်။
ကျိချင်းကျိုးသည် ဘလင်းဘလင်းလက်နေသောမျက်လုံးလေးများဖြင့် ချူချန်ကိုကြည့်လာကာ ချူချန်တောင်စကားမဆိုရသေးခင် ဝုန်းခနဲ ပွေ့ဖက်လာသည်။
"ကျွန်တော်က ခင်ဗျားနဲ့ နီးနီးကပ်ကပ်လည်းမနေဘူးလို့ ခင်ဗျားခုနထင်နေတည်းက ကျွန်တော်ဒီလိုလုပ်ချင်ခဲ့တာ။ကျွန်တော်အခုပဲ တရင်းတနှီးနေတော့မှာ"
ကြည်နူးပျော်ရွှင်နေသော သူ့အသံဟာ ချူချန်ရဲ့နားရွက်နားလေး၌ ဝဲလည်နေခဲ့သည်။
"ခင်ဗျားကို အရမ်းသတိရနေခဲ့တာပါ အားချန်"
အခုမှပဲ မိမိနဲ့ရင်းနှီးသည့် ကျိချင်းကျိုးပြန်ပေါ်လာသလိုမျိုး ချူချန်ခံစားရမိသည်။လူကပ်လွန်းသောကောင်လေး၊မိမိ ရိုက်ကွင်းအလည်လာရင် သဘောကျတတ်သောကောင်လေး၊စည်းကျော်ဖို့ အတွေးရှိနေသောကောင်လေးက အခုမှ မိမိအနားပြန်ရောက်လာသလိုပင်။
ချူချန်ကိုယ်တိုင်တောင် မသိလိုက်ပါဘဲ နှုတ်ခမ်းစွန်းတွေ မြင့်တက်သွားကာ ကျိချင်းကျိုးအား ပြန်ဖက်ထားရင် ပါးမို့မို့ထက်၌ အနမ်းခြွေမိသည်။ထို့ပြင် အတည်ကြီးနဲ့သတိပေးဖို့ကလည်း မမေ့သေး။
"ဒီတစ်ခါပဲရမယ်နော်။နောက်တစ်ခါမရဘူး"
ကျိချင်းကျိုးက ခေါင်းညိမ့်ပြသည်။
"သိပါတယ်။အခုက အမှားပြင်နေတာလေ"
"အွန်း"
ချူချန်က အသံသာသာလေးပြုလိုက်ပြီး မထိန်းနိုင်ဘဲ လူကို ထပ်နမ်းမိပြန်သည်။ထို့နောက် သဘောတကျရယ်လာကာ-
"ကိုယ် ရိုက်ကွင်းကို လာလည်ဖို့မလိုဘူးလို့ပြောခဲ့တာမလား"
"အဲ့တာက ကျွန်တော်လည်း ရိုက်ကူးရေးပြီးတော့မှာဆိုတော့ကာ ခင်ဗျား ပြန်သွားလိုက်ပြန်လာလိုက်နဲ့ ပင်ပန်းလွန်းတာမို့ပါ"
" ကိုယ့်ကို အဲ့လိုမပြောခဲ့ဘူးလေ"
"မပြောခဲ့ဘူးလား"
ကျိချင်းကျိုးက စဉ်းစားလိုက်ကာ-
"အာ ဟုတ်သားပဲ…ကျွန်တော်က ဇာတ်ကောင်ရဲ့အတွေ့အကြုံယူရအောင်ဆိုပြီး လိုရင်းတိုရှင်းပဲစာရိုက်နေမိတာလေ။ဒါကြောင့် ခင်ဗျားကိုပြောဖို့ မေ့သွားတာဖြစ်ရမယ်။ခင်ဗျားဘက်ကသာ ကျွန်တော့်ကိုမေးခဲ့ရင်လည်း ကျွန်တော်က အရမ်းကိုမှ စိတ်ပါလက်ပါနဲ့ပြန်ရှင်းပြပေးမှာပေါ့"
"အင်းပါ"
ချူချန်က သူ့စကားကို သဘောတူလိုက်သည်။
သူက ကျိချင်းကျိုးကို ကြည့်လိုက်သည်။
"မင်း 『မဟာဗျူဟာသုံးဆယ့်ခြောက်ချက် 』ကိုလေ့လာဖူးလား"
"ခြေလျှင်သွားခြင်းက အကောင်းဆုံးတစ်ခုဆိုတာလား"
"အွန်း…တစ်ခြားရော"
ကျိချင်းကျိုးက စဉ်းစားလိုက်ကာ-
"အလှပရိယာယ်? ကွင်းဆက်ဖြစ်ရပ်?အပြန်အလှန်တိုက်ခိုက်ခြင်း ? "ဝေ့" နား မှာ ယောင်လည်လည် လုပ်ပြီး "ကျောင်း" ကိုကယ်တင်ခြင်း? အဲ့ဒါတွေကိုပြောတာလား"
"ထားလိုက်တော့ တစ်ခြားနည်းဗျူဟာရှိသေးတယ်လေ"
"ဘာလဲ"
ချူချန်က ပြုံးလိုက်သည်။
"ရဖို့ခက်အောင်ကြိုးစားတာ"
"အော်"
ကျိချင်းကျိုးကပြောရင်း ခေါင်းလေးတညိမ့်ညိမ့်ဖြင့်-
"ဘာလို့ ကျွန်တော့်ကို မေးတာလဲ"
မင်းဘယ်လိုဖြစ်သွားမလဲ ကိုယ်မြင်ချင်လို့ပေါ့။သို့စေကာမူ ချူချန်က သူ့ရဲ့ယောင်တောင်တောင်အမူအရာကြောင့် အဲ့လိုမပြောခဲ့ပေ။
"ကိုယ် ရုတ်တရက် တွေးမိသွားလို့ မင်းကို ပညာစမ်းကြည့်တာ"
ကျိချင်းကျိုးကလည်း အတွေးမပွားတော့။
"အဲ့တော့ ကျွန်တော်မှန်လားဟမ်"
" အဲ့သဘောပါပဲ"
ချူချန်က ခေါင်းညိမ့်လိုက်သည်။
"ဆုမပေးတော့ဘူးလား"
"မင်းက ဘာဆုလိုချင်လို့လဲ"
ချူချန် မေးလိုက်သည်။
"ခင်ဗျားရော ဘာဆုပေးချင်လဲ"
ကျိချင်းကျိုးက သူ့ကိုပြန်သတိပေးလိုက်သေး။
"အခုဆို ခင်ဗျားလက်ထဲမှာက ဦးဆောင်ခွင့်ရှိနေပြီနော်"
ချူချန်က ခေါင်းညိမ့်ပြီး အခုဆို သူ့လက်ထဲမှာ ဦးဆောင်ခွင့်ရှိနေပြီဆိုတာကို စိတ်ထဲမှ ရေရွတ်လိုက်သည်။ သူရှေ့မှ ဆုယူဖို့စောင့်နေသူ ကျိချင်းကျိုးထံအကြည့်ရွေ့ကာ တိုးဖွဖွရွတ်လိုက်၏။
"ဒါဆို ကိုယ်မင်းနဲ့ ရက်နည်းနည်းလောက် ရိုက်ကွင်းမှာပိုနေပေးမယ်။မဟုတ်လည်း မင်းက ရိုက်ကူးရေးပြီးတော့မှာပဲ ဥစ္စာ"
"အင်း"
ကျိချင်းကျိုးကရယ်လိုက်သည်။
ချူချန်က သူ့အပြုံးကြောင့် စိတ်လှုပ်ရှားသွား၏။
"အဲ့တာထားလိုက်တော့ ဆုပြောင်းမယ်"
"ဟမ်"
ဘာဆုပြောင်းမှာလဲဟုမေးရန် ပါးစပ်ဟလိုက်ချိန်မှာပဲ ကျိချင်းကျိုး၏ နှုတ်ခမ်းတစ်စုံလုံးထက် ပူနွေးသွားရ၏။ နှစ်ယောက်သားခွဲခွာနေရသည်မှာ ဆယ်ရက်ကျော်ပြီဖြစ်သည်။နောက်ဆုံးတော့ သူတို့ရဲ့ ခရီးဦးကြိုမှုကလည်း အနမ်းပြင်းပြင်းနဲ့ စတင်ခဲ့ကြ၏။
ကျိချင်းကျိုးက သူ့ကိုဖက်ထားရင်း စိတ်ကြိုက်နမ်းခွင့်ပြုထားလိုက်သည်။
အနမ်းခံလိုက်ရပြီးတာတောင် အသံတိုးတိုးလေးဖြင့် "ကျွန်တော်အရင်ဆုလည်း လိုချင်တယ်နော်" ဟု တောင်းဆိုဖို့ မမေ့ခဲ့သူပင်။
ချူချန်ကမူ သူ့မျက်နှာနွေးနွေးလေးအား ကိုက်ကာ-
"ဘာလို့ အရမ်းလောဘကြီးရတာလဲ။ဟင် … မင်းက မြွေပေါက်လေးလား? လောဘကြီးတဲ့ မြွေပေါက်လေး?"
ကျိချင်းကျိုးက သူ့ကိုတွန်းထုတ်ပြီး ခါးကိုဆွဲလိမ်လာသည်။
ချူချန်က ခါးဆွဲလိမ်ခံနေရသော်လည်း စိတ်မဆိုးပေ။ သူက ကျိချင်းကျိုး လက်လေးအား နောက်ပြန် ဆွဲယူလိုက်ကာ မကျေမနပ်နှင့်စူပုတ်ပုတ် မျက်လုံးလေးတွေကိုကြည့်ပြီး အရှုံးပေးသလို ပြုံးလိုက်တော့သည်။
"အင်းပါကွာ...ကိုယ်ပေးပါ့မယ်။ပေးပါ့မယ်။ကိုယ့်မှာ မင်းဆိုတဲ့ ဘေဘီလေးတစ်ယောက်ပဲရှိတာကို ဘယ်သူက အလိုမလိုက်ဘဲနေပါ့မလဲ"
ထိုမှသာ ကျိချင်းကျိုးက ကျေနပ်သွားပြီး သူ့ကို ထပ်ပြုံးပြလာတော့သည်။
-
လျန်ကျင်းရှင်တစ်ယောက် အိုးလေးနှင့်အတူ အခန်းပြန်ရောက်ချိန်မှာတော့ ခုနဖြစ်သွားခဲ့သမျှကို ပြန်တွေးကြည့်လိုက်သည်။အပြန်ပြန်အလှန်လှန်တွေးကြည့်လေ မူမမှန်လေပင်။ချူချန် မရောက်ခင်က ကျိချင်းကျိုးဟာ လင်းလော့ယန်ရဲ့ စိတ်ခံစားချက်တွေထဲ နစ်မြုပ်နေဆဲဖြစ်ပြီး ရုန်းမထွက်နိုင်သေးချေ။လေးစားတဲ့အကြည့်နဲ့ကြည့်တယ်ဆိုရင်တောင် ချူချန်ပေါ်လာလာချင်းပဲ ဇာတ်ကောင်ထဲကနေ ချက်ချင်းရုန်းထွက်နိုင်ပြီး ကျိချင်းကျိုးပြန်ဖြစ်သွားသတဲ့။အပြောင်းအလဲကမြန်လွန်းသည်။အဲ့အချက်တွေအရ ချူချန်က ကျိချင်းကျိုးရဲ့ အရေးကြီးတဲ့ပုဂ္ဂိုလ် တစ်ယောက်ဖြစ်ရမယ်။
ဒါပေမယ့် သူတို့က သွေးဝေးညီအစ်ကိုဆို။ဘယ်အစ်ကိုကြီးကများ သူ့ညီလေးရဲ့ စိတ်ခံစားချက်တွေအပေါ် အဲ့လောက် အကြီးကြီး လွှမ်းမိုးထားနိုင်ရတာလဲ။
ချူချန်ကို တွေ့လိုက်တဲ့အချိန် ကျိချင်းကျိုးရဲ့ မျက်လုံးတွေက ချက်ချင်း ဝင်းလက်လာသည်ဟု သူထင်မိသည်။ဘယ်လိုဖြစ်ဖြစ်ပါ သူဘယ်လိုကြည့်ကြည့် ကိစ္စမရှိပေမယ့် အစ်ကိုကြီးကို ညီလေးက ကြည့်အကြည့်နဲ့တော့ တူမနေပင်။
ချူချန်ဘက်က ကြည့်ပြန်တော့လည်း ပိုတောင် ထူးဆန်းနေပ။သူ ကျိချင်းကျိုးအနားနည်းနည်းပဲကပ်ရသေးတယ်... တွန်းထုတ်ခံလိုက်ရသည်လေ။ဒါပေမယ့် ချူချန်က အစ်ကိုကြီးလိုမျိုး ကာကွယ်ပေးခဲ့တယ်ဆိုရင်တောင် ကျိချင်းကျိုးက ကောင်မလေးမှ မဟုတ်ဘဲ။
သူက မိန်းကလေးမဟုတ်ဘူးဆို ....................
လျန်ကျင်းရှင်တစ်ယောက် တွေးတောကြံဆကာ WeChatကနေ ယွီအန်းယီဆီ စာပို့လိုက်တော့သည်။သူမကို ဟိုလှည့်ဒီလှည့်မေးရန် ရည်ရွယ်ချက်ဖြင့်။
ယွီအန်းယီ ညီမလေးတွေနဲ့စကားပြောနေချိန် WeChatကနေ စာဝင်လာသည့်အသံကြားလိုက်ရသည်။
သူ့ညီမလေးတွေနဲ့ စကားပြောနေတာရပ်ပြီး ကြည့်လိုက်တော့ စာပို့တဲ့သူက လျန်ကျင်းရှင်ဖြစ်နေ၏။
{မင်းနဲ့ကျိချင်းကျိုးတို့ ကိုယ့်ကို လိမ်ထားကြတာလား}
ယွီအန်းယီက ဝုန်းခနဲ ထထိုင်မိသွားကာ အမြန်ငြင်းလိုက်သည်။
{မဟုတ်ပါဘူး}
လျန်ကျင်းရှင်က ဆက်ပြီး စကားနှိုက်တော့သည်။
{မဟုတ်ဘူး? ကျိချင်းကျိုးနဲ့ ချူချန်က ညီအစ်ကိုစစ်စစ်တွေဟုတ်ရဲ့လား}
ယွီအန်းယီက အလန့်တကြားဖြစ်သွားပြီး သူဘာလို့ ဒါကိုမေးတာဖြစ်မလဲဟု တိတ်တဆိတ်တွက်ဆနေသည်။
ထို့နောက် လျန်ကျင်းရှင် ပြောတဲ့စကားကိုတွေ့လိုက်ရသည်။
{သူတို့က လုံးဝအတွဲတွေပဲ!!!!!}
ယွီအန်းယီ : ........
လျန်ကျင်းရှင်ကပဲဆက်ပြီး {ချူချန်က ကျိချင်းကျိုးရဲ့ရိုက်ကွင်းကိုလာလည်တယ်}
ယွီအန်းယီ ဒတ်ခနဲသဘောပေါက်သွားသည်။သူမရဲ့သူငယ်ချင်းငတုံးကောင်ဟာဆိုရင် သူမနဲ့ လျန်ကျင်းရှင်တို့ သိတယ်ဆိုတဲ့အချက်ကို လုပ်စားသွားတာဖြစ်သည်။လျန်ကျင်းရှင်က ရှီးယွီရဲ့အနုပညာရှင်ဖြစ်၍ စကားဖွာမှာမဟုတ်။ဒါနဲ့ပဲ သူနဲ့ ကျိချင်းကျိုးက အတွဲဆိုတာကို ဖော်ပြရတယ်ပေါ့လေ။
တုံးလိုက်တာမှ!!!!!!
သူမက စကားမဆိုတော့ လျန်ကျင်းရှင်က သူခန့်မှန်းတာမှန်ကြောင်းသေချာသွားသည်။မဟုတ်ပါက ယွီအန်းယီစိတ်နဲ့ဆို သူနဲ့အကြာကြီး သတ်ပုတ်ရဦးမှာပင်။သူက စိတ်ထဲမထားဟန်ဆောင်၍ ပြောလိုက်သည်။
{မိန်းကလေးယွီနဲ့ ကျိချင်းကျိုးတို့က နည်းနည်းတော့ များသွားပြီ။ကိုယ့်မှာတော့ စိတ်ရောကိုယ်ပါအပ်နှံပြီး ဇာတ်ကားရောရသစုံရှိုးမှာရော ဂရုစိုက်လိုက်ရတာ။ကိုယ်သူနဲ့ အတူတူ အစားစားရင်လည်း အသီးအရွက်အစား သူ့ကိုအသားပဲကြွေးတာပါ။အဲ့အတွက် ရလာတာကကော? မင်း ကိုယ့်ကို လျှို့ဝှက်ထားခဲ့တာပဲ။
အိုက်ယားးးးး ထားလိုက်ပါတော့လေ။ အဲ့လိုမှတော့ နောက်ဆို မင်းဘာသာ ကျိချင်းကျိုးကို ဂရုစိုက်ပေးလိုက်ပါတော့}
ယွီအန်းယီကတော့ သူမနဲ့ကျိချင်းကျိုးတို့ လိမ်ထားတာကြောင့် သူတကယ်ကြီး စိတ်ဆိုးသွားမှာကြောက်ကာ မြန်မြန်ပြန်ဖာထေးလိုက်သည်။
{မဟုတ်ပါဘူး။ ကျွန်မတို့က အဲ့သဘောနဲ့မဟုတ်ဘူး။အကုန်လုံးကိုလည်း ချပြလို့မရတာမို့ စကားလုံးလေးပဲလှည့်လိုက်တာပါ။ရှင့်ကိုမပြောဘဲ လူတိုင်းကိုပြောပြခဲ့တာမျိုးမဟုတ်လို့ စိတ်မဆိုးပါနဲ့။ရှင့်ဘက်ကလည်း အခွင့်အရေးနှစ်ခုတောင် သူ့ကိုပေးခဲ့ပြီးပြီမို့ အခုမှ ရင်းနှီးမှုမပျက်စေသင့်ဘူးမလား}
လျန်ကျင်းရှင် : {မင်းမှန်ပါတယ်။ရင်းနှီးတယ်လို့မပြောခင် ချူချန်ကို အရင်ပြောရမယ်။သူ့ညီလေးတွေတွက် ရင်းနှီးမြှုပ်နှံမှုတွေရှာပြီး ကိုယ်ပေးထားတဲ့ အရင်းအနှီးနှစ်ခုလည်း ပြန်ပေးမို့ ပြောရမယ်}
သူ့ရဲ့ကတ်သီးကတ်ဖဲ့နိုင်မှုကြီးက ယွီအန်းယီကို တောင် မယုံနိုင်ဖြစ်စေခဲ့သည်။
{အဲ့ဒါ ရှင့်ရဲ့ ဂျူနီယာညီလေးလေ! အေးဂျင့်တစ်ခုထဲလက်အောက်က ဂျူနီယာညီလေး! }
လျန်ကျင်းရှင် : {ဒီလောက ကတအားကျယ်ပြန့်လွန်းတယ်။အလုပ်သင်လေးကို ကိုယ်က သင်ကြားပေးပြီး ကိုယ်ကတော့ သေတဲ့အထိ ဆာလောင်နေရမှာပေါ့။အဲ့လိုသာဆို တစ်နေ့ကျ အလုပ်သင်လေးက ကိုယ့်အလုပ်ကို ယူသွားပြီး ကိုယ်ကတော့ လမ်းပေါ်လျှောက်ပြေးနေရလိမ့်မယ်လေ}
ယွီအန်းယီ : ........
ယွီအန်းယီက အကူအညီမဲ့စွာ: {ဒါဆို ရှင်ကဘာလိုချင်တာလဲ။ကျွန်မနဲ့ ကျိချင်းကျိုးကို တောင်းပန်စေချင်တာလား}
လျန်ကျင်းရှင်ကတော့ သူမစကားတွေကိုကြည့်ပြီး ဖုန်းတစ်ဖက်က အကူညီမဲ့ပြီး စိတ်မပါလက်မပါဖြစ်နေမယ့် လူကို အတွေးထဲပေါ်လာသည်။သူပြုံးလိုက်မိ၏။
{အဲ့လောက်မဆိုသေးပါဘူး}
သူ့လက်ထဲမှ ဖုန်းလေးအားလှည့်လိုက်ပြီး ချူချန်ထွက်လာတဲ့အချိန်က သူလုပ်ခဲ့တဲ့ အပြုအမူတွေကို တစ်ခုချင်းပြန်တွေးကြည့်မိမှ ချူချန်အထင်မှားသွားတဲ့နေရာကို ချက်ချင်းမှတ်မိသွားတယ်။သူကသဝန်တိုနေတာဘဲ။တကယ်ကြီး အတုံ့အလှည့်ဆိုတဲ့အရာက ရှိတာပင်။ချူချန် သဝန်တိုရမယ့် နေ့တစ်နေ့သို့ ရောက်လာခဲ့ပြီ။အခု သူ့ခံစားချက်ကို ပြောရမယ်ဆို အရင်နှစ်က ရုပ်ရှင်ဧကရာဇ်ဆုရတဲ့အချိန်တုန်းကထက် အများကြီး ပိုပျော်နေမိသည်။
သို့သော် လျန်ကျင်းရှင်သည် ယွီအန်းယီပို့လာသော တောင်းပန်သည့်အမူအရာဖြင့် Q versionလေးအားကြည့်လိုက်ချိန်....
သူကတော့ နှစ်တွေအများကြီး ချူချန်တိုက်တဲ့ ရှာလကာရည်ကို သောက်ခဲ့ရတာဖြစ်သည်။ရှာလကာရည်အိုးရဲ့ နာမည်ကိုတောင် ချူချန် လို့ ပေးမိချင်သည်အထိ အဲ့အိုးထဲနစ်ခံခဲ့ရတာဖြစ်သည်။အခုဆိုသူ့အလှည့် ချူချန် ရှာလကာရည်သောက်ရမည့် အချိန်သို့ရောက်လာခဲ့ပြီ။ သူ့တုန်းကထက် ပိုပြီး ချူချန်ကို သောက်ခိုင်းရမည်။မဟုတ်ရင် လွန်ခဲ့တဲ့ နှစ်နှစ်က chrushကြီးကြောင့် သောက်ခဲ့ရတဲ့ရှာလကာရည်တွေနဲ့ ဘယ်တန်ပါတော့မလဲ!
ယွီအန်းယီသည် လျန်ကျင်းရှင်ကို တောင်းပန်ပြီးပြီးချင်း ကျိချင်းကျိုးဆီချက်ချင်းသတင်းပေးတော့သည်။
{သွားပြီ! လျန်ကျင်းရှင်က ငါတို့ သူ့ကိုလိမ်တာတွေသိကုန်ပြီဟ။နင်က အားချန်ရဲ့ ညီလေးမဟုတ်ဘဲ နင်တို့က အတွဲတွေဆိုတာ ပါသူသိသွားပြီ!}
ကျိချင်းကျိုးကလည်း ဖုန်းထဲကသတင်းအသစ်ကိုကြည့်ပြီး ထိတ်လန့်သွားမိသည်။
{အဲ့လောက်မြန်တယ်လား။ချူချန်က အခုလေးတင်ရောက်လာတာကိုလေ! သေစမ်း! ကောက အရမ်းမိုက်တာပဲ}
ယွီအန်းယီ : {အခုအခြေအနေကဟာ လျန်ကျင်းရှင်က သူ့စိတ်ထဲမှာ လရောင်ဖြူလေးလို ထားပြီး ငါတို့ကို ကူညီပေးပေမယ့် လရောင်ဖြူလေးက ရေဆိုးမြောင်းထဲသာမိသွားသလို ငါတို့ကို အရမ်းမကျေမနပ်ဖြစ်နေတာဟ။နင်နဲ့လည်း စည်းခြားချင်တယ်တဲ့}
ကျိချင်းကျိုး : {!!!!!!!!!! အဲ့လိုမဟုတ်ပါဘူး ! ငါက ကောကို အရမ်းလေးစားတာပါ! နောက်ဆို ကောကို ကျေဇူးပြန်ဆပ်တော့မှာ!}
{သိပါတယ်....}
ယွီအန်းယီက စိတ်လေးစွာ:
{ဒါပေမယ့် အခုလုပ်ရမယ့် တစ်ခုတည်းသောနည်းလမ်းက အမှားကို နာနာခံလေးဝန်ခံဖို့ပဲ။ငါလည်း တောင်းပန်ပြီးပြီမို့ နင်တောင်းပန် အလှည့်}
သိပြီ ! သူနဲ့လျန်ကျင်းရှင်က တအားရင်းနှီးကြသည့်အတွက် ဖုန်းခေါ်ပြီးတောင်းပန်တာတို့ စာပို့ပြီး တောင်းပန်တာတို့က မသင့်တော်ပေ။ထို့ကြောင့် လူကိုယ်တိုင်သွားတွေ့ပြီး တောင်းပန်ရမည်။
သူသည် ဖုန်းကို ချလိုက်ပြီး ရေချိုးခန်းတံခါးကိုခေါက်၍ အထဲမှ ချူချန်ကိုလှမ်းအော်ပြောလိုက်သည်။
"အားချန် ! ကျွန်တော် ကောနဲ့သွားတွေ့လိုက်ဦးမယ်! ပြီးတာနဲ့ပြန်လာခဲ့မှာ ခဏလေးပဲ ! "
ထို့နောက် တံခါးဖွင့်ပြီး အခန်းထဲမှ ထွက်ခဲ့လိုက်သည်။
လျန်ကျင်းရှင် ဇာတ်ညွှန်းဖတ်နေတုန်း တံခါးခေါက်သံကြားလိုက်ရသည်။သူသည် ဖုန်းပေါ်ကအချိန်ကိုကြည့်ပြီး အခုချိန်နဲ့ဆို ကျိချင်းကျိုး တစ်ယောက် သူ့လျှို့ဝှက်ချက်တွေကို မိမိက ရှာတွေ့သွား၍ လာတွေ့တာဖြစ်ကြောင်းသိလိုက်ရသည်။တကယ်လည်း ယွီအန်းယီစိတ်နဲ့ဆို ဘယ်လိုမှဖုံးထားမှာမဟုတ်။သူနဲ့စကားပြောပြီးတာနဲ့ ကျိချင်းကျိုးကို ချက်ချင်းသတင်းသွားပေးလောက်သည်။
သူ တံခါးသွားထ ဖွင့်ပေးလိုက်သည်။တံခါးဖွင့်ဖွင့်ချင်းပဲ တံခါးရှေ့ရပ်ပြီး မျက်နှာချိုသွေးနေတဲ့ ကျိချင်းကျိုးကို တွေ့လိုက်ရသည်။
လျန်ကျင်းရှင်က သူ့ကို အိမ်ထဲဝင်ခိုင်းလိုက်ပြီး သိနေသလိုမျိုးမေးလိုက်သည်။
"ညဘက်ကြီး ကိုယ့်ကို ဘာလို့ရှာတာလဲ"
"ကောကို တောင်းပန်မို့ပါ"
ကျိချင်းကျိုးက ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။
"ကျွန်တော် ကောကို မလိမ်ချင်ခဲ့ပါဘူး။ချူချန်ရဲ့အနေအထားကို ကောလည်း သိပါတယ်။လူတွေအများကြီးလည်း ကောလို သူဘယ်သူဆိုတာကို သိမှာကိုကျွန်တော်ကြောက်တာပါ။ တစ်ယောက်ယောက်သာ အမှတ်မထင်ထုတ်ပြောမိလို့ကတော့ သတင်းတွေထွက်လာမှာမို့ပါ။ကျွန်တော် တောင်းပန်ပါတယ်"
"အဲ့တော့ မင်းတို့က တကယ့်အတွဲစစ်စစ်တွေပေါ့လေ"
ကျိချင်းကျိုးက ခေါင်းညိမ့်ပြီး စိတ်ထဲမှလည်း "အခုလက်ရှိပါ" ဟုရေရွတ်မိသည်။
လျန်ကျင်းရှင်က သူ့ကို အပေါ်အောက် စေ့စေ့စပ်စပ်ကြည့်ကာ
"ဒါဆိုချူချန် ကြိုက်တာ မင်းလိုစတိုင်မျိုးပေါ့"
သူလုံးဝမအံ့ဩတော့ဘူး။ဘာလို့ ယွီအန်းယီရဲ့ အချစ်ကြီးက နှစ်တွေကြာတာတောင် အဖြေပြန်မရတဲ့အကြောင်းရင်း။သူမက မိန်းကလေးမပြောနဲ့ ယောင်္ကျားလေးဖြစ်ရင်တောင် ချူချန်ကြိုက်တဲ့typeမျိုးမဟုတ်ဘူးလေ။
ကျိချင်းကျိုးက သူ့ကိုကြည့်လိုက်သည်။
"ဆိုတော့.... ကော....ကျွန်တော့်ကို ခွင့်လွှတ်ပေးပါနော်"
လျန်ကျင်းရှင်လည်း ခေါင်းညိမ့်ပြလိုက်သည်။
"ထပ်တော့မဖြစ်စေနဲ့"
"ဟုတ်ကဲ့"
ကျိချင်းကျိုးကပြန်ပြောလာသည်။
လျန်ကျင်းရှင် သူ့ကို အနေခက်အောင်မလုပ်တော့ပေ။
"အင်း ပြန်တော့"
ကျိချင်းကျိုးတစ်ယောက် အလုံးကြီးကျသွားသည်။
"ဒါဆို ကျွန်တော်ပြန်တော့မယ်နော်။ကောလည်း စောစောအနားယူပါဗျ good nightကော"
"Good night"
ကျိချင်းကျိုးလည်း ကိုယ့်အခန်းကိုပြန်ပြီး တံခါးပြန်ခေါက်နေရသည်။သူ ခုနက အလျင်စလိုဖြစ်နေတာဖြစ်၍ အခန်းသော့ မယူခဲ့မိ။တံခါးကြီးကိုကြည့်ရင်း ချူချန် ရေချိုးပြီးပြီလား မပြီသေးဘူးလားလည်း သူ့မှာမသိရ။နောက်ဆုံး ရှောင်ချန်းရဲ့ အခန်းမှာသာသွားထိုင်ပြီး သူရေချိုးပြီးတဲ့အထိ စောင့်နေမှပဲရတော့မည်။
သို့သော် ခဏအတွင်း ချူချန်က တံခါးဖွင့်လာသည်။
"ဘယ်တွေသွားနေတာလဲ"
ချူချန်က ဆံပင်သုတ်ရင်း သူ့ကိုမေးလာသည်။
ကျိချင်းကျိုးက အခန်းထဲအရင်ဝင်ပြီး တံခါးလေးပိတ်လိုက်ကာ-
"ခုနကပြောသွားတယ်လေ။ခင်ဗျားမကြာလိုက်ဘူးလား။ကျွန်တော်လုပ်စရာရှိလို့ ကောဆီသွားဦးမယ်လို့လေ"
"ညဘက်ကြီး သွားတွေ့တယ်?"
ချူချန်၏ဆံပင်သုတ်နေတဲ့လက်တွေက ရပ်သွားပြီး ကျိချင်းကျိုးထံ ခေါင်းစောင်းကြည့်လာသည်။
" မင်းတို့ကောင်တွေ ညဘက်ကြီး ဇာတ်ညွှန်းဖတ်ဖို့ပဲ သွားတာကော ဟုတ်ရဲ့လား။မင်းနော် "
ကျိချင်းကျိုး ဆွံ့အသွားခဲ့သည်။
"ကျွန်တော်တို့က ကျောက်စိမ်းခွက်လေးနဲ့ စပျစ်ဝိုင်လေးသောက်ပြီး ဗျက်စောင်ပါ အပြေးလေး တီးခဲ့ရမှာပေါ့လေ "
" နောက်ဆို အိပ်ရာထဲမှာ ပိုကောင်းတာလေး သောက်ရမှာပါကွာ။ ကဲ ကားမောင်းဖို့ ပြင်ကြစို့! "
ချူချန်က စကားဆုံးသည်နှင့် လူကို ကောက်ပွေ့လိုက်သည်။
ကျိချင်းကျိုးမှာ အလန့်တကြားဖြင့် ရယ်တောင်မရယ်နိုင်တော့ဘဲ သတိပေးနေရသည်။
"ခင်ဗျားဆံပင်တွေမခြောက်သေးဘူးလေ"
"မင်း အဲ့တာကို စိတ်မပူနေသင့်ဘူး ဘေဘီ။ ကိုယ့်ကိုကိုယ် စိတ်ပူနေသင့်တာ"
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️
စာရေးသူမှာပြောစရာရှိပါတယ် :
လျန်ကျင်းရှင် : ဖုန်းရွှေ အပြောင်းအလဲကြောင့် အတုံ့အလှည့်လည်းရှိလာခဲ့ပြီ။နောက်ဆုံးတော့ မင်း သဝန်တိုရမယ့် အလှည့် ရောက်ပြီပေါ့ကွာ...ဟားဟားဟားဟားဟားဟားဟားဟား
ချူချန် : ညှာတာပေးဖို့ အကြံပြုချင်ပါတယ်
လျန်ကျင်းရှင် : စိတ်မပူပါနဲ့ ငါက တအားကြင်နာတတ်လွန်းသူလေးပါ~~~~
ချူချန် : ငါ ဘာလို့များ ပိုပိုပြီး စိတ်ပူလာရတာလဲနော်......
🖇️အားတွေနားတာမနေ့က အပ်မို့ အိပ်ပျော်သွားတယ်။ မနက်ကျ ခရီးသွားရတယ်။ ခုနမှ ပြန်ရောက်တာမို့ပါ။ကိုယ်လည်း အခုတလော တောတောခရီးသွားနေရတာမို့ပါ😊
🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️
Zawgyi
"အဲ့လိုျဖစ္မွာမဟုတ္ဘူး"
က်ိခ်င္းက်ိဳးကျပန္ခံပက္လာသည္။
"ကြၽန္ေတာ္ မိန္းကေလးမႀကိဳက္ဘူး။ေယာက်ၤားေလးပဲႀကိဳက္တာ။ဒါေၾကာင့္ အဲ့လိုကိစၥေတြမျဖစ္ႏိုင္ဘူး"
ခ်ဴခ်န္က နားေထာင္ေနၿပီး စကားမဆိုေပ။
က်ိခ်င္းက်ိဳးက သူတို႔ မေတြ႕ၾကတာလည္း ၾကာၿပီျဖစ္၍ တကယ္ကို အေတာ္ေလးလြမ္းေနခဲ့မိသည္။။အခုသူကိုေတြ႕လိုက္ခ်ိန္ မထိန္းခ်ဳပ္ေတာ့ဘဲ မိမိဘက္က အရင္ေပြ႕ဖက္ခ်င္လာသည္။သို႔ေသာ္ ခ်ဴခ်န္က အဲ့လို လုပ္ခြင့္မေပး၍ သူလုံးဝ မလႈပ္ခဲ့တာပင္။
ခ်ဴခ်န္ရဲ႕ ပြင့္လင္းမႈေတြနဲ႔ သူက်င့္သားရေနလို႔ျဖစ္မည္။သူ႕ကိုယ္သူ အမ်ားႀကီး မထိန္းခ်ဳပ္ေတာ့ဘဲ ပြင့္ပြင့္လင္းလင္းေတာင္းဆိုလိုက္မိ၏။
"ဒယ္ဒီ ဒါဆို ကြၽန္ေတာ္က အမွားသိၿပီး အမွန္ျပင္တတ္ရင္ အေလ့အက်င့္ေကာင္းတစ္ခုေပါ့ေနာ္"
ခ်ဴခ်န္က မသကၤာသလို ၾကည့္လာသည္။
"မင္းလုပ္တဲ့အမွားေပၚ မူတည္ေသးတယ္ေလ"
"အမွားေလးတစ္ခုကိုမ်ား"
"ဥပမာ?"
"ဥပမာ…ဒယ္ဒီ ခုနကေျပာသြားတာကို ကြၽန္ေတာ္ ခံမျငင္းခဲ့သင့္ဘူး "
"အို႔! ဒါဆို ဘယ္လိုျပန္လုပ္ေပးမွာလဲ"
ခ်ဴခ်န္ကေျပာလာသည္။
က်ိခ်င္းက်ိဳးသည္ ဘလင္းဘလင္းလက္ေနေသာမ်က္လုံးေလးမ်ားျဖင့္ ခ်ဴခ်န္ကိုၾကည့္လာကာ ခ်ဴခ်န္ေတာင္စကားမဆိုရေသးခင္ ဝုန္းခနဲ ေပြ႕ဖက္လာသည္။
"ကြၽန္ေတာ္က ခင္ဗ်ားနဲ႔ နီးနီးကပ္ကပ္လည္းမေနဘူးလို႔ ခင္ဗ်ားခုနထင္ေနတည္းက ကြၽန္ေတာ္ဒီလိုလုပ္ခ်င္ခဲ့တာ။ကြၽန္ေတာ္အခုပဲ တရင္းတႏွီးေနေတာ့မွာ"
ၾကည္ႏူးေပ်ာ္႐ႊင္ေနေသာ သူ႕အသံဟာ ခ်ဴခ်န္ရဲ႕နား႐ြက္နားေလး၌ ဝဲလည္ေနခဲ့သည္။
"ခင္ဗ်ားကို အရမ္းသတိရေနခဲ့တာပါ အားခ်န္"
အခုမွပဲ မိမိနဲ႔ရင္းႏွီးသည့္ က်ိခ်င္းက်ိဳးျပန္ေပၚလာသလိုမ်ိဳး ခ်ဴခ်န္ခံစားရမိသည္။လူကပ္လြန္းေသာေကာင္ေလး၊မိမိ ႐ိုက္ကြင္းအလည္လာရင္ သေဘာက်တတ္ေသာေကာင္ေလး၊စည္းေက်ာ္ဖို႔ အေတြး႐ွိေနေသာေကာင္ေလးက အခုမွ မိမိအနားျပန္ေရာက္လာသလိုပင္။
ခ်ဴခ်န္ကိုယ္တိုင္ေတာင္ မသိလိုက္ပါဘဲ ႏႈတ္ခမ္းစြန္းေတြ ျမင့္တက္သြားကာ က်ိခ်င္းက်ိဳးအား ျပန္ဖက္ထားရင္ ပါးမို႔မို႔ထက္၌ အနမ္းေႁခြမိသည္။ထို႔ျပင္ အတည္ႀကီးနဲ႔သတိေပးဖို႔ကလည္း မေမ့ေသး။
"ဒီတစ္ခါပဲရမယ္ေနာ္။ေနာက္တစ္ခါမရဘူး"
က်ိခ်င္းက်ိဳးက ေခါင္းညိမ့္ျပသည္။
"သိပါတယ္။အခုက အမွားျပင္ေနတာေလ"
"အြန္း"
ခ်ဴခ်န္က အသံသာသာေလးျပဳလိုက္ၿပီး မထိန္းႏိုင္ဘဲ လူကို ထပ္နမ္းမိျပန္သည္။ထို႔ေနာက္ သေဘာတက်ရယ္လာကာ-
"ကိုယ္ ႐ိုက္ကြင္းကို လာလည္ဖို႔မလိုဘူးလို႔ေျပာခဲ့တာမလား"
"အဲ့တာက ကြၽန္ေတာ္လည္း ႐ိုက္ကူးေရးၿပီးေတာ့မွာဆိုေတာ့ကာ ခင္ဗ်ား ျပန္သြားလိုက္ျပန္လာလိုက္နဲ႔ ပင္ပန္းလြန္းတာမို႔ပါ"
" ကိုယ့္ကို အဲ့လိုမေျပာခဲ့ဘူးေလ"
"မေျပာခဲ့ဘူးလား"
က်ိခ်င္းက်ိဳးက စဥ္းစားလိုက္ကာ-
"အာ ဟုတ္သားပဲ…ကြၽန္ေတာ္က ဇာတ္ေကာင္ရဲ႕အေတြ႕အၾကဳံယူရေအာင္ဆိုၿပီး လိုရင္းတို႐ွင္းပဲစာ႐ိုက္ေနမိတာေလ။ဒါေၾကာင့္ ခင္ဗ်ားကိုေျပာဖို႔ ေမ့သြားတာျဖစ္ရမယ္။ခင္ဗ်ားဘက္ကသာ ကြၽန္ေတာ္႕ကိုေမးခဲ့ရင္လည္း ကြၽန္ေတာ္က အရမ္းကိုမွ စိတ္ပါလက္ပါနဲ႔ျပန္႐ွင္းျပေပးမွာေပါ့"
"အင္းပါ"
ခ်ဴခ်န္က သူ႕စကားကို သေဘာတူလိုက္သည္။
သူက က်ိခ်င္းက်ိဳးကို ၾကည့္လိုက္သည္။
"မင္း 『မဟာဗ်ဴဟာသုံးဆယ့္ေျခာက္ခ်က္ 』ကိုေလ့လာဖူးလား"
"ေျခလွ်င္သြားျခင္းက အေကာင္းဆုံးတစ္ခုဆိုတာလား"
"အြန္း…တစ္ျခားေရာ"
က်ိခ်င္းက်ိဳးက စဥ္းစားလိုက္ကာ-
"အလွပရိယာယ္? ကြင္းဆက္ျဖစ္ရပ္?အျပန္အလွန္တိုက္ခိုက္ျခင္း ? "ေဝ့" နား မွာ ေယာင္လည္လည္ လုပ္ၿပီး "ေက်ာင္း" ကိုကယ္တင္ျခင္း? အဲ့ဒါေတြကိုေျပာတာလား"
"ထားလိုက္ေတာ့ တစ္ျခားနည္းဗ်ဴဟာ႐ွိေသးတယ္ေလ"
"ဘာလဲ"
ခ်ဴခ်န္က ျပဳံးလိုက္သည္။
"ရဖို႔ခက္ေအာင္ႀကိဳးစားတာ"
"ေအာ္"
က်ိခ်င္းက်ိဳးကေျပာရင္း ေခါင္းေလးတညိမ့္ညိမ့္ျဖင့္-
"ဘာလို႔ ကြၽန္ေတာ့္ကို ေမးတာလဲ"
မင္းဘယ္လိုျဖစ္သြားမလဲ ကိုယ္ျမင္ခ်င္လို႔ေပါ့။သို႔ေစကာမူ ခ်ဴခ်န္က သူ႕ရဲ႕ေယာင္ေတာင္ေတာင္အမူအရာေၾကာင့္ အဲ့လိုမေျပာခဲ့ေပ။
"ကိုယ္ ႐ုတ္တရက္ ေတြးမိသြားလို႔ မင္းကို ပညာစမ္းၾကည့္တာ"
က်ိခ်င္းက်ိဳးကလည္း အေတြးမပြားေတာ့။
"အဲ့ေတာ့ ကြၽန္ေတာ္မွန္လားဟမ္"
" အဲ့သေဘာပါပဲ"
ခ်ဴခ်န္က ေခါင္းညိမ့္လိုက္သည္။
"ဆုမေပးေတာ့ဘူးလား"
"မင္းက ဘာဆုလိုခ်င္လို႔လဲ"
ခ်ဴခ်န္ ေမးလိုက္သည္။
"ခင္ဗ်ားေရာ ဘာဆုေပးခ်င္လဲ"
က်ိခ်င္းက်ိဳးက သူ႕ကိုျပန္သတိေပးလိုက္ေသး။
"အခုဆို ခင္ဗ်ားလက္ထဲမွာက ဦးေဆာင္ခြင့္႐ွိေနၿပီေနာ္"
ခ်ဴခ်န္က ေခါင္းညိမ့္ၿပီး အခုဆို သူ႕လက္ထဲမွာ ဦးေဆာင္ခြင့္႐ွိေနၿပီဆိုတာကို စိတ္ထဲမွ ေရ႐ြတ္လိုက္သည္။ သူေ႐ွ႕မွ ဆုယူဖို႔ေစာင့္ေနသူ က်ိခ်င္းက်ိဳးထံအၾကည့္ေ႐ြ႕ကာ တိုးဖြဖြ႐ြတ္လိုက္၏။
"ဒါဆို ကိုယ္မင္းနဲ႔ ရက္နည္းနည္းေလာက္ ႐ိုက္ကြင္းမွာပိုေနေပးမယ္။မဟုတ္လည္း မင္းက ႐ိုက္ကူးေရးၿပီးေတာ့မွာပဲ ဥစၥာ"
"အင္း"
က်ိခ်င္းက်ိဳးကရယ္လိုက္သည္။
ခ်ဴခ်န္က သူ႕အျပဳံးေၾကာင့္ စိတ္လႈပ္႐ွားသြား၏။
"အဲ့တာထားလိုက္ေတာ့ ဆုေျပာင္းမယ္"
"ဟမ္"
ဘာဆုေျပာင္းမွာလဲဟုေမးရန္ ပါးစပ္ဟလိုက္ခ်ိန္မွာပဲ က်ိခ်င္းက်ိဳး၏ ႏႈတ္ခမ္းတစ္စုံလုံးထက္ ပူေႏြးသြားရ၏။ ႏွစ္ေယာက္သားခြဲခြာေနရသည္မွာ ဆယ္ရက္ေက်ာ္ၿပီျဖစ္သည္။ေနာက္ဆုံးေတာ့ သူတို႔ရဲ႕ ခရီးဦးႀကိဳမႈကလည္း အနမ္းျပင္းျပင္းနဲ႔ စတင္ခဲ့ၾက၏။
က်ိခ်င္းက်ိဳးက သူ႕ကိုဖက္ထားရင္း စိတ္ႀကိဳက္နမ္းခြင့္ျပဳထားလိုက္သည္။
အနမ္းခံလိုက္ရၿပီးတာေတာင္ အသံတိုးတိုးေလးျဖင့္ "ကြၽန္ေတာ္အရင္ဆုလည္း လိုခ်င္တယ္ေနာ္" ဟု ေတာင္းဆိုဖို႔ မေမ့ခဲ့သူပင္။
ခ်ဴခ်န္ကမူ သူ႕မ်က္ႏွာေႏြးေႏြးေလးအား ကိုက္ကာ-
"ဘာလို႔ အရမ္းေလာဘႀကီးရတာလဲ။ဟင္ … မင္းက ေႁမြေပါက္ေလးလား? ေလာဘႀကီးတဲ့ ေႁမြေပါက္ေလး?"
က်ိခ်င္းက်ိဳးက သူ႕ကိုတြန္းထုတ္ၿပီး ခါးကိုဆြဲလိမ္လာသည္။
ခ်ဴခ်န္က ခါးဆြဲလိမ္ခံေနရေသာ္လည္း စိတ္မဆိုးေပ။ သူက က်ိခ်င္းက်ိဳး လက္ေလးအား ေနာက္ျပန္ ဆြဲယူလိုက္ကာ မေက်မနပ္ႏွင့္စူပုတ္ပုတ္ မ်က္လုံးေလးေတြကိုၾကည့္ၿပီး အ႐ႈံးေပးသလို ျပဳံးလိုက္ေတာ့သည္။
"အင္းပါကြာ...ကိုယ္ေပးပါ့မယ္။ေပးပါ့မယ္။ကိုယ့္မွာ မင္းဆိုတဲ့ ေဘဘီေလးတစ္ေယာက္ပဲ႐ွိတာကို ဘယ္သူက အလိုမလိုက္ဘဲေနပါ့မလဲ"
ထိုမွသာ က်ိခ်င္းက်ိဳးက ေက်နပ္သြားၿပီး သူ႕ကို ထပ္ျပဳံးျပလာေတာ့သည္။
-
လ်န္က်င္း႐ွင္တစ္ေယာက္ အိုးေလးႏွင့္အတူ အခန္းျပန္ေရာက္ခ်ိန္မွာေတာ့ ခုနျဖစ္သြားခဲ့သမွ်ကို ျပန္ေတြးၾကည့္လိုက္သည္။အျပန္ျပန္အလွန္လွန္ေတြးၾကည့္ေလ မူမမွန္ေလပင္။ခ်ဴခ်န္ မေရာက္ခင္က က်ိခ်င္းက်ိဳးဟာ လင္းေလာ့ယန္ရဲ႕ စိတ္ခံစားခ်က္ေတြထဲ နစ္ျမဳပ္ေနဆဲျဖစ္ၿပီး ႐ုန္းမထြက္ႏိုင္ေသးေခ်။ေလးစားတဲ့အၾကည့္နဲ႔ၾကည့္တယ္ဆိုရင္ေတာင္ ခ်ဴခ်န္ေပၚလာလာခ်င္းပဲ ဇာတ္ေကာင္ထဲကေန ခ်က္ခ်င္း႐ုန္းထြက္ႏိုင္ၿပီး က်ိခ်င္းက်ိဳးျပန္ျဖစ္သြားသတဲ့။အေျပာင္းအလဲကျမန္လြန္းသည္။အဲ့အခ်က္ေတြအရ ခ်ဴခ်န္က က်ိခ်င္းက်ိဳးရဲ႕ အေရးႀကီးတဲ့ပုဂၢိဳလ္ တစ္ေယာက္ျဖစ္ရမယ္။
ဒါေပမယ့္ သူတို႔က ေသြးေဝးညီအစ္ကိုဆို။ဘယ္အစ္ကိုႀကီးကမ်ား သူ႕ညီေလးရဲ႕ စိတ္ခံစားခ်က္ေတြအေပၚ အဲ့ေလာက္ အႀကီးႀကီး လႊမ္းမိုးထားႏိုင္ရတာလဲ။
ခ်ဴခ်န္ကို ေတြ႕လိုက္တဲ့အခ်ိန္ က်ိခ်င္းက်ိဳးရဲ႕ မ်က္လုံးေတြက ခ်က္ခ်င္း ဝင္းလက္လာသည္ဟု သူထင္မိသည္။ဘယ္လိုျဖစ္ျဖစ္ပါ သူဘယ္လိုၾကည့္ၾကည့္ ကိစၥမ႐ွိေပမယ့္ အစ္ကိုႀကီးကို ညီေလးက ၾကည့္အၾကည့္နဲ႔ေတာ့ တူမေနပင္။
ခ်ဴခ်န္ဘက္က ၾကည့္ျပန္ေတာ့လည္း ပိုေတာင္ ထူးဆန္းေနပ။သူ က်ိခ်င္းက်ိဳးအနားနည္းနည္းပဲကပ္ရေသးတယ္... တြန္းထုတ္ခံလိုက္ရသည္ေလ။ဒါေပမယ့္ ခ်ဴခ်န္က အစ္ကိုႀကီးလိုမ်ိဳး ကာကြယ္ေပးခဲ့တယ္ဆိုရင္ေတာင္ က်ိခ်င္းက်ိဳးက ေကာင္မေလးမွ မဟုတ္ဘဲ။
သူက မိန္းကေလးမဟုတ္ဘူးဆို ....................
လ်န္က်င္း႐ွင္တစ္ေယာက္ ေတြးေတာၾကံဆကာ WeChatကေန ယြီအန္းယီဆီ စာပို႔လိုက္ေတာ့သည္။သူမကို ဟိုလွည့္ဒီလွည့္ေမးရန္ ရည္႐ြယ္ခ်က္ျဖင့္။
ယြီအန္းယီ ညီမေလးေတြနဲ႔စကားေျပာေနခ်ိန္ WeChatကေန စာဝင္လာသည့္အသံၾကားလိုက္ရသည္။
သူ႕ညီမေလးေတြနဲ႔ စကားေျပာေနတာရပ္ၿပီး ၾကည့္လိုက္ေတာ့ စာပို႔တဲ့သူက လ်န္က်င္း႐ွင္ျဖစ္ေန၏။
{မင္းနဲ႔က်ိခ်င္းက်ိဳးတို႔ ကိုယ့္ကို လိမ္ထားၾကတာလား}
ယြီအန္းယီက ဝုန္းခနဲ ထထိုင္မိသြားကာ အျမန္ျငင္းလိုက္သည္။
{မဟုတ္ပါဘူး}
လ်န္က်င္း႐ွင္က ဆက္ၿပီး စကားႏိႈက္ေတာ့သည္။
{မဟုတ္ဘူး? က်ိခ်င္းက်ိဳးနဲ႔ ခ်ဴခ်န္က ညီအစ္ကိုစစ္စစ္ေတြဟုတ္ရဲ႕လား}
ယြီအန္းယီက အလန္႔တၾကားျဖစ္သြားၿပီး သူဘာလို႔ ဒါကိုေမးတာျဖစ္မလဲဟု တိတ္တဆိတ္တြက္ဆေနသည္။
ထို႔ေနာက္ လ်န္က်င္း႐ွင္ ေျပာတဲ့စကားကိုေတြ႕လိုက္ရသည္။
{သူတို႔က လုံးဝအတြဲေတြပဲ!!!!!}
ယြီအန္းယီ : ........
လ်န္က်င္း႐ွင္ကပဲဆက္ၿပီး {ခ်ဴခ်န္က က်ိခ်င္းက်ိဳးရဲ႕႐ိုက္ကြင္းကိုလာလည္တယ္}
ယြီအန္းယီ ဒတ္ခနဲသေဘာေပါက္သြားသည္။သူမရဲ႕သူငယ္ခ်င္းငတုံးေကာင္ဟာဆိုရင္ သူမနဲ႔ လ်န္က်င္း႐ွင္တို႔ သိတယ္ဆိုတဲ့အခ်က္ကို လုပ္စားသြားတာျဖစ္သည္။လ်န္က်င္း႐ွင္က ႐ွီးယြီရဲ႕အႏုပညာ႐ွင္ျဖစ္၍ စကားဖြာမွာမဟုတ္။ဒါနဲ႔ပဲ သူနဲ႔ က်ိခ်င္းက်ိဳးက အတြဲဆိုတာကို ေဖာ္ျပရတယ္ေပါ့ေလ။
တုံးလိုက္တာမွ!!!!!!
သူမက စကားမဆိုေတာ့ လ်န္က်င္း႐ွင္က သူခန္႔မွန္းတာမွန္ေၾကာင္းေသခ်ာသြားသည္။မဟုတ္ပါက ယြီအန္းယီစိတ္နဲ႔ဆို သူနဲ႔အၾကာႀကီး သတ္ပုတ္ရဦးမွာပင္။သူက စိတ္ထဲမထားဟန္ေဆာင္၍ ေျပာလိုက္သည္။
{မိန္းကေလးယြီနဲ႔ က်ိခ်င္းက်ိဳးတို႔က နည္းနည္းေတာ့ မ်ားသြားၿပီ။ကိုယ့္မွာေတာ့ စိတ္ေရာကိုယ္ပါအပ္ႏွံၿပီး ဇာတ္ကားေရာရသစုံ႐ိႈးမွာေရာ ဂ႐ုစိုက္လိုက္ရတာ။ကိုယ္သူနဲ႔ အတူတူ အစားစားရင္လည္း အသီးအ႐ြက္အစား သူ႕ကိုအသားပဲေႂကြးတာပါ။အဲ့အတြက္ ရလာတာကေကာ? မင္း ကိုယ့္ကို လွ်ိဳ႕ဝွက္ထားခဲ့တာပဲ။
အိုက္ယားးးးး ထားလိုက္ပါေတာ့ေလ။ အဲ့လိုမွေတာ့ ေနာက္ဆို မင္းဘာသာ က်ိခ်င္းက်ိဳးကို ဂ႐ုစိုက္ေပးလိုက္ပါေတာ့}
ယြီအန္းယီကေတာ့ သူမနဲ႔က်ိခ်င္းက်ိဳးတို႔ လိမ္ထားတာေၾကာင့္ သူတကယ္ႀကီး စိတ္ဆိုးသြားမွာေၾကာက္ကာ ျမန္ျမန္ျပန္ဖာေထးလိုက္သည္။
{မဟုတ္ပါဘူး။ ကြၽန္မတို႔က အဲ့သေဘာနဲ႔မဟုတ္ဘူး။အကုန္လုံးကိုလည္း ခ်ျပလို႔မရတာမို႔ စကားလုံးေလးပဲလွည့္လိုက္တာပါ။႐ွင့္ကိုမေျပာဘဲ လူတိုင္းကိုေျပာျပခဲ့တာမ်ိဳးမဟုတ္လို႔ စိတ္မဆိုးပါနဲ႔။႐ွင့္ဘက္ကလည္း အခြင့္အေရးႏွစ္ခုေတာင္ သူ႕ကိုေပးခဲ့ၿပီးၿပီမို႔ အခုမွ ရင္းႏွီးမႈမပ်က္ေစသင့္ဘူးမလား}
လ်န္က်င္း႐ွင္ : {မင္းမွန္ပါတယ္။ရင္းႏွီးတယ္လို႔မေျပာခင္ ခ်ဴခ်န္ကို အရင္ေျပာရမယ္။သူ႕ညီေလးေတြတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ႐ွာၿပီး ကိုယ္ေပးထားတဲ့ အရင္းအႏွီးႏွစ္ခုလည္း ျပန္ေပးမို႔ ေျပာရမယ္}
သူ႕ရဲ႕ကတ္သီးကတ္ဖဲ့ႏိုင္မႈႀကီးက ယြီအန္းယီကို ေတာင္ မယုံႏိုင္ျဖစ္ေစခဲ့သည္။
{အဲ့ဒါ ႐ွင့္ရဲ႕ ဂ်ဴနီယာညီေလးေလ! ေအးဂ်င့္တစ္ခုထဲလက္ေအာက္က ဂ်ဴနီယာညီေလး! }
လ်န္က်င္း႐ွင္ : {ဒီေလာက ကတအားက်ယ္ျပန္႔လြန္းတယ္။အလုပ္သင္ေလးကို ကိုယ္က သင္ၾကားေပးၿပီး ကိုယ္ကေတာ့ ေသတဲ့အထိ ဆာေလာင္ေနရမွာေပါ့။အဲ့လိုသာဆို တစ္ေန႔က် အလုပ္သင္ေလးက ကိုယ့္အလုပ္ကို ယူသြားၿပီး ကိုယ္ကေတာ့ လမ္းေပၚေလွ်ာက္ေျပးေနရလိမ့္မယ္ေလ}
ယြီအန္းယီ : ........
ယြီအန္းယီက အကူအညီမဲ့စြာ: {ဒါဆို ႐ွင္ကဘာလိုခ်င္တာလဲ။ကြၽန္မနဲ႔ က်ိခ်င္းက်ိဳးကို ေတာင္းပန္ေစခ်င္တာလား}
လ်န္က်င္း႐ွင္ကေတာ့ သူမစကားေတြကိုၾကည့္ၿပီး ဖုန္းတစ္ဖက္က အကူညီမဲ့ၿပီး စိတ္မပါလက္မပါျဖစ္ေနမယ့္ လူကို အေတြးထဲေပၚလာသည္။သူျပဳံးလိုက္မိ၏။
{အဲ့ေလာက္မဆိုေသးပါဘူး}
သူ႕လက္ထဲမွ ဖုန္းေလးအားလွည့္လိုက္ၿပီး ခ်ဴခ်န္ထြက္လာတဲ့အခ်ိန္က သူလုပ္ခဲ့တဲ့ အျပဳအမူေတြကို တစ္ခုခ်င္းျပန္ေတြးၾကည့္မိမွ ခ်ဴခ်န္အထင္မွားသြားတဲ့ေနရာကို ခ်က္ခ်င္းမွတ္မိသြားတယ္။သူကသဝန္တိုေနတာဘဲ။တကယ္ႀကီး အတုံ႔အလွည့္ဆိုတဲ့အရာက ႐ွိတာပင္။ခ်ဴခ်န္ သဝန္တိုရမယ့္ ေန႔တစ္ေန႔သို႔ ေရာက္လာခဲ့ၿပီ။အခု သူ႕ခံစားခ်က္ကို ေျပာရမယ္ဆို အရင္ႏွစ္က ႐ုပ္႐ွင္ဧကရာဇ္ဆုရတဲ့အခ်ိန္တုန္းကထက္ အမ်ားႀကီး ပိုေပ်ာ္ေနမိသည္။
သို႔ေသာ္ လ်န္က်င္း႐ွင္သည္ ယြီအန္းယီပို႔လာေသာ ေတာင္းပန္သည့္အမူအရာျဖင့္ Q versionေလးအားၾကည့္လိုက္ခ်ိန္....
သူကေတာ့ ႏွစ္ေတြအမ်ားႀကီး ခ်ဴခ်န္တိုက္တဲ့ ႐ွာလကာရည္ကို ေသာက္ခဲ့ရတာျဖစ္သည္။႐ွာလကာရည္အိုးရဲ႕ နာမည္ကိုေတာင္ ခ်ဴခ်န္ လို႔ ေပးမိခ်င္သည္အထိ အဲ့အိုးထဲနစ္ခံခဲ့ရတာျဖစ္သည္။အခုဆိုသူ႕အလွည့္ ခ်ဴခ်န္ ႐ွာလကာရည္ေသာက္ရမည့္ အခ်ိန္သို႔ေရာက္လာခဲ့ၿပီ။ သူ႕တုန္းကထက္ ပိုၿပီး ခ်ဴခ်န္ကို ေသာက္ခိုင္းရမည္။မဟုတ္ရင္ လြန္ခဲ့တဲ့ ႏွစ္ႏွစ္က chrushႀကီးေၾကာင့္ ေသာက္ခဲ့ရတဲ့႐ွာလကာရည္ေတြနဲ႔ ဘယ္တန္ပါေတာ့မလဲ!
ယြီအန္းယီသည္ လ်န္က်င္း႐ွင္ကို ေတာင္းပန္ၿပီးၿပီးခ်င္း က်ိခ်င္းက်ိဳးဆီခ်က္ခ်င္းသတင္းေပးေတာ့သည္။
{သြားၿပီ! လ်န္က်င္း႐ွင္က ငါတို႔ သူ႕ကိုလိမ္တာေတြသိကုန္ၿပီဟ။နင္က အားခ်န္ရဲ႕ ညီေလးမဟုတ္ဘဲ နင္တို႔က အတြဲေတြဆိုတာ ပါသူသိသြားၿပီ!}
က်ိခ်င္းက်ိဳးကလည္း ဖုန္းထဲကသတင္းအသစ္ကိုၾကည့္ၿပီး ထိတ္လန္႔သြားမိသည္။
{အဲ့ေလာက္ျမန္တယ္လား။ခ်ဴခ်န္က အခုေလးတင္ေရာက္လာတာကိုေလ! ေသစမ္း! ေကာက အရမ္းမိုက္တာပဲ}
ယြီအန္းယီ : {အခုအေျခအေနကဟာ လ်န္က်င္း႐ွင္က သူ႕စိတ္ထဲမွာ လေရာင္ျဖဴေလးလို ထားၿပီး ငါတို႔ကို ကူညီေပးေပမယ့္ လေရာင္ျဖဴေလးက ေရဆိုးေျမာင္းထဲသာမိသြားသလို ငါတို႔ကို အရမ္းမေက်မနပ္ျဖစ္ေနတာဟ။နင္နဲ႔လည္း စည္းျခားခ်င္တယ္တဲ့}
က်ိခ်င္းက်ိဳး : {!!!!!!!!!! အဲ့လိုမဟုတ္ပါဘူး ! ငါက ေကာကို အရမ္းေလးစားတာပါ! ေနာက္ဆို ေကာကို ေက်ဇူးျပန္ဆပ္ေတာ့မွာ!}
{သိပါတယ္....}
ယြီအန္းယီက စိတ္ေလးစြာ:
{ဒါေပမယ့္ အခုလုပ္ရမယ့္ တစ္ခုတည္းေသာနည္းလမ္းက အမွားကို နာနာခံေလးဝန္ခံဖို႔ပဲ။ငါလည္း ေတာင္းပန္ၿပီးၿပီမို႔ နင္ေတာင္းပန္ အလွည့္}
သိၿပီ ! သူနဲ႔လ်န္က်င္း႐ွင္က တအားရင္းႏွီးၾကသည့္အတြက္ ဖုန္းေခၚၿပီးေတာင္းပန္တာတို႔ စာပို႔ၿပီး ေတာင္းပန္တာတို႔က မသင့္ေတာ္ေပ။ထို႔ေၾကာင့္ လူကိုယ္တိုင္သြားေတြ႕ၿပီး ေတာင္းပန္ရမည္။
သူသည္ ဖုန္းကို ခ်လိုက္ၿပီး ေရခ်ိဳးခန္းတံခါးကိုေခါက္၍ အထဲမွ ခ်ဴခ်န္ကိုလွမ္းေအာ္ေျပာလိုက္သည္။
"အားခ်န္ ! ကြၽန္ေတာ္ ေကာနဲ႔သြားေတြ႕လိုက္ဦးမယ္! ၿပီးတာနဲ႔ျပန္လာခဲ့မွာ ခဏေလးပဲ ! "
ထို႔ေနာက္ တံခါးဖြင့္ၿပီး အခန္းထဲမွ ထြက္ခဲ့လိုက္သည္။
လ်န္က်င္း႐ွင္ ဇာတ္ၫႊန္းဖတ္ေနတုန္း တံခါးေခါက္သံၾကားလိုက္ရသည္။သူသည္ ဖုန္းေပၚကအခ်ိန္ကိုၾကည့္ၿပီး အခုခ်ိန္နဲ႔ဆို က်ိခ်င္းက်ိဳး တစ္ေယာက္ သူ႕လွ်ိဳ႕ဝွက္ခ်က္ေတြကို မိမိက ႐ွာေတြ႕သြား၍ လာေတြ႕တာျဖစ္ေၾကာင္းသိလိုက္ရသည္။တကယ္လည္း ယြီအန္းယီစိတ္နဲ႔ဆို ဘယ္လိုမွဖုံးထားမွာမဟုတ္။သူနဲ႔စကားေျပာၿပီးတာနဲ႔ က်ိခ်င္းက်ိဳးကို ခ်က္ခ်င္းသတင္းသြားေပးေလာက္သည္။
သူ တံခါးသြားထ ဖြင့္ေပးလိုက္သည္။တံခါးဖြင့္ဖြင့္ခ်င္းပဲ တံခါးေ႐ွ႕ရပ္ၿပီး မ်က္ႏွာခ်ိဳေသြးေနတဲ့ က်ိခ်င္းက်ိဳးကို ေတြ႕လိုက္ရသည္။
လ်န္က်င္း႐ွင္က သူ႕ကို အိမ္ထဲဝင္ခိုင္းလိုက္ၿပီး သိေနသလိုမ်ိဳးေမးလိုက္သည္။
"ညဘက္ႀကီး ကိုယ့္ကို ဘာလို႔႐ွာတာလဲ"
"ေကာကို ေတာင္းပန္မို႔ပါ"
က်ိခ်င္းက်ိဳးက ပြင့္ပြင့္လင္းလင္းေျပာလိုက္သည္။
"ကြၽန္ေတာ္ ေကာကို မလိမ္ခ်င္ခဲ့ပါဘူး။ခ်ဴခ်န္ရဲ႕အေနအထားကို ေကာလည္း သိပါတယ္။လူေတြအမ်ားႀကီးလည္း ေကာလို သူဘယ္သူဆိုတာကို သိမွာကိုကြၽန္ေတာ္ေၾကာက္တာပါ။ တစ္ေယာက္ေယာက္သာ အမွတ္မထင္ထုတ္ေျပာမိလို႔ကေတာ့ သတင္းေတြထြက္လာမွာမို႔ပါ။ကြၽန္ေတာ္ ေတာင္းပန္ပါတယ္"
"အဲ့ေတာ့ မင္းတို႔က တကယ့္အတြဲစစ္စစ္ေတြေပါ့ေလ"
က်ိခ်င္းက်ိဳးက ေခါင္းညိမ့္ၿပီး စိတ္ထဲမွလည္း "အခုလက္႐ွိပါ" ဟုေရ႐ြတ္မိသည္။
လ်န္က်င္း႐ွင္က သူ႕ကို အေပၚေအာက္ ေစ့ေစ့စပ္စပ္ၾကည့္ကာ
"ဒါဆိုခ်ဴခ်န္ ႀကိဳက္တာ မင္းလိုစတိုင္မ်ိဳးေပါ့"
သူလုံးဝမအံ့ဩေတာ့ဘူး။ဘာလို႔ ယြီအန္းယီရဲ႕ အခ်စ္ႀကီးက ႏွစ္ေတြၾကာတာေတာင္ အေျဖျပန္မရတဲ့အေၾကာင္းရင္း။သူမက မိန္းကေလးမေျပာနဲ႔ ေယာက်ၤားေလးျဖစ္ရင္ေတာင္ ခ်ဴခ်န္ႀကိဳက္တဲ့typeမ်ိဳးမဟုတ္ဘူးေလ။
က်ိခ်င္းက်ိဳးက သူ႕ကိုၾကည့္လိုက္သည္။
"ဆိုေတာ့.... ေကာ....ကြၽန္ေတာ့္ကို ခြင့္လႊတ္ေပးပါေနာ္"
လ်န္က်င္း႐ွင္လည္း ေခါင္းညိမ့္ျပလိုက္သည္။
"ထပ္ေတာ့မျဖစ္ေစနဲ႔"
"ဟုတ္ကဲ့"
က်ိခ်င္းက်ိဳးကျပန္ေျပာလာသည္။
လ်န္က်င္း႐ွင္ သူ႕ကို အေနခက္ေအာင္မလုပ္ေတာ့ေပ။
"အင္း ျပန္ေတာ့"
က်ိခ်င္းက်ိဳးတစ္ေယာက္ အလုံးႀကီးက်သြားသည္။
"ဒါဆို ကြၽန္ေတာ္ျပန္ေတာ့မယ္ေနာ္။ေကာလည္း ေစာေစာအနားယူပါဗ် good nightေကာ"
"Good night"
က်ိခ်င္းက်ိဳးလည္း ကိုယ့္အခန္းကိုျပန္ၿပီး တံခါးျပန္ေခါက္ေနရသည္။သူ ခုနက အလ်င္စလိုျဖစ္ေနတာျဖစ္၍ အခန္းေသာ့ မယူခဲ့မိ။တံခါးႀကီးကိုၾကည့္ရင္း ခ်ဴခ်န္ ေရခ်ိဳးၿပီးၿပီလား မၿပီေသးဘူးလားလည္း သူ႕မွာမသိရ။ေနာက္ဆုံး ေ႐ွာင္ခ်န္းရဲ႕ အခန္းမွာသာသြားထိုင္ၿပီး သူေရခ်ိဳးၿပီးတဲ့အထိ ေစာင့္ေနမွပဲရေတာ့မည္။
သို႔ေသာ္ ခဏအတြင္း ခ်ဴခ်န္က တံခါးဖြင့္လာသည္။
"ဘယ္ေတြသြားေနတာလဲ"
ခ်ဴခ်န္က ဆံပင္သုတ္ရင္း သူ႕ကိုေမးလာသည္။
က်ိခ်င္းက်ိဳးက အခန္းထဲအရင္ဝင္ၿပီး တံခါးေလးပိတ္လိုက္ကာ-
"ခုနကေျပာသြားတယ္ေလ။ခင္ဗ်ားမၾကာလိုက္ဘူးလား။ကြၽန္ေတာ္လုပ္စရာ႐ွိလို႔ ေကာဆီသြားဦးမယ္လို႔ေလ"
"ညဘက္ႀကီး သြားေတြ႕တယ္?"
ခ်ဴခ်န္၏ဆံပင္သုတ္ေနတဲ့လက္ေတြက ရပ္သြားၿပီး က်ိခ်င္းက်ိဳးထံ ေခါင္းေစာင္းၾကည့္လာသည္။
" မင္းတို႔ေကာင္ေတြ ညဘက္ႀကီး ဇာတ္ၫႊန္းဖတ္ဖို႔ပဲ သြားတာေကာ ဟုတ္ရဲ႕လား။မင္းေနာ္ "
က်ိခ်င္းက်ိဳး ဆြံ႕အသြားခဲ့သည္။
"ကြၽန္ေတာ္တို႔က ေက်ာက္စိမ္းခြက္ေလးနဲ႔ စပ်စ္ဝိုင္ေလးေသာက္ၿပီး ဗ်က္ေစာင္ပါ အေျပးေလး တီးခဲ့ရမွာေပါ့ေလ "
" ေနာက္ဆို အိပ္ရာထဲမွာ ပိုေကာင္းတာေလး ေသာက္ရမွာပါကြာ။ ကဲ ကားေမာင္းဖို႔ ျပင္ၾကစို႔! "
ခ်ဴခ်န္က စကားဆုံးသည္ႏွင့္ လူကို ေကာက္ေပြ႕လိုက္သည္။
က်ိခ်င္းက်ိဳးမွာ အလန္႔တၾကားျဖင့္ ရယ္ေတာင္မရယ္ႏိုင္ေတာ့ဘဲ သတိေပးေနရသည္။
"ခင္ဗ်ားဆံပင္ေတြမေျခာက္ေသးဘူးေလ"
"မင္း အဲ့တာကို စိတ္မပူေနသင့္ဘူး ေဘဘီ။ ကိုယ့္ကိုကိုယ္ စိတ္ပူေနသင့္တာ"
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️
စာေရးသူမွာေျပာစရာ႐ွိပါတယ္ :
လ်န္က်င္း႐ွင္ : ဖုန္းေ႐ႊ အေျပာင္းအလဲေၾကာင့္ အတုံ႔အလွည့္လည္း႐ွိလာခဲ့ၿပီ။ေနာက္ဆုံးေတာ့ မင္း သဝန္တိုရမယ့္ အလွည့္ ေရာက္ၿပီေပါ့ကြာ...ဟားဟားဟားဟားဟားဟားဟားဟား
ခ်ဴခ်န္ : ညႇာတာေပးဖို႔ အၾကံျပဳခ်င္ပါတယ္
လ်န္က်င္း႐ွင္ : စိတ္မပူပါနဲ႔ ငါက တအားၾကင္နာတတ္လြန္းသူေလးပါ~~~~
ခ်ဴခ်န္ : ငါ ဘာလို႔မ်ား ပိုပိုၿပီး စိတ္ပူလာရတာလဲေနာ္......
🖇️အားေတြနားတာမေန႔က အပ္မို႔ အိပ္ေပ်ာ္သြားတယ္။ မနက္က် ခရီးသြားရတယ္။ ခုနမွ ျပန္ေရာက္တာမို႔ပါ။ကိုယ္လည္း အခုတေလာ ေတာေတာခရီးသြားေနရတာမို႔ပါ😊
🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️🖇️